ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 438 подписчиков, занимая 15 924 место в категории Новости и СМИ и 10 098 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 438 подписчиков.

Согласно последним данным от 05 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -222, а за последние 24 часа — -12, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.30%. В первые 24 часа после публикации контент обычно набирает 5.44% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 908 просмотров. В течение первых суток публикация набирает 677 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 06 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 438
Подписчики
-1224 часа
-607 дней
-22230 день
Архив постов
မင်းလှမြို့နယ်၊ ကန်တုတ်-စစ္စနို့လမ်းနှင့် ပြည်စိုးလမ်းဆုံတွင် ဆီဘောက်ဆာယာဉ်တစ်စီးကို PDF အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပ
မင်းလှမြို့နယ်၊ ကန်တုတ်-စစ္စနို့လမ်းနှင့် ပြည်စိုးလမ်းဆုံတွင် ဆီဘောက်ဆာယာဉ်တစ်စီးကို PDF အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခတ်ခဲ့မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်အကူလူတို့ ကျည်ထိမှန်ဒဏ်ရာများရ NOM ဇန်နဝါရီ ၂၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ် (၆) ရပ်ကွက်နေ ကိုဖိုးလပြည့် (၂၃) နှစ်မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ ဦးသန့်ဇင် (၃၇) နှစ် အကူလိုက်ပါလာသည့် ၆ ဘီးဆီဘောက်ဆာယာဉ်သည် ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်၌ မင်းလှမြို့မှ ရေနံမကျေးရွာသို့ မောင်းနှင်ထွက်ခွာလာစဉ် မင်းလှမြို့နယ်၊ ကန်တုတ်-စစ္စနို့လမ်းနှင့် ပြည်စိုးလမ်းဆုံအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) က လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မော်တော်ယာဉ်တွင် ရှေ့လေကာမှန်နှင့် ယာဘက်ရှေ့ဘီးတို့ကျည်ထိမှန်ပျက်စီးခဲ့ပြီး ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

ဇန်နဝါရီလ၂၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်၊ရုရှားနှင့်ယူကရိန်းတို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယူအေအီးနိုင်ငံအဘူဒါဘ
+2
ဇန်နဝါရီလ၂၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်၊ရုရှားနှင့်ယူကရိန်းတို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယူအေအီးနိုင်ငံအဘူဒါဘီမြို့တွင်ယနေ့စတင်ကျင်းပကြောင်းယူအေအီးနိုင်ငံခြားရေးဝန်ကြီး ကကြေညာသည်။ ၂။ဥရောပသမဂ္ဂသည်အီလွန်မတ်ခ်၏ X ဆိုရှယ်မီဒီယာနေရာတွင် W ဆိုရှယ်မီဒီယာဖြင့်အစားထိုးရန်လုပ်ဆောင်နေသည်။(ဓာတ်ပုံ) ၃။ဇန်နဝါရီလ၈ရက်နှင့်၉ရက်နေ့များတွင်အီရန်နိုင်ငံမြို့တော်တီဟီရန်၌ဆန္ဒပြသူများကိုပစ်ခတ်နှိမ်နှင်းသည့်ဗီဒီယိုသည်ဆိုရှယ်မီဒီယာပေါ်တွင်ထွက် ပေါိလာသည်။ ၄။အီရန်အစိုးရသည်ပြည်ပအထောက်အပံ့ဖြင့်ဆန္ဒပြပွဲများစီစဉ်သူတစ်ဦးဖြစ်သည့်အားကစားနည်းပြအလီရက်ဘာကိုယမန်နေ့ကကွပ်မျက်လိုက်သည်။(ဓာတ်ပုံ) ၅။FBI B၏အလိုအရှိဆုံးတရားခံစာရင်းတွင်ပါသည့်အိုလံပစ်ရေခဲပြင်စကိတ်စီးကနေဒါလက်ရွေးစင်ရိုင်ယန်ဂျိမ်းစ်ဝက်ဒင်းကိုယနေ့ဖမ်းမိသည်။သူသည်မူးယစ်ဂိုဏ်းများဖြင့်ပတ်သက်ပြီးလူသတ်မှု၊မူးယစ်မှုတို့ဖြင့်ဆုငွေထုတ်ခံထားရသူဖြစ်သည်။(ဓာတ််ပုံ)

ရွှေပြည်သာတံတားပေါ်တွင် အလုပ်​ကပြန်လာသူ အမျိုးသား တစ်ဦး ကားတိုက်ခံရပြီးသေဆုံး NOM၊ဇန်နဝါရီ၂၄၊၂၀၂၆ ရန်ကုန်တိုင်း အင်းစိန်မြို
ရွှေပြည်သာတံတားပေါ်တွင် အလုပ်​ကပြန်လာသူ အမျိုးသား တစ်ဦး ကားတိုက်ခံရပြီးသေဆုံး NOM၊ဇန်နဝါရီ၂၄၊၂၀၂၆ ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွှေပြည်သာတံတားပေါ်တွင် ယမန်နေ့ (ဇန်နဝါရီ၂၃ရက်)ည၈နာရီခွဲခန့်က စက်ဘီးဖြင့်အလုပ်​ကပြန်လာသူ အမျိုးသားတစ်ဦးကို ရှေကားမှ တိုက်မိပြီးနောက်ကားမှထက်ကြိတ်မိရာ နေရာတွင်သေဆုံးခဲ့ကြောင်း ကနောင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ အသက်၃၀နှင့်၃၅ ကြားခန့်ရှိအမျိုးသားတစ်ဦးသည်အင်းစိန် ဘက်မှာလှိုင်သာယာဘက်သို့အလုပ်ကပြန်လာစဉ်ရွှေပြည်သာတံတားလှိုင်သာယာဘက် အဆင်တွင် နောက်မှပါလာသည့်ကားကတိုက်မိပြီးလွင့်ကျခဲ့ရာ နောက်မှပါလာ သည့်ကားကထက်ကြိတ်လိုက်သည့်အတွက်နေရာတွင်သေဆုံးသွား ကြောင်းသိရသည်။ "လက်ရှိတော့ကုန်ကားတစ်စီးနဲ့တွဲကားတစ်စီး တို့ကိုဖမ်းထားတော့တွေရတယ် ဒါပေမဲ့ဘယ်ကားကတိုက်ပြီးဘယ်ကားကကြိတ်တယ်ဆိုတာတော့ကျွန်တော်တိူ့လည်းအတိကျတော့မသိလိုက်ပါဘူး ကျန်တော် တို့ကသေဆုံးသူရဲ့ခန္ဓာကိုယ် အပိုင်းစများကို ကောက်ပြီး DB ကို လှိုင်သာယာဆေးရုံသို့ ကနောင်အသင်း ပို့ဆောင်ပေးခဲ့ပါတယ်" ဟုကနောင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

SSPP/SSA ဘာလဲ ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းတွေ မေးဖို့ လိုလာပြီ ထင်ပါတယ်။ NCA လည်း မထိုးဘူး။ ဒီကာလမှာ ဖမ်းမိသမျှ မူးယစ်ဆေးဝါးတိုင်းဟာ ဒီကပဲ အဓိက ထွက်တယ် ဆိုတဲ့ သဘော ‌သက်ရောက်နေတာ တွေ့ရတယ်။ ခိုင်သုခ ဘယ်လို ငြင်းငြင်း SSPP နဲ့ AA ကြားမှာ အချိတ်အဆက် ရှိပုံပဲ။ တစ်ခုရှိတာက မူးယစ်ဆေးဝါးချက်ဖို့ လိုအပ်တဲ့ ဓာတု ပစ္စည်းက တရုတ်က တင်သွင်းမှပဲ ရမယ်။ ဒါဆို တရုတ်ဘက်ကလည်း ထိန်းဖို့ မလိုဘူးလားပေါ့။ ပေါ့ပေါ့လေး တွေးလို့တော့ မရတော့ပါဘူး။ အနည်းဆုံးတော့ ဒေသခံ လူငယ်တွေ မူးယစ်ကျေးကျွန် ဖြစ်ပါတယ်။ ဒါက အနိမ့်ဆုံး အဆင့်ကို ပြောတာပါ။ နိုင်ငံတကာမှာ မူးယစ်ထုတ်တဲ့ နိုင်ငံ အဖြစ် နာမည်ကြီးတာတွေက နောက်မှပါ။ အခိုင်အမာ စခန်းတစ်ခုပါ သိမ်းဆည်း ရမိထားပြီဆိုတော့ တော်ရုံ ပတ်သက်မှု မဟုတ်တော့ ဘူး ထင်ပါတယ်။ မူးယစ်ဆေးဝါး လက်သည် တရားခံ SSPP/SSA ကို ဘယ်လို လုပ်မှာလဲ ၊ ဒါက အဓိက ပြဿနာ ဖြစ်လာပြီ ထင်ပါတယ်။ (နရီမိုး)

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ပြည်ထောင်စု
+5
မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကျင်းပ နေပြည်တော်၊ ဇန်နဝါရီ - ၂၄

၁။ အရင် တပ်မတော် အုပ်ချုပ်တဲ့ ကာလမှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်ကြား နားလည်မှုတွေ နဲ့ အပစ်အခတ် ရပ်ခဲ့ကြတာ ရှိတယ်။ ဥပမာ ငါတို့က ‌တပ်မတော် ဖြစ်လို့ နိုင်ငံရေးကိစ္စ မဆွေးနွေးဘူး။ အစိုးရ ပေါ်လာရင် အဲ့ခါကြမှ လိုချင်တာတွေ ဆွေးနွေးကြ။ ဒီကာလမှာတော့ အပစ်ရပ်ထားကြမယ်၊ ဒီကာလမှာတော့ ကိုယ့်ဒေသဖွံ့ဖြိုး‌ ရေးပဲ လလုပ်ကြ၊ ပြည်သူကို ဝန်ထုပ်ဝန်ပို မဖြစ်စေနဲ့၊ မူးယစ်ဆေးဝါး/ဘိန်းတွေ မစိုက်ကြနဲ့ စသဖြင့်ပေါ့လေ ညှိနှိုင်း သဘောတူခဲ့ကြတာ ရှိတယ်။ ၂။ ၂၀၀၈ ခြေဥ ပေါ်လာတဲ့အခါမှာ ပြဌာန်းချက်အရ လက်နက်ကိုင်တပ်ဖွဲ့က တပ်မတော် တခုတည်း ရှိရမယ် ဆိုတဲ့ အချက် ဖြစ်လာတဲ့အခါ ဒီပြဿနာကို ဖြေရှင်းဖို့ တချို့သော လက်နက်ကိုင်တွေကို BGF ဆိုတဲ့ အသွင်ပြောင်း ပုံစံ ဖွဲ့စည်းဖို့ ညှိနှိုင်းခဲ့ကြတယ်။ တကယ်တော့ BGF ဟာ တပ်မတော်ရဲ့ လက်ရုံး တပ်ဖွဲ့ဆိုပေမယ့် ဖွဲ့စည်းပုံမှာ ရေး/ထောက် နဲ့ စစ်သည်တချို့ တွဲဖက်ပေးတာကလွဲရင် ကျန်တဲ့အင်းအား၊ လစာ၊ စရိတ်တွေကအစ နိုင်ငံတော်က ‌တန်းပြည့် စစ်မှုထမ်း တပ်မတော်သား နည်းတူ ထောက်ပံ့ပေးခဲ့ရတာပါပဲ။ ဒါပေမယ့် တပ်မတော်နဲ့ တသားတည်း ဖြစ်ရတဲ့အခါ အတူယှဉ်တွဲ ပါလာတဲ့ ဥပဒေတွေကလည်း တသားတည်း လိုက်နာကြရတော့တာပေါ့။ အရင် လက်နက်ကိုင်ပြီး ဆက်ကြေးကောက်၊ စည်းမရှိ နေခဲ့ကြတဲ့ လက်နက်ကိုင်တွေက ဒီမှာ ပြဿနာလေးတွေ စတက်လာခဲ့ကြတော့တယ်။ ဒီတော့ ဒီလို ကန့်သတ်ထားတဲ့ BGF ပုံစံတော့ မနေဘူးဆိုပြီး အစိုးရကို ဆန့်ကျင်တဲ့သူတွေကလည်း ဆက်ပြီး ဆန့်ကျင်ပေါ့လေ။ ၃။ ခု KNA အဖြစ် ဘက်ပြောင်းသွားပြန်တဲ့ စောချစ်သူ ဦးဆောင်တဲ့ အဖွဲ့ကလည်း BGF အဖြစ်နဲ့ ဆယ်စုနှစ် တခုစာ နေလာခဲ့ပြီးကာကြမှ ခုမှ BGF ကနေ ခွဲထွက်ပါပြီ ဆိုပြီ လုပ်လာခဲ့တာ။ ဒီတော့ အစိုးရနဲ့ သဟဇာတ မဖြစ်ဘူး။ လက်နက်ကိုင် ပဋိပက္ခလည်း လက်ရှိမှာ မဖြစ်ဘူး ဆိုပေမယ့် အနည်းဆုံး တပ်ရင်း ၁၀ ရင်းလောက်ရှိမယ့် ဖွဲ့စည်းပုံ အင်အားပါ တပ်ဖွဲ့ဝင်တွေကို စောချစ်သူက ဘာနဲ့ ရေရှည် တင်ကျွေးထားမှာလဲဆိုတဲ့ မေးခွန်းကို ရှိလာခဲ့ပြီ။ ၄။ အရမ်းတွေးစရာ‌ေတာ့ လိုမယ်မထင်ပါဘူး။ တရားမဝင်ဆိုတဲ့ ခေါင်းစဉ်အောက်က လုပ်ငန်းစုတွေကိုပဲ ပြန်သွားနိုင်တာ‌ ပေါ့။ မဟုတ်လည်း ထိန်းချုပ်နယ်မြေ တခုအောက်က ပြည်သူတွေရဲ့ ဆက်ကြေးနဲ့ပေါ့လေ။ သေချာတာကတော့ စပါးစိုက်၊ ဒူးရင်းသီးခြံ စိုက်ပြီးတော့ ရှာကျွေးမယ် မထင်ပါဘူး။ ၅။ လက်နက်ကိုင် တပ်တစ်ခုဟာ နိုင်ငံရေး လိုလားချက်အရလည်း မဟုတ်ဘူး။ နိုင်ငံရေး လိုလားချက်လို့ ခေါင်းစဉ်တပ်ထားချိန်မှာတောင် ကိုးကန့် ၊ ပလောင်နဲ့ KIA တို့လို မူလရှိရင်းစွဲနေရာကနေ ကျူးကျော်ပြီး ထပ်တိုး နိုင်ငံရေး လောဘတွေအရ စစ်ပွဲတွေ ဖော်ဆောင်လာလို့ ခုချိန်ထိတောင် အပြီးသတ်အအခြေအနေမရောက်သေးတဲ့ အချိန်မှာ ရှိရင်း အစိုးရဖွဲ့စည်းပုံကနေ ခွဲထွက်ပြီး သီးခြား လက်နက်ကိုင်တပ်ဖွဲ့ နဲ့ လှုပ်ရှား နေထိုင်မယ် ဆိုတာကြီးက ဘယ်လို နားလည်လက်ခံပေးရမလဲတောင် မသိတော့ဘူး။ ၆။ ဖက်ဒရယ် နိုင်ငံရေး သီအိုရီအရတော့ နိုင်ငံရေး လိုလားချက် ရရင် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်လက်နက်ကိုင်ပြီး တောင်းဆိုနေရပါတယ်ဆိုတဲ့ တိုင်းရင်းသား အမည်ခံ လက်နက်ကိုင်အဖွဲ့တွေဟာ သေချာပေါက် အစိုးရဆီ လက်နက်အပ်ပေးရတာပါပဲ။ ဥပမာ ၂၀၀၅ မှာ လက်နက်အပ်ပေးခဲ့လို့ ၂၀၀၈ ခြေဥမှာ ပလောင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုပြီး ပါလာခဲ့တာပဲ မဟုတ်ဘူးလားပေါ့။ ခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလည်း ယူမယ်။ လက်နက်လည်း မစွန့်ဘူး။ တပ်မတော် အင်အားနည်းနေပြီလို့ ယူဆရင် မဟာမိတ်ဖွဲ့ပြီး ဆွမ်းကြီးကလည်း လောင်းချင်ကြသေးတာ ဆိုတော့။ တစ်ခါ ခု.... စောချစ်သူလိုမျိုး ဝက်မစား၊ အမဲ မစားတွေ ရှိနေသေးရင် ..... ဒီနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ က နောက် မျိုးဆက် (၁၀) ဆက် လာလည်း ဒီပုံစံအတိုင်း ဆက်သွားကြမယ် ဆိုရင်ဖြင့် ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ယူဆလို့ ရနိုင်ပါဦးမလားဆိုတဲ့ စိန်ခေါ်ချက်ကတော့ ဆက်‌ရှိနေသေးတယ်ဆိုတာ ငြင်းချက်ထုတ်နိုင်မယ် မထင်ဘူး။ (နရီမိုး)

Repost from NOM
+3
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံပေးထားပြီး အာဆတ်နောက်ပိုင်း ဆီးရီးယားကိုအုပ်ချုပ်နေတဲ့ HTS အစိုးရတပ်ဖွဲ့တွေထဲက အစွန်းရောက်အုပ်စုတွေက ကာ့ဒ်လူမျိုးတွေအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတာကို ဒီအထောက်အထားတွေက ပြသနေပါတယ်။ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကိုသာမက အရှေ့မြောက်ပိုင်းက အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာတွေ ပြသထားတဲ့ ဗီဒီယိုတွေနဲ့ စာရွက်စာတမ်းအများအပြား ထွက်ပေါ်လာခဲ့ရာမှာ လယ်ကွင်းအတွင်း ကွပ်မျက်တာ၊ ခန္ဓာကိုယ်တွေက ကိုယ်လက်အင်္ဂါတွေကို ဖြတ်တောက်တာ၊ လေးစားမှုကင်းမဲ့စွာနဲ့ လုပ်ဆောင်တာ၊ လူမျိုးရေးအရ ပစ်မှတ်ထားသတ်ဖြတ်တာတွေ ပါဝင်နေခဲ့ပါတယ်။ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း HTS အစိုးရတပ်ဖွဲ့တွေဟာ လက်နက်ချခဲ့တဲ့ တိုက်ခိုက်ရေးသမားအများစုပါဝင်တဲ့ ကာ့ဒ်လူမျိုး ထိန်းသိမ်းခံထားရသူတွေကို ကွပ်မျက်မှုတွေနဲ့ ပြင်းထန်တဲ့ အလွဲသုံးစားပြုနေတာတွေကို အထောက်အထားတွေ ရရှိထားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဆီးရီးယားမှာ လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေးဆိုင်ရာ ချိုးဖောက်မှုတွေလည်း တိုးပွားလာနေတယ်လို့ ဆိုပါတယ်။ NOM

Repost from MWD NEWS
မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကျင်းပ။ ရန်ကုန် ၊ ဇန်နဝါရီလ -၂၄ ရက်။

Repost from Aung Moe Kyaw
သောင်းကျန်းသူတွေ သယံဇာတ တူးဖော်ခဲ့တဲ့ မိုးကုတ် ဂေါက်ကွင်း(ရုပ်သံ) #AungMoeKyaw

Repost from NOM
အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ Mukesh Ambani မိသားစုက စီမံခန့်ခွဲနေတဲ့ ဘန်တာရာ တောရိုင်းတိရိစ္ဆာန်စောင့်ရ
အာရှရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ Mukesh Ambani မိသားစုက စီမံခန့်ခွဲနေတဲ့ ဘန်တာရာ တောရိုင်းတိရိစ္ဆာန်စောင့်ရှောက်ရေးကို အခြေခံထားတဲ့ နာရီတလုံးကို အိန္ဒိယမှာ မိတ်ဆက်ပြသခဲ့ပါတယ်။ နာရီရဲ့ အလယ်မှာတော့ သူဌေးကြီး အမ်ဘာနီရဲ့ အငယ်ဆုံးသားဖြစ်တဲ့ Anant ရဲ့ ရုပ်ပုံပါဝင်တာကို မြင်ရမှာပါ။ နာရီအတွင်းမှာ တောရိုင်းတိရိစ္ဆာန်တွေကိုလည်း ထည့်သွင်းထားပြီး ဘင်္ဂလားကျားဖြူ၊ ခြင်္သေ့နဲ့ ဆင်တို့ ပါဝင်ပါတယ်။ ကျောက်မျက်ရတနာတွေလည်း ပါဝင်ပြီး နာရီရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၁.၅ သန်းခန့်ရှိမယ်လို့ Watchopea က ခန့်မှန်းထားပါတယ်။ ရူပီးငွေအားဖြင့် ၁၃၇ သန်းအထိ ရှိမှာပါ။ အမ်ဘာနီမိသားဟာ ဘန်တာရာ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး စင်တာကို တည်ထောင်ထားပြီး ခြင်္သေ့ ၊ဆင်နဲ့ ကျားတွေအပါအဝင် မျိုးစိတ်ပေါင်း ၂၀၀၀ ကျော်ကို ထိန်းသိမ်းထားပြီး ဧက ၃၅၀၀ ကျော် ကျယ်ဝန်းတဲ့ နေရာတခုဖြစ်ပါတယ်။ NOM

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ သဘောထားထုတ်ပြန်ချက်
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ သဘောထားထုတ်ပြန်ချက်

ကျောက်ဖြူမြို့နယ်၊ ချောင်းမြောင်ဒေသမှာ ပုန်းခိုနေတဲ့ အကြမ်းဖက် ဆေးကြောင် AA သူပုန်များအား ချေမှုန်းတိုက်ခိုက်ခြင်း (23-1-2026)။ တိုက်ပွဲသတင်းစုံ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း

Repost from NOM
အမေရိကန်-အစ္စရေးတို့ ကျောထောက်နောက်ခံပေးခဲ့တဲ့ အီရန်က ပုန်ကန်မှုအတွင်း တရားဝင်သေဆုံးသူ အရေအတွက် - စုစုပေါင်း သေဆုံးသူ - ၃၁၁၇
အမေရိကန်-အစ္စရေးတို့ ကျောထောက်နောက်ခံပေးခဲ့တဲ့ အီရန်က ပုန်ကန်မှုအတွင်း တရားဝင်သေဆုံးသူ အရေအတွက် - စုစုပေါင်း သေဆုံးသူ - ၃၁၁၇ ဦး အရပ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့များ - ၂၄၂၇ ဦး အကြမ်းဖက်သမားများ - ၆၉၀ ဦး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ NOM

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြညာခြင်း
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းရယူနိုင်ရေး အသိပေးကြညာခြင်း

တန့်ဆည်မြို့နယ်ရှိ PDF အကြမ်းဖက်သမားများစုဝေးနေသည့် ရွာတရွာကို သတင်းအရ တပ်မတော်က လေကြောင်းမှ တိုက်ခိုက်ရှင်းလင်း NOM ဇန်နဝါရီ ၂၄၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်ရှိ PDF အကြမ်းဖက်သမားများ စုဝေးနေသည့် ကံထူးမကျေးရွာကို သတင်းအရ တပ်မတော်က ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လယ်အချိန်၌ လေကြောင်းမှတိုက်ခိုက်ရှင်းလင်းခဲ့ကြောင်းသိရသည်။ PDF အကြမ်းဖက်သမားများသည် ရွေးကောက်ပွဲကို နှောင့်ယှက်ရန်အတွက် အဆိုပါကျေးရွာတွင် စုဖွဲ့နေခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ရွာငံမြို့နယ်၊ မြေနီကုန်းကျေးရွာနေ ရာအိမ်မှူးတစ်ဦးကို PDF အကြမ်းဖက်သမားရှစ်ဦးက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဓါးဖြင့် ထိုးခုတ်သတ်ဖြတ်သွား NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြေနီကုန်းကျေးရွာနေ ရာအိမ်မှူး ဦးမြင့်ဌေး (၆၅) နှစ်သည် ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးခန့်ရောက်လာပြီး အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ၎င်း၏မိသားစုဝင်များမှ လိုက်လံရှာဖွေခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်၌ မြေနီကုန်းကျေးရွာမှ လူးကျေးရွာသို့သွားသည့် လမ်းပေါ်တွင် ဦးမြင့်ဌေးအား ဓားဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသ
+5
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၈) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၃

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအာ
+5
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား ပထမအကြိမ် ပြန်လည်ခေါ်ဆောင် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၃ ရက်

မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့
+1
မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးသေဆုံး NOM ဇန်နဝါရီ ၂၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ မြို့မရပ်ကွက်သို့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ ဘိုကုန်းလမ်းဆုံသို့ Drop Bomb ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းနေရာအနီးရောက်ရှိနေသော မြို့မရပ်ကွက်နေသူများဖြစ်ကြသည့် ဦးဝင်းအောင် (၅၀) နှစ်နှင့် ဦးမိုးဆန်းဦး (၃၉) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM