uk
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Відкрити в Telegram

Показати більше
803
Підписники
+424 години
+167 днів
+4630 день
Архів дописів
#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု) အပိုင်း (၁၀) ***** " မင်း အိပ်နေတာလား ပိုးဖြူ ....မအိပ်ဘူးမဟုတ်လား ... ငါတို့စကားနည်းနည်းပြောရအောင်" တကယ်ဆိုလျှင် အနားသို့ ကပ်လာပြီး နဖူးလေးလက်လေးဖြစ်ဖြစ်စမ်းပြီး "သက်သာရဲ့လား" ဟုသောစကားမျိုးကို အရင်းဆုံးပြောရမည်မဟုတ်ပါလား။ ဟန်ဆောင်၍ပဲဖြစ်ဖြစ် မေးသင့်သည်လေ။ယခုမူ ရက်စက်မှု အပေါင်းသရဖူဆောင်းထားသော ဤယောက်ျားသည် တစ်ချိန်တုန်းကတော့ မပိုးဖြူနောက်သို့ တကောက်ကောက်လိုက်ကာ အရူးအမူးချစ်ပြခဲ့သလောက် ယခုအချိန်မှာတော့ မပိုးဖြူကို လူသားတယောက်ဟုပင် ထင်မှတ်ပုံမရတော့ပါချေ။ခြေသံသည် မပိုးဖြူအနားသို့ လျှောက်လာသံကိုကြားရသည်။ခုတင်နားသို့ကပ်မိလျှင် မပိုးဖြူကြားသားရုံ အသံခပ်တိုးတိုးထွက်လာသည်။ "မင်းကိုရွှေငွေအပြည့်နဲ့ ထားပေးထားတယ် ...အခုချိန်ထိမင်းကို ရိုက်တာနှက်တာတွေလဲ မလုပ်ခဲ့ဘူးနော်.... မင်းနေခဲ့ရတဲ့ ဘ၀နဲ့မတူအောင် အစစအရာရာပြည့်စုံအောင်ထားပေးခဲ့တာမင်းသိတယ်မဟုတ်လား ..ငါ့အသက် (၁၉)နှစ်ကနေ အခုချိန်ထိမင်းကိုပေးဆပ်ခဲ့တာပဲ ..ဒီလိုဆိုလုံလောက်နေပါပြီ ...မင်းမသေပါနဲ့ ...မင်းလဲမင်းလမ်းကို လျှောက်နိုင်အောင် ကြိုးစားပါ " အသံသည် ပြတ်သား၍ အေးစက်ပါသည်။မျက်လုံးအစုံကို မှိတ်ထားရင်းမှ မပိုးဖြူ အံကိုတင်းတင်းကြိတ်ထားမိသည်။ "မင်းနေကောင်းအောင်နေပါ ... ငါသွားတော့မယ် " ရောက်လာပြီး လူနာစောင့်ခုံမှာပင်တစ်စက္ကန့်မျှမထိုင်ဘဲ ချက်ချင်းပြန်ထွက်သွားရန် ပြင်နေသောကြောင့် မပိုးဖြူမျက်လုံးကို ဖွင့်ကြည့်လိုက်မိသည်။ အံကိုကြိတ်လျက် လေသံပျော့ပျော့ဖြင့် လှမ်းမေးလိုက်မိသည်။ "ရှင်ဘယ်ကို ခရီးသွားတာလဲ ... ဘယ်သူနဲ့ သွားတာလဲ ." မပိုးဖြူ၏ အမေးကြောင့် ပြန်ရန်ပြင်နေသော ကိုဇင်မောင်၏ ခြေလှမ်းများတုံ့ခနဲ့ ဖြစ်သွားရသည်။မပိုးဖြူကို လှည့်ကြည့်လိုက်ပြီး "အဲဒီကိစ္စကို မင်းသက်သာလာရင် ပြောမယ် ... ပြီးတော့သမီးက နိုင်ငံခြားမှာ ကျောင်းသွားတက်ချင်တယ်တဲ့ .... အဲ့ဒါ ငါခွင့် ပြုလိုက်ပြီ ... " " ဘာ ... ဘာပြောတယ် ... ဒီ .. ဒီစကားကို လမ်းကြုံပြောသလို ပြောပြတာလား ...သမီးကိစ္စကိုတောင် ကျွန်မဘာမှမသိရဘူးလား...ရှင်တို့ ကျွန်မကိုလူလို့ တောင်သက်မှတ်ကြသေးရဲ့လား " သမီးနဲ့ ပတ်သက်လာသောအခါ မပိုးဖြူအားယူကုန်းထလိုက်ပြီး ဒေါသတကြီးနှင့်ပြောလိုက်မိသည်။ '"တော်ပြီး အခုဘာမှမပြောချင်ဘူး ..မင်းနေကောင်းမှ အားလုံးပြောမယ် ...ငါပြန်တော့မယ် " ပြောပြီးသည်နှင့် ချာခနဲလှည့်ထွက်သွားသော ယောကျာ်းဖြစ်သူ၏ကျောပြင်ကို မပိုးဖြူ နှုတ်ဆိတ်လျက် စူးစူးစိမ်းစိမ်းကြည့်နေမိသည်။ဖိကိုက်ထားမိသော နှုတ်ခမ်းထောင့်ဆီမှ ဆစ်ခနဲ နာကျင်မှုနှင့်အတူ အသက်ရှူနှုန်းများကပါ မောဟိုက်ပင်းပန်လာသလို မပိုးဖြူခံစားလိုက်ရသည်။ ~~~~~~ ဒေါက်တာရဲသူသည် မပိုးဖြူ၏ အခန်းထဲသို့ဝင်မည်အပြုတွင် အခန်းထဲမှထွက်လာသော ခပ်ချောချောအမျိုးသားကို ကြည့်ပြီး မပိုးဖြူ၏ ခင်ပွန်းဖြစ်နိုင်မှန်း သိလိုက်သည်။ "မင်္ဂလာပါ ခင်ဗျာ ....ကိုဇင်မောင်ထင်တယ် ..ကျွန်တော်က မပိုးဖြူရဲ့ တာဝန်ကျဆရာဝန်ဒေါက်တာရဲသူပါ ...မပိုးဖြူရဲ့ အခြေအနေကောင်းပါတယ်ခင်ဗျာ ... နောက်နှစ်ရက်လောက်နေရင် ဆေးရုံကဆင်းခွင့်ရမှာပါ " " ဟုတ်ကဲ့ ...ကျေးဇူးပါ ဒေါက်တာ ... ကျွန်တော့်ကို ပြန်ခွင့်ပြုပါအုံး " ပြုံးရယ်ခြင်းကင်းမဲ့သောမျက်နှာနှင့် ပြန်သွားသောကိုဇင်မောင်ကိုကြည့်ပြီး ဒေါက်တာရဲသူစိတ်တိုသလိုဖြစ်သွားရသည်။မပိုးဖြူဆိုသော အမျိုးသမီးသည်ပင် ဆိုးလေသည်လား။ဤမိသားစုသည်ပင် အကြင်နာတရားကင်းမဲ့ကြလေသည်လား ဒေါက်တာရဲသူလည်း မတွေးတတ်တော့ပါ။လူနာအခန်းတံခါးကိုဖွင့်ပြီး ဒေါက်တာရဲသူအခန်းထဲသို့ဝင်လိုက်သည်။ "မပိုးဖြူ ..သက်သာလား ...ခေါင်းတွေမူးနေသေးလား " "ဟုတ် ... ဟုတ်ကဲ့ သက်သာပါတယ် ဆရာ " ဒေါက်တာရဲသူ၏ အမေးကို မပိုးဖြူ ပြန်ဖြေလိုက်သည်။ဒေါက်တာရဲသူက မပိုးဖြူကို ကြည့်လိုက်ရင် ထိတ်လန့်သွားရသည်။ "ဟာ ....မပိုးဖြူနှုတ်ခမ်းမှာ သွေးတွေထွက်နေပါလား ....ဒီမှာဂွမ်းနဲ့ သုတ်လိုက်ပါအုံး ... " ဒေါက်တာရဲသူပေးသောဂွမ်းစလေးကိုယူပြီး မပိုးဖြူနှုတ်ခမ်းထောင့်စွန်းမှ သွေးစများကိုသုတ်လိုက်သည်။ "မပိုးဖြူ ... ကျွန်တော့်ကို မှတ်မိတယ်မဟုတ်လား .. ကျွန်တော်က မိုးထက်သူငယ်ချင်းလေ ... ဘာတွေဘယ်လိုဖြစ်နေနေ ကျွန်တော့်အတွက်တော့ လူနာကအရေးကြီးဆုံးပဲ ..သောကဖြစ်စရာစိတ်ညစ်စရာတွေကို မတွေးဘဲ ကျန်းမာအောင်နေပါ မပိုးဖြူရယ် ...အသက် (၃၆) နှစ်ဆိုတာ အရာရာကို သတ္တိရှိရှိရင်ဆိုင်ရဲရမဲ့ အရွယ်ပဲ ..လူဆိုတာတော့ သေမျိုးချည်းပါပဲ ..ဒါပေမဲ့ လူဘ၀ရတုန်း လူတစ်ယောက်ရဲ့ပျော်ရွှင်မှု အနှစ်သာရကိုခံစားခွင့်ရသင့်တာပေါ့ ... ကိုယ့်ရဲ့ပျော်ရွှင်မှုက ကိုယ်နဲ့ပဲသက်ဆိုင်ပါတယ် .... ဘယ်အရာမှမတည်မြဲဘူးလို့ သဘောထားပြီး ..လူ့ဘ၀ရတုန်းကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းပါမပိုးဖြူ " ,'ဟုတ်..ဟုတ်ကဲ့ ဆရာ" မပိုးဖြူခေါင်းကိုငုံ့လျက် ပြန်ဖြေလိုက်သည်။

သမီးဖြစ်သူကို မပိုးဖြူ အသံတုန်တုန်နှင့် ခေါ်လိုက်ပြီး လက်ကို လှမ်းဆွဲကိုင်လိုက်သော်လည်း ပိုးအိဇင်က သူမ၏လက်ကို ရှောင်တိမ်းလိုက်ပြီးနောက် "နောက်ကို ဒီလိုထပ်မလုပ်ပါနဲ့ အမေ ...ရွေးချယ်စရာလမ်းတွေ အများကြီးပါ ...သမီးသာ အမေ့နေရာမှာဆိုရင် ကိုယ့်ကိုမရွေးချယ်တဲ့သူဆီမှာ တွယ်ကပ်မနေပါဘူး ...ထမင်းစားနေရရုံသက်သက်နဲ့တော့ ဒီလိုမနေပါနဲ့.အမေ ...အဖေ့ကိုဖုန်းဆက်ပေးထားပါတယ် ... ဒီနေ့ တော့ ရောက်လာမှာပါ " သမီးပြောသမျှစကားလုံးများကို မပိုးဖြူအသက်မဲ့သူလို နားထောင်နေမိသည်။ထို့နောက်သူပြောချင်ရာပြောပြီး ထွက်သွားသော သမီးဖြစ်သူကို မပိုးဖြူ ခပ်ငေးပေးဖြင့်သာ ကြည့်နေခဲ့မိသည်။မပိုးဖြူမှာ ပြောရန် စကားလုံးများ ပျောက်ဆုံးနေခဲ့ချေပြီ။ ~~~~~~ "ဘယ်လိုလဲ ရဲသူ ..မပိုးဖြူသက်သာရဲ့လား...သူ့အိမ်ကလူတွေရောလာကြရလားကွာ " မိုးထက် ဖုန်းထဲမှနေ ရဲသူကို မေးလိုက်သည်။ဆေးရုံသို့ ထပ်သွားဖို့ရန်အတွက် မသင့်တော်သောကြောင့် မိုးထက်စိတ်ကို ထိန်းချုပ်ကာ နေနေရခြင်းဖြစ်သည်။သူ့စိတ်ကတစ်မနက်လုံး ဆေးရုံသို့ သာရောက နေမိသည်။ " အင်း ... ငါ့ဂျူတီက ညမှလေကွာ .. သူနာပြုဆရာမလေးကို ဖုန်းဆက်မေးလိုက်တော့ သူဌေးကတော်ကြီးနဲ့ သူ့မြေးမလေးလာတယ်လို့ပြောတယ် ... သူ့ယောကျာ်းတော့မလာသေးဘူး တဲ့ ...မပိုးဖြူလဲသက်သာတယ် ...အိပ်နေတယ်လို့ ပြောတာပဲ ... ဒီကိစ္စမှဝင်မပါပါနဲ့မိုးထက် ရာ ငါတောင်းပန်ပါတယ်ကွာ .. မတော်လို့များ မင်းသူ့ကိုသွားတွေ့တာကို သူတိုဘက်သိသွားရင် ... မပိုးဖြူအတွက် မလွယ်လောက်ဘူး မိုးထက် " " အေး ...အေးပါကွာ ... ငါလဲသိပါတယ် .နောက်ထပ်မသွားတော့ပါဘူး ရဲသူဘက်က ဖုန်းချသွားသည်နှင့် မိုးထက်လည်း ဖုန်းကိုချလိုက်ပြီး သက်ပြင်းရှည်ကြီးကိုချလိုက်မိသည်။ ~~~~~~~ " ကျွန်တော့်နာမည် ဇင်မောင်ပါ ....မပိုးဖြူရဲ့ခင်ပွန်းပါ ဆရာမ .....ဆရာမခဏသွားနားချင်နားပါ " နားထဲတွင် ကြားလိုက်ရသောစကားသံကြောင့် မပိုးဖြူ ဆတ်ခနဲတုန်သွားမိသည်။မျက်လုံးကို စုံမှိတ်ချပစ်လိုက်ပြီး ခေါ်သံကို မကြားယောင်ပြုလျက် အိပ်ပျော်နေဟန်ဆောင်လိုက်သည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၀ )ဆက်ရန် #ဧကြည်ဖြူ "

မိုးထက်မရဲတရဲကိုင်လိုက်ရင်း ရှေ့ဆက်၍ မည်သို့ ကူညီရမည်ကိုစဉ်းစားနေမိသည်။ကူညီလျှင်ရော သူမလက်ခံမည်လား။ မထင်ပါချေ။အိမ်ပြန်လိုက်ပို့ပေးဖို့ တောင်းဆိုမိသည်ကိုပင် ခါးခါးသီးသီးငြင်းဆန်ခဲ့သောသူမက ဒါကိုလက်ခံမည်မဟုတ်မှန်း မိုးထက်သိနေပါသည်။ နွမ်းလျလျမျက်နှာလေးကို မိုးထက်မမှိတ်မသုန်စိုက်ကြည့်နေ မိသည်။အချစ်ဆိုတာဘာလဲ မိုးထက်မသိချေ။ငယ်စဉ်ကလေးဘ၀ကတည်း လူထက်ကားများကိုသာ ပိုချစ်ခင်နှစ်သက်ခဲ့သည်။တက္ကသိုလ်တက်တော့လည်း စက်မှုတက္ကသိုလ်တက်ခဲ့ပြီး ဘွဲရသည်နှင့်ကားအရောင်းလောကထဲ သို့ ခြေစုံပစ်ဝင်ခဲ့သည်။မိဘများက ထောက်ပံ့ပေးနိုင်သလို သူ၏ကြိုးစားမှုများကြောင့် လုပ်ငန်းက အောင်မြင်သည်။သူသဘောကျနှစ်သက်သောကားများကို တစ်စီးပြီးတစ်စီးပြောင်းစီးရင်းခရီးများထွက်ကာ ပျော်ရွှင်နေခဲ့သည်။မိဘနှစ်ပါးနှင့် အစ်ကိုဖြစ်သူတို့ နိုင်ငံရပ်ခြားတွင် အခြေချနေထိုင်ဖို့ ပြောင်းရွေ့သွားကြသော်လည်း မိုးထက်လိုက်ပါမသွားခဲ့ပါ။ အောင်မြင်နေပြီဖြစ်သော သူ့လုပ်ငန်းကို မစွန့်နိုင်ခဲ့။မိုးထက်ဆိုသော သူ့အတွက်ချစ်ခြင်းမေတ္တာဆိုသည်မှာ ဖွဲ့နွဲ့လောက်စရာမရှိခဲ့သည်မှာ အမှန်။ယခုအခါမှာတော့ မိုးထက်ရင်ထဲတွင် မခံစားဖူးသော ခံစားချက်များဖြစ်ပေါ်နေသည်။သူမသာပျော်ရွှင်နေမည်ဆိုလျှင် ဘာမဆိုစွမ်းဆောင်ပေးချင်သောစိတ်များဖြစ်ပေါ်နေမိသည်။သူတကယ်ပင် ရဲသူပြောသကဲ့သို့ ဖြစ်နေခဲ့ပြီမဟုတ်ပါလား။ "မိုးထက် ပြန်ရအောင် .. ငါ့ဂျူတီချိန်လဲပြီးပြီ ..(၅)နာရီထိုးတော့မှာ ဆိုတော့ သူ့အိမ်ကလဲလာတော့မယ်ထင်တယ် " အခန်းထဲသို့ဝင်ရောက်လာသော ရဲသူကြောင့် မိုးထက်နေရာမှ မထချင်ထချင်နှင့်ထလိုက်ရသည်။ "ဂျူတီလဲမဲ့ ဆရာဝန်ကိုသေချာအပ်ခဲ့ပေးပါအုံးကွာ " မိုးထက်စိတ်မချနိုင်စွာမှာလိုက်တော့ ရဲသူကမိုးထက် ပခုံးကို လက်သီးနှင့်တစ်ချက် ခပ်ဖွဖွထိုးလိုက်ပြီး ပခုံးကိုဖက်ကာ အခန်းထဲမှ အတင်းဆွဲခေါ်ထုတ်ခဲ့လိုက်သည်။ "လာ ....သွားမယ်ကွာ " ~~~~~~~ လူနှင့်အသိကပ်လာချိန်တွင် မပိုးဖြူမျက်လုံးများ အလန့်တကြား ဖွင့်ကြည့်လိုက်မိသည်။ဦးစွာ မြင်လိုက်ရသော အဖြူရောင်မျက်နှာကြက်ကို မပိုးဖြူငေးကြောင်၍ကြည့်နေမိသည်။သူမမည်သည့်နေရာသို့ရောက်နေသည် မသိ။ သူမသေဆုံးခဲ့လေပြီလား။ပတ်ဝန်းကျင်သည်တိတ်ဆိတ်ငြိမ်သက်၍နေလေသည်။ "မပိုးဖြူ နိုးလားပြီလား .... နေရတာသက်သာရဲ့လားရှင် နုညံ့ချိုသာလှသောအသံလေးကို မပိုးဖြူကြားလိုက်ရသောကြောင့် အသံလာရာဆီသို့ ငဲ့စောင်း၍ကြည့်လိုက်မိသည်။ ထက်အောက် အပြာရောင်အကျီနှင့် ဘောင်းဘီကိုဝတ်ဆင်ထားသော သူနာပြုမလေးကို တွေ့လိုက်ရသောကြောင့် ဆေးရုံသို့ရောက်နေမှန်းမပိုးဖြူ သိလိုက်ရသည်။မပိုးဖြူအားတင်းလျက်တိုးလျလျ အသံဖြင့်သူနာပြုမလေးကိုလှမ်းမေးလိုက်မိသည်။ "ကျွန်... ကျွန်မ ဘာမှမဖြစ်ဘူးလားရှင် " "ဟုတ်ကဲ့ ...မစိုးရိမ်ရတော့ပါဘူးရှင် ..... အရမ်းအားနည်းနေလို့ ဆေးရုံကတော့ ဆင်းခွင့်မရသေးပါဘူးရှင် ..." သူနာပြုဆရာမလေး၏ အဖြေစကားကိုကြားလိုက်ရသော အခါမပိုးဖြူ ရင်ထဲတလှိုက်လှိုက်နှင့်ဆို့တက်လာခဲ့လေသည်။ " မပိုးဖြူလိုချင်တာ ခိုင်းချင်တာရှိရင် ကျွန်မကို ပြောပါနော် ...မပိုးဖြူကို ကျွန်မတာဝန်ယူထားရတာပါ ...အိမ်သားတွေက နေ့လယ်လောက်တော့ လာကြည့်မယ်ထင်တယ် ..မနက်ဘက်က သိပ်မအား ကြဘူးလို့ ဖုန်းဆက်ပါတယ" ဆရာမလေး၏စကားကို မပိုးဖြူဘာခေါင်းအသာငြိမ့်ပြလိုက်ပြီး "ကျွန်မ ..ခဏလောက်ပြန်အိပ်လိုက်ပါအုံးမယ်ရှင် " ပြောပြီးသည်နှင့် မပိုးဖြူ မျက်လုံးအစုံကို မှိတ်ချပစ်လိုက်သည်။ ~~~~~~~ အခန်းထဲသို့ဝင်လာသော ယောက္ခမဖြစ်သူနှင့်သမီးငယ်ကို ကြည့်ရင်း မပိုးဖြူ လက်ကို အားပြုထောက်လိုက်ပြီး ထိုင်ဖို့ကြိုးစားလိုက်သည်။ သူနာပြုဆရာမလေးက ဝိုင်း၍ ကူညီပေးသည်။ " ဆရာမလေး ခဏလောက် သွားနားလိုက်ပါအုံး " ယောက္ခမကြီး၏စကားကြောင့် သူနာပြုဆရာမလေးက အပြင်သို့ထွက်သွားသည်။ဆရာမလေး ထွက်သွားသည့် ယောက္ခမဖြစ်သူသည် မပိုးဖြူ၏ မျက်နှာကို ကြည့်လိုက်ပြီး " ညည်းက ငါ့တို့မိသားစုကို သိက္ခာကျအောင် လုပ်ဖို့ရည်ရွယ်ထားတာလား ပိုးဖြူ...အေး ညည်းသေသွားတာက အရေးမကြီးဘူး .... ညည်းကြောင့် ငါ့သားနဲ့ငါ့မြေးလေး ဘယ်လောက်မျက်နှာငယ်လိုက်မလဲဆိုတာ ညည်းတွေးမိရဲ့လား ...ပိုးအိဇင်ရဲ့အမေက ဆေးသောက်ပြီးသေကြောင်ကြံသွားတယ်ဆိုပြီး ငါ့မြေးလေးကို ရင်နာအောင်လုပ်ချင်တာလား ပြောစမ်းပါအုံး ..ညည်းက ဘာတွေများပူပင်နေရလို့လဲ ပြောစမ်း .. ဘာလဲ မြေးလေးက ညည်းအနားမှာမနေလို့လား ... မြေးလေးလာနေတော့လဲ ...ညည်းကိုယ်တိုင်ပဲ စိတ်ဆင်းရဲအောင် လုပ်တာမဟုတ်လား ....အေး ....ရှင်းရှင်းပဲပြောမယ် ..... ငါ့သား ပြန်လာရင်အပြတ်ပြောပြီး ညည်းနဲ့ကွာရှင်းခိုင်းမယ် ...ငါ တုံ့ဆီမှာတော့ မသေနဲ့..နောက်မှ လွတ်လွတ်လပ်လပ်သေ ...အဲ့ဒါပြောချင်လို့ လာခဲ့တာ...လာမြေးလေးသွားမယ " " ခဏလေးပါ အဘွား...အမေနဲ့ ပြောစရာရှိလို့ အဘွားအပြင်က စောင့်နေပါနော် " ပိုးအိဇင်ပြောလိုက်သောအခါဘွားအေကြီးသည် မပိုးဖြူကို ခပ်တင်းတင်း တစ်ချက်ကြည့်ပြီး အခန်းပြင်သို့ထွက်သွားသည်။ " သ..သမီး "

"ဟယ်လို ..ရဲသူဘာဖြစ်လို့လဲ ကွ ....ည (၂) ကျော်ကြီးကို ဖုန်းဆက်တော့လန့်လိုက်တာ ...." "အေး မိုးထက် ... မနက်အထိမစောင့်နိုင်လို့ကွာ ခုပဲဖုန်းဆက်လိုက်တာ ...မပိုးဖြူ.ငါ့တို့အထူးကုဆေးရုံကို ရောက်နေတယ်ကွ " " ဘာ...ဘာပြောတယ် မပိုးဖြူ ဟုတ်လား ....ဘာ ...ဘာဖြစ်လို့လဲ " ရဲသူ၏စကားကြောင့် မိုးထက်အိပ်နေရာမှဝုန်းခနဲထထိုင်လိုက်ပြီး အထိတ်တလန့် ဖြင့် မေးလိုက်မိသည်။ " အေး ..... သေကြောင်းကြံတာ ကွ ... အိပ်ဆေးတွေအလွန်အကျွံသောက်တာ " " ဘာ....ဘာပြောတယ် ရဲသူ ...အ...အခု ..သူ ....သူ့အခြေအနေဘယ်လိုလဲ " မိုးထက်တုန်လှုပ်ချောက်ချားစွာမေးလိုက်ရင်း လူက အိပ်ရာထဲမှထလိုက်ကာ လက်တစ်ဖက်ဖြင့် နံရံကပ်ဗီရိုကို ဆွဲဖွင့်လိုက်သည်။ပြီးလျှင်ရှပ်အင်္ကျီတစ်ထည်ကို ဆွဲယူလိုက်သည်။ " အသက်အန္တရာယ်တော့ မရှိတော့ဘူး ....လူကတော့အတော်လေးအားနည်းနေတယ် ...ဒါနဲ့ အဲ့ဒါတွေထားလိုက်အုံး ...သူဘယ်သူလဲ မင်းသိရဲ့လား " ရဲသူ၏အဖြေစကားကြောင့် မိုးထက်ရင်ထဲလှိုက်ခနဲ ပျော်ရွှင်သွားမိသလို ရဲသူ၏ နောက်ဆက်တွဲ မေးခွန်းကြောင့် ခပ်ကြောင်ကြောင်ဖြစ်သွားရလေသည်။ "သူဘယ်သူလဲ မသိဘူးလေက္ခာ " " အေး ... မင်းဆေးရုံကို ခေါ်လာတဲ့ မပိုးဖြူဆိုတာကလေ ... ( .....) ရတနာရွှေဆိုင်ပိုင်ရှင်တွေရဲ့ချွေးမကွ....ကြည့်ရတာ အိမ်ထောင်ရေးပြဿနာထင်တယ် ...အခုလဲ မိန်းမအရေးပေါ်ဖြစ်နေတာကို..ယောကျာ်းဖြစ်သူ ပါမလာဘူးလေ ...." "ဘာ...( .... ) ရတနာရွှေဆိုင်ပိုင်ရှင်တွေရဲ့ ချွေးမဟုတ်လား ..." ရဲသူ၏အဖြေစကားအဆုံးမှာတော့ မိုးထက် အံ့ဩသွားရသလို သူမဖြစ်ပျက်ခံစားနေရသေး၊ ဝေဒနာများကို သိရှိနားလည်လိုက်ပါလေသည်။( .... ) ရတနာရွှေဆိုင်ပိုင်ရှင်တို့၏သားဖြစ်သူမှာ ကိုဇင်မောင် မဟုတ်ပါလား။ "ဟုတ်တယ် မိုးထက် ...မင်းသူနဲ့ ပတ်သက်လို့မဖြစ်ဘူးနော် ... သူ့ယောက္ခမတွေက အကြင်နာကင်း လိုက်ကြတာကွာ ..အခုမှ သေတွင်းကလွတ်လာတဲ့သူကို ...သူနာပြုနဲ့ ထားခဲ့ပြီး ပြန်သွားကြပြီလေ " "ဟာကွာ ... ဖြစ်ရလေ " ကြားလိုက်ရသော စကားကြောင့် မိုးတက်ရင်ထဲစူးအောင့် သွားရသည်။ "ရဲသူ မင်းကိုတောင်းဆိုပါတယ်ကွာ ...သူ့အတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကိုပဲ စီစဉ်ပေးပါ ...အဲ့ဒီအတွက် ကုန်ကျစရိတ်ကို ငါရှင်းပေးပါ့မယ် .... ဟို ...ပြီးတော့ ...အခု သူ့ဘေးနားမှာ ဘယ်သူမှ မရှိဘူးဆိုရင် .. ငါခဏလောက်လာခဲ့လို့ရလား ... ခဏလေးပါကွာ....ငါတောင်းပန်ပါတယ် " မိုးထက်ပြောလိုက်သောအခါ ရဲသူ၏ အသံချက်ချင်းထွက်မလာဘဲရှိလေသည်။အတန်ကြာသောအခါမှ တုံ့ဆိုင်းနှေးကွေးသောအသံဖြင့် ပြောလာလေသည်။ "အင်း လာချင်လာခဲ့လေကွာ အခုမှ (၃)နာရီဆိုတော့ ...သူ့အိမ်ကမလာလောက်သေးပါဘူး" "ကျေးဇူးပဲ ရဲသူရာ " ရဲသူဖုန်းချသွားသည်နှင့် မိုးထက် အဝတ်အစားအမြန်လဲလိုက်ပြီး ကားသော့ယူကာ ထွက်လာခဲ့လိုက်သည်။ ~~~~~~ မိုးထက် ဆေးရုံထဲသို့ ၀င်လိုက်သည်နှင့် အသင့်စောင့်ဆိုင်းနေသော ရဲသူနှင့်တွေ့လိုက်ရသည်။ရဲသူက မိုးထက်၏ စိုးရိမ်ပူပန်နေသောမျက်နှာကို ကြည့်လိုက်ပြီး လေးလေးတွဲတွဲပြောလိုက်လေသည်။ ''မိုးထက် ဒီတစ်ကြိမ်နောက်ဆုံးပဲ ကွာ ... နောက်ထပ်တော့ သူနဲ့ မပတ်သက်ပါနဲ့တော့ကွာ " ရဲသူ၏ စကားကြောင့် မိုးထက်မှာ နားမလည်နိုင်ဘဲ ပြန်မေးလိုက်မိသည်။ "ဘာဖြစ်လို့လဲ ရဲသူ ....လူနာလာကြည့်တာပဲကွာ ." "မဟုတ်ဘူး မိုးထက် ..မင်းနဲ့ငါငယ်ငယ်လေးကတည်းက ပေါင်းသင်းလာတဲ့ သူငယ်ချင်းတွေပါ ...မင်းမျက်နှာကို ကြည့်လိုက်တာနဲ့ မင်းရင်ထဲကို မမြင်ရပေမဲ့သိတယ် ... ဘယ်မိန်းမအတွက်များ မင်းဒီလို စိုးရိမ်ပူပန်ခဲ့ဖူးလို့လဲ ... ငါတောင် ကလေးတစ်ယောက် ရနေပြီ ... ဘယ်မိန်းခလေးကိုများ မင်းဒီလိုဖြစ်ဖူးလို့လဲ " ရဲသူ၏ စကားကြောင့် မိုးထက် ငိုင်ကျသွားမိသည်။ သူ့တွင် ရဲသူကို ပြန်ဖြေရှင်းရန် စကားစ တော်တော်နှင့် ရှာမရဖြစ်နေခဲ့သည်။ "ငါ ..ငါက ရိုးရိုးသားသားပါကွာ ..သူ့ကိုသနားလို့ပါ " "အေး သနားလို့ရတယ် ...ကူညီလို့ရတယ် ..ဒီထက်တော့မပိုနဲ့ ကွာ...သူကမုဆိုးမတစ်ခုလပ်ဆို ရင် ငါမတားဘူးနော် .. မင်းမိဘတွေလဲ နိုင်းငံခြားမှာနေကြတဲ့သူတွေဆိုတော ဒါကိုသူတို့လက်ခံမှာပါ ...ဒါပေမဲ့အခုပုံစံနဲ့က မသင့်တော်ဘူး " " အေးပါကွာ .. ဒီတစ်ခါပါပဲ ...နောက်ဆို ငါဆင်ခြင်ပါ့မယ် " ~~~~ ခုတင်ဘေးတွင် ထိုင်နေသော သူနာပြုဆရာမလေးကို ရဲသူက ခေါ်ထုတ်သွားပြီးနောက် မိုးထပ်ခပ်မြန်မြန်ပင် လူနာခန်းထဲသို့ ဝင်လိုက်သည်။ အထူးကုဆေးရုံဖြစ်နေသောကြောင့် ဆေးရုံအပေါ်ထပ်ဆောင်ကြီးမှာလည်း လူများရှင်းလင်းလျက်ရှိသည်။ ဆေးပိုက်များတန်းလန်းနှင့်ခုတင်ပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော မပိုးဖြူ မျက်နှာလေးကို မိုးထက်ငေးကြည့်နေမိသည်။သူမနှင့် မိုးထက်သာဆွေးမျိုးသားချင်းများဆိုလျှင် ကိုဇင်မောင်လိုလူရှုပ်လူပွေထံမှ အဝေးဆုံးသို့ ခေါ်သွားသွားမိလိမ့်မည်ထင်သည်။သောကပွေလီနေသော အနေအထားနှင့် သူ့အိမ်ထောင်ရေးမပြိုကွဲဖို့ကျားကန်နေရှာသောသူမ။ယောကျာ်းများ၏ စိတ်သဘောထားကို မသိလေသည်လား။ ငယ်သံယောဇဉ်ကို ယုံကြည်အားကိုးနေခဲ့လေသည်လားမသိ။ သူမလက်ကလေးကို

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္တု ) အပိုင်း (၉ ) ******* မသွားပါနှင့်လို့တားခဲ့ပါလျက်မှ သွားခဲ့သောခရီးသည် သူ၏ချစ်သူအသစ်နှင့်သွားသော အပျော်ခရီးမှန်းသိလိုက်ရသော အခါနှလုံးသားက နာကျင်တာထက်ပို၍နာကြည်းလာသည်။မပိုးဖြူသာ တစ်စုံတစ်ခုဖြစ်သွားလျှင် သူတို့ပျော်နိုင်ကြအုံးမည်လား။သူမချစ်ခင်တွယ်တာရသလောက် သူမအပေါ် ရက်စက်စိမ်းကားနိုင်လွန်းလှသော လူသားနှစ်ယောက်။သူတို့မပါဘဲ ရှေ့ခရီးလမ်းကို သူမမည်သို့ရှေ့ဆက်ရပါမည်နည်း။မှန်တင်ခုံရှေ့တွင် မပိုးဖြူ အတန်ကြာ အသက်မဲ့သူလို ထိုင်နေမိသည်။ထုံထိုင်းအေးစက်နာကျင်နေသော နှလုံးသားသည် နာကျင်မှုကြေကွဲမှုများမှ အမြန်ဆုံးလွတ်မြောက်ချင်နေသည်။ယနေ့ ဝယ်ယူလာခဲ့သောအိပ်ဆေးများသည်ကတော့ မဖိုးဖြူ၏ နာကျင်ကြွေကွဲမှုများကိုအဆုံးသတ်ပေးနိုင်မည်ထင်ပါ သည်။အခန်းပြင်တွင်ဒေါ်ကြီးမြရှိနေခဲ့သည်။မပိုးဖြူ၏ အကြံအောင်မြင်ပါ့မလားမသိ။ယခင်တစ်ခေါက်ကလည်း မအောင်မြင်ခဲ့။ဘာမှတွေဝေစဉ်းစားမနေတော့ဘဲ ဆေးများကိုယူကာ မပိုးဖြူ ခပ်မြန်မြန်သောက်ချပစ်လိုက်သည်။ ~~~~~ "ဒေါက် .... ဒေါက် " "ပိုးဖြူ ...မပိုးဖြူ .. ဒေါ်ကြီးအိပ်ဖို့အတွက် စောင်တွေဘယ်မှာယူရမလဲကွယ် ..." မပိုးဖြူ၏အခန်းပြင်မှ ဒေါ်ကြီးမြ မေးလိုက်သော်လည်း အထဲမှ အသံမကြားရသောကြောင့် တံခါးကိုတွန်းကြည့်လိုက်သည်။တံခါးက အလွယ်တကူပင် ပွင့်သွားသောကြောင့် ဒေါ်ကြီးမြအခန်းထဲသို့လှမ်းကြည့်လိုက်မိသည်။ထိုအခါ ခုတင်ဘေးကြမ်းပြင်ပေါ်တွင်လဲကျနေသော မပိုးဖြူကို တွေ့လိုက်ရသဖြင့် ဒေါ်ကြီးမြထိတ်လန့်တကြားနှင့် အော်လိုက်မိလေသည်။ "ပိုးဖြူ ..မပိုးဖြူ ..တူမကြီး... ဘယ်လိုဖြစ်တာလဲ " ~~~~~~ " တူ ..တူ ... တူ " " ဟာကွာ ...ဖုန်းကလာပြန်ပြီ .... အစ်ကို့ဖုန်းမပိတ်ထားဘူးလားကွာ ..ကြည့်ရတာ အစ်ကို့ဘွားတော်ဆက်တာထင်တယ် " နှစ်ယောက်သားအိပ်မောကျနေစဉ်မှာ ကိုဇင်မောင်၏ဖုန်းက ထမြည်လာသောကြောင့် မျိုးမမလန့်နိုးသွားရပြီးနှုတ်ခမ်းလေးစူကာ မကျေမနပ်ပြောလိုက်သည်။ " ဆောရီးပါ မျိုးရယ်... ဖုန်းပိတ်ဖို့ အစ်ကိုမေ့သွားလို့ပါကွာ ...အခု ပိတ်လိုက်မယ်လေ" ပြောပြီး ကိုဇင်မောင်က ဖုန်းကိုလှမ်းယူရန်ပြင်လိုက်သည်။ "နေအုံး ... မျိုးယူလိုက်မယ် ....ညကြီးမိုးချုပ်ဖုန်းဆက်တာဘယ်သူလဲလို့ ကြည့်မလို့ " ပြောပြောဆိုဆိုနှင့် မျိုးမမ ဖုန်းကို ကောက်ယူလိုက်သည်။ "ဟယ် အစ်ကို ... အစ်ကို့ သမီးဆက်တာပဲ... ပြောလိုက်အုံး အစ်ကို " "ဘယ်လို သမီးဆက်တာဟုတ်လား ..." ကိုဇင်မောင်အံ့ဩသွားပြီး မျိုးမမလက်ထဲမှ ဖုန်းကိုယူလိုက်သည်။ "ဟယ်လို .... သမီးလား ...ဉာဉ့်နက်နေပြီ မအိပ်သေးဘူးလား .. " " အဖေ ..အမေ့ကို ဆေးရုံတင်လိုက်ရတယ် ...အိပ်ဆေးတွေ အများကြီးသောက်လိုက်တယ်တဲ့ ..အဲ့ဒါအဖေပြန်လာခဲ့ပါအုံး" " ဘာ .. ဘာပြောတယ် သမီး " " ဘာဖြစ်လို့လဲ အစ်ကို ...ဘာဖြစ်တာလဲဟင်...လန့်လိုက်တာ " ကိုဇင်မောင်၏ ထိတ်လန့်တုန်လှုပ်သွားသော ပုံစံကိုကြည့်ပြီး မျိုးမမအလန့်တကြားဖြင့် မေးလိုက်မိသည်။ကိုဇင်မောင်စိတ်ရှုပ်စွာဖြင့် ခေါင်းထက်မှဆံပင်များကိုဆွဲဖွပစ်လိုက်ပြီး "ကလေးအမေ...ဆေးရုံတင်လိုက်ရတယ်တဲ့ ...အိပ်ဆေးတွေသောက်လိုက်လို့တဲ့လေ " " ရှင် " "တောင်းပန်ပါတယ် မျိုးရယ် .. မျိုးရဲ့ မွေးနေ့အထိမ်းအမှတ်ကို ...အစ်ကို ဖျက်ဆီးလိုက်သလိုဖြစ်သွားပြီ .. မနက်စောစောထပြန်ကြရအောင်နော် " ချက်ချင်းထပြန်ဖို့ရန် မပြောသောကိုဇင်မောင့်၏ စကားကြောင့် မျိုးမမစိတ်ထဲမှ ကျေနပ်သွားရလေသည်။ ~~~~~ " လူနာအခြေအနေဘယ်လိုလဲ ဆရာ " ကိုဇင်မောင်၏ ဖခင်ကြီး သည် အရေးပေါ်ခန်းထဲမှ ထွက်လာသော ဆရာဝန်များကို မပိုးဖြူ၏အခြေအနေမေးလိုက်သည်။ " ကံကောင်းလို့ အသက်အန္တရာယ်ကတော့လွတ်သွားပါပြီ...ဒါပေမဲ့ လူနာက အရမ်းအားနည်းနေလို့ လေးငါးရက်လောက်တော့ ဆေးရုံမှာပဲ နေစေချင်ပါတယ် " " ကျေးဇူးတင်ပါတယ် ဆရာ " ဆရာ၀န်ဆီမှ အဖြေစကားကို ကြားလိုက်ရသောအခါမှ ပိုးအိဇင်အပါအဝင် အားလုံးသက်ပြင်းချနိုင်ကြတော့သည်။ "တော်သေးတာပေါ့ ... သေများ သွားရင် ..ကျုပ်သားလေးအမှုပတ်မှာ ... ဒါပေမဲ့ ထင်တော့ထင်ပါတယ်သူ မသေရဲပါဘူး ... မသေရဲလို့သာ အိမ်မှာအတူအိပ်ဖို့ ကလေးကို လာခေါ်တာပေါ့ ... တမင်သက်သက် ကျုပ်မြေးလေးကို စိတ်ဒုက္ခပေးချင်လို့ သေချင်ဟန်ဆောင်တာနေမှာ " ကိုဇင်မောင်၏ မိခင်ကြီးက မကျေမနပ်ပြောဆိုလိုက်သည်။ " ကဲ တော်ပြီးကွာ .... မြေးလေးကို ခေါ် ပြီးပြန်ဖို့ပြင်ကြတော့ ... သူ့အတွက် သူနာပြုတစ်ယောက် ငှားပေးခဲ့လိုက်မယ်..." ကိုဇင်မောင်၏ ဖခင်ကြီးက ပြောလိုသည်နှင့် အားလုံး အထူးကုဆေးရုံကြီးမှပြန်ရန် ထထွက်ခဲ့ကြလေသည်။ ~~~~~~ "တူ ...တူ ...တူ " အအိပ်ဆတ်လှသော မိုးထက်မှာ ဖုန်းသံခပ်တိုးတိုးကြောင့် ဖျတ်ခနဲလန့်နိုးသွားရသည်။ဖုန်းကို ကြည့်လိုက်သောအခါ ဖုန်းဆက်သူမှာ သူငယ်ချင်းဖြစ်သူ ဒေါက်တာရဲသူဖြစ်နေသောကြောင့်အံ့ဩသွားရသလို စိတ်ထဲလည်းတစ်မျိုးဖြစ်သွားမိသည်။

ဝေဝေ့အသံက ဖုန်းထဲမှ စူးရှကျယ်လောင်စွာထွက်ပေါ်နေသည်။ဝေဝေ့အသံမဆိုးခင်မှာဘဲဖုန်းကို နားမှခွါလိုက်မိသည်။ပြီးလျှင် ဝေဝေပို့လိုက်သောပုံကို ကြည့်မိပြန်သည်။နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက်ဖက်လျက်ကမ်းခြေတွင်လမ်းလျှောက်နေကြသောပုံ။ ဖုန်းကို ကိုင်ထားသောမပိုးဖြူ၏ လက်များမှာ တဆတ်ဆတ် တုန်ယင်နေမိလေသည်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း(၉ ) ဆက်ရန် #ဧကြည်ဖြူ

~~~~~~ "ဘယ်လိုဖြစ်လို့ ပိုက်ဆံကို ချက်ချင်း ခေါ်ပေးရတာလဲ ....မင်းသက်သာရဲ့လား ...မျက်နှာကလဲ သွေးမရှိသလိုဖြူဆုပ်နေတာပဲ .. ဆေးခန်းသွားမလား ." ယိုင်ယဲ့ယဲ့ မပိုးဖြူပုံစံကို ကြည့်ပြီး မိုးတက်စိုးရိမိစ္စာပြောလိုက်မိသည်။နံနက် ( ၉ )နာရီကျော်ပဲရှိသေးသည်။ သူမကဖုန်းဆက်ပြီး မိုးထက်ကိုခေါ်ခဲ့သည်။ မိုးထက်မှာ သူမဘာများဖြစ်လို့လဲ ဆိုပြီး စိုးရိမ်စိတ်နှင့်အပြေးထွက်လာခဲ့မိသည် ။ချိန်းထားသော နေရာသို့ရောက်သောအခါ ဆေးဖိုးအကြွေးပြန်ဆပ်ခြင်းဖြစ်လေသည်။ "မနက်ဖြန်ဆိုတာ မသေချာဘူးလေ ...အဲ့ဒါကြောင့် မတော်ကျွန်မသေသွားခဲရင် ...ကိုမိုးထက်ရဲ့ ပိုက်ဆံကို မပေးခဲ့ရမှာစိုးလို့ပါ " " ဗျာ...ဘာစကားတွေပြောနေတာလဲ ..နေမကောင်းရင်လဲ ဆေးကု လေ ...ဒါနဲ့ နေပါအုံးဗျာ ... မင်းဒီလောက်နေမကောင်းဖြစ်နေတာကို မင်းရဲ့မိသားစု မသိဘူးလား ...." မိုးထက်လွှတ်ခနဲ စိတ်တိုတိုနှင့်ပြောလိုက်ပြီးမှ ဖြူဖျော့နေသော သူမမျက်နှာကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားမိသည်။ " ဒါပဲနော် ကိုမိုးထက် ...ကျွန်မ ပြန်တော့မယ် ...ကိုမိုးထက်ကို ကျေးဇူးတင်ပါတယ် " တိုးလျလျ အသံနှင့်အတူ တုန်တုန်ယင်ယင်နှင့် ထရပ်လိုက်သောသူမကို မိုးထက်အမှတ်တမဲ့ လှမ်းဆွဲထားလိုက်မိသည်။ " ခဏနေအုံး ... မင်းမိသားစုမှာ ဘာပြဿနာရှိလဲမသိပေမဲ့ ..မင်းကို နှမသားချင်းစာနာလို့ ဒီတိုင်းပြန်မလွှတ်နိုင်ဘူး ... မင်း ဆေးခန်းသွားရမယ် ... ကျွန်တော်ဆေးခန်းလိုက်ပို့ပေးမယ်မပိုးဖြူ " " ဟင့်အင်း ... ကျွန်မဆေးခန်းမသွားတော့ဘူး ... ကျွန်မရဲ့ရောဂါက ...အကြာချည်း အိပ်လိုက်ရင် ပျောက်သွားလိမ့်မယ် ....ရှင့်ကို ကျေးဇူးတင်ပါတယ် ... ကျွန်မသွားတော့မယ် " " ဒါဆိုလဲ ... ကျွန်တော်အိမ်ပြန်ပို့ပေးမယ် " မိုးထက်၏ စကားကြောင့် ကော်ဖီဆိုင်အပြင်သို့ ပြန်ထွက်ရန် ပြင်နေသော မပိုးဖြူ၏ခြေလှမ်းများရပ်တန့်လိုက်ပြီး မိုးထက်နှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ပြီးနောက် ခုံမှာပြန်ထိုင်ချလိုက်ပြီး မိုးထက်မျက်နှာကိုကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ " ကိုမိုးထက် ....ရှင်ကကျွန်မ အပေါ် နှမသားချင်းစာနာလို့ကူညီပေးတာကို ကျွန်မကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ ကျွန်မက အိမ်ထောင်သည်ပါ ... သူစိမ်း ယောကျာ်းတစ်ယောက်ရဲ့ အကူအညီကို မကြာခဏယူနေမိတာက မသင့်တော်ဘူး ... အထူးသဖြင့် အခုလိုကျွန်မဘ၀တွယ်ရာမဲ့နေချိန်မှာ သူစိမ်းယောကျာ်းတစ်ယောက်နဲ့ အကူအညီကိုယူမိရာက ကျွန်မရဲ့မသိစိတ်ကသာ ရှင့်အပေါ် အားကိုးမိသွားရင် ဘာဖြစ်မလဲ....ကျွန်မလဲ သူတို့လိုရွံရှာစက်ဆုပ်စရာကောင်းတဲ့ လူတစ်ယောက်ဖြစ်သွားလိမ့်မယ် ... ကျွန်မအဲ့ဒီလိုအဖြစ်မခံနိုင်ဘူး ... ကျွန်မတို့ မျိုးရိုးကဆင်းရဲ့ပါတယ် ... ပညာရေးလဲ အလယ်တန်းအဆင့်ပဲရှိပါတယ် ...ဒါပေမဲ့ ကျွန်မမှာသိက္ခာရှိတယ် ...သူတို့သိပ်အထင်သေးနေတဲ့ ကျွန်မမှာသိက္ခာရှိပါတယ် " မျက်ရည်ပေါက်ကြီးများ တစ်ပေါက်စီကျရင်းပြောနေသော မပိုးဖြူကို မိုးထက်မျက်လုံး အကြောင်သားနှင့် ကြည့်လိုက်မိပြီး ''ဘာ...ဘာတွေ ပြောနေတာလဲ မပိုးဖြူ ...ကျွန်တော် ဘာလုပ်မိလို့လဲဗျာ ....မင်းမျက်နှာက သွေးမရှိသလိုဖြစ်နေလို့ ..စိုးရိမ်ပြီး ဆေးခန်းပြပေးချင်ရုံပါ ....ဒါက မပိုးဖြူကိုအထင်သေးလို့ ပြောတာမဟုတ်ဘူးလေ... အဲ့ဒီလိုအဓိပ္ပါယ်မျိုးဖြစ်သွားတယ်ဆိုရင် ကျွန်တော်တောင်းပန်ပါတယ်ဗျာ " မိုးထက်၏ တောင်းပန်သော စကားကို ကြားလိုက်ရသောအခါမှ မပိုးဖြူသတိ၀င်လာပြီး " ကျွန်မသွားတော့မယ် ကိုမိုးထက် ....ရှင့်ကိုပြောတာမဟုတ်ပါဘူး .. ကျွန်မသွားတော့မယ် " ပြောပြီးသည်နှင့် မပြေးရုံတမယ်ထွက်သွားသောမပိုးဖြူကို မိုးထက်ငေးကြည့်နေခဲ့မိသည် ။လေတိုက်ရင်လွင့်ပါသွားတော့မည့်သူမဟန်ပန်ကို ကြည့်ပြီး မိုးထက်စိုးရိမ်နေမိသည်ကိုလဲ ကိုယ့်ကိုယ်ကိုယ်တားဆီး၍မရနိုင်ပါချေ။ ~~~~~~ "ရပါတယ် ဒေါ်ကြီးရယ် ...ခါတိုင်းလဲ ပိုးဖြူတစ်ယောက်တည်းအိပ်နေကြပါ ...တမင်းသမီးကို တွေ့ချင်လို့ ပြောမိတာပါ " မပိုးဖြူ၏ စကားကြောင့် ဒေါ်ကြီးမြပင်စိတ်မကောင်းဖြစ်သွားရသည်။ "ကဲပါ ပိုးဖြူရယ် ... အခုတော့ မိုးလဲချုပ်နေပြီမို့ ဒီညတော့ ဒေါ်ကြီးဒီမှာပဲ အိပ်လိုက်တော့မယ်ကွယ်...အပေါ်ထပ်က ဧည့်ခန်းထဲမှာပဲ ဒေါ်ကြီးမြ အိပ်ပါမယ် .. ဒါနဲ့ပိုးဖြူထမင်းရောစားပြီးပြီလား ...ဘာစားချင်လဲ .... ဒေါ်ကြီးဘာလုပ်ပေးရမလဲ " "ရပါတယ် ဒေါ်ကြီးရယ် ..ပိုးဖြူ အိပ်ချင်နေလို့ သွားအိပ်တော့တမယ်နော် " ဒေါ်ကြီးမြကိုပြောပြီး မပိုးဖြူ အပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။ ~~~~~ "တူ..တူ " မကိုင်မချင်းမြည်နေသော ဖုန်းကို မပိုးဖြူ ကောက်ကိုင်လိုက်ရသည်။ " ဟယ်လို ... ပုံပို့လိုက်တာ ရောက်လားဖြူဖြူ ... အမျိုးသမီးက သိပ်လှတယ်ဖြူဖြူ ..... သူတို့ကြည့်ရတာ တကယ့်ဇနီးမောင်နှံတွေအတိုင်းပဲ ..ငါဖြင့် ဒေါသဖြစ်လွန်းလို့ နှစ်ယောက်လုံးကိုပြေးပြီးထုရိုက်ပစ်လိုက်ချင်တာ "

ကားဟွန်းတီးသံကြားသည်နှင့် မပိုးဖြူခြံဝသို့ ယိုင်တိယိုင်တိုင်နှင့် ထွက်လာခဲ့သည်။ခြံတံခါးကို ဖွင့်ပေးပြီးနောက် ကိုဇင်မောင်၏ကား အိမ်ထဲသို့ဝင်သွားသည်နှင့် ခြံတံခါးကို ပြန်ပိတ်ကာ အိမ်ထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။ ကိုဇင်မောင်အိမ်ထဲသို့ရောက်လာပြီး မပိုးဖြူကို အကဲခတ်ကြည့်လိုက်သည်။နွမ်းလျနေသော မျက်နှာက လူမမာတစ်ယောက်နှင့် တူနေသည်။ကိုဇင်မောင် ဆိုဖာခုံမှာထိုင်လိုက်ပြီး မပိုးဖြူကိုပါထိုင်ခိုင်းလိုက်သည်။ "ပိုးဖြူ ခဏထိုင်အုံး ... မင်းကို ပြောစရာရှိလို့ " ချစ်လင်၏ စကားကြောင့် မပိုးဖြူ ခန္ဓာကိုယ်လေးမှာဆတ်ခနဲတုန်သွားရသည်။ထိတ်လန့်တုန်လှုပ်နေသောစိတ်ကို မပိုးဖြူ ထိန်းလိုက်ပြီး ကိုဇင်မောင်၏မျက်နှာကို ကြည့်လိုက်သည်။ " ဖြူနေမကောင်းဘူး မောင် ... ပြောစရာရှိတာကို နောက်မှပြောပါ ..ဖြစ်နိုင်ရင် ဒီရက်ပိုင်းတွေမှာ အိမ်ကို ပုံမှန်ပြန်အိပ်ပါမောင် ...တော်ကြာဖြူသေသွားရင်တောင် ...မောင်တို့မသိလိုက်ကြဘဲနေအုံးမယ် " " သေမယ်ဟုတ်လား ...မင်းက အိမ်မှာ အေးရာအေးကြောင်းထိုင်စားနေပြီး ရောဂါတွေဖြစ်နေတာလား .... ရောဂါဖြစ်ရင်လဲ ဆေးခန်းသွားလေ ... ငါကဆရာဝန်မှမဟုတ်တာ ... ပြီးတော့ မနက်ဖြန် ငါခရီးထွက်မလို့ " "ရှင် ..ဘယ်..ဘယ်ကို သွားမှာလဲ မောင်ရယ် ..ဖြူ သိပ်နေမကောင်းလို့ မသွားပါနဲ့လားဟင် " မဖြစ်နိုင်မှန်းသိသော်လည်း မပိုးဖြူ တုန်တုန်ယင်ယင်နှင့် တားမြစ်လိုက်မိသည်။ " လာပြန်ပြီလားကွာ ....နေမကောင်းရင် ဆေးခန်းသွားလေ ..ငါက ဘာလုပ်ပေးနိုင်မှာလဲ .....အေး မင်းတစ်ယောက်တည်း ဖြစ်နေရင် ဒေါ်ကြီးမြကို ခေါ်ထားပေးခဲ့မယ် .. " အကြင်နာကင်းပြီးရက်စက်စွာပြောနေသောယောကျာ်းဖြစ်သူကို မပိုးဖြူးကြောင်ငေးငေးဖြင့် ကြည့်နေမိသည်။ "ကဲ ဒါပဲ ..ငါမှာလုပ်စရာအလုပ်တွေ ရှိသေးတယ် " ပြောပြီးသည်နှင့် လှည့်ထွက်သွားသော ယောကျာ်းဖြစ်သူ၏ နောက်ကျောပြင်ကိုမပိုးဖြူကြည့်နေမိရင်းမှ မပိုးဖြူစကားလှမ်းပြောလိုက်မိသည်။ "မောင် ...တကယ်လို့ မောင်မရှိခင်မှာ ...ကျွန်မသေသွားခဲ့ရင်ရော " ကိုဇင်မောင်သည်မပိုးဖြူကို စိတ်ပျက်စွာလှည့်ကြည့်လိုက်ပြီး "မင်းမသေနိုင်ပါဘူးကွာ .....အဖြစ်သည်းမနေစမ်းပါနဲ့ ... လူကို ကပ်ပါးကောင်လို လိုက်ပြီး တွယ်ကပ်မနေနဲ့ " ပြောပြီးသည် ကိုဇင်မောင် ချာခနဲ လှည့်ထွက်သွားခဲ့သည်။မပိုးဖြူသည် နေရာတွင်မလှုပ်မယှက်ထိုင်လျက် ယောကျာ်းဖြစ်သူကို ကြည့်နေခဲ့မိသည်။ ~~~~.~ နံနက်ငါးနာရီထိုးတွင် ကိုဇင်မောင် ခရီးထွက်ဖို့ရန်အိမ်မှစ ထွက်သည်။ကိုဇင်မောင်၏ ခရီးစဉ်မှာ သူ၏ကားနှင့်သွားမည်ဖြစ်လေသည်။ကိုဇင်မောင် ၏ကားလေး ခြံထဲမှထွက်သွားသည်ကို မပိုးဖြူရပ်ငေး၍ကြည့်နေမိသည်။တဖြည်းဖြည်း မြင်ကွင်မှပျောက်ကွယ်သွားသောကားကိုကြည့်ကာ မပိုးဖြူသည်မျက်ရည်မကျနိုင်ဘဲ ထုံထိုင်းထိုင်းကြီးဖြစ်နေခဲ့သည်။ ~~~~~~ "မိုးမလင်းသေးဘူး ဘာလာလုပ်တာတုန်း " ယောက္ခမဖြစ်သူ၏ မေးသံက မာဆတ်ဆတ် ။မပိုးဖြူလည်း လေသံအေးအေးနှင့်ပင် ပြန်ဖြေလိုက်သည်။ "သမီးလေးသင်တန်းမသွားခင် လာတွေ့တာပါ " " ကလေးက သင်တန်းသွားဖို့ပြင်နေပြီ ညနေမှလာခဲ့ " " ညနေမလာတော့ပါဘူး အမေ ...အခုပဲ ခဏလေးသွားတွေ့လိုက်ပါ့မယ် " ပြောပြီးသည်နှင့် သမီးဖြစ်သူ၏ အခန်းဆီသို့ မပိုးဖြူ သွက်သွက်လျှောက်သွားလိုက်သည်။ " ဒေါက် ... ဒေါက် .." " ဘယ်သူလဲ အဘွားလား " မပိုးဖြူ တံခါးခေါက်လိုက်စဉ် အထဲမှသမီးဖြစ်သူ၏ မေးသံကိုကြားလိုက်ရသည်။ မတွေ့ရမမြင်ရသည်မှာ ကြာပြီဖြစ်သော သမီးဖြစ်သူ၏အသံကို ကြားလိုက်ရသောအခါ မပိုးဖြူ၏ အသည်းနှလုံးများသည် တဆတ်ဆတ်တုန်ခါလာသကဲ့သို့ ရှိလေသည်။မိမိ၏ရင်မှဖြစ်သော သမီးလေး၊ မိမိဗိုက်ထဲမှမွေးထုတ်ခဲ့ရသောသမီးလေး။မိမိကချစ်ရသလောက် မိမိအပေါ် စိမ်းကားနိုင်လွန်းလှသောသမီးလေး။ "အမေပါ သမီး " မပိုးဖြူ၏ ဖြေသံအဆုံးတွင် တံခါးမှာဖျတ်ခနဲ ပွင့်လာသည်။ "သမီး သင်တန်းသွားရအုံးမယ် ...ဘာကိစ္စရှိလို့လဲအမေ " သမီး၏စကားသံနှင့် သမီး၏ မျက်နှာကို မြင်ရသောအခါ မပိုးဖြူပြောဖို့စီစဉ်လာသောစကားလုံးများမှာပျောက်ဆုံးသွားရတော့သည်။ " ဟို ...ဟို ...အမေ သိပ်နေလို့မကောင်းလို့ ညကျရင် ...သမီးအိမ်မှာပြန်အိပ်ပါလားကွယ် " ပိုးအိဇင် မိခင်ကိုဖျတ်ခနဲ ကြည့်လိုက်သည်။ဖခင်ဖြစ်သူ ယနေ့ခရီးသွားမည်ကိုလည်း ပိုးအိဇင် သိနေပါသည်။ " နေမကောင်းရင် ဆေးခန်းသွားလေ အမေ ...သမီးက ဘာလုပ်ပေးနိုင်မှာလဲ " " အင်းပါ ....သမီးအဖေလဲ အိမ်မှာမရှိလို့ပါကွယ် ...သူခရီးသွားတယ် ... သူဘယ်သွားတာလဲ သမီးကို ပြောသွားသေးလား " မိခင်၏အမေးကြောင့် ပိုးအိဇင်ဆတ်ခနဲ တုန်သွားရသည်။ "မ ..မသိဘူးလေ.... လူကြီးတွေ ကိစ္စကို ပိုးအိစိတ်မဝင်စားဘူး အမေ ... ညဘက်အမေတစ်ယောက်တည်း မနေချင်ရင် ဒေါ်ကြီးမြကို ခေါ်သွားလေ ...ဘွားဘွားကို ပြောပေးပါ့မယ်.... ဒါပဲမဟုတ်လားဟင် ...သမီးသင်တန်းနောက်ကျနေလို့ပါ " ပြောပြီးသည်နှင့် လှစ်ခနဲ ပြေးထွက်သွားခဲ့သော သမီးဖြစ်သူကို မပိုးဖြူမတားလိုက်နိုင်ပါချေ။

" ကျွန်မအသက် (၃၆) နှစ်ထဲ ရောက်နေပြီ..ဟုတ်တယ် ရှင်ပြောတာမှန်တယ် ..... ကျွန်မအတွက်က သေဖို့တောင်ခက်ခဲနေတယ် ..တကယ်ဆို အဖေနဲ့အမေသေဆုံးသွားကတည်းက ကျွန်မပါသေခဲ့ရမှာ ...အခုတော့သေလဲ မသေနိုင် .. အသက်လဲမရှင်ချင်နဲ့ ဘ၀ကငရဲကျနေသလိုပဲ ခံစားနေရတယ" မပိုးဖြူ အံကိုတင်းတင်းကြိတ်ကာပြောလိုက်မိသည်။ပြောရင်းနှင့်ပင်မျက်ရည်ပေါက်ကြီများက ပါးပြင်ပေါ်သို့ တလိမ့်လိမ့်စီးကျလာခဲ့ပြန်သည်။ အံကိုကြိတ်ကာ ငိုနေသောသူမကို ကြည့်ပြီး မိုးထက် တကယ်ပင် စိတ်မကောင်းမိ။ သူမကို တွေ့လိုက်ရချိန်တိုင်း တစ်ခု မဟုတ်တစ်ခု ဒုက္ခရောက်နေတတ်တာတော့ မိုးထက်လည်းသတိထားမိသည်လေ။ "မင်းမှာအိမ်ထောင်ရှိတယ်ဆို ..သမီးလဲရှိတယ်မဟုတ်လား ...သူတို့ဖုန်းနံပတ်တွေ မှတ်မိလား ...ဖုန်းဆက်ပြီး ခေါ်ပေးမယ်လေ " မိုးထက် ကိုယ်စွမ်းဆောင်ပေးနိုင်တာကို ပြောလိုက်သည်။ " မှတ်မိပါတယ် ....ဒါပေမဲ့ မခေါ်ပါနဲ့ ...အခုဘယ်အချိန်ရှိပြီလဲရှင် " " ည(၈)နာရီထိုးနေပြီ ..မင်းအိမ်ပြန်မလား ..ဒါမှမဟုတ်ရင်လဲ ...ဒီဆေးခန်းမှာပဲ အားရှိအောင်တစ်ညလောက်ဆက်နေလို့ရတယ် ..." မပိုးဖြူတွေခနဲဖြစ်သွားကာ စဉ်းစားလိုက်မိသည်။ဖြစ်နိုင်လျှင် တစ်ညလောက် အိမ်မပြန်ဘဲနေပစ်လိုက်ချင်ပါသည်။သို့သော်လည်း မပိုးဖြူသည်ချည်တိုင်တွင်ချည်ခံထားရသောနွားတစ်ကောင်ကဲ့သို့ အိမ်ဆီသို့သာ စိတ်ကရောက်နေမိသည်။ည (၈) နာရီရှိပြီဖြစ်သောကြောင့် ယောက်ျားဖြစ်သူပြန်လာချိန်နီးနေပေပြီ။မပိုးဖြူ အိပ်ရာပေါ်တွင်ဆက်လက် လှဲနေနိုင်စွမ်းမရှိတော့ပါချေ ။ ကိုယ်ပေါ်တွင် လွှမ်းခြုံထားသော စောင်ကို အသာဖယ်ကာ ထလိုက်သည်။ " ဆေးကုသစရိတ်ဘယ်လောက်ကျလဲရှင် ...အခုတော့ ပိုက်ဆံမပါပေမဲ့ .. မနက်ဖြန် ချက်ချင်းရှင်းပေးပါ့မယ် ... ဆေးဖိုးကိုရှင်စိုက် ပေးထားပါနော် ..ရှင်လဲ ကျွန်မအိမ်ကို သိနေတာပဲ ... ကျေးဇူးပြုပြီး ကျွန်မကိုကားငှားပေးပါလားရှင် " နွမ်းလျလျ ပြောလာသောစကားသံကြောင့် မိုးထက်ခေါင်းကိုငြိမ့်ပြလိုက်မိပြီး "ရပါတယ် ...ဆေးဖိုးလဲအကြွေးဆိုတော့ ...မထူးတော့ပါဘူး ...အိမ်ကိုလဲ ကျွန်တော်ပဲ လိုက်ပို့ပါ့မယ် .. ဒါနဲ့ နာမည် ဘယ်လိုခေါ်လဲ...ဆေးမှတ်တမ်းမှာစာရင်းသွင်းရအုံးမယ် " " မပိုးဖြူပါ ..အသက်(၃၆) နှစ် ." "အိုကေ ... ဒီမှာ ခဏစောင့်နေ .. မင်းပိုက်ဆံအိတ်က... မင်းဘေးကခုံပေါ်မှာနော် " ~~~~~~ "ကျွန်တော့်နာမည်က မိုးထက်ပါ...မပိုးဖြူနဲ့ ကျွန်တော်က အသက်အတူတူပဲ .. အဲ့ဒီတော့ ရင်းရင်းနှီးနှီး ပြောမယ်နော် ... မပိုးဖြူ ဘာဒုက္ခတွေကြုံနေရလဲဆိုတာတော့ ကျွန်တော်မသိပါဘူး ... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်အရှုံးမပေးနဲ့ ...အရှုံးပေးလိုက်ရင် ပိုပြီးအနိုင်ယူချင်တာ လောကကြီးရဲ့ သဘာ၀ပဲ .. ကိုယ့်မှာအစွမ်းအစရှိသလောက် ပြန်တိုက်ခိုက်ရမယ် .. ကိုယ်ကြုံတွေ့နေရတဲ့ ပြဿနာကို သေချာတွေးကြည့်ပြီး နည်းပေါင်းစုံနဲ့ဖြေရှင်းကြည့် ..ဥပမာဗျာ လောင်းကစားကြောင့် ရှိသမျှပစ္စည်းတွေ အကုန်ဆုံးရှုံးသွားတယ်ထားပါတော့ ...ဒါကိုထိုင်ပြီး စိတ်ညစ်ပူဆွေးမနေဘဲ .. ကိုယ့်အမှားကိုပြုပြင်ပြီး ...ဘဝကိုပြန်စနိုင်အောင် ကြိုးစား ...လူဆိုတာ အမှားတွေ့တတ်တာပဲ ... မှားနေမှန်းသိရင်ပြင်ရမယ် ..." မိုးထက်က အသေအချာပြောနေသော်လည်း မပိုးဖြူကမူ သူပြောသည်ကို စိတ်မ၀င်စားဘဲ ကြောင်ကြောင်ငေးငေးနှင့်ထိုင်နေသည်ကို နောက်ကြည့်မှန်ထဲမှတွေ့လိုက်ရသဖြင့် မိုးထက်သူ့ပါးစပ်ကို ပိတ်လိုက်ရတော့သည်။ ကားလေးသည် ဖြည်းဖြည်း မှန်မှန်မောင်းလာရာမှ မပိုးဖြူတို့အိမ်ရှေ့သို့ ရောက်လာခဲ့တော့သည်။ခြံရှေ့တွင် မိုးထက်ကားကို ရပ်ပေးလိုက်သည်။မပိုးဖြူက ကားတံခါးကိုဖွင့်ကာဆင်းမည်ပြုပြီးမှ မိုးထက်ကိုကြည့်လိုက်ပြီး "ပိုက်ဆံကို အခုယူသွားမလားရှင် ..ယူသွားမယ်ဆိုရင် ... ဒီမှာ ခဏစောင့်နေပါရှင် " မှောင်မည်းတိတ်ဆိတ်နေ သောအိမ်ကြီးကို မိုးထက်လှမ်းကြည့်လိုက်ပြီး "နောက်ကြုံမှ ယူမယ်ဗျာ ... မပိုးဖြူတို့အိမ်မှာ ဘယ်သူမှမရှိဘူးထင်တယ် ... အမျိုးသမီးတစ်ယောက်တည်းရှိတဲ့ အိမ်ရှေ့မှာ ရပ်မစောင့်ချင်ဘူး ... မပိုးဖြူရဲ့ဖုန်းနံပတ် ကျွန်တော့်ကိုပေးလိုက်လေ " မိုးထက်မရည်ရွယ်ထားပါဘဲ ဖုန်းနံပတ်တောင်းလိုက်မိသည်။ထို့နောက် တိုးလျလျ အသံဖြင့်ရွတ်ပြသော ဖုန်းနံပတ်ကို ဖုန်းထဲတွင်လိုက်မှတ်လိုက်သည်။ပြီးနောက်ထပ်ပြီး မရည်ရွယ်ထားဘဲ မိုးထက်ပြောလိုက်မိပြန်သည်။ "မပိုးဖြူ မင်းအရမ်းအားနည်းနေတယ်တဲ့ ...အစားကိုပုံမှန်စားပုံမှန်အိပ် .. ပေးလိုက်တဲ့ဆေးတွေလဲ သေချာသောက်အုံးနော် ...တကယ်လို့ ဆေးခန်းသွားဖို့ ကားလိုတယ်ဆိုရင် ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ .. ကျွန်တော် ဖုန်းခေါ်ထားတယ်ဗျ....( 09 ....7 ) က ကျွန်တော့်ဖုန်းနံပတ်ပဲ " " ဟုတ် ..ဟုတ်ကဲ့ပါ ..... ကျေးဇူးပါ ကိုမိုးထက် .... ကျွန်မသွားတော့မယ် " နှုတ်ဆက်စကားပြောပြီး သည်နှင့် ကာပေါ်မှဆင်းသွားသော သူမကို မှန်ပြတင်းပေါက်မှတဆင့် မိုးထက်အဓိပ္ပါယ်မဲ့ကြည့်နေမိသည်။ ~~~~~~ "ပွမ် .. ပွမ် "

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု ) အပိုင်း (၈) ********* "ပိုးအိက နာမည်လေးနဲ့လိုက်အောင် ချစ်စရာလဲကောင်းပြီး လှလဲလှတယ် ...ဆံပင်တွေကရော ကောက်ထားတာလား... နဂိုလှိုင်းရှိတာလား ...မျက်နှာလေးနဲ့ သိပ်လိုက်တာပဲကွယ် " မျိုးမမ၏ အမေးကြောင့် ပိုးအိဇင်သည် သူမခေါင်းထက်က ဆံပင်များကိုလက်နှင့်ကိုင်တွယ်ကြည့်လိုက်သည်။ပြောရလျှင် ဤဆံပင်များကြောင့်ပင် မိခင်ဖြစ်သူကို စိတ်တိုင်းမကျ ဖြစ်ခဲ့ရခြင်းလည်းပါသည်။နေရာတကာ ဆံပင်အဖြောင့်များခေတ်စားနေချိန်တွင် ပိုးအိဇင်မှာမိခင်နှင့်တူပြီး လှိုင်းတွန့် ဆံပင်ကောက်ကောက်များနှင့်ဖြစ်ခဲ့သည်။မိခင်ဖြစ်သူ့အကြောင်းကို တွေးလိုက်မိသည်နှင့် ပိုးအီဇင်စိတ်ထဲညစ်ညူးသလိုပင် ဖြစ်သွားရသည်။ "ပိုးအိ ..သမီးဘာတွေစဉ်းစားနေတာလဲ ....လာလေ ဒီမှာလာထိုင်ပါအုံး ...အလှကုန်ပစ္စည်းတွေ စမ်းကြည့်ရအောင် " " ဟုတ် ..ဟုတ်ကဲ့ " တွေတွေဝေဝေဖြစ်သွားသောပိုးအိဇင်ကို မျိုးမမကထိုင်ခုံဆီသို့ ဆွဲခေါ်လိုက်သည်။ " အန်တီက စင်္ကာပူမှာနေခဲ့တာဆို " မျိုးမမကိုကြည့်ပြီး ပိုးအိဇင်က မေးလိုက်သည်။ "ဟုတ်တယ် သမီးရဲ့ ... အန်တီတို့အမျိုးတွေ အဲ့ဒီမှာအကုန်ရောက်နေကြပြီ ...အန်တီအမေက မလိုက်ဘူးဆိုလို့ ပြန်လာရတာ .." " ဟုတ်လား " ပိုးအိဇင်သည် လာတုန်းကတော့ မျိုးမမကို အကဲခတ်ရန်လာခဲ့ခြင်းဖြစ်သည်။ယခုအခါမှာတော့ မျိုးမမ၏အလိုက်တသိ အပြုအမူများကြောင့် မျိုးမမကို သဘောကျသလိုဖြစ်လာသည်။မျိုးမမက ပိုးအိဇင်၏လက်ခုံပေါ်တွင် အလှပြင်ပစ္စည်းများကို စမ်းသပ်ရင်း အဆင်ပြေမည့် အလှကုန်များကို ရွေးချယ်နေသည်။ "သမီး ဖေ့ဘုတ်သုံးတယ်မဟုတ်လား ... လူငယ်ဘ၀ဆိုတာ ကုန်ဆုံးသွားပြီးရင် ပြန်မရနိုင်တော့ဘူး ..အဲ့ဒါကြောင့် လူငယ်ဘ၀မှာ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်သာနေ ... လုပ်ချင်တာကို လုပ်ပစ်လိုက် ... အလှအပကအစ ကိုယ်ကသူများထက်သာအောင်နေရမယ် ... ရည်းစားထားတာကအစ ကိုယ့်ကိုယ်အရူးအမူးဖြစ်နေတဲ့လူမျိုးကို အပိုင်ဆွဲထားရတယ် ...ပိုးအိက သိပ်လှတော့ ကြိုက်တဲ့ကောင်လေးတွေ များတယ်မဟုတ်လား.." လူပုံးပန်းကိုကြည့်ပြီး ဆယ်ကျော်သက်အရွယ် ကောင်မလေးများကြိုက်တတ်သော စကားများကိုမျိုးမမကရွေး၍ ပြောလိုက်သည်။မျိုးမမ၏ ပစ်ချက်မှာ ကွက်တိပင်ထိမှန်ပါလေသည်။ပိုးအိဇင်သည် မျိုးမမအား အထင်ကြီးလေးစားသောအကြည့်များဖြင့် ကြည့်နေသည်ကိုတွေ့ရလေသည်။ "ပိုးအိအမေကပြောတယ်... ယောကျာ်းလေးတွေနဲ့ ဉာဉ့်နက်သန်းခေါင် စကားမပြောရဘူးတဲ့လေ... အဖေနဲ့ အဘွားတို့ကတော့ ဘာမှမပြောပါဘူး " ပိုးအိဇင်၏စကားကြောင့် မျိုးမမစိတ်ထဲမှကြိတ်ပြုံးလိုက်ရသည်။ "ပိုးအိရဲ့အမေပြောတာလဲ...မှားတော့မမှားပါဘူးကွယ် ....ဒါပေမဲ့ ခေတ်ရေစီးကြောင်းကို မလိုက်နိုင်ရင် ကိုယ်ပဲနောက်ကောက်ကျကျန်ခဲ့မှာပေါ့ကွယ် ....အန်တီမျိုးကတော့ လူတိုင်းလွတ်လပ်စွာနေ ခွင့်ရှိတယ်လို့ထင်တာပဲ .. မိဘဆိုပြီး သားသမီးကိုအတင်းအမိန့်တွေပေးလို့မရဘူးလေ " မျိုးမမအပြောကို ပိုးအိဇင် သဘောကျသွားသည်။ဖခင်ဖြစ်သူသည် မျိုးမမကိုဘာကြောင့်ရွေးချယ်ရသလဲဆိုသည်ကိုလည်း ပိုးအိဇင် သဘောပေါက်သွားသလိုရှိသည်။မိခင်ဖြစ်သူသည် ပိုးအိဇင်တို့အားချစ်သည်မှန်သော်လည်း သူမမှာ အဘွားဖြစ်သူပြောသကဲ့သို့ ဆင်းရဲနုံချာလှသောဘ၀မျိုးမှလာသူဖြစ်သောကြောင့် လူဝင်မဆန့်ဘဲ သိမ်ငယ်စိနှေင့် ခေတ်ကို မလိုက်နိုင်ခြင်းဖြစ်သည်ဟု ပိုးအိဇင်ထင်သည်။ "ကဲ ...ကြည့်စမ်းပါအုံး ဆံပင်ကို ဒီလိုလေးချထားလိုက်တော့ ပိုးအိမျက်နှာလေးနဲ့ ဘယ်လောက်လိုက်ဖက်လဲ " မျိုးမမက ပိုးအိဇင်ကို မှန်ရှေ့တွင်ရပ်လျက်ကြည့်စေလိုက်သည်။ပိုးအိဇင်မှာ မှန်ရှေ့တွင်ပေါ်နေသော သူမ၏ပုံရိပ်ကို ကြည့်လျက် ကျေနပ်နေသည်။ ~~~~~~~~ မပိုးဖြူဖျတ်ခနဲ လန့်နိုးလာသည်။မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ မျက်နှာကြက်ဖြူဖြူကိုတွေ့လိုက်ရသည်။ "မင်း နိုးလာပြီလား ... မင်း ဘာဖြစ်ခဲ့တာကို ရောမှတ်မိရဲ့လား " ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် မပိုးဖြူလန့်သွားသည်။ ခုတင်ပေါ်မှ အားယူထထိုင်လိုက်ကာ အထိတ်တလန့် ဖြင့်မေးလိုက်သည်။ "ရှင်...ရှင် ... ကျွန်မဘယ်ကို ရောက်နေတာလဲ " " အတင်းမထနဲ့လေ .... အထူးကုဆေးခန်းကို ရောက်နေတာပါကွ ... လမ်းမှာမင်းမူးလဲသွားတာတွေ့လို့ ဆေးခန်းခေါ်လာခဲ့လိုက်တာ ....မင်းမှာဖုန်းလဲ မပါဘူးနော် .. မင်းရဲ့အိမ်ကို အကြောင်းကြားဖို့ သွားတော့လဲ အိမ်မှာ ဘယ်သူမှမရှိဘူးကွ " ပြူးပြူးပျာပျာဖြစ်နေသော သူမကို မိုးထက်ခပ်မြန်မြန်ရှင်းပြလိုက်ရသည်။ " ရှင်ဘာလို့ခေါ်လာရတာလဲရှင် ...အဲ့ဒီနေရာမှာ သေသွားလဲ အေးတာပဲ ..." "ဘာ ... ဘယ်လို ..." မိုးထက်မျက်လုံးအပြူးသားနှင့်သူမကိုကြည့်လိုက်မိပြီး ဂရုဏာဒေါသနှင့် ပြောလိုက်မိသည်။ "မင်းက သေချင်လို့လျှောက်သွားနေတာလား ... သေတာအဲ့ဒီလောက်လွယ်မယ်ထင်နေတာလား...မင်းအသက်ဘယ်လောက်ရှိပြီလဲ "

~~~~~~~ မိုးထက်ကားမောင်းနေရင်းမှနာရီကိုကြည့်လိုက်သည်။အချိန်ကနေ့ခင်း (2)နာရီ ဧည့်သည်နှင့်ချိန်းထားသောအချိန်က လိုသေး၍ ကားကို ဖြည်းဖြည်းမှန်မှန်သာမောင်းလာခဲ့သည်။ကားမောင်းနေရင်းမှ လမ်းဘေးသို့ မိုးထက် အကြည့်ရောက်သွားသည်။နေပူရှိန်ပြင်းလွန်း၍ လမ်းမပေါ်တွင် လူသွားလူလာရှင်းနေသည်။ထိုသို့ ရှင်းလင်းနေသော လမ်းဘေးတွင် တစ်ယောက်သောသူကို မိုးထက်မြင်လိုက်သည်။အဖြူနှင့်အနက်ဖက်ရှင်နှင့်အတူ အသိမဲ့သူတစ်ယောက်လို လမ်းလျှောက်နေသာ ပုံစံကိုကြည့်ပြီး မိုးထက် ချက်ချင်း မှတ်မိလိုက်သည်။မိုးထက်ကိုယ်တိုင်သတိမထားမိခင်မှာပင် ကားအရှိန်ကိုလျှော့ချလိုက်မိသည်။ တရွေ့ရွေ့လျှောက်သွားသောသူမကို ကျော်တက်ပြီး မောင်းလာခဲ့ရင်း နောက်ကြည့်မှန်မှ မိုးထက်ကြည့်လာခဲ့မိသည်။ "ဟာ " လမ်းမပေါ်သို့ယိုင်ခနဲ့ လဲကျသွားသောပုံရိပ်ကို မှန်ထဲမှမြင်လိုက်ရသည့်အခါ မိုးထက်မနေနိုင်တော့ပါ။ ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်ပြီး သူမလဲကျနေရာဆီသို့ အပြေးသွားလိုက်မိသည်။ ` ဒီမှာ ... ဘာဖြစ်လို့လဲ ..နေမကောင်းဘူးလား ... ကျွန်တော့်ကို မှတ်မိတယ်မဟုတ်လား ...အိမ်ကို လိုက်ပို့ပေးမယ် .." လက်နှစ်ဖက်ကို အားပြုထောက်၍ပလက်ဖောင်းပေါ်မှ အားယူထနေသောသူမပုံစံကိုကြည့်လိုက်ရင်း မိုးထက်ရင်ထဲကျင်ခနဲပင်ဖြစ်သွားရသည်။လက်တွင်လည်း ပွန်းပဲ့ဒဏ်ရာများကို တွေ့လိုက်ရသည်။ခြေအစုံကိုကြည့်လိုက်သောအခါ မိုးထက် မျက်လုံးပြူးသွားရသည်။လမ်းမည်မျှလျှောက်လာသည် မသိသော်လည်း ကတ္တီပါဖိနပ်သဲကြိုးအောက်မှ ခြေထောက်နှစ်ဖက်လုံးမှာ မို့မောက်ရောင်အမ်းနေလေသည်။ ''ဟာ .... ဒုက္ခပါပဲ "မိုးထက်လွှတ်ခနဲ ညည်းညူလိုက်မိရင်း မထူးတော့ပြီဖြစ်၍ သတိမဲ့သူလို ဖြစ်နေသော သူမကိုဆွဲပွေ့ထူလိုက်ပြီး ကားဆီသို့ခေါ်လာခဲ့လိုက်သည်။ကားဆီသို့ ရောက်လျှင် ကားရှေ့ခန်းမှာပဲ၀င်စေလိုက်ပြီး ခါးပတ်ပတ်ပေးလိုက်သည်။သည်တစ်ခေါက်မှာတော့ သူမဆီမှ "ရှေ့ခန်းမှာ မစီးချင်ဘူး" ဟုသော အသံလည်းထွက်မလာနိုင်ပါ ။လူကသတိမရတစ်ချက်ရတစ်ချက်ပုံမျိုးဖြစ်နေသည်။သည်ပုံစံနှင့် ဘယ်ဆေးခန်းကို သွားရမလဲဟု မိုးထက် အရင်စဉ်းစားလိုက်ရသည်။ ~~~~~ "ဘယ်..ဘယ်လိုလဲရဲသူ..သူအဆင်ပြေရဲ့လား " အခန်းထဲမှ ထွက်လာသော သူငယ်ချင်းဖြစ်သူရဲသူသို့မဟုတ် ဒေါက်တာရဲသူကို မိုးထက် အလောတကြီးမေးလိုက်မိသည်။ "အဲ့လောက်စိုးရိမ်မနေပါနဲ့ဟ ...အခုက အားနည်းတာပါ ...ကြည့်ရတာ အစားမမှန် အအိပ်မမှန်ဘူးထင်တယ် ...မျက်တွင်းကလဲ ဟောက်ပက် ..... သွေးပေါင်ချိန်ကလဲ အတော်ကျနေတယ် ... အခုဆေးထိုးပေးထားတယ်...ဆေးလဲ သွင်းပေးထားတယ် ...ဆေးအရှိန်နဲ့အိပ်ပျက်ခဲ့တဲ့အရှိန်တွေကြောင့် အခုအိပ်ပျော်သွားပြီ....အိပ်ရေး၀၀အိပ်ပြီး အစားပုံမှန်စားရင် မကြာခင်ပြန်ကောင်းမှာပါ ...အေး .... ဒါမှမဟုတ် ဒီပုံအတိုင်းသွားရင်တော့ လုံးပါးပါးလိမ့်မယ် ..ဒါနဲ့ နေပါအုံး ..သူက ဘယ်သူလဲ .... မင်းရည်းစားလား ...တစ်ခါမှ မတွေ့ဖူးပါဘူး " " မဟုတ်ပါဘူး ရဲသူရာ ... ငါ့မိတ်ဆွေပါကွာ ..သူရုတ်တရက်မူးလဲသွားလို့ ..ငါလဲ မင်းဆေးခန်းကိုပဲ ခေါ်လာခဲ့လိုက်တာ ..ဒါနဲ့ ငါဝင်ကြည့်လို့ရပြီလား " " အေး ရပြီးလေသွားကြည့် " ရဲသူ၏ အဖြေကြောင့် မိုးထက် အခန်းထဲသို့ဝင်မည်ပြုစဉ် " မိုးထက် နေအုံး...အစိုးရိမ်ကြီးပြီး သူ့ကိုဟိုထိဒီထိ လိုက်မထိနဲ့ နော် ... သူ့အေးဆေးအိပ်ပါစေကွာ ..ဘေးကနေကြည့်ရုံပဲ ကြည့် နော် " ရဲသူ၏ စကားကြောင့် အခန်းထဲသို့ ဝင်မည့် မိုးထက်၏ ခြေလှမ်းများပင် တုံ့ခနဲဖြစ်သွားရလေသည်။ ~~~~~~ "ဟယ်.....ပိုးအိလေးဘယ်အချိန်က ရောက်နေတာလဲ... အန်တီမျိုးဆီကိုတော့ ဖုန်းမဆက်လိုက်ဘူးကွယ် " မျိုးမမသည် မိမိဆိုင်ထဲသို့ဝင်လိုက်သည်တွင် ပိုးအိဇင်ကို တွေ့လိုက်ရသဖြင့် ရင်ထဲစိုးထိတ်၍သွားသော်လည်း ဣန္ဒြေမပျက်အောင်ထိန်းလိုက်သည်။ကံကောင်း၍ ကိုဇင်မောင်တစ်ယောက်ဆိုင်ထဲသို့လိုက်မဝင်ဘဲ လှည့်ပြန်သွားသည်ကိုပင် စိတ်မှ ကျေးဇူးတင်လိုက်ရသည်။ " အန်တီမျိုးက ပိုးအိကို ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်ပေးချင်လို့ မျှော်နေတာ ...ဒီအတိုင်းတဆင့်ပေးလိုက်ရင်.. ပိုးအိရဲ့အသားအရည်နဲ့ မကိုက်မှာစိုးလို့လေ " မျိုးမမ၏ ဧည့်ဝတ်ပြုမှုက ထိရောက်သွားပုံရသည်။ပိုးအိဇင်၏ မျက်လုံးလေးများဝင်းလဲ့တောက်ပသွားသည်ကို မျိုးမမတွေ့လိုက်ရသည်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၈) ဆက်ရန် #ဧကြည်ဖြူ

"ဟုတ်လား ....မသိပါဘူး .... မျိုး ဖိတ်တာကို တမင်မလာချင်တာများလားလို့လေ ....အခုလဲ ဆိုင်ကို လာအားပေးဖို့ဖိတ်ပါတယ်နော် ...အလှအပနဲ့ ပတ်သက်တာမှန်သမျှ ..အမျိုးသားသုံးတွေပါ ဆိုင်မှာရပါတယ်နော်..ဒီမှာလိပ်စာကတ်ပါ " မျိုးမမကလိပ်စာကတ်လေးကို မိုးထက်ဆီသို့ကမ်းပေးလိုက်သည်။မိုးထက်က လိပ်စာကတ်ကို ခပ်ပြုံးပြုံးပင် လှမ်းယူလိုက်သည်။မျိုးမမ၏ ညှို့သောအကြည့်နှင့် လှပသောမျက်နှာကို မိုးထက် ခေတ္တမျှငေးကြည့်လိုက်သည်။မျိုးမမမှာတော့ မိုးထက်၏ စူးရှတောက်ပသော အကြည့်များကြောင့် ရင်တွေပင်ခုန်သွားရလေသည်။ "အင်း တစ်နေ့တော့.. မျိုးမမရဲ့ဆိုင်ကိုလာခဲ့ပါအုံးမယ်ဗျာ ...ကျွန်တော်အထင်တကြီးနဲ့ချစ်ရမဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လာတဲ့နေ့ကျရင် ..မျိုးမမရဲ့ဆိုင်မှာ လာအားပေးမယ်ဗျာ..." " ရှင် " မိုးထက်၏စသလိုလို နောက်သလိုလိုနှင့် ပြောလိုက်သော စကားကြောင့် မိုးထက်အားခပ်ညုညုအကြည့်များဖြင့် ကြည့်နေခဲ့မိသောမျိုးမမမှာ ခပ်လှောင်လှောင်ပြောခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။မျိုးမမ သည် မျက်နှာကိုမပျက်အောင်ထိန်းရင်း လက်ကိုစားပွဲခုံအောက်သို့ထည့်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပစ်လိုက်လေသည်။ ~~~~~~ "မင်းတို့ အစ်ကိုရော ... ဆိုင်ခွဲတွေမှာလဲ မတွေ့ခဲ့ဘူး " အဖြေကို ကြိုတင်သိသော်လည်း ၀တ္ထရားအရ ဆိုင်ဝန်ထမ်းလေးများကို မပိုးဖြူမေးလိုက်ပါသည်။ " ဟို ..ဟို....ဆရာက ဧည့်သည်နဲ့ အပြင်သွားပါတယ် ... ထမင်းကို အပြင်မှာစားခဲ့မယ်တဲ့ အစ်မ ...ထမင်းချိုင့်ကို အစ်မ ပြန်ယူသွားလိုက်ပါတဲ့ " " ဪ ... ဟုတ်လား " ဖြေလိုက်သောသူတို့ မျက်နှာလေးများက မပိုးဖြူ မျက်နှာကို အားနာသလို ကြည့်လို့ ။လက်ဆွဲခြင်းကြီးထဲတွင် ငါးဆင့် ချိုင့်ကို ထည့်ဆွဲလျက်လာခဲ့ရသော မပိုးဖြူကိုသူတို့လေးတွေ အားနာနေပုံရကြလေသည်။ " သူမရှိလဲ ထမင်းချိုင့်တော့ ပြန်မယူသွားပါဘူး.....ဒီထဲမှာ ဆိုင်က ဝန်ထမ်းတွေအတွက်ပါ ဟင်းတွေ ထည့်လာခဲ့တာမို့ ယူထားလိုက်ပါကွယ် ...အစ်မပြန်တော့မယ် " "ဟုတ် .. ဟုတ်ကဲ့ အစ်မ ...ကားငှားပေးလိုက်ရမလား အစ်မ " "ရတယ် ...အစ်မသွားတော့မယ်" ~~~~~~ မပိုးဖြူကားစီးချင်စိတ်လည်းမရှိသောကြောင့် လေးငါးမှတ်တိုင်ခရီးကို လမ်းလျှောက်လာခဲ့သည်။လမ်းသာလျှောက်နေရသော်လည်း လူကအားမရှိသဖြင့် ခြေလှမ်းလှမ်းလိုက်တိုင်းမောဟိုက်၍နေသည်။မပိုးဖြူ အိမ်သို့လည်းမပြန်ချင်။ဘုရားတစ်ဆူဆူ သို့သွားကာ ရင်ထဲမှသောကအပူများကို ဖြေဖျောက်ချင်သည်။လူသည်အပူသောကများ ကြုံတွေ့ရသောအခါ အမိအဖသားချင်းများနှင့် ရတနာသုံးပါးကို အားကိုးတတ်ကြသည်မဟုတ်ပါလား။မောဟိုက်နေသောရင်အစုံဖြင့်ပင် မပိုးဖြူတရွေ့ရွေ့ လျှောက်နေခဲ့သည်။လမ်းလျှောက်ရပါများလွန်း၍ သိပ်ပင်ပန်းလွန်းလျှင် ညဘက်၌ မပိုးဖြူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်သည်။ညဘက်တွေ မပိုးဖြူ အိပ်မပျော်ခဲ့သည်မှာ ကြာခဲ့ပြီလေ။ နှစ်မှတ်တိုင်ကျော်ကျော် လျှောက်လာပြီးသောအခါ မပိုးဖြူ သိသိသာသာမောပန်းလာသည်။ရေလည်း တအားငတ်လာသည်။ရှင်းပြောင်းနေသောကား လမ်းမကြီးတစ်လျှောက်တွင် မပိုးဖြူလာနေကြကုန်တိုက်ကြီးသာ ရှိသည်။ ကုန်တိုက်ထဲသို့၀င်လျှင်တော့ သောက်ရေသန့်တင်မက၊ အချိုရည်အစုံရနိုင်သလို ၊ ကော်ဖီဆိုင်လည်း ထိုင်လို့ရသည်။ဘုရားသို့သွားနေသည့် မပိုးဖြူ၏ ခြေထောက်များက ကုန်တိုက် ဆီသို့ ဦးတည်သွားလိုက်သည်။ ~~~~~ ရေသန့်နှင့် မုန့်ထုပ်များအတွက်ငွေရှင်းပေးပြီး ကုန်တိုက်အပြင်သို့ ပြန်ထွက်ရန် မပိုးဖြူ ခြေလှမ်းပြင်လိုက်စဉ်မှာပင် ခပ်လှမ်းလှမ်းမှစုံတွဲကို မျက်လုံး အကြောင်သားနှင့်ကြည့်နေမိသည်။ယောကျာ်းဖြစ်သူကိုဇင်မောင်နှင့်အတူ သူ၏လက်မောင်းကို ဖက်တွယ်ထားသော အမျိုးသမီးတစ်ယောက်။နှစ်ယောက်သား၏ အပြုံးများသည် ကမ္ဘာလောကကြီး တစ်ခုလုံးကို မေ့နေကြသလိုပင် ။သူတို့ မပိုးဖြူကို မမြင်ကြပါ။မပိုးဖြူကို ကျောခိုင်းလျက် ဆန့်ကျင်ရာအရပ်ဆီသို့ လျှောက်သွားကြသည်။လျှောက်သွားနေရင်းမှ မပိုးဖြူ၏ချစ်ရပါသော ယောကျာ်းက အမျိုးသမီး၏ပခုံးကို သိုင်းဖက်လိုက်သည်ကို မပိုးဖြူမြင်နေရပါသည်။မြင်ကွင်းကို ကြည့်ရင်း ရေသန့်ဘူးကိုဖိညှစ်ကိုင်လိုက်ကာ အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ကြိုတင်သိနေရိပ်စားနေခဲ့သော်လည်း တကယ်တမ်းလက်တွေ့မြင်လိုက်ရသောအခါ လူမှာ အသက်မဲ့သွားသလို ခံစားလိုက်ရသည်။ရင်ထဲမှ ကလီစားများကိုဆွဲနှုတ်ယူခံလိုက်ရသကဲ့သို့ ရင်တစ်ခုလုံး လှစ်ဟာ၍နေသည်။မျက်လုံးအစုံမှာဖွင့်ထားပါလျက် ဘာကိုမှမမြင်၊ နားမှာလည်းဘာကိုမှမကြားတော့ ။လူမှာအေးစက်မှောင်မိုက်နေသော ချောက်ကမ်းထဲသို့ ရုတ်တရက် အတွန်းချခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။အသက်မဲ့သူလို အတန်ကြာရပ်နေခဲ့ပြီနောက် လူနှင့်အသိသိပ်မကပ်ဘဲ ကုန်တိုက်အပြင်သို့ မပိုးဖြူထွက်လာခဲ့သည်။ရေသောက်ရန်လည်း မပိုးဖြူ သတိမရပါချေ။နေ့လယ်ခေါင်ခေါင်ကြီးတွင်လမ်းမကြီးအတိုင်းကြောင်ကြောင်ငေးငေးဖြင့် မပိုးဖြူလျှောက်လာခဲ့သည်။

"ဟုတ်ကဲ့ ကျေးဇူးပါရှင် ." မိန်းမငယ်လေးများ၏ အထာကို ကျွမ်းကျင်လှသော မျိုးမမ၏ ပထမအဆင့်စည်းရုံးချက်က အောင်မြင်ပါသည်။ ပိုးအိဇင်က ပြုံးရွှင်နေသောမျက်နှာထားဖြင့် လိပ်စာကတ်လေးကို ယူလိုက်ပါလေသည်။ "သ..သမီးတစ်ယောက်တည်းလား ...အဖေတို့ မုန့်စားရအောင် ' "ဟင့်အင်း အဖေ...သူငယ်ချင်းပါတယ် ... ညမှ အဘွားတို့အိမ်ကို ဝင်ခဲ့လေ ....သမီးသွားတော့မယ် အဖေ .. ခွင့်ပြုပါအုံး အန်တီ " နှုတ်ဆက်ပြီးသည်နှင့် ပိုးအိဇင်က သူငယ်ချင်းဖြစ်သူထံသို့ ပြန်လျှောက်သွားလိုက်လေသည်။ ~~~~~ "ဖေဖေတို့ ပတ်သက်မှုကို သမီး ရိပ်မိပါတယ် ...ဒါနဲ့ အမေ့ကို ဘယ်လိုလုပ်မှာလဲ အဖေ ..." ပိုးအိဇင်က ဖခင်ဖြစ်သူကို မေးလိုက်သည်။သားအဖနှစ်ယောက်သည် အဘွားဖြစ်သူတို့၏ တိုက်အပေါ်ထပ်၀ရံတာတွင် တိုးတိုးကျိတ်ကျိတ်နှင့် ပြောဆိုနေကြခြင်းဖြစ်သည်။ " အင်း ...တကယ်လို့ မျိုးကိုအဖေလက်ထပ်မယ်ဆိုရင် သမီးရော လက်ခံနိုင်ရဲ့လားဟင် ..... အဖေက သမီးအမေရဲ့သဘောထားထက် သမီးရဲ့သဘောထားကိုပဲ သိချင်တယ် " ဖခင်ဖြစ်သူ၏ အမေးကြောင့် ပိုးအိဇင်တွေခနဲဖြစ်သွားသည်။အတန်ကြာသောအခါမှ "အခုလဲ အဖေရောအမေပါ မပျော်ကြဘူး မဟုတ်လား ...ဒီလိုနှစ်ယောက်လုံးမပျော်ရွှင်နိုင်ဘဲအတူနေမဲ့အစား ... ပြတ်ပြတ်သားသားလုပ်လိုက်ကြတာကို သမီးမတားပါဘူး....အန်တီမျိုးနဲ့ လက်ထပ်လို့ အဖေပျော်ရွှင်မယ်ဆို လုပ်ပါ .....အဖေတို့ကိစ္စတွေထဲမှာ သမီးဝင်မပါပါဘူး " သမီးဖြစ်သူ၏ စကားကြောင့် ကိုဇင်မောင်ဝမ်းသာပျော်ရွှင်သွားရသည်။ " ဒါဆိုရင် ...အဖေနဲ့ သမီးအမေလမ်းခွဲလိုက်ရင် ...သမီးက ဘယ်သူနဲ့ နေချင်တာလဲ " " ဘယ်သူနဲ့မှမနေပါဘူး အဖေ ..အဘွားတို့နဲ့ပဲနေမှာပါ ...သမီးအတွက်ဘာမှမပူပါနဲ့ ...အဖေတို့ကိစ္စတွေထဲမှာ သမီး ဝင်မပါချင်ပါဘူး " "အင်းပါ သမီးရယ် " ~~~~~~~ " ကိုမိုးထက်နောက်ကျပါလား...ဘာလဲကြည့်ရတာ မလာချင့်လာချင်နဲ့ ပွဲပြီးခါနီး အချိန်ကို မှန်းပြီးလာခဲ့တာထင်တယ် " " မဟုတ်ပါဘူး ရတနာရယ် .... ရတနာ့ပွဲကိုမှမလာရင်... ကျွန်တော့်လောက် မိုက်တဲ့သူရှိပါ့အုံးမလား " ရတနာစိုး၏ ထေ့ငေါ့သော စကားကို မိုးထက်ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်ပါသည်။ရတနာစိုးတို့မိသားစုဆွေမျိုးတစ်စုလုံးမှာ မိုးထက်တို့ကားအရောင်းစင်တာ၏ အထူးအထူးဖောက်သည်များ လို့ပင်ပြောရမည်။ထို့ကြောင့်လဲ ရတနာစိုးတို့မိသားစုဘာပွဲလုပ်လုပ် မိုးထက်မှာရောက်အောင် လာရသည်။ရတနာစိုးတို့မိသားကစုပွဲအမျိုးမျိုးကို မကြာခဏ လုပ်သည်မှာလည်း ရှင်းရှင်းပြောရလျှင် သူဋ္ဌေးသူကြွယ်၊ လုပ်ငန်းရှင်တွေချည်းရွေးဖိတ်ကာ သူတို့၏ ချမ်းသာကြွယ်ဝမှုကို ကြွားဝါခြင်းဖြစ်သကဲ့သို့ သူတို့ ဆိုင်အတွက် ဖောက်သည် ရှာဖွေခြင်းလည်း ဖြစ်သည်။ဤကဲ့သို့ ပွဲမျိုးကို မိုးထက်သည် စိတ်မဝင်စားလှသော် လည်း လူမှုရေးအရအရောက်လာရခြင်းဖြစ်လေသည်။ " ကဲပါ လာပါ ..ဟိုမှာ ကိုရန်ပိုင်ကြီးလဲရောက်နေတာကြာပေါ့ ... ကိုရန်ပိုင်ရေ ....ဒီမှာ ပေါ်တော်မူကိုမိုးထက်ကြီးလာပါပြီရှင် " မိုးထက်ဆိုသောအမည်နာမ ကြောင့် မျိုးမမ၏ရင်ထဲထိတ်ခနဲ ခုန်လှုပ်သွားရလေသည်။ဘေးခုံတွင်ထိုင်နေသော ကိုဇင်မောင်ကိုမလုံမလဲနှင့်မော့ကြည့်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ရတနာစိုးသည် မိုးထက်အား ကိုရန်ပိုင်၊ကိုဇင်မောင်နှင့် မျိုးမမတို့ရှိရာ စားပွဲသို့ ခေါ်လာခဲ့လေသည်။ကိုရန်ပိုင်သည် မိုးထက်ကိုတွေ့သည်နှင့် မျက်နှာပူအနေရခက်နေသော အခြေအနေမှ လွတ်မြောက်သွားလေဟန်ပုံမျိုးနှင့် ပြုံးပြနှုတ်ဆက်လိုက်လေသည်။ "မလားတော့ဘူးထင်နေတာ မိုးထက်ရ ... ဘယ်လိုလဲ ဒီတစ်လော အလုပ်တွေတယ်များနေပါလား ." "ဟုတ်တယ် ကိုရန်ပိုင် ... ကျွန်တော်တို့မတွေ့တာကြာပြီပဲ ..အလုပ်တွေ အဆင်ပြေရဲ့လား ....ကိုဇင်မောင်ရော အဆင်ပြေတယ် မဟုတ်လား .....မမျိုးမမရော ဆိုင်အခြေအနေ အဆင်ပြေတယ် မဟုတ်လေး " မိုးထက်က အားလုံးကို နှုတ်ဆက်စကားပြောလိုက်သည်။ "အလုပ်ကတော့ ဒီလိုပါပဲကွာ ...ဒါပေမဲ့ ကိုယ့်လူလို .....ကားလေးတစ်စီးနဲ့တော့ လျှောက်လိမ့်မနေနိုင်တဲ့ဘ၀ပါ ... " " ကိုရန်ပိုင်ကတော့ ပြောပြီဗျာ .. " လေးယောက်သား ရယ်ရယ်မောမောနှင့် စကားပြောနေကြစဉ်မှာပင် ကိုဇင်မောင်ကထိုင်နေရာမှထလိုက်ပြီး မျိုးမမဘက်သို့ ဦးတည်ကြည့်ကာ ပြောလိုက်သည်။ "အားလုံးပဲ ခဏလောက် ခွင့်ပြုကြပါအုံးဗျာ ..ဟိုမှာ ကျွန်တော့်အစ်မနဲ့ယောက်ဖကို သွားနှုတ်ဆက်လိုက်အုံးမယ်" ကိုဇင်မောင်ထွတ်သွားပြီး မကြာမီမှာပင် ကိုရန်ပိုင်ကလည်း သူ့မိတ်ဆွေများကို သွားနှုတ်ဆက်သောကြောင့် စားပွဲဝိုင်းတွင် မိုးထက်နှင့် မျိုးမမသာကျန်ခဲ့လေသည်။နှစ်ယောက်သားကျန်ခဲ့သည်နှင့် မျိုးမမကမိုးထက်ကို ကြည့်လိုက်ပြီး တိုးလျလျအသံဖြင့် ပြောလိုက်သည်။ "ကိုမိုးထက်က သိပ်ကိုမာနကြီးတာလား...အဆင့်အတန်းခွဲတာလားဟင် ... မျိုးကတကူးတကဖိတ်တာကိုတော့ မလာဘူး .` မိုးထက်က မျိုးမမကိုကြည့်လိုက်ပြီး " မဟုတ်တာဗျာ...ကျွန်တော်အလုပ်များနေလို့ပါ ...အဲ့ဒီအတွက်တောင်းပန်ပါတယ်ဗျာ... ပြောရရင် ရတနာတို့ရဲ့ပါတီပွဲတွေကိုတောင် မတက်ဖြစ်တာကြာပြီလေ ... ကျွန်တော်ကဒီဆို ဟိုရောက်နဲ့လမ်းများတဲ့သူမို့ပါ "

#နွေလယ်အိပ်မက် (အခန်းဆက် ဝတ္ထု) အပိုင်း ၇ ******** ကိုဇင်မောင်သည် ညို့လျသောအသံဖြင့် မျိုးမမကိုပြောလိုက်သည်။ " မျိုးတို့တွဲနေတာကြတာကို... ပတ်ဝန်းကျင်ကလဲ သိသင့်သလောက် သိကုန်ကြပြီ အစ်ကို ...တစ်ချို့တွေက မျိုးကို အထင်တသေးနဲ့ ကြည့်ကုန်ကြပြီ ... မျိုးဘယ်လိုလုပ်ရမလဲ အစ်ကို .. မျိုးမှာ ဘာသိက္ခာမှလဲမရှိတော့ပါဘူး...အစ်ကိုက အစ်ကို့ အမျိုးသမီးနဲ့လမ်းမခွဲနိုင်ဘူး မဟုတ်လားဟင် ...အဲ့ဒါကြောင့် မျိုးဘက်က နောက်ထုတ်ပေးဖို့ဆုံးဖြတ်လိုက်ရတာပါ " မျိုးမမ၏စကားကြောင့် ကိုဇင်မောင်တွေခနဲဖြစ်သွားရသည်။မျိုးမမကို သူလက်လွှတ်ဆုံးရှုံးမခံနိုင်သလို ဇနီးသည်ကိုကွာရှင်းပြတ်စဲကြဖို့အတွက် ပြောရန်လ ည်းနှုတ်ကမရဲဖြစ်နေခဲ့သည်။ဇနီးသည်က သူတို့အကြောင်းကိုအရင်သိရှိပြီး သူမဘက်ကကွဲကွာစကားစပြောလာလျှင်တော့ သင့်တင့်သောငွေကြေးပေးပြီး ဖြေရှင်းဖို့ရန်သူပြင်ဆင်ထားခဲ့သည်။ခက်သည်မှာ မပိုးဖြူကသူမူမမှန်မှန်းသိသော်လည်း မသိဟန်ပြုလျက်နေနေခြင်းကြောင့်ဖြစ်သည်။ကိုဇင်မောင် ရှေ့ဆ်က်၍ဘာလုပ်ရမှန်းပင်မသိတော့ပါချေ။ယခုတော့ မျိုးမမထံမှဤသို့လမ်းခွဲစကားကြားရသောအခါ ကိုဇင်မောင့်ရင်ထဲ အပူလုံးကြွလေပြီ။ " နေ ... နေပါအုံး မျိုးရယ် ... အစ်ကို့ကို အချိန်တစ်လပဲပေးပါကွာ .... အစ်ကို့ကိစ္စတွေကို အပြတ်ရှင်းပါ့မယ် .. ဒီရက်အတောအတွင်းမှာမျိုးကို အစ်လို့မိသားစုနဲ့ မိတ်ဆက်ပေးထားမယ် နော် " ကိုဇင်မောင်၏ စကားကြောင့် မျိုးမမရင်ထဲအနည်းငယ်မျှတော့ ကျေနပ်သွားရသည်။ " အစ်ကိုဒီည အိမ်ပြန်မှာလားဟင် " မျိုးမမခပ်တိုးတိုးလေးမေးလိုက်သည်၊၊ကိုဇင်မောင်အိမ်သို့ မပြန်သောနေ့များတွင် မျိုးမမသည်လည်း အိမ်သို့မပြန်ပါ။နှစ်ယောက်သားမျိုးမမ၏ဆိုင်တွင် တစ်ညတာ ကုန်ဆုံးကြစမြဲဖြစ်လေသည်။ "ဟို ... မျိုးမပြန်စေချင်ရင် မပြန်ဘူးလေ .....အစ်ကိုလဲ အိမ်ကိုပြန်ချင်စိတ်မရှိပါဘူးကွာနော် " ကိုဇင်မောင်က ပြောရင်း မျိုးမမရဲ့ကိုယ်လုံးလေးကို ထွေးဖက်လိုက်သည်။ဆိုင်ကပိတ်လိုက်ပြီးဖြစ်၍ ဆိုင်ထဲတွင်ကိုဇင်မောင်နှင့် မျိုးမမတို့မှာ လွတ်လပ်စွာပင် စကားပြောနေကြခြင်းဖြစ်လေသည်။ ~~~~ နံရံထက်ကနာရီကို မပိုးဖြူလှမ်းကြည့်လိုက်သည်။ညတစ်နာရီထိုးနေချေပြီ။မပိုးဖြူ ဆိုဖာခုံမှထကာ တီဗီကိုပိတ်လိုက်သည်။ဤညအဖို့မှာ ယောကျာ်းဖြစ်သူ ပြန်မလာတော့မှန်းသေချာသွားပြီးမို့ မပိုးဖြူအိမ်အပေါ်ထပ်သို့တက်လာခဲ့သည်။လက်ထဲတွင် နေ့ခင်းက ယောကျာ်းဖြစ်သူအတွက်ဝယ်လာခဲ့သောဝတ်စုံအိတ်ကို ယူဆောင်လာခဲ့သည်။မပိုးဖြူ အကျင့်က ဘယ်ကိုသွားသွား ယောကျာ်းနှင့် သမီးဖြစ်သူ ကြိုက်နှစ်သက်တတ်သော အရာများကိုတွေ့လျှင် အမှတ်တရ ဝယ်ယူတတ်သည်။ယခုသောအခါ ထိုအမှတ်တရ၀ယ်လာသည့်ပစ္စည်းများကိုပင် ပေးဖို့ရန် မပိုးဖြူအတွက် ခက်ခဲလွန်းနေခဲ့လေပြီ။သမီးကိုလွမ်းလွန်း၍ မျက်နှာအငယ်ခံပြီး ယောကွမအိမ်သို့ နေ့စဉ်သွားတွေ့မိသော်လည်း သမီးငယ်က သင်တန်းအမျိုးမျိုးအကြောင်းပြပြီး အပြင်သို့သာ သွားနေတတ်လေသည်။သမီးကိုတွေ့ရဖို့ရန်မှာ ယောကျာ်းဖြစ်သူနှင့်တွေ့ရဖို့ထက်ပင်ပို၍ ခက်ခဲလေသည်။သည်ကြားထဲ၌ ယော က္ခမဖြစ်သူကလည်း မပိုးဖြူကို တွေ့သည်နှင့်မဲ့ကာရွဲ့ကာဖြင့် ပြောတတ်ပြန်လေသည်။ " အပိုတွေလုပ်ပြမနေနဲ့ ..ကလေးကစာလုပ်နေတာ အနှောက်အယှက်ဖြစ်တယ် ...ဟင်းတွေဘာတွေလဲ ယူလာမနေနဲ့ ...အိမ်မှာ စားစရာတွေမှ အလျှံအပယ်ပဲ " ဤစကားများက သမီးဖြစ်သူအကြိုက် ဟင်းလျာများချက်ပြီး မပိုးဖြူသွားပို့တိုင်း ယောက္ခမကြီး၏ ပြောနေကျစကားများဖြစ်သည်။သူတို့လိုသူဋ္ဌေးအိမ်တွင် အလျှံအပယ်ပေါများမှန်း မပိုးဖြူသိတာပေါ့။ ကိုယ့်သားသမီးကို ကိုယ်တိုင်ချက်ကျွေးချင်သည်မှာ အပြစ်လား။ရှေ့ဆက်၍မပိုးဖြူ ဘယ်လိုနေရမည်၊ ဘာလုပ်ရမည်ပင်မသိပါလေတော့။ ~~~~~~~ ပိုးအိဇင်သင်တန်းပြီး၍ သူငယ်ချင်းမေဖူးနှင့်အတူ ကုန်တိုက်ထဲသို့ဝင်လာခဲ့စဉ် ဖခင်ဖြစ်သူနှင့်အမျိုးသမီးတစ်ယောက်ကိုလက်ချင်းချိတ်လျက်တွေ့လိုက်ရသောကြောင့် အံ့သြသွားရလေသည်။မေဖူးကိုနေရာတွင် စောင့်ခိုင်းထားလိုက်ပြီး ဖခင်ရှိရာဆီသို့ ပိုးအိဇင်အပြေးလေး လျှောက်သွားပြီးခေါ်လိုက်သည်။ "အဖေ" " သ ..သမီး ..ပိုးအိ " လက်ကိုကိုင်ဆွဲပြီး ခေါ်လိုက်သံကြောင့် ကိုဇင်မောင်၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားရသည်။မျိုးမမသည်လည်း ကိုဇင်မောင်၏လက်အားဖက်တွယ်ထားသော သူမ၏လက်ကိုခပ်မြန်မြန်ပင် လွှတ်ပေးလိုက်ရလေသည်။ ပိုးအိဇင်က မေးခွန်းပေါင်းများစွာပါသောအကြည့်ဖြင့် ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။ ဒါကို ရိပ်မိသော ကိုဇင်မောင်ကလည်း သမီးဖြစ်သူနှင့် မျိုးမမကို မိတ်ဆက်ပေးလိုက်သည်။ "သမီး ...သူက မျိုးမမနိုင်တဲ့ .. မှတ်ထားနော် " "မျိုး...သူက အစ်ကို့ သမီးလေးပါ ... နာမည်က ပိုးအိဇင်တဲ့ " ကိုဇင်မောင်၏ စကားဆုံးသည်နှင့် မျိုးမမသည်အိတ်ထဲမှ လိပ်စာကတ်ကိုသွက်လက်စွာ ထုတ်ယူလိုက်ပြီး " တွေ့ရတာဝမ်းသာပါတယ်ကွယ် ...သမီးကသိပ်ကိုလှတာပဲသိလား ..ဒီမှာ အန့်တီရဲ့ဆိုင်လိပ်စာကတ်ပါ ...ဆိုင်မှာ အလှကုန်ပစ္စည်းအစုံရှိတယ်...ဆိုင်ကိုလာလည်နော် ...သမီးကိုရှားပါးအလှကုန် လေးတွေ လက်ဆောင်ပေးချင်တယ် "

မပိုးဖြူကြိုးစား၍ ထကြည့် လိုက်သည်။ခြေထောက်က စူးစူးဝါးဝါးနာကျင်သွားသည်။မပိုးဖြူတစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များပင်ကျလာသည်။နာကျင်နေရသည့်ကြားထဲမှ ဝေဝေတစ်ယောက်ရောက်လာမည်စိုးသောကြောင့် စက်လှေကားဆီသို့ လည်ပြန်ကြည့်ရသေးသည်။ "ဒီ ..ဒီမှာ .... ကျွန်မခြေထောက်ကမထောက်နိုင်ဘူးဖြစ်နေလို့ ... အ ..အပြင်ကို လိုက်တွဲပို့ပေးလို့ ရမလားဟင် ...တောင်း .. တောင်းပန်းပါတယ်ရှင် " အားနာဟန်နှင့် မဝံ့မရဲပြောနေသောသူမကိုကြည့်ပြီး မိုးထက် ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။ကိုယ်နှင့်ဝင်တိုက်ထားသည်ဖြစ်၍လည်း ကိုယ်ပဲတာဝန်မကင်းသလိုဖြစ်ရသောကြောင့် မိုးထက်ကူညီပေးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ~~~~.~. "ကျေး ...ကျေးဇူးတင်ပါတယ်ရှင် ... ဒီမှာပဲထားခဲ့ပါတော့ .. ဟို.. ကျွန်မကိုတက္ကစီကားတော့....ခေါ်ပေးပါလားရှင် ." ဆွဲကိုင်ထားသောလက်ကို လွှတ်ပြီးကုန်တိုက်ရှေ့က အုတ်နံရံကိုမှီကိုင်ကာအားပြုရပ်လိုက်ရင်း မပိုးဖြူပြောလိုက်သည်။ "မင်းကဒီတိုင်းရပ်နေမလို့လား ... ဘယ်ကိုပြန်မှာလဲ .... မထူးတော့ပါဘူး ...ပို့မယ့်ပို့ကတို့ရောက်အောင်ပဲ ပို့ပေးပါတော့မယ်... " မိုးထက်က သူမလက်ထဲကို အထုပ်တွေ လွှဲပြောင်းပေးရင်း မေးလိုက်သည်။ "ဟို ...တောင်ဥက္ကလာထဲတင်ပါ ...ရှင်က တက္ကစီမောင်းတာလား ....ကျွန်မကတက္ကစီပဲစီးမှာ ....သူစိမ်းယောကျာ်းလေး ကားမစီးဘူး " ကိုးလို့ကန့်လန့်မေးခွန်းကြောင့် မိုးထက်စိတ်လဲတိုကာရယ်လည်းရယ်ချင်သွားရပြီး ခပ်ရွဲ့ရွဲ့ပြန်မေးလိုက်သည်။ "ဪ ....တက္ကစီးကားမောင်းတဲ့ လူတွေကတော့ ...သူစိမ်းမဟုတ်ဘဲ မင်းရဲ့အမျိုးတွေလား " "ရှင် .. ဟို...အဲ့ဒီလိုတော့ မဟုတ်ဘူးလေ ... တက္ကစီကားဆရာက တက္ကစီကားဆရာပေါ့ " "ကဲပါ..လာတက် ... ကျွန်တော်ကအိမ်စီးကားဆိုပေမဲ့...ငှားတဲ့သူရှိရင် လိုက်ပို့ပေးပါတယ် .... ကားခကို ခါတိုင်းငှားစီးနေကြအတိုင်းပဲပေးပေါ့ " "ဟုတ်.... ဟုတ်ကဲ ..ကျေးဇူးပါရှင် ...ဒါနဲ့ ... ကျွန်မနောက်ခန်းက ပဲစီးလို့ရတယ် မဟုတ်လား ... ကျွန်မက အိမ်ထောင်သည်ပါရှင် ... ရှေ့ခန်းမှာ အတူတူစီးလို့ မသင့်တော်ဘူးထင်တယ် ..." "ကဲ ....စီးချင်တဲ့နေရာကစီးဗျာ...မင်းမှာအိမ်ထောင်ပဲရှိရှိဘာရှိရှိ ....ကျွန်တော်လဲခင်ဗျားကိုဘာမှမလုပ်ဘူး ...၀င်တိုက်ခဲ့မိလို့ အားနာလို့လိုက်ပို့ပေးမှာ ...သွားမယ် ... ကျွန်တော်က ဧည့်သည်ကြိုရအုံးမှာ " သူမတစ်ယောက်တည်း အတွေးများပြီး သောကများနေသော အမျိုးသမီးကိုကြည့်ပြီး မိုးထက်စိတ်မရှည်သံနှင့် ပြောလိုက်သောအခါမှ ကုန်တိုက်ပေါက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ့လက်ကိုအားပြုကာကိုင်ရင်း ကားထဲသို့ဝင်သည်။မိုးထက်၏ ပတ်ဝန်းကျင်ရှိ မိန်းမချောမိန်းမလှလေးများသည် မိုးထက် မောင်းသော ကားထဲတွင်လိုက်စီးချင်ကြလွန်း၍ အထာအမျိုးမျိုးပေးနေကြချိန်တွင် လူကိုမယုံသလိုလာလုပ်နေသော သူမကို စိတ်တိုသလိုတော့ဖြစ်သွားသည်။မသိလျှင် သူ့မကိုယ်သူမဆယ်ကျော်သက်အရွယ် အပျိုမလေးကဲ့သို့ကြောက်နေစိုးရွံ့နေသည့်ပုံမျိုးနှင့်ဖြစ်နေသည်လေ ။ ~~~~~ "ကျေးဇူးတင်ပါတယ်ရှင် ...ဒီမှာ ကားခပါရှင့် " "မင်းအိမ်ထဲဝင်နိုင်ရဲ့လား " ကားခပိုက်ဆံကိုပေးပြီး ကားတံခါးကိုဖွင့်နေသော သူမကို မိုးထက်မေးလိုက်သည်။ " ရပါတယ်ရှင် ... ခြေထောက်က နည်းနည်းသက်သာသွားပါပြီ " " ဪ...အင်း ....အင်း ...ဒါနဲ့ ဟိုတစ်ခါ ကုန်တိုက်ထဲမှာပိုက်ဆံအိတ်ကျခဲ့လို့ လိုက်ပေးတာကို ....ကျေးဇူးတင်စကားမပြောရသေးဘူးနော် ...မင်းသတိရရဲ့လား " '' ရှင် " ပြောပြီးသည်နှင့် မိုးထက် ကားကို မောင်းထွက်လာခဲ့လိုက်သည်။ခြံတံခါးကို ကိုင်ပြီး ကြောင်တောင်တောင်မျက်လုံးများဖြင့် ငေးကြည့်နေသူမကို နောက်ကြည့်မှန်ထဲမှ မိုးထက်မြင်နေရလေသည်။ ~~~~~~ '' ဘာ..ဘာဖြစ်လို့လဲမျိုးရယ် ...ဒီလိုရုတ်တရက်ကြီး ... မတွေ့ဘဲနေကြရအောင်လို့ ပြောတော့ ...အစ်ကိုရူးသွားလိမ့်မယ်ကွာ.... အစ်ကို့ အပေါ်မှာ ဘာတွေ မကျေနပ်လို့လဲဟင်...အစ်ကိုဘာလုပ်ပေးရမလဲပြောပါ" @@@@@@@@@@@@@@@@@@@@@ အပိုင်း (၇ ) ဆက်ရန် #ဧကြည်ဖြူ

မျိုးမမဘာမျှ ပြန်မပြောနိုင်ဘဲ ရတနာစိုးဆွဲခေါ်ရာသို့ပါလာခဲ့သည်။မျိုးမမ၏ စိတ်ထဲ၌မူ တနုံ့နုံ့နှင့် ဖြစ်နေလေသည်။တန်းဖိုး သိပ်မရှိသောအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ကြည့်လိုက်သည်နှင့်ထင်း၍လင်းနေသောပုံရိပ်။ထိုပုံရိပ်သည် မျိုးမမအထင်သေးနေခဲ့သော ပြိုင်ဘက် ဖြစ်သည်။တနည်းပြောရလျှင် တရားဝင်ပိုင်ဆိုင်ခွင့်ကို ပိုင်ဆိုင်ထားသူ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်အထင်ကြီးနေခဲ့မိလေသမျှ ပြိုင်ဘက်ကိုတွေ့ရှိလိုက်ရချိန်တွင် မျိုးမမ၏မသိစိတ်တစ်နေရာမှ စိုးရိမ်ပူပန်စိတ်များဝင်ရောက်လာခဲ့လေသည်။ ~~~~~ " ဟယ် ဖြူဖြူ....နင်တစ်ယောက်တည်းလား ...စျေးဝယ်ထွက်လာတာလား ...ဒီလိုတော့လဲ အပြင်ထွက်တတ်သားပဲ " ခပ်စူးစူးအသံနှင့်အတူ လက်ကိုဖျတ်ခနဲကိုင်ဆွဲလိုက်သူမှာ မပိုးဖြူ၏ ရှားရှားပါးပါးသူငယ်ချင်းဖြစ်သူဝေဝေဖြစ်သည်။ဝေဝေ့ကိုကြည့်ပြီး မပိုးဖြူစိတ်ရှုပ်သွားမိသည်။ဝေဝေသည် သူမကိုခင်မင်စိတ်ရှိပုံရသော်လည်းအကြွားသန်လှသည်။မပိုးဖြူ၏ အားနည်းချက်နှင့်ကျရှူံးမှုကို စောင့်ကြည့်နေသူမျိုးဖြစ်သည်။ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့ရသော မပိုးဖြူတွင်အပေါင်းအသင်းဟု၍ မည်မည်ရရမရှိခဲ့ချေ။အိမ်ထောင်ကျပြီးမှ ခင်မင်လာရသော ဝေဝေတစ်ယောက်သာမပိုးဖြူအတွက် သူငယ်ချင်းဖြစ်လာခဲ့သည်။ဝေဝေသည်လည်း မပိုးဖြူလို သာမာန်ဆင်းရဲသောဘဝမှ ကန်ထရိုက်တာမုဆိုးဖိုသူဋ္ဌေးတစ်ယောက်နှင့် ဖူးစာဆုံခဲ့သည်။ဝေဝေ့အမျိုးသားမှာ ငွေကြေးချမ်းသာပါသည်။သို့သော်လည်း ဝေဝေသည် ဤအခြေအနေကိုပင် မကျေနပ်နိုင်ဘဲ မပိုးဖြူကိုအနိုင်ယူပြချင်နေသည်။ဝေဝေ့ အမျိုးသားနှင့်ကိုဇင်မောင်မှာ ငွေကြေးချမ်းသာတာခြင်းတူလျှင်တောင် ကိုဇင်မောင်၏ချောမော ကြည့်ကောင်းသောရုပ်ရည်ကြောင့် ဝေဝေအမြဲမကျေမနပ်ဖြစ်နေသည်ကိုလဲ မပိုးဖြူရိပ်စားမိပါသည်။သို့သော်လည်း ဤမျှလောက်နှင့်တော့ ဝေဝေ့ကိုမပိုးဖြူမရှောင်ဖယ်ပါ။ဝေဝေ့ထံတွင် မပိုးဖြူမသိရှိနားမလည်သောအကြောင်းရာများကိုလည်း သင်ယူနိုင်သည်လေ။ ယခုလိုစိတ်ညစ်စိတ်ရှုပ်ထွေးနေသော အချိန်မှ လာဆုံရသည်ကိုတော့ မပိုးဖြူ စိတ်ညစ်စိတ်ရှုပ်သွားရသည်။ "ဒီလိုလေး အပြင်တွေဘာတွေ ထွက်အုံးမှပေါ့ ဖြူဖြူရယ် ....တို့ဆိုရင်အစ်ကိုကြီးနောက်မလိုက်ရရင် .. ကိုယ့်ဘာသာလျှောက်လည်ပစ်လိုက်တာပဲ ... အစ်ကိုကြီးက တို့အတွက်ဆိုပြီးဟိုတလောကမှကားအသစ်လဲပေးထားသေးတက် သိလား...ဖြူဖြူရော ကားမ၀ယ်ဘူးလား ... မင်းချစ်ချစ်ကြီးကို ကားဝယ်ပေးခိုင်းလေကွာ ... ကိုယ့်ဘာသာ ကားမောင်းတတ်တော့ ဘယ်သွားသွား အေးအေးဆေးဆေးပဲ " " အင်း ... ပိုးဖြူကားမမောင်းရဲပါဘူးဝေဝေရယ် .. ဒီတိုင်းတက္ကစီငှားစီးလိုက်တာပဲ ပိုအဆင်ပြေပါတယ် " " အမယ်လေး သူဌေးကတော်ရယ် ...တက္ကစီစီးရတာ အဆင်ပြေတယ်ဟုတ်လား...ဒီစကားက ကိုယ်ပိုင်ကား မမောင်းဖူးသေးလို့ ပြောနေတာပါနော် .. ကိုယ်ပိုင်ကားလေးသာမောင်းဖူးကြည့်ပါလား ... ကားပေါ်ရောက်တာနဲ့လူဆိုမြောက်နေတာပဲကွ.....ကဲပါ ဒါတွေထားလိုက်ပါ ....တို့တွေဆိုင်တစ်ဆိုင်ဆိုင်ထိုင်ရအောင် ..မင်းကိုပြောစရာရှိတယ် " ဝေဝေ၏ စကားကြောင့် မပိုးဖြူလန့်သွားရသည်။ယောကျာ်းဖြစ်သူ၏ အကြောင်း တစ်စုံတစ်ရာဆိုလျှင် မပိုးဖြူမကြားချင်၊မကြားဝံ့ပါ။ သိနေခြင်းထက်မသိခြင်းက မပိုးဖြူကိုစိတ်သက်သာရာရစေမည် မဟုတ်ပါလား။ " ဟို ... ဖြူ့မှာအချိန်မရှိတော့လို့ပါနော် ဝေဝေ ... မောင် .. မောင်လာကြိုတော့မဲ့အချိန်နီးနေလို့ပါ... သွား....သွားတော့မယ်နော် " ပြောပြီးသည်နှင့် မပိုးဖြူ အပြေးတစ်ပိုင်းနှင့် ထွက်လာခဲ့မိသည်၊၊ ~~~~ "ဘုတ် " " အ " ဦးစွာ၀င်တိုက်သူမှာ မပိုးဖြူပင်ဖြစ်သလို ခြေပစ်လက်ပစ်လဲကျရသူမှာလည်း မပိုးဖြူဖြစ်ပါလေသည်။နေ့စဉ်ရက်ဆက် အိပ်ပျက်ထားသောဒဏ်နှင့် အင်အားချည်နဲ့နေသော ခနွာကိုယ်က မည်သို့မျှအရှိန်မထိုင်နိုင်ဘဲ ကုန်တိုက်၏ ဝင်ပေါက်အနီး သမံတလင်းပေါ်လဲကျသွားခဲ့ခြင်းဖြစ်သည်။ချက်ချင်းကုန်းရုန်းပြီး ပြန်ထသော်လည်း လူကမထနိုင် တော့။ဘယ်ဘက်ခြေဖမိုးမှာချက်ချင်းပင် ရောင်ရမ်းလာလေသည်။ "မင်းရရဲ့လား ....ထနိုင်ရဲ့လား " ယောကျာ်းတစ်ယောက်၏ မေးသံကိုကြားသော်လည်း မပိုးဖြူပြန်မဖြေနိုင်အားပါ ။အဝေးသို့ လွှင့်စင်ကျသွားသော ယောကျာ်းဖြစ်သူအတွက် ဝယ်လာသည့်အဝတ်အစားထုပ်ကို ကြည့်နေမိလေသည်။ ရှေ့တွင်လဲကျနေသော အမျိုးသမီးကိုကြည့်ပြီး မိုးထက် စိတ်ရှုပ်သွားမိသည်။ဆုံပဲဆုံတတ်လွန်းသောကံတရားကိုလည်း စိတ်ပျက်သွားသည်။တွေ့လိုက်ရသောအခါတိုင်း မပြေးရုံတမယ် သွားလာနေသော အမျိုးသမီးကို မြင်သည်နှင့် မိုးထက်ချက်ချင်းမှတ်မိလိုက်ပါသည်။ယခင်တစ်ခေါက်ဆုံစဉ်ကနှင့်မတူ ပို၍ပိန်သွားသော်လည်း သိသာထင်ရှားလှသောသူမမျက်နှာက မမှတ်မိစရာအကြောင်းမရှိ။ သူမကတော့ သူ့ကိုမှတ်မိပုံသိပုံလည်းမရပါ။ယခုလည်း အဝေးသို့လွင့်စင်ကျသွားသော အထုပ်ကိုသာ ပြန်ကောက်ဖို့ တွေးနေပုံရလေသည်။မိုးထက် အထုပ်ကို ကောက်ယူလိုက်ပြီး သူမဆီသို့ ကမ်းပေးလိုက်သည်။ " ရော့ ဒီမှာ မင်းအထုပ်...ထနိုင်ရဲ့လား "

ဧကြည်ဖြူ၏ ဝတ္ထုများ - Статистика та аналітика Telegram каналу @httpsmrqylfpmbti1ogu1