uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 450 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 808-o'rinni va Myanma mintaqasida 10 269-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 450 obunachiga ega bo‘ldi.

20 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -158 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.57% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 649 marta ko‘riladi; birinchi sutkada odatda 523 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 11 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 21 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 450
Obunachilar
-924 soatlar
-397 kun
-15830 kun
Postlar arxiv
ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ
+8
ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၉ လုံး ဖြိုချဖျက်ဆီးပြီးစီး၊ ကျန်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက် နိုဝင်ဘာ ၅၊ ၂၀၂၆ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်ခဲ့သည့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိအဆောက်အအုံများ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံလုပ်ကိုင်နိုင်ခြင်းမရှိစေရန် အဆိုပါအဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများကို ပူးပေါင်းအဖွဲ့များဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ တရားမဝင်အဆောက်အအုံ ၉ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်းရှိ ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးလျက်ရှိသည့် တရားမဝင် ၆ ထပ်အဆောက်အအုံတစ်လုံးမှာ ယနေ့တွင် ၁၀၀ ရာခိုင်နှုန်းဖြိုချပြီးစီးခဲ့သည့်အတွက် ယနေ့အထိတရားမဝင်အဆောက်အအုံ ၉ လုံး ဖြိုချဖျက်ဆီးပြီး ဖြစ်ကြောင်းနှင့် ထပ်မံ၍ ၆ ထပ်အဆောက်အအုံတစ်လုံးအား ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမှုမှာလည်း ယနေ့အထိ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။ ရွှေကုက္ကိုလ်နယ်မြေဒုတိယပိုင်းအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဖြိုချဖျက်ဆီးရန်ကျန်အဆောက်အအုံ ၆၃ လုံးအား ယာဉ်ယန္တရားများဖြင့်ဖြိုချဖျက်ဆီးမည့်အဆောက်အအုံ၊ ဖောက်ခွဲ၍ဖြိုချဖျက်ဆီးမည့် အဆောက်အအုံနှင့် လူနေအိမ်များနှင့်မလွတ်ကင်း၍ လူအင်အားအသုံးပြုကာ တစ်လွှာချင်းဖြိုချဖျက်ဆီးမည့်အဆောက်အအုံဟူ၍ အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ပြီး စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိရာ ဖောက်ခွဲ၍ ဖြိုချမည့်အဆောက်အအုံ ၄ လုံးနှင့် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅ လုံး၊ စုစုပေါင်းအဆောက်အအုံ ၉ လုံးတို့ကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့် တရားမဝင်အဆောက်အအုံ ၅၄ လုံးကိုလည်း စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်းလုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
05 Noy, 09:43

ဂျာမနီ၏ လက်နက်တပ်ဆင်ရေး အဟုန်မြင့်မားလာမှု ရင်ဆိုင်နေရသော လက်တွေ့စိန်ခေါ်မှုများ (Rheinmetall စတော့ရှယ်ယာစျေး ၁၇ ရာခိုင်နှုန်
ဂျာမနီ၏ လက်နက်တပ်ဆင်ရေး အဟုန်မြင့်မားလာမှု ရင်ဆိုင်နေရသော လက်တွေ့စိန်ခေါ်မှုများ (Rheinmetall စတော့ရှယ်ယာစျေး ၁၇ ရာခိုင်နှုန်း ထိုးဆင်းသွားခြင်း) ဂျာမနီ၏ အကြီးဆုံး လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကြီး Rheinmetall သည် ၎င်း၏ ၂၀၂၆ ခုနှစ် ရောင်းအားခန့်မှန်းချက်ကို သုံးလအတွင်း ဒုတိယအကြိမ်အဖြစ် လျှော့ချလိုက်ကြောင်း၊ ထို့ကြောင့် ကုမ္ပဏီ၏ စတော့ရှယ်ယာစျေးမှာ ၁၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်။ ဒေါ်လာ ၁၃.၅ ဘီလီယံကျော် တန်ဖိုးရှိသည့် ဂျာမနီ၏ အဓိက Boxer သံချပ်ကာယာဉ် စီမံကိန်း နှောင့်နှေးကြန့်ကြာမှုများကြောင့် ၂၀၂၇ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရပြီးနောက် Rheinmetall သည် ၎င်း၏ ဝင်ငွေခန့်မှန်းချက်ကို ယခင် ခန့်မှန်းထားသည့် ဒေါ်လာ ၁၅.၄ - ၁၆ ဘီလီယံ ပမာဏမှ ဒေါ်လာ ၁၄.၉ ဘီလီယံသို့ လျှော့ချခဲ့ရသည်။ ထို့ပြင် ကုမ္ပဏီအနေဖြင့် အမြောက်ကျည် ပေးပို့ဖြန့်ဖြူးမှုများတွင်လည်း ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရပြီး လုပ်ငန်းဆောင်ရွက်မှုမှ ရရှိမည့် အမြတ်ရာခိုင်နှုန်း (Operating Profit Margin) မျှော်မှန်းချက်ကိုလည်း ၁၉ ရာခိုင်နှုန်းမှ ၁၈.၅ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ခဲ့သည်။ ယူကရိန်းပဋိပက္ခအတွင်း ဂျာမနီအစိုးရက စစ်လက်နက်ပြန်လည် တိုးချဲ့တပ်ဆင်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ပုံအောသုံးစွဲနေပြီး နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများကလည်း လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်ရန် ကြိုးပမ်းနေစဉ် အဆိုပါ အခက်အခဲနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ စစ်စရိတ်ဘတ်ဂျက်များနှင့် နိုင်ငံရေးအရ ကတိကဝတ်ပြုမှုများ မြင့်တက်လာသော်လည်း အဓိက စစ်လက်နက်ပစ္စည်း ဝယ်ယူစုဆောင်းရေး စီမံကိန်းကြီးများမှာမူ ဆက်လက် ကြန့်ကြာလျက်ရှိသည်။
05 Noy, 09:41

အီရန်ကိုစစ်တိုက်ရန်တိုက်တွန်းခဲ့သူကါကွယ်ရေးဝန်ကြီးကိုဖြုတ်ချရန်ပြင်ဆင်နေ NOM အမေရိကန် အောက်လွှတ်တော်ရှိ ရီပလစ်ကန်ပါတီဝင်များသ
အီရန်ကိုစစ်တိုက်ရန်တိုက်တွန်းခဲ့သူကါကွယ်ရေးဝန်ကြီးကိုဖြုတ်ချရန်ပြင်ဆင်နေ NOM အမေရိကန် အောက်လွှတ်တော်ရှိ ရီပလစ်ကန်ပါတီဝင်များသည် ကာကွယ်ရေးဝန်ကြီး ပီးတ် ဟက်ဂ်ဆက်သ် (Pete Hegseth) ရာထူးမှ နှုတ်ထွက်ရေးကိစ္စနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ CNN က ဖော်ပြထားသည်။ နိုဝင်ဘာလ ၃ ရက်၊ အင်္ဂါနေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့မှုအပေါ် စိုးရိမ်ပူပန်နေကြသည့် ပါတီဝင်အများအပြားနှင့် ထောက်ခံသူများသည် ဟက်ဂ်ဆက်သ် ကြောင့်ဟု အပြစ်တင်ခဲ့ကြသည်။ ရုပ်သံလိုင်း၏ ဖော်ပြချက်အရ ၎င်းတို့သည် တံခါးပိတ်အစည်းအဝေးများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုစတင်ရန် တွန်းအားပေးဆွဲဆောင်ခဲ့သူမှာ ဟက်ဂ်ဆက်သ် ဖြစ်ပြီး၊ ထိုစစ်ပွဲကို မည်သို့အဆုံးသတ်ရမည် သို့မဟုတ် ထွက်ပေါ်လာမည့် နိုင်ငံရေးနောက်ဆက်တွဲ အကျိုးဆက်များကို မည်သို့ကိုင်တွယ်ရမည်ဆိုသည်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိကြောင်း စွပ်စွဲပြောဆိုခဲ့ကြသည်။
05 Noy, 09:30

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ရုံးသို့ရောက်ရှိပြီး ရုံးအဆောက်အဦ၊ဝန်ထမ်းအိမ်ရာများပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ဖလမ်း ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(RC) နှစ်ထပ်ပြုပြင်နေမှု အခြေအနေများကိုလည်းကောင်း၊ ဖလမ်းခရိုင်မီးသတ်ဦးစီးဌာနရုံးသို့လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
05 Noy, 08:58

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်း လမ်းဘေးဝဲယာ ချုံနွယ်များရှင်းလင်းမှုနှင့် ဌာနဆိုင်ရာရုံးပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး   နိုဝင်ဘာ ၅၊ ၂၀၂၆   နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်ကျော်ဟန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယာယီပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာများအား ကြည့်ရှုအားပေး၍ အာဟာရဖြည့်အစားအစာများ ပေးအပ်သည်။ ဆက်လက်၍ ဖလမ်း-ကလေး-ဟားခါး လမ်းပိုင်း လမ်းဘေးဝဲယာ ချုံနွယ်များရှင်းလင်းနေမှု၊ ဌာနဆိုင်ရာရုံး အဆောက်အဦပြုပြင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး‌ကြောင်းသိရသည်။   ဦးစွာ ဒုတိယဝန်ကြီးသည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဖလမ်းမြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည့်  ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလုံးစုံ ပြီးစီးမှုမရှိသေးသော်လည်း ကျန်ရှိသည့်ပြုပြင်ထိန်းသိမ်း‌ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရန်၊ ဖလမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အချင်းချင်း အချိတ်ဆက်မိမိစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း‌ ပြောကြားသည်။   ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖလမ်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်အကြီးအကဲများ ကိုယ်တိုင်လာရောက်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိရာ ဖလမ်းမြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များ အမြန်ဆုံးပြီးစီးရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြင်ဆင်ပြီးသည့်ဌာနဆိုင်ရာ အဆောက်အဦများ ရေရှည်တံ့ ခိုင်မြဲအောင်ထိန်းသိမ်းကြရန်လိုကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းနေပြီးဖြစ်သဖြင့် ဒေသခံ ပြည်သူများအနေဖြင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရေး စည်းရုံးဆောင်ရွက် သွားကြရန်လိုကြောင်းပြောကြားသည်။   ထို့နောက်ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များက မိမိတို့လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီများ ချီးမြှင့်ပေးအပ်သည်။   ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ပြည်သူ့ဆေးရုံကြီး၊ ယာယီပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် လူနာများအားကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ပြီး ဆေးရုံအုပ်နှင့် သူနာပြုဆရာ/ဆရာမများကို အားပေးစကားပြောကြားပြီး ဆေးရုံးအတွက်တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။   ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းတွင် ဖလမ်းခရိုင် လမ်းဦးစီးဌာနမှ  စက်ယန္တရားကြီးဖြင့် လမ်းဘေးဝဲယာခြုံနွယ်များ ရှင်းလင်းနေမှုနှင့် အလင်းဖွင့်ရှင်းလင်း ဆောင်ရွက်နေမှုမျာကို ကြည့်ရှုစစ်ဆေးပြီး ကလေး-ဖလမ်း- ဟားခါးလမ်းသည် ပြည်ထောင်စုလမ်းမကြီးဖြစ်သဖြင့် လမ်းမကြီးကောင်းမွန်ရေး၊ ပြည်သူများ လုံခြုံအေးချမ်းစွာသွားလာ နိုင်ရေးအလွန်အရေးကြီးကြောင်း၊ လမ်းဘေးဝဲယာချုံနွယ်များ ရှင်းလင်းရာတွင် လမ်းဘေးရေနှုတ် မြောင်းများပိတ်ဆို့မှုမဖြစ်စေရေး၊ မော်တော်ယာဉ်နှင့်ဆိုင်ကယ်များ လမ်းသွားလမ်းလာအဆင်ပြေ ချောမွေ့စေရေး ဆောင်ရွက်ပေးကြရန်မှာကြားခဲ့ရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။
05 Noy, 08:57

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကလေး-ဖလမ်း-ဟားခါး လမ်း
+7
ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၊ ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်း လမ်းဘေးဝဲယာ ချုံနွယ်များရှင်းလင်းမှုနှင့် ဌာနဆိုင်ရာရုံးပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး
05 Noy, 08:56

အခြားအကျဉ်းသားများကိုလည်း ဖုန်းဆက်ခွင့်ပြုနိုင်ရေး လူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်ဟု ဦးလှဆွေ အကြံပြု နိုဝင်ဘာ ၅၊ ၂၀၂၆ ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက အခြားသော အကျဉ်းသားများကိုလည်း ဖုန်းဆက်ခွင့်ရရှိစေရေးအတွက် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ထောက်ပြသင့်ကြောင်း အကြံပြုဆွေးနွေးပြောကြားခဲ့သည်။
05 Noy, 08:55

ကိုရီးယားရောက် မြန်မာများ တရားမဝင်ဟွန်ဒီအသုံးပြုလျှင် အရေးယူခံရမည်
ကိုရီးယားရောက် မြန်မာများ တရားမဝင်ဟွန်ဒီအသုံးပြုလျှင် အရေးယူခံရမည်
05 Noy, 08:55

လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့် နေ့ရက်သတ်မှတ်ကြေ
+2
လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့် နေ့ရက်သတ်မှတ်ကြေညာခြင်း။ နိုဝင်ဘာ ၅၊ ၂၀၂၆
05 Noy, 08:48

ငပြီကျွန်းရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း (5-11-2026)
+1
ငပြီကျွန်းရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း (5-11-2026)
05 Noy, 08:46

ဟူသီတို့ကဆော်ဒီထံမှစစ် လျော်ကြေး၅၁ဘီလီယံတောင်း NOM The Wall Street Journal သတင်းဌာန၏ ဖော်ပြချက်အရ အီရန်ကျောထောက်နောက်ခံပြု ယီမင် ဟူသီ အဖွဲ့သည် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံ ပမာဏရှိသည့် မကြုံစဖူး စစ်လျော်ကြေး ပေးအပ်ရန်နှင့် ယီမင်နိုင်ငံ၏ တရားဝင် အုပ်ချုပ်သူအစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုရန် တောင်းဆိုလိုက်သည်။ ဆော်ဒီ၏ နှစ်ရှည်လများ စစ်ရေးစစ်ဆင်ရေးများနှင့် ပိတ်ဆို့တားဆီးမှုများအတွက် လျှော်ကြေးပေးရန် ရည်ရွယ်ထားသည့် အဆိုပါ အဆိုပြုချက်သည် ဆော်ဒီအစိုးရအတွက် ကြီးမားသည့် နိုင်ငံရေး အကျပ်အတည်းတစ်ခု ဖြစ်လာစေသည်။ ဤတောင်းဆိုချက်များကို လိုက်လျောမိပါက နောက်ထပ် အကြပ်ကိုင် ဖိအားပေးမှုများအတွက် နမူနာကောင်း ဖြစ်သွားနိုင်သည့် စွန့်စားရမှု ရှိနေပြီး၊ တစ်ဖက်တွင်လည်း စစ်ရေးအရ ပြန်လည် အရှိန်မြှင့်တင်ပါက အထိအခိုက် ကျဆုံးမှု ပမာဏ များပြားခြင်းနှင့် ပြည်တွင်းရေးရာ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ရင်ဆိုင်ရဖွယ် ရှိနေသည်။ အိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆာလမန် ကမူ စစ်ရေးအရ ပိုမို အသာစီးရသည့် အနေအထားကို မရရှိမချင်း ဘက်ပေါင်းစုံ ပါဝင်သော ဆွေးနွေးပွဲများကို စတင်ရန် ဆန္ဒမရှိဘဲ ငြင်းဆန်ထားဆဲ ဖြစ်သည်။
05 Noy, 08:29

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိပေးကြေညာချက်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အသိပေးကြေညာချက်။
05 Noy, 07:49

ဥရောပလေကြောင်းလိုင်းများဗုံးခြိမ်းခြောက်ခံရ NOM ဥရောပတစ်ဝန်း ခရီးသည်တင် လေယာဉ်များကို ပစ်မှတ်ထားသည့် ဗုံးခွဲမည်ဟု ခြိမ်းခြောက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ လေယာဉ်ပေါ်တွင် ဗုံးပါရှိသည်ဟု သတင်းပေးပို့ချက်များကြောင့် အနည်းဆုံး လေယာဉ် ၆ စီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ ဥရောပ မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ ဖြစ်စဉ်အားလုံးသည် နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေယာဉ် ၃ စီးမှာ ဘူဂေးရီးယားနိုင်ငံတွင် ဆင်းသက်ခဲ့ပြီး အခြားတစ်စီးမှာ ဘရပ်ဆဲလ် (Brussels) လေဆိပ်သို့ ဆင်းသက်ခဲ့သည်။ ဟယ်ဆင်ကီမှ ရောမသို့ ပျံသန်းသည့် Finnair လေယာဉ်တစ်စီးသည် အီတလီမြို့တော်တွင် ဆင်းသက်ခဲ့ရပြီး ဒပ်ဘလင်မှ ရောမသို့ ပျံသန်းသည့် Aer Lingus လေယာဉ်တစ်စီးမှာမူ ပြင်သစ်ရှိ စစ်ဘက်ဆိုင်ရာ စခန်းတစ်ခုသို့ လမ်းကြောင်းပြောင်း ဆင်းသက်ခဲ့ရသည်။
05 Noy, 07:12

ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်းအနေဖြင့်စက်သုံးဆီအခက်ခဲကြောင့် ဆေးရုံပြလူနာများ၊ ဆေးခန်းပြလူနာများနှင့်ခရီးဝေးပို့ဆောင်ရမည်လူနား
ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်းအနေဖြင့်စက်သုံးဆီအခက်ခဲကြောင့် ဆေးရုံပြလူနာများ၊ ဆေးခန်းပြလူနာများနှင့်ခရီးဝေးပို့ဆောင်ရမည်လူနားများအားလိုက်ပါဆောင်ခြင်းရပ်နား NOM၊နိုဝင်ဘာ၅၊၂၀၂၆ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့အတွင်းရှိရင်ခုန်သံ ရှင်ရေးကူညီမှူအသင်း အနေဖြင့်စက်သုံးဆီအခက်ခဲကြောင့်ယမန်နေ့(နိုဝင်ဘာ၄ ရက် )မှစ၍ ဆေးရုံပြလူနာများ၊ ဆေးခန်းပြလူနာများနှင့် ခရီးဝေးပို့ဆောင်ရမည်လူနားများအားလိုက်ပါပို့ဆောင်ပေးမည်မဟုက်တော့ကြောင်း ယင်းအသင်းမှဥက္ကဌဆရာတော် အရှင်တေဇမှ မိန့်ကြားခဲ့သည်။ ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်းအနေဖြင့်စက်သုံးဆီအခက်ခဲကြောင့် ဆေးရုံပြလူနာများ၊ ဆေးခန်းပြလူနာများနှင့်ခရီးဝေးပို့ဆောင်ရမည်လူနားများအားပို့ဆောင်ပေးခြင်းရပ်နားခဲ့သော်လည်း နာရေးပို့ဆောင်ပေးခြင်းနှင့် Accident ဖြစ်စဉ်များမှ လူနာများ အသက်လုရသည့်အခြေအနေများအတွက် ပိုမို အားစိုက်ကူညီပေးမည်ဖြစ်ကြောင်းသိရသည်။ ရင်ခုန်သံရှင်ရေးကူညီမှူအသင်းကို ၂၀၂၁ ခုနှစ်မှ စ၍ အခမဲ့ ကူညီမှူလုပ်ငန်းများစွာဆောင်ရွက်ကူညီပေးခဲ့သည်မှာယခုအချိန်အထိလူမှုကူညီရေးလုပ်ငန်းများကိုဆောင်ရွက် ပေးနေကြောင်းသိရသည်။
05 Noy, 06:38

အမေရိကန်ကြားဖြတ်ရွေးကေါက်ပွဲတွင်မွတ်စလင်၃၆ဦးအနိုင်ရ NOM ကွန်ဂရက်၊ ပြည်နယ်ဥပဒေပြုလွှတ်တော်များနှင့် ဒေသတွင်းရုံးများအတွက် ဝင်ရ
အမေရိကန်ကြားဖြတ်ရွေးကေါက်ပွဲတွင်မွတ်စလင်၃၆ဦးအနိုင်ရ NOM ကွန်ဂရက်၊ ပြည်နယ်ဥပဒေပြုလွှတ်တော်များနှင့် ဒေသတွင်းရုံးများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မွတ်စလင် အမတ်လောင်း ၅၁ ဦးအနက် အနည်းဆုံး ၃၆ ဦးသည် မနေ့ညက အနိုင်ရရှိခဲ့ကြသည်။ ဤနှုန်းအတိုင်းဆိုလျှင် ဆယ်စုနှစ်တစ်ခုအတွင်း ထိုအရေအတွက်သည် ရာဂဏန်းအထိ ရှိလာလိမ့်မည်။
05 Noy, 05:45

အမေရိကန်ကြားဖြတ်ရွေးကေါက်ပွဲတွင်မွတ်စလင်၃၆ဦးအနိုင်ရ NOM ကွန်ဂရက်၊ ပြည်နယ်ဥပဒေပြုလွှတ်တော်များနှင့် ဒေသတွင်းရုံးများအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မွတ်စလင် အမတ်လောင်း ၅၁ ဦးအနက် အနည်းဆုံး ၃၆ ဦးသည် မနေ့ညက အနိုင်ရရှိခဲ့ကြသည်။ ဤနှုန်းအတိုင်းဆိုလျှင် ဆယ်စုနှစ်တစ်ခုအတွင်း ထိုအရေအတွက်သည် ရာဂဏန်းအထိ ရှိလာလိမ့်မည်။
05 Noy, 05:45
05 Noy, ~05:45

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၅-၁၁-၂၀၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထ
+2
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၅-၁၁-၂၀၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၆-၁၁-၂၀၂၆ ရက်နေ့မှ ၈-၁၁-၂၀၂၆ ရက်နေ့အထိ အမြင့်ဆုံးအပူချိန်ခန့်မှန်းချက်ပြပုံ ========================= Ref: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
05 Noy, 05:07

အီလွန်မက်စ်၏ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမှု အဆင်မပြေဘဲ ဒီမိုကရက်များ လွှတ်တော်နှင့် တက်ဆပ်စ်ပြည်နယ်ကို အနိုင်ရရှိ အီလွန်
အီလွန်မက်စ်၏ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံမှု အဆင်မပြေဘဲ ဒီမိုကရက်များ လွှတ်တော်နှင့် တက်ဆပ်စ်ပြည်နယ်ကို အနိုင်ရရှိ အီလွန်မက်စ် (Elon Musk) သည် ရီ ပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းများကို ထောက်ပံ့ရန် ဒေါ်လာသန်း ၅၀၀ နီးပါးခန့် အသုံးပြုခဲ့သော်လည်း ဒီမိုကရက်များက လွှတ်တော်နှစ်ရပ်လုံးတွင် အနိုင်ရရှိခဲ့သည့်အပြင် တက်ဆပ်စ် ပြည်နယ်အုပ်ချုပ်ရေးမှူးနေရာကိုပါ အနိုင်ရသွားခဲ့သည့်အတွက် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ၏ အကြီးမားဆုံး ဆုံးရှုံးသူများထဲမှ တစ်ဦး ဖြစ်လာခဲ့ကြောင်း ရိုက်တာသတင်းဌာန က ဖော်ပြခဲ့သည်။ ဤရွေးကောက်ပွဲရလဒ်များကြောင့် မက်စ်၏ အစိုးရကန်ထရိုက်များ၊ ဂြိုဟ်တုဝန်ဆောင်မှုများ၊ ဖက်ဒရယ် ဝန်ထမ်းအင်အား လျှော့ချရေးနှင့် ဒေတာစင်တာ တိုးချဲ့မှုများ အပါအဝင် SpaceX နှင့် Tesla စသည့် သူ၏ စီးပွားရေးအင်ပါယာအပေါ် ပိုမိုတင်းကျပ်သည့် စိစစ်မှုများ ကြုံတွေ့ရဖွယ် ရှိသည်။ တက်ဆပ်စ်ပြည်နယ် အုပ်ချုပ်ရေးမှူးသစ် ဖြစ်လာမည့် ဂျီနာ ဟီနိုဟိုဆာ (Gina Hinojosa) က ဒေသခံပြည်သူများအတွက် ပိုမိုခိုင်မာသည့် ကာကွယ်စောင့်ရှောက်မှုများ မဆောင်ရွက်နိုင်မီအထိ ဒေတာစင်တာ စီမံကိန်းအသစ်များကို ဆိုင်းငံ့ထားရန် တောင်းဆိုလိုက်သဖြင့် အဆိုပါပြည်နယ်အတွင်း မက်စ်၏ ရည်မှန်းချက်ကြီးမားသော AI တိုးချဲ့ရေးအစီအစဉ်များကို ခြိမ်းခြောက်လျက် ရှိသည်။ ထို့အပြင် ဒီမိုကရက်များသည် နည်းပညာကဏ္ဍအပေါ် ကြီးကြပ်ကွပ်ကဲမှုများကို ပိုမိုတင်းကျပ်လာရန် မျှော်လင့်ရပြီး မက်စ်၏ AI ရည်မှန်းချက်များအတွက် အရေးပါသော အကြီးစား ဒေတာစင်တာများအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်များကို နှောင့်နှေးကြန့်ကြာသွားစေနိုင်သည်။ Longbow Asset Management မှ ဂျိခ် ဒေါ်လာဟိုက် (Jake Dollarhide) က “မက်စ်ဟာ နောက်ဆုံးမိနစ်အထိ ရီပတ်ဘလစ်ကန်တွေအတွက် မျှော်လင့်ချက်အဖြစ် ကူညီပေးခဲ့တာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ သူထည့်ဝင်လိုက်တဲ့ ငွေကြေးအမြောက်အမြားဟာ လျှပ်စစ်နှင့် ရေဖိုးရေခ၊ ကုန်စုံဆိုင်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုတွေကို မကျော်လွှားနိုင်ခဲ့ပါဘူး” ဟု ပြောကြားခဲ့သည်။
05 Noy, 05:05

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုနိုင်ငံ ကိုင်ဆွန်းဖုန်ဝီဟန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရေ
+9
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုနိုင်ငံ ကိုင်ဆွန်းဖုန်ဝီဟန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာ နိုဝင်ဘာ ၅၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၅ ရက်တွင် လာအိုနိုင်ငံရှိ ကိုင်ဆွန်းဖုန်ဝီဟန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ရာ ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဖန်းဆန်ဘွန်ဖန်းနှင့် တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ တွေ့ဆုံစဉ် တက္ကသိုလ်၏ သမိုင်းကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး မြန်မာ-လာအို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရေရှည်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ကိုင်ဆွန်းဖုန်ဝီဟန် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရှိ သမိုင်းပြခန်းကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
05 Noy, 05:01

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က ကျောင်းသား/ သူများ ပညာသင် ကြားနိုင်မှုမရှိစေရန် အကြမ်းဖက်ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများလုပ်ဆောင် NOM နိုဝင်ဘာ ၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) ၌ ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား/သူ ခုနစ်ဦးနှင့် အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ)၌ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူ ခြောက်ဦးတို့သည် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီအချိန်၌ ဂန့်ဂေါမြို့သို့ ကျောင်းတက်ရောက်ရန် ၎င်းတို့နေထိုင်သည့် ရွာစည်ကျေးရွာနှင့် လာပို့ကျေးရွာများမှ ဆိုင်ကယ်များဖြင့် အသီးသီးထွက်ခွာလာစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က တားဆီးကာ ဂန့်ဂေါမြို့သို့ ကျောင်းတက်ရောက်ရန် ဆက်လက်ထွက်ခွာပါက ကျောင်းသား/သူတစ်ဦးလျှင် ငွေကျပ် ၅ သိန်းစီ ပေးဆောင်ရမည်ဟု အကြမ်းဖက်ခြိမ်းခြောက်ခဲ့သဖြင့် ၎င်းတို့၏မိဘများမှ ပေးဆောင်နိုင်ခြင်းမရှိသောကြောင့် ကျောင်းသား/သူ ၁၃ ဦးတို့မှာ မိမိတို့၏နေအိမ်များသို့ ပြန်လာခဲ့ရကြောင်းသိရသည်။
05 Noy, 04:59