ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 422 подписчиков, занимая 16 330 место в категории Новости и СМИ и 9 947 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 422 подписчиков.

Согласно последним данным от 27 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -136, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 5.67%. В первые 24 часа после публикации контент обычно набирает 4.32% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 648 просмотров. В течение первых суток публикация набирает 493 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 10.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Благодаря высокой частоте обновлений (последние данные получены 28 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

11 422
Подписчики
-924 часа
-317 дней
-13630 дней
Архив постов
ပင်လုံစာချုပ် ချုပ်တော့ ကချင်ပြည်နယ်တောင် မပေါ်သေးဘူး။ ကချင်ပြည်နယ် ဖြစ်လာဖို့ စစ်ကိုင်းထဲက မြစ်ကြီးနားနဲ့ ဗန်းမော်ကို ထည့်ပေးလိုက်ရတယ်။ မဟုတ်ရင် ကချင်ဆိုတာ မြေပြန့်တောင် ရှိမယ် မထင်ဘူး။ ပင်လုံစာချုပ်မှာလည်း ကချင်ပြည်နယ်အဖြစ် ပေးခဲ့တာ မဟုတ်ဘူး။ ကချင်ပြည်နယ် ဖြစ်လာဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ခဲ့တာ။ ဘာပဲဖြစ်ဖြစ်...ပေးဖို့ ရည်ရွယ်ခဲ့လို့သာ ကော်မရှင် ဖွဲ့ခဲ့တာ ဆိုတော့လည်း ဘာမှ အငြင်းပွားစရာတော့ မရှိဘူး။ လက်ရှိ ပြည်နယ်တွေကို အများဆိုင် အမည်နာမ ပြောင်းမယ်ဆိုတော့ ကချင်ပြည်နယ်ကို အမည်ပြောင်းရင် စစ်ပွဲတွေ ပိုဖြစ်မှာပဲ ဆိုပြီး KIA က ပြောလာတယ်။ မေးစရာက ကချင်တပြည်နယ်လုံးရဲ့ အခွင့်အာဏာက KIA တစ်ခုတည်းက ဆုံးဖြတ်ခွင့် ရှိတာလားလို့ မေးစရာပဲ။ ခုလို အမည်ပြောင်းသင့်တယ် ဆိုတဲ့ အမြင်ကလည်း ချွတ်မရတဲ့ လူမျိုးစွဲ တွေက Globalization ခေတ်ထိအောင် ရှေးရိုးစွဲ လွန်းအားကြီးလို့ ဖြစ်လာကြတာပဲ။ ၆၂ မှာ လက်ရှိ Majority ဖြစ်တဲ့ တိုင်းရင်းသားအမည်တွေနဲ့ ပြည်နယ်တွေ သတ်မှတ်ပေးတဲ့အခါ....ငါတို့ လူမျိုးက ဒီပြည်နယ် တစ်ခုလုံးကို ပိုင်တယ် ဆိုတဲ့ အမြင် ဖြစ်သွားရော။ ဒါ့ကြောင့် ဒေသကို အခြေခံတဲ့ ဖက်ဒရယ်ပဲ ဖြစ်သင့်တယ်လို့ ပြောနေရတာပဲ။ ခုလက်ရှိ ပြည်နယ် တစ်ခုစီတိုင်းမှာ လက်နက်ကိုင်ကြပါတယ်ဆိုတဲ့ EAO တွေကိုယ်တိုင် လူမျိုးစုအတွက် လက်နက်ကိုင်တာလား၊ အကျိုးစီးပွားအတွက် လက်နက်ကိုင်ကြတာလားဆိုတာ မဖြစ်မနေ ပြန်မေးကြရတော့မယ်။ ဧရာဝတီက တက်လာတဲ့ သတင်းတပုဒ်မှာ SSPP ကလည်း သူ့ဒေသမှာ တရုတ်ကုမ္ပဏီတွေ ခေါ်သွင်းပြီး သတ္တုတူးဖော်ရေးတွေ လုပ်နေတယ်ဆိုပြီး ရေးလာတယ်။ ဒီတော့ တန်းတူညီမျှရေးအတွက် လက်နက်ကိုင်ကြပါတယ် ဆိုတဲ့ လက်နက်ကိုင်တွေက တကိုယ်ရည်စာ နယ်မြေ တစ်ခုမှာ လုပ်ပိုင်ခွင့်ရဖို့ နယ်မြေတောင်းမယ်။ အကျိုးစီးပွားအတွက် တရုတ်ကုမ္ပဏီ ခေါ်ချလာတယ်။ ဘာမှာလဲ ရှမ်းလူမျိုးတွေအတွက် အကျိုးစီးပွား။ ဘယ်မှာလဲ ဖက်ဒရယ် သဘောတရားလို့ မေးရမလိုပဲ။ ဒါက SSPP မှမဟုတ်ဘူး။ လက်နက်ကိုင်တိုင်း ဖြစ်နေတာ။ လက်ရှိကချင်မှာလည်း KIA က မြေရှားထုတ်တယ်။ တရုတ်ဆီ အောက်ဆိုက်ဈေးနဲ့ ရောင်းတယ်။ မြစ်ကြီးနား အပေါ် တောက်လျှောက် တရားမဝင် ရွှေတူးဖော်နေတာတွေလည်း အများကြီး။ သမ္မတကြီးကတော့ သူခိုး ဓားရိုး မကမ်းဖို့ ပြောတာပဲ။ ဒါပေမယ့် ကချင်ပြည်နယ်က စလို့ စစ်ကိုင်းတိုင်းထဲ အထိ တရားမဝင် ရွှေဖောင်တွေ အများကြီး။ ဧရာဝတီတိုင်းမှာ တာရိုးပေါက်တဲ့ ကိစ္စတွေက အပေါ်ဘက်ကိုမှ မထိန်းနိုင်သမျှ နှစ်စဉ် ရေဘေးက ဖြစ်နေမှာပဲ။ ဘာလို့လဲဆိုတော့ မြစ်ကြမ်းပြင်တွေက ပျက်စီးကြပြီလေ။ ငြိမ်းချမ်းရေး ခေါင်းစဉ်နဲ့ ဒီလို လက်နက်ကိုင်တွေကို ဖိတ်ခေါ်ကမ်းလှမ်းရင်....အစိုးရအတွက်လည်း ကြာရင် နာမည်ပျက်မှာပဲ။ ကျိုက်ထီးရိုးလို ဒေသမှာတောင် ဘုရားဖူးတာ လုံခြုံဖို့ ဆက်ကြေး ပေးနေရပြီဆိုရင် တခြား‌နေရာတွေအတွက်တော့ ...ပြောစရာ စကားတောင် မရှိတော့ဘူး။ လူဦးရေ ၂ သိန်းတောင် မပြည့်တဲ့ ကိုးကန့်က သိန္နီနဲ့ ကွတ်ခိုင်ကို အထူးဒေသ လုပ်တာကလည်း ခံပြင်းစရာ။ တချို့ တဖက်ပေါက်တွေရဲ့ လုပ်ရပ်က စားပွဲပေါ်ကနေ အဖြေရှာဖို့ အတော်လေးတော့ ကြာဦးမယ် ထင်တယ်။ (နရီမိုး)
29 окт., 09:21

မန္တလေးတွင် အမျိုးသားတစ်ဦး ကားပေါ်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့်သေဆုံး NOM အောက်တိုဘာ ၂၉၊ ၂၀၂၆ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့
+1
မန္တလေးတွင် အမျိုးသားတစ်ဦး ကားပေါ်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့်သေဆုံး NOM အောက်တိုဘာ ၂၉၊ ၂၀၂၆ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်၊ က.ည.န ရုံးအနီး မျက်နှာချင်းဆိုင် ပန်းခြံမုဒ်ဦးနှင့် EV အားသွင်းသည့်နေရာ ကြားလမ်းကြောပေါ်တွင် အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီကျော်က အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ကားပေါ်၌လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့်သေဆုံးခဲ့‌ကြောင်းသိရသည်။ ဖြစ်စဥ်မှာ Delivery DV ကား၏ ယာဥ်မောင်းနေရာတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသူသည် လမ်း ၈၁ နှင့် ၄၀ လမ်းထောင့်ရှိခန့်ကြီးဘီယာဆိုင်ပိုင်ရှင် အသက်သုံးဆယ်ကျော်ဝန်းကျင်ရှိ ကိုမျိုးသန့် ဖြစ်‌ကြောင်းသိရသည်။ သေဆုံးသူမှာ ယာဘက်နဖူးပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာပါးပြတ်ရှဒဏ်ရာသုံးချက်၊ ဝဲပါးပြတ်ရှဒဏ်ရာသုံးချက်၊ လည်ပင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ယာလက်မောင်းပြတ်ရှဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး နယ်မြေစခန်း အမှတ် (၁၁) တွင် (ပ)၁၅၅/ ၂၀၂၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၃၀၂ နှင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးတိုင်းရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ‌ကြောင်းသိရသည်။
29 окт., 09:20

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး အော
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး အောက်တိုဘာ ၂၈၊ ၂၀၂၆ နယ်စပ်ရေးရာဝန်ကြီးဌာနက မိတ္ထီလာခရိုင် ကန်နီကျေးရွာအုပ်စု ညောင်ကုန်း(အရှေ့)ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊ ညွှန်ကြား‌ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ဒေသခံတောင်သူများအား ရာသီသီးနှံမျိုးစေ့များ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ဆက်လက်၍ ‌ဒေသခံတိုင်းရင်း သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးပြီး ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကန်ဆွယ်ကျေးရွာအုပ်စု မြသုခကျေးရွာအနီး အနောက်ပြက္ခရွေ့ တောင်ပေါ်ရှိ စွယ်တော်မြတ်စေတီသို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ဖောက်လုပ်ပြီးစီးမှုလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက် ဆဲလုပ်ငန်းအခြေအနေ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်‌ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်း၊ Box Culvert ၊ ကျောက်စီရေမြောင်း၊ ကွန်ကရစ်ရေကျော်၊ ကွန်ကရစ် မြေထိန်းနံရံ လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
29 окт., 08:27

တရုတ်နိုင်ငံ၌ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးက ၎င်း၏ နှစ်သစ်ကူး မုန့်ဖိုးစုငွေများကို ဒုတိယအကြိမ် မင်္ဂလာဆောင်တွင် သုံးစွဲခဲ့သည့် အဖေအရင်းဖြစ်သူအား တရားစွဲဆိုခဲ့ပြီး အနိုင်ရရှိခဲ့ အဆိုပါ ဖခင်ဖြစ်သူသည် ကလေးငယ် စုဆောင်းထားသည့် တရုတ်နှစ်သစ်ကူး မုန့်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁၁,၅၀၀ ကို သုံးစွဲခဲ့ခြင်းဖြစ်သည်။ တရားရုံးက သုံးစွဲခဲ့သည့် မူရင်းငွေပမာဏ အပြည့်အဝအပြင် အတိုးပါ ထည့်သွင်းပေးလျော်ရန် အမိန့်ချမှတ်ခဲ့သည်။
29 окт., 08:26

ယူကရိန်းအပေါ် အီလွန်မာစခ်၏ သဘောထားမှာ "ရက်ရောစွာ ကူညီပံ့ပိုးမှုမှသည် ပေါ်ပေါ်ထင်ထင် ရန်လိုမှုအထိ" ပြောင်းလဲသွားခဲ့ တစ်ချိန်က
ယူကရိန်းအပေါ် အီလွန်မာစခ်၏ သဘောထားမှာ "ရက်ရောစွာ ကူညီပံ့ပိုးမှုမှသည် ပေါ်ပေါ်ထင်ထင် ရန်လိုမှုအထိ" ပြောင်းလဲသွားခဲ့ တစ်ချိန်က ယူကရိန်းအတွက် စတားလင့်ခ် (Starlink) ဂြိုလ်တုဆက်သွယ်ရေးစနစ် အဓိက ထောက်ပံ့ပေးသူဖြစ်ခဲ့သည့် စပေ့စ်အိတ်စ် (SpaceX) တည်ထောင်သူ အီလွန် မာစခ် (Elon Musk) သည် နောက်ပိုင်းတွင် ယူကရိန်းအစိုးရကို ဆန့်ကျင်လာပြီး ယူကရိန်းစစ်တပ် အသုံးပြုနေသည့် ကွန်ရက်ပေါ်တွင် ကန့်သတ်ချက်များ စတင်ချမှတ်ခဲ့ကြောင်း အရင်းအမြစ်မျိုးစုံကို ကိုးကား၍ The Atlantic သတင်းဌာနက ဖော်ပြခဲ့သည်။ ၎င်း၏ သဘောထား ရုတ်တရက် ပြောင်းလဲသွားရသည့် အသေးစိတ် အချက်အလက်အချို့ - - ယူကရိန်း ပဋိပက္ခ စတင်ချိန်တွင် မာစခ်သည် ယူကရိန်းရှိ ဆေးရုံများ၊ ဓာတ်အားပေးစက်ရုံများ၊ အစိုးရရုံးများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများထံ စတားလင့်ခ် စက်အမြောက်အမြား ထောက်ပံ့ပေးခဲ့သော်လည်း၊ နောက်ပိုင်းတွင် အဆိုပါ ကွန်ရက်ကို ယူကရိန်းစစ်တပ်က ဆက်သွယ်ရေးနှင့် ဒရုန်းထိန်းချုပ်မှုများအတွက် ရယူအသုံးပြုခဲ့သည်။ - ယူကရိန်း၏ ဒရုန်းများက ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် အွန်လိုင်းပေါ်မှ ပုံရိပ်များသည် တက္ကဆက်ရှိ SpaceX ဌာနချုပ်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ပြီး ထိုအခြေအနေအပေါ် “လူအများအပြား ပိုမိုမသက်မသာ ဖြစ်လာခဲ့ကြသည်”။ - ကရိုင်းမီးယားအနီးရှိ ရုရှားစစ်သင်္ဘောများကို တိုက်ခိုက်ရန် ပင်လယ်နက်ဧရိယာအတွင်း စတားလင့်ခ် ဖွင့်ပေးရန် ယူကရိန်းတာဝန်ရှိသူများက တောင်းဆိုလာချိန်တွင် မာစခ်၏ စိုးရိမ်မှုမှာ ပိုမိုနက်ရှိုင်းသွားခဲ့သည်။ စတားလင့်ခ်ကို စစ်ပွဲတွေမှာ ပါဝင်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ လူတွေ Netflix ကြည့်ပြီး အနားယူဖို့၊ ကျောင်းစာအတွက် အွန်လိုင်းတက်ဖို့နဲ့ ငြိမ်းချမ်းတဲ့ ကောင်းမွန်တဲ့အရာတွေ လုပ်ဖို့အတွက်ပါ၊ ဒရုန်းတွေနဲ့ ဗုံးကြဲဖို့ မဟုတ်ပါဘူး” ဟု ထိုစဉ်က မာစ်ခ်က ၎င်း၏အတ္ထုပ္ပတ္တိ ရေးသားသူ ဝေါ်လ်တာ အိုက်ဆက်ဆန်အား ပြောကြားခဲ့သည်။ မာစခ်သည် လူသတ်ရန် အဓိကထားသည့် စစ်ဆင်ရေး ဒရုန်းတိုက်ခိုက်မှုများတွင် စတားလင့်ခ်ကို အသုံးပြုခြင်းကို "မည်သည့်အခါမျှ ခွင့်မပြုခဲ့ဖူးသလို၊ ခွင့်လည်း မပြုသင့်ကြောင်းနှင့် အဆိုပါ လစ်ဟာချက်ကို အောက်တိုဘာလဆန်းပိုင်းကတည်းက ပိတ်ပင်ခဲ့ပြီးဖြစ်ကြောင်း” မကြာသေးမီက သတိပေးခဲ့သည်။ မကြာသေးမီက ယူကရိန်း၌ စတားလင့်ခ် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်သွားမှုနှင့်အတူ မာစခ်သည် အဆိုပါ ဝန်ဆောင်မှုကို "သူဆန္ဒရှိသည့် မည်သည့်အချိန်မဆို" ဖြတ်တောက်နိုင်ကြောင်းပြသခဲ့သည်။
29 окт., 08:20

အီသီယိုးပီးယား လေတပ်၏ Su-35 တိုက်လေယာဉ်များပေါ်ရှိ ပုံဖျက်အရောင် (Camouflage) ဆေးခြယ်မှုကို ကြည့်ခြင်းအားဖြင့် မူလက အီဂျစ်နို
+1
အီသီယိုးပီးယား လေတပ်၏ Su-35 တိုက်လေယာဉ်များပေါ်ရှိ ပုံဖျက်အရောင် (Camouflage) ဆေးခြယ်မှုကို ကြည့်ခြင်းအားဖြင့် မူလက အီဂျစ်နိုင်ငံအတွက် ထုတ်လုပ်ခဲ့ပြီးနောက် ကွန်ဆိုမော့စခ်-အွန်-အာမူး (Komsomolsk-on-Amur Aircraft) (KnAAZ) လေယာဉ်စက်ရုံ ၏ လေယာဉ်ကွင်း၌ သောင်တင်နေသည့် လေယာဉ်များကို အီသီယိုးပီးယားနိုင်ငံက လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ၂၀၁၈ ခုနှစ်တွင် ရုရှားသည် အီဂျစ်နိုင်ငံနှင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး တန်ကြေးရှိ Su-35 တိုက်လေယာဉ် ၂၄ စီးနှင့် ဆက်စပ် လေတပ်လက်နက်များအတွက် စာချုပ်လက်မှတ်ရေးထိုးခဲ့ရာ၊ အီဂျစ်သည် တရုတ်ပြီးလျှင် ဒုတိယမြောက် ပြည်ပဝယ်ယူသူ ဖြစ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန် နိုင်ငံခြားရေးဌာနက ရုရှားတိုက်လေယာဉ်များ ဝယ်ယူခြင်းမပြုရန် အီဂျစ်အား သတိပေးခဲ့သည်။ ဓာတ်ပုံ (၁) (အပေါ်) - ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဇူကော့စကီး (Zhukovsky) မြို့ရှိ ဂရိုမော့ဗ် (Gromov) လေကြောင်းသုတေသနဌာန လေယာဉ်ကွင်းတွင် တွေ့ရသည့် Bort နံပါတ် 9211 ပါ အီဂျစ် Su-35 “Super Flanker” တိုက်လေယာဉ်၏ မှတ်တမ်းဓာတ်ပုံ။ ဓာတ်ပုံ (၂) (အောက်) - ဆူခွိုင်း (Sukhoi) ၏ လက်အောက်ခံ ယူရီ ဂါဂါရင် (Yuri Gagarin Komsomolsk-on-Amur) လေယာဉ် စက်ရုံတွင် အီဂျစ်အတွက် တည်ဆောက်ခဲ့သည့် Su-35SE တိုက်လေယာဉ် ၂၁ စီး၏ ဂြိုဟ်တုဓာတ်ပုံ။ ထို့ကြောင့် ရုရှား၏ နိုင်ငံပိုင် လက်နက်တင်ပို့ရောင်းချရေး ကုမ္ပဏီ ရိုဆိုဘိုရွန်အက်စပို့စ် (Rosoboronexport) သည် စက်ရုံ၌ သောင်တင်နေသည့် ဆောက်လုပ် တပ်ဆင်ပြီး လေယာဉ်များအတွက် ဝယ်ယူမည့်သူ အသစ်များကို အောင်မြင်စွာ ရှာဖွေပေးနိုင်ခဲ့သည်။
29 окт., 07:04

မော်လိုက်မြို့အနီး ဗဟိုပြု၍ အင်အား၃.၇ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ် NOM စစ်ကိုင်တိုင်းဒေသကြီး၊ မော်လိုက် မြို့၏ အရှေ့တောင်ဘက် (၂၇)မိုင်ခန့်အကွာတွင်ယနေ့(အောက်တိုဘာ ၂၉ရက်) မွန်းလွဲပိုင်းက အင်အား ပမာဏ ၃.၇ (M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါမြေငလျင်သည် အောက်တိုဘာလ ၂၉ ရက်၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၁၂)မိနစ်၊ (၄၆) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၅၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း မော်လိုက်မြို့၏ အရှေ့တောင်ဘက် (၂၇) မိုင်ခန့်အကွာ၊ အနက် (၉၅) ကီလိုမီတာ ကို ဗဟိုပြု၍ ပမာဏ ၃.၇ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
29 окт., 06:47

ခန္တီးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေး အောက်တိုဘာ ၂၉၊ ၂၀၂၆ စစ်ကိုင်းတိုင်း
ခန္တီးမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေး အောက်တိုဘာ ၂၉၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ယမန်နေ့မွန်းလွဲပိုင်းတွင် နောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးဝင်းထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံဝင်းအတွင်း  လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဆရာဝန်၊ သူနာပြုများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
29 окт., 06:47

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဟော်မုဇ် ရေလက်ကြား တောင်ဘက်ရှိ ခွင့်ပြုချက်မရှိသော ရေလမ်းကြောင်းအတိုင်း ဖြတ်သန်းရန် ကြိုးပမ်းစဉ် ရေမြှုပ်မိုင်းများ ထိမှန်ပြီး ရေနံတင်သင်္ဘော ၃ စီး ပေါက်ကွဲမီးလောင်ခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က သတင်းထုတ်ပြန်သည်။ အဆိုပါ သင်္ဘောများသည် ရေဒါနှင့် ရေလမ်းကြောင်းလမ်းညွှန်စနစ်များကို ပိတ်ထားကြပြီး IRGC ၏ သတိပေးချက်များကို လျစ်လျူရှုခဲ့ကြကာ ဟော်မုဇ်ရေလက်ကြား တောင်ဘက်ကမ်းလွန်တွင် ရေမြှုပ်မိုင်းများထိမှန်ပြီးနောက် သင်္ဘောသားများသည် ၎င်းတို့၏သင်္ဘောများကို စွန့်ခွာခဲ့ရကြောင်းပြောကြားခဲ့သည်။
29 окт., 06:43

ဆော်ဒီအာရေးဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ဓာတ်ပုံတစ်ပုံတွင် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်
ဆော်ဒီအာရေးဗီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည့် ဓာတ်ပုံတစ်ပုံတွင် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ရန်အတွက် ဆော်ဒီစစ်တပ်၌ တာဝန်ထမ်းဆောင်နေသည့် ပါကစ္စတန် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဘာရိန်း လေသူရဲတစ်ဦးတို့ ပါဝင်နေသည်ကိုတွေ့ရှိရသည်။
29 окт., 06:35

အာမေးနီးယားပါလီမန်(လွှတ်တော်)တွင်အာဏာရပါတီအမတ်များနှင့်အတိုက်အခံအမတ်များခိုက်ရန်ဖြစ်ပွါး NOM
29 окт., 06:27

၂၀၂၆−၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ် အောက်တိုဘာ ၂၈၊ ၂၀၂
+1
၂၀၂၆−၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ်  အောက်တိုဘာ ၂၈၊ ၂၀၂၆ ၂၀၂၆−၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့်     နေပြည်တော်တိုင်း စစ်ဌာနချုပ်နှင့်    ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော် သားမိသားစုဝင်   ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်  ကျော်စိုးလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊မိသားစုများနှင့်  ကျောင်းသား၊ကျောင်းသူများ  တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်နှင့်   ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ကျောင်းသူ ၉၄၂၆ ဦးတွက် ကျောင်းဝတ်စုံနှင့်   စာရေးကိရိယာများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
29 окт., 06:25

ဒေါ်လာ ၂,၀၀၀ တန် iPhone Duo ကို ဝယ်ယူပြီးပြီးချင်းမှာပဲ မျက်နှာပြင် ကွဲအက်သွားခဲ့ အမေရိကန်နိုင်ငံ၊ တက်ဆက်စ်ပြည်နယ်မှ ရှိန်းဘာ
ဒေါ်လာ ၂,၀၀၀ တန် iPhone Duo ကို ဝယ်ယူပြီးပြီးချင်းမှာပဲ မျက်နှာပြင် ကွဲအက်သွားခဲ့ အမေရိကန်နိုင်ငံ၊ တက်ဆက်စ်ပြည်နယ်မှ ရှိန်းဘာစင်စကီသည် iPhone Duo ဖုန်းဝယ်ယူပြီးနောက် ၅ ကြိမ်ထက်မပိုဘဲ ဖြန့်/ခေါက် စမ်းသပ်ကြည့်စဉ် လက်ထဲ၌ပင် မျက်နှာပြင် ကွဲအက်သွားခဲ့ကြောင်း WSJ သတင်းဌာနက ဖော်ပြခဲ့သည်။
29 окт., 06:21

တောင်ကိုရီးယားက မြောက်ကိုရီးယားဘက်သို့ စပီကာများဖြင့် ဝါဒဖြန့် အသံလွှင့်မှုများ ပြုလုပ် NOM တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အ
တောင်ကိုရီးယားက မြောက်ကိုရီးယားဘက်သို့ စပီကာများဖြင့် ဝါဒဖြန့် အသံလွှင့်မှုများ ပြုလုပ် NOM တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အမှိုက်များတင်ဆောင်ထားသည့် မိုးပျံပူပေါင်းများ ပေးပို့ခဲ့သည့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားဘက်သို့ ဦးတည်၍ စပီကာများဖြင့် အသံလွှင့်သည့် လှုပ်ရှားမှုကို တစ်ညလုံး ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ အမှိုက်များ ပေးပို့နေခြင်းကို ရပ်တန့်ရန် အကြိမ်ကြိမ် သတိပေးခဲ့ပြီးနောက်၊ တောင်ကိုရီးယား စစ်ဘက်သည် နယ်စပ်တွင် တပ်ဆင်ထားသည့် စပီကာကြီးများကို အသုံးပြု၍ ဝါဒဖြန့်မှုများ၊ ကမ္ဘာ့သတင်းများနှင့် K-pop ဂီတများကို မြောက်ကိုရီးယားဘက်သို့ ဦးတည်ကာ ပြန်လည်ထုတ်လွှင့်ခဲ့သည်။ စစ်ဘက်တာဝန်ရှိသူများနှင့် လှုပ်ရှားသူများက ထိရောက်သည့် စိတ်ဓာတ်စစ်ဆင်ရေး ပုံစံတစ်ခုအဖြစ် သတ်မှတ်ထားသော အဆိုပါ အသံလွှင့်မှုများကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ ရပ်ဆိုင်းခဲ့သော်လည်း၊ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် နှစ်ဖက်စလုံးက ထိုသဘောတူညီချက်ကို ပျက်ပြယ်ကြောင်း ကြေညာခဲ့ကြသည်။
29 окт., 06:20

ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ
ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM အောက်တိုဘာ ၂၉၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံကြီးသို့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနဏ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၈ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မစုပုံ (ခ) မကြည်ဖြူငြိမ်းထွေး (၂၉) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
29 окт., 06:13

ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ
ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအား KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရ NOM အောက်တိုဘာ ၂၉၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံကြီးသို့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနဏ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာရရှိသူ အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၈ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာသို့ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မစုပုံ (ခ) မကြည်ဖြူငြိမ်းထွေး (၂၉) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
29 окт., 06:10
29 окт., ~06:13

ရုရှားအမျိုးသားတစ်ဦး၏ မျက်လုံးအတွင်း ၄ လကြာ ဝင်ရောက်နေသည့် အစေ့မှ အညှောက်​ေထွက်လာ ယာကူတီယာ (Yakutia) ဒေသမှ အသက် ၄၂ နှစ်အရွယ် မက်ဆင် စလက်ပ်ဆော့ဗ် (Maxim Sleptsov) သည် မျက်စိကိုက်ခဲခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် မျက်လုံးအတွင်း ရေချိန်တိုးခြင်းတို့ကြောင့် ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။ ဆရာဝန်များက ၎င်း၏မျက်လုံးအတွင်းရှိ အစေ့ကို ဖယ်ရှားပေးခဲ့ပြီးဖြစ်၍ လက်ရှိတွင် မျက်စိထိခိုက်ပျက်စီးနိုင်သည့် အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သည်။
29 окт., 06:05

အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က အမေရိကန် စစ်ဘက်ဆိုင်ရာ MQM-170 ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို အီလက်ထရွန်နစ် စစ်ဆင်ရေး နည်းပညာဖြင့် ကြားဖြတ်ဟန့်တားခဲ့ပြီး ဟော်မုဇ် ရေလက်ကြားအနောက်ဘက်ပိုင်းတွင် ဘေးကင်းစွာ ဆင်းသက်စေခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုဒရုန်းထံမှ ရရှိသည့် ပဏာမအချက်အလက်များအရ ဒရုန်း၏ ပျံသန်းမှု စတင်ခဲ့သည့်နေရာမှာ ပါရှန်ပင်လယ်ကွေ့ တောင်ဘက်ကမ်းရိုးတန်းရှိ နိုင်ငံတစ်ခုမှ ဖြစ်ကြောင်းသိရှိရသည်။
29 окт., 05:52

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းရေးနှင့် ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရ
+6
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းရေးနှင့် ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက်အမှာစကားပြောကြားကာ ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ မိမိတို၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖော်ဆောင််ရွက်ရာတွင် မျိုးဆက်သစ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် မိမိတို၏ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးလေးစားတန်ဖိုးထားမှုများ ရှင်သန်ခိုင်မာနေရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ ထိုပြင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များကို တန်ဖိုးထား၍ မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းထိန်းသိမ်းရန်နှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများကို အပြန်အလှန်လေးစားကာ ပြည်ထောင်စုစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။
29 окт., 05:50

(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောင်ကလပ်ကျေးရွာအုပ်စု ကော့ထေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်
+4
(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောင်ကလပ်ကျေးရွာအုပ်စု ကော့ထေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်   အောက်တိုဘာ ၂၉၊ ၂၀၂၆   နိုဝင်ဘာ ၇ ရက်နေ့တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘားအံမြို့နယ်၊ ထောင်ကလပ်ကျေးရွာအုပ်စု၊ ကော့ထေးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။   ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်လာသော ကော့ထေးကျေးရွာရပ်မိ၊ရပ်ဖများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်နှင့် အဖွဲ့ဝင်များက ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။   အဆိုပါကွန်ကရစ်လမ်းသစ်ကို ၂၀၂၆-၂၀၂၇ ခု ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၉၇ ဒသမ ၆၂၀ သန်းဖြင့် အရှည် ၄ ဒဿမ ၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ၊ Box Culvert တစ်စင်းတို့ကို ဒေါနကြယ်စင်ကုမ္ပဏီနှင့်ဇွဲကပင်မေမေကုမ္ပဏီတို့က တာဝန်ယူဆောင်ရွက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။   အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကော့ထေးကျေးရွာအဝင်လမ်းကွန်ကရစ်လမ်းသစ်သည် နိုင်ငံ တော်အစိုးရ၏ မူဝါဒ၊လမ်းညွှန်ချက်များအရ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသည့် စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။   ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
29 окт., 05:46