ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 418 подписчиков, занимая 16 330 место в категории Новости и СМИ и 9 947 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 418 подписчиков.

Согласно последним данным от 27 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -136, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 5.67%. В первые 24 часа после публикации контент обычно набирает 4.32% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 648 просмотров. В течение первых суток публикация набирает 493 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 10.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Благодаря высокой частоте обновлений (последние данные получены 28 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

11 418
Подписчики
-924 часа
-317 дней
-13630 дней
Архив постов
ယူကရိန်းလေတပ်မှ F-16 တိုက်လေယာဉ်တစ်စီးသည် ရုရှားအသေခံဒရုန်းကို ပစ်ချဟန့်တားရန် ကြိုးပမ်းစဉ် ကိယက်ဗ် (Kiev) မြို့တော်ရှိ လူနေတ
+2
ယူကရိန်းလေတပ်မှ F-16 တိုက်လေယာဉ်တစ်စီးသည် ရုရှားအသေခံဒရုန်းကို ပစ်ချဟန့်တားရန် ကြိုးပမ်းစဉ် ကိယက်ဗ် (Kiev) မြို့တော်ရှိ လူနေတိုက်ခန်းတစ်လုံးကို တိုက်လေယာဉ်​၏ စက်အမြောက်ဖြင့် မှားယွင်းပစ်ခတ်ခဲ့သည်။ ထို့အပြင် ယူကရိန်းနိုင်ငံ၊ ဇာပိုရိုဇီယာမြို့မှ ရုပ်သံမှတ်တမ်းတစ်ခုတွင်လည်း ယူကရိန်းလေကြောင်းရန်ကာကွယ်ရေး စနစ်များကြောင့် လူနေအဆောက်အအုံများ ထိမှန်ပျက်စီးခဲ့ရသည်ကို တွေ့ရသော်လည်း ယူကရိန်းအစိုးရကမူ ယင်းတို့မှာ ရုရှား၏တိုက်ခိုက်မှုများဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။
25 сент., 10:30

အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်က အမေရိကန်ကို လှောင်ပြောင်- "ခင်ဗျားတို့ကို ၁၉၇၀ ပြည့်လွန်နှစ်တွေက အတိုးနှုန်းတွေဆီ ပြန်ပို့ပေ
+1
အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘတ်ဖ်က အမေရိကန်ကို လှောင်ပြောင်- "ခင်ဗျားတို့ကို ၁၉၇၀ ပြည့်လွန်နှစ်တွေက အတိုးနှုန်းတွေဆီ ပြန်ပို့ပေးမယ်" "အမေရိကန်ရဲ့ ၁၀ နှစ်သက်တမ်းရှိ ဘဏ္ဍာရေးစာချုပ် အတိုးနှုန်း ၅.၁% ကို ဂုဏ်ယူပါတယ်။ မာရှာအလ္လာဟ် (ဂုဏ်ယူပါပေတယ်)။ အောင်ပွဲခံလိုက်ကြပါဦး။ ဒါဟာ နောက် ၂ နှစ်အတွင်းမှာ အနိမ့်ဆုံး စံချိန်ဖြစ်လာမှာပါ။ ခင်ဗျားတို့က အီရန်ကို ၁၉၇၀ ပြည့်လွန်နှစ်တွေဆီ ပြန်ဆွဲချချင်ခဲ့တာမလား? အီရန်ဆိုတာ မလွယ်ဘူးဆိုတာ ဘယ်သူမှ မပြောပြခဲ့ကြဘူးလား? ငါတို့က ခင်ဗျားတို့ကို ၁၉၇၀ ပြည့်လွန်နှစ်တွေက အတိုးနှုန်းတွေအပြင်၊ မြင့်မားတဲ့ ဓာတ်ဆီဈေးနှုန်း၊ ဒီဇယ်ပြတ်လပ်မှုတွေနဲ့ Bell-bottoms (ခြေသလုံးကားဘောင်းဘီ) တွေထိ ပြန်ရောက်အောင် လုပ်ပေးပါ့မယ်။ အတိတ်ကို လွမ်းဆွတ်ရင်း သာယာလိုက်ကြပါဦး!" အီရန်လွှတ်တော်ဥက္ကဋ္ဌ၏ လှောင်ပြောင်မှုတွင် အောက်ပါစီးပွားရေးနှင့် သမိုင်းဆိုင်ရာ နောက်ခံအချက်အလက်များ ပါဝင်နေသည်။ • ၁၀ နှစ်သက်တမ်းရှိ ဘဏ္ဍာရေးစာချုပ် အတိုးနှုန်း ၅.၁% (10Y America 5.1%) - အမေရိကန်၏ ၁၀ နှစ်သက်တမ်းရှိ အစိုးရဘဏ္ဍာရေးစာချုပ် (US 10-Year Treasury Yield) အတိုးနှုန်း ၅.၁% သို့ မြင့်တက်လာခြင်းသည် အမေရိကန်အစိုးရအတွက် ချေးငွေရယူစရိတ် မြင့်မားလာပြီး စီးပွားရေးအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် သင်္ကေတဖြစ်သည်။ • ၁၉၇၀ ပြည့်လွန်နှစ်များဆီသို့ ပြန်ပို့ခြင်း (1970s Rates) - ၁၉၇၀ ပြည့်နှစ်များသည် အမေရိကန်သမိုင်းတွင် အတိုးနှုန်းများ လွန်စွာမြင့်မားပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည့် ကာလဖြစ်သည်။ အမေရိကန်က အီရန်ကို စီးပွားရေးပိတ်ဆို့မှုများဖြင့် ၁၉၇၀ ပြည့်လွန်နှစ်များသို့ အနောက်ပြန်ဆွဲချမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ယခုအခါ အမေရိကန်ကိုယ်တိုင် ထိုခေတ်က စီးပွားရေးကျဆင်းမှုဆီသို့ ပြန်သွားနေရသည်ဟု ပြန်လည်တုံ့ပြန်ထားခြင်း ဖြစ်သည်။ • ဓာတ်ဆီ၊ ဒီဇယ်ပြတ်လပ်မှုနှင့် ခေတ်ရေစီးကြောင်း (Gas Prices, Diesel Shortages & Bell-bottoms) - ၁၉၇၃ ခုနှစ် အရှေ့အလယ်ပိုင်း အာရပ်-အစ္စရေးစစ်ပွဲကြောင့် ဖြစ်ပွားခဲ့သော "အရှေ့အလယ်ပိုင်း ရေနံပိတ်ဆို့မှု" ကြောင့် အမေရိကန်တွင် စက်သုံးဆီဈေးများ ထိန်းမနိုင်အောင် တက်ခဲ့ပြီး ဒီဇယ်ပြတ်လပ်မှုများ ကြုံခဲ့ရသည်။ "Bell-bottoms" (ခြေသလုံးကားဘောင်းဘီ) မှာလည်း အဆိုပါ ၁၉၇၀ ပြည့်နှစ်များက ရေပန်းစားခဲ့သော ဖက်ရှင်တစ်ခုဖြစ်သဖြင့် အမေရိကန်၏ စီးပွားရေးရော ယှဉ်ကျေးမှုပါ ထိုခေတ်သို့ ပြန်ရောက်သွားမည်ဟု သရော်ထားခြင်းဖြစ်သည်။
25 сент., 10:15

နေတန်ယာဟု မိန့်ခွန်းပြောစဉ် နိုင်ငံပေါင်း ၇၀ နီးပါး ထွက်ခွာသွားကြရာ အစ္စရေးအရာရှိတစ်ဦးက ထွက်သွားသည့် နိုင်ငံအလိုက် စာရင်းမှတ်နေ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု မိန့်ခွန်းပြောကြားစဉ် နိုင်ငံပေါင်း ၇၀ နီးပါးမှ ကိုယ်စားလှယ်များ ခန်းမအတွင်းမှ သပိတ်မှောက် ထွက်ခွာသွားကြသဖြင့် ထိုင်ခုံများ ဗလာကျင်းကျန်ရစ်ခဲ့ပုံနှင့် ထွက်သွားသည့် နိုင်ငံအလိုက် စာရင်းကို အစ္စရေးအရာရှိတစ်ဦးက လိုက်မှတ်နေသည့် ဗီဒီယိုရုပ်သံ ထွက်ပေါ်လာခဲ့သည်။ နေတန်ယာဟု စင်မြင့်ပေါ်သို့ တက်ရောက်လာသည်နှင့်အမျှ အီရန်၊ ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ ပါကစ္စတန်၊ တူနီးရှားနှင့် အင်ဒိုနီးရှား အပါအဝင် နိုင်ငံပေါင်းမြောက်မြားစွာမှ ကိုယ်စားလှယ်အဖွဲ့များသည် ခန်းမအတွင်းမှ စတင်ထွက်ခွာသွားခဲ့ကြခြင်းဖြစ်သည်။
25 сент., 09:57

စတားဘတ်စ် (Starbucks) က မြောက်အမေရိကရှိ တွက်ချေမကိုက်သော ကော်ဖီဆိုင် နောက်ထပ် ၂၅၀ ကို ထပ်မံပိတ်သိမ်းမည်ဖြစ်ပြီး အထင်ကရ ဆီးအက်တယ် ရိုးစထရီ (Seattle roastery) ဆိုင်လည်း ပါဝင် – ရိုက်တာသတင်းဌာန လုပ်ငန်းခွင် ပြန်လည်ပြုပြင်ဖွဲ့စည်းမှု စီမံကိန်း၏ ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ယင်းပိတ်သိမ်းမှုသည် မြောက်အမေရိကရှိ စတားဘတ်စ် ကော်ဖီဆိုင်စုစုပေါင်း ၁၈,၀၀၀ ၏ ၁ ရာခိုင်နှုန်းခန့် ရှိသည်။
25 сент., 09:50

လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၃၆ မြို့နယ်၌ အလုပ်ဌာန ၃၆၈၉၉ ဌာနမှ အာမခံအလုပ်သမား ၁ ဒသမ ၃၈ သန်း အကျုံးဝင်အကောင်အထ
လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၃၆ မြို့နယ်၌ အလုပ်ဌာန ၃၆၈၉၉ ဌာနမှ အာမခံအလုပ်သမား ၁ ဒသမ ၃၈ သန်း အကျုံးဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ စက်တင်ဘာ ၂၄၊ ၂၀၂၆ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၃၆ မြို့နယ်၌ အလုပ်ဌာန ၃၆၈၉၉ ဌာနမှ အာမခံအလုပ်သမား ၁ ဒသမ ၃၈ သန်း အကျုံးဝင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၏ ပြောကြားချက်အရ သိရသည်။ အမှာစကားပြောကြား ယနေ့မွန်းလွဲပိုင်းက အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ (၂/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးတွင် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အမှာစကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ပနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှုများနှင့်စပ်လျဉ်းပြီး မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့(PERKESO) နှင့် MOC လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံ လူမှုဖူလုံရေးအဖွဲ့(Social Security Office-SSO) နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများဆောင်ရွက်ပေးနိုင်ရန်နှင့် တစ်မျိုးသားလုံးအကျုံးဝင် သည့်စီမံကိန်းဖြစ်စေရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးသည့်လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာသုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက် သွားကြရန် ပြောကြားသည်။ ထို့ပြင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် တင်ပြသည့်အမှာစာများကို ရှင်းလင်းတင်ပြပြီး အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များက သုံးသပ်ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားသည်။ အာမခံအလုပ်သမားများကို ပိုမိုထိရောက်ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ Fee for Service Payment ဖြင့် ဆေးခန်း ၇၂ ခန်းနှင့် သားဖွားခန်းရှစ်ခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများအား အမြန်ဆုံးပြန်လည်ပေးအမ်းလျက်ရှိရာ လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့်များအနေဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လ အထိ ငွေကျပ် ၁၂ ဒသမ ၉၇ ဘီလီယံကျော်ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့သည်။ ထို့ပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြား နေသောသားသမီးများအတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်အဖြစ် အာမခံအလုပ်သမား ၆၈၃၇၉ ဦး၏ သား/သမီး၊ ကျောင်းသား/ ကျောင်းသူ ၈၉၉၆၇ ဦးအတွက် စုစု ပေါင်းငွေကျပ် ၃၅၈၃ ဒသမ ၀၅၀ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မန္တလေးငလျင်‌ဘေးခံစားခဲ့ရသော အာမခံအလုပ်သမားများအား သဘာဝ‌ဘေးအန္တရာယ် ကျရာက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစား ခွင့်အဖြစ် အလုပ်ဌာန ၇၁၆၃ ဌာနမှ အာမခံအလုပ် သမား ၁၃၄၂၈၃ ဦးအတွက် အကျိုးခံစားခွင့် ငွေကျပ် ၁၀၉၈၈ ဒသမ ၇၅၉ သန်းကို ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ 
25 сент., 09:48

ဗြိတိသျှစစ်တပ်က လူသတ်ဒရုန်းများကို ယှဉ်ပြိုင်ရန် 'အသံတိတ် မြင်းတပ်' အသုံးပြုရေး စဉ်းစားနေ စစ်မြေပြင်တွင် သံချပ်ကာယာဉ်များကို
+1
ဗြိတိသျှစစ်တပ်က လူသတ်ဒရုန်းများကို ယှဉ်ပြိုင်ရန် 'အသံတိတ် မြင်းတပ်' အသုံးပြုရေး စဉ်းစားနေ စစ်မြေပြင်တွင် သံချပ်ကာယာဉ်များကို အလွယ်တကူ ဖျက်ဆီးနိုင်သော ဒရုန်းများ၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်အတွက် ဗြိတိသျှစစ်တပ်က နည်းလမ်းသစ်တစ်ခု စဉ်းစားလာခဲ့သည်—ယင်းမှာ မြင်းစီးတပ်ဖွဲ့များကို ပြန်လည်အသုံးပြုခြင်းပင် ဖြစ်သည်။ သစ်တောထူထပ်သော ဒေသများတွင် မြင်းတပ်ဖွဲ့များ တိတ်တဆိတ် သွားလာလှုပ်ရှားနိုင်ခြင်း ရှိ/မရှိ ဗြိတိသျှစစ်တပ်က စမ်းသပ်စစ်ဆေးစဉ်၊ ဒုတိယဗိုလ်မှူးကြီး ဘင် မက်ခ်နီးလ် (Ben McNeil) က The Times သတင်းစာသို့ ပြောကြားရာတွင် "မြင်းတစ်ကောင်ဟာ သံချပ်ကာယာဉ်တစ်စီးထက်စာရင် သဘာဝအတိုင်း ပိုမိုလှုပ်ရှားသွားလာနိုင်ပြီး သစ်တောတွေထဲ ဖြတ်သန်းသွားတဲ့အခါ တောရိုင်းတိရစ္ဆာန်အဖြစ် ထင်မှားသွားစေနိုင်ပါတယ်" ဟု ပြောဆိုခဲ့သည်။ ဗြိတိသျှမီဒီယာများ၏ အဆိုအရ မြင်းများသည် သံချပ်ကာယာဉ်များထက် ခန္ဓာကိုယ်အပူချိန်ထုတ်လွှတ်မှု လျော့နည်းသဖြင့် ဒရုန်းမောင်းနှင်သူများ၏ ရေဒါမှ ပုန်းကွယ်ရန် ပိုမိုလွယ်ကူသည်ဟု အမွှန်းတင်ဖော်ပြကြသည်။ သို့သော် ခေတ်မီအပူချိန်တိုင်း ရုပ်ထွက်ကိရိယာများသည် လူနှင့် တိရစ္ဆာန်များကိုပါ ပြတ်ပြတ်သားသား ထောက်လှမ်းနိုင်သည်ဆိုသည့် အချက် သို့မဟုတ် စစ်ကြောင်းပုံစံဖြင့် သွားလာနေသော မြင်းစီးတပ်ဖွဲ့တစ်ခုသည် တောရိုင်းတိရစ္ဆာန်အုပ်စုအဖြစ် ဟန်ဆောင်ရန် မလွယ်ကူဆိုသည့်အချက်ကို ဗြိတိသျှစစ်တပ်တာဝန်ရှိသူများ သဘောပေါက်ခြင်း ရှိ/မရှိဆိုသည်မှာ မရေရာပေ။ ထို့ပြင် မြင်းစီးစစ်သည်တစ်ဦးထက် ပုန်းကွယ်ရန် ပိုမိုလွယ်ကူသော ခြေလျင်စစ်သည်များနှင့် တပ်ဖွဲ့လိုက် သွားလာနေသူများကိုပင် ဒရုန်းများက ခြေရာခံလိုက်လံ တိုက်ခိုက်ဖျက်ဆီးနေသည့် ဗီဒီယိုမှတ်တမ်းများကိုလည်း ၎င်းတို့ သတိမမူမိကြပုံရသည်။
25 сент., 09:45

ကရင်ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှ
+1
ကရင်ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ (၆၂)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ စက်တင်ဘာ ၂၅၊ ၂၀၂၆ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးမောင်မောင်ဦး ဦးစီး၍ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၌ ပြည်သူ့အကျိုးပြုစုပေါင်းလုပ်အားပေးပွဲနှင့် စုပေါင်းသွေးလှူဒါန်းပွဲတို့ကို ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။ ဦးစွာ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)ပရဝုဏ် အတွင်း/အပြင်တို့တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဘားအံမြို့မရဲစခန်း၊ အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ၊ အမှတ်(၃၁)မူးယစ်ရဲတပ်ဖွဲ့စု၊  အမှတ်(၁၀)မှုခင်းရဲတပ်ဖွဲ့စု၊ အမှတ်(၄)သတင်းရဲတပ်ဖွဲ့၊ အမှတ်(၈)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၁၅၀ က စွန့်ပစ်ပလတ်စတစ်နှင့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းအစရှိသည့် သန့်ရှင်းရေးလုပ်ငန်းများကို ယာဉ်၊ ယန္တရားများ အသုံးပြု၍ စုပေါင်းလုပ်အားပေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားသည်။ ဆက်လက်၍ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း ပွဲကို ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) တိုးချဲ့(၃)ထပ်နာဆောင်အပေါ်ထပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက သွေးလှူဒါန်းကြမည့်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်(၁၂၂)ဦးတို့အား ပြည်သူ့ဆေးရုံကြီး(ဘားအံ) ရောဂါဗေဒဌာန၊ သွေးလှူဘဏ်မှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးနေမှုကို  ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သွေးလှူဒါန်းရန် ကိုက်ညီသူများအား ကျန်းမာရေးဝန်ထမ်းများ၏အကူအညီဖြင့် သွေးသန့်များဖောက်ထုတ်လှူဒါန်းပေးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအားပေးစကားများပြောကြား၍  ကြက်ဥ၊ အားဖြည့်အချိုရည်၊ ငှက်ပျောသီးအစရှိသည့် ခွန်အားဖြည့်အစားအစာများကို ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
25 сент., 09:38

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိ
+8
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိ
25 сент., 09:32

မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်တွင
+3
မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ် စက်တင်ဘာ ၂၅၊ ၂၀၂၆ မြန်မာနိုင်ငံတွင် ပင်လယ်ရေကြောင်းအသုံးပြု၍ နိုင်ငံဖြတ်ကျော် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁ ဦးအား ဗီယက်နမ်နိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၆-၇-၂၀၂၆ ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီး၌ တရားခံ ၂ ဦးနှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဒလမြို့၊ ရန်ကုန်မြစ်ကမ်းဘေးရှိ မိဘမေတ္တာစက်လှေပေါ်မှ တရားခံ ၁၀ ဦးနှင့်အတူ အိုက်စ်(မက်သ်အဖက်တမင်း) ၃၁၀ ကီလိုအား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၂၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၁၀ ကီလိုအား ပင်လယ်ရေကြောင်းအသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ အိုက်စ်(မက်သ်အဖက်တမင်း)များအား ပင်လယ်ရေကြောင်းအသုံးပြု၍ နိုင်ငံဖြတ်ကျော် မူးယစ်မှုခင်းကျူးလွန်သူ အဓိကတရားခံမှာ မှော်ဘီမြို့နယ်၊ ညောင်ပင်သာရွာနေ ဝီလျံထွန်းကုမ္ပဏီပိုင်ရှင် ဝေထွန်း(၄၈)နှစ်ဖြစ်ပြီး ၎င်းမှာ ၂၅-၆-၂၀၂၆ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရှိရသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မလေးရှားနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့သို့ သတင်းဖလှယ်ခဲ့ရာ ၎င်းအား မလေးရှားနိုင်ငံမှ စောင့်ကြည့်နေစဉ် ၈-၇-၂၀၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ Ferry Port ဆိပ်ကမ်းမှ ထွက်ခွာသွားကြောင်းသိရှိရသဖြင့် စင်္ကာပူနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တို့သို့ ဆက်လက်သတင်းဖလှယ်ခဲ့ပါသည်။ ထိုသို့သတင်းဖလှယ်ချက်အရ ၉-၈-၂၀၂၆ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားကြောင်းသိရှိရသဖြင့် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်သတင်းဖလှယ်ခဲ့ရာ ၁-၉-၂၀၂၆ ရက်နေ့တွင် မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ဝေထွန်း အား ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ၂၄-၉-၂၀၂၆ ရက်နေ့ ဗီယက်နမ်နိုင်ငံ ဒေသစံတော်ချိန် ည ၁၀ နာရီအချိန် ဟနွိုင်းမြို့၊ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ဒုတိယအတွင်းရေးမှူးချုပ် Pol. Sr. Col. Hoang Tam Hieu ဦးဆောင်သည့်အဖွဲ့မှ ဗီယက်နမ်နိုင်ငံ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်လင်း ဦးဆောင်သည့်အဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့်ချမှတ်ပြီး ဦးစားပေးလုပ်ငန်းအဖြစ်ဆောင်ရွက်လျက်ရှိရာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ နောက်ကွယ်မှ ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် ဆက်စပ်တရားခံပြေးများအား နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။ ယခုကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေချိန်တွင် အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ် ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် အလိုရှိတရားခံပြေး ဝေထွန်း အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံ အနေဖြင့်လည်း ၂၀၂၆ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့်အလိုရှိတရားခံပြေး ၁၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးတို့အား သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေသည့်အပြင် နိုင်ငံဖြတ်ကျော် မူးယစ်မှုခင်းများကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီး လွှဲပြောင်းပေးခြင်းက မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။
25 сент., 09:31

နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားက
+6
နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ် စက်တင်ဘာ ၂၄၊ ၂၀၂၆ ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင် နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သက်တော် (၉၉)နှစ်၊ သိက္ခာ ဝါတော်(၇၉)ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိ ဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
25 сент., 06:48

နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားက
+5
နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ် စက်တင်ဘာ ၂၄၊ ၂၀၂၆ ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင် နိကာယ ရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု သက်တော် (၉၉)နှစ်၊ သိက္ခာ ဝါတော်(၇၉)ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိ ဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းမြေ့ရိပ်သာ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
25 сент., 06:47

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ NOM စက်တင်ဘာ ၂၅၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “Min Thu” Facebook အကောင့်နှင့် “ချစ်သမီးလေးအဖေ”Facebook အကောင့်ပိုင်ရှင် ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကမ်းနီကျေးရွာနေ ညိုမင်းသူ(ခ)မင်းသူ(ခ)ပြောင်ကြီးအား ည ၉ နာရီ ၂၅ မိနစ်တွင် အင်းတကော်နယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။ NOM
25 сент., 06:45

မကွေးမြို့နယ်၊ ကျူချောင်းရွာသစ်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM စက်တင်ဘာ ၂၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျူချောင်းရွာသစ်ကျေးရွာရှိကျေးရွာဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော် ဥူးကုသလ (၅၅) နှစ် ဝါတော် (၃၅) ဝါသည် စက်တင်ဘာ ၂၃ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ ဘုန်းကြီးကျောင်းတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဆရာတော် ဥူးကုသလအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM
25 сент., 06:44

မင်းဘူးမြို့နယ်၊ ဖြူကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လယ်ကွင်းအတွင်းအလုပ်လုပ်နေသည့
မင်းဘူးမြို့နယ်၊ ဖြူကုန်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် လယ်ကွင်းအတွင်းအလုပ်လုပ်နေသည့် အမျိုးသားတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ NOM စက်တင်ဘာ ၂၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံသို့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် မင်းဘူးမြို့နယ်၊ ဖြူကုန်းကျေးရွာနေ ဦးကျော်လွင် (၅၄) နှစ်သည် ကျေးရွာ၏တောင်ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM
25 сент., 06:41

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုး
+1
ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ခုအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ NOM စက်တင်ဘာ ၂၅၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ချမ်းအေးသာယာရပ်ကွက်နေ ဒေါ်ကြည်ဝင်း (၆၄) နှစ်သည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်၌ အဆိုပါရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်သို့ သွားရောက်စဉ် ဆိုင်၏ တောင်ဘက် ပေ ၃၀ ခန့်အကွာအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသနိုင်ရေးရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM
25 сент., 06:35

ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကလေးတစ်ဦး ထိခို
ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ NOM စက်တင်ဘာ ၂၅၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းတိုက်နယ်ဆေးရုံသို့ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီတွင် ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ် ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မောင်ဟိန်းစစ်သူ (၉) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM
25 сент., 06:29

ဇလင်စကီး ဟာ ယူကရိန်းလူမျိုးတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ရူးသွပ်တဲ့အာဏာရှင်တစ်ယောက်ပါ NOM အမေရိကန်ဂျာနယ်လစ်တပ်ကါကါလ်ဆန်ကယူကရ်န်းသမ္မတဇလင်စကီးနှင့်ပတ်သက်ပြီးအောက်ပါအတိုင်းပြောကြားခဲ့သည်။ “ယူကရိန်းပြည်သူတွေဟာ ဒီလို စစ်ပွဲ ကို လုံးဝ မလိုလားပါဘူး။ ပြည်သူတွေဟာ ရွေးကောက်တင်မြှောက်မခံရသေးတဲ့ သမ္မတတစ်ဦးရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရပြီး နိုင်ငံတွင်း နိုင်ငံသားလွတ်လပ်ခွင့်တွေကို ဖျက်သိမ်း၊ အကြီးဆုံး ခရစ်ယာန်ဂိုဏ်းကို ပိတ်ပင်၊ သူ့ကို ဝေဖန်တဲ့အတွက် လူတွေကို ထောင်ချခဲ့ပါတယ်။တကယ်တော့ဇလင်စကီးဟာပြည်သူတွေကိုဓားစာခံအဖြစ်ဖမ်းဆီးထားတဲ့ရူးသွပ်နေတဲ့အာဏာရှင်ပဲဖြစ်တယ်။”
25 сент., 01:16

PDF ၂၃ ဦး လက်နက်၊ ခဲယမ်းများဖြင့် အလင်းဝင် စက်တင်ဘာ ၂၅၊ ၂၀၂၆ ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ကျ
+9
PDF ၂၃ ဦး လက်နက်၊ ခဲယမ်းများဖြင့် အလင်းဝင် စက်တင်ဘာ ၂၅၊ ၂၀၂၆ ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF ကျား (၂၁) ဦး၊ မ (၂) ဦး စုစုပေါင်း ၂၃ ဦးသည် လက်နက် (၆) လက်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်အိမ် ၁၀ ခု၊ ကျည် ၂၃၄ တောင့်နှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး  အလင်းဝင်ရောက်လာသည့် PDF လူငယ်များအား ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။
25 сент., 01:06

သာကေတမြို့နယ် ဦးစီးမှူးရုံး၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် UID နံပါတ်ထုတ်ပေး စက်တင်ဘာ ၂၄၊
သာကေတမြို့နယ် ဦးစီးမှူးရုံး၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် UID နံပါတ်ထုတ်ပေး စက်တင်ဘာ ၂၄၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး/ ပျက်စီးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်များ မရရှိသေးသည့် ပြည်သူများကို လမင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ်ရရှိပြီးသူများအား e-ID စနစ် ဖြင့် UID နံပါတ်ထုတ်ပေးနေမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းလုပ်ငန်းကိစ္စများ လာရောက်ဆောင်ရွက်ကြသည့်ပြည်သူများကို လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ အဆိုပါဝင်းအတွင်းရှိ ဗိုလ်တထောင်ခရိုင် ဦးစီးမှူးရုံး၊ ရခိုင်ပြည်နယ်မှ ယာယီရုံးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ထားရှိသည့် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် ဦးစီးမှူးရုံးများ ယာယီရုံးဖွင့်လှစ်ထားရှိမှု၊ သာကေတဂိုဒေါင်များအတွင်း အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၏ လုပ်ငန်းသုံးပုံစံများ သိုလှောင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
24 сент., 23:43

အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ချမှတ် စက်တင်ဘာ ၂၄၊ ၂၀၂၆ အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ပြီး တိမ်းရှောင်တရားခံ မိုးမိုးအောင်(ခ)မမိုးနှင့် မဖြူ(ခ)အဖြူတို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဇီးကုန်းကျေးရွာ (၂၄)ရပ်ကွက်နေ အမျိုးသမီးနှစ်ဦးကို တစ်ရွာတည်းနေ မိုးမိုးအောင်(ခ)မမိုး၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် သုခ(၂)ရပ်ကွက်နေ ခက်ခက်(ခ)နီနီဝင်း(ခ)မနီနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အမှတ်(၁) ရပ်ကွက်နေ မဖြူ(ခ)အဖြူတို့က တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ်သိန်း ၉၀/၁၀၀ ရရှိမည်၊ I Phone လည်းကိုင်ရမည်၊ အေးဆေးနေထိုင်ရမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် ရွှေမန္တလာခရီးသည်တင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့သို့ခေါ်ဆောင်လာကြောင်းစိစစ်သိရှိရသဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၁)နယ်မြေရဲစခန်း(ပ)၄၆/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်တွင် အောင်မြေသာစံခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ခက်ခက်(ခ)နီနီဝင်း(ခ)မနီကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ်နှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မိုးမိုးအောင်(ခ)မမိုးနှင့် မဖြူ(ခ)အဖြူတို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်းသိရသည်။
24 сент., 23:42