fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 554 مشترک است و جایگاه 16 071 را در دسته اخبار و رسانه‌ها و رتبه 10 062 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 554 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 16 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -270 و در ۲۴ ساعت گذشته برابر -12 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.40% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.94% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 929 بازدید دریافت می‌کند. در اولین روز معمولاً 1 248 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 17 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 17 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 554
مشترکین
-1224 ساعت
-597 روز
-27030 روز
آرشیو پست ها
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA အဖွဲ့၊ ABSDF အဖွဲ့၊ NMSP (မွန်)(ခွဲထွက်)အ
+2
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် KNLA အဖွဲ့၊ ABSDF အဖွဲ့၊ NMSP (မွန်)(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အဖွဲ့ဝင် အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၈ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ ဇွန် ၃၊ ၂၀၂၆

ကူဝိတ်လေဆိပ်ဟာ အရပ်ဘက်သုံး သက်သက်တင် မဟုတ်ပါဘူး။ ကူဝိတ် စစ်တပ်ရော အမေရိကန် စစ်တပ်ပါ အသုံးပြုနေတဲ့ လေဆိပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ
+2
ကူဝိတ်လေဆိပ်ဟာ အရပ်ဘက်သုံး သက်သက်တင် မဟုတ်ပါဘူး။ ကူဝိတ် စစ်တပ်ရော အမေရိကန် စစ်တပ်ပါ အသုံးပြုနေတဲ့ လေဆိပ် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ အနည်းဆုံး စစ်ဘက်ဆိုင်ရာ လေယာဉ် ၃ စီးဟာ ဒီလေဆိပ်ကိုပဲ ဆင်းသက်ခဲ့တာကြောင့် အီရန်က အဲဒီနေရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ NOM

ကူဝိတ်နိုင်ငံတကာ လေဆိပ် ပျက်စီးဆုံးရှုံးမှု ဇီယွန်ဝါဒီ အစ္စရေးရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေမှာ ပူးပေါင်းကူညီပေးခဲ့ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေထဲကတစ်ခု။ NOM

တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာတွင် ဈေးဝယ်ရန်ကုန်စုံဆိုင်ရှေ့တွင် ရောက်နေသော ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပ
တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာတွင် ဈေးဝယ်ရန်ကုန်စုံဆိုင်ရှေ့တွင် ရောက်နေသော ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ် NOM ဇွန် ၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာနေ ရာအိမ်မှူး ဦးဝင်းအောင် (၆၅) နှစ်သည်  ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်၌ အဆိုပါကျေးရွာရှိ ရွှေသန့် ကုန်စုံဆိုင်ရှေ့တွင် ဈေးဝယ်ရန် ရောက်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးဝင်းအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

နိုင်ငံတော်အစိုးရအနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ များနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက် နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၄၁)မှုမှ မြန်မာနိုင်ငံသား ကျား ၂၃၂ ဦး၊ မ ၁၈၀ ဦး၊ နိုင်ငံခြားသား ကျား ၃၇၀ ဦး၊ မ ၂၀ ဦးတို့အားလည်းကောင်း။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၂၃)မှုမှ မြန်မာနိုင်ငံသား ကျား ၂၁၄ ဦး၊ မ ၂၄၄ ဦး၊ နိုင်ငံခြားသား ကျား ၄၄၇ ဦး၊ မ ၆၂ ဦးတို့အားလည်းကောင်း။ အသီးသီးဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ ၂၈ ရက်နေ့အထိ ကာလအတွင်း အမှုပေါင်း(၁၄၅)မှုမှ မြန်မာနိုင်ငံသား ကျား ၉၂၆ ဦး၊ မ ၈၁၄ ဦး၊ ပေါင်း ၁၇၄၀ ဦး၊ နိုင်ငံခြားသား ကျား ၁၅၈၅ ဦး၊ မ ၁၀၈ ဦး၊ ပေါင်း ၁၆၉၃ ဦး၊ စုစုပေါင်း၃၄၃၃ ဦးတို့အား ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခဲ့ပါသည်။   ထို့အတူ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးအတွက်  တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း အွန်လိုင်း လောင်းကစားပြုလုပ်သည့် အဆောက်အဦများအား အများဆုံးတွေ့ရှိရပြီး အဆိုပါအဆောက်အဦ များအား ဥပဒေနှင့်အညီ ဖောက်ခွဲဖျက်ဆီးခြင်း၊ စက်ယန္တရားများ အသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အတွင်း တရားမဝင် ဆောက်လုပ်ထား သည့် အဆောက်အဦ၃၀၈ လုံး၊ ကရင်ပြည်နယ်အတွင်း ၇၈၂ လုံး၊ စုစုပေါင်း ၁၀၉၀လုံးရှိပြီး အဆိုပါ အဆောက်အဦများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့အထိ ဖျက်ဆီးခဲ့ရာ ၉၆၂ လုံး ဖျက်ဆီးပြီးဖြစ်၍ကရင်ပြည်နယ်အတွင်း ကျန်ရှိသည့် အဆောက်အဦ ၁၂၈ လုံးအား ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း မိုင်းရယ်၊ တန့်ယန်း၊ မိုင်းနောင်၊ ကွန်ဟိန်း၊ ကျေးသီး၊ လဲချား၊ ကာလိ၊ မိုင်းပေါက်၊ မိုင်းကိုင်၊ နမ့်ဆန်၊ မူဆယ်၊ တာချီလိတ်၊ မက်မန်း၊ မိုင်းခတ်နှင့် မိုင်းရှူးမြို့နယ်၊ စုစုပေါင်း မြို့နယ် ၁၆ မြို့နယ်အတွင်းမှ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ကိုင်သည့် အဆောက်အဦ ၃၀၈လုံးအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်နေ့အထိ ဖျက်ဆီး ခဲ့ပြီးဖြစ်ပါသည်။ အလားတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park အတွင်း၌ တရားမဝင် ဆောက်လုပ် ထားသည့် အဆောက်အဦ၆၃၄ လုံးအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့အထိ အပိုင်း(၃)ပိုင်းခွဲ၍ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် စက်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ အပိုင်း(၁)တွင် အဆောက်အဦ ၁၄၇ လုံးအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိလည်းကောင်း၊အပိုင်း(၂)တွင် အဆောက်အဦ ၆၂ လုံးအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၈ ရက်နေ့ အထိလည်းကောင်း၊အပိုင်း(၃)တွင် အဆောက်အဦ ၄၂၅ လုံးအား ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၁၇ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်အထိလည်းကောင်း ဖျက်ဆီးခဲ့ပါသည်။ ထို့အတူ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ကျေးရွာ၌ အွန်လိုင်းလောင်းကစားလုပ်ကိုင်ရန် တရားမဝင် ဆောက်လုပ်ထားသည့် အဆောက်အဦ ၇၇ လုံးရှိပြီး အဆိုပါအဆောက်အဦများအား စနစ်တကျ ဖျက်ဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့အထိ အဆောက်အဦ ၂၇ လုံး ဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် အဆောက်အဦ ၅၀ လုံးအား ဆက်လက်ဖျက်ဆီးသွားမည်ဖြစ်ပါသည်။ အလားတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်၍ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ ပတ်ဝန်းကျင်ရှိ လုပ်ငန်းဆိုဒ်များမှ စစ်ဆေးတွေ့ရှိခဲ့သည့် ကွန်ပျူတာ/မော်နီတာ၃၃၁၀ လုံး၊ မိုဘိုင်း ဖုန်းဟန်းဆက် ၂၁၈၇၀ လုံး၊ Starlink စက်၁၀၂ လုံး၊ ကာစီနို လောင်းကစားခုံ၊ Router ၂၂ လုံး တို့နှင့် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြဝတီ-မဲ့ထော်သလေးသွားကားလမ်းဘေးရှိ 69 KTV ခြံဝင်း အတွင်းမှ သိမ်းဆည်းရရှိခဲ့သည့်ကွန်ပျူတာ ၈၂ လုံး၊ မိုဘိုင်းဖုန်း ၉၂ လုံးတို့အား ဖျက်ဆီးရှင်းလင်း နိုင်ခဲ့ပါသည်။ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကြောင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိခိုက် နစ်နာမှုများဖြစ်ပေါ်လျက်ရှိသဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုများကို ဆိုက်ဘာ လုံခြုံရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပြီး ယင်းတို့နှင့်ဆက်စပ်ဖြစ်ပွားသော လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ အဓမ္မလုပ်အားခိုင်းစေမှု၊ ငွေကြေးခဝါချမှုများကိုလည်း ထိထိရောက် ရောက် အရေးယူဆောင်ရွက်လျက်ရှိကာ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း ကိုလည်း ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။

အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် အလေးထားဆောင်ရွက်လျက်ရှိ ဇွန် ၃၊ ၂၀၂၆ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် မြန်မာနိုင်ငံနယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားစိုးမိုးလျက်ရှိသည့် ရှမ်းပြည်နယ်၊ နန်းခမ်း၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ပန်ဆန်း၊ မိုင်းလားနှင့် တာချီလိတ်အစရှိသည့် မြန်မာ- တရုတ်နယ်စပ်ဒေသများနှင့် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် ဘုရားသုံးဆူ အစရှိသည့် မြန်မာ-ထိုင်းနယ်စပ်ဒေသများတွင် အခြေပြုလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါအွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သော (National Security Threat) ရာဇဝတ်မှုခင်းများဖြစ်သည့်အပြင် ယင်းရာဇဝတ်မှုများသည် လူအများစုအပေါ် ကျူးလွန်သော ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ထွက်ပေါ်လာသောရလဒ်နှင့် ဆိုးကျိုး များကို နိုင်ငံအသီးသီးက ပြင်းထန်စွာခံစားနေရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတကာနှင့်တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ထိုသို့ တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြု နိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ် ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍  အရှိန်အဟုန်မြှင့်  ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အများဆုံး ဖမ်းဆီးရမိ ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက်အထိ မြန်မာနိုင်ငံနယ်စပ်ဒေသများအတွင်းသို့ တရားမဝင် ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှုပြုလုပ်ခြင်း၊ ကာစီနိုကစားဝိုင်းများ ပြုလုပ်ခြင်း၊ အနှိပ်ခန်းနှင့် တရားမဝင် ပြည့်တန်ဆာလုပ်ငန်းများ ပြုလုပ်ခြင်းနှင့် စားသောက်ဆိုင် လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သူများစသည့် အထောက်ထားမဲ့ဝင်ရောက်လာသူ တရားမဝင်နိုင်ငံခြားသား ၇၂၆၁၉ ဦးတို့အား ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား လူသားချင်း စာနာ ထောက်ထားမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတို့အား ရှေးရှုကာ ပြည်တွင်းဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထိုသို့လွှဲပြောင်းခဲ့ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၈ ရက် အထိ ရှမ်းပြည်နယ်အတွင်း၌ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများအပါအဝင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၅၆၉၁၈ ဦးတို့အား မုံးအတံတား၊ ရန်လုံကျိုင်းဂိတ်၊ ဘီပီ-၅၈၊ ဘီပီ-၁၂၅၊ နန့်ဖာဟော်ဂိတ်၊ မန်းဝိန်းဂိတ်၊ ပန်ဝိုင်မြို့၊ ရုံဟယ်ဂိတ်၊ တာလော့ဂိတ်၊ ဘီပီ-၂၄၀၊ မယ်ဆိုင်ဂိတ်၊ တာချီလိတ် အမှတ်(၁)တံတား၊ တာချီလိတ် အမှတ်(၂)တံတား၊ လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းနှင့် ဝမ်ပုံဆိပ်ကမ်းတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေး ခဲ့သည်။ ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာပြီး တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်ခဲ့သော နိုင်ငံခြားသား များအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ စတင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးထိန်းသိမ်း/လွှဲပြောင်းခဲ့မှုများဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်အထိ တရားမဝင်နိုင်ငံခြားသား ၁၄၆၈၅ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ၁၃၅၂၁ ဦးအား သက်ဆိုင်ရာ နိုင်ငံများသို့ ပြည်နှင်ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့သဖြင့် လွှဲပြောင်းရန် ၁၁၆၄ ဦးကျန်ရှိသည်။ အွန်လိုင်းအသုံးပြုလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို့တွင် ပါဝင်ပတ်သက် ကျူးလွန် နေကြသည့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၁၅)မှုမှ မြန်မာနိုင်ငံသား ကျား၄၉ ဦး၊ မ ၆၃ ဦး နိုင်ငံခြားသား ကျား ၇ ဦးတို့အားလည်းကောင်း။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ အမှုပေါင်း(၆၆)မှုမှ မြန်မာနိုင်ငံသား ကျား ၄၃၁ ဦး၊ မ ၃၂၇ ဦး၊ နိုင်ငံခြားသား ကျား ၇၆၁ ဦး၊ မ၂၆ ဦးတို့အားလည်းကောင်း။ 

photo content

photo content
+9

မြဝတီမြို့၊ အာရှလမ်းတွင် တွဲကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား အမျိုးသားတစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရရှိ NOM၊ဇွန်၃၊၂၀၂၆ ကရင်ပြည်န
မြဝတီမြို့၊ အာရှလမ်းတွင် တွဲကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွား အမျိုးသားတစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရရှိ NOM၊ဇွန်၃၊၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းမ၊ ကွင်းကလေးကုန်းအဆင်းတွင်ယမန်နေ့ ဇွန်၂ရက်ညနေ၄နာရီခွဲ၌ တွဲကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြဝတီခရိုင်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာရန်ကုန်မှမြဝတီသို့ကုန်များတင်ဆောင် လာသော တွဲကားတစ်စီးသည် အာရှလမ်းမ၊ ကွင်းကလေးကုန်းအဆင်း မိုင်တိုင်အမှတ် ၁၆၁/၄ တွင် ဘရိတ်ပေါက်ပြီးလမ်းဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ရာယာဉ်မောင်းမှာအခင်းဖြစ်နေရာတွင် သေဆုံး ခဲ့ပြီးယာဉ်နောက်လိုက်မှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တွဲကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်း ရရှိသဖြင့် မြဝတီမြို့နယ်မီးသတ်စခန်းမှ  မီးသတ်တပ်ဖွဲ့ ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူအမျိုးသားတစ်ဦးကိုMyanmar Rescueလူနာတင်ယာဉ်ဖြင့် မြဝတီပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

မြောက်ဥက္ကလာပဆေးရုံကြီးတွင်အကျင့်ပျက်ဝန်ထမ်းများနှင့် နာရေးပွဲစားများကိုပြတ်ပြတ်သားသား အရေးယူမည် NOM၊ဇွန်၃၊၂၀၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် အကျင့်ပျက်ဝန်ထမ်းနှင့် နာရေးပွဲစားများကို ပူးပေါင်းဖော်ထုတ်ကာ ပြတ်ပြတ်သားသား အရေးယူမည်ဟု ယနေ့ (ဇွန် ၃ ) ရက် နေ့၌ ပြုလုပ်သည့်မြောက်ဥက္ကလာပ ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများအကြား ဆွေးနွေးပွဲတွင် ပြောကြားခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံဝန်ထမ်းအချို့၏ ငွေညှစ်နှောင့်ယှက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။ ထိုဖြစ်စဉ်သည် မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံတွင် ပလုံကောက်သည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ထုတ်ယူရန် ကြိုးပမ်းစဉ် ဝန်ထမ်းအချို့က ငွေကြေးတောင်းခံကာ လူမှုကွန်ယက်တွင် ဝေဖန်ခံရသည့် ဖြစ်စဉ် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ယင်း ပြဿနာကို အပြုသဘောဖြင့် အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန်အတွက် ဆေးရုံတာဝန်ရှိသူများကလည်း ဆောင်ရွက်နေပြီး နောင်တွင် ပြည်သူများအပေါ် ယင်းကဲ့သို့ ခါးသီးသော ဖြစ်စဉ်မျိုး ထပ်မံမပေါ်ပေါက်စေရန် ဝိုင်းဝန်းထိန်း သိမ်းကြပ်မတ်သွားကြရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။ "အစည်းအဝေး၌ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ နာရေးကိစ္စဖြစ်စဉ် (ရင်ခွဲရုံဝန်ထမ်းများ၏နှောင့်ယှက်ငွေညှစ်မှု) များနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် ပွင့်လင်းမြင်သာစွာ အပြုသဘောဆောင် တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ် နောက် နောင်တွင် ပြည်သူများအပေါ်ဒီလို ခါးသီးတဲ့ ကိစ္စရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန်အတွက် နှစ်ဦးနှစ်ဖက် ဝိုင်းဝန်းထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပြီး၊ အကယ်၍ အလားတူပြဿနာမျိုး ထပ်မံပေါ်ပေါက်လာပါကအမြန်ဆုံး ချိတ်ဆက်ညှိနှိုင်း အရေးယူဆောင်ရွက်ကြမည်ကို စနစ်တကျ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်"ဟုဝန်းရံမှူး လူမူကူညီကယ်ဆယ်ရေးအသင်းမှဦးထွန်းမြတ်ညွန့်က သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။ ထို့ပြင် ယခုယာဉ်တိုက်မှုကြောင့် ‌သေဆုံးခဲ့ရသည့် ပလုံကောက်အမျိုးသမီးအတွက် အစိုးရထံမှ ရပိုင်ခွင့်ရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၃၀ ခန့်အား မိသားစုဝင်များ ရရှိနိုင်စေရေးအတွက်ပါ ဆေးရုံကြီးနှင့် ပရဟိတကွန်ရက်တို့ ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုင်ပင်ခဲ့ကြကြောင်းလည်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သိုပြန်လည်ရောက်ရှိလာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်လေဆိပ်သိုပြန်လည်ရောက်ရှိလာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တိုနှင့်တွေ့ဆုံပြီး နိုင်ငံအတွက်အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်ညပိုင်းတွင် နေပြည်တော်လေဆိပ်သိုပြန် လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ နေပြည်တော်လေဆိပ်သိုရောက်ရှိလာသော နိုင်ငံတော်သမ္မတအား အစိုးရအဖွဲတာဝန်ရှိသူများ၊ ရန်ကုန်မြိုအခြေစိုက်အိန္ဒိယသံရုံး၏ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို မှ မြန်မာနိုင်ငံသို အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာချိန်တွင်လည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပိုဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။

အီရန်၏ လက်တုံ့ပြန် တိုက်ခိုက်မှုအပြီး ကူဝိတ် နိုင်ငံတကာလေဆိပ်။ NOM

International Roller Skating Championships 2026ပြိုင်ပွဲတွင်မြန်မာ‌အသင်း‌ေရွှသုံးခု၊ကြေးတံဆိပ်တစ်ခုဆွတ်ခူး NOM၊ဇွန်၃၊၂၀၂၆ အင်
International Roller Skating Championships 2026ပြိုင်ပွဲတွင်မြန်မာ‌အသင်း‌ေရွှသုံးခု၊ကြေးတံဆိပ်တစ်ခုဆွတ်ခူး NOM၊ဇွန်၃၊၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၌ မေလ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသော Jarkata International Roller Skating Championships 2026, Indonesia ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်အားကစားအသင်း‌ေရွှသုံးခု၊‌ေကြးတစ်ဆွတ်ခူးရရှိခဲ့‌ေကြာင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင်မီတာ၅၀၀တစ်ဦးချင်းပြိုင်ပွဲတွင်ရွှေတစ်ခုစီ၊‌မီတာ ၁၀၀၀၀ relay (လက်ဆင့်ကမ်း) အသင်းလိုက်ကစားရသော event မှ ရရှိခဲ့သည့် event အား ခြေစစ်အဆင့်တွင် ကာဇက်စတန်၊ အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှားအသင်းများနှင့်လည်းကောင်း၊ ဖိုင်နယ်တွင် ကာဇက်နှင့် အိန္ဒိယအသင်းများနှင့်ယှဉ်ပြိုင်ခဲ့ရပြီး တတိယ ကြေးတံဆိပ်ဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင်အိန္ဒိယနိုင်ငံ၊ကိုရီးယား၊တရုတ်(တိုင်ပေ)၊မွန်ဂိုလီယား၊စင်္ကာပူ၊ အင်ဒိုနီးရှား၊ဗီယက်နမ်၊ကာဇက်စတန်နိုင်ငံတို့ပါ၀င်ပြီးအားကစားသမားတစ်‌ထောင်‌ကျာ် ၀င်‌ေရာက်ယှဥ်ပြိုင်ကြပြီးနိုင်ငံအလိုက်အဆင့်၆ရရှိခဲ့‌ေကြာင်းသိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ နေပြည်တော်မြို့သိုပြန်လည်ထွက်ခွာ အိန္ဒိယနိုင်ငံဝန်ကြီးခ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ မှ နေပြည်တော်မြို့သိုပြန်လည်ထွက်ခွာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက်က မွမ်ဘိုင်းမြို့မှ နေပြည်တော်သို အထူးလေယာဥ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတသည် နေပြည်တော်မြို့သို့ပြန်လည်ထွက်ခွာရန် Chhatrapati Shivaji Maharaj   International Airport သိုရောက်ရှိလာရာ လေဆိပ်၌ လုပ်ငန်းဆောင်ရွက်နေမှုများကို လေဆိပ်တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။ ထိုနောက် နေပြည်တော်သို အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပိုဆောင်နှုတ် ဆက်ခဲ့ကြသည်။

အီရန်ရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခြင်းခံခဲ့ရအပြီး ကူဝိတ်နိုင်ငံတကာလေဆိပ်ရဲ့ ပျံ့နှံ့နေတဲ့ မှတ်တမ်း။ NOM
+2
အီရန်ရဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခြင်းခံခဲ့ရအပြီး ကူဝိတ်နိုင်ငံတကာလေဆိပ်ရဲ့ ပျံ့နှံ့နေတဲ့ မှတ်တမ်း။ NOM

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Gateway of India, Mumbai အား ကြည့်ရှုလေ့လာ အိန္ဒိယနိုင်ငံသို ရောက်ရှိနေသော နိုင်ငံတော်သမ္မ
+4
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Gateway of India, Mumbai အား ကြည့်ရှုလေ့လာ အိန္ဒိယနိုင်ငံသို ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် Gateway of India အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထိုသို့ ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Gateway of India, Mumbai အား ကြည့်ရှုလေ့လာ အိန္ဒိယနိုင်ငံသို ရောက်ရှိနေသော နိုင်ငံတော်သမ္မ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Gateway of India, Mumbai အား ကြည့်ရှုလေ့လာ အိန္ဒိယနိုင်ငံသို ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန်လ ၃ ရက် နံနက်ပိုင်းက မွမ်ဘိုင်းမြို့၏ အထင်ကရ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် Gateway of India အား သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထိုသို့ ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက Gateway of India ၏ သမိုင်းကြောင်း၊ ဗိသုကာလက်ရာဆိုင်ရာ ထူးခြားချက်များနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထင်ကရနေရာတစ်ခုအဖြစ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ)သို့ တက်ရောက်အမှာစကားပြောကြား အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက် နံနက်ပိုင်းက The Taj Palace, Mumbai တွင် ကျင်းပသည့် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ) သို တက်ရောက်အမှာစကားပြောကြားပြီး မွမ်ဘိုင်းမြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များကိုတွေ့ဆုံခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ)သို့ တက်ရောက်အမှာစကားပြောကြား အိန္ဒိယနိုင်ငံသို တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၃ ရက် နံနက်ပိုင်းက The Taj Palace, Mumbai တွင် ကျင်းပသည့် MYANMAR-INDIA BUSINESS DIALOGUE (မြန်မာ-အိန္ဒိယ စီးပွားရေး ဆွေးနွေးပွဲ) သို တက်ရောက်အမှာစကားပြောကြားပြီး မွမ်ဘိုင်းမြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များကိုတွေ့ဆုံခဲ့သည်။