The Standard Time Digital
رفتن به کانال در Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
نمایش بیشترکشور مشخص نشده استدسته بندی مشخص نشده است
310
مشترکین
+324 ساعت
+107 روز
+2430 روز
آرشیو پست ها
◾️မြောက်ပိုင်းဆိုက်ပရပ်စ်ကမ်းလွန်၌ ရေယာဉ်တိမ်းမှောက်၊ ရှစ်ဦးသေဆုံး
မြောက်ပိုင်း ဆိုက်ပရပ်စ်ကမ်းလွန်ရေပြင်၌ ဩဂုတ် ၃၀ ရက်နံနက်ပိုင်းက ခရီးသည်တင် ကူးတို့သင်္ဘောတစ်စင်း တိမ်းမှောက်ခဲ့ရာအနည်းဆုံးရှစ်ဦး သေဆုံး၍ ၁၈ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကပိုင်ဆိုင်သော အဆိုပါခရီးသည်တင်ကူးတို့သင်္ဘောသည် မြောက်ပိုင်းဆိုက်ပရပ်စ်ကီရီနီယာ ဆိပ်ကမ်းမှစတင် ထွက်ခွာလာခဲ့ပြီးနောက်ရုတ်တရက် ရေများ စတင်ဝင်ရောက်လာခဲ့ပြီး တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း မြောက်ပိုင်းဆိုက်ပရပ်စ်တာဝန်ရှိသူများက ပြောကြားထားသည်။
အဆိုပါ ခရီးသည်တင် ကူးတို့သင်္ဘောသည် မြေထဲပင်လယ် အရှေ့ပိုင်း တူရကီ ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သည့် တာဆူကူ ဆိပ်ကမ်းမြို့သို့ ခုတ်မောင်းနေစဉ် ရုတ်တရက်ရေများဝင်ရောက်၍ တိမ်းမှောက်ခဲ့ရခြင်းဖြစ်သည်။
ယင်းခရီးသည်တင် ကူးတို့သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်းရှစ်ဦးအပါအဝင် လူပေါင်း ၂၆၇ ဦး
လိုက်ပါလာရာ အနည်းဆုံးရှစ်ဦးသေဆုံး၍ ၁၈ ဦး ပျောက်ဆုံးနေပြီး၂၄၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်းမြောက်ပိုင်းဆိုက်ပရပ်စ် တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။
ရေယာဉ် တိမ်းမှောက်ပြီးနောက် အသက်ရှင်ကျန်ရစ်သည့်ခရီးသည်နှင့် ရေယာဉ်ဝန်ထမ်းများ
မှာ ကူးတို့သင်္ဘောကိုယ်ထည်ကိုတွယ်ကပ်နေခဲ့ကြရကြောင်း သိရသည်။
အဆိုပါ ကူးတို့ရေယာဉ်သည်တိမ်းမှောက်ခဲ့ပြီးနောက် ရေအောက်အနက် ၅၁၄ မီတာသို့ နစ်မြုပ် ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ရေယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ရေယာဉ်မှူးနှင့်ရေယာဉ်ဝန်ထမ်းများကို တာဝန်ရှိသူများက စစ်ဆေး မေးမြန်းလျက်ရှိသည်။
ကိုးကား-ရိုက်တာ
◾️မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ အထောက်အထားပြည့်စုံသည့်မြန်မာနိုင်ငံသား ၆၁ ဦးအား စီအိုင်လက်မှတ်ထုတ်ပေး
Langkap Camp လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၅ ဦးကို မြန်မာသံရုံးကသွားရောက်စိစစ်ခဲ့ရာ အထောက်အထားပြည့်စုံသည့် ၆၁ဦးအား မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးနိုင်ခဲ့ကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သိရသည်။
ထို့ပြင် အထောက်အထားမပြည့်စုံသေးသည့်လေးဦးကို မိသားစုဝင်များထံမှ အချက်အလက် တောင်းခံ၍ သက်ဆိုင်ရာဌာနများတွင် ဆက်လက်စိစစ်အတည်ပြုလျက် ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် ကာယကံရှင်များ၏ သဘောဆန္ဒဖြင့် နေရပ်ပြန်လိုသူများကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် သံရုံးက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ နိုင်ငံသားစိစစ်ပေးလျက်ရှိကြောင်းသိရသည်။
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံသားစိစစ်ပြီးသူများနှင့် နေရပ်ပြန်လည်ပို့ဆောင်မည့် ရက်စွဲ၊ အချိန်နှင့်လေကြောင်းလိုင်း ခရီးစဉ်အမှတ်များကို မိသားစုဝင်များသိရှိ ကြိုဆိုနိုင်ရန်အတွက် မြန်မာသံရုံး၏ Facebookစာမျက်နှာတွင် အသိပေးထုတ်ပြန်သွားမည်ဖြစ်သည်။
သတင်း-ဗျည်းနွဲ
ဓာတ်ပုံ-မလေးရှားရဲတပ်ဖွဲ့(မလေးရှားနိုင်ငံတွင်ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားအချို့ကိုတွေ့ရစဉ်/ပုံဟောင်း)
◾️ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်ပင်လယ်ပြင်အတွင်း အားကောင်းသော လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေ
ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်ပင်လယ်ပြင်အတွင်း အားကောင်းသော လေဖိ
အားနည်းရပ်ဝန်းဖြစ်ပေါ်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအခြေအနေအား မိုးလေ၀သနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၃၀ရက် ညနေ ၃ နာရီခွဲ တိုင်းထွာချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် (အနောက်မြောက်ပိုင်း)နှင့်င်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ်(မြောက်ပိုင်း) ကမ်းခြေတို့တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး အားကောင်းသော လေဖိအားနည်းရပ်ဝန်း
အဖြစ် ရောက်ရှိခဲ့ကြောင်း သိရသည်။
ယင်းအားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း အနောက်-အ နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် (မြောက်ပိုင်း)- အနောက်ဘင်္ဂလားပြည်နယ်တို့သို့ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
သတင်း-အာကာနွေ
ဓာတ်ပုံ-မိုး/ဇလ
တရုတ်ထိပ်တန်း ဗိုလ်ချုပ်ကြီးနှစ်ဦး ဗဟိုစစ်ကော်မရှင်အဖွဲ့မှ ထုတ်ပယ်ခံရ
တရုတ်နိုင်ငံသည် ဩဂုတ် ၂၈ ရက်တွင် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင် ထိပ်တန်းဗိုလ်ချုပ်ကြီး နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနှင့် လျူကျန်းလီတို့ကို ဗဟိုစစ်ကော်မရှင်မှ ဖယ်ရှားလိုက်ကြောင်းသိရသည်။
ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနှင့် လျူကျန်းလီတို့ဖယ်ရှားခံရမှုကြောင့် တရုတ်အစိုးရ၏ အမြင့်ဆုံးစစ်ရေးအာဏာပိုင်အဖွဲ့ဖြစ်သော ဗဟိုစစ်ကော်မရှင်တွင် သမ္မတရှီကျင်ပင်း အပါအဝင် အဖွဲ့ဝင်နှစ်ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်။
ရှေးယခင်က ဗဟိုစစ်ကော်မရှင်အဖွဲ့တွင်အဖွဲ့ဝင် ခုနစ်ဦးအဖြစ် ပါဝင်ခဲ့ကြောင်း မီဒီယာများ၏ အဆိုအရသိရသည်။ဗိုလ်ချုပ်ကြီးကျန်းယိုရှားသည်ဗဟိုစစ်ကော်မရှင်၏ဒုတိယဥက္ကဋ္ဌဖြစ်သလိုတရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေးပေါ်လစ်ဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး လျူကျန်းလီသည်လည်း ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဗဟို
စစ်ကော်မရှင်၏ ပူးတွဲစစ်ဦးစီးချုပ်များဌာန ဌာနကြီးမှူးအဖြစ်လည်းကောင်း တာဝန်ယူထား သူဖြစ်သည်။
တရုတ်သမ္မတရှီကျင်ပင်းသည် ၂၀၁၂ ခုနှစ်မှစ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းကို
ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ခဲ့ရာယင်းလုပ်ငန်း၏ အဓိကပစ်မှတ်များထဲတွင် တရုတ်စစ်ဘက်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
လက်နက်ကိုင်တပ်များအတွင်း အဂတိလိုက်စားမှု ပြဿနာကို ဖိဖိစီးစီးတိုက်ဖျက်ကြရန် တရုတ်သမ္မတ ရှီကျင်ပင်းက ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များကို ပြီးခဲ့သည့်လအ တွင်းကပင်တိုက်တွန်းထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ဗင်နီဇွဲလားရေနံသိုက် ငါးပုံတစ်ပုံကို ထိန်းချုပ်ခွင့်ရထားကြောင်း အမေရိကန်သမ္မတ ပြောကြား
ဗင်နီဇွဲလား ရေနံသိုက်များအနက် ငါးပုံတစ်ပုံကို အမေရိကန်ပြည်ထောင်စု ထိန်းချုပ်ခွင့်ရရှိရေးအတွက် သဘောတူညီချက်တစ်ရပ်ရရှိထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က ဩဂုတ် ၂၈ရက်တွင် ကြေညာထားသည်။
အဆိုပါ သဘောတူညီချက်အရ အမေရိကန်ကုမ္ပဏီများ အနေဖြင့် ယိုယွင်းပျက်စီးနေသော ဗင်နီဇွဲလားနိုင်ငံ၏ ရေနံစက်မှုလုပ်ငန်းကိုပြန်လည်ပြုပြင်ပြောင်းလဲပေးနိုင်မည်ဖြစ်ပြီး အမေရိကန်ပြည်တွင်း၌လောင်စာဆီဈေးနှုန်းများ မြင့်တက်နေမှုကို လျှော့ချရာတွင်လည်း
အထောက်အကူပြုမည်ဖြစ်ကြောင်းသမ္မတဒေါ်နယ်ထရန့်က ပြောကြားထားသည်။
ဗင်နီဇွဲလားအစိုးရနှင့် ရယူထားသော အထက်ပါသဘောတူညီချက်အရ အမေရိကန် အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းများနှင့် တွဲဖက်၍ ရေနံစည်ပေါင်း ၆၅ ဘီလီယံအထိ ရှိနိုင် သော ရှာဖွေတွေ့ရှိပြီးဖြစ်သည့်ဗင်နီဇွဲလား ရေနံသိုက်များကို ထိန်းချုပ်ခွင့် ရနိုင်မည်ဖြစ် ကြောင်း သမ္မတဒေါ်နယ်ထရန့်၏ အဆိုအရ သိရသည်။
သို့ရာတွင် ယင်းသဘောတူညီချက်နှင့် ပတ်သက်၍ အခြားအသေးစိတ်အချက်အလက်များကို သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ဗင်နီဇွဲလားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေနံသိုက်များကို ပိုင်ဆိုင်ထားသော်လည်း တစ်ရက် လျှင် ရေနံစိမ်းစည်ပေါင်း ၁ ဒသမ ၂၅ သန်းခန့်အထိသာ ထုတ်လုပ်နိုင်စွမ်းရှိသည်။
အမေရိကန်ပြည်ထောင်စုနှင့်ရယူထားသော ရေနံလုပ်ငန်းသဘောတူညီချက်ကြောင့် ဗင်နီဇွဲလားနိုင်ငံ၏စီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ဗင်နီဇွဲလား ယာယီသမ္မတ
ဒယ်လ်စီရိုဒရီဂတ်ဇ်က ထုတ်ဖော်ပြောကြားထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
ထိုင်းရှိ စက္ကူစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၅၃ ဦး နစ်နာကြေးများရ
ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့နယ်တွင် ရှိသော စက္ကူစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာ အလုပ် သမား ၅၃ဦးအတွက် စက်ရုံဘက်မှ နစ်နာကြေးစုစုပေါင်း ဘတ် ၁၇သိန်းကျော် ပေး အပ်ခဲ့ ကြောင်း အလုပ််သမားများကို ကူညီခဲ့သည့် WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။
အလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမားများအနက် နှစ်ကြီးသမားတစ်ဦးလျှင် (၄၆၈၀၀) ဘတ်နှုန်းဖြင့် (၂၄)ဦး စာ (၁၁၂၃၂၀၀)ဘတ်၊နှစ်ငယ်သမားတစ်ဦးလျှင်( ၂၂၈၀၀)ဘတ်နှုန်းဖြင့် (၂၈)ဦးစာ (၆၃၈၄၀၀) ဘတ် စုစုပေါင်း ဘတ် ၁၇၈၁၆၀၀ ကို နစ်နာကြေးအဖြစ် ဩဂုတ် ၂၈ရက်တွင် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ စက်ရုံတွင် အလုပ်ဝင်ရန်အတွက် ပွဲစားအား စမတ်ကြေးတစ်ဦးလျှင် ဘတ် ၇၅၀၀ ၊ ၊ကျန့်ခေါက်ခဘတ် ၃၅၀၀ ပေးခဲ့ရသည့် အလုပ်သမားများကို စက်ရုံဘက်က ကြိုတင်အသိ ပေးခြင်းမရှိဘဲဩဂုတ်၂၁ရက်တွင်အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်းWAGအလုပ်သမားမဟာမိတ်အ ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားများက ထိုင်းနိုင်ငံ၏အလုပ်သမားဥပဒေအရ ထိုက်သင့်သည့် နစ်နာကြေးရရှိရန်အတွက်ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံ လာ သဖြင့် WAGအဖွဲ့နှင့် FED Foundation အဖွဲ့သားများက မြို့နယ်စဝဒ်ဒီကန်ရုံးတွင်သွား ရောက်တိုင်ကြားပေးခဲ့ရာ နစ်နာကြေးပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။
အလုပ်ထုတ်ခံရသည့်မြန်မာအလုပ်သမားများသည်CI/PJ/ဘတ်စာအုပ်ကိုင်ဆောင်ထားသူများဖြစ်ပြီး အဆိုပါစက်ရုံ၌လုပ်သက်( ၆ လမှ တစ်နှစ် )ကျော် သက်တမ်းရှိသူများဖြစ်ကြောင်း သိရသည်။
သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ်
#ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် မော်တော်ကား တင်သွင်းခြင်းမူဝါဒအရ YBS ယာဉ်များအတွက် လျှပ်စစ်သုံး EVယာဉ်များ တင်သွင်းရမည်
၂၀၂၆ ခုနှစ် မော်တော်ကားတင်သွင်းခြင်းမူဝါဒ သတ်မှတ်ချက်အရ CNG၊ ဒီဇယ်သုံး မော်တော်ယာဉ်များကို တင်သွင်းခွင့်မပြုဘဲ လျှပ်စစ်သုံး EV ယာဉ်များ တင်သွင်းရမည်ဖြစ်ကြောင်းရန်ကုန်မြို့အတွက်ဘတ်စကားအသစ်များနှင့်ယာဉ်အပိုပစ္စည်းများတင်သွင်းခွင့်ရရှိရေးနှင့် စပ်လျဉ်းသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်က ပြန်လည်ဖြေကြားခဲ့သည်။
တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးဒသမနေ့တွင် မရမ်းကုန်း မြို့နယ်ကိုယ်စားလှယ် ဦးမင်းသိန်းထွန်း၏ရန်ကုန်မြို့အတွက် ဘတ်စကားအသစ်များနှင့် ယာဉ် အပိုပစ္စည်းများတင်သွင်းခွင့်ရရှိရေးနှင့် စပ်လျဉ်းသည့်မေးခွန်းအား ဖြေဆိုရာတွင်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မရမ်းကုန်းမြို့နယ် ကိုယ်စားလှယ်ဦးမင်းသိန်းထွန်းက ]ရန်ကုန်မြို့တော်တွင် ခရီးသည် ၁ ဒသမ ၈သန်းခန့် နေ့စဉ်သွားလာလျက်ရှိကြောင်း၊ နေ့စဉ်ပြေးဆွဲနေသောယာဉ်စီးရေမှာ ယခင်က ၅၃၀၀ခန့်ရှိသော်လည်း အိုဟောင်းနေသောယာဉ်များ၊ ယာဉ်အပိုပစ္စည်းမရှိ၍ရပ်ထားရသော ယာဉ်များကြောင့်ယခုအခါ ယာဉ်စီးရေ ၃၅၀၀ ခန့်သာပြေးဆွဲနေရသည်ဟု စုံစမ်းသိရှိရကြောင်း၊
ခရီးသွားပြည်သူများ လုံခြုံချောမွေ့အဆင်ပြေအောင် သွားလာနိုင်ရေးအတွက် ဘတ်စကား ယာဉ်သစ်များဝယ်ယူဖြည့်ဆည်းရန်အစီအစဉ် ရှိ၊ မရှိ၊ လိုအပ်လျက်ရှိသော ယာဉ်အပိုပစ္စည်း များ အမြန်ဆုံးတင်သွင်းခွင့်ရရှိအောင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း
မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကပြန်လည်ဖြေကြားရာတွင်ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုလက်အောက်တွင် YBS အများ ပိုင်ကုမ္ပဏီ၂၁ခုမှ YBS ယာဉ်လိုင်း ၁၄၅လိုင်း၊
စာရင်းရှိယာဉ်စီးရေ ၅၃၉၉ စီး ရှိပြီးYBS ယာဉ်လိုင်း ၁၃၃ လိုင်းမှ ခရီးသည်တင်ယာဉ် ၃၄၀၀ စီးခန့်ဖြင့် ခရီးသည် ၁ ဒသမ ၈သန်းခန့်ကို နေ့စဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊
YRTC ကြီးကြပ်မှုအောက်မှာ CNGအသုံးပြုယာဉ် ၄၉၉၄စီး၊ ဒီဇယ်အသုံးပြုယာဉ် ၄၀၅စီး စုစုပေါင်း YBSခရီးသည်တင်ယာဉ် ၅၃၉၉ စီးရှိသော်လည်း အချို့ယာဉ်များမှာ မော်တော်
ယာဉ်ထုတ်လုပ်ခုနှစ် သက်တမ်းကြာမြင့်ခြင်း၊ ယာဉ် အပိုပစ္စည်းရှားပါးခြင်း၊ဈေးနှုန်းကြီးမြင့်ပြီး ဝယ်ယူလဲလှယ်ရန်ခက်ခဲခြင်းတို့ကြောင့် အကြီးစားပြုပြင်ရန်ယာဉ်အစီး ၅၀၀ခန့် အလတ်
စားပြုပြင်ရန်ယာဉ် အစီး ၄၀၀ ခန့်၊အသေးစားပြုပြင်ရန်ယာဉ် အစီး ၇၀၀ခန့် ရှိနေပါတယ်။ CNGအသုံးပြုယာဉ်၃၁၀၀စီးခန့်နှင့် ဒီဇယ်အသုံးပြုယာဉ်၃၀၀ စီးခန့် စုစုပေါင်း YBS ခရီးသည်
တင်ယာဉ် ၃၄၀၀ ခန့်သာ ပြေးဆွဲပေးနိုင်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။
YRTCကြီးကြပ်မှုအောက်မှYBSအများပိုင်ကုမ္ပဏီများသည်ထုတ်ကုန်^သွင်းကုန်လုပ်ငန်းလိုင် စင်ရရှိထားသော ကုမ္ပဏီများမဟုတ်ဘဲခရီးသည် သယ်ယူပို့ဆောင်ခွင့်လုပ်ငန်းလိုင်စင်သာရ ရှိထားသည့်ကုမ္ပဏီများဖြစ်သဖြင့် လိုအပ်သည့် ယာဉ်အပိုပစ္စည်းများ ဝယ်ယူတင်သွင်းရန်
အစီအစဉ် မရှိပါကြောင်း၊ YBSခရီးသည်တင် ယာဉ်များအနက် Hyundai ယာဉ်အမျိုးအစား အစီးရေ၂၀၀၀ကျော်အား ၂၀၀၇-၂၀၀၈ခုနှစ်များမှာ ထုတ်လုပ်ခဲ့သည့် ယာဉ်များ ဖြစ်သည့် အတွက် ယာဉ်အပိုပစ္စည်းများ ဝယ်ယူ၍ မရတော့ပါကြောင်း၊ အလားတူ Foton , Ankai ,Yuton စသည့် ယာဉ်အမျိုးအစားအစီးရေ ၂၀၀၀ကျော်ဟာလည်း ၂၀၁၇-၂၀၁၈ ခုနှစ်များမှာထုတ်လုပ်ခဲ့သည့် ယာဉ်များဖြစ်သည့်အတွက်ယာဉ်အပိုပစ္စည်းများ ဝယ်ယူ၍မရတော့ပါကြောင်း၊ နိုင်ငံတော်၏ ၂၀၂၆ခုနှစ် မော်တော်ကားတင်သွင်းခြင်းမူ ဝါဒသတ်မှတ်ချက် အရ CNG, ဒီဇယ်သုံးမော်တော်ယာဉ်များကိုတင်သွင်းခွင့်မပြုဘဲ လျှပ်စစ်သုံး EV ယာဉ်များတင်သွင်းရမှာဖြစ်ပါတယ်။ အဆိုပါလမ်းညွှန်ချက်နှင့်အညီ EV ယာဉ်တင်သွင်းမည့် ပြည်တွင်းပြည်ပကုမ္ပဏီများနှင့် ၂၀၂၃ ခုနှစ်မှာ ခေါ်ယူဆွေးနွေးကာ ရန်ကုန်တိုင်းဒေသနှင့် ကိုက်ညီပြီး ဝန်ဆောင်မှုကောင်းမွန်သည့် တရုတ်နိုင်ငံမှ ကားကုမ္ပဏီတစ်ခုအား ရွေးချယ်ခဲ့ပါ ကြောင်း ဖြေကြားခဲ့သည်။
သတင်း-နိုင်ဝင်းစိုး
ဓာတ်ပုံ-Yangon Region Hluttaw
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
အင်ဒိုနီးရှားရောက် မြန်မာများလူစည်ကားရာ နေရာများနှင့် စုဝေးရာနေရာများသို့ သွားရောက် ခြင်းမှ ရှောင်ကြဉ်ရန် သတိပေး
အင်ဒိုနီးရှား နိုင်ငံရောက်မြန်မာနိုင်ငံသားများအနေဖြင့် လတ်တလော အခြေအနေများကြောင့် လူအသွားအလာများသည့်နေရာများ၊ လူစုလူဝေးရှိသည့်နေရာများနှင့် လူစည်ကားရာနေရာများ သို့ သွားရောက်ခြင်းမှ အထူးရှောင်ရှားကြပါရန် ဩဂုတ် ၂၇ ရက်က ဂျကာတာမြို့ရှိ မြန်မာသံရုံး က သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။
အဆိုပါရှောင်ကြဉ်ရမည့်နေရာများတွင် ကျောင်းများ၊ တက္ကသိုလ်နယ်မြေများ၊ ဈေးနှင့် ဈေး ဝယ်စင်တာများ၊ ဘူတာရုံများနှင့် အထင်ကရနေရာများပါဝင်ပြီး အလည်အပတ်သွားလာ ခြင်းမျိုးကို အထူးရှောင်ရှားရန်နှင့် ကျောင်းသားများအနေဖြင့်လည်း လူစုလူဝေးရှိရာနေ ရာများသို့ သွားရောက် ကြည့်ရှုခြင်းမှ ရှောင်ကြဉ်ကြရန် သံရုံးက တိုက်တွန်းထားသည်။
တစ်စုံတစ်ရာ မလွှဲမရှောင်သာ ကြုံတွေ့ရမည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက သံရုံးသို့ အချိန်တိုအတွင်း ဆက်သွယ်အကြောင်းကြားနိုင်ရန်အတွက်လည်း လိပ်စာနှင့် ဖုန်းနံပါတ်များကို သံရုံးက ထုတ်ပြန်ပေးထားသည်။
သတင်း-အာကာနွေ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️နီပေါ လျှပ်တပြက်ရေကြီးမှုဖြစ်ပွားပြီးနောက် အိန္ဒိယကလည်း ရေခဲတောင်များကို စောင့်ကြည့်မှုတိုးမြှင့်
တောင်ပေါ် ရေခဲမြစ်တစ်ခု ပြိုဆင်းလာရာမှ နီးပေါနိုင်ငံတွင် ရာနှင့်ချီသောလူများ သေဆုံးခဲ့သည့် ကြောက်မက်ဖွယ် ရေကြီးမှုဖြစ်ပွားပြီးနောက် ရက်ပိုင်းမှာပင် တရုတ်၊ နီပေါတို့နှင့် နယ်စပ်ထိနေသော ၎င်းတို့၏ ဟိမဝန္တာဒေသများတွင် စောင့်ကြည့်လေ့လာမှုများကို အိန္ဒိယက တိုးမြှင့်နေကြောင်း အာဏာပိုင်များက ပြောကြားကြသည်။
လူပေါင်း ၆၃၃ ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ၃၀၀၀ နီးပါးပျောက်ဆုံးနေသော ဗုဒ္ဒဟူးနေ့တွင် နီပေါနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုကြီးသည် ရေခဲမြစ်တစ်ခုပြိုဆင်းရာမှ စတင်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောကြားသည်။
ရေခဲမြစ်ပြိုဆင်းရခြင်းအကြောင်းရင်းအတိအကျကို မသိရှိရသော်လည်း ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်းမှ ရေခဲမြစ်များ အရည်ပျော်ကျနေခြင်းကြောင့် အလားတူဘေးအန္တရာယ်များ မြင့်တက်လာခဲ့သည်။
“အိမ်နီးချင်းအနေနဲ့ နီပေါနဲ့ နယ်စပ်ချင်းထိနေတာကြောင့် ကျွန်တော်တို့မှာလည်း သူတို့နဲ့ ခပ်ဆင်ဆင် ပထဝီဝင်အနေအထားရှိပါတယ်။ ဒေသတွင်းမှာရှိတဲ့ သိပြီးသား ရေခဲတောင်ရေကန်တွေနဲ့ ရေခဲမြစ်တွေကို စောင့်ကြည့်တာတိုးမြှင့်ဖို့ ကျွန်တော်တို့ ဌာနကို ပြောကြားထားပါတယ်” ဟု အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာဒေသရှိ ဥတာရာကန်ပြည်နယ်မှ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီး မာဒန်ကောရှစ်က ပြောသည်။
“ကျွန်တော်တို့ အဖွဲ့တွေ နိုးနိုးကြားကြားရှိကြဖို့ ပြည်နယ်ထဲမှာ အလားတူအခြေအနေဖြစ်လာခဲ့ရင် စနစ်တကျ စောင့်ကြည့်ကြဖို့ မှာကြားထားပါတယ်” ဟု အိန္ဒိယအရာရှိကြီးက ဆက်ပြောသည်။
ဥတာရာကန်ပြည်နယ်သည် ဂေဟဗေဒအရ အိန္ဒိယနိုင်ငံတွင် အလွန် အကဲဆတ်သော ပြည်နယ်ဖြစ်ကာ ရေခဲတောင်ရေကန်ပေါင်း ၁၂၆၆ ခု တည်ရှိကြောင်း အစိုးရ အချက်အလက်များအရ သိရသည်။
လူပေါင်း နှစ်ဘီလီယံခန့်အတွက် မရှိမဖြစ်သော ရေကို ထောက်ပံ့ပေးနေသော ကမ္ဘာ့ခေါင်မိုး ဟိမဝန္တာရှိ ရေခဲမြစ်များသည် ရာသီဥတုပြောင်းလဲမှုကြောင့် လျင်မြန်စွာ အရည်ပျော်နေကြောင်းနှင့် လူ့အသိုက်အဝန်းများအတွက် ခန့်မှန်း၍မရသော ဘေးဒုက္ခများဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးနေကြသည်။
ရေခဲမြစ်များ နှင့် ရေခဲတောင်များ အရည်ပျော်ကျမှုများသည် တောင်စောင်းများကို မတည်မငြိမ်ဖြစ်စေပြီး မြေပြိုမှုအန္တရာယ်ကိုလည်း ကြီးမားလာစေသည်။
ရာသီဉတုပြောင်းးလဲမှုနှင့် ညံ့ဖျင်းစွာစီမံခန့်ခွဲသော ဖွံ့ဖြိုးရေးလုပ်ငန်းများသည် သဘာဝဘေးအန္တရာယ်များ၏ ပြင်းထန်မှု နှင့် အကြိမ်ရေကို ပိုဆိုးလာစေခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားကြသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
◾️ရေဘေးကြောင့်မျောလာသည့် မီးခံသေတ္တာတွင်းမှ ရူပီးကိုးသန်းကျော် ခွဲဝေယူမှုဖြင့် လူ ၂၉ ဦးကို နီပေါရဲတပ်ဖွဲ့ဖမ်းဆီး
ရေဘေးကြောင့် မျောပါလာသည့် မီးခံသေတ္တာတစ်လုံးကို ဆယ်ယူ ဖောက်ဖျက်ကာ ရူပီးကိုးသန်းကျော် ခွဲဝေရယူခဲ့ကြသူ ၂၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ငွေကြေးများကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်က ရုတ်တရက် ရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် ထရီရှူလီမြစ်ကမ်းအနီးရှိ ဘယ်လ်ခူခိုလာဒေသသို့ မျောပါလာသော မီးခံသေတ္တာတစ်လုံးကို ဒေသခံများက ဆယ်ယူကာ ငွေကြေးများခွဲဝေယူခဲ့သည်။
အဆိုပါဖြစ်ရပ်ကို ရဲတပ်ဖွဲ့က သိရှိပြီးနောက် သွားရောက်စစ်ဆေးရာမှ ရူပီးသန်းချီပါဝင်သည့် ငွေသေတ္တာဖွင့်ဖောက်ခံရကြောင်း သိရှိကာ ပါဝင်သူများကို စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
သေတ္တာအတွင်း၌ ငွေပမာဏမည်မျှပါဝင်ခဲ့သည်ကို တိတိကျကျမသိရသေးသော်လည်း လက်ရှိဖမ်းဆီးထားသူ ၂၉ ဦးထံမှ စုစုပေါင်း ရူပီး ၉ ဒသမ ၃ သန်းနီးပါးသိမ်းဆည်းရရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဖမ်းဆီးခံရသူအများစုသည် ဒေသခံအရပ်သားများဖြစ်ပြီး စည်ပင်ဝန်ထမ်းအချို့လည်းပါဝင်နေသည်။ ဖွင့်ဖောက်ခံရသည့် သေတ္တာအတွင်း ပါဝင်သည့် ငွေကြေးသည် ယခုသိမ်းဆည်းထားသည့်ပမာဏထက် များပြားနိုင်ချေနှင့် ဖြစ်စဉ်တွင်ပါဝင်ပတ်သက်သူ ထပ်မံရှိနိုင်ချေတို့ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေသည်။
အဆိုပါ မီးခံသေတ္တာသည် ရေကြီးမှုကြောင့် တိုက်စားခံခဲ့ရသည့် ဘဏ်တစ်ခုမှ ငွေသေတ္တာဖြစ်နိုင်ကြောင်း ဒေသတွင်းသတင်းတစ်ချို့တွင်ဖော်ပြသော်လည်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင်မူ ငွေသေတ္တာ ပိုင်ရှင်မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖော်ပြထားခြင်းမရှိသေးပေ။
နီပေါနိုင်ငံမြောက်ပိုင်း တိဘက်နယ်စပ်မှစတင်ခဲ့သော ပြင်းထန်သည့် တောင်ကျရေစီးဆင်းမှုများ ကြောင့် အဆောက်အ အုံအများအပြား ရေစီးအတွင်းမျောပါခဲ့ရာ ရေစီးဆင်းရာလမ်းကြောင်း တစ်လျှောက်ရှိဒေသခံများက တန်ဖိုးရှိပစ္စည်းများကိုရှာဖွေဆယ်ယူမှုများ ရှိနေသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ကလည်း မြစ်အတွင်းမျောလာသည့် အမျိုးသမီးရုပ်အလောင်းမှ ရွှေထည်နားကပ်ဖြုတ်ယူခဲ့သည့် အမျိုးသားနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
သတင်း-စံတော်ချိန်ဒစ်ဂျစ်တယ်
