fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 422 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 422 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 422
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား အောက်တိုဘာ ၂၈၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။  အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက် ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့ကိုအမြဲမပြတ် ရွက်ဆောင်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးကြသည့်နိုင်ငံများအနက် ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး နိုင်ငံကိုဦးဆောင်လျက်ရှိနေသည့် အစိုးရအဖွဲ့များရှိသကဲ့သို့ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ပြင်ဆင်နေကြသည့် အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင်ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာများကို လေ့လာကြည့်မည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံအားပေးမှုကိုရရှိကြပြီး သမိုင်းကြောင်းတွင်လည်း မှတ်ကျောက်တင်ခံနိုင်ကြသည့် နာမည်ကောင်းများဖြင့် မှတ်တမ်းကျန်ရှိခဲ့ကြကြောင်း၊ ထို့အတူ ရွေးကောက်ပွဲများတွင် ဆွဲဆောင်စည်းရုံးမှုကောင်းစွာဖြင့် အနိုင်ရရှိခဲ့ကြပြီး အမှန်တကယ်နိုင်ငံ့တာဝန်များကို ဦးဆောင်ရသည့်အချိန်တွင် မျှော်မှန်းထားသည့် အတိုင်းဖြစ်မလာခဲ့သည့်၊ အားရဖွယ်လုပ်ဆောင်ချက်များမရှိဘဲ ပြည်သူတို့၏ လူမှုစီးပွားဘဝများကို ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ပေးနိုင်မှုများမရှိခဲ့သည့် အစိုးရအဖွဲ့များလည်းရှိကြကြောင်း၊ နိုင်ငံ၏သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါကလည်း ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး တက်လာခဲ့သည့် ပါတီစုံဒီမိုကရေစီ ဒုတိယအစိုးရအဖွဲ့အနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ မျှော်မှန်းထားသည့် အတိုင်းအတာတစ်ခုအထိ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုး စီးပွားကို အမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှုမရှိခဲ့သည်ကို‌ တွေ့မြင်ရမည်ဖြစ်ကြောင်း။ ထို့သို့ဖြစ်ပေါ်ခဲ့မှုကြောင့် ပြည်သူများအနေဖြင့် အာဏာရအစိုးရနှင့် ရွေးကောက် ပွဲအပေါ်အာရုံစိုက်မှုနှင့် အလေးအနက်ထားမှုများလျော့ပါးလာခဲ့ကြပြီး ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများအနက် ၁၄ ရာခိုင်နှုန်းခန့်သာမဲပေးခဲ့ကြကာ No Vote လှုပ်ရှားမှုများအထိပင်ဖြစ်ပေါ် လာခဲ့ကြောင်း၊ ထို့သို့ဖြစ်ပေါ်ခြင်းသည် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာမှုကို ထိခိုက်စေ ခြင်းပင်ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိရေးအတွက် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့မှုများကြောင့် ကြီးမားသည့်မဲစာရင်းကွာဟမှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ရွေးကောက်ပွဲသမိုင်းတွင် အမည်းစက်တစ်ခုအဖြစ် ထင်ကျန်စေခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များကို သင်ခန်းစာယူ၍ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဦးတည်ချက်ထား၍ အမြဲမပြတ်ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနှင့် နိုင်ငံ၏ရေခံမြေခံကောင်းများ၊ အရင်းအမြစ်များကို မှန်မှန်ကန်ကန်ပေါင်းစပ်အသုံးချ၍ ကြိုးပမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း။  နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတက်ရေး ကြိုးပမ်းဆောင်ရွက်
28 اکتبر, 11:09

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြော
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
28 اکتبر, 11:09

အစ္စရေး ရွေးကောက်ပွဲ မဲရေတွက်မှု ပြီးစီးလုနီးပါးဖြစ်ချိန်တွင် နေတန်ယာဟုက ဦးဆောင်လျက်ရှိ မဲရုံများ၏ ၉၃ ရာခိုင်နှုန်းကို ရေတွက်
အစ္စရေး ရွေးကောက်ပွဲ မဲရေတွက်မှု ပြီးစီးလုနီးပါးဖြစ်ချိန်တွင် နေတန်ယာဟုက ဦးဆောင်လျက်ရှိ မဲရုံများ၏ ၉၃ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးခဲ့ရာ စုစုပေါင်း မဲအရေအတွက်၏ ၈၅.၆ ရာခိုင်နှုန်း ရေတွက်ပြီးဖြစ်သည်။ • နေတန်ယာဟု မဟာမိတ်အုပ်စု- ၅၃ နေရာ • အိုင်ဆန်ကော့ မဟာမိတ်အုပ်စု- ၄၈ နေရာ • အာရပ်ပါတီများ- ၁၉ နေရာ
28 اکتبر, 11:08

ဘင်-ဂဗီးရ် (Ben-Gvir) က ဂါဇာစစ်ဘေးဒုက္ခသည်များ ပြင်သစ်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကြရန် တိုက်တွန်း အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘင်-ဂဗီးရ် (Itamar Ben-Gvir) က "ဂါဇာမှာ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်သလဲ" ဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ - ဂါဇာနယ်မြေတစ်ခုလုံးဟာ အစ္စရေးပိုင်ဆိုင်တာကြောင့် နယ်မြေအားလုံးကို သိမ်းပိုက်ရယူရန်၊ - ပြင်သစ်၊ ဗြိတိန် သို့မဟုတ် အခြားဥရောပနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ကြဖို့ တိုက်တွန်းရန်၊ - "ဥပမာ - ကျနော်ဆိုရင် သူတို့ကို ပြင်သစ်ကို ပို့ပစ်လိုက်မှာပါ။ ပြင်သစ်ကို မပို့နိုင်စရာ အကြောင်း ဘာရှိလို့လဲ။"
28 اکتبر, 11:04

AA အဖွဲ့ ၊ PLF အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် ၂၈ ဦးသေနတ်၁၀လက်နှင့်အတူဥပဒေဘောင်အတွင်းဝင်ရောက် NOM
+3
AA အဖွဲ့ ၊ PLF အဖွဲ့နှင့် PDF အမည်ခံအဖွဲ့ဝင် ၂၈ ဦးသေနတ်၁၀လက်နှင့်အတူဥပဒေဘောင်အတွင်းဝင်ရောက် NOM
28 اکتبر, 10:51

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာထရက်ဆာ ပရဲညိုလာဇရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လူသားချင်းစာနာမှုခရီးစဉ် လာရောက် အောက်တိုဘာ ၂၈၊ ၂၀၂၆ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာထရက်ဆာ ပရဲညိုလာဇာရို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ လူသားချင်းစာနာမှုခရီးစဉ် လာရောက်လျက်ရှိသည်။ အထူးကိုယ်စားလှယ်နှင့်အဖွဲ့ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် AHA Centre မှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ အာဆီယံသံရုံးများမှ သံတမန်များပါဝင်သော အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ASEAN Monitoring Team-AMT) နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်ရှိ စိန့်ဖော်စတီနာနိုဗီရှိတ် ဘုရားကျောင်းနှင့် တောင်ကြီးမြို့နယ်၊ ညိုမီးဘုရားကုန်း ကျေးရွာတို့၌ AHA Centre မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အကူအညီဖြင့် ပေးအပ်သည့် လူသားချင်းစာနာမှု အကူအညီများဖြစ်သည့် ဆန်၊ မိသားစုသုံးပစ္စည်းနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများအား အကူအညီလိုအပ်နေသူများထံ ထောက်ပံ့ပေးအပ်နေမှုများကို လေ့လာကြည့်ရှုသည်။ ညနေပိုင်းတွင် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် တောင်ကြီးမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညပိုင်းတွင် ရောက်ရှိခဲ့သည်။ နေပြည်တော်လေဆိပ်သို့ ရောက်ရှိချိန်တွင် အထူးကိုယ်စားလှယ်နှင့်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
28 اکتبر, 10:40

စပိန်ရထားတိုက်မှုသေဆုံးသူ၆၄ဦးရှိလာ NOM စပိန်နိုင်ငံအလယ်ပိုင်းတိုလီဒိုဒေသတွင်မြန်နှုန်းမြင့်ရထားနှင့်ပုံမှန်လူစီးရထားယနေ့တိုက်မိရာသေဆုံးသူ၆၄ဦးအထိရှိလာပြီဖြစ်သည်။
28 اکتبر, 10:25

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ညောင်ဦးမြို့ ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံအား ကွင်းဆင်းစစ်ဆေး အောက်တိုဘာ ၂၈၊ ၂၀၂၆
+3
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ညောင်ဦးမြို့ ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံအား ကွင်းဆင်းစစ်ဆေး   အောက်တိုဘာ ၂၈၊ ၂၀၂၆   မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။   ထိုသို့ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူတို့က ခွဲစိတ်(၂)ထပ်ဆောင် ဆောက်လုပ်ရန်လျာထားမြေနေရာ၊ Heat Stroke Unit ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ရေသန့်စင်စက်တပ်ဆင်ထားမှု၊ ဂါလံ(၂၀၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်နေမှုနှင့် ပြီးစီးသွားပါက သောက်သုံးရေပိုမိုဖြန့်ဝေပေးသွားနိုင်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် ဆေးဝါးကုသမှုခံယူနေကြသူများ အား နှုတ်ဆက်အားပေးစကားများပြောကြား၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆေးရုံအထောက်အကူပြုရန်ပုံငွေနှင့် ဓာတ်ဆားထုပ်များကို လက်ခံခဲ့ကြောင်းသိရသည်။
28 اکتبر, 09:23

လာမည့်သီတင်းပတ် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် အီရန်ကို ဦးတည်သည့် တိုတောင်းသော်လည်း ပြင်းထန်သော စစ်ဆင်ရေးတစ်ခု ဆင်နွှဲနိုင်ခြေရှိကြောင်း အမေရိကန်က ဒေသတွင်းနိုင်ငံများသို့ အကြောင်းကြားလျက်ရှိသည်။
28 اکتبر, 09:16

နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား ပြည်ထောင်စု
+3
နိုင်ငံ့သမိုင်းတွင် မှတ်ကျောက်တင်ခံနိုင်သည့် အစိုးရတစ်ရပ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ နိုင်ငံတကာနှင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်သည့် အစိုးရအဖွဲ့များသည် မဲဆန္ဒရှင်ပြည်သူများ၏ ထောက်ခံအားပေးမှုကို ရရှိကြပြီး သမိုင်းကြောင်းတွင်လည်း နာမည်ကောင်းဖြင့် မှတ်တမ်းကျန်ရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များမှ သင်ခန်းစာယူကာ တိုင်းပြည်သာယာဝပြောရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်ထည့်သွင်းမှာကြားခဲ့သည်။
28 اکتبر, 09:13

"ရုရှားဟာ ယူရို-အတ္တလန္တိတ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အပြင်းထန်ဆုံးနဲ့ ရေရှည်ခြိမ်းခြောက်မှုဖြစ်တယ်လို့ ကျနော်တို့နိုင်ငံတွေက တူညီတဲ့ သုံးသပ်ချက်ကို လက်ခံထားကြပါတယ်" ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော E5 ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း စတပ်ဘ်နှင့် စတိုးရားတို့ ကရင်မလင်သို့ ဖုန်းဆက်သွယ်ခဲ့မှုသည် ယူကရိန်းခေါင်းဆောင် ဗလာဒီမီယာ ဇယ်လင်းစကီးအတွက်မူ ဥရောပထံမှ လာသော ကျယ်လောင်ပြီး မလိုလားသည့် သတိပေးချက်တစ်ခု ဖြစ်နေသည်။ ဒါဟာ ဇယ်လင်းစကီးအတွက် ဥရောပ၏ နိုင်ငံရေးယန္တရားများတွင် မောပန်းနွမ်းနယ်မှုများ စတင်နေပြီဖြစ်ကြောင်းနှင့် ယူကရိန်းအစိုးရအတွက် အချိန်ကုန်လွန်နေပြီဖြစ်ကြောင်း သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
28 اکتبر, 08:53

ဥရောပခေါင်းဆောင်နှစ်ဦး ပူတင်ထံ ဖုန်းဆက်ရခြင်း၏ နောက်ကွယ်၊ အဘယ်ကြောင့် ဂယက်ရိုက်သွားခဲ့သနည်း ဖင်လန်နှင့် နော်ဝေတို့၏ ရုရှားထံ ချဉ်းကပ်မှုက မဟာမိတ်များကို ဂယက်ရိုက်သွားစေခဲ့ပြီး ယူကရိန်းအတွက်လည်း သတိပေးချက် ဖြစ်သွားနိုင်သည်။ အင်္ဂါနေ့က ဖင်လန်နှင့် နော်ဝေ ခေါင်းဆောင်တို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ထံ ဖုန်းဆက်သွယ်ခဲ့မှုသည် လူအများအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။ ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ဖင်လန် သမ္မတဖြစ်လာခဲ့သူ အာလက်ဇန္ဒား စတပ်ဘ် (Alexander Stubb) အနေဖြင့် ရုရှားသမ္မတနှင့် တစ်ကြိမ်မျှ စကားမပြောဖူးသေးသလို၊ နော်ဝေဝန်ကြီးချုပ် ဂျိုနက်စ် ဂါ စတိုးရား (Jonas Gahr Store) သည်လည်း ယူကရိန်းအရေး၊ ရုရှားနှင့် အနောက်အုပ်စုကြား ထိပ်တိုက်တွေ့မှုနှင့် ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်းအကျင်းတို့ လုံးဝခြားနားနေသေးသည့် လွန်ခဲ့သော လေးနှစ်ခွဲကျော် (၂၀၂၂ ခုနှစ် မတ်လ) ကတည်းက ပူတင်နှင့် ဖုန်းမပြောဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ကရင်မလင်နန်းတော် (ရုရှား) ထံ ဆက်သွယ်ခဲ့သည့် ထိုဖုန်းခေါ်ဆိုမှုတွင် အံ့အားသင့်စရာ အချက်သည် ၎င်းတစ်ခုတည်း မဟုတ်ခဲ့ပါ။ အလားတူ ထူးခြားနေသည်မှာ စတပ်ဘ်၏ ထုတ်ပြန်ချက်တွင် ပါရှိသော အလျှော့ပေးလိုသည့် လေသံပင်ဖြစ်သည်။ ဖင်လန်သည် စတပ်ဘ် သမ္မတမဖြစ်မီ မကြာမီကမှ နေတိုး (NATO) အဖွဲ့ထဲ ဝင်ရောက်ခဲ့ပြီး၊ ၎င်း၏လက်ထက်တွင် ကြားနေဝါဒကို စွန့်လွှတ်ကာ ရုရှားဆန့်ကျင်ရေး အစွန်းရောက်သည့် မူဝါဒဘက်သို့ ကူးပြောင်းသွားခဲ့သည်။ သို့သော် ယခုတွင်မူ စတပ်ဘ်သည် လူတစ်ပြောင်းလဲသွားခဲ့သည်။ ပူတင်နှင့် ပြောဆိုခဲ့သည့် စကားဝိုင်းကို ၎င်းက "ဆွေးနွေးမှုဟာ ပွင့်လင်းပြီး အနှစ်သာရရှိပါတယ်။ ကျနော်တို့ဟာ ရုရှားရဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပါတယ်။ ဒီစစ်ပွဲရဲ့ ရလဒ်ဟာ ကျနော်တို့နဲ့ ပိုမိုကျယ်ပြန့်တဲ့ ဥရောပရဲ့ လုံခြုံရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေတာကြောင့် စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် တိုက်ရိုက်ဆွေးနွေးမှုတွေ လိုအပ်ပါတယ်" ဟု ဖော်ပြခဲ့သည်။ နော်ဝေဝန်ကြီးချုပ် စတိုးရားကလည်း ခေါင်းဆောင်နှစ်ဦးသည် ဂရုတစိုက် ရွေးချယ်ထားသော စကားလုံးများကို တစ်ယောက်ထံမှတစ်ယောက် ကူးယူထားသည့်အလား ဆင်တူသော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ အကြီးမားဆုံး အံ့အားသင့်စရာ (သို့မဟုတ်) ဗုံးကြဲလိုက်သကဲ့သို့ ဖြစ်သွားသည့် ကိစ္စမှာမူ ဒိန်းမတ်ဝန်ကြီးချုပ် မက်တဲ ဖရဲဒရစ်ဆင် (Mette Frederiksen) ၏ ထုတ်ဖော်ပြောကြားချက်ဖြစ်သည်။ ဖင်လန်နှင့် နော်ဝေ ခေါင်းဆောင်တို့သည် ဥရောပမဟာမိတ်များ၏ ကိုယ်စား ပြောဆိုခွင့် Mandate လုံးဝမရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ "နော်ဝေနဲ့ ဖင်လန်တို့ရဲ့ ဒီလုပ်ရပ်အပေါ် ကျမ အရမ်းသံသယရှိပါတယ်။ ဒါဟာ ကျန်တဲ့သူတွေနဲ့ ကြိုတင်ညှိနှိုင်းထားတာ မဟုတ်ပါဘူး။ ဒီနိုင်ငံနှစ်ခု အခုလိုလုပ်လို့ ဘာရလာမယ်လို့ ထင်နေလဲဆိုတာ ကျမ တကယ်မသိတော့ပါဘူး" ဟု ဖရဲဒရစ်ဆင်က ၎င်း၏ မကျေနပ်မှုနှင့် ဒေါသကို မဖုံးကွယ်နိုင်ဘဲ သတိပေးပြောကြားခဲ့သည်။ သို့သော် စတိုးရားက ထိုဝေဖန်မှုကို ပြန်လည်ငြင်းဆန်ခဲ့ပြီး ဖုန်းမဆက်မီ မဟာမိတ်များအားလုံးကို ကြိုတင်အကြောင်းကြားခဲ့သလို၊ ဆက်ပြီးနောက်တွင်လည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာသည်မှာ - ဒါဟာ အမှန်တကယ် ဘာလဲ။ ဥရောပ ဗျူရိုကရေစီယန္တရားကို ကျော်လွန်ပြီး နော်ဒစ် (Nordic) ခေါင်းဆောင် နှစ်ဦးက ဥရောပ၏ သဘောတူညီချက်အပေါ် အခြေခံသော ဆုံးဖြတ်ချက်ချစနစ်ကို ခွဲထွက်ကာ ရုရှားနှင့် စကားပြောရန် ရဲရဲဝံ့ဝံ့ စတင်လိုက်သည့် ဥရောပ သင်္ဘောပေါ်မှ ပုန်ကန်မှုတစ်ခုလား။ သို့မဟုတ်ပါက - ယူကရိန်း၏ ဝန်ထုပ်ဝန်ပိုးသည် မသယ်နိုင်၊ မစွန့်ပစ်နိုင်ဘဲ မျက်စိရှေ့တင် ပြိုလဲနေချိန်တွင် ဥရောပခေါင်းဆောင်များက ရုရှားနှင့် တင်းမာမှုကို မြင့်မားစွာ ထိန်းထားရင်း၊ တစ်ဖက်တွင်လည်း ထွက်ပေါက်နည်းလမ်းများကို သတိထားရှာဖွေသည့် ရဲကောင်း၊ ရဲဆိုး (Good Cop and Bad Cop) ကဏ္ဍခွဲ၍ စနစ်တကျ ပေါင်းစပ် သရုပ်ဆောင်လိုက်ခြင်းများလား။ မည်သို့ပင်ဖြစ်စေ ဥရောပ၏ စုပေါင်းဘတ်ဂျက်သည် အချုပ်အနှောင်များ ပြုတ်ထွက်နေပြီး အပေါက်တစ်ခုကို ဖို့ရန် ကြိုးစားလိုက်တိုင်း နောက်ထပ်အပေါက်တစ်ခု ပွင့်လာနေသည်။ ယူကရိန်း၏ အကြီးမားဆုံး ဥရောပအလှူရှင်ဖြစ်သည့် ဂျာမနီသည်ပင် မကျေမနပ် ညည်းတွားသံများ ပိုကျယ်လာပြီး ဝန်ထုပ်ဝန်ပိုးကို အခြားသူများထံ လွှဲပြောင်းရန် ကြိုးစားနေသည်။ သို့သော် ယခုအချိန်ထိ မည်သည့် စေတနာ့ဝန်ထမ်းမျှ ပေါ်မလာသေးပေ။ သို့သော်လည်း ဥရောပ၏ သဘောထား ခရီးစဉ် ပြောင်းလဲသွားပြီဟု ပြောရန်မှာ စောလွန်းပါသေးသည်။ ယမန်နေ့က ပါရီတွင် ကျင်းပခဲ့သည့် E5 ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို ကြည့်ခြင်းဖြင့် ထိုအချက်မှာ ထင်ရှားသည်။ ထိုအုပ်စုတွင် ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ဂျာမနီနှင့် ပိုလန်တို့ ပါဝင်သည်။
28 اکتبر, 08:53

photo content
28 اکتبر, 08:53

မြန်မာ-ရုရှား နှစ်နိုင်ငံ သတ္တုတူးဖော်ရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး သတ
+5
မြန်မာ-ရုရှား နှစ်နိုင်ငံ သတ္တုတူးဖော်ရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး သတ္တုတူးဖော်ထုတ်လုပ်မှုမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ပူးပေါင်းဆောင်ရွက်ရေး ဦးတည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံအခြေစိုက် Areal Group of Companies ၏ အကြီးအကဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည့် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အဆင့်မြင့်နည်းပညာများနှင့် ပညာတတ်လူသားအရင်းအမြစ်များကို အသုံးပြုကာ သတ္တုစတင်တူးဖော်ထုတ်လုပ်ခြင်းမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများကို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
28 اکتبر, 08:53

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ
+3
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့်အဖွဲ့များ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးများ ကြည့်ရှုစစ်ဆေး အောက်တိုဘာ ၂၈၊ ၂၀၂၆ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်သည် အောက်တိုဘာ(၂၈)ရက် ယနေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့တွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဌာနဆိုင်ရာရုံးလုပ်ငန်း ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့မရဲစခန်းပြုပြင်ပြီးစီးမှု၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအဆောက်အဦပြုပြင်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးအားလည်းကောင်း၊ စီမံကိန်းရေးဆွဲရေးဌာန၊ ခရိုင်နှင့်မြို့နယ်စီမံကိန်း ဦးစီးရုံးပြုပြင်ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ် အဆောက်အဦပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဖလမ်းမူလတန်းကြိုကျောင်းသို့သွားရောက်ပြီး ကလေးငယ်များအတွက် အာဟာရများထောက်ပံ့ပေးအပ်ကာ ကလေးများ၏ကဗျာရွတ်ဆိုနေမှုအား ကြည့်ရှုအားပေးသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံကြီးအတွက် အသစ်ရောက်ရှိလာသော Mobile Digital X-ray တပ်ဆင်ပြီးစီးမှုနှင့် လူနာများအား စတင်ရိုက်ကူးပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ Mobile Digital X-ray ဓါတ်မှန်အသစ် တပ်ဆင်အသုံးပြုခြင်းဖြင့် ဒေသခံများအားရောဂါရှာဖွေရာတွင် ပိုမိုတိကျစွာဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။ အလားတူ အောက်တိုဘာလ(၂၇)ရက် ညနေပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့်အဖွဲ့ဝင်များသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တို အိတ်ချိန်း/မိုက္ကဝေ့စခန်း အဆောက်အဦပြုပြင်ပြီးစီးမှု အခြေအနေနှင့်ဆက်သွယ်ရေးကုန်းအတွင်းရှိ ဖလမ်းမြို့ပင်မရေပေးဝေရေးကန် ရေဂါလံတစ်သိန်းဆန့်ရေလှောင်ကန်နှင့် လှုရ်မှုန်ရိပ်သာအနီးရှိ မြို့တွင်းရေဖြန့်ဝေကန် ရေဂါလံ နှစ်သောင်းခွဲဆံ့တစ်လုံးနှင့် တစ်သောင်းဆံ့ ၁လုံးမှတစ်ဆင့် မြို့တွင်းရေ ဖြန့်ဝေပေးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးသည်။ ဖလမ်းမြို့ (၈)ရပ်ကွက်အား ရေဂါလံတစ်သိန်းဆံ့ ပင်မရေလှောင်ကန် (၄)လုံး၊ မြို့တွင်းဖြန့်ဝေကန် (၃၉)လုံးဖြင့် သောက်သုံးရေများ လုံ‌လောက်စွာဖြန့်ဝေ ပေးလျက်ရှိကြောင်းသိရသည်။
28 اکتبر, 08:38

◾မနေ့က ကျင်းပခဲ့တဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ တတိယကော်မတီရဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ဆိုင်ရာ ဆွေးနွေးပ
◾မနေ့က ကျင်းပခဲ့တဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ တတိယကော်မတီရဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုမှာ…ကျော်မိုးထွန်းက အစီရင်ခံစာ တစ်စောင် တင်သွင်းဖတ်ပြရင်း…၂၀၂၆ခုနှစ်ရဲ့ အကယ်ဒမီစာရင်းဇာတ်ကားထဲက ဇာတ်ဝင်ခန်းလိုမျိုး ငိုချခဲ့တယ်။ -——— ◾နိုင်ငံတကာမှာ…ယောကျ်ားရင့်မာကြီးတစ်ယောက်က ငိုတယ်ဆိုတာ အတော်လေးရှားတဲ့ ကိစ္စပဲ။ ဘယ်ယောကျ်ားမှလည်း အဲ့လိုမငိုဘူး။ ပိုဆိုးတာက…ကုလသမဂ္ဂစင်မြင့်ဆိုတာ… နိုင်ငံရေးအတွန်း အတိုက်တွေနဲ့ ကစားကြရတဲ့ Play Ground နေရာတစ်ခု။ ဒါပေမယ့် NUG ကို ကိုယ်စားပြုပြီး ဒီနေရာမှာ ဆက်ရှိနေခွင့်ကလည်း သူ့အတွက် သေရေးရှင်ရေးသမျှ အရေးကြီးတယ်။ ဒီတော့လည်း သောက်ရှက်ရှိတာ၊ မရှိတာ နောက်ထား။ လူတွေသနားဖို့ အရေးကြီးတယ်ဆိုတဲ့ အကယ်ဒမီ အကွက်ခင်းသွားတဲ့ ကျော်မိုးထွန်းရဲ့ လုပ်ရပ်က အတော်လေး အထူးအဆန်းတော့ ဖြစ်သွားကြမှာပဲ။ ———— ◾ ခက်တာက….ကုလသမဂ္ဂမှာ ငိုပြခဲ့တဲ့ ကျော်မိုးထွန်းက သိပ်ကို ရိုးသား(ခြောက်ပစ်ကင်းသဲလဲစင်)ပြီး တော်လှန်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားခဲ့တဲ့သူဆိုရင်တော့ တစ်မျိုး။ နိုင်ငံတော်ကို CDM လုပ်ပါတယ်ဆိုပြီး Bank of America ထဲက ဒေါ်လာ ၂.၇၆ သန်းနဲ့ ယူရို ၃၈၂၃၃.၆၂ သန်းကို လက်သုံးချောင်းထောင်ပြပြီး ၂၀၂၅ နှစ်ကုန်အထိ မကုန်မချင်း၊ တစ်နိုင်ငံလုံးအသိ ဖြောင်သွားတဲ့ ကိစ္စတွေ ကျူးလွန်ထားတဲ့သူတစ်ယောက်၊ ကိုယ်ကျင့်တရားနဲ့ စာရိတ္တပိုင်းမှာ ချို့ယွင်းချက်ရှိနေ တဲ့သူ တစ်ယောက် က ခုလို ငို ပြလိုက်ရုံနဲ့….သနားစရာတစ်ယောက်အဖြစ်ကွင်းလွတ်ကျွတ် လွတ်စရာ အကြောင်းမရှိ။ ——— ◾ ဘယ်သူတွေက ဘယ်လိုပဲထောက်ပြ၊ ထောက်ပြ၊ …ဒီစာရင်းဇယားတွေကို မရှင်းဘဲ အရှက်မရှိ နေနိုင်တာကလည်း နည်းတဲ့ ဂုဏ်သိက္ခာမဟုတ်။ တကယ်ဆို CDM လုပ်ထားပြီးရင်….နိုင်ငံတော်ဘဏ်ထဲ က ငွေကြေးဆိုတာ…ထိစရာကိစ္စမှမဟုတ်ဘဲ။ ကိုယ်က ဒီအစိုးရကို မကြိုက်တော့လည်း CDM လုပ်တယ်လည်း ဆိုသေး၊ နိုင်ငံပိုင်တဲ့ ဒေါ်လာ သန်းချီကို ကိုယ့်ကအကျိုးစီးပွားအတွက် ဘုံးတဲ့ ကိစ္စကို မှားကြောင်း၊ ရှင်းသင့်တယ်လို့ ယူဆကြတဲ့ နီပိန်းတွေ မရှိကြတာကလည်း အဆိုးတကာ အဆိုးဆုံးပဲ။ ဒါလည်း သူ့အရပ်နဲ့ သူ့ဇာတ်ပဲ ဖြစ်မယ်ထင်ပါတယ်။ (နရီမိုး)
28 اکتبر, 08:37

စပိန်နိုင်ငံတွင် ယနေ့ဖြစ်ပွားခဲ့သည့် ရထားမတော်တဆမှု ရုပ်သံမှတ်တမ်းကို စပိန်ရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။ နောက်ဆုံးရရှိထားသည့် သတင်းများအရ ခရီးသည်တင်ရထားနှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး ၁၇၉ ဦး ဒဏ်ရာရရှိခဲ့သည်။
28 اکتبر, 08:36

နေပြည်တော်တွင်ယာဉ်တိုက်မှုဖြစ်နှစ်ဦးသေဆုံး NOM၊အောက်တိုဘာ၂၈၊၂၀၂၆ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ စံပယ်လမ်း
နေပြည်တော်တွင်ယာဉ်တိုက်မှုဖြစ်နှစ်ဦးသေဆုံး NOM၊အောက်တိုဘာ၂၈၊၂၀၂၆ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ စံပယ်လမ်းနှင့် တော်ဝင်ရတနာလမ်းထောင့်တွင်ယာဥ်တိုက်မှုဖြစ်ခဲ့ရာနှစ်ဦး‌ သေဆုံးသွား‌ ကြောင်းလူမှုကူညီရေးအသင်းမှသိရသည်။ ဖြစ်စဥ်မှာ‌အောက်တိုဘာ၂၈ရက်ည‌ နေ၃နာရီမီနစ်၅၀ခန့်ကဆိုင်ကယ်နှင့် မြေသယ်ယာဉ်တိုက်မိခဲ့ရာဆိုင်ကယ်ပေါ်ပါအမျိုးသားနှစ်ဦး‌သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်းသေဆုံးသူများကိုလူငယ်တွဲလက်လူမှုကူညီရေးအသင်းကနေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးမြေသယ်ယာဉ်၊ယာဉ်မောင်းအားဥပဒေအရအရေးယူထားကြောင်းသိရသည်။
28 اکتبر, 08:19

လှိုင်သာယာတွင် အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ခန္ဓာကိုယ်တွင် အပူလောင်ဒဏ်ရာများရရှိပြီးသေဆုံး NOM အောက်တိုဘာ ၂၈၊ ၂၀၂၆ ရန်ကုန်တိ
+1
လှိုင်သာယာတွင် အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦး ခန္ဓာကိုယ်တွင် အပူလောင်ဒဏ်ရာများရရှိပြီးသေဆုံး NOM အောက်တိုဘာ ၂၈၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ၂၀ ရပ်ကွက်၊ မင်းကျော်စွာ ၉ လမ်း၊ အမှတ် (-) နေ မသင်းသင်းအေး (၃၅ နှစ်)၏ နေအိမ်တွင် အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်၌ ကလေးငယ်တစ်ဦးသည် ခန္ဓာကိုယ်တွင် အပူလောင်ဒဏ်ရာများ၊ အညိုအမဲဒဏ်ရာများ၊ ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။ အဆိုပါသတင်းအရ ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက်လေးနှစ်အရွယ် မယွန်းယွန်း (မိဘများ၏ အမည်များမသိ) ဖြစ်ပြီး ဦးခေါင်းငယ်ထိပ် အပူလောင်ပြဲဒဏ်ရာ၊ နဖူးညိုမဲပွန်းဒဏ်ရာများ၊ နားနှစ်ဖက်ပွန်းဒဏ်ရာ၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်အပူလောင်ဒဏ်ရာ၊ ဝဲပေါင်အပူလောင်ဒဏ်ရာ၊ တင်ပါးအပူလောင်ဒဏ်ရာ၊ မိန်းမကိုယ်အပူလောင်ဒဏ်ရာ၊ ဝဲ/ယာဒူးပွန်းဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် မသင်းသင်းအေးအား စစ်ဆေးမေးမြန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇွန်လပိုင်းက မသင်းသင်းအေးနှင့် ညီအစ်မဝမ်းကွဲတော်စပ်သူ အညာသူမ (အမည်အရင်းမသိ) (၃၂ နှစ်) မှ ဖုန်းဖြင့်ဆက်သွယ်လာပြီး ၎င်းသည် ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်နိုင်ရေးအတွက် ၎င်း၏သမီးဖြစ်သူ မယွန်းယွန်း အားလာရောက်ခေါ်ဆောင်ထိန်းသိမ်းပေးရန်နှင့် ကလေးထိန်းသိမ်းခ တစ်လလျှင် (၂) သိန်းကျပ်ပေးမည်ဖြစ်ကြောင်းပြောသဖြင့် သွားရောက်ခေါ်ဆောင်ထားခဲ့ကြောင်း၊ ခေါ်ဆောင်လာပြီးနောက် မယွန်းယွန်း၏ မိခင်ဖြစ်သူ ဒေါ်အညာသူမနှင့် (၂) ကြိမ်ခန့်သာအဆက်အသွယ်ရခဲ့ပြီး နောက်ပိုင်းတွင် အဆက်အသွယ်ပြတ်သွားခဲ့ကြောင်း၊ မယွန်းယွန်းတွင်ရရှိခဲ့သောဒဏ်ရာများမှာ လွန်ခဲ့သော ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က နေအိမ်တွင် မယွန်းယွန်းသည်လဆော့ကစားရာမှ ချက်လက်စထမင်းအိုးအားတိုက်မိပြီး ထမင်းရည်ပူလောင်၍ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ညိုမဲပွန်းဒဏ်ရာများမှာ နေအိမ်ပေါ်မှ ပြုတ်ကျ၍ရရှိသော ဒဏ်ရာများဖြစ်ကြောင်းနှင့် ရရှိသောဒဏ်ရာများအား ကုသပေးရန်အတွက် ဆေးဖိုးဝါးခမရှိ၍ ကုသခဲ့ခြင်းမရှိကြောင်းပြောပြခဲ့သည်။ ရဲတပ်ဖွဲ့က သေဆုံးသူအလောင်းအား လှိုင်သာယာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ မှုခင်းဆရာဝန်ကြီးက လက်ခံစစ်ဆေးခဲ့ပြီး ရင်ခွဲစစ်ဆေးချက်အရ မယွန်းယွန်းသည် အပူလောင်ဒဏ်ရာများရရှိပြီး နောက်ဆက်တွဲအဖြစ် ခန္ဓာကိုယ်အတွင်း ပိုးဝင်ခြင်းကြောင့် သွေးဆိပ်တက်သေဆုံးခြင်းဖြစ်ကြောင်းနှင့် နဖူး၊ ဝဲ/ယာနားရွက်၊ မေးစေ့တို့တွင်ရရှိသော သွေးခြေဥပွန်းဒဏ်ရာများသည် သေစေနိုင်သော ဒဏ်ရာများမဟုတ်ကြောင်း စစ်ဆေးသိရှိခဲ့ရသဖြင့် မယွန်းယွန်းတွင် သေစေနိုင်သော အပူလောင်ဒဏ်ရာများနှင့် ပေါက်ပြဲညိုမဲပွန်းဒဏ်ရာများရရှိသည်ကို သိလျက်နှင့် ပေါ့လျော့စွာဖြင့် နီးစပ်ရာဆေးရုံဆေးခန်းသို့သွားရောက်၍ ဆေးကုသပေးခြင်းမရှိခဲ့ဘဲ မယွန်းယွန်းသည်ရရှိသောအပူလောင်ဒဏ်ရာများကြောင့် ပိုးဝင်၍ သွေးဆိပ်တက်သေဆုံးခဲ့ခြင်းကြောင့် ဥပဒေအရအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
28 اکتبر, 06:18

UAE သည် ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ဟူသီများအား လျှို့ဝှက်ကူညီနေကြောင်း အစီရင်ခံစာတစ်စောင်တွင်
UAE သည် ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ဟူသီများအား လျှို့ဝှက်ကူညီနေကြောင်း အစီရင်ခံစာတစ်စောင်တွင် ဖော်ပြ ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့ကို အံ့အားသင့်ဖွယ် သစ္စာဖောက်မှုအဖြစ် အမေရိကန်နှင့် အစ္စရေး၏ နီးကပ်မဟာမိတ်ဖြစ်သည့် UAE အာရပ်စောဘွားများပြည်ထောင်စုသည် ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ဟူသီအဖွဲ့ကို တိတ်တဆိတ် ကူညီပေးနေကြောင်း သတင်းရင်းမြစ် (၄) ခုကို ကိုးကား၍ Drop Site ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ UAE နှင့် နီးစပ်သော ယီမင်တပ်ဖွဲ့များသည် ဟူသီများအား ပစ်မှတ်ရှာဖွေရာတွင် ကူညီပေးခဲ့ပြီး UAE ကိုယ်တိုင်ကလည်း ထောက်လှမ်းရေးသတင်းများကို တိုက်ရိုက်မျှဝေပေးခဲ့သည်။ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက UAE အား ထိုသို့ကူညီနေခြင်းများကို ရပ်တန့်ရန် သတိပေးခဲ့သော်လည်း အကူအညီပေးမှုများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ ဂျိုင်းအန့်စ်တပ်မဟာများ Giants Brigades နှင့် တောင်ပိုင်းခွဲထွက်ရေးသမားများ ပါဝင်သည့် UAE ကျောထောက်နောက်ခံပြု အုပ်စုများသည် ဟူသီများကို တိုက်ခိုက်ရန် ငြင်းဆန်နေကြပြီး အဓိကရှေ့တန်းစစ်မျက်နှာပြင်များရှိ စခန်းများကို စွန့်ခွာသွားကြသည်။ ဟူသီအကြီးတန်းအရာရှိတစ်ဦးကမူ UAE ၏ “ကြားနေမှု” ကို ကိုးကား၍ ထိုအကူအညီပေးမှုကို ငြင်းဆိုခဲ့သော်လည်း ဆော်ဒီအစိုးရထံ ပြင်းထန်သော သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ စစ်ပွဲကို အဆုံးသတ်ပြီး ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးခြင်းဖြင့် နောက်ပိုင်းတွင် "ဆော်ဒီကို ဆန့်ကျင်သည့် ယီမင်-UAE မဟာမိတ်ဖွဲ့စည်းမှု" မဖြစ်ပေါ်အောင် တားဆီးနိုင်မည်ဖြစ်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်သည်။ ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့သည် စစ်ပွဲအတွင်း ပြိုလဲနေရုံမျှမကဘဲ ၎င်း၏ ပင်လယ်ကွေ့ မဟာမိတ်ကိုယ်တိုင်နောက်ကျောကို ဓားနှင့်ထိုး ဖျက်လိုဖျက်ဆီးလုပ်ဆောင်ခြင်းကိုပါ ခံနေရခြင်း ဖြစ်သည်။
28 اکتبر, 03:24