Book4U.MM
Ir al canal en Telegram
Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်
Mostrar más5 541
Suscriptores
-224 horas
-257 días
-7230 días
Archivo de publicaciones
5 541
စက်ရေတွင်းတူးရန် လေ့လာစုံစမ်းခြင်း၊ ရေအောင်းလွှာ ရှာဖွေနည်းများ၊ တွင်းနေရာ ရွေးချယ်ခြင်း၊ တူးဖော်ခြင်း၊ စက်ရေတွင်းမှတ်တမ်းများ ရယူခြင်း၊ ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်း၊ မြေအောက်ရေ ညစ်ညမ်းမှုကို ကာကွယ်နည်းများ၊ ကလိုရင်း ခတ်ခြင်း၊ ရေသန့်စင်နည်းများ အပါအဝင် မြေအောက်ရေနှင့် စက်ရေတွင်းဆိုင်ရာ သိကောင်းစရာများ ပါဝင်သည်။
📘မြေအောက်ရေနှင့်စက်ရေတွင်းများ အတွဲ-၃-
စက်ရေတွင်းပိုင်ရှင်များ အခြေခံနည်းပညာလမ်းညွန်
✍ဦးမြင့်သိန်း(မောင်ကျေးရေ)
တန်ဖိုး-၈၅၀၀
စာ-၁၃၈
5 541
စက်ရေတွင်း
မြေလွှာကျောက်လွှာတို့ကို ထိုးဖောက်နိုင်သည့် စက်အင်အား၊ လူအင်အား၊ တွင်းတူးပိုက်နှင့် ပိုက်ထိန်းစတီးဝါယာကြိုး၊ လွန်သွား စသည်တို့ကို အသုံးပြုကာ လူ၏စီမံခန့်ခွဲမှုဖြင့် အပေါ်မှအောက်သို့ ထောင်လိုက် ရေအောင်းလွှာ (သို့) ကျောက်လွှာ တွေ့သည်အထိ တွင်းပေါက်ဖောက်၍ ရေဝင်ပိုက် ရေထုတ်ပိုက် စသည့် ပစ္စည်းကိရိယာမျိုးစုံတပ်ဆင်ပြီး စက်အင်အား အကူအညီဖြင့် ရေထုတ် ယူသည့်တွင်း ဖြစ်သည်။
စက်ရေတွင်းတူးဆရာ
စက်ရေတွင်းတူးဆရာသည် တွင်းတူးပိုက်ကို လိုအပ် သော နက်ပေရောက် အောင် သတ်မှတ် အရွယ်အစားအတိုင်း ဘေးအန္တရာယ်ကင်းရှင် ့ ဘူးဖော် ပြီး ရေစစ်ဆန်ခါပိုက်နှင့် ရေထွက်ပိုက်များ တပ်ဆင်၍ ရေတင်ဦးနှင့် ရေထုတ်ပေးသည့်အလုပ်ကို တာဝန်ခံဆောင်ရွက်သူ ဖြစ်သည်။ ပြီးပြည့်စုံသော စက်ရေတွင်းတစ်တွင်း ဖြစ်ပေါ်လာရန် တွင်းတူးဆရာ၏ အရည်အချင်းပေါ် မူတည်သည်။
📘 မြေအောက်ရေနှင့်စက်ရေတွင်းများ အတွဲ ၂
အခြေခံစက်ရေတွင်းတူးနည်းပညာ
✍ဦးမြင့်သိန်း(မောင်ကျေးရေ)
တန်ဖိုး-၁၅၀၀၀
စာ-၃၀၃
5 541
မြေအောက်ရေဘက်တွင် ပြည်တွင်းပြည်ပ အတွေ့အကြုံများစွာကို ပိုင်ဆိုင်ထားသော ဦးမြင့်သိန်းသည် ဤစာအုပ်၌ မြေအောက်ရေ၏ သဘောသဘာဝများကို ရှင်းလင်းစွာ ရေးသားထားသဖြင့် ပမြင်သာသော မြေအောက်ရေ ရွေ့လျားမှုကို မျက်စိထဲတွင် မြင်လာကာ ဇလဘူမိပညာရှင်များ၊ အင်ဂျင်နီယာများအဖို့ မြေအောက်ရေ ရှာဖွေထုတ်ယူရာတွင် အထောက်အပံ့ရလျက် သုံးစွဲသူများကလည်း မြေအောက်ရေအကြောင်း ပိုမိုသိရှိကာ အသုံးအစွဲ ချွေတာကြလာမည် ဖြစ်ပါသည်။
📘အခြေခံမြေအောက်ရေနည်းပညာ
အတွဲ-၁
✍ဦးမြင့်သိန်း(မောင်ကျေးရေ)
တန်ဖိုး-၈၅၀၀
စာ-၁၄၃
5 541
ဤအဘိဓာန်စာအုပ်တွင် စာလုံးပေါင်း (၁၂၀၀၀) ကျော်နှင့် သရုပ်ပြရုပ်ပုံပေါင်း(၈၀၀)ကျော်ပါဝင်ပါသည်။အင်ဂျင်နီယာနယ်ပယ်ဖြစ်သော MECHANICAL, ELECTRICAL, ELECTRIONIC, CIVIL CONTROL TECHNOLOGY စသည့်ဘာသာရပ်များအပြင် သိပွံပညာရပ်နယ်ပယ်ဖြစ်သော PHYSICS, CHEMISTRY, MATHEMATIC ဘာသာရပ်များ။ COMPUTER ဘာသာရပ်တို့မှ စကားလုံးများဖြစ်ပါသည်။
ဤစာအုပ်၏ ထူးခြားချက်မှာ အဆိုပါဘာသာရပ်များအပြင် အင်ဂျင်နီယာဘာသာရပ်များနှင့် တွဲဖက် အသုံးပြုလေ့ရှိသော အင်္ဂလိပ်စကားလုံးများ ပါဝင်ထားခြင်းဖြစ်ပါသည်။ အချို့သော စကားလုံးများသည်- ME-CHANICAL တွင် အဓိပ္ပါယ်တစ်မျိုး၊ ELECTRICAL တွင် အဓိပ္ပါယ်တစ်မျိုး။ CIVIL တွင် အဓိပ္ပါယ်တစ်မျိုး။ CONTROL TECHNOLOGY တွင် အဓိပ္ပါယ်တစ်မျိုးစသည်ဖြင့် ဖွင့်ဆိုကြပါသည်။ ဤစာအုပ်တွင် အဓိပ္ပါယ်ဖွင့်ဆို ချက်အမျိုးမျိုးကို တစ်စုတစ်ပေါင်းတည်။ ဖော်ပြထားခြင်းဖြစ်ပါသည်။
ထို့ပြင် ဤစာအုပ်တွင်ဖော်ပြထားသော စာလုံးပေါင်းများကို VERB FORM, NOUN FORM ဟု မခွဲခြား ဘဲ၊ အင်ဂျင်နီယာဘာသာရပ် စကားလုံးများအဖြစ်သာ ဖွင့်ဆိုထားပါသည်။
အင်္ဂလိပ်-မြန်မာ
အင်ဂျင်နီယာအဘိဓာန်
~~~~~~~~~~~~~
တန်ဖိုး–၃၀၀၀၀
စာမျက်နှာ–၄၅၆
စာရေးသူ - ဦးအုန်းမြင့်(ဒီဇယ်)
5 541
✅ပြတ်နေတာကြာပြီဖြစ်တဲ့စာအုပ်လေးပြန်ရပါပြီ
👉👉ဈေးပြောင်းပါတယ်။
📓လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလိုက်ပါ
၁။ဘူကောင်တွေကို ရှောင်ပါ။
၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။
၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။
၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။
၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။
၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။
၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။
၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။
၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်ပါနဲ့။
၁ဝ။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာ
ရှိတာ ဆက်လုပ်ပါ။
၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။
၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံးမှာ မကြောက်နဲ့။
ဒူပေနာပေခံပါ။
------------------------------
စာရေးသူ–DR.PHYO PAING
တန်ဖိုး–24000
စာမျက်နှာ–226
5 541
(11.7.2026) မှာ ထွက်ရှိမည်
📘 - အဆင့်မြင့်စိတ်ဓာတ်
✍စာရေးသူ - ထက်မြတ်နိုင်ဇင်၊ ယွန်း@Precious Y
စာမျက်နှာ - 158
တန်ဖိုး - 12,000 ks
💕စာညွှန်း -
ဒီစာအုပ်ထဲမှာပါဝင်တဲ့ အတွေးစာစုလေးတွေက သာမန်အမြင်တွေထက်
ပိုမိုနက်ရှိုင်းပြီး ဘဝကို ရှုထောင့်အသစ်၊ အလင်းရောင်ခြည်အသစ်နဲ့ ကြည့်မြင်ထားတဲ့ သွေးသစ်လောင်းပေးမယ့် အတွေးအမြင်သစ်တွေ ဖြစ်ပါတယ်။
ဒီစာအုပ်ဟာ လူအများစုသုံးတတ်တဲ့ ပုံသေကားချပ် လမ်းဟောင်းကြီးပေါ်ကနေ ရဲရဲဝံ့ဝံ့ လမ်းခွဲထွက်လိုက်တဲ့ တစ်မူထူးခြားတဲ့ တွေးခေါ် မြော်မြင်မှု ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။
ကိုယ်ဘယ်သူလဲ၊ ဘယ်သွားနေလဲ၊ ဘယ်ရောက်နေပြီလဲ၊ ဘာတွေ ဖြည့်ဆည်းပြုပြင် ပြောင်းလဲဖို့ လိုအပ်နေပြီလဲဆိုတာတွေကိုရော သေချာသိမြင်နေပြီလား။
ဒီစာအုပ်ထဲမှာ တင်ပြထားတဲ့ "သူများနဲ့မတူတဲ့ ဘဝနေထိုင်နည်းတွေ" ဟာ လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားထဲမှာ မိမိကိုယ်ကို ဘယ်လိုပြန်ရှာဖွေမလဲ၊ စိတ်ဝိညာဉ်ကို ဘယ်လိုအေးချမ်းအောင် ထားမလဲဆိုတဲ့ "ငြိမ်းချမ်းခြင်း အနုပညာ" ဆီကို အဓိကဦးတည်ထားပါတယ်။
စာမျက်နှာတွေကို တစ်မျက်နှာချင်း ဖတ်ရှုသွားရင်းနဲ့ပဲ ငါ ဖြစ်နေတာ ဒီလိုမျိုးပဲ၊ ငါပြောင်းလဲသင့်တာ ဒီအချက်ပဲ ဆိုတာမျိုး ခံစားမိလာပါလိမ့်မယ်။
5 541
(11.7.2026) မှာ ထွက်ရှိမည်
±±±±±±±±±±±±±±±±
📖 - ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အကုန်လှတယ်
✍စာရေးသူ - ချယ်ရီစံ
စာမျက်နှာ - 102
တန်ဖိုး - 7,000 ks
💕စာညွှန်း -
ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် တည့်မတ်ပေးရမှာက ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။
အဲလိုမျိုးဖြစ်စေဖို့ ကျွန်တော်က တစ်ဖက်တစ်လမ်းကနေ ဒီစာအုပ်လေးကို ရေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝတိုတိုလေးမှာ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ အလွန်အမင်းဖြစ်လာတဲ့အခါ ကျွန်တော်တို့ စိတ်တွေက ခက်ထန်ကြမ်းတမ်းလာတတ်ကြပါတယ်။ ဒါကို သတိ၊ သတိနဲ့ မထိန်းချုပ်ရင် ကျွန်တော်တို့မှာ ပျက်စီးဖို့ပဲ ဖြစ်သွားပါလိမ့်မယ်။
တကယ်တော့ ကျွန်တော်တို့ရဲ့ အသိတရားကို တခြားသူတစ်ယောက်ယောက်က ပြုပြင်ထိန်းကျောင်းတာထက် ကိုယ့်ကိုယ်တိုင် ပြုပြင်ထိန်းကျောင်းမှ ပိုခရီးရောက်တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီစာအုပ်ထဲမှာ အဲဒီလိုမျိုးဖြစ်မယ့် အကြောင်းအရာတွေကို အသေးစိတ် ရေးသားပေးထားတာကြောင့် ဖတ်လိုက်ရင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရရှိသွားစေနိုင်ပါတယ်။
5 541
Focus ရှိလာတဲ့အခါ အလုပ်တွေ ပိုပြီး လေးနက်လာတယ်။ အချိန်ကို ပိုပြီး ထိရောက်စွာ သုံးနိုင်လာတယ်။ စိတ်က ပိုပြီး ငြိမ်လာတယ်။ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာပါတယ်။ “ငါ တစ်ခုကို အဆုံးထိ လုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်က ဘဝကို ပြောင်းလဲပေးတဲ့ စိတ်ဓာတ်ပါပဲ။
ဒါကြောင့် Focus ဆိုတာ အရည်အချင်း မဟုတ်ဘဲ ရွေးချယ်မှုရဲ့ ရလဒ်တစ်ခုဆိုတာ နားလည်ရပါမယ်။ နေ့စဉ် မိတ်ဆွေရဲ့ အာရုံကို ဘယ်နေရာမှာ ထားမလဲဆိုတာကို ကိုယ့်ဘာသာ တစ်ယောက်တည်း ဆုံးဖြတ်ရပါတယ်။ Talent မရှိလို့ Focus မရတာ မဟုတ်ပါဘူး။ လေ့ကျင့်မှု မရှိလို့ Focus မရတာပါ။ ဒီနေ့က စပြီး အလုပ်တစ်ခုတည်းကို အချိန်နည်းနည်းစီ ပိုပိုပေးပြီး တိတ်တဆိတ် ဆက်လုပ်ကြည့်ပါ။
Focus က မိတ်ဆွေကို မရွေးပါဘူး။ မိတ်ဆွေကသာ Focus ကို ရွေးရတာပါ...
📙အာရုံကို ပိုင်မှဘဝခိုင်မယ်
✍ဒီပါ
တန်ဖိုး-13000
စာ-216
5 541
နည်းပညာ ပြောင်းလဲလျင်မြန်နေတဲ့ခေတ်မှာ စိတ်ဖိစီးမှု၊ အထီးကျန်မှု၊ အလုပ်ပင်ပန်းမှုနဲ့ အချိန်မရှိမှုတွေက နေ့စဉ် နှိပ်စက်နေတတ်ပါတယ်။
ဒီစာအုပ်လေးဟာ အဲဒီပြဿနာတွေအတွက် မြတ်စွာဘုရား ကိုယ်တိုင်ဟောခဲ့တဲ့ လက်တွေ့အဖြေတွေကို ခေတ်လူငယ်တွေအတွက် အထူးရည်ရွယ်ပြီး စုစည်းထားတဲ့ လက်ဆောင်မွန်တစ်ခုပါ။
ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်နဲ့ မဟာသမယသုတ်လို နက်ရှိုင်းတဲ့ တရားတော်တွေကို ဘုရားခန်းမှာ ရွတ်ဖတ်ပူဇော်ရုံသက်သက်မဟုတ်ဘဲ နေ့စဉ်ဘဝမှာ အသုံးချလို့ရတဲ့ "ဘဝနေနည်း အနုပညာ"အဖြစ် ပြောင်းလဲပေးထားပါတယ်။
📖ဓမ္မစကြာနှင့်
မဟာသမယသုတ်လာ
ဘဝနေနည်း အနုပညာ
✍အရှင်ဉာဏဝရ (ပါရမီ)
တန်ဖိုး-7500
စာ-115
5 541
+7
🔰အသစ်ထွက်နှင့်ပြန်ရစာအုပ်များ....
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
+1
ဒေါက်စိုးဝင်း (စာရင်းအင်းပညာ)
ရေးသားထားသော
📗စာရင်းအင်းပညာမိတ်ဆက်
သရုပ်ဖော်ခြင်း
တန်ဖိုး-၁၇၀၀၀
စာမျက်နှာ-၁၃၄
📙စာရင်းအင်းပညာမိတ်ဆက်
ဖြစ်တန်စွမ်း
တန်ဖိုး-၁၇၀၀၀
စာမျက်နှာ-၁၁၀
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
ပျော်ရွှင်မှုနဲ့ ပတ်သက်လို့
အမြင်အမျိုးမျိုးရှိကြပါတယ်။ ကျွန်တော်ကတော့ ပျော်ရွှင်မှုဆိုတာ လိုက်ရှာရတာမဟုတ်ဘူး ….
ဖန်တီးယူရတာဆိုတဲ့ အမြင်ကိုလက်ခံတယ်။ နောက်ပြီး ငါ့ကိုပျော်အောင်လုပ်ပေးပါ ဆိုပြီးလည်း တစ်ယောက်ယောက်ဆီက တောင်းခံလို့ရတာမျိုးမဟုတ်ပါဘူး။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ .. ကိုယ်လုပ်တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် ပျော်ချင်တယ်ဆိုလိုက်မရှာနဲ့။
လိုက်လည်း မတောင်းနဲ့။
ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်အမြင်၊ ကိုယ့်အတွေး၊
ကိုယ့်ခံယူချက်တွေကိုသာ ပြောင်းလိုက်ပါ။
📖ပျော်ရွှင်ပါစေ
✍ဒေါက်တာဖြိုးသီဟ
တန်ဖိုး-၁၅၀၀၀
စာ-၂၇၇
5 541
စိတ်ကူးယဉ်ဒဏ္ဍာရီတို့က
ကျွန်ုပ်တို့အား စုစည်းစေခဲ့သည်။
စာအုပ်စာပေတို့က ဂျွန်ုပ်တို့၏ အတွေးအခေါ်နှင့် ဒဏ္ဍာရီတို့အား ပျံ့နှံ့စေခဲ့သည်။
အင်တာနက်က အကန့်အသတ်မဲ့အသိပညာတို့အား ကတိပြုခဲ့သည်၊
အယ်လ်ဂိုရစ်သမ်တို့မှာ ကျွန်ုပ်တို့၏ လျှို့ဝှက်ချက်များအား သိမြင်သွားခဲ့ပြီး လူအချင်းချင်းအား ရန်ဘက်ပြုစေခဲ့ပြီ။
ဉာဏ်ရည်တု နည်းပညာက ဘာတွေများ ရှေ့ဆက်လာမည်နည်း ?
Nexus စာအုပ်သည် လက်ရှိကာလသို့ ကျွန်ုပ်တို့၏မ မည်သည့်နည်းဖြင့် ရောက်ရှိခဲ့ပုံနှင့် တည်နိုင်ရန်အတွက် အခုချက်ချင်း အရေးတကြီး ရွေးချယ်မှုအကြောင်းတို့ကို ရှင်သန်ရပ်တည်နိုင် လုပ်ဆောင်ရမည့် စိတ်လှုပ်ရှားဖွယ် တင်ပြထားပေသည်။
📖Nexus
(ကျောက်ခေတ်မှ ဉာဏ်ရည်တု နည်းပညာခေတ်အထိ
သတင်းကွန်ရက်များ သမိုင်းအကျဉ်း)
✍ညီနောင်(Humber)-
ဘာသာပြန်
တန်ဖိုး-40000
စာ-774
5 541
ဒီစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့်-
တကယ့် မောင်းနှင်အားကို ရှာဖွေတွေ့ရှိခြင်း- ကိုယ်လုပ်နေတဲ့အလုပ်၊ ဦးဆောင်နေတဲ့ လုပ်ငန်းရဲ့ အဓိက ရည်ရွယ်ချက်၊ ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်း သိမြင်လာပါလိမ့်မယ် ..
လှုံ့ဆော်မှု အစစ်အမှန်ကို နားလည်ခြင်း- လူတွေကို အပြင်ပန်း ဆွဲဆောင်မှုတွေနဲ့ မဟုတ်ဘဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေနဲ့ ဘယ်လို ဆွဲဆောင်ပြီး ပူးပေါင်းပါဝင်လာအောင် လုပ်ရမလဲဆိုတာကို လေ့လာနိုင်ပါတယ် ..
ခေါင်းဆောင်မှု အရည်အသွေး မြှင့်တင်ခြင်း- ကိုယ်ပိုင် အမြင်၊ ယုံကြည်ချက်နဲ့ လုပ်ဆောင်မှုတွေဟာ တခြားသူတွေကို ဘယ်လို လှုံ့ဆော်ပြီး နောက်လိုက်တွေ အဖြစ်ကနေ ပိုကောင်းတဲ့ ပူးပေါင်းပါဝင်သူတွေဖြစ်လာအောင် ဘယ်လို ပြောင်းလဲနိုင်တယ်ဆိုတာကို တွေ့မြင်ရမှာပါ ..
ရေရှည်တည်တံ့သော အောင်မြင်မှုကို တည်ဆောက်ခြင်း- "Why" ကို ခိုင်မာစွာ ဆုပ်ကိုင်ထားခြင်းက စိန်ခေါ်မှုတွေကြားကနေ ဘယ်လို ရပ်တည်ပြီး ရေရှည်တည်တံ့တဲ့ အောင်မြင်မှုကို ရယူနိုင်တယ်ဆိုတာကို နားလည်စေပါလိမ့်မယ် ..
ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါမှာတော့ ကိုယ်လုပ်ဆောင်နေတဲ့အရာတွေရဲ "ဘာကြောင့်လဲ" ဆိုတဲ့ မေးခွန်းကို ပြန်လည် ဆန်းစစ်ကြည့်မိပြီး အဓိပ္ပာယ်ပြည့်ဝမှုကိုတွေ့ရပါမယ်
တန်ဖိုး-၂၀၀၀၀
5 541
အင်္ဂလိပ်စကားမှာ ရသစာပေကို Literature လို့ သိမ်းကျုံးခေါ်ကြပါတယ်။ ဖတ်သင့် တဲ့ စာကောင်းပေမွန်တွေကို Canon, Literary canon, Canonical literary texts English literary canon, canonical literary texts တွေက စာကြီးပေကြီးတွေပေါ့။ အချိန်ပေးပြီးဖတ်နိုင်မှ appreciate လုပ်နိုင်မယ့် အရသာခံနိုင်မယ့် စာတွေဖြစ်ပါတယ်။
အဲဒီလို စာပေကို Literature with a capital 'L' ပါတယ်။ ခုကာလကြီးမှာ ကျွန်တော်တို့တွေ ရှင်သန်နေထိုင်နေကြရပုံဟာ life in the fast lane လို့ မြင်မိပါတယ်။ အစားသုတ်သုတ်၊ အသွား သုတ်သုတ်၊ စာဖတ်တာတောင်မှ social media ပေါ်မှာ reading in a hurry စာတိုလေးတွေကို ခပ်သုတ်သုတ်ဖတ်နေကြရတာ များပါတယ်။
ဒါ့ကြောင့် ကျွန်တော်ဟာလည်း ပြီးခဲ့တဲ့နှစ်ပိုင်းမှာ စာဖတ်သူ အချိန်နည်းနည်းလေးပေးပြီး ခပ်မြန်မြန် ဖတ်လိုက်တာနဲ့ အကျိုးရှိစေမယ့် စာအတိုလေး တွေကို ဘာသာပြန်ရော၊ ပင်ကိုယ်ရေးတွေပါ ရေးတင်ခဲ့ပါတယ်။
အခုဒီစာအုပ်လေးဟာ အဲဒီ post တွေကို ပြန်စုစည်းထားတာပါ။ ကိုယ်စာဖတ်ရင်း ကြိုက်လို့စုထားတဲ့ စာတိုပေစ လေးတွေပါ။
အချိန်အနည်းငယ်သာပေးပြီး စာတိုလေးတစ်ပုဒ်ဖတ်လိုက်ရပေမယ့်ဖြန့်ကြတ်တွေးစရာများစွာဖြစ်ပေါ်စေမယ့်စာအုပ်လေးပါ။
တန်ဖိုး–12000
✍-ဒေါက်တာစိုးသန်း
5 541
သင့်ဘဝရဲ့ နောက်ဆုံးအချိန်ထိ ရှိနေမယ့်သူက …
သင်ကိုယ်တိုင်ပဲ ဖြစ်လို့ …
ကိုယ့်ကိုယ်ကို ချစ်ဖို့ မမေ့ပါနဲ့ ။
📖Love
✍Sint Nyi
တန်ဖိုး-၂၀၀၀၀
စာမျက်နှာ-၁၀၈
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
CYBER SECURITY FOR BEGINNER
ဒီစာအုပ်ရဲ့ အဓိကကျောရိုးက Security+
ကို အများကြီး မှီခိုထားတာဖြစ်ပါတယ်။
စာအုပ်ဟာ beginner level တွေ အတွက်ကိုရည်ရွယ်ပြီးထုတ်
ထားတာဖြစ်ပါတယ်။ စာအုပ်ထဲမှာ theory အပိုင်း မဟုတ်ပဲ စာဖတ်သူတွေလိုက်ပြီး လုပ်ဆောင်လို့ရမယ့် labs တွေလဲထည့်ပေးထား ပါတယ်။ စာအုပ်ဖတ်ပြီးသွားတဲ့အခါ စာဖတ်သူတွေ cyber security နဲ့ ပြီး အတိုင်းတာ တစ်ခုထိသိသွားမှာဖြစ် သလို ဘယ်လို tools တွေကိုအသုံးပြုရမလဲဆို တာလဲ သိသွားမှာဖြစ်ပါတယ်။
~~~~
✍–Han Niux
💸–22000
📖–349
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 541
အီလက်ထရောနစ်ပိုင်းဆိုင်ရာ စိတ်၀င်စားသူများအနေနဲ့ Oscilloscope အား ကိုင်တွယ် အသုံးပြု ကြသူတွေ သိပ်မရှိပါဘူး။ Oscilloscope ကိုကိုင်တွယ် အသုံးပြုဖို့ပစ္စည်း မရှိတာလည်း ဖြစ်နိုင်သလို တခါတရံ မိမိရှေ့မှာ Oscilloscope ကြီးရှိနေသော်လည်း ဘယ်လိုအသုံးပြုရမယ့်ဆိုတာ မသိကြတာလည်း ပါ၀င်ပါ တယ်။ ယခုစာအုပ်မှာ Oscilloscope နဲ့ ပတ်သက်လို့ PC Oscilloscope အမျိုးအစားဖြစ်တဲ့ IDSO1070 PC Oscilloscope အားကိုင်တွယ် အသုံးပြုနည်းနှင့် Digital Oscilloscope အမျိုးအစား ဖြစ်တဲ့ OWON SDS1022 Digital Oscilloscope အားကိုင်တွယ် အသုံးပြုပုံကို အသေးစိတ်ရေးသားဖော်ပြပေးထားပါတယ်။
--------------------------------------------------
တန်ဖိုး-၂၅၀၀၀
စာ-၄၁၁
✍-ကိုမျိုး(အီလက်ထရောနစ်)
--------
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်
5 541
Pre-order Now!
ယနေ့ခေတ်မှာ သိပ္ပံပညာက ဘယ်လောက်ပဲ လွှမ်းမိုးထားပါစေ၊ ရှေးရိုးရော ခေတ်သစ်ပါ အယူသီးမှုတွေဟာ အံ့ဩစရာကောင်းလောက်အောင် ရေပန်းစားနေဆဲပါပဲ။
ဒီအယူသီးမှုတွေက ဘယ်ကနေ စခဲ့တာလဲ… ဘာကြောင့် အခုထိ ရှိနေသေးတာလဲ...
ဒီစာအုပ်မှာတော့ ရှေးဟောင်းခေတ်ကနေ ယခုခေတ်အထိအယူသီးမှုရဲ့ သဘာဝနဲ့ အံ့ဩစရာကောင်းတဲ့ သမိုင်းကြောင်းကို လေ့လာထားပါတယ်။
ယနေ့ခေတ်မှာ ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ နည်းပညာတွေ တိုးတက်ပြီး အသိအမြင်တွေ မြင့်မားလာတယ်ပြောပြော အယူသီးတဲ့ အယူအဆတွေနဲ့ အပြုအမူတွေဟာ နေရာအနှံ့ ရှိနေဆဲဖြစ်ပြီး ပညာတတ်တွေတောင် ဒီဒဏ်ကနေ မလွတ်ကင်းကြပါဘူး။
ဒီစာအုပ်မှာ ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ အယူသီးမှုအမျိုးမျိုးနဲ့ ဒါတွေ ဆက်ရှိနေရတဲ့ စိတ်ပညာဆိုင်ရာ အကြောင်းရင်းတွေကို စိတ်ဝင်စားစရာကောင်းအောင် တင်ပြထားသလို ကျွန်တော်တို့ရဲ့ အချိတ်အဆက် ပိုများလာတဲ့ ကမ္ဘာကြီးမှာ အယူသီးမှုရဲ့ ရှေ့ဆက်မဲ့ လမ်းကြောင်းကိုလဲ သုံးသပ်ပြထားပါတယ်။
📙အယူသီးခြင်း
✍မြတ်သုတ-ဘာသာပြန်
တန်ဖိုး-11500
စာ-164
