ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 528 подписчиков, занимая 16 077 место в категории Новости и СМИ и 10 075 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 528 подписчиков.

Согласно последним данным от 18 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -276, а за последние 24 часа — -19, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.29%. В первые 24 часа после публикации контент обычно набирает 9.34% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 913 просмотров. В течение первых суток публикация набирает 1 171 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 16.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 19 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 528
Подписчики
-1924 часа
-637 дней
-27630 день
Архив постов
တက်ဒ်တာနာကွယ်လွန် NOM CNNသတင်းဌာနနှင့်ကါတွန်းနက်ဝပ်တည်ထောင်သူတက်ဒ်တာနာ(အသက်၈၇နှစ်)သည်ယနေ့ကွယ်လွန်သွားသည်။
+1
တက်ဒ်တာနာကွယ်လွန် NOM CNNသတင်းဌာနနှင့်ကါတွန်းနက်ဝပ်တည်ထောင်သူတက်ဒ်တာနာ(အသက်၈၇နှစ်)သည်ယနေ့ကွယ်လွန်သွားသည်။

ယူကရိန်းနိုင်ငံကိယက်ဗ်မြို့တော်ရှိမြန်မာနိုင်ငံသားများအရေးပေါ်ရွှေ့ပြောင်းရန်ရုရှားနိုင်ငံမော်စကိုမြန်မာသံရုံးကအသိပေးချက်ထုတ်
ယူကရိန်းနိုင်ငံကိယက်ဗ်မြို့တော်ရှိမြန်မာနိုင်ငံသားများအရေးပေါ်ရွှေ့ပြောင်းရန်ရုရှားနိုင်ငံမော်စကိုမြန်မာသံရုံးကအသိပေးချက်ထုတ်ပြန်

ရွှေဘိုမြို့တွင် အလုပ်သွားအလုပ်ပြန်နှင့် ခရီးသွားလူငယ်တွေအပါအဝင် လူငယ် ၅၀ ကျော်ကို ပေါ်တာ ဆွဲဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်
ရွှေဘိုမြို့တွင် အလုပ်သွားအလုပ်ပြန်နှင့် ခရီးသွားလူငယ်တွေအပါအဝင် လူငယ် ၅၀ ကျော်ကို ပေါ်တာ ဆွဲဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဝါဒဖြန့် မေ ၈၊ ၂၀၂၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြု
+9
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်နှင့် ကျိုင်းတောင်းမြို့အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊ ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ မေ ၈၊ ၂၀၂၆

ရွှေပြည်သာဘူတာအနီး ကုန်တွဲရထားတိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံး NOM၊မေ ၈၊ ၂၀၂၆ ရန်ကုန်မြို့ရွှေပြည်သာ ဘူတာအနီးတွင် အမည်မသိအမျို
ရွှေပြည်သာဘူတာအနီး ကုန်တွဲရထားတိုက်မိ၍ အမျိုးသမီးတစ်ဦး သေဆုံး NOM၊မေ ၈၊ ၂၀၂၆ ရန်ကုန်မြို့ရွှေပြည်သာ ဘူတာအနီးတွင် အမည်မသိအမျိုးသမီးတစ်ဦး ကုန်တွဲရထားတိုက်မိမှုကြောင့် သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။ ဖြစ်စဉ်မှာ မေ ၅ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားတိုက်မိထားသည့် အမျိုးသမီးတစ်ဦးရှိကြောင်း We Love Care လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်း ထံ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ကြောင်း အသင်းဘက်က အသိပေးထားသည်။ ရထားတိုက်မိမှုကြောင့် သေဆုံးသူမှာ မျက်နှာနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် သေဆုံးသူ၏ ရုပ်အလောင်းအား တွေ့ရှိရာနေရာမှ သယ်ဆောင်ကာ အင်းစိန်ဆေးရုံ သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

လူကူးမျဉ်းကြားမှ မကူးလျှင်ထိ‌ရောက်စွာ‌ အ‌ရေးယူသွားမည် NOM၊မေ၈၊၂၀၂၆ လူကူးမျဉ်းကြားမှမကူးလျှင်‌ မေလ၁၄ရက်မှစတင်အ‌ရေးယူသွားမည်ဖြစ်‌ေကြာင်းယ‌နေ့နံနက်ကပြုလုပ်သည့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများ စနစ်တကျအသုံးပြုရေး Campaign တွင်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှတွဲဖက်အတွင်း‌ေရးမှူးဦးလျန်ကျင့်မန်ကပြောသည်။ "ယာဉ်အန္တရာယ်ကင်းရှင်းတဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေမှာ လမ်းဖြတ်ကူးရင် လူကူးမျဉ်ကြားကကူးရမယ်၊ မြေအောက်လမ်းရှိရင် မြေအောက်လမ်းက ကူးရမယ်၊ ခုံးကျော်တံတားရှိရင် ခုံးကျော်တံတားကနေ ကူးရမယ် သတ်မှတ်တဲ့နေရာကနေ ကူးရမယ်ဆိုပြီး ပြဌာန်းထားပါတယ် ။အဲဒီအတွက်ရန်ကုန် နေပြည်သူတွေယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာဖို့ လမ်းဖြတ်ကူးရင် လူကူးမျဉ်ကျား တွေကနေကူးဖို့၊ လမ်းမြင်ကွင်းရှင်းလင်းတဲ့ နေရာ၊ ခုံးကျော်တံတားရှိရင် တံတား ပေါ်က နေကူးဖို့ Campaign ကို ဆောင်ရွက်ဖြစ်တာပါ။ ဒီလိုမျိုးမလိုက်နာဘူးဆိုရင် ဥပဒေပါပုဒ်မအရ ဒဏ်ကြေးငွေ ၃၀၀၀၀ထက်မပိုသောဒဏ်ငွေ ပေး ဆောင်ရမယ်ဆိုပြီး တော့ ပါဝင်တယ်"ဟု ဦးလျန်ကျင့်မန်က ပြောကြားသည်။ ပညာပေးကာလရက်သတ္တပတ်ပြီးဆုံးသွားပါကစည်းကမ်းလိုက်နာမှုမရှိသူများကို ဥပဒေတွင်ပါရှိသည့် ပုဒ်မအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

◾ ရိုက်တာသတင်းရဲ့ ဖော်ပြချက်မှာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုတွေ မကြာခင် လုပ်ဖို့ရှိတယ်ဆိုတဲ့ မှတ်ချက်တွေထွက်လာခဲ့တယ်။ -------- ◾ အာဆီယံရဲ့လုပ်ဆောင်ချက်ကိုကြည့်ရင်…ဒီ ၅ နှစ်တာကာလမှာ မြန်မာအစိုးရကို အထီးကျန်နိုင်ငံ ဖြစ်အောင် ဖယ်ကျဉ်ထားတာက မအောင်မြင်ဘူးဆိုတဲ့ သဘောမျိုး မြင်လာရတယ်။ တစ်ဖက်မှာ မြန်မာအစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်နဲ့ ဦးဝင်းမြင့်ကို လွတ်ငြိမ်းပေးတာနဲ့လည်း တစ်စိတ်တစ်ပိုင်း ပတ်သက်နေ ပါလိမ့်မယ်။ ဒါတွေက ရွေးကောက်ခံအစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာဆိုတဲ့ ဘောင်ထဲကနေ နိုင်ငံရေးအရ Give and Take ကစားကွက်ချပေးခဲ့တဲ့အပေါ်မှာ အာဆီယံအနေနဲ့ အရင်လို အာဏာထိန်းအစိုးရပုံစံမျိုး ဆက်ဆံလို့ မဖြစ်တော့တာကလည်း အဓိက အကြောင်းတရား ဖြစ်နိုင်တယ်။ ------------- ◾ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ပြောင်းပေးလိုက်တဲ့အပေါ်မှာ တစ်ဖက် မှာ ထိုင်းနိုင်ငံလို ကြားဝင်စေ့စပ်ပေးသူတွေရဲ့အခန်းကဏ္ဍအရလည်း မြန်မာနိုင်ငံကို နိုင်ငံရေးမှာချန်လှန်ထားတာထက်စာရင် ထိတွေ့ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်သင့် တယ်လို့ မြင်တဲ့နိုင်ငံတွေရဲ့ အကြံပြုချက်တွေကလည်း ရှိကောင်း ရှိနိုင်တယ်။ မဟုတ်ရင်…အာဆီယံ ပဋိညာဉ်ကြီး ဘေးမှာချထားပြီး အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို မိတ်ဖက်အင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးလိုလားချက်အတိုင်း လုပ်ပေးနေရတာက အတော်လေးလည်း ရှက်ဖို့ကောင်းတယ်မဟုတ်လား။ ------------ ◾ အာဆီယံနဲ့ online meeting ဆိုတာ တကယ်တော့ နိုင်ငံရေးအရ အပေးအယူနဲ့ ညှိနှိုင်း စေ့စပ်မှုတစ်ခုပါပဲ။ ဒီနှစ်ထဲမှာ မြန်မာအတွက် Special Envoy ခန့်တာတွေ၊ ထပ်တိုး တောင်းဆိုမှုတွေ လာဦးမှာပါ။ အစိုးရနဲ့လွှတ်တော်ဘက်ကကြည့်ရင်…အာဆီယံ နိုင်ငံတွေ အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အင်တင်တင်လုပ်နေတဲ့ အချက်တွေ၊ online အဆင့်ဆိုပြီး Level နိမ့်ထားသေးတဲ့အဖြစ်ရယ်၊ ဘုံ ၅ ချက်ကို တင်းခံနိုင်သေးတာကိုတော့ လစ်လျူရှုလို့ မရသေးတာ သတိပြုရပါ့မယ်။ ---------- ◾ လားရာကိုသုံးသပ်ကြည့်ရင်…တစ်ဖက်က online ကနေ ဘုံ ၅ ချက်ကို ထပ်ပြီး တောင်းနေဦးမှာပါ။ လက်ရှိ online အဆင့်ဆိုတာ…ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ပြောင်းပေးတဲ့အတွက်ကြောင့် ဆန်ပေး၊ဆီယူတဲ့ အဆင့်လောက်ပါပဲ။ ဒီကာလမှာ ပထဝီနိုင်ငံရေးနဲ့စီးပွားရေးအရ ဆက်စပ်မှုပိုများတဲ့ လျန်ချန်း-မဲခေါင်နိုင်ငံ တွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုများအောင် ကြိုးစားကြည့်စေချင်တယ်။ ဒါက ကိုယ့်အတွက် ထောက်ခံမဲ ရမယ့် ကိစ္စဖြစ်သလို နဂိုကတည်းက ကုန်းမြေနဲ့ကျွန်းဆွယ်ဆိုပြီး နိုင်ငံရေးကာလာကွဲနေတဲ့ အာဆီယံကို တွန်းအားတစ်ခု ဖြစ်စေမှာပါ။ ----------- ◾ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဆိုတာတွေက ဒီကာလမှာ အချိန်မတန်သေးဘူးလို့ပဲ မြင်တယ်။ ဒီ ၅ နှစ်တာကာလမှာ ကိုယ်တွေ အောက်ခြေဘဝတွေမပြောနဲ့။ အထက်အကြီး အကဲတွေတောင် ခုလို တည်ငြိမ်တဲ့အနေအထားရောက်အောင် ဘယ်လောက်ကြိုးစား ရယူထားခဲ့ရသလဲဆိုတာ တစ်ချက် ပြန်ထောက်ကြည့်ရှုစေချင်တယ်။ မြို့ပေါင်းများစွာ NUG နဲ့ EAO တွေသိမ်းပိုက်ခဲ့ချိန်တုန်းက အာဆီယံလည်း အသံမထွက်ခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံရေးကတော့ နိုင်ငံရေးပါပဲ။ အာဆီယံမှာ မြန်မာကို တူတူတန်တန်မဆက်ဆံသေးသမျှ ခေါင်းငုံ့စရာလည်းမလိုပါဘူး။ အဓိက ပြည်တွင်းစီးပွားရေးအားကောင်းအောင် အရင် ကြိုးစားကြတာပေါ့။ ပထဝီနိုင်ငံရေး အရဆိုရင်…မြန်မာက အာဆီယံအတွက် ပစ်ပယ် ထားလို့ မဖြစ်တဲ့ နိုင်ငံတစ်ခုပါ။ ကိုယ့်မှာ ကိုင်ကစားရမယ့် ဖဲချပ်ရှိနေတာပဲ။ စိတ်တော့ ရှည်ရမှာပေါ့။ (နရီမိုး)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် ထူးခြားလှပပြီး အရွယ်အစားကြီးမားသောပတ္တမြားကြီးအား ကြည့်ရှု မေ ၇၊ ၂၀၂၆ NOM

ပုသိမ်ကြီးမြို့နယ်တွင် သံတိုသံစများအတွင်း ရောနှောပါလာသည့် ဗုံးသီးဟောင်းတစ်လုံးအား ထုရိုက်မိရာမှ ပေါက်ကွဲမှုကြောင့် အမျိုးသားတ
ပုသိမ်ကြီးမြို့နယ်တွင် သံတိုသံစများအတွင်း ရောနှောပါလာသည့် ဗုံးသီးဟောင်းတစ်လုံးအား ထုရိုက်မိရာမှ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး လေးနှစ်အရွယ် ကလေးငယ်တစ်ဦးဒဏ်ရာရ မေ ၇၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မရိုးကုန်းကျေးရွာနေ ဦးဇော်လင်းအောင် (၄၃) နှစ်သည် မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်၌ ၎င်းကောက်ယူလာခဲ့သည့် သံတိုသံစများအား ရောင်းချရန် နေအိမ်တွင်ထုခွဲနေစဉ် သံတိုသံစများအတွင်း ရောနှောပါလာသည့် ဗုံးသီးဟောင်းတစ်လုံးအား ထုရိုက်မိရာမှ ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေသည့် တစ်ရွာတည်းနေ မောင်ဇွဲမောင်မောင် (၄) နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

အုတ်ဖိုမြို့နယ်၊ ပြည်တော်အေးကျေးရွာတွင် ကွမ်းယာဆိုင်ပိုင်ရှင်နှင့်အတူ ဆိုင်တွင်ရောက်နေသော အမျိုးသားတစ်ဦးတို့ကို PDF အကြမ်းဖက်
+1
အုတ်ဖိုမြို့နယ်၊ ပြည်တော်အေးကျေးရွာတွင် ကွမ်းယာဆိုင်ပိုင်ရှင်နှင့်အတူ ဆိုင်တွင်ရောက်နေသော အမျိုးသားတစ်ဦးတို့ကို PDF အကြမ်းဖက်အဖွဲ့က ပစ်သတ်သွား မေ ၇၊ ၂၀၂၆ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ပြည်တော်အေးကျေးရွာနေ ဦးအောင်ဇော် (၄၇) နှစ်သည် မေလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ ကျေးရွာရှိ ၎င်းပိုင်ကွမ်းယာဆိုင်တွင် တစ်ရွာတည်းနေ ဦးကျော်ဦး (၅၅) နှစ်နှင့်အတူ ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ကာ ဆိုင်ရှေ့တွင် ရပ်ထားသည့် ဦးကျော်ဦး၏ဆိုင်ကယ်တစ်စီးအား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

Miss Grand Myanmar National Director တေးသံရှင် မရန်ဆိုင်းနော် လတ်တစ်လော ဖြစ်ပျက်ခဲ့သော အကြောင်းအရာ နှင့်ပက်သက်၍ ကချင်အနုပညာရှ
Miss Grand Myanmar National Director တေးသံရှင် မရန်ဆိုင်းနော် လတ်တစ်လော ဖြစ်ပျက်ခဲ့သော အကြောင်းအရာ နှင့်ပက်သက်၍ ကချင်အနုပညာရှင်များအသင်းချုပ်(ဗဟို) မှ အသနားခံမေတ္တာရပ်ခံခြင်း မေ၇၊၂၀၂၆

မြောက်ဥက္ကလာတွင်နေ့ခင်းကြောင်တောင်ဓားပြတိုက်သူများဖမ်းမိ NOM မေ ၇၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁) ရပ်က
+2
မြောက်ဥက္ကလာတွင်နေ့ခင်းကြောင်တောင်ဓားပြတိုက်သူများဖမ်းမိ NOM မေ ၇၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁) ရပ်ကွက်၊ သုဇိတာ (၇) လမ်းအမှတ် (၈၄၇) နေအိမ်သို့ ယနေ့မေလ ၇ ရက်နေ့လယ် ၁:၄၅ နာရီက သေနတ်ကိုင်ဆောင် ဓားပြတိုက်သူသုံးဦးကို ရပ်ကွက်နေပြည်သူများနှင့် လှည့်ကင်းရဲအဖွဲ့က ပူးပေါင်းဖမ်းမိခဲ့ကြောင်းသိရသည်။ သေနတ်များဖြင့် ဓားပြတိုက်နေစဉ် အိမ်ရှင်မိသားစုမှ အော်ဟစ်အကူအညီတောင်းသဖြင့် လမ်းအတွင်းရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာကျော်ဇင်ဟိန်း (၂၁ နှစ်) စွန်နသီကျေးရွာ၊ ညောင်တုန်းမြို့နေသူအားဂလော့-၁၉ အမျိုးအစားပစ္စတိုတစ်လက်၊ ကျည် ၂၁ တောင့်ဖြင့် ဖမ်းမိခဲ့သည်။ ထိုအချိန်တွင် ရပ်ကွင်းအတွင်းလှည့်ကင်းလှည့်နေသော ရဲတပ်ဖွဲ့ကထွက်ပြေးသွားသော ဓားပြနှစ်ဦးကိုရပ်ကွက်နေပြည်သူများနှင့် အတူလိုက်လံဖမ်းဆီးရာ နေ့လယ် ၂:၂၀ နာရီအချိန်တွင် သုဓမ္မာလမ်းမကြီးအုပ်ပုံဆိပ်အနီး၌ ဝေဇင်ထွန်း (၂၈ နှစ်) ပေါင်းစုကျေးရွာ၊ ပွင့်ဖြူမြို့နေသူကို ဆစ်ဆာဝါ ၃၂၀ ပစ္စတိုတစ်လက်၊ ကျည် ၆ တောင့်နှင့် ဖမ်းမိပြီး နေ့လယ်၂:၂၅ နာရီအချိန်၌ စွမ်းထက်အောင် (၂၈ နှစ်) ရွာကြီးကျေးရွာ၊ နွားထိုးကြီးမြို့နေသူကို ထပ်မံဖမ်းမိခဲ့သည်။ ဖမ်းဆီးတရားခံများကိုစစ်ဆေးရာမှ ဝေဇင်ထွန်းသည်ယခင်ကပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သောပစ္စတိုတစ်လက်၊ ကျည် ၅ တောင့်နှင့်လက်ထိပ်နှစ်စုံကိုမှော်ဘီမြို့နယ်၊အမှတ် (၁) ကွက်သစ်၊ ဖူးကြီးကားလမ်းဘေးရှိ ဝါဂွမ်းစက်ရုံဟောင်းအတွင်းမှထပ်မံသိမ်းဆည်းရမိကြောင်းသိရသည်။ NOM

ပျဥ်းမနားမြို့တွင် Level 1 အဆင့်မီးလောင်မှု မှုဖြစ်ပွားနေအိမ် ၅လုံးပျက်စီးပြီး (၃)ဦးဒဏ်ရာရ NOM၊မေ၇၊၂၀၂၆ နေပြည်တော်၊ ပျဥ်းမနာ
ပျဥ်းမနားမြို့တွင် Level 1 အဆင့်မီးလောင်မှု မှုဖြစ်ပွားနေအိမ် ၅လုံးပျက်စီးပြီး (၃)ဦးဒဏ်ရာရ NOM၊မေ၇၊၂၀၂၆ နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာတွင် ယမန်နေ့မေ ၆ ရက်ည ၁၀ နာရီ ၁၇ မိနစ်ခန့်ကLevel 1 အဆင့် မီးလောင်မှုဖြစ်ပွားကာ နေအိမ်၅လုံးပျက်စီးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်စဉ်မှာ သူဌေးကုန်းကျေးရွာရှိ လင်မယားနှစ်ဦးသည် ဓါတ်ဆီလှယ် နေစဉ်အမျိုးသားဖြစ်သူကဆေးလိပ်သောက်ခဲ့သည့်အတွက်ပေါက်ကွဲပြီးမီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိလူနေအိမ် ၅လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီးဆီလှယ်သည့်အမျိုးသမီးမှာထိခိုက်ဒဏ်ရာပြင်ထန်ခဲ့ပြီး မီးငြှိမ်းသက်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးတို့မှာလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပျဥ်းမနားအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရာည ၁၀ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည် တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့် ပြည်ပမှတင်သ
+2
ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည် တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့် ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယမန်နေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။

အများပြည်သူသို့ အသိပေးကြေညာချက်
အများပြည်သူသို့ အသိပေးကြေညာချက်

အများပြည်သူသို့ အသိပေးကြေညာချက်
အများပြည်သူသို့ အသိပေးကြေညာချက်

အများပြည်သူသို့ အသိပေးကြေညာချက်
အများပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်း များက ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဖ
+7
အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်း များက ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ဖလမ်းမြို့သို့ရောက်ရှိ မေ ၆၊ ၂၀၂၆

သာကေတတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ရှင်ဖြစ်သူ သေဆုံး NOM၊မေ ၆၊၂၀၂၆ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့မေ ၆ ရက်နံနက်၃နာရီ
သာကေတတွင် မီးလောင်မှုဖြစ်ပွားပြီး အိမ်ရှင်ဖြစ်သူ သေဆုံး NOM၊မေ ၆၊၂၀၂၆ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ယနေ့မေ ၆ ရက်နံနက်၃နာရီ ‌က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်အတွင်းရှိ အမျိုးသားတစ်ဦး မီးလောင်သေဆုံး ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာသာကေတမြို့နယ်ထူပါရုံ(၁)ရပ်ကွက်၄လမ်းနေအိမ်မှမီးစတင်လောင်ကျွမ်းခဲ့သည်။အိမ်ရှင်အမျိုးသားက မီးလောင်နေသည့်အိမ်အတွင်းပြန်ဝင်ပြီးစုဗူးကို ယူဆောင်စဉ်မီးလောင်သေဆုံးခဲ့ပြီးအိမ်သုံးလုံးမီး‌ လောင်ခဲ့‌ ကြောင်းသိရသည်။ မီးလောင်ရာသို့မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များကငြိမ်းသတ်ခဲ့ရာနံနက် ၄နာရီတွင်မီးငြိမ်းခဲ့သည်။မီးလောင်မှုနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။