ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 440 подписчиков, занимая 16 780 место в категории Новости и СМИ и 10 261 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 440 подписчиков.

Согласно последним данным от 24 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -148, а за последние 24 часа — -1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 5.50%. В первые 24 часа после публикации контент обычно набирает 4.44% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 629 просмотров. В течение первых суток публикация набирает 508 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 10.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Благодаря высокой частоте обновлений (последние данные получены 25 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

11 440
Подписчики
-124 часа
-127 дней
-14830 дней
Архив постов
ရထားဖြင့် တရားမဝင် သယ်ဆောင် လာသည့် ကျပ်သိန်း ၂၃၀ ကျော်ခန့်တန်ဖိုးရှိ အာဖရိကငါးခူပုံး ၃၆၀ ကျော် ပဲခူးဘူတာတွင် ဖမ်းဆီး NOM နို၀
ရထားဖြင့် တရားမဝင် သယ်ဆောင် လာသည့် ကျပ်သိန်း ၂၃၀ ကျော်ခန့်တန်ဖိုးရှိ အာဖရိကငါးခူပုံး ၃၆၀ ကျော် ပဲခူးဘူတာတွင် ဖမ်းဆီး NOM နို၀င်ဘာ ၁၀၊ ၂၀၂၆ ပဲခူးမြို့ ဇိုင်းမြောက်ရပ်ကွက်ရှိ ပဲခူးဘူတာတွင် ရန်ကုန်မှ မော်လမြိုင်သို့ ပြေးဆွဲနေသည့် ရထားဖြင့် တရားမဝင် သယ်ဆောင်လာသည့် အာဖရိကငါးခူ ၃၉၇၁ ပိဿာခန့် (ကာလတန်ဖိုးကျပ် ၂၃၄ သိန်းကျော်) ငါးပုံး ၃၆၁ ပုံးကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နံနက် ၉ နာရီခန့်က ရန်ကုန်မှ မော်လမြိုင်သို့ မောင်းနှင်လာသည့် အမှတ် (၈၁) အဆန် လူစီးရထားပေါ်တွင် တရားမဝင် ငါးခူများ သယ်ဆောင်လာကြောင်း သတင်းအရ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့၊ အမှတ် (၁၁) ရထားရဲတပ်ဖွဲ့စုနှင့် ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ပဲခူးဘူတာ၌ စောင့်ဆိုင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ စစ်ဆေးမှုအတွင်း နံနက် ၉ နာရီ ၁၄ မိနစ်တွင် ဘူတာသို့ ဆိုက်ရောက်လာသည့် အမှတ် (၈၁) အဆန်ရထား၏ နောက်ဆုံးကုန်တင်တွဲအတွင်းမှ အာဖရိကငါးခူများ ထည့်ထားသည့် ၁၀ ဂါလံဝင် ပလတ်စတစ်ပုံး ၃၆၁ ပုံးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ငါးများ၏ စုစုပေါင်းအလေးချိန်မှာ ၃၉၇၁ ပိဿာခန့်ရှိကာ ကာလတန်ဖိုး ကျပ် ၂၃,၄၆၅,၀၀၀ ခန့်ရှိကြောင်း သိရသည်။ အဆိုပါ ငါးများကို တရားမဝင် သယ်ဆောင်လာသူ မျိုးဇင် ၃၀ နှစ်၊ သန်းကျော် ၃၁ နှစ်နှင့် သန်းနိုင်စိုး ၁၉ နှစ်တို့ သုံးဦးကို ငါးပုံး ၃၆၁ ပုံးနှင့်အတူ အမှတ် ၁၁ ရထားရဲတပ်ဖွဲ့စုတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ငါးလုပ်ငန်းဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
10 нояб., 05:18

"ကျွန်မကို ပြည့်တန်ဆာလို့ မသင်္ကာတာလား!” — အမေရိကန်နိုင်ငံ ဟာဝိုင်ယီလေဆိပ်တွင် သောင်းကျန်းမှုဖြစ်ပွားပြီးနောက် ဂျပန်အမျိုးသမီးတစ်ဦးကို အမေရိကန် ပြည်နှင်ဒဏ်ပေး ဟိုနိုလူလူ (Honolulu) အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အမေရိကန် နယ်ခြားစောင့်အရာရှိများက လက်ထိပ်ခတ်စဉ် သူမသည် "ကျွန်မကို ကူညီကြပါဦး!" ဟု အော်ဟစ်ခဲ့သည်။ သတင်းဖော်ပြချက်များအရ သူမ၏ ခရီးစဉ်စရိတ်များကို ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ဆက်နွှယ်မှုရှိသည့် အမျိုးသားတစ်ဦးက ကျခံပေးခဲ့ခြင်းဖြစ်သည်။
10 нояб., 05:16

တရုတ်သူလျှိုဟု သံသယရှိသူအမျိုးသမီးတစ်ဦးနှင့် နဗီးဒီးယား (Nvidia) ကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang)
တရုတ်သူလျှိုဟု သံသယရှိသူအမျိုးသမီးတစ်ဦးနှင့် နဗီးဒီးယား (Nvidia) ကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ် ဂျန်ဆန်ဟွမ် (Jensen Huang) တို့ ပတ်သက်ဆက်နွှယ်မှုအပေါ် နဗီးဒီးယား၏ ရှယ်ယာရှင်များက ကုမ္ပဏီကို စုပေါင်းတရားစွဲဆိုမှု ပြုလုပ်လိုက်ကြသည်။
10 нояб., 05:07

ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရေး အစိတ်အပိုင်းတစ်ခုအဖြစ် ယူကရိန်းနိုင်ငံ၏ အုပ်ချုပ်ရေးနယ်နိမိတ်များကို ပြန်လည်ရေးဆွဲရန် အဆိုပြုချက်တစ်ခုအား အမေရိကန်ပြည်ထောင်စုက စဉ်းစားသုံးသပ်လျက်ရှိသည်။
10 нояб., 05:02

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  ပြည်ပနိုင်ငံသား ၁၀ ဦး မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ် NOM နိုဝင်ဘာ ၁၀၊ ၂၀၂၆ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ကိုး ဦးနှင့် ရုရှားနိုင်ငံသား တစ် ဦး၊ စုစုပေါင်း ပြည်ပ နိုင်ငံသား ၁၀ ဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေ ချောမွေ့ စေရေးအတွက် မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက် အလက်များကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုး နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr. Dang Quang Sanh နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ Second Secretary Mr. Evgeny Pimenov နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၂၉၃ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ၁၄၂၂၂ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင် လွှဲပြောင်းပေးခဲ့ပါသည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၀၇၁ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၃၉၁ ဦးရှိသည့်အတွက် ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၆၈၀ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
10 нояб., 04:59

photo content
+3
10 нояб., 04:59

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ NOM နိုဝင်ဘာ ၁၀၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့် “ DAW MAY ZIN ” Tiktok အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက်နေ မေဇင်လှိုင်အား ညနေ ၆ နာရီတွင် ပုသိမ်မြို့မရဲစခန်း (ပ) ၁၆၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။
10 нояб., 04:56

ကျောက်တံခါးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ ထောင်ထားသည့်
+2
ကျောက်တံခါးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ NOM နိုဝင်ဘာ ၁၀၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်က မိုင်းစထိမှန် ဒဏ်ရာဖြင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ကျောက်တံခါးမြို့နယ်၊ အင်းကုန်းကျေးရွာနေ ဦးထွန်းထွန်းဝင်း (၅၁) နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်တင်တင်စော (၄၆) နှစ်တို့သည် နေအိမ်ခြံဝန်း အတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီတွင် သီပေါမြို့နယ်၊ ကွန်စံလိတ်ကျေးရွာနေ ကိုကျော်နိုင် (ခ) ဘာဘူရာမ် (၂၂) နှစ်သည် ကုန်းစုံကျေးရွာ၏ အနောက်ဘက် တောထဲ၌ နွားကျောင်းနေစဉ်  အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)မှ  ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
10 нояб., 04:54

ကျောက်တံခါးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ ထောင်ထားသည့်
+2
ကျောက်တံခါးမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် PDF အကြမ်းဖက်အဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ ထောင်ထားသည့် နင်းမိုင်းများပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ NOM နိုဝင်ဘာ ၁၀၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်က မိုင်းစထိမှန် ဒဏ်ရာဖြင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ကျောက်တံခါးမြို့နယ်၊ အင်းကုန်းကျေးရွာနေ ဦးထွန်းထွန်းဝင်း (၅၁) နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်တင်တင်စော (၄၆) နှစ်တို့သည် နေအိမ်ခြံဝန်း အတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထား သည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၄ နာရီတွင် သီပေါမြို့နယ်၊ ကွန်စံလိတ်ကျေးရွာနေ ကိုကျော်နိုင် (ခ) ဘာဘူရာမ် (၂၂) နှစ်သည် ကုန်းစုံကျေးရွာ၏ အနောက်ဘက် တောထဲ၌ နွားကျောင်းနေစဉ်  အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)မှ  ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
10 нояб., 04:53
10 нояб., ~04:53

ပုဂံရထားလက်မှတ်ရောင်းချမှု အွန်လိုင်းစနစ် ပြောင်းမည် NOM၊နိုဝင်ဘာ၁၀၊၂၀၂၆ အမှတ်(၆၁)အဆန်/ (၆၂)အစုန် ရန်ကုန်-ပုဂံ-ရန်ကုန် ရထားလက
ပုဂံရထားလက်မှတ်ရောင်းချမှု အွန်လိုင်းစနစ် ပြောင်းမည် NOM၊နိုဝင်ဘာ၁၀၊၂၀၂၆ အမှတ်(၆၁)အဆန်/ (၆၂)အစုန် ရန်ကုန်-ပုဂံ-ရန်ကုန် ရထားလက်မှတ် ရောင်းချမှုကို မကြာခင်အွန်လိုင်းစနစ် ပြောင်းမည်ဖြစ်‌ ကြောင်းမြန်မာ့မီးရထားမှသိရသည်။ အဆိုပါ ရန်ကုန်-ပုဂံ-ရန်ကုန် ရထားလက်မှတ်ကို ရန်ကုန်ဘူတာကြီးနှင့်ပုဂံဘူတာတို့တွင် ရိုးရိုးတန်းအတွက် တစ်ရက်ကြို၊ အထက်တန်းနှင့်အိပ်စင်အတွက် သုံးရက်ကြို ရောင်းချပေးနေ‌ကြောင်း၊အွန်လိုင်းစနစ် ဖြစ်သည့် ORTP ဝက်ဘ်ဆိုက်ကပြောင်းလဲရောင်းချပေးမည်ဖြစ်‌ကြောင်းသိရသည်။ ရန်ကုန်-ပုဂံ-ရန်ကုန် ရထားသည် အပတ်စဉ် သောကြာနေ့တိုင်း ရန်ကုန်ဘူတာကြီးကနေ ထွက်ခွာပြီး ပုဂံဘူတာ မှ အင်္ဂါနေ့တွင်ပြန်လည်ထွက်ခွာပြေးဆွဲမည် ဖြစ်
10 нояб., 04:16

အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက်ရောက်၍ စက်ခလုတ်နှိပ်
+7
အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ  တက်ရောက်၍ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး   အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံတော်အဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၀ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-1) ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ တက်ရောက်၍ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြု စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။   အခမ်းအနားသို့ ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။   ထို့နောက် နိုင်ငံတော်သမ္မတသည် Humanoid Robot ၏ ကြိုဆိုလမ်းညွှန်မှုဖြင့် ဖွင့်ပွဲနေရာသို့ သွားရောက်ခဲ့ပြီး အာကာသနည်းပညာဆိုင်ရာ ပြခန်းများ၊ လက်ရှိပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၏ ယှဉ်ပြိုင်မှုများကို လှည့်လည်ကြည့်ရှု အားပေးကာ သိရှိလိုသည်များကို မေးမြန်းခဲ့သည်။
10 нояб., 02:24

မဟုတ်မမှန် လုပ်ကြံဖန်တီးထားသော သတင်းမှားဖြန့်ချိခဲ့ သည့် Fake New အားထိရောက်စွာအရေးယူသွားမည် NOM၊နိုဝင်ဘာ၁၀၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်၊ စက်မှုဇုန်ရှိ ဟာကာ အထည်ချုပ်စက်ရုံ အနောက်ထောင့်ဘက် အမှိုက်ပုံးအတွင်း၌ သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိရသည်ဆိုသော သတင်းမှာ လုံးဝ ဖြစ်ပွားခဲ့ခြင်းမရှိဘဲသတင်းမှားဖြန့်ချိခဲ့ Fake New အားထိရောက်စွာအရေးယူသွားမည်ဟု ယနေ့(နိုဝင်ဘာ၁၀ရက်)နေ့တွင် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှထုတ်ပြန်ထား ကြောင်းသိရသည်။ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ စက်မှုဇုန်ရှိ ဟာကာ အထည်ချုပ်စက်ရုံ အနောက် ထောင့်ဘက် အမှိုက်ပုံးအတွင်း၌နိုဝင်ဘာလ ၇ ရက်နေ့တွင်အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိနေသည့်ဟု Fake Newမှ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသော သတင်းမှားဖြန့်ချိခဲ့ကြောင်းသိရသည်။ အထက်ဖော်ပြပါ သတင်းအားစစ် ဆေးစုံစမ်းမေးမြန်းခဲ့ရာ အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း မရှိပါကြောင်း စုံစမ်းသိရှိခဲ့ရပါသဖြင့် အများပြည်သူများ စိုးရိမ်ထိတ်လန့်ဖွယ်ရာသတင်းများ ရေးသားဖြန့်ဝေနေမှုအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ပါကြောင်းထုတ်ပြန်ထားသည်။
10 нояб., 02:04

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြည်သူ့လွှတ်တော်သို့လာရောက်လေ့လာသည့် ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ ဒေသခံများ အားလက်ခံတွေ့ဆုံ NOM၊နိုဝင်ဘာ၁၀၊၂၀၂၆ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ် တော် အစည်းအဝေးသို့လာရောက်လေ့လာသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ ဒေသခံပြည်သူများအားနိုဝင်ဘာ၉ရက်မွန်း လွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ် တော်အဆောက်အအုံ သဘင်ဆောင် ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်ထောင်စုနယ်မြေဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များမှ ပြည်သူများအနေဖြင့် လွှတ်တော်ကိုယခုလိုလာရောက်လေ့လာသည့်အတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ မိမိသည် ဇေယျာသီရိမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပါကြောင်း၊ မိမိကိုဇေယျာသီရိမြို့နယ် ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ပေးခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။ အလားတူ လွတ်တော်တွင်ရေးဆွဲသည့်ဥပဒေများပြဋ္ဌာန်းရာတွင် ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်ယနေ့ပြည်သူများကြုံတွေ့နေရသည့် အွန်လိုင်းလိမ်လည်မှုများနှင့်စပ်လျဉ်း ၍ ကျူးလွန်သူများအားထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ မိမိတို့လွှတ်တော်က ဆောင်ရွက်နေမှုများသည်ပြည်သူကို ဗဟိုပြုလျက်ရှိပါကြောင်း၊ ထို့ကြောင့်ယနေ့လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်သူများအနေဖြင့်လည်း လွှတ်တော်များသည် ပြည်သူကိုကိုယ်စားပြုသည့်နေရာ၊ ပြည်သူ့အသံကိုဖော်ဆောင် ပေးသည့်နေရာဟု မှတ်ယူရမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့်အတူ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပုဗ္ဗသီရိမြို့နယ်မဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဦးလှဆွေနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာ ဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
10 нояб., 01:54

+2
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အီရန်သည် အက်စ်-ဆာလာမာ ကျွန်းစု (As-Salamah Archipelago) ရှိ အိုမန်နိုင်ငံ၏ "ဒီဒါးမား ကျွန်း" (Didamar Island) ကို အီရန်က တာဝေးပစ် ပဲ့ထိန်း ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုကျွန်းပေါ်တွင် ဟော်မုဇ် ရေလက်ကြားအတွင်း တရားမဝင် ရေကြောင်း သွားလာမှုများကို စောင့်ကြည့်ကူညီပေးနေသည့် အမေရိကန်နှင့် အိုမန်တို့၏ ရေဒါစခန်းများနှင့် ရေကြောင်း စောင့်ကြည့်ရေး ကိရိယာများဆောက်လုပ်ထားရှိသည်။
10 нояб., 00:52

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအဆင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်
+2
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအဆင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အသိပေးဆွေးနွေးပွဲ အထိမ်းအမှတ်အခမ်းအနား တက်ရောက် နိုဝင်ဘာ ၁၀၊ ၂၀၂၆   စစ်ကိုင်းတိုင်းဒေသကြီးအဆင့် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အသိပေးဆွေးနွေးပွဲ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။   ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသက်(၉)လမှ (၅၉)လအတွင်းရှိ ကလေးငယ်များအားလုံးကို ယခင်ကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည်ဖြစ်စေ သတ်မှတ်လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုအား ထိရောက်စွာတားဆီးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းအား(၂၀၂၆)ခုနှစ်၊ နိုဝင်ဘာလဒုတိယအပတ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီကာလတွင် မိဘပြည်သူများထံ ဆေးထိုးစုရပ်နှင့် အချိန်ဇယားများ မှန်ကန်စွာရောက်ရှိရေး၊ အဓိကသတင်းစကားများ အသိပေးနိုင်ရေးနှင့်‌ ဆေးထိုးပြီးနောက် ကျန်ရှိကလေးများအား ပြန်လည်ရှာဖွေ၍ ထိုးနှံပေးနိုင်ရေးအတွက်လည်း တာဝန်ရှိအားလုံးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရည်မှန်းထားသည့် အသက်(၉)လမှ (၅၉)လအထိ ကလေးငယ်များအားလုံးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်းနှင့် နှီးနွယ်ဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ခရိုင်၊ မြို့နယ်၊ ကျန်းမာရေး ဝန်ထမ်းများအားလုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။   ယင်းနောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အသိပေးဆွေးနွေးပွဲ အထိမ်းအမှတ်အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။   ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ “ဝက်သက်၊ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးကြစို့” အထိမ်းအမှတ် Video တေးသီချင်းအား ကြည့်ရှုအားပေးကြသည်။   ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများမှ အသက်(၉)လမှ (၅၉)လအတွင်းရှိ ကလေးငယ်များအား ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုများအား ကြည့်ရှုအားပေးကြပြီး တာဝန်ရှိသူများနှင့်အတူ ကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။    
10 нояб., 00:47

အီရန်၏ ခြိမ်းခြောက်မှုကြောင့် ဗြိတိန်ရှိ ဒုတိယမြောက် လေတပ်စခန်းဖြစ်သည့် RAF Mildenhall မှ အမေရိကန် ဗုံးကြဲလေယာဉ်များနှင့် ဝေဟ
အီရန်၏ ခြိမ်းခြောက်မှုကြောင့် ဗြိတိန်ရှိ ဒုတိယမြောက် လေတပ်စခန်းဖြစ်သည့် RAF Mildenhall မှ အမေရိကန် ဗုံးကြဲလေယာဉ်များနှင့် ဝေဟင်စက်သုံးဆီဖြည့် လေယာဉ်များကို အမြန်ဆန် ဆုတ်ခွာရွှေ့ပြောင်း လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်ကလည်း RAF Fairford လေတပ်စခန်းမှ ဆုတ်ခွာခဲ့ပြီး အမေရိကန်၏ B-1 နှင့် B-52 ဗုံးကြဲလေယာဉ်များကို အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရွှေ့ပြောင်းခဲ့ရသည်။
10 нояб., 00:45

ပြင်သစ်က ရေခဲသေတ္တာများ ဆိုက်ဘာတိုက်ခိုက်မှုအတွက် အီရန်ကို ပြစ်တင်ရှုတ်ချပြီး သံအမတ်ကို ဆင့်ခေါ် ပြီးခဲ့သည့်လက တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းသုံး ရေခဲသေတ္တာများကို အဝေးမှနေ၍ အပူချိန်လွန်ကဲအောင် ပြုလုပ်ခဲ့သည့် ကြီးမားသော ဆိုက်ဘာတိုက်ခိုက်မှုအတွက် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့တွင် တာဝန်ရှိကြောင်း ပြင်သစ်တာဝန်ရှိသူများက တရားဝင် စွပ်စွဲလိုက်သည်။ အချို့သော ရေခဲသေတ္တာများမှာ မီးလောင်ကျွမ်းခဲ့ရပြီး စူပါမားကတ်များတွင်လည်း ပုပ်သိုးသွားသည့် အသားများနှင့် ပျော်ကျသွားသည့် ရေခဲမုန့် တန်ချိန်ပေါင်းများစွာကို စွန့်ပစ်ခဲ့ရသည်။ ပါရီ မြို့တော်သည် အီရန်သံအမတ်ကို ဆင့်ခေါ်ထားပြီး ဥရောပသမဂ္ဂ (EU) ၏ ပိတ်ဆို့အရေးယူမှုအသစ်များဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။ တစ်ချိန်တည်းမှာပင် ပြင်သစ်တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဆန္ဒပြမှုများမှသည် အကြမ်းဖက်ရုန်းရင်းဆန်ခတ်မှုများအဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီး နိုင်ငံအား နိုင်ငံရေးနှင့် စီးပွားရေး ကပ်ဘေးအတွင်းသို့ ကျရောက်စေခဲ့သည်။ ပြင်သစ်အစိုးရသည် ယခုဆောင်းရာသီတွင် စံချိန်တင် လျှော့နည်းသွားသည့် ထောက်ခံမှုနှုန်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် သပိတ်မှောက်မှုများနှင့် ပြင်းထန်သော စွမ်းအင်မလုံလောက်မှု ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေရသည်။
10 нояб., 00:35

မိုးကုတ်ဒေသခံ လီဆူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် ၂၀၀ တပ်မတော်ထံ အလင်းဝင် နိုဝင်ဘာ ၁၀၊ ၂၀၂၆ TNLA နှင့် ပူးပေါင်းကာ ဒေသကာကွယ
+6
မိုးကုတ်ဒေသခံ လီဆူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် ၂၀၀ တပ်မတော်ထံ အလင်းဝင် နိုဝင်ဘာ ၁၀၊ ၂၀၂၆ TNLA နှင့် ပူးပေါင်းကာ ဒေသကာကွယ်ရေးအမည်ဖြင့် အစိုးရတပ်များကို တိုက်ခိုက်ခဲ့သည့် မိုးကုတ်ဒေသခံ လီဆူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင် ၂၀၀ သည် တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ အလင်းဝင်ရောက်ခြင်းအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် မိုးကုတ်မြို့ရှိ ပတ္တမြားမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအဖွဲ့ဝင်များနှင့်အတူ ပစ္စတို ၃ လက်၊ AK-47၊ M22၊ Type 81 သေနတ်များနှင့် ကျည်အိမ် စုစုပေါင်း ၈၄ လက်အပါအဝင် 7.62 mm ကျည် ၁,၄၆၀ တောင့်နှင့် 9 mm ကျည် ၇ တောင့်တို့ကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း လက်နက်ကိုင်အဖွဲ့အသီးသီးမှ အလင်းဝင်ရောက်လာသူအင်အားမှာ ၂,၀၀၀ ကျော်ရှိခဲ့ပြီး ယခုအဖွဲ့ဝင် ၂၀၀ အပါအဝင် စုစုပေါင်း ၂,၅၀၀ ဝန်းကျင်ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ လီဆူလက်နက်ကိုင်အဖွဲ့သည် မိုးကုတ်မြို့ကို ကာကွယ်ရန်အတွက် "လီဆူအမျိုးသား ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးအဖွဲ့" အဖြစ် တပ်မတော်နှင့် ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
10 нояб., 00:15

ထိုသို့တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး NUG၊ CRPH အကြမ်းဖက်အဖွဲ့၏ အထူးတိုင်းစစ်ဌာန ချုပ်အပါအဝင် KNU၊ KNLA အဖွဲ့များ၏ အကြမ်းဖက်စခန်းနေရာ ၁၁ နေရာတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂၂၈၅ တောင့်၊ Drop Bomb ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ (4x4) ကား ၂ စီး၊ ဒရုန်းများ၊ လက်ပစ်ဗုံးများ၊ ဗုံးသီးများ၊ ဒီတိုနေတာများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်း များ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ သောင်းကျန်းသူများ၏ ပြောက်ကျား ဝတ်စုံများ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်များ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ၊ အခြားအသုံးဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ထိခိုက်ဆုံးရှုံး မှုများစွာဖြင့် ဦးတည်ရာမဲ့ ဖရိုဖရဲဆုတ်ခွာထွက်ပြေး သွားကြောင်းသိရှိရသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို နည်းမျိုးစုံ နှောင့်ယှက်ဖျက်ဆီးနေသည့် လက်နက်ကိုင်အကြမ်းဖက်သောင်း ကျန်းသူများကို မည်သည့် ဒေသတွင်မျှ အခြေချနေထိုင်၍ အကြမ်းဖက်လုပ်ရပ်များအား ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ကျူးလွန် ခြင်းမရှိစေရန် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terrorism Operation) ကို တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်း၍ဆောင်ရွက်လျက်ရှိရာ အဆိုပါ သိမ်ဇရပ်-ကျိုက်ထို ဒေသများအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်နိုင်ခြင်းမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
09 нояб., 11:35

တပ်မတော်စစ်ကြောင်းများက မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ဒေသတစ်ဝိုက် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် NUG၊ CRPH အကြမ်းဖက်သောင်း ကျန်းသူများ၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNU၊ KNLA ပူးပေါင်းအဖွဲများ၏ အခြေပြုစခန်းများအား တိုက်ခိုက်ချေမှုန်း နိုဝင်ဘာ ၉၊ ၂၀၂၆ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့် ရွှေကျင်မြို့နယ်အတွင်း ခိုအောင်း၍ အဖျက်အမှောင့် လုပ်ရပ်များလုပ်ဆောင်လျက်ရှိသည့် KNU၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့များ၏ အခြေပြုနေထိုင်ရာ စခန်းများအား တပ်မတော်စစ်ကြောင်းများက စနစ်တကျ ချီတက်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်းသိရှိရသည်။ KNU၊ KNLA အပါအဝင် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် မွန်ပြည်နယ်၊ သိမ်ဇရပ်-ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်တို့ရှိ သွားလာရေးခက်ခဲသော တောတောင်များအတွင်း အခြေပြုနေထိုင်၍ တရားဥပဒေမဲ့ မသမာသောနည်းလမ်းမျိုးစုံမှ ရရှိလာသောအကျိုးအမြတ်များဖြင့် အဖျက်အမှောင့် လုပ်ရပ်များ လုပ်ဆောင်ရာတွင်အသုံးပြုသော လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်သေနတ်များ၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများကိုပြုလုပ်ပြီး လက်နက်အားကိုးဖြင့် ရိုးသားစွာ အသက်မွေးဝမ်းကြောင်းပြုနေကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အနိုင်ကျင့် ဗိုလ်ကျကာ ကျေးရွာများအတွင်းနှင့် အနီးဝန်းကျင်တို့တွင် ယာယီအခြေပြုစခန်းများ တည်ဆောက် နေထိုင်လျက်ရှိကြကြောင်းသိရသည်။ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များအနေဖြင့် အဆိုပါဒေသများ၌ ယာယီစိုးမိုးအခြေပြု စဉ်ကာလအတွင်း ဒေသခံပြည်သူများ၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များဖြင့် ဘန်ကာများ တည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသောကျေးရွာများမှ ဒေသခံပြည်သူများ၊ ရဟန်းသံဃာများနှင့် သစ္စာရှိနိုင်ငံ့ဝန်ထမ်းများအား “ဒလန်” ခေါင်းစဉ် တပ်စွပ်စွဲပြီး ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို တရားဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့ပြင် ၎င်းဒေသအတွင်းရှိ ဒေသခံပြည်သူလူထု၏ ကုန်စည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည့် ကုန်တင်ကားများနှင့် ခရီးသွားမော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားပြည် သူများအားအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်း စိုင်းစွာ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများများစွာ ထိခိုက်နစ်နာခဲ့ရသည်။ NUG၊ CRPH တို့အနေဖြင့် KNU၊ KNLA အဖွဲ့များနှင့် ပူးပေါင်းကာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း NUG ၏ အထူးတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်မှုကို ကွပ်ကဲလျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ တိကျသောသတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ဖြင့် တိုက်ခိုက်ချေမှုန်းရန် သိမ်ဇရပ်မြို့၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုဝင်ဘာလ ၃ ရက်မှစ၍ စစ်ကြောင်းများခွဲကာ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ကတ်ကျေးရွာအနီး အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၁ ခုအား လည်းကောင်း၊ နိုဝင်ဘာလ ၆ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်ကော်ထီးထကျေးရွာအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြု နေထိုင်လျက်ရှိသည့် စခန်း ၁ ခုအား လည်းကောင်း၊ နိုဝင်ဘာ လ ၇ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ထီးထ ကျေးရွာအနီး KNU၊ KNLA တပ်မဟာ(၁)၊ ရင်း(၃) ဌာနချုပ်အပါအဝင် အကြမ်းဖက်သောင်း ကျန်းသူများ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း ၄ ခုတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍တပ်မတော်စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေ ထိုင်နိုင်ခြင်းမရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို နေ့မနားညမအား ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၈ ရက်တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်၌ NUG၊ CRPH အကြမ်းဖက်သောင်းကျန်းသူများ၏ အထူးတိုင်းစစ်ဌာနချုပ် အပါအဝင်စခန်း ၅ ခု အားထပ်မံ၍ အသီးသီး တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
09 нояб., 11:35