အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Открыть в Telegram
Больше
1 032
Подписчики
Нет данных24 часа
Нет данных7 дней
-1130 дней
Архив постов
" ဖိုးဇင် ....tသနာလေး .. ငါခေါ်နေတာကို မကြားဘူးလားဟဲ့ ...ဘာလဲ... နင်ကမအေကို ပမာမခန့်လုပ်တာလား ...ဂရုမစိုက်တဲ့အချိုးလား ..."
" ဒေါင် "
ဒေါသနဲ့ အော်သံကြားလို့ ဖိုးဇင်လှမ်းကြည့်လိုက်ချိန်မှာ နောက်ကျသွားခဲ့ပြီ။မိခင်ဖြစ်သူ ပစ်လိုက်တဲ့လင်ဗန်းက ဖိုးဇင်ရဲ့ နဖူးပြင်ကိုဒေါင်ခနဲထိမှန်သွားတယ်။လင်ဗန်းက အရှိန်ပါတော့ နဖူးပြင်တစ်ခုလုံး နာကျင်ကျိန်းစက်သွားပြီး လူကပါနောက်ကို ယိုင်ခနဲဖြစ်သွားတယ်။လူကယိုင်ခနဲဖြစ်သွားချိန်မှာ ကံဆိုးချင်တော့ ခွါထားတဲ့ ကြက်သွန်ဖြူဇကာက မြေပြင်ပေါ် ဘုတ်ခနဲပြုတ်ကျသွားတယ်။
" အမယ်လေး ....ကုန်ပါပြီ ..ကုန်ပါပြီဟဲ့ ...ငနွားလေးရဲ့ ...ဘာခိုင်းခိုင်းအချိုးကို မပြေဘူး ....နင်ရှာထားတဲ့ငွေ ဘယ်နှစ်ပြားရှိလို့ ...ဖြုန်းတီးနေရတာလဲ ...ကဲဟယ် .. ဖြုန်းအုံး ..ဖြုန်းတီးချင်အုံး ..အလုပ်ထဲကိုစိတ်မှမပါတာ ...ခေါ် မကြားအော်မကြားနဲ့ အလေလိုက်ဖို့ပဲ တွေးနေတာ "
" ဖြန်း ..ဖြန်း "
မအေးလှိုင်က စိတ်တိုဒေါသထွက်သွားပြီး မီးဖိုဘေးက ထင်းတစ်ချောင်းကို ကောက်ယူကာ ဖိုးဇင်ကိုသုံးလေးချက်ဆင့်ပြီး ရို*က်ပစ်လိုက်တယ်။
" တော်ပါတော့ အေးလှိုင်ရယ် ... သူလဲ လုပ်ရရှာပါတယ်ဟယ် "
အအေးဆိုင်က မိန်းမကြီးက မအေးလှိုင်ကို လှမ်းတားတယ်။ဒီအခါ မအေးလှိုင်က သားဖြစ်သူရဲ့ကျောပြင်ကို ထပ်ရို**က်လိုက်ပြီး
" အစ်မတို့ မသိပါဘူး...ဒီကောင်လေးက နှိမ်ထားမှရမှာ ..လွှတ်ထားလိုက်ရင်...သူလဲ ဟိုဟာမလေးလို ...မိဘကိုပြန်သ*တ်မဲ့အချိုး ... တစ်နေ့တစ်နေ့မိဘတွေကယားလို့တောင်မကုက်အားဘူး...သူကတော့... ဆော့ဖို့်နဲ့အလေလိုက်ဖို့လောက်တွေးနေတာ...ထမင်းတစ်ဝမ်းကို အေးအေးဆေးဆေးစားနေရလို့ ......ဘဝမနာဘူးဖြစ်နေတာ ...သူများတွေလို ခိုင်းစားမှတော်ကာကျမှာ "
မအေးလှိုင်ကဒေါသတကြီးပြောရင်းနဲ့ ဖိုးဇင်ကိုမကျေနိုင်မချမ်းနိုင်နဲ့ရိုက်နေတာမို့ အအေးဆိုင်ကမိန်းမကြိးလဲ ဘာမှထပ်မပြောတော့ဘဲ ပါးစပ်ပိတ်သွားတယ်။သူထပ်ပြောရင်လဲ မအေးလှိုင်ရဲ့အဆဲအဆိုကိုခံရတော့မှာလေ။မအေးလှိုင်ဆိုတာက သာသမီးကိုအဆုံးအမကြမ်းသူအဖြစ် ဈေးလေးထဲမှာနာမည်ကြီးနေတဲ့သူ။သူ့သားသမိးကို သူဆုံးမနေရင် ဘယ်သူဝင်တားဝင်ပြောတာကိုမှ မကြိုက်ဘူး။ဝင်ပြောတဲ့သူရှိရင်လဲ ဆဲဆိုလွှတ်တဲ့အပြင် သားဖြစ်သူကိုပါ ရွှဲ့ပြီးပိုရို///က်တတ်တဲ့အကျင့်ရှိတယ်။ဒါကြောင့် မအေးလှိုင်တို့မိသားစုကိစ္စမှာ ဘယ်သူမှဝင်ပါလေ့မရှိကြဘူး။
" နင်ကြပ်ကြပ်သတိထားနော် ဖိုးဇင်...ငါ့ဒေါသကိုမဆွနဲ့....ထမင်းဝအောင်စားနေရလို့် လူပါးမဝနဲ့....နင့်ကို အရိပ်ထဲမှာခိုင်းနေတာနော်....ငါ့လိုမိဘကိုရလို့ နင်ကံကောင်းနေတယ်မှတ်..."
မအေးလှိုူင်က အော်ကြီးဟစ်ကျယ်ပြောရင်း ဖိုးဇင်းရဲ့ခေါင်းကို ခေါက်လိုက်ပြန်တယ်။ဖိုးဇင်တစ်ကိုယ်လုံး ေ*သလုမတတ်နာကျင်နေပေမဲ့ မိခင်ကိုမော့တောင်မကြည့်ရဲဘူး။ဒီလိုအချိန်မှာ မော့ကြည့်လိုက်ရင်လဲ ဖိုးဇင်ရဲဘဝကမတွေးရဲစရာဖြစ်သွားမယ်။တစ်ကိုယ်လုံး အရိုးတွေကျိုးသွားအောင် အရို//က်ခံနေရရင်တောင် မျက်ရည်တစ်စက်မကျဘဲ ထုရိုက်သမျှကိုငြိမ်ခံနေရမှာက ဖိုးဇင်ရဲ့တာဝန်ပါ။တကယ်တော့ ဖိုးဇင်မှာကျစရာမျက်ရည်တွေလဲ မရှိတော့ပါဘူး။တစ်နေ့တစ်နေ့ မိခင်ရိုဲက်တာက လွှတ်အောင်နေဖို့ဆိုတာက ဖိုးဇင်အတွက်တော့ အခက်ခဲဆုံး ကိစ္စတစ်ခုပါပဲ။အစားစားနေရင်းနဲ့လဲရိုက်၊အလုပ်လုပ်ပေးနေရင်းနဲ့လဲရို*/က်၊ဈေးခိုင်းလို့်နောက်ကျရင်လဲရို//က်၊တစ်ယောက်ယောက်နဲ့စကားပြောနေရင်းနဲလဲရိုက်။သေချာတာက ဘယ်အချိန်ထရိုက်လိုက်မလဲလို့် တွေးပူပြီး သတိထားလုပ်နေရင်းက အရို//က်ခံနေရတာမို့် ဖိုးဇင်ခန္ဓာကိုယ်အနှံ့မှာလဲ ဒဏ်ရာအမာရွတ်တွေနဲ့ပြည့်နေခဲ့တယ်လေ။
~~~~~~~~~~
" ဟဲ့....ဒါက ဘာတွေလဲ "
ဆိုက်ကားကိုခြံဝမှာရပ်ခဲ့ပြီး ကြွပ်ကြွပ်အိတ်အမည်းရောင်နဲ့ထုပ်ထားတဲ့အထုပ်တစ်ထုပ်ကိုဆွဲပြီးဝင်လာတဲ့ ဆိုက်ကားဆရာကို မအေးခင်က လှမ်းမေးလိုက်တယ်။
" ဟိုဘက်ရပ်ကွက်က မသိန်းနုပို့ခိုင်းလိုက်တာပါ.."
ဆိုက်ကားဆရာကပြောပြီးတာနဲ့ အိမ်ရှေ့ ဖိနပ်ချွတ်ပေါ် အထုပ်ကိုတင်ပြီး ခပ်မြန်မြန်ပြန်ထွက်သွားတယ်။မှောင်ရီဖျိုးဖျအချိန်ဖြစ်နေပြီမို့် မအေးခင်ရဲ့ယောက်ျားလဲ အလုပ်ကပြန်ရောက်နေခဲ့ပြီဖြစ်တယ်။မအေးခင်ယောက်ျားက အထုပ်ကိုလှမ်းကြည့်တယ်။မအေးခင်က အထုပ်ကိုမဝံ့မရဲဖွင့်ကြည့်လိုက်ရင်း ထင်ထားတဲ့အတိုင်း တပေါင်းရဲ့အဝတ်အစားအချို့ကိုတွေ့လိုက်ရတော့ မျက်စိမျက်နှာပျက်သွားမိတယ်။
" ဘာထုပ်ကြီးလဲ အေးခင်... "
ယောက်ျားဖြစ်သူရဲ့မေးသံထွက်ပေါ်လာတာမို့ မအေးခင်မဖြေလို့မရတော့ဘူး။တော်ကြာ ယောကျ်ားကဆိုးဆိုးဆတ်ဆတ်နဲ့လှမ်းလောကြည့်လိုက်မှ ပိုပြီးစိတ်တိုသွားမယ်လေ။
" ဟို..ဟို...တပေါင်းအဝတ်တွေပါ...သိန်းနုပို့ခိုင်းလိုက်တာတဲ့ "
" ဘာကွ...မင်းပြောတော့...သူကတစ်ရက်နှစ်ရက်ပဲနေမှာဆို...အဝတ်ထုပ်ကမသေးပါလား "
ယောကျ်ားဖြစ်သူရဲ့မကျေမနပ်ပြောသံကြောင့် မအေးခင်စိတ်ရှုပ်သွားရတယ်။
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၅)
akyiphyu
************
"ကဲပါလေ ... ဟုတ်ပါပြီ ...ဦးလေးတို့ ပြောတာကိုလဲ သေချာနားထောင်ပါအုံးကွယ် ....ကလေးကို တစ်သက်လုံး တာဝန်ယူခိုင်းတာလဲ မဟုတ်ပါဘူး....ကလေးအဖေ ဆေးရုံကဆင်းလာတဲ့အချိန်အထိပါပဲ...သိပ်လဲမကြာလောက်ပါဘူး ...အခုက အောင်မင်းမိန်းမသိန်းနုကလဲဆေးရုံမှာပဲလူနာစောင့်နေတာဆိုတော့ ...အိမ်မှာကလေးတစ်ယောက်တည်း ဖြစ်နေလို့ပါ ...ငါ့တူမရဲ့ညီမရင်းက မွေးထားခဲ့တဲ့ ကလေးပဲကွယ် ... ခဏတစ်ဖြုတ်စောင့်ရှောက်ပေးထားစေချင်တယ် "
ဥက္ကကြီးရဲ့စကားကြောင့် တပေါင်းရဲ့ကြီးတော်ဖြစ်တဲ့ မအေးခင်တစ်ယောက် မကျေနပ်ပေမဲ့ ငြိမ်သက်သွားခဲ့တယ်။
တပေါင်းကတော့ ဥက္ကဌကြီးနဲ့ ကြီးတော်ဖြစ်သူတို့ စကားပြောနေတာကို ဘာမှဝင်မပြောဘဲ ဘေးကနေထိုင်ကြည့်နေခဲ့တယ်။ဥက္ကဋ္ဌကြီးနဲ့ ကြီးတော်ဖြစ်သူတို့အတော်ကြာစကားပြောပြီးချိန်မှာတော့ ကြီးတော်ရဲ့အိမ်ကို တပေါင်းလိုက်ခွင့်ရသွားခဲ့တယ်။
ကြီးတော်ဖြစ်သူနောက်ကို လိုက်သွားဖို့ရန် တပေါင်း မတ်တတ်ထရပ်လိုက်တယ်။ပြီးတော့ ရုံးခန်းထဲမှာကျန်ခဲ့တဲ့ ကောင်လေးကို လှည့်ကြည့်လိုက်မိတယ်။ကောင်လေးက သူမကိုပြုံးပြပြီး လက်ဝှေ့ယမ်းပြတယ်။တပေါင်းသူ့ကို ပြန်မပြုံးပြမိပါဘူး။သူကကြိုးနဲ့ချည်ခံထားရတဲ့ကြားက ပြုံးပြနိုင်ပေမဲ့ တပေါင်းမပြုံးနိုင်ပါဘူး။ပြုံးချင်စိတ်လဲမရှိပါဘူး။ဒါကြောင့်လဲ သူမကိုပြုံးရယ်ပြနေတဲ့ကောင်လေးကိုသာ ခပ်ကြောင််ကြောင်နဲ့ငေးကြည့်နေမိရင်း ကောင်လေးရဲ့ ညာဘက်နားရွက်ပေါ်က မှဲ့စိမ်းလေးကို အဓိပ္ပါယ်မဲ့စူးစိုက်ကြည့်နေမိတယ်။
" တပေါင်းလာလေ ..သွားမယ် ....ဘာရပ်လုပ်နေတာလဲ "
ကြီးကြီးရဲ့အော်သံကိုကြားလိုက်ရမှ ကောင်လေးကို ကြည့်နေမိရာက တပေါင်းမျက်နှာလွှဲလိုက်ပြီး ကြီးကြီးနောက်ကို လိုက်ဖို့ပြင်လိုက်တယ်။ကောင်လေးကို ကျောခိုင်းပြီး တပေါင်းလှည့်အထွက်မှာ ညာဘက်ခြေချင်းဝတ်ကနာတဲ့အရှိန်ရယ်ကြောင့် လမ်းလျှောက်တဲ့အခါမှာ ခြေတစ်ဖက်သိမ်သလိုဖြစ်ပြီး ခြေထောက်ကတရွတ်ဆွဲနေခဲ့တယ်။
" ဟဲ့ ...နင့် ခြေထောက်ကဘာဖြစ်တာလဲ တပေါင်းရဲ့ "
မအေးခင်က တပေါင်းကိုကြည့်ပြီး အထိတ်တလန့်နဲ့ မေးလိုက်တယ်။
ကြီးတော်ဖြစ်သူမေးတာကို တပေါင်းမဖြေမိဘဲ နှုတ်ဆိတ်နေမိတယ်။
" ဟဲ့ကောင်မလေး ....နင့်ကိုငါမေးနေတယ်လေ ...နင့်ခြေထောက်က ဘာဖြစ်တာလဲလို့ "
ကြီးတော်ဖြစ်သူက လေသံမာမာနဲ့ထပ်မေးလိုက်တော့မှ တရွတ်ဆွဲလျှောက်နေရတဲ့ ညာဘက်ခြေထောက်ကို တပေါင်းငုံ့ကြည့်လိုက်မိပြီး
" ဟို ...ဟို ... ချော်လဲတာရော ..အဖေကကြိုးတုပ်ပြီး ရိုက်လို့ ...ဒဏ်ရာရထားတာပါကြီးကြီး "
တပေါင်းရဲ့အဖြေစကားကြောင့် မအေးခင်အံကိုကြိတ်ပြီး အောင်မင်းကို တစ်တစ်ခွခွဆဲဆိုလိုက်တယ်။
" ...ကောင်...နင့်ပထွေးဆေးရုံကဆင်းတာနဲ့ ...နင်တို့အိမ်ကိုပြန် ...ကြားလား...တော်ကြာ ငါ့ညီမရှာဖွေစုဆောင်းထားခဲ့တာတွေကိုပါ ..ဟိုမယားငယ်မက သိမ်းသွားအုံးမယ် "
" ဟုတ်ကဲ့ "
အဖေ့အိမ်ကို တပေါင်းမပြန်ချင်တော့ပေမဲ့ ကြီးတော်ဖြစ်သူ ကျေနပ်အောင်ခေါင်းငြိမ့်ပြလိုက်တယ်။
~~~~~~
" အေးလှိုင်ရေ ... သိန်းနုနဲ့ရုံးခန်းလိုက်သွားတယ်ဆို ... အောင်မင်းသက်သာတယ်တဲ့လား ..ကလေးမလေးကို စခန်းတိုင်မလို့ဆို...ဘယ်လိုဖြစ်သွားပြီလဲ "
အအေးဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့ အမေးကြောင့် မအေးလှိုင်က နှုတ်ခမ်းကိုမဲ့ရွှဲ့ကာ ခေါင်းကိုခါယမ်းလိုက်ပြီး
" ဘာမှမထူးပါဘူးတော်...ကိုအောင်မင်းဆေးရုံကဆင်းမှ...ဖြေရှင်းပေးမယ်တဲ့..အဲ့ဒီဟာမလေးကိုတော့ ...သူ့ကြီး တော်အိမ်ကို ပို့လိုက်ပြီ ...ကိုအောင်မင်းတော့ ... ဗိုက်ကချုပ်ထားရတယ်တဲ့...ကျွန်မကတော့ အဲ့ဒီကလေးမလေးကို မှတ်လောက်သားလောက်ဖြစ်သွားအောင်... ကလေးထော**င်ဖြစ်ဖြစ်ကျစေချင်တာ...မဟုတ်ရင် ...အတုလိုက်ခိုးမဲ့ဟာတွေက အများကြီး..အိမ်မှာလဲတစ် ကောင်ရှိနေသေးတယ် "
မအေးလှိုင်က သားဖြစ်သူကို မကျေမချမ်းလှမ်းကြည့်လိုက်ရင်း ပြောလိုက်တယ်။
" အဲ့ဒီလိုလဲ မဟုတ်လောက်ပါဘူး အေးလှိုင်ရယ် ...ဖိုးဇင်လေးက လိမ္မာပါတယ်အေ ....ညည်း အားကိုးနေရတာပဲဟာ "
" အမယ်လေး ....ထုလွန်းရို/က်လွန်းလို့ အချိုးပြေနေတာပါ အစ်မရယ် ....ကျွန်မကိုလဲ အကြောလာတင်းလို့တော့ မရဘူး...သားသမီးတွေကို ငယ်ငယ်ကတည်းက...... ပုံစံပေးထားတာ....မိဘကဒါဆိုဒါပဲ အတွန့်တက်ခွင့်မရှိဘူး ...ဒီကောင်လေးလဲ နည်းနည်းလေးကြီးလာတော့... မိဘကိုပြန်ခံပက်ချင်တယ် .. ဒါကြောင့်လဲနိုင်သလောက်ဖိထားရတာ "
မအေလှိုင်က ပြောရင်းနဲ့ သားဖြစ်သူကို လှမ်းကြည့်တယ်။
မိခင်ဖြစ်သူ လှမ်းကြည့်နေမှန်းသိတော့ ဖိုးဇင်မှာအလိုလိုနေရင်းနဲ့ ခြေတွေလက်တွေတုန်လာမိတယ်။သူတို့ အမနဲ့အဖေက တခြားသူတွေရဲ့မိဘတွေနဲ့ သိပ်မတူတာတော့အမှန်ပဲ။တစ် ခုခုဆိုရင် ဒေါသအရမ်းကြီးတယ်။ဒေါသဖြစ်နေရင် တွေ့ရာနဲ့ပစ်ပေါက်ထုရို*က်တတ်ကြတယ်။ဒါကြောင်းလဲ အဖေ့ကိုရောအမေ့ကိုပါ ဖိုးဇင်သိပ်ကြော**က်တယ်။အထူးသဖြင့် မိခင်ဖြစ်သူ စိတ်တိုနေပြီဆိုရင် ဖိုးဇင် tသသွားချင်လောက်အောင်ကြောက်မိတယ်။
" ဪ...အဖမ်းခံရမှာကြောက်တာလား...မကြောက်နဲ့ နင့်အိမ်ထက်တော့ ပိုဆိုးမှာမဟုတ်ဘူး...လူကြီးတွေက မေးရင်လဲ အမှန်တိုင်းဖြေ ..မကြောက်နဲ့ ...ကိုယ့်ကိုယ်ကိုအားကိုးနိုင်အောင်ကြိုးစား...သူများပြောတိုင်းလဲမယုံနဲ့ ..ကိုယ့်အပေါ်ရက်စက်တဲ့သူတွေကို... အားကိုးဖို့မတွေးနဲ့ နင့်ဘာသာ ရှာစားနိုင်အောင်ကြိုးစား..."
ကောင်လေးပြောနေတာတွေကို တပေါင်းငေးကြည့်ကာနားထောင်နေမိတယ်။ကောင်လေးက တပေါင်းနဲ့ အသက်ကွာပုံမရပေမဲ့ သတ္တိတော့ အတော်လေး ရှိပုံရတယ်။
" ဟေ့ကောင်လေး..မင်းကိုယ်မင်းလူတတ်ကြိးလုပ်ပြီး ဘာတွေပြောနေတာလဲ ...ထမင်းကိုအေးအေးဆေးဆေးစား...ဆေးရုံပေါ်ကလူမမာမေသပါစေနဲ့လို့ဆုတောင်းနေကွ...အေး...တကယ်လို့် ဟိုလူသာေသသွားရင် ...မင်းတော့သွားပြီကောင်လေးရ...တစ်ယောက်အဖေရင်းကို ဖန်ကွဲနဲ့ထိုးတယ်...တစ်ယောက်ကမွေးစားအဖေကို အရိုးကျိုးအောင်ရိုက်ခဲ့တယ်...နှစ်ယောက်လုံးကိုကြည့်လိုက်တော့လဲ (၁၂)နှစ်(၁၃ )နှစ်တဲ့...,,လောကကြိးလဲဘာတွေဖြစ်နေပြီလဲမသိတော့ဘူး...ကလေးတွေလဲ အရွယ်မရောက်ကြသေးဘူး ...ကြော//က်စရာကောင်းနေကြပြီ "
လူကြီးတစ်ယောက်ရဲ့စကားကြောင့် ကောင်လေးကို တပေါင်းအထိတ်တလန့်နဲ့မော့ကြည့်လိုက်မိတယ်။ဒီအချိန်မှာပဲ ရုံးခန်းထဲကို ကြီးတော်ဖြစ်သူ ဝင်လာတာကို တပေါင်းတွေ့လိုက်ရတယ်။
~~~~~~~~
" အို ..ဒီကိစ္စက ကျွန်မနဲ့မဆိုင်ပါဘူး ဥက္ကဌကြီး ...သူတို့သတင်းကိုကြားပါတယ် ...... မဆိုင်လို့ မလာတာပါ ..အောင်မင်းဆိုတဲ့ကောင်နဲ့လဲ အပြတ်ပြောပြီးသားပါ ..ကျွန်မတို့လဲ စီးပွားရေး အဆင်ပြေတာမဟုတ်ဘူး ...ကလေးကလဲသုံးယောက်ရှိတယ် ... သူ့ကို တာဝန်မယူနိုင်လို့ပါ "
ကြီးတော်ဖြစ်သူရဲ့စကားကြောင့် တပေါင်းခေါင်းကို တွင်တွင်ငုံ့ကာငြိမ်သက်နေမိတယ်။
============================
အပိုင်း (၅) ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
J
https://www.facebook.com/100067151540690/posts/735119455403099/
၃
https://www.facebook.com/100067151540690/posts/735674495347595/
လူကြီးတွေ လှမ်းကြည့်လိုက်ကြသလို အသံထွက်ပေါ်လာရာဆီကို တပေါင်းလဲ လှမ်းကြည့်လိုက်မိတယ်။ဒီအခါ သူတို့တွေ့ကို ခပ်စူးစူးလှမ်းကြည့်နေတဲ့ သူမနဲ့ရွယ်တူလောက်ရှိတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ကောင်လေးကလဲ သူမကိုလှမ်းကြည့်တယ်။ရှားရှားပါးပါး သူမဘက်ကပါတဲ့တစ်ဦးတည်းသောသူဖြစ်တာမို့ တပေါင်း ကောင်လေးကိုငေးကြည့်နေမိတယ်။
" ဟေ့ကောင်လေး မင်းပါးစပ်ကိုပိတ်ထားစမ်းကွာ...အရွယ်နဲ့မလိုက် ကြီးကြီးကျယ်ကျယ် စကားတွေပြောမနေနဲ့...ပြဿနာတစ်ခုကမပြီးသေးဘူး...နောက်ထပ်ပြဿနာတက်ချင်လို့်လား ...အေးအေးဆေးဆေးနေစမ်းကွာ...တော်ကြာမင်းကိုလာခေါ်လိမ့်မယ် "
ရုံးထဲက လူကြီးတစ်ယောက်က လှမ်းအော်လိုက်တယ်။ကောင်လေးက လူကြီးကိုခပ်တည်တည်ပဲပြန်ကြည့်တယ်။သူ့ပုံစံက တစ်စက်မှကြောက်စိတ်ရှိတဲ့ပုံမပေါ်ဘူး။ရဲရင့်ပြီးသတ္တိရှိပုံရတဲ့သူ့ကို တပေါင်းငေးကြည့်မြဲငေးကြည့်နေမိတယ်။
" ကဲ...တော်ပြီ...စကားတွေအများကြီးမပြောကြနဲ့ ...မဆိုင်တဲ့သူတွေလဲပြန်ကြတော့ ...သိန်းနုလဲမကျေနပ်ရင် စခန်းကိုသွားတိုင်...အခုတော့ပြန်ကြတော့ ...ကလေးမကိုအိမ်ပြန်မခေါ်ရဲရင်မခေါ်နဲ့.....သူတို့အမျိုးတွေ မလာကြဘူးလား....သူ့အမေရဲ့အစ်မ...ဟိုဘက်ရပ်ကွက်မှာရှိတယ်မဟုတ်လား...ငါတို့ပဲသွားခေါ်ခိုင်းလိုက်မယ် ...အားလုံးပြန်ကြတော့ "
လူကြီးကအသံမာမာနဲ့ပြောလိုက်တော့ အားလုံးထပြန်ကြတယ်။ဒါတောင် မသိန်းနုနဲ့မအေးလှိုင်က တပေါင်းကိုမျက်နှာကြောတင်းတင်းနဲ့လှမ်းကြည့်သွားကြပြီး ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ ကောင်လေးကိုပါ မျက်စောင်းခဲကာကြည့်သွားကြတယ်။
အားလုံးပြန်သွားကြတော့ ရုံးထဲမှာ လူကြီးအချို့နဲ့တပေါင်းတို့နှစ်ယောက်ပဲကျန်နေခဲ့တယ်။ရပ်ကွက်လူကြီးက တပေါင်းကြီးတော်ရဲ့နာမည်ကိုမေး၊နေရာကိုမေးပြီး ရုံးကစာရေးကိုသွားခေါ်ခိုင်းလိုက်တယ်။
" မောင်သန်း..ရပ်ကွက်ရုံးကိုအရင်သွားနော် .... ရပ်ကွက်လူကြီးကိုအကျိုးအကြောင်းပြောပြပြီး ..အကူအညီတောင်းလိုက် ကြားလား "
" ဟုတ်ကဲ့ပါ ဥက္ကဌ "
မောင်သန်းဆိုတဲ့စာရေးထွက်သွားတော့ ရပ်ကွက်လူကြီးက ရုံးထဲမှာ ကျန်ခဲ့တဲ့သူ တွေကိုလှည့်ကြည့်လိုက်ပြီး
" ကလေးတွေကို ထမင်းဝယ်ကျွေးလိုက်ကွာခြ...ထမင်းဆာနေကြမှာပေါ့ ...ငါအိမ်ခဏပြန်လိုက်အုံးမယ်..မောင်သန်းပြန်လာတာပဲဖြစ်ဖြစ်...ကောင်လေးကိုစခန်းကလာခေါ်တာပဲဖြစ်ဖြစ်... ရောက်လာရင် ငါ့ကို လာခေါ်ခိုင်းလိုက်နော်...ကလေးတွေကိုလဲ သေချာကြည့်ထားလိုက်အုံးဟ "
" ဟုတ်ကဲ့ပါ ဥက္ကဌကြီး ....စိတ်မပူပါနဲ့ ..ကျွန်တော်တို့သေချာကြည့်ထားပါ့မယ် "
ရပ်ကွက်လူကြီးထွက်သွားတော့ စာရေးတစ်ယောက်လဲ နောက်ကလိုက်ထွက်သွားခဲ့တယ်။ရုံးခန်းထဲမှာတော့ တပေါင်းရယ်ကောင်လေးရယ် လူကြီးသုံးလေးယောက်ရယ်ကျန်ခဲ့တယ်။
~~~~~~~~~~
" ဟေ့ ကလေးတွေ ...ထမင်းလာစားကြ ...ရန်မဖြစ်ကြနဲ့နော် ...ကောင်လေး...မင်းလဲလာစား..."
လူကြီးတစ်ယောက်က ဆိုင်ကလာပို့တဲ့ထမင်းပွဲတွေကို ခုံတစ်လုံးပေါ်ချပေးပြီး တပေါင်းတို့ကို ထမင်းစားခိုင်းတယ်။ထမင်းကိုမြင်တော့ တပေါင်းဟန်မဆောင်နိုင်ဘဲ စားပွဲဆီကိုထသွားမိတယ်။ပြသာနာဖြစ်ပြီးကတည်းက တပေါင်းထမင်းကောင်းကောင်းမစားရသေးဘူး။မနေ့တုန်းကတစ်နေ့လုံး အိမ်မှာ တစ်ယောက်တည်းရှိနေခဲ့ပေမဲ့ ချက်မစားရဲလို့ဘာမှမစားခဲ့ရဘူး။ရပ်ကွက်ကုသိုလ်ပြုဆေးခန်းက သူနာပြုဆရာမလေးက ခြေထောက်ကအနာအတွက်ဆေးခေါ်ထိုးပေးရင်း ပေါင်မုန့်တွေတော့ကျွေးလိုက်တယ်။မနေ့ကတစ်နေ့လုံး သူနာပြုဆရာမလေးနဲ့ရပ်ကွက်လူကြီးတွေကလွဲလို့် တပေါင်းကိုဘယ်သူမှလာမတွေ့ကြဘူး။တပေါင်းမှာ ကြီးတော်တွေများရောက်လာမလားလို့် မျှော်ရင်းနဲ့ ဆေးရုံတက်နေရတဲ့အဖေ့ကိုလဲစိတ်ပူနေခဲ့မိတာ။ဒီမနက်တော့ မိထွေးဖြစ်သူပြန်ရောက်လာခဲ့ပြီး သူမကိုရဲစခန်းတိုင်မယ်ဆိုပြီး ရပ်ကွက်ရုံးကိုခေါ်လာခဲ့တာပဲ။
တပေါင်းဗိုက်ဆာနေတာမို့ ဟန်မဆောင်နိုင်တော့ဘဲ ထမင်းပန်းကန်ကိုဆွဲယူပြီး အငမ်းမရစားလိုက်တယ်။ရှေ့မှာဟင်းပန်းကန်နှစ်ချက်ကိုတွေ့ပေမဲ့ယူမစားရဲ့တာမို့ ထမင်းပန်းကန်ထဲမှာပုံပေးထားတဲ့ ငရုတ်သီးကြော်နဲ့ပဲစားနေလိုက်တယ်။ဒီအချိန်မှာပဲ သူမပန်းကန်ထဲကိုဟင်းတွေရောက်လာတာမို့မော့ကြည့်လိုက်တော့ ဇွန်းကိုကိုင်ထားတဲ့ကောင်လေးကိုတွေ့လိုက်ရတယ်။ကောင်လေးက သူမပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးနေတာ။ဒီတော့မှကောင်လေးကို တပေါင်းသေချာကြည့်လိုက်မိတယ်။ကောင်လေးက အဝတ်အစားနွမ်းဖက်ဖက်လေးဝတ်ထားပြီး ဝတ်ထားတဲ့ဘောင်းဘီကလဲ အစုတ်အပြဲတွေနဲ့ပြည့်နေတယ်။ပိုပြီးဆိုးတာက သူ့ခြေထောက်တစ်ဖက်ကို တိုင်နဲ့တွဲပြီး ကြိုးနဲ့ချည်ထားခံရတာ။ဒီပုံစံကိုမြင်တော့ တပေါင်းလန့်သွားပြီး ကြောင်ငေးကြည့်နေမိတယ်။ကောင်လေးလဲ တပေါင်းလိုအပြစ်လုပ်ထားသူပဲ။ဒီလိုဆိုရင်ဖြင့် သူမတို့ကိုမကြာခင်မှာလာဖမ်းတော့မယ်ထင်တယ်။ဒါကိုတွေးလိုက်မိတော့ တပေါင်းထမင်းမစားနိုင်တော့ဘဲ ပါးပြင်ပေါ်ကိုမျက်ရည်တွေစီးကျလာခဲ့တယ်။
" ဟိတ်...နင်ဘာလို့်ငိုတာလဲ...ငါ့ကိုကြောက်လို့လား"
ကောင်လေးရဲ့အမေးကို တပေါင်းခေါင်းခါပြလိုက်မိတယ်။
" ငါ့ကိုမကြောက်ဘူးပေါ့ ,,,ဒါဆိုရင် အဖမ်းခံရမှာကိုကြောက်တာလား .."
ကောင်လေးရဲ့အမေးကို တပေါင်းခေါင်းငြိမ့်ပြလိုက်မိတယ်။
မသိန်းနုက မကျေမနပ်နဲ့ပြောလိုက်တယ်။
" ကလေးက အသက်မပြည့်သေးဘူး...စဉ်းစားကြပါအုံး..."
" သိပါတယ်ဥက္ကဌကြီး...ဒါပေမဲ့...ကိုအောင်မင်း ဆေးရုံက မဆင်းရသေးတာကိုလဲ ဥက္ကဌကြီးအသိပဲ...ပြီးတော့... ကျွန်မတို့မှာလဲ ကလေးငယ်လေးနဲ့ဆိုတော့... သူ့ကိုအိမ်မှာလက်ခံထားဖို့ ကြောက်လို့်ပါ..ဟို..လူငယ်ထိန်းသိမ်းရေးစခန်းဆိုတာကို သူ့ကိုပို့လိုမရဘူးလား "
မသိန်းနုက ကြားဖူးနားဝနဲ့ သူမသိချင်တာကိုမေးလိုက်တယ်။
" ဒါတော့ တရားသူကြီးကပဲ တိတိကျကျသိလိမ့်မယ် ...ဦးလေးတို့လဲမပြောနိုင်ဘူးကွယ်...ဦးလေးတို့တာဝန်ကတော့ ကြီးတဲ့အမှုကိုငယ်အောင်...ငယ်တဲ့အမှုကိုပပျောက်အောင်ပဲ ကူညီပေးချင်တာ ..ပြီးတော့ ကလေးမလေးမှာလဲ ဒဏ်ရာတွေရထားတယ်...ညာခြေထောက်ဒဏ်ရာက ရောင်နေလို့ ကလေးမလေးကိုလဲ ဆေးခန်းပြထားရတာ သိတယ်မဟုတ်လား ....အေး..ကလေးကို တိုင်ရင်တော့ .. အောင်မင်းကိုလဲစခန်း ကစစ်မှာပဲ ..နင်တို့တွေ ကလေးကို ဒီလောက်တောင် နှိပ်စက်ထားရလား "
ရပ်ကွက်လူကြီးရဲ့ လေသံမာမာကြောင့် မသိန်းနု မျက်နှာပျက်သွားရပြီး
"မ ..မဟုတ်ပါဘူးဥက္ကဌကြီးရယ် ....ကျွန်မ သူ့ကိုတစ်ခါမှ မရိုက်သလို .. သူ့အဖေကလဲ တစ်ခါတလေမှ ပြောမရလို့ ဆုံးမတာပါ ....အဲ့ဒီနေ့ကလဲ ကိုအောင်မင်းက ...သူ့အသားနာသွားလို့ သတိလွတ်ပြီးကန်လိုက်မိတာပါရှင် ... ကလေးမလေး ခြေထောက်ကဒဏ်ရာကလဲ သူ့ဘာသာချော်လဲလို့ ရထားတာပါ .. ဒဏ်ရာရထားပြီး ရောင်နေတာကို သူက မပြောလို့ ကျွန်မတို့လဲသတိမထားမိဘူးဖြစ်သွားတာပါ ... သူကိုက နည်းနည်းလေး မူမမှန်သလိုဖြစ်နေတာပါ ဥက္ကဌကြီး ...အဲ့ဒါကြောင့်လဲ အတူမနေရဲလို့ပါ...မယုံရင် အိမ်နီးနားချင်းတွေကိုသာ မေးကြည့်ပါ "
" အေး .. တားမရရင်လဲ နင်တို့သဘောပဲ ...နင်တို့ကိစ္စကို တရားသူကြီးကပဲ ဆုံးဖြတ်ပေးလိမ့်မယ်...ကိုယ်လုပ်ရင်ကိုယ်ခံကြပေါ့ "
နောက်ဆုံးမှာတော့ ရပ်ကွက်လူကြီးက တားမရတော့တာမို့ စကားကိုယတိပြတ်ပြောပစ်လိုက်တယ်။
" ဘာပဲဖြစ်ဖြစ်...မသိန်းနုပြောတာကို ထောက်ခံပါတယ်...ဘယ့်နှယ့် မိဘနဲ့သားသမီးကို သားသမီးကမိဘကိုပြန်လုပ်စရာလား...အစရှိအနောင်နောင်ဆိုသလိုပဲ ...နောင်လဲ ဒီလိုထပ်မလုပ်ဘူးလို့ ဘယ်ပြောနိုင်မလဲ .....ဦးကျိုးအောင်လုပ်ထားတာကောင်းမယ်...တခြားကလေးတွေလဲ ...သူ့ကိုကြည့်ပြီး အတုယူမှားမှာစိုးရတယ်..ဒါကြောင့် ထိထိရောက်ရောက်အပြစ်ပေးသင့်တယ် "
စကားဝိုင်းထဲဝင်ပြောသူက မအေးလှိုင်ဖြစ်တယ်။မအေးလှိုင်ရဲ့စကားကို မသိန်းနုအပါအဝင် လာကြည့်နေသူတွေကလဲထောက်ခံကြတယ်။တကယ်တော့ ဒီလူတွေကို မသိန်းနုက ငွေပေးပြီးခေါ်လာခဲ့တာ။ ငွေပေးထားရတဲ့ သူတွေထဲမှာ မအေးလှိုင်တို့လိုလူမျိုးတွေတော့ မပါဘူး။မအေးလှိုင်လို လူမျိုးကတော့ သားသမီးကိုရို**က်နှက်ပြီး ဦးချိုးထားမှ သားလိမ္မာသမီးလိမ္မာဖြစ်မယ်လို့ ယူဆထားတဲ့သူမျိုး။သားသမီးကို အချိန်ပြည့်ဆူပူမာန်မဲကြိမ်းမောင်းနေမှ မိဘစကားနားထောင်မယ်လို့ ခံယူထားတဲ့သူ။ပြောရရင် မအေးလှိုင် မငယ်စဉ်ကလဲ မိဘရဲ့အဆူအပူအရို*က်အနှက်ခံခဲ့ရတာတွေရှိတယ်။ပြီးတော့ မအေးလှိုင်စိတ်ထဲစွဲနေတာက မိဘဆိုတာ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်။မိဘပြောမျှမှန်တယ်၊မိဘလုပ်သမျှမှန်တယ် ။မိဘပြောရင် သားသမီးကနားခံရမယ်လို့ ခံယူထားတဲ့သူ။မအေးလှိုင်က သူ့သားသမီးတွေကိုလဲ ဦးချိုးထားပြီး မိဘဝါဒအစွဲကြီးသူတစ်ယောက်။ဒါကြောင့်လဲ ရှားရှားပါးပါးဒီလိုပွဲမျိုးကို မအေးလှိုင်ကအခမဲ့သက်သေလိုက်ပေးဖို့ ရောက်လာခဲ့တာ။
" ဟုတ်ပါတယ်လေ...တို့များငယ်ငယ်တုန်းက မိဘကဒါဆိုဒါပဲ...မိဘကိုမျက်လုံးလှန်ပြီးတောင်ကြည့်ရဲခဲ့တာမဟုတ်ဘူး...မိဘကေ*သဆိုသေ...ရှင်ဆိုရှင်ပဲ...စကားတစ်ခွန်းတောင် ပြန်မပြောရဲဘူး ...ဒီခေတ်ကလေးတွေများတော့ ....ရန်တောင်ပြန်လုပ်တယ်တဲ့ကြောက်စရာကောင်းလိုက်တာ ... ကံကောင်းလို့.အောင်မင်းက မtသတာ...ဒါကိုလွှတ်ထားလို့မဖြစ်ဘူး..ပြင်းပြင်းထန်ထန်အပြစ်ပေးမှဖြစ်မယ် ... "
လူကြီးတချို့က ဝင်ပြောလိုက်ကြတာမို့ ရပ်ကွက်လူကြီးတွေ စိတ်ရှုပ်သွားကြရတယ်။ရုံးပြင်မှာရပ်နေကြတဲ့သူတွေကလဲ ရုံးစုရုံးစုနဲ့ သူတို့ထင်ရာမြင်ရာကိုပြောနေကြတယ်။
" သားသမီးတွေကို ...မိဘတွေက ေသမတတ်ရိုက်နှက်နေတာကိုကျတော့ ...ဘယ်သူမှဝင်မဆွဲဝင်မတားခဲ့ကြဘဲနဲ့ ...သားသမီးကပြန်လုပ်မိတော့ အပြစ်ကြီးတယ်တဲ့လား..ငရဲအိုးကျမယ်တဲ့လား...စခန်းတိုင်မယ်ပေါ့လေ...ကလေးတွေ အရှင်လတ်လတ်ငရဲကျနေတာကိုတော့ ဘယ်သူမှမမြင်ခဲ့ကြဘူးလား...မြင်သိနေရဲ့နဲ့မသိချင်ယောင်ဆောင်နေခဲ့ကြတယ်မဟုတ်လား ... ကိုယ်နဲ့မဆိုင်ဘူးဆိုပြီးနေခဲ့ကြတာမဟုတ်လား . "
လူတွေက တင်ရာမြင်ရာ ကိုပြောနေချိန်မှာပဲ ရုံးခန်းအတွင်းထောင့်ဆီက ရုတ်တရက်ထွက်ပေါ်လာတဲ့အသံကြောင့် အားလုံးအသံလာရာဆီကိုလှည့်ကြည့်လိုက်ကြတယ်။ဒီအခါ သူတို့မြင်လိုက်ရတာက တပေါင်းနဲ့မတိမ်းမယိမ်းအရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ကို အားလုံးတွေ့လိုက်ကြရတယ်။အားလုံးရဲ့ဒေါသမျက်လုံးတွေက ကောင်လေးဆီကိုရောက်ရှိသွားကြတယ်။
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၄)
akyiphyu
************
ခြေထောက်တစ်ဖက်က မြှောက်ခနဲတက်လာပြီး မျက်နှာကိုခပ်ပြင်းပြင်းကန်လိုက်ချိန်မှာတော့ ဖန်ကွဲစကိုကိုင်ထားတဲ့ တပေါင်းရဲ့လက်တစ်ဖက်ကလဲ အလိုလိုလေထဲမြောက်တက်သွားခဲ့တယ်။
" အား "
" အမယ်လေးဗျ...ေ*သပါပြီ ..ကယ်ကြပါအုံး "
နာကျင်စွာအော်လိုက်တဲ့အသံတွေက စူးစူးဝါးဝါးထွက်ပေါ်လာခဲ့တယ်။အော်သံတွေရဲ့အဆုံးမှာ မသိန်းနုရဲ့မျက်လုံးအစုံကပြူးကျယ်ကာ လူကထိတ်လန့်တုန်လှုပ်သွားတယ်။
" ကို..ကိုအောင်မင်း...ရှင်...ရှင့်ကိုထိသွားတာလား...များလား ...တပေါင်း...အယုတ်တ*မာမလေး....မိဘကိုစော်ကားတဲ့ေ*ကာင်မ..ကံကြီးထိုက်မဲ့ဟာမ...လာကြပါအုံးတော် ...ဒီမှာ တပေါင်းကသူ့အဖေကို ပြန်သ/တ်နေလို့ "
မသိန်းနုထိတ်ထိတ်လန့်လန့်နဲအော်ဟစ်ရင်း ယောက်ျားဖြစ်သူနားကိုပြေးသွားလိုက်တယ်။ပြီးတော့ တံမြက်စည်းကိုယူလိုက်ပြီး တပေါင်းကို ခပ်ပြင်းပြင်းရို/က်ချပစ်လိုက်တယ်။မိထွေးဖြစ်သူရဲ့ရို/က်ချက်ကြောင့် တပေါင်းကြောက်ကြောက်လန့်လန့်နဲ့မိထွေးဖြစ်သူကိုဆောင့်တွန်းပစ်လိုက်ပြီး မိထွေးဖြစ်သူလက်ထဲက လွှတ်ကျသွားတဲ့ တံမြက်စည်းကို ကောက်ယူလိုက်ပြီး မိထွေးဖြစ်သူကို သုံးလေးချက်ဆင့်ပြီးရိုက်ပစ်လိုက်တယ်။တပေါင်းရဲ့လုပ်ရပ်ကြောင့် မသိန်းနုတစ်ယောက် ထိန်လန့်ချောက်ချားစွာအော်ဟစ်လိုက်တော့တယ်။
" အမယ်လေး ... tသပါပြီးတော့ ...ကယ်ကြပါအုံးရှင်...ကျွန်မတို့ကို တပေါင်းလိုက်သ//တ်နေလို့ပါ..ကယ်ကြပါအုံး "
မသိန်းနုငယ်သံပါအောင် အော်ဟစ်လိုက်ပြီး သိပ်မကြာခင်မှာပဲ အိမ်နီးနားချင်းတချို့အိမ်ရှေ့ကိုရောက်ရှိလာခဲ့ကြတယ်။
" ကိုအောင်မင်း...သိန်းနု ဘာဖြစ်ကြတာလဲဟဲ့..မထိတ်သာမလန့်သာနဲ့ "
" အမယ်လေး..ကယ်ကြပါအုံးရှင်...ဒီမှာ ...တပေါင်း ..ကျွန်မတို့ကိုသ//တ်နေလို့်ပါ "
အိမ်နီးနားချင်းတွေရဲ့အသံကိုကြားလိုက်ရတော့ မသိန်းနုငိုကြီးချက်မနဲ့လှမ်းပြောလိုက်တယ်။ မသိန်းနုမှာ အရိုက်ခံထားရတာကြောင့် တစ်ကိုယ်လုံးနာကျင်နေသလို ဖန်ကွဲစတွေကိုနင်းမိထိမိထားတာကြောင့် ခြေလက်တွေမှာ tသွးတွေထွက်နေခဲ့တယ်။ကိုအောင်မင်းမှာလဲ ခြေထောက်နဲ့ ဝမ်းဗိုက်ဘေးကို ဖန်ကွဲစနဲ့အထိုးခံထားရတာမို့ ေသွးတွေထွက်နေခဲ့တယ်။ကိုအောင်မင်းက တပေါင်းကိုကြည့်ပြီး သတ်ဖို့ရန်ကြိမ်းမောင်းတယ်။တပေါင်းကတော့ တံမြက်စည်းကိုလက်ထဲမှာဆုပ်ကိုင်ထားရင်း ကြောင်ငေးကာထိုင်နေခဲ့တယ်။
" ကိုအောင်မင်းတော်တော့ ..လက်လွန်မယ်...သူက ကလေးပဲရှိသေးတာ...ခင်ဗျားတို့လင်မယား ဆေးရုံအမြန်သွားကြ ...တော်ကြာေ--သွးထွက်လွန်နေမယ်..ကိုအောင်မင်းတို့ကို ဆေးရုံလိုက်ပို့ပေးလိုက်ပါအုံး ...ကျန်တာတွေ ပြီးမှဆက်ရှင်းမယ်..."
တတ်သိနားလည်သူတစ်ယောက်ကအော်ပြောလိုက်တာမို့ ကိုအောင်မင်းတို့ လင်မယားကိုဆေးခန်းပို့ဖို့အမြန်ပြင်ဆင်ကြတယ်။
" သမီး...ကျွန်မသမီးကို ခေါ်လာခဲ့ပါအုံးရှင် "
မသိန်းနုက အော်ပြောလိုက်တာမို့ အိမ်နီချင်းတစ်ယောက်က ငိုနေတဲ့ကလေးလေးကို ကောက်ချီသွားလိုက်တယ်။ဒီအချိန်အထိ တပေါင်းတစ်ယောက် နေရာမှာငူငူကြီးထိုင်နေဆဲဖြစ်တယ်။
~~~~~~~~~~~~~
" အေးလှိုင်ရေ ...ညည်းသတင်းကြားပြီးပြီလား ....သိန်းနုလင်ပါသမီး တပေါင်းဆိုတဲ့ကလေးမလေးလေ...သူ့အဖေနဲ့သိန်းနုကို ဖန်ကွဲစနဲ့လိုက်ထိုးတာတဲ့...နှစ်ယောက်လုံး ေ-//သွးတွေမြင်မကောင်းပါဘူးအေ...ဆေးရုံတောင် ရောက်သွားကြပြီတဲ့ "
ဆိုင်ထဲကိုဝင်လာပြီး ပြောလိုက်တဲ့ဒေါ်ဝတုတ်ရဲ့စကားကြောင့် ဆိုင်သိမ်းနေတဲ့ ဖိုးဇင်ရဲ့လက်တွေတုံ့ခနဲ့ဖြစ်သွားရတယ်။မယုံကြည့်နိုင်တဲ့စိတ်နဲ့ ဒေါ်ဝတုတ်ကိုလှမ်းကြည့်လိုက်မိတော့ ဒေါ်ဝတုတ်က သူကြားသိလာသမျှကို အမေ့ကိုပြောပြနေတာကို တွေ့လိုက်ရတယ်။
" ေ**သွးတွေဆိုတာမြင်မကောင်းဘူးတဲ့အေ..တော်သေးတာပေါ့...အသ//က်အန္တရာယ်မစိုးရိမ်ရလို့် ...တော်တော်ကြောက်ဖို့ကောင်းတဲ့ကလေးမလေးပါအေ...တော်တော်လေးရိုင်းစိုင်းတာပါ....မိဘကို ဒီလိုပြန်လုပ်တယ်ဆိုတော့ တွေးတောင်မတွေးရဲဘူး...လူကနေပေမဲ့ ငရဲကနေမှာမဟုတ်ဘူး "
" ကြားရတာ ကျောချမ်းစရာပါလား မဝတုတ်ရယ်...ကျွန်မက အစကတည်းက အဲ့ဒီကောင်မလေးကိုကြည့်မရတာ...သူ့ပုံစံကပြန်မပြောနားမထောင်ပုံစံနဲ့....ငရဲအိုးဇောက်ထိုးကျမဲ့ဟာမလေး...မိဘကဆုံးမတာနဲ့ပဲ မိဘကိုပြန်လုပ်စရာလား ...တကယ်ကြောက်စရာ သားဆိုးသမီးဆိုးတွေ....အိမ်မှာလဲ တစ်ယောက်ရှိသေးတယ်...မအေကဆူလိုက်ရင်...မျက်လုံးကြီးပြူးပြီး ပြန်ပြန်ကြည့်တာ ...ကြပ်ကြပ်သတိထားနော် ဖိုးဇင်...နင်ကြားတယ်မဟုတ်လား....နင်လဲ အဲ့ဒီကောင်မလေးနဲ့ပေါင်းပြိး မိဘတွေကိုပြန်ခံပြောချင်နေတာမဟုတ်လား ..အေး...မိဘကိုပြန်လုပ်ပြန်ပြောရင် မိဘကခွင့်လွှတ်ရင်တောင် ငရဲကမနေဘူးနော် "
မအေးလှိုင်က သားဖြစ်သူကိုလှမ်းမာန်လိုက်တယ်။မိခင်ပြောတဲ့စကားကို ဖိုးဇင်မကြားပါ။စိတ်ထဲမှာတွေးနေမိတာက တပေါင်းများအဖမ်းခံရမလားဆိုတဲ့ အတွေးကိုပဲ တွေးနေမိတယ်။
~~~~~~~~~~~~~
" သူရှိနေရင်တော့ ...အိမ်မှာ ကျွန်မတို့ သားအမိမနေရဲ့ပါဘူး...ဥက္ကဌကြီးအရေးယူပေးပါရှင်...သူ့ကိုစခန်းမှာအမှုဖွင့်ပါမယ် "
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့်
အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
A Kyi phyu မှာ Paid group မရှိပါဘူးနော်
ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင်
တစ်နေ့တစ်ပိုင်းပဲ ရေးပြီး
ရေးပြီးတာနဲ့တင်တာပါ
စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ်
ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
J
https://www.facebook.com/100067151540690/posts/735119455403099/
မအေးလှိုင် ထဘီစွန် တောင်ဆွဲပြီး ဒေါသနဲ့ထွက်ခဲ့တယ်။
~~~~~~~~
" မောတာပဲ အဖက်တင်တယ် ဖိုးဇင်ရာ ...ငါ့အထင်တော့ သူတို့ကြက်ကို တစ်အိမ်အိမ်က ချက်စားလိုက်ပြီးထင်တယ် ''
ပေါက်ပေါက်ရဲ့ စကားကြောင့် ဖိုးဇင်စိတ်ဓါကျသွားမိတယ်။ကြက်ကိုရှာလို့မတွေ့တဲ့အဆုံးမှာတော့ ဖိုးဇင်ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။
" ဖိုးဇင် tသနာလေး ... လာစမ်း...မအေကအလုပ် ဒီလောက်များနေတာကို ... နင်က ကမြင်းကြောလာထနေတယ်ပေါ့ ဟုတ်လား ..လာစမ်း...နင် tသဖို့သာပြင် "
" ဘုတ် ..ဘုတ် "
" ဘုံး ...ဘုံး "
ပြောပြောဆိုဆိုနဲ့ မအေးလှိုင်ရဲ့လက်တွေက ဖိုးဇင်ရဲ့ ခန္ဓာကိုယ်အနှံ့ကို ခပ်ပြင်းပြင်းကျရောက်သွားခဲ့တယ်။ပြင်းထန်လှတဲ့ ရို***က်ချက်တွေကြောင့် ဖိုးဇင်နာကျင်လှပေမဲ့ အံကိုတင်းတင်းကြိတ်ကာ ကြိတ်မှိတ်ခံနေလိုက်တယ်။
အပြန်လမ်းတစ်လျှောက်မှာ ရှေ့ကနေဖိုးဇင်က ကလေးချီကာလျှောက်သွားခဲ့ပြီး နောက်ကနေမအေးလှိုင်က တဘုံးဘုံးတဖြန်းဖြန်းရို***က်ရင်း လိုက်ပါလာခဲ့တယ်။
~~~~~~~~
ခြေထောက်ကို ထော့နင်းထော့နင်းလျှောက်နေတဲ့ တပေါင်းကို မသိန်းနုလှမ်းကြည့်လိုက်ပြီး မျက်နှာကိုမဲ့လိုက်တယ်။
" ကိုအောင်...ရှင့်သမီးကိုလဲကြည့်အုံး...သူ့ခြေထောက်က ဒဏ်ရာက တစ်ပတ်ကျော်နေပြီ ...သူကအခုချိန်ထိ အဲ့ဒီလိုလျှောက်နေတုန်းပဲ ...ရှင်နည်းနည်းပါးပါးပြောအုံး ...တော်ကြာ ...မိထွေးနှိပ်စက်ထားတယ်လို့ ပတ်ဝန်းကျင်ကထင်နေအုံးမယ် "
မသိန်းနုရဲ့စကားကြောင့် ကိုအောင်မင်းက သမိးဖြစ်သူကိုလှမ်းကြည့်ပြီး ခေါ်လိုက်တယ်။
" တပေါင်း .....နင့်ခြေထောက်က ဘာဖြစ်နေလို့ ..အကျိုးလိုလမ်းလျှောက်နေတာလဲ...ကောင်းကောင်းလျှောက်စမ်း..မလျှောက်ရင် ...ငါကိုယ်တိုင်ရို/က်ချိုးပစ်မယ် "
ဖခင်ဖြစ်သူရဲ့အော်ငေါက်သံကြောင့် တပေါင်းမှာနာကျင်နေတဲ့ခြေထောက်ကိုအတင်းဖိနင်းကာလျှောက်လိုက်တယ်။
" အား "
ခြေထောက်ကို ဖိနင်းလိုက်ချိန်မှာ စူးစူးဝါးဝါးနာကျင်သွားတာကြောင့် တပေါင်းလွှတ်ခနဲအော်မိမလိုဖြစ်သွားရတယ်။ခြေထောက်က ရောင်ပြီးနာကျင်နေပေမဲ့ ဖခင်ဖြစ်သူကိုမပြောရဲဘူးဖြစ်နေမိတယ်။ခြေထောက်ကလဲတစ်နေ့ထက်တစ်နေ့သက်သာမလာဘဲ ပိုပြီးနာနေခဲ့တယ်။
နာနေတဲ့ကြားက ခုလိုဖိနင်းလိုက်တော့ ပိုပြီးဆိုးသွားခဲ့တယ်။
" နင့်ကိုအဲ့ဒီလို မလျှောက်နဲ့လို့ပြောနေတာမကြားဘူးလား..ငါ..တယ်...စိတ်ရှိတိုင်းလုပ်ရရင်တော့ နာတော့မယ်...ဟဲ့...နင်ကိုပြောနေတာမကြားဘူးလားတပေါင်း....နင်က ...ငါ့ကိုမခန့်လေးစားလုပ်နေတာလား မိတပေါင်း "
" ဒုန်း ...ခွမ်း "
" ဘုံး "
" အီး ...နာတယ်...နာတယ်..."
ကိုအောင်မင်းကပြောရင်းနဲ့ စိတ်မရှည်တာမို့ သူ့အနားမှာရှိတဲ့ ဖန်ခွက်နဲ့လှမ်းပေါက်လိုက်တယ်။ဖအေဖြစ်သူပစ်ပေါက်လိုက်တဲ့ ဖန်ခွက်ကို တပေါင်းကြောက်လန့်တကြားရှောင်တိမ်းလိုက်တော့ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်တော့ဘဲ ဘုံးခနဲ့ကြမ်းပြင်ပေါ်လဲကျသွားခဲ့ရတယ်။ဒီအခါမှာ ဘေးနားမှာဆော့နေတဲ့ အငယ်မလေးရဲ့ခြေဖျားလေးကိုသွားဖိမိတယ်။အဖိခံလိုက်ရတဲ့အရှီန်ကြောင့် အငယ်မလေးက စူးခနဲထငိုတော့တယ်။
သမီးငယ်လေးရဲ့ငိုသံကြောင့် ကိုအောင်မင်းနဲ့မသိန်းနုတို့ရဲ့ဒေါသကထိန်းမရတော့။
" ဟာ...ဒီဟာမနဲတော့ ...ကလေးကိုထိသွားပြီ..."
ကလေးငိုသံကြောင့် ကိုအောင်မင်း ဒေါသထွက်သွားရပြီး တပေါင်းကိုပြေးကန်လိုက်တယ်။ဖြစ်ချင်တော့ ကိုအောင်မင်းရဲ့ကန်ချက်ကြောင့် တပေါင်းကလန့်ပြီးရှောင်လိုက်တယ်။ဒီလိုရှောင်လိုက်တော့ ဘေးမှာငိုနေတဲ့ကလေးရဲ့လက်သေးသေးလေးကို တပေါင်းရဲကိုယ်ကသွားဖိမိပြန်တယ်။ကလေးကနာသွားပြီးတော့ ပိုပြိးစူးစူးဝါးဝါးငိုတယ်၊။ကလေးငိုသံကျယ်လာလေလေ ကိုအောင်မင်းရဲ့ဒေါသတွေက ပိုပြီးဆူဝေလာခဲ့တယ်။မသိန်းနုက ငိုနေတဲ့သမီးငယ်ကိုပြေးပြီးချီလိုက်တယ်။ကိုအောင်မင်းက တပေါင်းရဲ့ကိုယ်လုံးလေးကို တစ်ချက်ပြီးတစ်ချက်လှိမ့်ပြီး က*န်လိုက်တယ်။
" အသံမထွက်နဲ့နော်..အသံထွက်ရင် ဒီထက်နာမယ်မှတ် "
ဖခင်ရဲ့ စကားကြောင့် တပေါင်းအသံမထွက်ရဲ့ဘဲ ကြိတ်ခံတယ်။တပေါင်းဆီက အသံမထွက်ပေမဲ့ ကိုအောင်မင်းက ဒေါသမပြေနိုင်ဘဲဆက်ကာဆက်ကာကန်တယ်။ဖခင်ရဲ့ကန်ကျောက်မှုတွေကြောင့် တပေါင်းတစ်ကိုယ်လုံးမခံမရပ်နိုင်အောင် နာကျင်လာတယ်။မိထွေးဖြစ်သူကို အားကိုတကြီးနဲ့လှမ်းကြည့်မိတော့လဲ ကလေးကိုချော့ကာတစ်ဖက်ကိုမျက်နှာလွှဲနေတာကိုတွေ့လိုက်ရတယ်။
" လာစမ်း ဒီခြေထောက်...ဒီလောက်တောင် ထော့**ကျိုး ဖြစ်ချင်နေရင် ဖြစ်စေရမယ် "
ကိုအောင်မင်းကအရက်လေးလဲ နည်းနည်းဝင်ထားတာမို့ စိတ်ကသွေးကြွနေပြီး သမီးဖြစ်သူရဲ့ထော့နဲ့နဲ့ဖြစ်နေတဲ့ခြေထောက်ကို နှစ်ချက်သုံးချက်ဆင့်က/န်လိုက်တယ်။
" အား..ကြောက်ပါပြီးအဖေရဲ့..နာလှပါပြီ....ေ**သပါတော့မယ်....သမီးကိုကယ်ကြပါအုံးရှင် "
ခြေထောက်တစ်ခုလုံး အသည်းခိုက်အောင်နာသွားတာမို့ တပေါင်းသတိလက်လွတ်နဲ့ အသံကုန်အော်ဟစ်လိုက်မိတယ်။ဒီအခါမှာ ဖခင်ဖြစ်သူက သူမမျက်နှာကိုက/န်ထည့်လိုက်တာမို့် တပေါင်းကြောက်ကြောက်လန့်လန့်နဲ့လက်တစ်ဖက်နဲ့မျက်နှာကိုကာလိုက်မိပြီးကျန်တဲ့လက်တစ်ဖက်က ဖန်ခွက်ကွဲစကို ကောက်ယူလိုက်မိတယ်။
==================================
အပိုင်း (၄) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
မိထွေးဖြစ်သူရဲ့စကားကြောင့် တပေါင်းကိုယ်လေးဆတ်ခနဲတုန်သွားရတယ်။ကိုယ်ပေါ်က ဒဏ်ရာတွေက နာကျင်နေတုန်းပဲမို့ နောက်ထပ် ထပ်ပြီးအရိုxက်ခံရမယ်ဆိုရင် တပေါင်းရဲ့ခန္ဓာကိုယ်က အရိုးတွေကျိုးဖို့ပဲရှိပါတော့တယ်။တပေါင်းကြိုးစားပြီး ထရပ်လိုက်ပေမဲ့ ညာဘက်ခြေထောက်က ဘယ်လိုမှ မထောက်နိုင်တာမို့ ညာခြေကို တရွတ်ဆွဲပြီး မျက်နှာသစ်တဲ့နေရာကို ထွက်လာခဲ့လိုက်တယ်။
~~~~~~~~
ထမင်းဟင်းတွေ ချက်နေရင်းနဲ့ညာဘက်ခြေထောက်က ဒဏ်ရာက တဆစ်ဆစ်ကိုက်ခဲနာကျင်နေတာကြောင့် နနွင်းမှုန့် တွေကို ဒဏ်ရာထဲကိုသိပ်ထည့်ပစ်လိုက်တယ်။ပြီးတော့ အဝတ်စုတ်တစ်ထည်ကိုယူပြီး ပတ်ထားလိုက်တယ်။ဒီအချိန်မှာပဲ ညီမလေးရဲ့အသံကို ကြားလိုက်ရတာမို့ ဖခင်ကြီးရှိနေရာအခန်းဆီကို ခြေတရွတ်ဆွဲကာ တပေါင်းသွားလိုက်တယ်။အခန်းရှေ့ရောက်တော့ အခန်းထဲကိုမဝင်ရဲ။ ညီမလေးကို လှမ်းကြည့လိုက်တော့ ခုတင်ပေါ်ကနေ လျောဆင်းပြီး တပေါင်းကို လှမ်းကြည့်နေတာ ။တပေါင်းလဲ ညီမလေးကို လက်ယပ်ခေါ်လိုက်တယ်။ကလေးက တပေါင်းကိုမြင်တော့ ဒယိမ်းဒယိုင်နဲ့ပြေးထွက်လာတယ်။
အနားရောက်လာတဲ့ ကလေးကို တပေါင်းပွေ့ချီလိုက်တယ်။
'' အ "
" ဗိုင်း "
ကလေးကို ပွေ့ချီလိုက်ချိန်မှာပဲ တပေါင်းဘယ်လိုမှ မဟန်နိုင်တော့ဘဲ ဗိုင်းခနဲလဲကျတော့တယ်။လဲကျသွားတဲ့အခိုက်မှာ ကလေးကိုမထိအောင် တပေါင်းလက်တွေနဲ့ ဖမ်းထိန်းလိုက်ပေမဲ့ ကလေးက လန့်ပြီး ထငိုတော့တယ်။
" အီး ..ဟီး..ဟီး "
" ဟာ....တောက်....ဘာဖြစ်တာ လဲ ..ကလေးက ဘာဖြစ်တာလဲ ...ကလေးကိုနင်ဘာလုပ်လိုက်တာလဲ တပေါင်း "
ကလေးငိုသံကြောင့် ကိုအောင်မင်းလန့်နိုးသွားပြီး ဒေါသနဲ့ ထအော်လိုက်ရင်း သူ့ဘေးမှာရှိနေတဲ့ ခေါင်းအုံးနဲ့ လှမ်းပစ်ပေါက်လိုက်တယ်။ခေါင်းအုံးက တပေါင်းရဲ့ကျောပြင်ကို လာထိမှန်ပေမဲ့ ခေါင်းအုံးဖြစ်နေလို့ တပေါင်း ကံကောင်းသွားခဲ့တယ်။
ဖခင်ကြီးဆီက နောက်ထပ် တုံ့ပြန်မှုတွေ ကျရောက်မလာခင်မှာ ညီမဖြစ်သူလက်ကိုဆွဲပြီး ခြေတရွတ်ဆွဲကာ အခန်းရှေ့ကနေ တပေါင်းအမြန်ထွက်ခဲ့လိုက်တယ်။
~~~~~~~~
" ဖိုးဇင် ... မျက်နှာသစ်ရင်းနဲ့ငိုက်နေပြန်ပြီလား ...နေ့တိုင်းကိုပြောနေရပါလားဟဲ့ ....ငါ့မှာ မနက် (၄)နာရီကအလုပ်ထလုပ်နေရတာ...အလုပ်ဆိုရင် ငူငူငိုင်ငိုင်နဲ့ ...အစားဆိုရင် ရှေ့ဆုံးကနေ မျိုတယ် ..လုပ်စမ်းမြန်မြန်သွက်သွက် "
" ဂဒေါင် "
မအေးလှိုင်က ဆူဆူဆဲဆဲ နဲ့ပြောရင်းက ဖိုးဇင်ရဲ့ခေါင်းကို ရေခွက်နဲ့ ဒေါင်ခနဲမြည်အောင် ခေါက်ချလိုက်တယ်။
မိခင်ရဲ့ခေါက်ချက်ကြောင့် ဖိုးဇင်နာကျင်သွားပေမဲ့ အသံမထွက်ရဲဘဲ အံကိုကြိတ်ကာတင်းခံထားရတယ်။မနက် (၄)နာရီကျော်တာနဲ့ ဖိုးဇင်လဲအိပ်ရာကထရတယ်။အိပ်ရာကနိုးတာနဲ့ ဆိုင်ထွက်ဖို့အတွက် မိခင်ကိုဝိုင်းကူရတယ်။မနက်(၆)နာရီမထိုးခင်မှာ လက်တွန်းလှည်းပေါ်ကို ဈေးပစ္စည်းတွေတင်ပြီး ဈေးလေးဆီကို သွားကြတယ်။ဈေးလေးက ဖိုးဇင်တို့အိမ်နဲ့ သိပ်မဝေးပါဘူး။ဈေးကို ရောက်ပြီဆိုရင် ဆိုင်ကိုအရင် ခင်းပေးရတယ်။ပြီးရင် နံနံပင်၊ ရှောက်သီစတဲ့ လိုအပ်တာတွေ ပြေးဝယ်ပေးရတယ်။မုန့်ဟင်းရည်အိုးနဲ့ ဟင်းခါးအိုးတွေကိုလဲ မီးမွှေးပေးရသေးတယ်။ အားလုံးလုပ်ပြီးလို့ စားသူတွေရောက်လာပြီဆိုရင် ဖိုးဇင်စားပွဲထိုးလုပ်ရတယ်။ပန်းကန်တွေဆေးရတယ်။ဆိုင်မှာ လူပါးသွားရင်အိမ်ပြန်ပြီးတော့ သူ့အဝတ်တွေနဲ့ ကလေးတွေရဲ့အဝတ်တွေကိုလျှော်ရတယ်။မိဘနှစ်ပါးရဲ့ အဝတ်တွေကိုတော့ မလျှော်ရဘူး။ မိခင်ဖြစ်သူကိုယ်တိုင်ပဲ လျှော်တာ။အိမ်အလုပ်တွေပြီးရင် အငယ်လေးနှစ်ယောက်ကို ရေချိုးပေးရတယ်။ကိုးနှစ်အရွယ်ညီမကတော့ သူ့ဘာသာရေချိုး၊ သနပ်ခါးလူး၊အဝတ်အစားဝတ်တာတွေလုပ်တတ်နေတဲ့ အရွယ်ရောက်နေပြီဆိုတော့ ဖိုးဇင်လုပ်ပေးစရာမလိုဘူး။အိမ်က အလုပ်တွေပြီးရင် ဆိုင်ကိုပြန်ပြေးရတယ်။အဲ့ဒီအချိန်ကျရင် မိခင်ဖြစ်သူကအိမ်ပြန်တယ်။ဖိုးဇင်က ဆိုင်စောင့်ရတယ်။ဆိုင်စောင့်နေချိန်မှာ မိခင်ခိုင်းထားခဲ့တဲ့ အလုပ်တွေမရှိရင်တော့ ဈေးလမ်းထဲလာဆော့ကြတဲ့ သူငယ်ချင်းတွေနဲ့ ခဏတစ်ဖြုတ်ဆော့လို့ရတာပေါ့။ကျန်တဲ့ အချိန်တွေကတော့ ညဆယ်နာရီအထိ ဖိုးဇင်အလုပ်မအားပါဘူး။
~~~~~~~~
"ပေါက်ပေါက် မင်းလိုက်မှာလား ....တပေါင်းတို့ကြက်ဖကြီးကို ရပ်ကွက်ထဲလိုက်ရှာမလို့ "
ဖိုးဇင်က ညီငယ်လေးကို လက်ဆွဲထားရင်းက ပေါက်ပေါက်ကို ပြောလိုက်တယ်။
" အေး ..လိုက်ခဲ့ပေးမယ်လေကွာ ...ရပ်ကွက်ကလဲ ကျဉ်းကျဉ်းလေးပဲဟာ ..သိပ်မကြာ လောက်ပါဘူး "
" အေး .. ဒါဆိုသွားကြမယ်လေကွာ "
ဖိုးဇင်ပြောပြီးတာနဲ့ ညီငယ်လေးကို ခါးထစ်ခွင်ချီလိုက်ပြီး ရှေ့ကနေဦးဆောင်ပြီး ထွက်ခဲ့လိုက်တယ်။
~~~~~~~~
" ဟင် ....ဖိုးဇင်ဘယ်သွားတာလဲ -- အိမ်မှာ သမီးတို့ပဲရှိတာလား "
မအေးလှိုင်က အိမ်ထဲကိုဝေ့ဝဲကြည့်ကာ သမီးဖြစ်သူကို မေးလိုက်တယ်။ဖိုးဇင်ကို အိမ်ပြန်လွှတ်ပြီး အလုပ်ခိုင်းလိုက်တာ။ အခုတော့ အိမ်မှာလဲမရှိ၊ လမ်းမှာလဲမတွေ့တာမို့ ဒေါသထွက်ကာ တု**က်တစ်ချောင်းကို ကောက်ယူလိုက်တယ်။
" တွေ့မယ် ( ....)...ငါ့အကြောင်းသိမယ်...မိဘက အလုပ်ခိုင်းလိုက်တာကို ကလေးတွေကိုထားပြီး ....သွားဆော့နေတယ် ...ကလေကချေ ကောင် သိမယ်မှတ် "
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃)
akyiphyu
************
ဆာလောင်လွန်းတာကြောင့် ဝမ်းဗိုက်ထဲကတကြုတ်ကြုတ်မြည်နေခဲ့သလို အာခေါင်တွေလဲခြောက်ကာရေသောက်ချင်နေမိတယ်။တစ်အိမ်လုံးမှောင်မိုက်နေတာမို့ ဖခင်ဖြစ်သူတို့ အိပ်ပျော်နေလောက်ပြီဆိုတာကို ခန့်မှန်းလိုက်မိတယ်။တစ်ခန်းလုံးမှောင်နေပေမဲ့လဲ ကိုယ့်အိမ်ကိုယ့်ရာဆိုတော့ ဘယ်နေရာမှာဘာရှိတယ်ဆိုတာကို တပေါင်းကျွမ်းကျင်နေပြီးသားပါ။အထူးသဖြင့် မီးဖိုချောင်ဆိုတာ သူမအကျွမ်းကျင်ဆုံးနေရာ။မိခင်ဖြစ်သူမရှိတော့ကတည်းက မီးဖိုချောင်နဲ့အိမ်ရှေ့ခန်းအတက်အဆင်းဘေးနားမှာပဲ တပေါင်းအိပ်ခဲ့ရတာလေ။တပေါင်းတို့အိမ်မှာ အိပ်ခန်းနှစ်ခန်းရှိပေမဲ့ အိပ်ခန်းထဲမှာ တပေါင်းနေခွင့်မရှိဘူး။တစ်ခန်းမှာ ဖခင်ဖြစ်သူနဲ့မိထွေးဖြစ်သူတို့နေတယ်။ကျန်တစ်ခန်းမှာက မိထွေးဖြစ်သူရဲ့အဝတ်အစားအသုံးအဆောင်တွေထားတာ။အိပ်ခန်းထဲမှာမအိပ်ရလို့် အိမ်ရှေ့ခန်းမှာ အိပ်ရဖို့ပြောတော့လဲ မိန််းကလေးမို့ မသင့်တော်ဘူးဆိုပြီး မီးဖိုချောင်အတက်အဆင်းနားမှာပဲ အိပ်ခဲ့ရတာ။မှောင်ကြီးမည်းမည်းထဲမှာ တပေါင်းဖင်တရွတ်ဆွဲကာတရွေ့ရွေ့သွားရင်း ရေအိုးရှိရာဆီကိုမှန်းသွားလိုက်တယ်။ဒီလိုအချိန်မှာ ထမင်းမစားရရင်တောင် ရေလေးနည်းနည်းလောက်ဖြစ်ဖြစ်သောက်ချင်နေမိတယ်။ခြေထောက်နှစ်ဖက်ကို ကြိုးနဲ့ချည်ထားပေမဲ့ ဖင်တရွတ်ဆွဲသွားလို့ရတော့ တော်သေးတယ်။ဒါပေမဲ့လှုပ်ရှားလိုက်တိုင်းမှာ ညာဘက်ခြေချင်းဝတ်က ဆိုးဆိုးဝါးဝါးနာကျင်နေခဲ့တယ်။နာလွန်းတာရယ်၊ဆာလောင်လွန်းတာရယ်ကြောင့် ပါးပြင်ပေါ်ကိုမျက်ရည်တွေ တလိမ့်လိမ့်စီးကျလာခဲ့ပြန်တယ်။တပေါင်းငိုရလွန်းလို့မောနေပါပြီ။ငိုနေပေမဲ့လဲ ရှိုုက်သံမထွက်ရဲတဲ့အခါ ရင်ဘတ်တစ်ခုလုံးကမောဟိုက်နေခဲ့ပြီး လည်ချောင်းတစ်လျှောက်မှာလဲမီးစနဲ့အထိုးခံထားရသလို ပူလောင်စူးရှပြီးနာကျင်နေခဲ့တယ်။
တပေါင်းရေအိုးရှိရာကို မှန်းဆပြီးတရွတ်ဆွဲသွာားနေချိန်မှာ လက်ကရေအိုးကို စမ်းလိုက်မိတာမို့ အိုးထဲကရေခွက်ကို လက်နဲ့စမ်းယူလိူက်ပြိး ရေတစ်ခွက်ကိုအငမ်းမရသောက်ချလိုက်မိတယ်။တစ်ခဏအတွင်းမှာပဲ ရေတစ်ခွက်ကကုန်သွားခဲ့ပြီး မောဟိုက်နေတဲ့ရင်အစုံကလဲငြိမ်ကျသွားခဲ့တယ်။ဗိုက်ထဲကိုရေတွေဝင်သွားခဲ့တာမို့ တကြုတ်ကြုတ်မြည်နေတဲ့ဝမ်းဗိုက်ကလဲ အနည်းငယ်ငြိမ်သက်သွားခဲ့တယ်။ဗိုက်ကဆာနေတုန်းဖြစ်ပေမဲ့ ထမင်းစားဖို့ကိုတော့ တပေါင်းစိတ်မကူးရဲဘူး။သူမထမင်းစားနေတုန်းမှာ ဖခင်ဖြစ်သူများ နိုးသွားခဲ့ရင် ထပ်ပြီးအရို**က်ခံရမှာကိုကြောက်နေမိတယ်။အမှောင်ထဲမှာ ခြင်တွေကိုက်နေတာကိုလဲ အသံထွက်အောင် မရို*က်ရဲဘဲ လက်နဲ့ပဲအသာသပ်ချနေရတယ်။ဒီလိုမှောက်မိုက်နေတဲ့အခြေအနေက ကြောက်စရာကောင်းတယ်ဆိုပေမဲ့လဲ ဖခင်ဖြစ်သူနဲ့ယှဉ်ခဲ့ရင်တော့ ကြောက်စရာမဟုတ်ဘဲ အေးချမ်းရာပဲမဟုတ်လား။ဖြစ်နိုင်မယ်ဆိုရင် မိုးမလင်းတော့ဘဲ မှောင်ကြိးထဲမှာပဲ တပေါင်းနေချင်မိတော့တယ်။တဝီဝီမြည်နေတဲ့ခြင်တွေရဲ့အသံတွေရယ်။နာကျင်နေတဲ့ခြေထောက်ရယ်၊မှောက်မိုက်နေတဲ့အနေအထားက ဖခင်ဖြစ်သူယှဉ်ရင် အသေးအဖွဲကိစ္စလေးတွေဖြစ်သွားခဲ့တယ် မဟုတ်လား။ရေကိုဝအောင်သောက်ပြီးသွားတော့ ရေအိုးနဲ့မနီးမဝေးကနံရံဘေးမှာပဲ တပေါင်းလှဲချလိုက်မိတယ်။
~~~~~~~~~
မသိန်းနုအိပ်ရာကနိုးလာတာနဲ့ မီးဖိုခန်းဘက်ကိုလျှောက်လာလိုက်တယ်။မီးဖိုခန်းဝကိုရောက်တော့ မီးဖိုထဲကိုလှမ်းကြည့်ပြီး နှာခေါင်းကိုရှုံ့လိုက်မိတယ်။မီးဖိုထဲက အကြမ်းသုံးတဲ့ရေအိုးဘေးနားမှာအိပ်ပျော်နေတဲ့ တပေါင်းကိုရှိရာဆီကို မသိန်းနုလျှောက်သွားလိုက်တယ်။
" တပေါင်း...တပေါင်းထစမ်း...ထတော့လေ..ဘယ်အချိန်ရှိနေပြီးလဲ ....နင်လဲ ..ဒီအခြေအနေမှာတောင် အိပ်ပျော်နိုင်သေးတယ်နော် "
" ရှင် ... ဟုတ်..ဟုတ်ကဲ့ ...အမေသိန်းနု "
မသိန်းနုရဲ့ နှိုးသံကြောင့် တပေါင်းလန့်နိုးလာခဲ့တယ်။
"ရော့ ...ဒီမှာ ကတ်ကြေး ...နင့်ခြေထောက်က ကြိုးကိုဖြတ်လိုက် ....ငါဒီနေ့ဆိုင်စောစောထွက်ရမှာမို့... ထမင်းဟင်းတွေ နင်ချက်ထားလိုက် ... ဟင်းဆီသ*တ်ရင် ...မတူးစေနဲ့ကြားလား.....ချက်လို့ပြီးရင် ....အဝတ်တွေလျှော်ထားလိုက်အုံး ...ကလေးနိုးလာရင် ... ကလေးကို မုန့်ကျွေးပြီး ရေမိုးချိုးပေးလိုက်အုံးနော် "
" ဟုတ်ကဲ့ပါ ..အမေသိန်းနု "
မိထွေးဖြစ်သူ ပြောနေတာတွေကို တပေါင်းခေါင်းငြိမ့်ပြလိုက်ပြီးတော့ ကတ်ကြေးကို လှမ်းယူလိုက်ကာ ကြိုးတွေကို ဖြတ်လိုက်တယ်။ ကြိုးတွေပြေသွားတော့ တပေါင်းအားယူပြီး ထကြည့်လိုက်တယ်။
" ဘုတ် ''
"အား "
တပေါင်း မတ်တတ်ထရပ်လိုက်တော့ ခြေချင်းဝတ်ဆီက နာကျင်မှုနဲ့အတူ လူကဖင်ထိုင်ရက်ပြန်လဲကျသွားတယ်။တပေါင်းလဲကျတဲ့ အသံကြောင့် မသိန်းနုကတပေါင်းကိုလှမ်းကြည့်လိုက်ပြီး မာန်မဲလိုက်တယ်။
" ဟဲ့ ဘာဖြစ်တာလဲ .... အဖြစ် သည်းပြမနေနဲ့...ဖြည်းဖြည်းထမှပေါ့ ....တော်ကြာ နင့်ဖအေနိုးလာလို့ ...စောစောစီးစီး အရိုက်ခံနေရအုံးမယ် "
မအေးလှိုင်က ပါးစပ်က ပြောရင်းနဲ့ ဖိုးဇင်ရဲ့ကျောပြင်ကို လက်ဝါးနဲ့ ခပ်ပြင်းပြင်းနှစ်ချက်ဆင့် ရို**က်လိုက်တယ်။ပြီးတော့ လမ်းမဘက်ကို မျှော်ကြည့်လိုက်တယ်။
" tသနာလေးကလဲ ပြောမရဆိုမရ ....tသနာကြီးကလဲ အချိန်တန်ရင် အိမ်ပြန်မလာချင်ဘဲ အရည်ဆိုင်မှာပဲ အချိန်ကုန်နေတယ် ... တော်တော်လေးစိတ်ပျက်ဖို့ကောင်းတဲ့ဟာတွေ ... အားလုံးကို ထားပစ်ခဲ့ပြီး ထွက်သွားလိုက်ချင်တော့တယ် ...ဟဲ့ ..ဖိုးဇင် ....ဘာငိုင်နေတာလဲ ဆိုင်ကိုမြန်မြန်သိမ်းထားနှင့်စမ်း ...နင့်ပထွေးနောက်ကို ငါ လိုက်သွားလိုက်အုံးမယ် ....ကလေးမနိုးစေနဲ့နော် ..အကြီးမယ် မောင်လေးကို ယယပ်ခတ်ပေးထားလိုက်နော် ... ဖိုးဇင် ...ပစ္စည်းတွေကို လှည်းပေါ် တင်ထားလိုက် ... ပန်းကန်တွေကျမကွဲစေနဲ့နော်...ကျကွဲလို့ကတော့ နင့်ကို အtသသ *တ်မှာ "
" ဟုတ်...ဟုတ်ကဲ့ပါ အမေ "
ကလေးတွေကို မှာပြီးတာနဲ့ အရက်ဆိုင်တွေရှိတဲ့ လမ်းဘက်ကို မအေးလှိုင်ထွက်လာခဲ့လိုက်တယ်။
~~~~~~
ခြေချင်းဝတ်ဆီက တဆစ်ဆစ်ကိုက်ခဲနာကျင်နေတာကြောင့် တပေါင်းလန့်နိုးလာခဲ့တယ်။လူကနိုးလာတာနဲ့ တစ်ပြိုင်နက် ခြေချင်းဝတ်ဆီက တဆစ်ဆစ်ကိုက်ခဲနာကျင်နေသလိုဝမ်းဗိုက်ထဲကလဲ တဂွီဂွီမြည်ကာ ဆာလောင်နေခဲ့တယ်။
==================================
အပိုင်း (၃) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့်
အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
A Kyi phyu မှာ Paid group မရှိပါဘူးနော်
ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင်
တစ်နေ့တစ်ပိုင်းပဲ ရေးပြီး
ရေးပြီးတာနဲ့တင်တာပါ
စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ်
ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
" အဲ့ဒီကြက်ဖ ဘယ်လောက်တန်လဲ နင်သိလား ....ကြက်ကိုပြန်မတွေ့ရင် ...နင့်ကိုထမင်းမကျွေးဘဲထားမယ်..ခိုးစားဖို့မစဉ်းစားနဲ့ ...ဂြိုဟ်ကောင်မလေး ..ငါ့ကိုဒုက္ခပေးဖို့ လူဖြစ်လာတာ ..တောက် "
ကိုအောင်မင်း မကျေနိုင်မချမ်းနိုင်နဲ့ ပြောလိုက်ရင်းက ရုန်းကန်နေတဲ့ တပေါင်းရဲ့ခြေထောက်တွေကို သံပေတံ စောင်းနဲ့ ဆင့်ကာဆင့်ကာရို*က်လိုက်တယ်။
" ဒုက် ....ဒုက် "
" အား "
" အသံမထွက်နဲ့လို့ ပြောနေတာ မကြားဘူးလား ... မျိုချစမ်း ....ငိုသံလဲ မကြားချင်ဘူး ..ဘာသံမှမကြားချင်ဘူး ...ပါးစပ်ကို ပိတ်ထား "
သရဲသဘက်စီးနေသလိုဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့ မျက်နှာကိုကြည့်ပြီး တပေါင်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေမိတယ်။
" ဒီနေ့ ...နင့်ကို ထမင်းမကျွေးဘူး ... တစ်ညလုံး ဒီအတိုင်းနေ ..ဘာသံမှ မကြားချင်ဘူးနော် "
" ဘုတ် "
ကိုအောင်မင်း ဒေါသမပြေနိုင်သေးဘဲ သမီးဖြစ်သူကို ခပ်ပြင်းပြင်းတစ်ချက်က *န်ကျောက်လိုက်ပြီး အိမ်ရှေ့ခန်းကို ထွက်ခဲ့တယ်။နောက်ဖေးမီးဖိုခန်းထဲက ချောင်ထဲမှာတော့ တပါင်းတစ်ယောက်တည်းကျန်နေခဲ့တယ်။
~~~~~~
" ဖိုးဇင် သွားစမ်း ....အပျိုကြီး ဆိုင်မှာ အချိုမှုန့်သွားဝယ်စမ်း ... မြန်မြန်သွားမြန်မြန်ပြန်လာနော်... ဆိုင်သိမ်းတော့မှာ..."
" ဟုတ်ကဲ့ပါ အမေ "
မိခင်ဖြစ်သူရဲ့ ခိုင်းစေမှုကြောင့် ဈေးလမ်းနဲ့တစ်လမ်းကျော်က လမ်းမတန်းမှာရှိတဲ့ အပျိုကြီးကုန်ခြောက်ဆိုင်ကို ဖိုးဇင် အပြေးထွက်လာခဲ့လိုက်တယ်။ဈေးလေးထိပ်ကိုရောက်တော့ တပေါင်းတို့ရဲ့ကုန်ခြောက်ဆိုင်လေးကို ဖိုးဇင် ငေးကြည့်မိတယ်။အရင်နေ့တွေကဆိုရင် ည(၇)နာရီကျော်မှ တပေါင်းတို့ဆိုင်က ပိတ်တာ။ဆိုင်ပိတ်ချိန်ဆိုရင် တပေါင်းရောက်လာပြီး သူ့မိထွေးနဲ့ဆိုင်ကူသိမ်းနေကြ။ ဒီနေ့တော့ နေ့လယ်ထဲက ဆိုင်ကိုပိတ်သွားတာ။ ကြားရတဲ့ သတင်းက တပေါင်းအဖေရောင်းဖို့ ယူလာခဲ့တဲ့ကြက်ဖကြီးပျောက်သွားလို့ ဆိုလား။ကြက်ဖကို ခြံထဲမှာ လှောင်ထားပြီး တပေါင်းကိုကြည့်ခိုင်းထားတဲ့ကြားက ပျောက်သွားလို့တဲ့။ ကြက်ပျောက်တာနဲ့ပဲ တပေါင်းကို အတင်းလိုက်ရို** က်နေတာကို ဖိုးဇင်လဲ တွေ့လိုက်တယ်လေ။ပျောက်သွားတဲ့ကြက်ကို ဖိုးဇင်ကူရှာပေးချင်ပေမဲ့ ဖိုးဇင်လဲလုံးဝကိုမအားတာ။ ဟိုဟာလိုရင် ပြေးဝယ်ပေးရ။ဒီဟာလိုရင် ပြေးဝယ်ပေးရနဲ့ အားတဲ့အချိန်မှာလဲ ပန်းကန်တွေဆေးရတယ်။ မိခင်ဖြစ်သူလှီးထားတဲ့ ပဲပြား၊ အာလူး၊ အသားတုစတာတွေကို တုတ်နဲ့ထိုးပေးရသေးတယ်။ဒီကြားထဲ အငယ်ဆုံးလေးကို ထိန်းပေးရတယ်။မိခင်ဖြစ်သူ အိမ်ကိုပြန်သွားရင်လဲ ဆိုင်မှာဈေးရောင်းပေးရတယ်။
~~~~~~~
" ဟာ....ပေါက်ပေါက်ရေ .. ဟေ့ ပေါက်ပေါက် "
ဖိုးဇင်ဈေးဝယ်ပြီးတော့ ထွက်လာချိန်မှာ ဆိုင်ရှေ့လမ်းမှာ သူငယ်ချင်းပေါက်ပေါက်ကို တွေ့လိုက်တာမို့ ဝမ်းသာအားရနဲ့ လှမ်းခေါ်လိုက်မိတယ်။ပေါက်ပေါက်က တပေါင်းတို့အိမ်နားမှာနေတာလေ။
" ပေါက်ပေါက် ..မင်းဈေးလာဝယ်တာလား .....ဒါနဲ့ တပေါင်းအခြေအနေ ဘယ်လိုလဲကွ ...နေ့လယ်က သူအရိုက်ခံနေရတာ မင်းတွေ့တယ်မဟုတ်လား ....အခုရောငြိမ်သွားပြီလား ....အရိုက်ခံနေရတုန်းပဲလားကွ "
" ဪ ..အေး ..နေ့လယ်က တော့ သူအရိုက်ခံနေရတယ်.....သူထွက်ပြေးသေးတယ်လေ ... သူ့အဖေပြန်ဖမ်းခေါ်လာခဲ့ပြီး ...မရို က်တော့ဘူးထင်တယ် ..ငြိမ်နေတယ်ကွ "
" ဟုတ်လား ...ဒါဆို ကြက်ကိုပြန်တွေ့သွားပြီထင်တယ် "
ဖိုးဇင်ဝမ်းသာအားရနဲ့ ပြောလိုက်မိတယ်။ဖိုးဇင် ပြောလိုက်တော့ ပေါက်ပေါက်ကခေါင်းကို ခါယမ်းလိုက်ပြီး
" မတွေ့သေးဘူးဟ ..သူ့အဖေနဲ့ သူ့အဖေသူငယ်ချင်းလိုက်ရှာနေကြတယ် ..ငါတို့အိမ်ဘက်ကိုတောင် လာရှာသွားသေးတယ်လေ "
" ဟင် .. ဟုတ်လား ...ဒါဆို မတွေ့သေးဘူးပေါ့ ...ဒုက္ခပါပဲကွာ .....တပေါင်းတော့ ထပ်ပြီး အရိုက်ခံရအုံးမယ်ထင်တယ် ..... ငါလဲ ရပ်ကွက်ထဲပတ်ပြီး သူ့အဖေ့ရဲ့ ကြက်ကိုလိုက်ရှာပေးရင် ကောင်းမလားမသိဘူး "
" မင်းလိုက်ရှာမယ်ဆိုရင် ပြောလေ ... ဒီညတော့ မိုးချုပ်နေပြီ ....မနက်ကျမှ လိုက်ရှာကြတာပေါ့ "
" အေး ..အေး ....မနက်ကျရင် ငါ့အမေ့ကို ဝိုင်းကူပြီးတာနဲ့ ငါထွက်လာခဲ့မယ်ကွာ..ငါသွားတော့မယ်နော် "
ပေါက်ပေါက်ကို နှုတ်ဆက်ပြီးတာနဲ့ ဆိုင်ဘက်ကို ဖိုးဇင်ဒုန်းစိုင်းပြီးပြန်ပြေးလာခဲ့လိုက်တယ်။မပြေးလို့လဲ မဖြစ်ဘူး။မိခင်ဖြစ်သူ စိတ်မရှည်တာ၊ဒေါသကြီးတာကို ဖိုးဇင်အသိဆုံးပဲလေ။
~~~~~~~
ဖိုးဇင်မောကြီးပန်းကြီးနဲ့ ပြန်ပြေးလာခဲ့ပေမဲ့ ဆိုင်ရှေ့မှာ ခါးထောက်ပြီးရပ်နေတဲ့ မိခင်ဖြစ်သူကို တွေ့လိုက်ရတာမို့ ပြေးနေတဲ့ ခြေထောက်တွေတုံ့ခနဲဖြစ်သွားရတယ်။
" လာစမ်း ..လာစမ်း ... tသနာလေး ....ဟိုနားနဲ့ဒီနားကို ပေါ်မလာဘဲ ဘယ်မှာသွားtသနေတာလဲ ...ဆိုင်သိမ်းတော့မယ်လို့ နင့်ကိုပြောလိုက်တာ မကြားဘူးလား .....ကလေးတွေအိပ်ချင်နေပြီဟဲ့ tသနာလေးရဲ့ ...အပြင်ထွက်ရင် ဇောင်းထဲကမြင်းကို လွှတ်လိုက်သလိုပဲ ...အချိန်ရတာနဲ့ အလေလိုက်ဖို့ပဲ တွေးနေတယ်...အသုံးမကျတဲ့ကောင်... မစိန်လှသားတွေနဲ့များကွာပ...ဟိုကလေးတွေများ ..မိဘက တစ်ခွန်းဆိုတစ်ခွန်းပဲ ..မိဘအရိပ်အကဲကိုလဲသိတယ်.... သက်တူရွယ်တူတွေဖြစ်ပြီး နင်ဘာအသုံးကျလဲ ပြော "
" ဘုံး ....ဘုံး "
" ဟုတ်တယ် ...ဝင်မပါနဲ့...ဒီခေတ်ကလေးတွေလဲ လွယ်တာမဟုတ်ဘူး...သူတို့က မိဘကိုပြန်ခံပြောချင်နေကြတာ ....ကိုယ်နဲ့လဲမဆိုင်ဘူး..မဆိုင်သလိုသာနေလိုက် "
တစ်ယောက်တစ်ပေါက်စကားတွေတီးတိုးပြောနေကြချိန်မှာ တပေါင်းကလဲ သူမတို့ရပ်ကွက်လမ်းအတိုင်းပြေးထွက်ခဲ့ပြီး ကြီးတော်ဖြစ်သူရှိတဲ့ဘေးရပ်ကွက်ဆီကို ပြေးလွှားခဲ့တယ်။
~~~~~~~~~~~~~
လမ်းပေါ်မှာ အော်ဟစ်ငိုယိုပြီး ပြေးသွားတဲ့တပေါင်းကိုမြင်လိုက်ရတော့ ဖိုးဇင်ကြောင်ပြီးငေးကြည့်နေခဲ့မိတယ်။တပေါင်းကို သူ့အဖေလိုက်ရို*/က်နေတာကိုမြင်ပေမဲ့ ဖိုးဇင်လဲမကယ်နိုင်ပါ။တပေါင်းကိုသနားပေမဲ့ ဖိုးဇင်မကူနိုင်ဘဲ လမ်းပေါ်ကပဲငေးကြည့်နေမိတယ်။ဖိုးဇင်လဲ တစ်ခါတလေဆိုရင် အမေနဲ့အဖေရို/က်တာ နာလွန်းလို့ တပေါင်းလိုပဲ လမ်းပေါ်လျှောက်ပြေးနေရတတ်တယ်။ဒီလိုအချိန်ဆိုရင် ဖိုးဇင်ကိုလဲကူမဲ့သူမရှိခဲ့ဘူး။
" ဖိုးဇင်...နင်ဘာကြည့်နေတာလဲ ..အလုပ်လာလုပ်လေ..ဘာလဲ...နင်လဲပြေးချင်နေတာလား.....နင်ကြပ်ကြပ်သတိထားနော်ဖိုးဇင်...တပေါင်းဆိုတဲ့ဟာမလေးဘယ်လောက်အကြောတင်းလဲရိုင်းလဲတွေ့လား...နင်..အဲ့ဒီဟာမလေးနဲ့အပေါင်းအသင်းမလုပ်နဲ့ကြားလား..ဘယ့်နှယ့် မိန်းကလေးဖြစ်ပြီး ...မိဘကဆုံးမတာကို လမ်းပေါ်ထွက်ပြေးရတယ်လို့ ...အဲ့ဒီလိုအကြောတင်းမျိုးကို အေးလှိုင်ဆီကို တစ်ရက်ပဲပို့ထားကြည့်စမ်းပါ ...တင်းနေတဲ့အကြောကိုလျှော့ပေးလိုက်မယ်....သားသမီးဖြစ်ပြီး မိဘကိုလာမလုပ်နဲ့မရဘူး.....အေးလှိုင်တို့က သားသမီးကိုစည်းကမ်းနဲ့အုပ်ချုပ်တာ...စားစရာမရှိရင်အန်ကျွေးလိုက်မယ်...အချိုးမပြေတော့လာမလုပ်နဲ့ ...တစ်ခါတည်းခြေလက်တွေကို ရို***က်ချိုးပြီး တစ်သက်လုံးရှာကျွေးပစ်လိုက်မယ် "
လမ်းပေါ်ပြေးလွှားနေကြတဲ့ တပေါင်းတို့သားအဖကိုကြည့်ပြီး မအေးလှိုင်ကနှုတ်ခမ်းကိုမဲ့ရွှဲ့ပြီးပြောလိုက်တယ်။
~~~~~-
တပေါင်းပြေးရလွန်းလို့ မောနေပြီ။အော်ငိုရလွန်းလို့လဲ အသံက မထွက်တော့ဘူး။လမ်းတစ်လျှောက်မှာ ချော်လဲခဲ့တာမို့ ညာဘက်ခြေချင်းဝတ်ကလဲ အထိမခံနိုင်လောက်အောင် နာနေခဲ့တယ်။ " မလိုက်ပါနဲ့တော့ အဖေရယ်လို့ "စိတ်ထဲက ဆုတောင်းနေပေမဲ့ နောက်ကနေပြေးလိုက်လာနေဆဲဖြစ်တဲ့ ဖခင်ကြောင့် တပေါင်းခြေလှမ်းတွေကို မရပ်ရဲဘူး။တပေါင်းတစ်ကိုယ်လုံး အရမ်းကိုနာကျင်နေပြီ။နောက်ထပ် အရို*က်ခံရရင် tသဖို့ပဲရှိတော့တယ်။တဖြည်းဖြည်းနီးကပ်လာတဲ့ ဖခင်ကြီးကို ကြည့်ပြီး ကြီးတော်ဖြစ်သူရဲ့ အိမ်ရှိရာဆီကို တပေါင်းအားကုန်ပြေးသွားလိုက်တယ်။
"ကြီးကြီးရေ...ကြီးကြီး ... တပေါင်းကိုအဖေလိုက်ရို**က်နေလို့ ကယ်ပါအုံး "
" ဟဲ့ ..ဟဲ့ ....ဘာဖြစ်လာတာလဲ တပေါင်းရဲ့ "
တပေါင်းရဲ့အော်သံကြောင့် ကြီးတော်ဖြစ်သူက အိမ်ပေါ်က ပြေးဆင်းလာခဲ့ပြီး တပေါင်းကို လှမ်းမေးလိုက်တယ်။
" အ ..အဖေ ..သမီးကို... လိုက်ရို*က်နေလို့ ကယ်ပါအုံးကြီးကြီးရဲ့ "
တပေါင်းရဲ့ ပြောစကားမဆုံးခင်မှာဘဲ ကိုအောင်မင်းတစ်ယောက် မရီးဖြစ်သူရဲ့ခြံထဲကို ဝင်ရောက်လာခဲ့တယ်။
" ဟဲ့ ..အောင်မင်း ..ဘာဖြစ်တာလဲ ....ကိုယ့်သားသမီးကို ရန်သူလို သဲကြီးမဲကြီးလိုက်ရို*က်နေရလားဟဲ့ "
မရီးဖြစ်သူရဲ့စကားကြောင့် ကိုအောင်မင်းရဲ့ ဒေါသက အထွတ်အထိပ်သို့ ရောက်သွားခဲ့ရတယ်။
'' အေး ..အပြစ်ရှိလို့ လိုက်တာလေ ...ကိုယ့်သားသမီး ကိုယ်ဆုံးမတာဘာဖြစ်လဲ ....နင်တို့ ဝင်မပါနဲ့ ...အေး... သူ့တာဝန်တွေကို တစ်သက်လုံးယူနိုင်တယ်ဆိုရင်တော့ ဝင်ပါလို့ရတယ်နော် ... တာဝန်မယူနိုင်ဘဲနဲ့တော့ နှမ်းလာမဖြူးနဲ့ "
ကိုအောင်မင်းက မရီးဖြစ်သူကို ခပ်ရိုင်းရိုင်းပြန်ပြောလိုက်တယ်။ကိုအောင်မင်းရဲ့ စကားကြောင့် မရီးဖြစ်သူလဲ မျက်နှာပျက်သွားရပြီး
" အေး ....၀င်မပါဘူး ..နင်လဲ ငါ့ခြံထဲက ထွက်သွား...နင်လိုကောင်မျိုးနဲ့ ငါတို့လဲမပတ်သက်ချင်ဘူးဟေ့ ...တပေါင်း...နင်လဲသွားတော့ .... နောက်တစ်ခါကြီးကြီးဆီကို မလာနဲ့နော် ကြားလား ... သူက ဖအေအရင်းပဲ tသအောင်တော့ သ*တ်မှာမဟုတ်ဘူး .."
ကြီးတော်ဖြစ်သူရဲ့ ယတိပြတ်စကားကြောင့် တပေါင်းနေရာမှာ ပုံလျက်လဲကျသွားရတယ်။
"ဂန်းနာမလေး ... ထစမ်း မြန်မြန် ... နင့်အချိုးကို ဒီနေ့ ရအောင်ပြင်မယ် ....ထစမ်း ..ရှေ့ကမြန်မြန်သွား "
ဒေါသတကြီးနဲ့ပြောလိုက်တဲ့ ဖခင်ဖြစ်သူရဲ့အသံကြောင့် တပေါင်း လဲနေရာကထလိုက်ပြီး အိမ်ဘက်ကိုအမြန်ပြန်လျှောက်လာခဲ့တယ်။
~~~~~~
" ခွပ် ... ခွပ် "
'' မငိုနဲ့ ..အသံမထွက်နဲ့နော် "
ကိုအောင်မင်းက သမီးဖြစ်သူတပေါင်းရဲ့ ခြေထောက်တွေကို ကြိုးနဲ့ချည်ထားလိုက်ကာ ပခုံးနဲ့ လက်မောင်းတွေကို လက်*သီးနဲ့ထိုးချလိုက်တယ်။တပေါင်းက ကြောက်လန့်ပြီးရုန်းရင် ခြေထောက်တွေကို ရို*က်တယ်။ဆေးလိပ်မီးနဲ့တို့တယ်။တပေါင်းမှာ ကြောက်ကြောက်လန့်လန့်နဲ့ ရုန်းကန်နေတာမို့ ခြေချင်းဝတ်တစ်ဖက်က ပွန်းပဲ့ကာthway တွေပင်ထွက်နေခဲ့တယ်။
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂)
akyiphyu
************
အခန်း(၂)
ဆုံးမသွန်သင်တာလား.....?
အိမ်တွင်း အကြ).*မ်းဖက်တာလား ...?
မိဘက ဆုံးမသွန်သင်နေတာပဲလေဆိုပြီး ...ကလေးငယ်တွေရဲ့ငိုသံတွေကို လျစ်လျူရှုခဲ့ကြတယ်................................
" ဘယ်အချိန်ရှိနေပြီလဲ နင်သိလား...နင်ကတော့ အိမ်မှာအဆင့်သင့်စားသောက်နေပြီးတော့ ...နေ့ခင်းနေ့လယ်ခဏတစ်ဖြုတ်လေး ဆိုင်လာထိုင်ပေးရတာကို မအားဘူးဖြစ်နေတာလား ....အဆော့မမက်နဲ့နော်....အရွယ်မရောက်သေးဘဲ ပိုးမထနဲ့ ..ကြပ်ကြပ်သတိထားနေနော် ကြားလား..."
" ဟုတ်...ဟုတ်ကဲ့ပါ အမေသိန်းနု "
တပေါင်းကြောက်ကြောက်နဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။
" သမီးလေး...နေခဲ့အုံးနော်...အမေ ရေပြန်ချိုုးလိုက်အုံးမယ်နော်..အမေပြန်လာရင် သမီးကို ခေါ်မယ်နော် "
မသိန်းနုကသမီးငယ်လေးရဲ့ ပါးပြင်လေးကိုနမ်းရှိုက်လိုက်ပြီး ဆိုင်ထဲကထွက်သွားခဲ့တယ်။
~~~~~~~~~~~
" ကြောက်ပါပြီး အဖေရဲ့ ...နောက်ကို မဖြစ်စေရပါဘူး အဖေရဲ့ ...နာလို့ tသပါတော့မယ် "
တပေါင်းနာနာကျင်ကျင်နဲ့အော်ဟစ်ငိုလိုက်ပေမဲ့ ကိုအောင်မင်းက သူ့လက်တွေကိုမရပ်တန့်ဘဲ သမီးဖြစ်သူရဲ့ခြေသလုံးနဲ့တင်ပါးကို ခါးပတ်နဲ့တစ်ချက်ပြီးတစ်ချက်ဆက်ရို*က်နေခဲ့တယ်။
" ဘာခိုင်းခိုင်းအချိုးကိုမပြေဘူး...အိမ်မှာရှိတဲ့ပစ္စည်းတွေလဲ နင်ခွဲပစ်လို့ကုန်တာ....နင် ဖျက်ဆီးပစ်လို့ ကုန်တာ...ကလေးထိန်းခိုင်းရင်လဲ ကလေးမှာဒဏ်ရာ မရတဲ့နေ့ကိုမရှိဘူး ..နင့်ကိုဘယ်နေရာသွားသုံးစားရမလဲ ...နင့်ကိုမနက်က ဘာမှာခဲ့လဲ ...အဲ့ဒီကြက်ဖက ရောင်းဖို့ဆိုင်ထားပြီးသားမို့ ကြည့်နေပါလို့မပြောခဲ့ဘူးလား ..မှာထားတဲ့ကြားက အခုပျောက်သွားပြီ ...အဲ့ဒီကြက်ကဘလောက်တန်လဲနင်သိရဲ့လား တပေါင်း... "
" မ..မသိပါဘူးအဖေ..သမီးကကြက်သားဟင်းလဲမစားဖူးပါဘူး...အဖေနဲ့အမေသိန်းနုပဲစားတာဆိုတော့ အမေသိန်းနုကိုမေးကြည့်ပါ ...ပြီး...ပြီးတော့ သမီးက ကြက်ကိုစောင့်ကြည့်နေတာကို ...အမေသိန်းနုကခေါ်ခိုင်းလို့သွားရတာပါ "
" ဘာ...ဟဲ့...နင်ဘာပြောလိုက်တယ်...ကိုအောင်မင်း ရှင့်သမိးပြောတာကြားတယ်နော်....သူများတွေကြားရင် ..သူ့ကို ထမင်းမကျွေးဘဲထားတယ်ထင်နေအုံးမယ် ...သူ့ကိုခိုင်းတယ်ဆိုတာကလဲ ခဏလေးပါတော်...သူသွားတဲ့အချိန် ကျွန်မကြည့်ထားတာပါ...ကျွန်မဈေးဆိုင်သွားတော့မှပျောက်တာနေမှာပေါ့ ...ရှင့်သမီက လူကကြည့်တော့ အရွယ်မရောက်သေးဘူး...ဈေးထဲကမအေးလှိုင်သား ...ဖိုးဇင်ဆိုတဲ့ကောင်လေးနဲ့ တတွဲတွဲနဲ့ ...တစ်ခုခုခိုင်းလိုက်ရင် ...အဲ့ဒီကောင်လေးနဲ့စကားသွားပြေားနေရော "
အဖြစ်မှန်ကို တပေါင်းရှင်းပြလိုက်ကာမှ ပိုရှုပ်သွားခဲ့ရပြီး မသိန်းနုကဒေါသတကြီးနဲ့ထအော်လိုက်တယ်။မသိန်းနုရဲ့ စကားကြောင့် ကိုအောင်မင်းစိတ်တိုဒေါသထွက်သွားပြီး
" ဘာ...ဘာပြောတယ်... ဟုတ်လား တပေါင်း...နင်ကအရွယ်မရောက်သေးဘူး ဘာအချိုုးချိုးတာလဲ..နွေတပေါင်း နင်တော်တော်ထိန်းမနိုင်ပါလား "
ကိုအောင်မင်းကဒေါသတကြီးဆဲဆိုလိုက်ရင်းနဲ့ ခါးပတ်ကိုထပ်ပြီးမြှောက်ကိုင်လိုက်တယ်။ဒီအခါမှာတော့ တပေါင်းကနေရာမှာဆက်ပြီး ရပ်မနေရဲတော့ပါ။တိုင်ကိုဖက်ထားတဲ့ သူမလက်တွေကိုလွှတ်လိုက်ပြီး အိမ်ပေါက်ဝကနေ တစ်ဟုန်ထိုးပြေးဆင်းလာခဲ့မိတယ်။
" တပေါင်း နင်ဘယ်ပြေးတာလဲရပ်စမ်း..ရပ်လို့်ပြောနေတာ ကြားလား...အေး..မိရင် ဒီထက်ပိုနာမယ်နော်...တောက်...ဒီ ( ....) "
အိမ်ပေါ်ကဆင်းပြေးသွားတဲ့ တပေါင်းနောက်ကို ပြေးလိုက်ရင်းက ကိုအောင်မင်းတစ်ယောက် အော်ဟစ်ဆဲဆိုလိုက်တယ်။ကိုအောင်မင်းကနောက်ကနေ ဒေါသတကြီးနဲ့လိုက်၊တပေါင်းကရှေ့ကနေ ငိုပြီးပြေးနဲ့ ရပ်ကွက်လမ်းကျဉ်းလေးထဲမှာအသံတွေဆူညံသွားတယ်။
တပေါင်းရဲ့ဦးတည်ပြေးရာအရပ်က မိခင်အရင်းရဲ့အစ်မဖြစ်သူအိမ်သို့ဖြစ်လေတယ်။
" တပေါင်း...မပြေးနဲ့လို့ပြောနေတာ မကြားဘူးလား ခွေးမ ရဲ့..နင်ေ*သချင်နေတာလား ဟုတ်လား ..ဂန်းနာမရဲ့ "
" အီး..ဟီး ..ဟီး ..ကြောက်ပါပြီ အဖေရဲ့ ..နောက်ကို သမီးသေချာကြည့်ထားပါ့မယ် "
တပေါင်းက အော်ဟစ်ငိုယိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးတာမို့ ကိုအောင်မင်းမှာ ယောက်ျားတန်မဲ့ သမီးဖြစ်သူတပေါင်းကို ဘယ်လိုမှလိုက်လို့မမီဘဲဖြစ်နေခဲ့တယ်။ကိုအောင်မင်းနဲ့ တပေါင်းအဖြစ်ကို ရပ်ကွက်ထဲကလူတွေက ကြည့်ပြီး သက်ပြင်းချကြသူတွေချကြသလို နှာခေါင်းရှုံ့သူတွေလဲ ရှုံ့ကြတယ်။
" အင်း ..ဒီကလေးမလဲ ဝဋ်ကြွေးကြီးပါတယ်...နေ့တိုင်းကိုအရို*က်ခံနေရတာပဲ...ရို*က်တဲ့သူကလဲ မိထွေးမဟုတ်ဘဲ... သူ့ဖအေအရင်းကရို*က်တာဆိုတော့ ...ဝင်ဆွဲလို့်လဲမဖြစ်ဘူး "
အမြင်မတော်သူတစ်ယောက်က စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်တယ်။
" အမယ်လေး သွားမဆွဲနဲ့နော်..ကြားသုံးကြားဝင်မပါချင်ပါနဲ့.....သူ့အဖေနဲ့သူ့သမီးအချိန်တန်ရင် ပြန်တည့်ကြမှာ ...မသိသလိုသာနေ...မကြည့်ချင်ရင်မျက်လုံးမှိတ်ထားလိုက်...မကြားချင်ရင်နားပိတ်ထားလိုက်...ဝင်ပါဖို့တော့လုံးလုံးမတွေးနဲ့နော်... သူတို့ကနေ့တိုင်းဖြစ်နေတာ "
သားအဖကြားဝင်ပါချင်သူကို တစ်ယောက်ကတားမြစ်လိုက်တယ်။နောက်တစ်ယောက်ကလဲ ပြေးနေကြတဲ့တပေါင်းတို့သားအဖကိုလှမ်းကြည့်လိုက်ပြီးမှ
ကုန်ခြောက်ဆိုင်လေးထဲကို တပေါင်းတို့ဝင်လိုက်တာနဲ့ မိထွေးဖြစ်သူမသိန်းနုရဲ့ ဆူဆူအောင့်အောင့်ဆဲဆိုသံ ခပ်တိုးတိုးနဲ့အတူ မာကျောလှတဲ့လက်ခေါက်ကလဲ တပေါင်းရဲ့ ခေါင်းထိပ်တည့်တည့်ပေါ်ကို ကျရောက်လာခဲ့တော့တယ်။
==================================
အပိုင်း (၂) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့်
အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
A Kyi phyu မှာ Paid group မရှိပါဘူးနော်
ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင်
တစ်နေ့တစ်ပိုင်းပဲ ရေးပြီး
ရေးပြီးတာနဲ့တင်တာပါ
စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ်
ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
