Book4U.MM
رفتن به کانال در Telegram
5 387
مشترکین
-124 ساعت
-217 روز
-10230 روز
آرشیو پست ها
5 386
လူတွေဟာ ဘာမှ မလုပ်ဘဲ ထိုင်နေရမှာကို ကြောက်ကြသလို၊ တစ်ချိန်တည်းမှာပဲ တကယ်အဓိပ္ပာယ်ရှိတဲ့ အလုပ်ကြီးတစ်ခုကို ရင်ဆိုင်ရမှာကိုလဲ အလွန်အမင်း ကြောက်ရွံ့ကြတယ်။ အဲဒီအခါမှာ အသုံးအဝင်ဆုံး လက်နက်ကတော့ "အမြဲ အလုပ်ရှုပ်နေခြင်း" (Busyness) ပါပဲ။
လူတစ်ယောက်က မလိုအပ်တဲ့ အသေးအမွှားကိစ္စတွေကြားထဲမှာ နစ်မြုပ်နေပြီး အချိန်တွေ ကုန်ဆုံးသွားတာကို "ငါတော့ အလုပ်တွေ အများကြီး လုပ်နေရတယ်" လို့ ကိုယ့်ကိုယ်ကိုယ် သက်သေပြနေကြပါတယ်။ တကယ်တမ်းမှာတော့ အဲဒါဟာ ရှေ့မတိုးဘဲ တစ်နေရာတည်းမှာ လည်နေတဲ့ အချိန်ဖြုန်းနည်းတစ်မျိုးပါပဲ။
အဲဒါကြောင့် ကိုယ်က တကယ်တမ်း ရှေ့ဆက်တိုးတက်နေတာလား၊ ဒါမှမဟုတ် အလုပ်ရှုပ်နေတာလားဆိုတဲ့ မျက်နှာဖုံးစွပ်ပြီး အချိန်တွေ ဖြုန်းနေတာလားဆိုတာကို ရိုးသားစွာ ပြန်လည် ဆန်းစစ်သင့်ပါတယ်။
ပျင်းရိခြင်းကို ပျင်းရိမှန်းသိပြီး ဉာဏ်ပညာရှိရှိနဲ့ ကိုယ့်ရဲ့ ကိုယ်စွမ်းကိုယ်စကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် လူတစ်ယောက်က မလွဲဧကန် အောင်မြင်တိုးတက် ကြီးပွားချမ်းသာလာမယ်" ဆိုတဲ့ အတွေးအခေါ်ကောင်းများကို ဒီစာအုပ်မှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
📕ပျင်းတာမှန်ရင်မင်းချမ်းသာပြီ
✍မင်းခိုင်ခန့်
တန်ဖိုး-8000
5 386
လက်ကျန်(၂)ရပါမယ်။
Java Advance ကိုလေ့လာရင်တော့ Java Programming Language concepts ကို နားလည်သဘောပေါက် စေရုံသာမကပဲ Java ရဲ့ advance topics တွေကိုပါ တတ်ကျွမ်းအသုံးချတတ်သွားမှာ ဖြစ်ပါတယ်။ ပိုပြီး ရှင်းအောင်ပြောရရင် core java ကို နိုင်နင်းသွားရင် desktop application တွေကိုဖန်တီး ရေးသားနိုင်မှာဖြစ်ပြီး၊ Advance Java ကို နိုင်နင်းသွားရင်တော့ enterprise applications တွေကိုဖန်တီးရေးသားနိုင်မှာ ဖြစ်ပါတယ်။ ပြောချင်တာကတော့ Java Language ကို လေ့လာသူတယောက်ဟာ နည်းစနစ်မှန်မှန်နဲ့ တတ်မြောက်ထားချင်တယ်ဆိုရင်တော့ Basic C ဒါမှမဟုတ် Fundamental Java Programming Language ကို စတင်လေ့လာပါ။ ပြီးရင် core Java ပိုင်းကို ကြေညက်အောင်လေ့လာပါ။ နောက်တော့ မှ နောက်ခြေလှမ်းတစ်ရပ်အနေနဲ့ Advance Java ကိုလေ့လာပါ။ ဒါမှသာ စနစ်တကျ တတ်ကျွမ်းမှာ ဖြစ်ပါတယ်။ ယခုစာအုပ်မှာ Java ရဲ့ core ပိုင်းတွေကို သီးသန့်ဖော်ပြပေးမှာ ဖြစ်တဲ့ အတွက် Javaရဲ့ fundamental အပိုင်းတွေဖြစ်တဲ့ syntax တွေ ၊ variable တွေ ၊ function တွေ၊ Control structures တွေ၊ နာမည်ပေးစနစ်တွေဖြစ်တဲ့ Naming system တွေ ၊ စတာတွေကို ပြန်ရှင်းပြပေး နေမှာ မဟုတ်ပါဘူး။
📘JAVA Advanced guide
20000
5 386
📢 စာအုပ်လေးထွက်ပါပြီ....မှာယူလို့ရပြီနော်..✨✨
📒 သံသယစိတ်ကို အနိုင်ယူလိုက်ပါ..
✍-ထက်ထက်တင်ဇာ(မြန်မာပြန်)
တန်ဖိုး-17500 ကျပ်
စာမျက်နှာ-211
ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ ရည်မှန်းချက်တွေကို အမြဲတမ်းနှောင့်ယှက်ဖျက်ဆီးပြီး နောက်ဆုံး ကြိုးစားချင်စိတ်ကိုပါ ဖျက်ဆီးပစ်တတ်တဲ့ အပြစ်တင်သံတွေကြောင့် ရုန်းကန်နေရပါသလား။ သင်တစ်ယောက်တည်း ဒီလိုဖြစ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး နှောင့်ယှက်ဖျက်ဆီးတတ်တဲ့ အဖျက်စိတ်၊ တစ်နည်း အဖျက်သမား တစ်ယောက်စီ ရှိနေကြတာပါ။
အခြေအနေကို ကိုယ်တိုင်ပြန်ထိန်းချုပ်ပြီး စိတ်ထဲက အဆုံးအဖြတ်ပေးသူနဲ့ ကိုယ့်ကြားထဲက စကားပြောဆိုမှုပုံစံကို ပြောင်းလဲပစ်လို့ရပါတယ်။ အဲဒီလိုပြောင်းလဲလိုက်တဲ့အခါ အံ့ဩစရာကောင်းတာတွေကို ခံစားရပါလိမ့်မယ်။ စိတ်ထဲမှာ အမြဲရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်စိတ်တွေ စတင်လျော့ပါးလာမယ်။ ကိုယ့်ကိုယ်ကိုယ် မပြည့်စုံဘူးလို့ ခံစားရတာတွေနဲ့ ကျရှုံးမှာကို ကြောက်တဲ့စိတ်တွေဟာလည်း တဖြည်းဖြည်းအငွေ့ပျံ ပျောက်ကွယ်သွားပါလိမ့်မယ်။
5 386
📓လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲလိုက်ပါ
၁။ဘူကောင်တွေကို ရှောင်ပါ။
၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။
၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။
၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။
၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။
၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။
၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။
၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။
၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်ပါနဲ့။
၁ဝ။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာ
ရှိတာ ဆက်လုပ်ပါ။
၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။
၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံးမှာ မကြောက်နဲ့။
ဒူပေနာပေခံပါ။
------------------------------
စာရေးသူ–DR.PHYO PAING
တန်ဖိုး–24000
စာမျက်နှာ–226
5 386
N5 မှ N3 အထိ
KANJI တွဲလုံးမြန်မာပြန်များ Radical တူရာစု KANJIများ နှင့်
ဆင်တူယိုးမှား KANJI များ
~~~~~~~~~~~
✍Yamin
Japanese Language Center
တန်ဖိုး-၁၃၀၀၀
စာမျက်နှာ-၁၃၆
5 386
အခုစာအုပ်ကြီးမှာ
ဆရာ့ရဲ့ ပထမဆုံး ပုံနှိပ်ဝတ္ထုတိုကနေ
ဆရာကွယ်လွန်ချိန်ထိရေးသားသွားတဲ့
ဝတ္ထုတို ၁၀၁ ပုဒ်ကို
စုစည်းထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။
📗ဝတ္ထုတိုပေါင်းချုပ်
✍️စာရေးသူ-မင်းလူ
တန်ဖိုး-35000
စာမျက်နှာ - 550
စက္ကူဖြူချော (စာအုပ်ဆိုဒ်ကြီး)
5 386
ဒီစာအုပ်ထဲမှာဘာအကြောင်းအရာတွေရေးထားတာလဲဆိုရင် Electronic Device များဖြစ်တဲ့
- Diode
- Zener
- BJT
- FET
- MOSFET
- Diac,Triac
- Op-amp
- Voltage Regulator
- Meter တိုင်းတာနည်းများ
စတဲ့အကြောင်းအရာများကို အသေးစိတ် နားလည်လွယ်အောင် Circuit Diagram များနှင့်တကွ ရှင်းပြထားပါတယ်။
📓အခြေခံ အီလက်ထရောနစ် လမ်းညွန်
========================
✍️စာရေးသူ–ရိုးမြေကျ
တန်ဖိုး–43000
စာမျက်နှာ–424
#အီလက်ထရောနစ်
------------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 386
+4
ဆရာ သော်တာမင်း ၏ ထွက်ရှိထားသည့် စာအုပ် (၅) မျိုးလုံးကို (Book4U) တွင်...မှာယူရရှိနိုင်ပါပြီ။
------------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 386
- ကဏန်းနှင့် ရေနေ အခွံမာသတ္တဝါများမှ ထုတ်ယူရရှိသော အဆစ်ရောင်ရောဂါကုဆေး
- ဂျင်ဆင်း အလွဲသုံးလက္ခဏာစု
-သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး
-အဝလွန်သူအတွက် ပိန်ဆေး
-သူတို့ပြောသည့် အပူထုတ်ဆေး ဟူသည်မှာ .
စသည်ဖြင့် ဆေးဝါးနှင့်ပတ်သက်သော သိမှတ်ဖွယ်၊ ဗဟုသုတဖြစ်ဖွယ် အချက်အလက် စုံလင်စွာဖြင့်...📚📚📚
ခေတ်ပေါ် ဆေးဝါးလမ်းညွန်
========================
စာရေးသူ–ဒေါက်တာဇေယျ
တန်ဖိုး–25000
စာမျက်နှာ–639
------------------------------------
📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက်
Book4U ဆိုင်လိပ်စာ
အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
ဆက်သွယ်ဖုန်းနံပါတ်
09798103010
09794964825
မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 386
+4
ဆရာရွှေလင်း(သုတေသီ)ရေးသားထားသောစာအုပ်များBook4Uစာအုပ်ဆိုင်တွင်မှာယူရရှိနိုင်ပါတယ်။
✴️သုတေသနအဆိုပြုလွှာ ရေးသားနည်းလမ်းညွှန်
တန်ဖိုး-3️⃣5️⃣0️⃣0️⃣0️⃣
✴️မေးခွန်းများကို ခိုင်မာအောင် အဆင့်ဆင့်
စစ်ဆေးတည်ဆောက်နည်း
တန်ဖိုး-3️⃣5️⃣0️⃣0️⃣0️⃣
✴️သက်သေအခြေပြုသုတေသန
ဘာသာရေးသုတေသီလပ်စွဲ အပိုင်း(၁)
တန်ဖိုး-3️⃣5️⃣0️⃣0️⃣0️⃣
✴️သုတေသနစာတမ်းများအတွက်
စာပေများကို ဘယိလိုဝေဖန်သုံးသပ်ကြမလဲ
တန်ဖိုး-3️⃣5️⃣0️⃣0️⃣0️⃣
✴️နမူနာတွက်ချက်နည်းလမ်းညွှန်
တန်ဖိုး-2️⃣5️⃣0️⃣0️⃣0️⃣
#Myanmar
#MyanmarBook
#စာအုပ်
#စာအုပ်စာပေ
#ဆရာရွှေလင်း(သုတေသီ)
#Research books
☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။
ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
5 386
Pre-order Now!
မိဘတစ်ယောက်ဖြစ်ရတာ တကယ်မလွယ်ကူလှသလို
ကိုယ့်ကလေးမှာ ထူးခြားတဲ့ ဖွံ့ဖြိုးမှုပုံစံလေးတွေ ရှိနေတဲ့အခါ စိုးရိမ်ပူပန်စိတ်တွေနဲ့ ဘာလုပ်ရမှန်းမသိ
ယောင်ချာချာ ဖြစ်ရတာမျိုးကို
မိဘတိုင်း ကြုံဖူးကြပါလိမ့်မယ်။
ဒီစာအုပ်ဟာ ဆရာဝန်တစ်ယောက်က ဆေးပညာရပ်ဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ခြောက်ကပ်ကပ် ရေးထားတာမျိုး
မဟုတ်ဘဲ ကလေးတစ်ဦးချင်းစီရဲ့ အခက်အခဲကို
မိဘတစ်ယောက်လို စာနာနားလည်ပေးပြီး တစ်ဖက်ကလဲသိပ္ပံနည်းကျ လက်တွေ့ကျကျ အဖြေရှာပေးထားတဲ့
သွေးချင်းနီးစပ်တဲ့ လမ်းညွှန်ချက်တွေဖြစ်လို့
ဖတ်ရတာ အလွန်ပေါ့ပါးပြီး
ထိရောက်မှုရှိလှပါတယ်။
Autism ရှိတဲ့ကလေးတစ်ယောက်အနေနဲ့လဲ
ဘဝမှာ ရပ်တည်ဖို့အတွက် သူ့အတိုင်းအတာနဲ့သူ
ညှိယူရှင်သန်ဖို့တော့ လိုအပ်နေဦးမှာပါပဲ။
ကိုယ့်ကလေးမှာ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ လိုအပ်ချက်လေးတွေ
ရှိနေသလို ခံစားရလို့ပဲဖြစ်ဖြစ်၊
ကလေးငယ်တွေကို စနစ်တကျ
ပြုစုပျိုးထောင်ပေးချင်လို့ပဲဖြစ်ဖြစ် မိဘတိုင်း
ဆရာတိုင်း ဆောင်ထားသင့်တဲ့
"လက်တွေ့သုံး မိဘလက်စွဲ"စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
✍️အောင်မျိုးထက်(ဦးနှောက်စိတ်ပိုင်းအထူးကုဆရာဝန်)
စာအုပ်အမည်-AUTISM ပျိုးထောင်နည်း
(မိဘလက်စွဲ)
တန်ဖိုး-11000
စာ-144
5 386
Electrical/ Elecgtronics/ Mechatronics majors များအပြင် Electrical Control သမားတိုင်း ဆောင်ထား၊ လေ့လာ ထားသင့်တဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ လက်တွေ့လုပ်ငန်း ကျွမ်းကျင်ဖို့အပြင်၊ Fundamentals တွေ၊ Theory တွေလည်း တပါတည်းလေ့လာနိုင်အောင် တင်ပြပေးထား ပါတယ်။
Control Systems ဆိုတာ၊ Fundamentals တွေကလွဲပြီး၊ ပုံသေနည်းနဲ့ တည်ဆောက်ကြတာ မဟုတ်လို့ Circuits ပုံစံမတူပေမယ့် Outputs တူ၊ Functions တူတဲ့ Control circuits အမျိုးမျိုးရှိနိုင်၊ တည်ဆောက်နိုင်ပုံကို ချည်းကပ် တင်ပြပေးထားပါတယ်။
ဒါကြောင့် Control Fundamentals တွေပိုင်နိုင် အောင် လေ့ကျင့်ဖို့ကို အခန်း (၂) နဲ့ အခန်း (၆) မှာ သေသေချာချာလေး ပြထားပါတယ်။
Residential, Commercial, Industrial buildings အမျိုးအစားတိုင်းမှာ ကြုံတွေ့ရနိုင်တဲ့၊ Control Systems များကိုလည်း၊ အခန်း ၇၊ ၈၊ ၉ သုံးခန်း ခွဲပြီးတင်ပြထားပါတယ်။ Control Systems Drawings များ ပြင်ဆင် ရေးဆွဲပုံများကိုလည်း၊ အခန်း ၁၀ မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ စနစ်များကို Inspection & Testing ဆောင်ရွက်ဖို့ အတွက်တော့ အခန်း ၁၁ မှာ ဖော်ပြထားပါတယ်။
အကြောင်းအရာ စုံအောင် အခန်း ၁၂-ခန်းထိ ခွဲပြီးတင်ပြထားပါတယ်။
တန်ဖိုး-89000 ကျပ်
5 386
+6
စာရေးဆရာချစ်ဦးမောင်(မြန်မာပြန်)စာအုပ်များ...
ဆက်သွယ်ရန်
☎ - 09798103010;
097949 64825
🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက်
📘Book4U ဆိုင်လိပ်စာ
📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်
⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ)
တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။
5 386
လုပ်ငန်းခွင်အတွင်း အောင်မြင်မှုဆိုတာဟာ တစ်ညတည်းနှင့် တည်ဆောက်ယူ၍ရသော အရာမဟုတ်ပါ။ အဲဒီ လုပ်ငန်းခွင် အတွင်း အောင်မြင်မှုဆိုတာကို သေးငယ်သော ဆုံးဖြတ်ချက်များ၊ နေ့စဉ် အလေ့အကျင့်တွေနဲ့ မိမိကိုယ်ကိုယ် အစဉ်တစိုက် မြှင့်တင်လိုသော စိတ်ဆန္ဒတို့ရဲ့ ရလဒ်ပင် ဖြစ်ပါတယ်။
ဒီစာအုပ်က အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေး နိုင်ရန်အတွက် ရည်ရွယ်ပြီး ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။
မိမိအလုပ်ကို လုပ်ရုံမျှထက်ကျော်လွန်ပြီး အဓိပ္ပာယ် ရှိသော၊ ရေရှည် တည်တံ့သော Career အောင်မြင်မှုကို တည်ဆောက်လိုတဲ့ ဝန်ထမ်းတွေ၊ လူငယ်ပညာရှင်တွေနှင့် အနာဂတ် ခေါင်းဆောင်တွေအတွက် ဒီစာအုပ်ကို ရည်ရွယ်ပါ တယ်။
ဒီစာအုပ်က သင့်အား မိမိရဲ့လက်ရှိ Career ခရီးလမ်း ကို ပြန်လည် သုံးသပ်ရန်၊ Professional ဆန်တဲ့ အလေ့အကျင့် တွေကို ခိုင်မာအောင် တည်ဆောက်နိုင်ရန်နှင့် မိမိရဲ့အနာဂတ် ကို ကိုယ်တိုင်တာဝန်ယူ ထုဆစ်နိုင်ရန်အတွက် ခွန်အားဖြစ်စေ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သင့်ရဲ့ Career ဆိုတာဟာ သင့် ဘဝရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲကမှ တစ်ခုဖြစ်ပါ တယ်။ ဒီအတွက်ကြောင့် အဲ့ဒီ Career ကို ခိုင်မာတဲ့ ရည်မှန်းချက် နဲ့ စတင်တည်ဆောက်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
တန်ဖိုး-၁၂၀၀၀
စာမျက်နှာ-၁၅၁
5 386
ဒီစာအုပ်မှ သင်ဘာတွေ သင်ယူရမလဲ....
အပိုင်းတစ်ပိုင်းချင်းစီက ကိုယ့်ရဲ့ စည်းမျဉ်းကန့်သတ်ချက် (Boundaries) တွေကို ဘယ်လိုသတ်မှတ်ရမလဲ၊ ယုံကြည်မှုရှိရှိနဲ့ ယဉ်ကျေးသိမ်မွေ့စွာ "မလုပ်နိုင်ပါဘူး" လို့ ဘယ်လိုပြောရမလဲ ဆိုတဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုစီ ပါပါတယ်။ ကျွန်တော့်အမြင်အရတော့ အပိုင်းတိုင်းဟာ အရေးကြီးပါတယ်။
The Art of Saying NO စာအုပ်ကို အပိုင်း (၄) ပိုင်းဖြင့် ဖွဲ့စည်းထား ကို ရှင်းပြထားပါတယ်။ ဒါ့အပြင်... အပိုင်းတစ်ပိုင်းချင်းစီဟာ ရှေ့အပိုင်းပေါ် မှာ အခြေခံပြီး ဆက်လက်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အပိုင်းအသစ် တိုင်းက ရှေ့မှာချထားတဲ့ အခြေခံအုတ်မြစ်ကို ပိုပြီးခိုင်မာစေပြီး၊ ပိုမိုပြည့်စုံ စေပါတယ်။
📓ငြင်းဆိုခြင်းအနုပညာ
~~~~~~~~~~~~
✍️စာရေးသူ-LEO CROSS
တန်ဖိုး-17500
စာမျက်နှာ-128
5 386
လူသားတွေဟာ
စိတ်ဖိစီးမှုတွေ...
မကျေနပ်မှုတွေ...
ရင်ဖွင့်စရာတွေ ကြုံရတဲ့အခါ တစ်ပါးသူကို အကူအညီတောင်းပြီး တိုင်ပင်ဆွေးနွေးရပါတယ်။ ဘဝထဲမှာ... လုပ်ငန်းခွင်မှာ
စိတ်ဖိစီးမှုတွေ(Stress)တွေ ရင်ဆိုင်ရတဲ့အခါ
အဲဒါတွေအတွက်
ဖြေရှင်းရမယ့်နည်းလမ်းတွေ ရှိပါတယ်။
📒ဖွင့်ထားတဲ့တံခါးချပ်များ
(နှစ်သိမ့်ဆွေးနွေး လမ်းညွှန်ပေးခြင်း)
~~~~~~~~~~~~~~
✍️စာရေးသူ-မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)
တန်ဖိုး-၁၃၅၀၀
စာမျက်နှာ-၁၁၉
5 386
ဘယ်သူမဆို ကြွယ်ဝချမ်းသာဖို့ ဆန္ဒပြုနိုင်သလို လူတော်တော်များများကလည်း ဆန္ဒပြုကြပါတယ်။ ဒါပေမယ့် တိကျတဲ့ အစီအမံနဲ့ ချမ်းသာချင်စိတ် လောင်ကျွမ်းနေခြင်းကသာလျှင် စည်းစိမ်ဥစ္စာကို ဆည်းပူးရယူနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်ဆိုတာကို အနည်းငယ်သော လူတစ်ချို့သာ သိရှိပါတယ်။
(နပိုလီယံဟေးလ်)
📓အောင်မြင်ခြင်းအစစ်
ကြွယ်ဝခြင်းဆီ ပို့ပေးမယ်လမ်းကို ရှာဖွေခြင်း
✍စောဒေးဗစ်
တန်ဖိုး-၁၂၀၀၀
စာမျက်နှာ-၁၄၂
5 386
✍မောရိသျှ(ဘာသာပြန်)စာအုပ်များBook4Uစာအုပ်ဆိုင်တွင်မှာယူရရှိနိုင်ပါတယ်။
📖မျက်ကွယ်ပြုလို့မရလောက်အောင်ထူးချွန်ပြလိုက်ပါ
တန်ဖိုး-၁၉၀၀၀
📖ဘဝဥပဒေ-၅၀
တန်ဖိုး-၂၂၀၀၀
📖ပျားတမာ
တန်ဖိုး-၂၀၀၀၀
📖လူ့သဘောလူ့မနော
တန်ဖိုး-၁၆၀၀၀
📖ဧကရာဇ်မင်း၏အတွေးမှတ်စု
တန်ဖိုး-၁၁၀၀၀
📖တည့်တည့်တွေး
တန်ဖိုး-၆၀၀၀
📖ဂန္တဝင်ဦးသျှောင်
မင်းသားလုပ်ထုံးကျမ်း
တန်ဖိုး-၈၀၀၀
📖အာဏာစက်
တန်ဖိုး-၁၆၀၀၀
📖ကိုးကွယ်မှုမပါတဲ့ ဗုဒ္ဓဓမ္မ
တန်ဖိုး-၉၀၀၀
📖မာယာပညာ
တန်ဖိုး-၁၄၀၀၀
📖ငြိမ်သက်ခြင်း
တန်ဖိုး-၁၃၀၀၀
📖ဆွန်ဇူး၏စစ်ပညာ
တန်ဖိုး-၇၀၀၀
5 386
+4
🛑"Next Level" စာစဉ် ---- Volume 1-5
ကဒ်ထူဘူးပါ ငါးအုပ်တစ်စုံ-25000 ကျပ်
စာအုပ်တစ်အုပ်ချင်းစီရဲ့
ပါဝင်အကြောင်းအရာများမှာ
📖 စာအုပ် (၁) ကမ္ဘာကျော်ဘောလုံးသမားများ
{ အားကစားနှင့် လှုပ်ရှားမှု}
📖 စာအုပ် (၂) ကမ္ဘာကျော်ဆေးပညာရှင်နှင့်
ဆရာဝန်များ
{ကျန်းမာရေး (Medicine & Healthcare)}
📖 စာအုပ် (၃) ကမ္ဘာကျော်စာရေးဆရာများ
{ ပညာပဒေသာနှင့် ဗဟုသုတ
(Library of Knowledge)}
📖 စာအုပ် (၄) ကမ္ဘာကျော်စွန့်ဦးတီထွင်သူများ
{တီထွင်ဖန်တီးမှုနှင့် အိုင်ဒီယာ
(Innovation & Ideas)
📖 စာအုပ် (၅) ကမ္ဘာကျော်နည်းပညာရှင်ဆယ်ဦး
{နည်းပညာနှင့် အနာဂတ်
(Technology & Future)}
ကဒ်ထူဘူးလေးဖြင့် တမူထူးခြားစွာ ထုတ်ဝေ
လိုက်ပါပြီ။
တစ်ဘူးမှာ ငါးအုပ်ပါဝင်ပါတယ်
ငါးအုပ်တန်ဖိုး-၂၅၀၀၀ ကျပ်
5 386
📖ဤစာအုပ်သည် IELTS Listening Module (Academic) နှင့် ပတ်သက်ပြီး လေ့လာသင် ယူရာတွင် လွယ်ကူထိရောက်လျင်မြန်စွာ နားလည်တတ်မြောက်စေရန် ရည်ရွယ်ပြီး ထုတ်ဝေထားခြင်းဖြစ်ပါသည်။
▪️IELTS Listening သည် ကြိုတင်သွင်းထားသော အသံကိုနားထောင်ပြီး မေးခွန်းတွင် မေးထားသည့် အချက်များကို ဖြေရသည့်ပုံစံဖြစ်သည်။ အသံဖိုင်ကို တစ်ကြိမ်သာဖွင့်ပြထားသည်။
▪️IELTS Listening တွင် မေးခွန်းပုံစံ (၁၄)မျိုးခန့်ရှိသည်။ ဤစာအုပ်တွင် ၎င်း (၁၄)မျိုးကို ကျွမ်းကျင်စွာ ဖြေဆိုနိုင်အောင် “လေ့ကျင့်ရန်နှင့်လေ့ကျင့်ခန်း များဖြင့် လေ့လာသင်ယူရမှာဖြစ်ပါတယ်။
▪️IELTS တွင် အဓိကကျသည့် နည်းစနစ်ဖြစ်တဲ့ စာကြောင်းများ Paraphrase ပြုလုပ်နည်းကို သိရှိနိုင်ရန်အနှံ့ ဖော်ပြချင်ပါတယ်။ Paraphrase ပြုလုပ်တယ်ဆိုတာက ဝါကျတစ်ကြောင်းကို အဓိပ္ပါယ်မပြောင်းလဲပဲ မတူညီသော စကာ ဝါကျတည်ဆောက်ပုံဖြင့် နောက်ထပ်ပုံစံတစ်မျိုးပြောင်း၍ပြန်လည်ရေးသားခြင်းဖြစ်ပါတယ်။
📖IELTS LISTENING MODULE
✍Simon PK
တန်ဖိုး-၇၀၀၀
စာ-၁၃၃
