cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

RFA Burmese

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

Больше
Рекламные посты
22 318
Подписчики
+7024 часа
+5827 дней
+2 42530 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

03:00
Видео недоступноПоказать в Telegram
မြောက်ခင်ရန်းရွာ လူငယ်နှစ်ဦး မီးရှို့သတ်ဖြတ်ခံရမှု IIMM စိစစ်နေ ~~~ ■ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လူငယ်နှစ်ဦး အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ကျူးလွန်သူတွေရဲ့ အချက်အလက်တွေ ပေးဖို့ စစ်ကောင်စီကို မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က မနေ့က တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မသဇင်လှိုင် တင်ပြထားပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်…
Показать все...
👍 4
00:47
Видео недоступноПоказать в Telegram
တီးတိန်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အရပ်သား သေဆုံးမှုပါရှိလာ
Показать все...
😢 5
03:10
Видео недоступноПоказать в Telegram
တိုက်ပွဲတွေကြောင့် တီးတိန်မြို့ခံအားလုံးနီးပါး ထွက်ပြေးနေရ ~~~ ■ တီးတိန်မြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြို့ပေါ်က လူဦးရေ တစ်သောင်းခွဲကျော် ထွက်ပြေးနေရသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ချင်းကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် မြို့ပေါ်က နေအိမ်သုံးဆယ်ခန့်လည်း မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း မထက်ထက်အိန္ဒြာအောင် တင်ပြပါမယ်။ ____________ RFA Burmese Website တွင် ဖတ်ရှုရန်…
Показать все...
😢 5👍 3💔 1
မလေးရှားမှာ မြန်မာတစ်ရာနီးပါး ထပ်မံဖမ်းဆီးခံရ ~~~ ■ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆင်ခြေဖုံးရပ်ကွက်ဖြစ်တဲ့ ဆန်တိုဒေသမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာ ၉၅ ဦးကို မေလ ၂၈ ရက် ဒီနေ့မနက်က မလေးရှား အာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။ မလေးရှားမှာ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေပြီး မြန်မာတွေလည်း ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတာလို့ မလေးရှားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ NLD-LA (မလေးရှား) ရဲ့ ရုံးအဖွဲ့မှူး ကို စိုးထက်သိမ်းက ပြောပါတယ်။ “ဒီနေ့မနက် ၁ နာရီလောက်မှာ ဆန်တို ဧရိယာမှာဖမ်းတာ အားလုံးနိုင်ငံခြားသား ၁၂၃ ယောက်။ အဲထဲမှာ မြန်မာ ၉၅ ယောက်ပါတယ်။ ဒီရပ်ကွက်က ဆင်ခြေဖုံးရပ်ကွက်ပေါ့။ မြန်မာတွေ ပျံကျနေထိုင်တဲ့နေရာပေါ့” မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကလည်း ဆန်တိုဒေသက တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား ၁၂၃ ဦးကို ဖမ်းဆီးခဲ့ပြီး မြန်မာ ၉၅ ဦး၊ အိန္ဒိယ ၂၁ ဦးနဲ့ အင်ဒိုနီးရှား ခုနစ်ဦးပါဝင်တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ မေလ ၂၃ ရက်နေ့ကတော့ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် စီနိုင်းမြို့ ပရင့်တူးရပ်ကွက်က စက်ရုံတစ်ခုကို မလေးရှားအာဏာပိုင်တွေက ဝင်ရောက်စီးနင်းစဥ် မြန်မာအလုပ်သမား နှစ်ရာကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အခုလို ဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံကနေ အခြေအနေမျိုးမျိုးကြောင့် မလေးရှားကို ရောက်လာသူတွေ အခက်အခဲမျိုးစုံကြုံနေရတယ်လို့ မလေးရှားရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၈ ရက်နေ့အထိ မလေးရှားနိုင်ငံ ဂျိုဟိုး ၊ နဂရီဆမ်ဘီလန်၊ ဆလန်ဂေါ ၊ ဘူးကစ်ဘင်တန်း ပြည်နယ်တွေနဲ့ မလေးရှားနိုင်ငံ တစ်ဝန်းမှာ မြန်မာနိုင်ငံသား တစ်ထောင်ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်…
Показать все...
မလေးရှားမှာ မြန်မာတစ်ရာနီးပါး ထပ်မံဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ဆန်တိုဒေသမှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာ ၉၅ ဦးကို မေ ၂၈ ရက် မနက်က မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှားရောက် မြန်မာတွေက ပြောပါတယ်။

😢 2👍 1
03:22
Видео недоступноПоказать в Telegram
ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ကချင်နယ်စပ်ကုန်သွယ်ရေး ခက်ခဲနေ ~~~ ■ ကချင်ပြည်နယ်မှာ မတ်လကနေ စပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သလောက်ဖြစ်သွားပြီလို့ ကုန်သည်တွေက ပြောပါတယ်။ ဒီအကြောင်း မဂျူလိုင်မျိုး တင်ပြပါမယ်။ ____________ RFA Burmese Website တွင် ဖတ်ရှုရန်…
Показать все...
🤔 3👎 2
00:47
Видео недоступноПоказать в Telegram
ကချင်မှာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေလို့ လုပ်ငန်းရှင်တွေ သိန်းသောင်းနဲ့ချီ ဆုံးရှုံး
Показать все...
👍 4👎 1👌 1
မြန်မာ့ရွှေဈေး ၅၃ သိန်းကျော်အထိ ဆက်လက်မြင့်တက် ~~~ ■ ပြည်တွင်းရွှေဈေးကွက်မှာ မေလ ၂၈ ရက် ဒီနေ့မနက် ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားကို ၅၃ သိန်းကျော်အထိ ဈေးရှိနေပြီး ရွှေဈေးနှုန်းက အကျဘက်မရှိဘဲ ဆက်လက်မြင့်နေတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ မေလ ၂၇ ရက် မနေ့က ညနေ အပိတ်ဈေးမှာ တစ်ကျပ်သားကို ၅၂ သိန်းအထိ ဈေးပေါက်ရာကနေ ဒီနေ့မနက် ဈေးကွက်စဖွင့်ချိန်မှာ ငါးဆယ့်သုံးသိန်းငါးသောင်း (၅၃, ၅၀၀၀၀) အထိ မြင့်တက်နေတာပါ။ ရွှေဈေးက တစ်ရက်ကို သိန်းဂဏန်းအထိ ဈေးအတက်ကြမ်းနေတာကြောင့် ရွှေရောင်းဝယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေကြုံရတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “စျေးက ဆက်တိုက်တက်နေတယ်။ အတက်ကိုပဲ သွားနေတဲ့အခါကျတော့ အဆင်မပြေဘူး။ အတက်အကျက အသွားအပြန် မရှိတဲ့အခါကျတော့ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ တစ်နေ့ကို သိန်းဂဏိန်းလောက်ထိ အပြောင်းအလဲ ဖြစ်နေတာကိုး။ အခုက ဆက်တက်မယ့်အရိပ်အယောင်တွေ တွေ့နေရသေးတယ်။ အတက်ကြမ်းမယ့် ပုံမျိုးတွေ့တဲ့အခါ ရွှေဆိုင်ကြီးတွေက အခေါက်ရွှေရောင်းတာတွေ ပိတ်လိုက်တာမျိုးရှိတယ်” ပြင်ပ ရွှေစျေးတွေ မြင့်တက်နေပေမယ့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ထားတဲ့ ရွှေစျေးနှုန်းကတော့ ကျပ်သိန်းလေးဆယ်နီးပါး (၃၉၉၉၄၀၀) သာရှိပါတယ်။ ပြည်တွင်းငွေလဲနှုန်းတန်ဖိုးကလည်း ပြင်ပစျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ၄၃၀၀ ကနေ ၄၄၀၀ ကြား အရောင်းအဝယ်ဖြစ်နေတယ်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။ “မေလ ပထမပတ်လောက်ကတည်းကစတာ တောက်လျှောက်ပဲတက်တာ။ ဒေါ်လာစျေးဆိုရင်လည်း မေလ ပထမပတ်လောက်ကဆို ၄၀၅၀ ဝန်းကျင်လောက်ကနေ တရိပ်ရိပ် တက်လာခဲ့တာ။ အခု ၄၅၀၀ နားနီးလာပြီ။ မိုးတွင်းပိုင်းမှာ ရွှေတွင်းတွေ ပိတ်လိုက်တာလည်းပါတယ်။ နိုင်ငံရေး မတည်ငြိမ်တဲ့အခါ လူငယ်တွေလည်း အပြင်ထွက်ကြတယ်။ ဒေါ်လာ လိုအပ်ချက်တွေ ပိုဖြစ်လာတယ်” စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၆ ခုကို အရေးယူလိုက်တယ်လို့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဗဟိုဘဏ်က အရေးယူမှုတွေရှိနေပေမဲ့ ရွှေနဲ့ ဒေါ်လာစျေးကတော့ ဆက်တိုက်မြင့်တက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ _________ ရန်ကုန်မြို့မှ ရွှေဆိုင်တချို့အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA) RFA Burmese Website တွင် ဖတ်ရှုရန်…
Показать все...
မြန်မာ့ရွှေဈေး ၅၃ သိန်းကျော်အထိ ဆက်လက်မြင့်တက်

ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ၅၃ သိန်းကျော်အထိ ဈေးရှိနေပြီး ရွှေဈေးနှုန်းက အကျဘက်မရှိဘဲ ဆက်လက်မြင့်နေပါတယ်။

👍 8😢 1
ဝိုင်းမော်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေထဲက တစ်ဦး သေဆုံး ~~~ ■ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အဝင်မှာ အရပ်သားတွေလိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရမှုကြောင့် ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အထဲက အမျိုးသားတစ်ဦး မေလ ၂၇ ရက်နေ့ ညနေပိုင်းမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရသူတွေဟာ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး အဲဒီထဲက အသက်၂၉ နှစ်အရွယ် ကိုချစ်ဦးမောင်ဆိုသူ သေဆုံးခဲ့သလို နောက်ထပ်အမျိုးသမီးတစ်ဦးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဝိုင်းမော်မြို့နယ် ဘီဘရာရွာက ငှက်ပျောခြံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အရပ်သားတွေဟာ မေလ ၂၆ ရက်နေ့ညပိုင်းမှာ ကား၊ သုံးဘီးဆိုင်ကယ်တို့နဲ့ မြို့ပေါ်ကိုတက်လာချိန် မြို့အဝင်က တိုက်ပွဲအတွင်း ကြားညပ်ပြီး ထိခိုက်၊ သေဆုံးမှုတွေ ရှိခဲ့တာပါ။ အခုလို တိုက်ပွဲအတွင်း ပြည်သူတွေကြားညပ်ပြီး ထိခိုက်နစ်နာတာမျိုးမဖြစ်ဖို့ လိုအပ်တယ်လို့ ဝါရှောင်ဆရာတော် ဦးဝိဇယက RFA ကို မိန့်ပါတယ်။ “ပြည်သူတွေ ကြားညပ်ပြီး ထိတာမျိုးမဖြစ်စေချင်ဘူး။ ပြည်သူတွေ ပင်ပန်းလွန်းလှပါပြီ၊ ဘဝပျက်လွန်းလှပါပြီ။ အဲတော့ နှစ်ဖက်စစ်ခင်းကြတဲ့ ပုဂ္ဂိုလ်တွေကလည်း ဖြစ်ပြီးတော့မှ ဘယ်သူပစ်တာပါ၊ သူပစ်တာပါလို့ ငြင်းခုံစရာမလိုအောင် နှစ်ဖက် လွတ်လွတ်ကျွတ်ကျွတ် စစ်ခင်းမယ်ဆိုလည်း ကိုယ့်ဘာသာ စီစဉ်ကြပေါ့။ ပြည်သူတွေ ထိခိုက်နစ်နာတာမျိုး နောက်မလုပ်ဖို့ လိုအပ်တယ်” ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ကချင်ပြည်နယ်မှာ အရပ်သား ရှစ်ဆယ်ကျော် သေဆုံးခဲ့ပါတယ်။ _________ RFA Burmese Website တွင် ဖတ်ရှုရန်…
Показать все...
ဝိုင်းမော်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေထဲက တစ်ဦး သေဆုံး

ဝိုင်းမော်မြို့အဝင်မှာ အရပ်သားတွေလိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရမှုကြောင့် ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသားတစ်ဦး မေ ၂၇ ညနေပိုင်းမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးခဲ့ပါတယ်။

😢 9👍 3
တောင်ကိုရီးယား ချေးငွေလုပ်ငန်းက မြန်မာဝန်ထမ်းနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံး ~~~ ■ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ တောင်ကိုရီးယား အသေးစားချေးငွေလုပ်ငန်း DGB Microfinance Myanmar က မြန်မာဝန်ထမ်းနှစ်ဦး သေနတ်သမားတစ်စုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားတယ်လို့ ကုမ္ပဏီက မေလ ၂၈ ရက်နေ့မှာ အတည်ပြုကြောင်း တောင်ကိုရီးယား အင်္ဂလိပ်သတင်းစာ Korea JoongAng Daily က ဖော်ပြပါတယ်။ မြန်မာဝန်ထမ်းနှစ်ဦးဟာ မေ ၂၁ ရက်နေ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာအနီးမှာ အလုပ်လုပ်ကိုင်နေချိန် ကြားညပ်ခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခံရတာတော့ မဟုတ်ဘူးလို့ဆိုပါတယ်။ သေဆုံးသွားတဲ့ ဝန်ထမ်းနှစ်ဦးရဲ့ အသေးစိတ်အချက်အလက်နဲ့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာဖြစ်ပွားတယ် ဆိုတာကိုတော့ Korea JoongAng Daily က အသေးစိတ်မဖော်ပြပါဘူး။ ကုမ္ပဏီအနေနဲ့ ဝန်ထမ်းနှစ်ဦးအတွက် နာရေးစရိတ် ချက်ချင်းထောက်ပံ့ခဲ့ပြီး ကျန်ရစ်မိသားစုအတွက် ဆက်လက်ထောက်ပံ့သွားဖို့ရှိတယ်လို့လည်း ဖော်ပြပါတယ်။ တိုက်ခိုက်သူတွေဟာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု ရှိ မရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ DGB Microfinance Myanmar ဟာ တောင်ကိုရီးယားဘဏ် Daegu Bank ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခုဖြစ်တယ်လို့ Korea JoongAng Daily က ဖော်ပြပါတယ်။ DGB Microfinance Myanmar ကို ၂၀၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရုံးခွဲ သုံးဆယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ______ RFA Burmese Website တွင် ဖတ်ရှုရန်…
Показать все...
တောင်ကိုရီးယား ချေးငွေလုပ်ငန်းက မြန်မာဝန်ထမ်းနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံး

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ တောင်ကိုရီးယား အသေးစားချေးငွေလုပ်ငန်း DGB Microfinance Myanmar က မြန်မာဝန်ထမ်းနှစ်ဦး သေနတ်သမားတစ်စုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပါတယ်။

👍 11💔 1
09:50
Видео недоступноПоказать в Telegram
နေ့လယ်ခင်းသတင်း (၂၀၂၄ မေ ၂၈ ရက်) ~~~ ■ လှိုင်သာယာမြို့နယ် စည်ပင်သာယာရုံး ဗုံးခွဲတိုက်ခိုက်ခံရ ■ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အရပ်သား ၂၇၀ နီးပါးသေဆုံး ■ ပုလဲမှာ လူနှစ်ဆယ်ကျော် ဖမ်းဆီးခံရပြီး လေးဦးသတ်ဖြတ်ခံရ ■ ပုသိမ်ကြီးမှာ အသတ်ခံထားရတဲ့ လူငယ်နှစ်ဦးအလောင်းတွေ့ ■ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် နှစ်နှစ်အတွင်း ၁၄၀၀ ကျော်သေဆုံး ■ ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဖို့ ခြိမ်းခြောက်ခေါ်ယူနေ ■ ထိုင်းနိုင်ငံ ဆန်ခလဘူရီမှာ မြန်မာ ၃၂ ဦးအဖမ်းခံရ ■ လားရှိုး-မန္တလေး ခရီးစဉ်တွေ ယာယီပြတ်တောက် ________
Показать все...
7👍 5