ru
Feedback
Book4U.MM

Book4U.MM

Открыть в Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Больше
5 545
Подписчики
-224 часа
-257 дней
-7230 день
Архив постов
✅ပြတ်နေတာကြာပြီဖြစ်တဲ့စာအုပ်လေးပြန်ရပါပြီ 👉👉ဈေးပြောင်းပါတယ်။ 📓လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ ၁။ဘူကောင်တွေက
✅ပြတ်နေတာကြာပြီဖြစ်တဲ့စာအုပ်လေးပြန်ရပါပြီ 👉👉ဈေးပြောင်းပါတယ်။ 📓လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ ၁။ဘူကောင်တွေကို ရှောင်ပါ။ ၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။ ၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ ၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။ ၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။ ၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။ ၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။ ၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။ ၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်ပါနဲ့။ ၁ဝ။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာ ရှိတာ ဆက်လုပ်ပါ။ ၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။ ၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံးမှာ မကြောက်နဲ့။ ဒူပေနာပေခံပါ။ ------------------------------ စာရေးသူ–DR.PHYO PAING တန်ဖိုး–24000 စာမျက်နှာ–226

photo content

(11.7.2026) မှာ ထွက်ရှိမည် 📘 - အဆင့်မြင့်စိတ်ဓာတ် ✍စာရေးသူ - ထက်မြတ်နိုင်ဇင်၊ ယွန်း@Precious Y စာမျက်နှာ - 158 တန်ဖိုး - 12,
(11.7.2026) မှာ ထွက်ရှိမည် 📘 - အဆင့်မြင့်စိတ်ဓာတ် ✍စာရေးသူ - ထက်မြတ်နိုင်ဇင်၊ ယွန်း@Precious Y စာမျက်နှာ - 158 တန်ဖိုး - 12,000 ks 💕စာညွှန်း - ဒီစာအုပ်ထဲမှာပါဝင်တဲ့ အတွေးစာစုလေးတွေက သာမန်အမြင်တွေထက် ပိုမိုနက်ရှိုင်းပြီး ဘဝကို ရှုထောင့်အသစ်၊ အလင်းရောင်ခြည်အသစ်နဲ့ ကြည့်မြင်ထားတဲ့ သွေးသစ်လောင်းပေးမယ့် အတွေးအမြင်သစ်တွေ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လူအများစုသုံးတတ်တဲ့ ပုံသေကားချပ် လမ်းဟောင်းကြီးပေါ်ကနေ ရဲရဲဝံ့ဝံ့ လမ်းခွဲထွက်လိုက်တဲ့ တစ်မူထူးခြားတဲ့ တွေးခေါ် မြော်မြင်မှု ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘယ်သူလဲ၊ ဘယ်သွားနေလဲ၊ ဘယ်ရောက်နေပြီလဲ၊ ဘာတွေ ဖြည့်ဆည်းပြုပြင် ပြောင်းလဲဖို့ လိုအပ်နေပြီလဲဆိုတာတွေကိုရော သေချာသိမြင်နေပြီလား။ ဒီစာအုပ်ထဲမှာ တင်ပြထားတဲ့ "သူများနဲ့မတူတဲ့ ဘဝနေထိုင်နည်းတွေ" ဟာ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားထဲမှာ မိမိကိုယ်ကို ဘယ်လိုပြန်ရှာဖွေမလဲ၊ စိတ်ဝိညာဉ်ကို ဘယ်လိုအေးချမ်းအောင် ထားမလဲဆိုတဲ့ "ငြိမ်းချမ်းခြင်း အနုပညာ" ဆီကို အဓိကဦးတည်ထားပါတယ်။ စာမျက်နှာတွေကို တစ်မျက်နှာချင်း ဖတ်ရှုသွားရင်းနဲ့ပဲ ငါ ဖြစ်နေတာ ဒီလိုမျိုးပဲ၊ ငါပြောင်းလဲသင့်တာ ဒီအချက်ပဲ ဆိုတာမျိုး ခံစားမိလာပါလိမ့်မယ်။

(11.7.2026) မှာ ထွက်ရှိမည် ±±±±±±±±±±±±±±±± 📖 - ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အကုန်လှတယ် ✍စာရေးသူ - ချယ်ရီစံ စာမျက်နှာ - 102 တန်ဖ
(11.7.2026) မှာ ထွက်ရှိမည် ±±±±±±±±±±±±±±±± 📖 - ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အကုန်လှတယ် ✍စာရေးသူ - ချယ်ရီစံ စာမျက်နှာ - 102 တန်ဖိုး - 7,000 ks 💕စာညွှန်း - ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် တည့်မတ်ပေးရမှာက ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ အဲလိုမျိုးဖြစ်စေဖို့ ကျွန်တော်က တစ်ဖက်တစ်လမ်းကနေ ဒီစာအုပ်လေးကို ရေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝတိုတိုလေးမှာ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ အလွန်အမင်းဖြစ်လာတဲ့အခါ ကျွန်တော်တို့ စိတ်တွေက ခက်ထန်ကြမ်းတမ်းလာတတ်ကြပါတယ်။ ဒါကို သတိ၊ သတိနဲ့ မထိန်းချုပ်ရင် ကျွန်တော်တို့မှာ ပျက်စီးဖို့ပဲ ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ အသိတရားကို တခြားသူတစ်ယောက်ယောက်က ပြုပြင်ထိန်းကျောင်းတာထက် ကိုယ့်ကိုယ်တိုင် ပြုပြင်ထိန်းကျောင်းမှ ပိုခရီးရောက်တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီစာအုပ်ထဲမှာ အဲဒီလိုမျိုးဖြစ်မယ့် အကြောင်းအရာတွေကို အသေးစိတ် ရေးသားပေးထားတာကြောင့် ဖတ်လိုက်ရင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရရှိသွားစေနိုင်ပါတယ်။

Focus ရှိလာတဲ့အခါ အလုပ်တွေ ပိုပြီး လေးနက်လာတယ်။ အချိန်ကို ပိုပြီး ထိရောက်စွာ သုံးနိုင်လာတယ်။ စိတ်က ပိုပြီး ငြိမ်လာတယ်။ အရေးကြ
Focus ရှိလာတဲ့အခါ အလုပ်တွေ ပိုပြီး လေးနက်လာတယ်။ အချိန်ကို ပိုပြီး ထိရောက်စွာ သုံးနိုင်လာတယ်။ စိတ်က ပိုပြီး ငြိမ်လာတယ်။ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာပါတယ်။ “ငါ တစ်ခုကို အဆုံးထိ လုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်က ဘဝကို ပြောင်းလဲပေးတဲ့ စိတ်ဓာတ်ပါပဲ။ ဒါကြောင့် Focus ဆိုတာ အရည်အချင်း မဟုတ်ဘဲ ရွေးချယ်မှုရဲ့ ရလဒ်တစ်ခုဆိုတာ နားလည်ရပါမယ်။ နေ့စဉ် မိတ်ဆွေရဲ့ အာရုံကို ဘယ်နေရာမှာ ထားမလဲဆိုတာကို ကိုယ့်ဘာသာ တစ်ယောက်တည်း ဆုံးဖြတ်ရပါတယ်။ Talent မရှိလို့ Focus မရတာ မဟုတ်ပါဘူး။ လေ့ကျင့်မှု မရှိလို့ Focus မရတာပါ။ ဒီနေ့က စပြီး အလုပ်တစ်ခုတည်းကို အချိန်နည်းနည်းစီ ပိုပိုပေးပြီး တိတ်တဆိတ် ဆက်လုပ်ကြည့်ပါ။ Focus က မိတ်ဆွေကို မရွေးပါဘူး။ မိတ်ဆွေကသာ Focus ကို ရွေးရတာပါ... 📙အာရုံကို ပိုင်မှဘဝခိုင်မယ် ✍ဒီပါ တန်ဖိုး-13000 စာ-216

နည်းပညာ ပြောင်းလဲလျင်မြန်နေတဲ့ခေတ်မှာ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ အလုပ်ပင်ပန်းမှုနဲ့ အချိန်မရှိမှုတွေက နေ့စဉ် နှိပ်စက်နေတတ်ပါတ
နည်းပညာ ပြောင်းလဲလျင်မြန်နေတဲ့ခေတ်မှာ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ အလုပ်ပင်ပန်းမှုနဲ့ အချိန်မရှိမှုတွေက နေ့စဉ် နှိပ်စက်နေတတ်ပါတယ်။ ဒီစာအုပ်လေးဟာ အဲဒီပြဿနာတွေအတွက် မြတ်စွာဘုရား ကိုယ်တိုင်ဟောခဲ့တဲ့ လက်တွေ့အဖြေတွေကို ခေတ်လူငယ်တွေအတွက် အထူးရည်ရွယ်ပြီး စုစည်းထားတဲ့ လက်ဆောင်မွန်တစ်ခုပါ။ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်နဲ့ မဟာသမယသုတ်လို နက်ရှိုင်းတဲ့ တရားတော်တွေကို ဘုရားခန်းမှာ ရွတ်ဖတ်ပူဇော်ရုံသက်သက်မဟုတ်ဘဲ နေ့စဉ်ဘဝမှာ အသုံးချလို့ရတဲ့ "ဘဝနေနည်း အနုပညာ"အဖြစ် ပြောင်းလဲပေးထားပါတယ်။ 📖ဓမ္မစကြာနှင့် မဟာသမယသုတ်လာ ဘဝနေနည်း အနုပညာ ✍အရှင်ဉာဏဝရ (ပါရမီ) တန်ဖိုး-7500 စာ-115

🔰အသစ်ထွက်နှင့်ပြန်ရစာအုပ်များ.... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စ
+7
🔰အသစ်ထွက်နှင့်ပြန်ရစာအုပ်များ.... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ဒေါက်စိုးဝင်း (စာရင်းအင်းပညာ) ရေးသားထားသော 📗စာရင်းအင်းပညာမိတ်ဆက် သရုပ်ဖော်ခြင်း တန်ဖိုး-၁၇၀၀၀ စာမျက်နှာ-၁၃၄ 📙စာရင်းအင်းပညာမ
+1
ဒေါက်စိုးဝင်း (စာရင်းအင်းပညာ) ရေးသားထားသော 📗စာရင်းအင်းပညာမိတ်ဆက် သရုပ်ဖော်ခြင်း တန်ဖိုး-၁၇၀၀၀ စာမျက်နှာ-၁၃၄ 📙စာရင်းအင်းပညာမိတ်ဆက် ဖြစ်တန်စွမ်း တန်ဖိုး-၁၇၀၀၀ စာမျက်နှာ-၁၁၀ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ပျော်ရွှင်မှုနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးရှိကြပါတယ်။ ကျွန်တော်ကတော့ ပျော်ရွှင်မှုဆိုတာ လိုက်ရှာရတာမဟုတ်ဘူး …. ဖန်တီးယူရတာဆ
ပျော်ရွှင်မှုနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးရှိကြပါတယ်။ ကျွန်တော်ကတော့ ပျော်ရွှင်မှုဆိုတာ လိုက်ရှာရတာမဟုတ်ဘူး …. ဖန်တီးယူရတာဆိုတဲ့ အမြင်ကိုလက်ခံတယ်။ နောက်ပြီး ငါ့ကိုပျော်အောင်လုပ်ပေးပါ ဆိုပြီးလည်း တစ်ယောက်ယောက်ဆီက တောင်းခံလို့ရတာမျိုးမဟုတ်ပါဘူး။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ .. ကိုယ်လုပ်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ချင်တယ်ဆိုလိုက်မရှာနဲ့။ လိုက်လည်း မတောင်းနဲ့။ ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်အမြင်၊ ကိုယ့်အတွေး၊ ကိုယ့်ခံယူချက်တွေကိုသာ ပြောင်းလိုက်ပါ။ 📖ပျော်ရွှင်ပါစေ ✍ဒေါက်တာဖြိုးသီဟ တန်ဖိုး-၁၅၀၀၀ စာ-၂၇၇

စိတ်ကူးယဉ်ဒဏ္ဍာရီတို့က ကျွန်ုပ်တို့အား စုစည်းစေခဲ့သည်။ စာအုပ်စာပေတို့က ဂျွန်ုပ်တို့၏ အတွေးအခေါ်နှင့် ဒဏ္ဍာရီတို့အား ပျံ့နှံ့စ
စိတ်ကူးယဉ်ဒဏ္ဍာရီတို့က ကျွန်ုပ်တို့အား စုစည်းစေခဲ့သည်။ စာအုပ်စာပေတို့က ဂျွန်ုပ်တို့၏ အတွေးအခေါ်နှင့် ဒဏ္ဍာရီတို့အား ပျံ့နှံ့စေခဲ့သည်။ အင်တာနက်က အကန့်အသတ်မဲ့အသိပညာတို့အား ကတိပြုခဲ့သည်၊ အယ်လ်ဂိုရစ်သမ်တို့မှာ ကျွန်ုပ်တို့၏ လျှို့ဝှက်ချက်များအား သိမြင်သွားခဲ့ပြီး လူအချင်းချင်းအား ရန်ဘက်ပြုစေခဲ့ပြီ။ ဉာဏ်ရည်တု နည်းပညာက ဘာတွေများ ရှေ့ဆက်လာမည်နည်း ? Nexus စာအုပ်သည် လက်ရှိကာလသို့ ကျွန်ုပ်တို့၏မ မည်သည့်နည်းဖြင့် ရောက်ရှိခဲ့ပုံနှင့် တည်နိုင်ရန်အတွက် အခုချက်ချင်း အရေးတကြီး ရွေးချယ်မှုအကြောင်းတို့ကို ရှင်သန်ရပ်တည်နိုင် လုပ်ဆောင်ရမည့် စိတ်လှုပ်ရှားဖွယ် တင်ပြထားပေသည်။ 📖Nexus (ကျောက်ခေတ်မှ ဉာဏ်ရည်တု နည်းပညာခေတ်အထိ သတင်းကွန်ရက်များ သမိုင်းအကျဉ်း) ✍ညီနောင်(Humber)- ဘာသာပြန် တန်ဖိုး-40000 စာ-774

ဒီစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့်- တကယ့် မောင်းနှင်အားကို ရှာဖွေတွေ့ရှိခြင်း- ကိုယ်လုပ်နေတဲ့အလုပ်၊ ဦးဆောင်နေတဲ့ လုပ်ငန်းရဲ့ အဓိ
ဒီစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့်- တကယ့် မောင်းနှင်အားကို ရှာဖွေတွေ့ရှိခြင်း- ကိုယ်လုပ်နေတဲ့အလုပ်၊ ဦးဆောင်နေတဲ့ လုပ်ငန်းရဲ့ အဓိက ရည်ရွယ်ချက်၊ ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်း သိမြင်လာပါလိမ့်မယ် .. လှုံ့ဆော်မှု အစစ်အမှန်ကို နားလည်ခြင်း- လူတွေကို အပြင်ပန်း ဆွဲဆောင်မှုတွေနဲ့ မဟုတ်ဘဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေနဲ့ ဘယ်လို ဆွဲဆောင်ပြီး ပူးပေါင်းပါဝင်လာအောင် လုပ်ရမလဲဆိုတာကို လေ့လာနိုင်ပါတယ် .. ခေါင်းဆောင်မှု အရည်အသွေး မြှင့်တင်ခြင်း- ကိုယ်ပိုင် အမြင်၊ ယုံကြည်ချက်နဲ့ လုပ်ဆောင်မှုတွေဟာ တခြားသူတွေကို ဘယ်လို လှုံ့ဆော်ပြီး နောက်လိုက်တွေ အဖြစ်ကနေ ပိုကောင်းတဲ့ ပူးပေါင်းပါဝင်သူတွေဖြစ်လာအောင် ဘယ်လို ပြောင်းလဲနိုင်တယ်ဆိုတာကို တွေ့မြင်ရမှာပါ .. ရေရှည်တည်တံ့သော အောင်မြင်မှုကို တည်ဆောက်ခြင်း- "Why" ကို ခိုင်မာစွာ ဆုပ်ကိုင်ထားခြင်းက စိန်ခေါ်မှုတွေကြားကနေ ဘယ်လို ရပ်တည်ပြီး ရေရှည်တည်တံ့တဲ့ အောင်မြင်မှုကို ရယူနိုင်တယ်ဆိုတာကို နားလည်စေပါလိမ့်မယ် .. ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါမှာတော့ ကိုယ်လုပ်ဆောင်နေတဲ့အရာတွေရဲ "ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းကို ပြန်လည် ဆန်းစစ်ကြည့်မိပြီး အဓိပ္ပာယ်ပြည့်ဝမှုကိုတွေ့ရပါမယ် တန်ဖိုး-၂၀၀၀၀

အင်္ဂလိပ်စကားမှာ ရသစာပေကို Literature လို့ သိမ်းကျုံးခေါ်ကြပါတယ်။ ဖတ်သင့် တဲ့ စာကောင်းပေမွန်တွေကို Canon, Literary canon, Can
အင်္ဂလိပ်စကားမှာ ရသစာပေကို Literature လို့ သိမ်းကျုံးခေါ်ကြပါတယ်။ ဖတ်သင့် တဲ့ စာကောင်းပေမွန်တွေကို Canon, Literary canon, Canonical literary texts English literary canon, canonical literary texts တွေက စာကြီးပေကြီးတွေပေါ့။ အချိန်ပေးပြီးဖတ်နိုင်မှ appreciate လုပ်နိုင်မယ့် အရသာခံနိုင်မယ့် စာတွေဖြစ်ပါတယ်။ အဲဒီလို စာပေကို Literature with a capital 'L' ပါတယ်။ ခုကာလကြီးမှာ ကျွန်တော်တို့တွေ ရှင်သန်နေထိုင်နေကြရပုံဟာ life in the fast lane လို့ မြင်မိပါတယ်။ အစားသုတ်သုတ်၊ အသွား သုတ်သုတ်၊ စာဖတ်တာတောင်မှ social media ပေါ်မှာ reading in a hurry စာတိုလေးတွေကို ခပ်သုတ်သုတ်ဖတ်နေကြရတာ များပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာလည်း ပြီးခဲ့တဲ့နှစ်ပိုင်းမှာ စာဖတ်သူ အချိန်နည်းနည်းလေးပေးပြီး ခပ်မြန်မြန် ဖတ်လိုက်တာနဲ့ အကျိုးရှိစေမယ့် စာအတိုလေး တွေကို ဘာသာပြန်ရော၊ ပင်ကိုယ်ရေးတွေပါ ရေးတင်ခဲ့ပါတယ်။ အခုဒီစာအုပ်လေးဟာ အဲဒီ post တွေကို ပြန်စုစည်းထားတာပါ။ ကိုယ်စာဖတ်ရင်း ကြိုက်လို့စုထားတဲ့ စာတိုပေစ လေးတွေပါ။ အချိန်အနည်းငယ်သာပေးပြီး စာတိုလေးတစ်ပုဒ်ဖတ်လိုက်ရပေမယ့်ဖြန့်ကြတ်တွေးစရာများစွာဖြစ်ပေါ်စေမယ့်စာအုပ်လေးပါ။ တန်ဖိုး–12000 ✍-ဒေါက်တာစိုးသန်း

သင့်ဘဝရဲ့ နောက်ဆုံးအချိန်ထိ ရှိနေမယ့်သူက … သင်ကိုယ်တိုင်ပဲ ဖြစ်လို့ … ကိုယ့်ကိုယ်ကို ချစ်ဖို့ မမေ့ပါနဲ့ ။ 📖Love ✍Sint Nyi တန
သင့်ဘဝရဲ့ နောက်ဆုံးအချိန်ထိ ရှိနေမယ့်သူက … သင်ကိုယ်တိုင်ပဲ ဖြစ်လို့ … ကိုယ့်ကိုယ်ကို ချစ်ဖို့ မမေ့ပါနဲ့ ။ 📖Love ✍Sint Nyi တန်ဖိုး-၂၀၀၀၀ စာမျက်နှာ-၁၀၈ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

CYBER SECURITY FOR BEGINNER ဒီစာအုပ်ရဲ့ အဓိကကျောရိုးက Security+ ကို အများကြီး မှီခိုထားတာဖြစ်ပါတယ်။ စာအုပ်ဟာ beginner level တ
CYBER SECURITY FOR BEGINNER ဒီစာအုပ်ရဲ့ အဓိကကျောရိုးက Security+ ကို အများကြီး မှီခိုထားတာဖြစ်ပါတယ်။ စာအုပ်ဟာ beginner level တွေ အတွက်ကိုရည်ရွယ်ပြီးထုတ် ထားတာဖြစ်ပါတယ်။ စာအုပ်ထဲမှာ theory အပိုင်း မဟုတ်ပဲ စာဖတ်သူတွေလိုက်ပြီး လုပ်ဆောင်လို့ရမယ့် labs တွေလဲထည့်ပေးထား ပါတယ်။ စာအုပ်ဖတ်ပြီးသွားတဲ့အခါ စာဖတ်သူတွေ cyber security နဲ့ ပြီး အတိုင်းတာ တစ်ခုထိသိသွားမှာဖြစ် သလို ဘယ်လို tools တွေကိုအသုံးပြုရမလဲဆို တာလဲ သိသွားမှာဖြစ်ပါတယ်။ ~~~~ ✍–Han Niux 💸–22000 📖–349 ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

အီလက်ထရောနစ်ပိုင်းဆိုင်ရာ စိတ်၀င်စားသူများအနေနဲ့ Oscilloscope အား ကိုင်တွယ် အသုံးပြု ကြသူတွေ သိပ်မရှိပါဘူး။ Oscilloscope ကိုက
အီလက်ထရောနစ်ပိုင်းဆိုင်ရာ စိတ်၀င်စားသူများအနေနဲ့ Oscilloscope အား ကိုင်တွယ် အသုံးပြု ကြသူတွေ သိပ်မရှိပါဘူး။ Oscilloscope ကိုကိုင်တွယ် အသုံးပြုဖို့ပစ္စည်း မရှိတာလည်း ဖြစ်နိုင်သလို တခါတရံ မိမိရှေ့မှာ Oscilloscope ကြီးရှိနေသော်လည်း ဘယ်လိုအသုံးပြုရမယ့်ဆိုတာ မသိကြတာလည်း ပါ၀င်ပါ တယ်။ ယခုစာအုပ်မှာ Oscilloscope နဲ့ ပတ်သက်လို့ PC Oscilloscope အမျိုးအစားဖြစ်တဲ့ IDSO1070 PC Oscilloscope အားကိုင်တွယ် အသုံးပြုနည်းနှင့် Digital Oscilloscope အမျိုးအစား ဖြစ်တဲ့ OWON SDS1022 Digital Oscilloscope အားကိုင်တွယ် အသုံးပြုပုံကို အသေးစိတ်ရေးသားဖော်ပြပေးထားပါတယ်။ -------------------------------------------------- တန်ဖိုး-၂၅၀၀၀ စာ-၄၁၁ ✍-ကိုမျိုး(အီလက်ထရောနစ်) -------- ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်

Pre-order Now! ယနေ့ခေတ်မှာ သိပ္ပံပညာက ဘယ်လောက်ပဲ လွှမ်းမိုးထားပါစေ၊ ရှေးရိုးရော ခေတ်သစ်ပါ အယူသီးမှုတွေဟာ အံ့ဩစရာကောင်းလောက်အေ
Pre-order Now! ယနေ့ခေတ်မှာ သိပ္ပံပညာက ဘယ်လောက်ပဲ လွှမ်းမိုးထားပါစေ၊ ရှေးရိုးရော ခေတ်သစ်ပါ အယူသီးမှုတွေဟာ အံ့ဩစရာကောင်းလောက်အောင် ရေပန်းစားနေဆဲပါပဲ။ ဒီအယူသီးမှုတွေက ဘယ်ကနေ စခဲ့တာလဲ… ဘာကြောင့် အခုထိ ရှိနေသေးတာလဲ... ဒီစာအုပ်မှာတော့ ရှေးဟောင်းခေတ်ကနေ ယခုခေတ်အထိအယူသီးမှုရဲ့ သဘာဝနဲ့ အံ့ဩစရာကောင်းတဲ့ သမိုင်းကြောင်းကို လေ့လာထားပါတယ်။ ယနေ့ခေတ်မှာ ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ နည်းပညာတွေ တိုးတက်ပြီး အသိအမြင်တွေ မြင့်မားလာတယ်ပြောပြော အယူသီးတဲ့ အယူအဆတွေနဲ့ အပြုအမူတွေဟာ နေရာအနှံ့ ရှိနေဆဲဖြစ်ပြီး ပညာတတ်တွေတောင် ဒီဒဏ်ကနေ မလွတ်ကင်းကြပါဘူး။ ဒီစာအုပ်မှာ ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ အယူသီးမှုအမျိုးမျိုးနဲ့ ဒါတွေ ဆက်ရှိနေရတဲ့ စိတ်ပညာဆိုင်ရာ အကြောင်းရင်းတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ပြထားသလို ကျွန်တော်တို့ရဲ့ အချိတ်အဆက် ပိုများလာတဲ့ ကမ္ဘာကြီးမှာ အယူသီးမှုရဲ့ ရှေ့ဆက်မဲ့ လမ်းကြောင်းကိုလဲ သုံးသပ်ပြထားပါတယ်။ 📙အယူသီးခြင်း ✍မြတ်သုတ-ဘာသာပြန် တန်ဖိုး-11500 စာ-164

English Speaking ကို အခြေခံမှ စ၍ ဆရာလွတ် လေ့လာ လေကျင့်လိုသူများအတွက် အသုံးကျ၍ လူကြိုက်များခဲ့သော စာအုပ်လေးကို အမှားကင်းစင်အော
English Speaking ကို အခြေခံမှ စ၍ ဆရာလွတ် လေ့လာ လေကျင့်လိုသူများအတွက် အသုံးကျ၍ လူကြိုက်များခဲ့သော စာအုပ်လေးကို အမှားကင်းစင်အောင်နှင့် ခေတ်မီအောင် ပြန်လည် ပြုပြင်ထားပြီး ယခု တတိယအကြိမ် Revised and Enlarged Edition အဖြစ် ထုတ်ဝေရာတွင် အကြောင်းအရာ ပိုပြီး ပြည့်စုံစေရန် ရည်ရွယ်ကာ Useful Phrases အပိုင်းကို ဖြည့်စွက် ထည့်သွင်းထားပါသည်။ အလွယ်ဆုံး အင်္ဂလိပ်စကားပြောလမ်းညွှန် ~~~~~~~~~~~~~ တန်ဖိုး–၁၀၀၀၀ စာမျက်နှာ–၂၅၈ စာရေးသူ - ဒေါက်တာစိုးသန်း -------------------------- ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

သရုပ်ဖော်စာရင်းအင်းမှတစ်ဆင့် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် အမှားနည်းပါး စေရန်အတွက် အကူအညီပေးသည့် ဖြစ်တန်စွမ
သရုပ်ဖော်စာရင်းအင်းမှတစ်ဆင့် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်နှင့် အမှားနည်းပါး စေရန်အတွက် အကူအညီပေးသည့် ဖြစ်တန်စွမ်းသီအိုရီနှင့် ဖြစ်တန်စွမ်းပြန့်ချက်တို့၏ အခြေခံသဘော တရားကို လွယ်ကူစွာလေ့လာနိုင်ရန် "စာရင်းအင်းပညာမိတ်ဆက် ဖြစ်တန်စွမ်း" စာအုပ်အဖြစ် ထုတ်ဝေလိုက်ပါသည်။ 📖ဤစာအုပ်တွင် ဖြစ်တန်စွမ်းဆိုင်ရာ အယူအဆများစွာ၏ အခြေခံဖြစ်သော အစုသီအိုရီ(set theory)နှင့် ရေတွက်ခြင်း (counting) တို့ကို ဖော်ပြထားပါသည်။ အခန်း(၂)သည်-ဖြစ်တန်စွမ်းကို ရှုထောင့်အမျိုးမျိုးမှ အဓိပ္ပာယ်ဖွင့်ဆို၍ ဥပမာများစွာဖြင့် ရှင်းပြထားပါသည်၊ အခန်း(၃)တွင် ကျပန်းကိန်းရှင်၏အဓိပ္ပာယ်၊ အမျိုးအစားနှင့် ဖြစ်တန်စွမ်းပြန့်ချက်များ အသုံးဝင်မှုကို ဖော်ပြထားပါသည်။ အခန်း(၄)နှင့် (၅)တို့တွင် နော်မယ်ပြန့်ချက်အပါအဝင် လက်တွေ့အသုံးများသည် ဖြစ်တန်စွမ်းပြန့်ချက်များကို လက်တွေ့ဥပမာများအရ တွက်ချက်ဖော်ပြထားပါသည်။ အခန်း(၆)သည် နမူနာတစ်ခုအပေါ်အခြေခံ၍ ဦးရေအကြောင်းကို ကောက်ချက်ချရာတွင် နမူနာပြန့်ချက်(samplin distribution) ၏ အရေးပါမှုကို ရှင်းပြထားပါသည်။ ✍ဒေါက်တာစိုးဝင်း (စာရင်းအင်းပညာ) တန်ဖိုး-၁၇၀၀၀ စာ-၁၁၀

✔️✔️ပြတ်နေတာကြာပြီဖြစ်တဲ့စာအုပ်လေးပြန်ရပါပြီ။ မားကက်တင်းရဲ့ ရေရှည်ရည်ရွယ်ချက်က အမှတ်တံဆိပ်နဲ့ လုပ်ငန်းတွေ တည်ဆောက်ဖို့ပါပဲ။ အ
✔️✔️ပြတ်နေတာကြာပြီဖြစ်တဲ့စာအုပ်လေးပြန်ရပါပြီ။ မားကက်တင်းရဲ့ ရေရှည်ရည်ရွယ်ချက်က အမှတ်တံဆိပ်နဲ့ လုပ်ငန်းတွေ တည်ဆောက်ဖို့ပါပဲ။ အမှတ်တံဆိပ်ဆိုတာ လိုဂိုကိုပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ရပ်တည်ချက်ကို လူတွေသိတာ။ နာမည်တစ်လုံးနဲ့နေတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ ဒီလို နာမည်တစ်လုံးနဲ့နေတဲ့လုပ်ငန်း၊ ထုတ်ကုန်၊ လူပုဂ္ဂိုလ်ကို ဖောက်သည်တွေယုံပြီးလာရှာဖွေဝယ်ယူတာ ဒါကို အမှတ်တံဆိပ်လို့ခေါ်ပါတယ်။ မားကတ်တင်းရဲ့ရေရှည်ရည်ရွယ်ချက်က ရှာစရာမလိုဘဲ လာအောင်လုပ်ဖို့ပါ။ လုပ်ငန်းပိုင်ရှင်ရဲ့ ပုဂ္ဂိုလ်ရေးအမှတ်တံဆိပ် Personal Brand ပဲတည်ဆောက်တည်ဆောက်၊ ကုမ္ပဏီအမှတ်တံဆိပ် Company Brand ပဲတည်ဆောက်တည်ဆောက်၊ နယ်ပယ်တစ်ခုရဲ့ အကန့်တစ်ခုအတွက်ပဲ Category Brand ပဲတည်ဆောက်တည်ဆောက်၊ ထုတ်ကုန်ရဲ့အမှတ်တံဆိပ် Product Brand ပဲတည်ဆောက်တည်ဆောက် မားကက်တင်းလိုပါတယ်။ အပြောင်းအလဲတစ်ခုလုပ်ချင်တိုင်း မားကက်တင်းလိုပါတယ်။ ဒီစာအုပ်မှာ မားကင်းတင်းနဲ့ အရောင်းဆိုင်ရာ အသိပညာတွေ၊ ကိုယ့်ရဲ့ Personal Brand၊ ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ရေးမဟာဗျူဟာတွေ၊ ဆိုရှယ်မီဒီယာနဲ့ AI ကိုထိရောက်စွာအသုံးချနိုင်မယ့်နည်းလမ်းတွေ စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။(စာရေးသူအမှာစာမှဖော်ပြသည်)။ 21000 .ks

👉👉စာအုပ်ဈေးပြောင်းပါတယ်။ ✍ဆရာအောင်ခင်ထွန်း ရေးသားထားပြီးလက်ရှိရနိုင်သော စာအုပ်2မျိုး....... ၁။ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေ
+1
👉👉စာအုပ်ဈေးပြောင်းပါတယ်။ ✍ဆရာအောင်ခင်ထွန်း ရေးသားထားပြီးလက်ရှိရနိုင်သော စာအုပ်2မျိုး....... ၁။ အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်း သုံး စာချုပ်များ (လက်စွဲစာအုပ်) တန်ဖိုး ၂၀၀၀၀ ကျပ် စာမျက်နှာ ၂၁၇ . ၂။ ဆောက်လုပ်ရေး လုပ်ငန်းများ စီမံခန့်ခွဲမှုဆိုင်ရာ မှတ်စုတိုများ (ဒုတိယတွဲ) တန်ဖိုး ၁၅၀၀၀ ကျပ် စာမျက်နှာ ၂၈၅ ----------------------------------- ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက် Book4U ဆိုင်လိပ်စာ အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ဆက်သွယ်ဖုန်းနံပါတ် 09798103010 09794964825 မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။