ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 418 подписчиков, занимая 16 330 место в категории Новости и СМИ и 9 947 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 418 подписчиков.

Согласно последним данным от 27 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -136, а за последние 24 часа — -9, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 5.67%. В первые 24 часа после публикации контент обычно набирает 4.32% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 648 просмотров. В течение первых суток публикация набирает 493 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 10.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Благодаря высокой частоте обновлений (последние данные получены 28 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

11 418
Подписчики
-924 часа
-317 дней
-13630 дней
Архив постов
+1
ယီမင်နိုင်ငံမှ ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ်လေဆိပ်ရှိ ဆော်ဒီလေကြောင်းလိုင်းပိုင် Airbus A310-200 လေယာဉ်တစ်စင်းကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့။
08 окт., 12:41

ဒုတိယသမ္မတ ဦးညိုစော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘောဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးညှိနှိုင်းအစည်း
+3
ဒုတိယသမ္မတ ဦးညိုစော အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘောဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား အောက်တိုဘာ ၈၊ ၂၀၂၆
08 окт., 12:21

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် DPLA ၊ TNLA နှင့် PDF အမည်ခံအဖွဲ့ဝင် ၂၂ ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ
+4
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် DPLA ၊ TNLA နှင့် PDF အမည်ခံအဖွဲ့ဝင် ၂၂ ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ် အောက်တိုဘာ ၈၊ ၂၀၂၆
08 окт., 12:21

ထို့အပြင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် နေရပ်ပြန်လည်ခေါ်ဆောင်ရေး ဆောင်ရွက်ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ပြန်လည်ခေါ်ဆောင်ရန် ကျန်ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း နိုင်ငံသားဖြစ်မှု စိစစ်အတည်ပြုပြီး သင့်လျော်သည့်နည်းလမ်းများဖြင့် ဆက်လက်ခေါ်ဆောင်သွားရေး ဆွေးနွေးခဲ့ပါသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသားများအရေးကြောင့် မလေးရှားနိုင်ငံအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ■ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်မည် အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုခင်းများနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် နှစ်နိုင်ငံနှင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးအဖွဲ့များအကြား သတင်းအချက်အလက်မျှဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို လုံးဝလက်မခံသည့်မူဝါဒဖြင့် ဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်း၍ တရားမဝင်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခြားသားများအား စိစစ်ဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။ ■ အာဆီယံနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ဆိုင်ရာကိစ္စများ ဆွေးနွေး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံပဋိညာဉ်နှင့် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် (Five-Point Consensus) ဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်၊ ရွေးကောက်ပွဲကျင်းပခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မလေးရှားဝန်ကြီးချုပ်ကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အမြင်များ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးဆိုင်ရာကိစ္စများနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ ဆက်လက်ထိန်းသိမ်းရေးနှင့် အာဆီယံမူဘောင်အတွင်း လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းများ ရှာဖွေဖော်ဆောင်ရေးတို့ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ■ သဘာဝဘေးနှင့် လူသားချင်းစာနာမှု ပူးပေါင်းရေး ၂၀၂၅ ခုနှစ် မန္တလေးငလျင်အတွင်း မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ကူညီခဲ့မှုအတွက် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အနာဂတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်ဆေးကုသရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများတွင် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများနှင့် နိုင်ငံသားဖြစ်မှုစိစစ်ရေးဆိုင်ရာ အခြေအနေများကို အမြင်ချင်းဖလှယ်ခဲ့ကြပြီး မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်အတည်ပြုနိုင်သူများအား ပြန်လည်လက်ခံရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ■ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော်ရေး နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှုကို အခြေခံ၍ သံတမန်ရေးရာ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ နိုင်ငံတော်သမ္မတက မလေးရှားဝန်ကြီးချုပ်နှင့် မလေးရှားဘုရင်မင်းမြတ်တို့အား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများအကြား ဆက်လက်ထိတွေ့ဆက်ဆံ၍ ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး သဘောထားဖလှယ်ခဲ့ကြပါသည်။ တွေ့ဆုံမှုမှတစ်ဆင့် မြန်မာ–မလေးရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရေးကို ပိုမိုခိုင်မာစေပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုရေး၊ နည်းပညာနှင့် လုံခြုံရေးကဏ္ဍများတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့နိုင်ရေး အလေးထားဆွေးနွေးခဲ့ကြပါသည်။
08 окт., 11:26

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီအန်နဝါ ဘင် အီဘရာဟင်တို့ တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မည် ကွာလာလမ်ပူ၊ အောက်တိုဘာ ၈ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့သည် ယနေ့ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားနှင့် ခရီးသွားကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးအပြင် မလေးရှားရောက် မြန်မာနိုင်ငံသားများအရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ■ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာရေး မလေးရှားဝန်ကြီးချုပ်က မြန်မာနိုင်ငံသည် မလေးရှားနိုင်ငံအတွက် အရေးပါသည့် မိတ်ဆွေအိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ အာဆီယံအတွက်လည်း အရေးပါကြောင်း၊ နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုရှိခဲ့သော်လည်း ထိတွေ့ဆက်ဆံမှုများ လျော့နည်းခဲ့သဖြင့် ရှိရင်းစွဲချစ်ကြည်ရေးကို ပြန်လည်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ–မလေးရှား သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး နှစ် ၇၀ ပြည့်မည့် ၂၀၂၈ ခုနှစ်တွင် အထိမ်းအမှတ်အစီအစဉ်များ ပြုလုပ်ရေး၊ သံအမတ်ကြီးအဆင့် သံတမန်ခန့်အပ်မှုများ ပြန်လည်ဆောင်ရွက်ရေးနှင့် သံတမန်ရေး၊ လွှတ်တော်နှင့် ကဏ္ဍစုံဆက်ဆံရေးများ ပိုမိုတိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအစိုးရအချင်းချင်း (G to G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B to B ဆက်ဆံရေး တိုးမြှင့်ရေးနှင့် မလေးရှားနိုင်ငံ ပူထရာဂျာယာမြို့ရှိ သံတမန်နယ်မြေတွင် မြန်မာနိုင်ငံ၏ သံတမန်ရေးရာလုပ်ငန်းများအတွက် နေရာရရှိနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။ ■ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော်ရှိခဲ့ပြီး မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်း ၃၂ ခု၊ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ခန့်ရှိကြောင်း ဖော်ပြခဲ့သည်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် Business Forum၊ B2B၊ MSME နှင့် Digital Trade ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ရှိရင်းစွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ■ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် နည်းပညာ ပူးပေါင်းရေး မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သဖြင့် ဆီအုန်း၊ ရာဘာ၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းကဏ္ဍများတွင် မလေးရှားနိုင်ငံ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး၊ အရည်အသွေးမြင့် ရေထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ ရေနံဓာတုဗေဒလုပ်ငန်းနှင့် စွမ်းအင်ကဏ္ဍများတွင် ယခင်ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို အခြေခံ၍ မလေးရှားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ထပ်မံရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ ■ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်သူချင်းဆက်ဆံမှု မြှင့်တင်မည် မလေးရှားနိုင်ငံတွင် မြန်မာကျောင်းသား ၃,၀၀၀ ကျော် ပညာသင်ကြားလျက်ရှိပြီး နှစ်နိုင်ငံတက္ကသိုလ်များအကြား ပညာသင်ဆုအစီအစဉ်များ၊ ကျောင်းသားနှင့် ဆရာများ အပြန်အလှန်ဖလှယ်ရေး၊ သုတေသနပူးပေါင်းရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ကျန်းမာရေးကဏ္ဍတွင် ဆေးဝါး၊ ဆေးဘက်ဆိုင်ရာနည်းပညာ၊ Medical Tourism နှင့် Telemedicine ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရေးအပြင် မီဒီယာကဏ္ဍ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိုလည်း ဆွေးနွေးခဲ့သည်။ ထို့ပြင် ရန်ကုန်–ကွာလာလမ်ပူနှင့် ရန်ကုန်–ပီနန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ၊ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ အစီအစဉ်များကို အသုံးချ၍ ခရီးသွားလာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ ■ မြန်မာအလုပ်သမားများ အခွင့်အရေးကာကွယ်ရေးနှင့် နေရပ်ပြန်ခေါ်ဆောင်ရေး မလေးရှားရောက် မြန်မာအလုပ်သမားများ၏ လုပ်ငန်းခွင်လုံခြုံရေး၊ အခွင့်အရေးနှင့် လူမှုဖူလုံရေး ပိုမိုကောင်းမွန်စေရေး၊ တရားဝင်လမ်းကြောင်းမှ စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရေးနှင့် ဗီဇာ၊ အလုပ်လုပ်ခွင့်ပါမစ်ကိစ္စများ ချောမွေ့စေရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
08 окт., 11:26

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီအန်နဝါ ဘင် အီဘရာဟင်တို့ တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး၊ က
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ် ဒါတို ဆရီအန်နဝါ ဘင် အီဘရာဟင်တို့ တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်မည်
08 окт., 11:25

ပြင်သစ်နိုင်ငံ၊ လိုမွန့် (Lormont) မြို့ရှိ ကျောင်းတစ်ကျောင်းအား ဆူပူဆန္ဒပြသည့် "ကျောင်းသားများ" ကဖျက်ဆီး ကျောင်းမှန်များ ရိုက်ခွဲခံရ၊ မီးသတ်ဆေးဘူးများကို ဖျန်းကာ ဖျက်ဆီးခဲ့ကြ
08 окт., 11:24

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၇ ရက်မှ ၈ ရက်အထိ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာ ခိုင်ခိုင်စိုးက ပြန်လည်ဖြေကြားချက်များ ဖြစ်ပါသည်။
08 окт., 11:18

မနေ့က Al-Arabiya သတင်းဌာနဟာ ယီမင်နိုင်ငံရဲ့ မြို့တော် စာနား (Sanaa) မှာရှိတဲ့ ဒုံးကျည်လွှတ်တင်ရေးယာဉ် (TEL) တစ်စီးကို ဆော်ဒီက လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လွှင့်တင်ခဲ့ပါတယ်။ အဆိုပါ ရုပ်သံမှတ်တမ်းအရ ယီမင်နိုင်ငံဟာ အကန့်အသတ်ရှိတဲ့ ဘပဲ့ထိန်းဒုံးကျည် စွမ်းဆောင်ရည်အဆင့်ကို ကျော်လွန်သွားပြီဖြစ်ကြောင်းနဲ့ အတော်အတန် အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ထားတဲ့ ဒေသတွင်း အဓိက ဒုံးကျည်အင်အားကြီး အုပ်စုတစ်စု ဖြစ်လာခဲ့ပြီဆိုတာကို ပြသနေပါတယ်။
08 окт., 11:13

တရုတ်၏ J-10 တိုက်လေယာဉ်များ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများတွင် ရောင်းအားကောင်းနေပြီး အမေရိကန်နှင့် ဥရောပပြိုင်ဘက်များကို အသာစ
တရုတ်၏ J-10 တိုက်လေယာဉ်များ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများတွင် ရောင်းအားကောင်းနေပြီး အမေရိကန်နှင့် ဥရောပပြိုင်ဘက်များကို အသာစီးရယူလာ အင်ဒိုနီးရှားနိုင်ငံသည် တရုတ်ထုတ် J-10 တိုက်လေယာဉ်များကို ၆ လအတွင်း လက်ခံရရှိရန် မျှော်လင့်ထားကြောင်း အင်ဒိုနီးရှား လေတပ်ဦးစီးချုပ်၏ ပြောကြားချက်ကို ကိုးကား၍ Global Times သတင်းတွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံသည် မျိုးဆက် ၄.၅ စံချိန်မီ အဆိုပါ တိုက်လေယာဉ် စီးရေ ၄၂ စီးအတွက် ဒေါ်လာ ၉ ဘီလီယံခန့် တန်ဖိုးရှိ ကုန်သွယ်မှုစာချုပ်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ပထမဆုံးအသုတ်တွင် လေယာဉ်စီးရေ မည်မျှပါဝင်မည်ကို မသိရသေးသော်လည်း ပထမဆုံး လွှဲပြောင်းပေးအပ်မှုကို ၂၀၂၇ ခုနှစ် ဧပြီလတွင် ပြုလုပ်ရန် မျှော်လင့်ရသည်။ Vigorous Dragon (ခွန်အားဗျတ္တိရှိသော နဂါး) ဟု လူသိများသည့် J-10CE တိုက်လေယာဉ်သည် ၂၀၂၅ ခုနှစ် မေလအတွင်း ကက်ရှ်မီးယားနယ်စပ် အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခတွင် ပါကစ္စတန်လေတပ်က စတင်တိုက်ပွဲဝင် အသုံးပြုခဲ့ပြီးနောက်ပိုင်း နိုင်ငံအတော်များများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ သတင်းဖော်ပြချက်အရ ဥဇဘက်ကစ္စတန်နိုင်ငံသည် ပါကစ္စတန်ပြီးလျှင် J-10CE တိုက်လေယာဉ်ကို တရားဝင်ဝယ်ယူသည့် ဒုတိယမြောက် ပြည်ပဖောက်သည်ဖြစ်လာခဲ့သည်။ ကျွမ်းကျင်သူများက အဆိုပါတိုက်လေယာဉ်သည် အနောက်နိုင်ငံထုတ် လေယာဉ်များထက် ဈေးနှုန်းသက်သာပြီး သုံးစွဲရသည်မှာ တန်ဖိုးရှိကြောင်း ချီးကျူးပြောဆိုကြသည်။ တရုတ်တိုက်လေယာဉ်၏ အနောက်နိုင်ငံပြိုင်ဘက်များအဖြစ် Lockheed Martin F-16C/D နှင့် Eurofighter Typhoon တို့ကို ၎င်းတို့က ကိုးကားဖော်ပြကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း တရုတ်နိုင်ငံထုတ် J-10CE တိုက်လေယာဉ်များကို ဝယ်ယူရန် အစီအစဉ်များကို ရှေ့ဆက်လုပ်ဆောင်နေကြောင်း သိရသည်။
08 окт., 11:10

ထွက်ပြေးသည့် AA အကြမ်းဖက်သမားများကို တပ်မတော်မှ လိုက်လံချေမှုန်း
08 окт., 10:20

အိုဒက်ဆာရှိသင်္ဘောရုရှားဒရုန်းထိ NOM အိုဒက်ဆာဒေသ၊ ယူဇ်နီ ဆိပ်ကမ်းရှိ ဆီတင်သင်္ဘောတစ်စီးကို ရုရှား၏"Geran-4" ဒရုန်း ထိမှန်သွားသည့် ဗီဒီယိုဖြစ်ပြီး၊ ဆိပ်ခံတံတားအနီးရှိ လုံခြုံရေးကင်မရာမှ ရိုက်ကူးရရှိခဲ့ခြင်း ဖြစ်သည်။
08 окт., 09:43

စည်ပင်မှ ခွင့်ပြုချက်မဲ့ အဆောက်အဦး နှစ်ထောင်ကျော်ကိုအရေးယူဆောင်ရွက်ထား NOM အောက်တိုဘာ ၈၊၂၀၂၆ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ
စည်ပင်မှ ခွင့်ပြုချက်မဲ့ အဆောက်အဦး နှစ်ထောင်ကျော်ကိုအရေးယူဆောင်ရွက်ထား NOM အောက်တိုဘာ ၈၊၂၀၂၆ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့အထိ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်/ပြင်ဆင်သည့် အဆောက်အဦး စုစုပေါင်း (၂,၇၈၂) လုံးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။ အောက်တိုဘာ ၈ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ် ကိုယ်စားလှယ် ဦးစိုးမြင့်၏ ရန်ကုန်တိုင်းဒေသကြီး၏ အချို့မြို့နယ်များတွင် ခွင့်ပြုချက်မဲ့အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ်နေခြင်း ကိစ္စနှင့်စပ်လျဉ်းသည့် မေးခွန်းအား ဖြေကြားစဉ် အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင် က “ရန်ကုန်မြို့တော်စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးများ ဆောက်လုပ်လျက်ရှိသည့် လိုင်စင်မဲ့ ကန်ထရိုက်တာနှင့် မြေပိုင်ရှင်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥပဒေ ၂၀၁၈ ပုဒ်မ ၃၂၄၊ ပုဒ်မ ၃၂၂ (က) တို့အရတရားစွဲဆို၍ ဒဏ်ငွေတပ်ရိုက်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိပါက မြို့နယ်ဥပဒေအရာရှိထံမှဥပဒေအကြံပြုချက် ရယူကာ ဆက်လက် အရေးယူဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။ “အဲဒီအခါမှာ ထောင်ဒဏ်၊ ပြစ်ဒဏ် ကျခံရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးများကို ဆက်လက် ဆောက်လုပ်ခြင်း မရှိစေဖို့နဲ့ အများပြည်သူ သိရှိနိုင်ဖို့အတွက် တားမြစ်ဆိုင်းဘုတ်အနီများ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ " ဟု စည်ပင်သာယာရေးဝန်ကြီး က​ပြောသည်။
08 окт., 09:40

အောက်တိုဘာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော ၅၆စင်း ဝင်ရောက်ဆိုက်ကပ်မည် NOM၊အောက်တိုဘာ၈၊၂၀၂၆ ပင်လယ်ရေကြောင်းကုန်သွယ်မှုလ
အောက်တိုဘာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော ၅၆စင်း ဝင်ရောက်ဆိုက်ကပ်မည် NOM၊အောက်တိုဘာ၈၊၂၀၂၆ ပင်လယ်ရေကြောင်းကုန်သွယ်မှုလုပ်ငန်းပိုမို‌ေဆာင်ရွက်လာသည်နှင့်အမျှရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင်လစဥ်ပုံမှန်နိုင်ငံတကာကုန်‌ေသတ္တာဆိုက်ကပ်ရှိပြီးအောက်တိုဘာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော ၅၆စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံကသိရသည်။ ယခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလအထိ၄၆၁စင်၀င်ရောက်ဆိုက်ကပ်ခဲ့ပြီးအောက်တိုဘာလအတွင်းနောက်ထက်၅၆စင်း၀င်ရောက်ဆိုက်ကပ်ရန်အတွက်စီစဉ်ထားကြောင်း၊လက်ရှိရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဧရိယာအတွင်ဆိပ်ကမ်း ၂၇ခုနှင့်သီလဝါဆိပ်ကမ်းဧရိယာတွင်၁၉ခုရှိပြီး၊စုစုပေါင်းဆိပ်ကမ်း၄၆ခု ဖြင့်၀င်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
08 окт., 09:28

ဆော်ဒီလေဆိပ်ဒုံးကျည်ထိပြန် NOM ဆော်ဒီအာရေးဗီးယားနိုင်ငံရီယာဒ့်မြို့တော်ရှိရီယာဒ့်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုယနေ့ညနေကဟူသီတို့၏ပဲ့ထိန်းဒုံးကျည်ထိမှန်ခဲ့ပြန်သည်။
08 окт., 07:56

စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် စာသုံးသူပြည်သူများ ကုန်သွယ်ခွန်လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်း အောက်တိုဘာ၈၊၂၀၂၆
စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် စာသုံးသူပြည်သူများ ကုန်သွယ်ခွန်လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်း အောက်တိုဘာ၈၊၂၀၂၆
08 окт., 07:44

ကူဝိတ်ရှိ ကမ့်ပ် ဗျူးရင်းဂ် Camp Buehring အမေရိကန်အခြေစိုက်စခန်းအား အီရန်က တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို CBS သတင်းဌာနက ရရှိထားပြီး အမေရိကန်တပ်ဖွဲ့ဝင်များ အခြေစိုက်စခန်းမှ စွန့်ခွာကာ သဲကန္တာရအတွင်းသို့ ဆုတ်ခွာခဲ့ရ အီရန်စစ်ပွဲ စတင်သည့် ပထမပိုင်းရက်များအတွင်း ကူဝိတ်နိုင်ငံရှိ အဓိက အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုဖြစ်သည့် ကမ့်ပ် ဗျူးရင်းဂ် Camp Buehring ကို အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းသစ်များ ထွက်ပေါ်လာခဲ့သည်။ စစ်ပွဲမစတင်မီ အဆိုပါစခန်းတွင်ရှိသည့် အမေရိကန်တပ်ဖွဲ့ဝင် ၇,၀၀၀ အနက် အများစုကို အခြားနေရာများသို့ ရွှေ့ပြောင်းပေးခဲ့သော်လည်း တပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ စခန်းတွင်ကျန်ရှိနေခဲ့သည်။ ထပ်မံတိုက်ခိုက်မှုများ ခံခဲ့ရပြီးနောက် ကျန်ရှိနေသည့် စစ်သည်များသည် အခြေစိုက်စခန်းကို စွန့်ခွာကာ ကူဝိတ်သဲကန္တာရအတွင်းရှိ အဝေးတစ်နေရာသို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ကြရသည်။ စစ်သည်တစ်ဦး၏ ပြောကြားချက်အရ စခန်းမှာ "လုံးဝပျက်စီးသွားခဲ့သည်" ဟု သိရပြီး "သူတို့ (အီရန်) ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာပါ။ တကယ်ကို ဆိုးရွားလှပါတယ်" ဟု ပြောဆိုခဲ့သလို စစ်ကူများ အဘယ်ကြောင့် ရောက်မလာခဲ့ရသလဲဆိုသည်ကိုလည်း မေးခွန်းထုတ်ခဲ့သည်။ ဂျော်ဒန်နိုင်ငံရှိ မူဝါဖာက် ဆာလ်တီ လေတပ်စခန်း Muwaffaq Salti လေတပ်စခန်းတွင်လည်း အမေရိကန် တိုက်လေယာဉ်များ ပျက်စီးခဲ့ရကြောင်း—F-15 တိုက်လေယာဉ် ၈ စီးနှင့် တောင်ပံတစ်ဖက် လွင့်ထွက်သွားသည့် A-10 လေယာဉ်တစ်စီး ပါဝင်ကြောင်း CBS က ယခင်က သတင်းဖော်ပြခဲ့ဖူးသည်။ ထို့ပြင် MeidasTouch က ရရှိထားသည့် ဓာတ်ပုံများအရ ကူဝိတ်ရှိ အမေရိကန်စခန်းတစ်ခု၏ စစ်သည်များ တိုက်ခိုက်မှုခံရပါက ဝင်ရောက်ခိုလှုံရန် ဆောက်လုပ် ထားသည့် ခိုင်ခံ့သော ဗုံးခိုကျင်း တစ်ခုကိုပင် ဒရုန်းတိုက်ရိုက်ထိမှန်ခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့်ကမူ ယင်းကို "ပေးဆပ်ရသည့် တန်ကြေး ပမာဏနည်းပါးပါသေးသည်" ဟု ပြောဆိုခဲ့သည်။
08 окт., 07:29

မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်င
+4
မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ခဲ့သည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ အောက်တိုဘာ ၈ ရက် မွန်လွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံး၊စစ်သံရုံးမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များကကြိုဆိုနှုတ်ဆက်ကြသည်။
08 окт., 07:18

နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာ
+4
နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို ပြန်လည်ထွက်ခွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit)ပြီးဆုံး၍ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံ၊နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုသို့ ပြန်လည်ထွက်ခွာရာတွင် မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကျော်မိုး နှင့် ဇနီး၊ မြန်မာ စစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် ညီညီဦး နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
08 окт., 07:17

မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Myanmar-Malaysia Cooperation Dialogue) ကျင်းပပြုလုပ် မလေးရှားနိုင်ငံသို့ တ
+3
မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Myanmar-Malaysia Cooperation Dialogue) ကျင်းပပြုလုပ် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင်တို့သည် ယနေ့ အောက်တိုဘာ ၈ ရက်တွင် ကွာလာလမ်ပူမြို့၌ ကျင်းပသည့် မြန်မာ-မလေးရှား ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ (Myanmar–Malaysia Cooperation Dialogue) သို့ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ကြသည်။
08 окт., 07:17