en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 424 subscribers, ranking 15 960 in the News & Media category and 10 111 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 424 subscribers.

According to the latest data from 07 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -218 over the last 30 days and by -5 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.36%. Within the first 24 hours after publication, content typically collects 6.02% reactions from the total number of subscribers.
  • Post reach: On average, each post receives 914 views. Within the first day, a publication typically gains 748 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 08 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 424
Subscribers
-524 hours
-617 days
-21830 days
Posts Archive
ပြန်ပေးဆွဲဖို့ မုံရွာမြို့ထဲ ဝင်လာတဲ့ PDF တွေ လှည့်ကင်းနဲ့ တိုးပြီး ၃ ယောက် သေ။ - တိုက်ပွဲသတင်းစုံ
ပြန်ပေးဆွဲဖို့ မုံရွာမြို့ထဲ ဝင်လာတဲ့ PDF တွေ လှည့်ကင်းနဲ့ တိုးပြီး ၃ ယောက် သေ။ - တိုက်ပွဲသတင်းစုံ

မြန်မာ့နိုင်ငံရေး အနာဂတ်ဟာ တဖြည်းဖြည်း စိတ်ပူစရာ ကောင်းလာတယ်။ ကိုးကန့်ဟာ ဘယ်သူ့အားကိုးနဲ့ ခရိုင် ၄ ခုနဲ့ မြို့တော် ၁ ခု ဆိုပြီး သတ်မှတ်လိုက်သလဲ မသိဘူး။ ခရိုင် ၄ ခု ဆိုတဲ့အထဲမှာ ဘယ်ကိုးကန့်လူမျိုးမှ သမိုင်းအရ ပိုင်ဆိုင်ခြင်း မရှိတဲ့ ကွတ်ခိုင်နဲ့ သိန္ဒီဆိုတဲ့ မြို့တွေ ထည့်ထားတယ်။ ဒါဟာ အမြင့်ဆုံး Mother Law ဖြစ်တဲ့ ခြေဥကို ချိုးဖောက်တာ မဟုတ်ဘူးလားပေါ့။ ဒါကို တရားဝင် ထုတ်ပြန် ကန့်ကွက် ဖို့ လိုတယ်လို့ မြင်မိတယ်။ စစ်ရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွေ ဖြစ်‌ ပေါ်ဖို့ တရုတ်ကြားဝင်ထားတဲ့ ဆွေးနွေးချက်တွေမှာ ဘာတွေ အပေးအယူ လုပ်ဖို့ လိုမလဲ။ ဘာတွေ အပေးအယူလုပ်ထားကြသလဲ။ ထင်သာမြင်သာ ရှိစေတဲ့ အကြောင်းအရာ တခုက ကိုးကန့်ဟာ လားရှိုးနဲ့ အနီးစပ်ဆုံး နေရာကနေတောင် မခွာပေးသေးဘူး။ ပလောင် ဒေသဟာ ကူမင်း သဘောတူညီချက်အရ ထိုးစစ်ရပ်ထားရတော့ မံစံကို မထိန်းချုပ်နိုင်သေးတဲ့ လားရှိုးဟာ ခုထိ လျှပ်စစ်မီး မရသေးဘူး။ တရုတ်ဟာ မြန်မာ့ရဲ့ အိမ်နီးချင်းအင်အားကြီးနိုင်ငံ ဖြစ်သလို မြန်မာ့နိုင်ငံရေးမူဝါဒ ပြောင်းချင်တိုင်း၊ ကြားခံ လက်နက်ကိုင်တပ်တွေကို Proxy ခံပြီး စစ်ဖြစ်ခိုင်းနေတာဆိုတဲ့ ဝေဖန်သံတွေလည်း ညံခဲ့တယ်။ မြန်မာ့အတိတ်သမိုင်းမှာ ကရင်ဘက်ငြိမ်ရင် မြောက်ဘက် စစ်ဖြစ်ရတာ။ မြောက်ဘက်ငြိမ်ရင် ကရင်ဘက် စစ်ဖြစ်ရတာက ကလင်ဒါကျပဲ။ အနီးစပ်ဆုံး Geopolitic အရ တရုတ်နဲ့ နီးစပ်တဲ့ မြောက်ပိုင်းလက်နက်ကိုင်တပ်တွေဟာ တရုတ်ဖိအားရှိသလို၊ ကျားဖျန့် ကနဦးအစလုပ်တဲ့ KNU ဟာ အမေရိကန်ရဲ့ ဆန်ရှင်လွတ်တာ ဆန်းသလားပေါ့။ ပြည်ထောင်စုလမ်းပွင့်ဖို့ ဆိုတာထက်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်း ပွင့်ဖို့ကိုပဲ ဦးတည် ဆွေးနွေးကြရင်ဖြင့် ....ဒီနိုင်ငံမှာ လက်နက်ကိုင်တိုင်းရင်းသားတွေ လက်နက်စွန့်ပြီး နိုင်ငံရေး ဆွေးနွေးကြဖို့ ၊ NCA ရေးထိုးနိုင်ဖို့ဆိုတာ ဖြစ်နိုင့်ပါ့မလား စိုးရိမ် ချင်စရာပဲ။ ယာယီအပစ်အခတ်ရပ်စဲရေးဟာ ဘယ်တုန်းကမှလည်း ကတိမတည်နိုင်ခဲ့ကြတာ ရှေ့မှာ သာဓကတွေ အထင်အရှား ရှိနှင့်နေပြီးသားလည်း ဖြစ်တာ တွေ့နိုင်တာပဲ။ ဥပမာ ကိုးကန့်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပေးထားလည်း လက်နက်စက်ရုံကိစ္စတွေနဲ့ နယ်မြေခံ တပ်ကို ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တွေက ၂၀၀၅/၂၀၀၇ တွေမှာ အကြိမ်ကြိမ် ဖြစ်ခဲ့တာပဲ ။ ခုနောက်ဆုံး ၁၀၂၇ ကတော့ အဆိုးဆုံးပဲပေါ့။ ကိုယ်တွေ နားလည်တဲ့ ဖက်ဒရယ်စနစ်ဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူညီမျှမှု ကို ခြေဥ မှာ အာမခံချက်ရနိုင်ဖို့ ကြိုးစားရတာပဲ လေ။ ခု စောချစ်သူရဲ့ တပ်အသစ်ဖွဲ့တဲ့ ကိစ္စဟာ နိုင်ငံရေး လိုလားချက်ကြောင့်လည်း မဟုတ်၊ ကြားနေ မူဝါဒနဲ့ ဒီဒေသမှာ ဗဟိုအစိုးရ လက်တံ မရောက်တော့ဘူး ဆိုရင် ....ဒါက "UWSA" ရဲ့ ဒုတိယ မော်ဒယ်ပါပဲ။ ပူပူနွေးနွေး အနေနဲ့ နယ်ဒါးမြ ကလည်း ကော်သူလေးသမ္မတနိုင်ငံထူထောင်တယ်ဆိုတဲ့ ကြေညာချက်ဟာ နိုင်ငံရေး အခင်းအကျင်းအရဆိုရင် ကြည့်ရတာ အတော်လေး ရုပ်ဆိုးတယ်။ သဘောက အိမ်ကြီးထဲမှာ အိမ်ငယ် ထဆောက်တဲ့ သဘောပဲ။ ခုလို နိုင်ငံရေးအရအကဲဆက်ချိန်မှာ ဘာသဘောနဲ့ ကြေညာချက် ထုတ်ပြန်ရတာလဲ။ နောက်ကွယ်မှာ ဘာ Plan တွေ ရှိသလဲ၊ စဉ်းစားဖို့ ကောင်းတယ်။ အဆိုးဆုံးက လမ်းပြင် အလုပ်သမား ဝန်ထမ်း ၂၅ ယောက် သတ်ထားတဲ့သူကို မိခင် KNU ကအစ ထုတ်ပယ်တယ်ဆိုတဲ့ အဆင့်လောက်နဲ့ ဟန်ပြအရေးယူပြထားတာက တကယ့်ကို လူရယ်ချင်စရာ ကိစ္စ မဟုတ်ဘူးလားပေါ့။ နောက်ထပ်တစ်ခုက ဖက်ဒရယ်မှာ ဗဟိုအစိုးရအနေနဲ့ ဒေသလူမျိုးစု ကိုယ်စားပြု လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးရတာ ထုံစံဆိုပေမယ့် ကရင်လူထု အကျိုးဆောင်ရွက်နေပါတယ်ဆိုတဲ့ လက်နက်ကိုင်ပေါင်း သောင်းခြောက်ထောင်ရှိနေတာကလည်း အော့နှလုံး နာစရာပါ။ ကရင်ပြည်နယ်လူထုအတွက် ဘယ်လက်နက်ကိုင်က ကိုယ်စားပြုနေတာလဲ၊ သဘောထားခြင်း တိုက်ဆိုင်ရင် ‌အချင်းချင်းပူးပေါင်းလိုက်၊ သဘောထားခြင်း မတိုက်ဆိုင်ရင် အဖွဲ့ကနေ ခွဲထွက်လိုက်၊ ဆိတ်လစိလို့ ဖြစ်နေတဲ့ လက်နက်ကိုင်တွေကို ဗဟို အစိုးရက ဘယ်အဆင့်အထိ၊ ဘယ်အောက်ခြေအထိ လိုက်ဆွေးနွေးနေရမလဲ။ ----- ခုလက်ရှိကာလဟာ ရွေးကောက်ပွဲက အဓိက ဖြစ်နေတဲ့ အချိန်မို့ ဒီအရေးကိစ္စတွေက သိပ်အရေးမပါဘူး ဆိုပေမယ့် ....ရွေးကောက်ပွဲအလွန်ကာလမှာ တက်လာမယ့် အစိုးရအတွက်တော့ ခေါင်းခဲ စရာ ကိစ္စ တွေပါပဲ။ ကိုယ်တစ်ယောက်တည်း အမြင်ပါ။ မြန်မာ့နိုင်ငံရေး အနာဂတ်ဟာ တဖြည်းဖြည်း စိတ်ပူစရာ ကောင်းလာတယ်လို့ပဲ မြင်ပါတယ်။ (နရီမိုး)

အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆော
အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ဇန်နဝါရီ  ၇၊ ၂၀၂၆ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေ ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင်  တစ်ဖက်တစ်လမ်းမှကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့များက  ရှမ်းပြည်နယ် (တောင်ပိုင်း)၊အောင်ပန်းမြို့၊ရွာသစ်ရပ်ကွက်မှသံဃာတော်များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများကိုအဆိုပါမြို့ရှိသီရိမင်္ဂလာတပ်ဦးကျောင်းတိုက်၌ အခြေပြု ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လော
+4
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

ရွေးကောက်ပွဲကိုဟန့်တားနှောက်ယှက်သူများအားဖမ်းဆီးအရေးယူ
+1
ရွေးကောက်ပွဲကိုဟန့်တားနှောက်ယှက်သူများအားဖမ်းဆီးအရေးယူ

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားလေးဦးက အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၆၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာနေ ဦးကြည်စိုး (၆၁) နှစ်သည် ဇန်နဝါရီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ ၎င်းနှင့်ခင်မင်ရင်းနှီးသူ ရှမ်းစီကွကျေးရွာနေ ဦးထွေးဝင်း၏ နေအိမ်တွင်ရှိနေစဉ်  PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး "မေးမြန်းစရာရှိသည်" ဟုပြောဆိုကာ ဦးကြည်စိုးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မိုင်းပန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တ
+1
မိုင်းပန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+8
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ နေပြ
+1
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ နေပြည်တော်၊ ဇန်နဝါရီ ၆

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၆၃၁ လုံး စနစ်တကျဖြိုချဖျက်
+9
KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၆၃၁ လုံး စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+1
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ ဇန်နဝါရီ - ၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမောကချူးကျေးရွာတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ် ထိတ်လန့်စေရန်ရည်ရွယ်၍ အသံမိုင်းထောင်ဖောက်ခွဲမှုလုပ်ဆောင် NOM ဇန်နဝါရီ ၆၊ ၂၀၂၆ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကမော့ကချူးကျေးရွာတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ အဆိုပါကျေးရွာရှိ လှိုင်းဘွဲ့-ပိုင်းကျုံးကားလမ်း၏ယာဘက် ပေ ၅၀ ခန့်အကွာ လျှပ်စစ်မီးတိုင်အနီးတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က အများပြည်သူစိုးရိမ် ထိတ်လန့်စေရန်ရည်ရွယ်၍ အသံမိုင်းတစ်လုံးအား ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦထိခိုက်ပျက်စီးမှုမရှိကြောင်းသိရသည်။ News Of Myanmar NOM

ဇန်နဝါရီလ၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဘိုလီးဗီးယားသမ္မတဟောင်းအီဗိုမိုရာလက်စ်ကအမေရိကန်သမ္မတသည်နိုင်ငံတစ်ခုအပေါ်ရာဇဝတ်မှုကျ
+1
ဇန်နဝါရီလ၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဘိုလီးဗီးယားသမ္မတဟောင်းအီဗိုမိုရာလက်စ်ကအမေရိကန်သမ္မတသည်နိုင်ငံတစ်ခုအပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့သဖြင့်တစ်ကမ္ဘာလုံးကဝိုင်းဝန်းအရေးယူရန်တောင်းဆိုလိုက်သည်။(ဓါတ်ပုံ) ၂။တရုတ်ကစစ်ဖက်အရပ်ဖက်နှစ်ခုစလုံးတွင်သုံးနိုင်သောပစ္စည်းများဂျပန်သို့ရောင်းချခြင်းကိုပိတ်ပင်လိုက်သည်။ပိတ်ပင်မှုကိုရှောင်လွဲရန်တတိယနိုင်ငံတစ်ခုမှတစ်ဆင့်ရောင်းချပါကတရုတ်ဥပဒေအရအရေးယူခံရမည်ဟုလည်းကြေညာလိုက်သည်။ ၃။ယနေ့ဒေသစံတော်ချိန်ညနေ၆း၁၇နာရီတွင်ထိုင်ဝမ်လေတပ်မှF-16တိုက်လေယာဥ်သည်လေ့ကျင့်ပျံသန်းစဥ်ပျက်ကျခဲ့ပြီးလေယာဥ်မှူးကိုသွားရောက်ကယ်ဆယ်လျက်ရှိသည်။(ဓါတ်ပုံ) ၄။ဗင်နီဇွဲလားကိုကျူးကျော်တိုက်ခိုက်ပြီးသမ္မတကိုပြန်ပေးဆွဲသည့်အ​မေရိကန်၏လုပ်ရပ်ကိုတရုတ်၊စပိန်၊ဥရောပသမဂ္ဂ၊ဂရိ၊ဘရာဇီး၊ကိုလံဘီယာ၊မက္ကဆီကို၊ချီလီ၊ဂူယာနာ၊ကျူးဘားနိုင်ငံတို့ကပြစ်တင်ရှုံ့ချကြသည်။ ၅။ဒေးလီးမေးသတင်းစာကဗင်နီဇွဲလားဒုတိယသမ္မတသည်သမ္မတမာရူဒိုကိုဖယ်ရှားရန်လွန်ခဲ့သည့်လကကာတာနိုင်ငံတွင်အမေရိကန်ကိုယ်စားလှယ်များဖြင့်လျို့ဝှက်ဆွေးနွေးခဲ့သည်ဟုဖော်ပြလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၉ / ၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော်
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၉ / ၂၀၂၆) ၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၆ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ဓါးဖြ
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ၎င်းတို့ဖမ်းဆီးခေါ်ဆောင်လာသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ဓါးဖြင့်ထိုးခုတ်သတ်ဖြတ် NOM ဇန်နဝါရီ ၆၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြီးနီကျေးရွာရှိ မီးရထားဘူတာရုံအနီးတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်၌ ဓားဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ အဆိုပါကျေးရွာနေ ကိုဇော်နိုင်ဝင်း (၂၆) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဗိုလ်ကုန်းကျေးရွာရှိ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကြီးနီကျေးရွာရှိ မီးရထားဘူတာရုံအနီးတွင် ဓားဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ကိုဇော်နိုင်ဝင်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
အမေရိကန်အထက်လွှတ်တော်ရဲ့ ကူးသန်းရောင်းဝယ်ရေးဥက္ကဌဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီက Ted Cruz က Somaliland ကို အစ္စရေးက အသိအမှတ်ပြုပြီးန
အမေရိကန်အထက်လွှတ်တော်ရဲ့ ကူးသန်းရောင်းဝယ်ရေးဥက္ကဌဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီက Ted Cruz က Somaliland ကို အစ္စရေးက အသိအမှတ်ပြုပြီးနောက် အမေရိကန်ကလည်း အသိအမှတ်ပြုဖို့အတွက် ဒေါ်နယ်ထရမ့်ကို တိုက်တွန်းနေပါတယ်။ ဒီလိုမျိုး အသိအမှတ်ပြုမှုဟာ အမေရိကရဲ့ လုံခြုံရေး အကျိုးစီးပွားတွေနဲ့ America First ဆိုတဲ့ အယူဝါဒနဲ့ ကိုက်ညီတယ်လို့လည်း X မှာ သူက ရေးသားခဲ့ပါတယ်။ Somaliland ဟာ အာဖရိကဦးချိုဒေသမှာ တည်ရှိပြီး အေဒင်ပင်လယ်ကွေ့ရဲ့ တောင်ဘက်ကမ်းရိုးတန်း၊ အနောက်မြောက်မှာ ဂျီဘူတီနိုင်ငံ၊ တောင်ဘက်နဲ့ အနောက်ဘက်မှာ အီသီယိုးပီးယားနဲ့ အရှေ့ဘက်မှာ ဆိုမာလီယာတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ NOM

Repost from NOM
အီရန်မှာ အဓိကရုဏ်းနဲ့ ဆန္ဒပြပွဲတွေ အားကောင်းမှုဟာ တဖြည်းဖြည်းနဲ့ ကျဆင်းသွားပြီလို့ လွတ်လပ်တဲ့ အရင်းအမြစ်၊ အချက်အလက်တွေအရ သိရပါတယ်။ မနေ့က တနေ့တည်းမှာပဲ အီရန်လူဦးရေ သန်း ၉၀ မှာ အပြင်ထွက်ဆန္ဒပြသူဟာ ၁၄၁၁ ဦးသာ ရှိတော့တယ်လို့ ဆိုပါတယ်။ NOM

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဌာနဆိုင်ရာလုပ်ငန်းညှိနှိင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၆) နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ ဇန်နဝါရီ ၆၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၆) နှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြရန်၊ အပိုင်းလိုက် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများက အဆင့်ဆင့်အလေးထားပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ ဌာနဆိုင်ရာအကြီးများအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေးများကို ပေါ့လျော့မှုမရှိစေရေးအတွက် လက်အောက်ဌာနများကို အထူးဂရုပြုကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ် သတင်းများရှိလာပါက အချိန်နှင့်တစ်ပြေးညီ တင်ပြရန်စသည်တို့ကို ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဇော်နိုင်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများနှင့် တက်ရောက်လာကြသူများက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပူပေါင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကာ ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၆) နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၂၆) နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ