fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 422 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 422 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 422
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ဒုတိယသမ္မတ ဦးညိုစော ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)သို့ တက်ရောက်အမှာစကားပြောကြား အောက်တိုဘာ ၃
ဒုတိယသမ္မတ ဦးညိုစော ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)သို့ တက်ရောက်အမှာစကားပြောကြား အောက်တိုဘာ ၃၀၊ ၂၀၂၆ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစော တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအလိုက်၊ အပိုင်းလိုက်၊ အဆင့်လိုက်လမ်းပြမြေပုံများချမှတ်ပြီး မဟာဗျူဟာမြောက်ဆောင်ရွက်နေမှု၊ ခေတ်မီပြီးလုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံများကို အခြေခံခိုင်မာအောင်တည်ဆောက်သွားရန်နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုပေးသည့် ယန္တရားများတည်ဆောက်ပြီး အစိုးရ၏ e-Government စနစ်များကို အပြည့်အဝဒီဂျစ်တယ်အသွင်ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများတွင် ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေ၊ ဆိုက်ဘာမှုခင်းဆိုင်ရာ တားဆီးနှိမ်နင်းရေးဥပဒေ၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေနှင့် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ဒေတာစီးဆင်းမှုလုံခြုံရေးမူဝါဒများကဲ့သို့သော ဥပဒေ၊ မူဘောင်များထုတ်ပြန်ချမှတ် ဆောင်ရွက်နေသည့်အခြေအနေများ၊ ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ဒီဂျစ်တယ်စနစ်များကို အမျိုးသားဒေတာစင်တာစနစ်တစ်ခု ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မှုအခြေအနေများ၊ ဆိုက်ဘာတိုက်ခိုက်မှုများကို ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်ကွပ်ကဲရေးဗဟိုဌာနဖြင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်မည့် ဆိုက်ဘာဝန်းကျင်တစ်ခုကို အတူတကွတည်ဆောက်နိုင်ရန် လိုအပ်မှုအခြေအနေများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ကော်မတီ၏လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။ အစည်းအဝေးသို့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင်၊ ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအလိုက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဒုတိယသမ္မတက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
30 اکتبر, 10:55

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) မှ စစ်သည်များအား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်များ ချ
+9
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) မှ စစ်သည်များအား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်များ ချီးမြှင့် အောက်တိုဘာ ၃၀၊ ၂၀၂၆ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) မှ စစ်သည်များအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်များ ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
30 اکتبر, 10:55

အကြမ်းဖက် NUG အဖွဲ့ အတွက် Nway Oo Hti Website မှ တစ်ဆင့် တရားမဝင်ထီရောင်းချသူ ကိုယ်စားလှယ်များအား ဖမ်းဆီးရမိ။ အောက်တိုဘာ ၃၀၊
+3
အကြမ်းဖက် NUG အဖွဲ့ အတွက် Nway Oo Hti Website မှ တစ်ဆင့် တရားမဝင်ထီရောင်းချသူ ကိုယ်စားလှယ်များအား ဖမ်းဆီးရမိ။ အောက်တိုဘာ ၃၀၊ ၂၀၂၆
30 اکتبر, 10:53

အကြမ်းဖက် NUG လက်အောက်ရှိ ဟင်္သာတခရိုင်တပ်ရင်း ၃ မှ တပ်ရေးတာဝန်ခံ ဝင့်လွှာအောင် (ခ) စစ်ငြိမ်းမေအား ဖမ်းဆီးရမိ။ အောက်တိုဘာ ၃၀၊
+2
အကြမ်းဖက် NUG လက်အောက်ရှိ ဟင်္သာတခရိုင်တပ်ရင်း ၃ မှ တပ်ရေးတာဝန်ခံ ဝင့်လွှာအောင် (ခ) စစ်ငြိမ်းမေအား ဖမ်းဆီးရမိ။ အောက်တိုဘာ ၃၀၊ ၂၀၂၆
30 اکتبر, 10:51

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနကမီတာအသစ် ၂၆၄၅၀ လုံးအားတပ်ဆင်ပေး NOM၊အောက်တိုဘာ၃၀၊၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနသို့၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှ အောက်တိုဘာ၂၈ရက်နေ့အထိDigital Smart မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားခဲ့ရာလျှောက်ထားသူဦးရေ ၄၈၀၀၀ ကျော် ရှိပြီး သတ်မှတ်ချက်ပြည့်စုံစွာ လျှောက်ထားသည့် ၃၈၀၀၀စောင်ကျော်အား ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ လက်ရှိတွင်ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအ၀င်၊သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မီတာအသစ် ၂၆၄၅၀ လုံးအားတပ်ဆင်ပေးပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါDigital Smart မီတာအသစ်များကိုရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဧရာ၀တီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်းတို့ကWebsite မှအများဆုံးလျှောက်ထားခဲ့ကြောင်းသိရသည်။
30 اکتبر, 09:41

လှိုင်းဘွဲမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်နှစ် လုံး မီးလောင်မှုဖြစ်ပွား NOM၊အောက်တိုဘာ ၃၀၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံ
လှိုင်းဘွဲမြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ်နှစ် လုံး မီးလောင်မှုဖြစ်ပွား NOM၊အောက်တိုဘာ ၃၀၊၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့(ခ)ရပ်ကွက်၊  အာဇာနည်လမ်းတွင် ယနေ့မွန်းလွဲ ၁နာရီက မီးကြွင်းမီးကျန်မှတစ်ဆင့် လူနေအိမ် နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။ အဆိုပါမီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြေချစစ်ဗျူ‎ဟာ(လှိုင်းဘွဲ) တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ မီးသတ်ယာဉ်၊ ရေသယ်ယာဉ်များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ မွန်းလွဲ၁နာရီ ခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်နှစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးကြောင်းနှင့် လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။
30 اکتبر, 09:40

တွေ့ဆုံစဉ် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကွန်ပျူတာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် အရာထမ်းအမှုထမ်းများ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ၏ အင်တာနက်အသုံးပြု၍ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာအသုံးပြု လက်တွေ့သင်တန်းခန်း၊ ဝန်ထမ်းအိမ်ရာနှင့် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ထိုသို့လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အရိပ်ရပင်များနှင့် လေကာပင်များအား အောက်ခြေရှင်းအလင်းဖွင့်ခြင်းများဆောင်ရွက်သွားရန်နှင့် စာသင်ခန်းများသန့်ရှင်းသာယာလှပရေးတို့ကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
30 اکتبر, 09:12

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်‌ကျေပွန်သည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြု ချီးမြှင့်၊ ကွန်ပျူတာတက္
+6
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် တာဝန်‌ကျေပွန်သည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြု ချီးမြှင့်၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ   အောက်တိုဘာ ၃၀၊ ၂၀၂၆   စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်(ပုံစံ-၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေတပ်နယ်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇော၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ ပြည်သူ့စစ်မှုထမ်း စစ်သည်တော်များ တက်ရောက်ကြသည်။   အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အခမ်းအနားကို တက်ရောက်လာကြသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များ၏ ဘဝခရီးလမ်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်သည့် နေ့တစ်နေ့ဖြစ် ကြောင်း၊ မိမိတို့၏ လူငယ်ဘဝ အချိန်ကာလများကို နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ပေးဆပ်ခဲ့ကြသည့် စစ်သည်အားလုံးကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြောင်း၊ ပြည်သူ့စစ်မှုထမ်းတာဝန်သည် ဥပဒေအရ ပေးအပ်ထားသည့် တာဝန်တစ်ခုတင်မက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူတိုင်း ထမ်းဆောင်ရမည့် မွန်မြတ်သည့် အမျိုးသားရေးတာဝန်တစ်ခု ဖြစ်ကြောင်း၊ စစ်သည်တော်များသည် နိုင်ငံတော်အတွက် လိုအပ်သည့်အချိန်မှာ ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့သူများဖြစ်သည့်အတွက် သမိုင်းကအသိအမှတ်ပြုထားမည်ဖြစ်ကြောင်း၊ စစ်သည်တော်များသည် အရပ်သားဘဝကို ပြန်လည်ရောက်ရှိသွားမည်ဖြစ်၍ စစ်သည်တော်၏  ကိုယ်ရည်ကိုယ်သွေးများက စစ်သည်တော် စိတ်ဓာတ်အတိုင်း ရှိနေရမည်ဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ပြီးသည့်အချိန်မှစ၍ မိမိတို့ဒေသမှာရှိသည့် လူငယ်များ၏ စံပြဖြစ်အောင်နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ အမှားနှင့်အမှန်ကိုဝေဖန်ပိုင်းခြားပြီး ရပ်ရွာအေးချမ်းရေးအတွက် အထောက်အကူပြုသူများ ဖြစ်အောင်နေထိုင်သွားကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် ကြိုးစားအားထုတ်ရာတွင်လည်း တပ်မတော်ကသင်ကြားပေးလိုက်သည့် ဇွဲသတ္တိရှိမှု၊ အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှုများကို အသုံးပြုပြီး မိမိတို့၏ မိသားစုလူနေမှုဘဝ တိုးတက်အောင် အားသွန်ခွန်စိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စစ်သည်တော်များ တာဝန်ထမ်းဆောင်နေစဉ်တွင် နောက်ကွယ်က ဆုတောင်းပေးခဲ့သည့် စောင့်မျှော်နေခဲ့သည့် မိသားစုဝင်များကို အချိန်ပေးပြီး အကောင်းဆုံး လုပ်ကျွေးပြုစုကြရမည်ဖြစ်ကြောင်း၊ တစ်ကြိမ်စစ်သားဖြစ်ခဲ့ဖူးလျှင် အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စကားနှင့်အညီ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေ တစ်ခုခုပေါ်ပေါက်လာလျှင် မိမိတို့ထမ်းဆောင်ခဲ့သည့် တာဝန်များကိုသတိရပြီး နိုင်ငံတော်ကလိုအပ်သည့်အချိန်တွင် အသင့်ရှိနေကြသည့် သူရဲကောင်းစစ်သည်တော်များ ဖြစ်အောင်ကြိုးစားသွား ကြရမည်ဖြစ်ကြောင်းနှင့်  စစ်သည်တော်များသည် ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် မိမိတို့နေရပ်ကို ပြန်လည်ရောက်ရှိပြီး ရည်မှန်းထားသည့် ဘဝပန်းတိုင်များကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြစေလိုကြောင်းပြောကြားသည်။   ထို့နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇောက စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုစကားပြောကြားသည်။   ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးက ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ထောက်ပံ့ပစ္စည်း များအားလည်းကောင်း၊ အနောက်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးက ပြည်သူ့စစ်မှုထမ်းဆောင် ပြီးကြောင်း လက်မှတ်နှင့်(ပုံစံ-၁၂) တို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာကြသည့် စစ်သည်တော်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်မှုထမ်းတာဝန်‌ကျေပွန်စွာထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများနှင့်အတူ နံနက်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) အစည်းအဝေးခန်းမ၌ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကြသည်။
30 اکتبر, 09:11

အင်ဒိုနီးရှားတွင် သယ်ဆောင်ရလွယ်ကူသည့် ဂတ်စ်မီးဖို ပေါက်ကွဲမှုကြောင့် လမ်းဘေးမုန့်ရောင်းသူတစ်ဦး မီးလျှံများအတွင်းခေတ္တပိတ်မိသွားခဲ့။ ကံကောင်းစွာဖြင့် ထိုအမျိုးသားမှာ ဒဏ်ရာအနည်းငယ်သာ ရရှိပြီး လွတ်မြောက်ခဲ့သည်။
30 اکتبر, 07:23

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆/၂၀၂၄) မှ တာဝန်ပြီးဆုံးသူများအား လက်မှတ်ပုံစံ (၁၂) န
+9
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆/၂၀၂၄) မှ တာဝန်ပြီးဆုံးသူများအား လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ပေးအပ်ချီးမြှင့် အောက်တိုဘာ ၃၀၊ ၂၀၂၆ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ပြီးစီးခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆/၂၀၂၄) မှ စစ်သည်များအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
30 اکتبر, 07:20

အစ္စရေးရွေးကောက်ပွဲရလဒ် မပြတ်မသားဖြစ်ပြီး အစိုးရဖွဲ့ရန် လမ်းစပျောက်နေ ကနက်ဆက် (Knesset) လွှတ်တော်မဲဆန္ဒပေးပွဲအပြီး မဲအားလုံးက
အစ္စရေးရွေးကောက်ပွဲရလဒ် မပြတ်မသားဖြစ်ပြီး အစိုးရဖွဲ့ရန် လမ်းစပျောက်နေ ကနက်ဆက် (Knesset) လွှတ်တော်မဲဆန္ဒပေးပွဲအပြီး မဲအားလုံးကို ရေတွက်ပြီးစီးသွားပြီ ဖြစ်သည်။ အစ္စရေးလွှတ်တော်တွင် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရန် စုစုပေါင်း အမတ်နေရာ ၁၂၀ အနက် ၆၁ နေရာ ရရှိရန် လိုအပ်သော်လည်း မဲရလဒ်များမှာ အောက်ပါအတိုင်း ထွက်ပေါ်လာခဲ့သည် - - နေတန်ယာဟု၏ လက်ယာယိမ်းနှင့် ဘာသာရေးပါတီများ ပါဝင်သော အာဏာရမဟာမိတ်အဖွဲ့သည် အမတ်နေရာ ၅၃ နေရာ ရရှိခဲ့သည် (လွန်ခဲ့သောကြိမ်က ၆၄ နေရာ ရရှိခဲ့ရာမှ လျော့ကျသွားခြင်းဖြစ်သည်)။ - ဗဟိုဝါဒီ ဂါဒီ အိုင်ဆင်ကော့တ် (Gadi Eisenkot) ဦးဆောင်သော အတိုက်အခံအဖွဲ့က ၄၈ နေရာ အနိုင်ရရှိခဲ့သည်။ - အာရပ်ပါတီများက ၁၉ နေရာအထိ အနိုင်ရရှိခဲ့ပြီး ယခင် ၁၀ နေရာမှ တိုးတက်လာကာ စံချိန်တင် အကောင်းဆုံး ရလဒ် ထွက်ပေါ်ခဲ့သည်။ နေတန်ယာဟု၏ လီကွဒ် (Likud) ပါတီကမူ ယခုရွေးကောက်ပွဲမှာ "မဲခိုးခံလိုက်ရခြင်းဖြစ်သည်" ဟု စွပ်စွဲကာ မကျေမနပ်ဖြစ်နေကြပြီဖြစ်သည်။ အစ္စရေး၏ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂဗီးရ် (Itamar Ben-Gvir) ကမူ ပိုမိုပြင်းထန်စွာဖြင့် အာရပ်ပါတီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းရန်ပင် တောင်းဆိုထားသည်။
30 اکتبر, 07:18

ချင်းပြည်နယ်အတွင်းရှိ လမ်းများ၊ အဆောက်အဦများ ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများနှင့် ရာသီဥတုပူပြင
+3
ချင်းပြည်နယ်အတွင်းရှိ လမ်းများ၊ အဆောက်အဦများ ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများနှင့် ရာသီဥတုပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ ဖော်ထုတ်ဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ ချင်းပြည်နယ်ဝန်ကြီးခ အောက်တိုဘာ ၃၀၊ ၂၀၂၆ ချင်းပြည်နယ်အတွင်းရှိ လမ်းများ၊ အဆောက်အဦများ ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများနှင့် ရာသီဥတုပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများ ဖော်ထုတ်ဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟားခါးခရိုင် / မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် Zoom Application ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် (မြို့ပြ) ၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီဝင်များနှင့် ဖလမ်းနှင့် တီးတိန်ခရိုင် / မြို့နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတာဝန်များဆောင်ရွက်ရန် အဖွဲ့ခေါင်းဆောင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်နှင့် အဖွဲ့ဝင်ပညာရှင်များ ချင်း ပြည်နယ် ရောက်ရှိလာသည့်အချိန်ကာလအတွင်း ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်ဂျင်နီယာနည်းပညာပိုင်းအပြင် စီမံခန့်ခွဲရေးပိုင်းတွင်လည်း တတ်သိပညာရှင်များဖြစ်သောကြောင့် ချင်းပြည်နယ်အတွင်း ဆောက်လုပ်ထားသည့် လမ်းများ ၊ အဆောက်အဦများ ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများနှင့် ရာသီဥတုပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများနှင့် စပ်လျဉ်းပြီး ဆက်စပ်သည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ တတ်သိပညာရှင်များရှိနေချိန် ပြုလုပ်ရသည့်အလုပ်ရုံဆွေးနွေးပွဲဖြစ်သည့်အတွက် လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။ ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်က ချင်းပြည်နယ်အတွင်း လမ်းများ၊ အဆောက်အဦများ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ရာသီဥတုပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင် ရွက်ရမည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ချင်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ( မြို့ပြ ) ဦးသန်းထူးအောင်နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ကံကောင်းတို့က ချင်းပြည်နယ်အတွင်း လမ်းများ၊ အဆောက်အဦများ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ရာသီဥတုပူပြင်း၍ ရေရှားပါးမှုဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင် / မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အကြုံပြုဖြည့်စွက်ဆွေးနွေးမေးမြန်းကြပြီး မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
30 اکتبر, 07:08

အစ္စရေး ဂိုဏ်းအဖွဲ့တစ်ဖွဲ့သည် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များအဖြစ် ဟန်ဆောင်ကာ အမျိုးသား ဒါဇင်ပေါင်းများစွာကို လိင်ကိစ္စဖြင
အစ္စရေး ဂိုဏ်းအဖွဲ့တစ်ဖွဲ့သည် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များအဖြစ် ဟန်ဆောင်ကာ အမျိုးသား ဒါဇင်ပေါင်းများစွာကို လိင်ကိစ္စဖြင့် မျှားခေါ် ထောင်ဖမ်းခဲ့ — ထို့နောက် ရိုက်နှက်၍ ငွေညှစ်ခဲ့ကြသည်။ အစ္စရေး အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ဆက်တိုက်မီးရှို့မှုများကို စုံစမ်းစစ်ဆေးရာမှ တယ်လီဂရမ် မှတစ်ဆင့် အမျိုးသားကို လိင်ကိစ္စဖြင့် မျှားခေါ် ထောင်ဖမ်းသည့် ဂိုထောင်ချောက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားများကို တိုက်ခန်းများသို့ မျှားခေါ်ငွေညှစ်မှုဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် ဂိုဏ်းအဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်သည်။
30 اکتبر, 07:04

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးက အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) တင်းနစ်ကွင်း၊ ဘတ်စကက်ဘေ
+1
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးက အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) တင်းနစ်ကွင်း၊ ဘတ်စကက်ဘောကွင်းနှင့် စားပွဲတင် တင်းနစ်ကွင်းများ အဆင့်မြှင့်ပြုပြင်ရေးလှူဒါန်း အောက်တိုဘာ ၃၀၊ ၂၀၂၆ မန္တလေးမြို့အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကောင်စစ်ဝန်ချုပ်ရုံးမှလှူဒါန်း၍ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သော မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)၊ တင်းနစ်ကွင်းရုံတွင် ကြမ်းခင်းဆေးအသစ်ပြန်လည်မွမ်းမံခြင်း၊ ဘတ်စကက်ဘောကွင်းနှင့် စားပွဲတင်တင်းနစ်ကွင်းတွင် စလိုက်မီးပစ္စည်းများတပ်ဆင်လှူဒါန်းခြင်း အခမ်းအနားကို အောက်တိုဘာ ၃၀ရက် နံနက် ၉ နာရီခွဲက မန္တလေး ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် ကျင်းပသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာလှကြွယ်၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ် Ms. Gao Ping ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ကောင်စစ်ဝန်ချုပ်က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး လူမှုရေးဝန်ကြီးက ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားကာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့‌နောက် ကောင်စစ်ဝန်ချုပ်က  ငွေကျပ်(၇၆၈)သိန်းတန်ဖိုးရှိ တင်းနစ်ကွင်းကြမ်းခင်းဆေးသုတ်ခြင်း၊ ဘတ်စကက်ဘောကွင်းနှင့် စားပွဲတင်တင်းနစ်ကွင်းတွင် ဆလိုက်မီးပစ္စည်းများ တပ်ဆင်လှူဒါန်းခြင်းနှင့်ပတ်သက်သော စာရွက်စာတမ်းများကို ကျောင်းအုပ်ကြီးထံလွှဲပြောင်းပေးအပ်ပြီး လှူဒါန်းထားသောပစ္စည်းများအား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
30 اکتبر, 06:55

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးသူများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုခ
+8
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးသူများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ် အောက်တိုဘာ ၃၀၊ ၂၀၂၆ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စစ်မှုထမ်းတာဝန်များ ကျေပွန်စွာထမ်းဆောင်ပြီးစီးခဲ့သည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာ ၃၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
30 اکتبر, 06:54

ရုရှားသမ္မတ ပူတင် - "ဘောလ်တစ်ပင်လယ်ကို ပါရှန်ပင်လယ်ကွေ့ ဒါမှမဟုတ် ဟော်မုဇ်ရေလက်ကြားလိုမျိုး ဖြစ်သွားတာ ဘယ်သူလိုချင်လဲ?"
30 اکتبر, 06:23

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းပညာရေးဒီဂရိကောလိပ်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းနှင့် ကောလိပ်ကျောင်း
+2
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းပညာရေးဒီဂရိကောလိပ်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းနှင့် ကောလိပ်ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်၊ အဆောက်အဦသစ်တည်ဆောက်မည့် မြေနေရာများနှင့် ကွန်ပျူတာအခန်းများအား လိုက်လံကြည့်ရှု အောက်တိုဘာ ၃၀၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများသည် အောက်တိုဘာလ ၂၉ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းပညာရေးဒီဂရိကောလိပ် သို့ရောက်ရှိရာ အစည်းအဝေးခန်းမ၌ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယကျောင်းအုပ်ကြီးမှကျောင်း၏ စီမံ/အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပညာသင်နှစ်အလိုက် သင်ကြားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများ အခြေအနေများနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင် အဆောက်အဦ၊ ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်များ၊ ဝန်ထမ်းနေအိမ်များ အသစ်တည် ဆောက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပညာရေးဒီဂရီကောလိပ်ရှိ စီမံ၊အုပ် ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် သင်ကြားရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေကြ သည့် ဆရာ၊ဆရာမများအနေဖြင့် သင်တန်းသား၊ သင်တန်းသူများအား အနာဂတ်တွင် မူလ တန်းရွယ် ကျောင်းသား၊ကျောင်းသူများအား သင်ကြားလေ့ကျင့်ပေးနိုင်မည့် အရည်အချင်း ပြည့်ဝသည့် ဆရာ၊ဆရာမကောင်းများစွာ ပေါ်ထွက်လာစေရန် သင်ကြားပေးသွားကြရန် လို အပ်ပါကြောင်း၊ သင်ကြားရေးအဆောက်အဦများ၊ ဝန်ထမ်းနေအိမ်များနှင့် သင်တန်းသား၊ သင်တန်းသူအိပ်ဆောင်များအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်စွာ တည်ဆောက်သွားကြရန်နှင့် တာဝန်ရှိသူအားလုံးမှ မြေပြင်အထိကွင်းဆင်း ကြီးကြပ် စီမံဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားကာ စီမံ၊အုပ်ချုပ်၊ သင် ကြားရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ပညာရေးဒီဂရီ ကောလိပ်ကျောင်းဝန်းအတွင်းရှိ စာကြည့်တိုက်နှင့် စာသင်ဆောင် အဆောက် အဦ ကြံ့ခိုင်မှုအခြေအနေများနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင် ဆောင်၊ ကျောင်းသား၊ကျောင်းသူအိပ်ဆောင်၊ ဝန်ထမ်းနေအိမ်များ အသစ်ပြန်လည်တည် ဆောက်မည့် မြေနေများနှင့် ကွန်ပျူတာအသုံးပြု လက်တွေ့အခန်းများအား လိုက်လံကြည့် ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
30 اکتبر, 06:19

+3
ရေနံတင်သင်္ဘောများ ဆက်တိုက် တိုက်ခိုက်ခံရခြင်း သို့မဟုတ် ရေမြုပ်မိုင်းများနှင့် တိုက်မိခြင်းတို့ကြောင့် ယူအေအီး (UAE) ကမ်းခြေများသို့ ရေနံစိမ်းမြောက်မြားစွာ သောင်တင်လာခဲ့ပြီး၊ ယင်းဖြစ်စဉ်ကြောင့် ကမ်းခြေများသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှု နည်းပါးသွားကာ နိုင်ငံ၏ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေခဲ့သည်။
30 اکتبر, 06:18

ရန်ကုန်တွင်ကါးရပ်နားခကေါက်ခံမည်
ရန်ကုန်တွင်ကါးရပ်နားခကေါက်ခံမည်
30 اکتبر, 06:06
30 اکتبر, ~06:18

ရုရှားအပေါ် စစ်လိုလားသော / ပြင်းထန်စွန့်စားသော ပြောဆိုဝေဖန်မှုများကို လျှော့ချရန် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က နေတိုး (NATO)
ရုရှားအပေါ် စစ်လိုလားသော / ပြင်းထန်စွန့်စားသော ပြောဆိုဝေဖန်မှုများကို လျှော့ချရန် အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က နေတိုး (NATO) မဟာမိတ်များကို တိုက်တွန်း — ရိုက်တာသတင်းဌာန ပင်တဂွန်၏ မူဝါဒရေးရာအကြီးအကဲ Elbridge Colby က ရုရှားကို "ဆွပေးသလိုဖြစ်မည့်" ပြောဆိုမှုမျိုး မပြုလုပ်ရန် သတိပေးခဲ့ကြောင်း သတင်းထွက်ပေါ်လာ — ဘောလ်တစ်နိုင်ငံများကို အထူးအလေးထား သတိပေးပြောကြားခဲ့ခြင်းဖြစ်
30 اکتبر, 04:02