ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 539 подписчиков, занимая 16 068 место в категории Новости и СМИ и 10 064 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 539 подписчиков.

Согласно последним данным от 17 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -265, а за последние 24 часа — -4, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 7.37%. В первые 24 часа после публикации контент обычно набирает 10.05% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 925 просмотров. В течение первых суток публикация набирает 1 262 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 16.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 18 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 539
Подписчики
-424 часа
-517 дней
-26530 день
Архив постов
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက်
+7
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်၍ သွားရောက်ပို့ဆောင်သည့်  မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ မေ ၁၆၊ ၂၀၂၆

လားရှိုးမြို့တွင် မီးလောင်မှု ဖြစ်ပွား အချိန်နှစ်နာရီကြာငြှိမ်း သတ်ခဲ့ရ NOM၊မေ၁၆၊၂၀၂၆ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို
လားရှိုးမြို့တွင် မီးလောင်မှု ဖြစ်ပွား အချိန်နှစ်နာရီကြာငြှိမ်း သတ်ခဲ့ရ NOM၊မေ၁၆၊၂၀၂၆ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၂)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိတွင် ယနေ့ (မေ ၁၆ ရက်) နံနက် ၁၂နာရီခွဲ့ကမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ လားရှိုးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်၊ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ လားရှိုးမြို့နယ် (၁/၅/၈/၁၂) ရပ်ကွက် အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ် ရေသယ်ယာဉ်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက်၂နာရီခွဲတွင်မီးငြိမ်းသွားကြောင်း သိရသည်။ မီးလောင်မှုကြောင့် လူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရ မရှိသော်လည်း ပျက်ဆီးဆုံးရှုးမှုများပြား ကြောင်းသိရသည်။

အမျိုးသားအားတိုးဆေး ခြောက်မျိုး အနောက်တိုင်းဆေးများရောနှောထား၍ သုံးစွဲခြင်းမပြုရန်တားမြစ် NOM၊မေ၁၆၊၂၀၂၆ အနောက်တိုင်းဆေးများ ရ
အမျိုးသားအားတိုးဆေး ခြောက်မျိုး အနောက်တိုင်းဆေးများရောနှောထား၍ သုံးစွဲခြင်းမပြုရန်တားမြစ် NOM၊မေ၁၆၊၂၀၂၆ အနောက်တိုင်းဆေးများ ရောနှောပါဝင်သည့် တောင်ကြာပန်းအပါအဝင် အမျိုးသား အားတိုးဆေး ခြောက် မျိုးကို သုံးစွဲခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် တိုင်းရင်းဆေးဝါးများကို စဉ်ဆက်မပြတ်စစ်ဆေးလျက်ရှိပြီး စစ်ဆေးချက်များအရ ဆင်ပြောင်ကြီးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ်အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊ ဇော်ဂျီလက်စွဲအမှတ်တံဆိပ် အကြောအားတိုးဆေး၊ တောင်ကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးနှင့် ဘီလူးငါးကောင်အမှတ်တံဆိပ် အမျိုးသားအားဆေးတို့သည် တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း မှတ်ပုံတင်စဉ်က ဖော်ပြထားသည့် ဆေးဖုံဖော်စပ်နည်းနှင့်အညီမဟုတ်ဘဲ ထုတ်လုပ်ထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် မြေပဲခင်းအတွင်း အလုပ
ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် မြေပဲခင်းအတွင်း အလုပ်လုပ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ခြေထောက်ပြတ်ထွက်ဒဏ်ရာရ မေ ၁၆၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ပြည်သူ့ဆေးရုံသို့ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၉ နာရီအချိန်၌ ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာနေ ဒေါ်ပြုံးကြည် (၄၄) နှစ်သည် ကျေးရွာအနီးရှိ မြေပဲခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက် အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

မလေးရှားနှင့်ဘရူနိုင်းထုတ်အလှပြင်ပစ္စည်းသုံးမျိုးတွင် ပြဒါးနှင့်တားမြစ်ဓာနုပစ္စည်းများပါဝင်သဖြင့်မသုံးစွဲရန်ကြေညာ
+1
မလေးရှားနှင့်ဘရူနိုင်းထုတ်အလှပြင်ပစ္စည်းသုံးမျိုးတွင် ပြဒါးနှင့်တားမြစ်ဓာနုပစ္စည်းများပါဝင်သဖြင့်မသုံးစွဲရန်ကြေညာ

လူကူးမျဉ်းကြားများ ဆေးပြန်ခြယ်နေခြင်းကြောင့် ပညာပေး ကာလရက်ထပ်တိုးဟုဆို NOM၊မေ၁၆၊၂၀၂၆ ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများ လူကူ
လူကူးမျဉ်းကြားများ ဆေးပြန်ခြယ်နေခြင်းကြောင့် ပညာပေး ကာလရက်ထပ်တိုးဟုဆို NOM၊မေ၁၆၊၂၀၂၆ ရန်ကုန်မြို့တွင်းခရီးသွားပြည်သူများ လူကူးမျဉ်းကြား၊ ခုံးကျော်တံတားနှင့် မြေအောက်လမ်းမှ ကူးသန်းသွားလာရန် အသိပညာပေးကာလကို မေ၂၁ရက်ထိထပ်မံတိုးမြှင့်လိုက် ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ထံမှသိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက်က နိုင်ငံတော်သမ္မတ၏ခရီးစဉ်လမ်းညွှန်ချက်ဖြင့် လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများစနစ်တကျအသုံးပြုရေးလှုပ်ရှားမှုကို စတင်ပြုလုပ်ခဲ့ပြီး ပညာပေးကာလကို ယခုမေလ ၁၃ ရက်ထိသတ်မှတ်ခဲ့သော်လည်း လက်ရှိလူကူးမျဉ်းကြားများဆေးပြန်လည်ခြယ်သရန်နှင့် ခုံးကျော်တံတားများသန့်ရှင်း ရေးဆောင်ရွက်ရန်အတွက် ပညာပေးကာလကို ယမန်နေ့မေ ၁၄ ရက်မှ ၂၁ရက် နေ့ထိထပ်မံတိုးမြှင့်လိုက်ကြောင်းသိရသည်။

လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင်ထောက်ပံ့ခြင်းအစီအစဉ် အသိပေးနှိုးဆော်ခြင်း

၂။ ကျွန်တော်တို့ ရွာဘက်မှာ အကြမ်းဖက် PDF အဖွဲ့ထဲကို ဝင်ဖို့အတွက် လူအင်အားလိုအပ်လို့ မဖြစ်မနေဝင်ရမယ်ဆိုပြီး ခြိမ်းခြောက်လို့ ကျွန်တော်တို့ဝင်ခဲ့ရတာပါ။ မဝင်ရင်လည်း သတ်ခံရမှာစိုးလို့ပါဗျာ။ သင်တန်းတက်တဲ့အချိန်မှာတော့ ကျွန်တော်တို့ လက်နက်ငယ်နဲ့ မိုင်းထောင်နည်း၊ မိုင်းလုပ်နည်းတွေကို သင်ပေးပါတယ်။ သင်တန်းကနေဆင်းပြီး ပြန်လာတဲ့အချိန်မှာ ကျွန်တော်တို့ ကင်းစောင့်တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ကျွန်တော်ဒီအကြမ်းဖက် PDF အဖွဲ့ထဲမှာ ရောက်ရှိနေတဲ့အချိန်မှာတော့ သူတို့မကျေနပ်တဲ့ ရွာတွေဆိုရင်လည်း မီးရှို့ပါတယ်။ မိန်းကလေးတွေဆိုရင်လည်း အပျိုအအိုမရှောင်ပါဘူး။ သူတို့ သဘောကျတယ်ဆိုရင် မုဒိမ်းကျင့်သတ်ပါတယ်။ လူကြီးတွေကိုလည်း ဖမ်းဆီးရိုက်နှက်ပါတယ်။ ရွာတွေကိုလည်း ဆက်ကြေးကောက်ပါတယ်။ အခုကျွန်တော်အလင်းဝင်ဖို့ စဉ်းစားခဲ့တာက ကျွန်တော့်လုပ်ရပ်တွေ မှားနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ မိသားစုနဲ့လည်း အကြာကြီးဝေးကွာနေရတော့ ကိုယ့်မိသားစုနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ဘဝကို ကိုယ်မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေပြီးတော့ ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားသောက်ချင်လို့ ကျွန်တော်တို့ အလင်းဝင်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်အလင်းဝင်လာတဲ့အချိန်မှာတော့ နည်းနည်းတော့ စိုးရိမ်မိပါတယ်။ အဆင်ပြေပါ့မလားလို့။ ဒါပေမယ့် ကျွန်တော့်အထင်နဲ့ တခြားစီဖြစ်နေပြီး နွေးနွေးထွေးထွေ်ကြိုဆိုပြီး ထောက်ပံ့မှုတွေလုပ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ဒီကနေပြန်ရင်တော့ မိဘထံအပ်ပေးတဲ့အချိန်မှာ ကျွန်တော့်မိဘတွေနဲ့ ကောင်ကောင်းမွန်မွန် အလုပ်တစ်ခုကိုလုပ်ပြီး နေထိုင်သွားတော့မှာပါ။ ဒါကြောင့် အကြမ်းဖက် PDF အဖွဲ့ထဲမှာ အခွင့်မသာလို့ အလင်းဝင်ရောက်ချင်တဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း ဒီနေရာကနေပြောချင်ပါတယ်။ သတင်းအမှားတွေကို နားမယောင်ဖို့နဲ့ ငါတို့တွေ အလင်းဝင်လာတဲ့အချိန်မှာ နွေးနွေးထွေးထွေးကြိုဆိုပြီးတော့ ထောက်ပံ့မှုတွေ လုပ်ပေးတယ်ဆိုတာ ငါတို့ကိုယ်တွေ့ပါပဲ။ ဒါကြောင့် အမြန်ဆုံးအလင်းဝင်ဖို့ ဒီနေရာကနေဖိတ်ခေါ်ချင်ပါတယ်။

ယနေ့အခမ်းအနားများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်မှ အမျိုးသားတစ်ဦး၊ ဆားလင်းကြီးမြို့နယ်မှ အမျိုးသားတစ်ဦး၊ ပုလဲမြို့နယ်မှ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး တစ်ဦး၊ မုံရွာမြို့နယ်မှ အမျိုးသား သုံးဦး၊ မြင်းမူမြို့နယ်မှ အမျိုးသမီး နှစ်ဦး၊ ဟုမ္မလင်းမြို့နယ်မှ အမျိုးသား ငါးဦး၊ အမျိုးသမီး တစ်ဦး၊ တမူးမြို့နယ်မှ အမျိုးသား နှစ်ဦး၊ ကလေးမြို့နယ်မှ အမျိုးသား ၃၃ ဦး၊ အမျိုးသမီး နှစ်ဦး၊ စစ်ကိုင်း မြို့နယ်မှ အမျိုးသား ၅၆ ဦး၊ အမျိုးသမီး ငါးဦး၊ ထီးချိုင့်မြို့နယ်မှ အမျိုးသား လေးဦး၊ ကသာမြို့နယ်မှ အမျိုးသားတစ်ဦးနှင့် ရွှေဘို မြို့နယ်မှ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး နှစ်ဦး ပေါင်း ၁၄၆ ဦးဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဥပဒေဘောင်အတွင်း သို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်- ၁။ ကျွန်တော်အကြမ်းဖက်အဖွဲ့အစည်းထဲကို ရောက်ရှိခဲ့တဲ့ အကြောင်းရင်းကတော့ ကျွန်တော့်သူငယ်ချင်းတွေ စည်းရုံးလို့ အကြမ်းဖက်အဖွဲ့ထဲကို ရောက်ရှိခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းထဲကို ရောက်ရှိပြီးတော့ ၄ ရက်၊ ၅ ရက်လောက်နေတော့ မူဆယ်ဘက်မှာ သင်တန်းတက်ခဲ့ပါတယ်။ သင်တန်းတက်ပြီးတော့ ကျွန်တော်သင်ကြားခဲ့ရတာတွေက လက်နက်ဖြုတ်တပ်တွေ၊ မိုင်းထောင်၊ မိုင်းခွဲနည်းတွေ သင်ကြားပေးပါတယ်။ သင်တန်းပြီးတော့ ကျွန်တော်တာဝန်ကျတာကတော့ ကင်းစောင့်၊ ထမင်းချက်တာဝန်ယူခဲ့ရပါတယ်။ သူတို့တွေ ဂိတ်ထိုင်လို့ရတဲ့ ပိုက်ဆံတွေ၊ ရွာတွေက ဆက်ကြေးကောက်ရတဲ့ ပိုက်ဆံတွေနဲ့ သူတို့တွေက ကောင်းကောင်းမွန်မွန်နေထိုင်ကြပါတယ်။ ကျွန်တော်တို့တွေကြတော့ ဟင်းကောင်းစားချင်ရင်တောင် မိဘဆီကပြန်တောင်းခဲ့ရပါတယ်။ ကြာလာတော့ ကျွန်တော်တို့လည်း စိတ်ပျက်လာပြီး အလင်းဝင်ဖို့ကို ရည်ရွယ်လိုက်တယ်။ သူတို့ကပြောတာတော့ အလင်းဝင်ရင်သတ်ဖြတ်မယ်၊ ထောင်ချမယ်ဆိုပြီး ပြောကြတယ်။ တကယ်တမ်းဝင်ကြည့်တော့ သူတို့ပြောတာတွေနဲ့ တခြားစီပဲ။ ​တကယ်ဒီကိုအလင်းဝင်လိုက်တော့ ကျွန်တော်လည်း လူငယ်ပဲဗျာ၊ ကျွန်တော့်အနာဂတ်တွေ ရှိသေးတယ်၊ ကျွန်တော်လည်းတောထဲမှာပဲ အချိန်တွေအကုန်မခံချင်ဘူး။ အဲ့ဒါကြောင့်မို့ ကျွန်တော်အလင်းဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ တကယ်အလင်းဝင်လိုက်တော့လည်း သူတို့က လက်ဖျားနဲ့တောင် မထိဘဲ နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ နေစရာနဲ့ စားစရာအကုန်စီစဉ်ပေးပါတယ်။ ဒီအခမ်းအနားပြီးရင် ကျွန်တော့်ကို မိဘတွေဆီပြန်ပို့မယ်ဆိုတာလည်း မှန်သွားပါပြီ။ ကျွန်တော်ပြန်ရောက်ရင်လည်း ယခင်လုပ်ခဲ့တဲ့ လုပ်ငန်းကိုပဲ ပြန်လုပ်မှာပါ။ တောထဲမှာ ကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း အမြန်ဆုံးအလင်းဝင်ကြပါလို့ ဒီနေရာကနေ ဖိတ်ခေါ်အပ်ပါတယ်။

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၁၄၆ ဦး
+3
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင် ၁၄၆ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ မေ ၁၅၊ ၂၀၂၆ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၁၄၆ ဦးတို့သည် ဥပဒေ‌ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် လက်လုပ်ပစ္စတိုသေနတ်ငါးလက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ခြောက်လက်နှင့် စကားပြောစက်နှစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်လုပ်ပစ္စတို သေနတ်ငါးလက်အတွက် ငွေကျပ် ၂၅ သိန်း၊ မောင်းပြန်ရိုင်ဖယ် သေနတ်ခြောက်လက်အတွက် ငွေကျပ်သိန်း ၃၀၀၊ စကားပြော စက်နှစ်လုံးအတွက် ငွေကျပ် လေးသိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၉ သိန်း စုစုပေါင်း ငွေကျပ် ၃၄၈ သိန်းနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံပေးကြသည်။ အလားတူ ပစ္စတိုသေနတ်တစ်လက်၊ မောင်းပြန်ရိုင်ဖယ် သေနတ်ကိုးလက်၊ လက်ပစ်ဗုံး ၇၁ လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၆၁ ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ၆၆ ဦးတို့အား စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အောင်စစ်သည်ခန်းမ၌လည်းကောင်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁၇ လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ မိုင်းတစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၄၀ နှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ၄၃ ဦးအား ကလေးမြို့ရှိ အောင်ဆန်းခန်းမ၌လည်းကောင်း၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၈ ဦးတို့အား ရွှေဘိုမြို့ရှိ အောင်ဇေယျခန်းမ၌လည်းကောင်း မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ အဆိုပါဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပစ္စတိုသေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် ငါးသိန်း၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၂၆ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၁၃၀၀၊ လက်ပစ်ဗုံး ၇၄ လုံး အတွက် ဆုကြေးငွေကျပ် ၂၂၂ သိန်း၊ မိုင်းတစ်လုံးအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ် ၁၂၇ သိန်း၊ စုစုပေါင်းငွေကျပ် ၁၆၅၇ သိန်းနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြရာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ်
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT) အစီအစဉ် အသိပေးနှိုးဆော်ခြင်း

နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများကို စိတ်ဝင်စားသူများအတွက် မြန်မာသံတမန်တစ်ဦး၏ ဒီပလိုမေစီပုံရိပ်များစာအုပ် မိတ်ဆက် မေ ၁၅
နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာများကို စိတ်ဝင်စားသူများအတွက် မြန်မာသံတမန်တစ်ဦး၏ ဒီပလိုမေစီပုံရိပ်များစာအုပ် မိတ်ဆက် မေ ၁၅၊ ၂၀၂၆ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးဆိုလာ အသေးစားဓာတ်အားပေးစနစ် ဆောင်ရွက်သည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ဘီ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဆိုလာအသေးစားဓာတ်အားပေးစနစ် ဆောင်ရွက်သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ကျေးရွာကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြရာ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဆောင်ရွက်သည့် ကုမ္ပဏီများ၏ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အီရန်အပေါ် တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုတို့ကြောင့် ဥရောပနိုင်ငံများတွင် ဆေးဝါးပြတ်လပ်မ
အီရန်အပေါ် တင်းမာမှုများ မြင့်တက်လာခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံရမှုတို့ကြောင့် ဥရောပနိုင်ငံများတွင် ဆေးဝါးပြတ်လပ်မှုများနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေသည်။ ဥရောပဆေးဝါးလုပ်ငန်း ကုန်ထုတ်လုပ်မှုကွင်းဆက်၏ ၈၀ ရာခိုင်နှုန်းခန့်သည် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အပေါ် မှီခိုနေရပြီး အဆိုပါနိုင်ငံများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်း မြင့်တက်လာမှုကြောင့် မတည်မငြိမ်ဖြစ်လာသည်။ ထို့အပြင် အီသလင်း (Ethylene)၊ ယူရီးယား (Urea) နှင့် ပါရာဖင် (Paraffin) အပါအဝင် အခြားကုန်ကြမ်းပစ္စည်းများကို ပါရှန်ပင်လယ်ကွေ့နိုင်ငံများမှ တိုက်ရိုက်တင်သွင်းနေရခြင်း ဖြစ်သည်။ NOM

အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ပေကျင်းမြို့ကနေ ထွက်ခွာစဉ်မှာ တရုတ်နိုင်ငံဘက်က ပေးတဲ့ လက်ဆောင်အားလုံးကို လွှင့်ပစ်ခဲ့ကြတယ် လို့ ဒ
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ပေကျင်းမြို့ကနေ ထွက်ခွာစဉ်မှာ တရုတ်နိုင်ငံဘက်က ပေးတဲ့ လက်ဆောင်အားလုံးကို လွှင့်ပစ်ခဲ့ကြတယ် လို့ ဒီဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ နယူးယောက်ပို့စ် New York Post သတင်းထောက် အီမလီ ဂူဒင် (Emily Gudin) က သတင်းပို့ထားပါတယ်။ သူမက X (ယခင် Twitter) လူမှုကွန်ရက်ပေါ်မှာ အခုလို ရေးသားခဲ့တာဖြစ်ပါတယ် - "အမေရိကန်ဝန်ထမ်းတွေဟာ တရုတ်အရာရှိတွေ ကျွန်မတို့ကိုပေးခဲ့တဲ့ ပစ္စည်းတွေအကုန်လုံးကို သိမ်းယူသွားပါတယ်။ Air Force One (အမေရိကန်သမ္မတစီးတဲ့ လေယာဉ်) ပေါ်မတက်ခင် လေယာဉ်လှေကားခြေရင်းက အမှိုက်ပုံးထဲကို သတင်းထောက်ကတ်တွေ၊ အိမ်ဖြူတော်ဝန်ထမ်းတွေကို ပေးတဲ့ တစ်ခါသုံးဖုန်းတွေနဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် အမှတ်အသားတံဆိပ်တွေအကုန်လုံး စုပြုံပြီး လွှင့်ပစ်ခဲ့ကြတယ်။ တရုတ်နိုင်ငံကလာတဲ့ ဘယ်ပစ္စည်းကိုမှ လေယာဉ်ပေါ် ပေးမတင်ပါဘူး။" NOM

မုံရွာမြို့နယ်၊ မုံရွာသင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းသား၊ သင်တန်းသူများ နေပြည်တော်သို့ လေ့
+2
မုံရွာမြို့နယ်၊ မုံရွာသင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) သင်တန်းသား၊ သင်တန်းသူများ နေပြည်တော်သို့ လေ့လာရေးခရီးထွက်ခွာ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြိ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် မျိုးဆက်သစ်များကို ဆက်လက်အားပေးမွေးထုတ်ပေးသွားကြရမည် မေ ၁၅၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြိ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် မျိုးဆက်သစ်များကို ဆက်လက်အားပေးမွေးထုတ်ပေးသွားကြရမည် မေ ၁၅၊ ၂၀၂၆

အချင်းချင်း နေရာလု စားခွက်လုရင်း CDF-Hakha အကြမ်းဖက်အဖွဲ့​၏ စစ်ဦးစီးချုပ်တာဝန်ယူခဲ့ဖူးသူ အကြမ်းဖက် Salai Sang Ling ဟာ အချင်းခ
အချင်းချင်း နေရာလု စားခွက်လုရင်း CDF-Hakha အကြမ်းဖက်အဖွဲ့​၏ စစ်ဦးစီးချုပ်တာဝန်ယူခဲ့ဖူးသူ အကြမ်းဖက် Salai Sang Ling ဟာ အချင်းချင်းလုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဒေါ်နယ်ထရမ့်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းဌာနက ကိုးကားဖော်ပြချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ပြီး ယခုနှစ် ဆောင်းဦးရာသီတွင် အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်။ NOM

လူတွေဟာ စထရီမင်း (Streaming) ဝန်ဆောင်မှုတွေကို ငြီးငွေ့လာကြတဲ့အတွက် ရုပ်ဝတ္ထုပစ္စည်းအခြေပြု မီဒီယာတွေ (ဥပမာ - စီဒီ၊ ဗီဒီယိုခွ
လူတွေဟာ စထရီမင်း (Streaming) ဝန်ဆောင်မှုတွေကို ငြီးငွေ့လာကြတဲ့အတွက် ရုပ်ဝတ္ထုပစ္စည်းအခြေပြု မီဒီယာတွေ (ဥပမာ - စီဒီ၊ ဗီဒီယိုခွေ၊ ဓာတ်ပြား) ဟာ တခေတ်ပြန် ခေတ်စားလို့ လာနေပါတယ်။ စီဒီစက်တွေ၊ ကက်ဆက်ပလေယာတွေနဲ့ ဓာတ်ပြားဖွင့်စက်တွေဟာလည်း စထရီမင်းကို ဆန့်ကျင်ပြီး အတိတ်ကို တမ်းတတဲ့ရေစီးကြောင်းနဲ့အတူ ပြန်လည်ရေပန်းစားလာနေတာ ဖြစ်ပါတယ်။ ကော်ပိုရေးရှင်းကြီးတွေက စိတ်ကြိုက် ဖျက်ပစ်လို့၊ ပြင်ဆင်လို့ ဒါမှမဟုတ် လစဉ်ကြေးနောက်ကွယ်မှာ ဝှက်ထားလို့မရတဲ့ အရာဝတ္ထုတွေကို ကိုယ်တိုင်ပိုင်ဆိုင်ရတာကိုပဲ လူတွေက ပိုသဘောကျကြသေးတယ်ဆိုတာကို ဒါက သက်သေပြနေတာပဲ ဖြစ်ပါတယ်။ NOM