ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 497 подписчиков, занимая 16 047 место в категории Новости и СМИ и 10 071 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 497 подписчиков.

Согласно последним данным от 21 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -276, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 10.23%. В первые 24 часа после публикации контент обычно набирает 5.29% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 279 просмотров. В течение первых суток публикация набирает 662 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 22 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 497
Подписчики
-424 часа
-717 дней
-27630 день
Архив постов
တောင်ကိုးရီးယားကအီရန်သို့အထူးသံတမန်လွှတ်မည် NOM တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းသည် တောင်ကိုရီးယားနှင့် အီရန်နို
တောင်ကိုးရီးယားကအီရန်သို့အထူးသံတမန်လွှတ်မည် NOM တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းသည် တောင်ကိုရီးယားနှင့် အီရန်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးရန်နှင့် ဟော်မုဇ်ရေလက်ကြားရှိ ရေကြောင်းသွားလာရေးဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အီရန်သို့ အထူးသံတမန်တစ်ဦး စေလွှတ်ရန် ကြေညာလိုက်သည်။

အပစ်အခတ်ရပ်ဆွေးနွေးပွဲအီရန်မတက် NOM အစ္စရေးကလက်ဘနွန်ကိုတိုက်ခိုက်မှုမရပ်သဖြင့်အစ္စလမ်မာဘတ်တွင်ပြုလုပ်မည့်အမေရိကန်-အီရန်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသို့အီရန်တက်ရောက်မည်မဟုတ်ကြောင်းအီရန်ကပါကစ္စတန်အစိုးရထံအကြောင်းကြားလိုက်သည်။

အီရန်ရှိစပိန်သံရုံးပြန်ဖွင့်မည် NOM စပိန်နိုင်ငံသည် တီဟီရန်ရှိ ၎င်း၏သံရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်တော့မည်ဟု နိုင်ငံခြားရေး
အီရန်ရှိစပိန်သံရုံးပြန်ဖွင့်မည် NOM စပိန်နိုင်ငံသည် တီဟီရန်ရှိ ၎င်း၏သံရုံးကို တရားဝင်ပြန်လည်ဖွင့်လှစ်တော့မည်ဟု နိုင်ငံခြားရေးဝန်ကြီး ဂျိုဆေး မန်နျူရယ် အယ်လ်ဘာရက်စ်က ပြောကြားခဲ့သည်။ အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ပါဝင်သည့် လက်ရှိပဋိပက္ခများကြားတွင် ဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လွယ်ကူချောမွေ့စေရန်အတွက် ဤဆုံးဖြတ်ချက်ကို မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုအဖြစ် ချမှတ်ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဒုတိယဝန်ကြီးများစာရင်းထွက်ပေါ်
+1
ပြည်ထောင်စုအစိုးရအဖွဲ့ဒုတိယဝန်ကြီးများစာရင်းထွက်ပေါ်

ယူကရိန်းထောက်ပို့မကအမေရိကန်တွင်ဒေါ်လာ၂သန်းကျော်တန်အိမ်ဝယ် NOM အမေရိကန်ဆိုင်ရာ ယူကရိန်းသံအမတ်ကြီးဟောင်း၊ ယခု ယူကရိန်းသမ္မတဇလင်
ယူကရိန်းထောက်ပို့မကအမေရိကန်တွင်ဒေါ်လာ၂သန်းကျော်တန်အိမ်ဝယ် NOM အမေရိကန်ဆိုင်ရာ ယူကရိန်းသံအမတ်ကြီးဟောင်း၊ ယခု ယူကရိန်းသမ္မတဇလင်စကီး၏ လက်ထောက်ဖြစ်သူမာကါရိုဗာသည် ဖလော်ရီဒါရှိ ပင်လယ်ကမ်းခြေတွင် ဒေါ်လာ ၂,၃၅၀,၀၀၀ ဖြင့် ဗီလာတစ်လုံး ဝယ်ယူခဲ့သည်။ ထူးခြားသည်မှာ မာကာရိုဗာသည် ယူကရိန်းလူမျိုးများကို ကူညီရန်အတွက် အမေရိကန်တွင် ရန်ပုံငွေရှာဖွေပေးသည့် ပရဟိတအဖွဲ့အစည်း Ukraine House ကို ဦးဆောင်နေခြင်းပင်ဖြစ်သည်။

အမေရိကန်စစ်တပ်အတွင်းအာဏာလုပွဲပြင်းထန်လာ NOM အမေရိကန်မီဒီယာများက စစ်ဝန်ကြီး ပိတ်ဟက်ဆက်နှင့် အမေရိကန်ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိ
အမေရိကန်စစ်တပ်အတွင်းအာဏာလုပွဲပြင်းထန်လာ NOM အမေရိကန်မီဒီယာများက စစ်ဝန်ကြီး ပိတ်ဟက်ဆက်နှင့် အမေရိကန်ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုတို့အကြား ပင်တဂွန်အတွင်း အာဏာလုပွဲ ကြီးထွားလာနေကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်စစ်တပ်အတွင်း ခေါင်းဆောင်မှု စည်းလုံးညီညွတ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်။ အစီရင်ခံစာများအရ အာဏာလွန်ဆွဲမှုသည် အဓိကဆုံးဖြတ်ချက်များ၊ အထူးသဖြင့် အကြီးတန်းရာထူးခန့်အပ်မှုများနှင့် ရာထူးတိုးမြှင့်မှုများကို ထိန်းချုပ်ရန် အဓိကထားသည်။ ဟက်ဆက်သည် ဒရစ်စကို နှင့် မဟာမိတ်ဖွဲ့ထားသော အရာရှိများ၏ ဩဇာလွှမ်းမိုးမှုကို ကန့်သတ်ရန် ခြေလှမ်းများ လှမ်းခဲ့သည်ဟု ဆိုကြပြီး ဒရစ်စကိုသည် စစ်ရေးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများအတွင်း ထောက်ခံမှုကို ဆက်လက်တည်ဆောက်နေဆဲဖြစ်သည်။ နှစ်ဖက်စလုံးက တင်းမာမှုများကို လူသိရှင်ကြား လျှော့ချထားသော်လည်း၊ အမေရိကန်စစ်ရေးမူဝါဒအတွက် အရေးကြီးသောအချိန်တွင် ပြည်တွင်းပြိုင်ဆိုင်မှုသည် ဆုံးဖြတ်ချက်ချမှတ်မှုကို ထိခိုက်စေနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးထားသည်။

အမေရိကန်စစ်တပ်အတွင်းအာဏာလုပွဲပြင်းထန်လာ NOM အမေရိကန်မီဒီယာများက စစ်ဝန်ကြီး ပိတ်ဟက်ဆက်နှင့် အမေရိကန်ကြည်းတပ်ဝန်ကြီး ဒန်ဒရစ်စကိုတို့အကြား ပင်တဂွန်အတွင်း အာဏာလုပွဲ ကြီးထွားလာနေကြောင်း ဖော်ပြခဲ့ပြီး အမေရိကန်စစ်တပ်အတွင်း ခေါင်းဆောင်မှု စည်းလုံးညီညွတ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာစေသည်။ အစီရင်ခံစာများအရ အာဏာလွန်ဆွဲမှုသည် အဓိကဆုံးဖြတ်ချက်များ၊ အထူးသဖြင့် အကြီးတန်းရာထူးခန့်အပ်မှုများနှင့် ရာထူးတိုးမြှင့်မှုများကို ထိန်းချုပ်ရန် အဓိကထားသည်။ ဟက်ဆက်သည် ဒရစ်စကို နှင့် မဟာမိတ်ဖွဲ့ထားသော အရာရှိများ၏ ဩဇာလွှမ်းမိုးမှုကို ကန့်သတ်ရန် ခြေလှမ်းများ လှမ်းခဲ့သည်ဟု ဆိုကြပြီး ဒရစ်စကိုသည် စစ်ရေးနှင့် နိုင်ငံရေးအသိုင်းအဝိုင်းများအတွင်း ထောက်ခံမှုကို ဆက်လက်တည်ဆောက်နေဆဲဖြစ်သည်။ နှစ်ဖက်စလုံးက တင်းမာမှုများကို လူသိရှင်ကြား လျှော့ချထားသော်လည်း၊ အမေရိကန်စစ်ရေးမူဝါဒအတွက် အရေးကြီးသောအချိန်တွင် ပြည်တွင်းပြိုင်ဆိုင်မှုသည် ဆုံးဖြတ်ချက်ချမှတ်မှုကို ထိခိုက်စေနိုင်ကြောင်း လေ့လာသုံးသပ်သူများက သတိပေးထားသည်။

ဆေးတက္ကသိုလ်(မန္တလေး) မှ CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို Blacklist မှ ပျက်ဖျက်ပေးသည့် အခမ်းအနား ပြုလုပ် NOM၊ဧပြီ ၉၊၂
ဆေးတက္ကသိုလ်(မန္တလေး) မှ CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများကို Blacklist မှ ပျက်ဖျက်ပေးသည့် အခမ်းအနား ပြုလုပ် NOM၊ဧပြီ ၉၊၂၀၂၆ ဆေးတက္ကသိုလ် (မန္တလေး) ဇီဝက စာသင်ဆောင်၌ ယနေ့ နံနက်ပိုင်းက CDM ပြုလုပ်ခဲ့သည့် ဆရာဝန် နှင့် ကျန်းမားရေးဝန်ထမ်း ၃၅၄ ယောက်ကို Blacklist မှ ပယ်ဖျက်သည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ CDM ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာပြီး ဆေးရုံများမှ စွန့်ခွါကာ ဆေးကုသမှုမပေးဘဲ နေခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၆၀၀၀ ခန့် သေဆုံးခဲ့ရပြီး PDF အကြမ်းဖက်အဖွဲ့များထံ ဆေးဝါးများ ပို့ဆောင်ပေးခြင်း၊ NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ အခြေပြုရာ နေရာများတွင် ဆေးဝါးကုသမှု သွားရောက် ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့မှ CDM ဝန်ထမ်းများကို မျှော်လင့်ချက်အမှားများ ပေးခဲ့ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည်ကို သိရှိရပြီးနောက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လာသည်ကို တွေ့မြင်ရသည်။ Crd;ko chit(mdy)

နိုင်ငံတော်သမ္မတကတိသစ္စာပြုအခမ်းအနားတက်ရန်အိန္ဒိယဝန်ကြီးရောက်ရှိ NOM၊ဧပြီ၉၊၂၀၂၆ ဧပြီလ၁၀ရက်နေ့တွင်ကျင်းပမည့် နိုင်ငံတော်သမ္မတ၊
နိုင်ငံတော်သမ္မတကတိသစ္စာပြုအခမ်းအနားတက်ရန်အိန္ဒိယဝန်ကြီးရောက်ရှိ NOM၊ဧပြီ၉၊၂၀၂၆ ဧပြီလ၁၀ရက်နေ့တွင်ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတကတိသစ္စာပြုအခမ်းအနားတက်ရောက်မည့် အိန္ဒိယနိုင်ငံ သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ပရေးရာဝန်ကြီးဌာန Minister of State Mr. Kirti Vardhan Singh မြန်မာနိုင်ငံသို့ယနေ့ရောက်ရှိလာကြောင်း သိရသည်။

မတ္တရာမြို့နယ်၊ ကြားကျေးရွာတွင် နေအိမ်ခြံဝင်းတစ်ခုအတွင်း PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် အ
မတ္တရာမြို့နယ်၊ ကြားကျေးရွာတွင် နေအိမ်ခြံဝင်းတစ်ခုအတွင်း PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဧပြီ ၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီခွဲအချိန်၌ မတ္တရာမြို့နယ်၊ ကြားကျေးရွာနေ ဒေါ်ရီစန်း (၆၀) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထား သည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

အင်ဒိုနီးရှား ဂိုဏ်းတစ်ခုက ကလေးငယ် ၃၄ ဦးကို စင်ကာပူသို့ ရောင်းချ NOM အင်ဒိုနီးရှားနိုင်ငံ၊ဘန်ဒေါင်းခရိုင်တရားရုံးမှ အစိုးရရှေ့နေများက ဧပြီလ ၇ ရက်နေ့တွင် တရားရုံး၌အင်ဒိုနီးရှား ဂိုဏ်းတစ်ခုက ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ကလေးငယ် ၃၄ ဦးကို လူကုန်ကူးခဲ့ပြီး ၎င်းတို့အနက် အနည်းဆုံး ၁၀ ဦးကို စင်ကာပူသို့ ခေါ်ဆောင်သွားပြီး ကလေးတစ်ဦးလျှင် စင်ကာပူဒေါ်လာ ၁၈၀၀၀ အထိ ရောင်းချခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခုအခါတရားခံ ၁၉ ဦး (အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသားတစ်ဦး )သည် အင်ဒိုနီးရှား၏ လူကုန်ကူးမှုဥပဒေအရ အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရန်တရားရင်ဆိုင်နေရပြီဖြစ်သည်။

ရွှေဂုံတိုင်ဂုံးကျော်တံတားပေါ်တွင်ယာဥ်တိုက်မှုဖြစ်ပွား NOM၊ဧပြီ၉၊၂၀၂၆ ရန်ကုန်မြို့ရွှေဂုံတိုင်ဂုံးကျော်တံတားပေါ်တွင်ဧပြီ၈ရက်ည
ရွှေဂုံတိုင်ဂုံးကျော်တံတားပေါ်တွင်ယာဥ်တိုက်မှုဖြစ်ပွား NOM၊ဧပြီ၉၊၂၀၂၆ ရန်ကုန်မြို့ရွှေဂုံတိုင်ဂုံးကျော်တံတားပေါ်တွင်ဧပြီ၈ရက်ည‌ နေ၅နာရီ ကျော်ကယာဥ်တိုက်မှုဖြစ်ပွားခဲ့‌ ကြောင်းသိရသည်။ ဖြစ်စဥ်မှာမြို့ထဲမှကမ္ဘာအေးဘုရားလမ်းအတိုင်းမောင်းနှင်လာသောToyota harrierကအရှိန်မထိန်းနိုင်ဘဲကမ္ဘာအေးဘုရားလမ်းမှမြို့ထဲဘက်သို့မောင်းနှင်လာသောToyota belta နှင့် TOYOTA VITZ ကားအားတိုက်မိ ခြင်းဖြစ်ပြီးယာဉ်ပေါ်ပါလူများထိခိုက်ဒါဏ်ရာမရှိခဲ့ကြောင်းသိရသည်။

ဧပြီလ ၁၀ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နိုင်ငံတော်သမ္မတ
ဧပြီလ ၁၀ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံသမ္မတ ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကော်မတီ CPPCC အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌ Jiang Xinzhi တက်ရောက်မည်။

နိုင်ငံတော်သမ္မတကတိသစ္စာပြုပွဲသို့တရုတ်သမ္မတ၏အထူးကိုယ်စားလှယ်တက်မည် NOM၊ဧပြီ၉၊၂၀၂၆ ဧပြီ ၁၀ ရက် နံနက်တွင် ပြည်ထောင်စုလွှတ်တော်
နိုင်ငံတော်သမ္မတကတိသစ္စာပြုပွဲသို့တရုတ်သမ္မတ၏အထူးကိုယ်စားလှယ်တက်မည် NOM၊ဧပြီ၉၊၂၀၂၆ ဧပြီ ၁၀ ရက် နံနက်တွင် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖျင်၏အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (CPPCC)အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ဂျန်ရှင်းကျိတက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၀ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နိုင်ငံတော်သမ္မတ
ဧပြီလ ၁၀ ရက်နေ့၌ ပြည်ထောင်စု လွှတ်တော်တွင် ကျင်းပမည့် နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲသို့ တရုတ်နိုင်ငံသမ္မတ ၏ အထူးကိုယ်စားလှယ်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကော်မတီ CPPCC အမျိုးသားကော်မတီ ဒုဥက္ကဋ္ဌ Jiang Xinzhi တက်ရောက်မည်

ရုရှားနှင့်ယူကရိန်းကျဆုံးစစ်သည်ရုပ်အလောင်းလဲလှယ် NOM ရုရှားနှင့်ယူကရိန်းတို့သည်ယနေ့တွင်ကျဆုံးစစ်သည်တို့၏ရုပ်အလောင်းများလဲလှယ်
ရုရှားနှင့်ယူကရိန်းကျဆုံးစစ်သည်ရုပ်အလောင်းလဲလှယ် NOM ရုရှားနှင့်ယူကရိန်းတို့သည်ယနေ့တွင်ကျဆုံးစစ်သည်တို့၏ရုပ်အလောင်းများလဲလှယ်ကြသည်။ယူကရိန်းကကျဆုံးရုရှားစစ်သည်ရုပ်အလောင်း၄၁ခုကိုပေးအပ်ပြီးရုရှားကကျဆုံးယူကရိန်းစစ်သည်အလောင်းတစ်ထောင်ကိုပြန်လည်ပေးအပ်သည်။

အီရန်ရေတပ်ကအသုံးပြုနေသောနော်(Noor)ဒုံးကျည် NOM နော် (Noor) ဒုံးကျည်သည် တရုတ် C-802 ဒီဇိုင်းကို အခြေခံ၍ အီရန်နိုင်ငံလုပ် သင်္ဘ
အီရန်ရေတပ်ကအသုံးပြုနေသောနော်(Noor)ဒုံးကျည် NOM နော် (Noor) ဒုံးကျည်သည် တရုတ် C-802 ဒီဇိုင်းကို အခြေခံ၍ အီရန်နိုင်ငံလုပ် သင်္ဘောဖျက် ခရုဇ်ဒုံးကျည်ဖြစ်သည်။ နော်ဒုံးကျည်သည် ရေတပ်ပစ်မှတ်များကို ခြေရာခံတိုက်ခိုက်ရန်အတွက်ရေဒါလမ်းညွှန်ကို အသုံးပြုသည်။ရန်သူ၏ ထောက်လှမ်းမှုကို ရှောင်ရှားရန် ဒုံးကျည်သည်ပင်လယ်ပြင်အထက် ပေအနိမ့်တွင် ပျံသန်းသည်။ ဒုံးကျည်တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေသော ထိပ်ဖူးတစ်ခုပါရှိသည်၊

အမေရိကန်စစ်ဝန်ကြီးသည်စစ်ရာဇဝတ်ကေါင်ဖြစ်လာနိုင်ဟုအငြိမ်းစားဗိုလ်ချုပ်ပြော NOM အမေရိကန်အငြိမ်းစားဗိုလ်ချုပ်တစ်ဦးက ပိတ်ဟက်ဆက်သည်အမေရိကန်စစ်ဝန်ကြီးဖြစ်ရန်အရည်အချင်းပြည့်မီသူမဟုတ်ကြောင်း၊သမ္မတအပေါ်အလွန်အကျွံသစ္စာရှိပြနေပြီးသူပြောဆိုပြုမူမှုများသည်စစ်ရာဇဝတ်မီုမြောက်သလိုစစ်ဝန်ကြီးသည်စစ်ရာဇဝတ်ကေါင်ဖြစ်လာနိုင်ကြောင်းပြောကြားလိုက်သည်။

ဧပြီ ၈ ရက်တွင် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးအားကျင်းပရာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှ ကမ္ဘာ့စီးပွားရေးအလားအလာ၊ မေခရိုစီးပွားရေး သုတေသနရုံးမှ ဒေသတွင်းစီးပွားရေး အလားအလာ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ အရှေ့အလယ်ပိုင်းအရေးအခင်းနှင့် စပ်လျဉ်း၍ အာရှနှင့် ပစိဖိတ်နိုင်ငံများတွင် မေခရိုစီးပွားရေးအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းငွေကြေးများ အသုံးပြုပေးချေမှု ဆိုင်ရာကိစ္စရပ်များ၊ (၁၇) ကြိမ်မြောက် ငွေကြေးဖလှယ်မှုနှင့် စပ်လျဉ်း၍ စမ်းသပ်မှုပြုလုပ်သည့် ကိစ္စရပ်များ၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုနှင့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံငွေချေးစာချုပ်ဈေးကွက် တိုးတက်မှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘဏ္ဍာငွေဖြည့်တင်းမှုအစီအစဉ်များ စသည့်ကိစ္စရပ်တို့အပေါ် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက ဇင်းမယ်အစီအစဉ်အတွက် ငွေကြေးဖလှယ်မှုဆိုင်ရာ စမ်းသပ်မှုပြုလုပ်မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် (၁၇) ကြိမ်မြောက် ငွေကြေးဖလှယ်မှုဆိုင်ရာ စမ်းသပ်မှုဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော (၁၆) ကြိမ်မြောက် ငွေကြေးဖလှယ်စမ်းသပ်မှုအရ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလမ်းညွှန်ချက်များ (Operational Guidelines - OG) တွင် ပြင်ဆင်မှုများကိုလည်း ထောက်ခံပါကြောင်း၊ ငွေဖြစ်လွယ်မှုအခက်အခဲဖြစ်ပေါ်သည့်အခါ ယခုကဲ့သို့ နှစ်စဉ်စမ်းသပ်မှုပြုလုပ်သည့် အစီအစဉ်များသည် ဒေသတွင်းငွေရေးကြေးရေးတည်ငြိမ်ခိုင်မာမှုကို အားကောင်းစေသည့်အပြင် လုပ်ငန်းစဉ်များ၏ ထိရောက်မှုနှင့် ပွင့်လင်းမြင်သာမှုတို့ကိုလည်း အထောက်အကူပြုစေနိုင်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ငွေကြေးဖလှယ်ထောက်ပံ့မှုအပေါ် ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အားနည်းချက်များကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်း၊ ပြည်ပငွေပေးငွေယူစာရင်းတွင် ငွေကြေးဆိုင်ရာကာလတို အခက်အခဲပေါ်ပေါက်လာပါကလည်း အဆင်သင့်ဖြစ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အနာဂတ်တွင် ဆက်လက်ပြုလုပ်မည့် ငွေကြေးဖလှယ်မှုဆိုင်ရာ စမ်းသပ်မှုအစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံ+၃ နိုင်ငံများ၏ ငွေရေးကြေးရေးစနစ်တွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများအပေါ် ကြံ့ကြံ့ခံနိုင်မှုရှိစေရေးဆိုင်ရာ မြှင့်တင်ဆောင်ရွက်ချက်များတွင် ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။ ထို့ပြင် ၂၀၂၆ ခုနှစ် ဧပြီ (၉-၁၀) ရက်များတွင် (၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (22nd ASEAN Central Bank Governors’ Meeting - ACGM) ၊ (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (13th ASEAN Finance Ministers and Central Bank Governors’ Meeting – AFMGM) နှင့် ဆက်စပ်အစည်းအဝေးများအား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ NOM

အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို မ
အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲမှ Virtual ဖြင့် တက်ရောက် ဧပြီ ၈၊ ၂၀၂၆ အာဆီယံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး (ASEAN Central Bank Deputies’ Meeting - ACDM) ၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး (ASEAN Finance and Central Bank Deputies’ Meeting - AFCDM) နှင့် ဆက်စပ်အစည်းအဝေးများအား ဧပြီ ၇ ရက်မှ ၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်ကြီးမှူး၍ Fully Virtual စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က Video Conferen-cing ဖြင့် တက်ရောက်သည်။ ဧပြီ ၇ ရက်တွင်ကျင်းပသည့် အာဆီယံဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ အစည်းအဝေး၌ ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း ဦးစားပေးဆောင်ရွက် မည့်စီးပွားရေးလုပ်ငန်းစဉ်များ၊ ငွေရေးကြေးရေးပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းကော်မတီများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံငွေကြေးဖလှယ်မှု အစီအစဉ်ပြန်လည်ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်များ ပေါင်းစည်းမှုမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်များ၏ အခန်းကဏ္ဍဆိုင်ရာကိစ္စရပ်များအပေါ် အာဆီယံဗဟိုဘဏ် ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုချက်ရယူသည့် ကိစ္စရပ်များအပေါ် အတည်ပြုပေးခဲ့ကြသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးက ၂၀၂၆ ခုနှစ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များသည် ငွေရေးကြေးရေးဈေးကွက်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခြင်း၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ခြင်း၊ လုံခြုံစိတ်ချရသည့် အပြန်အလှန်ငွေပေးချေမှုစနစ်များကို မြှင့်တင်ရန် အထောက်အပံ့ဖြစ်စေခြင်းတို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယင်းလုပ်ငန်းစဉ်များအပေါ် အပြည့်အဝထောက်ခံပါကြောင်း၊ ငွေရေးကြေးရေးတွင် အားလုံးပါဝင်လာရေး၊ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့် စဉ်ဆက်မပြတ်ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများအတွက် အာဆီယံဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ ဆက်လက်ထောက်ခံသွားမည်ဖြစ်ပါကြောင်း၊ အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ် ပြန်လည်ထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးရေးနှင့် စပ်လျဉ်း၍ ပြည်တွင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပါကြောင်းနှင့် အဆိုပါနားလည်မှုစာချွန်လွှာသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးအတွက် အရေးပါသည့် ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သည့်အတွက် ယင်းနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ထောက်ခံပါကြောင်း ဆွေးနွေးသည်။ မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံစီးပွားရေးအသိုက်အဝန်း မဟာဗျူဟာစီမံကိန်း (၂၀၂၆-၂၀၃၀) နှင့် စပ်လျဉ်းသည့် လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ ၂၀၂၆ ခုနှစ် အာဆီယံ ငွေရေး ကြေးရေးပေါင်းစည်းမှုဆိုင်ရာ အစီရင်ခံစာမူကြမ်းနှင့် အာဆီယံလုပ်ငန်းကော်မတီများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးပေါင်းစည်းရေးလမ်းပြမြေပုံ လုပ်ငန်းစဉ်အောက်ရှိ ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ အာဆီယံဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုအလိုက် စနစ်တကျခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ ဒေသတွင်း ရေရှည်တည်တံ့သော ဘဏ္ဍာရေးနှင့်စပ်လျဉ်းသည့် စတုတ္ထအကြိမ်မြောက် အစီရင်ခံစာထုတ်ပြန်ခြင်း ကိစ္စရပ်များ၊ အာဆီယံ-အာရှဖွံ့ဖြိုးရေးဘဏ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမူဘောင်ဆိုင်ရာကိစ္စရပ်များ စသည်တို့အပေါ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုချက် ရယူသည့်ကိစ္စရပ်များအပေါ် အတည်ပြုပေးခဲ့ကြသည်။