ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
274
订阅者
+124 小时
+37
+2630
帖子存档
◾️ကိုရင်ငယ်အားရိုက်နှက်သည့် ဘုန်းကြီးကိုအမှုဖွင့်၊ ဆေးရုံပေါ်မှ ကိုရင်ပုံမှာပုံအမှားဖြစ် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ ကျောက်ဖြူတောင် ပဋိပတ္တိတောရကျောင်း၌ ကိုရင်လေးတစ်ပါးအား ပြင်းပြင်းထန်ထန်အင်အားသုံးရိုက်နှက်သည့် ကျောင်းထိုင်ဘုန်းကြီးကို ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းအမှုအားကူညီဆောင်ရွက်ပေးနေသူ ဥူးသုနန္ဒကမိန့်သည်။ ရိုက်နှက်ခံရသူကိုရင်လေးမှာ အသက်(၇) နှစ်အရွယ်ရှိပြီဖြစ်ပြီး ရိုက်နှက်သူဘုန်းကြီးမှာ သက်တော်(၄၁) နှစ်၊ ဝါတော်(၂၁) နှစ်ဖြစ်ကြောင်း၊ လက်ရှိတွင်ကိုရင်လေးမှာ ကျန်းမာရေးကောင်းမွန်ပြီး အဆိုပါဘုန်းကြီးကျောင်း၌ ဆက်လက်သီတင်းသုံးနေထိုင်လျက်ရှိကြောင်းသိရသည်။ "ကိုရင်လေးကိစ္စနဲ့ပတ်သတ်ပြီးပြောရရင် အခုအွန်လိုင်းမှာပျံ့နေတဲ့ ကိုရင်လေးတစ်ပါးဆေးရုံပေါ်ကပုံသည် လက်ရှိဖြစ်စဉ်ကိုရင်လေးမဟုတ်ပါဘူး။ မြိတ်ကကိုရင်လေးက ကျန်းမာစွာလက်ရှိကျောင်းမှာပဲ သီတင်းသုံးနေပါတယ်။ ဘယ်ဆေးရုံကိုမှလည်းမတက်ခဲ့ပါဘူး။ ရိုက်တဲ့ဘုန်းကြီး ဥူးတေဇကတော့ လူဝတ်လဲပြီးလူအမည် ဦးထွန်းလှိုင်၊ မြိတ်မြို့မရဲစခန်းမှ ပုဒ်မ ၂၉၅ (က)ဖြင့် အရေးယူထားပါတယ်" ဟု ဥူးသုနန္ဒက စံတော်ချိန်ဒစ်ဂျစ်တယ်သို့မိန့်သည်။ ယခုလဧပြီ ၂၁ ရက်၊ ညနေပိုင်းတွင် ကိုရင်လေးတစ်ပါးကို ဘုန်းကြီးတစ်ပါးကအင်အားထည့်၍ ပြင်းပြင်းထန်ထန်ရိုက်နှက်နေသည့်ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ကြည့်ရှုသူများက၎င်းဘုန်းကြီးအားအရေးယူပေးရန် ဝေဖန်ရေးသာလာကြသည်။ ထို့နောက်တွင် သက်ဆိုင်ရာမြို့နယ် သာသနာရေးဦးစီးဌာနနှင့် ဆရာတော်၊ သံဃာတော်များ၊ ထွေ/အုပ်နှင့်ရဲများက အဆိုပါဘုန်းကြီးကျောင်းသို့သွားရောက်ကာ ကျောင်းထိုင်ဘုန်းကြီး ဥူးတေဇကိုခေါ်ယူ မေးမြန်းစစ်ဆေးခဲ့ကြောင်း၊ ယင်းနောက်ယမန်နေ့ညပိုင်းတွင် ၎င်းအားလူဝတ်လဲကာ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးထားခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင်ကိုရင်လေးအားရိုက်နှက်နေသည်ကို ဗီဒီယိုရိုက်ကူးခဲ့သည့်အမျိုးသမီးမှာ ခြိမ်းခြောက်ခံရမှုများရှိသောကြောင့် ရှောင်တိမ်းနေထိုင်နေရကြောင်း၊ ယင်းဗီဒီယိုဖိုင်အားလူမှုကွန်ရက်ပေါ်တင်ခဲ့သည့် သံဃာတော်မှာလည်း လူထွက်၍ရှောင်တိမ်းနေကြောင်း ဥူးသုနန္ဒကလူမှုကွန်ရက်တွင်အသိပေး ရေးသားထားသည်။ “အများသိအောင် video တင်ပေးတဲ့ ဦးဇင်းလေးနဲ့ရိုက်ကူးခဲ့တဲ့ဒကာမကို ခြိမ်းခြောက်တာတွေရှိလာလို့ ဒကာမကရှောင်နေရပါတယ်။ Video တင်ပေးတဲ့ ဥူးဇင်းလေးကတော့မီဒီယာပေါက်စတွေနဲ့ ဆယ်လီတွေကြားမှာတရားခံနဲ့မှားယွင်းကာ သူ့ရဲ့ပုံကိုတင်ပြမှုတွေကြောင့်ကြောက်လန့်ပြီး လူထွက်လိုက်ပါပြီ။ ဟုတ်ပါတယ်(လူထွက်လိုက်ပါပြီ) ။ စာတတ်ပေတတ်ရဟန်းပျိုတစ်ပါး ထပ်မံဆုံးရှုံးလိုက်ရပါပြီ” ဟု ယနေ့(ဧပြီ ၂၃ ရက်) မွန်းလွဲပိုင်းကရေးသားထားသည်။ ကိုရင်လေး၏မိဘများမှာ ပင်လယ်ပြင်တွင်အလုပ်လုပ်ကိုင်နေခြင်းကြောင့် ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မသိရှိသေးကြောင်း၊ ပြန်ရောက်လာပါကအသိပေးသွားမည်ဖြစ်ကြောင်း ဥူးသုနန္ဒကမိန့်သည်။ "တချို့ကမေးတယ်။ ကိုရင်လေးမိဘတွေကမရှိတော့တာလား ဘာမှမလုပ်ဘူးလားလို့မေးကြတယ်။ တကယ်တော့ကိုရင်လေးမှာမိဘတွေရှိပါတယ်။ သူတို့ကပင်လယ်မှာ အလုပ်လုပ်နေရတဲ့အတွက် ဆက်သွယ်လို့မရဘူး၊ ဆက်သွယ်လို့ရရင်အသိပေးမှာပါ။ ပင်လယ်ပြင်သွားတယ်ဆိုတာ အနည်းဆုံးနှစ်လကနေ တစ်နှစ်အထိကြာတတ်တယ် "ဟု မိန့်သည်။ ယခုလဧပြီ ၂၂ ရက်တွင်လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ အသက်(၁၀) နှစ်အရွယ် ကလေးတစ်ဦးကို အမျိုးသမီးတစ်ဦးက ဆိုင်ကယ်ချည်သည့်ရာဘာမျော့ကြိုးဖြင့်ရိုက်ခြင်း၊ ကလေးအားဝမ်းလျားမှောက်ခိုင်းကာ အပေါ်မှခေါင်းနှင့်ရင်ဘတ်ကိုဆောင့်နင်းခြင်း၊ တက်ခုန်ခြင်းများ ပြုလုပ်နေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လျက်ရှိပြီး ယင်းအမျိုးသမီးအား ကလေးသူငယ်ညှင်းပန်း နှိပ်စက်မှုဖြင့် အမှုဖွင့်အရေးယူထားကောင်း လူမှုကွန်ရက်တွင်သတင်းများထွက်ပေါ်လျက်ရှိသည်။ သတင်း - ပိုင်လေး ဓာတ်ပုံ - ဥူးသုနန္ဒာ/FB #ပြည်တွင်းသတင်း

◾️အက်ဆွာတီနီ ခရီးစဉ်ကို တရုတ် (တိုင်ပေ) သမ္မတ လိုင်ချင်တီး ဖျက်သိမ်းခဲ့ တရုတ် (တိုင်ပေ) သမ္မတလိုင်ချင်တီးသည် ယခုသီတင်းပတ်အတွင်း အာဖရိကတိုက် အက်ဆွာတီနီနိုင်ငံသို့ သွားရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းထားရကြောင်း တရုတ်(တိုင်ပေ) သမ္မတရုံးက ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ တရုတ်အစိုးရ၏ ဖိအားများအရ အာဖရိကနိုင်ငံ သုံးနိုင်ငံတို့ကသမ္မတလိုင်ချင်တီး၏ လေယာဉ် ဝေဟင်ပိုင်နက် အသုံးပြုခွင့်ကိုပိတ်ပင်ခဲ့ခြင်းကြောင့် အက်ဆွာတီနီခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း တရုတ် (တိုင်ပေ) သမ္မတရုံးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ် (တိုင်ပေ) သမ္မတ လိုင်ချင်တီးသည် မူလက အက်ဆွာတီနီနိုင်ငံသို့ ဧပြီ ၂၂ ရက်မှ ၂၆ ရက်အထိသွားရောက်ရန် စီစဉ်ထားသည်။သို့ရာတွင် ခရီးလမ်းကြောင်းတစ်လျှောက်ရှိ ကျွန်းစုနိုင်ငံများဖြစ်ကြသော ဆေးရှဲလ်ကျွန်းစုနိုင်ငံ၊မောရစ်သျှနိုင်ငံနှင့် မဒါဂတ်စကားနိုင်ငံတို့က ဝေဟင်ပိုင်နက် အသုံးပြုခွင့် ပိတ်ပင်ခဲ့ခြင်းကြောင့် ခရီးစဉ်ဖျက်သိမ်းခဲ့ရခြင်း ဖြစ်ကြောင်းတရုတ် (တိုင်ပေ) တာဝန်ရှိသူများကပြောကြားသည်။ အထက်ပါနိုင်ငံ သုံးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖိအားအမျိုးမျိုးကြောင့် ကြိုတင်သတိပေးခြင်းမရှိဘဲသမ္မတလိုင်ချင်တီး၏ လေယာဉ်ဝေဟင်ပိုင်နက် အသုံးပြုခွင့်ကိုပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း တရုတ် (တိုင်ပေ) တာဝန်ရှိသူများက ပြောကြားသည်။ အက်ဆွာတီနီ နိုင်ငံသည်တရုတ် (တိုင်ပေ)၏ တစ်ခုတည်းသော အာဖရိက မဟာမိတ်နိုင်ငံဖြစ်သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဟောမုဇ်ရေလက်ကြား ပိတ်ထားခြင်းကြောင့် အမေရိကန်ရေနံ ဝယ်လိုအား မြင့်တက်လာ တက္ကဆက်၊ လူဝီစီယားနား နှင့် အလာစကာ ကဲ့သို့သော အမေရိကန်၏ ရေနံကြွယ်ဝသော ပြည်နယ်များဆီသို့ ရာနှင့်ချီသော သင်္ဘောများရောက်ရှိသွားစေရန် အီရန်ခေါင်းဆောင်များက တွန်းအားပေးခဲ့ကြကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းပိုင် Truth Social လူမှုကွန်ရက်ပေါ်တွင် တနင်္လာနေ့ညတွင် ပြောကြားခဲ့သည်။ မည်ကဲ့သို့သော သင်္ဘောများကို ထရန့်က ရည်ညွှန်းခဲ့သည်ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်း မရှိသော်လည်း ဟောမုဇ်ရေလက်ကြားကို အီရန် က ပိတ်ဆို့ထားခြင်းကြောင့် အမေရိကန်ရေနံစိမ်းများအပေါ် ဝယ်လိုအား မြင့်တက်လာခဲ့သည်ဟု သင်္ဘောလုပ်ငန်းနှင့် ကုန်သွယ်ရေးလေ့လာဆန်းစစ်သူများက BBC Verify အား ပြောပြကြသည်။ ၎င်းရေလက်ကြားသည် ကမ္ဘာ့ရေနံ စီးဆင်းမှု၏ ဗူးလည်ဆို့ နေရာဖြစ်သည်။ သို့သော် ဖေဖော်ဝါရီ ၂၈ တွင် အမေရိကန် - အစ္စ‌‌‌ရေးတို့နှင့် အီရန်ကြားက စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ လုံးဝနီးပါး ပြတ်တောက်သွားခဲ့သည်။ ဟောမုဇ်အား ဖြတ်သန်း၍ အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းကို မဝယ်ယူနိုင်သော အချိန်တွင် ရေနံတင်သွင်းသူများက အခြားရေနံထောက်ပံ့ရေးလမ်းကြောင်းများကို ရှာဖွေကြရသည်။ ဧရာမရေနံတင်သင်္ဘောကြီးများ (VLCCs) ဟု သိရှိကြသော ရေနံတင်သင်္ဘောကြီး ၇၁ စီးသည် ရေနံတင်ဆောင်ရန် အမေရိကန်သို့ ဦးတည်ခဲ့ကြကြောင်း နှင့် ၎င်းနေ့စဉ်အရေအတွက်သည် ပြီးခဲ့သည့် နှစ်က တစ်နေ့လျှင် ပျှမ်းမျှ ၂၇ စီးသာ ရှိကြောင်း ရေကြောင်းလုပ်ငန်းအချက်အလက် ခွဲခြမ်းစိတ်ဖြာသော Kpler ကုမ္ပဏီ၏ အချက်အလက်များက ပြသနေသည်။ အမေရိကန်၏ ပင်လယ်ကွေ့ကမ်းရိုးတန်းအပါအဝင် အတ္တလန်တစ်သမုဒ္ဒရာ ရပ်ဝန်းတွင် ရေနံတင်ဆောင်ခြင်းသည် ထောက်ပံ့မှုကွာဟချက်ကို ဖြည့်တင်းရန် ပေါများသော၊ လွယ်ကူသော ဖြေရှင်းချက်အဖြစ် ဥရောပနှင့်အာရှမှ ဝယ်လက်များက ရှုမြင်ကြသည်ဟု Argus Media ဈေးကွက်ထောက်လှမ်းရေးလုပ်ငန်း မှ အမေရိကန်ရေနံစိမ်း သင်္ဘောတင်နှုန်း ဈေးဖြတ်ပေး‌ရေးခေါင်းဆောင် ဒေးဗစ်ဟေဒန် က ပြောသည်။ ထိုသို့သောရှုမြင်မှုက အမေရိကန် ရေနံစိမ်းတင်ပို့မှု မြင့်တက်မှုကို မောင်းနှင် နေပုံရသည်။ ဧပြီ ၁၀ ရက်တွင် အဆုံးသတ်သော သီတင်းပတ်အတွင်း အမေရိကန်ရေနံစိမ်းတင်ပို့မှုသည် တစ်နေ့လျှင် ၅ ဒသမ ၂ သန်းရှိပြီး ခုနှစ်လအတွင်း အမြင့်ဆုံးဖြစ်ကြောင်း ရေ‌ကြောင်းသုတေသနအတိုင်ပင်ခံ ဒရူဒရီ က ပြောကြားသည်။ သတင်း-ရဲမင်း ကိုးကား-BBC #နိုင်ငံတကာသတင်း

◾️ရုရှားစစ်လေယာဉ်များကို ဘောလ်တစ်ဒေသ၌ နေတိုးအုပ်စု စောင့်ကြည့် ဘောလ်တစ် ပင်လယ်ဒေသ၌ကင်းလှည့်ပျံသန်းနေသော ရုရှားလေတပ်မှ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်များကို မြောက်အတ္တလန္တစ်စာချုပ်အဖွဲ့(နေတိုး) တိုက်လေယာဉ်များကအရေးပေါ် တက်ရောက်၍ စောင့်ကြည့်ခဲ့ကြကြောင်း ဧပြီ ၂၁ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။ ရုရှားလေတပ် စစ်လေယာဉ်များကို လစ်သူယေးနီးယားနိုင်ငံ၌တပ်စွဲထားသော ပြင်သစ်နိုင်ငံလုပ်ရာဖေးလ် အမျိုးအစား စစ်လေယာဉ်များက တက်ရောက်စောင့်ကြည့်ခဲ့ကြပြီး ဆွီဒင်၊ ဖင်လန်၊ ပိုလန်၊ ဒိန်းမတ်နှင့်ရိုမေးနီးယားနိုင်ငံတို့မှ တိုက်လေယာဉ်များကလည်း ပါဝင်ကူညီခဲ့ကြကြောင်းသိရသည်။ ဘောလ်တစ် ပင်လယ်ဒေသ၌မေ ၂၀ ရက်တွင် ကင်းလှည့်ပျံသန်းခဲ့ကြသော ရုရှားတိုက်လေယာဉ်များမှာတီယူ- ၂၂ အမ် (၃) အမျိုးအစား မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် နှစ်စင်းနှင့် တိုက်လေယာဉ် ၁၀ စင်း ပါဝင်ကြောင်း နေတိုးအုပ်စုက သတင်းထုတ်ပြန်ထားသည်။ ရုရှားလေတပ် စစ်လေယာဉ်များ ဘောလ်တစ်ဒေသ၌ ကင်းလှည့်ပျံသန်းမှုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း အတည်ပြုထားသည်။ အဆိုပါ စစ်လေယာဉ်များသည် ကြိုတင်စီစဉ်ထားသော ကင်းလှည့်ပျံသန်းမှု အစီအစဉ်များအရ ဘောလ်တစ်ပင်လယ်ဒေသ နိုင်ငံတကာရေပြင်အတွင်း လေးနာရီကျော်ကြာ ပျံသန်းခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ယင်းအပြင် ရုရှားစစ်လေယာဉ်များအနေဖြင့် ယင်းသို့ကင်းလှည့်ပျံသန်းရာတွင် နိုင်ငံတကာဥပဒေ များကိုလည်း တင်းတင်းကျပ်ကျပ် လိုက်နာစောင့်ထိန်းခဲ့ကြောင်းလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားထားသည်။ ရုရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း ဘောလ်တစ်ပင်လယ်ဒေသ၌မဟာဗျူဟာမြောက် တာဝေးပျံ ဗုံးကြဲလေယာဉ်များဖြင့် ကင်းလှည့်ပျံသန်းမှုပေါင်း လေးကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ပိတ်မိနေသည့် သင်္ဘောသားများကို အကူအညီပေးကြရန် အိုင်အမ်အို တိုက်တွန်း ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများပိတ်ဆို့နေမှုကြောင့် ပင်လယ်ကွေ့ရေပြင်များအတွင်း သောင်တင်ပိတ်မိနေသော နိုင်ငံတကာသင်္ဘောသား ထောင်ပေါင်းများစွာတို့ကို အကူအညီများပေးကြရန် ကုလသမဂ္ဂနိုင်ငံတကာရေကြောင်းအဖွဲ့ချုပ်(အိုင်အမ်အို)က ဧပြီ ၂၁ ရက်တွင် သင်္ဘောကုမ္ပဏီများကို တိုက်တွန်းထားကြောင်း သိရသည်။ ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများပိတ်ဆို့နေမှုကြောင့် သောင်တင်ပိတ်မိနေသည့် နိုင်ငံတကာ သင်္ဘောသားများအနေဖြင့် စိတ်ဖိအားဝင်ရောက်မှု ပြဿနာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု ပြဿနာ များနှင့် ရင်ဆိုင်နေကြရကြောင်းအိုင်အမ်အို တာဝန်ရှိသူများက ပြောကြားသည်။ သို့ဖြစ်ရာ သောင်တင်ပိတ်မိနေသည့် နိုင်ငံတကာသင်္ဘောသားများအတွက် စိတ်ကျန်းမာရေးနယ်ပယ်ကဲ့သို့ နယ်ပယ်များ၌ သင်္ဘောကုမ္ပဏီများက အကူအညီပေးကြရမည်ဖြစ်ကြောင်း အိုင်အမ်အိုက တိုက်တွန်းထား သည်။ အိုင်အမ်အို၏ အဆိုအရဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများပိတ်ဆို့နေမှုကြောင့် ပင်လယ်ကွေ့ ရေပြင်များအတွင်း သင်္ဘောစင်းရေ ၂၀၀၀ ခန့်နှင့် သင်္ဘောသား၂၀၀၀၀ ခန့် ပိတ်မိနေကြကြောင်း သိရသည်။ အမေရိကန်နှင့်အစ္စရေးတို့က ဖေဖော်ဝါရီ၂၈ ရက်တွင် စစ်ရေးအရတိုက်ခိုက်ခဲ့ပြီးနောက်အီရန်နိုင်ငံက ကမ္ဘာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထုတ်လုပ်မှု ၂၀ ရာခိုင်နှုန်း ဖြတ်သန်းနေသောဟော်မုဇ်ရေလက်ကြားကို စတင်ပိတ်ဆို့ခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ဗြိတိန်နိုင်ငံတွင် (၁၇) နှစ်အောက် ကလေးများ ဆေးလိပ်သောက်သုံးခွင့် ရာသက်ပန် ပိတ်ပင်မည် အသက် (၁၇) နှစ်အောက် ကလေးများစီးကရက်ဝယ်ယူသောက်သုံးမှုအား ရာသက်ပန်ပိတ်ပင်ထားသော ဥပဒေကြမ်းတစ်ရပ်ကို ဗြိတိန်အထက် လွှတ်တော်နှင့်အောက်လွှတ်တော်တို့ကဧပြီ ၂၁ ရက်တွင် အတည်ပြု ခဲ့ကြကြောင်း သိရသည်။ ဗြိတိန်ပါလီမန်က အတည်ပြုခဲ့သောဆေးရွက်ကြီးနှင့် အီးစီးကရက်များဆိုင်ရာ ဥပဒေကြမ်းအမည်ရှိ အထက်ပါဥပဒေကြမ်းသည် ၂၀၀၉ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်း မွေးဖွားသူ မည်သူ့ကိုမဆို ဆေးလိပ်ဝယ်ယူသောက်သုံးခွင့် ရာသက်ပန်ပိတ်ပင်ထားသည်။ အထက်ပါဥပဒေကြမ်းကို ပါလီမန်ကအတည်ပြုပေးနိုင်ခဲ့ခြင်းသည် ဗြိတိန်၏ အမျိုးသားကျန်းမာရေးလှုပ် ရှားမှုအတွက် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဗြိတိန်ကျန်းမာရေးဝန်ကြီးဝက်စ်စထရိတင်းက ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါဥပဒေကြမ်းသည် ဗြိတိန်ဘုရင်ချားလ်-၃က အတည်ပြုပြီးချိန်တွင် ဥပဒေအဖြစ်စတင် အာဏာသက်ဝင်မည်ဖြစ်သည်။ဆေးရွက်ကြီးနှင့် အီးစီးကရက်များဆိုင်ရာဥပဒေ အာဏာသက်ဝင်ခဲ့ပါက ဗြိတိန်နိုင်ငံ၌ ဆေးလိပ်သောက် သုံးမှု ကင်းရှင်းသော ပထမဆုံးမျိုးဆက်ပေါ်ထွက်လာနိုင်ကြောင်း ဗြိတိန်အစိုးရကမျှော်လင့်ထားသည်။ ကလေးများ စီးကရက်ဝယ်ယူသောက်သုံးမှုပိတ်ပင်ရေးဥပဒေကို နယူးဇီလန်နိုင်ငံက ၂၀၂၂ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် နယူးဇီလန်ကွန်ဆာဗေးတစ်အစိုးရအဖွဲ့သစ်က ယင်းဥပဒေကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ကိုးကား-ရိုက်တာ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ထိုင်းနိုင်ငံ စန်ခွပ်မြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံ လုပ်ငန်းခွင်၌ထိခိုက်ခဲ့သည့် မြန်မာလုပ်သား နစ်နာကြေး ဘတ်သုံးသိန်းကျော်ရ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင် စန်ခွပ်မြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံတွင် အလုပ်လုပ်ရင်း ထိခိုက်ခဲ့သည့် မြန်မာအလုပ်သမား ကိုစိန်မြင့်၏ နစ်နာကြေး ဘတ်သုံးသိန်းကျော်ရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် WAG အဖွဲ့မှ သိရသည်။ ကိုစိန်မြင့်သည် ၎င်းစက်ရုံတွင်၂၀၂၅ ခုနှစ် မတ် ၆ ရက်၌ မိုရိုက်နေစဉ်အတွင်း မတော်တဆ သတ္တုစ လွင့်စဉ်ပြီး သူ၏ ဘယ်ဘက်မျက်လုံးသို့ထိမှန်ခဲ့ရာမှ မျက်လုံးဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုစိန်မြင့်၏ နစ်နာကြေးကိုဧပြီ ၂၂ ရက်တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့မှ သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ-WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထား မေ ၁ ရက် စတင်ပြေးဆွဲမည် ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅) အဆန်^အမှတ်(၆)အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားဖြင့်မေ ၁ ရက်မှ စတင်ကာ တိုက်ရိုက်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ အမှတ်(၅)အဆန်သည် ရန်ကုန်မှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄ နာရီ၊ အမှတ်(၆) အစုန်သည် မန္တလေးမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာပြီး ညနေ၄ နာရီတို့၌ ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့တွင် ရပ်တန့်ပြီး အထက်တန်းကျပ် ၄၈၀၀၀၊ ပထမတန်း ကျပ် ၃၄၀၀၀တို့ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်တွင်ပြေးဆွဲပေးနေသည့် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားဖြစ်သော အမှတ်(၃၁)အဆန်သည်ရန်ကုန်မှ နံနက် ၁၀ နာရီတွင် စတင်ထွက်ခွာပြီး ညနေ ၃ နာရီ၊အမှတ်(၃၂)အစုန်သည် နေပြည်တော်မှ နံနက် ၁၀ နာရီတွင် စတင်ထွက်ခွာပြီး ညနေ ၃ နာရီတို့၌ ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်၏လေအေးပေးစက်ပါခေတ်မီနMU လူစီးအမြန်ရထား အမှတ် (၇)အဆန်သည် ရန်ကုန်မှ မွန်းလွဲ ၁၂ နာရီခွဲတွင် စတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲ၊ အမှတ်(၈)အစုန်သည် မွန်းလွဲ၁၂ နာရီခွဲတွင် နေပြည်တော်မှ စတင်ထွက်ခွာပြီး ညနေ ၅နာရီခွဲတို့၌ ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ်တွင် ပြေးဆွဲမည့်အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် DEMU လူစီးအမြန်ရထားများနှင့် ရန်ကုန်-နေပြည်တော်- ရန်ကုန် ခရီးစဉ်တွင်ပြေးဆွဲနေသော အမှတ် (၃၁) အဆန်/အမှတ် (၃၂) အစုန်၊အမှတ် (၇) အဆန်/အမှတ် (၈) အစုန်လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများ၏ ထိုင်ခုံ လက်မှတ်များကိုOnline Railway Ticketing and Payment ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြန်မာ့ မီးရထားအနေဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံ ချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်း-အာကာနွေ ဓာတ်ပုံ- MDN #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

◾️မြန်မာရွှေ့ပြောင်းလုပ်သားအမျိုးသမီး ထိုင်းထီ ဘတ် ၁၂ သန်း ကံထူး ထိုင်းနိုင်ငံဗန်ကောက်မြို့တွင်အလုပ်လုပ်နေသည့်မြန်မာရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးငယ်တစ်ဦးသည် ဧပြီ ၁၆ ရက် ထိုင်းထီဖွင့်ပွဲတွင် ဘတ် ၁၂ သန်း ကံထူးသွားခဲ့ကြောင်းသိရသည်။ အဆိုပါကံထူးရှင်မှာ ထိုင်းတွင် နေထိုင် အလုပ်လုပ်နေသည်မှာ ၁၃ နှစ်ကျော်ရှိပြီး ယခုနှစ် ထိုင်းဆုန်ခရန်ကာလတွင် ထီထိုးရာမှ ကံထူးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထီဆုငွေ ထိုင်းဘတ်ငွေ ၁၂ သန်းကို ဧပြီ ၂၀ ရက်တွင်နေ့ချင်းပြီး ထုတ်ယူခဲ့ပြီး ကံထူးရှင်၏လက်ထဲ လွှဲပြောင်းပေးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်ထားသည်။ MHAC အဖွဲ့အနေဖြင့် ယခု ကံထူးရှင် အမျိုးသမီးအပါအဝင် နှစ်စောင်တွဲကံထူးရှင် ကိုးဦး၊ ကံထူးရှင် စုစုပေါင်း ၆၄ ဦးကို ထီဆုငွေများ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ- MHAC #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း