uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 558 підписників, посідаючи 16 065 місце в категорії Новини і ЗМІ та 10 059 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 558 підписників.

За останніми даними від 15 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -266, а за останні 24 години на -11, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.46%. Протягом перших 24 годин після публікації контент зазвичай збирає 10.31% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 937 переглядів. Протягом першої доби публікація в середньому набирає 1 296 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 17.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 16 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 558
Підписники
-1124 години
-677 днів
-26630 день
Архів дописів
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက် ဇွန် ၁၁၊ ၂၀၂၆
+2
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက် ဇွန် ၁၁၊ ၂၀၂၆

သမ္မတ ထရန့်က ယနေ့ညတွင် အီရန်နိုင်ငံကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်လိုက်ပြီး အီရန်၏ ခါ့ဂ်ကျွန်းကိုလည်း ကျူးကျော်သိမ်းပိုက်မည်
သမ္မတ ထရန့်က ယနေ့ညတွင် အီရန်နိုင်ငံကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်လိုက်ပြီး အီရန်၏ ခါ့ဂ်ကျွန်းကိုလည်း ကျူးကျော်သိမ်းပိုက်မည်ဟု ခြိမ်းခြောက်လိုက်သည်။  NOM

ပေါက်ကြားလာသောသတင်းအရသမ္မတထရန့်၏ ကွန်မန်ဒိုစီးနင်းတိုက်ခိုက်မည့် ခြိမ်းခြောက်မှုများ ထွက်ပေါ်နေစဉ်အတွင်း အမေရိကန်နိုင်ငံသည် ၎
ပေါက်ကြားလာသောသတင်းအရသမ္မတထရန့်၏ ကွန်မန်ဒိုစီးနင်းတိုက်ခိုက်မည့် ခြိမ်းခြောက်မှုများ ထွက်ပေါ်နေစဉ်အတွင်း အမေရိကန်နိုင်ငံသည် ၎င်းတို့၏ အမှတ် (၈၂) လေကြောင်းချီတပ်မမှ စစ်သားများကို ပါလက်စတိုင်းသိမ်းပိုက်ခံနယ်မြေသို့ တိတ်တဆိတ် စေလွှတ်ချထားလိုက်ကြောင်း သတင်းထောက် ကင်န် ကလစ်ပန်စတိုင်း၏ ပြောကြားချက်အရသိရသည်။ အဆိုပါ တပ်ဖြန့်ချထားမှုမှာ အီရန်နိုင်ငံ၏ ခါ့ဂ်ကျွန်းကို သိမ်းပိုက်ရန် နောက်ဆုံးထွက်ပေါ်နေသော အမေရိကန်-အစ္စရေးတို့၏ အစီအစဉ်များနှင့် ဆက်နွှယ်နေသည်။ NOM

ဟော်မုဇ်ရေလက်ကြားကို နောက်ထပ် အကြောင်းကြားစာ မရမချင်း ပိတ်ထားမည် ပါရှန်ကွေ့ ရေကြောင်းလမ်း စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (Pers
ဟော်မုဇ်ရေလက်ကြားကို နောက်ထပ် အကြောင်းကြားစာ မရမချင်း ပိတ်ထားမည် ပါရှန်ကွေ့ ရေကြောင်းလမ်း စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (Persian Gulf Waterway Management Authority): * ဒေသတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမေရိကန်တပ်ဖွဲ့များကြောင့် ဖြစ်ပေါ်လာသည့် တင်းမာမှုများရှိနေခြင်းနှင့် ယမန်နေ့ညက အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ ကြေညာချက်တို့ကြောင့် ဟော်မုဇ်ရေလက်ကြားကို နောက်ထပ် အကြောင်းကြားစာ မရမချင်း ဆက်လက်ပိတ်ထားမည် ဖြစ်သည်။ * ဖြတ်သန်းခွင့်ပါမစ် ရရှိထားပြီးဖြစ်သော လျှောက်ထားသူများအနေဖြင့် စိတ်ရှည်သည်းခံကြရန်နှင့် ပါရှန်ကွေ့ရေကြောင်းလုံခြုံရေးအဖွဲ့ (PGSA) ထံမှ နောက်ထပ် လမ်းညွှန်ချက်များကို စောင့်ဆိုင်းပေးကြရန် တောင်းဆိုအပ်ပါသည်။ NOM

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ခမ်းပါတ်မြို့နှင့် တမူးမြို့ကြားရှိ နန်းမွန်းတား (ဘေလီ) တံတားအား PDF အကြမ်းဖက်အဖွဲ့က မိ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ခမ်းပါတ်မြို့နှင့် တမူးမြို့ကြားရှိ နန်းမွန်းတား (ဘေလီ) တံတားအား PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး NOM ဇွန် ၁၁၊ ၂၀၂၆ စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့နှင့် တမူးမြို့ကြား နန်းမွန်းတားကျေးရွာအနီး တမူး-ကျီကုန်း-ကလေးဝကားလမ်း မိုင်တိုင်အမှတ် ၈၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြားရှိ တံတားအမှတ် (၃/၈၂)၊ နန်းမွန်းတား (ဘေလီ)တံတားအား ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ PDF အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အရှည်ပေ ၂၄၀ ရှိ အဆိုပါတံတားတွင် တမူးမြို့ဘက်ခြမ်း၌ တံတားအရှည်ပေ ၉၀ ခန့်ပြတ်ကျပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အဆိုပါတံတားအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ NOM

သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖ
သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင်ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွား NOM ဇွန် ၁၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်နေ ဦးဝင်းဇော် (၆၀) နှစ်သည် ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ ၎င်း၏ နေအိမ်မှ ရပ်ကွက်ဈေးလမ်းထိပ်ရှိ ကောင်းဆက်စားသောက်ဆိုင်သို့ ခြေလျင်ထွက်ခွာလာစဉ် အဆိုပါစားသောက်ဆိုင်အတွင်းအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးအပါအဝင် အမျို
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ NOM ဇွန် ၁၁၊ ၂၀၂၆ မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားရှိ အိမ်အမှတ် (နန-၁၂/၁၃)သို့ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်း၌ အမျိုးသားနှစ်ဦး (စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ခြံဝင်းသံတံခါးအား လက်ပစ်ဗုံးထိမှန်ပေါက်ကွဲခဲ့မှု ကြောင့် နေအိမ်ခြံဝင်းသံတံခါးနှင့် နေအိမ်အတွင်းရှိ ရေခဲသေတ္တာတစ်လုံးဗုံးပေါက်ကွဲစထိမှန်ပျက်စီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ လက်ပစ်ဗုံးဖြင့် ပစ်ပေါက် သွားခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေးအတွက်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းလွဲပိုင်းတွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မှုကျူးလွန်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဘောက်သောက်ကျေးရွာနေ တရားခံ လွင်မိုး (၂၆) နှစ်အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်၊ ၁၃၄ လမ်း၊ ၆၀ လမ်းနှင့် ၆၀ (A) လမ်းကြားရှိ KTS Mobile ဆိုင်၌လည်းကောင်း၊ စစ်ကိုင်းမြို့နယ်၊ မိုးသောက်ကျေးရွာနေ တရားခံ ဘိုခန့် (ခ) ခန့်ကျော် (၂၄) နှစ်အား ပြစ်မှုကျူးလွန်ရာတွင် စီးနင်းအသုံးပြုခဲ့သည့် CANDA-125 ဆိုင်ကယ်နှင့်အတူ (ဆ) ရပ်ကွက်၊ ၅၂ လမ်းနှင့် ၁၃၀ လမ်းထောင့်ရှိ ဇမ္ဗူကျော် အိမ်ဆောက်ပစ္စည်း ဆိုင်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိတရားခံ လွင်မိုး၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း၌ ခင်မင်ရင်းနှီးသူ PDF အကြမ်းဖက်အဖွဲ့ဝင် ရီဝေအောင် (ခ) ဒက်ကြီး၏ ဆက်သွယ်ပေးမှုဖြင့် စစ်ကိုင်းမြို့နယ်၊ ထန်းကြီးတောကျေးရွာနှင့် သစ္စာဂူဘုရားကြားရှိ တောအတွင်း အကြမ်းဖက်သင်တန်းအား ၁ လခန့်တက်ရောက်ခဲ့ပြီး အကြမ်းဖက်စခန်းရှိ လိုအပ်သည်များဆောင်ရွက်ပေးရန် မန္တလေးမြို့သို့ ပြန်လာ၍ KTS Mobile ဖုန်းဆိုင်၌ အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့တွင် ရီဝေအောင် (ခ) ဒက်ကြီးနှင့် ၄၉ လမ်း၊ ၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြားရှိ ငါတို့မေ တည်းခိုခန်း၌ တွေ့ဆုံ၍ ရီဝေအောင် (ခ) ဒက်ကြီးမှ မန္တလေးမြို့ပေါ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး မှုများပြုလုပ်ရန်အတွက် MG-1 လက်ပစ်ဗုံးတစ်လုံးအား ပေးထားခဲ့သဖြင့် ၎င်း၏မိတ်ဆွေဖြစ်သူ ဘိုခန့် (ခ) ခန့်ကျော်နှင့်အတူ အများပြည်သူထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်၍ အခင်းဖြစ်နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။ အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိ တရားခံ လွင်မိုးနှင့် ဘိုခန့် (ခ) ခန့်ကျော်တို့အား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံ ရီဝေအောင် (ခ) ဒက်ကြီးအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ NOM

လက်ပံတန်းမြို့နယ်၊ ရေနောက်ကျေးရွာတွင် အပြစ်မဲ့အရပ်သားပြည်သူ ၅ ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်များဖြင့် ပစ်သတ်သွား NOM ဇွန် ၁၁
+4
လက်ပံတန်းမြို့နယ်၊ ရေနောက်ကျေးရွာတွင် အပြစ်မဲ့အရပ်သားပြည်သူ ၅ ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်များဖြင့် ပစ်သတ်သွား NOM ဇွန် ၁၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရေနောက်ကျေးရွာသို့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်က ဆိုင်ကယ်ရှစ်စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးလွင်ခိုင် (၆၁) နှစ်၊ ဦးတင်သိန်း (၆၄) နှစ်၊ ဒေါ်ရီရီချို (၅၁) နှစ်၊ ဒေါ်ခင်ဦး (၅၂) နှစ်နှင့်  ဒေါ်အေးမြင့် (၅၈) နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ငါးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွား NOM၊ဇွန်၁၁၊၂၀၂၆ ယနေ့ (ဇွန်လ ၁၁ ရက်)မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့နေထိုင်သူများကဆိုသည်။ "အခုက ဒုန်းဆိုပြီးအောက်ကို‌ဆောင့်ချလိုက်သလိုပဲ တော်တော်သိသာတယ်"ဟု မြောက်ဥက္ကလာပမြို့နယ် တွင်နေထိုင်သူတစ်ဦးက ပြောသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုအား မင်္ဂလာတောင်ညွန့်မြို့နယ်အပြင် ပုဇွန်တောင်၊သမိုင်း၊ဒလ၊မရမ်းကုန်း၊ဗိုလ်တထောင်၊သာကေတ၊ဒေါပုံ၊အလုံ၊လှိုင်၊မြောက်ဥက္ကလာပ၊အင်းစိန်၊ဗဟန်း အစရှိသည့် မြို့နယ်များတွင် နေထိုင်သူအများအပြား သိသာစွာခံစားခဲ့ရသိသာစွာခံစားခဲ့ရကြောင်းသိရသည်။

ရန်ကုန်- ပဲခူးလမ်းမပေါ်တွင် ကုန်ကားနှစ်စီးတိုက်မီရာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ NOM၊ဇွန်၁၁၊၂၀၂၆ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ (၁၀
ရန်ကုန်- ပဲခူးလမ်းမပေါ်တွင် ကုန်ကားနှစ်စီးတိုက်မီရာ အမျိုးသားနှစ်ဦးသေဆုံးခဲ့ NOM၊ဇွန်၁၁၊၂၀၂၆ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ (၁၀)မိုင်ဂုံးအကျော်၊ ရန်ကုန်-ပဲခူးလမ်းမ ပေါ်တွင် ယနေ့(ဇွန်၁၁ရက်)နံနက်၇နာရီ၄၀ မိနစ်ခန့်ကကုန်ကားနှစ်စီးတိုက်မီရာ အမျိုးသားနှစ်ဦးသေဆုံးခဲ့သည့်ဟုမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှလာသည်အချိုရည်များတင်လာသည့် Canter (၆)ဘီး ကုန်တင်ယာဉ်သည် ပဲခူးမြို့နယ်၊ (၁၀)မိုင်ဂုံးအကျော်၊ ရန်ကုန် - ပဲခူးလမ်းမ ပေါ်တွင်ယာဥ် မောင်းမှာအိပ်ငိုက်ပြီးရှေ့မှသွားနေသည့် NISSAN MITSUBISHI အပြာ ရောင် (၂၂)ဘီးယာဉ်အားနောက်မှ ဝင်တိုက်မိခဲ့ရာCanter (၆)ဘီး ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့နှစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားရာသို့ ပဲခူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ရေးယာဉ်၊ မီးငြှိမ်းသတ်ယာဉ်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး သေဆုံးနှစ်ဦးကိုမေတ္တာရွှေစင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့၏ တာဝန်နှင့်ဝတ္တရားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ဇွန် ၁၀၊ ၂၀၂၆
နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့၏ တာဝန်နှင့်ဝတ္တရားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ   ဇွန် ၁၀၊ ၂၀၂၆   နျူကလီးယား စွမ်းအင်အကောင်အထည်ဖော်ရေးလုပ်ငန်းအစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည် ဖော်ဆောင်ရေးအဖွဲ့ (Nuclear Energy Programme Implementing Organization-NEPIO)၏ တာဝန်နှင့် ဝတ္တရားများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။   ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်း၊ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ(IAEA)၏ နည်းပညာရှင်များဖြစ်သည့် Mr. Vsevolod IGIN၊ Mr. Zeki Mehmet BASKURT နှင့် Mr. Muhammad AYUB၊ ဝန်ကြီးဌာနများမှ ပညာရှင်များ တက်ရောက်ကြသည်။   ဆွေးနွေးပွဲတွင် IAEA မှ တာဝန်ရှိသူက နျူကလီးယားစွမ်းအင်ဆိုင်ရာ အမျိုးသားအဆင့် မူဝါဒ ရပ်တည်ချက်တည်ဆောက်ခြင်း နှင့်အလုံးစုံပြည့်စုံသော အစီရင်ခံစာ ပြုစုတင်ပြခြင်း၊ နျူကလီးယား စွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့၏ တာဝန်ဝတ္တရားများနှင့် လုပ်ဆောင်ချက်များ၊ နျူကလီးယား စွမ်းအင်ဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။   အဆိုပါဆွေးနွေးပွဲကို ဇွန် ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာတွင် ချစ်သူအထည်ချုပ်စက်ရုံ မန်နေဂျာကို သတ်လာသော အမျိုးသား ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေ NOM ဇွန် ၁၁၊ ၂၀၂၆ လှိုင
+2
လှိုင်သာယာတွင် ချစ်သူအထည်ချုပ်စက်ရုံ မန်နေဂျာကို သတ်လာသော အမျိုးသား ဆီဒိုးနားဟိုတယ်ပေါ်မှ ခုန်ချသတ်သေ NOM ဇွန် ၁၁၊ ၂၀၂၆ လှိုင်သာယာအထည်ချုပ်စက်ရုံမှ အတူနေချစ်သူ မန်နေဂျာကိုသတ်လာသည့် အမျိုးသားသည် ဆီဒိုးနားဟိုတယ်၂၉ လွှာမှဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက ခုန်ချသတ်သေသွားကြောင်းသိရသည်။ ရန်ကင်းမြို့နယ်၊ (၅) ရပ်ကွက်၊ပညာ့ဝတီရိပ်သာလမ်း၊ ဆီဒိုးနားဟိုတယ်နောက်ဖက်တွင် ရပ်ထားသောကားတစ်စီးပေါ်သို့ ဟိုတယ်ပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံးကြောင်းသတင်းအရ ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးရာ ဟိုတယ်၂၉ လွှာအရေးပေါ်ထွက်ပေါက်၏ တံခါးဘောင်ပေါ်တွင်လက်ကိုင်ဖုန်း ၂ လုံး၊ စာတစ်စောင်၊ ကားမောင်းလိုင်စင်တစ်ခုတွေ့ရပြီးစာထဲတွင် "လေးစားရပါသောရဲအရာရှိများခင်ဗျား၊ ကျွန်တော်ကိုတင်စိုးသည် ချစ်သူ မရှုလင်ကိုသတ်မိတဲ့အတွက် ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ဆုံးဖြတ်တာပါ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊၆ ရပ်ကွက်၊ ပုဂံလမ်း၊ နဝဒေးအိမ်ယာ၊ Block ၂၀၊ ခြံနံပါတ် ၃ အိမ်မှာချစ်သူရဲ့အလောင်းရှိပါတယ်၊ သွားဆယ်ပေးပါ၊ သူနဲ့ချစ်တာ ၇ လကျော်ပါပြီ၊ ကမ္ဘာသိပတ်ဝန်းကျင်သိပြီးမှ သူကလမ်းခွဲဖို့ပြောလို့စိတ်မထိန်းနိုင်ပဲသတ်မိတာပါ၊ သူမနဲ့အတူ သေဖို့အပေါ်ထပ်အိမ်သာထဲမှာ ကြိုးဆွဲချသတ်သေဖို့ကြိုးစားတာမအောင်မြင်ခဲ့ပါဘူး။ အရာရာအားလုံးကိုတောင်းပန်ပါတယ်၊ နောင်တများစွာနဲ့" ဟုရေးသားထားသည်။ ရဲတပ်ဖွဲ့က လိပ်စာအတိုင်းသွားရောက်ရှာဖွေရာ အဆိုပါအိမ်မြေညီထပ်တွင် အမျိုးသမီးတစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲလဲကျသေဆုံးနေသည်ကိုတွေ့ရပြီး သေဆုံးသူမှာ မရှုလင် (စီမံကိန်းမန်နေဂျာ၊ မိန်ကျယ်အထည်ချုပ်စက်ရုံ) ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သဖြင့် ရဲတပ်ဖွဲ့ကလုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ NOM

သူ့ရဲ့ ထိခိုက်ပျက်စီးသွားပြီး ကုန်ကျစရိတ်ကြီးမားတဲ့ စစ်တပ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာ ၃၅၀ ဘီလီယံ ပံ့ပိုးပေးဖို့ ထရမ့်
သူ့ရဲ့ ထိခိုက်ပျက်စီးသွားပြီး ကုန်ကျစရိတ်ကြီးမားတဲ့ စစ်တပ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ဒေါ်လာ ၃၅၀ ဘီလီယံ ပံ့ပိုးပေးဖို့ ထရမ့်က တောင်းဆိုလိုက်ပါတယ်။ NOM

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့
မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ(ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်းတပ်ဆင်သည့် စီမံကိန်းပြီးမြောက်မှု အခမ်းအနားကျင်းပ   ဇွန် ၁၀၊ ၂၀၂၆   မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိ မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်အရ အရေးပေါ်အခြေအနေစီမံ ခန့်ခွဲမှုဗဟိုဌာနခွဲ(ရန်ကုန်) နည်းပညာဆိုင်ရာ ရုံးသုံးစက်ကိရိယာပစ္စည်း (Multi Large Display) တပ်ဆင်သည့် စီမံကိန်းပြီးမြောက် မှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည်။   အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur ၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြသည်။   အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် အိန္ဒိယသံအမတ်ကြီး တို့က Multi Large Display ကို ခလုတ်နှိပ်၍ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားကာ ဒုတိယဝန်ကြီးက အိန္ဒိယသံအမတ်ကြီးထံ စီမံကိန်းပြီးမြောက်ခြင်းဆိုင်ရာ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နှစ်ရက်တာဆွေးနွေးညှိနှိုင်းချက်များအရ ညှိနှိုင်းရရှိချက်များအား မှတ်တမ်းတင် လက်မှတ်ရေးထိုးကြပြီး NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများပြောကြား၍ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ   ဇွန် ၁၀၊ ၂၀၂၆   အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ဆက်လက်ကျင်းပပြုလုပ်သည်။   ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအတွင်းရေးမှူး(၁) စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) စစ်ရေးချုပ်စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs အဖွဲ့များ၏ ညှိနှိုင်းရေးမှူးများဖြစ်ကြသော ဦးမျိုးဝင်းနှင့် နန်းယဉ်ယဉ်စိုးတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။   ရှင်းလင်းဆွေးနွေး   ဆွေးနွေးပွဲပထမရက်၌ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည်များအားဆွေးနွေးပြီး ဆက်လက်၍ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း(ငြိမ်း)က နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် ညှိနှိုင်းရရှိထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်/ဖြည့်စွက်သင့်သည့် အချက် ၄၃ ချက် (EAOs များနှင့် ညှိနှိုင်းရရှိသည့် ၂၁ ချက်အပါ အဝင်)အား လွှတ်တော်တွင် တင်သွင်းဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးသည်။   ထို့နောက် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းရရှိမှုများအား မှတ်တမ်းတင်ဆောင်ရွက်ရာတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖော်ဆောင်မှုဆိုင်ရာ သဘောထား ရည်မှန်းချက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်ရေး၊ ထိရောက်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ပြီး NCA ပါ သဘောတူညီချက်များကို အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်ရေး၊ NCA လမ်းကြောင်းမှ ထွက်ခွာသွားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို နားလည်လက်ခံပြီး NCA လုပ်ငန်းစဉ်များတွင် ပြန်လည်ပါဝင်လာနိုင်စေရေး၊ ရွေးကောက်ခံ အစိုးရသစ်လက်ထက်တွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်ပေးရေး၊ ပြောင်းလွယ်ပြင်လွယ်ရှိသည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးမူဝါဒ၊ လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးယန္တရားများ ကိစ္စ၊ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား ပြည်သူများထံ ထိရောက်စွာရောက်ရှိခံစားနိုင်ရေး၊ ကြိုတင်စည်းကမ်းသတ်မှတ်ချက်များမပါသည့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ကြေညာချက် ထုတ်ပြန်နိုင်ရေး၊ တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ရပ်နှင့် လက်နက်ကိုင်လမ်းစဉ်မှ အသွင်ကူးပြောင်းလိုပါက ထာဝရငြိမ်းချမ်းရေးအတွက် မူဝါဒ ၄ ရပ်ဖြင့် ဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်း (Peace Process Review) ဆောင်ရွက်နိုင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာကိစ္စတို့အား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။   ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က နှစ်ရက်တာ ဆွေးနွေးချက်များမှ ရှေ့ဆက်လက်ဆောင်ရွက်သွားနိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ရှင်းလင်း ဆွေးနွေးသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် ယူနီဆက်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ ဇွန် ၁၀၊ ၂၀၂၆ ပညာရေးဝန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် ယူနီဆက်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ   ဇွန် ၁၀၊ ၂၀၂၆   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး   တွေ့ဆုံစဉ် အခြေခံပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် ဦးစားပေး လုပ်ငန်းစဉ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက် နိုင်ရေး၊ ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးသင်တန်း၊ အင်္ဂလိပ်စာသင်ကြားမှုသင်တန်းများနှင့် ကျောင်းစီမံခန့်ခွဲမှုသင်တန်းများ ပံ့ပိုးပေးရေး၊ SEA- PLM အစီအစဉ်များမှတစ်ဆင့် ဒေသတွင်းနိုင်ငံများ၏ ပညာရေးအခြေအနေများနှင့် နှိုင်းယှဉ်လေ့လာခြင်း၊ စာတတ်မြောက်မှုနှုန်းနှင့် ကျား၊ မ ကွာဟချက်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ စာသင်ကျောင်းများနှင့် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသောနေရာ ဖြစ်စေရေးအတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။   တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်ချိန်ကိုက်မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်ချိန်ကိုက်မိုင်းထောင်ဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံး ပြန်လည်ပြုပြင်မှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး   ဇွန် ၁၀၊ ၂၀၂၆   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ လက်လုပ်ချိန် ကိုက်မိုင်းထောင်ဖောက်ခွဲမှုခံရသည့် မြို့နယ်ဦးစီးမှူး ရုံးသို့သွားရောက်ကာ မြို့နယ်ရုံးအတွင်းရှိ ပြည်သူများနားနေဆောင်၌ ယာယီရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား နှုတ်ဆက်အားပေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ဖြည့်ဆည်းပေးသည်။   ယင်းနောက် လုပ်ငန်းဆောင်ရွက်နေချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် ဗုံးစထိမှန်ပျက်စီးသွားသည့် ရုံးအဆောက်အအုံအား ပြန်လည်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မြို့နယ်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်သည်။   ထို့နောက် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးခန်းမ၌ စစ်ကိုင်းခရိုင်နှင့် မြို့နယ်ရုံးအသီးသီးမှ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ စေတနာရှင်ပြည်သူတစ်ဦးက စစ်ကိုင်း မြို့နယ်ရုံးအတွက် လှူဒါန်းသည့် ထောက်ပံ့ငွေများကို ခရိုင်အုပ်ချုပ်ရေးမှူးကလည်းကောင်း၊ ဗုံးစထိမှန်ဒဏ်ရာရရှိသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများ ကလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုမာဟော့ခ် (Tomahawk) ဒုံးကျည်တွေကို ရွေးချယ်အသုံးပြုသွားတာက စိတ်ဝင်စားစရာပဲ။ ဘာလို့လဲဆိုတော့ ဒါက ကုန်ကျစရိတ် တော်တော်များတဲ့ နည်းလမ်းဖြစ်နေလို့ပါ။ အမေရိကန် တိုက်လေယာဉ်တွေအနေနဲ့ အီရန်လေပိုင်နက်ထဲကို ဝင်ရောက်တိုက်ခိုက်ဖို့ တွန့်ဆုတ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အီရန်အနေနဲ့ သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး (AD) စခန်းတွေအားလုံးကို အရင်အတိုင်း ပြန်မတည်ဆောက်နိုင်သေးတာ မှန်ပေမဲ့၊ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပါတယ် (အနည်းဆုံးတော့ တိုက်လေယာဉ်တွေကို ခြုံခိုတိုက်ခိုက်တဲ့ ဗျူဟာတွေမှာပေါ့)။ NOM