cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Tachileik News Agency

Tachileik News Agency (TNA) is an independent media and web – based source of daily news.

Больше
Рекламные посты
22 319
Подписчики
+1224 часа
+1427 дней
+49230 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့တွင် လူနေအိမ်များ ထိခိုက် ပျက်စီး * * * * * ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို့မြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ်နှင့်ဆိုင်ခန်းများ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်နေသည်ကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် တွေ့ရသည်။ နောင်ချိုမြို့တွင် ၂၀၂၄ခုနှစ် ဇွန်လ(၂၅)ရက်နေ့က စတင်ကာ တအာင်းတပ်မတော်(TNLA) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ ဒေသခံ တော်တော်များများမှာ ဈေးဆိုင်များနှင့် နေအိမ်များကို ပိတ်သိမ်းကာ စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ(၃၀)ရက်နေ့ ညပိုင်းအထိ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က လူနေအိမ်များပေါ် လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ်မှုများအပြင် လေကြောင်းကနေပါ ပစ်ခတ်မှုများကြောင့် လူနေများ ထိခိုက် ပျက်စီးမှုများစွာ ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း နှင့် ယနေ့ ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ ခမရ(၆၀၆)တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေဆဲဟု သိရသည်။ "မနေ့ မနက်ကဆိုရင် EPC အိမ်ယာအသစ်ထဲကို စကစဘက်က လက်နက်ကြီးနဲ့ ထုတာ။ ခေါင်မိုးပါ ပွင့်ထွက်သွားတယ်။ ပြည်သူတွေရဲ့ နေအိမ်တွေမှာ တော်လှန်ရေးအဖွဲ့တွေ ရှိတယ်အထင်နဲ့ လက်နက်ကြီးရော လေကြောင်းကနေ စက်သေနတ်နဲ့ပါ ပစ်တာ။ ဒီမနက်လည်း ၆၀၆ တပ်က အတော်လေး ပစ်ခတ်နေတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။ လက်ရှိတွင် မြို့အခြေအနေမှာ တိုက်ပွဲကြောင့် ခြောက်ကပ်နေပြီး လူမရှိသည့် နေအိမ်နှင့် ဆိုင်ခန်းများအတွင်းသို့ ဖောက်ထွင်းခိုးယူမှုများရှိနေသည်ဟုလည်း သိရသည်။ "အိမ်နဲ့ဆိုင်တွေကို ထားခဲ့ပြီး ပြေးရင်လည်း နောက်ပိုင်းက စိတ်မချရဘူး။ စကစက ဝင်မွှေမလား၊ သူခိုးတွေက ဝင်မွှေမလားဆိုတာကို စိုးရိမ်နေရတာ။ အသိတချို့ရဲ့ အိမ်နဲ့ဆိုင်လည်း ဖောက်ခံရတယ်။ ဆိုင်ကယ်လည်း ပါသွားတယ်။ အရေးထဲ ဒ လန် တွေလည်းရှိနေသေးတယ်။ သတင်းပေးတွေပေါ့။ အဲ့လို သတင်းပေးတွေကြောင့်လည်း နေအိမ်တွေပါ ထုခံနေရတာ"ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့်အတူ လေကြောင်းဖြင့်ပါ ပစ်ခတ်မှုကြောင့် လူနေအိမ်များနှင့် ဈေးဆိုင်ခန်းများ အပြင် တိပိဋက ကမ္ဘောဇကျောင်းတိုက်လည်း လက်နက်ကြီးစ ထိမှန်မှုများရှိကြောင်း အပြင် နောင်ချိုမြို့နယ်မီးသတ်ရုံးပါအဝင် ဌာနဆိုင်ရာရုံးအဆောက်အဦးအချို့လဲ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။ ပြည်သူများ၏ နေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ ခမရ(၆၀၆)တပ်ကို သိမ်းပိုက်ရရှိရေးအတွက် တအာင်းတပ်မတော်(TNLA) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ က ထိုးစစ်ဆင်နေလျှက်ရှိကြောင်းလည်း သိရှိရသည်။ News: https://www.tachileik.net/mm/news/36505 #TachileikNewsAgency
Показать все...
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့တွင် လူနေအိမ်များ ထိခိုက် ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို့မြို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ်နှင့်ဆိုင်ခန်းများ ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်နေသည်ကို ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် တွေ့ရသည်။ နောင်ချိုမြို့တွင် ၂၀၂၄ခုနှစ် ဇွန်လ(၂၅)ရက်နေ့က စတင်ကာ တအာင်းတပ်မတော်(TNLA) ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာ ဒေသခံ တော်တော်များများမှာ ဈေးဆိုင်များနှင့် နေအိမ်များကို ပိတ်သိမ်းကာ စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ ဇွန်လ(၃၀)ရက်နေ့ ညပိုင်းအထိ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က လူနေအိမ်မျာ

😢 2
ကျောက်မဲမြို့တွင်းရှိ One Love Hotel ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဟိုတယ်တခုလုံး ပျက်စီး https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင်းရှိ One Love Hotel ကို ၂၀၂၄ခုနှစ် ဇွန်လ(၃၀) ညပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀)ဗုံးကြဲချရာ ဟိုတယ်အတွင်း အပြင် ထိခိုက်ပျက်စီးသွားရသည်ကို တွေ့ရသည်။ ကျောက်မဲမြို့ပေါ် အမှတ် (၁) ရပ်ကွက်ရှိ One Love Hotel အနီးကို စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးကြဲချရာ ဟိုတယ်လည်းပျက်စီးပြီး အနီးပတ်ဝန်းကျင်ရှိ နေအိမ်များလည်းပျက်စီးသွားခဲ့သည်။ “စကစရဲ့ ပစ်မှတ်က ပြည်သူဖြစ်နေပြီ။ မြင်မြင်ရာ ပစ်တော့တာပဲ။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။ ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ပေါ် ရပ်ကွက်(၉)ရှိ ဆီဆိုင် တစ်ဆိုင်တွင် ဗုံးကျရောက်ပြီး ပေါက်ကွဲကာ မီးလောင်သွားခဲ့ကြောင်း သိရသည်။ ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းကလည်း နောင်ချိုမြို့နယ်မီးသတ်ရုံးအနီးတွင် ပေါင်(၅၀၀)ဗုံး ကြဲချကာ တိုက်ခိုက်သည့်အတွက် ဒေသခံနေအိမ် (၈)အိမ်အထက်မနည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။ News: https://www.tachileik.net/mm/news/36504 #TachileikNewsAgency
Показать все...
❤‍🔥 1👍 1
ကချင်ပြည်နယ်အတွင်း မြစ်ရေ ဆက်တက်နေသဖြင့် ဝိုင်းမော်စစ်ရှောင်များလည်း ပြောင်းရွေ့ရကာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေကြရ * * * * * ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြစ်ရေ ဆက်လက် မြင့်တက်နေခြင်းကြောင့် ဝိုင်းမော်ဖက်မှ စစ်ရှောင်များလည်း ပြောင်းရွေ့သွားရကာ ပိတ်မိနေသူများကို ကိုယ့်အစီအစဉ်နှင့်ကိုယ် ကယ်ထုတ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၄ခုနှစ် ဇွန်လ(၃၀)ရက်နေ့ ညနေပိုင်းက စတင်၍ မြစ်ရေမြင့်တက်လာခြင်းကြောင့် ပိတ်မိနေသည့် ဒေသခံများသည် ကယ်ဆယ်ရေးအကူအညီများ တောင်းခံခဲ့သော်လည်း ယနေ့ နေ့လည်ပိုင်းအထိ ရောက်မလာနိုင်သဖြင့် ကိုယ်အစီအစဉ်ဖြင့်ကိုယ် ထွက်လာနေကြရသည်ဟု သိရသည်။ “လောလောဆယ်တော့ ကယ်ဆယ်ရေး မရှိဘူးပေါ့နော်။ ကိုယ်ထူကိုယ်ထ ဖောင်တွေလုပ်ပြီးတော့ ထွက်နေကြရတာပေါ့။ အခုချိန်ထိ ကိုယ့်အသိအိမ်တွေမှာပဲ နေရတာပေါ့။ စစ်ရှောင်တွေကို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းတွေ အကုန်လုံးလည်း နစ်သွားပြီ။ ဝိုင်းမော်ဘက်က စစ်ရှောင်တွေကို လက်ခံပေးထားတဲ့ ဘုန်းကြီးကျောင်းတွေ မှန်သမျှ အကုန်နစ်သွားပြီ။ သူတို့တွေလည်း ရွေ့သွားကြပြီ ဘုန်းကြီးတွေပါ ရွေ့သွားရတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ဇူလိုင်လ(၁)ရက်နေ့ နေ့လည်ပိုင်းတွင် ပြောသည်။ ဧရာဝတီမြစ်ရေသည် နေ့လည်(၁၂)နာရီခွဲအချိန်အထိ တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင် (၁,၃၄၆)စင်တီမီတာကျော်၊ ဗန်းမော်တွင် (၉၉၇)စင်တီမီတာကျော်၊ ရွှေကူတွင် (၈၅၀)စင်တီမီတာကျော်ရှိသည်ဟု သိရသည်။ "လမ်းတွေ အားလုံး ရေပြင် ဖြစ်သွားတာ။ ဆေးရုံတွေ၊ ဓာတ်ဆီဆိုင်တွေပါ မြုပ်ကုန်ပြီ။ အနိမ့်ပိုင်းရပ်ကွက်တွေဆိုရင် (၁၀)ပေအထက်ကို မြုပ်နေပြီ။ တမြို့လုံး နီးပါးဖြစ်တာဆိုတော့ ဘယ်သူမှမကယ်နိုင်ဘူး။ ကယ်ဆယ်ရေးလည်း မကယ်နိုင်တော့တဲ့အခြေအနေပါ။"ဟု ဒေသခံတစ်ဦးက ပြောသည်။ မြစ်ကြီးနားမြို့အထက်ပိုင်းရှိ ပူတာအို၊ မချမ်းဘော့တို့တွင်လည်း ဇွန်လ (၂၉)ရက်နေ့ကတည်းက မိုးသည်းထန်ကာ မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ တောင်ပြိုခြင်း၊ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပွားနေခဲ့သည်။ မိုးသည်းထန်ကာ မြစ်ရေ၊ ချောင်းရေ ရေလျှံခြင်း၊ တောင်ပြိုခြင်းများကြောင့် ပူတာအို - မြစ်ကြီးနားလမ်းပိုင်း တွင် ဇွန်လ (၃၀)ရက်နေ့ကလည်း ကားအစီးရေများစွာ လမ်းခရီး၌ ပိတ်မိနေခဲ့ကြကြောင်း သိရသည်။ ရေကြီးရေလျှံမှုများနှင့် ပတ်သက်ပြီး ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အတွင်း စစ်ကိုင်တိုင်းအထက်ပိုင်း နှင့် ကချင်ပြည်နယ်အတွင်း ဒေသအလိုက် မိုးကြီးနိုင်ပြီး ရေဘေးနှင့်မြေုပြိုဘေးများ ကြုံလာနိုင်ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(NUG)က သတင်းထုတ်ပြန်ထားသည်။ News: https://www.tachileik.net/mm/news/36503 #TachileikNewsAgency
Показать все...
ကချင်ပြည်နယ်အတွင်း မြစ်ရေ ဆက်တက်နေသဖြင့် ဝိုင်းမော်စစ်ရှောင်များလည်း ပြောင်းရွေ့ရကာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်နေကြရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြစ်ရေ ဆက်လက် မြင့်တက်နေခြင်းကြောင့် ဝိုင်းမော်ဖက်မှ စစ်ရှောင်များလည်း ပြောင်းရွေ့သွားရကာ ပိတ်မိနေသူများကို ကိုယ့်အစီအစဉ်နှင့်ကိုယ် ကယ်ထုတ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၄ခုနှစ် ဇွန်လ(၃၀)ရက်နေ့ ညနေပိုင်းက စတင်၍ မြစ်ရေမြင့်တက်လာခြင်းကြောင့် ပိတ်မိနေသည့် ဒေသခံများသည် ကယ်ဆယ်ရေးအကူအညီများ တောင်းခံခဲ့သော်လည်း ယနေ့ နေ့လည်ပိုင်းအထိ ရောက်မလာနိုင်သဖြင့် ကိုယ်အစီအစဉ်ဖြင့်ကိုယ် ထွက်လာနေကြရသည်ဟု သိရသည်။ “လောလောဆယ်တော့ ကယ်ဆယ်ရေး မရှိဘူးပေါ့နော်။ ကိုယ်ထူကိုယ်ထ ဖောင်တွေလုပ်ပြီးတော့ ထွက်နေကြရတာပေါ့။ အခုချိန်ထိ ကိုယ့်အသိအိမ်တွေမှာပဲ နေရတာပေါ့။ စစ်ရှောင်တွေကို လက်ခံထား

😢 6
ကျောက်မဲမြို့ပေါ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ခံရမှုကြောင့် နေအိမ်(၂၀)နီးပါး ထိခိုက် ပျက်စီးခဲ့ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တအာင်းတပ်မတော်(TNLA) တပ်မဟာ(၂)စစ်ဒေသ၏ ကျောက်မဲမြို့တွင်း အာဏာသိမ်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀) ဗုံးကြဲချကာ တိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်(၂၀)နီးပါး ထိခိုက် ပျက်စီးခဲ့ရကြောင်း သိရသည်။ ကျောက်မဲမြို့နယ်ပေါ် ရပ်ကွက်(၁)ရှိ One Love Hotel အနီးတဝိုက်အား အာဏာသိမ်း စစ်ကောင်စီက ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ အကူးပိုင်းအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက်(၁)ရှိ One Love Hotel ၊ ပင်လုံလမ်းမအနီးရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင် အပါအဝင် ဒေသခံ နေအိမ်(၂၀) နီးပါး ပျက်စီးခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)၏ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။ ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ပေါ် ရပ်ကွက်(၉)ရှိ ဆီဆိုင် တစ်ဆိုင်တွင် ဗုံးကျရောက်ပြီး ပေါက်ကွဲကာ မီးလောင်သွားခဲ့ကြောင်း သိရသည်။ ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းကလည်း နောင်ချိုမြို့နယ်မီးသတ်ရုံးအနီးတွင် ပေါင်(၅၀၀)ဗုံး ကြဲချကာ တိုက်ခိုက်သည့်အတွက် ဒေသခံနေအိမ် (၈)အိမ်အထက်မနည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။ ပုံအညွှန်း - ကျောက်မဲနှင့် နောင်ချိုတို့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အဆောက်အဦးများ News: https://www.tachileik.net/mm/news/36502 #TachileikNewsAgency Photo: PSLF/TNLA
Показать все...
😢 8👍 3😱 3👎 1
Фото недоступноПоказать в Telegram
မတူပီမြို့အတွင်း မြေမြှုပ်မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်တို့ကြောင့် ဒေသခံများ နေရပ်ပြန်ခြင်း မပြုလုပ်ရန် CDF မတူပီ အသိပေး https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့အတွင်း မြေမြှုပ်မိုင်းနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကြောင့် ဒေသခံများ နေရပ်ပြန်၍ နေထိုင်ခြင်း မပြုကြရန် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ တပ်မဟာ (၁)မှ အသိပေးထုတ်ပြန်သည်။ မတူပီမြို့အတွင်း စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းများအား ရှင်းလင်းမှုများဆောင်ရွက်နေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် CNF/CNA နှင့် စစ်ရေးတင်းမာမှုများ အချိန်မရွေးရှိလာနိုင်သဖြင့် မြို့တွင်းပြန်လည်အခြေချရေးနှင့်ပက်သက်ပြီး နောက်ထပ်ထုတ်ပြန်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ မြို့တွင်းနှင့် မြို့အနီးအနားရှိ ကျေးရွာများတွင် ဝင်ရောက်ခြင်းမပြုရန် CDF မတူပီ တပ်မဟာ (၁) က ၂၀၂၄ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် အသိပေးသည်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ တပ်မဟာ (၁) အနေဖြင့် မတူပီမြို့ လုံခြုံရေးနှင့် ပြန်လည်တည်ဆောက်ရေးကိစ္စများကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ပြီး အခြား ချင်းဒေသကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့များကိုလည်း တတ်နိုင်သလောက် ပါဝင်နိုင်ရေးအတွက် အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မတူပီမြို့ လုံခြုံရေး ၊ ပြန်လည်တည်ဆောက်ရေးနှင့် ဒဏ်ရာရရဲဘော်များ ကုသစောင့်ရှောက်ရေးနှင့် အခြားသောနောက်ဆက်တွဲ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် ဆက်လက်ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။ ချင်းညီနောင်စစ်ဆင်ရေး Operation CB အဖြစ် မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ (၉) ရက်နေ့ မနက်ပိုင်းတွင် ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) နှင့် Yaw Defense Force (YDF)တို့ အတူပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့တွင် မတူပီမြို့အား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ News : https://www.tachileik.net/mm/news/36501 #TachileikNewsAgency
Показать все...
👍 16
ချင်းအမျိုးသားတပ်မတော်၏ စစ်သင်တန်း ဆင်းပွဲ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * * ချင်းအမျိုးသားတပ်မတော်( Chin National Army- CNA )၏ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့ကြောင်းကို ဇူလိုင်လ(၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။ အခြေခံစစ်ပညာ သင်တန်း၏ အပတ်စဉ် (၅၃) သင်တန်းဆင်းပွဲကို ၂၀၂၄ခုနှစ် ဇွန်လ(၂၈)ရက်နေ့က ချင်းပြည်နယ်အတွင်း တစ်နေရာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ #TachileikNewsAgency Photo: CNA
Показать все...
👍 15❤‍🔥 3
KNDO တပ်ရင်း ၃ နှင့် စစ်ကောင်စီတပ်တို့ ၆ လအတွင်း တိုက်ပွဲ ၉၆ ကြိမ်ဖြစ် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)နှင့် စစ်ကောင်စီတပ်များ (၆)လအတွင်း တိုက်ပွဲပေါင်း (၉၆)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ (၂၇၃)ဦး သေဆုံးသည်ဟု KNU က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ခလယ်လွီထူခရိုင်အတွင်းရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း(၃) နယ်မြေဖြစ်သော နတ်သံကွင်း−ကျောက်ကြီး−မူသယ်မှ−တပ်မဟာ(၅)နယ်စပ်အထိ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ ခြောက်လအတွင်း KNDO တပ်ရင်း (၃)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၉၆)ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ စစ်သုံးကား (၃)စီးနှင့် ဆိုင်ကယ် (၇)စီးတို့ ပျက်စီးပြီး ၎င်းတို့ထံမှ MA-1 (၁)လက်၊ MA ကျည် (၁၂၀၀) တောင့်၊ M-14 (၅)လုံး၊ 60 MM (၆)လုံးနှင့် မြင်း (၃)ကောင်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှ တပ်ဖွဲ့ဝင် (၄)ဦးကျဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။ News : https://www.tachileik.net/mm/news/36500 #TachileikNewsAgency Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻
Показать все...
👍 15🏆 3
မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ မြင့်တက်ကာ ရေကြီးနေ၍ အရေးပေါ်ရွှေ့နေရ https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ လူနေရပ်ကွက်များအတွင်း ရေကြီးနစ်မြုပ်နေ၍ အရေးပေါ်ရွှေ့ပြောင်းနေကြရသည်ဟု သိရသည်။ ၂၀၂၄ ခုနှစ် ဇွန်လ(၃၀)ရက်နေ့ ညနေပိုင်းက စတင်ကာ မြစ်ရေမြင့်တက်လာခြင်းဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။ လက်ရှိတွင် မြစ်ရေထပ်မံတိုးလာခြင်းကြောင့် (၃၇၄)ဘုန်းကြီး ကျောင်းအနီး၊ ကြက်ပေါင်ခြံအုပ်ချုပ်ရေးမှုးရုံးအနီး၊ ပေါ်ဦးရပ် ကွက်၊ မာမကဘုန်းကြီးကျောင်းအနီး၊ မာမကအကျော်ဂေါက်ကွင်း အနီးနှင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီးတို့တွင် ဘေးလွတ်ရာသို့ တိမ်းရှောင်လိုသူများရှိနေကာ ပိတ်မိနေသည်ဟု သိရသည်။ "ဒေသခံတွေရဲ့အခြေအနေက အရူးမီးဝိုင်းသလိုဖြစ်နေတာပေါ့။ လာကယ်မယ့်သူတွေကို ဖုန်းဆက်ပြန်တော့လည်း မနက်မိုးလင်းရင် လာကယ်မယ်ပေါ့နော်။ မိုးလင်းလဲ လာမကယ်ကြသေးဘူး။ တချို့ နှစ်ထပ်အိမ်တွေဆို အကုန်လုံးမြှုပ်ဖို့ (၃)ပေလောက်ပဲကျန်တော့ တယ်။ ကျန်တာအားလုံးမြှုပ်နေပြီ။ ကယ်ဆယ်ရေးတွေကလည်း ကယ်တော့ ကယ်ပေးနေကြတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။ ဧရာဝတီမြစ်ရေသည် ဇူလိုင်လ (၁)ရက်နေ့ နံနက် (၆)နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားစခန်းတွင် စိုးရိမ်ရေမှတ်အထက် ရောက်နေသည့်အပြင် ကချင်ပြည်နယ်အတွင်း နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ ပုံအညွှန်း - မြစ်ကြီးနားမြို့တွင်း ရေကြီးရေလျှံနေမှု ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ နံနက်(၈း၄၀)နာရီအချိန်အထိ မြင်ကွင်း News: https://www.tachileik.net/mm/news/36499 #TachileikNewsAgency Photo: Ying Kyang
Показать все...
😢 16👍 1
ကချင်ပြည်နယ်တွင်း ရေကြီးရေလျှံမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက် https://www.youtube.com/TachileikNewsAgency/?sub_confirmation=1 * * * * * ကချင်ပြည်နယ်အတွင်း မြို့နယ်အများအပြားတွင် မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်ရေမြင့်တက်မှုကြောင့် နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လမ်းပိုင်းအချို့လည်း ဇွန်လ (၃၀)ရက်နေ့ကတည်းက လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။ “မနေ့က မြစ်ကြီးနား - ပူတာအို လမ်းပိုင်းမှာ တောင်ပြို၊ ရေကြီးတာဖြစ်လို့ ကားတွေ ပိတ်မိနေကြတာ။ ဒီနေ့လည်း တစ်ချို့နေရာတွေက လတ်တလော ကားငယ်တွေ ဖြတ်လို့ရနေသေးပေမဲ့ ရေကဆက်တိုးနေတော့ မသေချာဘူး”ဟု ကားသမားတစ်ဦးက Tachileik News Agency ကို ပြောသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေမှာ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက် ရောက်နေကာ မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ချီဖွေတို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ “ဝိုင်းမော် မြို့မစျေး ရေဝင်နေပြီ။ စျေးသည်တွေ လမ်းမကြီးပေါ် ရောက်ကုန်ပြီ။ မြို့မရပ်ကွက်ထဲ စက်လှေနဲ့ သွားနေရပြီ”ဟု ဝိုင်းမော်ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါဒေသများရှိ အနိမ့်ပိုင်းဒေသ လူနေအိမ်အဆောက်အအုံများအပြင် စစ်ရှောင်စခန်းအချို့ပါ ရေကြီးရေလျှံမှုဒဏ်ခံနေကြရကြောင်း သိရသည်။ မြစ်ကြီးနားမြို့အထက်ပိုင်းရှိ ပူတာအို၊ မချမ်းဘော့တို့တွင် ဇွန်လ (၂၉)ရက်နေ့ကတည်းက မိုးသည်းထန်ကာ မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ တောင်ပြိုခြင်း၊ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။ မိုးသည်းထန်ကာ မြစ်ရေ၊ ချောင်းရေ ရေလျှံခြင်း၊ တောင်ပြိုခြင်းများကြောင့် ပူတာအို - မြစ်ကြီးနားလမ်းပိုင်းတွင် ဇွန်လ (၃၀)ရက်နေ့ကလည်း ကားအစီးရေများစွာ လမ်းခရီး၌ ပိတ်မိနေခဲ့ကြကြောင်း သိရသည်။ ပုံအညွှန်း - မြစ်ကြီးနားမြို့တွင်း ရေကြီးရေလျှံနေသည့် ပုံများဖြစ်ပြီး ဇူလိုင်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် မြင်တွေ့ရသည့် အခြေအနေများ ဖြစ်သည်၊။ News: https://www.tachileik.net/mm/news/36498 #TachileikNewsAgency Photo: Wait Zu
Показать все...
😢 18
Перейти в архив постов
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.