ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 546 подписчиков, занимая 16 068 место в категории Новости и СМИ и 10 064 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 546 подписчиков.

Согласно последним данным от 17 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -265, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.37%. В первые 24 часа после публикации контент обычно набирает 10.05% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 925 просмотров. В течение первых суток публикация набирает 1 262 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 16.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 18 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 546
Подписчики
-424 часа
-517 дней
-26530 день
Архив постов
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးနောက် ဂျပန်နိုင်ငံရဲ့ ပထမဆုံး ရေနံတင်သင်္ဘော ဂျပန်နိုင်ငံသို့ ဆိုက်ရောက် အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်ရေနံတင်သင်္ဘောတစ်စင်း ဖြတ်သန်းခွင့်ရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက အီရန်နိုင်ငံဟာ "အိုင်ဒီမစ်ဆု မာရူ" (Idemitsu Maru) ရေနံတင်သင်္ဘောကို အဆိုပါရေကြောင်းလမ်းကနေ ဖြတ်သန်းသွားလာခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပါရှန်ကွေ့အတွင်း ဂျပန်နိုင်ငံပိုင် ရေနံတင်သင်္ဘော ၃၉ စင်း ကျန်ရှိနေပါသေးတယ်။ NOM

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အကြံပြုချက်များ ဖိတ်ခေါ်ခြင်း
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အကြံပြုချက်များ ဖိတ်ခေါ်ခြင်း

အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ရှိ အီရန်သံရုံး- အကယ်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို (Rubio) သာ သမိုင်းကြောင်း ဒါမှမဟ
အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်မြို့ရှိ အီရန်သံရုံး- အကယ်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယို (Rubio) သာ သမိုင်းကြောင်း ဒါမှမဟုတ် ဗိသုကာပညာအကြောင်းကို သိခဲ့မယ်ဆိုရင် ဒီနေရာမှာ ဓာတ်ပုံရိုက်ဖို့ ပို့စ် (pose) ပေးနေမှာ မဟုတ်ပါဘူး။ ဒီအထိမ်းအမှတ်အဆောက်အအုံဟာ ဧကရာဇ်ဘုရင်ရဲ့ အီရန်လူမျိုး ဇနီးသည်အပေါ်ထားတဲ့ အချစ်အတွက် တည်ဆောက်ခဲ့တာဖြစ်ပြီး အီရန်ဗိသုကာပညာရှင်တွေရဲ့ ပြောင်မြောက်တဲ့ လက်ရာနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့အစိုးရ (အမေရိကန်) ကတော့ ဒီကနေ့မှာ အခြားသော ယဉ်ကျေးမှုအစဉ်အလာတွေကို စော်ကားပြီး အီရန်ယဉ်ကျေးမှုအစဉ်အလာကို အမြစ်ပြတ်ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ NOM

ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက် NOM၊မေ၂၆၊၂၀၂၆ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးက
ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဆီဘောက်ဆာ ကားတိမ်းမှောက် NOM၊မေ၂၆၊၂၀၂၆ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယနေ့ (မေ ၂၆ )ရက်နံနက် ၈ နာရီခွဲခန့်က ဆီဘောက်ဆာကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန် ထားကြောင်း သိရသည်။ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် (၈၁/၁) ရှိ အာလောကွေ့တွင် ဆီဘောက်ဆာကားတိမ်းမှောက်ခဲ့သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အအေးပေးခြင်းလုပ်ငန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်တညင်းကုန်း စျေးအရှေ့တွင် ပြိုင်စက်ဘီးစီးလာသူတစ်ဦးကို ကွန်တိန်နာကားမှကြိတ် နေရာတွင်သေဆုံး NOM၊မေ၂၆၊၂၀၂၆ ရန်ကု
အင်းစိန်မြို့နယ်တညင်းကုန်း စျေးအရှေ့တွင် ပြိုင်စက်ဘီးစီးလာသူတစ်ဦးကို ကွန်တိန်နာကားမှကြိတ် နေရာတွင်သေဆုံး NOM၊မေ၂၆၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တညင်းကုန်းစျေးအရှေ့တွင် ယနေ့(မေ၂၆ရက်) နံနက် နာရီတွင် ပြိုင်စက်ဘီးစီးလာသည့်အမျိုးသားတစ်ဦးကို ကွန်တိန်နာကားမှကြိတ် လိုက်သည့်အတွက်နေရာတွင်သေဆုံးခဲ့သည့်ဟုကနောင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံးသူမှာ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်တွင်နေထိုင်သည့် အသက် (၇၀) အရွယ်အမျိုးသားဖြစ်ပြီးလက်ရှိမိသာစုနှင့်ဆက်သွယ်ရရှိထားကြောင်းသိရသည်။ သေဆုံးသူအမျိုးသားအား ကနောင်လူမှုကူညီရေးအသင်းမှကားဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မန္တလေးကျုံးအတွင်း ခုန်ချခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းပြန်တွေ့ NOM၊မေ၂၆၊၂၀၂၆ မန္တလေးကျုံးအတွင်း ခုန်ချခဲ့သည့် အမျိုးသမီး၏ ရ
မန္တလေးကျုံးအတွင်း ခုန်ချခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းပြန်တွေ့ NOM၊မေ၂၆၊၂၀၂၆ မန္တလေးကျုံးအတွင်း ခုန်ချခဲ့သည့် အမျိုးသမီး၏ ရုပ်အလောင်းအား ယနေ့ (မေလ ၂၆ ရက်)နံနက် ၇နာရီတွင် တွေ့ရှိခဲ့ပြီဖြစ်ကြောင်းနန်းတော်ရှေ့လူမှုကယ်ဆယ်ရေး အသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။ သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ်၊သမ္မတောကျေးရွာနေထိုင်သူအသက် ၂၅ အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ယမန်နေ့ (မေလ ၂၅ ရက်)နံနက် ၁၀နာရီခန့်တွင် တစ်ယောက်တည်လာပြီးကျုံးအတွင်းခုန်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ သေဆုံးသူ၏ရုပ်အလောင်းအားမန္တလေးပြည်သူ့ဆေးရုံကြီးမှတဆင့် တောင်အင်းမြောက်အင်းသုဿန်သို့ပို့ဆောင်ပေးခဲ့‌ကြောင်းသိရသည်။

အစ္စရေးနိုင်ငံအတွင်း ဒရုန်းတစ်စင်းကျရောက်မှု တိုင်းအတွက် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့က အဆောက်အအုံ ၁၀ လုံး ပြိုပျက်ပျက်စီးရမည် ဟု ဘဏ္ဍာရေးဝန်ကြီး စမော့ထရစ်ခ် (Smotrich) ပြောကြား။ NOM

အမေရိကန် အထက်လွှတ်တော်က 'အစ္စရေးကျောထောက်နောက်ခံပြုထားသူ' အဲလစ် စတီဖဲနစ် (Elise Stefanik) ကို အမေရိကန်အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူး (Director of National Intelligence) အသစ်အဖြစ် အဆိုပြုခဲ့သည်။ သူမဟာ အစ္စရေးလိုလားတဲ့ လော်ဘီ ထံကနေ အမေရိကန်ဒေါ်လာ ၁ သန်းကျော် လက်ခံရရှိထားသူဖြစ်ပါတယ်။ NOM

ဒေါ်နယ်ထရမ့်က ဒေသတွင်းနိုင်ငံတွေကို အေဘရာဟမ် သဘောတူညီချက် (Abraham Accords) မှာ ပါဝင်ဖို့ တောင်းဆိုချက်အပေါ် ပါကစ္စတန် ကာကွယ်
ဒေါ်နယ်ထရမ့်က ဒေသတွင်းနိုင်ငံတွေကို အေဘရာဟမ် သဘောတူညီချက် (Abraham Accords) မှာ ပါဝင်ဖို့ တောင်းဆိုချက်အပေါ် ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ် (Khawaja Asif) က အခုလို တုံ့ပြန်ပြောကြားခဲ့ပါတယ် - "ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်အရတော့ ကျွန်တော်တို့ရဲ့ အခြေခံဝါဒတွေ၊ အတွေးအခေါ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဘယ်လိုသဘောတူညီချက်မျိုးမှာမဆို မပါဝင်သင့်ဘူးလို့ ထင်ပါတယ်။ သူတို့ (အစ္စရေး) ပြောတဲ့ စကားတစ်ခွန်းကိုတောင် တစ်ရက်လေးတင် ယုံကြည်လို့မရတဲ့ အဲဒီလူမျိုးတွေ (အစ္စရေး) နဲ့ ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး အတူတူ ထိုင်ဆွေးနွေးနိုင်မှာလဲ? ဒါဟာ ကျွန်တော်တို့ လက်ခံနိုင်စရာမရှိဘူးဆိုတာကို အလွန်ရှင်းလင်းပြတ်သားတဲ့ ရပ်တည်ချက်အဖြစ် ကျွန်တော်တို့ဆီမှာ ရှိထားပြီးသား ဖြစ်ပါတယ်။" NOM

CENTCOM (အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်) ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ဟာ အီရန်နိုင်ငံတောင်ပိုင်းက အချို့သော အီရန်ပစ်မှတ်တွေက
CENTCOM (အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်) ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ဟာ အီရန်နိုင်ငံတောင်ပိုင်းက အချို့သော အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့သည်။ NOM

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသည့် ဗုဒ္ဓမွေးနေ့အခမ်းအနား
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပသည့် ဗုဒ္ဓမွေးနေ့အခမ်းအနားတက်ရောက်    မေ ၂၅၊ ၂၀၂၆   ကိုရီးယားသမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ကြီး ဦးမျိုးမြင့်မောင်တို့နှင့်အတူ မေ ၂၄ ရက်က Bongeunsa Temple ကျောင်း၌ ဗုဒ္ဓမွေးနေ့အထိမ်းအမှတ်ကျင်းပသည့်“50 Years of Gratitude & Friendship, 100 Years of Mercy” အခမ်းအနားသို့တက်ရောက်ပြီး ကိုရီးယားသမ္မတနိုင်ငံ သံဃနာယကအဖွဲ့ခေါင်းဆောင် ဆရာတော် Venerable Wongmyeong နှင့်အတူ ဂုဏ်ပြုပူဇော်စကား ဟောကြားသည်။   ဗုဒ္ဓမွေးနေ့ အခမ်းအနားကျင်းပသည့် Bongeunsa Temple သည် ဆိုးလ်မြို့ Gangnam ခရိုင်၌တည်ရှိပြီး နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိသော ရှေးဟောင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်သည်။ အဆိုပါကျောင်းတော်၌ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးသော မတ်ရပ်ကျောက်ဆင်းတုတော်ကြီးနှင့်  ရှေးဟောင်းသစ်သားဘုန်းကြီးကျောင်းဆောင်များရှိပြီး ကိုရီးယားရိုးရာ ဗုဒ္ဓဘာသာယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်သည့် နေရာတစ်ခုအဖြစ်ထင်ရှားသည်။ နှစ်စဉ်မေလတွင် ဗုဒ္ဓမွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းဝင်သည့် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ဝန်ဆောင်မှုများဆောင်ရွက်ပေးလျက်ရှိ   မေ ၂၅၊ ၂၀၂၆   ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)တွင် Fertility Centre ကို သားသမီးရလိုသော ဇနီးမောင်နှံများအတွက် ရည်ရွယ်ဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်မှ ယနေ့အထိ လူနာပေါင်း ၅၄၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။   Fertility Centre တွင် ဖန်ပြွန်သန္ဓေသား နည်းပညာ၊ သားအိမ်အတွင်းသို့ သုတ်ပိုးထည့်ခြင်းနည်းပညာ၊ မျိုးဥကြီးစေ၍ အချိန်ကိုက်ကိုယ်ဝန်ရစေသော နည်းပညာများအသုံးပြု၍ ကျွမ်းကျင်သော ဆရာဝန်၊ ဆရာမများက အစိုးရရုံးဖွင့်ရက်တိုင်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။   ၂၀၂၃ ခုနှစ်တွင် သားအိမ်အတွင်း သုတ်ပိုးထည့်ခြင်းနည်းပညာ (IUI)ဖြင့် လူနာ ၁၅ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယင်းတို့မှ လူနာသုံးဦး၊ ၂၀၂၄ ခုနှစ်တွင် IUI ဖြင့် လူနာ ၆၁ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၁၂ ဦး၊ ၂၀၂၅ ခုနှစ်တွင် IUI ဖြင့် လူနာ ၁၅၇ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာ ၂၁ ဦး အောင်မြင်ခဲ့သည်။   အဆိုပါ လူနာ ၂၁ ဦးမှ ၂၀၂၆ ခုနှစ် မေ ၁၇ ရက်တွင် အမြွှာယောကျာ်းလေးနှစ်ဦး၊ မေ ၁၈ ရက်တွင် ယောကျာ်းလေးတစ်ဦး အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်မေလအထိ IUI ဖြင့် လူနာ ၃၀ အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လူနာငါးဦးအောင်မြင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလနှင့်မေလအတွင်းတွင်လည်း ဖန်ပြွန်သန္ဓေ သားနည်းပညာအသုံးပြု၍ ဇနီးမောင်နှံ ၁၂ တွဲအား ကလေးရရှိစေနိုင်ရန် ဆောင်ရွက်ထားဆဲဖြစ်ကြောင်း သိရသည်။   သို့ပါ၍ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်) ၏ Fertility Centre တွင် သားသမီးရလိုသော ဇနီးမောင်နှံများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဝန်ဆောင်မှုကောင်းစွာ ဆောင်ရွက်လျက်ရှိပြီး သားသမီးရလိုသော ဇနီးမောင်နှံများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူလျက်ရှိကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) Fertility Centre မှ သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ မေ ၂၆၊ ၂၀၂၆ မေလ ၂၄ ရက်နေ့ ၁၈၁၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ
ပြည်ကြီးတံခွန်မြို့နယ်တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ မေ ၂၆၊ ၂၀၂၆ မေလ ၂၄ ရက်နေ့ ၁၈၁၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်ရှိ ကားဂိတ်တွင် မီနီအိုးဝေနှင့် ပစ္စည်းလာရောက်ထုတ်ယူသူ ညီညီဝိုင်း အား စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း အလေးချိန် ၂၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၂၀၇ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ညီညီဝိုင်း(၃၉)နှစ်အား ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

ယနေ့ မေလ ၂၅ ရက်နေ့၌ ကယားပြည်နယ်ဒေသအတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းသုတ်သင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတေ
+9
ယနေ့ မေလ ၂၅ ရက်နေ့၌ ကယားပြည်နယ်ဒေသအတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများကို ချေမှုန်းသုတ်သင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက  အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆို။

နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအနီးတွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် တောင်ယ
နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအနီးတွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် တောင်ယာလုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရ မေ ၂၅၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာနေ ဦးအိုက်စော (ခ) ဆွေငယ် (၅၇) နှစ်သည် ကျေးရွာ၏တောင်ဘက်ရှိ ၎င်းပိုင်တောင်ယာခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ် မေ ၂၅၊ ၂၀၂၆
+7
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ် မေ ၂၅၊ ၂၀၂၆

အတိုက်အခံခေါင်းဆောင်ပိုင်းကို နှင်ထုတ်ရန် တူရကီရဲတပ်ဖွဲ့က CHP ဌာနချုပ်ကို စီးနင်းဝင်ရောက် ရဲတပ်ဖွဲ့က ဌာနချုပ်အပြင်ဘက်တွင် CHP
အတိုက်အခံခေါင်းဆောင်ပိုင်းကို နှင်ထုတ်ရန် တူရကီရဲတပ်ဖွဲ့က CHP ဌာနချုပ်ကို စီးနင်းဝင်ရောက် ရဲတပ်ဖွဲ့က ဌာနချုပ်အပြင်ဘက်တွင် CHP ထောက်ခံသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် အတိုက်အခံအဖွဲ့က ဤနှင်ထုတ်မှုကို ‘တရားစီရင်ရေးဆိုင်ရာ အာဏာသိမ်းမှု’ အဖြစ် ရှုတ်ချခဲ့သည်။ မေလ ၂၄ ရက်နေ့တွင် တူရကီအဓိကအတိုက်အခံပါတီဖြစ်သော ပြည်သူ့ရီပတ်ဘလစ်ကန်ပါတီ (CHP) ဌာနချုပ်သို့ တူရကီအဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး အိုဇဂါ အိုဇဲလ် (Ozgur Ozel) နှင့် သူ၏ထောက်ခံသူများကို အတင်းအဓမ္မ ဖယ်ရှားခဲ့သည်။ တရားရုံးအမိန့်အရ ရာထူးပြန်လည်ရရှိခဲ့သည့် ပါတီခေါင်းဆောင်ဟောင်း ကေမယ်လ် ကီလစ်ဒါရော့ဂလူ (Kemal Kilicdaroglu) ၏ ရှေ့နေများက တောင်းဆိုပြီးနောက် တူရကီအစိုးရက ယခုကဲ့သို့ ကြားဝင်ဆောင်ရွက်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မျက်ရည်ယိုဗုံးများနှင့် ရာဘာကျည်များကို အသုံးပြုကာ ယာယီအတားအဆီးများကို ဖြိုဖျက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ရာထူးမှဖယ်ရှားခံရပြီးနောက် အိုဇဲလ်သည် ထောက်ခံသူထောင်ပေါင်းများစွာကို ဦးဆောင်ကာ တူရကီပါလီမန်သို့ ၆ ကီလိုမီတာခရီးကို ချီတက်ခဲ့သည်။ ပါလီမန်တွင် သူက ပါတီကို အဓမ္မသိမ်းပိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး ပါတီအနေဖြင့် မိမိတို့၏ တိုက်ပွဲကို “လူထုရင်ပြင်များတွင်” ဆက်လက်ဆင်နွှဲသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော အခြေအနေတင်းမာမှုသည် ယင်းမတိုင်မီတစ်ရက် (စနေနေ့) က ပါတီတွင်း နိုင်ငံရေးအလှည့်အပြောင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ စနေနေ့က ၂၀၂၃ ခုနှစ် ပါတီညီလာခံအပေါ် စုံစမ်းစစ်ဆေးမှုတစ်ခုအတွင်း လူ ၁၃ ဦး ထိန်းသိမ်းခံခဲ့ရပြီး ၎င်းတို့သည် လာဘ်ပေးလာဘ်ယူမှုနှင့် တရားမဝင်ငွေကြေးခဝါချမှု အပါအဝင် အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်အများအပြားနှင့် ရင်ဆိုင်နေရသည်။ ရဲတပ်ဖွဲ့၏ ဖိအားပေးမှုများ ရှိနေလင့်ကစား CHP လွှတ်တော်အမတ်များသည် ထိုနေ့မှာပင် အိုဇဲလ်ကို ပါတီ၏ ပါလီမန်အမတ်များအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ခေါင်းဆောင်မှုအငြင်းပွားမှုကို ဖြေရှင်းရန်အတွက် ပါတီညီလာခံအသစ်တစ်ခုကို ချက်ချင်းခေါ်ယူရန် အိုဇဲလ်က တောင်းဆိုခဲ့သော်လည်း ကီလစ်ဒါရော့ဂလူကမူ ထိုသို့သော အစည်းအဝေးကို "သင့်တော်မည့်" အချိန်ကျမှသာ ပြုလုပ်လိမ့်မည်ဟု ပြောကြားခဲ့သည်။ ဤအကျပ်အတည်းကို တိုက်ရိုက်ဖြစ်ပွားစေခဲ့သည့် အကြောင်းရင်းမှာ မေလ ၂၁ ရက်နေ့က တူရကီအယူခံတရားရုံးတစ်ခုက အိုဇဲလ် ခေါင်းဆောင်အဖြစ် ရွေးကောက်ခံခဲ့ရသည့် ၂၀၂၃ ခုနှစ် CHP ပါတီညီလာခံရလဒ်ကို "မမှန်မကန်လုပ်ရပ်များ" ရှိခဲ့သည်ဟုဆိုကာ ပယ်ဖျက်လိုက်ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် အိုဇဲလ်၏နေရာတွင် သူ၏အရင် ခေါင်းဆောင်ဟောင်း ကီလစ်ဒါရော့ဂလူကို ပြန်လည် အစားထိုးရန် တရားရုံးက အမိန့်ပေးခဲ့သည်။ ကီလစ်ဒါရော့ဂလူသည် အတိုက်အခံပါတီကို ၁၃ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် သမ္မတ ရီဆပ် တိုင်ယစ် အာဒိုဂန် (Recep Tayyip Erdogan) ကို ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ အိုဇဲလ်နှင့် သူ၏အမှုဆောင်အဖွဲ့သည် ထိုတရားရုံးဆုံးဖြတ်ချက်ကို "တရားစီရင်ရေးဆိုင်ရာ အာဏာသိမ်းမှု" ဟု ခေါ်ဆိုကာ ပြစ်တင်ရှုတ်ချခဲ့ပြီး ဌာနချုပ်မှ ဖယ်ခွာပေးရန် ငြင်းဆန်ခဲ့သည်။ သူ၏နောက်လိုက်များသည် ရဲတပ်ဖွဲ့က အတင်းအဓမ္မ ဝင်ရောက်မနှင်ထုတ်မချင်း ဌာနချုပ်တွင် "နေ့ရောညပါ" ဝိုင်းရံနေထိုင်ခဲ့ကြသည်။ တူရကီအတိုက်အခံ ထောက်ခံသူများကမူ ယခုခေါင်းဆောင်မှု အကျပ်အတည်းသည် ၂၀၂၈ ခုနှစ်တွင် ကျင်းပမည့် အမျိုးသားရွေးကောက်ပွဲ မတိုင်မီ CHP ပါတီ၏ အင်အားကို ဖြိုခွဲရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ကြသည်။ CHP ပါတီသည် ၂၀၂၄ ခုနှစ် ဒေသန္တရရွေးကောက်ပွဲတွင် အာဒိုဂန်၏ အာဏာရပါတီကို အနိုင်ရရှိထားခဲ့ခြင်း ဖြစ်သည်။ ယခုနှိမ်နင်းမှုသည် အာဒိုဂန်ကို အဓိကစိန်ခေါ်နိုင်သူဖြစ်ပြီး လူထုထောက်ခံမှုရရှိထားသည့် အစ္စတန်ဘူလ်မြို့တော်ဝန် ဧကရမ် အီမာမိုဂလူ (Ekrem Imamoglu) ကို ပြီးခဲ့သည့်နှစ် မတ်လကတည်းက အဂတိလိုက်စားမှု စွဲချက်များဖြင့် ဖမ်းဆီးထောင်ချခဲ့ပြီးနောက်ပိုင်း ထပ်မံထွက်ပေါ်လာသည့် နှိမ်နင်းမှုလည်း ဖြစ်သည်။ NOM

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကားပ
+3
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ်များအား တွေ့ဆုံအမှာစကားပြောကြား

ယူကရိန်းမှာ ဒုံးကျည်အရေအတွက် ဘယ်လောက်ရှိလဲဆိုတာနဲ့ အနောက်အုပ်စုက လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ဒုံးကျည်ဘယ်လောက်အထိ ထောက်ပံ့ပေ
ယူကရိန်းမှာ ဒုံးကျည်အရေအတွက် ဘယ်လောက်ရှိလဲဆိုတာနဲ့ အနောက်အုပ်စုက လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ဒုံးကျည်ဘယ်လောက်အထိ ထောက်ပံ့ပေးနေလဲဆိုတာကို ရုရှားဘက်က အတိအကျ သိရှိနေကြောင်း ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ အစ်ဟနတ်က ဝန်ခံပြောကြားလိုက်သည်။ လက်ရှိအချိန်တွင် ယူကရိန်းနိုင်ငံအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ ပြတ်လပ်မှု ဒုက္ခနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရကြောင်း ၎င်းက အတည်ပြုခဲ့သည်။ NOM

လက်ရှိစစ်ပွဲနှင့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၊ အစ္စရေးတို့​၏ ပစ်မှတ်များသည် အီရန်​၏ တိုက်ခိုက်မှုများဒဏ်ကို ခံစားရနိုင်ခြေရှိကြောင်း ထင်ရှားနေခြင်းက - ဒုံးကျည်တပ်ဖွဲ့များ၏ ပစ်ခတ်မှုအကွာအဝေး၊ တိကျမှုနှင့် ရှင်သန်နိုင်စွမ်းတို့ကို ပိုမိုမြှင့်တင်ရန် အီရန်နိုင်ငံအတွင်းရှိ သဘောထားဆန္ဒများကိုသာ ပိုမိုခိုင်မာစေသည်။ အမေရိကန်ထောက်လှမ်းရေး​၏ လျှို့ဝှက်ဆန်းစစ်ချက်များကို သတင်းစာများထံ ပေါက်ကြားပေးနေသည့် အမေရိကန် အာဏာပိုင်အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအတွက်မူ ယခုအချက်သည် အိမ်ဖြူတော်၏ မှားယွင်းသော ကတိကဝတ်များအပေါ် အခြေခံထားသည့် စစ်ရေးတင်းမာမှုများကို ဆက်လက်မလုပ်ဆောင်ရန် ထပ်ဆောင်းအကြောင်းပြချက်တစ်ခု ဖြစ်နေသည်။ သို့သော် ဤသတင်းပေါက်ကြားမှုများသည် ထရမ့်ဘဘေးနားရှိ စစ်ပွဲလိုလားသော လော်ဘီသမားများကို တားဆီးရန် လုံလောက်မှု ရှိ၊ မရှိ ဆိုသည်မှာမူ မေးခွန်းထုတ်စရာ ကြီးမားစွာ ရှိနေဆဲဖြစ်သည်။ NOM