fa
Feedback
The Standard Time Digital

The Standard Time Digital

رفتن به کانال در Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

نمایش بیشتر
کشور مشخص نشده استدسته بندی مشخص نشده است
274
مشترکین
-124 ساعت
+47 روز
+2530 روز
آرشیو پست ها
◾️ရုရှားစစ်လေယာဉ်များကို ဘောလ်တစ်ဒေသ၌ နေတိုးအုပ်စု စောင့်ကြည့် ဘောလ်တစ် ပင်လယ်ဒေသ၌ကင်းလှည့်ပျံသန်းနေသော ရုရှားလေတပ်မှ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်များကို မြောက်အတ္တလန္တစ်စာချုပ်အဖွဲ့(နေတိုး) တိုက်လေယာဉ်များကအရေးပေါ် တက်ရောက်၍ စောင့်ကြည့်ခဲ့ကြကြောင်း ဧပြီ ၂၁ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။ ရုရှားလေတပ် စစ်လေယာဉ်များကို လစ်သူယေးနီးယားနိုင်ငံ၌တပ်စွဲထားသော ပြင်သစ်နိုင်ငံလုပ်ရာဖေးလ် အမျိုးအစား စစ်လေယာဉ်များက တက်ရောက်စောင့်ကြည့်ခဲ့ကြပြီး ဆွီဒင်၊ ဖင်လန်၊ ပိုလန်၊ ဒိန်းမတ်နှင့်ရိုမေးနီးယားနိုင်ငံတို့မှ တိုက်လေယာဉ်များကလည်း ပါဝင်ကူညီခဲ့ကြကြောင်းသိရသည်။ ဘောလ်တစ် ပင်လယ်ဒေသ၌မေ ၂၀ ရက်တွင် ကင်းလှည့်ပျံသန်းခဲ့ကြသော ရုရှားတိုက်လေယာဉ်များမှာတီယူ- ၂၂ အမ် (၃) အမျိုးအစား မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းနှင့် တိုက်လေယာဉ် ၁၀ စင်း ပါဝင်ကြောင်း နေတိုးအုပ်စုက သတင်းထုတ်ပြန်ထားသည်။ ရုရှားလေတပ် စစ်လေယာဉ်များ ဘောလ်တစ်ဒေသ၌ ကင်းလှည့်ပျံသန်းမှုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုထားသည်။ အဆိုပါ စစ်လေယာဉ်များသည် ကြိုတင်စီစဉ်ထားသော ကင်းလှည့်ပျံသန်းမှု အစီအစဉ်များအရ ဘောလ်တစ်ပင်လယ်ဒေသ နိုင်ငံတကာရေပြင်အတွင်း လေးနာရီကျော်ကြာ ပျံသန်းခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းအပြင် ရုရှားစစ်လေယာဉ်များအနေဖြင့် ယင်းသို့ကင်းလှည့်ပျံသန်းရာတွင် နိုင်ငံတကာဥပဒေ များကိုလည်း တင်းတင်းကျပ်ကျပ် လိုက်နာစောင့်ထိန်းခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားထားသည်။ ရုရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ဘောလ်တစ်ပင်လယ်ဒေသ၌မဟာဗျူဟာမြောက် တာဝေးပျံ ဗုံးကြဲလေယာဉ်များဖြင့် ကင်းလှည့်ပျံသန်းမှုပေါင်း လေးကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ပိတ်မိနေသည့် သင်္ဘောသားများကို အကူအညီပေးကြရန် အိုင်အမ်အို တိုက်တွန်း ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများပိတ်ဆို့နေမှုကြောင့် ပင်လယ်ကွေ့ရေပြင်များအတွင်း သောင်တင်ပိတ်မိနေသော နိုင်ငံတကာသင်္ဘောသား ထောင်ပေါင်းများစွာတို့ကို အကူအညီများပေးကြရန် ကုလသမဂ္ဂနိုင်ငံတကာရေကြောင်းအဖွဲ့ချုပ်(အိုင်အမ်အို)က ဧပြီ ၂၁ ရက်တွင် သင်္ဘောကုမ္ပဏီများကို တိုက်တွန်းထားကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများပိတ်ဆို့နေမှုကြောင့် သောင်တင်ပိတ်မိနေသည့် နိုင်ငံတကာ သင်္ဘောသားများအနေဖြင့် စိတ်ဖိအားဝင်ရောက်မှု ပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု ပြဿနာ များနှင့် ရင်ဆိုင်နေကြရကြောင်းအိုင်အမ်အို တာဝန်ရှိသူများက ပြောကြားသည်။ သို့ဖြစ်ရာ သောင်တင်ပိတ်မိနေသည့် နိုင်ငံတကာသင်္ဘောသားများအတွက် စိတ်ကျန်းမာရေးနယ်ပယ်ကဲ့သို့ နယ်ပယ်များ၌ သင်္ဘောကုမ္ပဏီများက အကူအညီပေးကြရမည်ဖြစ်ကြောင်း အိုင်အမ်အိုက တိုက်တွန်းထား သည်။ အိုင်အမ်အို၏ အဆိုအရဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများပိတ်ဆို့နေမှုကြောင့် ပင်လယ်ကွေ့ ရေပြင်များအတွင်း သင်္ဘောစင်းရေ ၂၀၀၀ ခန့်နှင့် သင်္ဘောသား၂၀၀၀၀ ခန့် ပိတ်မိနေကြကြောင်း သိရသည်။ အမေရိကန်နှင့်အစ္စရေးတို့က ဖေဖော်ဝါရီ၂၈ ရက်တွင် စစ်ရေးအရတိုက်ခိုက်ခဲ့ပြီးနောက်အီရန်နိုင်ငံက ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေသောဟော်မုဇ်ရေလက်ကြားကို စတင်ပိတ်ဆို့ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဗြိတိန်နိုင်ငံတွင် (၁၇) နှစ်အောက် ကလေးများ ဆေးလိပ်သောက်သုံးခွင့် ရာသက်ပန် ပိတ်ပင်မည် အသက် (၁၇) နှစ်အောက် ကလေးများစီးကရက်ဝယ်ယူသောက်သုံးမှုအား ရာသက်ပန်ပိတ်ပင်ထားသော ဥပဒေကြမ်းတစ်ရပ်ကို ဗြိတိန်အထက် လွှတ်တော်နှင့်အောက်လွှတ်တော်တို့ကဧပြီ ၂၁ ရက်တွင် အတည်ပြု ခဲ့ကြကြောင်း သိရသည်။ ဗြိတိန်ပါလီမန်က အတည်ပြုခဲ့သောဆေးရွက်ကြီးနှင့် အီးစီးကရက်များဆိုင်ရာ ဥပဒေကြမ်းအမည်ရှိ အထက်ပါဥပဒေကြမ်းသည် ၂၀၀၉ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်း မွေးဖွားသူ မည်သူ့ကိုမဆို ဆေးလိပ်ဝယ်ယူသောက်သုံးခွင့် ရာသက်ပန်ပိတ်ပင်ထားသည်။ အထက်ပါဥပဒေကြမ်းကို ပါလီမန်ကအတည်ပြုပေးနိုင်ခဲ့ခြင်းသည် ဗြိတိန်၏ အမျိုးသားကျန်းမာရေးလှုပ် ရှားမှုအတွက် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးဝက်စ်စထရိတင်းက ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါဥပဒေကြမ်းသည် ဗြိတိန်ဘုရင်ချားလ်-၃က အတည်ပြုပြီးချိန်တွင် ဥပဒေအဖြစ်စတင် အာဏာသက်ဝင်မည်ဖြစ်သည်။ဆေးရွက်ကြီးနှင့် အီးစီးကရက်များဆိုင်ရာဥပဒေ အာဏာသက်ဝင်ခဲ့ပါက ဗြိတိန်နိုင်ငံ၌ ဆေးလိပ်သောက် သုံးမှု ကင်းရှင်းသော ပထမဆုံးမျိုးဆက်ပေါ်ထွက်လာနိုင်ကြောင်း ဗြိတိန်အစိုးရကမျှော်လင့်ထားသည်။ ကလေးများ စီးကရက်ဝယ်ယူသောက်သုံးမှုပိတ်ပင်ရေးဥပဒေကို နယူးဇီလန်နိုင်ငံက ၂၀၂၂ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် နယူးဇီလန်ကွန်ဆာဗေးတစ်အစိုးရအဖွဲ့သစ်က ယင်းဥပဒေကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းနိုင်ငံ စန်ခွပ်မြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံ လုပ်ငန်းခွင်၌ထိခိုက်ခဲ့သည့် မြန်မာလုပ်သား နစ်နာကြေး ဘတ်သုံးသိန်းကျော်ရ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် စန်ခွပ်မြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံတွင် အလုပ်လုပ်ရင်း ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမား ကိုစိန်မြင့်၏ နစ်နာကြေး ဘတ်သုံးသိန်းကျော်ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အဖွဲ့မှ သိရသည်။ ကိုစိန်မြင့်သည် ၎င်းစက်ရုံတွင်၂၀၂၅ ခုနှစ် မတ် ၆ ရက်၌ မိုရိုက်နေစဉ်အတွင်း မတော်တဆ သတ္တုစ လွင့်စဉ်ပြီး သူ၏ ဘယ်ဘက်မျက်လုံးသို့ထိမှန်ခဲ့ရာမှ မျက်လုံးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုစိန်မြင့်၏ နစ်နာကြေးကိုဧပြီ ၂၂ ရက်တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့မှ သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား မေ ၁ ရက် စတင်ပြေးဆွဲမည် ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅) အဆန်^အမှတ်(၆)အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားဖြင့်မေ ၁ ရက်မှ စတင်ကာ တိုက်ရိုက်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ အမှတ်(၅)အဆန်သည် ရန်ကုန်မှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄ နာရီ၊ အမှတ်(၆) အစုန်သည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး ညနေ၄ နာရီတို့၌ ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့တွင် ရပ်တန့်ပြီး အထက်တန်းကျပ် ၄၈၀၀၀၊ ပထမတန်း ကျပ် ၃၄၀၀၀တို့ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တွင်ပြေးဆွဲပေးနေသည့် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားဖြစ်သော အမှတ်(၃၁)အဆန်သည်ရန်ကုန်မှ နံနက် ၁၀ နာရီတွင် စတင်ထွက်ခွာပြီး ညနေ ၃ နာရီ၊အမှတ်(၃၂)အစုန်သည် နေပြည်တော်မှ နံနက် ၁၀ နာရီတွင် စတင်ထွက်ခွာပြီး ညနေ ၃ နာရီတို့၌ ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်၏လေအေးပေးစက်ပါခေတ်မီနMU လူစီးအမြန်ရထား အမှတ် (၇)အဆန်သည် ရန်ကုန်မှ မွန်းလွဲ ၁၂ နာရီခွဲတွင် စတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲ၊ အမှတ်(၈)အစုန်သည် မွန်းလွဲ၁၂ နာရီခွဲတွင် နေပြည်တော်မှ စတင်ထွက်ခွာပြီး ညနေ ၅နာရီခွဲတို့၌ ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်တွင် ပြေးဆွဲမည့်အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် DEMU လူစီးအမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်- ရန်ကုန် ခရီးစဉ်တွင်ပြေးဆွဲနေသော အမှတ် (၃၁) အဆန်/အမှတ် (၃၂) အစုန်၊အမှတ် (၇) အဆန်/အမှတ် (၈) အစုန်လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံ လက်မှတ်များကိုOnline Railway Ticketing and Payment ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြန်မာ့ မီးရထားအနေဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံ ချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- MDN #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီး ထိုင်းထီ ဘတ် ၁၂ သန်း ကံထူး ထိုင်းနိုင်ငံဗန်ကောက်မြို့တွင်အလုပ်လုပ်နေသည့်မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးငယ်တစ်ဦးသည် ဧပြီ ၁၆ ရက် ထိုင်းထီဖွင့်ပွဲတွင် ဘတ် ၁၂ သန်း ကံထူးသွားခဲ့ကြောင်းသိရသည်။ အဆိုပါကံထူးရှင်မှာ ထိုင်းတွင် နေထိုင် အလုပ်လုပ်နေသည်မှာ ၁၃ နှစ်ကျော်ရှိပြီး ယခုနှစ် ထိုင်းဆုန်ခရန်ကာလတွင် ထီထိုးရာမှ ကံထူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထီဆုငွေ ထိုင်းဘတ်ငွေ ၁၂ သန်းကို ဧပြီ ၂၀ ရက်တွင်နေ့ချင်းပြီး ထုတ်ယူခဲ့ပြီး ကံထူးရှင်၏လက်ထဲ လွှဲပြောင်းပေးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်ထားသည်။ MHAC အဖွဲ့အနေဖြင့် ယခု ကံထူးရှင် အမျိုးသမီးအပါအဝင် နှစ်စောင်တွဲကံထူးရှင် ကိုးဦး၊ ကံထူးရှင် စုစုပေါင်း ၆၄ ဦးကို ထီဆုငွေများ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- MHAC #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️ရန်ကုန်တွင် ဆောက်လုပ်ရေးနှင့် ဆက်စပ်လုပ်ငန်းများပါဝင်သည့် ပြပွဲကျင်းပမည် မြန်မာမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ်အဖြစ် “𝐁𝐮𝐢𝐥𝐝-𝐒𝐦𝐚𝐫𝐭 & 𝐁𝐢𝐠𝐠𝐞𝐬𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐄𝐱𝐩𝐨 𝟐𝟎𝟐𝟔” ကုန်စည်ပြပွဲကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါပြပွဲကို မေ ၁၅ ရက်မှ၁၇ ရက်အထိ ရန်ကုန်မြို့ရှိ 𝐘𝐚𝐧𝐠𝐨𝐧 𝐂𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 ( 𝐘𝐂𝐂 ) ခန်းမ၊ ကမ္ဘာအေးဘုရားလမ်း၌ 𝐁𝐮𝐢𝐥𝐝𝐞𝐫𝐬 𝐌𝐚𝐥𝐥 𝐄𝐱𝐩𝐨နှင့် ပူးပေါင်း၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကြီးတွင် 𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 , 𝐑𝐞𝐧𝐞𝐰𝐚𝐛𝐥𝐞 𝐄𝐧𝐞𝐫𝐠𝐲 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 , 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐂𝐨𝐦𝐩𝐚𝐧𝐲 & 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥𝐬, 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 & 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜𝐚𝐥𝐬, 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐃𝐞𝐜𝐨𝐫𝐚𝐭𝐢𝐨𝐧 &𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 𝐌𝐨𝐝𝐞𝐫𝐧 𝐅𝐮𝐫𝐧𝐢𝐭𝐮𝐫𝐞, 𝐇𝐞𝐚𝐯𝐲𝐌𝐚𝐜𝐡𝐢𝐧𝐞𝐫𝐲 စသည့် 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 တစ်ခုလုံးရှိ MCEF အသင်းဝင်ကုမ္ပဏီကြီးများသာမက မြန်မာပြည်၏ အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းကြီးများဖြင့် ပါဝင်ပြသသွားရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ “𝐁𝐮𝐢𝐥𝐝-𝐒𝐦𝐚𝐫𝐭 & 𝐁𝐢𝐠𝐠𝐞𝐬𝐭 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐨𝐧 𝐄𝐱𝐩𝐨 𝟐𝟎𝟐𝟔”ကုန်စည်ပြပွဲကြီးတွင် MCEFမှ ပညာရှင်အကြံပေးဆရာကြီးများ၏ နည်းပညာဆိုင်ရာဆွေးနွေးဟောပြောပွဲများ၊ အိမ်ခြံမြေဟောပြောပွဲများ၊ အနုပညာရှင်နှင့် Dancerများ၏ အကအလှ အနု ပညာဖျော်ဖြေမှုများနှင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲကြီးသို့ ပါဝင်ပြသလိုသော𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 & 𝐂𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬များအနေဖြင့် အမှတ် (၃) သံသုမာလမ်းနှင့်ဝေဇယန္တာလမ်းထောင့် သုဝဏ္ဏလမ်းဆုံရှိ MCEF Head Office ဖုန်း- ၀၉-၈၉၃ ၂၁၇ ၁၀၉ , ၀၉- ၆၆၀ ၂၈၂ ၀၀၀သို့လည်းကောင်း၊ MCEF 𝐍𝐚𝐲𝐩𝐲𝐢𝐭𝐚𝐰 𝐎𝐟𝐟𝐢𝐜𝐞 ဖုန်း- ၀၉-၂၅ ၄၄၅၄၆၅၆ သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-MCEF #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️လောင်စာဆီပြတ်လပ်မှုပြဿနာကြောင့် ဘင်္ဂလားဒေ့ ရှ်၌ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ ရပ်သွားနိုင် အရှေ့အလယ်ပိုင်းစစ်ပွဲ နောက်ဆက်တွဲအကျိုးဆက်အဖြစ်လောင်စာဆီပြတ်လပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်များ လုပ်ငန်းရပ်ထားရတော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်းဘင်္ဂလားဒေ့ရှ် မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီများကဧပြီ၂၀ရက်တွင် သတိပေးထားသည်။ လူဦးရေ သန်း၁၇၀ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံ၏ ရေနံနှင့် ဓာတ်ငွေ့လိုအပ်ချက်၉၅ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်ပြီး အများစုကို အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဝယ်ယူ နေရခြင်းဖြစ်သည်။ သို့ဖြစ်ရာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်စွမ်းအင်ဖြည့်ဆည်းမှု လမ်းကြောင်းများ ကွင်းဆက်ပြတ်တောက် ချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း လောင်စာဆီပြတ်လပ်မှု ပြဿနာနှင့်ပြင်းထန်စွာရင်ဆိုင်နေရသည်။ အကယ်၍ လုပ်ငန်းဆက်လက် လည်ပတ်ရေးအတွက် လိုအပ်သည့် လောင်စာဆီများ မရခဲ့ပါက မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ၏ ဝန်ဆောင်မှု အချိန်မရွေးရပ်တန့်သွားနိုင်ကြောင်းဘင်္ဂလားဒေ့ရှ် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းရှင်များ အသင်းက သတိပေးထားသည်။ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း ဒေတာစင်တာများသည် တစ်နာရီလျှင် ဒီဇယ်ဆီ လီတာ၅၀၀ မှ ၆၀၀အထိ သုံးစွဲရသည်ဖြစ်ရာ ဒေတာစင်တာတစ်ခုချင်းအနေဖြင့် နေ့စဉ်လုပ်ငန်းလည်ပတ်ရေးအတွက် ဒီဇယ်ဆီ လီတာ၄၀၀၀နီးပါး သုံးစွဲရကြောင်း မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။ လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများအနေဖြင့် ကာလရှည် လောင်စာဆီရှားပါးမှုပြဿနာကြောင့် ဖိအားများ စတင် ခံစားနေကြရပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များ လုပ်ငန်းလည်ပတ်မှု ကျဆင်းခဲ့ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ သတင်းတိုပေးပို့မှုစနစ်များနှင့် အခြားမိုဘိုင်းဝန်ဆောင်မှုများ ရပ်တန့် သွားနိုင်ကြောင်းသိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း