fa
Feedback
ပရလောက ဝတ္ထုများနှင့် အခြားဝတ္ထုများ စုစည်းမှု့

ပရလောက ဝတ္ထုများနှင့် အခြားဝတ္ထုများ စုစည်းမှု့

رفتن به کانال در Telegram
4 006
مشترکین
+1024 ساعت
+697 روز
+31730 روز

در حال بارگیری داده...

کانال‌های مشابه
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئن '26
ژوئن '26
+194
در 0 کانال‌ها
مه '26
+432
در 0 کانال‌ها
Get PRO
آوریل '26
+326
در 0 کانال‌ها
Get PRO
مارس '26
+411
در 0 کانال‌ها
Get PRO
فوریه '26
+137
در 0 کانال‌ها
Get PRO
ژانویه '26
+286
در 0 کانال‌ها
Get PRO
دسامبر '25
+231
در 0 کانال‌ها
Get PRO
نوامبر '25
+414
در 0 کانال‌ها
Get PRO
اکتبر '25
+335
در 0 کانال‌ها
Get PRO
سپتامبر '25
+278
در 0 کانال‌ها
Get PRO
اوت '25
+52
در 0 کانال‌ها
Get PRO
ژوئیه '25
+201
در 1 کانال‌ها
Get PRO
ژوئن '25
+130
در 1 کانال‌ها
Get PRO
مه '25
+1 900
در 1 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
13 ژوئن+32
12 ژوئن+14
11 ژوئن+22
10 ژوئن+16
09 ژوئن+14
08 ژوئن+13
07 ژوئن+9
06 ژوئن+12
05 ژوئن+13
04 ژوئن+13
03 ژوئن+12
02 ژوئن+19
01 ژوئن+5
پست‌های کانال
ဒီအခါရွာသားကြီးတစ်ယောက်က "ကျုပ်တို့ယောက်ျားတွေပါ။မကြောက်ပါဘူးဆရာကြီး" သူကြီးရောကျန်လူများကပါ မကြောက်ပါဘူးလို့အာမခံလေတော့ အားလုံးကိုမျက်စိမှိတ်ခိုင်းပြီးဆေးနဲ့မျက်လုံးများကို တစ်ယောက်ချင်း လိုက်ကွင်းပေးပါတယ်။ "ကျုပ်ကမျက်စိဖွင့်ဆိုမှဖွင့်ကြ၊မြင်တာကိုကြည့်နေ။အိမ်ပေါ်ကဘယ်သူမှမဆင်းကြနဲ့" "ဟုတ်ကဲ့ဆရာကြီး" သုဘရာဇာကြီးကမန္တာန်ရွတ်တာကိုရပ်လိုက်ပြီး "ကဲဖွင့်ကြတော့" သုဘရာဇာကြီးကဖွင့်ဆိုတော့ အားလုံးမျက်လုံးများဖွင့်လိုက်ကြပါတယ်။ "အလို"၊ "ဟာ"၊ "အလိုလေး"၊ "ဗိုက် ဗိုက်ပူသရဲ" အားလုံးမကြောက်ဘူးဆိုပေမဲ့ထိက်လန့်သွားကြပါတယ်။အိမ်ပေါ်မှာထွန်းထားတဲ့ အောက်လင်းမီးရောင်ကြောင့်အိမ်ရှေ့ကိုအထင်းသားမြင်နေရပါတယ်။မိုးကလည်းတိတ်သွားတာကြောင့်မြင်ကွင်းကကြည်လင်ပြတ်သားလို့နေပါတယ်။ သူတို့အားလုံးမြင်လိုက်ရတာက အိမ်ရှေ့မှာပြူးကျယ်နေတဲ့မျက်လုံးတစ်စုံနဲ့လူ။မျက်နှာကျကတော့မင်းစိန်ပါပဲ။ဒါပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ကြီးကကျွဲပေါက်ကြီးတစ်ကောင်ထက်တောင် ပိုကြီးနေပါသေးတယ်။အချိုးမကျတဲ့လက်နှစ်ဖက်က မြေပေါ်ခွေကျနေပါတယ်။ ၀မ်းဗိုက်ကြီးကစပါးထည့်တဲ့ပုတ်ကြီးလိုပူဖောင်းနေပြီး တစ်ကိုယ်လုံးက အ၀တ်ဗလာနဲ့ပါ။ ဗိုက်ကြီးက ဗူဘောင်းကြီးနဲ့တူပြီး ပူကားနေတာကြောင့်သားရေများကပါးကာ အတွင်းကအူခွေများကိုပင်မြင်နေကြရပါတယ်။ "ကဲ...မအူပင်ရွာဟာဘုန်းကံကြီးမားကြတဲ့လူသားတို့ရဲ့နေရာဖြစ်တယ်။ဘုန်းကံပါးလျားတဲ့ ပြိတ္တာ၊တစ္ဆေ၊သရဲတို့ဒီရွာမှာနေခြင်းကို ရွာသားတို့ကမနှစ်သက်ပါဘူး။ဆိုင်ရာက သိမ်းဆည်းကြပါ" သုဘရာဇာကြီးက ဒီလိုပြောလိုက်ရာ ရွှံ့ဗွတ်များကိုနင်းလျောက်လာတဲ့ခြေသံကြီးတွေကြားကြရပါတယ်။ခြေသံများကမြေပါတုံနေတယ်လို့ထင်ရပါတယ်။အားလုံးကြည့်နေချိန် ချိုနှစ်ချောင်းပါတဲ့ လူမည်းမည်းကြီးနှစ်ယောက်က ခြံထဲ၀င်လာပြီး သူတို့ပါလာတာတဲ့ကြိုးခွေနဲ့ ဗိုက်ပူသရဲကို ပစ်လိုက်ရာ ကြိုးကွင်းကဗိုက်ပူသရဲလည်ပင်းကိုစွပ်မိသွားပါတယ်။ ဗိုက်ပူသရဲကသူ့လည်ပင်းကကြိုးကိုအတင်းချွတ်နေပေမဲ့ချွတ်လို့မရပါဘူး။ဒီအချိန်မှာပဲ လူမဲကြီးတစ်ယောက်က ဗိုက်ပူသရဲကို ကြိမ်နဲ့ပတ်ကာရိုက်သလိုအခြားလူမဲကြီးကလည်း ဗိုက်ပူသရဲလည်ပင်းကကြိုးကိုဆောင့်ဆွဲကာ ခေါ်သွားပါတယ်။ "ဦးလေး၊ဦးလေး၊ကယ်ပါဦးဗျာ" ဗိုက်ပူသရဲက ဦးစိန်ဥကိုလှမ်းကြည့်ကာ ငိုယိုပြီးပြောလိုက်တာပါ။အသံကမင်းစိန်မသေခင်ကအသံတိုင်းပါပဲ။ "ဘဖေ ၊ဘဖေရ‌၊ငါ့ညီမကယ်နိုင်ကြတော့ဘူးလား" ဗိုက်ပူသရဲကအခုမှနောင်တရနေပြီထင်ပါရဲ့ ။ညီ၀မ်းကွဲ မောင်ဘဖေကို အကူအညီတောင်းလို့နေတာပါ။ဗိုက်ပူသရဲ။ဒါမှမဟုတ်မင်းစိန်ရဲ့နောင်တက တော်တော်ကိုမှနောက်ကျခဲ့ပြီမဟုတ်ပါလား။ "တူအရင်းဆိုတော့လည်း ရင်ထဲတော့မကောင်းပါဘူး" ဦးစိန်ဥကပြောလိုက်တာပါ။ဗိုက်ပူသရဲကြီးကတော့အားလုံးရဲ့မြင်ကွင်းထဲကပျောက်ကွယ်သွားပြီပဲဖြစ်ပါတယ်။ဒီအချိန်မိုးက ဝေါကနဲရွာချလာပါတော့တယ်။ ဘုန်းဇော်မိုး~ဥဿာ

2
ငရဲကိုကျသွားရင်လည်းအလွန်ဆင်းရဲတဲ့ဒုက္ခကိုခံစားနေရတာရယ် အကုသိုလ်အားကြီးလွန်းတာရယ်ကြောင့် မရနိုင်ပြန်ဘူး။တိရိဆန်ဖြစ်ရင်လည်းမောဟဖိစီးပြီးအသိဉာဏ်မဲ့နေတာကြောင့်မရကြပြန်ဘူး။ဒါပေသိ ပြိတ္တာ၊အသူရကာယ်ဘုံထဲအကျွမ်း၀င်တဲ့ ပြိတ္တာမြေဖုတ်၊လူတွေသိတဲသရဲတစ္ဆေပေါ့။ဒီဘ၀တွေကိုရောက်နေတာဆိုရင်ရနိုင်ချေများပါတယ်။သို့ပေသိအလှူကိုခံယူတဲ့သူက သီလ၀န္တ သီလစင်ကြယ်သူဖြစ်ရင်ပိုလို့အကျိုးရှိပါတယ်။ "ဟုတ်ကဲ့ဆရာကြီးကျနော်မှတ်ထားပါ့မယ်" ဉီးစိန်ဥကပြောလိုက်တာပါ။သုဘရာဇာကြီးကအကြမ်းတစ်ခွက်ကိုငှဲ့ကာ တဖူးဖူးမှုတ်သောက်လိုက်ပြီး "ကျုပ်ကိုယ်တိုင်လိုက်လုပ်ပေးမှာပါ။နို့...ခင်ဗျားတို့ကိုမေးစမ်းပါရစေ။ဒီအိမ်ကိုစွဲနေတဲ့ဗိုက်ပူသရဲကဒီအိမ်မှာနေထိုင်တာကို ရွာကနှစ်သက်ပါသလား" သုဘရာဇာကြီးက မေးလိုက်ရာ ဦးစိန်ဥကမျက်နှာတင်းမာသွားပြီး "ဗိုက်ပူသရဲဆိုတာ ဟိုလူယုတ်မာ မင်းစိန်မဟုတ်လားဆရာကြီး။မနှစ်သက်ပါဘူး။သင်းကြောင့်ကျုပ်အစ်မနဲ့ယောက်ဖသေရတာ။လူယုတ်မာ၊ဘုရားကိုပါစော်ကားတဲ့ကောင်၊မနှစ်သက်ပါဘူးဆရာကြီး" သူကြီးနဲ့ရွာသားအားလုံးကလည်း ဗိုက်ပူသရဲဒီအိမ်မှာရှိနေတာကိုမနှစ်သက်သလိုဒီရွာမှာရောဒီရွာအနီးမှာပါရှိနေတာမနှစ်သက်ဘူးလို့ဝိုင်းပြောကြရာသုဘရာဇာကြီးက "ကိုင်း...ဒါဖြင့် ဒီညဒီမကောင်းဆိုးရွားကို ကျုပ်နှင်ပေးပါ့မယ်။ခင်ဗျားတို့အားလုံးက ပြန်ကြမှာမဟုတ်လား။အားမနာနဲ့မိုးအတော်ချုပ်နေပြီပြန်ကြပါ။မနက်ကျကာမှဆုံကြတာပေါ့" သူကြီးကအားလုံးကို ဝေ့ကြည့်လိုက်ပြီး "ပြန်ချင်တဲ့သူပြန်ကြပါ။ကျုပ်ကတော့ဧည့်သည်ဆရာကြီးနဲ့အဖော်အဖြစ်ဒီမှာအိပ်ပါ့မယ်" ဦးစိန်ဥကလည်း "ဟာသူကြီးရာ၊သူကြီးတောင်မပြန်တာ ကျုပ်ကပြန်စရာလား" "အဖေကျနော်လည်းဒီမှာအိပ်မယ်။မပြန်တော့ဘူး" မောင်ဘဖေကပြောလိုက်တာပါ။အခြားလူကြီးများကလည်းသူတို့လည်းဒီရက်လည်အိမ်မှာအတူအိပ်မှာဖြစ်ကြောင်းပြောလာပါတယ်။အပြင်မှာက မိုးကသဲသဲမဲမဲရွာကောင်းတုန်းပါ။ရက်လည်အိမ်မှာအကြမ်းအိုးတစ်လုံးနဲ့အားလုံးစကားဝိုင်းဖွဲ့ပြောဆိုနေကြပါတယ်။ အခန်း ၇။ "ကဲ...ကျုပ်တော့ ဘုရားရှိခိုးပြီး ပုတီးခဏစိပ်ဦးမယ်" ထိုသို့ပြောပြီး သုဘရာဇာကြီးက နေရာကထကာဘုရားရှိခိုးလို့နေပါတယ်။သူကြီးတို့လူစုကတော့အကြမ်းသောက်ရင်း ယောက်တက်ရာရာ ပြောဆိုလို့နေကြပါတယ်။ "ဟာ...ဗွတ်တွေ" သူကြီးတို့လူစု စကားပြောနေတဲ့ ဆီကိုရွှံ့ဗွတ်များနဲ့ပတ်တင်လိုက်တာပါ။ "လူယုတ်မာ သေတာတောင် ယုတ်မာနေတုန်းပါလား" ဦးစိန်ဥက အိမ်ရှေ့အမှောင်ရိပ်ကို ကြည့်ပြီး ပြောလိုက်တာပါ။ဒီအချိန် အိမ်ရှေ့မှာ ကျွဲကြီးတစ်ကောင်လိုမဲမဲအရိပ်ကြီးကိုအားလုံးမြင်ကြရပါတယ်။ "သ သရဲဗိုက် ဗိုက်' မောင်ဘဖေက စကားထစ်လို့နေပါတယ်။ဒီအချိန်ဗွတ်လုံးတစ်ခုက ဝှီးကနဲ ပြေး၀င်လာပြီး ဦးစိန်ဥမျက်နှာကို လာထိမှန်ပါတယ်။ ဦးစိန်ဥမှာဒေါသအလွန်ထွက်သွားပြီးနေရာက ကုန်းထကာ "မင်းလားကွသရဲ။တွေ့ကြသေးတာပေါ့" ဒီလိုပြောပြီး ဦးစိန်ဥက အိမ်ပေါ်ကပြေးဆင်းသွားပါတယ်။မမြင်အပ်တဲ့အရာက ဦးစိန်ဥကိုဘယ်လိုလုပ်လိုက်တယ်မသိ ၊ဦးစိန်ဥဗိုင်းကနဲလဲသွားပါတယ်။ဖအေခုလိုဖြစ်သွားတော့ မောင်ဘဖေလည်းမနေတော့၊ ပုဆိုးကိုခါးတောင်းကျိုက်ကာပြေးဆင်းသွားပါတယ်။ဦးစိန်ဥတို့သားဖနဲ့မကောင်းဆိုးရွားမှာဘတစ်ပြန်ကျားတစ်ပြန်လုံးထွေးသတ်ပုတ်နေကြပါတယ်။ သရဲကိုတော့မမြင်ရပါဘူး။ဦးစိန်ဥနဲ့မောင်ဘဖေကမမြင်ရတဲ့အကောင်ကိုရမ်းသမ်းထိုးကြိတ်နေတာပါ။ကြာရင်အခြေအနေကမဟန်နိုင်တော့မှန်းသိတာကြောင့် သုဘရာဇာကြီးက သူ့လွယ်အိတ်ကြီးထဲက ဆန်တစ်ဆုပ်ကိုနှိုတ်ပြီး ဦးစိန်ဥတို့သတ်ပုတ်နေတဲ့နေရာကိုပစ်လိုက်တာမှာ ဗိုက်ပူသရဲတစ်ကိုယ်လုံးမီးဖွားများပွင့်ကာလူးလိမ့်နေပါတယ်။ "ဘုန်းကံချင်းမတူသူကို မင်းကထပ်စော်ကားပြန်တာပဲ။အဲဒီနေရာမှာရပ်နေစမ်း" ဗိုက်ပူသရဲကို သုဘရာဇာကြီးကသာ မြင်ရပြီးအခြားလူများကမမြင်ရပါဘူး။ဗိုက်ပူသရဲကြီးကမီး၀င်း၀င်းတောက်နေတဲ့မျက်လုံးတွေနဲ့သုဘရာဇာကြီးကိုကြည့်လို့နေပါတယ်။ "တောက်...ခွေးမသား မောလိုက်တာ" အိမ်ပေါ်ပြန်တက်လာတဲ့ ဦးစိန်ဥကပြောလိုက်တာပါ။သုဘရာဇာကြီးက ဦးစိန်ဥကိုကြည့်လိုက်ပြီး "ဗိုက်ပူသရဲကိုခင်ဗျားတို့မြင်ဖူးချင်ကြလား" "မြင်ဖူးချင်တယ်ဆရာကြီး" မောင်ဘဖေကပြောလိုက်တာပါ။ကျန်လူများကလည်းမြင်ဖူးချင်ကြောင်းပြောလိုက်ပါတယ်။သူကြီးကလည်း "သရဲသရဲနဲ့ကြားတာကြားဖူးတာ၊ဒီအသက်အရွယ်အထိအကောင်လိုက်မမြင်ဖူးပါဘူး။စွမ်းနိုင်ရင်ပြပါဗျာဆရာကြီး။ကျုပ်လည်းမြင်ဖူးချင်စမ်းရဲ့" ဒီအခါသုဘရာဇာကြီးက သူ့လွယ်အိတ်ကြီးထဲကညိုညစ်ညစ်ဆေးတောင့်ကလေးကိုထုတ်ကာ သောက်ရေအိုးကရေနဲ့ လက်ဖဝါးပေါ်တင်သွေးရင်း မန္တာန်ကိုဥုံ..ဥုံနဲ့ရွတ်လို့နေပါတယ်။ "တစ်ခုတော့ရှိတယ်။ကြောက်တတ်ရင်မကြည့်ကြပါနဲ့ ။သရဲဆိုတာပြိတ္တာကိုပြောတာ။ဘုန်းကံကြီးတဲ့လူတွေမျက်လုံးထဲမှာ သင်းတို့ကအလွန်ဆိုးရွားတဲ့ရုပ်ရှိတယ်။အသဲငယ်ရင် လိပ်ပြာလွင့်အောင်လန့်တတ်တယ်။သေပင်သေနိုင်တယ်"
259
3
သူကြီးကခေါင်းညိတ်ကာ "ငချိတ်လယ်ပွဲကိုသိပါတယ်။အခုငချိတ်ကမရှိတော့ပါဘူး။သေရှာပါပြီ၊သူ့သားသမီးတွေက လယ်ပွဲကိုခွဲယူပြီးလုပ်ကိုင်နေကြပါတယ်ဆရာကြီး" သုဘရာဇာကြီးက မိုးရေတွေရွှဲနစ်ကာ ငါးဆင့်ချိုင့်ကြီး,မကာတက်လာတဲ့ မောင်ဘဖေကိုတစ်ချက်ကြည့်ကာ ကိုရင်ငချိတ်လယ်ပွဲက ကုက္ကိုပင်မှာ ဒီကဦးမင်းရဲ့အစ်မနဲ့ ယောက်ဖက မြေဖုတ်တွေဖြစ်နေရှာတယ်။ဒါကလည်း လင်မယားနှစ်ယောက်လုံးက ဒီအပင်နဲ့ပတ်သတ်ပြီး အသက်မကုန်မီစဉ်းစားပြီး ဝီစိကိစ္စာဖြစ်ရှာကြထင်ပါရဲ့" "ဖြစ်ရလေအစ်မရယ်" ဦးစိန်ဥကရေရွက်လိုက်တာပါ။သုဘရာဇာကြီးကသက်မတစ်ချက်ချကာ "သူတို့ခမျာတွေ ဦးမင်းတို့ ရက်လည်ဆွမ်းကျွေးအမျှဝေတာမကြားမသိလိုက်ကြရှာဘူးဗျ" ဦးစိန်ဥက လက်အုပ်ချီကာ "ကူညီပါဦးဆရာကြီးရယ်၊ကျုပ်အစ်မနဲ့ကျုပ်ယောက်ဖ အခုလိုဘ၀ရောက်ရတာ ဟိုခွေးကောင်လူမိုက်လူရမ်းကားကြောင့်ပါ" အခန်း ၆။ သုဘရာဇာကြီးက ပြုံးကာမောင်ဘဖေယူလာတဲ့ငါးဆင့်ချိုင့်ကြီးကိုစူးစိုက်ကာကြည့်လို့နေပါတယ်။သူကြီးကဘယ်သို့အတွေးပေါက်လေတယ်မသိ "ကဲဆရာကြီးအတွက်ထမင်းပွဲပြင်ကြဟေ့၊ဆရာကြီးဆာရောပေါ့" မောင်ဘဖေနဲ့လူကြီးနှစ်ယောက်က ခုံဝိုင်းကိုခင်းဖို့လုပ်လေရာ သုဘရာဇာကြီးက လက်ကာပြပြီး "မပြင်နဲ့ဗျို့၊ချိုင့်ထဲကရှိသမျှထမင်းဟင်းက သရဲဗိုက်ပူစားလို့ကုန်ပြီ" ဒီအခါမောင်ဘဖေက ကြွေရည်သုက် ငါးဆင့်ချိုင့်ကြီးကိုဖြုတ်ကာ တစ်အံချင်းကြည့်လိုက်ပြီး "ဟာ...အ အဖေ မရှိတော့ဘူး။အမေကျနော့်ရှေ့တင်ထည့်ပေးလိုက်တာ ထမင်းနှစ်ချိုင့်ဟင်းသုံးချိုင့်။အခု" သုဘရာဇာကြီးကပြုံးကာ မောင်ဘဖေကိုကြည့်လိုက်ပြီး "ဘယ်ရှိတော့မလဲလေ၊ဗိုက်ပူသရဲ၊သရဲဗိုက်ပူကမင်းရောက်ရောက်ချင်းစားနေတာကွယ့်" "ဗျာ..." ‌မောင်ဘဖေက အာမေဍိတ်ပြုကာ ဖင်ထိုင်ကျသွားပါတယ်။သူကြီးရော ဦးစိန်ဥတို့လူကြီးပိုင်းများလည်းမျက်နှာပျက်သွားကြပါတယ်။သုဘရာဇာကြီးကအားလုံးကို ဝေ့ကြည့်လိုက်ပြီး "ကျုပ်အတွက် အားမနာကြနဲ့ ကျုပ်လွယ်အိတ်ထဲမှာရွှေငှက်ပျောသီးတစ်ဖီးပါလာပါတယ်" ဒီအခါ ဉီးစိန်ဥကစိတ်မသက်သာစွာနဲ့ "ဆရာကြီး ကျနော်တို့တော့ မမြင်ရလို့မသိပါဘူး။ဆရာကြီးပြောတဲ့ဗိုက်ပူသရဲဆိုတာက အရင်ကမရှိပါဘူး" "ဟားဟားဟား အရင်ကမရှိဆို အခုမှ ဘုရားကိုပစ်မှား ၊မိဘကိုပစ်မှားခဲ့တဲ့ ဒီအိမ်ကမောင်ပေပဲ။အင်း..သူကတော့ ကယ်မရပါဘူး။အပြစ်ကကြီးလွန်းလို့ဒီဘ၀ကနေ ငရဲကိုဆင်းရဦးမယ်ထင်ပါရဲ့။အခုကကြားခံဘ၀ကိုရောက်နေတာ" သူကြီးရောရွာသားအားလုံးပါ သုဘရာဇာကြီးစကားကိုစိတ်၀င်တစားရှိလို့နေကြပါတယ်။သုဘရာဇာကြီးကဆေးတံကိုပါးစပ်ကချွတ်လိုက်ပြီး "လူဟာသေခါနီး သိပ်အရေးကြီးတယ်ဗျ၊ဒီအိမ်ရှင်လင်မယားက သေတဲ့အခါ ကောင်းရာမွန်ရာရောက်ဖို့ပြုထားတဲ့ကုသိုလ်တွေအလုံအလောက်ရှိနေကြပါရဲ့။သို့ပေသိ သားမိုက်ကြောင့် သေခါနီးမှာ မကောင်းတဲ့အာရုံတွေ၀င်ပြီး ငချိတ်လယ်ပွဲက ကုက္ကိုပင်မှာမြေဖုတ်တစ္ဆေတွေဖြစ်ကြရတာ။ တိတိပပပြောရရင် ဒီနေရာမှာသူ့သားအတွက် ဖားသွားရိုက်ခဲ့တဲ့အကြောင်းကိုသူတို့က ပြောကြသေးတယ်။ဒီအာရုံက သေခါနီး နောက်ဆုံးဇောမှာ အကျိုးပေးသွားတာဗျ။ သူတို့သားကတော့ မကောင်းမှုအကုသိုလ်အားကြီးလွန်းလို့ ဗိုက်ပူပြိတ္တာကြီးဖြစ်နေတာ။ကဲပါလေ၊ကျုပ်တို့ကယ်ခွင့်ရသူကိုကယ်ကြတာပေါ့" ဒီအခါ ဦးစိန်ဥက မျက်ရည်ဝဲကာ "ဆရာကြီးပြောမှ ကျုပ်အစ်မနဲ့ယောက်ဖစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီး သေရတာသိတော့တာပါ။ကျုပ်အစ်မနဲ့ယောက်ဖကိုကယ်တင်ပေးပါဆရာကြီးရယ်" သုဘရာဇာကြီးက သူ့ဆေးတံထဲက ဆေးဟောင်းများကို ခေါက်ထုတ်ပြီး ဆေးအသစ်သိပ်နေရင်းက "မနက်ဖန်ကို ဆွမ်းတစ်အုပ်၊သင်္ကန်းတစ်စုံ၊ထီးတံခွန်နဲ့ ဘုန်းကြီးကျောင်းကိုလှုရမယ်။ပြီးတာနဲ့ရေစက်ခွက်ကိုယူပြီး ငချိတ်လယ်ပွဲက ကုက္ကိုပင်ကိုသွားကြရမယ်။ဟိုရောက်ရင် သူတို့နာမည်ကို ၇ကြိမ်အသံကျယ်ကျယ်နဲ့အော်ခေါ်ပြီးသူတို့မသေခင်က ပြုဖူးတဲ့ကုသိုလ်တွေကို သူတို့ပြန်အမှတ်ရအောင် ပြောပြရမယ်။ အခုလက်ငင်းသူတို့ကိုရည်စူးပြီးလှူခဲ့တဲ့ ဆွမ်း၊သင်္ကန်း၊ထီးတံခွန်ကုသိုလ်ကိုလည်းပြောပြရမယ်။ပြီးမှ ကုသိုလ်အားလုံးကိုအသင့်ပါလာတဲ့ရေစက်ခွက်ထဲကရေကိုမြေပေါ်ကိုရေစက်ချပြီးအမျှဝေယုံပါပဲ" သုဘရာဇာကြီးကစကားကိုရပ်ကာ ဆေးတံကိုမီးညှိပြီးဖွာရှိုတ်လို့နေပါတယ်။အိမ်အပြင်မှာ မိုးကသွန်ချသလိုရွာလို့နေဆဲဖြစ်ပါတယ်။ အမှန်က မြန်မာ့ဓလေ့မှာ လူတစ်ယောက်သေပြီးရင်ထီးတံခွန်ပေးတဲ့အစီအရင်ကို ဒေသအတော်များများကလုပ်ကြပါတယ်။ဒါပေမဲ့စနစ်မကျပဲရှိနေတာပါ။ဘုန်းကြီးဆွမ်းကပ်တုန်းကထီးတံခွန်ကို တစ်နေရာကခေါ်ပေးလို့သူတို့ရဖို့မလွယ်ပါဘူး။ သေသူကဘယ်နေရာမှာရှိနေသလဲသိရပါမယ်။ပြီးတော့ သေသူဟာ ချက်ချင်းလူ့ဘ၀ကိုပဋိသန္ဓေယူရင်ဖြစ်စေ ငရဲကိုတန်းကျသွားရင်ဖြစ်စေ၊ နတ်ပြည်ကိုရောက်သွားရင်ဖြစ်စေ ၊တိရိဆန်ဘ၀ကိုပဋိသန္ဓေယူရင်ဖြစ်စေ ထီးတံခွန်ပေးလို့မရနိုင်တော့ပါဘူး။အကြောင်းကနတ်စီးစိမ်ခံစားနေရင် အတိတ်ကိုမေ့ကာပျော်မွေ့နေခြင်းကြောင့်နတ်ဘ၀မှာရဖို့မလွယ်ပါဘူး။
162
4
ခါးကအ၀တ်အစားတွေမီးကျွမ်းပြာကျယုံမကခေါင်းက ဆံပင်များပင် မီးလောင်ထားတာပါ။ခန္ဓာကိုယ်တစ်ခုလုံး ငါးရံ့ကို မီးကျွမ်းအောင်ဖုတ်ထားသလိုမျိုး ပါ။မီးသွေးတုံးလိုမဲနက်နေပြီးခြေလက်တွေကတွန့်လိမ်ကောက်ကွေးကာ ပါးစပ်ကဟလျက်သွားများကိုဖြဲပြနေသလိုဖြစ်နေရာ ကြည့်ရအလွန်ဆိုးပါတယ်။ "အမြင်မတင့်ဘူး အလောင်းကိုဖျာပတ်ပြီး ချက်ချင်းမြှုပ်လိုက်ကြ" သူကြီးကပြောလိုက်တာပါ။ဦးစိန်ဥက မျက်ရည်များရစ်ဝဲလို့နေပါတယ်။ တူဖြစ်သူလူယုတ်မာအတွက်ဦးစိန်ဥခံစားရတာမဟုတ်ပဲ အစ်မနဲ့ယောက်ဖအတွက်ခံစားနေရတာပါ။ "သင်းမသာကိုချက်ချင်းမြှုပ်ကြပါ။ကျုပ်အစ်မနဲ့ကျုပ်ယောက်ဖအလောင်းကိုတော့ သုံးရက်ထားပြီးကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးပါရစေသူကြီးရာ" သူကြီးကဦးစိန်ဥကိုစိတ်မကောင်းစွာကြည့်ပြီး "ကိုညိုနဲ့မညွန့်က မောက်နှမတွေလိုနေခဲ့ကြတာ။ငါတို့အားလုံးအလောင်းလှအောင် ဝိုင်းလုပ်ပေးကြမှာပါစိန်ဥရာ ။ ဖြစ်ပျက်ကိုတရားနဲ့ဖြေပါကွာ" မင်းစိန်မသာကို ခွေးသေကောင်လိုသွားမြှုပ်ကြပေမဲ့ဦးညိုနဲ့ဒေါ်ညွန့်စိန်အသုဘကိုတော့ တစ်ရွာလုံးက ကရုဏာသက်ကြတာကြောင့် သူကြီးကအစတစ်ရွာလုံးဝိုင်း၀န်းကြလို့ ရွာမသာအဖြစ်တင့်တင့်တယ်တယ်ရှိခဲ့ပါတယ်။ အသုဘရက်လည်တဲ့ည။ မြန်မာ့ကျေးလတ်ထုံးဓလေ့အတိုင်း အသုဘရက်လည်ကို သေပြီးတဲ့နောက် ၇ရက်မြောက်နေ့မှာပြုလုပ်ကြတာပါ။အချို့ဒေသတွေက ၅ရက်နဲ့ရက်လည်ကြသလို အချို့ဒေသတွေမှာတော့ သုံးရက်နဲ့အသုဘချရောရက်လည်ပါအပြီး လုပ်ကြတာတွေ့ဖူးပါတယ်။အခုတစ်နေ့တည်း သေသွားကြတဲ့ မသာသုံးလောင်းကိုတော့ အသုဘချတာချင်းမတူပေမဲ့ ရက်လည်ကိုတော့အတူတူပဲ လုပ်ကြပါတယ်။ သူကြီးနဲ့ ဦးစိန်ဥတို့ဦးဆောင်ပြီး ဦးညိုတို့လင်မယားအသုဘနဲ့ရက်လည်ဆွမ်းကျွေးပွဲကိုပြုလုပ်ကြတာကြောင့် လူစည်တဲ့မသာပါပဲ။ရပ်နီးရပ်ဝေးကလည်းလာကြလေတော့ မအူပင်ရွာမှာ ဒီမသာကအစည်ဆုံးဖြစ်ခဲ့ရတယ်။ဦးစိန်ဥက အစ်မနဲ့ ယောက်ဖကို ကရုဏာသက်လွန်းတာကြောင့် ၀က်သားအချိန်တစ်ရာကို ဗြောင်ကျွေးတာပါ။ဗြောင်ဆိုတာက အာလူး၊ဘူးသီး၊ဖရုံသီးမရောပဲ ၀က်သားသက်သက်ကျွေးတာပါ။ "ဗျို့ ...အိမ်ရှင်တို့ ခဏ၀င်ပါရစေ" သူကြီးနဲ့ဦးစိန်ဥအပါအ၀င် ရွာလူကြီးများနာရေးအိမ်ပေါ်မှာ ငွေကြေးစာရင်းရှင်းတမ်း လုပ်နေချိန်အိမ်ရှေ့ကအသံပြုတာကြောင့် အားလုံးကြည့်လိုက်ကြပါတယ်။မိုးလည်းချုပ်တော့မှာဖြစ်လို့ ဧည့်ပရိသတ်လည်းမရှိတော့ပါဘူး။ကာလသားကာလသမီးများက အိုးခွက်ပန်းကန်များ သိမ်းဆည်းပြီး ကနားဖျင်းပါဖျက်လိုက်ကြပါပြီ။ဒီအချိန်အနောက်တောင်ကလည်း မိုးကငှက်ခါးတောင်ကျအောင်တက်လာကြပါပြီ" "၀င်ပါ၊၀င်ပါ၊အသုဘရက်လည်လာတဲ့ဧည့်သည်မှတ်တယ်" သူကြီးကအကဲခက်သလိုကြည့်ပြီး ပြောလိုက်တာပါ။ဧည့်သည်လူကြီးက အိမ်ပေါ်ကိုပင်ရောက်လာပြီဖြစ်ပါတယ်။ထိုသူကတော့အခြားမဟုတ် ဇာတ်လိုက်ကြီးသုဘရာဇာသာစိန်သာဖြစ်ပါတယ်။ "အေးဗျ၊ကျုပ်ကအသုဘရက်လည်လာတဲ့သူပဲ။ဒါပေသိ ရိုးရိုးလာတာတော့မဟုတ်ဘူး။သွားလေသူဇနီးမောင်နှံရဲ့ဒုက္ခကို ကူညီပေးဖို့လာခဲ့တဲ့သူပါဗျာ" သုဘရာဇာသာစိန်စကားကြောင့် အားလုံးနားမလည်နိုင်စွာသုဘရာဇာကြီးကိုသာငေးကြည့်နေကြပါတယ်။သုဘရာဇာကြီးက သူ့လွယ်အိတ်ကြီးထဲက ဆေးတံတိုကိုထုတ်ကာ မီးညှိဖွာရှိုက်လိုက်ပြီး "ဒီကဦးမင်းများသိတန်ကောင်းပါရဲ့။သနပ်တောကနေ ကမာနက်အပြန် ခင်ဗျားတို့ရွာတမင်၀င်လာရတာပါ။ကျုပ်ကသာစိန်ပါ။သုဘရာဇာသာစိန်၊ကမာနက်သုသာန်မှာနေတယ်။ကမာနက်ရယ်မဟုတ်ပါဘူး။ကြုံတဲ့သုသာန်နေလေ့ရှိပါတယ်" သုဘရာဇာကြီးစကားကြောင့် အားလုံးလှုပ်လှုပ်ရွရွဖြစ်ကာ မျက်နှာများ၀င်းပသွားကြပါတယ်။ "မသိရှိရန်ကောလေ၊လူကိုမမြင်ဖူးတာပ။ကျုပ်မိတ်ဆွေ သနပ်တောသူကြီးက ဒီကဆရာကြီးသာစိန်အကြောင်းဆုံတိုင်းပြောပါ့" သူကြီးကပြောလိုက်ခြင်းပါ။ဒီအချိန်အနောက်တောင်မိုးက ပြိုကျသလို ဝေါကနဲရွာချလာပါတယ်။ဦးညိုရဲ့အိမ်မှာ အောက်လင်းမီးရောင်နဲ့ ထိန်ထိန်လင်းလို့ရှိနေပါတယ်။ဦးစိန်ဥကတစ်ခုခုကိုသတိရသွားပြီး "အလိုမေ့နေလိုက်တာ။မောင်ဘဖေရေ၊အိမ်ပြန်ပြီးထမင်းဟင်းချိုင့်နဲ့ပြန်ယူစမ်းကွယ့်။ဆရာကြီးစားဖို့" သားဖြစ်သူမောင်ဘဖေလည်း ခမောက်ကြီးဆောင်းကာ အိမ်ပေါ်ကဆင်းသွားပါတယ်။သူကြီးက အကြမ်းခွက်ကို သုဘရာဇာကြီးကိုလေးလေးစားစားကမ်းရင်း "ဆရာကြီးစောနပြောပါရဲ့။သေသူလင်မယားကိုကူညီဖို့ဆိုတာ ကျုပ်ဖြင့်စိတ်၀င်စားပါရဲ့" ဒီအခါသုဘရာဇာကြီးက သောက်လက်စအကြမ်းခွက်ကိုချကာ "ဒီလိုသူကြီးမင်းရဲ့။ခင်ဗျားတို့မေးလို့ဖြေရတာပ။ကာယကံရှင်တွေကြားရင် အခန့်မသင့်က ကျုပ်ခေါင်းအရိုက်ခံရချေသေးရဲ့" ဦးစိန်ဥကပျာပျာသလဲဖြစ်ကာ "အလိုလေး သို့ကလိုဖြင့် မဖြစ်စေရပါဘူး။ကျုပ်ကသေသူဒေါ်ညွန့်စိန်ရဲ့မောင်အရင်းပါခင်ဗျာ။ဆရာကြီးပြောတာကိုစိတ်၀င်စားပါတယ်" သုဘရာဇာကြီးက ဆေးတံကိုမီးပြန်ညှိပြီး မီးခိုးတလူလူဖြစ်အောင်ဖွာလိုက်ပြီး "ခင်ဗျားတို့ရွာမြောက်နားက ကိုရင်ငချိတ်လယ်ပွဲကိုသိတယ်ဟုတ်စ"
130
5
"မြတ်စွာဘုရား" "အေးစိတ်မကောင်းစရာပါဟယ်၊သူတို့လင်မယားနှစ်ယောက်လုံး တစ်ချိန်တည်း အတူသေသွားရတာကရိုးရိုးမှဟုတ်ရဲ့လား၊မင်းစိန်ကြောင့်ရောမဖြစ်နိုင်ဘူးလား" အခုဖြစ်စဉ်နဲ့ပတ်သတ်ပြီး မအူပင်တစ်ရွာလုံးကတီးတိုးရော ကျယ်ကျယ်ပါ ဝေဖန်နေကြပါတယ်။အဖြေကတော့ ရေရေရာရာမရှိပါဘူး။သူကြီးတို့ရောက်သွားချိန်မှာ အရီးညွန့်တို့လင်မယားက တောင့်လို့ပင်နေပါပြီ။ညဦးပိုင်းလောက်ကတည်းက သေဆုံးသွားကြပုံရပါတယ်။ ဒီလိုလင်မယားနှစ်ယောက်လုံး အတူတူသေဆုံးသွားကြရတဲ့အကြောင်းရင်းကို ဘယ်သူမှမသိဘူးဆိုပေမဲ့အရာရာတိုင်းက အကြောင်းနဲ့အကျိုးက ဆက်စပ်လို့နေတာပါ။မင်းစိန်က သူဘုရားကဆည်းလည်းခိုးဖြုတ်လို့သူကြီးကထိပ်တုံးခက်တာကို မကျေမနပ်ဖြစ်ခဲ့တာ။ လူယုတ်မာတို့သဘောက မိမိကဘယ်လောက်ပင်အပြစ်လုပ်ထားပါစေ။မိမိကိုယ်မိမိအပြစ်ရှိသူလို့ မခံယူကြပဲ သူတစ်ပါးကိုသာလက်ညှိုးထိုးအပြစ်ပုံချတတ်ကြတာမဟုတ်လား။မိမိအပြစ်နဲ့မိမိခံရတာကိုပင်သူတစ်ပါးကိုလက်ညှိုးထိုးကာ ဘယ်သူ့ကြောင့်ဘယ်ဝါ့ကြောင့်လို့ အငြှိုးအာဃာတနဲ့ မတော်မလျော်လက်စား ချေတတ် ကြတာမျိုးပါ။ အခုလည်းမင်းစိန်က မိဘအိုနှစ်ပါးတားနေတဲ့ကြားကဘုရားက ဆည်းလည်းခိုးဖြုတ်လို့ သူအရှက်ရတာ။ထိပ်တုံးခက်ခံရတာဆိုပြီး မှားယွင်းတဲ့လူယုတ်မာတို့ရဲ့အငြှိုးအာဃာတအတိုင်း အတုမရှိအပြစ်ကင်းစင်တော်မူတဲ့ဗုဒ္ဓကိုယ်ပွား ပတ္တမြားစေတီကို ပျက်လိုပျက်စီးမိုးကြီးလေကြီးထဲမှာ ကုက်တက်ပြီးဆည်းလည်းတွေဖြုတ်ချခဲ့တာ။ မင်းစိန်တကယ်လုပ်တော့မှာကိုသိနေကြတဲ့ ဦးညိုနဲ့မယ်ညွန့်စိန်တို့လင်မယားမှာ မတားသာလို့ စိတ်ဆင်းရဲပြီးငိုကြွေးခဲ့ကြပါတယ်။နှစ်ယောက်လုံးက ကျန်းမာရေးကမကောင်းကြသလို ခုခံအားနည်းနေရှာကြတာ။နှလုံးတွေကလည်း ပုံမကောင်းကြတော့ဘူးထင်ပါရဲ့ ။နှလုံးထိပြီးသေဆုံးသွားကြတာ။စာစကားနဲ့ပြောရရင်ရင်ကွဲနာကျသေကြရခြင်းမျိုးပါ။ ဒီနေရာမှာစပ်မိလို့ ရင်ကွဲနာကျတယ်ဆိုတာကို ဗဟု သုတအဖြစ်မျှဝေပါဦးမယ်။ရှေးစကားတစ်ခုရှိပါတယ်။ရင်ကွဲနာကျပြီးသေတာတဲ့။စာပေတွေထဲ တရားတွေထဲ ကြားဖူးဖတ်ဖူးကြပါလိမ့်မယ်။ရင်ကွဲနာဆိုတာရင်ဘက်ကြီးဟက်တက်ကွဲပြီး ပုံပျက်ပန်းပျက်သေတာမျိုးမဟုတ်ပါဘူး။တင်စားပြောဆိုတဲ့စကားပါ။ လူတစ်ယောက်ရဲ့နှလုံးဟာ ထိုလူအသက်ရှင်သန်ဖို့တစ်ကိုယ်လုံးကသွေးတွေကို နှလုံးမှာသိုလှောင်ပြီးနှလုံးရဲ့ကြွက်သားတွေက ပုံမှန်ဖျစ်ညှစ်ပြီးတစ်ကိုယ်လုံးကိုသွေးများလည်ပတ်စေတာပါ။ တစ်ကိုယ်လုံးကလှည့်လာတဲ့သွေးက နှလုံးအိမ်ထဲပြန်၀င်။နှလုံးအိမ်ကညှစ်ထုတ်လိုက်တဲ့သွေးက တစ်ကိုယ်လုံးလှည့်ပတ်။ဒီလိုမရပ်မနားနှလုံးကအလုပ်,လုပ်ပေးနေရတာပါ။နှလုံးကအလုပ်မလုပ်တော့ရင် သွေးမလည်ပတ်တော့ပါဘူး။သွေးမလည်ပတ်တော့ရင်လူကသေတာပါပဲ။ လူတစ်ယောက်ရဲ့စိတ်ခံစားမှုက နှလုံးကိုများစွာသက်ရောက်ရာ စိတ်ရဲ့ဖိစီးခြင်းစိတ်ထိခိုက်လွန်ကဲခြင်းကြောင့်နှလုံးကပုံမှန်အလုပ်ယာယီရပ်ဆိုင်းသွားတတ်ပါတယ်။ဒါကိုနှလုံးရပ်တယ်လို့ခေါ်ပါတယ်။နှလုံးရပ်လျင်သွေးလည်ပတ်မှုရပ်တာပါ။သွေးလည်ပတ်မှုရပ်ရင်လူကသေတာလေ။ အချို့ ဗဟုသုတရှိတဲ့မိဘများက နေမြင့်အောင်ကုလားသေကုလားမောအိပ်တဲ့သားသမီးတွေကိုနှိုးကြပါတယ်။နှလုံးရပ်မှာစိုးလို့ပါ။လူကသာအိပ်နေပေမဲ့နှလုံးကအလုပ်,လုပ်နေရတာပါ။ခန္ဓာကိုယ်ကြီးက ကြာရှည်မလှုပ်ပဲနေရင် သွေးလည်ပတ်မှုတွေမှာအနှောင့်အယှက်ဖြစ်လာပါတယ်။ ဒီအခါကြောက်မက်ဖွယ်အိပ်မက်ဆိုးတွေမက်ကြီး မသိစိတ်ကထိက်လန့်မှုဖြစ်ကာ နှလုံးကအလုပ်မလုပ်ပဲရပ်တံ့သွားတတ်ပါတယ်။ ဒါကြောင့်အချိန်ကြာမြင့်စွာ နေမြင့်တဲ့အထိအိပ်စက်ခြင်းကမကောင်းပါဘူး။ဗဟုသု တအဖြစ် ကြားညှပ်ပြောပြတာပါ။ အခုလည်းနှလုံးကရပ်သွားတဲ့အခါ ခန္ဓာကိုယ်ကသွေးတွေကချက်ချင်းမရပ်ပဲ နှလုံးအိမ်ထဲက သွေးကန်ထဲကို သွေးတွေက ဆက်၀င်နေပါတယ်။ဒီအခါနှလုံးသွေးကန်က သွေးကိုအဆမတန်လက်ခံထားရတာကြောင့် နှလုံးကပေါက်ကွဲသွားတာပါ။ဒါကိုနှလုံးကွဲနာလို့ဆိုရင်လည်းရပါတယ်။ ဒါပေမဲ့ဒီဖြစ်စဉ်ကို ရင်ဘက်နဲ့တင်စားပြီးရင်ကွဲနာလို့စကားအလှတန်ဆာဆင်ကြခြင်းဖြစ်ပါတယ်။ကျနော့်စာလေးတွေကစာဖတ်သူ၊နားဆင်သူအတွက် သုတနဲ့ရသနည်းနည်းလောက်ဖြစ်ဖြစ်ရစေချင်လို့ ဇာတ်လမ်းနဲ့မဆိုင်တာလေးတွေပါ၀င်သွားတာနားလည်နိုင်ကြပါစေ။ အခုဘကြီးညို ၊အရီးညွန့်တို့လင်မယားမှာသားဆိုးသားမိုက်ကြောင့် ရှက်ခြင်း ကြောက်ခြင်း စိုးရိမ်ပူပန်ခြင်းကြောင့် နှလုံးရပ်ကာ ရင်ကွဲနာကျသေဆုံးသွားကြရရှာတာပါ။လူဟာဘယ်လောက်စိတ်ကောင်းထားကုသိုလ်လုပ်စေကာမူ သေခါနီး နှလုံးသွင်းမကောင်းရင်လားရောက်ရမဲ့ဘုံဘ၀ကလည်း ဒုဂ္ဂတိဘုံပါပဲ။မယ်ညွန့်စိန်တို့လင်မယား သားစိတ်နဲ့ ဒေါမနဿဖြစ်ကာခုဘ၀ကသေပြီး ဘယ်လိုဘ၀ဆိုးကိုရောက်ကြရတယ်ဆိုတာရှေ့နားမှာသိရတော့မှာပါ။ အခန်း ၅။ မအူပင်ရွာထိပ် ပတ္တမြားစေတီရင်ပြင်မှာတော့ လူအုပ်ကညို့လို့နေပါတယ်။အကြောင်းက မင်းစိန်အလောင်းကို ဝိုင်းကြည့်နေကြတာပါ။အသက်ဝိဉာဉ်ကင်းမဲ့နေတဲ့ မင်းစိန်ရဲ့ကိုယ်ကောင်ကြီးက ရုပ်ပျက် ဆင်းပျက်ပါ။ ခါးမှာအ၀တ်အစားလဲမရှိတော့ပါဘူး။မိုးကြိုးလောင်မီးက ဘယ်လောက်ပြင်းထန်တယ်ဆိုတာ မင်းစိန်အလောင်းကောင်ကိုကြည့်ရင် သိနိုင်ပါရဲ့။
114
6
"အညွန့်၊လူမိုက်ကြောင့်နင်တို့ငါတို့အသက်တိုကြပါ့မယ်ဟာ။သင်းထိုက်နဲ့သင်းကံခံပစေ။ငါတော့မျက်နှာကိုဓားနဲ့သာလှီးပစ်ချင်တယ်" "ကိုညို ကျမက၀မ်းနဲ့လွယ်မွေးခဲ့ရတာပါတော်။ဂါတ်ကိုရောက်ရင်သင်းမလွယ်ဘူး။လိုက်သွားမယ်" မယ်ညွန့်တစ်ယောက်သူရူးမကြီးလို ခမောင်ကြီးဆောင်းကာ သူကြီးအိမ်ကို ထဘီပင်မနိုင် ပြေးသွားပါတယ်။ မိုးကတစိမ့်စိမ့်ရွာနေတာကြောင့် မင်းစိန်ကထိပ်တုံးထဲမှာမိုးရေတွေစိုနေပါတယ်။ "ဖြစ်ရလေငါ့သားရယ်၊ဘုရားပစ္စည်းကြံရသလား။အမေဖြင့်မင်းလုပ်ရပ်ကြောင့်ရှက်လွန်းလို့သေရတော့မယ်" မယ်ညွန့်ကပြောလည်းပြော သူ့ခေါင်းကခမောက်ကိုချွတ်ကာ သားဖြစ်သူကို ဆောင်းပေးလိုက်ပါတယ်။မင်းစိန်က မိခင်ဆောင်းပေးတဲ့ခမောက်ကို ချွတ်ကာထုခြေလိုက်ပြီး "လာမဆောင်းပေးနဲ့၊ကျုပ်ကယောက်ျား မိုးမိလို့မသေဘူးဗျ" သူကြီးနဲ့ရွာလူကြီးများမှာမယ်ညွန့်စိန်တို့သားမိကိုလှမ်းကြည့်ကာစိတ်မကောင်းဖြစ်နေကြပါတယ်။သူကြီးက "မိညွန့် လာလာမိုးတွေရွာနေတယ်။ငရဲသွားမဲ့ကောင်ကိုဆောင်းပေးမနေနဲ့" လူကြီးများနဲ့အတူမယ်ညွန့်စိန်ရဲ့မောင်ဦးစိန်ဥလည်းရောက်နေတာပါ။ဦးစိန်ဥကအစ်မဖြစ်သူကိုလှမ်းကြည့်ပြီးစိတ်မကောင်းဖြစ်ကာ "အစ်မ နင့်သားလူမိုက်ကြောင့်နင်သေလိမ့်မယ်လာဟ၊မိုးကသဲလာပြီ" ဒီအခါ မင်းစိန်ကထွီကနဲတံတွေးတစ်ချက်ထွေးလိုက်ပြီး "မကြားဘူးလား ခင်ဗျားလင်ငယ်ခေါ်နေတာ" မင်းစိန်ရဲ့ရင့်ရင့်သီးသီး မောင်အရင်းဖြစ်သူနဲ့ပေးစားလိုက်တာကြောင့် မယ်ညွန့်စိန်နား‌နှစ်ဖက်ကိုလက်နှစ်ဖက်နဲ့ပိတ်ထားလိုက်ပါတယ်။သို့ပါသော်လည်းသားဆိုတဲ့ချစ်ခြင်းကြောင့်မယ်ညွန့်စိန်မနာကျည်းနိုင်ပါဘူး။သူကြီးရှိရာကိုသွားပြီး မြေမှာပြားပြား၀ပ်ထိုင်ကာလက်အုပ်ချီပြီး "သူကြီးမင်းရယ်၊မလိမ်မိုးမလိမ်မာတစ်ခါမှားမိတာသူ့အပြစ်နဲ့သူ ငရဲသွားရမှာပါ။ကျမမျက်စိရှေ့မှာသားကိုဂါတ်ပို့တဲ့အဖြစ်တော့ မမြင်ပါရစေနဲ့" သူကြီး ဦးမြသီးနဲ့ မယ်ညွန့်စိန်တို့က တစ်ရွာတည်းနေတစ်ရေတည်းသောက်၊မောင်နှမတွေလိုနေခဲ့ကြသူများမို့ မင်းစိန်ကိုဂါတ်တဲမပို့ပဲ ညနေပိုင်းမှာဆုံးမပြီးပြန်လွှတ်ပေးလိုက်ကြပါတယ်။ခွေးမြီးကောက်ကျည်တောက်စွပ်ပါပဲ။ဉာဉ်ဆိုးကမပျောက်ပါဘူး။မင်းစိန်အိမ်ရောက်တော့ အရက်မူးပြီးသောင်းကြမ်းတော့တာပဲ။ "လူလေး ဘုရားပစ္စည်းဆိုတာစိတ်နဲ့တောင်မပြစ်မှားအပ်ဘူး" မင်းစိန်က ဒေါသအလွန်ထွက်ကာ မိခင်ဖြစ်သူကိုစောင့်တွန်းပြီး "ပြစ်မှားတယ်ဗျာ ဘာဖြစ်လဲ။ဆည်းလည်းတစ်လုံးမဟုတ်ဘူး။အကုန်လုံးဖြုတ်မယ်။ငရဲမကလို့ငရဲအဘလည်းဂရုစိုက်ဘူး" ဒီလိုပြောပြီး မင်းစိန်အိမ်ပေါ်ကဆင်းကာ မိုးရေထဲထွက်သွားပါတယ်။မိခင်ဖြစ်သူမှာ သားလုပ်သူစောင့်တွန်းလို့ကြမ်းပြင်ပေါ်လဲကျသွားရာက ကုန်းရုန်းထပြီး "လူလေး၊ဟဲ့သား မောင်မင်းစိန်" မင်းစိန်ကတော့မိုးသံလေသံတွေကြားမှာမိခင်အိုကြီးရဲ့ခေါ်သံကိုမကြားတော့ပါဘူး။ "အညွန့်၊နင်တရားရှိပါကွယ်၊လူမိုက်ဆိုတာဘုရားတောင်ချွတ်မရဘူး။လူမိုက်ကြောင့် နင်လူရောစိတ်ပါပင်ပန်းနေပြီ။ ငါ ငါတို့လင်မယားမသေသေးသမျှသင်းပေးတဲ့ဒုက္ခကိုခါးစီးခံကြယုံပေါ့ဟာ။စိတ်ကိုထိန်းပါအညွန့်ရယ်" ဦးညိုက လေသံယဲ့ယဲ့နဲ့ အိပ်ရာထက်ကနေမိန်းမဖြစ်သူကိုတရားပြလို့နေတာပါ။မယ်ညွန့်စိန်ကတော့တိုင်ကိုမှီကာငိုလို့နေရှာပါတယ်။အပြင်မှာတော့မိုးသံလေသံတွေကဆူညံလို့နေပါတယ်။ အခန်း ၄။ မအူပင်ရွာကလေးမှာလူတွေရုက်ရုက်သဲသဲဖြစ်လို့နေကြပါတယ်။ဒီနေ့မှထူးထူးခြားခြား မနက်စောစောစီးစီးနေကပွင့်နေပါတယ်။ပြီးခဲ့တဲ့တစ်လကျော်နှစ်လကတည်းကနေကိုတစ်ခါမှမမြင်ရအောင် နေ့နေ့ညညရွာနေတဲ့မိုးက ဒီမနက်မှ အငြှိုးပြေသွားသလိုပါပဲ။ရွာထဲမှာလည်း လူတွေဟိုနားစုစုဒီနားစုစုဖြစ်နေကြပါတယ်။ "ဟဲ့ဟဲ့...ဘာတွေဖြစ်နေကြတာလဲ၊ငါညကနေမလို့မကောင်းချင်တာနဲ့အိပ်ရာထ နောက်ကျနေတာ" အရင်ကဆို ရွာထဲဘာလေးဖြစ်လိုက်ဖြစ်လိုက်ရွာထဲ ထောင့်အိမ်တောင်မကျန် သတင်းကိုအခမဲ့ဖြန့်နေတဲ့မဘုမက ခုကိစ္စသူမ ဘာမှသိသေးပုံမရပါဘူး။ "ဟာ...အဘု ဒီတစ်ခါတော့ နင်ညံ့တာပဲ။ရွာဦးပတ္တမြားစေတီက ဆည်းလည်းတွေတက်ဖြုတ်တဲ့ မင်းစိန် စေတီပေါ်မှာတင် မိုးကြိုးထိပြီး ပွဲချင်းပြီးသေပါရောလား" "အလိုတော် မနေ့ကပဲ ဘုရားဆည်းလည်းခိုးလို့ထိပ်တုံးခက်ခံရသေးတာ" ဒီအချိန် မငွေခင်ကအူယားဖားယားရောက်လာပြီး "သူ့ဘေးမှာဆည်းလည်းတွေမနည်းဘူး။ထီးတော်မှာရှိတဲ့ဆည်းလည်းအကုန်ဖြုတ်တာတော်၊အငြှိုးနဲ့လုပ်တာ။တစ်ကိုယ်လုံးမိုးကြိုးလောင်မီးကျထားတာ မဲတူးချိတ်လို့တော်" မငွေခင်စကားကြောင့်ဘုမကရင်ဘက်ဖိကာ "ဘုရား အရီးညွန့်တော့ သားဆိုးအမေတပေပေဖြစ်ရရှာဦးမှာပဲ" မငွေခင်ကမဲ့ကာ မဘုမရဲ့လက်မောင်းကိုဆွဲလိမ်ပြီး "ဒီမိန်းမ ဘာမှမသိသေးပဲ၊အရီးညွန့်အဖို့တဖားဖားမဖြစ်တော့ပါဘူး။ညကတည်းက ဘကြီးညိုဘေးမှာအရီးညွန့်က ခွေခွေကလေး လင်မယားနှစ်ယောက်သေနေကြတာ၊မိုးလင်းမှသူကြီးတို့လူစု မင်းစိန်ကိစ္စသွားပြောမှသိကြတာ"
104
7
"လူမိုက်၊ငါ့ဆီတောင်အရက်ဖိုးလာတောင်းတာ မရလို့ ကြိမ်းမောင်းပြီးအိပ်သွားတာ။ဖအေမိုးပတ်လို့စိုနေတာတောင် တံခါးပိတ်ပေးဖို့မသိတတ်ပါဘူးဟယ်" အမှန်က ဦးညိုက လေမိထားတာငါးနှစ်ရှိပါပြီ။သူငယ်ပြန်သလိုလို လေရူးလိုလို စိတ်ကမမှန်ပါဘူး။တစ်ခါတလေ ရိုးရိုးသားသားလာလည်တဲ့ဦးဘကြည်ကသူ့မယားမိညွန့်ကို နောက်လာပိုးတာလို့ထင်နေတတ်တာပါ။အခုလည်းမယ်ညွန့်ကပြောသွားတာတောင်မေ့ပြီးဉီးဘကြည်နဲ့သူ့မယားကိုသမုတ်နေတာပါ။ "အညွန့် နင်အ၀တ်တွေသွားလဲတော့လေ။နင်ဖျားရင်ဖိုးသူတော်လဲရင်တောင်ဝှေးကမထူနိုင်သလို အားလုံးဒုက္ခဖြစ်ကြပါ့မယ်အေ" မယ်ညွန့်က အနောက်ခန်းထဲ၀င်ပြီး အ၀တ်များလဲကာ "တော့ ကိုညို၊ရှင်အိပ်တော့လေ၊အိပ်ရေးပျက်ရင်ရောဂါပိုသည်းပါ့မယ်" မယ်ညွန့်ကဦးညိုအိပ်ရာဘေးထိုင်ပြီးပြောလိုက်တာပါ။ဦးညိုကသက်မကိုချကာ "ငါအသက်ရှင်နေလို့ရော ဘာထူးလဲအညွန့်ရယ်။နင်ရောမအိပ်သေးဘူးလား" မယ်ညွန့်က ကျလာတဲ့မျက်ရည်ကိုသုက်လိုက်ပြီး "သန်းခေါင်ကျော်နေပါပြီတော်၊မုန့်ဟင်းအိုးလေးနွှေးပြီး အဇာတသတ်အတွက် ဖားလေးချက်လိုက်ဦးမယ်။ကျမမုန့်ဟင်းခါးသွားရောင်းရင်ဖားသားမမြင်လို့ကတော့ရှင့်ကိုပြဿနာရှာလိမ့်မယ်" ဦးညိုက ဘာမှမပြော သူ့ရဲ့လှုပ်လို့ရသေးတဲ့လက်နဲ့မယ်ညွန့်စိန်ရဲ့ မျက်လုံးကမျက်ရေတွေကိုသုက်ပေးရှာပါတယ်။ဦးညိုကိုယ်တိုင်ကလည်းငိုနေတာပါ။မယ်ညွန့်ကနေရာကထကာ ထရံမှာထိုးထားတဲ့ ငန်းဆေးထုပ်ကိုယူပြီး ပါးစပ်ထဲပတ်ထည့်ကာ အကြမ်းပူပူကိုမှုတ်သောက်နေပါတယ်။မယ်ညွန့်ဖျားချင်နေပြီမဟုတ်ပါလား။ "အညွန့် ငါသိပါတယ်မိန်းမရယ်၊နင်ဖျားပြီမဟုတ်လား။ငါ...ငါ နင်တစ်ယောက်တည်းပင်ပန်းနေတာကို ငါဘယ်လိုကြည့်ရက်မလဲ။ငါတို့လင်မယားဒီလောက်ဒုက္ခပင်လယ်ဝေနေတာ။ အတူတူမျက်တစ်မှိတ်အတွင်းသေသွားကြရင်ကောင်းမှာနော်" "အော်...ကိုညိုရယ်၊ဘာလို့စိတ်လျော့တဲ့စကားတွေပြောနေရတာလဲ။အိပ်တော့လေမနက်ကျရင်ကျမကြက်စွပ်ပြုတ်လေးနွှေးပေးခဲ့မယ်နော်" မယ်ညွန့်စိန်က လင်ဖြစ်သူကို စောင်ပါးလေးတစ်ထည်ထပ်အုပ်ကာအပြင်ကိုထွက်လာပါတယ်။မီးဖိုပေါ်ကမုန့်ဟင်းခါးဟင်းရည်အိုးကိုပြန်နွှေးရပါဦးမယ်။အိမ်ကလေးရဲ့အပြင်မှာတော့ မိုးရောလေပါသွန်ချနေသလိုပါပဲ။မိုးသံလေသံများနဲ့အတူ မင်းစိန်ရဲ့ဟောက်သံကပါအပြိုင်ထွက်ပေါ်လို့နေပါတယ်။ အခန်း ၃။ မအူပင်ရွာ။ မအူပင်ရွာက သံလျင်ဒလနဲ့ ခရမ်း‌သုံးခွကြားကပင်လယ်သောင်စပ်ကရွာကလေးပါ။ရွာသားအားလုံးကမိရိုးဖလာလယ်ယာအလုပ်နဲ့အသက်မွေးကြပြီး အချို့ကတော့ ပင်လယ်ထွက်ကာ ငါးဖားရှာတတ်ကြပါတယ်။ဦးညိုနဲ့ဒေါ်ညွန့်စိန်တို့မိသားစုက မအူပင်ရွာကလေးမှာတစ်ခါက ပြေပြေလည်လည်ရှိခဲ့ကြတာပါ။ဦးညိုလေမိပြီးတဲ့နောက် လယ်လေးဆယ်ဧကနဲ့နွားနှစ်ရှဉ်း၊လှည်းတစ်စီးရောင်းလိုက်ရပါတယ်။ ခုလိုရောင်းလိုက်ရတာက ဦးညိုရဲ့ ရောဂါကိုဆေးကုရလို့မဟုတ်ပါဘူး။သူတို့ရဲ့တစ်ဦးတည်းသောသားဆိုးမင်းစိန်ဖြုန်းတီးခြင်းကြောင့်‌ပါ။မင်းစိန်ရိုက်မှုဖြစ်လို့လျော်ရတာကတစ်မျိုး။တော်ကြာမင်းစိန်သူများအိမ်ကိုတက်လို့ တော်ကြာလင်ရှိမယားကို ရိသဲ့သဲ့လုပ်လို့လင်ကြီးနဲ့ပြဿာနာတတ်ရန်ဖြစ်လို့ အလျော်ပေးရတာကတစ်ဖုံ၊မိဘတွေကိုအမျိုးမျိုးနှိပ်စက်တဲ့ ၂၀ရာစုအဇာတသတ်ပါပဲ။ အသက်၃၀ကျော်သည့်တိုင်ဘာအလုပ်မှမလုပ်ပဲအိုထီးအိုမ မိခင်ကြီးရွာထဲခေါင်းရွက်ကာလည်ရောင်းတဲ့မုန့်ဟင်းခါး ရောင်းရငွေလေးနဲ့ မိသားစုသုံးယောက်စားဖို့ အိပ်ရာထဲလဲနေတဲ့ ဦးညိုရဲ့ဆေးဖိုးအတွက်မယ်ညွန့်စိန်မှာ နေ့စဉ်ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာပါ။မင်းစိန်အရက်ဖိုး၊ကြက်၊ကတ်လောင်းကြေးနှိပ်စက်လို့ မိခင်ဖြစ်သူမယ်ညွန့်စိန်အရင်းပြုတ်ရပေါင်းလည်းများခဲ့ပါပြီ။ "အမေညွန့်ရေ၊အမေညွန့်" အိမ်ရှေ့ကခေါ်သံကြောင့် မုန့်ဟင်းခါးရောင်းရာကပြန်လာပြီး အိပ်ရေးပျက်ထားတဲ့သူမ ခဏလေးအိပ်ပျော်သွားကာစလန့်နိုးသွားခဲ့ပါတယ်။ခြံထဲပြေးပြီး၀င်လာသူက မိညွန့်ရဲ့မောင်ဦးစိန်ဥရဲ့သားမောင်ဘဖေဖြစ်ပါတယ်။ "ဟဲ့ငဘ၊လန့်လိုက်တာဟယ်၊ငါရင်တွေတုံလိုက်တာ။ဘာများတုန်း" ဘဖေကအိမ်ပေါ်ပြေးတက်လာပြီး "အမေညွန့် ကိုကြီးမင်းစိန်သူကြီးအိမ်ကထိပ်တုံးထဲကိုရောက်နေပြီ" ဘဖေစကားကြောင့်မယ်ညွန့်နားထဲမိုးကြိုးပစ်သလိုခံစားလိုက်ရပါတယ်။မယ်ညွန့်ရင်ကိုလက်နဲ့ဖိကာ "အမလေး၊ဘယ်လိုများဖြစ်တာလဲငဘရယ်၊အမေညွန့်ကိုသေအချာပြောပါဦး" ဘဖေက သက်မကိုချပြီး အသာထိုင်လိုက်ကာ "မနက်က ရွာထိပ်ကပတ္တမြားစေတီဘုရားက ကြေးဆည်းလည်းတွေတက်ဖြုတ်လို့ သူကြီးကထိပ်တုံးထဲကိုထည့်ထားတာ။မြို့ကဂါတ်ကိုပို့မယ်ပြောတယ်" မယ်ညွန့်မှာထိုင်ရာကလဲပြိုမကျသွားအောင်ကိုယ်ကိုမနည်းထိန်းထားရင်းက "ဖြစ်ရလေ၊မနက်ကပဲ ငါငွေငါးမူးပေးလိုက်တာ။မင်းစိန်ရယ်၊မကြံထိုက်တာကိုကြံတယ်။ရှက်လည်းရှက်ပါရဲ့။မဖြစ်ပါဘူး ငါလိုက်သွားမှပါ" မယ်ညွန့်ကပြောပြီးထိုင်ရာကအထ မိုက်ကနဲဖြစ်ကာလဲမလိုဖြစ်သွားရာ တူဖြစ်သူမောင်ဘဖေကထိန်းလိုက်လို့သာ။
100
8
"ဒါဆိုရွာနဲ့နီးပြီပဲ။ရှေ့မှာချောင်းရိုးကလေးကိုဖြတ်ဆောက်ထားတဲ့သွပ်မိုးတံတား၊တံတားကျော်ရင်ရွာက တစ်ခေါ်လောက်ပဲရှိတော့တာ" မယ်ညွန့်စိန်တစ်ယောက်တည်းပြောရင်းသွပ်မိုးတံတားအကြောင်း အသိ၀င်လာပါတယ်။ဒီသွပ်မိုးတံတားကမှ သရဲအခြောက်ကြမ်းတာလေ။ဓားပြတွေက ရွာကိုဓားပြတိုက်ပြီး တန်ဆာခံခေါ်လာတဲ့မိန်းခလေးကို ဒီဇရပ်မှာသတ်သွားတာ။ခြောက်လိုက်တဲ့နေရာ။ညမပြောနဲ့ လူပြတ်ရင်နေ့ခင်းကြောင်တောင်ပင်ခြောက်တာကလား။ "သမ္ဗုဒ္ဓေ....ဘုရားကယ်တော်မူပါ။ ငါ့ကိုမခြောက်ပါနဲ့သရဲရယ်၊အမျှအမျှအမျှ" မယ်ညွန့်စိန်ဆုတောင်းမပြည့်ပါဘူး။သွပ်မိုးတံတားထိုင်ခုံတန်းလျားပေါ်မှာ လျပ်ရောင်ကြောင့် မြင်လိုက်ရတာက လူရိပ်တစ်ခု။ခုလိုအချိန်ကြီးမိုးထဲလေထဲဘယ်လိုလူမျိုးကဒီလိုနေရာမျိုးမှာလာထိုင်နေပါ့မလဲ။မယ်ညွန့်စိန်တံတားပေါ်တက်သင့်မတက်သင့်ချီတုံချတုံဖြစ်လို့နေပါတယ်။ အခန်း၂။ တံတားပေါ်ကမသွားပဲ ချောင်းရိုးထဲကဆင်းသွားဖို့ကရေကပြည့်နေတာ။ရေစီးကဝါးလုံးထိုး။သူမရေမှမကူးတတ်တာ။ဒီလောက်ချမ်းနေတဲ့ကြားက မယ်ညွန့်စိန်နဖူးဆံစရင်းကနေချွေးသီးများကျလာပါတယ်။တံတားပေါ်လှမ်းကြည့်လိုက်တော့ လျပ်ရောင်အလတ်နဲ့ဆုံတာကြောင့် တံတားပေါ်ထိုင်နေတာ မိန်းမတစ်ယောက်ဖြစ်ကြောင်းမြင်လိုက်ရပါတယ်။ဒါဆိုဟိုသရဲမပေါ့။ "ပြန်...လာပြီ...လားညွန့်စိန်မ" အသံလေးလေးအုပ်အုပ်ကြီးနဲ့ သူမကိုမေးလိုက်တာပါ။မယ်ညွန့်စိန်လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားပါတယ်။ဒီဇရပ်မှာဓားပြတွေသတ်ခဲ့တဲ့မယ်ထွေးလှကသူမထက်ကြီးပါတယ်။မယ်ထွေးလှအသတ်ခံရတဲ့အချိန်က မယ်ညွန့် ကအသက်လေးဆယ်ကျော်ပဲရှိသေးတာပါ။အနှစ်နှစ်ဆယ်ကျော်တာတောင် မထွေးလှမကျွတ်နိုင်ပဲခြောက်လှန့်နေတုန်းပါလား။ "ဟုတ် ဟုတ်ကဲ့ ။အစ်အစ်မထွေးလှ ကျ ကျမကိုမ မခြောက်ပါနဲ့အစ်မထွေးလှရယ်" မယ်ညွန့်စိန်က အသံကလေးတုန်တုန်နဲ့ပြောနေပေမဲ့သရဲမထွေးလှက တုပ်တုပ်မျှမလှုပ်ပါဘူး။မယ်ညွန့်စိန်ကလက်အုပ်ကလေးချီကာ "အစ်မ ကျ ကျကြောက်ပါတယ်။ကျမချမ်းလည်းချမ်းနေပါပြီ။ကျမကိုသွားခွင့်ပြုပါ။ကျမတောင်းပန်ပါတယ်" ဒီအခါ သရဲမက နေရာက ဖြေးဖြေးချင်းထကာမယ်ညွန့်စိန်ဆီ တစ်လှမ်းချင်း လျောက်လာနေပါတယ်။မယ်ညွန့်စိန်က နောက်ဆုပ်နောက်ဆုပ်နဲ့သရဲမရဲ့အရိပ်အချေကိုကြည့်လို့နေပါတယ်။သရဲမကသူမရဲ့ရှေ့တစ်လံအကွာလောက်မှာရပ်လိုက်ပြီး "ငါဒိုင်ဗင်ထိုးပြမယ်၊ညည်းကြည့်မလား" မယ်ညွန့်စိန် အသံပင်မထွက်နိုင်တော့ပါဘူး။ခေါင်းကိုသာညိတ်ပြလိုက်ပါတယ်။သရဲမကနောက်ပြန်တံတားပေါ်လျောက်သွားပြီး တံတားဘောင်ပေါ်ရပ်ကာ "ဒီမှာကြည့်" မယ်ညွန့်စိန်ကြည့်နေရင်းမှာပဲ သရဲမရဲ့လည်ပင်းကြီးကရှည်ထွက်လာကာ မျက်နှာကြီးက မယ်ညွန့်စိန်နားရောက်လာပါတယ်။ "အမလေး" မယ်ညွန့်စိန်လိပ်ပြာလွင့်မတတ်ဖြစ်သွားကာ‌အသံကုန်အော်လိုက်ပါတယ်။ "ညည်းကလည်းအေ လန့်လိုက်တာ" သရဲမလည်ပင်းကြီးကပကတိပြန်ဖြစ်သွားပြီးပြောလိုက်ခြင်းပါ။ဖြစ်ရလေ၊သရဲမကများလန့်ရတယ်လို့ဆိုပြီး မယ်ညွန့်စိန်‌အပြေးအလွှားတွေးလိုက်မိပါသေးတယ်။သရဲမကသူမဖတ်လှည့်ကာ "ကောင်မဒီမှာကြည့်" ဒီလိုပြောပြီး ချောင်းရိုးထဲကို နောက်ပြန်ဒိုင်ပင်ထိုးချသွားပါတယ်။မယ်ညွန့်စိန်လည်းစဉ်းစားမနေပဲ နေရာကနေတံတားပေါ်တက်ပြေးကာ ရွာကိုတစ်ကျိုးတည်းပြေးပါတော့တယ်။ရွာအ၀င်ရောက်မှ သူမအပြေးကိုရပ်ကာအမောဖြေရင်းနောက်ကိုပြန်ကြည့်လိုက်ပါတယ်။သူမနောက်မှာဘာမှရှိနေပါဘူး။ "ဟင်း...တော်ပါသေးရဲ့။အော်...ဒုက္ခ ဒုက္ခ၊သားသမီးအပူတွေ ၊သေမှအေးတော့မယ်ထင်ပါတယ်" မယ်ညွန့်စိန် တစ်ကိုယ်တည်းငြီးတွားကာ အိမ်ရှိရာကိုပြန်ခဲ့ပါတယ်။မိုးကြိုးပစ်တာမရှိတော့ပေမဲ့ လေရောမိုးပါကောင်းနေဆဲပါ။မယ်ညွန့်စိန်အိမ်ကလေးပေါ်ရောက်တော့ အိမ်ဦးခန်းမှာ သားအလိမ်မာ အရက်သမားမင်းစိန်က အရက်ပုလင်းဘေးချကာ ဟောက်လို့ပင်နေပါတယ်။ သူမအ၀တ်စိုတွေမလဲအားသေး၊လင်ဖြစ်သူရဲ့အခန်းထဲအပြေး၀င်လာလိုက်ပါတယ်။ထင်တဲ့အတိုင်းလင်ဖြစ်သူဦးညိုက အိပ်ရာပေါ်မှာ ခွေခွေကလေး‌စောင် ခြုံထားပေမဲ့ ကဲလားတံခါးပိတ်မထားမိခဲ့တာကြောင့်ဦးညိုတစ်ကိုယ်လုံးစိုနစ်နေပါတယ်။ "အညွန့်ရယ် ငါအအေးပတ်ပြီးသေရတော့မယ်။နင်ဘယ်တွေသွားနေတာတုန်း။ငါငုတ်တုတ်နဲ့အညွန့်ရယ်" မယ်ညွန့်စိန် ရင်၀ကိုအကန်ခံလိုက်ရသလို နင့်ကနဲဖြစ်သွားပါတယ်။မီးခွက်ကိုအမြန်ထွန်းလိုက်ပြီး ကဲလားတံခါးကိုပိတ်ကာ လင်ဖြစ်သူကိုအ၀တ်စိုတွေလဲပေးပြီးအိပ်ရာကိုပြန်ခင်းကာ စောင်ခြုံပေးလိုက်ပါတယ်။ "အညွန့်...နင်..ဘကြည်နဲ့ သွားချိန်းတွေ့တာမဟုတ်လား။ ငါ...သေတဲ့အထိစောင့်ကြပါဟာ" ဦးညိုကငိုသံပါကြီးနဲ့ပြောလိုက်တာပါ။မယ်ညွန့်စိန်မျက်ရည်တွေတွေကျကာ လင်ဖြစ်သူကို ငေးကြည့်ရင်း "ကိုညို ကျုပ်တို့အသက်တွေက ၇၀‌ကပ်လို့သေရမဲ့အရွယ်တွေ၊အထင်လွဲစကားမပြောပါနဲ့။ကျမလေရှင့်သား အဇာတသတ်စားဖို့ဖားသွားရိုက်တာပါကိုညိုရယ်" မယ်ညွန့်စိန်က ငိုကာပြောလေရာ ဦးညိုမှာစိတ်မူမှန်သလိုဖြစ်သွားပြီး
94
9
သုဘရာဇာသာစိန်နှင့် ဗိုက်ပူသရဲ စာစဉ် (၁၆) အစအဆုံး။ အခန်း ၁။ မိုးကကြောက်စရာကောင်းလောက်အောင်ရွာနေတာပါ။လေပြင်းများ တစ်ချက်တစ်ချက် ဝေ့တိုက်လိုက်တဲ့အခါတွေတွေမှာ သစ်ပင်ကြီးများက တဝေါဝေါတဝူးဝူးအသံဖြစ်ကာ သစ်ကိုင်းများကမြေပေါ်ကိုကျိုးကျကုန်ပါတယ်။လျပ်ရောင်ဖျပ်ကနဲနဲ့အတူ မိုးချုန်းသံက နားစည်ပေါက်‌ထွက်မတတ်ပါ။ မိုးဦးလေဦးဆိုတာ မိုးကြိုးထစ်မိုးကြိုးပစ်တတ်တာမဟုတ်လား။ ကောင်းကင်မှာလျပ်ကြိုးက မဟူရာကောင်းကင်ကြီးအက်ကွဲသွားသလိုမြင်လိုက်ရပြီး မလှမ်းမကမ်းကကုက္ကိုပင်ကြီးပဲ့ကျသံနဲ့အတူညှော်နံ့များထွက်လာပါတယ်။ဒါဟာ ကုက္ကိုပင်ကြီးကိုမိုးကြိုးပစ်လိုက်တာဖြစ်ကြောင်း မယ်ညွန့်စိန်သိလိုက်ပါတယ်။ သူမခိုက်ခိုက်တုံအောင်ချမ်းနေပါပြီ။ လက်ထဲကဝါးစိမ်းတုတ်နဲ့ ထည်စာခဲပေါ်ဆောင့်ကြောင့်ထိုင်နေတဲ့ စားဖားကြီးကို ရိုက်ထည့်လိုက်တာပါ။မယ်ညွန့်စိန် မီးအုပ်ဆောင်းမီးရောင်နဲ့ကြည့်လိုက်တော့ ၂ဆယ်သားထက်မလျော့တဲ့စားဖားကြီးက ခြေနှစ်ချောင်း လက်နှစ်ချောင်းဆန့်ကာ လျာကတစ်လစ်ထွက်နေပါတယ်။ မိုးချုန်းသံကြောင့် သူမရဲ့ဦးခေါင်းက ဆံပင်များထောင်သွားကြပါတယ်။ "ကိုယ်ကမွှေးခဲ့တဲ့မီးပဲ၊ကိုယ့်ကိုပြန်လောင်မှာပေါ့" မယ်ညွန့်စိန် ပါးစပ်ကတီးတိုးရေရွတ်လိုက်ပါတယ်။မျက်၀န်းက မျက်ရေများရစ်ဝိုင်းလာပါတယ်။သူမသူတစ်ပါးအသက်ကို ရက်ရက်စက်စက် သတ်နေရပြီ။မသတ်ချင်ပါဘူး။တစ်သက်လုံးပါဏာတိပါတကံကိုရှောင်ခဲ့တာ။သူမရဲ့အသက်အခု၆၈နှစ်ထဲရောက်နေပြီ။အသက်၅၀ကတည်းက ဥပုသ်တိုင်းဥပုသ်မပျက်ခဲ့ပါဘူး။ မယ်ညွန့်စိန် ကံသင်းရိုးပေါ်တက်ကာ ပတ်၀န်းကျင်ကို ဝေ့ကြည့်လိုက်ပါတယ်။သူမဖားထွက်ရိုက်တာ သုံးနာရီလောက်ကြာခဲ့ပြီ။လွယ်ထားတဲ့ပုလိုင်းထဲကိုလက်နှိုတ်ကာ စမ်းကြည့်လိုက်တယ်။စားဖားအကြီးကတစ်ကောင်အသေးနှစ်ကောင်။ "တော်လောက်ပါပြီ၊မင်းစိန်တစ်ယောက်စာတော့ဒီလောက်ဆိုလောက်ပါပြီ။အကောင်ကြီးကိုအစပ်ချက်လေးချက်ပြီး အသေးနှစ်ကောင်ကိုတော့ သင်းလေးအရက်နဲ့မြည်းဖို့ ကြော်ပေးလိုက်ပါ့မယ်။မယ်ညွန့်စိန်ဒီလိုတွေးရင်း သားဖြစ်သူမင်းစိန်မျက်နှာကို မြင်ယောင်ကာပြုံးမိသွားပါတယ်။ပြီးတော့မျက်နှာကပြန်အိုသွားရပြန်ပါတယ်။ အော်သားမိုက်ပါလား၊မိဘအပေါ်မသိတတ်လိုက်တာ။မုန့်ဟင်းခါးလေးရောင်းပြီး လူမမာဖအေနဲ့သားမိသားဖသုံးယောက်၀မ်းရေးကို အနိုင်နိုင်ဖြေရှင်းနေရတဲ့ မအေအိုကြီးကို သင်းမငဲ့ဘူး။မိုးလင်းကမိုးချုပ်အရက်သောက်နေတာ။အရက်ဖိုးဆိုမအေအရင်းရှိလားမရှိလားမသိ ၊ဈေးတောင်းထဲက ယူချင်သလိုယူနေတာ။ မယ်ညွန့်သားအကြောင်းတွေးပြီးလင်ဖြစ်သူ ကိုညိုအကြောင်း ခေါင်းထဲ၀င်လာပြန်တယ်။ "ဘုရားရေ၊ငါပြတင်းတံခါးမပိတ်ပေးခဲ့မိဘူး။မိုးပတ်လို့စိုနေတော့မှာပဲ" မယ်ညွန့် လင်ဖြစ်သူကို စိတ်ပူကာ ချော်နေတဲ့ကံသင်းရိုးအတိုင်း လျောက်လာခဲ့တယ်။ရှေ့မှာတဖုန်းဖုန်းနဲ့မြေကြီးကိုကုန်းရိုက်နေတဲ့ မဲမဲအရိပ်တစ်ခု ။သူမလိုဖားရိုတဲ့သူလားလို့ရပ်ပြီးကြည့်လိုက်ပါတယ်။ "မျက်လုံးတွေကလည်းမွဲလိုက်တာ" မယ်ညွန့်စိန်တစ်ကိုယ်လုံး ကျတ်သီးမွေးညှင်းများထသွားပါတယ်။ဒါကလူမှမဟုတ်တာ။မဲမဲအကောင်ကြီး။မြေကြီးကိုတုတ်နဲ့ရိုက်နေတာ။သရဲခြောက်နေတာပဲ။ငချိတ်လယ်ပွဲက ကုက္ကိုပင်ကြီး။ဟုတ်တယ်၊စောနမိုးကြိုးထိသွားတဲ့ ကုက္ကိုပင်ကြီးက သရဲအလွန်ခြောက်တယ်လို့သူမ ကြားဖူးပါတယ်။ကိုယ်တိုင်တော့တစ်ခါမှမကြုံဖူးပါဘူး။ဘယ်ကြုံဖူးပါ့မလဲ၊အချိန်မတော်အခုလိုဒီနေရာမျိုးကိုလာမှမလာဖူးတာ။ မယ်ညွန့်ကံသင်းကဆင်းကာမဲမဲအကောင်ကြီးကိုကွေ့ပြီးသွားဖို့စိတ်ကူးလိုက်ပါတယ်။လယ်ကွက်ထဲမှာကထယ်ထိုးထားတော့ ထယ်စာဖတ်တွေက ရေနူးပြီးချော်နေတာ။လမ်းလျောက်လို့ကမကောင်းဖြစ်လို့နေပါတယ်။သူမသမ္ဗုဒ္ဓေဂါထာကိုရွတ်လိုက်တယ်။ကြောက်စိတ်ကြောင့် တစ်သက်လုံးရွတ်လာတဲ့ဂါထာကအစကိုမေ့လိုက် အလယ်မေ့လိုက်ဖြစ်လို့နေပါတယ်။ "အို..." သူမထိက်လန့်သွားပါတယ်။မဲမဲအရိပ်ကြီးက ကံသင်းပေါ်ကဆင်းလာပြီး သူမသွားမဲ့ရှေ့မှာဆီးပြီးရပ်နေတာပါ။သူမငိုချင်လာတယ်။တစ်ကိုယ်လုံးကချမ်းတာရောကြောက်တာရောကြောင့် တဆက်ဆက်တုံလို့နေပါတယ်။ဒီအချိန်လျပ်စီးက ၀င်းကနဲထိန်သွားရာသူမရှေ့ကမဲမဲကြီးကိုအထင်းသားမြင်လိုက်ရတယ်။ "အမလေး၊ဖားဖားကောင်ကြီး" သူမမြင်လိုက်ရတာက လူ့ကိုယ်လုံးထက်ကြီးတဲ့ဗိုက်ပူပူနဲ့ဖားကြီးတစ်ကောင်၊တဆက်တည်းလျပ်ကြိုးမျှင်က၀င်းကနဲလတ်သွားရာ မဲမဲဖားကောင်ကြီးကို မိုးကြိုးထိမှန်သွားတာကိုမယ်ညွန့်စိန်သိလိုက်ပါတယ်။ "မြတ်စွာဘုရား၊ကယ်တော်မူပါ" မိုးကြိုးထိမှန်ပြီးတော့ နေရာမှာ ဖားကောင်သရဲကရှိမနေတော့ပါဘူး။မယ်ညွန့်စိန်ပုလိုင်းကိုရင်ခွင်မှာပွေ့ပြီးနေရာကခြေကုန်သုက်ကာပြေးလို့နေပါတယ်။လယ်နှစ်ကွက်ကျော်မှ မောလွန်းတာကြောင့်ရပ်လိုက်ပြီး ရွာကဘယ်ဘက်မှာရှိမလဲတွေးနေမိပါတယ်။ညဉ့်နက်သန်း ခေါင်ရွာကိုမျက်စိလည်ချင်နေပါတယ်။ "ဟုတ်ပြီ၊ငချိတ်လယ်ပွဲကကုက္ကိုပင်ကြီးရဲ့တောင်ဘက်တည့်တည့်သွားရင်ရွာပဲ။မယ်ညွန့်စိန်မပြေးယုံတမည်လျောက်လာပါတယ်။ပုလိုင်းကိုတော့ ပွေ့ဖတ်ထားပါတယ်။ဒီဖားတွေပါမသွားလို့မှမဖြစ်တာ။မင်းစိန်အတွက်အရေးကြီးတဲ့အရာတွေမဟုတ်လား။သူမလျောက်လာရင်း ရွာချင်းဆက်ကံသင်းမကြီးပေါ်ရောက်လာပါပြီ။
101
10
بدون متن...
104
11
ဒီလိုပြောပြီးမဖဲဝါက ခုံဝိုင်းပေါ်က ထမင်းနဲ့ဟင်းများကိုမြိန်ရေယှက်ရေ ကြုံးစားလို့နေပါတယ်။သူ့ရဲ့ခွေးနက်ကြီးသုံးကောင်ကိုလည်းပစ်ပြီးတော့ကျွေးပါတယ်။ဒီအချိန်ရည်ရည်လည်လည်မသိတဲ့ ချောင်းကြိုချောင်းကြားက သရဲအချို့ ကသုသာန်ရှေ့မှာယောင်လည်လည်လုပ်နေရာ မဖဲဝါရဲ့ခွေးကြီးများကလိုက်ဆွဲတာကြောင့် ဒရောသောပါးပြေးကုန်ကြပါတယ်။ ခုံပေါ်ကထမင်းရောဟင်းပါကုန်သွားတဲ့အခါ မဖဲဝါကဆေးလိပ်တိုကိုကောက်ယူလိုက်ပြီး တရဲရဲဖွာကာအေးအေးလူလူ သူ့ခွေးနက်ကြီးသုံးကောင်ခြံရံကာ အမှောင်ထဲကို တိုး၀င်ပျောက်ကွယ်သွားပါတော့တယ်။ ဘုန်းဇော်မိုး~ဥဿာ
104
12
"တရားနဲ့ဖြေကြပေါ့ဗျာ။မောင်ကျော်ဘရဲ့ပြုတဲ့ကံကပြန်ဒဏ်ခက်ခံရတာပဲ။အဲ ..ရွာထဲ၀င်မွေနေတဲ့ အပကောင်တွေကိုတော့ အခုရှင်းလို့မရသေးဘူး။ညကျမှရမယ်။ကိုလူတင်က ကြက်သားငါးပိဿာချက်နဲ့ဆန်တစ်စိပ်ချက်ကိုညမိုးချုပ်ရင်ယူလာခဲ့။ထမင်းစားခုံတစ်လုံးနဲ့ဆေးလိပ်ပါယူခဲ့ကြဗျာ။ ဒီအပကောင်တွေကို သုသာန်စောင့်မဖဲဝါကိုအကူအညီတောင်းပြီး ရှင်းရလိမ့်မယ်" ဒီအခါသူကြီးနဲ့ ကိုလူတင်တို့လည်းအသီးသီးပြန်သွားကြပါတယ်။သုဘရာဇာကြီးတို့သားအဖသာသုသာန်မှာကျန်နေခဲ့ကြတာပါ။ဒီအချိန်သုသာန်အနီးကနေ လူတစ်စုက သုဘရာဇာကြီးတို့ကို ကုန်းပြလိုက်၊ကော့ပြလိုက်လုပ်နေကြရာသုဘရာဇာကြီးကအသေအချာကြည့်လိုက်တော့ လူများမဟုတ်ပဲကျတ်တစ္ဆေကောင်များဖြစ်ကြောင်းသိလိုက်ရပါတယ်။ "နေနှင့်ဦးပေါ့ခွေးမသားတွေရေ" အောင်ဒင်ကသုဘရာဇာကြီးကိုကြည့်ကာ "ဘကြီးဘယ်သူ့တွေကိုဆဲနေတာလဲ။ကျနော်နဲ့ဘကြီးနှစ်ယောက်တည်းရှိတာလေ" သုဘရာဇာကြီးက တဟားဟားရယ်ကာ အောင်ဒင့်ပခုံးကိုသိုင်းဖတ်လိုက်ပြီး "ဟိုအပကောင်တွေကိုပါလူလေးရာ" အောင်ဒင်က မီးဖိုပေါ်က အကြမ်းအိုးကိုယူလာပြီးသုဘရာဇာကြီးရှေ့ကို အသာချကာ "ဘကြီး၊ကိုကျော်ဘကလည်း သရဲမတောင် သူကမသိဘူးလားမသိဘူးနော်" သုဘရာဇာကြီးက အကြမ်းပူပူကိုငှဲ့ကာ သောက်လိုက်ပြီး "လောကမှာ အမှောင်တကာ့အမှောင်ထဲမှာ ကိလေသာအမှောင်က အမိုက်ဆုံးပဲလူလေးရဲ့။အင်း..လူကြီးဖြစ်ဖြစ်၊လူငယ်ဖြစ်ဖြစ်၊ပုထဇဉ်မှန်ရင်ကိလေသာရှိကြတာပဲ။ဒါပေသိဒီကိလေသာကိုပညာဆိုတဲ့အသိဉာဏ်၊သတိမကပ်ပဲစိတ်သွားတိုင်းကိုယ်ပါရင်မှားကြတာပေါ့ကွယ်။ ဘုရားအလောင်းတော်အရင့်အမာကြီးတောင်မုဒုလက္ခဏမိဖုရားအပေါ် သာယာတဲ့တနှာကြောင့်အရူးအမူးဖြစ်ရသလို ဥပကဆိုတဲ့သူတော်စင်ကြီးဟာလည်းမယ်ဆာပါဆိုတဲ့မိန်းမငယ်လေးကြောင့် အရူးအမူးဖြစ်ရတယ်။ဒါက သတိနဲ့ပညာ။အဲသတိဆိုတာဘယ်တော့ဖြစ်ဖြစ် အသိမလွတ်တာ။ပညာကအမှားအမှန်ကိုသိတာကွယ်" သုဘရာဇာကြီးပြောသမျှကို အောင်ဒင်ကစိတ်ပါ၀င်စားစွာနားထောင်လို့နေပါတယ်။တစစနဲ့ နေကညိုကာညနေပိုင်းကိုရောက်ခဲ့ပြီဖြစ်ပါတယ်။သုဘရာဇာသာစိန်တို့ရဲ့သနပ်တောသုသာန်လေးကတောဒေါသ၊မောဟ၊လောဘတွေကင်းကာ လေတဖြူးဖြူးနဲ့အေးချမ်းဆိက်ငြိမ်လို့သာရှိလေတယ်။ အခန်း ၇။ သနပ်တောသုသာန်။ ညကမှောင်လို့နေပါပြီ။ မှိတ်တုတ်မှိတ်တုတ်မီးအုပ်ဆောင်းထဲက မီးအလင်းရောင်နဲ့သုဘရာဇာကြီးတို့သားဖက ထမင်းခြောက်လှော်စားလိုက်၊အကြမ်းသောက်လိုက်နဲ့ဇိမ်ကျလို့နေကြပါတယ်။ထိုသို့ရှိစဉ်ရွာဘက်ကနေမီးတုတ်တစ်ချောင်းနဲ့လူတစ်စုသုသာန်ရှိရာကိုလာနေကြပါတယ်။ သူတို့ကတော့သနပ်တောသူကြီးနဲ့ ကိုလူတင်ရယ်သတ္တိကောင်းတဲ့ကာလသားလေးငါးယောက်ရယ်ဖြစ်ပါတယ် ။ သူတို့က ကြက်သားအိုးနဲ့ထမင်းတောင်းကိုထမ်းကာ သုသာန်ထဲ၀င်လာကြပြီပဲဖြစ်ပါတယ်။ "ဗျို့ ဆရာကြီး" သူကြီးကအသံပြုလိုက်တာပါ။သုဘရာဇာကြီးကဇရပ်ပေါ်ကဆင်းကာ သူကြီးတို့လူစုကိုလှမ်းကြည့်လိုက်ပါတယ်။ သုဘရာဇာကြီးပင် မြင်ကွင်းကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားပါတယ်။သူကြီးတို့လူစုနောက်မှာ ကျော်ဘနဲ့တစ္ဆေမကလက်ချင်းတွဲကာ ပါလာပြီးသူတို့နောက်မှာ ပုပုကွကွ။မဲမဲလုံးလုံး၊ရှည်ရှည်ပိန်ပိန် ပုံစံမျိုးစုံ ကျတ်တစ္ဆေများလိုက်ပါလာကြပါတယ်။ ရှေ့က ကြက်သားဟင်းအိုးကြီးရွက်လာရာ စားရပြီအထင်နဲ့ လိုက်လာကြခြင်းပါ။သုဘရာဇာကြီးကမသိသလိုနေလိုက်ပြီး သူတို့ထမ်းသယ်လာတဲ့ ခုံဝိုင်းကြီးကို မြေပုံတွေကြားမှာခင်းခိုင်းလိုက်ပြီး ထမင်းစားခုံဝိုင်းကြီးပေါ်မှာ ထမင်းနဲ့ဟင်းများကိုပုံချလိုက်ပါတယ်။ဆေးလိပ်ကိုမီးညှိကာခုံပေါ်တင်လိုက်ပြီး "ကဲ အရှင်မ မဖဲဝါရေ။ခဏလာပါဦး" ဒီအခါ သုသာန်နောက်က ခွေးအူသံကြီး ထွက်ပေါ်လာပြီး မိန်းမ၀၀မဲမဲကြီးထဘီရင်လျားနဲ့လျောက်လာတာကို အားလုံးမြင်ကြရပါတယ်။ကာလသားများမှာသတ္တိကောင်းပါတယ်ဆိုပေမဲ့ဒူးများ ရိုက်လို့နေကြပါတယ်။ "ဘာကိစ္စလဲသုဘရာဇာကြီး" မဖဲဝါကမေးလိုက်တာပါ။သုဘရာဇာကြီးက ကျော်ဘတို့လူစုကိုမေးငေါ့ပြပြီး ရွာကိုဒုက္ခပေးနေကြပါတယ်။ကူညီပါအရှင်မရေ" ဒီအခါ မဖဲဝါက လေတိုက်လို့တရဲရဲဖြစ်နေတဲ့ဆေးပေါ့လိပ်ကြီးကို ကောက်ကာသုံးလေးရှိုက်ဖွာလိုက်ပြီး "ဟင်းဟင်း၊ရာရာစစဒီကိုတောင်မအူမလည်နဲ့လာကြတယ်ပေါ့" ဒီလိုပြောပြီး မဖဲဝါက ကြက်သားနဲ့ထမင်းတွေကိုလက်ခုပ်နဲ့ကြုံးကာ "စားချင်ကြလား၊လာကြ" မဖဲဝါကဒီလိုလည်းပြောလိုက်ရော တစ္ဆကောင်များမှာမဖဲဝါဆီဘုမသိဘမသိပြေးလာကြပါတယ်။ပြေးလာတဲ့ကျောဘတို့လင်မယားနဲ့တစ္ဆေများကိုမဖဲဝါက သူလက်ကြီးနှစ်ဖက်နဲ့အုပ်ရိုက်ချလိုက်ပါတယ်။ အချို့ကောင်များမှာ မြေကြီးထဲပင်နစ်၀င်ကုန်ကြပါတယ်။မဖဲဝါက တစ္ဆေကောင်များကိုတစ်ယောက်မှအလွတ်မပေးပဲ နှစ်ကောင်တစ်တွဲသုံးကောင်တစ်တွဲ ခြေနှစ်ချောင်းဆွဲကာ အဝေးကိုပစ်ပေါက်လိုက်တာမှာ အသံနက်ကြီးများအော်ကာ အဝေးကိုလွင့်ကုန်ကြပါတယ်။ မဖဲဝါက သုဘရာဇာကြီးကိုကြည့်ကာ "ရပြီနော်၊တစ်ကောင်မှ ရွာကိုခြေဦးမလှည့်ရဲတော့ပါဘူး"
91
13
အိမ်တစ်အိမ်လုံးပြန်လင်းထိန်သွားပါတယ်။အမဲသားဟင်းကတစ်ဖက်မှမရှိတော့သလိုဘာကောင်မှလည်းရှိမနေတော့ပါဘူး။ "ကျော်ဘ၊ကျော်ဘ၊မင်းကသေတဲ့အထိမိဘကိုဒုက္ခပေးလို့မ၀သေးဘူးလားကွာ။အမျှလည်းဝေပြီးပြီ။မင်းငါတို့အိမ်ကထွက်တော့" ကိုလူတင်ကဒေါသနဲ့အော်ဟစ်ပြောလိုက်တာပါ။ကိုလူတင့်မိန်းမက ငိုကာ "မပြောပါနဲ့။ရှင်နဲ့ကျမကမွေးထားတဲ့သားပါတော်။ကိုလူတင်ရဲ့။အမလေးအဖြစ်ဆိုးလှပါလားသားရဲ့" ကိုလူတင်က ဒေါသထွက်ကာ "တော်တော့ကွာ၊ဒင်းမကောင်းလို့ ဒင်းကမိန်းမမြင်ရင် တနှာထလို့အခုလိုဖြစ်ရတာ။ဒင်းကြောင့်ငါ ရွာကလူတွေကိုမျက်မပြရဲအောင်ဖြစ်ရတာ" ဒီအချိန် အိပ်ခန်းတံခါး ဆောင့်ပွင့်သွားပြီး ခြေသံပြင်းပြင်းနဲ့ လှေခါးကနေ အောက်ကိုဆင်းသွားတဲ့ခြေသံကိုကြားကြရပါတယ်။ အကောင်အထည်တော့မမြင်ကြရပါဘူး။ အခန်း ၆။ မိစ္ဆာရှင်းပြီ။ နောက်တစ်နေ့မနက်မှာ သနပ်တောသုသာန်ကို သူကြီးနဲ့ကိုလူတင်တို့လင်မယားရယ်သူတို့ဆွေမျိုးအချို့ရယ်ရောက်လာကြပါတယ်။သူကြီးက ကွမ်းကန်တော့ကိုသုဘရာဇာကြီးရှေ့မှာချလိုက်ပြီး "ဆရာကြီး၊ကျော်ဘနဲ့ တောကတစ္ဆေတွေကအတော်ဒုက္ခပေးနေကြတယ်။ရှင်းလင်းပေးပါဆရာကြီး" သုဘရာဇာကြီးက ကွမ်းကန်တော့ကိုယူကာ ကွမ်းတစ်ယာယာလိုက်ပြီး ပန်းကန်ကလေးထဲကွမ်းယာကိုထည့်ကာ "ကဲ အနောက်တောတစ်ခွင်ကို အစိုးရတဲ့ စတုမဟာရာဇ်အနွယ်နတ်မင်းတို့ ။ကွမ်းယာဆက်ပြီးပသအကူအညီတောင်းခံပါတယ်။ကျော်ဘမှားခဲ့တဲ့ဝါးခုတ်တော၀န်းကျင်က သစ်ပင်ကိုစွဲနေကြတဲ့ရုက္ခဇိုးများကို ကျနုပ်ထံအခုချက်ချင်းစေလွှတ်ကြပါ။ သင်တို့ကမစေပါက ကျနုပ်အထက်နတ်မင်းလေးပါးကိုတိုင်တည်ရပါလိမ့်မယ်" သုဘရာဇာကြီးကဒီလိုပြောပြီး မျက်စိမှိတ်ကာ တီးတိုးပြောဆိုလို့နေပါတယ်။ အတန်ကြာတော့ သုသာန်ကသစ်ပင်များမှာ လေမတိုက်ပါပဲရမ်းခါယိမ်းထိုးနေကြပါတယ်။တောထဲကရုက္ခဇိုးတွေရောက်လာကြပြီဆိုတာ အားလုံးသိလိုက်ကြပါတယ်။ "ကောင်းပြီ။သင်တို့ကိုခေါ်ရတာက အခြားမဟုတ်ဘူး။ဒီသနပ်တောရွာက မောင်ကျော်ဘဟာ ဝါးခုတ်တောတက်သွားရင်းကျတ်တစ္ဆေတွေဖျားယောင်းလို့ အသက်သေဆုံးတဲ့အထိဖြစ်ရပါတယ်။ကျော်ဘအသက်သေရတဲ့လက်သည်က ကျတ်ကောင်တွေမဟုတ်ပါဘူး။ တောထဲက အင်ပင်ကိုအမှီပြုနေတဲ့ရုက္ခဇိုးသတ်တာလို့သိရပါတယ်။အခုကျော်ဘမမာမကျန်းနဲ့အိမ်ကို ပြန်ရောက်လာတော့ တောကအပကောင်တွေပါတပြုံတမပါလာပါတယ်။ သင်တို့ထဲက ဘယ်သူ့စနက်ဆိုတာငါသိချင်ပါတယ်။ ဒီအခါ အင်ပင်‌ေစာင့်အဘိုးအိုက ရှေ့ကိုထွက်လာပြီး "ငါလုပ်လိုက်တာ" အဘိုးအိုလေးယောက်နဲ့ အသက်၃၀၀န်းကျင်လောက်ရုက္ခဇိုးစုံတွဲလည်း ပါလာပါတယ်။ ရုက္ခဇိုးများကို သူကြီးတို့လူစုကမမြင်ရပါဘူး။သုဘရာဇာကြီးတစ်ယောက်တည်းသာမြင်ရပါတယ်။သုဘရာဇာကြီးက၀န်ခံလာတဲ့ အဘိုးအိုကိုကြည့်ကာ "ဘာကြောင့်များသေတဲ့အထိလုပ်လိုက်ရတာလဲဗျာ" ဒီအခါအဘိုးအိုက ဒေါသထွက်ကာ "ငါအစကတည်းက ဒီကောင်ကို တစ္ဆေမနဲ့မပတ်သတ်ဖြစ်အောင်တားတယ် မရဘူးကွ၊ငါ့ကိုတောင်မချေမငံနဲ့။ နောက်ရက် ဒီကောင်တစ္ဆေမနဲ့ငါ့အပင်နားမှာမဖွယ်မရာရာပြုကြတယ်။ငါ့မှာ သမီးပျိုတွေရှိတယ်ကွ။ဒီအထိငါသီးခံတယ်။ဒီကောင်ကပမာမခံ့ ငါနေတဲ့အင်ပင်အနားမှာ မစင်စွန့်တယ်။ငါသီးမခံနိုင်တော့ဘူး" သုဘရာဇာကြီးကခေါင်းညိတ်ကာ ရုက္ခဇိုးပြောသမျှကို သူကြီးတို့စုအားပြန်ပြောပြပါတယ်။ပြီးမှအသက်အလွန်အိုမင်းနေတဲ့ အဘိုးအိုကို သုဘရာဇာကြီးကကြည့်ကာ "ဟိုအဘိုးအို...ကျုပ်မသိတာမေးပါရစေ။ရုက္ခဇိုးဆိုတာသူတော်ကောင်းတွေလို့သိထားပါတယ်။အခုဒီလိုမဟုတ်ပါလား။နောက်တစ်ခုက ရုက္ခဇိုးတွေဟာမိန်းမများလည်းရှိပြီး လင်ယူသားမွေးပြုကြတာလား" အဘိုးအိုကခေါင်းညိတ်ကာ "ဆရာရဲ့ တောထဲက သစ်ပင်တိုင်းက အနှစ်ပြည့်ပြီးမာတဲ့အပင်ရှိသလို နဘဲ၊လက်ပံ၊လဲပင်လိုအနှစ်မဲ့တဲ့မမာကျောတဲ့သစ်ပင်လည်းရှိတာပဲ။ငါတို့ကစတုမဟာရဇ်အနွယ်တွေ။ဆရာပြောသလိုသူတော်ကောင်းကြီးတွေရှိသလို လူဆိုးလူယုတ်ရုက္ခဇိုးမျိုးလည်းရှိပါတယ်။လင်ယူသားမွေးကိစ္စက အချို့ကရှိတယ်။အချို့ကမရှိဘူး။ပုံသေပြောဖို့ခက်တယ်" ဒီအခါ သုဘရာဇာကြီးက သူ့ဆေးတံကို မီးခိုးထတဲ့အထိဖွာလိုက်ပြီး "ထားပါတော့ဗျာ။ကျုပ်မေတ္တာရပ်ခံပါတယ်။အခုပါလာကြတဲ့အပကောင်တွေကို ရုက္ခဇိုးကြီးတို့ပြန်ခေါ်သွားကြပါ" ဒီအခါအဘိုးအိုက လက်ခါပြလိုက်ပြီး "မလုပ်ပါနဲ့ဆရာ၊ဒီကောင်တွေက အယုတ်တမာတွေ။သူတို့က ငါတို့နဲ့မပတ်မသတ်ဘူး။သူတို့အကုသိုလ်နဲ့သူတို့ ပြိတ္တာတွေဖြစ်နေကြတာ။ငါတို့ကိုယ်တိုင်က သင်းတို့ကိုအော်ကြောကြီးလန်ပါတယ်။ဒါပေမဲ့ ဟောဟိုဂူပေါ်ကမိန်းမကတော့ သင်းတို့ကိုပညာပြနိုင်ပါတယ်" သုဘရာဇာကြီးလှမ်းကြည့်လိုက်တော့ မိန်းမမဲမဲ၀၀ကြီး တစ်ယောက်ဂူ‌ပေါ်မှာ သူတို့ကိုကျောခိုင်းပြီးထိုင်နေတာကိုတွေ့ရပါတယ်။သုဘရာဇာကြီးကခေါင်းညိတ်ကာ "ဒီလောက်သိရတာကျေးဇူးတင်ပါတယ်နတ်မင်းတို့။မိမိတို့ဗိမာန်ကိုပြန်နိုင်ကြပါပြီ" ဒီအခါရုက္ခဇိုးများလည်း နေရာကကွယ်ပျောက်သွားကြပါတယ်။သုသာန်က သစ်ပင်သစ်ကိုင်းများမှာစောနကလိုခါရမ်းယိမ်းထိုးသွားကြပါတယ်။သုဘရာဇာကြီးကသူကြီးကိုကြည့်ကာ
81
14
ထိုအချိန် ခေါင်းတလားထမ်းစင်ရော ခေါင်းတလားပါထက်ပိုင်းကျိုးကျပြီး မသာကမြေပေါ်ပြုတ်ကျသွားပါတယ်။မသာက၇ရက်ထားတာကြောင့်တစ်ကောင်လုံးကဖူးရောင်ပုပ်ပွလို့နေပါတယ်။အနံ့ကလည်းဆိုးဆိုးရွားရွား ဖြစ်နေပြီး ပိုးလောက်တွေတဖွားဖွားဖြစ်နေတာပါ။ "ဟာဒုက္ခပါပဲ။ကြည့်မနေကြနဲ့၊ဖျာနဲ့အုပ်ပြီးထင်းပုံပေါ်သာတင်လိုက်ကြတော့" ရွာလူကြီးတစ်ယောက်က ပြောလိုက်တာပါ။မသာပို့လာသူများမှာလည်းအထိက်တလန့်ဖြစ်ကာ နှာခေါင်းကိုပိတ်ကာ ရှဲသွားကြသလို အော့သူအော့ ၊အန်သူအံဖြစ်လို့နေတာပါ။ကာလသားများနဲ့လူလတ်ပိုင်းများကမသာကောင်ကို ဖျာနဲ့အုပ်ပြီး မ,ယူကာ ထင်းပုံပေါ်တင်လိုက်ကြပါတယ်။ သုဘရာဇာကြီးအစီအမံနဲ့ မီးသင်္ဂြိုဟ်ကြတာပါ။မသာရှင်များက ဂူသွင်းဖို့ကြံစီထားတာ။တောအပမီလာတဲ့မသာမို့ တမင်မီးသင်္ဂြိုဟ်ခိုင်းလိုက်တာပါ။ သုဘရာဇာကြီးက ထင်းပုံဘေးကကြည့်ပြီးသက်မကိုချလိုက်ပါတယ်။မသာတလားစင်လုပ်ထားတဲ့ဝါးကအလွန်ခိုင်ခံ့တဲ့ ဝါးနက်ဝါးပါ။အခုဒီဝါးလုံးကြီးတွေပါထက်ပိုင်းကျိုးပြီး ယမနေပျဉ်အသစ်နဲ့စပ်ထားတဲ့ခေါင်းတလားကလည်းထက်ပိုင်းကျိုးသွားတာ။ဒီအဖြစ်ဆန်းက လူတွေကအံ့ဩကာထိက်လန့်နေကြပါတယ်။ဘယ်သူမှအကြောင်းရင်းကိုမမြင်ကြပေမဲ့သုဘရာဇာကြီးကတော့ အစအဆုံးမြင်နေရတာပါ။ မသာချလာကတည်းက ပုံစံမျိုးစုံ၊အထီးအမကျတ်တစ္ဆေများနဲ့ သနပ်တောက ‌ချောင်းကြိုချောင်းကြားခြုံပုတ်အောင်းတစ္ဆေများပါ တလားပေါ်တက်စီးပြီး မသာထမ်းတဲ့ကာလသားများနည်းတူကလာကြတာပါ။ မဲမဲလှုပ်နေတဲ့ မကောင်းဆိုးရွားတပြုံတစ်မကြီးကတက်စီးလာတာမကျိုးရှိပါ့မလား။ "အားလုံးနောက်ဆုက်ကြ၊မီးတင်မယ်" ‌ပြောပြီးတာနဲ့သုဘရာဇာကြီးက ကညင်ဆီတွေရွှဲနစ်အောင်လောင်းထားတဲ့ ထင်းပုံကိုမီးတင်လိုက်ပါတယ်။တဖြိုးဖြိုးတဖျစ်ဖျစ်မြည်ကာ မီးညွန့်ကတက်လာပြီးထင်းပုံကလောင်ကျွမ်းလို့နေပါတယ်။ "ဟာ...အမလေး" "ထလာပြီ၊မသာကမီးပုံထဲကထလာပြီ၊ပြေးကြ" ကျော်ဘမသာက တော်တော်ကို ကောင်းကျိုးမပေးတာပါ။တစ်ကိုယ်လုံးမီးစွဲလောင်နေတာတောင်။အကြောတွေဆိုင်းကာ မသာက မှောက်လျက်ကနေကုန်းထလာပါတယ်။ ထပုံထနည်းကကြောက်လန့်စရာလည်းကောင်းပါတယ်။ အသက်ရှိနေသူလို ကုန်းထလာပြီး ငုက်တုပ်ကြီးဖြစ်နေတာပါ။ "ဟာ ဖုတ် ဖုတ်၊ဖုတ်၀င်နေပြီဟေ့" တကယ်ပါပဲ၊မသာက ဖုတ်၀င်လာသလို ငုတ်တုပ်ထထိုင်နေရာကနေ လူအုပ်ကြီးဆီသမင်လည်ပြန်တစ်ဖြေးဖြေးလှည့်ကြည့်လာပါတယ်။အရည်ကိုမီးလောင်ထားတာကြောင့် ဦးခေါင်းပြောင်ကြီးနဲ့သွားတွေကခေါပြီးပါးစပ်ကြီးကဟကာ လျာကအတောင့်လိုက်ဖြစ်လို့နေပါတယ်။ မျက်လုံးများကမပေါက်သေးပဲအလုံးလိုက်အပြင်ကိုပြူးထွက်နေကြပါတယ်။ဆိုးတာက မသာကတံစူးဝါးများနဲ့ထိုးဖိရိုက်ချနေတဲ့ကြားက မီးလောင်နေတဲ့ထင်းချောင်းကိုဆုပ်ကိုင်ကာ လက်က မြှောက်လို့လာပါတယ်။လူအုပ်ကြီးမှာ သူ့ထက်ငါ နောက်ကိုဆုပ်ပြေးကြတာမှာ အလဲလဲအပြိုပြိုဖြစ်လို့နေကြပါတယ်။ တံစူးဝါးများနဲ့အတင်းထိုးချရိုက်ချလုပ်နေတဲ့ကြားက တံဆူးဝါးကိုမသာက ဆုပ်ကိုင်ဆွဲထားပါတယ်။မသာရဲ့အကြောများက ရုန်းကြွဆုပ်ကိုင်တာဆိုပေသိထိက်လန့်စရာ အသွင်အပြင်ပါ။ အတန်ကြာမှသာ လက်တွေခြေတွေခေါင်းတွေလောင်ကျွမ်းလို့သွားပါတယ်။ ရက်လည်တဲ့ည။ ရက်လည်နဲ့အသုဘချက တစ်နေ့တည်းလုပ်ကြတာပါ။ အသုဘချပြီး ရက်လည်တဲ့ညမှာတော့ မသာအိမ်ကဖဲဝိုင်းလည်းမရှိတော့ပါဘူး။ရွာထဲကဆွေမျိုးအချို့ရယ်။ရပ်ဝေးကမပြန်သေးပဲညအိပ်ကြတဲ့ ဆွေမျိုးအချို့သာ ကိုလူတင်တို့အိမ်မှာ ညအိပ်ကြတာပါ။သရဲခြောက်မယ်ဆိုတာသိနေကြတာကြောင့် ဘယ်သူမှမအိပ်ပဲ အောက်လင်းမီးကြီး ထွန်းပြီးစကားပြော‌နေကြတဲ့အချိန်အိမ်ခေါင်မိုးကိုတဘုန်းဘုန်းနဲ့ထုသံထွက်ပေါ်လာပါတယ်။ "အမဲသားဟင်း၊အမဲသားဟင်း" တဆက်တည်းအိမ်အောက်ကနေအသံလေးလေးကြီးနဲ့မပီမသ အမဲသားဟင်းလို့ပြောနေတာပါ။ "လူတင် ချသာကျွေးလိုက်ကွ" ကိုလူတင်ရဲ့ဦးလေးဖြစ်သူက ပြောလိုက်တာပါ။ရက်လည်မှာ အမဲသားအလွတ်ကျွေးလေရာ သံပရာဒယ်ကြီးတစ်လုံး အမဲသားဟင်းများပိုနေသေးတာကြောင့် ကိုလူတင်က မြေအင်တုံကြီးထဲဟင်းတွေထည့်ပြီး အောက်ကို သွားချထားပေးလိုပ်ပါတယ်။ မဲမဲအကောင်များခွေးလိုလိုမျောက်လိုလိုသတ္တဝါများကအလုအယက်စားသောက်ကြပါတယ်။ဒီအချိန်အိမ်အိပ်ခန်းထဲကနေ အသံတစ်ခုထွက်ပေါ်လာပါတယ်။ "အမေ ကျမလည်းဗိုက်ဆာတယ်" မိန်းမတစ်ယောက်ရဲ့အသံပါ။ကိုလူတင်အံကိုကြိတ်ထားလိုက်ပါတယ်။ဒါသူ့သားကျော်ဘကိုဖျား‌ယောင်းခဲ့တဲ့သရဲမပေါ့။ဒီအချိန်မှာပဲအောက်လင်းမီးကြီးကမီးစာကြွေပြီး တစ်အိမ်လုံးမှောင်လို့သွားပါတယ်။ "ဟာကျော် ကျော်ဘ" ကျော်ဘအသက်ပျောက်တဲ့နေရာမှာ ကျော်ဘငူငူကြီးထိုင်နေတာကို တွေ့ရပါတယ်။ကိုလူတင်တို့ကအောက်လင်းမီးကြီးကိုမီးစာအသစ်လဲလို့ နေကြပါတယ်။ကျော်ဘက နေရာက ထပြီး မီးဖိုချောင်ဘက်၀င်သွားကာ ခဏနေတော့ အမဲသားဟင်းတွေ ထည့်ထားတဲ့သံပရာဒယ်ကြီးကို,မကာအိပ်ခန်းထဲကိုပြေး၀င်တာကိုမြင်ကြရတယ်။ အခန်းတံခါးက ပိတ်ထားရာ ဒယ်ကတံခါးနဲ့တိုက်မိပြီး ဟင်းတွေမှောက်ကျကုန်ပါတယ်။ဒီတစ်ခါတော့ဟင်းတွေကြမ်းပြင်ပေါ်ကျဲပြန့်နေတာကို အောက်ကနေကြောင်နက်ကြီးတွေ ပြေးတက်လာပြီးအလုအယက်စားသောပ်ကြပါတယ်။ ကိုလူတင်တို့မီးဆာလဲ၊ဆီဖြည့်၊လေထိုး မီးတင်ပြီးတော့
79
15
"မင့်သားက သူ့အမြင်တော့အဘိုးကြီးပေါ့လေ။သူ့ကိုပြောရကောင်းလားလို့ တစ်နေ့မှာ အင်ပင်နားမှာမစင်စွန့်ခဲ့သတဲ့ကွ။ဒါတင်မက ကျတ်တစ္ဆေမနဲ့ မိုးမမြင်လေမမြင် ဟီရီအရှက်ကင်းမဲ့ပြီး မဖွယ်မရာဖြစ်ခဲ့ကြတယ်။အခု မင်းသားကိုမှီပြီး မင်းရဲ့သားကိုဖျားယောင်းတဲ့ဟိုကျတ်တ‌စ္ဆေမတင်မက ကျတ်တွေတစ်ပြုံကြီးပါလာကြတာ" ဒီအချိန် အိမ်ပေါ်က ကျော်ဘအမေနဲ့နှမများအော်ငိုသံကိုကြားလိုက်ရပါတယ်။ ကိုလူတင်က ငေါက်ကနဲနေရာကထကာ အိမ်ပေါ်ပြေးတက်သွားပါတယ်။ကျော်ဘသေပြီဆိုတာအားလုံးသိလိုက်ကြပါတယ်။သုဘရာ ဇာကြီးကနေရာကထကာ "လူလေးအောင်ဒင်ပြန်ကြစို့" သူကြီးက အူယားဖားယားဖြစ်ကာ "ဟာဆရာကြီး၊နေပါဦး အနှောင့်အမှောင့်ကိုရှင်းဖို့က" သူကြီးရဲ့စကားမဆုံးခင်သုဘရာဇာကြီးက "ခုတော့ ဘာမှလုပ်လို့မရသေးဘူးသူကြီး။အသုဘချပြီးမှ လုပ်လို့ရမယ်။ကျုပ် သုသာန်ကပဲ လုပ်ပေးပါ့မယ်။ကာယကံရှင်တွေဆန္ဒအရကျုပ်ဆီကိုလာမှ ကျုပ်လုပ်ပေးလို့ရမယ်" ဒီလိုပြောကာ သုဘရာဇာကြီးတို့သားအဖ ကျော်ဘအသုဘအိမ်ကနေထွက်ခဲ့ကြပါတယ်။ မသာချတဲ့နေ့။ မျက်နှာကြီးမသာလို့ပြောရမယ်။သနပ်တောမှာကကိုလူတင်တို့က ဘယ်ပိုင်ယာပိုင်နဲ့ ဖြစ်တာရယ် သေဆုံးသူက အရွယ်ကောင်း လူငယ်လူပျိုလေးဖြစ်တာရယ်ကြောင့် ရပ်နီးရပ်ဝေးက ဆွေမျိုးမိတ်သင်္ဂ္ဂဟများကမသာချကို လာကြတာကြောင့် လူစည်တဲ့မသာပါ။ဒါပေမဲ့ သေပုံဆန်းတာနဲ့ ပတ်သတ်ပြီး ဟိုနားတီးတိုး ဒီနားတီးတိုးရှိလို့နေကြပါတယ်။ ကျော်ဘနဲ့ရည်ငံနေတာက သနပ်တောမှာ ဆွေကြီးမျိုးကြီးထဲကပဲ ရွာအရှေ့ပိုင်းက ဦးစံရွှေရဲ့သမီး ကွန်းနောင်ကိုင် မမြရွှေပါ။မမြရွှေတို့မိသားစုကဒီအသုဘကိုမလာကြပါဘူး။အကြောင်းက ကျော်ဘနဲ့မမြရွှေက လူငယ်ချင်း မေတ္တာမျှနေကြသလို လူကြီးတွေကလည်း သဘောတူ ကြည်ဖြူကြပြီးသား။သင်္ကြန်မတိုင်မီ မင်္ဂလာပွဲကို ကျင်းပပေးဖို့ မြို့တက်ပြီး အိပ်ရာခမ်းနားအစုံကို၀ယ်ပြီးသား။ ကျော်ဘ တောမတက်ခင်သုံးလေးရက်အလိုလောက်ကမှ နှစ်ဖက်မိဘတွေ နားဖောက်ကြတာ။ကျော်ဘဘက်က လယ်မြေငါးဧက၊လှည်းတစ်စီး၊နွားတစ်ရှဉ်း၊ငွေကျပ်သုံးထောင် လက်ကောက်တစ်ရံထည့်ပေးသလိုမမြရွှေတို့ဘက်က နားကပ်တစ်ရံ စိန်ဆံထိုးတစ်ခု ရွှေဘီးတစ်ချောင်း၊ရွှေကြယ်သီးတစ်စုံထည့်ပေးကြပါတယ်။လူသိရှင်ကြား ကိစ္စကြီး။ အခုကျော်ဘဖြစ်ပုံက သတို့သမီးဘက်ကမျက်မပြရဲလောက်အောင်အရှက်ရစရာကိစ္စ။အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ ယောက်ျားရယ်လို့ ဆိုပေမဲ့ ယောက်ျား ကောင်းတော့ မောင်းမတစ်ထောင်လို့ မချိသွားဖြဲပြောလို့ရသေးတယ်။အခုဟာက ကျော်မကောင်းကြားမကောင်း သရဲမနဲ့ဖောက်ပြန်ပြီး မတော်တဲ့နေရာအနာဖြစ်ပြီးသေတဲ့အဖြစ်က ရှက်စရာ။ ဒီကြားထဲမဆီမဆိုင် တောတောင်ထဲနေတဲ့ ကျတ်သရဲတွေက မသာအိမ်မှာ ဟိုနားမြင်လိုက်ဒီနားပြလိုက်။ညည ဖဲဝိုင်းလန့်ရတာခဏခဏဆိုတော့ မမြရွှေတို့မိသားစုက ရှက်တာလည်းပါတယ်။ကျော်ဘနဲ့နွယ်ပြီးကြောက်တာလည်းပါတာပေါ့။မသာမချခင်တစ်ညမမြရွှေတို့ မိသားစုက မှန်မီးအိမ်ကြီးထွန်းပြီးအိပ်တောင်မအိပ်ကြရသေးပါဘူး။ "မြရေမြ၊အစ်ကို့ကို ထွက်တွေ့ပါဦး မြရယ်" ကျော်ဘသရဲပါ။အိမ်ရှေ့ခြံ၀ကနေ လှမ်းခေါ်နေတာပါ။တစ်အိမ်လုံးနေစရာမရှိအောင် ကြောက်နေကြတာ။မမြရွှေရဲ့မောင် မောင်မြဖေက နံရံက ငှက်ကြီးတောင်ကိုဖြုတ်ကာ အိမ်ပေါ်က ပြေးဆင်းသွားပါတယ်။ "ဟဲ့ဟဲ့ မြဖေ၊ဟာ ...သားမလုပ်နဲ့" "မောင်လေး မ မလုပ်နဲ့။သူကသရဲလေ" မောင်မြဖေက ဘယ်သူမှတားလို့မရပါဘူး။အိမ်ပေါ်ကပြေးဆင်းသွားပြီး ခြံတံခါးကိုဖွင့်ကာ "ခွေးမသား ကျော်ဘ။လူ့ဘ၀နဲ့ငါတို့သောက်ရှက်ခွဲလို့အားမရသေးဘူး။သရဲဖြစ်တာတောင်အရှက်ခွဲချင်တယ်ပေါ့။ ကဲကွာ" ခြံ၀မှာမားမားကြီးရပ်နေတဲ့ ကျော်ဘလည်ကုက်ကိုငှက်ကြီးတောင်နဲ့ပိုင်းချလိုက်ပါတယ်။ ကျော်ဘရဲ့ခေါင်းကြီး က ကိုယ်ကနေပြုတ်ကျပြီး မြေပေါ်လိမ့်သွားပါတယ်။ "ယောက္ဖရာအထင်မလွဲပါနဲ့ကွာ" ကျော်ဘခေါင်းပြတ်ကြီးက ပြောလိုက်တာပါ။မောင်မြဖေက ကျော်ဘခေါင်းကြီးကိုမဲပြီး ငှက်ကြီးတောင်နဲ့ခုတ်နေစဉ် နောက်ကနေ ကျော်ဘခေါင်းပြတ်သရဲက မောင်မြဖေခါးကိုသိုင်းဖတ်ထားပါတယ်။ ဆူဆူညံညံအသံများကြောင့် ဘေးအိမ်များကလူတွေ မီးတုတ်၊ဓားလှံကိုင်ကာထွက်လာမှ ကျော်ဘသရဲကပျောက်သွားတာပါ။ ဒီလိုအဖြစ်မျိုးတွေနဲ့ ကျော်ဘက မမြရွှေတို့အိမ်တင်မကမြဆောင်တို့အိမ်။သူ့သူငယ်ချင်းများအိမ်၊ဆွေမျိုးများအိမ်တွေကို လှည့်ပြီးခြောက်လေ့ရှိပါတယ်။သူ့အိမ်မှာတော့အဆိုးဆုံးပါပဲ။ကျော်ဘသရဲတင်မက တောကပါလာတဲ့သရဲတွေပါ သောင်းကြမ်းနေကြတာပါ။အခုလည်းဒေသထုံးစဉ်အရ မသာကို ၇ရက်ထားပြီးမှသင်္ဂြိုဟ်ကြတာပါ။ သုဘရာဇာကြီးက သူနေတဲ့ ရောက်လေရာသုသာန်တိုင်းမှာ မသာကိုသင်္ဂြိုဟ်တဲ့ကိစ္စကို လုပ်ဆောင်ပေးပါတယ်။အခုမသာကိုထမ်းလာတဲ့ တလားက သုသာန်ထဲကိုအတော်နဲ့မရောက်၊ကာလသားများကအလောင်းစင်ကိုထမ်းကာ ဆော့နေကြတာကြောင့် ဝါးနဲ့ပြုလုပ်ထားတဲ့ တလားစင်က စုက်ပြတ်သတ်လို့နေပါပြီ။ထမ်းစင်‌ေပါ်မှာ ခေါင်းတလားသာကျန်တော့တာပါ။ "ကောင်လေးတွေ၊ဒီလောက်ဆိုကျေနပ်ကြတော့" သူကြီးကပြောလိုက်တာပါ။ကာလသားများကဒယီးဒယိုင်နဲ့ တလားမရှိတော့တဲ့ ခေါင်းတလားစင်ကိုထမ်းလာကြပါတယ်။ "နောက်လာဦးမလား" "မလာတော့ပါဘူး" အခန်း၅။
101
16
ကျော်ဘက အဘိုးကြီးထိုင်နေရာကိုတစ်ချက်လှမ်းကြည့်လိုက်တော့ အဘိုးကြီးကနေရာကထကာ အင်ပင်ကြီး အနောက်ဘက်ကို၀င်သွားပါတယ်။မိန်းခလေးကခံတောင်းကလေးကို ခါးစောင်းတင်ကာ ရှေ့ကလျောက်သွားတာမှာ ကျော်ဘနဲ့မြဆောင်လည်းနောက်ကလိုက်ခဲ့ကြပါတယ်။ သူတို့အတန်လျောက်မိတော့ မြောင်စောင်းတစ်လျောက်က တဲအိမ်တန်းကလေးတွေကို တွေ့လိုက်ရပါတယ်။ တဲအိမ်ကလေးတစ်လုံးရှေ့မှာ မိန်းခလေးကရပ်လိုက်ပြီး "လာအစ်ကိုတို့ ၊ဒါ ညီမတို့အိမ်လေ" တဲအိမ်လေးပေါ်မှာ အဘိုးကြီးတစ်ယောက်ထိုင်နေပြီး ငှက်ပျောရွက်နဲ့ထည့်ထားတဲ့ ပဒူကောင်အရှင်တွေကို နှိုက်စားလို့နေပါတယ်။ မိန်းခလေးက အဘိုးကြီးကိုတစ်ချက်ကြည့်လိုက်ပြီး ကျော်ဘဘက်လှည့်ကာ "အဘကမျက်စိမမြင်ရဘူးအစ်ကိုရဲ့" ကျော်ဘကအဘိုးကြီးစားနေတဲ့ ပဒူတွေကိုကြည့်ကာ "ဟင် ပဒူအရှင်တွေကိုစားနေတာလားညီမ" မိန်းခလေးက ရှက်စနိုးဖြစ်ကာ "ဟိုလေ အဘကအသက်ကြီးတော့ ဆေးဆရာကြီးက အာဟာရဖြစ်အောင်စားခိုင်းထားလို့ပါ" မိန်းခလေးက သူမတို့တဲအိမ်ကလေးခေါင်းရင်းက ကွပ်ပျစ်မှာ သူတို့ကို ထိုင်ခိုင်းပြီး အကြမ်းအိုးနဲ့ ဆက်သားကြော်များ ချပေးပါတယ်။ ကျော်ဘနဲ့မြဆောင်ညအတော်မိုးချုပ်မှ တဲစုကလေးကနေပြန်ဖြစ်ကြတာပါ။ "ငါ့ကောင်ကြီး ၊ စိတ်ထဲမသိုးမသန့်ကြီးကွာ၊အရင်ကဒီနေရာမှာ ဘာတဲမှမရှိဘူးဟ၊အခုငါတို့မြင်ရတဲ့ရွာကလေးက အတော်ကြာကြာက ရှိနေတဲ့ပုံပဲ။ရွာထဲကလူတွေကလည်းတစ်မျိုးပဲ။ပြီးတော့" မြဆောင်စကားမဆုံးခင် ကျော်ဘက "ဟာ မင်းကလည်း အဓိပ္ပါယ်မရှိတာတွေ တွေးနေပြန်ပြီ။တောတွင်းနေကြတော့ လူမှုဆက်ဆံရေး မရှိကြတာပါ" လှည်းဝိုင်းအနီးကိုရောက်လာပြီမို့ သူတို့စကားစကိုဖြတ်ကာ ဘိုးအိုမသိအောင်လှည်းဝိုင်းထဲကို ခိုး၀င်ခဲ့ကြပါတယ်။မြဆောင်ကတော့ ညနေက တွေ့ခဲ့တဲ့အင်ပင်အောက်ကအဘိုးကြီးရယ်။ပဒူအရှင်တွေစားနေတဲ့မျက်မမြင်အဘိုးကြီးနဲ့ ဝါးခုတ်တဲစုရွာကလေးအကြောင်းကို တွေးလို့နေပါတယ်။ကျော်ဘကတော့မိန်းခလေးရဲ့ ယဉ်စစအလှကိုသာ စားမြုံ့ပြန်ရင်းမအိပ်နိုင်ပဲရှိနေတာပါ။ နောက်နေ့တွေမှာ ကျော်ဘက မိန်းခလေးရှိရာကိုသွားဖို့ မြဆောင်ကို အဖော်စပ်ပေမဲ့ မလိုက်တော့သလို "ငါ့ကောင် ငါ့စိတ်မှာတစ်မျိုးကြီးပဲ။မသွားနဲ့တော့ကွာ" မြဆောင်တားပေမဲ့မရပါဘူး။ကျော်ဘကမြဆောင်ကို စိတ်တိုကာ သူ့ခါးကြားကဓားမြောင်ကိုထုတ်လိုက်ပြီး "မင်းမလိုက်ချင်နေ။ငါကတော့သွားမှာပဲ၊အဘိုးအိုကိုသွားမချွန်နဲ့။ငါနဲ့တဲစုကကောင်မလေးသွားတွေ့တာကို ဘိုးအိုကို ပြောလို့ကတော့ သူငယ်ချင်းလဲနားမလည်ဘူး" ကျော်ဘက ဒီလိုပြောပြီး သူ့ဓားမြောင်ကိုနမ်းလိုက်ပါတယ်။ မြဆောင်က ကျော်ဘကိုစိတ်မသက်သာစွာကြည့်ပြီး သက်မသာချလိုက်ပါတယ်။ကျော်ဘကတော့ ဆားငံရေနောက် ငက်တိုင်း သောက်ဆိုသလိုမိန်းခလေးနဲ့ညနေတိုင်းသွားတွေ့ပြီး အတော်ညဉ့်နက်မှပြန်လာလေ့ရှိပါတယ်။ ဝါးခုတ်တဲ့အဖွဲ့ပြန်ဖို့နှစ်ရက်အလိုမှာတော့ ကျော်ဘအဖျားတက်ပါတယ်။ သူ့မှာအနာဖြစ်နေတဲ့ကိစ္စကိုတော့သူမပြောလို့ ဘယ်သူမှမသိကြပါဘူး။ရွာရောက်မှသာသိရတော့ကိစ္စပါ။ "ကျနော်သိသလောက်က ဒါအကုန်ပါပဲခင်ဗျာ" မြဆောင်က စကားကိုရပ်ကာ မြေကြီးကိုငုံ့ကြည့်လို့နေပါတယ်။ကိုလူတင်က ဒေါသသံနဲ့ မြဆောင်ကိုကြည့်ကာ "မင်းကွာကိုယ့်သူငယ်ချင်းကို မတားဘူး" မြဆောင်ကသက်မကိုချကာ ကိုလူတင်ကိုမော့ကြည့်လိုက်ပြီး "တားပါတယ်ဦးလေး။သူကကျနော့်ကို သူနဲ့အဲဒီကမိန်းခလေးအကြောင်း ဘိုးလေးအိုကို ပြောရင် ဓားပြပြီး အသေပဲဆိုလို့ပါ။ကျနော်ကသူ့ကိုအမှီပြုပြီး လိုက်ရလို့ပါ။ကျနော်တားပါတယ်မရတာ" သုဘရာဇာကြီးက ကိုလူတင်ကိုလက်ကာပြလိုက်ပြီး "ဒီမောင်ပြောတာအမှန်တွေပါ။ဘယ်သူမပြုမိမိမှုမဟုတ်လား။စိတ်ကိုဖြေပါ ကိုလူတင်" ကိုလူတင်က သက်မကိုချကာ ခေါင်းကိုခါရမ်းလိုက်ပြီး "ဆရာကြီး ကျနော့်သားက ရေတိမ်နစ်ရပြီပေါ့" အခန်း ၄။ သူကြီးကသုဘရာဇာကြီးကိုကြည့်ကာ "ဆရာကြီး မောင်ကျော်ဘကို လုပ်လိုက်တာက သူနဲ့မှားတဲ့ ကျတ်တစ္ဆေမပေါ့ ဟုတ်စ" သုဘရာဇာကြီးက သူ့ဆေးတံကို မီးခိုးထအောင်ဖွာလိုက်ပြီး "မဟုတ်ဘူး ရုက္ခဇိုးတစ်ယောက်ကလုပ်လိုက်တာ။ဒီသူငယ်ပြောတဲ့ အင်ပင်အောက်က အဘိုးအိုဆိုတာ။သူကအင်ပင်စောင့်ရုက္ခဇိုးပဲ။သူကလုပ်လိုက်တာ" ဒီအခါ ကိုလူတင်ကအံကိုတင်းတင်းကြိတ်ကာ "တောက်...တွေ့ရောပေါ့၊ကျုပ်ကိုယ်တိုင် အဲဒီအပင်ကိုသွားခုတ်လှဲမယ်" သူကြီးက ကိုလူတင်ကိုကြည့်ပြီး "ဟလူတင် သားကမှားခဲ့ပြီး အဖေပါထက်မှားကြဦးမလို့လား။ဆရာကြီးစီစဉ်တာလိုက်နာစမ်း' သုဘရာဇာကြီးက မျက်လုံးကိုမှိတ်ထားပါတယ်။အတန်ကြာမှ မျက်လုံးပြန်ဖွင့်လိုက်ပြီး ကိုလူတင်ကိုကြည့်ကာ "ကိုလူတင် ဒေါသရှေ့မထားစမ်းပါနဲ့။ရုက္ခဇိုးကလုပ်တာတစ်ခုတည်းမကြည့်နဲ့ ။မင့်သားဘာလုပ်ခဲ့သလဲသိလား" ကိုလူတင်က သုဘရာဇာကြီးကို‌ကြည့်ကာ "ပြောပါဆရာကြီး" သုဘရာဇာကြီးက ပါးစပ်က ဆေးတံကို ချွတ်လိုက်ပြီး
104
17
မြဆောင်က သူရင်းငှားပါ။ ဒါကြောင့် မြဆောင်က သူ့အမေမုဆိုးမကိုလုပ်ကျွေးနေတဲ့သားဖြစ်ရာ အိမ်ကလေးမိုးဖို့ကာဖို့ ကျော်ဘနဲ့ထက်၀က်စား တောတက်လိုက်ခဲ့ခြင်းပါ။ထက်၀က်စားဆိုပေမဲ့ ခုတ်လို့ရသမျှ ဝါးနဲ့မျောကို သုံးပုံ,ပုံပြီးလှည်းနွားစိုက်တဲ့ကျော်ဘက နှစ်ပုံ ။ လူသက်သက်လိုက်တဲ့မြဆောင်က တစ်ပုံသာရပါတယ်။ "မြဆောင်ဟိုခင်တန်းကျောနောက်မှာ ဝါးခုတ်တဲစုတွေရှိသေးတယ်" စလူမြောင်စခန်းကိုရောက်ပြီးနှစ်ရက်မြောက်တဲ့နေ့မှာ ဝါးအတူခုတ်ရင်း ကျော်ဘအပေါ့အလေးသွားသလိုနဲ့ပျောက်သွားပါတယ်။ကျော်ဘကလှည်းနွားစိုက်ရသူမို့မြဆောင်က အပင်ပန်းခံပြီးပိုလုပ်ရတာပါ။အခုလည်းကျော်ဘထွက်သွားတော့ သူတစ်ယောက်တည်းကြိုးစားပမ်းစားခုတ်နေတာပါ။နောက်ကနေကျော်ဘအသံကြားမှ မြဆောင်က ခုတ်ထားတဲ့ဝါးကိုအရင်းအဖျားပိုင်းလိုက်ပြီး "ဘယ်မှာတုန်းကျော်ဘရာ ။ငါဒီကိုခေါက်စားလိုက်နေတာ ဒီနှစ်ထဲ ငါးခေါက်ရှိပြီ။ခင်တန်းနောက်မှာဝါးခုတ်တဲမရှိပါဘူးကွ" ကျော်ဘက ဝါးရုံထဲက ဝါးဖြူတစ်လုံးကိုခုတ်ကာအဖျားပိုင်းကိုခုတ်ဖြတ်လိုက်ပါတယ်။ဝါးများကိုခုတ်ကြရာမှာ ဝါးတစ်ပင်လုံးကို ခုတ်ယူလေ့မရှိပါဘူး။အိမ်သုံးအများဆုံးဖြစ်တဲ့ဝါးဖြူဝါးကိုခုတ်ရာမှာ ဝါးအရင်းပိုင်းလူတစ်ရပ်လောက်က ပိုင်းယူရတာ။အရင်းပိုင်းကအဆစ်ပိတ်ပြီးလေးတာကြောင့်ယူလေ့မရှိကြပါဘူး။အခေါင်းပွ၊ပေါ့တဲ့အလယ်သားအပိုင်းကိုသာယူကြတာပါ။ "မင်းကလေ မြင်ခဲ့တဲ့လူထက် ပိုသိနေပြန်ပါပြီ" မြဆောင်ကအရင်အခေါက်တွေကမရှိပေမဲ့ အခုမှတဲဆောက်နေကြတာထင်ပါရဲ့လို့တွေးကာဆိက်ဆိက်သာနေလိုက်ပါတယ်။ "ဟေ့ကောင်ကြီး ညနေစောစောသိမ်းကြမယ်။ရေချိုးပြီး အဲ့တဲစုဘက် လည်ကြရအောင်" မြဆောင်က ဓားမကိုချကာ ခါးဆန့်လိုက်ပြီးကျော်ဘကိုကြည့်ကာ "သဘောလေ၊ဧကန္တတော့ ကျော်ဘတို့ ဟဲဟဲ" ကျော်ဘကစပ်ဖြဲဖြဲလုပ်ကာ "အေးဆို ဝါးခုတ်တဲက မဒ္ဒီကလေး ...အပါး...ပါး.ချောချက်ကနတ်ပြည်ကဘုံကြိုးပျက်ကျလာသလားထင်ရတယ်" မြဆောင်က ရေဘူးထဲက ရေကိုမော့ကာ "တယ်လည်းညွှန်းပကွာ" ဒီလိုနဲ့ ကျော်ဘနဲ့မြဆောင် ဝါးခုတ်တာ စောစောသိမ်းပြီး ရေမိုးချိုးကာ ခင်တန်းဘက်ထွက်ခဲ့ကြပါတယ်။ဒါကလည်းဘိုးလေးအိုအလစ်မှာခိုးထွက်ကြရတာပါ။တောစည်းတောင်စည်းအရ အမှားအယွင်းမဖြစ်စေရန် လူငယ်များကို ဘိုးလေးအိုကစခန်းအပြင်ကိုအလုပ်ချိန်ကလွဲရင်မထွက်ဖို့တားမြစ်ထားတာပါ။ အခန်း ၃ ။ ကျော်ဘနဲ့မြဆောင်ခင်တန်းကို ကျော်ပြီး တောစပ်ထဲ၀င်လိုက်တယ်ဆိုရင်ပဲမိန်းခလေးတစ်ယောက်သီချင်းဆိုကာ စရစ်ရိုးပင်ချိုးနေတာကို တွေ့ကြရပါတယ်။ "ဟာ...တယ်လှတဲ့ ကောင်မလေးပါလား၊ငါ့ကောင်" မြဆောင်ကပြောလိုက်တာပါ။ကောင်မလေးက သရက်ထည် အဆင်ဆန်းထဘီကို ခြေသလုံးပေါ်တိုတို၀တ်ကာ ပင်နီဖျင်ကြမ်း အင်္ကျီလေးနဲ့ သနပ်ခါးရေကျဲကိုပါးပါးလိမ်းထားပါတယ်။ ကျော်ဘက ပြုံးဖြဲဖြဲ လုပ်ကာ "အဲ့ဒါကြောင့် မင့်ခေါ်တာပေါ့ဟ" ကျော်ဘ ပုဆိုးစနဲ့မျက်နှာကချွေးများကိုသုက်ကာပုဆိုးကိုအသေအချာပြင်၀တ်ပြီး အင်္ကျီကော်လာကိုကျိုးမကျိုးလက်နဲ့စမ်းလိုက်ပြီး "ဟေ့...ညီမတစ်ယောက်တည်းလား" ကျော်ဘအသံကြားတော့ မိန်းကလေးက လန့်သလိုအမူအရာနဲ့သူတို့ကိုလှမ်းကြည့်လိုက်ပြီး "ဟင်..လန့်လိုက်တာ အစ်ကိုရယ်၊အသံမပေးဘာမပေးနဲ့" မိန်းခလေးကသူမရဲ့ ရွှေရင်မို့မို့ ရင်ဘက်ကလေးကိုဖိကာ အညုအခရာညှို့အားသန်တဲ့မျက်နှာပေး လေသံအေးအေးလေးနဲ့ ပြောလိုက်တာပါ။ "အခုအသံပေးတာပဲဟာ။ညီမလန့်သွားအောင်မလုပ်ရက်ပါဘူး" ကျော်ဘကပြောလိုက်ရာ မိန်းခလေးက "အင်းပါ...ရုက်တရက်မို့ပါ။ဒါနဲ့အစ်ကိုတို့က ဝါးမခုတ်ပဲ ဘာလုပ်ကြမလို့လဲ" မိန်းခလေးက သူမချိုးထားတဲ့ စရစ်ရိုးကလေးများကိုဝါးတောင်းကလေးထဲထည့်ကာမေးလိုက်ရာ ကျော်ဘက သူမအနီး ကျောက်တုံးပေါ်ထိုင်လိုက်ပြီး "အခုကဝါးခုတ်ပြီးပြီညီမရဲ့။တမင်အလုပ်စောစောသိမ်းပြီး ညီမဆီလာတာ" ဒီအခါ မိန်းခလေးက နှုတ်ခမ်းကလေးနှစ်လွာအံ့ဩခြင်းသင်္ကေတ ပွင့်ဟကာ "ဟင်...ညီမဆီလာတာ၊ဘာဖြစ်လို့လဲဟင်" ဒီအချိန် အသက်၇၀လောက် အဘိုးကြီး တစ်ယောက်ကတောင်ဝှေး တဒေါက်ဒေါက် ထောက်ကာ ဝါးရုံပင်ကြားကနေ ထွက်လာပြီး သူတို့ကိုရပ်ကြည့်ကာ "ကိုယ့်နေရာကိုယ်နေ။ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ။ဒီကမောင်ရင်တို့က ဝါးခုတ်တဲက မဟုတ်လား။ဒီကိုဘာကိစ္စလာသလဲ။ဟို ...အမိုက်မကလည်းတယ်...ငါမပြောချင်ဘူး" အဘိုးကြီးက သူတို့ကို အလိုမကျသလိုကြည့်ကာပြောလိုက်တာပါ။ကျော်ဘက အဘိုးကြီးကိုမကျေမနပ်ကြည့်ကာ "ဘကြီးကဘယ်ကလဲ။ကျုပ်တို့ကပိုင်ရှင်မရှိတဲ့တောထဲ သွားချင်တဲ့နေရာ သွားမှာပေါ့" ဒီအခါအဘိုးကြီးက ကျော်ဘကိုစူးစူးရဲရဲကြည့်ကာ "တောက်...သဘောက်မသားက ငါ့ကိုရာရာစစ" ဒီလိုပြောပြီး အဘိုးကြီးက ဝါးရုံအနီးက အင်ပင်ကြီးအောက်မှာ ငုတ်တုပ်ထိုင်ကာ သူတို့ကိုမကျေမနပ်ကြည့်လို့နေပါတယ်။ "အစ်ကိုတို့ ဟိုဘက်ကိုသွားမယ်။အဲ့အဘိုးကြီးကအဲ့လိုပဲ ဇီဇာကြောင်တာ"
73
18
အခုလည်းကိုလူတင်သား တောကပြန်လာတာမှာအပမှီလာတဲ့ဆိုတဲ့သတင်းက တမုဟုတ်ချင်းပျံ့သွားရာပြေးကြည့်ကြမေးကြည့်ကြနဲ့ ရုက်ရုက်သဲသဲဖြစ်လို့နေပါတယ်။သုဘရာဇာကြီးတို့ရွာထဲ၀င်လာတော့စပ်စုလိုတဲ့လူအုပ်ကြီးက နောက်က တစ်အုံတမကြီးပါလာကြပါတယ်။ ကိုလူတင်ရဲ့ အိမ်ကရွာထိပ်နားတင်ဆိုတော့ ကြာကြာမလျောက်ကြရပါဘူး။အိမ်ပေါ်မှာရောခြံဝိုင်းထဲမှာပါ လူကပြည့်နေပါတယ်။သုဘရာဇာကြီးကသူကြီးကိုလှည့်ကြည့်ပြီး "ကျုပ်အလုပ်,လုပ်နေတဲ့အချိန် မိသားစုကလွဲရင်အခြားလူတွေအိမ်ပေါ်က ခဏဆင်းစေချင်တယ်" သူကြီးက နောက်ကပါလာတဲ့လူအုပ်ကြီးကိုလှည့်ကာကြည့်ပြီးအိမ်ပေါ်မတက်ဖို့ အိမ်ပေါ်ကမဆိုင်တဲ့သူတွေဆင်းကြဖို့ပြောလိုက်ပါတယ်။သုဘရာဇာကြီးအိမ်ပေါ်ကိုတက်လာတော့ အိမ်ဦးခန်းမှာ မိစ္ဆာမက အမြိန့်သားထိုင်လို့နေပါတယ်။အခြားသူတွေကတော့ ကျော်ဘထိုင်နေတယ်ပဲထင်ကြတာပါ။ သုဘရာဇာကြီးက ဘုရားစင်ရှေ့မှာ ဘုရားကိုရှိခိုးလိုက်ပြီး "အံမယ် ကောင်မက တယ်ဟုတ်နေပါလား။နင်လူမမာကိုယ်ကထွက်စမ်း" မိစ္ဆာမက သုဘရာဇာကြီးကို မကျေမနပ် ဒေါသထွက်တဲ့မျက်လုံးတွေနဲ့ကြည့်ကာ "ငါ့အိမ်ငါ့ဖာသာဘယ်လိုနေနေ" ဒီအခါ သုဘရာဇာကြီးက သူ့လွယ်အိတ်ထဲက ‌ဘိုးတော်ခေါင်ပေးလိုက်တဲ့ ဓာတ်လုံးကိုထုတ်ယူလိုက်ရာ "နင်နင် ဘာလုပ်မလို့လဲ" ကျော်ဘကို၀င်ကပ်ထားတဲ့သရဲမကထိက်ထိက်ပျာပျာမေးလိုက်တာပါ။သုဘရာဇာကြီးက ရပ်လျက်က အခန်း ၂။ "နင်လို ဖုတ်ပြိတ္တာမနဲ့ ကြမ်းတစ်ပြေးတည်းငါကထိုင်ရမှာလား။ငါမေတ္တာနဲ့ပြောနေတာ။အခုထွက်စမ်း။ပြီးမှနင့်လိုလားချက်ကိုပြော" ဒီအခါ မိစ္ဆာမက ကျော်ဘကိုယ်ကခွာပြီးအိမ်ရှေ့မှာရပ်လို့နေပါတယ်။ကျော်ဘကတော့ ဘုန်းကနဲလဲကျသွားပါတယ်။သုဘရာဇာကြီးက ဒီတော့မှကျော်ဘဘေးမှာအသာထိုင်လိုက်ပြီး ကျော်ဘရဲ့လက်ကောက်၀တ်နဲ့၀မ်းဗိုက်ရင်ဘက်နဲ့မျက်လုံးတွေကိုစမ်းသပ်လို့နေပါတယ်။ကျော်ဘကတော့ အသက်ကိုမနည်းရှူနေရရာအချွဲဆိုက်ကာ ခလူးခလဲမြည်လို့နေပါတယ်။ "အမလေး၊သားကျော်ဘ။ဟဲ့ခုနကကြက်သားဟင်းနဲ့ထမင်းစားနေတာအကောင်းကြီးပါ။ဆရာကြီးကယ်ပါဦးရှင်" ကျော်ဘမိခင်က ပြောလိုက်တာပါ။ကျော်ဘရဲ့အနာကပုပ်လို့ပင်နေပါပြီ။သုဘရာဇာကြီးက သူကြီးနဲ့ကိုလူတင်ကို လက်ယပ်ခေါ်လိုက်ပြီး လေသံနဲ့ "လွန်နေပြီ ၊သိကြားဆင်းကုလည်းမရတော့ဘူး။အနာကပုပ်တောင်နေမှပဲ။အပကမှီလာတာ။ကျုပ်ကိုယုံကြည်တယ်ဆို ကျုပ်လုပ်စရာရှိတာဆက်လုပ်ပါ့မယ်" သုဘရာဇာကြီးစကားကိုကြားတော့ ကျော်ဘအမေက ရှိုက်ကြီးတငင်ငိုချလိုက်ပါတယ်။ကိုလူတင်က မျက်‌ရေ တစမ်းစမ်းနဲ့ "ကျနော်သဘောပေါက်ပါတယ်။ဆရာကြီးကိုအပ်ပါတယ်။အပကိုသာရှင်းလိုက်ပါတော့" ဒီအခါသုဘရာဇာကြီးက ခေါင်းညိတ်ပြီး "နေပါဦးသူနဲ့ အတူတောတက်တာ တစ်‌ယောက်လောက်ကျုပ်ကိုခေါ်ပေးပါ" ဒီအခါလူငယ်တစ်ယောက်က ရှေ့ကိုတိုးလာပြီး " သူနဲ့ကျနော် အတူတောတက်သွားတာပါ။ကျော်ဘရဲ့သူငယ်ချင်းမြဆောင်ပါခင်ဗျာ" သုဘရာဇာကြီးက နေရာကထကာ "မောင့်ကိုမေးစမ်းပါရစေ၊အဘနဲ့ခဏလိုက်ခဲ့" ဒီလိုပြောပြီး သုဘရာဇာကြီးက နေရာကထကာအိမ်ပေါ်ကဆင်းသွားပါတယ်။‌အိမ်ရှေ့ငှက်ပျောရုံအောက်က ကွပ်ပျစ်မှာသုဘရာဇာကြီးကထိုင်လိုက်ပြီး "ထိုင်ကြ" သူကြီးနဲ့ ကိုလူတင်ကကွပ်ပျစ်မှာ၀င်ထိုင်လိုက်ပါတယ်။မောင်မြဆောင်က ကွပ်ပျစ်အောက်မြေပေါ်မှာကျုံ့ကျုံ့ထိုင်လိုက်ပါတယ်။ "ကဲမောင် ၊ မင်းတို့တောထဲမှာ တွေ့ကြုံခဲ့ရတာတွေအဘကို သေသေချာချာ ပြန်ပြောစမ်းကွဲ့" ဒီအခါ မြဆောင်က အတန်ငယ်စဉ်းစားလိုက်ပြီးချောင်းတစ်ချက်ဟန့်ကာ "ကျနော်သိသလောက်အကုန်ပြောပြပါ့မယ်" ဒီလိုအစချီကာ မြဆောင်က သူတို့တောတက်သွားရင်းကြုံဆုံခဲ့ရပုံများကို ပြောပြပါတယ်။ တောတက်တယ်ဆိုတာကတော့ လယ်တွေတလင်းသိမ်းတဲ့အခါ မိုးရာသီမှာ အိမ်မိုးတာ၊ကာတာ၊ခြံစည်းရိုးခက်တာစတဲ့ လိုအပ်တဲ့ သစ်၊ဝါး၊မျော တို့ကိုတောထဲကို၀င်ပြီးခုတ်ကြတာပါ။ ဒါကအစဉ်အလာပါပဲ။စပါးတလင်းသိမ်းချိန်ဆိုလျင် ရွာတွေကနေ လှည်းတပ်ကြီးနဲ့စုပေါင်းပြီး တောတက်သွားကြတာပါ။ သနပ်တောကကွင်းရွာပါ။တောတက်တဲ့အခါပဲခူးအနောက်တောလို့ခေါ်တဲ့ ပဲခူးရိုးမထဲ၀င်ပြီး သစ်ဝါးကိုခုတ်ယူကြရတာပါ။သနပ်တောကနေ ပဲခူးရိုးမမရောက်ခင်ဘုရားကြီးရွာကိုပင် လမ်းမှာတစ်ညအိပ်ရတာပါ။ဘုရားကြီးကမှ ၀င်္ကဘော်၊သရက်ကုန်း အဲဒီကနေဘောနတ်ကြီးရွာ။ဘောနတ်ကြီးကနေပဲခူးမြစ်ကိုဖြတ်ပြီးတစ်နေ့ခရီးသွားရပါသေးတယ်။ "ဒီညနေ စလူမြောင်စခန်းကို အရောက်မောင်းကြမယ်ဟေ့။ရောက်တဲ့အချိန်မှချက်ပြုတ်ကြ" တောတက်လာကြတဲ့ လှည်းတပ်ကြီးကို ဦးဆောင်လာတဲ့ ကျီးပင်တန်းရွာက ဘိုးလေးအိုကပြောလိုက်တာပါ။ စလူမြောင်စခန်းကအမြဲနေဝါးခုတ်တဲတွေရှိပြီး ရေနီးမိုးနီး အခင်းသာသလို ဝါးဖြူဝါးများပေါများတဲ့နေရာဖြစ်ပါတယ်။ဒီစခန်းမှာက ဝါးခုတ်သမားတွေရှိရာကိုယ်တိုင်မခုတ်လိုသူများက အသင့်ခုတ်ပြီးသားဝါးနဲ့သစ်၊မျောတို့ကို၀ယ်ပြီးတင်သွားယုံပါ။ တောတစ်ခါတက်ရင် ဝါးခုတ်စခန်းမှာပဲတစ်ပတ်ဆယ်ရက်ကြာတတ်ပါတယ်။အသွားအပြန်နဲ့ပေါင်းရင်၁၆ရက်၁၇ရက်တစ်ခါတလေအရက်၂၀ပင်ကြာလေ့ရှိပါတယ်။သနပ်တောက လှည်းငါးစီးဖြစ်ပြီးကိုလူတင်သားမောင်ကျော်ဘနဲ့ မောင်မြဆောင်ကလှည်းတစ်စီးပါ။ ကျော်ဘနဲ့မြဆောင်က ရွာမှာအတွဲအများဆုံးသူငယ်ချင်းတွေဖြစ်သလို ကျော်ဘက လှည်းပိုင်နွားပိုင်လယ်ပိုင်ဆိုပေမဲ့
71
19
သုဘရာဇာသာစိန်နှင့် သနပ်တောရွာက အသုဘ စာစဉ်~(၁၅) အခန်း ၁။ သနပ်တောရွာ။ ပဲခူးကနေအရှေ့တောင်ဘက်က ပင်လယ်နဲ့နီးတဲ့ရွာ။ရွာဆိုပေမဲ့ ရွာမည်ကာမတ္တမဟုတ်ပါဘူး။အိမ်ခြေ၂၀၀ နီးနီးရှိတဲ့ရွာကြီးစာရင်း၀င်ပါ။ တစ်ရွာလုံးကလယ်ယာအလုပ်သာအဓိက လုပ်ကိုင်ကြပြီး တစ်ရွာလုံးကအိမ်ကြီးအိမ်ကောင်းများနဲ့ ပြေလည်တဲ့ရွာကြီးပါ။မြို့နဲ့ကအတော်အလှမ်းဝေးတာကြောင့် ဒီရွာကြီးမှာမြို့ပေါ်မှာမှရနိုင်တဲ့ ကုန်မျိုးစုံရှိပါတယ်။ သို့ပါသော်လည်း ကျန်းမာရေးနဲ့ပတ်သတ်ရင် ဆေးသမားကောင်းရယ်လို့ မရှိသလောက်ပါပဲ။ ဆရာအမည်ခံ ပညာမနှံ့စပ်တဲ့ ယောဆရာများသာရှိကြတာပါ။ သနပ်တောသူကြီး ဘိုးသင်းလှက ပဲမျိုးကိစ္စနဲ့ပဲခူးကိုရောက်ရင်း ကမာနတ်သုသာန်မှာနေတဲ့ သုဘရာဇာသာစိန်ရဲ့ဂုဏ်သတင်းကိုကြားကာ သူတို့ရွာကိုတစ်သက်လုံးမဟုတ်ရင်တောင် နေနိုင်သလောက်နေပြီး ဆေးကုပေးဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် သုဘရာဇာသာစိန်သနပ်တောရွာကို ရောက်ခဲ့တာပါ။ သုဘရာဇာသာစိန်အဖို့ သူကြီးဘိုးသင်းလှခေါ်လို့ဒီရွာကိုလာရခြင်းမျိုးမဟုတ်ပဲ သူ့မနောအာရုံမှာဓာတ်ကျလို့ရှောရှောရှူရှူ လိုက်ခဲ့ခြင်းသာဖြစ်ပါတယ်။သုဘရာဇသာစိန်ကတော့ သူကြီးက ရွာထဲမှာဖြစ်ဖြစ် ဘုန်းကြီး ကျောင်းမှာဖြစ်ဖြစ် နေဖို့ပြောပေမဲ့အကြောက်အကန်ငြင်းကာ သနပ်တောသုသာန်မှာပဲ နေတာပါ။သုဘရာဇာသာစိန်နဲ့အတူ မွေးစားသား အောင်ဒင်လည်းပါလာပါတယ်။ "ဆရာကြီးရာ အခုလိုသုသာန်မှာနေတာ မဟုတ်သေးပါဘူး။ကျုပ်တို့များလည်း တာ၀န်မကျေရာကျပါရဲ့။ပြီးတော့ဆရာကြီးကဆေးဆရာ သမားဂုဏ်နဲ့အညီတင့်တင့်တယ်တယ်နေစေချင်ပါတယ်" သူကြီးဘိုးသင်းလှက သုသာန်ကိုရောက်လာပြီးသုဘရာဇာကြီးကို အားမလိုအားမရပြောလိုက်တာပါ။သုဘရာဇာကြီးက သူ့နှုတ်ခမ်းထောင့်က ဆေးတံကိုအသာချွတ်လိုက်ပြီး "နို့....သူကြီး ၊ခင်ဗျားကျုပ်ကိုခေါ်လာတာ သုသာန်ကခေါ်လာတာပါ။ကျုပ်ကနဂိုကတည်းကသုဘရာဇာ။ခင်ဗျားဆီကျကာမှ သုဘရာဇာကနေ ဟန်ကြီးထုတ်ရမှာလား။ကျုပ်ဆေးကုတယ်၊ဆေးကအာနိသင်စွမ်းရင်ရွာသားတွေအတွက် အကျိုးရှိရဲ့မဟုတ်လား။သာမညနဲ့အဓိကခွဲသိပါလေ" သုဘရာဇာကြီးကပြောလိုက်ရာ သူကြီးမှာ အကြံရခက်သွားပါတယ်။သုဘရာဇာကြီးရောက်ကတည်းကသနပ်တောရွာမှာ မမာသူများ၊နာတာရှည်နဲ့ပယောဂအနှောင့်အယှက်များကို သိကြားမင်းက လူယောင်ဖန်ဆင်းပြီး ဆင်းကုသလိုသုဘရာဇာကြီးရဲ့ ဆေးစွမ်းကထက်လေတော့ သူကြီးကလည်းသူပင့်လာတဲ့သမားတော်ကို တင့်တင့်တယ်တယ် ခံ့ခံ့ညားဖြစ်စေချင်တာ။ သုဘရာဇာသာစိန်ဘက်ကဒီလိုမဟုတ်၊သူကဘ၀ကိုအရိုးရှင်းဆုံးဖြတ်သန်းချင်သူ။ပကာသနရေပေါ်ဆီဖြစ်ရမှာကို အမုန်းဆုံး။သူရိုးရှင်းစွာအနိမ့်ကျဆုံးလို့လူတွေကထင်တဲ့သုဘရာဇာအလုပ်ကို ခုံမင်တာပါ။သာမန်လူအမြင်မှာတော့သုဘရာဇာသာစိန်က လူ့ဂွစာကြီးဖြစ်လို့နေပါလိမ့်မယ်။ အမှန်ကသုဘရာဇာကြီးက အဖြူရောင်ပိတ်တစ်စနဲ့တူပြီး လူအများစုက ဆေးရောင်အမျိုးမျိုးနဲ့တူပါတယ်။ သုဘရာဇာသာစိန်အဖို့ သူခံယူထားတဲ့အဖြူစင်ဆုံးဘ၀ရပ်တည်မှုကို ဘယ်သူရဲ့အရောင်ဆိုးခြင်းကိုမှမခံယူလိုတာပါ။သုဘရာဇာကြီးနဲ့ သူကြီး သုသာန်ဇရပ်အိုကလေးပေါ်မှာ စကားပြောနေချိန် လူတစ်ယောက်သုသာန်ထဲကို အပြေးတစ်ပိုင်း၀င်လာပါတယ်။သူက ကိုလူတင်ပါ။ "ဟဟ လူတင်ဖြေးဖြေးလာပါ။မြေပုံတွေခလုတ်တိုက်ပြီးလဲပါ့မယ်" သူကြီးက သောက်လက်စအကြမ်းခွက်ကိုချပြီးပြောလိုက်တာပါ။ကိုလူတင်က ခြေထောက်နဲ့ငြိပါလာတဲ့ဖျာစုက်ကိုကန်ထုတ်ကာ "ကယ်...ကယ်ပါဦးသူကြီးရာ၊ကျုပ်သားကျော်ဘ ဒီမနက်ပဲတောကပြန်ရောက်တယ်။တောမှီလာတယ်ထင်ပါရဲ့။ဆရာကြီးကိုပင့်ပါရစေ" ကိုလူတင်က မျက်စိမျက်နှာပျက်ကာ ပြောလိုက်ခြင်းပါ။သုဘရာဇာကြီးက ကိုလူတင်ကိုတစ်ချက်ကြည့်လိုက်ပြီး "ထင်ပါရဲ့မဟုတ်ဘူး။ခင်ဗျားသားကတောအပမှီလာတာ။မှားခဲ့ပြီပဲ" သုဘရာဇာကြီးကထိုသို့ပြောလိုက်တာမှာ ကိုလူတင်ကပြိုတော့မဲ့မိုးလို မျက်နှာညိုကာ သုဘရာဇာကြီးရှေ့ဒူးထောက်ထိုင်ကာ "ကယ်ပါဦးဆရာကြီးရယ်။သားလေးသတိမရတစ်ချက်ရတစ်ချက်ဖြစ်နေတယ်။ အဖျားလည်းတက်နေပါတယ်" သုဘရာဇာကြီးက ဇရပ်ရှေ့မှာထင်းချိုးနေတဲ့ အောင်ဒင်ကိုကြည့်ကာ "လူလေးရေ၊အဲဒါအသာထား၊ဘကြီးလွယ်အိတ်ယူ။ရွာထဲသွားကြစို့" "ဟုတ်ကဲ့ဘကြီး" သူကြီးက ကိုလူတင်ကိုကြည့်ကာ "ဘယ်လိုဖြစ်လာတယ်ဆိုတာ ပြောစမ်းပါလူတင်ရာ" ကိုလူတင်က အသံများရောကိုယ်ပါတုံယင်နေရင်းက "ဟို ဟို...မတော်တဲ့နေရာမှာ အနာဖြစ်လာတာ။ရှက်လို့ဘယ်သူ့မှမပြောဘူးတဲ့။လွန်မှသိကြရတာ။အညှော်မိပြီး သတိလစ်လစ်သွားတာ" သုဘရာဇာကြီးကနေရာကထကာ "အယူတော်မင်္ဂလာအရမြင်ရတာက စောနခင်ဗျားသုသာန်က မသန့်တဲ့ဖျာကို ချေနဲ့ငြိတာမြင်ရတော့ ဒါ... မသင့်မသန့်တဲ့ အိပ်ရာကိစ္စငြိစွန်းပြီး တောကအမှောင့်ပါလာတာပဲ" ဒီလိုပြောပြီးသုဘရာဇာကြီးက ဇရပ်အိုကလေးပေါ်ကဆင်းလာရာ သူကြီးနဲ့ကိုလူတင်၊အောင်ဒင်တို့ပါလိုက်ဆင်းခဲ့ကြပါတယ်။ရွာထဲရောက်တော့ ကျေးလတ်ရွာတို့ရဲ့ထုံးစဉ်အတိုင်း ရွာသားတစ်ယောက်ယောက် တစ်ခုခုဖြစ်တယ်ဆို ကျီးပြိုသလို ရောက်ယက်ခက်ကြတာမဟုတ်လား။
76
20
بدون متن...
88