ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 532 名订阅者,在 新闻与媒体 类别中位列第 16 077,并在 缅甸 地区排名第 10 075

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 532 名订阅者。

根据 18 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -276,过去 24 小时变化为 -19,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 7.29%。内容发布后 24 小时内通常能获得 9.34% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 913 次浏览,首日通常累积 1 171 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 16

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 19 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 532
订阅者
-1924 小时
-637
-27630
帖子存档
ကြာအင်းဆိပ်ကြီးမြို့နယ်၊ သုံးတိုင်ကျေးရွာတွင် ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်
ကြာအင်းဆိပ်ကြီးမြို့နယ်၊ သုံးတိုင်ကျေးရွာတွင် ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရ မေ ၁၅၊ ၂၀၂၆ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သုံးတိုင်ကျေးရွာနေ ဦးဝင်းဇော် (၆၇) နှစ်သည် မေလ ၁၃ ရက်နေ့ ည ၇ နာရီအချိန်၌ ၎င်း၏နေအိမ်နှင့် တွဲလျက်ဖွင့်ထားသည့် ဈေးဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ နယ်မြေခံတပ်မတော်ဆေးခန်း၌ ဆေးကုသ ပေးလျက်ရှိကြောင်းသိရသည်။ NOM

ယူကရိန်းဒရုန်းများ လက်တဗီယားနိုင်ငံအတွင်း ပျက်ကျပြီးနောက် ဝန်ကြီးချုပ် အီဗီကာ ဆီလီညာ နုတ်ထွက်ကာ အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်
ယူကရိန်းဒရုန်းများ လက်တဗီယားနိုင်ငံအတွင်း ပျက်ကျပြီးနောက် ဝန်ကြီးချုပ် အီဗီကာ ဆီလီညာ နုတ်ထွက်ကာ အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ် သူမက ယခင်က ပြောကြားရာတွင် ဒရုန်းများကို မည်သူက လွှတ်တင်ခဲ့သည်ဖြစ်စေ အရေးမကြီးကြောင်းအဘယ်ကြောင့်ဆိုသော် "အပြစ်မှာ ရုရှားတွင်သာ ရှိသောကြောင့်ဖြစ်သည်" ဟု ဆိုခဲ့ဖူးသည်။ ၂၀၂၆ ခုနှစ် မေလအတွင်းက ယူကရိန်းဒရုန်း ၂ စင်းဟာ လက်တဗီယားလေပိုင်နက်ထဲကို ရောက်ရှိလာပြီး လောင်စာဆီသိုလှောင်ကန်တစ်ခုနားမှာ ပျက်ကျခဲ့ပါတယ်။ ယူကရိန်းဘက်ကတော့ ဒါဟာ ရုရှားရဲ့ အီလက်ထရောနစ်စစ်ဆင်ရေး (Electronic Warfare) ကြောင့် လမ်းကြောင်းလွဲသွားတာလို့ ရှင်းလင်းထားပါတယ်။ ဒီဖြစ်စဉ်ကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာတဲ့အတွက် ဝန်ကြီးချုပ်က ကာကွယ်ရေးဝန်ကြီးကို ရာထူးက ထုတ်ပယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကို မဟာမိတ်ပါတီဖြစ်တဲ့ Progressives ပါတီက သဘောမတူဘဲ အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် အစိုးရအဖွဲ့ ပြိုကွဲပြီး နုတ်ထွက်လိုက်ရခြင်းဖြစ်ပါတယ်။ အစိုးရသစ် မဖွဲ့နိုင်သေးခင်အထိ လက်ရှိအစိုးရအဖွဲ့ကပဲ ကြားဖြတ်တာဝန်ယူဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ NOM

သဲကုန်းမြို့နယ်၊ ကြို့ပင်သာကြီးကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲသတ်ဖြတ် မေ ၁၄၊ ၂၀၂၆
သဲကုန်းမြို့နယ်၊ ကြို့ပင်သာကြီးကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲသတ်ဖြတ် မေ ၁၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာကြီးကျေးရွာနေ ဦးတင်မျိုးနိုင် (ခ) ကျောက်ခဲ (၄၃) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခုနစ်ဦးခန့် ရောက်ရှိလာပြီး "ဒလန်" ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ဖွံ့ဖြိုးဆဲနိုင်ငံ (တတိယကမ္ဘာ) ကနေ တရုတ်နိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို Marco Rubio ဟာ တရုတ်နိုင်ငံမှာ အစည်းအဝေးကျင်းပမယ့် အခန်းရဲ့ မျက်နှာကြက် ဒီဇိုင်းတွေနဲ့ မီးအလင်းအမှောင် စနစ်တွေအပေါ် အထင်ကြီး အံ့အားသင့်နေပါတယ်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရထားပို့ဆောင်ရေးကို ပြည်သူများယုံကြည်စိတ်ချစွာဖြင့် အပြည့်အဝအားကိုး အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်လို မေ ၁၄၊ ၂၀၂၆

ဟစ်ဇဘိုလာအဖွဲ့က Houla မြို့အနီးရှိ အစ္စရေးစစ်စခန်းတစ်ခုကို FPV ဒရုန်းအမြောက်အမြား အသုံးပြုပြီး လုပ်ဆောင်ခဲ့တဲ့ အကြီးမားဆုံး ပူးပေါင်းတိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကို ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ FPV ဒရုန်းတွေဟာ ကားအတွင်းရှိနေတဲ့ အစ္စရေးတစ်ဦးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သလို၊ စစ်သုံးယာဉ်တစ်စီးနဲ့ တင့်ကားတစ်စီးကိုလည်း ထိမှန်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ NOM

ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ ဇနီးမောင်နှံနှစ်ဦးကို နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်ဖွဲ့က ပစ်သတ်သွား မေလ ၁၅၊ ၂၀၂၆ ရှမ်းပြည်
+1
ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ ဇနီးမောင်နှံနှစ်ဦးကို နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်ဖွဲ့က ပစ်သတ်သွား မေလ ၁၅၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ ဦးဆန်းလွင်ထူး (၅၆) နှစ်သည် မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်၌ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဆွေအိမ်သီ (ခ) ဒေါ်စန်းထူး (၄၇) နှစ်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

အစ္စရေးဝန်ကြီးချုပ်ကနယူးယောက်တိုင်းမ်သတင်းစာကိုတရားစွဲရန်စဥ်းစားနေ NOM နေတန်ယာဟုသည် နယူးယောက်တိုင်းမ်စ် သတင်းစာအား “အစ္စရေးစစ်သားများကို အသရေဖျက်သည်ဟု” တရားစွဲရန် စဉ်းစားနေသည်ဟု သိရသည်။အဆိုပါ စစ်သားများသည် ပါလက်စတိုင်း အကျဉ်းသားများကို ညှင်းပန်းနှိပ်စက်မှုရှိကြောင်း သတင်းဌာနများနှင့် လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများစွာကအကျယ်တဝင့် မှတ်တမ်းတင်ထားပြီးဖြစ်သည်။

အိမ်ဖြူေတာ်၏ထုတ်ပြန်ချက်ကိုတရုတ်ကမှတ်ချက်မပေး NOMအိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ အမေရိကန်သမ္မတ ထရမ့်နှင့် တရုတ်သမ္မတ ရှီတို့က အီရန်တွင်နျူကလီးယားလက်နက်ရှိခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ဟော်မုဇ် ရေလက်ကြားသည် သင်္ဘောများသွားလာရန် ပွင့်လင်းပြီး လွတ်လပ်စွာ ရှိနေသင့်ကြောင်း သဘောတူညီခဲ့ကြသည်။ တရုတ်ဘက်မှ ဤထုတ်ပြန်ချက်အပေါ် မှတ်ချက်မပေးခဲ့ပေ။

အမေရိကန်သမ္မတဟောင်းအိုဘားမားကသူ့လက်ထက်တွင်အီရန်ကိုဒုံးကျည်နစ်စင်းမှမပစ်ခတ်ပဲနျူကလီးယားအရေးဆွေးနွေးနိုင်ခဲ့ဟုပြော NOM အမေရိကန်
အမေရိကန်သမ္မတဟောင်းအိုဘားမားကသူ့လက်ထက်တွင်အီရန်ကိုဒုံးကျည်နစ်စင်းမှမပစ်ခတ်ပဲနျူကလီးယားအရေးဆွေးနွေးနိုင်ခဲ့ဟုပြော NOM အမေရိကန်သမ္မတဟောင်း ဘာရက် အိုဘားမားက CBS သတင်းဌာနနှင့် အင်တာဗျူးတွင် အီရန်နျူကလီးယား သဘောတူညီချက်ကို “ဒုံးကျည်တစ်စင်းမှ မပစ်လွှတ်ဘဲ” အောင်မြင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ အီရန်နိုင်ငံရဲ့ သန့်စင်ထားတဲ့ ယူရေနီယံရဲ့ ၉၇ ရာခိုင်နှုန်းကို ဖယ်ရှားခဲ့ပါတယ်။ ဒီသဘောတူညီချက် အလုပ်ဖြစ်ခဲ့တာကို သံသယမရှိပါဘူး။ လူအမြောက်အမြားကို သတ်ဖြတ်စရာ မလိုခဲ့သလို ဟော်မုဇ် ရေလက်ကြားကိုလည်း ပိတ်စရာ မလိုခဲ့ပါဘူး” ဟု အိုဘားမားက ရှင်းပြခဲ့သည်။ စစ်ပွဲ သို့မဟုတ် အခြေအနေပိုမိုဆိုးရွားစေခြင်းထက် သံတမန်ရေးအရ အီရန်နိုင်ငံသည် ၎င်း၏ အရပ်သား နျူကလီးယား အစီအစဉ်၏ သိသာထင်ရှားသော အစိတ်အပိုင်းကို ကန့်သတ်ရန် သဘောတူခဲ့သည်ဟု ၎င်းက ဆိုသည်။ အိုဘားမား၏ အဆိုအရ ယင်းက အီရန်သည် ပဋိပက္ခထက် ငြိမ်းချမ်းရေးကို ရှာဖွေကြောင်းနှင့် “နှစ်ဦးနှစ်ဖက်အနိုင်ရသည့်” ချဉ်းကပ်မှုအပေါ် အခြေခံသော သံတမန်ရေးသည် ဖြစ်နိုင်ချေရှိကြောင်း သက်သေပြခဲ့သည်။

တန်ဘိုးကြီးအမေရိကန်မောင်းသူမဲ့လေယာဥ်အုပ်၏သုံးပုံးတစ်ပုံကိုအီရန်ကပစ်ချခဲ့ NOM အမေရိကန်လေတပ်သည် အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ
တန်ဘိုးကြီးအမေရိကန်မောင်းသူမဲ့လေယာဥ်အုပ်၏သုံးပုံးတစ်ပုံကိုအီရန်ကပစ်ချခဲ့ NOM  အမေရိကန်လေတပ်သည် အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်၏ပစ်ချမှုကြောင့် ၎င်း၏ MQ-9 မောင်းသူမဲ့လေယာဉ်အုပ်စု၏ သုံးပုံတစ်ပုံကို ဆုံးရှုံးလိုက်ရသည်။ Air Force Times ၏ ဖော်ပြချက်အရ Operation Epic Fury စစ်ဆင်ရေး၌ တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများအပြီးတွင် အမေရိကန်၏ MQ-9 Reaper လေယာဉ်စာရင်းသည် ခန့်မှန်းခြေ ၁၃၅ စင်းအထိ ကျဆင်းသွားပြီး ကွန်ဂရက်က သတ်မှတ်ထားသော အနိမ့်ဆုံးအရေအတွက်ထက် လေယာဉ် ၅၄ စင်း လျော့နည်းနေသည်။ အာရုံခံကိရိယာ အပြည့်အစုံတပ်ဆင်ထားသော MQ-9 တစ်စင်း၏တန်ဖိုးမှာ တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖြစ်သည်။

အမေရိကန်လေတပ်၏ MQ-9 ဒရုန်းတပ်ဖွဲ့ဝင် သုံးပုံတစ်ပုံခန့်ကို အီရန်လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချဖျက်ဆီး Air Force Times သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်၏ MQ-9 Reaper ဒရုန်းလက်ကျန်အရေအတွက်မှာ Operation Epic Fury စစ်ဆင်ရေးအတွင်း ပျက်စီးဆုံးရှုံးမှုများကြောင့် ၁၃၅ စီးခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ၎င်းပမာဏသည် ကွန်ဂရက်လွှတ်တော်က သတ်မှတ်ထားသည့် အနိမ့်ဆုံးရှိရမည့် အရေအတွက်ထက် ၅၄ စီးခန့် လျော့နည်းနေခြင်းဖြစ်သည်။ အာရုံခံကိရိယာ အပြည့်အစုံတပ်ဆင်ထားသည့် MQ-9 Reaper ဒရုန်းတစ်စီးလျှင် အမေရိကန်ဒေါ်လာ သန်း ၅၀ အထိ တန်ဖိုးရှိသည်။ NOM

နေတန်ယာဟုလာဘ်စားမှုကိုစစ်နေသည့်တရားသူကြီးသဲသယဖြစ်ဖွယ်သေဆုံး NOM အစ္စေရးဝန်ကြီးချုပ်နေတန်ယာဟု၏ အဂတိလိုက်စားမှုအမှုကို ကြီးကြပ်
နေတန်ယာဟုလာဘ်စားမှုကိုစစ်နေသည့်တရားသူကြီးသဲသယဖြစ်ဖွယ်သေဆုံး NOM အစ္စေရးဝန်ကြီးချုပ်နေတန်ယာဟု၏ အဂတိလိုက်စားမှုအမှုကို ကြီးကြပ်စစ်ဆေးခဲ့သူ တရားသူကြီး ဘန်နီ ဆာဂီအား သံသယဖြစ်ဖွယ် “မတော်တဆမှု”တစ်ခုတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီးအစ္စရေးထောက်လှမ်းရေး၏လက်ချက်ဟုပြည်သူများကသံသယရှိနေကြသည်။

အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် တရုတ်သင်္ဘောများထံမှ အခကြေးငွေ စတင်ကောက်ခံပြီးနောက် ဖြတ်သန်းခွင့် ပေးလိုက်ပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ သဘောထား - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ 'အခကြေးငွေကောက်ခံခြင်း' ဆိုသည့် အယူအဆကို လက်မခံဘဲ ငြင်းဆိုထားသည်။ သို့သော် အဆိုပါပေးချေမှုကို 'ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုစရိတ်' အဖြစ် ပုံဖော် ဖော်ပြနေကြသည်။ နိုင်ငံရေးအကျိုးသက်ရောက်မှု - တရုတ်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းခွင့်ပေးလိုက်ခြင်းဖြင့် အီရန်သည် သမ္မတ ထရမ့်၏ တရုတ်ခရီးစဉ်အတွင်း တရုတ်အပေါ် ထားရှိခဲ့သည့် အသာစီးရယူနိုင်မှု ကို ထိရောက်စွာ ချေဖျက်လိုက်ခြင်းပင်ဖြစ်သည်။ ထရမ့်၏ အစီအစဉ် - ထရမ့်သည် တရုတ်နိုင်ငံ၏ အကူအညီဖြင့် အီရန်ကို ဖိအားပေးကာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ခိုင်းရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ တရုတ်သင်္ဘောများမှာ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ အီရန်အပေါ် ဖိအားပေးရန် လိုအပ်သည်ဟု ခံစားရတော့မည် မဟုတ်ပေ။ NOM

ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ
ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ မေလ ၁၄၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်တိုက်နယ်ဆေးရုံသို့ မေလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲအချိန်၌ ပုလောမြို့နယ်၊ ဆင်ထိုးကြီး ကျေးရွာနေ ဦးခင်ဇော် (၆၁) နှစ်သည် ၎င်းပိုင် နေအိမ်ခြံဝင်းအတွင်း အမှိုက်ရှင်းနေစဉ် နေအိမ်ခြံစည်းရိုးဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ထိုင်ဝမ်အရေးတရုတ်သတိပေး NOM ထိုင်ဝမ်ပြဿနာကို မသင့်လျော်စွာကိုင်တွယ်ပါက အမေရိကန်နှင့် တရုတ်တို့သည် "ပဋိပက္ခဖြစ်ပွားနိုင်သည်" ဟု ရှီကျင့်ဖျင်က ထရမ့်အား သတိပေးခဲ့သည်။

တရုတ်သမ္မတနှင့်ဇနီးကိုအိမ်ဖြူတော်သို့ဖိတ် NOM တရုတ်နိုင်ငံတွင်တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိနေသောအမေရိကန်သမ္မတထရမ့်ကတရုတ်သမ္မတရှီကျင့်ဖျင်နှင့်ဇနီးကိုအမေရိကန်သို့စက်တင်ဘာလ၂၄ရက်နေ့တွင်လာရောက်လည်ပတ်ရန်တရားဝင်ီဖိတ်ကြားလိုက်သည်။

အမေရိကန်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်သူ အရေအတွက် စံချိန်တင် မြင့်တက် — နိုင်ငံရေးနှင့် ကုန်စျေးနှုန်းများကြောင့် ပြည်ပသို့ ထွက
အမေရိကန်နိုင်ငံသားအဖြစ်မှ စွန့်လွှတ်သူ အရေအတွက် စံချိန်တင် မြင့်တက် — နိုင်ငံရေးနှင့် ကုန်စျေးနှုန်းများကြောင့် ပြည်ပသို့ ထွက်ခွာကြ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသား ၅,၀၀၀ နီးပါးသည် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များကို စွန့်လွှတ်ခဲ့ကြသည်။ ဤပမာဏသည် ၂၀၀၉ ခုနှစ်မတိုင်မီက တစ်နှစ်လျှင် ၂၀၀ မှ ၄၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခြင်းဖြစ်ပြီး၊ အသားတင် ပြည်ပထွက်ခွာမှုနှုန်းမှာ ၁၉၃၀ ပြည့်လွန်နှစ်များက "စီးပွားပျက်ကပ်ကြီး" နောက်ပိုင်း မကြုံစဖူးအဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထွက်ခွာသွားသူအများစုသည် ဥရောပသမဂ္ဂနိုင်ငံများနှင့် မက္ကဆီကိုနိုင်ငံတို့သို့ ပြောင်းရွှေ့နေထိုင်ကြသည်။ NOM

ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရုရှားရေနံအပေါ် ပိတ်ဆို့မှုဖြေလျှော့ပေးရန် အိန္ဒိယက အမေရိကန်ကို တောင်းဆို ဟော်မုဇ် ရေလက
ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရုရှားရေနံအပေါ် ပိတ်ဆို့မှုဖြေလျှော့ပေးရန် အိန္ဒိယက အမေရိကန်ကို တောင်းဆို ဟော်မုဇ် ရေလက်ကြားပိတ်ဆို့ခံထားရမှုကြောင့် အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ ရေနံတင်သွင်းရာတွင် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ကို ဆက်လက်သက်တမ်းတိုးပေးရန် အမေရိကန်ကို တောင်းဆိုလိုက်သည်။ NOM

နောင်ချိုမြို့တွင် ငွေကျပ် ၃၈၄၈၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ NOM၊မေ၁၄၊၂၀၂၆ ရှမ်းပြည်နယ်၊ နောင်ချိုမြို
နောင်ချိုမြို့တွင် ငွေကျပ် ၃၈၄၈၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ NOM၊မေ၁၄၊၂၀၂၆ ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် မေလ ၁၁ ရက်နေ့ ညနေ၄နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ရာ ငွေကျပ် ၃၈၄၈၃၂၅ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်းသိရသည်။ စစ်ဆေးရှာဖွေစဉ် ညီညီအောင်(ခ) ညွန့် အောင် မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၇၆၉,၆၆၅ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၃,၈၄၈.၃၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သဖြင့် ညီညီအောင်(ခ)ညွန့်အောင်(၅၇)နှစ်အား နောင်ချိုမြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။