ru
Feedback
En Thue Tech

En Thue Tech

Открыть в Telegram

သင့်အတွက် နောက်ဆုံးပေါ်ထိပ်တန်းကွန်ပြူတာနည်းပညာဆိုင်ရာသတင်းများ

Больше
1 358
Подписчики
+124 часа
-17 дней
-230 день

Загрузка данных...

Похожие каналы
Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
июнь '26
июнь '26
+2
в 0 каналах
май '26
+28
в 1 каналах
Get PRO
апрель '26
+23
в 0 каналах
Get PRO
март '26
+15
в 0 каналах
Get PRO
февраль '26
+10
в 0 каналах
Get PRO
январь '26
+33
в 0 каналах
Get PRO
декабрь '25
+114
в 0 каналах
Get PRO
ноябрь '25
+78
в 0 каналах
Get PRO
октябрь '25
+29
в 0 каналах
Get PRO
сентябрь '25
+19
в 0 каналах
Get PRO
август '25
+116
в 0 каналах
Get PRO
июль '25
+28
в 0 каналах
Get PRO
июнь '25
+21
в 0 каналах
Get PRO
май '25
+123
в 0 каналах
Get PRO
апрель '25
+62
в 0 каналах
Get PRO
март '25
+3
в 0 каналах
Get PRO
февраль '25
+6
в 0 каналах
Get PRO
январь '25
+94
в 0 каналах
Get PRO
декабрь '24
+7
в 0 каналах
Get PRO
ноябрь '24
+18
в 0 каналах
Get PRO
октябрь '24
+15
в 0 каналах
Get PRO
сентябрь '24
+27
в 0 каналах
Get PRO
август '24
+73
в 0 каналах
Get PRO
июль '24
+20
в 0 каналах
Get PRO
июнь '24
+39
в 0 каналах
Get PRO
май '24
+12
в 0 каналах
Get PRO
апрель '24
+11
в 0 каналах
Get PRO
март '24
+11
в 0 каналах
Get PRO
февраль '24
+35
в 0 каналах
Get PRO
январь '24
+57
в 0 каналах
Get PRO
декабрь '23
+672
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
10 июня0
09 июня+1
08 июня0
07 июня0
06 июня+1
05 июня0
04 июня0
03 июня0
02 июня0
01 июня0
Посты канала
အထက်ပါ အကြောင်းရင်းတွေကြောင့် လူတွေဟာ Data Center အနီးမှာ မနေချင်ကြသလို၊ ဒါဟာ အနီးနားက အိမ်တွေရဲ့ ပြန်လည်ရောင်းချမယ့် ဈေးနှုန်းတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါပေမဲ့ မြို့တော်ကောင်စီကတော့ ရှေ့လာမယ့် ဆယ်စုနှစ်အတွင်းမှာ အခွန်ငွေ ဒေါ်လာ သန်း ၃၀ အပိုရရှိမှာဖြစ်လို့ ဒီဒေသအတွက် အကောင်းဘက်က ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီအထဲက ဒေါ်လာ ၂၀ သန်းကိုလည်း စာသင်ကျောင်းတွေအတွက် သီးသန့်ဖယ်ထားပေးမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကောင်စီဟာ ဒီ Data Center တည်ဆောက်မှုကို တားဆီးဖို့ သူတို့မှာ အာဏာမရှိဘူးဆိုတဲ့ အခြေအနေကိုလည်း ကောင်စီရဲ့ ဝဘ်ဆိုက် မေးခွန်းနဲ့အဖြေ ကဏ္ဍမှာ ရှင်းလင်းထားပါတယ်။ 404 Media ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မြို့တော်အစိုးရအနေနဲ့ ဒီစီမံကိန်းကို လမ်းကြောင်းပြောင်းလဲဖို့ အာဏာမရှိတာဟာ အဆိုပါမြေနေရာရဲ့ ရှိပြီးသား ဇုန်သတ်မှတ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ မြို့တော်အနေနဲ့ အဆောက်အအုံရဲ့ ပုံသဏ္ဌာန်ပိုင်းကိုသာ ကန့်သတ်နိုင်ပြီး ဘာလုပ်ငန်းသုံးမလဲဆိုတဲ့ လုပ်ဆောင်ချက်ပိုင်းကိုတော့ ကန့်သတ်လို့မရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဒီဆောက်လုပ်ရေးကုမ္ပဏီဟာ မြို့တော်အစိုးရဆီကနေ စီမံကိန်းနဲ့ ဆောက်လုပ်ရေးဆိုင်ရာ တရားဝင်ခွင့်ပြုမိန့်တွေကိုတော့ မရရှိသေးပါဘူး။ မြို့တော်ကောင်စီဘက်က ကျေနပ်လောက်တဲ့ တုံ့ပြန်ဖြေရှင်းမှုမျိုး မရှိခဲ့တဲ့အတွက် ဂရစ်ဖင်နဲ့ သူမရဲ့ မိသားစုဟာ ရှေ့နေတစ်ဦးကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဥပဒေကြောင်းအရ အငြင်းပွားမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိတော့ တရားရင်ဆိုင်မှုတွေက Blueprint ကုမ္ပဏီဘက်ကိုသာ အသာစီးရစေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂရစ်ဖင်နဲ့ သူမရဲ့ မိသားစုဝင်တွေဟာ လက်လျှော့မှာမဟုတ်ဘဲ တက္ကဆက်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ တတိယမြောက် အယူခံတရားရုံးဆီကို အယူခံလွှာ ဆက်လက်တင်သွင်းနေကြပြီ ဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်မှာ မြေယာကတိကဝတ် စာချုပ်စာတမ်းတွေဟာ ဥပဒေကြောင်းအရ အလွန်အာဏာစက်ပြင်းထန်တဲ့ အထောက်အထားတွေ ဖြစ်ပါတယ်။ ဒီဒေတာစင်တာစီမံကိန်းကို ကန့်ကွက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ၁၉၉၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ မူရင်းစာချုပ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြပြီး အဲဒီစာချုပ်ကိုလည်း 404 Media ဝဘ်ဆိုက်ပေါ်မှာ မျှဝေထားပါတယ်။ အဆိုပါ တရားဝင်စာချုပ်ထဲမှာ အဲဒီမြေ ၈၇.၉၇ ဧကကို "နောင်အနာဂတ်မှာ ပန်းခြံအဖြစ် အသုံးပြုရန်အတွက် ယုံကြည်အပ်နှံမှုအဖြစ် ထိန်းသိမ်းထားရမည်" လို့ အတိအလင်း စည်းကမ်းသတ်မှတ်ထားတာကို အားလုံးက မျက်ဝါးထင်ထင် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ ဂရစ်ဖင်အနေနဲ့ ဒီတရားရင်ဆိုင်မှုကို ဆက်လက်ဆွဲကိုင်ထားဖို့ ဆုံးဖြတ်ရတဲ့ အဓိကအချက်ကတော့ သူမရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့်ပါပဲ။ သူမက "ကျွန်မက Data Center တစ်ခုတည်းကိုပဲ ကန့်ကွက်ဖို့ တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူး၊ ဒီမြေဟာ ပန်းခြံလုပ်ဖို့အတွက် ကတိကဝတ်စာချုပ်နဲ့ လှူဒါန်းခဲ့တာဖြစ်လို့ ကျွန်မ တိုက်ပွဲဝင်နေတာပါ" လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရ တက္ကဆက်ရဲ့ မြေယာစာချုပ်ပါ ကတိကဝတ်တွေကို လေးစားလိုက်နာရမှာဖြစ်ပြီး ဒီပတ်ဝန်းကျင်ကလူထုဟာ ပန်းခြံတစ်ခုကိုပဲ ပိုင်ဆိုင်ခွင့် ရရှိသင့်တယ်လို့ ဆိုပါတယ်။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: Tom's Hardware #EnThueTech #News #Industry Website  https://www.enthuetech.com/2026/06/citysells-donated-land-for-data-center.html  Join our Telegram channel now! https://t.me/EnThueTech

2
အပန်းဖြေပန်းခြံအတွက် လယ်သမားတစ်ဦး လှူခဲ့သည့် မြေကို မြို့တော်က Data Center တည်ဆောက်ရန် ပြန်လည်ရောင်းချ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ၁၉၉၉ ခုနှစ်တုန်းက လယ်သမားတစ်ဦးဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၊ တေလာမြို့မှာရှိတဲ့ မြေဧက ၈၇ ဧကကို လူထုအပန်းဖြေပန်းခြံအဖြစ် အသုံးပြုဖို့ဆိုတဲ့ ကတိကဝတ်စာချုပ်နဲ့ မြို့တော်ဆီကို ၁၀ ဒေါ်လာတည်းနဲ့ လှူဒါန်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ အဲဒီမြေကို Data Center တည်ဆောက်မယ့် ကုမ္ပဏီတစ်ခုဆီ ဒေါ်လာ ၁၀ သန်းနဲ့ ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒီအကြီးစား ဆောက်လုပ်ရေးစီမံကိန်းကို တားဆီးဖို့ ကြိုးစားနေတဲ့ အနီးအနားက ဒေသခံတွေနဲ့ တရားရင်ဆိုင်ရာမှာလည်း အဆိုပါ Data Center ကုမ္ပဏီက တရားရုံးမှာ အနိုင်ရရှိခဲ့တယ်လို့ 404 Media က ဖော်ပြထားပါတယ်။ အခုအခါမှာတော့ မကျေမနပ်ဖြစ်နေတဲ့ ဒေသခံတွေက ဒီအမှုကို အယူခံတရားရုံးအထိ ဆက်လက်တင်ပြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီအကြောင်းကို သေချာနားလည်ဖို့ ၁၀ ဒေါ်လာတန် မြေကတိကဝတ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ၁၉၉၉ ခုနှစ်ဆီကို ပြန်သွားကြည့်ရအောင်။ 404 Media က ဒီမြေနေရာမှာ ငယ်ငယ်ကတည်းက ဆော့ကစားခဲ့ပြီး မိမိကလေးတွေကိုလည်း ဒီမြေပေါ်မှာပဲ လွတ်လပ်စွာ ကြီးပြင်းစေခဲ့တဲ့ ဒေသခံဖြစ်သူ ပရိုမီလာ ဂရစ်ဖင် ကို မေးမြန်းခဲ့ပါတယ်။ ဂရစ်ဖင်ရဲ့ ပြောပြချက်အရ မြေပိုင်ရှင်လယ်သမားကြီး မစ္စတာ ဘလန်း ဟာ သူမရဲ့ ဖခင်နဲ့ မကြာခဏ စကားပြောလေ့ရှိပြီး တစ်ခါက "ဒီအရပ်က ကလေးတွေခမျာ ကစားစရာနေရာ မရှိရှာဘူး၊ ဒါကြောင့် သူတို့ကစားဖို့ နေရာရအောင် ဒီမြေကို ပန်းခြံလုပ်ဖို့ လှူလိုက်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်" လို့ ပြောခဲ့ဖူးကြောင်း ပြန်ပြောင်းပြောပြပါတယ်။ ၁၉၉၉ ခုနှစ် ဇူလိုင်လက ချုပ်ဆိုခဲ့တဲ့ မူရင်းစာချုပ်ကို ပြန်လည်တူးဖော်ကြည့်တဲ့အခါမှာလည်း လယ်သမားကြီးဟာ သူပြောခဲ့တဲ့အတိုင်း တကယ်ပဲ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။  ဒီဖြစ်စဉ်တစ်ခုလုံးကို အချိန်ကာလအလိုက် အကျဉ်းချုံးကြည့်မယ်ဆိုရင် ၁၉၉၉ ခုနှစ်မတိုင်ခင်မှာ လယ်သမားကြီးက အိမ်နီးနားချင်းတွေကို ကတိပေးခဲ့ပြီး၊ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ပန်းခြံအဖြစ် သုံးရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ အများပြည်သူဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Texas Parks and Recreation Foundation ဆီကို ၁၀ ဒေါ်လာနဲ့ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၃ ခုနှစ်မှာ အဆိုပါအဖွဲ့က Williamson County Park Foundation ဆိုတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဆီ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး၊ တစ်လအကြာမှာတော့ အဲဒီအဖွဲ့က တေလာမြို့တော်အစိုးရဆီ မြေကို လွှဲပြောင်းပေးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ တေလာမြို့တော်ဟာ ဒီမြေကို တေလာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်ပိုရေးရှင်း (TEDC) ဆီ ဒေါ်လာ ၁၅,၀၀၀ နဲ့ ရောင်းချခဲ့ပြီး နောက်ဆုံး ၂၀၂၅ ခုနှစ်မှာတော့ TEDC ကနေ Blueprint လို့ခေါ်တဲ့ ဒေတာစင်တာ တည်ဆောက်သူတွေဆီ ဒေါ်လာ ၁၀ သန်းနဲ့ ပြန်လည်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး နှစ်ဖက်စလုံးမှာလည်း အရှုံးအမြတ်တွေ အများကြီး ရှိနေပါတယ်။ အနှစ်ချုပ်ပြောရရင် ဒေသခံတွေအနေနဲ့ သူတို့ရဲ့ အိမ်နောက်ဖေးနားမှာ Data Center ကြီး ပေါ်လာတာကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် တက္ကဆက်ပြည်နယ်မှာ အလွန်အရေးပါတဲ့ မူလလှူဒါန်းစဉ်က ကတိကဝတ်စာချုပ်ကို မျက်ကွယ်ပြုလိုက်တဲ့ အခြေခံမူပိုင်းဆိုင်ရာ ပြဿနာလည်း ရှိနေပါတယ်။ တစ်ဖက်မှာလည်း မြို့တော်ကောင်စီက ဒီမြေနေရာဟာ လုပ်ငန်းသုံးဇုန်အဖြစ် သတ်မှတ်ထားပြီးသားဖြစ်လို့ ဒီလိုဖွံ့ဖြိုးရေးလုပ်ငန်းကို တားဆီးဖို့ သူတို့မှာ လုပ်ပိုင်ခွင့်မရှိကြောင်းနဲ့ ဒီကနေ ရရှိလာမယ့် အခွန်ငွေ သန်းပေါင်းများစွာဟာ ဒေသခံတွေအတွက် ပြန်လည်အကျိုးပြုလိမ့်မယ်လို့ တုံ့ပြန်ထားပါတယ်။ ဂရစ်ဖင်အနေနဲ့ ဒီမြေပေါ်မှာ စတုရန်းပေ ၁၃၅,၀၀၀ ကျယ်ဝန်းတဲ့ Data Center ကြီး ဆောက်လုပ်ဖို့ ပြင်ဆင်နေတာကို ၂၀၂၅ ခုနှစ်မှာ ဒေသခံလှုပ်ရှားသူတွေက လိုက်လံအသိပေးတဲ့အခါမှသာ စတင်သိရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက သူမဟာ Data Center ဆိုတာ ဘာလဲဆိုတာတောင် မသိခဲ့ပါဘူး။ သူမရဲ့ မိသားစုနဲ့အတူ အင်တာနက်မှာ ရှာဖွေကြည့်ပြီးတဲ့နောက်မှာတော့ ကိုယ့်အိမ်ရှေ့နားမှာ ဒီလိုအဆောက်အအုံကြီး လာဆောက်မယ့် အယူအဆကို လုံးဝသဘောမကျတော့ပါဘူး။ သူမအပါအဝင် ဒေသခံတွေဟာ လေထု၊ ရေထု၊ လျှပ်စစ်မီးနဲ့ ဆူညံသံတွေကြောင့် ဖြစ်လာမယ့် သက်ရောက်မှုတွေကို စိုးရိမ်နေကြပါတယ်။ မြို့တော်ကောင်စီနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အနီးနားမှာရှိတဲ့ လူနေအိမ်တွေအတွက် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း အာမခံထားပါတယ်။ အကာအရံတံတိုင်း ခတ်ပေးတာ၊ သစ်ပင်ပန်းမန်တွေ စိုက်ပျိုးပေးတာ၊ ရေကို အလုံပိတ်စနစ်နဲ့ အအေးခံတာနဲ့ ကုမ္ပဏီပိုင် လျှပ်စစ်ဓာတ်အားခွဲရုံ သီးသန့်တည်ဆောက်တာ စတဲ့ ထိခိုက်မှုသက်သာလျော့ပါးစေမယ့် နည်းလမ်းတွေကို ပြောဆိုထားပါတယ်။
38
3
Нет текста...
42
4
Нет текста...
116
5
AMP GN 1200W Power Supply နောက်ဆုံးအနေနဲ့ Phanteks ဟာ Nexlinq စနစ်သုံး AMP GN 1200W Power Supply အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Power Supply ဟာ စက်ထဲက wattage အခြေအနေတွေနဲ့ အခြားအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်တဲ့ အဆင့်မြင့် PSU တစ်ခု ဖြစ်ပါတယ်။ Source: Kitguru.net and Techpowerup #EnThueTech #News #Cooling&Case Website https://www.enthuetech.com/2026/06/phanteks-ex-series-pc-case-server-case.html  Join our Telegram channel now! https://t.me/EnThueTech
124
6
Phanteks မှ EX-Series PC Case များ၊ Server Case များနှင့် X30/S25 Fan အသစ်များကို မိတ်ဆက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ နာမည်ကျော်ကွန်ပျူတာ hardware ပစ္စည်းထုတ်လုပ်သူ Phanteks ဟာ Computex ပွဲမှာကွန်ပျူတာ case နဲ့ cooling ပိုင်းတွေအတွက် ထုတ်ကုန်အသစ်အများအပြားကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီထဲမှာ ပုံစံသစ်နဲ့ လာမယ့် EX-series PC case တွေ၊ လုပ်ငန်းသုံး Server case တွေ၊ အဆင့်မြင့် fan တွေ၊ AIO Liquid Cooling တွေနဲ့ Power Supply အသစ်တွေ ပါဝင်ပါတယ်။ Phanteks EX-Series PC Cases ဒီ Phanteks ရဲ့ EX-series case တွေရဲ့ ထူးခြားချက်ကတော့ CPU ရော Graphics Card ကိုပါ တိုက်ရိုက်အအေးပေးစနစ် ပိုမိုကောင်းမွန်လာစေဖို့ လေစီးဆင်းမှုဇုန်တွေကို တစ်ခုနဲ့တစ်ခု သီးခြားစီ ခွဲထုတ်ပေးထားတဲ့ isolated airflow zones စနစ်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ အဆင့်မြင့် EX6 Max မော်ဒယ်မှာဆိုရင်တော့ စက်ရဲ့ အခြေအနေတွေကို ပြသပေးမယ့် ၁၀ လက်မအရွယ် (10-inch) LCD မျက်နှာပြင်တစ်ခုအပြင် စက်ထဲမှာ တစ်ခါတည်း တပ်ဆင်ပါဝင်လာမယ့် AIO liquid coolingစနစ်ပါ ပူးတွဲပါဝင်လာမှာ ဖြစ်ပါတယ်။ လာမဲ့ စက်တင်ဘာလမှာ Phanteks EX6 ကို အမေရိကန်ဒေါ်လာ ၁၅၉.၉၉ ဒေါ်လာနဲ့ EX6 Max ကိုတော့ ၃၂၉.၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။  Workstation နှင့် Server Case မော်ဒယ်အသစ်များ လုပ်ငန်းသုံး workstation နဲ့ server အသုံးပြုသူတွေအတွက်လည်း Enthoo Pro 2 Server V2 နဲ့ Enthoo Elite Server case မော်ဒယ်နှစ်ခုကို လာမယ့် ဇူလိုင်လဆန်းပိုင်းမှာ ဝယ်ယူနိုင်တော့မယ်လို့သိရပါတယ်။ ၁၉၉.၉၉ ဒေါ်လာတန် Pro 2 Server V2 မှာဆိုရင် ဇကာကွက် သုံးထားတဲ့ သတ္တုကိုယ်ထည်နဲ့ လာပြီး SSI-EEB motherboard တွေ၊ dual PSU နှစ်လုံး) တပ်ဆင်နိုင်တာတွေ၊ PCI slots ၁၁ ခုနဲ့ storage အမြောက်အမြားကို ထောက်ပံ့ပေးထားပါတယ်။ တစ်ခါ ၃၄၉.၉၉ ဒေါ်လာတန် Enthoo Elite Server မော်ဒယ်မှာတော့ PCI slots ၁၂ ခုအထိ တိုးမြှင့်ပေးထားတဲ့အပြင် high-density storage စနစ်တွေနဲ့ fan အစီးပေါင်း ၂၉ လုံးအထိ တပ်ဆင်နိုင်မယ့် နေရာတွေ ပါဝင်လာပါတယ်။ ဒါ့အပြင် သွားလာရွှေ့ပြောင်းရ လွယ်ကူစေဖို့အတွက် ဘီးလုံးလေးတွေပါ ရွေးချယ်တပ်ဆင်နိုင်ဦးမှာ ဖြစ်ပါတယ်။ Phanteks XT Series Case မော်ဒယ်အသစ်များ  Phanteks ရဲ့ XT Series ဟာ အပေါ်ဘက်မှာ 360 mm radiator တပ်ဆင်နိုင်ပြီး အကြီးစား Graphics Card တွေကို ကောင်းကောင်းဆံ့တဲ့ ကျစ်လျစ်တဲ့ ATX case အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီ case တွေမှာ S25 ARGB fan တွေကို စက်ထဲမှာ တစ်ခါတည်း အသင့်တပ်ဆင်ပေးထားပြီး မော်ဒယ် ၃ မျိုးနဲ့ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ပထမမော်ဒယ်ဖြစ်တဲ့ XT M5 ကိုတော့ အမေရိကန်ဒေါ်လာ ၆၉.၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး လေဝင်လေထွက် အလွန်ကောင်းမွန်တဲ့ full-mesh front panel ပါဝင်တဲ့အပြင် ၁၂၀ မီလီမီတာ fan ပေါင်း ၁၀ လုံးအထိ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယမော်ဒယ်ဖြစ်တဲ့ XT V5 ကိုလည်း ၆၉.၉၉ ဒေါ်လာနဲ့ပဲ ရောင်းချပေးထားပြီး စက်အတွင်းပိုင်းကို အလှဆင်ပြသဖို့အတွက် panoramic tempered glass ကို သုံးထားပါတယ်။ ဒါ့အပြင် ဂရပ်ဖစ်ကတ်ကို တိုက်ရိုက်အအေးပေးနိုင်ဖို့ case ရဲ့ အောက်ခြေမှာ fan ၃ လုံး တပ်ဆင်နိုင်မယ့် စနစ်လည်း ပါဝင်ပါတယ်။ နောက်ဆုံး အဆင့်မြင့်မော်ဒယ်ဖြစ်တဲ့ XT V5-LCD ကတော့ ၁၀၉.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး V5 ရဲ့ ပုံစံကိုမှ စက်ရဲ့ အခြေအနေတွေကို real-time စောင့်ကြည့်နိုင်မယ့် ၇ လက်မအရွယ် LCD မျက်နှာပြင်တစ်ခုကို Nexlinq ecosystem နဲ့ ချိတ်ဆက်ပြီး ထပ်မံဖြည့်စွက်ပေးထားတာ ဖြစ်ပါတယ် X30 နှင့် S25 Fan Series အသစ်များနှင့် Glacier One AIO များ Cooling ပိုင်းမှာတော့ ဖရိန်တစ်ခုတည်းမှာ တဆက်တည်းဖြစ်တဲ့ unified frames ပုံစံနဲ့ X30 fan series ကို ၁၂၀ မီလီမီတာ၊ ၂၄၀ မီလီမီတာနဲ့ ၃၆၀ မီလီမီတာ ဆိုပြီး ဗားရှင်းမျိုးစုံ ထုတ်လုပ်လိုက်ပါတယ်။ သူတို့မှာ ပုံမှန်လေမှုတ်ထုတ်မယ့် စနစ်အပြင် airflow ပြောင်းပြန်ဖြစ်စေတဲ့ ပုံစံတွေကိုပါ ရွေးချယ်နိုင်ပြီး အလူမီနီယံ အလှဆင်လိုင်းတွေ၊ ARGB မီးစနစ်နဲ့ ကြိုးရှုပ်ထွေးမှုမရှိစေမဲ့ single-cable စနစ်တွေ ပါဝင်လာမှာပါ။ ဒီကောင်လေးတွေကို ဒီနှစ်စတုတ္ထသုံးလပတ်မှာ ၁၉.၉၉ ဒေါ်လာကနေစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ X30 fan တွေကို သုံးထားပြီး ၆ လက်မအရွယ် (1480×720 ရုပ်ထွက်) IPS display ပါဝင်တဲ့ Glacier One 360X30-LCD AIO ရေအေးပေးစနစ်ကိုလည်း Q4 ထဲမှာပဲ ၁၇.၉၉ ဒေါ်လာနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး Nexlinq စနစ်ကတစ်ဆင့် စိတ်ကြိုက် ပြုပြင်ဖန်တီးမှုတွေ လုပ်နိုင်မှာပါ။ တစ်ချိန်တည်းမှာပဲ အမြန်နှုန်း 2000RPM အထိရပြီး single-frame ပုံစံနဲ့ လာမယ့် S25 fan series ကိုလည်း စက်တင်ဘာလလယ်မှာ ၇.၉၉ ဒေါ်လာကနေစပြီး ရောင်းချပေးသွားမှာဖြစ်သလို အဆိုပါ S25 fan တွေ ပါဝင်လာမယ့် Glacier One 360S25 AIO ကိုလည်း ၇၉.၉၉ ဒေါ်လာနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
95
7
Нет текста...
67
8
NVIDIA က RTX Spark Superchip ဟာ ဒီလို AI ပိုင်းတင်မကဘဲ ဂိမ်းကစားသူတွေနဲ့ Creative သမားတွေအတွက်လည်း ဒီချစ်ပ်က အလွန်အစွမ်းထက်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီပလက်ဖောင်းသစ်ဟာ 1440p Resolution မှာ 100 FPS အထက်နဲ့ AAA ဂိမ်းတွေကို ကစားနိုင် ဖြစ်ပြီး ဒါဟာ DLSS 4.5 နည်းပညာရဲ့ ရုပ်ထွက်မြှင့်တင်မှု (upscaling) နဲ့ Multi Frame Generation စနစ်တွေကြောင့် ဖြစ်လာနိုင်တာပါ။ ဒါ့အပြင် သူ့မှာပါဝင်တဲ့ ကြီးမားလှတဲ့ memory pool ကြောင့် creator တွေအနေနဲ့ အကြီးစား 3D ပရောဂျက်တွေနဲ့ 12K 4:2:2 အဆင့်ရှိတဲ့ ရုပ်ထွက်အမြင့် ဗီဒီယိုတွေကို Memory မလောက်မှာ စိတ်ပူစရာမလိုဘဲ အေးဆေးကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။  RTX Spark ပလက်ဖောင်းရဲ့ ဖန်တီးမှုစွမ်းရည်ကို ပိုမိုအားကောင်းလာစေဖို့အတွက် NVIDIA ဟာ Adobe ကုမ္ပဏီနဲ့ပါ ပူးပေါင်းလုပ်ဆောင်နေပြီး Photoshop နဲ့ Premiere တို့ရဲ့ Engine ကို RTX Spark ချစ်ပ်အတွက် ၁၀၀ ရာခိုင်နှုန်း GPU-accelerated ဖြစ်အောင် အောက်ခြေကနေ ပြန်လည်တည်ဆောက်နေပြီး AI လုပ်ဆောင်ချက်တွေကို ၂ ဆ ပိုမြန်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် AI Agent တွေက Adobe ရဲ့ App တွေကို လှမ်းပြီး ထိန်းချုပ်နိုင်ဖို့ Model Context Protocol ကိုပါ ထည့်သွင်းပေးသွားမှာပါ။ လုံခြုံရေးပိုင်းမှာလည်း Microsoft နဲ့ ပူးပေါင်းပြီး OpenShell Framework နဲ့ Security Primitives အသစ်တွေကို ထည့်သွင်းထားတာကြောင့် Local AI Agent တွေဟာ အသုံးပြုသူ ခွင့်ပြုထားတဲ့ ဖိုင်နဲ့ data တွေကိုပဲ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Microsoft အနေနဲ့လည်း ဇွန်လ ၂ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ Build ကွန်ဖရင့်မှာ ဒီ Windows AI Agent အပြောင်းအလဲနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံချပြသွားမယ်လို့ဆိုပါတယ်။ ဒီ RTX Spark စနစ်သုံး ကွန်ပျူတာတွေဟာ လာမယ့် ၂၀၂၆ ခုနှစ်ရဲ့ ဆောင်းဦးပေါက်ကာလမှာ စတင်ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ RTX Spark ဟာ NVIDIA ရဲ့ ကျောထောက်နောက်ခံပြု ပံ့ပိုးပေးမှုတွေကြောင့် အခုပေါ်ပေါက်လာမယ့် AI အေးဂျင့်ခေတ်ကြီးထဲမှာ Windows on Arm အတွေ့အကြုံကို တကယ်ပဲ တစ်ခေတ်ဆန်းသွားစေမလား ဒါမှမဟုတ် အတော်လေးကောင်းမွန်တဲ့ ကွန်ပျူတာပလက်ဖောင်းတစ်ခုအဖြစ်ပဲ ကျန်ရစ်သွားမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။  Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: Tom's Hardware #EnThueTech #News #CPU #GPU #ARM #Windows Website https://www.enthuetech.com/2026/06/nvidia-computex-2026-rtx-spark.html  Join our Telegram channel now! https://t.me/EnThueTech
65
9
Nvidia က Computex 2026 တွင် Laptop နှင့် Desktop PC များအတွက် RTX Spark Superchip ကို မိတ်ဆက် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Nvidia ဟာ Computex 2026 ပွဲမှာ Windows ကွန်ပျူတာအသုံးပြုတဲ့ပုံစံကို တစ်ခေတ်ဆန်းစေမယ့် နည်းပညာသစ်တစ်ခုကို ချပြလိုက်ပါတယ်။ အမှုဆောင်အရာရှိချုပ် Jensen Huang ဟာ ဒီပွဲမှာ Windows on Arm စနစ်သုံး လက်ပ်တော့တွေအတွက် RTX Spark ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ NVIDIA က ဒီစနစ်ကို "သမိုင်းတစ်လျှောက် စွမ်းဆောင်ရည် အထိရောက်ဆုံး ဖြစ်အောင် တည်ဆောက်ထားတဲ့ ပလက်ဖောင်း" လို့ ရဲရဲဝံ့ဝံ့ ကြေညာထားပြီး ကွန်ပျူတာလောကရဲ့ နောက်ထပ်မျိုးဆက်သစ်ဆီကို ဦးတည်နိုင်ဖို့အတွက် အကောင်းဆုံး Windows on Arm အတွေ့အကြုံကို ဖန်တီးဖို့ သူတို့ရဲ့ အင်အားကို အပြည့်အဝပုံအောပြီး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ Nvidia ရဲ့ အဆိုအရ နောင်အနာဂတ်မှာ ကွန်ပျူတာကို လွန်ခဲ့တဲ့ အနှစ် ၄၀ ကလို Mouse နဲ့ Keyboard တွေ သုံးပြီး စေခိုင်းမယ့်အစား လူသားတွေ ပြောဆိုနေကျ ဘာသာစကားနဲ့ စေခိုင်းရုံနဲ့ အလုပ်လုပ်ပေးမယ့် AI Agent တွေက အဓိက နေရာယူလာတော့မှာ ဖြစ်ပါတယ်။ ဒီ AI Agent တွေဟာ အမိန့်တစ်ခု ရလိုက်တာနဲ့ မိမိဘာသာ ပန်းတိုင်သတ်မှတ်တာ၊ အလုပ်အတွက် လိုအပ်တဲ့ software tool တွေကို ဖွင့်သုံးတာ၊ လုပ်ငန်းအရည်အသွေးကို စစ်ဆေးတာနဲ့ ပိုကောင်းအောင် ပြန်ပြင်တာတွေကို အသုံးပြုသူ စက်အနီးမှာ မရှိတဲ့အချိန် ဒါမှမဟုတ် ညဘက်တွေမှာပါ အလိုအလျောက် ဆက်တိုက် လုပ်ဆောင်ပေးနေမှာ ဖြစ်ပါတယ်။ ဒီလို တွေးခေါ်မြော်မြင်မှုတွေ လုပ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ ထိရောက်တဲ့ Hardware အပြင် များပြားလှတဲ့ memory ပမာဏကို လိုအပ်မှာဖြစ်ပါတယ်။ NVIDIA ဟာ သူတို့မျှော်မှန်းထားတဲ့ ကွန်ပျူတာခေတ်သစ်ရဲ့ AI reasoning တွေကို အကောင်းဆုံးမောင်းနှင်ပေးနိုင်ဖို့အတွက် လောလောဆယ် ဈေးကွက်ထဲမှာရှိတဲ့ ဘယ်ပရိုဆက်ဆာထက်မဆို ပိုမိုစွမ်းဆောင်ရည်မြင့်မားတဲ့ RTX Spark Superchip ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒါတင်မကသေးဘဲ လာမဲ့ မျိုးဆက် ၃ ခုအထိ ပါဝင်တဲ့ အနာဂတ် Spark မျိုးနွယ်ဝင်ချစ်ပ်တွေရဲ့ လမ်းပြမြေပုံကိုပါ တစ်ပါတည်း ချပြခဲ့တာ ဖြစ်ပါတယ်။ ဒီ Superchip ရဲ့ အမြင့်ဆုံးဗားရှင်းမှာဆိုရင် အားကောင်းလှတဲ့ ARM CPU core ပေါင်း ၂၀ အထိ ပါဝင်မှာဖြစ်ပြီး CUDA core ပေါင်း ၆,၁၄၄ ခု ပါဝင်တဲ့ Blackwell GPU၊ 128GB အထိရှိမယ့် LPDDR5X RAM နဲ့ တစ်စက္ကန့်ကို 300 GB အထိ အချက်အလက်စီးဆင်းနိုင်မယ့် memory bandwidth စနစ်တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ NVIDIA ရဲ့ အဆိုအရ NVLink C2C စနစ်နဲ့ အချင်းချင်း ချိတ်ဆက်ထားပြီး ကြီးမားတဲ့ memory ပါဝင်တာကြောင့် Parameter ပေါင်း ဘီလီယံ ၁၂၀ ရှိတဲ့ Frontier LLM မော်ဒယ်ကြီးတွေကို စက်ထဲမှာတင် (Local) အေးဆေး Run နိုင်မှာဖြစ်ပြီး Context Length အနေနဲ့လည်း Token ပေါင်း ၁ သန်းအထိ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။  RTX Spark စနစ်ကို Dell၊ HP၊ Lenovo၊ Asus နဲ့ MSI စတဲ့ မိတ်ဖက်ကုမ္ပဏီကြီးတွေရဲ့ အဆင့်မြင့် high-end laptop တွေမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပြီး အထူးခြားဆုံးအနေနဲ့ Microsoft ရဲ့ Surface Laptop Ultra အသစ်မှာလည်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ NVIDIA က ဒီမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး Tandem OLED G-Sync မျက်နှာပြင်တွေ၊ တစ်နေကုန် အသုံးခံမဲ့ ဘက်ထရီသက်တမ်း၊ အဆင့်မြင့် အလူမီနီယံကိုယ်ထည်နဲ့ ဖန်သားပြင် Touchpad အကြီးစားတွေ ပါဝင်တဲ့ မိတ်ဖက်ကုမ္ပဏီကြီးတွေရဲ့ သမိုင်းတစ်လျှောက် အဆန်းပြားဆုံး Laptop တွေကို ဖန်တီးထားတယ်လို့ ဆိုပါတယ်။ NVIDIA က RTX Spark ပလက်ဖောင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည် ထိရောက်မှုဟာ "High-performance laptop တစ်လုံးရဲ့ အဓိပ္ပာယ်ကိုပါ ပြောင်းလဲပစ်လိုက်ပြီ" လို့ဆိုပါတယ်။ ဒါကြောင့် အခုပေါ်ပေါက်လာမယ့် AI အေးဂျင့်ခေတ်မှာ ဝယ်ယူသူတွေအနေနဲ့ စွမ်းဆောင်ရည်ကောင်းတာကိုပဲ ရွေးရမလား ဒါမှမဟုတ် ကိုယ်ထည်ပါးပါးနဲ့ ဘက်ထရီခံတာကိုပဲ ရွေးရမလားဆိုပြီး ဗျာများနေစရာ မလိုတော့ပါဘူး။ RTX Spark PC တွေဟာ အားသွင်းကြိုး ထိုးထားထား၊ မထိုးထားထား Windows on Arm နဲ့ Apple Silicon စနစ်တွေလို တူညီတဲ့ စွမ်းဆောင်ရည်ကို အပြည့်အဝ ပေးအပ်မှာ ဖြစ်ပါတယ်။ NVIDIA ဟာ ဒီ AI အေးဂျင့်အခြေပြု Windows on Arm အတွေ့အကြုံတွေကို Laptop တွေသာမက ကျစ်လျစ်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Desktop ကွန်ပျူတာတွေဆီကို DGX Spark ဆိုပြီး ရောက်ရှိလာဦးမှာပါ။  NVIDIA က ဒီပလက်ဖောင်းကို စတင်မိတ်ဆက်တဲ့အချိန်မှာ စုစုပေါင်း Laptop မော်ဒယ်ပေါင်း ၃၀ ကျော်နဲ့ Desktop မော်ဒယ် ၁၀ ခုဝန်းကျင်လောက်အထိ ဈေးကွက်ထဲကို အားကောင်းကောင်းနဲ့ ဝင်ရောက်လာဖို့ မျှော်မှန်းထားပါတယ်။
75
10
Нет текста...
88
11
Computex 2026 တွင် မိတ်ဆက်မည့် Microsoft နှင့် NVIDIA တို့၏ PC အသစ် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Microsoft နဲ့ NVIDIA ကုမ္ပဏီကြီးနှစ်ခုဟာ သူတို့ရဲ့ X (Twitter) အကောင့်တွေကတစ်ဆင့် PC လောကရဲ့ ခေတ်သစ်တစ်ခု ဆိုပြီး "A new era of PC" ဆိုတဲ့ စာသားနဲ့အတူ "25.0528, 121.5990" ဆိုတဲ့ မြေပုံကိုဩဒိနိတ်တွေကို ပြိုင်တူ အရိပ်အမြွက် ပြသခဲ့ကြပါတယ်။ ဒီကိုဩဒိနိတ်တွေဟာ လာမဲ့ ဇွန်လ ၂ရက်နေ့ကနေ ၅ ရက်နေ့အထိ Computex 2026 ကျင်းပသွားမဲ့ က ထိုင်ဝမ်က Nangang Exhibition Centre ကို ညွှန်းဆိုနေတာဖြစ်ပါတယ်။ ဒါဟာ အားလုံးက မျှော်လင့်နေကြတဲ့ NVIDIA ရဲ့ "N1X" PC ပရိုဆက်ဆာ ကို မိတ်ဆက်တော့မယ်ဆိုတာ အသေအချာပါပဲ။ အထူးသဖြင့် ဒီပရိုဆက်ဆာဟာ Windows 11 AI PC တွေမှာ Copilot+ စနစ်ကို အပြည့်အဝ မောင်းနှင်နိုင်ဖို့အတွက် Microsoft ရဲ့ တရားဝင် ထောက်ခံအားပေးမှုကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ ဒီ N1X ချစ်ပ်ဟာ Qualcomm ရဲ့ Snapdragon X2 Elite စီးရီးကို ကျော်ဖြတ်ပြီး Windows အတွက် အမြန်ဆုံး Arm အခြေခံပရိုဆက်ဆာ ဖြစ်လာမှာဖြစ်သလို Intel နဲ့ AMD တို့ရဲ့ အဆင့်မြင့် x86-64 ပရိုဆက်ဆာတွေနဲ့ ရင်ပေါင်တန်းနိုင်မယ့် စွမ်းဆောင်ရည်မျိုးကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ သတင်းပေါက်ကြားမှုတွေအရ NVIDIA ဟာ N1X ချစ်ပ်ကို TSMC ရဲ့ 3 nm foundry node နည်းပညာနဲ့ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီချစ်ပ်ဟာ Core ၂၀ခုပါဝင်တဲ့ ပရိုဆက်ဆာတစ်ခုဖြစ်ပြီး Arm ရဲ့ big.LITTLE ဗိသုကာအတိုင်း စွမ်းဆောင်ရည်မြင့် Performance Core ၁၀ ခုနဲ့ စွမ်းအင်ချွေတာမယ့် Efficiency Core ၁၀ ခု ပေါင်းစပ်ထားတာပါ။ Core ၂၀ စလုံးကို NVIDIA ကိုယ်တိုင် စိတ်ကြိုက်ပုံစံထုတ်ထားတာဖြစ်ပြီး Arm v9.2 machine architecture ကို အခြေခံထားတာဖြစ်ပါတယ်။ CPU အပိုင်းမှာတော့ 32 MB ရှိတဲ့ shared, last-level cache ပါဝင်လာဖွယ် ရှိပါတယ်။ ဒါပေမဲ့ ဒီချစ်ပ်ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကတော့ NPU အဖြစ်ပါ ပူးတွဲအလုပ်လုပ်ပေးမယ့် iGPU ပဲ ဖြစ်ပါတယ်။ Blackwell graphics architecture ကို အခြေခံထားတဲ့ ဒီ iGPU မှာ streaming multiprocessors (SM) ၄၈ ခုအထိ ပါဝင်နိုင်လို့ CUDA Core ပေါင်း ၆,၁၄၄ ခုအထိ ရှိလာမှာဖြစ်ပြီး စွမ်းဆောင်ရည်ဟာ GeForce RTX 5060 Ti graphic card စွမ်းဆောင်ရည်မျိုးနဲ့ တူညီနိုင်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် ချစ်ပ်ထဲမှာ LPDDR5X memory စနစ်ကို သုံးထားပြီး CPU ရော GPU ပါ memory ကို အတူတူ မျှဝေသုံးစွဲမယ့် unified memory architecture ပုံစံမျိုး ဖြစ်လာမှာပါ။ NVIDIA ရဲ့ ရည်မှန်းချက်ကတော့ Apple M5 Pro နဲ့ AMD Ryzen AI Max 400 တို့ကို စွမ်းဆောင်ရည်ပိုင်းမှာ အလဲထိုးပစ်ဖို့ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Intel အနေနဲ့ သူတို့ရဲ့ Xe3 "Celestial" ဗိသုကာကို အခြေခံထားတဲ့ အကြီးစား iGPU ပါဝင်တဲ့ ချစ်ပ်တွေကို မထုတ်မချင်းတော့ ဒီအဆင့်မှာ NVIDIA ကို ယှဉ်နိုင်မယ့် ချစ်ပ်မရှိသေးပါဘူး။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။  Source: Techpowerup #EnThueTech #News #CPU #GPU #Windows Website https://www.enthuetech.com/2026/05/computex-2026-microsoft-nvidia-pc.html  Join our Telegram channel now! https://t.me/EnThueTech
158
12
Нет текста...
122
13
Calico၊ LONESTAR နှင့် Northguard ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တိ
Calico၊ LONESTAR နှင့် Northguard ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို မေလ ၄ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Casual Open World Simulation အမျိုးအစားဖြစ်တဲ့ Calico အပြင် Card၊ Rogue-Lite နဲ့ Strategy ဂိမ်းအမျိုးအစားဖြစ်တဲ့ LONESTAR ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Northguard ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ ဇွန်လ ၄ ရက်နေ့မှာတော့ PC အတွက် ဘာဂိမ်းတွေပေးမလဲဆိုတာမသိရပဲ Mystery ဂိမ်း ၂ခုလို့ ဖော်ပြထားတာတွေ့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech
178
14
Warhammer 40,000: Gladius - Relics of War နှင့် Car Mechanic Simulator 2018 ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေ
Warhammer 40,000: Gladius - Relics of War နှင့် Car Mechanic Simulator 2018 ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မိတ်ဆွေတို့ရေ Steam မှာ နာမည်ကျော် Warhammer universe ထဲက Turn-Based, Strategy ဂိမ်းတစ်ခုဖြစ်တဲ့ Warhammer 40,000: Gladius - Relics of War မေလ၂၈ ရက်နေ့အထိအပြင် Car Mechanic Simulator 2018 ကိုလည်း နဲ့ မေလ ၂၇ ရက်နေ့အထိ အသီးသီး အခမဲ့ရယူခွင့်ပေးထားကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ Warhammer 40,000: Gladius - Relics of War(Steam) https://store.steampowered.com/app/489630/Warhammer_40000_Gladius__Relics_of_War/ Car Mechanic Simulator 2018 https://store.steampowered.com/app/645630/Car_Mechanic_Simulator_2018/ Source: SteamDB
246
15
Tomb Raider I-II-III Remastered၊ Down in Bermuda နှင့် Monument Valley 3 ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games
Tomb Raider I-II-III Remastered၊ Down in Bermuda နှင့် Monument Valley 3 ဂိမ်းများကို အခမဲ့ရယူပါ  ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို မေလ ၂၈ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် မူလ Tomb Raider ၃ခုကို remaster လုပ်ထားတဲ့ Tomb Raider I-II-III Remastered အပြင် Adventure၊ Indie နဲ့ Puzzle ဂိမ်းအမျိုးအစားဖြစ်တဲ့ Down in Bermuda ကိုလည်း အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Monument Valley 3 qဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ မေလ ၂၈ ရက်နေ့မှာတော့ PC အတွက် ဘာဂိမ်းတွေပေးမလဲဆိုတာမသိရပဲ Mystery ဂိမ်း ၂ခုလို့ ဖော်ပြထားတာတွေ့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech
273
16
Windows 11 တွင် Windows 10 ပုံစံ Taskbar နှင့် Start Menu Customization စနစ်များကို ပြန်လည်ထည့်သွင်းပေးတော့မည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ အကယ်၍ သင်ဟာ အရင်က Taskbar တည်နေရာကို စိတ်ကြိုက်ပြောင်းလဲလို့ရတဲ့ Windows 10 OS ကို သုံးခဲ့ဖူးရင် Taskbar ကို နေရာအမျိုးမျိုးရွှေ့ပြီး သုံးရတဲ့အတွေ့အကြုံနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ Microsoft ဟာ ဒီလုပ်ဆောင်ချက်ကို Windows 11 မှာ ကန့်သတ်ခဲ့တာ အတော်လေး ကြာသွားခဲ့ပါပြီ။ အခုအခါမှာတော့ ကုမ္ပဏီက Taskbar နဲ့ Start Menu ကို စိတ်ကြိုက် ပြုပြင်ပြောင်းလဲနိုင်စွမ်းကို ပြန်လည်ထည့်သွင်းလာတော့မှာဖြစ်ပြီး Windows Insider သုံးစွဲသူတွေ အနေနဲ့ လာမယ့်သီတင်းပတ်တွေအတွင်း Experimental channel မှာ စတင်စမ်းသပ်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် Taskbar ကို မျက်နှာပြင်ရဲ့ အပေါ်၊ အောက်၊ ဘယ် သို့မဟုတ် ညာဘက် စတဲ့ နှစ်သက်ရာနေရာတွေဆီ စိတ်ကြိုက်ရွှေ့ပြောင်းထားနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ရွှေ့လိုက်တဲ့ Taskbar တည်နေရာအလိုက် Icon တွေကိုလည်း အပေါ်ကပ်တာ၊ အလယ်ညှိတာ၊ ဘယ်ဘက်ကပ်တာ ဒါမှမဟုတ် ညာဘက်ကပ်တာမျိုးတွေကို စိတ်ကြိုက် လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီ Setting တွေကိုတော့ Settings > Personalization > Taskbar > Taskbar behaviors ထဲမှာ သွားရောက်ပြင်ဆင်နိုင်မှာပါ။ စိတ်ဝင်စားစရာအချက်တစ်ခုက Taskbar မှာရှိတဲ့ Icon တွေကို ပိုပြီးသေးငယ်အောင် လုပ်လို့ရမယ့်အပြင် Taskbar ရဲ့ နေရာယူမှုကိုလည်း လျှော့ချနိုင်မှာဖြစ်လို့ Screen တစ်ခုလုံးကို အပြည့်အဝ အသုံးချချင်သူတွေအတွက် အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်လာပါတယ်။ နောက်တစ်ခုက Windows Insider တွေအနေနဲ့ အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ Start Menu Customization ရဲ့ preview ဗားရှင်းကိုလည်း စမ်းသပ်နေကြပြီဖြစ်ပါတယ်။ ဒါဟာ အသုံးပြုသူတွေကို Start Menu ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပိုမိုထိရောက်စွာ ထိန်းချုပ်ခွင့် ပေးသွားမှာပါ။ ပြောင်းလဲမှုတွေထဲမှာ Start Menu အကျယ်အဝန်းကို အသေး သို့မဟုတ် အကြီး မိမိစိတ်ကြိုက် ရွေးချယ်နိုင်တာ၊ Pinned၊ Recent နဲ့ All စတဲ့ ကဏ္ဍတွေကို သီးခြားစီ ဖျောက်ထားတာ ဒါမှမဟုတ် ပြသထားတာမျိုးတွေ လုပ်ဆောင်နိုင်တာတွေသာမက Screen Share တဲ့အခါ ဒါမှမဟုတ် presentation လုပ်တဲ့အခါမှာ Privacy ပိုကောင်းစေဖို့အတွက် Start Menu ထဲက ကိုယ့်ရဲ့အမည်နဲ့ Profile ပုံကိုပါ ဖယ်ရှားထားနိုင်မယ့် options တွေလည်း ပါဝင်လာပါတယ်။ ယခင် Windows 11 ဗားရှင်းတွေမှာတော့ ပုံသေ generic Look နဲ့ပဲ လာတာဖြစ်လို့ ဒီလို ပြုပြင်ဖန်တီးမှုတွေ လုပ်လို့မရခဲ့ပါဘူး။ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ Start Menu ရဲ့ File Recommendations စနစ်ကို File Explorer ရဲ့ Recent items နဲ့ Jump lists တွေကနေ သီးသန့်ခွဲထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Start Menu ထဲက recommendation တွေကို ပိတ်လိုက်ရင်တောင် Windows ရဲ့ အခြားနေရာတွေမှာရှိတဲ့ လတ်တလော လှုပ်ရှားမှုတွေကို ထိခိုက်မှု ရှိတော့မှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ကုမ္ပဏီဟာ ဒီအကြံပြုချက်နေရာကို ပိုပြီးအသုံးဝင်အောင် လုပ်ဆောင်နေပြီး အဲဒီကဏ္ဍကို "Recent" လို့ အမည်ပြောင်းလဲကာ အသစ်သွင်းထားတဲ့ app တွေကို မြင်သာအောင် ထားပေးခြင်းနဲ့ ဘယ်ဖိုင်တွေ ပေါ်သင့်သလဲဆိုတာကို ပိုမိုစနစ်ကျအောင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကို လာမယ့်သီတင်းပတ်တွေမှာ Windows Insider တွေအတွက် စတင်ဖြန့်ဝေပေးသွားမှာဖြစ်ပြီး ပုံမှန် Windows 11 ဗားရှင်း 24H2, 25H2 နဲ့ 26H1 အသုံးပြုသူတွေကတော့ နောက်ထပ် တစ်လဝန်းကျင်အကြာမှာ စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ Update တွေ ရောက်လာတဲ့အချိန်မှာ ကတိပြုထားတဲ့ Windows K2 ရဲ့ စွမ်းဆောင်ရည် နဲ့ အသုံးပြုရလွယ်ကူမှုဆိုင်ရာ တိုးတက်မှုတွေကိုပါ မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။ ဆိုလိုတာက Windows 11 OS ဟာ နောက်ဆုံးမှာတော့ အသုံးပြုသူတွေ အလိုချင်ဆုံးအပြောင်းအလဲတွေ အမှန်တကယ် ပေါင်းစပ်ပါဝင်လာတော့မှာပါ။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ Source: Techpowerup #EnThueTech #News #OS #Windows Website https://www.enthuetech.com/2026/05/windows-11-will-bring-back-taskbar-and-start-menu-customizations.html Join our Telegram channel now! https://t.me/EnThueTech
350
17
Нет текста...
217
18
The Telltale Batman Shadows Edition၊ Sunderfolk နှင့် Arranger: A Role-Puzzling Adventure ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄
The Telltale Batman Shadows Edition၊ Sunderfolk နှင့် Arranger: A Role-Puzzling Adventure ဂိမ်းများကို အခမဲ့ရယူပါ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ Epic Games ကနေ ဒီအပတ်အတွက် PC၊ Android နဲ့ iOS တို့အတွက် ဂိမ်း ၃ခုကို မေလ ၂၁ရက်နေ့အထိ အခမဲ့ရယူခွင့်ပေးလိုက်ပါတယ်။ ဒီအပတ်မှာ PC အတွက် Action နဲ့ Adventure ဂိမ်းအမျိုးအစားဖြစ်တဲ့ The Telltale Batman Shadows Edition အပြင် Dungeon Crawler၊ RPG နဲ့ Turn-Based ဂိမ်းအမျိုးအစားဖြစ်တဲ့ Sunderfolk ကို အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ဖွင့်ပြီး ရယူနိုင်ပါတယ်။ Android နဲ့ iOS(EU Region) အသုံးပြုသူတွေအတွက်လည်း Arranger: A Role-Puzzling Adventure ဂိမ်းကို အခမဲ့ပေးနေပါတယ်။ PC မှာ အကောင့်ရှိပြီးသားဆိုရင် ဆက်လက်အသုံးပြုနိုင်ပါတယ်။ Android အတွက် Epic Games ကို အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ဆွဲနိုင်ပါတယ်။ https://store.epicgames.com/en-US/download/android လာမဲ့ မေလ ၂၁ ရက်နေ့မှာတော့ PC အတွက် ဘာဂိမ်းတွေပေးမလဲဆိုတာမသိရပဲ Mystery ဂိမ်း ၂ခုလို့ ဖော်ပြထားတာတွေ့ရပါတယ်။ Source: Epic Games #EnThueTech #News #Gaming Join our Telegram channel now! https://t.me/EnThueTech
279
19
Нет текста...
311
20
AMD က AI လောကတွင် CPU ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာမည်ဟု ပြောကြား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွက် ဝင်ငွေအစီရင်ခံစာ တင်ပြတဲ့ပွဲမှာ AMD ရဲ့ CEO ဖြစ်သူ Dr. Lisa Su က AI ဖြန့်ကျက်မှုအသစ်တွေက GPU ကိုအာရုံစိုက်ရာကနေ CPU ပြောင်းလဲအာရုံစိုက်လာကြကြောင်းပြောကြားလိုက်ပါတယ်။ AI အေးဂျင့်ဘက်ကိုတွန်းအားပေးလာခြင်းက CPU ပိုင်းကို အာရုံပိုစိုက်လာတာဖြစ်ကြောင်း သူမကဆိုပါတယ်။ ဒါဟာ AI ဖြန့်ကျက်မှုရဲ့ CPU - GPU အချိုးအစားကို မြင့်တက်စေပြီး AMD နဲ့ သူတို့ရဲ့ EPYC CPU တွေအတွက် သတင်းကောင်းပါပဲ။ ပုံမှန်အားဖြင့် AI ဖြန့်ကျက်မှုတွေမှာ CPU တွေကို GPU အများကြီးအတွက် host node အဖြစ်သာအသုံးပြုကြတာဖြစ်ပါတယ်။ အခုအခါမှာတော့ Agentic AI ဆောင်ရွက်ဖို့အတွက် CPU တွေ အများအပြား ပိုမိုအသုံးပြုလာကြပါတယ်။ Dr. Lisa Su အဆိုအရ ပုံမှန်အားဖြင့် CPU - GPU အချိုးအစားက 1:4 နဲ့ 1:8 သာရှိပါတယ်။ လက်ရှိမှာ 1:1 ကိုရောက်ရှိဖို့နီးကပ်လာခဲ့ပြီ လို့ဆိုပါတယ်။ သူမက "အေးဂျင့်အသားပေး အလုပ်တွေနဲ့ ဆာဗာတွေမှာ GPUတွေထပ်တောင် CPUတွေပိုများနေမှာကို မြင်ယောင်ကြည့်နိုင်တယ်" လို့တောင် ပြောကြားခဲ့ပါတယ်။ AI လုပ်ငန်းစဥ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့ အမျှ GPU ပိုင်းကိုသာ အသားပေးမှုနေရာကနေ ပိုပြီးမျှတတဲ့ စနစ်တွေကိုအာရုံစိုက်လာကြပါတယ်။ GPU တွေက large language models တွေကို လည်ပတ်ဖို့ အရေးပါနေတုန်းလို့ဆိုပေမဲ့ CPU တွေဟာ အခုဆိုရင်ပိုမိုကြီးမားတဲ့ ကဏ္ဍကနေပါဝင်လာနေပါပြီ။ ဒါက CPU တွေရော AI GPU တွေရောဖန်တီးနေတဲ့ AMD အတွက် တကယ့်ကို သတင်းကောင်းပါပဲ။ Dr. Lisa Su က "ဒီ AI အေးဂျင့်တွေက အလုပ်လုပ်တဲ့အခါ CPU နဲ့ဆိုင်တဲ့ အလုပ်တွေကို ပိုထွက်ပေါ်လာပါတယ်။ အတော်လေးကို တိုးတက်မှုရှိတဲ့ အနေအထားလို့ ပြောရမှာပါ။ အဓိကအချက်ကတော့ အခုလို ဖြန့်ကျက်အသုံးပြုမှုတွေမှာ ကျွန်မတို့ မြင်တွေ့နေရတာကတော့ CPU နဲ့ GPU အချိုးအစား မှန်ကန်ဖို့က အရေးကြီးဆုံးပါပဲ။ အကယ်၍ သင်က gigawatt compute စနစ်ကြီးတစ်ခုကို တည်ဆောက်မယ်ဆိုလို့ရှိရင် အဲဒီစနစ်ထဲမှာ CPU ပါဝင်မှု အချိုးအစားက ပိုပြီးတော့ များလာမှာပါ။ အခုလောလောဆယ် ဒီနည်းပညာလောကထဲမှာ ပြောဆိုနေကြတဲ့စကားအချို့က CPU နဲ့ GPU အချိုးအစားတွေအကြောင်းပါ။ ဒါကို အတိအကျ ခန့်မှန်းရခက်ပေမဲ့ ကျွန်မတို့ သေချာပေါက် မြင်တွေ့နေရတဲ့ အပြောင်းအလဲကတော့ အရင်တုန်းက CPU ဆိုတာ GPU ၄ ခု ဒါမှမဟုတ် ၈ ခုလောက်ကို ထိန်းချုပ်ပေးရတဲ့ host node အဖြစ်သာ ရှိခဲ့ရာကနေ အခုဆိုရင် 1:1 အထိနီးကပ်လာတာပဲ ဖြစ်ပါတယ်။ တကယ်လို့ အနာဂတ်မှာ AI အေးဂျင့်တွေ အများကြီး ရှိလာမယ်ဆိုရင် GPU ထက်တောင် CPU အရေအတွက်က ပိုများလာနိုင်တာကို ခင်ဗျားတို့ စိတ်ကူးကြည့်လို့ ရပါတယ်။ ခြုံပြီးပြောရရင်တော့ ဒါဟာ ဈေးကွက်ဝေစုကို ပိုပြီးတော့ ကျယ်ပြန့်လာစေမယ်လို့ ကျွန်မ ထင်ပါတယ်။ အခုအချိန်မှာတော့ လူတိုင်းက accelerator တွေဖြန့်ကျက်ဖို့ စဉ်းစားတဲ့အခါမှာ CPU တွေကိုပါ တစ်ပြိုင်နက်တည်း ထည့်သွင်းစဉ်းစားပြီးလာကြပြီမို့ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။ AMD အနေနဲ့ ၂၀၂၆ ခုနှစ်ရဲ့ ဒုတိယသုံးလပတ်အတွက် ဝင်ငွေခန့်မှန်းချက်ကို အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလီယံအထိ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် ၄၆ ရာခိုင်နှုန်းအထိ တိုးတက်လာမှာဖြစ်ပြီး ဒီတိုးတက်မှုအများစုက AMD ရဲ့ Data Center ကဏ္ဍကနေလာမှာဖြစ်ပြီး EPYC CPU တွေနဲ့ Instinct GPU တွေက AMD ရဲ့ တိုးတက်မှုကို အဓိက မောင်းနှင်သွားပါလိမ့်မယ်။ Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ Source: OC3D #EnThueTech #News #HPC #CPU #AI Website https://www.enthuetech.com/2026/05/amd-said-cpu-will-play-more-important-role-in-agentic-ai-infrastructure.html Join our Telegram channel now! https://t.me/EnThueTech
316