es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

News Of Myanmar

News Of Myanmar

Ir al canal en Telegram

📈 Análisis del canal de Telegram News Of Myanmar

El canal News Of Myanmar (@newsofmyanmar) en el segmento lingüístico de Birmano es un actor destacado. Actualmente la comunidad reúne a 11 422 suscriptores, ocupando la posición 16 330 en la categoría Noticias y medios y el puesto 9 947 en la región Birmania.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 11 422 suscriptores.

Según los últimos datos del 27 noviembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -136, y en las últimas 24 horas de -9, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 5.67%. Durante las primeras 24 horas tras publicar, el contenido suele obtener 4.32% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 648 visualizaciones. En el primer día suele acumular 493 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 10.

📝 Descripción y política de contenido

El autor describe el recurso como un espacio para expresar opiniones subjetivas:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 28 noviembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Noticias y medios.

11 422
Suscriptores
-924 horas
-317 días
-13630 días
Archivo de publicaciones
+1
ခေါက်လို့ရတဲ့ အိုင်ဖုန်း ဒူယို iPhone Duo ဖုန်းအသစ်တွေရဲ့ စခရင်တွေဟာ အရမ်းလွယ်လွယ်နဲ့ အက်ကွဲကုန်ကြပြီး၊ အချို့ဆို အက်ပဲလ်ဆိုင် (Apple Store) ထဲမှာတင် အက်ကွဲသွားတာတွေ ဖြစ်နေပါတယ်။ ဒီစခရင် အက်ကွဲမှု ပြဿနာကိုတော့ Crackgate (ခရက်ဂိတ်) ဂယက် လို့ နာမည်ပေးထားကြပါတယ်။
26 oct, 05:12

နေပြည်တော် Excellent Unplugged Bar မီးလောင်မှု အမျိုးသားသုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ NOM၊အောက်တိုဘာ၃၆၊၂၀၂၆ နေပြည်တော်၊ ဇ
နေပြည်တော် Excellent Unplugged Bar မီးလောင်မှု အမျိုးသားသုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရ NOM၊အောက်တိုဘာ၃၆၊၂၀၂၆ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဧရာဝတီလမ်းရှိ Excellent Unplugged Bar တွင် ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) မွန်းလွဲ ၃ နာရီ ၁၆ မိနစ်ကlevel 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်းသုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည့်ဟု ပျဉ်မနားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သတ်၍ သတင်းများအရဆိုင်အတွင်း ဝရိန်ဆော်နေရာမှ အနီးရှိ အသံလုံ ဖော့များပေါ် မီးပွားကျရာကတဆင့် မီးစတင် လောင်ကျွမ်းခဲ့သည့်ဟုသိရ သည်။ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ဒက္ခိဏခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၃နာရီ၄၅မိနစ်တွင် Level-1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ၃နာရီ၃၁မိနစ်တွင်မီးငြှိမ်းသွားကြောင်းသိရသည်။
26 oct, 04:57

သူဌေးကြီး အီလွန်မက်စ်၏ စပေ့စ်အိပ်စ် SPACEX နှင့် စတားလင့်ခ် STARLINK တို့ကို နိုင်ငံပိုင်သိမ်းရန် ဒီမိုကရက်များအနေဖြင့် အုတ်မြစ်ချ ပြင်ဆင်ကြရန် သမ္မတဟောင်း ကလင်တန်အစိုးရလက်ထက်က အလုပ်သမားဝန်ကြီးဟောင်း ရောဘတ် ရိုက်ချ် က တိုက်တွန်းပြောကြားလိုက်သည်။ "ကုမ္ပဏီတွေကို အဓမ္မသိမ်းပိုက်တာဟာ ကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခုပဲ။ ရိုက်ချ်ကို ထောင်ချရမယ်” ဟု အီလွန်မက်စ် က ပြန်လည်တုံ့ပြန်ခဲ့သည်။
26 oct, 04:03

ဒေါ်နယ်ထရမ့် ကျောထောက်နောက်ခံပြုထားသည့် ဖလားဗီယို ဘိုဆိုနာရို (Flávio Bolsonaro) ၏ မမျှော်လင့်ဘဲ ရွေးကောက်ပွဲ ရှုံးနိမ့်မှုသည
+1
ဒေါ်နယ်ထရမ့် ကျောထောက်နောက်ခံပြုထားသည့် ဖလားဗီယို ဘိုဆိုနာရို (Flávio Bolsonaro) ၏ မမျှော်လင့်ဘဲ ရွေးကောက်ပွဲ ရှုံးနိမ့်မှုသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း လက်တင်အမေရိကတိုက်၌ လက်ယာယိမ်းနှင့် အမေရိကန်လိုလားသော အစိုးရများ တက်လာသည့် အလားအလာကို ပြောင်းလဲပစ်ခဲ့သည်။ အစဉ်အလာအားဖြင့် လက်ဝဲယိမ်း လက်တင်အမေရိကတိုက်သည် လွန်ခဲ့သည့် ရွေးကောက်ပွဲစက်ဝန်းအတွင်း လက်ယာဘက်နှင့် အမေရိကန်ဘက်သို့ သိသိသာသာ ယိမ်းနွဲ့ခဲ့သည်။ ထင်ရှားသည့် သာဓကအနေဖြင့် အာဂျင်တီးနားတွင် မီလိုင်း (Milei) အစိုးရ အာဏာရလာပြီး မကြာမီ BRICS အဖွဲ့မှ ရုတ်တရက် နှုတ်ထွက်ခဲ့ခြင်း၊ အစိုးရ စီမံကိန်းများကို လျှော့ချခဲ့ခြင်းနှင့် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးခဲ့ခြင်းတို့ ပါဝင်သည်။ ၂၀၂၅ ရွေးကောက်ပွဲတွင်လည်း မီလိုင်း၏ အာဂျင်တီးနားအစိုးရသည် ငွေကြေးတည်ငြိမ်စေရန်အတွက် အမေရိကန်ထံမှ ဒေါ်လာ ဘီလီယံ ၂၀ ထောက်ပံ့မှုအပါအဝင် ပံ့ပိုးကူညီမှုများကို ပြတ်ပြတ်သားသား ရရှိခဲ့သည်။ ထို့ပြင် ထရမ့်အစိုးရသည် ၂၀၂၆ ရွေးကောက်ပွဲတွင် လက်ဝဲယိမ်း လူးလာ (Lula) အစိုးရကို ဖြုတ်ချရန်အတွက် ဘရာဇီး အရာရှိများအပေါ် အခွန်တိုးမြှင့်ခြင်းနှင့် ပိတ်ဆို့အရေးယူမှုများ ကဲ့သို့သော နည်းလမ်းများကို အသုံးပြုကာ အကွက်စေ့စေ့ ဖိအားပေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။
26 oct, 03:59

ဘရာဇီး သမ္မတဟောင်း ဘိုဆိုနာရိုက ၎င်း၏ပြိုင်ဘက် လူးလာ အနိုင်ရရှိခဲ့သည့် သမ္မတရွေးကောက်ပွဲ ရလဒ်များကို လက်ခံအသိအမှတ်ပြုရန် ‘လုံးဝ မဖြစ်နိုင်ကြောင်း’ ပြောကြား - ရွေးကောက်ပွဲ ရလဒ်များ ပယ်ဖျက်ပေးရန် တောင်းဆို "ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများကြောင့် မိမိအနေဖြင့် မဲမည်မျှအထိ အနိုင်ရရှိနိုင်ခဲ့သည် ဆိုသည်ကိုပင် မသိနိုင်အောင် ဖြစ်ခဲ့ရကြောင်း ၎င်းက စွပ်စွဲပြောဆိုခဲ့သည်။" "ဒီရွေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်ပေးဖို့ ကျွန်ုပ်တို့၏ ဥပဒေရေးရာအဖွဲ့ဖြင့် ဆက်လက် တောင်းဆိုသွားမည်"
26 oct, 03:52

အတုယူစရာဘရာလ်ဇီးသမ္မတရွေးကေါက်ပွဲ NOM အောင်ပွဲရလက်ရှိသမ္မတလူလာနှင့်ရှုံးနိမ့်သွားသောသမ္မတလောင်းဖလာဗီယိုတို့ကိုသမ္မတရွေးကေါက်ပွဲအပြီးတွင်ချစ်ခင်စွာတွေ့ရစဉ်
26 oct, 03:33
26 oct, ~03:47

ဂျပန် စာရင်းကိုင်မန်နေဂျာတစ်ဦးမှ အမျိုးသမီး Streamer များကို မုန့်ဖိုးပေးရန် ယန်း သန်း ၂၀၀ (ဒေါ်လာ ၁.၃ သန်း) ခိုးယူခဲ့သဖြင့် ကုမ္ပဏီ ဒေဝါလီခံခဲ့ရ အသက် ၆၂ နှစ်အရွယ် ယိုရှီနိုရီ ခိခုနို (Yoshinori Kikuno) သည် ကုမ္ပဏီ၏ ငွေလွှဲစာရင်းများအတွင်း မိမိ၏ ကိုယ်ပိုင်ဘဏ်အကောင့်နံပါတ်ကို ထည့်သွင်းကာ ကုမ္ပဏီရန်ပုံငွေများကို ခိုးယူခဲ့ပြီး ထိုငွေများကို အွန်လိုင်း Streamer များနှင့် Content Creator များအတွက် မုန့်ဖိုးပေးရာတွင် သုံးစွဲခဲ့ခြင်းဖြစ်သည်။
26 oct, 03:21

"ရုရှားက ကမ္ဘာ့ဈေးကွက်ထဲကို ရေနံတွေ ထုတ်လွှတ်ပေးခဲ့တာပါ။ သူတို့က ငါတို့အမေရိကန်ကိုတင် မဟုတ်ဘဲ တစ်ကမ္ဘာလုံးကို ရေနံပေးခဲ့တာဖြစ်ပြီး၊ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။" — သမ္မတဒေါ်နယ်ထရမ့်
26 oct, 02:27

သူ လက်ခံမယ့် “ရွှေ့ပြောင်းအခြေချသူများ” နဲ့ ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ ပြောကြားချက် - “ဒိန်းမတ်လား၊ ဒိန်းမတ်ဆိုရင်တော့ လက်ခံမယ်” “နော်ဝေကျတော့ မထင်ဘူး... ငါ့ကို နိုဘယ်ဆုမှ မပေးခဲ့တာ... နော်ဝေကတော့ ဘယ်သူ့ကိုမှ ငါ လက်မခံချင်ဘူး”
26 oct, 01:36

"ပွင့်ပွင့်လင်းလင်း ပြောရရင် နော်ဝေက စုတ်ပြတ်နေတာပဲ။ အမှန်တော့ နော်ဝေဟာ ချီးအိမ်လို နိုင်ငံမျိုး ဖြစ်သွားခဲ့ပြီ။" - ထရမ့် အမေရိကန်သမ္မတ ထရမ့်ကတော့ သူ နိုဘယ်ငြိမ်းချမ်းရေးဆု မရခဲ့တာနဲ့ ပတ်သက်ပြီး နော်ဝေကိုအခုထိ စိတ်ဆိုး မကျေမနပ် ဖြစ်နေတုန်းပါပဲ။
26 oct, 01:28

သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကုသိုလ်ပြုသူများဖြင့် တိုးမပေါက်အောင်စည် ကား NOM၊အောက်တိုဘာ၂၆၊၂၀၂၆ ယနေ့ သ
+1
သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကုသိုလ်ပြုသူများဖြင့် တိုးမပေါက်အောင်စည် ကား NOM၊အောက်တိုဘာ၂၆၊၂၀၂၆ ယနေ့ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်​နေ့) အောက်တိုဘာ ၂၆ ရက်နံနက်အစောပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ရေ ချမ်း၊ ဆီမီးအမွှေးတိုင်၊ ပန်းဆက်ကပ်လှူဒါန်းပူဇော်သူ များ၊ အနယ်နယ်အရပ်ရပ်မှ စေတီတော်မြတ်ကြီးကိုလာရောက်ဖူးမြှော်သူများ၊ တန်ဆောင်းအသီးသီးတွင် ရဟန်းသံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းလောင်းလှူနေကြသူများ၊ စတုဒီသာကျွေးမွေးလှူဒါန်းနေကြသူ များနှင့် စည်ကားများပြားလျက်ရှိ‌သည်။ ထို့ပြင်တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ဘုရား၊ပုထိုး၊စေတီများတွင်ဘုရားဖူးပြည်သူများကုသိုလ်ကောင်းမှုများဖြင့်စည်ကားလျက်ရှိကြောင်းသိရသည်။
26 oct, 01:28

တတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား၊ သီတင်းကျွတ်လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြ
+2
တတိယအကြိမ်မြောက် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနား၊ သီတင်းကျွတ်လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီး စေတီများ လှည့်လည်ပူဇော် ဆက်ကပ်ပွဲနှင့် ဆီမီး (၁၁၁၁၁) စုပေါင်းထွန်းညှိပူဇော် ဆက်ကပ်ပွဲကျင်းပ အောက်တိုဘာ ၂၆၊ ၂၀၂၆ မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဝါတွင်းကာလအတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တတိယအကြိမ် မြောက် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံစေတီတော်၊ ရာဟုထောင့် ထီးတော်ရုံတန်ဆောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ပင့်သံဃာများကြွရောက်တော်မှုကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီးဒေါ်နှင်းနှင်းအေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းများ တက်ရောက်ကြည်ညိုကြသည်။ ဦးစွာ နုမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒွိပိဋကဓရ ဆရာတော် ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်များအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ တာဝန်ရှိသူများ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋက-ဩဝါဒါစရိယအဖွဲ့၊ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သ.စ.အဓမ္မာစရိယ(ဝဋံသကာ)ပါဠိပါရဂူ၊ စေတိယင်္ဂဏပဝရသိရီမဟာဓမ္မရာဇာ၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာ)ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်ဘဒ္ဒန္တကေလာသက နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းကြကာ အဆိုပါ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာလ(၂၁)ရက်နေ့မှ အောက်တိုဘာလ(၂၅) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ဆက်ကပ်ပွဲနှင့် ဆီမီး(၁၁၁၁၁)စုပေါင်းထွန်းညှိပူဇော် ဆက်ကပ်ပွဲကို ယမန်နေ့ညပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံး ဝန်ထမ်းများ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းစုရပ်မှ ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများ ပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။ ထို့နောက် လျှပ်စစ်မီးစေတီများ စုပေါင်းပူဇော်ဆက်ကပ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် အောင်မြေအနီးရှိ ချမ်းသာကြီးတန်းဆောင်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများက ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများကို ပန်းရေချမ်း၊ ဆီမီးနံ့သာများဖြင့် ဆက်ကပ်လှူဒါန်းကြပြီး နီလာ နီလာ အစချီသော မဟာပဋ္ဌာန်း ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ခြင်း၊ သောဝဏ္ဍိကံ အစချီသော ရွှေတိဂုံဘုရားရှိခိုး ဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ ကပ်လှူ ပူဇော်ခြင်း၊ ဘဂဝန်ဘုန်းလှိုင် အစချီသော မဟာပဋ္ဌာန်းတိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း၊ မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ ပါဠိတော်ကို ရွတ်ဆိုပူဇော်ခြင်းနှင့် ဆုတောင်းအမျှဝေ၊ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံး ဝန်ထမ်းများ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ အလှူ ရှင်များနှင့် ဘုရားဖူးလာ ပြည်သူများက စုပေါင်း၍ ရွှေတိဂုံစေတီတော်ရင်ပြင်တော် ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများ ထွန်းညှိပူဇော် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်နှင့် လျှပ်စစ်မီးစေတီများအား ရာဟုထောင်အောင်မြေအနီးရှိ ချမ်းသာကြီး တန်းဆောင်၌ ယမန်နေ့မှ အောက်တိုဘာ (၂၈)ရက်နေ့အထိ သုံးရက်တိုင်တိုင် ပူဇော်ခံ ထွန်းညှိ ပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
26 oct, 00:34

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့်
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ အောက်တိုဘာ ၂၅၊ ၂၀၂၆ ကျောင်းသားလူငယ်များအား မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်၊ ကျောင်းပြင်ပဗဟုသုတများရရှိစေပြီး သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် မြန်မာ့တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့မှု အခြေအနေများကို သိရှိစေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော်လက်ရုံးတပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်း လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများကို သိရှိစေရန်နှင့် အနာဂတ်ကာလများတွင် နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် မိမိနိုင်ငံ၏သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိထားခြင်းအားဖြင့် အနာဂတ်ဘဝလျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမ များသည် ယနေ့တွင် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြသည်။ ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး တပ်မတော်(လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များနှင့် တပ်မတော်(ရေ)ပြင်ပပြကွက် တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ ဆက်လက်၍ တပ်မတော် (ကြည်း) ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော် သမိုင်းမှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များကို ပေးဝေကြသည်။ ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံရှင်းလင်းပြောကြားပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။ ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်းများကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများအဖြစ် ထမင်းချိုင့်၊ ထီး၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
26 oct, 00:04

ယီမင်ဟူသီတို့၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကို ဆော်ဒီလေကြောင်းရန်ကာကွယ်ရေးတပ်က ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းသော်လည်း မအောင်မြင်ဘဲ Patriot ဒုံးကျည်တစ်စင်းသည် နိုင်ငံအတွင်းရှိ ကုန်ဝယ်စင်တာတစ်ခုကို ထိမှန်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများနှင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
25 oct, 23:59

ရေလှောင်တမံ ရေပိုလွှဲများနှင့် ရေအားအဆောက်အအုံများအား စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြရန် ဒုတိယဝန်ကြီး ဦ
ရေလှောင်တမံ ရေပိုလွှဲများနှင့် ရေအားအဆောက်အအုံများအား စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြရန် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မှာကြား အောက်တိုဘာ ၂၅၊ ၂၀၂၆ ရေလှောင်တမံ ရေပိုလွှဲများနှင့် ရေအားအဆောက်အအုံများအား စောင့်ကြည့်တိုင်းတာစစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ ဇလက်ထော်ရေလှောင်တမံကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှုကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားသည်။ ထို့ပြင် တမံကြံ့ခိုင်မှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့် စစ်ဆေးနိုင်ရန်အတွက် တမံတည်ဆောက်စဉ်က ထည့်သွင်းထားရှိသည့် ရေစစ်သဲလွှာနှင့် ရေစစ်ကျောက်ရိုးအထွက် တပ်ဆင်ထားသည့် V-notch အား အမြဲမပြတ် စစ်ဆေးတိုင်းတာ၍ ရရှိလာသည့် အချက်အလက်များကို စိစစ်ဆောင်ရွက်ကြရန်၊ ထူးခြားချက်တစ်စုံတစ်ရာတွေ့ရှိပါက ချက်ချင်းဆောင်ရွက်ရန် မှာကြားသည်။ ထို့အတူ ပဲခူးမြို့ရှိ အလိုင်နီ ရေလှောင်တမံကြံ့ခိုင်မှု၊ ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အသေးစိတ်ဆွေးနွေးမှာကြားသည်။ အလိုင်နီ ရေလှောင်တမံကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လဂွမ်းပြင် ရေလှောင်တမံသို့ ဆက်သွယ်ရေးမြောင်းဖြင့် ရေကူဖြည့်ပေးခြင်း၊ လှည်းကူးမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်စပ်ရှိ လဂွမ်းပြင် ချောင်းဘေးဝဲ/ယာရှိ ရေကြီးရေနက်ကွင်း ဧရိယာ ၉၀၀၀ ခန့်အား ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးခြင်း၊ မိုးစပါးစိုက် ဧက ၂၂၀၀၀ ခန့်ကို ရေတော်မိုးတော်စပါးအဖြစ် တိုးတက်စိုက်ပျိုးနိုင်ခြင်းနှင့် နွေစပါးနှင့် အခြားသီးနှံဧက ၁၀၀၀၀ ခန့်အား လုံလောက်စွာ ရေပေးဝေနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ လဂွမ်းပြင်ရေလှောင်တမံနှင့် ဆက်စပ်ရေအားအဆောက်အအုံများ ကြံ့ခိုင်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယခုနှစ် အယ်လ်နီညိုဖြစ်စဉ်ကြောင့် နွေစပါးစိုက်ပျိုးရာသီ ကာလစိုက်ပျိုးရေနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လဂွမ်းပြင်ရေသန့် စက်ရုံသို့ သောက်သုံးရေလုံလောက်စွာ ပေးဝေနိုင်စေရန်အတွက် လဂွမ်းပြင်ရေလှောင်တမံအတွင်း သိုလှောင်ရေအား နှစ်စဉ်စုဆောင်းသည့် ကန်ရေပြည့်ပမာဏ ၁၄၈၈၀၀ ဧကပေထက် ၇၆၅၀ ဧကပေ ပိုမိုသိုလှောင်ထားရှိရန် ရေပိုလွှဲတွင် သဲအိတ်များ နှစ်ပေခန့် ဆင့်ပိတ်ခြင်း စီမံဆောင်ရွက်ထားသောကြောင့် အောက်တိုဘာ ၂၃ ရက်တွင် တမံအတွင်း ၁၅၂၈၅၀ ဧကပေ သိုလှောင်ပြီးဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် လဂွမ်းပြင် ဆည်ရေသောက် ဧရိယာအတွင်းရှိ နွေစပါးလျာထားဧက ၄၈၅၂ ဧကနှင့် အခြားသီးနှံ ၅၂၆ ဧက စုစုပေါင်း ၅၃၇၈ ဧကတို့ကို စိုက်ပျိုးရေပေးဝေနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရသည်။
25 oct, 23:55

အမေရိကန်က ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း အော်ဘန် (Orbán) ကို ရုရှားနှင့် တရုတ်တို့၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးခ
အမေရိကန်က ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း အော်ဘန် (Orbán) ကို ရုရှားနှင့် တရုတ်တို့၏ ထောက်ခံမှုဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် လျာထားကြောင်း သတင်းများ ထွက်ပေါ် အမေရိကန်-ရုရှား-တရုတ် သုံးနိုင်ငံ ပူးတွဲထောက်ခံသည့် အလောင်းအလျာအဖြစ် ဟန်ဂေရီ ဝန်ကြီးချုပ်ဟောင်း ဗစ်တာ အော်ဘန် (Viktor Orbán) ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ထရမ့်အစိုးရအဖွဲ့က တိုက်တွန်းခဲ့ကြောင်း The Wall Street Journal သတင်းစာက ဖော်ပြခဲ့သည်။ သတင်းဖော်ပြချက်အရ အော်ဘန်သည် ထိုအကြံဉာဏ်ကို လက်ခံလိုသည့် သဘောရှိသော်လည်း အပြီးသတ် ဆုံးဖြတ်ချက် မချရသေးပေ၊ အနိုင်ရရှိမည်ဟု သေချာမှသာ ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်း သိရသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီတွင် အော်ဘန်အနေဖြင့် ထောက်ခံမဲ ၈ မဲကို အသာလေး ရရှိနိုင်ပြီး မဲ ၁၀ မဲအထိပင် ရရှိနိုင်ခြေရှိကြောင်း အမေရိကန် အရာရှိတစ်ဦးက ခန့်မှန်းပြောကြားခဲ့သည်။ အမေရိကန် အရာရှိများက ဖြစ်နိုင်ခြေရှိသော အလောင်းအလျာများကို ဆွေးနွေးစဉ် ရုရှားနှင့် တရုတ် အရာရှိများကို “အော်ဘန်လို ပုဂ္ဂိုလ်မျိုး” ဟု ပြောကြားခဲ့ရာ နှစ်ဖက်စလုံးက သဘောတူခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထရမ့်အစိုးရ အရာရှိများက အော်ဘန်ကို သာမန် နိုင်ငံတကာ အရာရှိတစ်ဦးထက်စာလျှင် ကုလသမဂ္ဂ စနစ်ဟောင်းကို ရင်ဆိုင်စိန်ခေါ်နိုင်သည့် သြဇာတိက္ကမရှိသော နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ကြကြောင်း Journal သတင်းစာက ဆိုသည်။
25 oct, 23:53

ပါလက်စ္စတိုင်းထောက်ခံသူ ဘရာဇီးသမ္မတ လူလာ (Lula) သည် အစ္စရေးထောက်ခံသူနှင့် ထရမ့်၏ ထောက်ခံမှုကို ရရှိထားသည့် ပြိုင်ဘက် ဖလာဗီယို
ပါလက်စ္စတိုင်းထောက်ခံသူ ဘရာဇီးသမ္မတ လူလာ (Lula) သည် အစ္စရေးထောက်ခံသူနှင့် ထရမ့်၏ ထောက်ခံမှုကို ရရှိထားသည့် ပြိုင်ဘက် ဖလာဗီယို ဘိုလ်ဆိုနာရို (Flávio Bolsonaro) ကို အနိုင်ရရှိသွားခဲ့ပြီး သမ္မတသက်တမ်း (၄) ကြိမ်မြောက်အဖြစ် ဆက်လက်ရွေးချယ်ခံလိုက်ရသည်။
25 oct, 23:23

ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရ
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ   အောက်တိုဘာ ၂၅၊ ၂၀၂၆   ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာ ကိုချန်နိုဗာ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သော ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာကြသည်။   ပြည်ထောင်စုလွှတ်တော် နာယကနှင့်အဖွဲ့ကို ဘယ်လာရုစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Igor Brylevich၊ အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာနှင့် အမျိုးသားလုံခြုံရေး ဆိုင်ရာ အမြဲတမ်းကော်မရှင်ဥက္ကဋ္ဌ Mr. Sergei ALEINK ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီး ပို့ဆောင်နှုတ်ဆက်ကြသည်။    ယနေ့ညပိုင်းတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
25 oct, 22:21

+1
အတိုက်အခံနိုင်ငံရေးသမား မာချာဒို (Machado) ပြန်လည်ရောက်ရှိလာမှုကြောင့် သမ္မတထရမ့်၏ ဗင်နီဇွဲလား သဘောတူညီချက် စိန်ခေါ်မှုအသစ်နှင့် ရင်ဆိုင်နေရ ဗင်နီဇွဲလား အတိုက်အခံ နိုင်ငံရေးသမား မာရီယာ ကိုရီနာ မာချာဒို (Maria Corina Machado) သည် ပြီးခဲ့သည့် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၎င်း၏နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး “ကျမ ဒီမှာ သင်တို့နဲ့အတူ ရှိနေပါတယ်” ဟု X (ယခင် Twitter) တွင် စာရေးသား၍ ကြေညာခဲ့သည်။ ပြည်ပတွင် ၁၀ လကျော်ကြာ နေထိုင်ခဲ့ရပြီးနောက် ၎င်း၏ အိမ်ပြန်ခရီးလမ်းသည် သိမ်မွေ့ရှုပ်ထွေးသော အချိန်အခါတစ်ခုတွင် ရောက်ရှိလာခြင်း ဖြစ်သည်။ အကြောင်းမှာ သူမ နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့သည့် ရွေးကောက်ပွဲများကို ဗင်နီဇွဲလား၏ နိုင်ငံရေးအကူးအပြောင်းကာလက အမှန်တကယ် ဖော်ဆောင်ပေးနိုင်ပါ့မလားဆိုသည့် သံသယများ ပိုမိုနက်ရှိုင်းလာချိန် ဖြစ်သောကြောင့်ပင်။ ထရမ့်အစိုးရအဖွဲ့သည် မာချာဒို ပြန်လာမည့်အရေးကို ကန့်ကွက်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး၊ သူမ၏ ရောက်ရှိလာမှုသည် ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) နှင့် တည်ဆောက်ထားသော ဆက်ဆံရေးကို ရှုပ်ထွေးသွားစေနိုင်သည်ဟု ယုံကြည်ထားကြသည်။ အိမ်ဖြူတော်သည် တည်ငြိမ်ရေးနှင့် ရေနံ စီးဆင်းမှုအတွက် အာမခံချက်ရှိသူအဖြစ် ရိုဒရီဂွက်ဇ်အပေါ် လောင်းကြေးထပ်ထားပြီး၊ တစ်ချိန်က ထရမ့်ကို သူမ၏ နိုဘယ်ဆုတံဆိပ် လက်ဆောင်ပေးခဲ့ဖူးသည့် နိုဘယ်ဆုရှင် မာချာဒိုကိုမူ အကွာအဝေးတစ်ခုမှာသာ ခပ်ခွာခွာထားရှိခဲ့သည်။ ထရမ့်ကိုယ်တိုင်ကမူ သူမ ပြန်လာသည့်အကြောင်း ပတ်သက်၍ “ကျနော် အဲဒါနဲ့ ပတ်သက်လို့ ဘာမှမသိပါဘူး” ဟု ငြင်းဆိုခဲ့ပြီး “သူမက အမျိုးသမီးကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ကျနော်တို့ ဗင်နီဇွဲလားမှာ တကယ့်ကို အခြေအနေ ကောင်းမွန်နေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။ ဗင်နီဇွဲလား ယာယီအစိုးရနှင့် အတိုက်အခံတို့အကြား တရားဝင် ဆွေးနွေးပွဲများ စတင်ခဲ့စဉ်က မာချာဒိုသည် ဆွေးနွေးပွဲစားပွဲဝိုင်းတွင် ပါဝင်ခွင့်မရခဲ့ပေ။ ယင်းအစား အတိုက်အခံဘက်မှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပြည်ပသို့ထွက်ပြေးလာသည့် လွှတ်တော်အမတ်ဟောင်း ဒီနိုရာ ဖီဂီရာ (Dinorah Figuera) က ကိုယ်စားပြု တက်ရောက်ခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။ မာချာဒိုသည် ၂၀၂၇ ခုနှစ် ဇူလိုင်လထက် မနောက်ကျဘဲ ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုထားပြီး၊ တိုင်းပြည်သို့ ပြန်ရန် အနည်းဆုံး ၇ ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူမကို တိုင်းပြည်အတွင်း မဝင်နိုင်စေရန်အတွက် လေယာဉ်များကို လမ်းကြောင်းလွှဲခြင်းနှင့် သင်္ဘောများကို နှောင့်ယှက်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သူမ၏ အဖွဲ့က စွပ်စွဲထားသည်။ အမေရိကန် ထောက်လှမ်းရေး အကဲဖြတ်ချက်များ၏ ဖော်ပြချက်အရ မာချာဒိုသည် တိုင်းပြည်ကို အုပ်ချုပ်ရန် ရုန်းကန်ရနိုင်ပြီး၊ ယင်းမှတစ်ဆင့် အမေရိကန်သို့ ရေနံစီးဆင်းမှုကို ထိခိုက်စေနိုင်သည်ဟု ယူဆထားပုံရသည်။ မာချာဒို ပြန်လည်ရောက်ရှိလာခြင်းသည် ပြည်သူများကြားရှိ သူမ၏ ထောက်ခံမှု သြဇာနှင့် ဆွေးနွေးပွဲစားပွဲဝိုင်းတွင် သူမ ဘေးဖယ်ခံထားရမှုတို့အကြား ကွာဟချက်ကို ပေါ်လွင်စေခဲ့သည်။ ဗင်နီဇွဲလားမြေပေါ်သို့ သူမ ရောက်ရှိနေခြင်းသည် ထရမ့်အစိုးရအဖွဲ့နှင့် ရိုဒရီဂွက်ဇ်တို့အကြား သတိထား တည်ဆောက်ထားသည့် အစီအစဉ်များကို လှုပ်ခါသွားစေနိုင်ပါသည်။
25 oct, 15:11

ပုဏ္ဏားကျွန်းဒေသရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း အပိုင်း ၂ အောက််တိုဘာ ၂၅၊ ၂၀၂၆
+6
ပုဏ္ဏားကျွန်းဒေသရှိ အကြမ်းဖက် AA သူပုန်များအား ရှာဖွေချေမှုန်းခြင်း အပိုင်း ၂ အောက််တိုဘာ ၂၅၊ ၂၀၂၆
25 oct, 14:58