ch
Feedback
The Standard Time Digital

The Standard Time Digital

前往频道在 Telegram

The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.

显示更多
未指定国家未指定类别
275
订阅者
+124 小时
+37
+2730
帖子存档
◾️မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသည့် ကျောင်းသူသုံးဦးထွက်ပေါ် ‎ ‎၂၀၂၅-၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ယနေ့(ဇွန် ၂၈ ရက်) တွင် အောင်စာရင်းများ ထုတ် ပြန်ကြေညာရာ၌ မြန်မာတစ်နိုင်ငံလုံးတွင်အမှတ်အများဆုံးရရှိသည့်‌ ကျောင်းသူသုံးဦးမှာ ရန်ကုန်၊ မန္တလေးနှင့်ပဲခူးတို့မှဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ထုတ်ပြန်ချက် အရသိရသည်။ ‎ ‎မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ ကပက (CAE) ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသူမသီရိစိုးသည် သိပ္ပံဘာသာတွဲဖြင့် အမှတ်‌ပေါင်း ၅၆၂ မှတ်ရရှိကြောင်း၊ ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်၊ အထ.က(၁၄)မှ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူမနီနီကျော်သည် ဝိပ္ပံဘာသာဖြင့် အမှတ်ပေါင်း ၅၃၀ မှတ်ရရှိကြောင်း၊ ပဲခူးတိုင်း အ.ထ.က (ကျောက်တံခါး)မှ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူမစုမြတ်အောင်သည် ဝိဇ္ဇာဘာသာတွဲဖြင့် အမှတ်ပေါင်း ၄၉၈ မှတ်ရရှိကြောင်း ထုတ်ပြန်ထားသည်။ ‎ ‎၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ နေပြည်တော်၊ ပဲခူးတိုင်း(အရှေ့)၊ ပဲခူးတိုင်း(အနောက်)၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းနှင့်နိုင်ငံခြားတို့မှဖြေဆိုသူ ၂၅၅၂၂၈ ဦးရှိပြီး ၁၃၃၆၇၃ ဦးအောင်မြင်ခဲ့သည်။ ‎ ‎တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်းအရ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။ ‎ ‎သတင်း - အင်ကြင်း ‎ဓာတ်ပုံ-MOI (ပုံဟောင်း) ‎#ပြည်တွင်းသတင်း

◾️ပေကျင်းရှိ အမြင့်ဆုံး အဆောက်အအုံကို လေယာဉ်ငယ်တစ်စင်း ဝင်တိုက် တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ အမြင့်ဆုံးအဆောက်အအုံကို ဇွန် ၂၅ ရက်က လေယာဉ်ငယ် တစ်စင်း ဝင်တိုက်ခဲ့ကြောင်း သိရသည်။ အထက်ပါဖြစ်ရပ်သည် ကမ္ဘာပေါ်၌ လုံခြုံရေးအတင်းကျပ်ဆုံး မြို့တော်ကြီးများထဲတွင် တစ်မြို့အပါအဝင်ဖြစ်သည့် ပေကျင်းမြို့တော်အတွက် မထိတ်သာမလန့်သာ ဖြစ်စဉ်တစ်ရပ်ဖြစ် သည်။ လေယာဉ်ငယ်ဝင်တိုက်ခဲ့သော အဆောက်အအုံမှာ အထပ် ၁၀၉ ထပ်ရှိသော စီအိုင်တီအိုင်စီ အမည်နှင့် အဆောက်အအုံအတွင်းရှိ ပေကျင်းမြို့တော်၏ အမြင့်ဆုံး အဆောက်အအုံဖြစ်သည်။ လေယာဉ်ငယ်ဝင်တိုက်ပြီးနောက် စီအိုင်တီအိုင်စီ အဆောက် အအုံ၌ နေထိုင်သူများကို တာဝန် ရှိသူများက ဘေးလွှတ်ရာသို့ ယာယီခေါ်ထုတ်ပေးခဲ့သည်။ စီအိုင်တီအိုင်စီ အဆောက်အအုံကိုလေယာဉ်ငယ်ဝင်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်တာဝန်ရှိသူများက တစ်စုံတစ်ရာတုံ့ပြန်ကြေညာခြင်းမရှိသေးပေ။ အွန်လိုင်းဗီဒီယိုဖိုင်မှတ်တမ်းများအရ စီအိုင်တီအိုင်စီအဆောက်အအုံအား ဝင်တိုက်ခဲ့သော လေယာဉ်မှာ တရုတ်လေကြောင်းကုမ္ပဏီတစ်ခုကပိုင်ဆိုင်သော ဆန်းဝါ့ဒ် ၆၀ အယ်လ်အော်ရိုရာအမျိုးအစား လေယာဉ်ဖြစ်ကြောင်း သိရသည်။ ပေကျင်းမြို့တော်သည် ယခုနှစ် မေ ၁ ရက်မှစ၍ မောင်းသူမဲ့ လေယာဉ်များ ကင်းရှင်းရေးအ တွက်စည်းမျဉ်းသစ်များ ချမှတ်ကျင့်သုံးထားသည့်မြို့တော်ဖြစ်သည်။ ကိုးကား-စီအင်န်အင်န် #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

27093051d400917.webp0.41 KB

◾️ဂျော်ဂျီယာလွှတ်တော် နောက်ဆုံးအစည်းအဝေး၌ လက်ရှိအာဏာရနှင့် အတိုက်အခံအမတ်များ ရန်ပွဲဖြစ် ဂျော်ဂျီယာ လွှတ်တော်၌ဇွန် ၂၆ ရက်က လွှတ်တော်ဆွေးနွေးပွဲများကျင်းပနေစဉ် လွှတ်တော် အမတ်များ တစ်ဦးနှင့်တစ်ဦး ထိုးကြိတ်သတ်ပုတ်ခဲ့ကြကြောင်း သိရသည်။ ဂျော်ဂျီယာလွှတ်တော်၌ နွေဦးရာသီ လွှတ်တော်အစည်းအဝေးနောက်ဆုံး မျက်နှာစုံညီ ဆွေးနွေးပွဲတွင် လက်ရှိအာဏာရပါတီနှင့်အတိုက်အခံပါတီ လွှတ်တော်အမတ်များအကြား ရန်ပွဲဖြစ်ခဲ့ရခြင်းဖြစ်သည်။ အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်းအလီယက်ဗ်၏ ဂျော်ဂျီယာခရီးစဉ်နှင့်ပတ်သက်၍ အတိုက်အခံ လွှတ်တော်အမတ်များက ဂျော်ဂျီယာဝန်ကြီးချုပ် အိုင်ရက်ခ်လီကိုဘာခီဇီကိုအတိုက်အခံ လွှတ်တော်အမတ်များက ဝေဖန်ခဲ့ပြီးနောက် လွှတ်တော်တွင်း ရန်ပွဲ စတင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ဂျော်ဂျီယာ မီဒီယာများ၏ဗီဒီယိုမှတ်တမ်းများအရ လွှတ်တော်တွင်းရန်ပွဲမှာ မိနစ်အတန်ငယ် ကြာမြင့်ခဲ့ပြီး အတိုက်အခံပါတီနှင့် လက်ရှိအာဏာရပါတီအမတ်များက တစ်ဦးကိုတစ်ဦး အော်ဟစ်ကြိမ်းမောင်း၍ထိုးကြိတ်ကန်ကျောက်ခဲ့ကြသည်။ ရန်ပွဲ ဖြစ်ပွားနေစဉ်အတွင်းလုံခြုံရေးများက အတိုက်အခံလွှတ်တော်အမတ်များကို အစည်း အဝေးခန်းမဆောင်ပြင်ပသို့ ခေါ်ထုတ်ခဲ့ရကြောင်း ဂျော်ဂျီယာမီဒီယာများကသတင်းထုတ်ပြန်ထားသည်။ လွှတ်တော် အစည်းအဝေးအတွင်း ဝန်ကြီးချုပ်အိုင်ရက်ခ်လီကိုဘာခီဇီက နှစ်ပတ်လည် အစီရင်ခံစာဖတ်ကြားနေစဉ် လွှတ်တော်အမတ်များ၏ရန်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကိုးကား-အေပီ #ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း

◾️ချွန်ဘူလီခရိုင်ရှိ တာယာစက်ရုံမှ လုပ်ငန်းခွင်ထိခိုက်ခဲ့ သည့် မြန်မာနိုင်ငံသားတစ်ဦး နစ်နာကြေးဘတ် နှစ်သိန်းကျော် ရရှိ ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် ဘန်းဘိန်မြို့နယ်မတ်ဖိုင် ကျေးရွာတွင်ရှိသော တာယာစက်ရုံမှ လုပ်ငန်းခွင်ထိခိုက်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦနစ်နာကြေး ဘတ်နှစ်သိန်းကျော်ရရှိခဲ့ကြောင်း WAGအလုပ်သမား မဟာမိတ်အဖွဲ့မှ သိရသည်။ ထိုင်းနိုင်ငံ ချွန်ဘူလီခရိုင် ဘန်းဘိန်မြို့နယ် မတ်ဖိုင်ကျေးရွာတွင်ရှိသော တာယာစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား (PJ)စာအုပ် ကိုင်ဆောင်ထားသူ ကိုအေးသက်ထွန်း သည် ဇွန် ၁၆ ရက်က စက်ရုံအတွင်းအလုပ်လုပ်နေစဉ် တာယာအဟောင်းကြိတ်သည့် စက်ထဲသို့ ညာဘက်လက်ညပ်မိသွားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပြီးနောက် ဘန်းဘိန်ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူခဲ့ရာ ညာဘက်လက် လက်သူကြွယ်သုံးဆစ်၊ လက်သန်းနှစ်ဆစ်စီ ဖြတ်ပစ်လိုက်ရကြောင်း သိရသည်။ ၎င်း၏ထိခိုက်ဆုံးရှုံးမှုအတွက် နစ်နာကြေးရရှိရန်ပကန်စန်ခွန်လိုက်မည့် ကိစ္စကို စက်ရုံဘက်က တာဝန်မယူသဖြင့် ၎င်း၏အခက်အခဲကို ကူညီဆောင်ရွက်ပေးပါရန်WAG အလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့် ဇွန် ၂၅ ရက်တွင် တာယာစက်ရုံ၌ အလုပ် လုပ်ခဲ့သောကိုအေးသက်ထွန်းနှင့်ဇနီး၏ တောင်းဆိုထားသော နစ်နာကြေးအတွက် တာယာ စက်ရုံမှ မန်နေဂျာနှင့် ချွန်ဘူလီခရိုင် ကျတ်ဟာငန်ရုံးတွင် တာဝန်ရှိအရာရှိတို့၏ ရှေ့မှောက်တွင် WAG အလုပ်သမား မဟာမိတ်အဖွဲ့တို့ အပါအဝင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လုပ်ထုံးလုပ်နည်းအတိုင်း အလုပ်သမား ကိုအေးသက်ထွန်း၏ နစ်နာကြေး ဘတ်ငွေ ၂၁၀၀၀၀ ဖြင့် တာယာစက်ရုံမန်နေဂျာက သဘောတူညီမှုဖြင့် ကျေအေးပေးခဲ့ကြောင်း သိရသည်။ သတင်း-ဇော်ကိုထက် ဓာတ်ပုံ-WAG #ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

#ယနေ့ထုတ်သတင်းစာ_ကာတွန်း
#ယနေ့ထုတ်သတင်းစာ_ကာတွန်း

◾️ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမင်တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တွေ့ဆုံ တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်သစ် တာရစ်ရာမင်သည် ဇွန် ၂၆ ရက်တွင် ပေကျင်းမြို့တော်၌ တရုတ်သမ္မတ ရှီကျင်ပင်းနှင့်တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်ရေးကွာဟချက်ကို လျှော့ချ ပေးရန်၊ ဘင်္ဂလားဒေ့ရှ်၏ အဓိကအခြေခံ အဆာက်အအုံများ အကောင်အထည်ဖော်ရာတွင် အကူအညီပေးရန် တရုတ်သမ္မတ ရှီကျင်ပင်းကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တိုက်တွန်း ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမင်သည် ဝန်ကြီးချုပ်ရာထူး ရယူပြီးနောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အဖြစ် ပေကျင်းမြို့တော်သို့ ဇွန် ၂၄ရက်တွင် စတင်ရောက်ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သလို ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ဘဏ္ဍာရေး ထောက်ပံ့နေသူ ဖြစ်သည့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးချုပ်သစ် ရာမင်သည် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကိုလည်း ထိန်းညှိရန် ကြိုးစားလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တာရစ်ရာမင်သည် ဇွန် ၂၅ ရက်တွင် တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံ ဆွေးနွေး၍ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်သည်။ ကိုးကား-ရိုက်တာ

◾️ဗြိတိန်နှင့် ဆွစ်ဇာလန်တို့၌ နေ့အပူချိန် စံချိန်တင်မြင့်တက် ဗြိတိန်နှင့်ဆွစ်ဇာလန်နိုင်ငံတို့၏ ယခုနှစ်ဇွန်လအပူချိန်သည် ဇွန် ၂၅ ရက်တွင် စံချိန်တင် မြင့်တက်ခဲ့ရကြောင်း သိရသည်။ ဥရောပအနောက်ပိုင်းဒေသ၌ နွေဦးရာသီအပူလှိုင်းများကျရောက်နေချိန်တွင် ဗြိတိန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၌ ဇွန် ၂၅ ရက် နေ့အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် နွေဦးရာသီကာလအတွင်း အပူလှိုင်းများ ပြင်းထန်စွာကျရောက်လျက်ရှိရာ လူအများအ ပြား အပူဒဏ်ကြောင့်သေဆုံးခဲ့ရပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ကမောက်ကမ ဖြစ်ခဲ့ရသည်။ ယင်းအပြင် စာသင်ကျောင်းများနှင့် ယဉ်ကျေးမှုအထိမ်းအမှတ်နေရာများကို ပိတ်ထားရ ကြောင်းလည်းသိရသည်။ပြင်သစ်နိုင်ငံ ပါရီမြို့တော်၌ ဇွန် ၂၆ ရက်မှစ၍ နေ့လယ်ပိုင်း ကာလ များ၌အများပြည်သူဆိုင်ရာနေရာများတွင် အရက်သေစာသောက်စားမှုများကို ပိတ်ပင်ထား သည်။ ဥရောပတိုက်လက်ရှိရင်ဆိုင်နေရသည့် အပူလှိုင်းကျရောက်မှုပြဿနာသည် ရာသီဥတု ပြောင်းလဲမှုပြဿနာနှင့်ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်များကပြောကြားထားသည်။ ကိုးကား-ရိုက်တာ

လတ်တလောတွင် ဗြိတိန်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးခွေးများနှင့် ဒရုန်းများကို တင်ဆောင်လာသည့် ဗြိတိန်စစ်ဘက်လေယာဉ်တစ်စင်းသည် သောကြာနေ့တွင် အောက်စဖို့ဒ်ရှိုင်းယား ဘရိုက်ဇ်နော်တွန်လေတပ်စခန်း မှ ဗင်နီဇွဲလားနိုင်ငံသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။ အဆိုပါ လေယာဉ်တွင် မာဆေးဆိုက် မီးသတ်နှင့် ရှာဖွေကယ်ဆယ်ရေးက ဦးဆောင်သော ဗြိတိန် မီးသတ်ဌာန ၁၄ ခုမှ အထူးပြု ကယ်ဆယ်ရေးကျွမ်းကျင်သူများ လိုက်ပါသွားကြသည်။ ထို့ပြင် အမေရိကန်၊ နယ်သာလန်၊ မက္ကဆီကိုနှင့် ဆွစ်ဇာလန် အပါအဝင် အခြားနိုင်ငံများကလည်း ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ကြသည်။ အမေရိကန်ကလည်း စစ်သင်္ဘောများနှင့် သယ်ယူပို့ဆောင်ရေးလေယာဉ်များ စေလွှတ်မည်ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ အကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သတင်း-လင်းခေတ် ကိုးကား- BBC/CNN

◾️ဗင်နီဇွဲလားငလျင်တွင် သေဆုံးသူ ၉၀၀ ကျော်ရှိလာ၊ လူ ၅၀၀၀၀ ပျောက်ဆုံးနေဟု ကုလခန့်မှန်း ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်များကြောင့် လူ ၉၀၀ ကျော် သေဆုံးကာ ၃၃၆၀ ဦး ဒဏ်ရာရရှိထားကြောင်း အစိုးရက ထုတ်ပြန်ထားပြီး ပျောက်ဆုံးသူ ၅၀၀၀၀ ရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ တွမ်ဖလက်ချာက ဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့များသည် အသက်ရှင်ကျန်ရှိသူများကို ဆက်လက်ရှာဖွေနေပြီး မိသားစုများကလည်း သတင်းအချက်အလက်များကို စိတ်ပူစွာ စောင့်ဆိုင်းနေကြသည်။ နိုင်ငံမြောက်ပိုင်းရှိ အဆောက်အအုံ ဒါဇင်ပေါင်းများစွာ ပြိုကျခဲ့ပြီးနောက် ဒဏ်ရာရသူများကို အရေးပေါ်တည်ဆောက်ထားသော ဆေးကုသရေးစခန်းများတွင် ကုသပေးနေကြသည်။ ထိုအပျက်အစီးများထဲတွင် မြို့တော် ကာရာကတ်စ်လည်း ပါဝင်သည်။ အစိုးရအဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ နိုင်ငံအတွင်းသို့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ရာနှင့်ချီ ရောက်ရှိလာပြီး နောက်ထပ်အဖွဲ့များလည်း ဆက်လက်ရောက်ရှိနေကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့တွင် ဗင်နီဇွဲလားနိုင်ငံတွင် စက္ကန့်အနည်းငယ်အတွင်း ပြင်းထန်သော ငလျင်နှစ်ကြိမ်ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်ခဲ့ကာ ဒုတိယငလျင်မှာ အင်အား ၇ ဒသမ ၅ ရှိပြီး လွန်ခဲ့သည့် ရာစုနှစ်တစ်ခုအတွင်း နိုင်ငံကို ထိခိုက်ခဲ့သည့် အပြင်းထန်ဆုံး ငလျင်များထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ မြို့တော်၏ မြောက်ဘက်ရှိ ဒေသတစ်ခုဖြစ်သော လာဂွိုင်ရာသည် အထိခိုက်ဆုံးဒေသအဖြစ် သတ်မှတ်ထားကြောင်း အရာရှိများက ပြောကြားသည်။ ထိုပြည်နယ်တွင် နိုင်ငံ၏ အဓိကဆိပ်ကမ်းနှစ်ခုအနက် တစ်ခုနှင့် မိုင်ကွေးတီးယားရှိ ဆိုင်မွန်ဘိုလီဗာ နိုင်ငံတကာလေဆိပ်လည်း တည်ရှိသည်။ လူအများအပြား ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသည့်အတွက် သေဆုံးသူဦးရေ ထပ်မံတိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။ လာဂွိုင်ရာပြည်နယ်တစ်ခုတည်းတွင်ပင် အနည်းဆုံး လူ ၂၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ယာယီသမ္မတ၏ အစ်ကိုဖြစ်သူဖြစ်သည့် လွှတ်တော်အကြီးအကဲ ဂျော့ချ်ရိုဒရီဂွက်စ်က ပြောသည်။ “အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့သူတွေ အများအပြားရှိပါတယ်။ ဒါဟာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်မယ့်အတွက် ကျွန်မတို့ အလွန်ဝမ်းသာရပါတယ်"ဟု ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ယနေ့တွင် ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ ရာနှင့်ချီသော အဆောက်အအုံများ ပျက်စီးသွားခြင်း သို့မဟုတ် လုံးဝပြိုကျပျက်စီးသွားခဲ့ပြီး၊ ယင်းတို့ထဲတွင် ဆေးရုံအများအပြားနှင့် စျေးဝယ်စင်တာများလည်း ပါဝင်ကြောင်း ဂျော့ဂျ် ရိုဒရီဂွက်ဇ်က ပြောသည်။ ထို့ပြင် အခြားအခြေခံအဆောက်အအုံ အနည်းဆုံး ၁၀၀၀ ခန့်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ ကယ်ဆယ်ရေးအဖွဲ့များသည် “ရွှေရောင်ကာလ”ဟုခေါ်သည့် အရေးကြီးအချိန်မကုန်ဆုံးမီ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို အမြန်ဆုံး ရှာဖွေကယ်တင်ရန် အသည်းအသန် ကြိုးပမ်းနေကြသည်။ အိုးအိမ်ဆုံးရှုံးသွားသော မိသားစုများစွာသည် ကာရာကတ်စ်၊ လာဂွိုင်ရာနှင့် အနီးဝန်းကျင်ဒေသများတွင် နေစရာမရှိဘဲ ဖြစ်နေသည်။ ဗင်နီဇွဲလားနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးအကျပ်အတည်းများတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီးဖြစ်သည်။ ဒေသခံအချို့က အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များ မလုံလောက်ဟုဆိုကာ အပျက်အစီးများရှင်းလင်းရန် အရပ်သားစေတနာ့ဝန်ထမ်းများကို တောင်းဆိုနေကြသည်။ ဆရာဝန်များကလည်း ရေရှည်ဘဏ္ဍာငွေမလုံလောက်ခဲ့မှုကြောင့် ကျန်းမာရေးစနစ်သည် လူနာအများအပြားကို ကုသနိုင်စွမ်းမရှိအောင် အားနည်းနေခဲ့ကြောင်း ပြောကြားသည်။ ကျန်ရှိနေသေးသည့် ဆေးဘက်ဆိုင်ရာ အဆောက်အအုံများမှာ လူနာများပြည့်ကျပ်လွန်းနေပြီး ဝန်ပိနေကြောင်း သိရသည်။ ဆေးဘက်ဝန်ထမ်းများကလည်း BBC သို့ ပြောကြားရာတွင် ဘေးအန္တရာယ် မဖြစ်ပွားမီကတည်းကပင် လူနာများကို ကုသပေးရန် အခက်အခဲများရှိခဲ့သည် ဟု ဆိုသည်။ "ကျွန်တော်တို့ရဲ့ ဆေးရုံအားလုံးမှာ ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေ မလုံလောက်ဘူး၊ ဆေးဝါးတွေလည်း မရှိသလောက်ပါပဲ။ ပုံမှန်နေ့တွေမှာတောင် ပြည်သူတွေကို လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ခဲ့ဘူး" ဟု ဆရာဝန်ပက်ဒရိုဟာဗီယာဖာနန်ဒက်ဇ်က ပြောသည်။ "အခု ဒီလို အဖြစ်ဆိုးကြောင့် အရေးပေါ်အခြေအနေက ပိုပြီး ဆိုးရွားလာပါတယ်။ ဒါကို ရင်ဆိုင်ဖြေရှင်းရတာလည်း အခြားနိုင်ငံတွေထက် ပိုပြီး ခက်ခဲနေပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင်ဆက်သွယ်ရေးစနစ်များ ပြတ်တောက်ခြင်း၊ လမ်းများပျက်စီးခြင်းနှင့် အရင်းအမြစ်များ မလုံလောက်ခြင်းတို့ကြောင့် ကနဦး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ထိုအခြေအနေအတွင်း ကယ်ဆယ်ရေးသမားများသည် ပြိုကျနေသော အဆောက်အအုံများအောက်မှ လူများကို လက်ဗလာဖြင့် တူးဖော်ကယ်ထုတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာသည်။

◾️မောင်းသူမဲ့လေယာဉ် စစ်သည် ၅၀၀၀၀၀ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန လေ့ကျင့်ပေးမည် မြောက်ကိုရီးယား နိုင်ငံ၏အန္တရာယ်ကို တုံ့ပြန်ရေးအတွက် မောင်းသူမဲ့လေယာဉ် တိုက်ခိုက် ရေးစွမ်းရည်နှင့် မောင်းသူမဲ့လေယာဉ် ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဌာနက ဇွန် ၂၆ ရက်တွင်သတင်းထုတ်ပြန်ထားသည်။ အထက်ပါ အစီအစဉ်အရမောင်းသူမဲ့လေယာဉ် တပ်ဖွဲ့ဝင်၅၀၀၀၀၀ ကို လေ့ကျင့်ပေးမည်ဖြစ် ပြီးတောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တပ်စခန်းများတွင်လည်း မောင်းသူမဲ့လေယာဉ်ရာပေါင်းများစွာကို ဖြန့်ကြက်ပေးထားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ယင်းအပြင် တောင်ကိုရီးယားကြည်း၊ ရေ၊ လေတပ်ဖွဲ့များအတွက်၂၀၂၉ ခုနှစ်အရောက်တွင် မောင်းသူမဲ့လေယာဉ်စင်းရေ ၁၁၀၀၀၀ အထိထုတ်လုပ်ရန် စီစဉ်ထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားထားသည်။ မောင်းသူမဲ့ လေယာဉ်များသည် သတ်မှတ် ထားသည့် တပ်ဖွဲ့များကသာ အသုံးပြုရမည့် လက်နက်ပစ္စည်းများ မဖြစ်သင့်ဘဲ ကြည်း၊ ရေ၊ လေတပ်အားလုံး အသုံးချရမည့် စစ်လက် နက်ပစ္စည်းတစ်မျိုး ဖြစ်သင့်ကြောင်းတောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး အန်းဂူဘက်စ်က ပြောကြားထားသည်။ အလားတူ လုံခြုံရေးအကြောင်းပြချက်များအရ စစ်သုံး မောင်းသူမဲ့လေယာဉ်များ တည် ဆောက်ရာတွင်တရုတ်နိုင်ငံလုပ် အစိတ်အပိုင်းများသုံးစွဲမည့်အစား ပြည်တွင်းထုတ် အစိတ် အပိုင်းများအပေါ် ရာနှုန်းပြည့် အားပြုမည်ဖြစ်ကြောင်း အန်းဂူဘက်စ်၏ အဆိုအရ သိရသည်။ မောင်းသူမဲ့လေယာဉ်များကိုတောင်ကိုရီးယားတပ်ဖွဲ့ဝင်များ၏ဒုတိယမြောက် တစ်ကိုယ်ရေသုံး လက်နက်တစ်မျိုးအဖြစ် ထားရှိသင့်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက ပြောကြားထားသည်။ မောင်းသူမဲ့လေယာဉ်များကိုဒုတိယမြောက် တစ်ကိုယ်ရေသုံးလက်နက်တစ်မျိုးအဖြစ် ထားရှိသင့်ကြောင်း တောင်ကိုရီးယားကာကွယ် ရေးဝန်ကြီးက ပြောကြားထားသည်။ ယူကရိန်းစစ်ပွဲနှင့် အရှေ့အလယ်ပိုင်းစစ်ပွဲ သင်ခန်းစာများအရမောင်းသူ မဲ့လေယာဉ် စွမ်းဆောင်ရည်များကို တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံလုံးက မြှင့်တင်ရန် ကြိုးပမ်း လျက်ရှိသည်။ ကိုးကား-ရိုက်တာ

◾️ကမ္ဘာတစ်ဝန်း မူးယစ်ဆေးဝါးကုန်သွယ်မှု မြင့်တက်လာကြောင်း ကုလသမဂ္ဂ သတိပေး တစ်ကမ္ဘာလုံးအတိုင်းအတာအရ တရားမဝင် မူးယစ်ဆေးဝါးများ ကုန်သွယ်ရောင်းဝယ်မှု မြင့်တက်လာကြောင်း ကုလသမဂ္ဂက ဇွန်၂၆ ရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ အထက်ပါကုလသမဂ္ဂ အစီရင်ခံစာအရလက်ရှိအချိန်တွင် ကိုကင်းမူးယစ်ဆေးဝါးများ ထုတ်လုပ်မှုနှုန်း မြင့်တက်လာခဲ့ပြီး မီသမ်ဖက်တမင်း မူးယစ်ဆေးဝါးများ သိမ်းဆည်းဖမ်းဆီးရမှုမှာလည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာကြောင်း သိရသည်။ ဘိန်းဖြူထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းများပြိုလဲသွားချိန်တွင် ပေါ်ထွက်လာသည့် ဟာကွက်ကို မူးယစ်ဆေးဝါးပုံစံသစ်များက ဝင်ရောက်ဖြည့်ဆည်းလာကြကြောင်းလည်း ကုလသမဂ္ဂအစီရင်ခံစာတွင် သတိပေးထားသည်။ ကိုကင်းမူးယစ်ဆေးဝါး ထုတ်လုပ်မှုသည်၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၄၁၀၀ အထိရှိခဲ့ ရာ ၁၀ နှစ်တာကာလအတွင်း လေးဆအထိမြင့်တက်လာသည့် သဘောဖြစ်ကြောင်း ကုလ သမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (ယူအင်န်အိုဒီစီ) အစီရင်ခံစာတွင် ဖော်ပြထားသည်။ အလားတူ မီသမ်ဖက်တမင်း မူးယစ်ဆေးဝါးဖမ်းဆီးရမှု အတိုင်းအဆအရ ယင်းမူးယစ်ဆေးဝါး အမျိုးအစားထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းအ ထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတကာ ဈေးကွက်များအတွင်း မူးယစ်ဆေးဝါးအမျိုးအစားသစ်များ ဝင်ရောက်မှုမှာ မြင့်တက်လာပြီး အချို့မူးယစ်ဆေးဝါးများမှာရှေးယခင်ကထက် ပို၍အန္တရာယ်ကြီးလာကြောင်း အထက်ပါအစီရင်ခံစာ၌ သတိပေးထားသည်။ ကိုးကား-ရိုက်တာ