ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

News Of Myanmar

News Of Myanmar

Открыть в Telegram

📈 Аналитический обзор Telegram-канала News Of Myanmar

Канал News Of Myanmar (@newsofmyanmar) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 494 подписчиков, занимая 16 799 место в категории Новости и СМИ и 10 308 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 494 подписчиков.

Согласно последним данным от 12 ноября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -154, а за последние 24 часа — -7, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 5.61%. В первые 24 часа после публикации контент обычно набирает 4.65% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 645 просмотров. В течение первых суток публикация набирает 534 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 10.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Благодаря высокой частоте обновлений (последние данные получены 13 ноября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.

11 494
Подписчики
-724 часа
-267 дней
-15430 дней
Архив постов
ဆရာစံလမ်း World Wide KTV မှ မူးယစ်ဆေးရောင်းချသူ ဝန်ထမ်းငါးဦးအား ဖမ်းမိ၊ တစ်ဦးထွက်ပြေးတိမ်းရှောင်နေ NOM နိုဝင်ဘာ ၆၊ ၂၀၂၆ မူးယစ
ဆရာစံလမ်း World Wide KTV မှ မူးယစ်ဆေးရောင်းချသူ ဝန်ထမ်းငါးဦးအား ဖမ်းမိ၊ တစ်ဦးထွက်ပြေးတိမ်းရှောင်နေ NOM နိုဝင်ဘာ ၆၊ ၂၀၂၆ မူးယစ်နှိမ်နှင်းရေးပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၅ ရက် ည ၇း၁၀ နာရီအချိန်တွင် သတင်းအရ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက်၊ဆရာစံလမ်းပေါ်ရှိ World Wide KTV ကို ဝင်ရောက်ရှာဖွေရာ ဆိုင်ဝန်ထမ်းငါးဦးကို မူးယစ်ဆေးများဖြင့်ဖမ်းမိပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားကြောင်းသိရသည်။ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းရရှိထားသည့် ဆိုင်ဝန်ထမ်း ခင်မူယာကျော် (ခ) ဂူးဂူးအားရှာဖွေရာ ပလတ်စတစ်အိတ်အတွင်းမှ စိတ်ပြောင်းဆေး Happy Water အမှုန့် ၅ ဂရမ်ပါသုံးထုတ် (ကာလတန်ဖိုးကျပ် ၁၂ သိန်း)၊ကက်တမင်းစိတ်ပြောင်းဆေး ၀.၅ ဂရမ်ပါ သုံးထုတ်(ကာလတန်ဖိုး ကျပ်တစ်သိန်းနှစ်သောင်း)ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းမိတရားခံ ခင်မူယာကျော်ကို စစ်မေးရာ အဆိုပါဆေးများကို ဆိုင်ဝန်ထမ်း သီရိလွင်ထံမှ ရရှိကြောင်းသိရသဖြင့် သီရိလွင်ကို ဆိုင်အတွင်းဖမ်းဆီးခဲ့သည်။ သီရိလွင်၏ ထွက်ဆိုချက်အရ အဆိုပါဆေးများကို ဆိုင်ဝန်ထမ်းကောင်းကောင်းခန့် (ခ) ကောင်းခန့်ထံမှရကြောင်းထွက်ဆိုသဖြင့် ကောင်းကောင်းခန့်ကိုဆိုင်အတွင်း၌ ဖမ်းဆီးရမိခဲ့သည်။ ကောင်းကောင်းခန့်၏ ထွက်ဆိုချက်အရ အဆိုပါမူးယစ်ဆေးများကိုဆိုင်ဝန်ထမ်း လျှမ်းထက်ထံမှရရှိကြောင်းထွက်ဆိုသဖြင့် လျှမ်းထက် အားဖမ်းဆီးရန်ရှာဖွေရာ လျှမ်းထက်သည် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ ဖမ်းဆီးရမိ တရားခံများ၏ထွက်ဆိုချက်အရ စိတ်ပြောင်းမူးယစ်ဆေးများကို ဆိုင်အတွင်းရောင်းချခွင့်ပြုသူ စားပွဲထိုးခေါင်းဆောင် အောင်မင်းလွင်နှင့် မန်နေဂျာဝဏ္ဏခင်ဌေးတို့ကို ဖမ်းဆီးရှာဖွေရာ ဧည့်ကြိုကောင်တာအတွင်းမှ စိတ်ပြောင်းဆေးသုံးစွဲရာတွင် အသုံးပြုသည့် ပန်းကန်လေးချပ်၊ ဖန်ခွက် ၂၄ လုံး၊ တူတစ်ချောင်း၊ အအေးစုပ်ပိုက်သုံးခုကိုရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းပြီးတရားခံငါးဦးကို ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။

+1
ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအတွင်းပြုလုပ်နေသည့် အထူးစစ်ဆင်ရေး (SMO) ဧရိယာအတွင်း Mi-28NM “Night Hunter” တိုက်ခိုက်ရေးရဟတ်ယာဉ်ပေါ်မှ တန်ဖိုးနည်း Dan-T ခရုစ်ဒုံးကျည်များကို ပစ်ခတ်သည့် ရုပ်သံမှတ်တမ်းကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်သည်။

+1
ရုရှားတပ်မတော်သည် ယူကရိန်းနိုင်ငံအတွင်းပြုလုပ်နေသည့် အထူးစစ်ဆင်ရေး (SMO) ဧရိယာအတွင်း Mi-28NM "Night Hunter" တိုက်ခိုက်ရေးရဟတ်ယာဉ်ပေါ်မှ တန်ဖိုးနည်း Dan-T ခရုစ်ဒုံးကျည်များကို ပစ်ခတ်သည့် ရုပ်သံမှတ်တမ်းကို ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်သည်။

မိုင်းနောင်မြို့နယ် ဝမ်လီကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၇ ဦး ဖမ်းဆီးရမိ နိုဝင်ဘာ ၆၊ ၂၀၂၆
+3
မိုင်းနောင်မြို့နယ် ဝမ်လီကျေးရွာအနီး အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၇ ဦး ဖမ်းဆီးရမိ နိုဝင်ဘာ ၆၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့နယ်၊ ဝမ်လီကျေးရွာအနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား ၁၇ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စုံစမ်းရှာဖွေခဲ့ရာ နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ဝမ်လီကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူများနှင့်အတူ Starlink ၅ လုံး၊ All-in-One ကွန်ပျူတာ ၂၀ လုံး၊ ဖုန်းမျိုးစုံ ၅၀ လုံး၊ မီးစက်ကြီး ၁ လုံး၊ Freezer ၁ လုံး၊ ယာယီလူနေတဲ ၂ လုံး၊ လုပ်ငန်းသုံးယာယီတဲ ၃ လုံး၊ စားချက်ဆောင် ၁ လုံး၊ ပစ္စည်းစတိုခန်း ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ငပြီကျွန်း၊ ရွာမဒေသရှိ အကြမ်းဖက် AA သူပုန်များကို ရှာဖွေချေမှုန်းခြင်း။ နိုဝင်ဘာ ၆၊ ၂၀၂၆

ငပြီကျွန်း၊ ရွာမဒေသရှိ အကြမ်းဖက် AA သူပုန်များကို ရှာဖွေချေမှုန်းခြင်း။ နိုဝင်ဘာ ၆၊ ၂၀၂၆

ငပြီကျွန်း၊ ရွာမဒေသရှိ အကြမ်းဖက် AA သူပုန်များကို ရှာဖွေချေမှုန်းခြင်း။ နိုဝင်ဘာ ၆၊ ၂၀၂၆

ငပြီကျွန်း၊ ရွာမဒေသရှိ အကြမ်းဖက် AA သူပုန်များကို ရှာဖွေချေမှုန်းခြင်း။ နိုဝင်ဘာ ၆၊ ၂၀၂၆

ဗက်အယ်လ်မန်ဒက် (Bab al-Mandab) အရှေ့ဘက်ရှိ မဟာဗျူဟာမြောက် ကာဘွတ် (Kahboub) တောင်တန်းဒေသအသီးသီးမှ ဆော်ဒီအရာရှိ ဘေဒါ အယ်လ်ဟာဘီ ဦးဆောင်သော ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များကို ဟူသီလက်နက်ကိုင်အဖွဲ့က မောင်းထုတ်ရှင်းလင်းခဲ့သည့် ရုပ်သံမှတ်တမ်း - ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ခိုလမ်မြို့တွင် ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို နိုဝင်ဘာ ၆၊ ၂၀၂၆ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာ
+9
ခိုလမ်မြို့တွင် ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို နိုဝင်ဘာ ၆၊ ၂၀၂၆ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေခက်များနှင့် တိုင်းရင်းသားရိုးရာ အတီး၊ အမှုတ်၊ အကအခုန်များဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ဒုတိယတိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

+1
ဟော်မုဇ် ရေလက်ကြားတွင် ရေနံတင်သင်္ဘော နှစ်စီး မိုင်းထိမှန်။ အဆိုပါ ဖြစ်စဉ်ကြောင့် အကြီးအကျယ် ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့သည်။

စာသင်ဆောင်များ တည်ဆောက်ရာတွင် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများအတွက် ဘေးကင်းလုံခြုံရေးကို ကြိုတင်ထည့်သွင်းတွက်ချက်ရန်
+3
စာသင်ဆောင်များ တည်ဆောက်ရာတွင် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများအတွက် ဘေးကင်းလုံခြုံရေးကို ကြိုတင်ထည့်သွင်းတွက်ချက်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်၌ လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များနယ်မြေအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက စာသင်ဆောင်များသည် လူအများအပြား စုဝေးအသုံးပြုကြသည့် အဆောက်အအုံများဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနိုင်ရေး၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ အစီအမံများကို တည်ဆောက်ရေးလုပ်ငန်းများတွင် ကြိုတင်ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံရှိ ယူကရိန်းသို့ လက်နက်တင်ပို့နေသည့် စက်ရုံမီးလောင်ကျွမ်း လက်နက်ငယ်များနှင့် နည်းဗျူဟာမြောက် ဆက်စပ်ပစ္စည်းမျာ
+5
ဆွစ်ဇာလန်နိုင်ငံရှိ ယူကရိန်းသို့ လက်နက်တင်ပို့နေသည့် စက်ရုံမီးလောင်ကျွမ်း လက်နက်ငယ်များနှင့် နည်းဗျူဟာမြောက် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့် B&T ကုမ္ပဏီ၏ ထွန်း (Thun) မြို့ရှိ စက်ရုံတွင် အကြီးအကျယ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ထုတ်လုပ်မှု အဆောက်အအုံများ၊ ကုန်လှောင်ရုံများ၊ ပင်မအရောင်းဆိုင်နှင့် မိုးလုံလေလုံ ပစ်ခတ်လေ့ကျင့်ကွင်းတို့ ထိခိုက်ပျက်စီးခဲ့သည်။ ရဲတပ်ဖွဲ့နှင့် စက်ရုံစီမံခန့်ခွဲသူများက ဤဖြစ်စဉ်ကို ရှို့မီးကြောင့်ဟု အဓိကယူဆ စုံစမ်းနေကြသည်။ ဗီဒီယို မှတ်တမ်းများအရ အနက်ရောင် အဝတ်အစား ဝတ်ဆင်ထားသူအချို့သည် အဆောက်အအုံအနီးရှိ သစ်သားသေတ္တာများပေါ်သို့ မီးလောင်စေသော အရောအနှောများ ပစ်ပေါက်ခဲ့သည်ဟု သိရသည်။ ခန့်မှန်းချက်များအရ ပျက်စီးဆုံးရှုံးမှုတန်ဖိုးသည် ဆွစ် ဖရန့် သန်း ၂၀ အထိ ရှိနိုင်သည်။ B&T ကုမ္ပဏီသည် ယူကရိန်း လုံခြုံရေးတပ်ဖွဲ့များထံ APC9 PRO-G စက်လတ်များကို တင်ပို့ရောင်းချထားပြီး ဒေသတွင်း ကုမ္ပဏီအချို့ကလည်း B&T ၏ APR စနိုက်ပါရိုင်ဖယ်နှင့် GL-06 ဗုံးပစ်လောင်ချာလောင်ချာများကို လိုင်စင်ယူ၍ ထုတ်လုပ်လျက်ရှိသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများအား ကြိုဆို၊ ဖလမ်းမြို့ နယ်စပ်ဒေသ တ
+3
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့ နေရပ်ပြန်ပြည်သူများအား ကြိုဆို၊ ဖလမ်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အဆောက်အဦ ပြင်ဆင်ပြီးစီးမှုအခြေအနေနှင့် ဟားခါးမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ကွင်းဆင်းစစ်ဆေး နိုဝင်ဘာ ၆၊ ၂၀၂၆   ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် နိုဝင်ဘာလ (၅)ရက်နေ့တွင် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး နေရပ်ပြန်လာသည့် ဒေသခံများအား နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်သည်။   ရှေးဦးစွာ နိုဝင်ဘာလ (၅)ရက် မနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကာ သင်တန်းသားအိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာနှင့် စတိုခန်းများ ရာနှုန်းပြည့် ပြုပြင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြင်ဆင်ဆောင်ရွက်သွားရန်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။   ဆက်လက်ပြီး ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကလေး-ဖလမ်း-ဟားခါးလမ်း ဖလမ်းမြို့အဝင် လွတ်လပ်ရေးဆုတောင်းပြည့်စေတီရှေ့တွင် ဖလမ်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကလေးမြို့မှ ဖလမ်းမြို့သို့ နေရပ်ပြန်လာသည့် ‌ဒေသခံပြည်သူများအား ကြိုဆိုနှုတ်ဆက်ကြပြီး၊ သက်ဆိုင်ရာဌာနများမှ စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် နေရပ်ပြန် ပြည်သူ (၁၀၀)ကျော်အား အာဟာရများ ထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။   ယခုအခါ ဖလမ်းမြို့တွင် ဌာနဆိုင်ရာရုံးများနှင့် ‌ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ ‌ဒေသခံများ၏ လူမှုစီးပွားဘဝများ ပုံမှန်လည်ပတ်နေပြီဖြစ်သည့်အပြင် ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်ကာ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာများ ထုတ်ပေးနေပြီဖြစ်သည့်အတွက် နေရပ်ပြန်လာသူ ပိုမိုများပြားလာကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နေသည့်နည်းတူ ဖလမ်းမြို့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများမှလည်း ပြည်သူများ နေရပ်ပြန်လာနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်နေကြောင်း သိရသည်။   ဆက်လက်ပြီး နိုဝင်ဘာလ (၆)ရက်နေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဟားခါး)သို့ သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည်  ကျောင်းသား၊ ကျောင်းသူများ အိပ်ဆောင်ခင်းကျင်းထားရှိမှု၊ အဝတ်စတို၊ စာကြည့်တိုက်၊ စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီးတာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆောင်ရွက်မှု၊ ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်တန်းအောင်မြင်မှုအခြေအနေ၊ သင်တန်းကျောင်းအတွင်း စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ဟားခါးမြို့တွင် ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ပလက်ဝမြို့နယ်များမှ ‌ဒေသခံကျောင်းသား၊ ကျောင်းသူ (၉၀)ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။

သမိုင်းဝင်အမွေအနှစ် အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပစ္စုပ္ပန်မျိုးဆက်တွင် တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတ လမ်းညွှန
+6
သမိုင်းဝင်အမွေအနှစ် အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပစ္စုပ္ပန်မျိုးဆက်တွင် တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၏ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံများကို ဘိုးဘွားဘီဘင်များက တည်ဆောက်ထိန်းသိမ်းခဲ့ကြသကဲ့သို့အဆိုပါ သမိုင်းဝင်အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပစ္စုပ္ပန်ကာလတွင် နေထိုင်ကြသည့် မိမိတိုမျိုးဆက်သစ်များတွင်လည်း တာဝန်ရှိကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Polytechnic University များ ညှိနှိုင်းစည်းဝေး နိုဝင်ဘာ ၅၊ ၂၀၂၆ သိပ္ပံနှင့်နည်းပညာဝန
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Polytechnic University များ ညှိနှိုင်းစည်းဝေး နိုဝင်ဘာ ၅၊ ၂၀၂၆ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် Poly-technic University များ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Poly-technic University အစည်း အဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပြုစုပျိုးထောင် ဦးစွာ ပြည်ထောင်စုဝန်ကြီးက Polytechnic University ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသည် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍမြှင့်တင်ရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နည်းပညာကျွမ်းကျင်မှု၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ကျောင်းသားလူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံပြီး ကျန်းမာကြံ့ခိုင်ကာ ပညာရေး၊ လူမှုရေးနှင့် စည်းကမ်းပိုင်း ဆိုင်ရာများတွင် ထူးချွန်ပြည့်ဝသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက သင်ရိုးညွှန်းတမ်းများကို လုပ်ငန်းခွင်လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ Outcome-Based Education(OBE) စနစ်ကို ထိရောက်စွာအကောင်အထည်ဖော်ရေးနှင့် ခေတ်ကာလ၏ လိုအပ်ချက်များနှင့်အညီ တက္ကသိုလ်များတွင် Digital Transformation ကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ သင်ကြားသင်ယူမှုဆိုင်ရာဆောင်ရွက်ချက်များ၊ အားသာချက်များ၊ အားနည်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။ အဆိုပါ Polytechnic Uni-versity၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ သာမက ဥရောပတစ်ဝန်းလုံးနှင့် သက်ဆိုင်နိုင်သည့် “ကြီးမားသော သဘောတူညီချက်” တစ်ခုကို ပြင်ဆင်နေကြောင်း သမ္မတထရမ့်ပြောကြား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ပူတင်၏ အထူးကိုယ်စားလှယ် ကီရေးလ် ဒမီထရီးယက်ဗ် (Kirill Dmitriev) နှင့် ယနေ့ အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ယူကရိန်း ကိုယ်စားလှယ်အဖွဲ့နှင့်မူ တွေ့ဆုံခဲ့ခြင်း မရှိပေ။ ယူကရိန်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှု ရှိ/မရှိ သတင်းထောက်များ၏ မေးမြန်းချက်ကို အမေရိကန်သမ္မတက "မတွေ့ဖြစ်ပါဘူး၊ ရုရှားရဲ့ အဓိက ကိုယ်စားလှယ်နဲ့ပဲ တွေ့ဆုံခဲ့တာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ထရမ့်သည် ဒမီထရီးယက်ဗ်နှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခဲ့သော်လည်း ယူကရိန်းနိုင်ငံ သာမက ဥရောပတစ်ဝန်းလုံးနှင့် သက်ဆိုင်နိုင်သည့် "ကြီးမားသော သဘောတူညီချက်" တစ်ခုကို ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ယနေ့ အိမ်ဖြူတော်တွင် သမ္မတကတော် မီလာနီယာ ထရမ့် (Melania Trump) က ဦးစီးကျင်းပသည့် အိုလက်စကီ (Oleski) ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခမ်းအနားသို့ ရုရှားနှင့် ယူကရိန်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများကို အကြမ်းဖက်အဖွဲ့ထံ သတင်းပေးနေသည့် ဘုရင်ကားဂိတ်မှ ဂိတ်မ
+3
နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုများကို အကြမ်းဖက်အဖွဲ့ထံ သတင်းပေးနေသည့် ဘုရင်ကားဂိတ်မှ ဂိတ်မှူးကို ထောင်ဒဏ် (၅၄) နှစ်ချမှတ်၊ စာရေးမ နှစ်ဦးကို ထောင်ဒဏ် (၃၄) နှစ်စီချမှတ်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နှစ်ဝက်အတွင်းပြည်တွင်း သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ ဝင်ရောက်မှု အမေရိကန် ဒေါ်လာ သန်း၄၃၀ကျော်ရှိ NOM၊နို၀င်ဘာ၆၊၂၀၂၆ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် နှစ်ဝက်အတွင်းပြည်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ ဝင်ရောက်မှု အမေရိကန်ဒေါ်လာ သန်း၄၃၀ကျော်ရှိကြောင်းပြည်တွင်းရင်နှီးမြှုပ်နှံမှုနှင့်ကုမဏ္ဏီများညွှန်ကြားမှုဦးစီးဌာနမှသိရသည်။ ယခုနှစ်ဘဏ္ဍာနှစ်၂၀၂၆ဧပြီလမှစက်တင်ဘာလ၆လတာကာလအထိအတွင်းနိုင်ငံခြားရင်နှီးမြှုပ်နှံမှုလုပ်ငန်းလေးခု၀င်ရောက်ထားပြီးရင်နှီးမြှုပ်နှံမှုတိုးထားတာအပါအ၀င်စုစု‌ပေါင်း အမေရိကန်ဒေါ်လာ၄၃၃ဒသမ ၀၇၉သန်းရှိခဲ့ကြောင်းသိရသည်။ ယခု ဘဏ္ဍာနှစ်အပါအ၀င်ကုန်ထုတ်လုပ်မှုကဏ္ဍတွင်နိုင်ငံခြားရင်နှီမြှုပ်နှံမှုလုပ်ငန်းနှစ်ခုသည်ရေနံနှင့်သဘာ၀ဓာတ်ငွေ့တစ်ခု၊အိမ်ခြံမြေကဏ္ဍ၌တစ်ခု၀င်ရောက်ထားကြောင်းသိရသည်။

ခရစ်ပတို (Crypto) ကို ဆန့်ကျင်သူ အမေရိကန် အထက်လွှတ်တော်အမတ် အယ်လီဇဘက် ဝါရင် (Elizabeth Warren) သည် အထက်လွှတ်တော် ဘဏ်လုပ်ငန်းဆ
ခရစ်ပတို (Crypto) ကို ဆန့်ကျင်သူ အမေရိကန် အထက်လွှတ်တော်အမတ် အယ်လီဇဘက် ဝါရင် (Elizabeth Warren) သည် အထက်လွှတ်တော် ဘဏ်လုပ်ငန်းဆိုင်ရာ ကော်မတီ၏ ဥက္ကဋ္ဌ (Chair) ဖြစ်လာရန် မျှော်လင့်ရပြီး၊ ၎င်းသည် ဘဏ္ဍာရေး လုပ်ငန်းကဏ္ဍတစ်ခုလုံးအပေါ် ကြီးမားသော လုပ်ပိုင်ခွင့် အာဏာကို ရရှိစေမည်ဖြစ်သည်။