ru
Feedback
News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 12 488 подписчиков, занимая 16 017 место в категории Новости и СМИ и 10 067 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 12 488 подписчиков.

Согласно последним данным от 24 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -248, а за последние 24 часа — 1, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 10.08%. В первые 24 часа после публикации контент обычно набирает 5.11% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 260 просмотров. В течение первых суток публикация набирает 639 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 15.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Благодаря высокой частоте обновлений (последние данные получены 25 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

12 488
Подписчики
+124 часа
-547 дней
-24830 день
Архив постов
photo content

တရုတ်သမ္မတ ရှီဟာ အမေရိကန်စစ်တပ်အပေါ် 'အံ့ဩမှင်သက်' ခဲ့ရတယ်လို့ ဒေါ်နယ်ထရမ့်က သူ့ရဲ့ နောက်ဆုံးထွက် စိတ်ကူးယဉ်ပုံပြင် ပြောကြားလိုက်ပါတယ်။ "သမ္မတ ရှီဟာ ကျွန်တော်တို့စစ်တပ်အပေါ် အရမ်းကို ချီးကျူးစကားပြောခဲ့ပါတယ်။ တကယ်တော့ သူဟာ ကျွန်တော်တို့စစ်တပ်ကို ကြည့်ပြီး အံ့ဩမှင်သက်သွားခဲ့တာပါ" လို့ 'စိတ်ဖောက်ပြန်နေတဲ့ ဒွန်' (ထရမ့်) က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံအတွင်းမှာ အမေရိကန် လေယာဉ်တွေ မီးလောင်ပျက်စီးနေတာ၊ ဟော်မုဇ်ရေလက်ကြားထဲကနေ အမေရိကန်ဖျက်သင်္ဘောတွေ ထွက်ပြေးနေရတာ၊ လေကြောင်းပြပွဲမှာ အမေရိကန်တိုက်လေယာဉ်တွေ ပျက်ကျနေတာတွေနဲ့ ထရမ့်တစ်ယောက် AI နဲ့လုပ်ထားတဲ့ စစ်ပွဲပုံရိပ် (War memes) တွေကို အွန်လိုင်းပေါ် လျှောက်ဖြန့်နေတာတွေကို တရုတ်နိုင်ငံက စောင့်ကြည့်နေတာပါ။ ဒီလို အစွမ်းအစမျိုးတွေအတွက်ဆိုရင် "အံ့ဩမှင်သက်တယ်" ဆိုတဲ့ စကားလုံးကတောင် နည်းလွန်းပါသေးတယ်။ NOM

ဒဏ်ရာရရှိထားသူတစ်ဦးကို ကူညီဖို့ ကြိုးပမ်းနေကြတဲ့ ပါလက်စတိုင်းလူမျိုးတွေကို အစ္စရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ဗီဒီယိုမှတ်တမ်း။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်အဖွဲအစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ မေ ၁၈၊ ၂
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်အဖွဲအစည်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ မေ ၁၈၊ ၂၀၂၆ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လူငယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၉ နာရီက နေပြည်တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ တွေ့ဆုံသည်။ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လို တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လက်ရှိလူငယ်များအနေဖြင့် သမိုင်းကြောင်းအစဉ်အလာကောင်းမွန်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးသည် ယနေ့အခမ်းအနားတက်ရောက်လာကြသည့် အသင်းအဖွဲ့အစည်းများရှိ လူငယ်များတွင်လည်း တာဝန်ရှိပါကြောင်း၊ လူငယ်ကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စေရန်အတွက် မိမိတို့ဝန်ကြီးဌာနနှင့် အသင်းအဖွဲ့အစည်းများ၊ ပြည်သူများ ယခုထက်ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျောင်းပြင်ပလူငယ်များ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကျောင်းနေလူငယ်များ အသိပညာ၊ အတတ်ပညာ ပိုမိုပြည့်စုံလာစေရေး၊ နိုင်ငံ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းအကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲဝင်များက ပူတာအိုမြို ဖုန်ကန်
ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲဝင်များက ပူတာအိုမြို ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံ ရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများအား တွေ့ဆုံရှင်းလင်း မေ ၁၈၊ ၂၀၂၆ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ ရှင်းလင်းစွာ သိရှိနားလည်ရေး တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဒေသခံရဝမ်နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးကြသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲများတွင် ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များအပေါ် သုံးသပ်ရှင်းလင်းသည်။ အဆိုပါ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲများကို ပူတာအိုမြို့တွင် တိုင်းခမ်းတီနှင့် ဂျိန်ဖော့မျိုးနွယ်စုများ၊ မချမ်းဘောမြို့တို့တွင် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မေလ ၁၉ ရက်နေ့၌ နိုင်ငံတော်၏ သဘောထားအမှန်ကိုသိရှိပြီး လက်နက်ချအလင်းဝင်ရောက်လာသူ အမျိုးသား/အမျိ
+8
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မေလ ၁၉ ရက်နေ့၌ နိုင်ငံတော်၏ သဘောထားအမှန်ကိုသိရှိပြီး လက်နက်ချအလင်းဝင်ရောက်လာသူ အမျိုးသား/အမျိုးသမီးစုစုပေါင်း ၃၁၂ ဦးအား မိဘများထံ ပြန်လည်အပ်နှံခြင်းအခမ်းအနား ကျင်းပပြုလုပ်

ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲရန် အီရန်နိုင်ငံက အသစ်ဖွဲ့စည်းလိုက်သော ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ (PGSA) သည် ၎င
ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲရန် အီရန်နိုင်ငံက အသစ်ဖွဲ့စည်းလိုက်သော ပါရှန်ပင်လယ်ကွေ့ ရေလက်ကြားအာဏာပိုင်အဖွဲ့ (PGSA) သည် ၎င်းတို့၏ တရားဝင် X (Twitter) အကောင့်ကို စတင်ဖွင့်လှစ်လိုက်ကြောင်း Al Jazeera သတင်းတွင် ဖော်ပြသည်။ PGSA အဖွဲ့သည် ဟော်မုဇ်ရေလက်ကြားအတွင်း လုပ်ငန်းလည်ပတ်မှုများနှင့် နောက်ဆုံးရဖြစ်ပေါ်တိုးတက်မှုများကို အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဟု ကတိပြုထားသည်။ NOM

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား တစ် ဦး ထပ်မံဖော်ထုတ်ထိ
+1
အွန်လိုင်းလိမ်လည်မှု (Telecom  Fraud) လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံသား တစ် ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ မေ ၁၈၊ ၂၀၂၆

မြေပြင်စစ်ပွဲအတွက် အသင့်ပြင်ဆင်ရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အီရန်ရုပ်သံလိုင်းများသည် ပြည်သူလူထုအားတိုက်ခိုက်ရေးရိုင
+2
မြေပြင်စစ်ပွဲအတွက် အသင့်ပြင်ဆင်ရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အီရန်ရုပ်သံလိုင်းများသည် ပြည်သူလူထုအားတိုက်ခိုက်ရေးရိုင်ဖယ်သေနတ်များ မည်သို့အသုံးပြုရမည်ကို ရှင်းလင်းပြသလျက်ရှိသည်။ NOM

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့နှင့်ပလိပ်မြို့ရှိ ဘုရားများပြန်လည်ပြုပြင်နေမှု ပြည်ထော
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့နှင့်ပလိပ်မြို့ရှိ ဘုရားများပြန်လည်ပြုပြင်နေမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ကြည့်ရှုစစ်ဆေး   မေ ၁၇၊ ၂၀၂၆   သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့ဟောင်းရှိ ငလျင်ဒဏ်သင့်ဆေးဘုရားနှင့် ရွှေရောင်တော်ဘုရား ငါးဆူသို့ရောက်ရှိပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်း ဆရာတော်ဘဒ္ဒန္တကုသလာဘိဝံသ အမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မက္ခရာဆေးဘုရား၊ အမရပူရခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသော ရွှေရောင်တော်ဘုရားလိုဏ်အတွင်းရှိ နံရံဆေးရေးပန်းချီများကို ကြည့်ရှုစစ်ဆေးသည်။   မွန်းလွဲပိုင်းတွင် ပုလိပ်မြို့ငလျင်ဒဏ်သင့် ရှင်ပင်ဂူလှဘုရားသို့ သွားရောက်ဖူးမြော်ပြီး ရတနာမြိုင် ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာအမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရှင်ပင်ဂူလှဘုရား ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လျှို့ဝှက်ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်အရ ကျူးဘားနိုင်ငံသည် အီရန်နှင့် ရုရှားနိုင်ငံတို့ထံမှ ခရီးရှည်ပျံသန်းတိုက်ခိုက်နိုင်
လျှို့ဝှက်ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်အရ ကျူးဘားနိုင်ငံသည် အီရန်နှင့် ရုရှားနိုင်ငံတို့ထံမှ ခရီးရှည်ပျံသန်းတိုက်ခိုက်နိုင်သည့် အသေခံဒရုန်းအစင်းရေ ၃၀၀ ကျော်လက်ခံရရှိထားကြောင်းနှင့် အမေရိကန်က ကျူးဘားနိုင်ငံအပေါ် တိုက်ခိုက်လာပါက ဂွမ်တာနာမိုပင်လယ်ကွေ့ (Guantanamo Bay) ရှိ အမေရိကန်စစ်အခြေစိုက်စခန်း၊ အမေရိကန်ရေတပ်သင်္ဘောများနှင့် ဖလော်ရီဒါကီးစ် (Florida Keys) ကျွန်းစုတို့ကို တုံ့ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း Axios သတင်းတွင် ဖော်ပြထားသည်။ NOM

ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ တိုက်လေယာဉ်များနှင့် စစ်သည်အင်အား ထောင်ပေါင်းများစွာ စေလွှတ်လိုက်ကြောင်း ရိုက်
ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ တိုက်လေယာဉ်များနှင့် စစ်သည်အင်အား ထောင်ပေါင်းများစွာ စေလွှတ်လိုက်ကြောင်း ရိုက်တာ Reuters သတင်းဌာနကဖော်ပြခဲ့သည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်အရ ပါကစ္စတန်သည် စစ်သည်အင်အား ၈,၀၀၀၊ JF-17 တိုက်လေယာဉ်တစ်အုပ်စုနှင့် တရုတ်နိုင်ငံထုတ် HQ-9 လေကြောင်းရန်ကာကွယ်ရေးစနစ်တို့ကို ဆော်ဒီတွင် တပ်ဖြန့်ချထားခဲ့သည်။ အဆိုပါ တပ်ဖြန့်မှုအတွက် ရီယာ့ဒ် (ဆော်ဒီအစိုးရ) က ရန်ပုံငွေထောက်ပံ့ပေးထားခြင်းဖြစ်ပြီး လိုအပ်ပါက စစ်သည်အင်အား ၈၀,၀၀၀ အထိ တိုးမြှင့်သွားနိုင်ကြောင်းသိရသည်။ NOM

မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဘုန်းကြီးတစ်ပါးကို နွားထိုးကြီးပကဖအကြမ်းဖက်အဖွ
မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဘုန်းကြီးတစ်ပါးကို နွားထိုးကြီးပကဖအကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲပြီး ရက်စက်စွာသတ်ဖြတ်ခဲ့

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းစခန်း အလိုက်ပြိုင်ပွဲများ
+2
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့်  တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းစခန်း အလိုက်ပြိုင်ပွဲများကျင်းပပြုလုပ် မေ ၁၈၊ ၂၀၂၆

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂ မှ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆ
+8
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂ မှ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားအား မေလ ၁၈ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ မေ ၁၈၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ အရှေ
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းသီတာဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းများအား သွားရောက မေ ၁၈၊ ၂၀၂၆

သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးကားလမ်းတွင်ရေကျော် NOM၊မေ၁၈၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ
သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးကားလမ်းတွင်ရေကျော် NOM၊မေ၁၈၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၅/၂၃)နှင့် (၅/၂၄)ကြားတွင် ယနေ့(မေ၁၈ရက်)နံနက်၅နာရီတွင် ရေကျော်မှုဖြစ်ပွားနေကြောင်းမီးသတ်မှသတင်းထုတ်ပြန်ထားကြောင်း သိရသည်။ ရေကျော်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သာစည်မြို့နယ်မီးသတ်စခန်းနှင့် လှိုင်းတက်နယ်မြေမီးသတ် စခန်းတို့မှသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကူညီရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက် ပေးခဲ့ပါကြောင်းသိရသည်။

အွန်လိုင်းမီဒီယာများအသုံးပြုသူများသိစေရန်ထုတ်ပြန်ခြင်း မေ၁၈၊၂၀၂၆
အွန်လိုင်းမီဒီယာများအသုံးပြုသူများသိစေရန်ထုတ်ပြန်ခြင်း မေ၁၈၊၂၀၂၆

မူဆယ်မြို့တွင်အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ NOM၊မေ၁၈၊၂၀၂၆ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့မေ၁၇ရက်ကအွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးမှသတင်းထုတ်ပြန်ထားသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့များက မူဆယ်မြို့၊စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံ သား(၄)ဦးနှင့် မြန်မာနိုင်ငသား(၃၄)ဦးတို့ကို ဖုန်းမျိုးစုံ (၁၅၅)လုံး၊ All In One ကွန်ပျူတာ(၃၀) လုံး၊ တရုတ်ယွမ်(၁၀,၀၀၀)၊ မြန်မာငွေ(၁၀)သိန်းကျပ်နှင့် Crown ကား(၂)စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်း ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား(၄)ဦးအား ဖုန်းမျိုးစုံ(၉၅)လုံး၊ Laptop (၁)လုံး၊ Wifi စက်(၂)လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများပြီးပါက တည်ဆဲဥပဒေများနှင့်အညီထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိခဲ့သည့်လုပ်ငန်းသုံးပစ္စည်း များကိုလည်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင်မြေငလျင်လှုတ် NOM၊မေ၁၈၊၂၀၂၆ ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၃၅) မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၂၇) မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄) ဒီဂရီ၊ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၂(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန