cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

MSI - MYANMAR SECRET INFORMATIONS

Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news. TELEGRAM https://t.me/msi22222

Больше
Рекламные посты
27 025
Подписчики
-1624 часа
-547 дней
-34330 дней
Время активного постинга

Загрузка данных...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Анализ публикаций
ПостыПросмотры
Поделились
Динамика просмотров
01
မြင်းခြံမြို့နယ်တွင် စစ်တပ်ဖမ်းဆီးထားသည့် နဘူးအိုင်ရွာ ဒေသခံ ၁၅ဦးအနက် ရှစ်ဦးအား ပြန်လွှတ်ပေး 28 May 2024 By MPA CJ 025 မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ရွာသို့ပြန်လည်ဝင် ရောက်လာသည့် ဒေသခံ ၁၅ဦးကို ဖမ်းဆီးခဲ့ပြီး ရှစ်ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ မေ ၂၆ရက်တွင် နဘူးအိုင်ရွာသို့ ပစ္စည်းများယူရန်ပြန်လာသည့် ရွာသူ၊ ရွာသား ၁၅ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorter.me/AXhOF Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
3520Loading...
02
ပွဲစားခ အလွန်အကျွံကောက်ခံနေမှုများကို ထိန်းချုပ်ရန် အိမ်ခြံမြေဝန်ဆောင်မှုအသင်း ယာယီမြို့နယ်ကော်မတီများဖွဲ့စည်း 28 May 2024 By MPA CJ 018 အိမ်ရှင်၊ အိမ်ငှားများထံမှ ပွဲစားခ အလွန်အကျွံကောက်ခံနေမှုများကိုထိန်းချုပ်ရန် အိမ်ခြံမြေဝန်ဆောင်မှုအသင်း ယာယီမြို့နယ်ကော်မတီများကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်များထံမှ မေ ၂၈ ရက်တွင် စုံစမ်းသိရသည်။ အဆိုပါ မြို့နယ်ကော်မတီများကို မြို့နယ်တိုင်းတွင်ဖွဲ့စည်းခြင်းဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ရရှိသူများကို အဖွဲ့ဝင်များအဖြစ်ထားရှိကာ လိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်နေသူများမှ အိမ်ရှင်၊ အိမ်ငှားများထံမှ ပွဲစားခ မတရားတောင်းခံနေမှုများကို တိုင်ကြားနိုင်ကြောင်း သာတေကမြို့နယ်ရှိ လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorter.me/SEFmh Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
5420Loading...
03
၂နှစ်ကျော်ကာလတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၀၀ ကျော်သေဆုံး ၂နှစ်ကျော်ကာလတွင် တိုက်ပွဲပဋိက္ခများကြောင့် အရပ်သားပြည်သူ လေးထောင်ကျော် သေဆုံးခဲ့သည်ဟုဆိုသည်။ ပုံစာ - မေလ ၁၁ ရက်က လက်ထုတ္တောရွာဖြစ်စဉ်တွင် သတ်ဖြတ်ခံရသူများ။ Photo – Myanmar Now သတင်းအပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/28/05/2024/85633/
5530Loading...
04
KIA ထိုးစစ်ကိုကြောက်ပြီး မြစ်ကြီးနား မပခ ဌာနချုပ်မှ စစ်မေများအား ကင်းစောင့်ခိုင်းသည့်အပြင် ကတုတ်ကျင်းနှင့် ဆက်သွယ်ရေးမြောင်းများလည်း တူးခိုင်းနေ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တွင် အမျိုးသမီးစစ်မေများအား ခြံစည်းရိုးပတ်လည် ကတုတ်ကျင်းများတူးခိုင်းကာ လုံခြုံရေးစောင်းခိုင်းရသည်အထိဖြစ်နေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်တော်(KIA)၏ ထိုးစစ်ဆင်မှုကို ကြောက်လန့်နေသဖြင့် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(မပခ)တွင် ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးတူးမြောင်းများကို အမျိုးသမီးများကို တူးခိုင်းနေသည့်အပြင် လုံခြုံရေးကိုလည်း အမျိုးသမီးများအား စောင့်ခိုင်းနေသည်ဟု သိရသည်။ “မပခ စစ်ဌာနချုပ် ကင်းတွေမှာ အရင်က သက်ကြီးပိုင်းတွေစောင့်တာ မနေ့ညနေကစပြီး အမျိုးသမီးတွေ စောင့်ရပြီ။ မြေကို ဘက်ဟိုးနဲ့ (၅ပေ ၆ပေ)အနက် (၅)ပေအကျယ် မြောင်းတွေတူးနေတယ် လောလောဆယ်တော့ မြဝတီရုပ်သံ ထပ်ဆင့်လွှင့်ရုံနဲ့ ဘေးက တပ်တခုစာပြီးပြီ။”ဟု တပ်တွင်း သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(မပခ)သည် ပမ္မတီး - မြစ်ကြီးနား - မန္တလေးအမြန်လမ်း ရွှေလမ်းမဘက်ခြမ်းတွင်ရှိပြီး ယင်းအနီးတွင် အမြောက်တပ်၊ ထောက်ပို့တပ်၊ BE တပ်၊ လေတပ်၊ သံချပ်ကာတပ်၊ လားတပ်၊ ဆေးတပ်၊ ခြေလျင်၊ ခြေမြန်တပ်များလည်း ရှိသည်။ “အစက ကတုတ်ကျင်းတွေပဲ တူးထားတာ။ အခုက KIA ထိုးစစ်ကိုကြောက်လို့တဲ့ မြောင်းကြီးတွေပါ ထပ်တူးနေရတာ။ ကင်းစောင့်တဲ့အမျိုးသမီးတွေက စစ်ဆေးရေးအတွက် မဟုတ်ဘူးလေ။ တပ်တွေရဲ့ ခြံစည်းရိုးတွေမှာ ကင်းတွေရှိတယ်လေ။ အဲဒါတွေမှာ အမျိုးသမီး အိမ်ထောင်သည်တွေ ကင်းစောင့်ရပြီ။ ကင်းတစ်ခုကို အပြင်မှာ ရှိတာက (၅)ယောက်နှုန်းပဲ။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။ အဆိုပါတပ်များမှ အမြောက်တပ်သည် KIAနှင့် တိုက်ပွဲပြင်းထန်နေသည့် မြစ်ကြီးနား တဖက်ကမ်းရှိ ဝိုင်းမော်မြို့ကို လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ “အဓိက ပစ်နေတာက အမြောက်တပ်နဲ့ သံချပ်ကာတပ်။ လေတပ်နဲ့ သံချပ်ကာတပ်က ပစ်ရင် တခါပစ် (၂)ချက် ဆက်တိုက်ဆင့် (၂)တပ်လုံးတပြိုင်တည်း ပစ်ရင် (၄)ချက်။ ၂၄ နာရီမှာ ထမင်းစားနားချိန်ပဲနားတယ်။ ပြီးခဲ့တဲ့ အပတ်က KIA က အဝကြိတ်မိထားတာလေ။ ကြောက်ပြီပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလ(၁၈)ရက်နေ့က KIAသည် မြစ်ကြီးနားလေတပ်စခန်းနှင့် အနီးရှိတပ်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လူနေရပ်ကွက်များဘက်သို့ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ပမ္မတီး၊ ရွှေအိုက်ရပ်ကွက်၊ အထက်မော်ဖောင်း၊ ရှဒေါင်ရွာတို့တွင် လက်နက်ကြီးကျကာ ဒေသခံ (၃)ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်။ မြစ်ကြီးနားမြို့ တဖက်ကမ်း ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ် ခမရ (၃၂၁)ကို မေလ (၂၁)နေ့ရက်တွင် KIAက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဆိုပါတပ်ရင်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ(၅၈)တွင် ပူးပေါင်းနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဝိုင်းမော်မြို့တွင် ခလရ (၅၈ )သည် တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်ရင်းဖြစ်သည်။ News : https://www.tachileik.net/mm/news/36090 #TachileikNewsAgency
6550Loading...
05
တစ်ကျပ်သား ကျပ်တစ်သိန်းခွဲအထိ ခုန်တက်သွားသည့် ရွှေဈေး Dawei Watch| မေ ၂၈ ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ပါက အ‌ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သိန်းခွဲအထိ ခုန်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငါးဆယ့်သုံးသိန်းခုနစ်သောင်းကျပ် ဈေး‌ဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း စံချိန်တင်တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၈၄၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ သတင်းအပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/28/05/2024/85624/
8810Loading...
06
ထိုင်းနိုင်ငံ ဆန်ခလဘူရီမှာ မြန်မာ ၃၂ ဦးအဖမ်းခံရ ~~~ ■ ထိုင်းနိုင်ငံမှာ ခြောက်ဘီးကားထဲထည့်ပြီး တရားမဝင်ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးမိတယ်လို့ ဒေသတွင်း ထိုင်းသတင်းမီဒီယာဖြစ်တဲ့ မက်တီကွန်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ ဖမ်းခံရတဲ့အထဲမှာ ကလေး သုံးဦး၊ အမျိုးသမီး ဆယ်ဦးနဲ့ အမျိုးသား ၁၉ ဦးဖြစ်ပါတယ်။ ကုန်ကားရဲ့ကြမ်းပြင်အောက်မှာ လျှို့ဝှက်ခန်းလုပ်ပြီး လူတွေကိုထည့်ထားသလို အပေါ်မှာ အမှိုက်ထုတ်တွေနဲ့ ဖုံးထားတာပါ။ အဲဒီကားကို ဘုရားသုံးဆူနဲ့နီးတဲ့ ဆန်ခလဘူရီခရိုင်က ရန်တီ တံတားစစ်ဆေးရေးဂိတ်မှာ ရဲက ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။ သူတို့ကို ကန်ချနဘူရီမြို့ကိုပို့ဖို့ ခေါ်လာတာဖြစ်ပါတယ်။ ကနဦး စစ်ဆေးချက်အရ အဖမ်းခံရတဲ့သူတွေဟာ မြန်မာပြည်ဒေသအစုံကဖြစ်ပြီး ပြည်တွင်းမှာ စီးပွားရေး အကျပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာခဲ့တဲ့အကြောင်း၊ သွားမယ့်ခရီး အနီးအဝေးပေါ်မူတည်ပြီး တစ်ဦးကို ဘတ်ငွေ တစ်သောင်းခွဲကနေ နှစ်သောင်းခွဲခန့်အထိ ပေးရတဲ့အကြောင်း ထွက်ဆိုကြတယ်လို့ဆိုပါတယ်။ သူတို့ကိုသယ်လာတဲ့ ထိုင်းကားမောင်းသမား ဇနီးမောင်နှံကိုလည်း ရဲက ဖမ်းလိုက်ပါတယ်။ သူတို့အားလုံးကို တရားဥပဒေအရ ဆက်လက်‌ဆောင်ရွက်ဖို့ ဆန်ခလဘူရီ ရဲစခန်းကို ပို့လိုက်ပါတယ်။ ______ RFA Burmese Website တွင် ဖတ်ရှုရန်…
1 1510Loading...
07
DAILY HIGHLIGHTS (27 May 2024) •••••••••••••••®••••••••••••••• 📰 နိုင်ငံရေးထူးခြားသတင်းများ ရခိုင်အခြေအနေအပေါ် တော်လှန်ရေးနှင့် အဖွဲ့ ၁၉၅ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က မပါဝင်တော့ဘဲ နုတ်ထွက် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာနယ်စပ်မှာရှိနေတဲ့ မော်ရိုကိုနိုင်ငံသား နှစ်ရာကျော်လွတ်ဖို့ အစိုးရကိုတောင်းဆို – RFA မြန်မာ့နိုင်ငံရေး ဖြေရှင်းဖို့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော – MZM မြန်မာက တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အတည်ပြု – RFA 📰 စီးပွားရေးထူးခြားသတင်းများ အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှု မထိန်းနိုင်တော့ သော စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေအဝယ်အရောင်းနှင့် စျေးကစားသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို ဖော်ထုတ်အရေးယူမည်ဟုဆို – KT သက်တော်ရှည်စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးရာထူးမှအနားပေးခံရ – MZM 📰 ကျားဖြန့် စစ်ကောင်စီ လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိဟု USIP ပြော – KT #rangoonscoutnetwork
1 0780Loading...
08
ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၂၆၈ ဦးသေဆုံး ၆၄၀ ဦးဒဏ်ရာရ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်သားများအပေါ် သတ်ဖြတ်မှုကြောင့် အရပ်သား(၂၆၈)ဦး သေဆုံးပြီး (၆၄၀)ဦး ဒဏ်ရာရရှိကြောင်း ULA/AA၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က ထုတ်ပြန်သည်။ ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ် ပြီးသေဆုံးသူများထဲတွင် အမျိုးသမီး(၂၈)ရာခိုင်နှုန်းနှင့် အမျိုးသား (၇၂)ရာခိုင်နှုန်းပါဝင်သည်ဟု HDCO က ၂၀၂၄ခုနှစ် မေလ(၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီး (၄၃)ရာခိုင်နှုန်းနှင့် အမျိုးသား (၅၇)ရာခိုင်နှုန်းပါဝင်ကာ သေဆုံးသူအများစုမှာ ရခိုင်ဗုဒ္ဓဘာသာဝင် (၁၈၂)ဦးနှင့် ဒုတိယအများဆုံးမှာ အစ္စလာမ်ဘာသာဝင် (၇၈)ဦးဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြိုလူမျိုး (၃)ဦး၊ ဗမာလူမျိုး (၂)ဦး၊ ခူမီးလူမျိုး (၂)ဦးနှင့် မရာမာကြီးလူမျိုး (၁)ဦးတို့လည်း သေဆုံးခဲ့ရသည်။ ဒဏ်ရာရရှိသူများတွင် ရခိုင် (၅၀၉)ဦး၊ မူ‌ဆလင် (၁၁၂)ဦး၊ မရမာကြီး (၈)ဦး၊ ခူမီး (၆)ဦး၊ Chaw (၅)ဦးနှင့် မြို (၂)ဦးတို့ပါဝင်သည်။ အဆိုပါ စာရင်းအချက်အလက်များမှာ ရက္ခိုင်ပြည်အတွင်း တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁၃) ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ (၁၃)ရက်နေ့အထိ စာရင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့များကို သိမ်းပိုက်ထားသည်။ မောင်တော၊ သံတွဲနှင့် အမ်းမြို့တို့တွင် တိုက်ပွဲများဖြစ်နေပြီး ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မန်အောင်နှင့် စစ်တွေမြို့တို့ကို သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။ News : https://www.tachileik.net/mm/news/36086 #TachileikNewsAgency
9420Loading...
09
အဆိပ်သင့်သော ဓာတုပစ္စည်းများသည် ဒေသခံများ တခါက ငါးဖမ်းပြီး သောက်ရေခပ်သည့် စမ်းချောင်းများတွင် စိမ့်ဝင်နေသည်။ ရေနမူနာ အချက်အလက်များအရ ကချင်အထူးဒေသ (၁) မှ စမ်းချောင်း အများအပြားတွင် အက်စစ်ဓာတ် လွန်စွာမြင့်မားနေပြီး အာဆင်းနစ်အဆင့် မြင့်မားနေကြောင်း ပြသနေသည်။ ထိုသို့ ညစ်ညမ်းသောရေသည် ကမ္ဘာတွင် မည်သည့်နေရာတွင်မှ မရှိသည့် မျိုးစိတ် ၁,၅၀၀ ခန့် ရှင်သန်ထိုင်ရာ ဇီဝမျိုးကွဲ စုံလင်မှု အရေးပါသောဒေသအဖြစ် ကျော်ကြားပြီး အရှေ့တောင်အာရှ ကုန်းမြေမှ အကြီးမားဆုံး လက်ကျန် အခြေခံသစ်တောများရှိသည့် ထိုဒေသကို လုံးဝဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေသည်။ Website တွင် ဖတ်ရန် https://bit.ly/3R0gCYE #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
9251Loading...
10
သက်တော်ရှည်စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးရာထူးမှအနားပေးခံရ ---------- စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍများကို အဓိကမောင်းနှင်သူအဖြစ် လူသိများသည့် ဦးအောင်နိုင်ဦးကို ဝန်ကြီးရာထူးမှအနားပေးလိုက်ကြောင်း စစ်ကောင်စီက ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီသတင်းတွင်ကြေညာခဲ့သည်။ ဦးအောင်နိုင်ဦးသည် “မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ” ရာထူးလည်း ရယူထားပြီး စစ်ကောင်စီအတွက်အခွန်ငွေအများပြားရှာပေးနေသည့် ရန်ကုန်သီလဝါအထူးစီးပွားရေးဇုန်အပါအဝင် စီးပွားရေးဇုန်များကိုကြီးကြပ်ရသူသည်။ ထိုရာထူးမှသူ့အားအနားပေးမပေးကိုတော့ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိပါ။ https://www.facebook.com/myanmarnownews/posts/pfbid08w8zSXNtX9Z1UkRnuMZBQFe1GUDszAK39VpFpYGBFgGP29q844WuaBF2ca5RC5FMl
1 7527Loading...
11
❐ ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်တဦး သရက်ခရိုင်အတွင်း ကျဆုံး။ မေ ၂၇၊ ၂၀၂၄။ ကျောင်းသားလက်ရုံးတပ်တော်၏ ရဲဘော်တဦးဖြစ်သူ ရဲဘော် Bee သည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း မေလ ၂၅ ရက်နေ့၊ ၂၀၂၄ ခုနှစ်တွင် ကျဆုံးသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော်မှ သတင်းထုတ်ပြန်ထားသည်။ ရဲဘော် Bee သည် မကွေးတိုင်း၊ သရက်ခရိုင်အတွင်း ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ မျက်နှာမူလျက် အသက်ပေးလှူကျဆုံးခ့သည့်အတွက် တပ်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရပါကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ဆိုသည်။ See more...
1 5661Loading...
12
အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း အပါတ်စဉ် -၁ Freedom Fighter Myanmar- FFM အဖွဲ့အနေဖြင့် ပြီးခဲ့သည့် သုံးနှစ်အတွင်း စည်းရုံးရေးမှူး ကေဒါသင်တန်းများကို ဖွင့်လှစ်ခဲ့သည်မှာ အပါတ်စဉ် ၇ ရှိခဲ့ပါပြီ။ ယခုအခါ ပိုမိုထိရောက်သော ရေရှည်စည်းရုံးလှုပ်ရှားမှုများကို ပါဝင်ဦးဆောင်နိုင်ရန်၊ စုဖွဲ့လုပ်ဆောင်မှုပုံစံများ အားကောင်းလာစေရန် အတွက် အလင်းခေတ်စည်းရုံးရေးမှူး ကေဒါသင်တန်းအဖြစ် အဆင့်မြှင့်တင်ကာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ အသစ်ဖွင့်လှစ်သော အလင်းခေတ် ကေဒါသင်တန်းသည် အချိန်အားဖြင့် တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းအမျိုးအစား ၈ ခုထည့်သွင်းထားသည်။ သင်တန်းသည် FFM ၏ အလင်းခေတ်အယူအဆကို အခြေခံကာ အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်နှင့် ဆက်နွယ်သည့် အတွေးအခေါ်များ၊ လက်တွေ့စည်းရုံးဆက်သွယ်မှုဆိုင်ရာ အတတ်ပညာများကို တပါတည်းယှဉ်တွဲလေ့လာသွားရမည်ဖြစ်သည်။ အလင်းခေတ် စည်းရုံးရေးမှူး သင်တန်းအပါတ်စဉ် ၁ တွင် 🔹Semester 1 (ဇူလိုင် - အောက်တိုဘာ ၊ ၂၀၂၄) ၁။ Nonviolence Principles and Internal Revolution - အကြမ်းမဖက်အခြေခံစံနှုန်းများနှင့် အတွင်းတော်လှန်ရေး ၂။ Political Ideology & Democracy - နိုင်ငံရေးအတွေးအခေါ်များနှင့် ဒီမိုကရေစီ ၃။ Debate Skills Training - ဒီဘိတ်အရည်အချင်း ၄။ Translation Skills Training - ဘာသာပြန်အရည်အချင်း 🔹Semester 2 (ဇန်နဝါရီ - မေ၊ ၂၀၂၅) ၅။ Communication - ဆက်သွယ်ပြောဆိုမှု ၆။ Critical Pedagogy - ဝေဖန်ဆန်းစစ် ပညာရေး ၇။ Nonviolence Mobilization - အကြမ်းမဖက် လှုံ့ဆော်စည်းရုံးခြင်း ၈။ Writing - စာရေးသားခြင်း များကို ထည့်သွင်းထားရန် စီစဉ်ထားပါသည်။ 📌သင်တန်းတက်ရောက်ရန် အခြေခံရှိရမည့် အရည်အချင်းများ ▪️အကြမ်းမဖက် အလယ်အလတ်လမ်းစဉ်ကို စိတ်ပါဝင်စား လေ့လာလိုသူ၊ လက်တွေ့အသုံးချလိုသူ ▪️လူ့အဖွဲ့အစည်းအပြောင်းအလဲများကို ပါဝင်ဆောင်ရွက်ရန် စိတ်ဆန္ဒပြင်းပြသူ ▪️ရေတိုခံပြင်းမှုကြောင့်သာမဟုတ်ဘဲ ရေရှည်အပြောင်းအလဲတွင် မိမိကိုယ်တိုင် တစိုက်မတ်မတ် ပါဝင်ဆောင်ရွက်လိုသူ ▪️စာဖတ်အားကောင်းသူ (အခြေခံအင်္ဂလိပ်စာ ဖတ်နိုင်စွမ်းရှိရန် လိုအပ်သည်) 📌သင်တန်းအချိန် - အပါတ်စဉ် စနေ ၊ တနင်္ဂနွေ မနက် ၉ နာရီ - ၁၁ နာရီ (မြန်မာချိန်) 📌တပါတ်လေ့လာရမည့်အချိန် - နာရီ ၂၀ 📌သင်တန်းပြုလုပ်မည့်နေရာ - Zoom Online Meeting 📌သင်တန်းကြေး - ငါးသိန်းကျပ် (*သင်တန်းကြေး ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်) 🔹အလင်းခေတ် ကေဒါသင်တန်းနောက်ခံအယူအဆများနှင့် စီစဉ်ထားမှုကို လေ့လာရန် (သင်တန်း Concept Note) https://drive.google.com/file/d/1UrVyLIwqqBHs10w7dYQrh4q3_QDxXlOT/view?usp=sharing 🔹သင်တန်းလျှောက်ထားရန်ဖောင် - https://docs.google.com/forms/d/e/1FAIpQLSfznQHYaH6HXK0FKLO8xN0Y9_dcRwZyeyDsIrYSe9jHjoOI8Q/viewform?usp=sf_link ဖောင်ပိတ်ရက် - ဇွန် ၁၀ ရက်နေ့ ၊ ညနေ ငါးနာရီ မြန်မာချိန် ဆန်ကာတင်ရွေးချယ်ခြင်းခံရသူများကို ဇွန်လ ၁၅-၂၅ အကြားတွင် အင်တာဗျူးခေါ်ယူသွားမည်ဖြစ်သည်။ ☎️သင်တန်းနဲ့ပက်သက်ပြီး မေးမြန်းလိုသည်များရှိပါက Freedom Figther Page Message Box သို့မဟုတ် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။ #FreedomFighter #AlinnKhit_CadreTraining
6902Loading...
13
အလင်းခေတ် စည်းရုံးရေးမှူး ကေဒါသင်တန်း အပါတ်စဉ် -၁
6100Loading...
14
မူဆယ်တွင် တရုတ်ငွေဈေးတက်မှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက် 27 May 2024 By MPA CJ 010 ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်ငွေ ဈေးမြင့်တက်နေခြင်းကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်ငွေဈေးမှာ ပြီးခဲ့သည့် ရက်ပိုင်းက ယွမ် ၁၀၀ လျှင် မြန်မာငွေ ၅၆,၀၀ ခန့်ရှိခဲ့ရာမှ မေ ၁၇ ရက်တွင် ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ ၆၀,၀၀၀ နီးပါးအထိမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5r35ufxk Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
1 3883Loading...
15
အင်မထီးကျေးရွာရှိ ပျူစောထီးများက ပုလဲဒေသခံ ၂၉ ဦးကို PDF အယောင်ဆောင်၍ ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ် 27 May 2024 By MPA CJ 001 စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ရွာသစ်နှင့် ကျောက်ကုန်းကျေးရွာမှ ပြည်သူ ၂၉ ဦးကို PDF အယောင်ဆောင်၍ဖမ်းဆီးကာ လေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၂ ၏ တပ်ထောက်တာ၀န်ခံ ကိုနေမင်းကဆိုသည်။ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် တောင်ရွာသစ်နှင့် ကျောက်ကုန်းကျေးရွာမှ ပြည်သူ ၂၉ ဦးကို ၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက်၊ နံနက် ၁၁ နာရီခန့်က အကြောင်းမဲ့ဖမ်းဆီးကာ ယင်းနေ့မှာပင်ခြောက်ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး ၂၃ ဦးကို ဆက်လက်ဖမ်းဆီးထားခြင်း ဖြစ်သည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/s3ma7np3 Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
1 4091Loading...
16
မြောက်ခင်ရန်းရွာ၌ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး မီးရှို့သတ်ခံရမှု IIMMမှ စစ်ကောင်စီထံ အချက်အလက်တောင်းခံသော်လည်း အကြောင်းမပြန် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * မကွေးတိုင်း၊ မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ မျှဝေပေးရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က တောင်းဆိုထားသော်လည်း စစ်ကောင်စီဘက်က အကြောင်းမပြန်ဟု သိရသည်။ IIMM အနေဖြင့် မကွေးတိုင်း မြောက်ခင်ရန်းကျေးရွာ၌ လူငယ်နှစ်ဦးကို လက်နက်ကိုင်ထားသူများကကြိုးတုပ်၍ သစ်ပင်ပေါ်မှတွဲလောင်းချပြီး အောက်ခြေမှမီးဖိုကာ အရှင်လတ်လတ် မီးရှိသတ်ဖြတ်ခဲ့သည့် အချက်အလက်တောင်းခံမှုကို စစ်ကောင်စီဘက်က တုံပြန်ခြင်းမရှိသည့်အတွက် ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့တွင် မြောက်ခင်ရန်းရွာဖြစ်စဥ်အတွက် အချက်အလက်မျှဝေပေးရန် စစ်ကောင်စီထံ ထပ်မံတောင်းဆိုကြောင်း သိရသည်။ အဆိုပါ လူငယ်နှစ်ဦးအားသတ်ဖြတ်ခဲ့သည့် ဗီဒီယိုဖိုင်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်း၌ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီး သတ်ဖြတ်ခံရသူများမှာ ဖိုးတေနှင့် သားထောင်ဟုသိရကာ စစ်အာဏာရှင်ဆန့်ကျင်‌ရေးအဖွဲ့တစ်ခုဖြစ်သည့် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်။ အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူများ၊ ၎င်းတို့နှင့် ဆက်စပ်သည့်အဖွဲ့အစည်းများ အပါအဝင် ဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဘက်မလိုက်ဘဲ အမှီအခိုကင်းစွာ စိစစ်သုံးသပ်နေပြီး စုံစမ်းစစ်ဆေးမှု၏ တစိတ်တပိုင်းအနေဖြင့် ယန္တရားသည် အဆိုပါဒေသရှိ တပ်များနှင့် တပ်မှူးများအကြောင်း အချက်အလက်များ၊ ထိုလူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပုံနှင့် ဆက်ဆံပုံအခြေအနေများ၊ ဗီဒီယိုတွင်မြင်တွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှု ကျူးလွန်သူများနှင့် ပတ်သက်သောအချက်အလက်များပေးရန် စစ်ကောင်စီအား တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းဝင်ရောက်ခွင့်နှင့် သတင်းအချက်အလက်များမျှဝေရန် တောင်းဆိုထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့၏ ဆုံးဖြတ်ချက်များအတိုင်း ယန္တရားနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တောင်းဆိုထားသည်။ ယန္တရားသည် စုဆောင်းရရှိသော အထောက်အထားများကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးပြီး အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုများကို ကျူးလွန်သည့် တာဝန်ရှိသူများအပေါ် အမှုတည်ဆောက်ရာတွင် အသုံးပြုမည်ဟုလည်း ဆိုသည်။ အလွန်ရက်စက် ကြမ်းကြုတ်ပြီး လူမဆန်သည့်ရာဇ၀တ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သူများ အပါအဝင် ကျူးလွန်သူများ အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသည့်သံသရာကို ချိုးဖျက်နိုင်ရေးနှင့် မြန်မာနိုင်ငံသားများအတွက် တရားမျှတမှု ရရှိလာစေရေးသည် IIMM ၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ၄င်းတို့ စုံစမ်းစစ်ဆေးနေသော ကြီးလေးသည့် ရာဇ၀တ်မှုမြောက်များစွာနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မျှဝေပေးရန် စစ်ကောင်စီထံ အကြိမ်ကြိမ် တောင်းခံခဲ့သော်လည်း စစ်ကောင်စီသည် ယနေ့အထိ တောင်းခံမှုများကို တစုံတရာ တုံ့ပြန်ခြင်းမရှိဟု ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား)ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်သည့် အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနှင့် တခြားသော နိုင်ငံတကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နှင့် စိစစ်သုံးသပ်ရန် ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့သည်။ News : https://www.tachileik.net/mm/news/36081 #TachileikNewsAgency
1 1991Loading...
17
ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး စစ်တပ်ကသတ်ဖြတ်ပြီး မန္တလေးကွန်ပျူတာတက္ကသိုလ်ရှေ့ရုပ်အလောင်း စွန့်ပစ်ထား အင်ကြင်း/People's Spring မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့တွင် စစ်တပ်က ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦး သတ်ဖြတ်ပြီး ရုပ်အလောင်းအား စွန့်ပစ်သွားကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၂၇ ရက်) နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်ရှေ့၌ ပြီးခဲ့သည့် ၂လခန့်က ဖမ်း​ဆီးခံရသော ကလေးတစ်ဦးနှင့် လူငယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းနှစ်လောင်းကိုတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။ "ကျောက်တံတားမှာ အဖမ်းခံရတာ။ ၁၈၊၁၉ တစ်ယောက်။ ၁၄၊၁၅ တစ်ယောက်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ လူငယ်နှစ်ဦးအား စစ်ကောင်စီက PDF များဟု ဝါဒဖြန့်နေသည်။ ပြီးခဲ့သည့်နှစ်ဆန်းပိုင်းကလည်း ပုသိမ်ကြီးမြို့နယ်ရှိ ရေမြောင်းများ၌ စစ်တပ်က သတ်ဖြတ်ပြီး စွန့်ပစ်ထားသည့် ရုပ်အလောင်းများ မျောပါလာဖူးကြောင်း ဒေသခံများက ပြောသည်။ ပုသိမ်ကြီးမြို့နယ်သည် စစ်ရေးပြင်းထန်နေသည့် မတ္တရာမြို့နယ်နှင့်ကပ်လျက်တည်ရှိပြီး စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
1 1011Loading...
18
လောင်းလုံးမှာ ထားဝယ်ခရိုင်သပိတ်ကော်မတီက သစ်ပင် ၂၅၀ဝ စိုက်မည် YouTube >>> https://youtu.be/BPFy8Vd9WIo
1 1430Loading...
19
စစ်အုပ်စုဖမ်းသွားတဲ့ ပြည်သူ ၂၀ ကျော်ထဲက ၄ ဦးအသတ်ခံရပြီး ကျန်လူတွေကို ငွေနဲ့ ပြန်ရွေးရ ပုလဲ၊ မေ ၂၇၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်အုပ်စုလက်အောက်ခံပျူစောထီးတွေက ဖမ်းဆီးသွားတဲ့ ပြည်သူ ၂၃ ဦးအနက် ၄ ဦး အသတ်ခံလိုက်ရပြီး ကျန် ၁၉ ဦးကိုတော့ ငွေနဲ့ရွေးယူခဲ့ရတယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေထံက သိရပါတယ်။ အသတ်ခံရသူ ၄ ဦးမှာ တောင်ရွာသစ်ရွာက အသက် ၄၂ နှစ် အရွယ် ကိုကျော်ခိုင်၊ အသက် ၂၄ နှစ်အရွယ် ကိုတင့်ဇော်ဦး၊ အသက် ၃၀ နှစ်အရွယ် ကိုထွန်းလှိုင်နဲ့ အသက် ၂၂ နှစ်အရွယ် ကိုထွန်းနိုင်လင်းတို့ဖြစ်ပြီး ၎င်းတို့ကို စစ်တပ်လက်အောက်ပျူစောထီးတွေက အင်မထီးရွာကို ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ “ အမျိုးသား ၄ ဦး သေဆုံးတဲ့ ရက်ကို မသိရသေးဘူး။ အလောင်းတွေတော့ ပြန်မရဘူး။ ပြန်လွတ်လာသူတွေကိုလည်း နည်းမျိုးစုံနဲ့နှိပ်စက်ထားတာ” လို့ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ထောက်တာဝန်ခံ ရဲဘော်နေမင်းက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်အုပ်စုဖမ်းသွားတဲ့ပြည်သူ၂၀ကျော်ထဲက_၄ဦးအသတ်ခံရပြီး_ကျန်လူတွေကိုငွေနဲ့ပြန်ရွေးရ
1 0860Loading...
20
ပခုက္ကူ၊ ဖလမ်အိုတပ်စခန်းကို တော်လှန်ရေးတပ်များ ဝင်စီး၊ စစ်သား ၁၀ ဦးသေဆုံးဟုဆို 27 May 2024 By MPA CJ023 မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလမ်အိုကျေးရွာ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးကြောင်းသိရသည်။ မေလ ၂၆ ရက်၊ နံနက် လေးနာရီဝန်းကျင်တွင် စစ်သားနှင့် ပျူစောထီး ၁၀၀ ခန့်ရှိသော ပခုက္ကူမြို့နယ်၊ဖလမ်အိုကျေးရွာ အထိုင်ချ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ABSDF Column -3 ထံကသိရ သည်။ အပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5dvb5b3n Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
1 1690Loading...
21
ရာသီဥတုပူပြင်းတဲ့အချိန်မှာ ကလေးတွေအတွက် သတိပြုဖို့လိုတဲ့ အစားအသောက်နဲ့ အနေအထိုင်တွေကို ဒီတပတ်မှာ သီးသန့် ဖော်ပြလိုက်ပါတယ်။ (အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ) https://www.tntynews.com/24/05/2024/36606/
1 2441Loading...
22
စစ်ကောင်စီရဲ့ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းကတော့ မြန်မာနိုင်ငံပြည်တွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေ၊ အာဆီယံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာမှာ လူသားချင်းစာနာမှု အကူအညီကိစ္စတွေ အပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ (အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ) https://www.tntynews.com/27/05/2024/36717/
1 1451Loading...
23
စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ ခရီးသွားပြည်သူများအား ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရွှေဘို ခရိုင်ချင်းဆက်လမ်း(စစ်ကိုင်း-မုံရွာ သံလမ်းဆုံ)၌ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား ဖမ်းဆီးခြင်းနှင့် ငွေတောင်းခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ကြောင်း သိရသည်။ စစ်ကိုင်း-မုံရွာ သံလမ်းဆုံ၌ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ခုနှစ် မေလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီကျော်တွင် မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ စစ်ကားတစ်စီး မိုင်းထိမှန်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး ဒဏ်ရာရရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်ကိုင်းမြို့တွင်းမှ လူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွားခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအား စစ်ကိုင်းမြို့နယ် ဇုန်(၄) ပကဖ တာဝန်ခံ ကိုဂျိုး ဦးဆောင်သည့်အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် ရတနာပုံ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News : https://www.tachileik.net/mm/news/36079 #TachileikNewsAgency
1 0490Loading...
24
❐ ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားတဦး တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံး။ မေ ၂၇၊ ၂၀၂၄။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသားတဦးသည် တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားကြောင်း မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သတင်းထုတ်ပြန်ထားသည်။ See more...
1 1451Loading...
Repost from MPANews
Фото недоступноПоказать в Telegram
မြင်းခြံမြို့နယ်တွင် စစ်တပ်ဖမ်းဆီးထားသည့် နဘူးအိုင်ရွာ ဒေသခံ ၁၅ဦးအနက် ရှစ်ဦးအား ပြန်လွှတ်ပေး 28 May 2024 By MPA CJ 025 မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ရွာသို့ပြန်လည်ဝင် ရောက်လာသည့် ဒေသခံ ၁၅ဦးကို ဖမ်းဆီးခဲ့ပြီး ရှစ်ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ၂၀၂၄ခုနှစ်၊ မေ ၂၆ရက်တွင် နဘူးအိုင်ရွာသို့ ပစ္စည်းများယူရန်ပြန်လာသည့် ရွာသူ၊ ရွာသား ၁၅ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorter.me/AXhOF Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Показать все...
👍 2
Repost from MPANews
Фото недоступноПоказать в Telegram
ပွဲစားခ အလွန်အကျွံကောက်ခံနေမှုများကို ထိန်းချုပ်ရန် အိမ်ခြံမြေဝန်ဆောင်မှုအသင်း ယာယီမြို့နယ်ကော်မတီများဖွဲ့စည်း 28 May 2024 By MPA CJ 018 အိမ်ရှင်၊ အိမ်ငှားများထံမှ ပွဲစားခ အလွန်အကျွံကောက်ခံနေမှုများကိုထိန်းချုပ်ရန် အိမ်ခြံမြေဝန်ဆောင်မှုအသင်း ယာယီမြို့နယ်ကော်မတီများကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်များထံမှ မေ ၂၈ ရက်တွင် စုံစမ်းသိရသည်။ အဆိုပါ မြို့နယ်ကော်မတီများကို မြို့နယ်တိုင်းတွင်ဖွဲ့စည်းခြင်းဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ရရှိသူများကို အဖွဲ့ဝင်များအဖြစ်ထားရှိကာ လိုင်စင်မရှိဘဲ အိမ်ခြံမြေအကျိုးဆောင်လုပ်နေသူများမှ အိမ်ရှင်၊ အိမ်ငှားများထံမှ ပွဲစားခ မတရားတောင်းခံနေမှုများကို တိုင်ကြားနိုင်ကြောင်း သာတေကမြို့နယ်ရှိ လိုင်စင်ရ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။ သတင်းအပြည့်အစုံဖတ်ရန် >>>> https://shorter.me/SEFmh Telegram Link - https://t.me/MPANews Twitter Link - https://twitter.com/mmpressphoto MPA English Website - https://mpapress.com/en
Показать все...
👍 6
Repost from Dawei Watch
Фото недоступноПоказать в Telegram
၂နှစ်ကျော်ကာလတွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၀၀ ကျော်သေဆုံး ၂နှစ်ကျော်ကာလတွင် တိုက်ပွဲပဋိက္ခများကြောင့် အရပ်သားပြည်သူ လေးထောင်ကျော် သေဆုံးခဲ့သည်ဟုဆိုသည်။ ပုံစာ - မေလ ၁၁ ရက်က လက်ထုတ္တောရွာဖြစ်စဉ်တွင် သတ်ဖြတ်ခံရသူများ။ Photo – Myanmar Now သတင်းအပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/28/05/2024/85633/
Показать все...
😢 7👍 2
KIA ထိုးစစ်ကိုကြောက်ပြီး မြစ်ကြီးနား မပခ ဌာနချုပ်မှ စစ်မေများအား ကင်းစောင့်ခိုင်းသည့်အပြင် ကတုတ်ကျင်းနှင့် ဆက်သွယ်ရေးမြောင်းများလည်း တူးခိုင်းနေ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တွင် အမျိုးသမီးစစ်မေများအား ခြံစည်းရိုးပတ်လည် ကတုတ်ကျင်းများတူးခိုင်းကာ လုံခြုံရေးစောင်းခိုင်းရသည်အထိဖြစ်နေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်တော်(KIA)၏ ထိုးစစ်ဆင်မှုကို ကြောက်လန့်နေသဖြင့် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(မပခ)တွင် ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးတူးမြောင်းများကို အမျိုးသမီးများကို တူးခိုင်းနေသည့်အပြင် လုံခြုံရေးကိုလည်း အမျိုးသမီးများအား စောင့်ခိုင်းနေသည်ဟု သိရသည်။
“မပခ စစ်ဌာနချုပ် ကင်းတွေမှာ အရင်က သက်ကြီးပိုင်းတွေစောင့်တာ မနေ့ညနေကစပြီး အမျိုးသမီးတွေ စောင့်ရပြီ။ မြေကို ဘက်ဟိုးနဲ့ (၅ပေ ၆ပေ)အနက် (၅)ပေအကျယ် မြောင်းတွေတူးနေတယ် လောလောဆယ်တော့ မြဝတီရုပ်သံ ထပ်ဆင့်လွှင့်ရုံနဲ့ ဘေးက တပ်တခုစာပြီးပြီ။”ဟု တပ်တွင်း သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။
မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(မပခ)သည် ပမ္မတီး - မြစ်ကြီးနား - မန္တလေးအမြန်လမ်း ရွှေလမ်းမဘက်ခြမ်းတွင်ရှိပြီး ယင်းအနီးတွင် အမြောက်တပ်၊ ထောက်ပို့တပ်၊ BE တပ်၊ လေတပ်၊ သံချပ်ကာတပ်၊ လားတပ်၊ ဆေးတပ်၊ ခြေလျင်၊ ခြေမြန်တပ်များလည်း ရှိသည်။
“အစက ကတုတ်ကျင်းတွေပဲ တူးထားတာ။ အခုက KIA ထိုးစစ်ကိုကြောက်လို့တဲ့ မြောင်းကြီးတွေပါ ထပ်တူးနေရတာ။ ကင်းစောင့်တဲ့အမျိုးသမီးတွေက စစ်ဆေးရေးအတွက် မဟုတ်ဘူးလေ။ တပ်တွေရဲ့ ခြံစည်းရိုးတွေမှာ ကင်းတွေရှိတယ်လေ။ အဲဒါတွေမှာ အမျိုးသမီး အိမ်ထောင်သည်တွေ ကင်းစောင့်ရပြီ။ ကင်းတစ်ခုကို အပြင်မှာ ရှိတာက (၅)ယောက်နှုန်းပဲ။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။
အဆိုပါတပ်များမှ အမြောက်တပ်သည် KIAနှင့် တိုက်ပွဲပြင်းထန်နေသည့် မြစ်ကြီးနား တဖက်ကမ်းရှိ ဝိုင်းမော်မြို့ကို လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“အဓိက ပစ်နေတာက အမြောက်တပ်နဲ့ သံချပ်ကာတပ်။ လေတပ်နဲ့ သံချပ်ကာတပ်က ပစ်ရင် တခါပစ် (၂)ချက် ဆက်တိုက်ဆင့် (၂)တပ်လုံးတပြိုင်တည်း ပစ်ရင် (၄)ချက်။ ၂၄ နာရီမှာ ထမင်းစားနားချိန်ပဲနားတယ်။ ပြီးခဲ့တဲ့ အပတ်က KIA က အဝကြိတ်မိထားတာလေ။ ကြောက်ပြီပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ(၁၈)ရက်နေ့က KIAသည် မြစ်ကြီးနားလေတပ်စခန်းနှင့် အနီးရှိတပ်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လူနေရပ်ကွက်များဘက်သို့ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ပမ္မတီး၊ ရွှေအိုက်ရပ်ကွက်၊ အထက်မော်ဖောင်း၊ ရှဒေါင်ရွာတို့တွင် လက်နက်ကြီးကျကာ ဒေသခံ (၃)ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်။ မြစ်ကြီးနားမြို့ တဖက်ကမ်း ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ် ခမရ (၃၂၁)ကို မေလ (၂၁)နေ့ရက်တွင် KIAက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဆိုပါတပ်ရင်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ(၅၈)တွင် ပူးပေါင်းနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဝိုင်းမော်မြို့တွင် ခလရ (၅၈ )သည် တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်ရင်းဖြစ်သည်။ News : https://www.tachileik.net/mm/news/36090 #TachileikNewsAgency
Показать все...
KIA ထိုးစစ်ကိုကြောက်ပြီး မြစ်ကြီးနား မပခ ဌာနချုပ်မှ စစ်မေများအား ကင်းစောင့်ခိုင်းသည့်အပြင် ကတုတ်ကျင်းနှင့် ဆက်သွယ်ရေးမြောင်းများလည်း တူးခိုင်းနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တွင် အမျိုးသမီးစစ်မေများအား ခြံစည်းရိုးပတ်လည် ကတုတ်ကျင်းများတူးခိုင်းကာ လုံခြုံရေးစောင်းခိုင်းရသည်အထိဖြစ်နေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်တော်(KIA)၏ ထိုးစစ်ဆင်မှုကို ကြောက်လန့်နေသဖြင့် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(မပခ)တွင် ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးတူးမြောင်းများကို အမျိုးသမီးများကို တူးခိုင်းနေသည့်အပြင် လုံခြုံရေးကိုလည်း အမျိုးသမီးများအား စောင့်ခိုင်းနေသည်ဟု သိရသည်။ “မပခ စစ်ဌာနချုပ် ကင်းတွေမှာ အရင်က သက်ကြီးပိုင်းတွေစောင့်တာ မနေ့ညနေကစပြီး အမျိုးသမီးတွေ စောင့်ရပြီ။

👍 6👏 3
Repost from Dawei Watch
Фото недоступноПоказать в Telegram
တစ်ကျပ်သား ကျပ်တစ်သိန်းခွဲအထိ ခုန်တက်သွားသည့် ရွှေဈေး Dawei Watch| မေ ၂၈ ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ပါက အ‌ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သိန်းခွဲအထိ ခုန်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငါးဆယ့်သုံးသိန်းခုနစ်သောင်းကျပ် ဈေး‌ဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း စံချိန်တင်တက်လာပြီး  မြန်မာငွေတစ်သိန်းလျှင် ၈၄၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ သတင်းအပြည့်အစုံဖတ်ရန် > https://www.daweiwatch.com/28/05/2024/85624/
Показать все...
🔥 3😭 2
Repost from RFA Burmese
ထိုင်းနိုင်ငံ ဆန်ခလဘူရီမှာ မြန်မာ ၃၂ ဦးအဖမ်းခံရ ~~~ ■ ထိုင်းနိုင်ငံမှာ ခြောက်ဘီးကားထဲထည့်ပြီး တရားမဝင်ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးမိတယ်လို့ ဒေသတွင်း ထိုင်းသတင်းမီဒီယာဖြစ်တဲ့ မက်တီကွန်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ ဖမ်းခံရတဲ့အထဲမှာ ကလေး သုံးဦး၊ အမျိုးသမီး ဆယ်ဦးနဲ့ အမျိုးသား ၁၉ ဦးဖြစ်ပါတယ်။ ကုန်ကားရဲ့ကြမ်းပြင်အောက်မှာ လျှို့ဝှက်ခန်းလုပ်ပြီး လူတွေကိုထည့်ထားသလို အပေါ်မှာ အမှိုက်ထုတ်တွေနဲ့ ဖုံးထားတာပါ။ အဲဒီကားကို ဘုရားသုံးဆူနဲ့နီးတဲ့ ဆန်ခလဘူရီခရိုင်က ရန်တီ တံတားစစ်ဆေးရေးဂိတ်မှာ ရဲက ရှာဖွေတွေ့ရှိတာ ဖြစ်ပါတယ်။ သူတို့ကို ကန်ချနဘူရီမြို့ကိုပို့ဖို့ ခေါ်လာတာဖြစ်ပါတယ်။ ကနဦး စစ်ဆေးချက်အရ အဖမ်းခံရတဲ့သူတွေဟာ မြန်မာပြည်ဒေသအစုံကဖြစ်ပြီး ပြည်တွင်းမှာ စီးပွားရေး အကျပ်အတည်းတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာခဲ့တဲ့အကြောင်း၊ သွားမယ့်ခရီး အနီးအဝေးပေါ်မူတည်ပြီး တစ်ဦးကို ဘတ်ငွေ တစ်သောင်းခွဲကနေ နှစ်သောင်းခွဲခန့်အထိ ပေးရတဲ့အကြောင်း ထွက်ဆိုကြတယ်လို့ဆိုပါတယ်။ သူတို့ကိုသယ်လာတဲ့ ထိုင်းကားမောင်းသမား ဇနီးမောင်နှံကိုလည်း ရဲက ဖမ်းလိုက်ပါတယ်။ သူတို့အားလုံးကို တရားဥပဒေအရ ဆက်လက်‌ဆောင်ရွက်ဖို့ ဆန်ခလဘူရီ ရဲစခန်းကို ပို့လိုက်ပါတယ်။ ______ RFA Burmese Website တွင် ဖတ်ရှုရန်…
Показать все...
ထိုင်းနိုင်ငံ ဆန်ခလဘူရီမှာ မြန်မာ ၃၂ ဦးအဖမ်းခံရ

ထိုင်းနိုင်ငံမှာ ခြောက်ဘီးကားထဲထည့်ပြီး တရားမဝင်ခေါ်လာတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးမိတယ်လို့ ဒေသတွင်း ထိုင်းသတင်းမီဒီယာဖြစ်တဲ့ မက်တီကွန်သတင်းမှာ ဖော်ပြထားပါတယ်။

😢 9 2
Repost from RSN WEB
DAILY HIGHLIGHTS (27 May 2024) •••••••••••••••®••••••••••••••• 📰 နိုင်ငံရေးထူးခြားသတင်းများ ရခိုင်အခြေအနေအပေါ် တော်လှန်ရေးနှင့် အဖွဲ့ ၁၉၅ ဖွဲ့၏ သဘောထား ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) က မပါဝင်တော့ဘဲ နုတ်ထွက် – KT 📰 နိုင်ငံခြားရေးထူးခြားသတင်းများ မြန်မာနယ်စပ်မှာရှိနေတဲ့ မော်ရိုကိုနိုင်ငံသား နှစ်ရာကျော်လွတ်ဖို့ အစိုးရကိုတောင်းဆို – RFA မြန်မာ့နိုင်ငံရေး ဖြေရှင်းဖို့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း ထိုင်းဝန်ကြီးချုပ်ပြော – MZM မြန်မာက တိုင်းရင်းသားအဖွဲ့တွေနဲ့တွေ့ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အတည်ပြု – RFA 📰 စီးပွားရေးထူးခြားသတင်းများ အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှု မထိန်းနိုင်တော့ သော စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေအဝယ်အရောင်းနှင့် စျေးကစားသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို ဖော်ထုတ်အရေးယူမည်ဟုဆို – KT သက်တော်ရှည်စီးပွားရေးဝန်ကြီး ဦးအောင်နိုင်ဦးရာထူးမှအနားပေးခံရ – MZM 📰 ကျားဖြန့် စစ်ကောင်စီ လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် နယ်မြေအတွင်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိဟု USIP ပြော – KT #rangoonscoutnetwork
Показать все...
👍 6
Фото недоступноПоказать в Telegram
ရခိုင်တိုက်ပွဲအတွင်း အရပ်သား ၂၆၈ ဦးသေဆုံး ၆၄၀ ဦးဒဏ်ရာရ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်သားများအပေါ် သတ်ဖြတ်မှုကြောင့် အရပ်သား(၂၆၈)ဦး သေဆုံးပြီး (၆၄၀)ဦး ဒဏ်ရာရရှိကြောင်း ULA/AA၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) က ထုတ်ပြန်သည်။ ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ် ပြီးသေဆုံးသူများထဲတွင် အမျိုးသမီး(၂၈)ရာခိုင်နှုန်းနှင့် အမျိုးသား (၇၂)ရာခိုင်နှုန်းပါဝင်သည်ဟု HDCO က ၂၀၂၄ခုနှစ် မေလ(၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီး (၄၃)ရာခိုင်နှုန်းနှင့် အမျိုးသား (၅၇)ရာခိုင်နှုန်းပါဝင်ကာ သေဆုံးသူအများစုမှာ ရခိုင်ဗုဒ္ဓဘာသာဝင် (၁၈၂)ဦးနှင့် ဒုတိယအများဆုံးမှာ အစ္စလာမ်ဘာသာဝင် (၇၈)ဦးဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြိုလူမျိုး (၃)ဦး၊ ဗမာလူမျိုး (၂)ဦး၊ ခူမီးလူမျိုး (၂)ဦးနှင့် မရာမာကြီးလူမျိုး (၁)ဦးတို့လည်း သေဆုံးခဲ့ရသည်။ ဒဏ်ရာရရှိသူများတွင် ရခိုင် (၅၀၉)ဦး၊ မူ‌ဆလင် (၁၁၂)ဦး၊ မရမာကြီး (၈)ဦး၊ ခူမီး (၆)ဦး၊ Chaw (၅)ဦးနှင့် မြို (၂)ဦးတို့ပါဝင်သည်။ အဆိုပါ စာရင်းအချက်အလက်များမှာ ရက္ခိုင်ပြည်အတွင်း တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁၃) ရက်နေ့မှ ၂၀၂၄ ခုနှစ် မေလ (၁၃)ရက်နေ့အထိ စာရင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ရမ်းဗြဲ၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့များကို သိမ်းပိုက်ထားသည်။ မောင်တော၊ သံတွဲနှင့် အမ်းမြို့တို့တွင် တိုက်ပွဲများဖြစ်နေပြီး ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ မန်အောင်နှင့် စစ်တွေမြို့တို့ကို သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။ News : https://www.tachileik.net/mm/news/36086 #TachileikNewsAgency
Показать все...
😢 12 1
အဆိပ်သင့်သော ဓာတုပစ္စည်းများသည် ဒေသခံများ တခါက ငါးဖမ်းပြီး သောက်ရေခပ်သည့် စမ်းချောင်းများတွင် စိမ့်ဝင်နေသည်။ ရေနမူနာ အချက်အလက်များအရ ကချင်အထူးဒေသ (၁) မှ စမ်းချောင်း အများအပြားတွင် အက်စစ်ဓာတ် လွန်စွာမြင့်မားနေပြီး အာဆင်းနစ်အဆင့် မြင့်မားနေကြောင်း ပြသနေသည်။ ထိုသို့ ညစ်ညမ်းသောရေသည် ကမ္ဘာတွင် မည်သည့်နေရာတွင်မှ မရှိသည့် မျိုးစိတ် ၁,၅၀၀ ခန့် ရှင်သန်ထိုင်ရာ ဇီဝမျိုးကွဲ စုံလင်မှု အရေးပါသောဒေသအဖြစ် ကျော်ကြားပြီး အရှေ့တောင်အာရှ ကုန်းမြေမှ အကြီးမားဆုံး လက်ကျန် အခြေခံသစ်တောများရှိသည့် ထိုဒေသကို လုံးဝဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေသည်။ Website တွင် ဖတ်ရန် https://bit.ly/3R0gCYE #WhatsHappeningInMyanmar --------------------- စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR
Показать все...
မြန်မာ့မြေရှားသတ္တု တူးဖော်မှုက အနာဂတ်ကိုဖျက်ပြီး ပစ္စုပ္ပန်ကိုလည်း အဆိပ်ခတ်နေ

မြန်မာမှ စည်းကမ်းထိန်းကြောင်းမှုမဲ့ သတ္တုတွင်းများသည် ထိုဝယ်လိုအားကို ထာဝရ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။

🤬 10👍 1 1
Repost from Myanmar Now

👍 24🤣 9 3🖕 1