ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Открыть в Telegram
1 032
Подписчики
Нет данных24 часа
Нет данных7 дней
-1130 дней
Архив постов
တပေါင်းကဘာမသိညာမသိနဲ့ စကားသွားပြောမိလို့လဲအရို*က်ခံရတယ်။အလိုက်မသိသီချင်းညည်းမိလို့လဲ အရိုက်ခံရတယ်။ အဲ့ဒီလိုတပေါင်း အရိုက်ခံနေရပြီဆိုရင် မိထွေးဖြစ်သူအမေသိန်းနုကလဲ ထိုင်ကြည့်နေတတ်တာ။ တစ်ခါတလေဆို အဖေစိတ်ဆိုးဆိုးနဲ့အိမ်ပေါ်က ကန်ချလိုက်ရင် တပေါင်းမှာမြေကြီးပေါ်ပုံလျက်သားပဲ။ဒီလိုဖြစ်ရင်လဲ အမေသိန်းနုက သူနဲ့မဆိုင်သလိုပဲနေခဲ့တာလေ။ ~~~~~~~~~~~ " ဟေ့ တပေါင်း ...နင်တို့ဘယ်သွားမလို့လဲဟ " ဖိုးဇင်က လက်ထဲကမုန့်ဖက်အထုပ်ကို မနိုင်မနင်းဆွဲကာရပ်လိုက်ပြီးမှ တပေါင်းတို့ညီအစ်မကို လှမ်းပြီးနှုတ်ဆက်လိုက်တယ်။ " ငါ့တို့တွေ အမေသိန်းနုဆိုင်ကိုသွားမလို့လေ...နင်နိုင်ရောနိုင်ရဲ့လားဖိုးဇင်..ငါ့ဝိုင်းဆွဲပေးရအုံးမလား " " ရပါတယ်ဟာ...နင့်ညီမကိုသာနိုင်အောင်ချီပါဟာ...တော်ကြာကလေးပြုတ်ကျလို့အရိုက်ခံနေရပါအုံးမယ် " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်းက ညီမငယ်လေးကို သူမခါးပေါ်ကိုရောက်အောင်ပင့်တင်လိုက်ပြီးမှ အသံစာစာလေးနဲ့ ဖိုးဇင်ကိုပြန်ပြောလိုက်တယ်။ " ငါ့ညီမကိုယ်လုံးလေးများ ငါနိုင်ပါတယ်ဟယ်...ဒါနဲ့ ကျောင်းဖွင့်ရင် နင်ကျောင်းဆက်တက်အုံးမှာလား ဖိုးဇင် " တပေါင်းရဲ့အမေးကြောင့် ဖိုးဇင်ကတွေဝေသွားပြီးမှ " မသိသေးပါဘူးဟာ ...ငါတို့မောင်နှမသုံးယောက်လုံးကျောင်းတက်ရင်း ငါ့ညီအငယ်ဆုံးလေးကို ...ဘယ်သူကထိန်းမလဲ...အမေတစ်ယောက်တည်းနဲ့ဆိုင်ကိုမနိုင်ဘူးတဲ့ ...အမေကတော့ပြောတယ်...ဒီဲတစ်နှစ်ကျောင်းနားချင်နားရမယ်တဲ့ ...နင်ရောကျောင်းဆက်တက်ရမှာလားတပေါင်း " ဖိုးဇင်ရဲ့အမေးကြောင့် ဒီတစ်ခါမျက်နှာညှိုးသွားရသူက တပေါင်းပါ။တပေါင်ကသက်ပြင်းရှည်ကြီးကိုချလိုက်ပြီး " အင်း...မတက်ရတော့ဘူးထင်ပါတယ်ဟယ်...မိန်းခလေးဆိုတာ စာရေးတတ်ဖတ်တတ်ရင်ရပြီလို့ အမေသိန်းနုကပြောတယ်...အဖေကလဲ ဟုတ်တယ်လို့ထောက်ခံတယ်ဆိုတော့... ကျောင်းဆက်မတက်ရတော့ဘူးထင်ပါတယ်...ရှေ့လဆိုကျောင်းတွေအပ်ရတော့မှာနော် ...." တပေါင်းရဲ့စကားတွေကြောင့် ဖိုးဇင်ငြိမ်ကျသွားမိတယ်။ကျောင်းတွေဖွင့်တော့မှာဆိုတဲ့စကားက ဖိုးဇင်ရဲ့နားထဲမှာပဲ့တင်ထပ်နေခဲ့တယ်။ " ဘာငိုင်နေတာလဲ ဖိုးဇင်...သွားရအောင်လေ...တော်ကြာ ငါတို့အရိုက်ခံနေရအုံးမယ် " တပေါင်းကပြောလိုက်ရင်း ခြေလှမ်းတွေကို ခပ်မြန်မြန်လှမ်းလိုက်တယ်။ ~~~~~~~~ ဖိုးဇင်နဲ့တပေါင်းတို့ ဈေးလမ်းလေးထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ မျက်နှာတွေခက်ထန်တင်းမာကာ စိတ်ဆိုးနေကြတဲ့ သူတို့ရဲ့ မိခင်တွေကိုတွေ့လိုက်ကြရတယ်။ " tသနာလေး ....စျေးဝယ်ခိုင်းလိုက်ရင် ..ပေါ်မလာဘူး...လမ်းမှာဆော့နေတာမဟုတ်လား ...မိဘကခိုင်းလိုက်ရင် အလေးမထားဘူး ...လာစမ်း ..ဒီကိုမြန်မြန်လာခဲ့ ..ခိုင်းလိုက်ရင်ပေါ်မလာတဲ့ နင့် ခြေထောက်တွေကို ဆုံးမပေးမယ် " မအေးလှိုင်က ပြောပြောဆိုဆိုနဲ့ ဆိုင်ဘေးမှာရှိနေတဲ့ တု*တ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး သားဖြစ်သူဖိုးဇင်ရဲ့ ခြေသာလုံးတွေကို တရွှမ်းရွှမ်းမြည်အောင် ရို*က်ပစ်လိုက်တယ်။ဒီအချိန်မှာပဲ ဆိုင်ထဲကို ကိုမောင်ခိုင်ရောက်လာခဲ့ပြီး သားဖြစ်သူကို နားရင်းတစ်ချက် ခပ်ဆတ်ဆတ်လေးရို) က်ပစ်လိုက်ပြန်တယ်။ " မင်းကလဲမင်းပဲ ...မိဘတွေ ဒီလောက်အလုပ်လုပ်နေရတာကို မမြင်ဘူးလား...အရွယ်မရောက်သေးဘူး အချိုးမပြေတော့ လာမလုပ်နဲ့နော် ... ငါကရို** က်မိရင် လက်လွန်မှာစိုးလို့ ထိန်းနေတာ ...အစားကျတော့ နပ်မှန်အောင်စားချင်တယ် ...အလုပ်တော့ လက်ကြောမတင်းလာမလုပ်နဲ့ ကွ....ကြပ်ကြပ်သတိထားနေ ဟေ့ကောင် " ကိုမောင်ခိုင်က ဖိုးဇင်ကို ခြေထောက်နဲ့တစ်ချက်ဆောxင့် ကန်ပြီးတော့ ပြောလိုက်တယ်။ဖိုးဇင်မှာ မိခင်နဲ့ ဖခင်ရဲ့ကြားမှာ မျက်နှာငယ်လေးနဲ့ ဘာကိုမှ ရှင်းမပြနိုင်ဘဲ ငူငူကြီးရပ်နေမိတယ်။ " ဟယ် ..ကြည့်စမ်း ...ဆုံးမနေတဲ့ကြားက ဂျစ်ကန်ကန်လုပ်နေတာလား ဖိုးဇင်ရဲ့..အဲ့ဒါဘာရပ်လုပ်နေတာလဲ ... ပန်းကန်တွေဆေးပြီးရင် ... အကြီးနှစ်ကောင် ခေါ်သွားပြီးအိမ်မှာရေသွားပြန်ချိုးပေးလိုက်အုံး...သွားလေ ..ပြောနေတာမကြားဘူးလား ..ပန်းကန်တွေသွားဆေးပါဆို ..နင်ဟာလေ ဂျစ်တိဂျစ်ကန်နဲ့ ... ရှင့်သား ဘယ်လောက် အကြောတင်းလဲ မြင်ပြီ မဟုတ်လားကိုမောင်ခိုင် " မအေးလှိုင်က ဖိုးဇင်ကိုကြည့်ပြီး ယောက်ျားဖြစ်သူ ကိုလှမ်းပြောလိုက်တယ်။ ဒီအခါ ကိုမောင်ခိုင်က ဖိုးဇင်ကိုတစ်ချက်ထပ်ကန်ပစ်လိုက်ပြီး " ဟေ့ကောင် ..မင်းအမေခိုင်းနေတာ မကြားဘူးလား ..ပန်းကန်တွေသွားဆေးလေ .. ဘာရပ် လုပ်နေတာလဲ ..ငါ ..တယ် .. လုပ်လိုက်ရ " ဖခင်ဖြစ်သူ ကိုမောင်ခိုင်က ဝမ်းခေါင်းသံကြီးနဲ့ထအော်လိုက်တာမို့ ဖိုးဇင်လဲလန့်ပြီးတော့ ပန်းကန်ဆေးတဲ့နားကို အမြန်သွားလိုက်တယ်။ ~~~~~~~ " ဟဲ့ ...မိန်းမရွှင်မလေး မြန်မြန်လာစမ်း ....ငါ့မှာတော့ရေချိုးချင်လို့စောင့်နေတာ ဘယ်လောက်ကြာနေပြီလဲ ..နင်ကတော့ အလေလိုက်နေတယ်ပေါ့ ဟုတ်လား...လူကကြည့်တော့ အရွယ်မရောက်သေးဘူး ...ပိုးကထချင်နေတယ်ပေါ့လေ ....ကဲဟယ် ရွချင်အုံး... " " ဂေါက်...ဂေါက် "

တပေါင်းငိုသံကိုကြားလိုက်ရတဲ့သူတွေထဲက မိန်းမတစ်ယောက်ကထပြောလိုက်တယ်။ " ဪ ....အေ...သူ့မလဲ ကလေးကထိန်းပေးရသေးတယ်မဟုတ်လား...အဝတ်လျှော်ထမင်းချက်ကလဲလုပ်ရသေးတယ်...အသက်ဆယ့်နှစ်နှစ်ဆိုတာတကယ်တော့ ဆော့ကောင်းတုန်းအရွယ်ပါအေ..သူ့ခမျာ သူ့အမေမြခက်ဆုံးသွားပြီး.....မိထွေးနဲ့နေရလို့ ဒီလိုတွေဖြစ်နေတာ..အိမ်ကဟာတွေ တပေါင်းကိုကြည့်ထားကြနော် ....နင်တို့တွေ ..ငါ့များ‌‌ေ*သရင် ဒီထက်ဆိုးမယ် " မိန်းမကြီးက တပေါင်းအကြောင်းကိုပြောရင်းကနေ သူ့သားသမီးတွေကိုပါ လှမ်းပြောလိုက်တယ်။သူပြောမယ်ဆိုရင်လဲပြောချင်စရာပါပဲ။တပေါင်းရဲ့မိခင် မမြခက်ကလွန်ခဲ့တဲ့ငါးနှစ်ကျော်ကဆုံးသွားခဲ့တာ။မမြခက်ဆုံးသွားပြီးတော့ ဘာကြာလို့လဲ။ခြောက်လတောင်မပြည့်သေးဘူး။တပေါင်းရဲ့ဖခင်ကိုအောင်မင်းက နောက်မိန်းမဖြန်တဲ့ မသိန်းနုကိုအိမ်ပေါ်ခေါ်တင်လာတာ။နောက်မိန်းမအိမ်ပေါ်ခေါ်လာတော့လဲ ဘယ်သူကဘာပြောမှာလဲ။သူရှာကျွေးနိုင်လို့်သူခေါ်လာတာလေ။ရပ်ကွက်ထဲမှာ ကိုအောင်မင်းအမျိုးတွေရော၊မမြခက်အမျိုးတွေရောရှိကြပေမဲ့ မိဘတွေမရှိကြတော့ဘဲ မောင်နှမသားချင်းတွေပဲရှိတာဆိုတော့ ဒီကိစ္စကိုရေးကြီးခွင်ကျယ်လုပ်ပြီးပြောမနေကြတော့ဘူး။ကိုအောင်မင်းဆိုတာကလဲ မမြခက်မဆုံးခင်ကရော၊ဆုံးပြီးသွားတော့ရောငွေကြေအနည်းငယ်ချောင်လည်သူဖြစ်ပေမဲ့ နှစ်ဖက်ဆွေမျိုးတွေနဲ့ဆီလဲ အသွားအလာသိပ်လုပ်တဲ့သူမှမဟုတ်တာ။ဒီတော့လဲ ကိုအောင်မင်းဘာလုပ်လုပ်ပြောမဲ့သူရယ်လို့လဲမရှိဘူ။အခုဆိုရင် ကိုအောင်မင်းမှာနောက်မယားမသိန်းနုနဲ့ရတဲ့ကလေးမလေးတောင် အသက် (၂)နှစ်ပြည့်ပြီးပြီ။မယားကြီးနဲ့ရခဲ့တဲ့ နွေတပေါင်းခေါ်တပေါင်းကတော့ အသက်ဆယ့်နှစ်နှစ်ထဲရောက်လာခဲ့ပြီ။မိခင်ကြီးမရှိတော့ကတည်းက ဖခင်ရဲ့အရို/က်အနှက်ကိုခံပြီး ကြီးပြင်းလာခဲ့တဲ့တပေါင်းက တဖြည်းဖြည်းအရွယ်ရောက်မှန်းမသိရောက်လာခဲ့တယ်။ ~~~~~~~~~~~ " တပေါင်းရယ် ..နင်လဲနေ့တိုင်းအရို*က်ခံနေရတယ်ဆို...ဘာလို့အဲ့ဒီလောက်အရိုက်ခံနေရတာလဲ ...ညည်းကသိန်းနုကိုအလုပ်ဝိုင်းမကူဘူးလားဟဲ့...သူ့မှာလဲ ဈေးလေးထဲမှာ ကုန်ခြောက်ဆိုင်တစ်ဖက်နဲ့ မဟုတ်လား.....ညည်းကဝိုင်းကူမှပေါ့ " ကြီးတော်ဖြစ်သူရဲ့စကားကြောင့် တပေါင်းကညီမငယ်လေးရဲ့လက်ကိုလှမ်းဆွဲထားလိုက်ပြီးမှ " တပေါင်းလဲဝိုင်းကူလုပ်ပါတယ်ကြီးကြီးရဲ့....ထမင်းလဲချက်တယ်..အဝတ်လဲလျှော်တယ်...ညီမလေးကိုလဲထိန်းပေးပါတယ်...အိမ်သန့်ရှင်းရေးလဲ တပေါင်းပဲလုပ်တာပါ....ဒါပေမဲ့ အဖေအလုပ်ကပြန်လာရင်... ရိုက်စရာအကြောင်းကဘယ်လိုပေါ်လာလဲမသိဘူး...မနေ့ကတော့ ဟင်းကငန်သွားလို့တဲ့..ပြီးတော့ညီမလေးချော်လဲလို့တဲ့လေ ...." " ဟုတ်လား...ညည်းကလဲကလေးထိန်းပါဆို..ကလေးကိုမကြည့်ဘူးလား " " ကြည့်တာပေါ့ ကြီးကြီးရယ်....တပေါင်းမီးပူတွေတိုက်နေတုန်း ညီမလေးကအတင်းပြေးဆင်းသွားတာ...မီးပူတိုက်နေတာဆိုတော့ ချက်ချင်းလိုက်လို့်မရဘူးလေ...အဖေကတပေါင်းဘာလုပ်လုပ်ရိုက်ပဲရိုက်နေတာကြီးကြီးရဲ့...အရိုက်မခံရတဲ့နေ့ကိုမရှိဘူး .....ညီမလေးကိုထိန်းရင်းနဲ့တစ်ခါတလေသွားဆော့မိရင်လဲ ရို*က်တာပဲ...တပေါင်းကသမီးရင်းရောဟုတ်ရဲ့လားမသိဘူး...အမေသိန်းနုပြောသမျှစကားကိုဆိုရင် အဖေကယုံတယ်...တပေါင်းရှင်းပြရင်တော့လက်မခံဘူး...အဖေက သူ့မိန်းမကိုပဲ ပိုချစ်တာပါ " ကြီးတော်ဖြစ်သူကို တပေါင်းခံစားနေရတာတွေကို ရင်ဖွင့်ပြောပြလိုက်မိတယ်။ " အမယ်လေးလေး မိတပေါင်း ...ဖအေကိုဘယ်လိုတွေပြောနေတာလဲ...မိဘကိုအဲ့ဒိလိုမပြောရဘူးဟဲ့ ငရဲကြီးလိမ့်မယ်...ဘာပဲဖြစ်ဖြစ်မိဘဟဲ့..မစော်ကားရဘူး...မိဘပြောစကားကိုသားသမီးကနာခံရမယ်...သားသမီး..ဆိုတာ မိဘပြောစကားကိုနားထောင်ရတယ်...မိဘကျေးဇူးဆိုတာဆပ်လို့မကုန်ဘူးအေ့...နောက်ကိုဒီလိုတွေလျှောက်မပြောရဘူးနော်...ကြားလား " " ဟုတ်ကဲ့ပါ ကြီးကြီး " ကြီးတော်ဖြစ်သူရဲ့စကားကြောင့် တပေါင်းမျက်နှာလေးကို ရှုံ့မဲ့လိုက်မိပြီးစိတ်ဓါတ်ကျသွားရတယ်။တပေါင်းနေ့တိုင်းအရို/က်ခံနေရလို့ ကြီးတော်ဖြစ်သူကများ ကူညီနိုင်မလားဆိုပြီး ဖွင့်ပြောမိကာမှ ပိုဆိုးသွားရတဲ့အဖြစ်။ " တပေါင်း ပြန်တော့မယ်နော် ကြီးကြီး " " အေး..အေး..ပြန်တော့ ...ကြီးကြီးပြောတာကိုမမေ့နဲ့နော်...မိဘကိုမပြစ်မှားရဘူးကြားလား...." " ဟုတ်ကဲ့ပါ ကြီးကြီး" တပေါင်းခေါင်းငြိမ့်ပြလိုက်ပြီး ကြီးတော်ဖြစ်သူရဲ့ခြံထဲကထွက်ခဲ့လိုက်တယ်။ကြီးတော်မနှင်းက ဖခင်ဖြစ်သူရဲ့အစ်မဆိုတော့ သူ့မောင်ဘက်ကလိုက်ပြီးပြောပုံပင်။နောက်ရက်မှ မိခင်ဖြစ်သူရဲ့အစ်မကိုသွားတိုင်ဖို့ တွေးလိုက်တယ်။ " မမ ..ချီ...ချီ...မီးမီးညောင်းတယ် " တပေါင်းကိုယ့်အတွေးနဲ့ကိုယ် အစီအစဉ်ချနေတုန်းမှာပဲ ညီမငယ်ဖြစ်သူရဲ့ အသံကြောင့် ညီမငယ်လေးကိုချီဖို့ပြင်လိုက်ရတယ်။ " အား..နာလိုက်တာ ..ကျွတ်..ကျွတ် " အငယ်မလေးကို ကောက်ချီလိုက်ကာမှ ခါးနဲ့ကျောပြင်တစ်လျှောက်စူးအောင့်နာကျင်သွားတာမို့ တပေါင်းစုတ်သပ်ညည်းညူလိုက်မိတယ်။ဒါကမနေ့က အဖေကန်ထားလို့နာနေခဲ့တာ။တစ်နေ့တစ်နေ့ အရို*က်ခံရ၊ အကန်ခံရ အထုအနှ*က်ခံရတာတွေကြောင့် တပေါင်းတစ်ကိုယ်လုံးမှာဒဏ်ရာရယ်လို့ မရှိတဲ့နေရာကိုမရှိဘူး။ အကြောင်းအမျိုးမျိုးနဲ့ အရို*က်ခံနေရတာပဲ။ကုန်ကုန်ပြောရရင် အဖေနဲ့အမေသိန်းနုတို့ အဆင်မပြေဖြစ်နေချိန်မှာ

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၁) akyiphyu ************ အခြေခံလူတန်းစားအများစုနေထိုင်ကြတဲ့ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခု။ရပ်ကွက်ဈေးလမ်းလေးက မနက်ငါးနာရီလောက်ကနေ ညဆယ်နာရီလောက်အထိ စည်ကားနေတတ်တဲ့နေရာ။ရပ်ကွက်ဈေးလေးဆိုပေမဲ့ ပဲပြုတ်သည်ကအစ သားငါးသည်တွေအဆုံး စည်ကားစုံလင်တဲ့ဈေးတန်းလေးဖြစ်တယ်။ဈေးလမ်းက ရပ်ကွက်ရဲ့လူစည်ကားရာလမ်းဆုံမှာဆိုတော့ တစ်နေကုန်ဖွင့်ထားကြတဲ့ ဆိုင်တွေလဲရှိတယ်။တစ်နေကုန်ဖွင့်တဲ့ဆိုင်တွေထဲမှာ ဖိုးဇင်တို့ဆိုင်လဲပါတယ်။ဖိုးဇင်တို့ဆိုင်က မုန့်ဟင်းခါး၊မုန်တီ၊အသုပ်၊တုပ်ထိုးစတဲ့ စားစရာတွေရောင်းတဲ့ဆိုင်။ဦးဆောင်လုပ်ကိုင်သူကတော့ ဖိုးဇင်တို့ရဲ့မိခင်ဖြစ်တဲ့မအေးလှိုင်။ဖိုးဇင်တို့မှာ မောင်နှမလေးယောက်ရှိတယ်။ဖိုးဇင်ကအကြီးဆုံး။သူ့အောက်မှာ ညီမလေးနဲ့ညီအငယ်နှစ်ယောက်ရှိတယ်။အခုဆိုရင် ဖိုးဇင်ကအသက်ဆယ့်နှစ်နှစ်ဆိုတော့ သူ့အောက်ကညီမလေးက အသက်ကိုးနှစ်၊နံပတ်သုံးညီလေးက အသက်ခြောက်နှစ်၊အငယ်ဆုံးလေးက သုံးနှစ်မပြည့်သေးဘူး။မိသားစုခြောက်ယောက်ရဲ့စားဝတ််နေရေးကို ဖခင်ဖြစ်သူကိုမောင်ခိုင်ကဆိုက်ကားနင်းတာရယ်၊မုန့်ဆိုင်ကရတဲ့ဝင်ငွေနဲ့ပဲဖြေရှင်းကြတာ။ဒါကြောင့်လဲ မုန့်ဆိုင်ကို မိုးလင်းကနေမိုးချုပ်ထိတစ်နေကုန်ရောင်းတယ်။တစ်နေကုန်ဆိုတော့ မိခင်ဖြစ်သူမအေးလှိုင်တစ်ယောက်တည်းတော့ တစ်နေကုန်ဆိုင်ဘယ်ထိုင်နိုင်ပါ့မလဲ။ဒီတော့လဲ ဖိုးဇင်ကပဲ မိခင်ရဲ့ကူဖော်လောင် ဖက်ဖြစ်လာခဲ့ရတယ်။ ဖိုးဇင်က ထမင်းဇလုံကို ဝယ်သူတွေထိုင်စားကြတဲ့စားပွဲခုံပုလေးပေါ်တင်လိုက်ပြီး ထမင်းကို ချဉ်ရည်အနှစ်နီနီရဲရဲနဲ့အားရပါးရနယ်လိုက်တယ်။ထမင်းနဲ့စားဖို့အတွက် မနက်ကကျန်တဲ့ ဘူးသီးကြော်တစ်ခုကိုကောက်ယူလိုက်တယ်။ဘူးသီးကြော်က မုန့်ဟင်းခါးနဲ့ တွဲရောင်းတာ။မုန့်ဟင်းခါးက တစ်မနက်ပဲရောင်းတာဆိုတော့ အကြော်တွေပိုနေခဲ့ရင် ဖိုဇင်တို့ ထမင်းနဲ့စားရတယ်။ဒါကြောင့် ဖိုးဇင်တို့အတွက်ဟင်းရယ်လို့ သီးသန့်ချက်တဲ့နေ့ရယ်လို့ သိပ်မရှိဘူး။ ဖိုးဇင်ထမင်းစားနေရင်းနဲ့ ဖန်ဂေါ်လီပစ်တမ်းဆော့နေကြတဲ့ သူရတို့အုပ်စုကို ငေးကြည့်နေမိတယ်။ဖိုးဇင်အတွက် ဆော့ကစားချိန်ဆိုတာမရှိဘူး။ မိုးလင်းမိုးချုပ် မိခင်ဖြစ်သူကို ဝိုင်းကူနေရတယ်။ကလေးလဲ ကူထိန်းပေးရတယ်။တစ်နေ့တစ်နေ့ အလုပ်တွေပဲလုပ်နေခဲ့ရတာ။ကျောင်းပိတ်ရင် ဆော့ရမလို့ ထင်ထားခဲ့ရသမျှ။ကျောင်းပိတ်တော့မှ ဖိုးဇင်အတွက် အလုပ်တွေကတန်းစီနေတော့တာ။ကျောင်းတက်နေတုန်းကမှ ကျောင်းမုန့်စားဆင်းချိန်မှာ ခဏလောက် ဆော့ချိန်ရသေးတာလေ။ "ဖိုးဇင် ...ဟဲ့ကောင်လေး စားလို့မပြီးသေးဘူးလား ... ဒီမှာပန်းကန်တွေဆေးရအုံးမယ်ဟဲ့ " ထမင်းစားနေတဲ့ သားဖြစ်သူကို မအေးလှိုင်စိတ်မရှည်နိုင်ဘဲ ထအော်လိုက်တယ်။မအေးလှိုင်အော်လိုက်ပေမဲ့ ဖိုးဇင်ကမကြားဘူး။လမ်းပေါ်မှာ ဆော့ကစားနေကြတဲ့ ကလေးတွေကို ဖိုးဇင်ငေးကြည့်ပြီး ထမင်းစားဖို့တောင်မေ့နေခဲ့တာ။လက်ကိုထမင်းဇလုံထဲမှာ တန်းလန်းချထားပြီး ကစားဝိုင်းကိုငေးနေမိတာ။ " ဖိုးဇင် ... tသနာလေး ...ခေါ် မကြားအော်မကြားနဲ့ ... ထမင်းစားတာ ဒီလောက်ကြာရလားဟဲ့...ကဲဟယ်..ကြာအုံး.. " " ဘုံး...ဘုံး " မအေးလှိုင်တစ်ယောက်စိတ်တိုတိုနဲ့ထလာပြီး ဖိုးဇင်လေးရဲ့ ကျောပြင်ကိုတဘုံးဘုံးမြည်အောင်ထု **ရို*က်ပစ်လိုက်တယ်။ထမင်းစားနေတုန်း အရို%က်ခံလိုက်ရတာမို့ ဖိုးဇင်လန့်ဖျပ်သွားရတယ်။ " စားနောက်သွားနောက် ..tသရင် အရင်tသမဲ့ဟာလေး ...ထမင်းစားတာ ဒီလောက်ကြာရလားဟဲ့....မစားနဲ့တော့ " " ဘုံး ...ဘုံး " မအေးလှိုင် မကျေမနပ် ထပ်ပြောလိုက်ရင်း ဖိုးဇင်ရဲ့ကျောပြင်ကို သုံးလေးချက်ဆင့်ရို%က်လိုက်ရင်း လက်မောင်းကနေ ဆွဲဆောင့်ပစ်လိုက်တယ်။ " သွား....ပန်းကန်တွေသွားဆေးတော့....နောက်ကို မြဲမြဲမှတ်ထား...ထမင်းကိုဇိမ်ဆွဲစားရင် ...ဒီထက်နာမယ်မှတ်...မအေက ...ကလေးတစ်ဖက်နဲ့ဈေးရောင်းနေတာကို ....ဝိုင်းကူဖို့မစဉ်းစားဘူး....လစ်တာနဲ့ဆော့ဖို့လောက်ပဲချောင်းနေတယ်...ဖိုးလုံးတို့ညီအစ်ကိုတွေဆိုရင်...ကျောင်းတောင်မတက်ရဘဲ ပလုံကောက်နေရတာနင်မြင်လား...နင့်ကိုအဲ့ဒီလိုခိုင်းစားရမလားပြော.....အရိပ်ထဲမှာနေပြီး ဝိုင်းလုပ်နေရတာကို မလုပ်ချင်ဘူး...အေး...အဲ့ဒီလိုကြပ်ကြပ်လုပ်သိလား...နင့်ကို ဖိုးလုံးတို့အုပ်စုနဲ့ပလုံလိုက်ကောက်ခိုင်းမှာ " မအေးလှိုင်က သားဖြစ်သူကိုမကျေမချမ်းပြောဆိုလိုက်ပြီး မျက်စောင်းခဲကာကြည့်နေလိုက်တယ်။ဖိုးဇင်ကတော့ မျက်ရည်အရွှဲသားနဲ့ပန်းကန်တွေထိုင်ဆေးနေတယ်။ ~~~~~~~~~~~~ " အမယ်လေး ကြော/*က်ပါပြီအဖေရဲ့ ...နောက်ကို အလုပ်တွေပြီအောင်လုပ်ပါ့မယ် ...အမေသိန်းနုကိုလဲဝိုင်းကူပါ့မယ် ...နာလှပါပြီ အဖေရဲ့..အီး..ဟီး..ဟီး " နဂိုကဆူညံနေတဲ့ရပ်ကွက်လေးက တပေါင်းရဲ့ငိုသံခပ်စူးစူးကြောင့် ပိုပြီးဆူညံသွားခဲ့ပေမဲ့ ဘယ်သူကမှတပေါင်းရဲ့ငယ်သံပါအောင်အော်ငိုလိုက်တဲ့ငိုသံကို ဂရုမစိုက်ကြတော့ဘူး။နှစ်ချီအောင် မြင်ကြားနေခဲ့ရတဲ့ဒီအဖြစ်အပျက်တွေက သူတို့တွေအတွက်ရိုးနေခဲ့ပြီ။ "တပေါင်းဆိုတဲ့ဟာမလေးလဲ ထုလေမာလေငါးဖယ်ပဲ ....နေ့တိုင်းလုပ်နေရတဲ့အလုပ်တွေကိုတောင် သူ့မှာမပြီးဘူး "

LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ A Kyi Phyu #ဧကြည်ဖြူ 28.8.2023

ကျွန်မကိုမျက်လုံးပြူးကြီးတွေနဲ့လှမ်းကြည့်နေတယ်။ ကျွန်မကတော့ အားလုံးရဲ့ အလယ်မှာ ခရီးဆောင်ကြီးကိုင်လို့ ဘာဆက်လုပ်ရမှန်းမသိဘူးဖြစ်နေမိတယ်။ကျွန်မတို့ရဲ့ မိသားစုရှင်းတမ်းကလဲ တိုးစည်သူကြောင့် တစ်ခန်းရပ်သွားတယ်။ "ဘယ်လိုလဲ သမီးလတ် .. သူတို့ဘက်က ကမ်းလှမ်းတဲ့ကိစ္စကို သမီးသဘောတူလား " ကျွန်မ အဖေ့ကိုကြောင်ငေးငေးနဲ့ ကြည့်နေမိပြီးမှ ခေါင်းကို ငြိမ့်ပြလိုက်မိတယ်။ " ဟုတ် ..ဟုတ်ကဲ့ သမီး သဘောတူပါတယ် .. လူကြီး စုံရာနဲ့ လာတောင်းရင်လက်ခံပါမယ်လို့ ...သူ့ကိုသမီးပြောလိုက်မိပါတယ် " ကျွန်မပြောပြီးတာနဲ့ ခေါင်းကိုငုံ့ထားလိုက်မိတယ်။ဒါက ရှက်တာလား။ ညီမလေး ဖူးငုံကို အားနာတာကြောင့်လားတော့ ကျွန်မကိုယ်တိုင်လဲမသိတော့ပါဘူး ။ " သမီးသဘောတူတယ်ဆိုရင် အဖေတို့လဲ လက်ခံပါတယ်သမီး ....တစ်ခုတော့ပြောပါရစေသမီးရယ် ..သမီးက အဖေတို့ရဲ့သမီးအရင်းပါကွယ် ...အဖေတို့သမီးကိုချစ်ပါတယ်... သမီးကိုစိမ်းကား သလို ပြုမူခဲ့မိတာတွေအတွက်...အဖေတောင်းပန်ပါတယ်ကွယ် ..သမီးအမေကလဲ သမီးကို သိပ်ချစ်ရှာတာပါပဲ သမီးရယ် ... သမီးကငယ်ငယ်ကတည်းက နို့ဆာရင်တောင်မတောင်းတတ်တဲ့ ကလေးဖြစ်ခဲ့တော့ ...အဖေတို့ဘက်က ပျက်ကွက်ခဲ့မိပါတယ်.... ဟော့ဒီမှာကြည့်ပါ သမီးရယ် ..အဖေနဲ့အမေကလေ သမီးရဲ့နောင်ရေးအတွက် စိတ်ပူမိလို့ ဘဏ်မှာသမီးအတွက်ငွေစုပေးထားပါတယ်ကွယ် .. ကျန်တဲ့ သားသမီးတွေက ... ပညာကိုယ်စီနဲ့မို့ သူတို့အတွက်အဖေတို့မပူခဲ့တာအမှန်ပါ ..သမီးလေးအပေါ် အဖေတို့ပစ်ထားခဲ့မိတာတွေအတွက် အဖေတို့ တောင်းပန်ပါတယ်ကွယ် ..သမီးက အဖေတို့ရဲ့သမီးအရင်းပါ ... သားကြီးနဲ့သမီးတို့လဲ ... သမီးလတ်အပေါ် ရိုင်းပျခဲ့တာတွေအတွက် တောင်းပန်လိုက်ကြပါအုံးကွယ် " အဖေ့စကားအဆုံးမှာ ကျွန်မအမေ့ကို လှမ်းကြည့်မိတယ်။အမေက ခေါင်းကိုငုံ့ထားပြီး ငိုနေတာကိုမြင်ရတော့ ကျွန်မအမေ့နားမှာ သွားထိုင်လိုက်မိတယ်။ "အမေ " ကျွန်မငိုသံပါကြီးနဲ့ ခေါ်လိုက်မိတော့ အမေကမော့ကြည့်လာတယ်။ပြီးတော့ ကျွန်မကိုလှမ်းဖက်လာတယ်။"အမေ " လို့ ကျွန်မကြည်ကြည်နူးနူးခေါ်လိုက်မိရင်း ပါးပြင်ပေါ်ကိုမျက်ရည်တွေ ပိုးပိုး ပေါက်ပေါက်စီးကျလာခဲ့မိတယ်။ရင်ထဲက နာကျင်မှုတွေအားလုံး ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ လွင့်စင်ပျောက်ရှသွားကြတယ်။ ~~~~~ "လာတောင်းဆိုတိုင်း လာတောင်းရလား .." ကျွန်မ သူ့မျက်နှာကိုကြည့်ပြီး စူပုတ်ပုတ်နဲ့ ပြောလိုက်မိတယ်။ဟုတ်တယ်လေ သူက လူကြီးစုံရာနဲ့လာတောင်းချလိုက်တော့ နောက်လဆိုရင် ကျွန်မနဲ့သူ လက်ထပ်ရတော့မယ်လေ။ ကျွန်မအနှစ်နှစ်အလလ စိတ်ကူးယဉ်ခဲ့ရတဲ့ ချစ်သူဘ၀ကိုတစ်လပဲဖြတ်သန်းခွင့်ရတော့မှာမဟုတ်လား။ " လတ်ကလာတောင်းလို့ ပြောတော့ ...ကိုယ်လဲ မိဘတွေကို ဖွင့်ပြောပြီး တောင်းခိုင်းရတာပေါ့ကွာ ... တော်ကြာလတ် စိတ်ဆိုးသွားမှာကြောက်တယ်လေ ... ကိုယ်တို့နေဖို့အတွက် ကိုယ့်ရဲ့ခြံမှာပဲ... စီစဉ်ထားတယ် ..လတ်သဘောကျရဲ့လားဟင်.. လတ်သဘောမကျရင်လဲ နေချင်တဲ့နေရာကို ပြောနော် ..ကိုယ်စီစဉ်ပေးမယ် " သူက ကျွန်မလက်ကို ကိုင်ပြီး တိုးဖွဖွပြောလာတယ်။ "ရပါတယ် ..နေတာကဘယ်နေရာပဲဖြစ်ဖြစ်ပါ .. ရှင် ကျွန်မကိုတော့ အနိုင်မကျင့်မနှိမ်ဘူးမဟုတ်လားကိုတိုးစည်သူ " " ဟာ ..လတ်ရယ် ဘယ်လိုပြောလိုက်တာလဲ ..ချစ်လွန်းလို့ မနည်းရအောင်လိုက်ကပ်ထားရတာကိုကွာ ... လတ်ကိုယ့်ကို စောင့်ကြည့်လိုက်ပါ .." "အင်း ..ပြီးတော့ ရှင့်ကိုမေးရအုံးမယ် ... ကျွန်မလိုရုပ်ဆိုးမကို ဘာလို့ကြိုက်တာလဲပြော " " ဟာ..မေးခွန်းကခက်လိုက်တာကွာ ...ကိုယ့်မျက်လုံးထဲမှာတော့ ... လတ်ကမျက်လုံးပြူးလေးနဲ့အရမ်းချစ်စရာကောင်းနေတာပဲမြင်တယ်...တကယ်ပြောတာ လတ်ကိုစတွေ့လိုက်ကတည်းက ...ကိုယ့်စိတ်ထဲမှာ ရင်းနှီးနေခဲ့တာ..ပြီးတော့ တစ်နေ့မှာလတ်က ကိုယ့်ရဲ့ချစ်သူဖြစ်လာလိမ့်မယ်လို့လဲ စိတ်ထဲကတွေးလိုက်မိတာ .. လတ်ကရော ကိုယ့်ကိုချစ်တယ်မဟုတ်လားဟင် " ကျွန်မသူ့ကို ခေါင်းလေး ငြိမ့်ပြလိုက်မိတယ်။သူက ကျွန်မ ပခုံးလေးကိုဖက်လိုက်ပြီး "ပျော်လိုက်တာလတ်ရယ်..ကိုယ့်ဘ၀မှာ လတ်နဲ့ဆုံတွေ့ခဲ့ရတာကိုအကြည်နူးဆုံး ..အပျော်ရွှင်ဆုံးပဲ ..လတ်က ရောကိုယ့်ကို ဘာလို့ချစ်တာလဲဟင် " သူ့အမေးကြောင့် ကျွန်မ ပြုံးလိုက်မိပြီး "ရှင့်ကိုပန်းပေးခဲ့မိလို့ ချစ်တာပေါ့ " လို့ ဖြေလိုက်မိတယ်။ကျွန်မရဲ့ အဖြေကိုကြားတော့ သူက ကျွန်မနဖူးလေးကိုရှိုက်နမ်းလိုက်ပြီး " လတ်ပန်းမပေးခင်ကတည်းက..ကိုယ်က အရှုံးပေးပြီးသားပါလတ်ရယ် ' တဲ့လေ။ ကျွန်မကြည်နူးစွာပြုံးလိုက်မိပြီး သူ့လက်ဖဝါးလေးကို တင်းတင်းဆုပ်ကိုင်လိုက်မိတယ်။ပြီးတော့ တစ်ချိန်လုံး ကျွန်မ ရှာဖွေနေခဲ့ရတဲ့ သူ့မျက်နှာလေးကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိတယ်။သူက ကျွန်မပါးပြင်တွေကိုအနမ်းတွေပေးလာခဲ့တယ်။ အခုတော့ဖြူပိတ်ပိတ် ကျွန်မရဲ့ အိပ်မက်ကြီးက နေရောင်လရောင်ကြယ်ရောင်တွေနဲ့ လင်းလက်တောက်ပနေခဲ့ပါပြီ....။...။ ......ပြီးပါပြီ ...... ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်

တစ်မိသားစုလုံးက ..မိလတ်ကို အထင်သေးပြီးနှိမ်ခဲ့ကြတာမဟုတ်လား... ဒီမိသားစုရဲ့ကျေးဇူးတွေကို မိလတ် ဘယ်တော့မှမမေ့ပါဘူး ... မိလတ်ကို သွားခွင့်ပြုပါတော့ ..." ကျွန်မပြောပြီးတာနဲ့ အိတ်ကိုဆွဲပြီးထရပ်လိုက်တယ်။ ကျွန်မရင်ထဲက နာကျင်မှုတွေကို ဖွင့်ထုတ်လိုက်ရလို့ ရင်ထဲက တင်းကြပ်နေတာတွေလဲ ပြေလျော့သွားခဲ့ရပါပြီ။ "သမီးလတ် ပြန်ထိုင်စမ်း...မိဘတွေပြောတာကို ..မနာခံဘဲဘာလို့ ပြောချင်ရာပြောနေရတာလဲ ..ပြီးတော့ အိမ်မှာဘာပြဿနာတွေဖြစ်နေတာလဲ ရီရီ ... အားလုံးအမှန်အတိုင်းပြောကြစမ်း " အဖေ့ရဲ့အသံက ဟိန်းထွက်လာတယ်။တစ်အိမ်လုံးတိတ်ဆိတ်နေတယ်။ "ရီရီမင်းပြောလေ..သမီးလတ် ပြောပုံအရဆိုရင် ..ဒီပြဿနာကို မင်းသိမှာပဲ ..သမီးတွေ ဘာပြဿနာဖြစ်ကြတာလဲ .. " အဖေ့ရဲ့ ဒုတိယအကြိမ်မြောက်မေးသံအဆုံးမှာ အမေက ငိုသံသဲ့သဲ့နဲ့ ဖြစ်ကြောင်းကုန်စင်ကို မိသားစုတွေရှေ့မှာ ပြောပြနေတယ်။အမေ့ရဲ့စကားအဆုံးမှာ အဖေကမျက်နှာကြီးနီးမြန်းသွားပြီး သမီးတွေကို ကြည့်တယ်။ " ဟုတ်ပြီ ဒါဆိုရင် .... အဖေမေးမယ်...မိလတ်က မောင်မျိုးဇော်နဲ့ မောင်တိုးစည်သူကို အရင်စကားလိုက်ပြောခဲ့တာလား ` ကျွန်မအဖေ့ကို မော့ကြည့်လိုက်ပြီး တစ်လုံးချင်းဖြေရှင်းလိုက်တယ်။ "ကိုမျိုးဇော် စပြီးလာတဲ့နေ့တုန်းကတော့ ..သမီး အသိနဲ့တူလို့ သမီးစကားအရင်သွားပြောခဲ့ပါတယ်... နောက်တော့ ဒါကိုဖူးငုံက မကြိုက်မှန်းသိလို့ ရှောင်လိုက်ပါတယ်...နောက်တစ်ကြိမ်ကိုမျိုးဇော်လာတော့... တိုးစည်သူပါလာခဲ့ပြီး... မမျှော်လင့်ဘဲ စကားပြောဖြစ်ခဲ့ပါတယ်..ဒါက လဲ သူကအရင်လာပြောတာပါ...နောက်ပိုင်းတွေမှာ တိုးစည်သူက ..သမီးဈေးသွားရင် ကားနဲ့လာစောင့်နေပြီး... လမ်းကြုံလို့ဆိုပြီး အိမ်ကိုပြန်ပို့ပေးတတ်ပါတယ်..ဒါကိုလဲ ဖူးငုံမကြိုက်မှန်းသိလို့ သမီးရှောင်လိုက်ပါတယ်... ဈေးကိုတောင် မနက်ဘက်မသွားတော့ဘဲ... ညနေဈေးပဲသွားတော့တာပါ ..ဒါပေမဲ့ တိုးစည်သူက သမီးကိုရအောင်လာတွေ့ပြီး ချစ်စကားပြောပါတယ်... တိုးစည်သူနဲ့ပတ်သက်တာကို အမေနဲ့ ဖူးငုံတို့က မကြိုက်မှန်းသိလို့ ...တိုးစည်သူကို သမီးလက်ခံစကားမပြောတော့ဘဲ....ကျွန်မကိုသဘောကျရင် ..ရှင့်မိဘတွေနဲ့ လာတောင်းလို့တော့ပြောလိုက်မိပါတယ် ... သူတို့ကို သမီးဘက်က အတင်းလိုက်ကပ်လိုက်ရောတာမျိုးတွေ မလုပ်ခဲ့ပါဘူး " ကျွန်မရဲ့စကားအဆုံးမှာ တစ်အိမ်သားလုံးပါးစပ်အဟောင်းသားတွေနဲ့ ကျွန်မကို ကြည့်နေခဲ့ကြတယ်။အဖေက အတန်ကြာအောင် ငြိမ်သက်နေပြီးမှ "သမီးငယ် ... အဖေ့ကို အမှန်တိုင်းပြောစမ်း...မောင်တိုးစည်သူနဲ့ သမီးဘယ်လိုပတ်သက်လဲ .. အလုပ်ကိစ္စပဲ ပတ်သက်တာလား...အဲ့ဒီထက်ပိုတာလား...အဖေ့သမီးတွေက အမှန်ကိုပဲပြောကြလိမ့်မယ်ဆိုတာ အဖေယုံတယ် " အဖေ့ရဲ့အမေးကို ဖူးငုံထွေးက ချက်ချင်းပြန်မဖြေဘဲ အတော်လေးကြာမှ ခေါင်းမော့ကြည့်လာခဲ့တယ်။ "သ..သမီးတို့...အလုပ်ကိစ္စနဲ့ ပတ်သက်ရုံပါအဖေ " "ဟုတ်ပြီလေ.... ဒါဆို သူ့ဘက်က သမီးအပေါ်မှာမရိုးမသား အပြုအမူတွေ များပြုမူနေတာတွေရှိလား..." "ဟို .ဟို ..အဲ့ဒီလိုလဲမရှိပါဘူး အဖေ ..သမီးတို့က မလတ်ကိုတားတယ်ဆိုတာက ..ကိုတိုးစည်သူက..ပညာတတ်သူဋ္ဌေးသားမို့ ..မလတ်ကို အထင်သေးပြီးကျောရရုံကြံသွားမှာစိုးလို့ တားမြစ်ခဲ့မိတာပါ အဖေ " ဖူးငုံးထွေးရဲ့ စကားအဆုံးမှာ အဖေကဘာမှမပြောဘဲ ခေတ္တမျှ တိတ်ဆိတ်သွားတယ်။ပြီးတော့မှ အားလုံးဘက်ကို လှည့်လိုက်ပြီး "သားတို့သမီးတို့ရော ..တကယ်ပဲ သမီးလတ်ကိုမွေးစားသမီးလို့ ထင်ခဲ့ကြလို့ ..အဲ့ဒီလိုတွေ ဆက်ဆံခဲ့ကြတာလား .." အားလုံးက တစ်ပြိုင်တည်းလိုလို ခေါင်းကို ခါယမ်းလိုက်ကြတယ် ။ ဒီအချိန်မှာပဲ အဖေ့ရဲ့ဖုန်းကထမြည်လာခဲ့တယ်။အဖေက ဖုန်းကို ကောက်ကိုင်လိုက်တယ်။ "ဟယ်လိုအမိန့်ရှိပါခင်ဗျာ ..." တစ်ဖက်က ဘာတွေပြောနေသည်မသိ။အဖေက ငြိမ်သက်ကာ နားထောင်နေပြီးမှ ပြန်ပြောသံကို ကြားလိုက်ရတယ်။ "ကျုပ်မိသားစုနဲ့ ဆွေးနွေးလိုက်ပါအုံးမယ် ကိုအောင်နိုင်...အကြောင်းပြန်ပေးပါမယ် " အဖေက ဖုန်းကိုချလိုက်ပြီးတော့ ကျွန်မကိုလှမ်းကြည့်တယ်။ပြီးတော့ အမေ့ကိုကြည့်လိုက်ပြီး " ရီရီ ..ကိုအောင်နိုင်ဖုန်းဆက်တာလေ...ကိုအောင်နိုင်ကိုသိတယ်မဟုတ်လား ..မင်္ဂလာကိစ္စအကျိုးဆောင်ရှေ့နေကြီးလေ " " ဟုတ်ကဲ့ သိပါတယ်အစ်ကို ..ဘာဖြစ်လို့လဲဟင် " " အင်း ..မောင်တိုးစည်သူရဲ့ အဖေဦးတိုးဝင်းမိသားစုက ... သူ့ကိုအကျိုးဆောင်ခိုင်းလိုက်လို့ပါတဲ့လေ ... သူတို့က ကိုယ်တို့ရဲ့သမီးလတ်လတ်နွယ်ကို ...သူတို့သားအတွက် လူကြီးစုံရာနဲ့ လာရောက် နားဖောက်တောင်းရမ်းချင်လို့ပါတဲ့...မင်းသဘောတူလား ရီရီ ...ကိုယ်တော့ သမီးရဲ့သဘောပါပဲ " "ရှင် " အမေနဲ့ကျွန်မအပါအဝင် အားလုံး ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားကြတယ်။အမေက မယုံကြည်နိုင်စွာ အဖေ့ကိုထပ်မေးနေတယ်။မမခင်လေးနံ့ အငယ်မက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နှုတ်ခမ်းတွေကိုက်ပြီး ငြိမ်သက်နေကြတာကို တွေ့ရတယ် ။တိုးစည်သူဆိုတာ ဘယ်သူမှန်းမသိသေးတဲ့ကိုကိုကြီးက မမခင်လေးကို လှမ်းမေးလိုက်တာ ကိုတွေ့ရတယ်။ ဒီအခါမှာ မမခင်လေးက စားပွဲခုံပေါ်မှာရှိတဲ့ ဖူးငုံရဲ့အိတ်ထဲက လိပ်စာကတ် တစ်ခုကို ရှာဖွေယူလိုက်ပြီး ကိုကိုကြီးကို ပြနေတယ်။ကိုကိုကြီးက လိပ်စာကတ်ကိုယူကြည့်ပြီး

#အလတ်မလေး အပိုင်း ၅ (ဇာတ်သိမ်းပိုင်း) akyiphyu ***** "ရီရီ ..ဒါ ဘာတွေဖြစ်နေကြတာလဲ " အဖေက အံ့ဩတကြီးမေးရင်း ကျွန်မနားကို ရောက်လာခဲ့တယ်။ပြီးတော့ ကျွန်မဘေးမှာထိုင်ချလိုက်တယ်။ "လတ်လတ် သမီးဘာဖြစ်နေကြတာလဲ " အခန်းက တိတ်ဆိတ်နေတယ်။အမေ့ဆီက ဘာသံမှ ထွက်မလာသေးခင်မှာ ကျွန်မအဖေ့ကို မော့ကြည့်လိုက်မိပြီး "သမီးကို ဒီအိမ်ကထွက်သွားခွင့်ပြုပါအဖေ...ဒီအရွယ်ထိ သမီးကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် အဖေ...ဒီကျေးဇူးတွေကို အခွင့်အခါရတာနဲ့ ချက်ချင်းလာဆပ်ပေးပါ့မယ် အဖေ...အခုတော့ သမီးထွက်သွားပါတော့မယ်. "လတ်လတ် သမီး...ဘာတွေ ပြောနေတာလဲ.....ရီရီဘာတွေဖြစ်နေလဲ ပြောစမ်းပါအုံး " ဒုတိယအကြိမ်မြောက်အဖေ့ရဲ့မေးသံအဆုံးမှာ အမေ့ဆီက စကားသံတွေ ထွက်လာခဲ့တယ်။ "ရှင့်သမီးက ..သူက ကျွန်မတို့ရဲ့မွေးစားသမီးမို့ ..ဒီအိမ်ကထွက်သွားခွင့်ပြုပေးပါတဲ့လေ " "ဘာကွ ..ဘယ်လို " အဖေ့ဆီက အံ့ဩ ထိတ်လန့်သွားဟန် အသံကြီးထွက်ပေါ်လာခဲ့ပြီး အဖေ့ရဲ့ လက်က ကျွန်မရဲ့ပခုံးပေါ်ကို ရောက်လာခဲ့တယ် ။ "သမီးလတ် ဘာတွေဖြစ်နေတာလဲ.... ကလေးလဲ မဟုတ်တော့ဘဲ ..ဘာတွေ ပေါက်ကရလုပ်နေတာလဲ " ကျွန်မအဖေ့မျက်နှာကို စေ့စေ့ကြည့်လိုက်မိပြီး "ဟုတ်ပါတယ် အဖေ...ကလေးတုန်းကတော့ ...သမီးကို လူမှားခေါ်လာခဲ့တယ်ဆိုတဲ့ စကားကို ... အမျိုးတွေက စတယ်ပဲထင်ခဲ့မိတာပါ...အခု ကြီးလာတော့မှ ဒီစကားက အမှန်ဖြစ်နေနိုင်မှန်းသိခဲ့ရတာပါ...သမီးကြောင့် အဖေတို့ စိတ်ညစ်ခဲ့ရတာတွေ အတွက်လဲ တောင်းပန်ပါတယ်...သမီးဘဝတစ်လျှောက်လုံးမှာ အနှိမ်ခံပြီးနေလာခဲ့ရတာပါ...ရုပ်မချောတာ ..... ပညာမှာထူးချွန်မှုမရှိတာတွေက သမီးလုပ်ယူဖန်တီးခဲ့တဲ့ အရာတွေမဟုတ်ပါဘူး.....ဒီအပြစ်တွေအတွက်လဲ..သမီးသိမ်ငယ်စွာ အမြဲနေခဲ့ပါတယ်...ပညာမှာ ထူးချွန်အောင် မကြိုးစားပေးနိုင်ခဲ့လို့ .. အိမ်အလုပ်တွေမှာ တာဝန်ကျေအောင် လုပ်ဆောင်ပေးခဲ့ပါတယ် ...ဒါပေမဲ့အဖေနဲ့အမေရယ် ..ညီကိုမောင်နှမတွေဆီက ..တူညီတဲ့ချစ်ခြင်းမေတ္တာကို မရရှိခဲ့ပါဘူး...အဖေတိုအမေတို့တွေက ... မမနဲ့ အငယ်မ အတွက်ရွှေတွေတစ်ကိုယ်စာ ဆင်ပေးခဲ့ကြပေမဲ့ ..သမီးအတွက်တော့ နားကပ်ဖူးလေးတစ်ရံပဲဝယ်ပေးခဲ့ကတည်းက သမီးသိခဲ့ပါတယ်... အဝတ်အစားအသစ်တစ်စုံလောက်လိုချင်လို ပူဆာမိရင် ...မမ၀တ်ပြီးသားကိုပဲ ရတာပါ ...သမီးအလုပ်အကိုင် အဆင်ပြေရဲ့လားလို့လဲ အဖေတစ်ခါမှ မမေးခဲ့ဖူးပါဘူး ... သမီးတို့မိသားစုတွေ အပျော်ခရီးထွက်ရင်တောင်..သမီးက အထုပ်ဆွဲ ...စားဖို့သောက်ဖို့ ပြင်ပေးဖို့ အဖော်လိုက်ပေးခဲ့ရတာပါ...အိမ်ကိုဘယ်သူ့ဧည့်သည်လာလာ...သမီးကို မိသားစုဝင်တစ်ယောက်လို ဘယ်သူမှ မိတ်ဆက်မပေးခဲ့ကြပါဘူး...အဖေတို့ရဲ့မိသားစုစကားဝိုင်းမှာ ..သမီးကအချိုပွဲပြင်ပေးရုံကလွဲလို့ ... ဝင်ပါခွင့်မရှိတဲ့သူပါ...ကိုကိုကြီးမင်္ဂလာဆောင်တုန်းကလဲ ...မမနဲ့ အငယ်မကိုပဲ သားသမီ အဖြစ်ပွဲထုတ်ခဲ့ကြတာပါ ." "ဘာတွေဖြစ်နေကြတာလဲ အမေတို့ " ကိုကိုကြီးအကြောင်း ရောက်လာတာမို့ ထင်ပါရဲ့။ ကိုကိုကြီးတို့ မိသားစုလဲရောက်လာခဲ့တယ်။အလုပ်ပိတ်ရက်ဆိုတော့လဲ မိသားစုတွေ ပိုစုံသွားကြတာပေါ့။ ဒီအခြေအနေကို ရောက်မှတော့လဲ ကျွန်မအတွက်မထူးတော့ပြီမို့ ခံစားခဲ့ရသမျှကို ရင်ဖွင့်ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။မမခင်လေးက ကိုကိုကြီးတို့ကို အသံတိုးတိုးနဲ့ အကြောင်းစုံ ရှင်းပြနေဟန်တူတယ်။ "မိလတ် အရူးမ ... မိဘတွေ စိတ်ဆင်းရဲအောင်...ဘာတွေရူးတူးတူးပေါတောတော လုပ်နေတာလဲ....တယ်..ငါလုပ်လိုက်လို့ ` ကိုကိုကြီးက လက်ကို ရွယ်လိုက်တယ်။ "ရိုက်ချင်လဲရိုက်ပါ ကိုကိုကြီး ..အမြဲရိုက်နေကြပဲ မဟုတ်လား...ကိုကိုကြီးကနေအစဖူးငုံထွေးအထိ...မိလတ်အမြဲ သည်းခံပေးခဲ့တာပါ ... အကြီးတွေမို့ပြန်မပြောနဲ့ ...အငယ်မို့ ညှာရမယ်ဆိုတဲ့ ...အမေတို့ရဲ့ စကားကို မိလတ်အမြဲနာခံခဲ့တာပါ...ကိုကိုကြီးတို့ရဲ့ အဝတ်အစားကအစ ဖိနပ် အထိ...မိလတ်လျှော်ဖွပ်တိုက်ချွတ်ပေးခဲ့တာပါ...ဒါပေမဲ့ ကိုကိုကြီးတို့တွေ မိလတ်အဝတ်တစ်ထည်ကို လျှော်ပေးဖို့နေနေသာသာ ... မိလတ်ကို ကျေးဇူးတင်စကားတောင် ပြောခဲ့ကြဖူးလို့လား...မသိရင် ဒီအလုပ်ဒီတာဝန်တွေက ..မိလတ်ရဲ့တာဝန်တွေပဲလို့ ထင်မှတ်ခဲ့ကြတာမဟုတ်လား..မိလတ်ကို အိမ်အကူတစ်ယောက်လိုပဲ ထင်ခဲ့ကြတာမဟုတ်လား...မိသားစုလိုက် ဈေးဝယ်ထွက်တဲ့အခါတွေမှာရော မိလတ်ကိုခေါ်ခဲ့ကြဖူးလို့လား ...ဒါတွေကပြောပလောက်တဲ့ အပြုအမူတွေ.မဟုတ်ဘူးဆိုပေမဲ့ ...မိလက်အတွက်တော့ နာကျင်ခံစားခဲ့ရတာတွေပါ....မိသားစုဆွေမျိုးတွေ စုံချိန်တိုင်းမှာ ...မိလတ်တစ်ယောက်တည်း အပယ်ခံဖြစ်ခဲ့ရတာပါ...ဒါပေမဲ့မိသားစုကိုချစ်တဲ့စိတ်နဲ့ ...မိလတ်ဒါတွေကို သည်းခံပြီးနေခဲ့ပါတယ်...အခုတော့ မမနဲ့ အငယ်မက ... မိလတ်ကို လင်တရူးမတဲ့လေ... သူတို့မိတ်ဆွေတွေကို မိလတ်ကအတင်းလိုက်ကပ်နေတာတဲ့...ဒီစကားတွေကို အမေကပါယုံကြည်ပြီး ...မိလတ်ကို အညာသားတစ်ယောက်နဲ့ ပေးစားပြီး... အညာကိုထည့်လွှတ်လိုက်ဖို့ စီစဉ်နေတာကို မိလတ်ရင်နာလို့မဆုံးပါဘူး ...အခုတော့ အားလုံးကို မိလတ်သဘောပေါက်သွားပါပြီ..မိလတ်က ဒီအိမ်ရဲ့သွေးသားရင်းချာ တစ်ယောက်မဟုတ်နိုင်ဘူးလေ.... ဒါကြောင့်မို့လဲ ဖူးငုံကအစ ...

" မိ ..မိလတ် ..ညည်း..ညည်းဘာတွေပြောနေတာလဲ .." အမေကအံ့ဩတကြီးနဲ့ ပြန်မေးနေတယ်။ကျွန်မကတော့ (၂၇) နှစ်လုံးလုံးမျိုသိပ်ထားခဲ့တဲ့ ခံစားချက်တွေကို ရင်ထဲကဖွင့်ထုတ်နေမိတယ်။အခုပြောနေတဲ့ စကားတွေက ကျွန်မရင်ထဲကလာတဲ့ နောက်ဆုံးသောခံစားချက်တွေပါပဲ။နာကျင်နေခဲ့ရတဲ့ နှလုံးသားက ကျွန်မကို အဝေးဆုံးကိုပြောင်းပြေးသွားဖို့ ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပြီလေ။ ကျွန်မနဲ့အမေစကားပြောနေချိန်မှာပဲ မခင်လေးနဲ့ဖူးငုံတို့ရှေ့ဆင့်နောက်ဆင့်ဆိုသလို အောက်ထပ်ကို ဆင်းလာခဲ့ကြတယ်။သူတို့နှစ်ယောက်က ကြမ်းပြင်မှာ ဒူးထောက်ထိုင်နေတဲ့ ကျွန်မကို အံ့ဩသလိုကြည့်နေကြတယ်။ "အစကတော့ ဘယ်သူမှမသိအောင်.. သမီးထွက်သွားမလို့ပါ အမေ ..ဒါပေမဲ့ ဒီလိုလုပ်သွားရင် အမေတို့ကျေးဇူးတွေကို စော်ကားသလိုဖြစ်မှာစိုးလို့ပါ ...ဒီနေ့ပဲပစ္စည်းတွေကို အကုန်ရှင်းပြီးသွားပါပြီ...ကျွန်မထွက်သွားပါတော့မယ် ... မမလေးခင်လေးနဲ့ မမလေးဖူးငုံပေါ်မှာ ရိုင်းခဲ့မိတာတွေအတွက်လဲ တောင်းပန်ပါတယ်ရှင် ... ကျွန်မလဲ ကိုယ့်ကိုယ်ကိုယ်သမီးအရင်းပဲထင်မိလို့ ဆိုးခဲ့မိတာပါ ..အားလုံးကိုတောင်းပန်ပါတယ် ....ဒီအထုပ်ထဲမှာ ကျွန်မ စက်ချုပ်လို့ရတဲ့ငွေနဲ့ ဝယ်ထားတဲ့ အဝတ်အစားတွေနဲ့ စက်ချုပ်ပြီး စုထားတဲ့ငွေတွေပဲ ယူသွားတာပါ " "အ ..အမေ...မိလတ်ဘာတွေ ပြောနေတာလဲ " ခင်လေးနွယ်က အလန့်တကြားနဲ့ မိခင်ကို မေးလိုက်တယ်။ "မိလတ် အရူးမ...နင့်ကို ငါ့ဝမ်းနဲ့လွယ်မွေးထားတာဟဲ့ သိရဲ့လား .... အကြီးမ နင့်အဖေကိုဖုန်းဆက်ခေါ်စမ်း...ဒီအရူးမဘာတွေအရူးထနေတာလဲမသိဘူး ...မအေကိုရင်ကွဲအောင်လုပ်နေတာ" အမေကအငိုသံကြီးနဲ့ ပြောတယ် ကျွန်မကတော့ မျက်ရည်မကျတော့ဘဲ အံကိုတင်းတင်းကြိတ်ထားမိတယ်။ @@@@@@@@@@@@@@@ အပိုင်း(၅) ဇာတ်သိမ်းပိုင်းဆက်ရန် A Kyi Phyu #ဧကြည်ဖြူ * ဇာတ်သိမ်းပိုင်းကို မနက်စောစောတင်ပါမယ်ရှင် *

ကျွန်မရဲ့ စကားမဆုံးခင်မှာပဲ ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ အမေ့ရဲ့လက်ဝါးက ကျွန်မပါးပြင်ပေါ်ကို ခပ်ကြမ်းကြမ်းကျရောက်လာခဲ့ပြီး အမေ့နှုတ်ကနေ ဒေါသတကြီးနဲ့ဆူပူပြောဆိုသံ ထွက်လာခဲ့တယ်။ " မိလတ်...ညည်း..ညည်းဘယ်လိုပြောလိုက်တာလဲ...ဘယ်လိုအဆင့်အတန်းမရှိတဲ့ စကားတွေကိုပြောလိုက်တာလဲ ..ညီအစ်မချင်းတွေကို ယောကျာ်းတစ်ယောက်အတွက် အဲ့ဒီလောက်ပြောရလား ..အခုချက်ချင်း ညည်း အစ်မနဲ့ညီမကို ပြန်တောင်းပန်လိုက်စမ်း " " သမီးမမှားလို့ မတောင်းပန်နိုင်ပါဘူး အမေ " " အေး ..မတောင်းပန်ချင်ရင် ..အိမ်မှာမနေနဲ့နင်သွားချင်ရာကိုသွားတော့ " အမေ့ရဲ့ ဒေါသတကြီး အော်ဟစ်ပြောဆိုသံကို ကျောခိုင်းပြီး ကျွန်မပြေးထွက်လာခဲ့လိုက်တယ်။ အရိုက်ခံလိုက်ရတာက ပါးပြင်ဆိုပေမဲ့ နာကျင်သွားတာက နှလုံးသားပါ။ နာကျင်ရလွန်းလို့ မျက်ရည်ကျဖို့ တောင်မေ့နေခဲ့မိတယ်လေ။ ~~~~ "ရှင်..ရှင်..ဘာလာလုပ်တာလဲ ကိုတိုးစည်သူ..." ခြံဝမှာရပ်နေတဲ့ သူ့ကို ကျွန်မအထိတ်တလန့်မေးလိုက်မိတယ်။ "လတ်လတ်ကို တွေ့ချင်လို့ပါ...မနေ့ကမနက်ကလဲ ဈေးသွားတဲ့လမ်းမှာစောင့်နေခဲ့တာ...ဒီနေ့တော့ရအောင်တွေ့မယ်ဆိုပြီး အိမ်ထိလိုက်လာခဲ့တာပါ " " ဒီမှာ ကိုတိုးစည်သူ ..ရှင်နဲ့ ကျွန်မကြားမှာ ဘာမှမပတ်သက်ဘူးလေ...ကျွန်မတို့ တွေ့စရာ အကြောင်းလဲမရှိပါဘူး " ကျွန်မအပြတ်ပြောပစ်လိုက်တယ်။ "မဟုတ်ဘူး လတ်လတ် .. ကျွန်တော်တို့ တွေ့ရမဲ့ အကြောင်းရှိပါတယ်... ကျွန်တော်လတ်လတ်ကိုချစ်တယ် ..." ကျွန်မသူ့ကို ဖျတ်ခနဲ ကြည့်လိုက်မိတယ်။ "ကျွန်မကိုချစ်တယ်ဟုတ်လား...ကျွန်မကိုချစ်တယ် ပြောပြီး ..ညီမလေးဖူးငုံကို အချိန်မှန်လာတွေ့နေတာပေါ့ ဟုတ်လား." "ဟာ ..လတ်လတ်အထင်မှားနေပြီ...ဖူးငုံဆီကို လာတယ်ဆိုတာက ... ကျွန်တော်နဲ့မျိုးဇော် စပ်တူလုပ်ထားတဲ့ အလုပ်တစ်ခုမှာ....တစ်ဖက်ကန်ထရိုက်က မူမမှန်လို့ တရားစွဲဖို့လုပ်နေလို့ လာနေရတာပါ ..မယုံရင် ဖူးငုံကိုရော ... မျိုးဇော်ကိုရောမေးကြည့်လို့ရပါတယ် " " အို .. ဘာမှလာမပြောနဲ့မသိဘူး...ရှင်ကျွန်မကိုတကယ်ချစ်တယ်ဆိုရင် ..လူကြီးစုံရာနဲ့ လာတောင်းလေ " " တ..တကယ်လားလတ်လတ် ..တ..တကယ်နော် " "ရှင်သာလာတောင်းရဲရင် ... ကျွန်မလက်ခံမှာပါ ... တစ်ခုတော့ရှိတယ် ..ရှင့်မိဘ အကြီးအကဲတွေနဲ့ လာတောင်းပါ ... အခုတော့ ပြန်ပါတော့နော် ... ကျွန်မထပ်ပြီး အရှက်မကွဲချင်တော့လို့ပါ " သူလဲပြောချင်ရာပြော ကျွန်မလဲပြောချင်ရာပြောပြီး ခြံတံခါးကိုပြန်ပိတ်ပစ်လိုက်တယ်။ ~~~~~~~ "အားလုံးကို ကျွန်မတောင်းပန်ပါတယ်ရှင် ...တကယ်လို့.တစ်နေရာရာမှာလုပ်ငန်း ပြန်စဖြစ်တာနဲ့ ဖုန်းဆက်ပြီးအကြောင်းကြားပါ့မယ်နော်...." စက်ချုပ်သမားတွေအားလုံး စိတ်မကောင်းဖြစ်နေကြတယ်။ကျွန်မကတော့ ချုပ်ပြီးသားအထည်တွေကို စက်ရုံကို ပို့လိုက်ပြီးနေရာပြောင်းမှာမို့ တစ်ပတ်လောက်စက်ချုပ်နားမဲ့ အကြောင်းကိုပြောခဲ့လိုက်တယ်။ ~~~~~~ တစ်ညလုံးအိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်နဲ့ ရှိနေခဲ့ပြီး မိုးလင်းတာနဲ့အဖေ့အလစ်ကို ချောင်းနေခဲ့မိတယ်။ကံကောင်းချင်တာလား၊ ကံဆိုးချင်တာလားတော့ မသိဘူး။ အဖေ့က က အပြင်ထွက်သွားခဲ့တော့ ကျွန်မပြောချင်တာတွေ ပြောဖို့ အခွင့်အရေးရခဲ့ပြီလေ။ဒီလို ပြောဖို့အတွက် တစ်ပတ်လုံးလုံးကျွန်မအဆင်သင့်ပြင်ဆင်ခဲ့ပြီး နာနာကျင်ကျင်နဲ့ဆုံးဖြတ်ခဲ့ရတာပါ။ "အမေ .. သမီးစကားနည်းနည်း လောက်ပြောချင်လို့ပါ ..အချိန်ခဏလောက်ပေးပါနော် " အမေက ကျွန်မကို မော့ကြည့်လာတယ်။အမေ့မျက်နှာက တင်းမာခက်ထန်နေ တယ်။ကျွန်မအမေ့ရှေ့မှာ ဒူးထောက်ပြီးထိုင်ချလိုက်တယ်။ "ဖြစ်ခဲ့သမျှကိစ္စတွေအားလုံးအတွက် ... သမီးတောင်းပန်ပါတယ်အမေ ....ဟိုတစ်နေ့က ကိစ္စကလဲသမီးလဲရှက်လွန်းလို့ ပြောလိုက်မိတာပါ...မမခင်လေးနဲ့ မမလေးဖူးငုံကိုလဲ သမီးတောင်းပန်ပါ့မယ် ....သမီးကိုလူမှားပြီး ခေါ်လာခဲ့ကြပေမဲ့ ...သမီးအရင်းလိုသဘောထားပြီး ..ဒီအရွယ်ထိရောက်အောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာတွေအတွက်လဲ ဒီကျေးဇူးတွေကိုမမေ့ပါဘူးရှင် " ကျွန်မပြောနေတာတွေကို အမေက မျက်လုံးအပြူးသားနဲ့ နားထောင်နေပြီမှ "ဟဲ့ ..မိလတ်နင်ဘာစကားတွေ ပြောနေတာလဲ .. ညည်းကိုငါ့ဝမ်းနဲ့ငါကိုယ်တိုင်လွယ်မွေးခဲ့တာဟဲ့ ...ဘာကိုလူမှားပြီး ခေါ်ခဲ့တာလဲ " " အခုချိန်မှတော့ အမေ ဘယ်လိုပြောပြော သမီးမယုံတော့ပါဘူးအမေ...သမီးကအမေတို့နဲ့ ရုပ်လဲမတူဘူး...ပြီးတော့ အဖေကလဲသမီးကို ဂရုမစိုက်သလို ..အမေကလဲ သမီးကိုအမြဲနှိမ်ခဲ့တာလေ .. ကိုကိုကြီးလဲဒီအတိုင်းပါပဲ ...မမခင်လေးနဲ့မမလေးဖူးငုံကိုပဲချစ်တာပါ ... ကျွန်မကိုတော့ သူ့ခိုင်းဖက်လို့ပဲ သဘောထားခဲ့တာပါ ... အခုဒါတွေအားလုံးကို သမီးနားလည်သွားပြီမို့ အားလုံးကို သမီးကပဲ တောင်းပန်ပါတယ် အမေ...သမီးအနေနဲ့ အမေတို့ကို ကျေးဇူးကန်းတာမဟုတ်ပေမဲ့ .. ဒီမှာဆက်နေဖို့ မဖြစ်နိုင်တော့တာမို့ ... အမေတို့ရဲ့အိမ်ကနေ ပြောင်းသွားပေးပါ့မယ်... သမီးပြောင်းသွားခဲ့ရင်လဲ ...မမခင်လေးမ၀တ်ချင်လို့ ပေးထားတဲ့အဝတ်အစားတွေအားလုံး ပြန်ပေးခဲ့ပါ့မယ် ..အမေဆင်ပေးထားတဲ့ နားကပ်လေးလဲ ထားခဲ့ပါ့မယ် ..ပြီးတော့အမေဝယ်ပေးထားတဲ့ အပ်ချုပ်စက်လေးကိုလဲ ထားခဲ့ပါ့မယ် "

#အလတ်မလေး အပိုင်း ၄ akyiphyu ***** "ဘယ်လိုမေးလိုက်တာလဲ မိလတ်ရယ် ....မိန်းခလေးဆိုတာ ပြင်ပြင်ဆင်ဆင်တော့ ရှိရတာပေါ့ကွယ်..ဟိုက ညစ်တီးညစ်စုတ်ကြီးမြင်ရင် သဘောကျပါမလား " " ဟုတ်ကဲ့ပါ အမေရယ် ...သမီး စဉ်းစားလိုက်ပါအုံးမယ်နော်.... " " မိဘကစီမံပေးတာကို ညည်းကဘာစဉ်းစားစရာလိုလို့လဲ....မျိုးရိုးကောင်းသူဋ္ဌေးသားကိုရဖို့က လွယ်တယ်ထင်လို့လား " " တော်ပါတော့ အမေရယ် ..သမီးဘဝလဲတန်ဖိုးတစ်စက်မှ မရှိတော့သလိုပါပဲ " ကျွန်မတိုးတိတ်စွာပဲ ပြောလိုက်မိတယ်။ ~~~~~ "အဖေ " ကျွန်မအဖေ့ကို ခေါ်လိုက်တော့ အဖေကအံ့ဩဟန်နဲ့မော့ကြည့်လာတယ်။ကျွန်မအဖေ့ရဲ့ ဝေယျာဝစ္စတွေကို အမြဲ လုပ်ပေးနေခဲ့ပေမဲ့ အဖေနဲ့ စကားကောင်းကောင်းမပြောဖြစ်ခဲ့တာကြာပြီလေ။ ကျွန်မ လက်ထဲမှာပါလာတဲ တိုက်ပုံအင်္ကျီထုပ်လေးကို အဖေ့လက်ထဲထည့်ပေးလိုက်တယ်။ "သမီး အထည်တွေသွားပို့ရင်းနဲ့ အဖေ့အတွက် တိုက်ပုံအင်္ကျီဝယ်လာခဲ့လိုက်တာ ....အဖေကြိုက်ပါ့မလားတော့ မသိဘူး " အဖေက အင်္ကျီထုပ်ကို လှမ်းယူရင်းနဲ့ ကျွန်မကိုသေချာကြည့်တယ်။ပြီးတော့ အင်္ကျီကို ၀တ်ကြည့်တယ်။အင်္ကျီက အပိုအလိုမရှိကွက်တိပဲ။ "သမီးတစ်ယောက်ပဲ ..အဖေ့ကိုယ်တိုင်းအမှန်ကိုသိတာပဲ " အဖေ့ရဲ့ချီးကျူးစကားကြောင့် ကျွန်မရင်ထဲမှာ ကြည်နူးသွားမိတယ်။ "အဖေကတရားသူကြီးဆိုတော့ ...သမီမေးခွန်းတစ်ခုလောက်မေးချင်တယ် အဖေ " " အမယ် ..ငါ့သမီးက အင်္ကျီဝယ်ပေးပြီး ..မေးခွန်းမေးတာပေါ့လေ ..ကဲ ...ဘာမေးမှာလဲမေးလေ " "ဟို ..ဒီလိုပါအဖေ..သမီးကလေ.. အဖေနဲ့အမေ့လိုလဲမချောဘူး ..အဖေ့လိုလဲ ဉာဏ်ရည်မထက်ဘူး ....အဲ့ဒါသမီးကို တကယ်ပဲ ...ဘုရားပွဲဈေးကလူမှားပြီးခေါ်လာခဲ့တာများလားလို့ပါ အဖေရယ် " " တယ် ..ဒီကောင်မလေး ဘာများလဲလို့ ..ဖအေကို လာပြောင်နေတယ် ... ညည်းအသက်က (၁၇)နှစ်မဟုတ်ဘူးနော် ..(၂၇) နှစ်သိရဲ့လား ... ငါရိုက်လိုက်လို..သွားတော့ ..သွား..သွား " " ဟုတ်ကဲ့ပါ အဖေ .. သမီးက မွေးစားသမီးဖြစ်လဲ ...အဖေနဲ့အမေ့ကိုချစ်ပါတယ်နော် " ကျွန်မပြောပြီးတာနဲ့ စာကြည့်ခန်းထဲက ထွက်လာခဲ့လိုက်တယ်။ရင်ထဲမှာလဲ တလှိုက်လှိုက်နဲ့ ဝမ်းနည်းနေမိတယ်။ ~~~~ "လတ်လတ် " အိမ်ထဲကို ကျွန်မဝင်လိုက်ချိန်မှာ တိုးစည်သူကိုတွေ့လိုက်ရတော့ ရုတ်တရက်လန့်ဖျပ်သွားမိပြီး မီးဖိုခန်းထဲကိုဝင်ပြေးဖို့ ကြိုးစားလိုက်မိတယ်။ဒါပေမဲ့ ကျွန်မနောက်ကျသွားမိတယ်။ "လတ်လတ် ကျွန်တော့်ကိုမခင်ချင်ဘူးလားဟင် ... လတ်လတ် ကြည့်ရတာ ..ကျွန်တော့်ကို ရှောင်နေသလိုပဲ ..မနက်ဘက် ဈေးသွားတာလဲ မတွေ့ဘူး " သူကအသံခပ်တိုးတိုးနဲ့ ပြောလာတော့ ကျွန်မခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ "ကိုတိုးစည်သူနဲ့ကျွန်မက .. အခြေအနေချင်းမတူလို့ပါရှင် ..ကိုတိုးစည်သူက ပညာတတ်သူဌေးသားပါ ... ကျွန်မကတော့ ဖူးငုံတို့မိဘတွေက မွေးစားထားတဲ့ ပညာမတတ် ဘာမတတ်တဲ့သူပါ...အဖေနဲ့အမေ့ကျေးဇူးကြောင့် ကျွန်မဘ၀ ဒီလောက်တောက်ပြောင်နေတာ ပါ ...ဒါကြောင့် ကျွန်မကိုမခင်ချင်ပါနဲ့ " မဟုတ်တာတွေရော၊ဟုတ်တာတွေရော ကျွန်မပြောပစ်လိုက်တယ်။ယောက်ျားတွေကြောင့် အနှိမ်ခံအပြောခံနေရတဲ့ဘ၀ကိုလဲ ကျွန်မတကယ်စိတ်ပျက်နေပါပြီ။ " လတ်လတ်ရယ် ... ဘာတွေ ပြောနေတာလဲဗျာ ... ကျွန်တော်ကလတ်လတ်ကိုခင်တာပါ .. ကျန်တဲ့ကိစ္စတွေကို ဘာမှစိတ်မဝင်စားပါဘူးဗျာ ....မှန်တာပြောရရင် ... ကျွန်တော်ပထမဆုံး လာခဲ့တုန်းက ... ခြံတံခါးလာဖွင့်ပေးတဲ့လတ်လတ်ကို ...မြင်မြင်ချင်းမှာပဲ ..." "ဆောရီနော် ..ကိုတိုးစည်သူ ...ဖူးငုံနည်းနည်းလေးနောက်ကျသွားတယ်... " အသံနဲ့အတူအနားကို ရောက်လာတဲ့ ဖူးငုံကြောင့် တိုးစည်သူရဲ့ စကားအဆုံးမသတ်ခင်မှာပဲ ရပ်တန့်သွားခဲ့ရတယ်။ ကျွန်မလဲ သူတို့နားကနေ ခပ်မြန်မြန်ထွက်လာခဲ့လိုက်တယ်။ရင်ထဲမှာလဲ တလှပ်လှပ်နဲ့ခုန်လှုပ်နေခဲ့ပြီး "ကျွန်မ ရှင့်ကိုမချစ်ရဲပါဘူး ကိုတိုးစည်သူရယ်"လို့ ရေရွတ်လိုက်မိတယ်။တကယ်ပဲ ကျွန်မတို့က အခြေအနေတွေမတူကြဘူး မဟုတ်လား။ ~~~~ "လူလစ်တာနဲ့ စကား၀င်ပြောမယ်ဆိုတာချည်းပဲ ..မလတ်မရှက်တတ်ဘူးလား ... အရှက်မရှိဘူးလား " " နင်မမိုက်ရိုင်းနဲ့ ဖူးငုံ ...ငါက သူရောက်နေမှန်းမသိလို့ ..အိမ်ထဲဝင်လာခဲ့မိတာ .. ပြီးတော့ သူကအရင်စကားလာပြောတာ ..ငါပြောတာမဟုတ်ဘူး ..." "မိလတ်ရယ် ....နင်ကလဲနင်ပဲ ... တိုးစည်သူက ဖူးငုံကို စိတ်ဝင်စားနေမှန်းသိသိနဲ့ ဘာလို့ သူ့ကိုအတင်းလိုက်ရောနေရ တာလဲ ....ညီမရဲ့ချစ်သူကို နင် အတင်းလိုက်ရောနေတာကို မရှက်ဘူးလား " မခင်လေးရဲ့အသံကခပ်စွာစွာပေါ်ထွက်လာခဲ့တယ်။ကျွန်မ တော်တော်လေးကို စိတ်တိုနေတာမို့ မခင်လေးကို ပြန်အော်ပစ်လိုက်မိတယ်။ "မမခင်က ဘာတွေသိလို့ ဝင်ပြောနေရတာလဲ ..ဖူးငုံနဲ့ တိုးစည်သူက ကြိုက်နေကြပြီလား ပြောပါအုံး ...တိုးစည်သူက ဖူးငုံကို ကြိုက်တယ်လို့ပြောပြီးပြီတဲ့လား ... ဘာမှမသိကြဘဲ ကိုယ်ထင်ရာကိုတွေးနေပြောနေတဲ့ မမခင်တို့ ညီအစ်မကမှ ... သိက္ခာမရှိဘဲလင်တရူးနေကြတာ သိရဲ့လား.... " " ဖြန်း "

အခန်းထဲက စကားသံတွေကိုနားထောင်ပြီး ကျွန်မစိတ်တိုတိုနဲ့ လက်ထဲမှာပါလာတဲ့ အဝတ်ခြင်းကို အခန်းရှေ့က လမ်းလယ်ခေါင်မှာ ချပစ်ခဲ့လိုက်တယ်။အလကားအစုတ်ပလုတ်ညီအစ်မတွေ။ပညာတတ်မှ ညီအစ်မတော် ချင်တဲ့သူတွေ။ ကျွန်မက အတန်းပညာမတတ်ပေမဲ့ အသက်မွေးဝမ်းကျောင်း ပညာ တတ်တာကို သူတို့မေ့နေကြပုံရတယ်။တစ်ချိန်မှာ ကျွန်မလဲ အထည်ချုပ်စက်ရုံပိုင်ရှင်ကြီးဖြစ်လာနိုင်တာကို သူတို့ စဉ်းစားမိကြပုံမရဘူး။ ~~~~~ "မိလတ်ခဏထိုင်အုံး..." အမေ့ဆီကို နွားနို့သွားပို့ချိန်မှာ အမေ့ကနုညံ့ချိုသာတဲ့ အသံလေးနဲ့ ပြောလာခဲ့တယ်။ကျွန်မအမေ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။ ''ဟုတ်ကဲ့ အမေပြောပါ " " အင်း.. ဒီမှာ ..ဓါတ်ပုံကို ကြည့်ပါအုံး " အမေပေးတဲ့ ဓါတ်ပုံကို ကျွန်မယောင်ဝါးဝါးနဲ့ ယူကြည့်လိုက်မိတော့ ဓါတ်ပုံထဲမှာ အသက်လေးဆယ်အရွယ် ယောကျာ်းတစ်ယောက်ကို တွေ့လိုက်ရတယ်။ အသားမည်းမည်း နဖူးပြောင်ပြောင်နဲ့ ပုံကို ကြည့်ပြီး ကျွန်မအမေ့ကို မေးလိုက်မိတယ်။ "ဘယ်သူ့ပုံလဲ အမေ ... အညာကအမျိုးတွေလား " " အင်း ..အညာဘက်ကတော့ ဟုတ်တယ် ..အမျိုးတွေတော့ မဟုတ်ပါဘူး .. သူ့နာမည်က မောင်ထွန်းမင်းတဲ့ ..အသက်ကသုံးဆယ့်ရှစ်နှစ်...တစ်ဦးတည်းသောသားလေ .... တောသူဌေးတွေပေါ့ ...ဆန်စက်တွေလဲပိုင်တယ် ..မကြာခင်မှာ ဘုရင့်နောင်မှာပွဲရုံဖွင့်မယ်လို့လဲပြောတယ် " " ဟုတ်ကဲ့ အမေ ... ချမ်းသာသားပဲနော် ... ဒါနဲ့ ဘာလို့ အဲ့ဒါတွေ သမီးကိုပြောနေရတာလဲ အမေ " ကျွန်မနားမလည်နိုင်ဘဲ မေးလိုက်မိတယ်။ "အင်း .. သူကသမီးကို သဘောကျလို့ လက်ထပ်ချင်လို့တဲ့လေ " "ရှင် ... သူက သမီးကိုဘယ် လိုတွေ့သွားလို့ ...သဘောကျသွားရတာလဲအမေ " ကျွန်မနားမလည်နိုင်စွာ မေးလိုက်မိတယ်။ ''ဟိုလေ ....အညာက သမီးအဖေအမျိုးတွေက ..သမီးဓါတ်ပုံကို ပြလိုက်လို့တဲ့လေ .. အဲ့ဒါ ရှေ့လကုန်မှာ ..သူရန်ကုန်ကို လာလိမ့်မယ် ..ပြီးရင်အမေတို့ အိမ်မှာတည်းမှာ ... သမီးကောင်းကောင်းမွန်မွန် ဧည့်ခံပေးလိုက်ပေါ့ ....သမီးရဲ့လုပ်ပုံကိုင်ပုံတွေကိုမြင်ရင် ..မောင်ထွန်းမင်းက သဘောကျမှာပါကွယ် ..သူကအလိမ္မာအိမ်ပါ လေးကို လိုချင်တာတဲ့လေ " "ရှင် " ကျွန်မအမေ့ကို အံ့ဩစွာနဲ့ကြည့်နေမိတယ်။အမေပြောနေပုံက ကျွန်မကပဲလင်သိပ်လိုချင်နေတဲ့ပုံမျိုးဖြစ်နေပါရောလား။ " အ ..အဖေရော သိလားအမေ...အဖေ ဘာပြောသေးလဲဟင် " ကျွန်မအလောတကြီးမေးလိုက်မိတယ်။ "သမီး အဖေကလဲသဘောတူပါတယ်ကွယ် ..သမီးလေးယောကျာ်းကောင်းကောင်းမွန်မွန်နဲ့ရမှာကို ..သူလဲ သဘောကျနေတယ်လေ " " ဪ ..အမေရယ် " လို့သာ ကျွန်မနှုတ်က တိုးတိုးလေး ရေရွတ်လိုက်မိတော့တယ်။သမီးတွေချင်းတူတူတောင် ကျွန်မအပေါ် ရက်စက်လိုက်တာအမေရယ်လို့ပဲကျွန်မတွေးလိုက်မိပါတော့တယ်။ " အကြီးမနဲ့အငယ်မကြားမှာ ..အမေ့သမီးမျက်နှာငယ်ရတာ ..အားငယ်နေရတာကို အမေမတွေ့ချင်ဘူးမိလတ်... ကိုယ်နဲ့ တူညီတဲ့သူပဲ ကောင်းပါတယ် သမီးရယ် ...အဆင့်ကျော်လှမ်းရင် ပင်ပန်းပါတယ်ကွယ် ..ကဲ... ရောဒီမှာ အမေမုန့်ဖိုးပေးတာ ...အဲ့ဒီငွေနဲ့ မြန်မာဆန်ဆန်၀တ်စုံသုံးလေးစုံချုပ် လိုက် .. ပြီးတော့ ဒီမှာ အလှပြင်ဆိုင်လိပ်စာကတ်...သမီးဆံပင်တွေကိုသွား ကောက်ရမယ်...ဒါတွေအားလုံးကို မောင်ထွန်းမင်းရောက်မလာခင်အပြီးလုပ်ထားနော် သမီး " ပြောပြီးတာနဲ့ အမေက နွားနို့ဖန်ခွက်ကို ယူသောက်လိုက်တယ်။ ကျွန်မ အမေ့မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်မိတယ်။ "အမေ .. သမီးအရမ်းရုပ်ဆိုးနေတာလားဟင် .. ယောက်ျားတစ်ယောက်ရဖို့အတွက် .. အလှတွေပြင်ရမှာလားဟင်.." @@@@@@@@@@@@@@ အပိုင်း (၄ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

ဘယ်သူနဲ့မှစကားမပြောဘဲနေတာက အကောင်းဆုံးပဲလေ။ ~~~~ ဈေးဖိုးခြင်းထဲမှာငွေခြောက်သောင်းကိုတွေ့လိုက်ရတယ်။ခင်လေးနွယ်တို့ရဲ့အမေဒေါ်ရီရီနွယ်ပဲလေ။ ဒီလောက်တော့ မာနကြီးလိမ့်မပေါ့လို့ တွေးလိုက်မိတယ်။ကျွန်မ ငွေခြောက်သောင်းကိုကိုင်ပြီး ဈေးကိုထွက်လာခဲ့လိုက်တယ်။ ~~~~ "တီ ..တီ " ဒီနေ့တနင်္ဂနွေနေ့လေ။ခြံဝက ကားဟွန်းသံကြားပေမဲ့ ကျွန်မစက်ခုံပေါ်ကနေ တုပ်တုပ်မှမလှုပ်မိဘူး။စက်ချုပ်သမားလေးက ကျွန်မကိုလှမ်းကြည့်တယ်။ "မလတ် ..ညီမသွားဖွင့်ပေးလိုက်ရမလားဟင် " "ရတယ် သီတာ ..ထားလိုက်ပါ ....အဲ့ဒါက အငယ်မတို့ ဧည့်သည်လေ... မလတ်နဲ့ မဆိုင်လို့ တံခါးသွားဖွင့်ပေးစရာမလိုဘူး " ကျွန်မပြောပြီးတာနဲ့ ခေါင်းကိုငုံ့ပြီး စက်ချုပ်နေလိုက်တယ်။အိပ်မက်ထဲကချစ်သူတွေဘာတွေလဲသွားတော့။စိတ်မဝင်စားတော့ဘူး။ ကျွန်မအဖြစ်က အငယ်မပြောတာလဲဟုတ်တယ်။မျိုးဇော်ဆိုတဲ့လူကိုဖူးစာရှင်မှန်းသိသိနဲ့တိုးစည်သူဆိုတဲ့လူက လက်လာကိုင်တော့လဲရင်ခုန်မိပြန်တယ်။တကယ်ပဲအငယ်မပြောသလို ကျွန်မဣန္ဒြေသိက္ခာမဲ့နေခဲ့ပြီလားမသိ။ဒီလိုတွေးမိတော့လဲ ကိုယ့်ကိုယ်ကိုယ်ပင် ရွံရှာမိသလိုလိုဖြစ်လာတယ်။ ~~~~ "ပွမ် ..ပွမ်..." ဈေးဆွဲခြင်းကြီးကို မနိုင်မနင်းဆွဲလာပြီးလျှောက်နေစဉ်မှာ ကားဟွန်းတီးသံကြားလို့ ကျွန်မငဲ့စောင်းကြည့်လိုက်မိတော့ တိုးစည်သူဆိုတဲ့လူကို တွေ့လိုက်ရလို့ အံ့ဩသွားမိတယ်။ " လတ်လတ် ဈေးကပြန်လာတာလား ..ဈေးခြင်းကလေးပုံပဲ...ကျွန်တော်ပြန်လိုက်ပို့ပေးမယ်လေ ....." ပြောပြောဆိုဆိုနဲ့ ကားပေါ်ကဆင်းလာတဲ့သူ့ကို ကျွန်မအကြောင်းသားနဲ့ ငေးကြည့်နေမိတယ်။သူက ဖျတ်ခနဲကျွန်မဘေးနားရောက်လာပြီး လက်ထဲကဆွဲခြင်းကို ယူသွားတယ်။အဲ့ဒီအချိန်မှ ကျွန်မလဲသတိဝင်လာမိပြီး အတင်းငြင်းမိတော့တာ။ဆွဲခြင်းကတော့ ကားပေါ်ရောက်သွားခဲ့ပြီးလေ။ "ဟို ..ရပါတယ် ကိုတိုးစည်သူ....ကျွန်မလမ်းလျှောက်ပြန်နေကြပါ " "လာပါ လတ်လတ်ရယ် ... ကျွန်တော်လဲ လမ်းကြုံပါတယ် ..ပြီးတော့ ခြင်းကအလေးကြီးမို့ပါ ...လတ်လတ်ကို ကျွန်တော်ကိုက်မစားပါဘူးဗျာ ...မိတ်ဆွေတွေလိုခင်လို့ပါ " သူကမွန်မွန်ရည်ရည်နဲ့ ပြောလာတော့လဲ ကျွန်မ မငြင်းတော့ပါဘူး။တော်ကြာ အလကားနေဟန်လုပ်ပြီးမူနေတယ်ထင်မှာစိုးလို့လေ။ သူက ရိုးသားစွာ ခင်မင်တာကို ကိုယ့်ဘက်ကတလွဲတွေးပြီး ဟန်လုပ်နေတာမျိုးကလည်း ကျွန်မပုံစံမဟုတ်ဘူးလေ။ "လတ်လတ် ကျွန်တော့်ကိုတစ်မျိုးမထင်နဲ့နော် ....ကျွန်တော့်စိတ်ထဲမှာလေ...လတ်လတ်ကို ရင်းရင်းနှီးနှီးသိနေသလိုမျိုး ခံစားနေရတယ်..ဒါပေမဲ့ သေချာတာက လတ်လတ်ကို လတ်လတ်တို့အိမ်ကို ပထမဆုံးရောက်ဖူးတဲ့နေ့ကမှ မြင်ဖူးတာဆိုတာသေချာတယ် " ကျွန်မသူ့ကို ငေးကြည့်နေမိတယ်။ "ကျွန်တော့်အသက် (၂၇) နှစ်ပါလတ်လတ် ... စီးပွားရေးဘွဲ့ယူထားပြီး ... ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလဲရှိပါတယ်....ညီအစ်ကိုနှစ်ယောက်မှာ သားငယ်ပါ ... ကျွန်တော့်ကိုယ်ပိုင်ငွေနဲ့ဝယ်ထားတဲ့.. အိမ်နဲ့ခြံလဲရှိပါတယ်...ဟို...ပြီးတော့ အရင်တုန်းကတော့.... ရည်းစားနှစ်ယောက်လောက်တော့ထားဖူးပါတယ် ... အခုလက်ရှိတော့ ရည်းစားလဲမရှိပါဘူး ....အဖေ့ရဲ့ဈေးဝယ်စင်တာတွေမှာ ..ကိုယ်ပိုင်ဖုန်းဆိုင်နှစ်ဆိုင်လဲရှိပါတယ်..." "ရှင် ..ဟုတ်ကဲ့ ..၀မ်းသာပါတယ် " သူပြောပြနေတာကို ကျွန်မ ကြောင်တိကြောင်တောင်နဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။ "ဟို .. ဟို ..လတ်လတ်မှာရော ချစ်သူရှိလားဟင် " သူ့မေးခွန်းအဆုံးမှာ ကားကခြံဝကို ရောက်လာခဲ့တာမို့ ကျွန်မကားပေါ်ကဆင်းဖို့ပြင် လိုက်တယ်။ "ဟို ..လတ်လတ်ရဲ့ ဖုန်းနံပတ်လေး ကျွန်တော့်ကိုပေးပါလားဟင် " " ဪ .. ဘယ်သူများလဲလို့ ကိုတိုးစည်သူပါလား...မလတ်နဲ့ လမ်းမှာဆုံလာတာထင်တယ် " ရုတ်တရက်ခြံဝက ထွက်လာတဲ့ ဖူးငုံရဲ့မေးသံကြောင့် ကျွန်မဆွဲခြင်းကိုဆွဲပြီး ခြံထဲကို အမြန်ဝင်လာခဲ့လိုက်တယ်။ ~~~ ~ "ဒါကြီးကတော့ မလတ်တရားလွန်သွားပြီ မမခင်ရဲ့ ... အစကတော့ ကိုမျိုးဇော်ကို စိတ်ဝင်စားဟန်ပြပြီး ..ကိုတိုးစည်သူကိုတွေ့တော့ ..ချက်ချင်းလူပြောင်းပြီး ကပ်သွားတာလေ ... မနက်ကလဲ ဈေးကအပြန်မှာ ကိုတိုးစည်သူရဲ့ကားနဲ့လမ်းကြုံလိုက်လာတာ မမခင်ရဲ့ " " ဟုတ်လား....အလတ်မက မလွယ်ပါလား ..ဒါနဲ့ဖူးငုံက ဘယ်သူ့ကို စိတ်ဝင်စားတာလဲ ပြောပါအုံး..." "ဒါကတော့ အရှင်းကြီးပဲလေ မမရယ်... ပညာချင်းရောဥစ္စာ ချင်းရောတူနေမှတော့ ... ရုပ်ရည်ပိုသာတဲ့သူကိုပဲရွေးမှာပေါ့ မမရယ် ....ကိုတိုးစည်သူကလဲ ..ညီမလေးကို စိတ်ဝင်စားလို့သာ ကိုမျိုးဇော်ရဲ့ အလုပ်ကိစ္စမှာ ..သူနဲ့ မဆိုင်ဘဲ လိုက်လိုက်လာတာလေ ... မလတ်ဒီလိုပေါက်ကရလျှောက်လုပ်နေလို့ ...ဖူးငုံတို့ကို အထင်သေးသွားမှာ သိပ်ကြောက်တာပဲ မမခင်ရယ် " " အင်း .. ဒါတော့ဟုတ်တယ် ..ဒီကိစ္စကို အမေ့ကိုပြောခိုင်းရမယ် ... တို့တွေကိုယ်တိုင်သွားပြောရင်တော့... သူဘယ်လောက်စွာနဲ့ညီမလေးလဲ သိတယ်မဟုတ်လား "

အမေက အသံမာမာနဲ့ ဟန့်လိုက်တာမို့ ကျွန်မတို့အားလုံး ငြိမ်ကျသွားကြတယ်။ရင်ထဲမှာ ဝမ်းနည်းလွန်းလို့ မျက်ရည်တွေက ပါးပြင်ပေါ်ကို စီးကျလာခဲ့တယ်။ကိုယ့်ဘက်ကတော့ ချစ်လိုက်ရတဲ့ ညီအစ်မတွေ။အစ်မဆိုလဲ အစ်မမို့ချစ်လိုက်ရတာ။ သူတို့စာမေးပွဲရက်တွေဆိုရင် ကျွန်မမှာ အလိုက်တသိနဲ့ သူတို့စားဖို့ သောက်ဖို့ လုပ်ပေးလိုက်ရတာ။ ကျောင်းသွားတော့မယ်ဆိုရင်လဲ မီးပူတိုက်ပြီးသား အဝတ်အစားကို အဆင့်သင့်လုပ်ပေးခဲ့တာ။ ဖိနပ်ကအစအဆင်သင့်တိုက်ပေးထားခဲ့တာ။ဒါက မမခင်တစ်ယောက်တည်းကိုပဲ လုပ်ပေးခဲ့တာမဟုတ်ပါဘူး။အငယ်မဖူးငုံကိုလဲ ဒီအတိုင်းပါပဲ။တကယ်ဆို့ဖူးငုံနဲ့က သုံးနှစ်ပဲ ကွာပေမဲ့ ညီမအထွေးဆုံးလေးမို့ ပိုပြီးချစ်ခဲ့မိတာ။ သူတို့တွေနေမကောင်းလို့များ ဟိုဟာဒီဟာစားချင်တယ်ဆိုရင် ကျွန်မမှာမီးဖိုထဲက မထွက်စတမ်းချက်ပြုတ်ပေးခဲ့ရတာ။ ဒါတင်မကသေးဘူး သူတို့သူငယ်ချင်းတွေ အုပ်စုလိုက်ကြီးရောက်လာခဲ့ရင်လည်း ကျွန်မဘယ်တော့မှ မျက်နှာတစ်ချက်မပျက်ခဲ့တဲ့သူပါ။ "အမေ့သမီးကို သိပ်ပြီးအလိုမလိုက်နဲ့နော် အမေ .. သူ့အသက်က ငယ်တော့တာမဟုတ်ဘူး ..ရူးသလိုပေါသလိုနဲ့ သမီးတို့ကို အရှက်ခွဲနေတာ ..ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်မကိုင်နိုင်ရင်လဲ ....အစ်မတွေညီမတွေရှာကျွေးနေတာကို အေးအေးဆေးဆေးထိုင်စားပေါ့ ..အခုတော့ လူကသာ ကိုယ့်ထမင်းကိုယ်မရှာစားနိုင်တာ ..လင်ကလိုချင်သေးတယ် .. ဒါက သမီးတို့ကိုသက်သက် အရှက်ခွဲနေတာ အမေရဲ့ " မမခင်လေးနွယ်က မညှာမတာပြောချလာတယ်။ဒီတော့ အငယ်မကလဲ ဝင်ပြောပြန်တယ်။ "ဟုတ်တယ် အမေ ... မလတ်က ဖူးငုံတို့ညီအစ်မတွေရှာကျွေးနေတာကို ထိုင်စားပြီး ..အေးအေးမနေဘူး ..ပညာမတတ်အဆင့်မရှိတာကို လူသိအောင်အမြဲလုပ်နေတာ မေမေရဲ့ ... ဟိုအရင်ကလဲ ..သမီးတို့ သူငယ်ချင်းကောင်လေးတွေလာရင် .. အရှက်မရှိသူအတင်းလိုက်ကြည့်နေတာလေ .. အခုလဲ မလတ်လုပ်နေပုံနဲ့ကိုမျိုးဇော်နဲ့ ကိုတိုးစည်သူက ..သမီးတို့ကို ဘယ်လောက် အထင်သေးလိုက်မလဲ...ဖူးငုံတော့ သိပ်ရှက်တာပဲ " " ဟဲ့ ..ဟဲ့...ငါအမေတစ်ယောက်လုံးပြောနေတယ်လေ .. နင်တို့နှစ်ယောက်လုံး မတော် နိုင်ကြဘူးလား..မိလတ်လဲသွားတော့လို့ ပြောနေတယ် မကြာဘူးလား " အမေ့အသံက ဟိန်းခနဲထွက်လာတယ်။ကျွန်မအံကိုတင်းတင်းကြိတ်လိုက်ပြီးတော့ ကျွန်မအလုပ်ခန်းထဲကိုပြေးသွားပြီး စာရင်းစာအုပ်ကို သွားယူလိုက်တယ်။ ~~~~ ကျွန်မဧည့်ခန်းထဲကို ပြန်ရောက်ချိန်မှာ အမေနဲ့မခင်လေးရယ်ဖူးငုံတို့ စကားပြောနေတာကိုတွေ့လိုက်ရတယ်။ ကျွန်မ လက်ထဲကစာအုပ်ကို စားပွဲပေါ် ကိုဘုတ်ခနဲ ပစ်ချပေးလိုက်တယ်။အမေတို့သုံးယောက် ကျွန်မကို မျက်လုံးပြူးကြီးတွေနဲ့ မော့ကြည့်လာကြတယ်။ "အဲ့ဒီမှာ ဈေးစာရင်းစာအုပ်ပဲ အငယ်မ ..နင်နဲ့မမ အမေ့ကို လခဘယ်လောက်အပ်လဲ ငါစိတ်မ၀င်စားဘူး ... နင်တို့တွေ ဘွဲ့တွေရဖို့ ကုမ္ပဏီကောင်းတွေမှာအလုပ်ရဖို့ ...အမေနဲ့အဖေ ငွေဘယ်လောက်ကုန်ခဲ့လဲ နင်တို့ပိုသိမှာပေါ့ ..ငါ့အတွက်တော့ အပ်ချုပ်စက်လေးတစ်လုံးပဲ ဝယ်ပေးခဲ့တာပါဟဲ့ ..နင်တို့တွေ ပညာတွေသင် ...အလုပ်တွေလုပ်တော့လဲ နင်တို့ဖိနပ်က အစအတွင်းခံအထိ..အခုချိန်ထိငါလျှော်ပေးလာခဲ့တာပါ ..နင်တို့စားဖို့ကိုလဲ ငါပဲအပင်ပန်းခံချက်ပြုတ်ပေးခဲ့တာပါ ...နင်တို့ အလုပ်တွေရတော့ ငါ့ကိုဖိနပ်တစ်ရံတောင်ဝယ်ပေးဖူးကြလား ပြောပါအုံး....မမခင်လေးလဲ မဝတ်ချင်တော့တဲ့ အဝတ်အစားတွေကို မိလတ်ကို ပေးလို့ ကျေးဇူးတင်ပါတယ်နော် ..ပြီးတော့ ပြောရအုံးမယ် ..ဘာတဲ့ ..မိလတ်ကဒီအိမ်မှာထိုင်စားနေတာဟုတ်လား ...အဲ့ဒီမှာ စာရင်းစာအုပ်ရှိတယ်..စျေးနှုန်းတွေကိုကြည့် ..အမေပေးတာက တစ်နေ့ကို ဈေးဖိုးသုံးသောင်း...ဒီအိမ်ရဲ့ ကုန်ကျစရိတ်က ... တစ်နေ့ကိုငါးသောင်းအတွင်းမှာရှိတယ် .. လိုတဲ့ပိုက်ဆံကို ဘယ်ကရတယ်ထင်လို့လဲ ... မိလတ်အလုပ်က ရတာသိကြရဲ့လား ...ဒါတောင် ဟင်းတွေကို ထမင်းချိုင့်ထဲ အကုန်ထည့်ပေးလိုက်လို့ ..အသားဟင်းမပါဘဲစားရတဲ့နေ့တွေအများကြီးရှိတယ် ... မိလတ်ကလင်တရူးနေတာပေါ့ ဟုတ်လားမမခင် ... တိုးစည်သူလား ဘာလား..သူ့ကိုမေးကြည့်လိုက်ပါအုံး ..မိလတ်က သူ့ကိုစကားအရင်သွားပြောတာလားလို့ မေးကြည့်လိုက်အုံး ... စိတ်ချပါ နောက်နောင် မမတို့ဧည့်သည်တွေကို ဧည့်ခံပေးဖို့ စိတ်ကူးလဲမရှိတော့ပါဘူး...မိလတ်ကို အထင်သေးစော်ကားနေတာတွေ ရပ်လိုက်ကြတော့ ..ဒီအိမ်မှာ မိလတ်ကမိဘဆီကငွေကိုမဖြုန်းဆုံးလူ...ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီး မမတို့ဆီမှာ ကျွန်ခံပေးနေတာ မမတို့ကိုချစ်လို့ သိရဲ့လား ..မမတို့ မိ လတ်ကို မပတ်သက်ဘဲနေချင်လဲနေကြ ..မိလတ်နဲ့ မမတို့နဲ့ မပတ်သက်ချင်တော့ဘူး " ပြောချင်တာတွေ ပြောပြီးတာနဲ့ ကျွန်မလှည့်ထွက်လာခဲ့လိုက်တယ်။ အခုလိုတွေပြောချလိုက်ရတော့ ရင်ထဲမှာလဲ ပေါ့သွားသလို ခံစားလိုက်ရတယ်။ ~~~~~ ကျွန်မစိတ်ဆိုးနေပေမဲ့ ညစာချက်ပေးပြီးထမင်းဝိုင်းပါပြင်ပေးလိုက်ပါတယ်။ပြီးတော့ စက်ချုပ်ခန်းထဲဝင်ပြီး အတွင်းကနေတံခါးပိတ်ထားလိုက်ပြီး သီချင်းပါဖွင့်ထားလိုက်တယ်။စက်ခုံပေါ်တင်ထားတဲ့ ဖုန်းကတတီတီမြည်နေလို့ ဖုန်းကိုချပစ်လိုက်တယ်။ဒီအချိန်မှာ အမေ့နဲ့လဲ စကားမပြောချင်ဘူး ။ နာနာကြည်းကြည်းနဲ့စကားထဲမှာ ရိုင်းတာတွေပါသွားခဲ့ရင် ကျွန်မပဲ ငရဲကြီးမှာ။ကျွန်မပဲ ရင်နာရမှာလေ။ဒါကြောင့် ဒီအချိန်မှာ

#အလတ်မလေး (အပိုင်း ၃) akyiphyu ****** "ရရဲ့လား " သူ့ဆီကအသံ ထက်ပြီး ထွက်ပေါ်လာတော့မှ ကျွန်မယောင်ယမ်းပြီးသူ့လက်ကို ဖယ်ထုတ်လိုက်မိတယ်။ပြီးတော့ အတင်းကုန်းရုန်းပြီးထရပ်လိုက်မိတယ်။ကိုမျိုးဇော်ဆိုတဲ့လူကတော့ ကျွန်မတို့ကိုရပ်ကြည့်နေခဲ့တယ်လေ။ "ဟို ..ဟို ...အိမ်ထဲမှာ ညီမလေးဖူးငုံရှိပါတယ်... ဝင်သွားကြပါရှင် " " ဪ..ကိုမျိုးဇော်တို့ရောက်လာကြပြီလား ...လာကြလေ ..၀င်ကြပါ " ကျွန်မအထစ်ထစ်အငေါ့ငေါ့နဲ့ ပြောနေချိန်မှာပဲ တိုက်တံခါး၀ကိုညီမလေးဖူးငုံထွက်လာပြီး သူတို့ကိုလှမ်း နှုတ်ဆက်သံကြားလိုက်ရတယ်။ ကျွန်မလဲ သူတို့ကိုလှည့်မကြည့်တော့ဘဲ ကျွန်မရဲ့စက်ချုပ်ခန်းလေးဆီကို ပြန်လာခဲ့လိုက်တယ်။ရင်ထဲမှာတော့ အမျိုးအမည်မသိတဲ့ ခံစားချက်ကြီးတစ်ခု ငြိတွယ်ကပ်ပါလာခဲ့တယ်။ ~~~~ ကျွန်မကော်ဖီပန်းကန်နဲ့ မုန့်ပန်းကန်တွေကိုဧည့်ခန်းထဲသွားချပေးလိုက်တယ်။ဧည့်သည်လာရင် ပြင်ဆင်ဧည့်ခံရမှာက ကျွန်မရဲ့တာဝန်ပဲမဟုတ်လား။ကျွန်မဧည့်ခန်းထဲကိုရောက်ချိန်မှာ အဖေနဲ့အမေ့ကိုလဲ ဧည့်ခန်းထဲမှာတွေ့လိုက်ရတယ်။ အမေတို့ရဲ့ ရယ်မောသံတွေက ဧည့်ခန်းထဲမှာ ပျံ့လွင့်နေခဲ့တယ်။အမေတို့က သူတို့နဲ့ကျွန်မကို မိတ်ဆက်မပေးသလို ကျွန်မကလဲဘယ်သူ့ကိုမှမကြည့်ဘဲ မျက်လွှာကို အသာချပြီး ကိုယ့်တာဝန်ကိုလုပ်နေလိုက်တယ်။တစ်ချက်မျက်လွှာပင့်အကြည့်မှာ အမေ့ရဲ့မျက်လုံးစူးစူးတွေကို တွေ့လိုက်ရတာမို့ ကျွန်မမီးဖိုခန်းထဲကို ခပ်မြန်မြန်ဝင်ခဲ့လိုက်တယ်။ ~~~~~~~ "ပိုက်ဆံကြိုထုတ်ချင်ရင် ကြိုပြောနော်မမော် ... မဟုတ်ရင် လတ်မှာရှိတဲ့ငွေကအိမ်သုံးစရိတ်ထဲပါပါသွားတတ်လို့ပါ " အိမ်မှာအထည်ယူချုပ်တဲ့မမြင့်မော်ကို ခြံတံခါး၀ထိလိုက်ပို့ပေးရင်းနဲ့ ကျွန်မပြောလိုက်မိတယ်။ဟုတ်တယ်လေ ကျွန်မက အထည်ပို့ပြီးရင်ရတဲ့ ပိုက်ဆံကို နောင်ရေးအတွက်စုတဲ့စုဘူးထဲကို တစ်ပုံထည့်ပြီး ကျန်တာကို လှူသင့်တာကိုလှူပြီး ကျန်တဲ့ငွေကအိမ်စရိတ်ထဲ အကုန်ပါသွားတာမို့ ကြိုပြောထားရတာလေ။ ကျွန်မရဲ့ စက်ချုပ်သမားတွေကို အကြွေးမထားတတ်တာက ကျွန်မရဲ့အကျင့်ပဲ။အထည်ချုပ်ပြီးတာနဲ့ ငွေရှင်းပဲ။ ကြိုတင်ငွေလိုချင်ရင်တော့ကြိုပြောရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မမှာလဲငွေပိုမရှိဘူးလေ။ " ခြေထောက်သက်သာလားဗျ " ခြံတံခါးပိတ်နေချိန်မှာ နောက်ကျောဘက်က မေးသံကြောင့် ကျွန်မလန့်ပြီးလှည့်ကြည့်လိုက်မိတယ်။ ဒီအခါမှာ ကိုမျိုးဇော်နဲ့ပါလာတဲ့ သူ့ကိုတွေ့လိုက်ရတယ်။ကျွန်မ သူ့ကို ကြောင်ငေးငေးနဲ့ ကြည့်နေမိတယ်။ " တွေ့ရတာဝမ်းသာပါတယ်နော်...ကျွန်တော့်နာမည်က တိုးစည်သူပါ ... မျိုးဇော်နဲ့ညီကိုဝမ်းကွဲတွေပါ ...ဒီကနာမည်ဘယ်လိုခေါ်လဲမသိဘူး " "ရှင်.. ဟုတ်...ဟုတ်ကဲ့ ...ကျွန်မနာမည်လတ်လတ်နွယ်ပါ သူ့ရဲ့ဖော်ရွေလှတဲ့ အပြုံးနဲ့ ကြည်လင်ချိုသာတဲ့ အသံကြောင့်ကျွန်မထစ်ထစ်ငေါ့ငေါ့နဲ့ ဖြေလိုက်မိတယ်။သူလိုလူက ကျွန်မကိုလာနှုတ်ဆက်လို့ အံ့ဩနေမိတာတော့အမှန်ပဲ။ "ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်လိုသက်မှတ်ပေးပါနော် " "ဟုတ်..ဟုတ်ကဲ့ " ကျွန်မနဲ့သူ စကားပြောနေချိန်မှာ အိမ်ဝကနေ ဖူးငုံလှမ်းကြည့်နေတာကို မြင်လိုက်ရတာမို့ ကျွန်မခေါင်းကိုငုံ့ပြီးခြံတံခါးကိုပဲဖွင့်ပေးလိုက်တယ်။သူကလဲ ကျွန်မပုံစံကိုကြည့်ပြီးအား နာသွားတဲ့ပုံနဲ့ ကားပေါ်ကိုတက်သွားခဲ့တယ်။ကားပေါ်ကသူတို့နှစ်ယောက်ကိုကြည့်ပြီး ကျွန်မရင်ထဲမှာတော့ရှုပ်ထွေးနောက်ကျိနေမိတယ်။ ~~~~ "မလတ် ဒီလိုပဲလုပ်နေတော့မှာလား...အသက်ကလဲ မငယ်တော့ဘူး ...ကိုယ့်သိက္ခာနဲ့ကိုယ်နေပါလား...အခုတော့ ယောကျာ်းလေးချောချောမြင်ရင်ဣန္ဒြေကိုမရှိသလိုဖြစ်နေတယ်...ကိုမျိုးဇော်တုန်းကလဲ ကိုမျိုးဇော်မို့ ... အခုကိုတိုးစည်သူကိုမြင်လိုက်တော့လဲ ကြိုက်သွားပြန်ပြီမဟုတ်လား " " ဘာ..ဘာပြောလိုက်တယ် ဖူးငုံ...နင်ဘာစကားပြောလိုက်တယ်...ငါကဘာတွေလုပ်နေမိလို့လဲ " ကျွန်မ ဖူးငုံကိုဒေါသတကြီးနဲ့ပြောလိုက်မိတယ်။ဒီအချိန်မှာပဲ အခန်းထဲကို မမခင်လေးနွယ်ဝင်ရောက်လာခဲ့တယ်။ "ဖူးငုံပြောတာဟုတ်တယ် မိလတ်..နင်ကလဲနင်ပဲလေ....ဒီနေ့လဲ ငါကြည့်နေတာ... ယောက်ျားလေးတွေရှေ့မှာ ချောလဲပြရတာနဲ့...ပြီးတော့ ကိုယ့်ကို စကားပြောချင်မှန်းမသိ..မပြောချင်မှန်းမသိစကားတွေ သွားပြောနေတယ်...နင့်အသက်အရွယ်နဲ့ ဣန္ဒြေရှိရှိမနေတတ်ဘူးလားပြောစမ်းပါအုံး " " တော်တော့ ..တော်တော့နော် မမခင် ... မိလတ်က အဲ့ဒီလိုမိန်းမမျိုးမဟုတ်ဘူး...ကိုမျိုးဇော်လာတုန်းက ကြည့်မိတယ်ဆိုတာလဲ ...အသိနဲ့တူလို့ကြည့်မိတာ...မိလတ်ကလင်တရူး မဟုတ်ဘူး ... မမခင်တို့ သိပ်ကိုစော်ကားအထင်သေးကြတယ်နော် ..စိတ်ချပါ..နောက်ဆို ...မမတို့ဧည့်သည်တွေလာရင်...မိလတ်တံခါးလဲသွားမဖွင့်ပေးဘူး...ဧည့်ခံတာတွေလဲ မလုပ်ပေးတော့ဘူး ..စိတ်ချမမတို့ဧည့်သည်တွေလာရင်..မိလတ်ရဲ့ အရိပ်အယောင်ကို တောင်မမြင်စေရဘူး..." "ဟဲ့..ဟဲ့ ..အဲ့ဒါဘာတွေဖြစ်နေကြတာလဲ ..ညီအစ်မတွေလူကြားလို့မှမကောင်းဘူး...နင်တို့ အဖေအပြင်ထွက်သွားလို့တော်သေးတယ်...ကဲ တော်ကြတော့ ..မိလတ်သွားတော့ ... အကြီးမ နဲ့အငယ်မလဲတော်ကြတော့ "

~~~~ "မလတ်ဧည့်သည်လာနေတယ်.." စက်ချုပ်သမားလေးရဲ့ အသံကြောင့် ပြတင်းပေါက်ကနေ ခြံဝကိုကျွန်မလှမ်းကြည့်လိုက်မတော့ ခြံဝမှာကားတစ်စီးရပ်ထားတာကိုတွေ့လိုက်ရတယ်။ဒီနေ့တနင်္ဂနွေနေ့ဆိုတော့ ကြည့်ရတာတစ်ယောက်ယောက်ရဲ့ဧည့်သည်လာပုံပါပဲ။ကျွန်မ ခြံ၀ကို အတန်ကြာအောင် ကြည့်နေမိပြီး မခင်လေးဖြစ်ဖြစ် ၊အငယ်မကိုဖြစ်ဖြစ်သွားခေါ်ပေးလိုက်ရမလားလို့ တွေးလိုက်မိသေးတယ်။တော်ကြာမှ ဧည့်သည်လာရင် ဘယ်သူ့ဧည့်သည်လာလာ ခြံတံခါးဖွင့်ပေးတာက သူတို့အလုပ်မဟုတ်ဘူးလို့ ခံယူထားကြတဲ့ ရွှေမင်းသမီးချောနှစ်ယောက် စိတ်ဆိုးမှာလဲ ကြောက်ရသေးတယ်။စက်ချုပ်သမားလေးကို သွားဖွင့်ခိုင်းလို့ရပေမဲ့လဲ ဒီခေတ်ထဲလူဆိုးတွေကခပ်များများမဟုတ်လား။တော်ကြာမဖြစ်သင့်တာတွေဖြစ်ကုန်မှဖြင့် ။အိမ်မှာက ယောကျာ်းသားဆိုလို့ အဖေတစ်ယောက်ပဲရှိတာလေ။နောက်ဆုံးတော့ မနေနိုင်တဲ့ ကျွန်မကပဲ ခြံဝကို ထွက်ခဲ့လိုက်တယ်။ "ဘယ်သူနဲ့တွေ့ချင်....ဟင် ' ကားပေါ်က လူနှစ်ယောက်ကိုကြည့်ပြီး ကျွန်မရဲ့ အမေးစကားက ရပ်တန့်ဆွံ့အသွားရတယ်။ ဟုတ်တယ် ကားပေါ်မှာ ကိုမျိုးဇော်ဆိုတဲ့လူနဲ့အတူ ကြည့်ကောင်းချောမောတဲ့ အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရတယ်။အဲ့ဒီအမျိုးသားက အိပ်မက်ထဲမှာ ကျွန်မပန်းပေးခဲ့တဲ့သူဆိုတာကို ချက်ချင်းမှတ်မိလိုက်တယ်။ ဒါကတိုက်ဆိုင်မှုလား၊ ကျွန်မရဲ့ ထင်ယောင်ထင်မှားဖြစ်မှုလားဆိုတာကို ကျွန်မ မဝေခွဲနိုင်တော့ဘူး။ သူ့ကို တွေ့လိုက်ရတော့ ကိုမျိုးဇော်ဆိုတဲ့လူက ပိုသေချာသွားမှန်းကို ကျွန်မသိလိုက်တယ်။သူတို့နှစ်ယောက်ကိုကြည့်ပြီး ကျွန်မအလိုလို သိမ်ငယ်သွားမိတယ်။ကားအကောင်းစားကြီးပေါ်က ချောမောကြည့်ကောင်းကြတဲ့သူတို့နှစ်ယောက်ရယ် ကောက်ကောက်ဖွာဖွာဆံပင်ရှည်ကြီးတွေကို ဖြစ်သလိုခပ်မြင့်မြင့်စည်းနှောင်ထားပြီး ရှပ်အင်္ကျီပွပွနဲ့ဘောင်းဘီတိုပွပွကို ဝတ်ဆင်ထားတဲ့ ကျွန်မပုံစံက သူတို့အမြင်မှာတော့ အိမ်အကူ တစ်ယောက်လိုသာဖြစ်နေလိမ့်မယ် ထင်ပါရဲ့။ "ဖူးငုံရှိလားခင်ဗျာ " "ရှင်..ဟုတ်..ဟုတ်ကဲ့ရှိပါတယ် " အယောင်အယောင် အမှားမှားနဲ့ ဖြေမိရင်း ကျွန်မ ခြံတံခါးကိုဖွင့်ပေးလိုက်မိတယ်။ကားက ခပ်ဖြည်းဖြည်းလိမ့်ပြီး ခြံထဲမောင်းဝင်သွားခဲ့ချိန်မှာ ကျွန်မစိတ်လှုပ်ရှားနေတာမို့ ခြံတံခါးပိတ်ရင်းက ခြေခေါက်ပြီးလဲကျသွားရတယ်။ '' အား " ရုတ်တရက်ခြေခေါက်လဲကျသွားတာမို့ လူကလန့်ပြီး အော်လိုက်မိတယ်။ဒီအချိန်မှာပဲ အနက်ရောင်ပြောင်လက်နေတဲ့ဖိနပ်ကိုစီးထားတဲ့ခြေအစုံက ကျွန်မရှိရာကို လျှောက်လာတာကိုတွေ့လိုက်ရတယ်။ကျွန်မဘေးနားမှာထိုင်ချလိုက်တယ်။ "ထနိုင်ရဲ့လားဗျ ..ဟို...ကျွန်တော့်ဆွဲထူပေးမယ်နော် " ကြည်လင်ချိုသာတဲ့ အသံနဲ့အတူ သူ့ရဲ့လက်ဖဝါးက ကျွန်းမလက်တစ်ဖက်ကို လာရောက်ထိကိုင်လိုက်တယ်။ သူ့လက်ရဲ့အထိအတွေ့ကနေတဆင့် ကျွန်မတစ်ကိုယ်လုံးရှိန်းခနဲ အေးမြသွားသလို ခံစားလိုက်ရပြီး နှလုံးသားကဆတ်ခနဲခုန်လှုပ်သွားခဲ့တာမို့ ကျွန်မအလန့်တကြားနဲ့ သူ့မျက်နှာကို မော့ကြည့်လိုက်မိတယ်....။...။ အပိုင်း (၃) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ အလတ်မလေးရဲ့ ဖူးစာရှင်က ဘယ်သူများလဲ ??? A Kyi ကို အားပေးချင်တယ်ဆိုရင် ၀တ္ထုနဲ့ ပတ်သက်တဲ့ မန့်လေးတွေကို များများဖတ်ချင်ပါတယ်တယ် ၊ဒါကပဲ A Kyi အတွက် အားတက်စရာမို့ပါ🙏🙏🙏

စက်ချုပ်ခန်းထဲထိရောက်လာတဲ့ အမေ့ကြောင့် ကျွန်မအံ့ဩသွားမိတယ်။အမေက ကွန်မရဲ့အလုပ်ခန်းထဲကို လာလေ့မရှိဘူးလေ။အမေမှမဟုတ်ပါဘူးလေ။တခြားမိသားစုဝင်တွေလဲ တိုက်ခြေရင်းမှာ အဖီချအခန်းလေး ဆောက်ထားပြီး နေ့ခင်းဆိုရင် အလုပ်သမားသုံးဦးရှိတဲ့ ကျွန်မရဲ့ စက်ချုပ်ခန်းထဲကိုလာလေ့မရှိကြပါဘူး။ကျွန်မက ညဆိုရင်အိမ်အလုပ်တွေပြီးတာနဲ့ ည (၁၂)နာရီတစ်ချက်အထိ စက်ခန်းထဲမှာ ပိတ်ညှပ်တာ စက်ချုပ်တာတွေကို လုပ်လေ့ရှိတယ်။ဒီနေ့တော့ ည (၁၀) နာရီကျော်လောက်မှာ အမေကျွန်မအခန်းထဲကိုရောက်လာခဲ့တာ။ ကျွန်မအံ့ဩဓိတ်နဲ့အမေ့နားမှာ သွားထိုင်လိုက်တယ်။ "အမေမအိပ်သေးဘူးလား ... ဘာခိုင်းစရာရှိလို့လဲ " " အင်း ..ဘာမှခိုင်းစရာမရှိဘူးပြောစရာရှိလို့.. " အမေ့ရဲ့ရှုတင်းတင်းအသံကြောင့် ကျွန်မရင်ထဲမှာထိတ်ခနဲတော့ ဖြစ်သွားမိတယ်။' "ဟုတ်ကဲ့ ... ဘာပြောမလို့လဲ အမေ " . " အေး....ဘာပြောမလို့လဲဆိုတော့ ... မနေ့ကသမီးငယ်ရဲ့ မိတ်ဆွေမောင်မျိုးဇော်ကို ... ဘာလို့ ဟိုကချောင်းဒီက ချောင်းနဲ့ ချောင်းကြည့်နေရတာလဲ မိလတ် ... ညည်းမရှက်ဘူးလား...မောင်မျိုးဇော်က ညည်းညီမဖူးငုံကို သဘောကျနေတာ...လုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်ရဲ့သား အေ့...ညည်းကိုအထင်သေးသွားတာ အရေးမကြီးဘူး ..အမေတို့ကို အထင်သေးသွားရင် ဘယ်လိုလုပ်မလဲအေ...ငါ့သမီးအချိန်တန်အရွယ်ရောက်လို့ ချစ်စိတ်ခင်စိတ်ဖြစ်တာကို အမေနားလည်ပါတယ် ...ဒါပေမဲ့ လူဆိုတာ စည်းရှိရတယ်လေ...မောင်မျိုးဇော်က သမီးညီမဆီကို လာတယ်ဆိုကတည်းက... သမီးနဲ့ မပတ်သက်တော့ဘူးလေ... ပြီးတော့လူဆိုတာ တူရာတန်ရာကိုပဲ မှန်းရတာ....ရှင်ဘုရင်ကို လိုချင်ရင် ကိုယ်တိုင်ကမိဖုရားတစ်ပါးပုံစံဖြစ်အောင်နေရတယ်...မင်းသားကိုလိုချင်ရင် ကိုယ်တိုင်လဲမင်းသမီးလို နေရတယ်...အရည်အချင်းရှိတဲ့သူကိုလိုချင်ရင် ကိုယ်တိုင်လဲ အရည်အချင်းရှိအောင် နေရတယ်... ကိုယ်ကပညာမတတ်ဘဲပညာတတ်ကို လိုချင်လို့မရဘူး ...ဒါတွေကို အမေကကြိုသိကြိုမြင်ခဲ့လို့ ...သမီးကို ပညာတတ်အောင် သင်လို့ပြောခဲ့တာပေါ့ကွယ် " ကျွန်မ အမေ့ကိုပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေမိတယ်။အမေပြောနေတဲ့စကားတွေအတွက် ရှက်ခြင်း၊ ဝမ်းနည်းခြင်းတွေနဲ့အတူ နေရာကနေ အငွေ့ပျံပျောက်ကွယ်သွားချင်စိတ်တွေဖြစ်နေမိတယ်။ "ဘယ်အချိန်ရှိနေပြီလဲ ... ငွေလေးတစ်ပဲခြောက်ပြားနဲ့ ညနက်ထိလုပ်မနေနဲ့...အိပ်တော့ ...ညည်းတစ်ဝမ်းတစ်ခါးတော့ ငါတို့ရှာတဲ့ထဲကစားပါလိမ့်...အိမ်ထောင်ပြုဖို့ကိုလဲပူမနေနဲ့ ...အချိန်တန်ရင် ညည်း အတွက်စီစဉ်ထားပြီးသား...အကြီးမလက်ထပ်ပြီးတာနဲ့ ညည်းကိုအိမ်ထောင်ချပေးမှာပါ * အမေပြန်ထွက်သွားတဲ့အထိ ကျွန်မဘာမှမပြောလိုက်နိုင်ဘဲ ပါးစပ်ဟောင်းလောင်းနဲ့ သာကျန်ခဲ့တယ်။အမေပြောသွားတဲ့ စကားတွေအတွက်ရှက်လွန်းလို့ အိမ်ထဲတောင်မဝင်ချင်တာနဲ့ အဝတ်ပုံတွေကြားမှာပဲ ပန်ကာဖွင့်ပြီး အိပ်ပစ်လိုက်တယ်။ ~~~ ပန်းစည်းလေးကိုင်ပြီး ကျွန်မနဲ့ မျက်နှာချင်းဆိုင်ကို လျှောက်လာခဲ့တဲ့ လူတစ်ယောက်။ ကျွန်မသူ့ကိုကြည့်ပြီး ရင်တွေတတိတ်ထိတ်ခုန်နေခဲ့မိတယ်။ကျွန်မဘ၀မှာ တစ်ခါမှကို မရရှိခဲ့ဘူးတဲ့အချစ်ဆိုတဲ့ နုညံ့သိမ်မွေ့တဲ့ခံစားချက်ကြောင့် ကျွန်မရင်ထဲမှာ တသိမ့်သိမ့်လှိုက်ဖို့တုန်ခါနေခဲ့တယ်။ကျွန်မရဲလက်ကိုညင်သာစွာ ဆုပ်ကိုင်လိုက်တဲ့ သူ့လက်ကနွေးထွေးမှုတွေက ကျွန်မရဲ့လက်တွေကတဆင့် ကျွန်မနှလုံးသားထိတိုင်အောင် နွေးထွေးစွာစီးစင်းလာခဲ့တယ်။ကျွန်မစိတ်ထဲမှာ ခံစားနေခဲ့ရတဲ့ သောကတွေ လွင့်ပါးပျောက်ရှသွားကြတယ်။ ကျွန်မကြည်းနူးစွာပြုံးလိုက်ရင် သူ့မျက်နှာကို မော့ကြည့်လိုက်မိတယ်။ ''ဟင် " နှင်းမှုန်တွေကြားမှာ ပျောက်ကွယ်နေသလိုဖြစ်နေတဲ့ သူ့မျက်နှာကို ကျွန်မသဲကွဲစွာ မမြင်ရတော့ရင်ထဲမှာ တလှိုက်လှိုက်နဲ့ ဝမ်းနည်းနာကျင်လာတယ်။ကျွန်မငိုမိပြန်တယ်။"ရှင်လဲ ကျွန်မမိသားစုတွေလိုပဲ ..ကျွန်မအပေါ်မချစ်ပါဘူး " လို့ ကျွန်မနာနာကြည်းကြည်းရေရွတ်လိုက်မိတယ်။ပြီးတော့ ကျွန်မငိုတယ်။သည်းသည်းထန်ထန်ကိုငိုတယ်။ငိုနေရင်းကနေ နာနာကျင်ကျင်နဲ့ သူ့ကိုပြန်ပြောလိုက်မိတယ် "ရှင့်ကို ကျွန်မမချစ်တော့ဘူး ...တွေ့လဲမတွေ့ချင်တော့ဘူး "လို့ အော်ပြောပစ်လိုက်တယ်။ "ဘုတ် " " အား " အမြင့်မှပြုတ်ကျလာသလိုခံစားလိုက်ရပြီး တစ်ကိုယ်လုံးနာကျင်သွားတာမို့ ကျွန်မ မျက်လုံးကို ဖွင့်ကြည့်လိုက်မိတယ်။ ဒီအခါမှကျွန်မအိပ်နေရာ ခုံပေါ်ကပြုတ်ကျခဲ့မှန်းသိလိုက်ရတယ်။ ပါးပြင်ပေါ်မှာလဲ မျက်ရည်တွေရွှဲလို့ပေါ့ ။နံရံမှာ ချိတ်ထားတဲ့တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက်လေးနာရီထိုးနေပြီ။ကျွန်မအိပ်ရာကနေ လူးလဲထလိုက်ပြီး မီးဖိုခန်းဘက်ကိုကူးလာခဲ့လိုက်တယ်။ ~~~~ မနက်အစောကြီးထပြီး ချက်ပြုတ်လိုက်တယ်။ ထမင်းချိုင့်တွေကို တန်းစီပြင်ထားပေးလိုက်တယ်။ပြီးတော့ မနက်စာစားဖို့ပြင်ဆင်ပေးထားလိုက်ပြီး အငယ်မလေးဖူးငုံအိပ်ရာက ထမလာခင်မှာ ဈေးသွားဖို့ပြင်ဆင်လိုက်တယ်။ ဟုတ်တယ် သူနဲ့မျက်နှာချင်း မဆိုင်ချင်ဘူးလေ။ဈေးဆွဲခြင်းလေးကိုင်ပြီး အမေဈေးဖိုးထားပေးထားတဲ့ခြင်းထဲက ဈေးဖိုးကိုယူပြီးထွက်လာခဲ့လိုက်တယ်။ဒီနေ့တော့ အိမ်ကလူတွေ အလုပ်သွားချိန်မရောက်မချင်း ဈေးထဲမှာခြေတိုအောင်ကျွန်မလျှောက်မဲ့နေ့ပေါ့။

ဘဲဥတစ်လုံး ငါးရာ၊ ငါးကငါးကြင်းငါးမြစ်ချင်းဆိုရင် တစ်ပိဿကို နှစ်သောင်းကျော်၊ အမေတို့တွေမျက်စောင်းတောင်မထိုးခဲ့တဲ့ ဂျပန်ငါးတွေတောင် အစိတ်သားကို သုံးထောင့်ငါးရာလေးထောင်။ ပြီးတော့ အိမ်မှာ အမြဲချက်စားတဲ့ပုစွန်က သေး သေးမွှားမွှားလေးတွေတောင် တစ်ပိဿသောင်းကျော်တယ်၊ မခင်လေးတို့အကြိုက်ချက်ပေးရတဲ့ ပုစွန်တုပ်ကြီးတွေက တစ်ပိသာကို လေးငါးခြောက်သောင်းအထက်မှာချည်းပဲ။အိမ်မှာတစ်ပိဿလောက်မချက်ရပေမဲ့ ငါးဆယ်သားဆိုတာ အနည်းဆုံးပဲ။ ဒီကြားထဲ ကိုကိုကြီးတို့မိသားစုရောက်လာခဲ့ရင် ဟင်းမလောက်လို့ ထက်ချက်ရတာတွေရှိသလို ကျွန်မမစားဘဲ အငတ်ခံရတာတွေလဲရှိသေးတယ်။ဈေးဖိုးရှေ့ဆက်ရမယ်ဆိုရင် ဟင်းချက်စရာကတစ်နေ့ကို အသားနှစ်မျိုးစားကြတယ်ဆိုတော့ စဉ်းစားသာကြည့်။ဒါတွေထားလိုက်ပါအုံး အရံဟင်းနဲ့ငါးပိရည်တို့စရာတွေကို ကြည့်အုံးမလား။ ကန်စွန်းရွက် တစ်စည်း ငါးရာ၊ခုနှစ်ရာ၊မုန်ညှင်း၊ ဇလပ်၊ ကိုက်လန်၊ ပဲသီလို အိမ်မှာအမြဲစားတာတွေက တစ်စည်းကို ငါးရာကအောက်ထစ်ပဲ။ ဈေးသက်သာတာဆိုလို့ ချဉ်းပေါင်ပဲရှိတာ။ချဉ်ပေါင်ကလဲ သုံးလေးပင် လောက်ပါတာကိုတစ်စည်းသုံးရာတဲ့ ဟင်းချိုတစ်ခွက်တော့ရတာပေါ့။ချဉ်ဟင်းချက်ရင်တော့မျှစ်အပါဆိုရင် နှစ်ထောင်ကျော်လောက်မှရမှာ သခွါးသီးတစ်လုံးသုံးရာက နှစ်ကိုက်စာသာသာရယ်၊ ရှောက်ရွက်တစ်စည်း သုံးရာကနေငါးရာ၊ မြင်းခွါရွက်ကလဲ သုံးရာကနေငါးရာပဲ။ ဒီကြားထဲ အဖေကအသီးအနှံကြိုက်တတ်တော့ အသီးအနှံတွေလဲ ဈေးသွားတိုင်းနှစ်မျိုးလောက်တော့ ဝယ်ရတယ်။ပန်းသီးတစ်လုံးနှစ်ထောင်၊ မာလကာသီးတစ်လုံးတစ်ထောင်၊ စပျစ်သီးကတစ်ဆယ်သားကို သုံးလေးထောင်ကျော်၊ လိမ္မော်သီးကလဲခပ်ရှားရှားပဲ တစ်လုံးတစ်ထောင်ဆိုတာချည်းပဲ။ ကြက်သွန်က အလုံးသေးလေးတွေဆိုရင် တစ်ပိဿာကိုသုံးထောင်ကစတယ်၊ အလုံးကြီး ရင်တစ်သောင်းကျော်၊ ဆီကစားအုန်းဆီဆိုရင် တစ်ပိဿကို သောင်းနှစ်ထောင်၊ ပဲဆီကသောင်းသုံးထောင်ကနေ သုံးလေးသောင်းကျော်အထိ ဈေးအမျိုးမျိုးရှိတယ်။ဘုရားပန်းက လူမသုံးသူမသုံးပန်းတွေတောင် တစ်စည်းထောင့်ငါးရာရှိတယ်။အိမ်မှာက မမအခြေကြီးတွေက လီလီလိုဈေးကြီးတဲ့ ပန်းတွေပဲ ဘုရားကိုကပ်လှူထားမှ ကျေနပ်ကြတာလေ။ဘုရားပန်းကပ်လှူတော့လဲ တစ်စည်းနဲ့ မှမလောက်တာ။နှစ်စည်းသုံးစည်းလှူရတာ။လှူတော့လည်း တစ်ရက်ခြားကပ်လှူရတာလေ စဉ်းစားသာကြည့်ပေါ့။ဒီဈေးတွေက မခင်လေးတို့ဖူးငုံတို့ သွားနေကြ စူပါမက်ကတ်တွေ၊ စီးတီးမက်တွေရဲ့ ဈေးတွေ မဟုတ်ဘူးနော်။ ကျွန်မသွားနေတဲ့ ရပ်ကွက်ရဲ့ဈေးနှုန်းတွေ။ ရှင်းရှင်းပြောရရင် အိမ်ကလူတွေစားပုံနဲ့ ဈေးဖိုးကတစ်နေ့ ငါးသောင်းလောက်မှလောက်ငှရုံရှိတာ။ ကျွန်မမှာဈေးဝယ်ရင် ဆွဲခြင်းကြီးကိုင်ပြီး ဈေးကိုနှစ်ပတ်လောက်အရင်ပတ်ရသေးတာ။ ပြီးမှ ဈေးချိုပြီး လက်ဆက်တဲ့ အသီးအရွက်သည်တွေဆီက အသီးအရွက်တွေအရင်ဝယ်ရတာ။ သားငါးဈေးကတော့ တစ်ဈေးလုံးတူတူပါပဲ။ဈေးသည်တွေဆီမှာများယောင်ယမ်းပြီးတော့ ဈေးသွားမဆစ်နဲ့ ရောင်းရလေရှုံးလေဆိုပြီးငိုပြလိုက်မယ်။ ဒီလိုအချိန်မှာ ကျွန်မတို့အိမ်အတွက်တစ်နေ့ဈေးဖိုးသုံးသောင်းဆိုတာ မလောက်ငှဘူးလေ။ အဲ့ဒီတော့လိုတဲ့ငွေကို ကျွန်မစိုက်ပေါ့။ ဒီကြားထဲ မီတာခတစ်လကိုလေးငါးခြောက်သောင်းကိုလဲ ကျွန်မစိုက်ပေါ့။ကျွန်မအဖြစ်က မီတာဆောင်တော့ကျွန်မ။ အဲကွန်းသုံးတော့ အစ်မနဲ့ညီမလို့ပဲ ပြောရမှာပဲ။ တကယ်ပြောတာပါ ကျွန်မရဲ့စက်ချုပ်ခန်းလေးထဲမှာပန်ကာတစ်လုံးပဲ ရှိတာပါ။ ဒီလိုမျိုးကုန်ကျစရိတ်တွေကို ကျွန်မစိုက်ပေးနေတဲ့ကြားကနေ ကျွန်မလစာကိုမမြင်ဖူးပါဘူးလို့အမေပြောရင်း ကွန်မဝမ်းနည်းမိတာတော့အမှန်ပဲ။ကွန်မလူရယ်လို့ သိတတ်လာကတည်းက အဝတ်အစားဆိုလည်း မခင်လေးအကျကိုပဲ ဝတ်ခဲ့ရတာပါ။ မုန့်ဖိုးဆိုတာလဲ မခင်လေးတို့ ဖူးငုံတို့လိုရခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့်လဲ ကျွန်မ၀တ်ချင်တာတွေဝတ်နိုင် စားနိုင်ဖို့ကို ကျွန်မစက်ချုပ်သင်ခဲ့တာပေါ့.။ကျွန်မစက်ချုပ်တာနဲ့ပတ်သက်လို့ အမေနဲ့ ညီအစ်မတွေက အထင်သေးခဲ့ပေမဲ့အဖေနဲ့ ကိုကိုကြီးကတော့ ဘာမှမပြောပါဘူး။ အဖေဆိုတာလဲ ကျွန်မအပေါ်ဆူငေါက်ခြင်း သိပ်မရှိပေမဲ့ မခင်လေးနဲ့ဖူးငုံတို့အပေါ် ဂရုစိုက်သလိုတော့ ဘယ်ဂရုစိုက်ပါ့မလဲ။ခိုင်းစရာရှိရင်ခိုင်းရုံပေါ့။အဖေက တရားသူကြီးတစ်ယောက်ဆိုတော့ပိုဆိုးတာပေါ့လေ။အဖေ့မှာ အားလပ်ချိန်ဆိုတာလဲ မရှိသလောက်ပါပဲ။ အားလပ်ချိန်ရတော့လဲ မခင်လေးတို့ ဖူးငုံတို့နဲ့ စကားပြောဆွေးနွေးနေရတာနဲ့ ကျွန်မကို ဂရုစိုက်ချိန်မရပါဘူးလေ။တစ်ခုတော့ရှိတာပေါ့လေ အဖေတို့ စကားပြောနေပြီဆိုရင် ကျွန်မကကော်ဖီဖျော်ပေး၊ မုန့်ချပေးရင်းနဲ့ မိသား၀င်တစ်ယောက်အဖြစ် မိသားစုစကားဝိုင်းနားမှာ မယောင်မလည်တော့လုပ်နေခွင့်ရှိတာပေါ့လေ။ ကျွန်မရဲ့ဒီလိုဘဝက သေချာ တွေးကြည့်တော့လဲ ဝမ်းနည်းစရာကြီးလိုလိုဘာလိုလိုပါပဲ။ ဒါကြောင့်မို့ တစ်ခါတလေ စဉ်းစားမိတာက ကွန်မကတကယ်ပဲမွေးစားသမီးများလားပေါ့။ကျွန်မကို တကယ်ပဲဘုရားပွဲဈေးထဲက ခေါ်လာခဲ့တာလားပေါ့။တွေးမိတာပြောပါတယ်။ဒီလိုတွေးမိတိုင်း မိဘတွေကိုမေးချင်ခဲ့တာလဲ အခါခါပါပဲ။နောက်ဆုံးတော့လဲ "ငါက မွေးစားသမီးဆိုရင်လဲ ခြံနဲ့တိုက်နဲ့မိသားစုနဲ့နေနိုင်တာပဲ" လေလို့ပဲတွေးပြီး ဖြေသိမ့်နေလိုက်ပါတော့တယ်။ ~~~~~ "သမီးလတ်ကို ပြောစရာရှိတယ် ... စက်ချုပ်ခဏရပ်အုံး `