ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 554 подписчиков, занимая 16 071 место в категории Новости и СМИ и 10 062 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 554 подписчиков.

Согласно последним данным от 16 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -270, а за последние 24 часа — -12, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.40%. В первые 24 часа после публикации контент обычно набирает 9.94% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 929 просмотров. В течение первых суток публикация набирает 1 248 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 17.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 17 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 554
Подписчики
-1224 часа
-597 дней
-27030 день
Архив постов
ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ပေါ်သို့ အစ္စကန်ဒါ-အမ် (Iskander-M) ပဲ့ထိန်းဒုံးကျည်များ ၄ ကြိမ် ဆက်တိုက် ကျရောက်ပေါက်ကွဲသည့် မှတ်တမ်းရုပ်သံ။ ဇွန်လ ၂ ရက်နေ့ နံနက်အစောပိုင်း၌ ယူကရိန်းမြို့တော်ကို ပစ်မှတ်ထား၍ ပစ်ခတ်ခဲ့သည့် ဒုံးကျည်အရေအတွက်မှာ ၂၀ ကျော် ရှိခဲ့သည်။ NOM

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူးဒေလီမြို့ Palam လေတပ်စခန်းမှ မွမ်ဘိုင
+3
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နယူးဒေလီမြို့ Palam လေတပ်စခန်းမှ မွမ်ဘိုင်းမြို့သို့ ရောက်ရှိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နယူးဒေလီမြို့ Palam လေတပ်စခန်းမှ မွမ်ဘိုင်းမြို့သို့ ရောက်ရှိခဲ့သည်။ နယူးဒေလီမြို့ Palam လေတပ်စခန်းမှ မွမ်ဘိုင်းမြို့ရှိ Chhatrapati Shivaji Maharaj International Airport သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကော်လ်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ် အဆင့်မြင့်ကိုယ်စားလှယ် ဦးဆောင်သည့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ခေတ်မီကောက်ပဲသီးနှံသိုလှောင်ရုံအမှတ်(၁) လုပ်ငန်းစတင်လည်ပတ် NOM ဇွန် ၁၊ ၂၀၂၆ ပြည်ပတင်ပို့ရန်အသင့်ဖြစ်သည့် ပဲမျိုးစုံ၊ ပြောင်းန
ခေတ်မီကောက်ပဲသီးနှံသိုလှောင်ရုံအမှတ်(၁) လုပ်ငန်းစတင်လည်ပတ် NOM ဇွန် ၁၊ ၂၀၂၆ ပြည်ပတင်ပို့ရန်အသင့်ဖြစ်သည့် ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း စသော ကောက်ပဲသီးနှံများကို အရည်အသွေးမကျအောင် စနစ် တကျ သိုလှောင်ထားနိုင်မည့် ခေတ်မီသိုလှောင်ရုံအမှတ် (၁)ကို မေ ၃၁ ရက်မှစ၍ လုပ်ငန်းစတင်လည်ပတ်နေပြီ ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ကြီးကြပ်မှုနှင့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုး တက်ရေးအများပိုင်ကုမ္ပဏီ (MAGDPL)ထံမှသိရသည်။ အဆိုပါသိုလှောင်ရုံအမှတ် (၁) ကို သန်လျင်-ကျောက်တန်းမြို့နယ်၊ သီလဝါဆိပ်ကမ်းဒေသ၊ အကွက် (၂၉) တွင်တည်ဆောက်ထားသည်။ သိုလှောင်ရုံအမှတ် (၁) လုပ်ငန်းစတင်သည့်အခမ်းအနားကို မေ ၃၁ ရက် နံနက်ပိုင်းက ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အစိုးရအဖွဲ့ တာဝန်ရှိသူများတက်ရောက်ဖွင့် လှစ်ပေးခဲ့ကြသည်။ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေးအများပိုင် ကုမ္ပဏီလီမိတက်သည် ခေတ်မီ ကောက်ပဲသီးနှံသိုလှောင်ရုံအမှတ်(၁)ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့်နှစ်ရှည်ငှားရမ်းခွင့် ရရှိထားဖြစ်ပြီး ခေတ်မီသိုလှောင်ရုံ ၃ ရုံကိုလည်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၅၀ ကို ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်း တန်ချိန် ၃ သန်းဝန်းကျင် နှစ်စဉ် တင်ပို့နေ‌ ကြောင်းသိရသည်။ NOM

၇။ ဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်း၌ အပြန်အလှန် အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံ စည်ပင်ထွန်းကားလာစေမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး တို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း နှစ်ဖက်လုံးက တူညီသော သဘောထားရှိကြသည်။ ၈။ ၂၀၂၆ ခုနှစ်မှစတင်၍ မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆု များကို လက်ရှိပေးအပ်လျက်ရှိသော ပညာသင်ဆု (၃၆) ခုမှ ပညာသင်ဆု (၁၀၀) အထိ တိုးမြှင့် ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က အသိပေးပြောကြားခဲ့သည်။ ၉။ ရူပီး-ကျပ် ငွေပေးချေမှုစနစ် အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမို လွယ်ကူချောမွေ့စေရန် နှင့် တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက် သဘောတူညီခဲ့ကြပြီး အဆိုပါစနစ်အား ၂၀၂၄ ခုနှစ် မေလ တွင် စတင် အသုံးပြုချိန်မှစ၍ ငွေလွှဲပြောင်းမှုပမာဏ တစိုက်မတ်မတ် တိုးတက်လာခဲ့ခြင်းအပေါ် ကျေနပ်အားရကြောင်း ဖော်ပြခဲ့ကြသည်။ မိမိတို့နိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်၊ သတ္တုတွင်းကဏ္ဍများကဲ့သို့ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် နယ်ပယ်များတွင် ပိုမိုနီးကပ်သော ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံကြောင်း နှစ်ဖက်လုံးက ဖော်ပြခဲ့ကြသည်။ ၁၀။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှု အပေါ် အိန္ဒိယနိုင်ငံအနေဖြင့် ထောက်ခံကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။ မိမိတို့၏ အချုပ်အခြာအာဏာပိုင်နယ်မြေကို တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေမည့် မလျော်ကန်သော ဆောင်ရွက်မှုများကို တားဆီးကာကွယ်သွားရန် အရေးကြီးကြောင်း နှစ်ဖက် လုံးက အလေးထား ပြောကြားခဲ့ကြသည်။ မြန်မာနိုင်ငံ၏ နယ်မြေအား အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေရန် အသုံးပြုခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ထပ်လောင်း ပြောကြား ခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ခိုင်မာပြီး ယုံကြည်စိတ်ချရသော မိတ်ဖက် နိုင်ငံတစ်ခုအဖြစ် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်း စေရန် ဆောင်ရွက်သွားရန် ကတိကဝတ် ဆက်လက်ထားရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြု ပြောကြားခဲ့သည်။ ၁၁။ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံ ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား အပြန်အလှန် လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အခြေခံ၍ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အပြုသဘောဆောင် သည့် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့သည်။ ၁၂။ နိုင်ငံတော်သမ္မတက ၂-၆-၂၀၂၆ ရက်နှင့် ၃-၆-၂၀၂၆ ရက်တို့တွင် မဟာရက်ရှ်ထရာ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ မွမ်ဘိုင်းမြို့ခရီးစဉ် အတွင်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်မည့် အစီအစဉ်သည် ရှိရင်းစွဲ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးအရ ချိတ်ဆက်ဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ၁၃။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အကြား ရေရှည်တည်တံ့ခိုင်မြဲ၍ ချစ်ကြည်ရေးနှင့် နီးကပ်သော မိတ်ဖက်အဖြစ် ရပ်တည်မှုကို လည်းကောင်း၊ နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို အားကောင်းလာစေရန် ဘုံတူညီသော ကတိကဝတ်များထားရှိမှုကိုလည်းကောင်း ထပ်လောင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အဆင့်တိုင်းတွင် နီးကပ်စွာ ဆက်လက်ထိတွေ့ဆောင်ရွက်သွားရန် နှစ်ဖက်လုံးက သဘောတူညီခဲ့ကြသည်။ ၁၄။ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နွေးထွေး ပျူငှာစွာ ဧည့်ဝတ်ကျေပွန်သည့်အပေါ် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီအား အထူးပင် ကျေးဇူးတင် ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် အား နှစ်ဖက် အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့သည်။ နယူးဒေလီ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက် ( ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်) ၁။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။ ၂။ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌတို့ လိုက်ပါခဲ့ကြသည်။ ထို့ပြင် စိုက်ပျိုးရေး၊ ဆေးဝါး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် သယ်ယူထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းအပါအဝင် ကဏ္ဍစုံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းအဖွဲ့ဝင်များက မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ အဖြစ် လိုက်ပါခဲ့ကြသည်။ ၃။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် ၁-၆-၂၀၂၆ ရက်တွင် တွေ့ဆုံ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ပြန်လည် သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လမ်းစဉ်များကို ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။ ယင်းနေ့တွင်ပင် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါတီ မာမူနှင့် တွေ့ဆုံခဲ့သည်။ ယင်းမတိုင်မီ နိုင်ငံတော်သမ္မတအား အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာနှင့် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရှရီ အာဂျစ် ဒိုဗယ် တို့က သီးခြားစီ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။ ၄။ နိုင်ငံတော်သမ္မတသည် ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်၊ မဟာဗောဓိဓမ္မရိပ်သာ မြန်မာ ဘုန်းတော်ကြီးကျောင်းနှင့် သုဇာတာကျောင်းတော်သို့ ခရီးစဉ်အစဖြစ်သည့် ၃၀-၅-၂၀၂၆ ရက်တွင် သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့သည်။ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိလျက်ရှိသည့် ကိုးကွယ်ယုံကြည်မှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဆက်နွှယ်မှုများအပြင် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှုကို ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာများသို့ သွားရောက်ခဲ့သည့် ခရီးစဉ် များက ပိုမိုပေါ်လွင်ထင်ရှားစေခဲ့ပါသည်။ ၅။ နိုင်ငံတော်သမ္မတသည် ၃၁-၅-၂၀၂၆ ရက်တွင် နယူးဒေလီမြို့၌ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) နှင့် အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (CII) တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ-အိန္ဒိယ စီးပွားရေးဖိုရမ်သို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုခိုင်မာစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် နွိုင်ဒါဒေသရှိ စွမ်းအင် နည်းပညာ သုတေသနမဟာမိတ်အဖွဲ့ (NETRA) အဆောက်အအုံသို့ သွားရောက်၍ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော စွမ်းအင်တီထွင်ထုတ်လုပ်မှု၊ စွမ်းအင်လေလွင့်မှုမရှိစေဘဲ ထိရောက်စွာအသုံးချမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အား အချိုးကျ ပေါင်းစပ်အသုံးပြုမှုနှင့် လျှပ်စစ်ဓာတ်အားလိုင်းစနစ် ကြံ့ခိုင်မှုရှိစေရေးတို့အပါအဝင် အဆင့်မြင့်သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့သည်။ ၆။ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတနှင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်းဦးစားပေးမူဝါဒ” ၊ “အရှေ့နှင့် ထိတွေ့ဆက်ဆံရေးမူဝါဒ” နှင့် “ဒေသတွင်း ဘေးကင်း လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အပြန်အလှန် အမှီသဟဲပြုလျက်ရှိသော ဘက်စုံ လွှမ်းခြုံသည့် မူဝါဒ” များ ဆုံစည်းရာနေရာတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက် ဆွေးနွေးရာတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးအရ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုများ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် အရေးကြီးကြောင်း အလေး အနက် ပြောကြားခဲ့ကြသည်။ နှစ်ဖက်လုံးက ဆွေးနွေးလျက်ရှိသည့် နားလည်မှုစာချွန်လွှာများ၏ အခြေအနေကို မှတ်သားထားရှိကြောင်းနှင့် အဆိုပါ နားလည်မှုစာချွန်လွှာများ အမြန်ဆုံး လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဥရောပနိုင်ငံရေးသမားတွေလိမ်နေတယ် NOM ရုရှားနိုင်ငံအနေဖြင့် ဥရောပကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု ဥရောပနိုင်ငံရေးသမားများ၏ ပြောဆိုချက်များနှင့် ပတ်သက်၍ ပူတင်က"အခြေအမြစ်မရှိပဲလိမ်ညာပြောဆိုနေတဲ့ရှက်စရာကောင်းတဲ့စကား"ဟု တုံ့ပြန်ပြောကြားလိုက်သည်။

မော်လ်တာနိုင်ငံရှိမီးရှူးမီးပန်းစက်ရုံပြင်းထန်စွာပေါက်ကွဲမီးလောင်လျက်ရှိသည်။

ဒလ - တွံတေး YBS ယာဥ်လိုင်းအသစ်ပြေးဆွဲမည် NOM၊ဇွန်၁၊၂၀၂၆ ဇွန် ၁ ရက်(ယနေ့) မှ ဇွန် ၅ ရက်နေ့ထိ ဒလသင်္ဘောဆိပ်မှ တွံတေးရွှေဆံတော်ဘ
ဒလ - တွံတေး YBS ယာဥ်လိုင်းအသစ်ပြေးဆွဲမည် NOM၊ဇွန်၁၊၂၀၂၆ ဇွန် ၁ ရက်(ယနေ့) မှ ဇွန် ၅ ရက်နေ့ထိ ဒလသင်္ဘောဆိပ်မှ တွံတေးရွှေဆံတော်ဘုရားထိ YBS ယာဥ်လိုင်းအား ရှေ့ ပြေးစီမံချက်အဖြစ် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ် ကြောင်း YBPC ကုမ္ပဏီ၏ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ခရီးစဥ်တွင် ဒလသင်္ဘောဆိပ် - ဒလ-တွံတေးလမ်း - ဘုရားငုတ်တို - ကံဘဲ့ - တွံတေးကမ်းနားလမ်း - တွံတေးစျေး - ရွှေဆံတော်ဘုရား စုစုပေါင်းမှတ်တိုင် ၁၄ ခုဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ယာဥ်စီးခအနေဖြင့် ငွေ သား ၈၀၀ ကျပ် ၊ YPS ကတ် ၇၀၀ ကျပ်တို့သတ်မှတ်ထားကာ ရဟန်းသံဃာတော်များအား အခမဲ့စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းဆင်းချိန် မိုးကြိုးပစ်ခံရသဖြင့် ဆရာမနှင့် ကျောင်းသားအချို့ ဒဏ်ရာရ NOM၊ဇွန် ၁၊ ၂၀၂၆ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင်ဇွန် ၁ ရက် မွန်းလွဲပိုင်းက ကျောင်းဆင်းချိန်၌ ရုတ်တရက် မိုးကြိုးပစ်ချခဲ့ရာ ကျောင်းဆရာမနှင့်ကျောင်းသားတချို့ ဒဏ်ရာရခဲ့‌ ကြောင်းပရဟိတအသင်းမှသိရသည်။ ဖြစ်စဉ်မှာယနေ့မွန်းလွဲပိုင်းက စာသင်ကျောင်းဆင်းချိန်တွင်ကျောင်းရှေ့ရှိ သစ်ပင်ကို မိုးကြိုးပစ်ခဲ့ရာ သစ်ပင်အောက် ရောက်နေသည့် ဆရာမနှင့် ကျောင်းသားများ ထိခိုက်ခဲ့သည်။ အနှိုင်းမဲ့တိမ်ပန်းချီ ပရဟိတအသင်း တာဝန်ရှိသူတယောက်က “ဘယ်လိုဖြစ်သွားတာလဲဆိုတော့ ကျောင်းဆင်းတဲ့ အချိန်မှာ ကျောင်းရှေ့က ကုက္ကိုလ်ပင်ကို ပစ်တာလို့ ပြောတယ်။ ကုက္ကိုလ်ပင်ကို ပစ်တော့ အဲဒီအပင်အောက်မှာ ဆရာမတယောက်နဲ့ ကလေး ၂ ယောက်က ရှိနေတာ။ အဲဒီကိုပစ်တော့ ဆရာမနဲ့ ကလေး၂ ယောက် ထိတာပေါ့။ အားလုံး ၃ ယောက်ပါ။ ကလေး ၂ ယောက်က KG က” လို့ ပြောသည်။ မိုးကြိုးစက်ကွင်းထိခဲ့သည့်ကျောင်းဆရာမနှင့်ကျောင်းသား ၂ ယောက်ကို မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ကုသပေးထားပြီး ကျောင်းသား ၂ ယောက်မှာကျောနှင့်မျက်နှာ အနည်း ငယ်ထိခိုက်ပြီးဆရာမတွင်ဒဏ်ရာပြင်းထန်ကြောင်းအနှိုင်းမဲ့တိမ်ပန်းချီ ပရဟိတအသင်း တာဝန်ရှိသူက ပြောသည်။ ဆရာမ သည်မိဘလာမကြို သေးသောကလေးနှစ်ဦးကိုစောင့်ပေးနေစဉ် သုံးဦးလုံးမိုးကြိုးစက်ကွင်း ထိသွားကြောင်းကူညီနေသူတချို့က ပြောသည်။

မော်လမြိုင်-ရန်ကုန် DEMU မြန်နှုန်းမြင့်ရထားကို နေချင်းပြန်ပြေးဆွဲသွားရန်စီစဥ်နေ NOM၊ဇွန်၁၊၂၀၂၆ မော်လမြိုင်-ရန်ကုန် DEMU မြန်
မော်လမြိုင်-ရန်ကုန် DEMU မြန်နှုန်းမြင့်ရထားကို နေချင်းပြန်ပြေးဆွဲသွားရန်စီစဥ်နေ NOM၊ဇွန်၁၊၂၀၂၆ မော်လမြိုင်-ရန်ကုန် DEMU မြန်နှုန်းမြင့်ရထားကို ဇွန်လကုန်ပိုင်း (သို့မဟုတ်) ဇူလိုင်လဆန်းမှ စတင်၍နေချင်းပြန်ပြေးဆွဲသွားရန်စီစဉ်ဆောင်ရွက်‌ နေကြောင်းမြန်မာ့မီးရထားမှသိရသည်။ အဆိုပါ အမြန်ရထားပြေးဆွဲနိုင်ရန်အတွက် ရထားလမ်းပိုင်းများပြုပြင်းခြင်း၊ တွဲနှင့် မလွတ်သည့် ဘူတာအမိုးများ၊ တံတားအမိုးများ ပြန်လည်ပြုပြင်လျှက်ရှိသည်။ မော်လမြိုင်-ရန်ကုန် DEMU မြန်နှုန်းမြင့်ရထားတွင် ရထားတွဲ ၆ တွဲ ပါရှိမည်ဖြစ်ပြီး ထိုင်ခုံ ၂၆၄ ခုံပါဝင်ကာ ပေါင်၊ သထုံ၊ ကျိုက်ထို၊ သိမ်ဇရပ်၊‌ ဝေါနှင့် ပဲခူးဘူတာများ၌ ရပ်နားသွားမည်ဖြစ်‌ ကြောင်းသိရသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တိုတွေ့ဆုံ အိန္ဒိယနိုင်ငံသို တရား
+9
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တိုတွေ့ဆုံ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmuတိုသည် ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ သမ္မတအိမ်တော် (Rashtapati Bhavan )တွင်တွေ့ဆုံကာ နှစ်နိုင်ငံအကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး (Hyderabad House) ဧည့်သ
+4
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး (Hyderabad House) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်း တင်လက်မှတ်ရေးထိုး။

နွားထိုးကြီးမြို့နယ်ရှိ ကားလမ်းဘေး၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း ၇ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရ
+2
နွားထိုးကြီးမြို့နယ်ရှိ ကားလမ်းဘေး၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်း ၇ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်း NOM ဇွန် ၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ရှိ နွားထိုးကြီး-ပြင်စည်ကားလမ်းမကြီးတစ်လျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁ ရက်နေ့ နံနက် ၆ နာရီအချိန်၌ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ နွားထိုးကြီးမြို့နယ်၊ ဖက်ခူးကျေးရွာနှင့် ရှောက်တောဝကျေးရွာကြား ကားလမ်းဘေးဝဲ/ ယာဘက်များ၌ အများပြည်သူထိခိုက်ဒဏ်ရာရရှိ စေရန် ရည်ရွယ်၍ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ လက်လုပ်မိုင်း၂ လုံး၊ အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ  လက်လုပ်မိုင်း ၃ လုံး၊ အရှည် ၁ ခွဲခန့်ရှိ လက်လုပ်မိုင်း ၁ လုံးနှင့် သံပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၁ ပေခန့်၊ အလျား ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း ၁ လုံး၊ စုစုပေါင်း လက်လုပ်မိုင်း ၇ လုံးတို့အား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်းသိရသည်။ NOM

၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား NOM၊ဇွန်၁၊၂၀၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းမျာ
၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား NOM၊ဇွန်၁၊၂၀၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်‌ေကျာင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်  အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ကတည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနားသို့ တက်ရာက်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား  အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi က ထွက်ခွာရာ ယာဉ်အနီးထိ လိုက်ပါ ပိုဆောင်နှုတ်ဆက်ခဲ့

စစ်ကိုင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းမျိုးစုံနှ
စစ်ကိုင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်ကာ ရွှေထည်ပစ္စည်းမျိုးစုံနှင့် ငွေကျပ် ၁၇ သိန်းအား လုယက်ယူဆောင်သွား NOM ဇွန် ၁၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဧမြဝတီရပ်ကွက်ရှိ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မေလ ၃၀ ရက်နေ့ ည ၈ နာရီခွဲအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာနေ ဦးဆန်းဦး (၄၃) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးရောက် လာပြီး နေအိမ်ရှိ လက်ကိုင်ဖုန်း ၅ လုံး၊ နာရီ ၁ လုံး၊ လပ်တော့ပ် ၁ လုံး၊ အလေးချိန် ၅ ကျပ်သားခန့်ရှိ ရွှေတုံး ၁ တုံး အပါ ရွှေထည်ပစ္စည်းမျိုးစုံ စုစုပေါင်းအလေးချိန် ၈ ကျပ်သားခန့်နှင့် ငွေ ၁၇ သိန်းကျပ်တို့အား လုယက်ယူဆောင်ကာ ဦးဆန်းဦးအား ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ မန္တလေး-မုံရွာရထားလမ်းပေါ်သို့ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၌ မီးလောင်မှုဖြစ် NOM၊ဇွန်၁၊၂၀၂၆ ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်၊ (၅၃)လမ်းအလယ်ရှိအမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(NMDC)၌ ယနေ့(ဇွန်လ၁ရက်)မွန်းလွဲ၁နာရီ၃၃မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ မီးလောင်မှုဖြစ်စဥ်မှာ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်(NMDC) ကျောင်းတွင်တပ်ဆင်ထားသည့် aircon-outdoor မှာအပူလွန်ကဲပြီးမီးစတင်လောင်ကျွမ်းခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၊ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် များ၊ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ နှင့်အတူသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

မရမ်းကုန်းမြို့နယ်တွင် ကားတစ်စီးလမ်းလယ်ဓါတ်တိုင်ဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွား တစ်ဦးဒဏ်ရာရ NOM၊ဇွန်၁၊၂၀၂၆ ရန်ကုန်တိုင်း၊
မရမ်းကုန်းမြို့နယ်တွင် ကားတစ်စီးလမ်းလယ်ဓါတ်တိုင်ဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွား တစ်ဦးဒဏ်ရာရ NOM၊ဇွန်၁၊၂၀၂၆ ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းတွင် ယနေ့ (ဇွန်၁) နံနက်ပိုင်းက ကားတစ်စီးလမ်းလယ်ဓါတ်တိုင်အား ဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွား ခဲ့ရာအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာမြောက်ဥက္ကလာမှ မရမ်းကုန်းဘက်သို့၊ အုတ်ပုံဆိပ်လမ်းအတိုင်း ယာဉ်မောင်း ဦးအောင်မြင်မြတ် မောင်းနှင်လာသော HYUNDAI STAREX အဖြူရောင်ယာဉ်သည် အရှိန်မထိန်နိုင်ပဲ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှေ့ရှိလမ်းလယ်ဓါတ်တိုင်အား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယာဉ်တစ်စီး လမ်းလယ်ဓါတ်တိုင်အား ဝင်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ယာဉ်မောင်း ဦးအောင်မြင့်မြတ်အသက်(၃၈) နှစ်အား မရမ်းကုန်းမြို့နယ်ယာဉ်ထိန်းတပ်စု(၄၆)မှ ယာဉ်(ပ)၁၃/၂၀၂၆၊ ပုဒ်မ (၂၇၉/၃၃၇/ ၂၈၅)ဖြင့် အရေးယူထား ကြောင်းသိရသည်။

မျက်မှောက်ခေတ် အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ မဟာဗျူဟာမြောက် ပြောင်းလဲမှုများနှင့် စိန်ခေါ်မှုများ။
+2
မျက်မှောက်ခေတ် အိန္ဒိယ-မြန်မာ ဆက်ဆံရေး၏ မဟာဗျူဟာမြောက် ပြောင်းလဲမှုများနှင့် စိန်ခေါ်မှုများ။