en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 504 subscribers, ranking 16 047 in the News & Media category and 10 071 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 504 subscribers.

According to the latest data from 21 June, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -276 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 10.23%. Within the first 24 hours after publication, content typically collects 5.29% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 279 views. Within the first day, a publication typically gains 662 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Thanks to the high frequency of updates (latest data received on 22 June, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 504
Subscribers
-424 hours
-717 days
-27630 days
Posts Archive
◾️ NCA ဟာ မြန်မာ့ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး မော်ဒယ်တစ်ခုဆိုတာ ငြင်းစရာ မရှိဘူး။ သူ့မှာ ယာယီအပစ်ရပ်ပြီးတဲ့နောက် စောင့်ကြည့်ထိန်းသိမ်းရေးဆိုတဲ့ ယန္တရား တွေပါတယ်။ ဆိုလိုတာက…အပစ်ရပ်ချိန်မှာ ညှိနှိုင်းတိုင်ပင်လို့ရတဲ့ အသင်းအဖွဲ့ တွေရှိတယ်။ တစ်ဖက်မှာ နိုင်ငံရေးအရ စကားပြောဆိုခွင့်ရှိတယ်။ ဒဲ့ပြောရရင် ၂၀၀၈ ခြေဥကို လူထု/ခြေဥ ပြဌာန်းချက်ထဲ ပုဒ်မတွေတိုင်းမဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ EAO ဆိုတဲ့ အဖွဲ့ အစည်း (၄) ခုနဲ့တင် ပြင်ခွင့်ရနိုင်တဲ့ ထွက်ပေါက်လည်း ဖြစ် တယ်။ --------- ◾️ ခက်တာက…ဘယ် EAO မှ သိက္ခာ မရှိနေတာပဲ။ KNU ဆိုလည်း မြဝတီမှာ ကျားဖျန့်တွေ ခေါ်သွင်းလာတာ…တကကမ္ဘာလုံး သိတဲ့ကိစ္စပဲ။ တခြား ငြိမ်းချမ်းရေး ယူထားပါတယ်ဆိုတဲ့ လက်နက်ကိုင်တွေလည်း ဒီဖြစ်စဉ်တွေမှာ အတူတူပဲ။ လက်ရှိ ကျောက်မဲနား၊ တန့်ယန်းနားတွေမှာတောင် ကျားဖျန့်တွေကို ပေါ်ပေါ်တင်တင် လုံခြုံရေးယူပြီး အခကြေးငွေရယူနေတာ ဒီ EAO တွေပဲ မဟုတ်ဘူးလား။ ဘယ်မှာ လူမျိုးစုခေါင်းစားဖို့၊ ဘယ်မှာ ဖက်ဒရယ်ဆိုတဲ့ ရည်မှန်းချက်တွေ ရှိနေခဲ့ကြလို့လဲ။ အဆိုးဆုံးကတော့ ၁၀၂၇ ပေါ်လာပြီး အပြိုင်အဆိုင် ရွှေတူးကြတဲ့ လုပ်ကွက်တွေ ပေါ်ပေါက် လာပြီးကတည်းက EAO တင်မကတော့ဘူး အညာက ပဒက်တွေပါ ရွှေပဲ ပတ်တူးနေကြတော့တယ်။ ဆိုတော့… လက်နက်ကိုင်ကြတာက ဖက်ဒရယ်ခေါင်းစဉ် အမည်ခံ၊ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်းနေကြတဲ့ ကိစ္စတွေဆိုတာ ရှင်းရှင်း လင်းလင်း မြင်နိုင်တာပဲ။ --------- ◾️ အစိုးရဘက်ကကြည့်ရင်တော့…နိုင်ငံရေးအရ လုပ်သင့်လုပ်ထိုက်တာ လုပ်မှာပဲ။ ဖြစ်စေချင်တာက…အစိုးရသွားတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ တပ်က လည်း လုပ်သင့် လုပ်ထိုက်တာလုပ်စေ ချင်မိတာတစ်ခုပဲ။ အရင် မုန်းမြို့ အရှေ့ဘက်မှာ ကာထားတဲ့ ရှေ့တန်းစခန်းတွေ ရှိခဲ့တယ်။ NCA ထိုးပြီးတဲ့နောက် ဒီစခန်းတွေ ရုတ်လိုက်ရတယ်။ ဒီစခန်းတွေ မရှိတော့…စစ်တောင်းမြစ်ကို ရန်သူက ကျော်ပြီး မန္တလေးလမ်းဟောင်းကို လုပ်ချင်သလို လုပ်နေကြတာ မြင်နိုင်တာပဲ။ ၂၀၂၁ကနေ လက်ရှိအချိန်အတွင်းမှာတောင် တောကျွဲအင်းနား မိုင်းထောင်ဖျက်စီးတာ ဘယ်နှစ်ကြိမ်မှန်းမသိတော့ဘူး။ ----------- ◾️ ကိုယ်တွေအတွက်က တစ်နိုင်ငံလုံးကို ဖြန့်ပြီး တာဝန်ယူနေရချိန်မှာ ရန်သူ့အတွက်က စခန်းတစ်ခုရလည်း ဂုဏ်ဆာလို့ရတာပဲ။ ငြိမ်းချမ်းရေးသာ လိုချင်နေရင်…. စစ်တိုက် ဖို့ဆိုတာ ဘယ် EAO မှ အသံထွက်မယ် မထင်ဘူး။ ခုလည်း ရခိုင်မှာ ထွန်းမြတ်နိုင်က သူ့ရဲ့ စစ်ရေးရည်မှန်းချက် ပြောပြီးသွားပြီ။ အဆိုးမြင်သူ မဟုတ်ပေမယ့်…သူပြောသလိုဖြစ် လာရင်…အပစ်ရပ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အိမ်နီးချင်းက ဒိုင်ဆိုပြီး ဝင်လာတာကို ခံရဦးမယ်။ ရခိုင်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ်ပါ…ကိုယ့်ဘက်က စစ်နိုင်မှ…ဘယ်ငြိမ်းချမ်း ရေးဖြစ်ဖြစ်…အပေါ်စီးက ပြောခွင့်ရှိမယ်။ လူထုကလည်း တပ်မတော်အပေါ် ယုံကြည် ကိုယ်းစားမှုရှိမယ်။ အဓိက တပ်မတော်ရဲ့ ဩဇာ၊ အာဏာကို အမြင့်ဆုံးအထိ တည်ဆောက် ထားစေချင်တာပါ။ ဥပမာ-ကိုယ့်စခန်း တစ်ခုကျရင်…ရန်သူ့ဘက်မှာ နေစရာမရှိအောင် ပြန်တုန့် ပြန်တာမျိုးဖြစ်ဖြစ်ပေါ့။ (နရီမိုး)

🚨 အီရန်အပေါ် ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှု ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ထရန့် ကြေညာ သမ္မတ ထရန့်က အီရန်နိုင်ငံအပေါ် 'ချက်ချင်း
🚨 အီရန်အပေါ် ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှု ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ ထရန့် ကြေညာ သမ္မတ ထရန့်က အီရန်နိုင်ငံအပေါ် 'ချက်ချင်း' အကျိုးသက်ရောက်စေမည့် ပင်လယ်ရေကြောင်းမှ ပိတ်ဆို့မှုတစ်ရပ်ကို ကြေညာလိုက်သည်။ ထို့အပြင် နိုင်ငံတကာရေပြင်တွင် သွားလာနေသော အရပ်ဘက်သင်္ဘောများအနက် အီရန်နိုင်ငံသို့ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခ ပေးဆောင်ထားသည့် မည်သည့်သင်္ဘောကိုမဆို သိမ်းဆည်းရန် အမေရိကန်ရေတပ်ကို ညွှန်ကြားထားသည်။ NOM

ပျဉ်းမနားမြို့နယ်ကင်ပွန်းတန်းကျေးရွာဂျင်ဝိုင်းတိုင်ကြားသော််လည်းဖမ်းဆီးသူမရှိ NOM၊ဧပြီ၁၂၊၂၀၂၆ ပျဉ်းမနားမြို့နယ်၊ကင်ပွန်းတန်းကျေးရွာတောင်ဖက်၊အာဟာရသုခစျေးရှေ့တွင်အဆောက်အဦးအခိုင်အမာဆောက်ပြီးညနေ၅နာရီမှနံနက်၆နာရီအထိဂျင်ဝိုင်းအကြီးအကျယ်လုပ်နေကြောင်း၊မြို့နယ်ရဲတပ်ဖွဲ့မှူးကိုတိုင်ကြားသော်လည်းဖမ်းဆီးခြင်းမရှိကြောင်း၊အဆိုပါဂျင်ဝိုင်းကြောင့်ကင်ပွန်းတန်းကျေးရွာတွင်ဆိုင်ကယ်များပစ္စည်းများပျောက်ဆုံးနေသော်လည်းရဲတပ်ဖွဲ့မှအရေးယူဆောင်ရွက်ခြင်းမရှိကြောင်း၊ထို့ ကြောင့်ရွာသူရွာသားများကပြည်ထဲရေးဝန်ကြီးနှင့်ရဲချုပ်ထံတိုင်တန်းထားကြောင်းသိရသည်။

ယင်းမာပင်မြို့နယ်လည်ငေါက်ရွာတိုက်ပွဲတွင် AA နှင့် PDF ၁၅လောင်း၊လက်နက်မျိုးစုံ၁၇လက်ရ NOM၊ဧပြီ၁၂၊၂၀၂၆ ယင်းမာပင်မြို့နယ်၊လည်ငေါက
+1
ယင်းမာပင်မြို့နယ်လည်ငေါက်ရွာတိုက်ပွဲတွင် AA နှင့် PDF ၁၅လောင်း၊လက်နက်မျိုးစုံ၁၇လက်ရ NOM၊ဧပြီ၁၂၊၂၀၂၆ ယင်းမာပင်မြို့နယ်၊လည်ငေါက်ရွာအနီးတွင်နယ်မြေရှင်းစစ်ကြောင်းနှင့်အကြမ်းဖက်သမားများယနေ့ဧပြီလ၁၂ရက်နံနက်၁၁း၃၀နာရီမှ၁၄း၄၅နာရီအထိတိုက်ပွဲပြင်းထန်စွာဖြစ်ပြီးရန်သူများဆုတ်ခွါထွက်ပြေးသွားကါAAယူနီဖောင်းဝတ်အလောင်း၅လောင်း၊PDF အလောင်း၁၀လောင်းနှင့်လက်နက်မျိုးစုံ၁၇လက်သိမ်းဆည်းရမိပြီးမိမိလုံခြုံရေးစစ်ကြောင်းမှသုံးဦးဒဏ်ရာရကြောင်းသိရသည်။ ဖြစ်စဉ်မှာသရက်ကန်ရွာဘက်မှနယ်မြေရှင်းလင်းလာသောတပ်နှင့်ရဲကွန်မန်ဒိုစစ်ကြောင်းကိုလည်ငေါက်ကျေးရွာအနီး၌AAနှင့် PDFအင်အားရာကျော်ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာလေကြောင်းပစ်ကူဖြင့်ပြန်လည်တိုက်ခိုက်သဖြင့်နေ့လယ်၁၄း၄၅နာရီတွင်ရန်သူများဆုတ်ခွါထွက်ပြေးသွားပြီးရန်သူ့ထံမှအလောင်း၁၅လောင်းနှင့်အမ်အေသေနတ်၁၀လက်၊စနိုက်ပါတစ်လက်၊စက်လတ်တစ်လက်၊AKနှစ်လက်၊M-79လောင်ချာတစ်လက်၊RPGတစ်လက်သိမ်းဆည်းရမိကြောင်းသိရသည်။

ဘားအံမြို့လင်းနို့ဂူအနီးတွင် ရေနစ်ပျောက်ဆုံးနေသည့်ကလေး တစ်ဦးကို သေဆုံးလျက်ပြန်တွေ့ NOM၊ဧပြီ၁၂၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံမြို့၊
ဘားအံမြို့လင်းနို့ဂူအနီးတွင် ရေနစ်ပျောက်ဆုံးနေသည့်ကလေး တစ်ဦးကို သေဆုံးလျက်ပြန်တွေ့ NOM၊ဧပြီ၁၂၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးနယ်မြေ၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီးတွင် ရေနစ်ပျောက်ဆုံးနေသည့်ကလေး တစ်ဦးကိုယနေ့(ဧပြီ၁၂ရက်)နံနက်၈နာရီ ၄၀မိနစ်တွင်ပြန်လည်တွေ့ရှိခဲ့သည့်ဟုမီးသတ်မှသတင်းထုတ်ပြန် ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ မြိုင်ကလေးနယ်မြေ၊ ဘားကပ်ကျေးရွာ၊ လင်းနို့ဂူအနီး၊ သံလွင်မြစ်သောင်ထွန်းသည့်နေရာတွင်ဧပြီ၁၁ရက်ညနေ၅နာရီ ၁၅မိနစ်ခန့်တွင် အသက်၁၀နှစ်ကျော်ယောကျ်ာလေး နှစ်ဦး ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့သဖြင့်သွား ရောက်ရှာဖွေည၈နာရီ ၁၂မိနစ်ခန့်တွင်တစ်ဦးကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ "မိုးကလည်းချုပ်တော့ရှာဖွေမှုတွေကအဆင်မပြေတော့ဘူးဒါကြောင့်ည ၉နာရီလောက်မှာ ရှာဖွေမှုကိုရပ်ဆိုင်လိုက်တယ်ဒီနေ့မနက်မှဆက်လက်ရှာဖွေခဲ့တာနံနက် ၈နာရီမှာ တွေ့ရှိခဲ့ပါတယ်"ဟု ကရင်ပြည်နယ်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်ပေမဲ့ အမေရိကန်အနေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဗုံးကြဲတာ (အကြမ်းဖက်မှု) ကလွဲရင် တခြား
စစ်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်ပေမဲ့ အမေရိကန်အနေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို ဗုံးကြဲတာ (အကြမ်းဖက်မှု) ကလွဲရင် တခြားအသုံးချနိုင်တဲ့ နည်းလမ်းမရှိတော့ပါဘူး။ အခုဆိုရင် ကမ္ဘာကြီးဟာ ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုရဲ့ အကျိုးဆက်တွေကို စတင်ခံစားနေရပြီဖြစ်ပေမဲ့ အီရန်ဘက်က ထုတ်မသုံးရသေးတဲ့ တခြားနည်းလမ်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ ဘပ်အယ်လ်မန်ဒက်ဘ် (Bab al-Mandeb) ရေလက်ကြားပဲ ဖြစ်ပါတယ်။ ယီမင်မှာရှိတဲ့ အီရန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အန်ဆာရဲလား Ansarallah အဖွဲ့ဟာ ဂါဇာမှာ အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဘပ်အယ်လ်မန်ဒက်ဘ် ရေလက်ကြားကို ပိတ်ပစ်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ဒါကို ဘိုင်ဒန်ရော ထရမ့်ပါ ပြန်ဖွင့်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အရှက်တကွဲနဲ့ ကျရှုံးခဲ့ကြပါတယ်။ NOM

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဥ် (၁/၂၀၂၆)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဥ် (၁/၂၀၂၆)

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စစ်ဆေး ဧပြီ ၁၁၊ ၂၀၂၆ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မုခ်ဦးတည်ဆောက်နေမှု၊ ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ဆောင်ရွက်ထားမှု၊ ယိမ်းအဖွဲ့များဇာတ်တိုက်လေ့ကျင့်ရေးကိစ္စ၊ သင်္ကြန်မဏ္ဍပ်များတည်ဆောက်နေမှု၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ နေပြည်တော်ရင်ပြင်၌ကျင်းပမည့် လမ်းလျှောက်သင်္ကြန်၌ နိုင်ငံကျော်တေးသံရှင်များက အကြိုနေ့နံနက်ပိုင်းမှ စတင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ NOM

အီရန်နှင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲမအောင်မြင်ဟုအမေရိကန်ဒုတိယသမ္မတပြော

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်-ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပ ဧပြီ ၁၁၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ တင်ဒါများခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် စာချုပ်များချုပ်ဆို၍ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရေးတာဝန်ယူ၍ စိစစ်ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့အကြား ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန်အတွက် ရေနံတိုးတက်ထုတ်ယူရေး စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် Park Royal Hotel ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတော်အစိုးရအဖွဲ့အသစ်အနေဖြင့် နိုင်ငံတော်၏ စာမျက်နှာသစ်စတင်ဖွင့်လှစ်သည့် အခါသမယတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အထူးလိုအပ်နေသော ရေနံစိမ်းတိုးမြှင့် ထုတ်လုပ်နိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခြင်းသည် လွန်စွာဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း၊ ရေနံစိမ်းများ တိုးမြှင့်ထွက်ရှိလာပါက နိုင်ငံတော်အတွက် လိုအပ်သည့် စက်သုံးဆီများ တိုးမြှင့်ချက်လုပ်လာနိုင်မည်ဖြစ်သည့်အတွက် ပြည်သူများအတွက် ချက်ချင်းလက်ငင်း အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း။ မြန်မာ့ရေနံမြေများ၏ သက်တမ်းသည် နှစ်ပေါင်း ၁၀၀ ဝန်းကျင်ရှိနေသည့် သက်တမ်းရင့် ရေနံမြေများဖြစ်ပါကြောင်း၊ ယနေ့စာချုပ်ချုပ်ဆိုသည့် ထောက်ရှာပင်-ကမ်းနီ ရေနံမြေသည်လည်း သက်တမ်းနှစ် ၅၀ ခန့်ရှိပြီဖြစ်ရာ အထွက်တိုးလာစေရန်အတွက် ခေတ်မီနည်းပညာများကို အသုံးပြု ရမည်ဖြစ်သည်နှင့်အညီ မှန်ကန်သည့် နည်းပညာရွေးချယ်အသုံးပြုနိုင်မှု၊ သင့်လျော်သည့် စက်ပစ္စည်းကိရိယာ ရွေးချယ်အသုံးပြုနိုင်မှု၊ လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်နှင့် အရင်းအနှီး စိုက်ထုတ်နိုင်မှု၊ အတွေ့အကြုံရှိမှု စသည့်လိုအပ်ချက်များကို ဟန်ချက်ညီဖြည့်ဆည်းနိုင်ရန် လိုအပ်သည်ဖြစ်ရာ ယင်းအခြေခံလိုအပ်ချက်များကိုစိစစ်ပြီး အသင့်လျော်ဆုံးဖြစ်သည့် အဖွဲ့အစည်းအားရွေးချယ်၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပါကြောင်း။ တိုးတက်ထွက်ရှိလာမည် ထို့အပြင် ပြည်တွင်းရေနံစိမ်းလိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းနိုင်ရန် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းကို စနစ်တကျဆောင်ရွက်လာတတ်စေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများမှ ကာကွယ်စေရန် ရည်ရွယ်ချက်များဖြင့် ရေနံလက်ယက်တွင်းများ တူးဖော်နေခြင်းကို ပိတ်သိမ်းစေပြီး ပြည်တွင်းလုပ်ငန်းရှင်အဖွဲ့အစည်း ၃၆ ခုအား နည်းစနစ်ကျတွင်း (Standard Well) တူးဖော်ထုတ် လုပ်နိုင်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ မကြာမီအချိန်အတွင်း စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ရေနံစိမ်းများ တိုးတက်ထွက်ရှိလာမည်ဖြစ်ပါကြောင်း။ နိုင်ငံတော်အနေဖြင့် စက်သုံးဆီသုံးစွဲမှု ၉၇ ရာခိုင်နှုန်းကို ဝယ်ယူတင်သွင်းနေရသည်ဖြစ်ရာ ယခုကဲ့သို့ ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာချိန်တွင် မိမိတို့ပြည်သူများအနေဖြင့် လွန်စွာခက်ခဲသည့် အခြေအနေတစ်ရပ်ကို ရင်ဆိုင်နေကြရပါကြောင်း၊ ယင်းအခက်အခဲများမှ လွတ်မြောက်နိုင်ရေးအတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုတူးဖော်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာသည့် ရေနံစိမ်းများကိုလည်း ကိုယ်တိုင်ချက်လုပ်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ရေနံ ချက်စက်ရုံအသစ်များ ထပ်မံထွက်ပေါ်လာစေရေးအတွက် စီမံဆောင်ရွက်နေပြီး ၁၉၈၂ ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့သည့် သံပရာကန်ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်ခြင်း၊ စွမ်းအားပြည့်လည်ပတ်နိုင်ရန် ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် North Petro-Chem Corporation (Myanmar)Limited ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး စာချုပ်ပါ ကတိကဝတ်များအတိုင်း ရလဒ်ကောင်းများ အမြန်ဆုံးပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။ NOM

အမေရိကန်ရဲ့ မူဝါဒချမှတ်ရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေကတော့ အကယ်၍ အီရန်-အမေရိကန် ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရင် အီရန်ညှိနှိ
အမေရိကန်ရဲ့ မူဝါဒချမှတ်ရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေကတော့ အကယ်၍ အီရန်-အမေရိကန် ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရင် အီရန်ညှိနှိုင်းရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပေါ်ပေါ်ထင်ထင် တိုက်တွန်း ဝါရှင်တန်ပို့စ် (Washington Post) ရဲ့ သတင်းအပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail Baghaei) ရဲ့ တုံ့ပြန်ပြောကြားချက် "အမေရိကန်အရာရှိတွေက အီရန်ဟာ ရိုးသားမှုမရှိဘူး။ ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ စွပ်စွဲနေကြတဲ့အချိန်မှာပဲ အမေရိကန်ရဲ့ မူဝါဒချမှတ်ရေးအသိုင်းအဝိုင်းနဲ့ မီဒီယာတွေကတော့ အကယ်၍ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့ရင် အီရန်ညှိနှိုင်းရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပေါ်ပေါ်ထင်ထင် တိုက်တွန်းနေကြပါတယ်။ 'နိုင်ငံတကာ အကြမ်းဖက်မှု' ကို အခုလို ဗြောင်ကျကျ လှုံ့ဆော်နေမှုတွေကို လူတိုင်းက ဝိုင်းဝန်းရှုတ်ချသင့်ပါတယ်။" NOM

လက်ဘနွန်တောင်ပိုင်းတိုင်ရီမြို့ကိုနယ်ချဲ့ဝါဒီအစ္စရေးကနိုင်ငံတကါတွင်တားမြစ်ထားသောဖော့စဖရပ်မီးလောင်ဗုံးကြဲချတ်ုက်ခိုက်နေသည်။

🚨 အီရန်-အမေရိကန် ဆွေးနွေးပွဲ မအောင်မြင် အီရန် တက်စ်နင်မ် သတင်းဌာန၏ အီရန်-အမေရိကန် ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်းဖော်ပြချက် ဆွေးနွေးပွဲ အခြေအနေ မိုဟာမက် ဘာကွာ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf)၊ အက်ဘတ်စ် အရတ်ချီ (Abbas Araqchi) နှင့် အလီ ဘာဂီရီ (Ali Bagheri) တို့ ဦးဆောင်သည့် အီရန်ကိုယ်စားလှယ်အဖွဲ့သည် ကျွမ်းကျင်ပညာရှင်များနှင့်အတူ (၂၁) နာရီကြာ အမေရိကန်ကိုယ်စားလှယ်အဖွဲဲ့နှင့် ပြင်းထန်သော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့သည်။ အီရန်၏ ရပ်တည်ချက် နိုင်ငံရေး၊ စစ်ရေးနှင့် ငြိမ်းချမ်းစွာ အသုံးပြုမည့် နျူကလီးယား နယ်ပယ်များတွင် အီရန်နိုင်ငံ၏ အခြေခံရပိုင်ခွင့်များကို ခိုင်ခိုင်မာမာ ကာကွယ်ပြောဆိုခဲ့ကြသည်။ အမေရိကန်၏ အလွန်အကျွံ တောင်းဆိုမှုများကို ပယ်ချခြင်း ဟော်မုဇ် ရေလက်ကြား အရေးနှင့် နျူကလီးယား ပစ္စည်းများကို ဖယ်ရှားပေးရန် စသည့် အမေရိကန်၏ အလွန်အကျွံ တောင်းဆိုမှုများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။ ဤအချက်များသည် အမေရိကန်အနေဖြင့် စစ်မြေပြင်တွင်ပင် မအောင်မြင်နိုင်ခဲ့သည့် အချက်များ ဖြစ်သည်။ အီရန်ဘက်က ဘုံလုပ်ငန်းစဉ်တစ်ခုအတွက် အဆိုပြုချက်များ တင်ပြခဲ့သော်လည်း အမေရိကန်၏ "လောဘဇောတိုက်သည့် စိတ်နေစိတ်ထား" ကြောင့် ဆင်ခြင်တုံတရားနှင့် သဘောတူညီမှု ရရှိရေးကို အဟန့်အတား ဖြစ်စေခဲ့သည်။ NOM

စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန်လေယာဉ်ဟာ တရုတ်နိုင်ငံကို ဦးတည်ပျံသန်းနေပြီဖြစ်ပါတယ်။ NOM
စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီရန်လေယာဉ်ဟာ တရုတ်နိုင်ငံကို ဦးတည်ပျံသန်းနေပြီဖြစ်ပါတယ်။ NOM

ဒီနေ့မှာပဲ အိုင်ယာလန်နိုင်ငံ ရှန်နွန် Shannon လေဆိပ်ရဲ့ လုံခြုံရေးစည်းကို ဆန္ဒပြသူတစ်ယောက်က ကျော်ဖြတ်ဝင်ရောက်ခဲ့ပြီး ရပ်နားထားတဲ့ အမေရိကန်လေတပ်ပိုင် C-130 Hercules ကုန်တင်လေယာဉ်ရဲ့ အတောင်ပံပေါ် တက်သွားခဲ့ပါတယ်။ အဲဒီနောက် လေယာဉ်ကိုယ်ထည်ကို ပုဆိန်လို့ယူဆရတဲ့ အရာတစ်ခုနဲ့ ထုရိုက်ဖျက်ဆီးခဲ့တာကြောင့် အဆိုပါလေယာဉ်ဟာ ဆက်လက်ပျံသန်းနိုင်ခြင်း မရှိတော့ဘဲ ရပ်နားလိုက်ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရှန်နွန် လေဆိပ်ကို ခေတ္တပိတ်ထားခဲ့ရပြီး အဆိုပါအမျိုးသားကိုတော့ အိုင်ယာလန်ရဲတပ်ဖွဲ့နဲ့ လက်နက်ကိုင်အထူးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပါတယ်။ အိုင်ယာလန်အစိုးရက ရှန်နွန် လေဆိပ်ကို စစ်ရေးလုပ်ငန်းတွေအတွက် အသုံးမပြုဘူးလို့ အခိုင်အမာ ပြောဆိုနေပေမဲ့ တကယ်တမ်းမှာတော့ အီရန်စစ်ပွဲတစ်လျှောက်လုံး ရှန်နွန် လေဆိပ်ဟာ အမေရိကန်စစ်တပ်ရဲ့ အဓိက လေကြောင်းဖြတ်သန်းရာဗဟိုချက်အဖြစ် အသုံးပြုခံနေရတာ ဖြစ်ပါတယ်။ NOM

ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ သတ်မှတ်ကာလ ပြည့်မြောက်ခဲ့ကြသည့် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသည် နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းများပီပီ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများကို ထိုက်ထိုက်တန်တန်တန်ဖိုးထားခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူအကြား ယုံကြည်မှုနှင့် တာဝန်သိမှုကိုဖော်ပြသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ရာ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းများနှင့် သင်တန်းတက်ရောက်နေဆဲဖြစ်သည့် ပြည်သူ့စစ်မှုထမ်းများနှင့် နောင်လာနောင်သားမျိုးဆက်သစ် လူငယ်လူရွယ်များအတွက်လည်း စံနမူနာကောင်း တစ်ခုပင်ဖြစ်သည်။

သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်
+9
သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ထိုက်တန်စွာချီးမြှင့်ပေးအပ် နေပြည်တော် ဧပြီ ၁၁ “နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူစစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄)တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးပြီး တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်း ကာလပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ထိုသို့ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှတိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြသည်။ အခမ်းအနားများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြပြီး တာဝန်ကျေပွန်စွာစစ်မှုထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းများ၊ ဂုဏ်ပြုနေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး နိုင်ငံ့သားကောင်းစစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ၎င်းတို့၏ ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသောတာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသူများအဖြစ် ကမ္ဗည်းမော်ကွန်းထိုး မှတ်တမ်းဝင်ခဲ့ကြပြီဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းများသည် စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်(သို့) အလားတူရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။ ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများကို အလုပ်အကိုင်ရရှိရေးများနှင့်ပတ်သက်၍လည်း ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့သည်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လိုသည့်အတွက် ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန် ထမ်းဆောင်ကြသည်များလည်းရှိကြကြောင်း သိရှိရသည်။

photo content
+9

အိုင်ယာလန်နိုင်ငံသားတစ်ယောက်ဟာ ရှန်နွန် Shannon လေဆိပ်ထဲကို အတင်းဝင်ရောက်ပြီး အမေရိကန်လေတပ်ရဲ့ C-130 ကုန်တင်လေယာဉ်ပေါ် တက်ကာ
အိုင်ယာလန်နိုင်ငံသားတစ်ယောက်ဟာ ရှန်နွန် Shannon လေဆိပ်ထဲကို အတင်းဝင်ရောက်ပြီး အမေရိကန်လေတပ်ရဲ့ C-130 ကုန်တင်လေယာဉ်ပေါ် တက်ကာ လေယာဉ်ကို တူနဲ့ ထုရိုက်ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ NOM

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ​၏ မိုင်းထောင်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ။
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ​၏ မိုင်းထောင်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ။