ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 411 подписчиков, занимая 15 966 место в категории Новости и СМИ и 10 118 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 411 подписчиков.

Согласно последним данным от 08 июля, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -223, а за последние 24 часа — -13, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.65%. В первые 24 часа после публикации контент обычно набирает 6.02% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 950 просмотров. В течение первых суток публикация набирает 747 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 09 июля, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 411
Подписчики
-1324 часа
-677 дней
-22330 день
Архив постов
+4
ရွှေဘိုမြို့အနီး ပေါက်ချိုင်ရွာရှိ အကြမ်းဖက် PDF စခန်းနေရာကို တပ်မတော်က ပစ်မှတ် မှတ်ပုံတင်ပြီး လေကြောင်းမှ တိတိကျကျချေမှုန်းရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားအများအပြားသေဆုံး… ပြည်သူ့လုံခြုံရေးစနစ်အားကောင်းလာပြီလို့ပြောရမယ်…ပြည်သူတွေက အကြမ်းဖက်သမားရှိတဲ့နေရာတွေကို တိတိကျကျသတင်းပေးလာကြပြီ… ပြည်သူတွေသေတယ်လာမလုပ်နဲ့နော်…အကြမ်းဖက်စခန်းကို တိတိကျကျချေမှုန်းတာ… တိုက်ပွဲသတင်းစုံ

Repost from NOM
အမေရိကန်နိုင်ငံ၊ Minneapolis မြို့မှာ အသက် ၃၇ နှစ်အရွယ် လူဖြူအမျိုးသမီးတဦးဟာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့်
အမေရိကန်နိုင်ငံ၊ Minneapolis မြို့မှာ အသက် ၃၇ နှစ်အရွယ် လူဖြူအမျိုးသမီးတဦးဟာ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဥပဒေစိုးမိုးရေး (ICE) ကတော့ အရာရှိဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ပစ်ခတ်ခဲ့ရတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ အမျိုးသမီးက ကားနဲ့တိုက်ကာ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြို့တော်ဝန် ဂျက်ကော့ဘ်ဖရေးကတော့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဖက်ဒရယ်အရာရှိတွေရဲ့ ပြောဆိုချက်ကို ငြင်းဆိုခဲ့ကာ ICE အေးဂျင့်တွေကို မြို့ကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီ ပစ်ခတ်သတ်ဖြတ်မှုအတွက် မကျေနပ်ချက်တွေလည်း ရှိနေကာ ICE အေးဂျင့်တွေကတော့ မြို့တွင်းမှာ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် Renee Nicole Good ဆိုသူဖြစ်ပြီး အမေရိကန်နိုင်ငံသူလည်း ဖြစ်ပါတယ်။ NOM

မအူပင်မြို့တွင် စက်သုံးဆီ အရောင်းဆိုင်မီးလောင် မှုတွင်သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာပြင်းထန် NOM၊ဇန်နဝါရီ၇၊၂၀၂၆ ဧရာဝတီတိုင်း၊ မအူ
မအူပင်မြို့တွင် စက်သုံးဆီ အရောင်းဆိုင်မီးလောင် မှုတွင်သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာပြင်းထန် NOM၊ဇန်နဝါရီ၇၊၂၀၂၆ ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၅)ရပ်ကွက် ၇လမ်း ကမ်းနားတာပြင်ရှိ ကြယ်စင်ဧရာ စက်သုံးဆီအရောင်းဆိုင်မီးလောင်မှုတွင်ဒဏ်ရာရသူများအနက် ယနေ့ဇန်နဝါ ရီ၇ရက် နံနက်ပိုင်တွင်ရန်ကုန်ဆေးရုံကြီး၌နှစ်ဦးထပ်မံသေ ဆုံးသွားသည့်အတွက်လက်ရှိ သေဆုံးသူ ၃ ဦး ဖြစ်ပြီး ၃ဦးမှာဒဏ်ပြင်းထန်ဟုအနှိုင်းမဲ့မေတ္တာလူမှုကူညီရေးအသင်း မှတာဝန်ရှိသူတစ်ဦးကပြော သည်။ ဧရာဝတီတိုင်း၊ မအူပင်မြို့ အမှတ် (၅)ရပ်ကွက် ၇လမ်း ကမ်းနားတာပြင်ရှိ ကြယ်စင်ဧရာ စက်သုံးဆီအရောင်းဆိုင်တွင်ယမန်နေ့ဇန်နဝါ ရီ လ ၆ရက်နေ့ နေ့လည် ၁၂း၂၅နာရီ အချိန်ခန့်ကပေပါအတွင်းဆီထည့်စဥ် မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံး၊ငါးဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် မအူပင်ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ပိုဆောင်ပေးခဲ့ ရားနေ့ရန်ကုန်ဆေးရုံကြီးတွင်နှစ်ဦးထပ်မံသေဆုံးသွားကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၀ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၀ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၇ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

ဇန်နဝါရီလ၇ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်သမ္မတထရမ့်သည်စစ်ဘက်အကြီးအကဲများနှင့်ဒိန်းမတ်ပိုင်ဂရင်းလန်းကျွန်းကိုသိမ်းပို
+2
ဇန်နဝါရီလ၇ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်သမ္မတထရမ့်သည်စစ်ဘက်အကြီးအကဲများနှင့်ဒိန်းမတ်ပိုင်ဂရင်းလန်းကျွန်းကိုသိမ်းပိုက်ရန်ဆွေးနွေးကြောင်းသမ္မတအိမ်ဖြူတော်ကသတင်းထုတ်ပြန်သည်။(ဓါတ်ပုံ) ၂။သြစတေလျအစိုးရကဆန္ဒပြမှုများပြင်းထန်နေသောအီရန်မှသြစတေလျနိုင်ငံသားများအမြန်ဆုံးထွက်ခွာရန်ကြေညာသည်။ ၃။ ပြင်သစ်၊ဗြိတိန်နှင့်တူရကီတို့သည်ယူကရိန်းစစ်ပြေငြိမ်းပြီးပါကယူကရိန်းတွင်ငြိမ်းချမ်းရေးတပ်အင်အား၂၀၀၀၀ချထားရန်ပြင်ဆင်နေသည်။(ဓါတ်ပုံ) ၄။ထရမ့်ကဗင်နီဇွဲလားသည်ရေနံစည်သန်းပေါင်း၅၀ကိုအမေရိကန်သို့ပေးရမည်ဖြစ်ပြီးအမေရိကန်ကထိုရေနံများကိုရောင်းချကာအမြတ်ငွေကိုနှစ်နိုင်ငံခွဲယူရမည်ဟုပြောသည်။ ၅။ဆိုမာလီနိုင်ငံမှခွဲထွက်ကြောင်းကြေညာထားသောဆိုမာလီလန်းသို့အစ္စရေးနိုင်ငံခြားရေးဝန်ကြီးသွားရောက်ခြင်းကိုဆိုမာလီနိုင်ငံကပြင်းထန်စွာကန့်ကွက်ပြီးနိုင်ငံ၏အချုပ်အချာအာဏာကိုထိပါးသည့်လုပ်ရပ်ဟုကြေညာလိုက်သည်။(ဓါတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သံဃာတော်နှစ်ပါးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ် တစ်စီးအား လုယက်ယူဆောင်သွား NOM ဇန်နဝါရီ ၇၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာအနီးရှိ "မဟာမင်းထင်" ဘုန်းကြီးကျောင်းမှ မော်တော်ယာဉ်တစ်စီးအား PDF အကြမ်းဖက်အဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီခွဲအချိန်၌ အဆိုပါဘုန်းကြီးကျောင်းမှ ခန်းနေဆရာတော် ဥူးဥတ္တမ (၃၉)နှစ် (၁၉)ဝါနှင့် ကိုရင် ရှင်ဇောတိကပါလတို့နှစ်ပါးသည် ကျောင်း၏အရှေ့ဘက် ၁ ဖာလုံခန့်အကွာရှိ ရေတွင်းတူးဖော်နေသည့် လုပ်ငန်းခွင်နေရာတွင် ဘုန်းကြီးကျောင်းပိုင် မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးခန့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ မော်တော်ယာဉ်အား လုယက်ယူဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

တပ်က မြင်းခြံနဲ့ နွားထိုးကြီးဘက်ကို နယ်မြေရှင်းလိုက်တဲ့အခါ ဒေသခံ PDF တွေက မလှိုင်၊ ကျောက်ပန်းတောင်းဘက်ကို ပြန့်ကျဲ လာတဲ့ သဘောရှိတယ်။ ဒီဘက်မှာ အပိတ်စစ်ကြောင်းမျိုးပါ ထပ်ရှိနေနိုင်ရင်တော့ ပိုကောင်းမယ်လို့ ယူဆမိတယ်။ ------ လက်ရှိ ဆင်ဖြူကျွန်း ကိစ္စကလည်း အဲ့မှာ ဒေသအခြေစိုက် တပ်က မရှိဘူး။ မြစ်တဖက်ကမ်းက စလင်းမှာ အခြေစိုက် တပ် တစ်ခုရှိတယ်ဆိုပေမယ့် ဒီဧရိယာ တခုလုံးကို ခြုံဖို့ဆိုတာ ဒီတပ်ဟာ အတော်လေး မာ နေမှလည်း ဖြစ်မယ်။ နဂိုကတည်းက PDF တွေက ဂိတ်တွေချပြီး ဆက်ကြေးကောက်နေခဲ့ကြလို့ စလင်းဘက်က သူတွေတောင် ကျေးရွာချင်းဆက်လမ်းတွေအစား ၊ သမ္မန်တွေ နဲ့ မြစ်ကူးသွားလာနေခဲ့ကြတာလည်း ကြာလှပြီ။ ဆိုတော့ ....ဒီဒေသဟာ စစ်ကိုင်းအထက်က ပြည်သူ့စစ်ရွာတွေလိုမျိုး ကျေးရွာအခြေပြု တပ်ဖွဲ့တွေ အားမကောင်းရင် တပ် တစ်ခုတည်းနဲ့ နယ်မြေထိန်းဖို့ အတော်ခက်နိုင်တာ သတိပြုမိတယ်။ ဒါနဲ့ အလားသဏ္ဍန်တူတာက ပဲခူး အနောက်ခြမ်းဘက်က တပ်မရှိဘဲ နယ်မြေရဲစခန်း တခုတည်း အခြေစိုက်ထားတဲ့ မြို့တွေဟာ သာမန်ထက် ပိုပြီး လုံခြုံရေး ဂရုစိုက်သင့်တယ်။ ရန်သူ့သတင်းအခြေအနေကို ကိုယ်က လက်ဦးမှု ရနေအောင် ကြိုးစားသင့်တယ်ဆိုတဲ့ အချက်ပြ သတိပေးမှုတွေ ခံစားမိနေတယ်။ ----- ဒီကနေ့ ဖြစ်သွားတဲ့ UEC ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကလည်း လုံခြုံရေး သတင်းကျိုးပေါက်မှုလို့ပဲ သုံးသပ်တယ်။ ယာဉ်တန်းလေးစီးအပြင် လုံခြုံရေးအဖွဲ့တွေ လိုက်ပါလာတဲ့ ဒီလို ခရီးစဉ်မျိုးကို အတိအကျ စောင့်ကြို တိုက်ခိုက်ဖို့ဆိုတာ သာမန်အားဖြင့် မလွယ်ကူနိုင်ဘူး။ လုံခြုံရေး ‌တပ်ဖွဲ့ တွေပဲ ဖြစ်ဖြစ်၊ ယာဉ်တန်းပေါ်က အရပ်သားခေါင်းပေါင်းတွေပဲ ဖြစ်ဖြစ် ခုလိုကာလမှာ မဖြစ်မနေ သွားရတဲ့ ခရီးစဉ် တွေကို ပုံမှန်အခြေအနေထက် ပိုပြီး အလေးထား လျှို့ဝှက်ဆောင်ရွက်သင့်တယ်။ နှုတ်စည်း စောင့်သင့်တယ်။ ------ ဒီလို အခြေအနေဆိုးကြားမှာ ကံကောင်းတာ တခုက မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တဲ့ PDF တပ်တွေမှာ လက်နက်ခဲယမ်းအင်အား အလုံအလောက် ရှိမနေတာ တွေ့ရတယ်။ ဒါ့ကြောင့်လည်း ကသာလိုမျိုး မြို့သိမ်းတိုက်ပွဲတွေဟာ ကနဦးအစ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပေမယ့် ရက်နည်းနည်းကြာအောင် တပ်က တောင့်ခံလိုက်နိုင်တာနဲ့ စစ်ပွဲ အလှည့်အပြောင်းဟာ ပြောင်းပြန်ဖြစ်သွားတာ တွေ့ရတယ်။ သဘောက တပ်မရှိတဲ့ မြို့တွေက ရဲစခန်းတွေအနေနဲ့ လက်နက်ခဲယမ်းအင်အား အလုံအလောက်နဲ့ စုဖွဲ့ သတိရှိနိုင်ရင် မြို့သိမ်းတိုက်ပွဲ ဖြစ်ဖို့ ခက်ခဲနိုင်တယ်လို့ ယူဆရတယ်။ ------ ခြုံကြည့်လိုက်ရင်တော့ အညာဒေသ မှာ နယ်မြေရှင်းဖို့အတွက် တပ်ဟာ မိတ်ဖက် ပြည်သူ့စစ်အဖွဲ့ မာမာချာချာ ရှိဖို့ လိုအပ်တာ တွေ့ရတယ်။ ဒေသအခြေပြု ပြည်သူစစ်တွေ စုဖွဲ့ပြီး ဒီစစ်ကြောင်းတွေထဲမှာ ပိုပြီး အမာခံဖြစ်တဲ့ တပ်နဲ့ တွဲဖက်နိုင်မှ ခြုံမိတဲ့ နယ်မြေရှင်းမှုမျိုး ဖြစ်လာစေလိမ့်မယ်။ လိုအပ်တဲ့ အင်အားထုအပြင် ရန်သူ့သတင်းတွေပါ ပိုပြီး ရနိုင်သလို စည်းရုံးရေးအတွက်ပါ အထောက်အကူ ပြုလိမ့်မယ်။ ရွေးကောက်ပွဲကာလနဲ့ အလွန်ကာလတွေအတွက် တပ်အခြေစိုက်စခန်း မရှိတဲ့ မြို့တွေက ရဲစခန်းတွေကို လက်နက်ခဲယမ်းဖြည့်တင်းပြီး လုံခြုံရေး အရ တပ်လှန့်ထားဖို့ လိုလိမ့်မယ်။ လုပ်ငန်းခွင်ထဲမှာ ပြန်ဝင် CDM တွေ ရှိနေသလို၊ နဂိုကတည်းက ရှိနေနိုင်တဲ့ ဖရဲသီးတွေအတွက် လုံ ၄ လုံ ဆိုတဲ့ စည်းမျိုး မကျိုးပေါက်အောင် သတိပြုဖို့ လိုအပ်တယ်။ (နရီမိုး)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လက်ပန်ကျေးရွာနေ ရာအိမ်မှူး၊ ၎င်း​၏ဇနီးနှင့် တစ်ရွာတည်းနေ အမျိုးသားတစ်ဦးတို့ကို PDF အကြမ်းဖ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လက်ပန်ကျေးရွာနေ ရာအိမ်မှူး၊ ၎င်း​၏ဇနီးနှင့် တစ်ရွာတည်းနေ အမျိုးသားတစ်ဦးတို့ကို PDF အကြမ်းဖက်သမား ၅၀ ဦးခန့်က သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ NOM ဇန်နဝါရီ ၇၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ လက်ပန်ကျေးရွာနေ ရာအိမ်မှူး ဦးအောင်ကျော်ထွန်း (၄၆) နှစ်သည် ဇန်နဝါရီလ ၆ ရက်နေ့ ည ၈ နာရီခွဲအချိန်၌ ၎င်း၏ဇနီးဖြစ်သူ ဒေါ်မိုးလေး (၅၂) နှစ်၊ တစ်ရွာတည်းနေ ဦးဖြူကြီး (၄၉) နှစ်တို့နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၅၀ ဦးခန့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးအောင်ကျော်ထွန်းနှင့် ဒေါ်မိုးလေးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးဖြူကြီးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ NOM ဇန်နဝါရီ ၇၊ ၂၀၂၆ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပန်းဆိုးတန်းဂုံးကျော်တံတားပေါ်၌ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထား သည့် ပိတ်စအား ချိတ်ဆွဲထားသည်ကိုတွေ့ရှိရသဖြင့် ထိုသို့ချိတ်ဆွဲထားသူများအား စုံစမ်းဖော်ထုတ် ခဲ့ရာ သာကေတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ အာကာမင်း(ခ)ရန်ချို(၂၀)နှစ်နှင့် ကိုဇင်(စိစစ်ဆဲ) တို့ ၂ ဦးဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ အာကာမင်း(ခ) ရန်ချိုအား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်း (ပ)၉၄၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ၂၃(က)/ ၂၈ ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ မာဃရပ်နေ မဝင်းမိုးပြည့်(၂၅)နှစ်သည် ၎င်းအသုံးပြုသည့် “LEONAR” TikTok လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေသည့် စာသား များ ရေးသားကာ စည်းရုံး/လှုံ့ဆော်ထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဝင်းမိုးပြည့်အား ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြင်းမူမြို့မရဲစခန်း (ပ)၂၁/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် သာကေတမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၊ အောင်ဇေယျလမ်းပေါ်အရောက်၌ အဆိုပါရပ်ကွက်နေ အောင်ပြည့်ဖြိုး(ခ)ရှဖီး(၄၁)နှစ်သည် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖြစ် အောင်ဇေယျလမ်းဘေး၌ စိုက်ထူထားရှိသည့် ဗီနိုင်းဆိုင်းဘုတ်အား အုတ်ခဲဖြင့်ပစ်ပေါက် ဖျက်ဆီးခဲ့ရာ အဆိုပါဗီနိုင်းဆိုင်းဘုတ်တွင် ၁ ပေခန့် ပေါက်ပြဲပျက်စီးနေသည်ကို စစ်ဆေးတွေ့ရှိရ သဖြင့် အောင်ပြည့်ဖြိုး(ခ)ရှဖီးအား ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သာကေတမြို့မရဲစခန်း (ပ)၇၀၆/ ၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း။ အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်နေ ဝင်းမောင်ဖြူ(၅၆)နှစ်သည် ၎င်းအသုံးပြုသည့် “Win Maung Phyu” Facebook Account ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန်ရေးသားထားသည့်စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဝင်းမောင်ဖြူအားဇန်နဝါရီလ ၂ ရက်နေ့ တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၄/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ များကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်ဖမ်းဆီးပြီး တရားခံများအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ သီရီဝေလက်ဖက်ရည်ဆိုင်တွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ သီရီဝေလက်ဖက်ရည်ဆိုင်တွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်သွား NOM ဇန်နဝါရီ ၇၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ဦးထွန်းထွန်းဝင်း (၅၁) နှစ်သည် ဇန်နဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်၌ ကျေးရွာရှိ "သီရိဝေ" လက်ဖက်ရည်ဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးထွန်းထွန်းဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလာခဲ့တဲ့ ရုရှားအလံလွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောကို အမေရိကန်က ကြားဖြတ်ထိန်းချုပ်မယ်လို့ သတင်းတ
+2
အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းလာခဲ့တဲ့ ရုရှားအလံလွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောကို အမေရိကန်က ကြားဖြတ်ထိန်းချုပ်မယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ရုရှားသမ္မတပူတင်က အဆိုပါ သင်္ဘောကို လိုက်ပါစောင့်ရှောက်ပေးဖို့ ရေတပ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတစင်းကို စေလွှတ်လိုက်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ကန်အရာရှိတဦးက The Wall Street Journal ကို ပြောဆိုခဲ့တာပါ။ သင်္ဘောအမှုထမ်းတဦး ရိုက်ကူးခဲ့တဲ့ ဗီဒီယိုတခုမှာလည်း အမေရိကန်သင်္ဘော USCG Legend-Class ဟာ ရေနံတင်သင်္ဘောနောက်ကို ထပ်ချပ်မကွာလိုက်ပါနေတာကို ပြသထားပါတယ်။ NOM

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း
+4
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များ သတ်မှတ်ကြေညာခြင်း

ပြည်ရေနံမြေ၌ သုတေသနပြု၍ သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆောင်ရွက်လျက်ရှိ နေပြည်တော် ဇန်နဝါရီ ၆ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ပြည်ရေနံမြေ၌ သုတေသနပြု၍ သဘာဝဓာတ်ငွေ့အထွက်တိုးရေး ဆောင်ရွက်လျက်ရှိ နေပြည်တော် ဇန်နဝါရီ ၆ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ပြည်ရေနံမြေသို့ သွားရောက်၍ သုတေသနပြုလုပ် ကာ သဘာဝဓာတ်ငွေ့စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။ ရှင်းလင်းတင်ပြ ဦးစွာ ရှင်းလင်းဆောင်တွင် ပြည်ရေနံမြေအထွေထွေမန်နေဂျာက ပြည်ရေနံမြေနှင့် ပန်းတောင်းဒေသတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့အထွက်တိုးစေရေး သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ တွင်းအမှတ် ၄၈ ၏ သဲကြောများကို သုတေသနပြုဆန်းစစ်ပြီး ဖောက်ယူရာမှ သဘာဝဓာတ်ငွေ့များ ပြန်လည်ထွက်ရှိလာမှု အခြေအနေများနှင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များက ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးရေးအတွက် နည်းပညာများ အသုံးပြု၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ၁၉၆၄ ခုနှစ်မှ စတင်တွေ့ရှိခဲ့သည့် ပြည်ရေနံမြေဒေသသည် အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးထွက်ရှိသော တန်ဖိုးရှိသည့် ရေနံမြေတစ်ခု ဖြစ်သော်လည်း ထုတ်လုပ်မှုရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်မှာ ဆယ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါ ကြောင်း၊ ပြည်၊ မြန်အောင်နှင့် ရွှေပြည်သာ ရေနံမြေများသည် ပြည်အနည်ကျ ချိုင့်ဝှမ်းအတွင်းတည်ရှိပြီး ယခုအခါ အထွက်တိုးရေးလုပ်ငန်းများကို ခေတ်မီနည်းပညာများ အသုံးပြု၍လည်းကောင်း၊ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍လည်းကောင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း။ မှာကြား လက်ရှိ ပြည်ရေနံမြေရှိတွင်း အမှတ် ၄၈ ၏ သဲကြောများ ကိုဆန်းစစ်ပြီး သုတေသနပြုလုပ်၍ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့ရာ ရန်ကုန်သို့ ပို့လွှတ်သည့် ပိုက်လိုင်းအတွင်း ဖြည့်သွင်းပေးနေပါကြောင်း၊ သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်လာနိုင်ပါက ပြည်၊ ရွှေတောင်ဒေသရှိ စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ သီးသန့်ပို့လွှတ်နိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ သဘာဝဓာတ်ငွေ့များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်း အသိအမှတ်ပြုချီးကျူးပါကြောင်း၊ ပိုမို၍ ကြိုးပမ်းကြစေလိုကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုနေသည့် တိုးတက်ဖွံ့ဖြိုးလာသော နည်းပညာများကို အသုံးပြုပြီး ရှာဖွေခြင်း၊ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် လက်တွေ့လေ့လာ သင်ယူခွင့်များရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့ရရှိနိုင်မည့် အခွင့်အရေးများကို ကောင်းမွန်စွာအသုံးချပြီး မိမိတို့၏အလုပ်ကို တန်ဖိုးထားဂုဏ်ယူစွာဖြင့် လုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း မှာကြားသည်။ ယင်းနောက် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုပြီး ဝန်ထမ်းများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲဖို့ မုံရွာမြို့ထဲ ဝင်လာတဲ့ PDF တွေ လှည့်ကင်းနဲ့ တိုးပြီး ၃ ယောက် သေ။ - တိုက်ပွဲသတင်းစုံ
ပြန်ပေးဆွဲဖို့ မုံရွာမြို့ထဲ ဝင်လာတဲ့ PDF တွေ လှည့်ကင်းနဲ့ တိုးပြီး ၃ ယောက် သေ။ - တိုက်ပွဲသတင်းစုံ

မြန်မာ့နိုင်ငံရေး အနာဂတ်ဟာ တဖြည်းဖြည်း စိတ်ပူစရာ ကောင်းလာတယ်။ ကိုးကန့်ဟာ ဘယ်သူ့အားကိုးနဲ့ ခရိုင် ၄ ခုနဲ့ မြို့တော် ၁ ခု ဆိုပြီး သတ်မှတ်လိုက်သလဲ မသိဘူး။ ခရိုင် ၄ ခု ဆိုတဲ့အထဲမှာ ဘယ်ကိုးကန့်လူမျိုးမှ သမိုင်းအရ ပိုင်ဆိုင်ခြင်း မရှိတဲ့ ကွတ်ခိုင်နဲ့ သိန္ဒီဆိုတဲ့ မြို့တွေ ထည့်ထားတယ်။ ဒါဟာ အမြင့်ဆုံး Mother Law ဖြစ်တဲ့ ခြေဥကို ချိုးဖောက်တာ မဟုတ်ဘူးလားပေါ့။ ဒါကို တရားဝင် ထုတ်ပြန် ကန့်ကွက် ဖို့ လိုတယ်လို့ မြင်မိတယ်။ စစ်ရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွေ ဖြစ်‌ ပေါ်ဖို့ တရုတ်ကြားဝင်ထားတဲ့ ဆွေးနွေးချက်တွေမှာ ဘာတွေ အပေးအယူ လုပ်ဖို့ လိုမလဲ။ ဘာတွေ အပေးအယူလုပ်ထားကြသလဲ။ ထင်သာမြင်သာ ရှိစေတဲ့ အကြောင်းအရာ တခုက ကိုးကန့်ဟာ လားရှိုးနဲ့ အနီးစပ်ဆုံး နေရာကနေတောင် မခွာပေးသေးဘူး။ ပလောင် ဒေသဟာ ကူမင်း သဘောတူညီချက်အရ ထိုးစစ်ရပ်ထားရတော့ မံစံကို မထိန်းချုပ်နိုင်သေးတဲ့ လားရှိုးဟာ ခုထိ လျှပ်စစ်မီး မရသေးဘူး။ တရုတ်ဟာ မြန်မာ့ရဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံ ဖြစ်သလို မြန်မာ့နိုင်ငံရေးမူဝါဒ ပြောင်းချင်တိုင်း၊ ကြားခံ လက်နက်ကိုင်တပ်တွေကို Proxy ခံပြီး စစ်ဖြစ်ခိုင်းနေတာဆိုတဲ့ ဝေဖန်သံတွေလည်း ညံခဲ့တယ်။ မြန်မာ့အတိတ်သမိုင်းမှာ ကရင်ဘက်ငြိမ်ရင် မြောက်ဘက် စစ်ဖြစ်ရတာ။ မြောက်ဘက်ငြိမ်ရင် ကရင်ဘက် စစ်ဖြစ်ရတာက ကလင်ဒါကျပဲ။ အနီးစပ်ဆုံး Geopolitic အရ တရုတ်နဲ့ နီးစပ်တဲ့ မြောက်ပိုင်းလက်နက်ကိုင်တပ်တွေဟာ တရုတ်ဖိအားရှိသလို၊ ကျားဖျန့် ကနဦးအစလုပ်တဲ့ KNU ဟာ အမေရိကန်ရဲ့ ဆန်ရှင်လွတ်တာ ဆန်းသလားပေါ့။ ပြည်ထောင်စုလမ်းပွင့်ဖို့ ဆိုတာထက်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်း ပွင့်ဖို့ကိုပဲ ဦးတည် ဆွေးနွေးကြရင်ဖြင့် ....ဒီနိုင်ငံမှာ လက်နက်ကိုင်တိုင်းရင်းသားတွေ လက်နက်စွန့်ပြီး နိုင်ငံရေး ဆွေးနွေးကြဖို့ ၊ NCA ရေးထိုးနိုင်ဖို့ဆိုတာ ဖြစ်နိုင့်ပါ့မလား စိုးရိမ် ချင်စရာပဲ။ ယာယီအပစ်အခတ်ရပ်စဲရေးဟာ ဘယ်တုန်းကမှလည်း ကတိမတည်နိုင်ခဲ့ကြတာ ရှေ့မှာ သာဓကတွေ အထင်အရှား ရှိနှင့်နေပြီးသားလည်း ဖြစ်တာ တွေ့နိုင်တာပဲ။ ဥပမာ ကိုးကန့်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပေးထားလည်း လက်နက်စက်ရုံကိစ္စတွေနဲ့ နယ်မြေခံ တပ်ကို ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တွေက ၂၀၀၅/၂၀၀၇ တွေမှာ အကြိမ်ကြိမ် ဖြစ်ခဲ့တာပဲ ။ ခုနောက်ဆုံး ၁၀၂၇ ကတော့ အဆိုးဆုံးပဲပေါ့။ ကိုယ်တွေ နားလည်တဲ့ ဖက်ဒရယ်စနစ်ဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူညီမျှမှု ကို ခြေဥ မှာ အာမခံချက်ရနိုင်ဖို့ ကြိုးစားရတာပဲ လေ။ ခု စောချစ်သူရဲ့ တပ်အသစ်ဖွဲ့တဲ့ ကိစ္စဟာ နိုင်ငံရေး လိုလားချက်ကြောင့်လည်း မဟုတ်၊ ကြားနေ မူဝါဒနဲ့ ဒီဒေသမှာ ဗဟိုအစိုးရ လက်တံ မရောက်တော့ဘူး ဆိုရင် ....ဒါက "UWSA" ရဲ့ ဒုတိယ မော်ဒယ်ပါပဲ။ ပူပူနွေးနွေး အနေနဲ့ နယ်ဒါးမြ ကလည်း ကော်သူလေးသမ္မတနိုင်ငံထူထောင်တယ်ဆိုတဲ့ ကြေညာချက်ဟာ နိုင်ငံရေး အခင်းအကျင်းအရဆိုရင် ကြည့်ရတာ အတော်လေး ရုပ်ဆိုးတယ်။ သဘောက အိမ်ကြီးထဲမှာ အိမ်ငယ် ထဆောက်တဲ့ သဘောပဲ။ ခုလို နိုင်ငံရေးအရအကဲဆက်ချိန်မှာ ဘာသဘောနဲ့ ကြေညာချက် ထုတ်ပြန်ရတာလဲ။ နောက်ကွယ်မှာ ဘာ Plan တွေ ရှိသလဲ၊ စဉ်းစားဖို့ ကောင်းတယ်။ အဆိုးဆုံးက လမ်းပြင် အလုပ်သမား ဝန်ထမ်း ၂၅ ယောက် သတ်ထားတဲ့သူကို မိခင် KNU ကအစ ထုတ်ပယ်တယ်ဆိုတဲ့ အဆင့်လောက်နဲ့ ဟန်ပြအရေးယူပြထားတာက တကယ့်ကို လူရယ်ချင်စရာ ကိစ္စ မဟုတ်ဘူးလားပေါ့။ နောက်ထပ်တစ်ခုက ဖက်ဒရယ်မှာ ဗဟိုအစိုးရအနေနဲ့ ဒေသလူမျိုးစု ကိုယ်စားပြု လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးရတာ ထုံစံဆိုပေမယ့် ကရင်လူထု အကျိုးဆောင်ရွက်နေပါတယ်ဆိုတဲ့ လက်နက်ကိုင်ပေါင်း သောင်းခြောက်ထောင်ရှိနေတာကလည်း အော့နှလုံး နာစရာပါ။ ကရင်ပြည်နယ်လူထုအတွက် ဘယ်လက်နက်ကိုင်က ကိုယ်စားပြုနေတာလဲ၊ သဘောထားခြင်း တိုက်ဆိုင်ရင် ‌အချင်းချင်းပူးပေါင်းလိုက်၊ သဘောထားခြင်း မတိုက်ဆိုင်ရင် အဖွဲ့ကနေ ခွဲထွက်လိုက်၊ ဆိတ်လစိလို့ ဖြစ်နေတဲ့ လက်နက်ကိုင်တွေကို ဗဟို အစိုးရက ဘယ်အဆင့်အထိ၊ ဘယ်အောက်ခြေအထိ လိုက်ဆွေးနွေးနေရမလဲ။ ----- ခုလက်ရှိကာလဟာ ရွေးကောက်ပွဲက အဓိက ဖြစ်နေတဲ့ အချိန်မို့ ဒီအရေးကိစ္စတွေက သိပ်အရေးမပါဘူး ဆိုပေမယ့် ....ရွေးကောက်ပွဲအလွန်ကာလမှာ တက်လာမယ့် အစိုးရအတွက်တော့ ခေါင်းခဲ စရာ ကိစ္စ တွေပါပဲ။ ကိုယ်တစ်ယောက်တည်း အမြင်ပါ။ မြန်မာ့နိုင်ငံရေး အနာဂတ်ဟာ တဖြည်းဖြည်း စိတ်ပူစရာ ကောင်းလာတယ်လို့ပဲ မြင်ပါတယ်။ (နရီမိုး)

အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆော
အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ဇန်နဝါရီ  ၇၊ ၂၀၂၆ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေ ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်  တစ်ဖက်တစ်လမ်းမှကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက  ရှမ်းပြည်နယ် (တောင်ပိုင်း)၊အောင်ပန်းမြို့၊ရွာသစ်ရပ်ကွက်မှသံဃာတော်များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများကိုအဆိုပါမြို့ရှိသီရိမင်္ဂလာတပ်ဦးကျောင်းတိုက်၌ အခြေပြု ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လော
+4
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

ရွေးကောက်ပွဲကိုဟန့်တားနှောက်ယှက်သူများအားဖမ်းဆီးအရေးယူ
+1
ရွေးကောက်ပွဲကိုဟန့်တားနှောက်ယှက်သူများအားဖမ်းဆီးအရေးယူ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားလေးဦးက အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၆၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာနေ ဦးကြည်စိုး (၆၁) နှစ်သည် ဇန်နဝါရီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ ၎င်းနှင့်ခင်မင်ရင်းနှီးသူ ရှမ်းစီကွကျေးရွာနေ ဦးထွေးဝင်း၏ နေအိမ်တွင်ရှိနေစဉ်  PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး "မေးမြန်းစရာရှိသည်" ဟုပြောဆိုကာ ဦးကြည်စိုးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မိုင်းပန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တ
+1
မိုင်းပန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး