ar
Feedback
ပရလောက ဝတ္ထုများနှင့် အခြားဝတ္ထုများ စုစည်းမှု့

ပရလောက ဝတ္ထုများနှင့် အခြားဝတ္ထုများ စုစည်းမှု့

الذهاب إلى القناة على Telegram

မူရင်းရေးဆရာများကို လေးစားလျက်ပါ 🙏🙏🙏

إظهار المزيد
4 376
المشتركون
+2224 ساعات
+747 أيام
+35630 أيام

جاري تحميل البيانات...

القنوات المماثلة
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
سحابة العلامات
لا توجد بيانات
هل تواجه مشاكل؟ يرجى تحديث الصفحة أو الاتصال بمدير الدعم الخاص بنا.
الإشارات الواردة والصادرة
---
---
---
---
---
---
جذب المشتركين
يوليو '26
يوليو '26
+228
في 0 قنوات
يونيو '26
+469
في 0 قنوات
Get PRO
مايو '26
+432
في 0 قنوات
Get PRO
أبريل '26
+326
في 0 قنوات
Get PRO
مارس '26
+411
في 0 قنوات
Get PRO
فبراير '26
+137
في 0 قنوات
Get PRO
يناير '26
+286
في 0 قنوات
Get PRO
ديسمبر '25
+231
في 0 قنوات
Get PRO
نوفمبر '25
+414
في 0 قنوات
Get PRO
أكتوبر '25
+335
في 0 قنوات
Get PRO
سبتمبر '25
+278
في 0 قنوات
Get PRO
أغسطس '25
+52
في 0 قنوات
Get PRO
يوليو '25
+201
في 1 قنوات
Get PRO
يونيو '25
+130
في 1 قنوات
Get PRO
مايو '25
+1 900
في 1 قنوات
التاريخ
نمو المشتركين
الإشارات
القنوات
15 يوليو+10
14 يوليو+23
13 يوليو+9
12 يوليو+10
11 يوليو+18
10 يوليو+7
09 يوليو+17
08 يوليو+12
07 يوليو+15
06 يوليو+14
05 يوليو+27
04 يوليو+25
03 يوليو+13
02 يوليو+11
01 يوليو+17
منشورات القناة
2
" ဆရာဘုန်း ဒီတစ်ခေါက်သွားတာက အတော်ကြာသလိုပဲနော် ကိုမြအေး...'' အရီးငွေတို့လင်မယားက အချင်းချင်း ပြောနေကြလေတယ်။ တပေါင်းလည်း သူတို့အပြောကြောင့် ဆရာဘုန်းဆိုတဲ့လူကို ဘယ်လိုလူလဲဆိုပြီး သိချင်မိသွားရလေတယ်။ " ဆရာဘုန်းက ဘာလုပ်တာလဲ ဦးလေးမြအေး။ ပြီးတော့ ဘယ်က ပြန်လာတာလဲ...'' " ဪ...မောင်တပေါင်း။ ဆရာဘုန်းဆိုတာက ဒီအရပ်က ပယောဂကုဆရာကွယ့်။ အရီးတို့ အရပ်မှာတော့ ပယောဂဆို သူမှသူ အားကိုးပြီး နေကြတာ။ သူ့အနောက်ကတော့ တပည့်ကျော်မောင်ခုံးတဲ့...'' " ဪ...'' " လွန်ခဲ့တဲ့ လဆန်းတုန်းကတော့ အောက်ပြည်ကို ဘုရားဖူးသွားမယ်ဆိုပြီး သွားတယ်လေ။ အဲ့ဒါ အခုမှပဲ ပြန်လာကြတာ...'' အရီးငွေရဲ့ စကားအဆုံးမှာပဲ ကူးတို့လှေက ဆိပ်ကမ်းဆီကို ဆိုက်ကပ်လာလေတယ်။ အရီးငွေတို့လင်မယားလည်း တပေါင်းကို နှုတ်ဆက်စကားပြောပြီး ကူးတို့ကိစ္စကို စီစဥ်ဖို့ ထွက်သွားကြလေတယ်။ ဆက်ရန်...။
605
3
သူ့စိတ်ထဲ ဆာလောင်မှုက ဘာဆိုတာကို တပေါင်းသိပြီးနောက် ထိုင်ရာကနေ ထပြီး မိုက်ကြီးတို့ဘက်ကို ထလာလိုက်လေတယ်။တပေါင်းရဲ့ ထလာမှုကြောင့် အိုးခွက်တွေအကြားမှာ ပြေးလွှားနေတဲ့ မှင်စာများက အလျှိုလျှို ပုန်းအောင်းကုန်ကြလေတယ်။ တပေါင်းကတော့ အန္တရာယ်မပေးဘူးဆိုတာ သိထားပြီးပြီဖြစ်တာကြောင့် မှင်စာတို့ကို အာရုံမထား၊ သူ့အတွက် သောက်လို့ရနိုင်မယ့် အရက်ပုလင်းကိုသာ ရှာဖွေလိုက်လေတယ်။ မိုက်ကြီးတို့နဲ့ အလှမ်းမကမ်းဆီက တိုင်ထောင့်မှာ အရက်ပုလင်းကို တွေ့ရလေတယ်။ တပေါင်းလည်း ဝမ်းသာသွားပြီး ကြည့်မိလေတော့ အရက်ပုလင်းထဲ အရက်တို့ ကျန်နေသေးတာကို မြင်ရလေတယ်။ ဆာလောင်မှုကြောင့် အငမ်းမရပဲ မော့သောက်လိုက်လေတယ်။ အရက်ပုလင်းထဲက အရက်တို့အားလုံးကို တစ်ကျိုက်ထဲ မော့သောက်ပြီးနောက် တပေါင်းစိတ်ထဲ နေသားကျသလို ဖြစ်သွားရလေတယ်။ " ဟား....အခုမှပဲ နေရထိုင်ရ အဆင်ပြေသွားတော့တယ်...'' တပေါင်း ရေရွတ်လိုက်လေတယ်။ နေရာကို ပြန်လာတော့ မှင်စာများက အိုးခွက်များအကွယ်ဆီကနေ တပေါင်းကို ချောင်းမြောင်းကြည့်ရှုနေကြတယ်။ " ဟေ့ကောင်တွေ စားချင်တာစား။ အိုးခွက်တွေကိုတော့ မကွဲစေနဲ့။ ငါလည်း ပြန်အိပ်တော့မယ်...'' တပေါင်းလည်း ချောင်းကြည့်နေတဲ့ မှင်စာတို့ဘက်ကို လှမ်းကြည့်ပြီး ပြောလိုက်လေတယ်။ အဲ့ဒီ့နောက်တော့ အိပ်ရာဆီကို ပြန်လာခဲ့ပြီး နဂိုနေရာမှာပဲ ပြန်လည်လှဲလျောင်းကာ အိပ်စက်လိုက်ပါတော့တယ်။ ** ညက လက်ကျန်အရက်ပုလင်းကို သောက်ပြီး ခေါင်းထဲမှာ ရီဝေဝေနဲ့ အိပ်ပျော်သွားခဲ့တဲ့ တပေါင်းတစ်ယောက် နေမြင့်ပါမှပဲ အိပ်ရာကနေ နိုးလေတယ်။ တပေါင်းနိုးတော့ မိုက်ကြီးတို့လူစုက မြစ်ဆိပ်မှာ ညတုန်းက ချက်ပြုတ်ထားတဲ့ အိုးခွက်တို့ကို ဆေးကြောနေကြပြီး ဦးမြအေးတို့လင်မယားကတော့ ကူးတို့များ ထွက်ခွာနေကြတာကို ကြီးကြပ်ရင်း ရှိနေလေတယ်။ တပေါင်းလည်း မျက်နှာသစ်ဖို့တွေးရင်း မြစ်ဆိပ်ကို ဆင်းလာလိုက်တယ်။ " ဟော...ညီလေးတပေါင်း။ နိုးလာပြီလား...'' မိုက်ကြီးက တပေါင်းကို လှမ်းလို့ နှုတ်ဆက်လေတယ်။ " နိုးပြီ ကိုမိုက်ကြီး...'' တပေါင်းက ပြန်ဖြေပြီးနောက် သောင်စပ်ကို ဆင်းကာ မြစ်ရေနဲ့ မျက်နှာကို သစ်လိုက်လေတယ်။ မျက်နှာသစ်ပြီးတော့ သဲထဲနစ်နေတဲ့ မီးသွေးတစ်စကို လှမ်းကုတ်ယူပြီး သွားများကို တဂျိဂျိနဲ့ တိုက်လိုက်လေတယ်။ မီးသွေးနဲ့ သွားတိုက်တာက သွားများကို အဘွန်ဖွေးစေတယ်။ ခံတွင်းရှင်းဖို့အတွက်တော့ ဆားလေးအနည်းငယ် ထည့်ရတယ်ဆိုပေမယ့် လက်ရှိမှာတော့ တပေါင်းက ဘာဆားမှမပါ။ အိပ်ရာကနိုးပြီးတာနဲ့ တန်းပြီး ဆင်းလာတာဖြစ်တာကြောင့် မီးသွေးနဲ့သာ သွားကို တိုက်လိုက်လေတယ်။ တပေါင်းသွားတိုက်လို့ပြီးစီးတော့ တစ်ဖက်က ကူးတို့များကို စီမံပေးပြီးနောက် လှမ်းလာနေတဲ့ ဦးမြအေးတို့ လင်မယားက အနားကို ရောက်ရှိလာလေတယ်။ " သား တပေါင်း။ အိပ်ရာက နိုးပြီး မျက်နှာတောင် သစ်နေပြီပဲကွ...'' ဦးမြအေးက တပေါင်းကို လှမ်းလို့ နှုတ်ဆက်လေတယ်။ " ဟုတ်တယ် ဦးလေးမြအေး။ ဒါနဲ့ ကျုပ် ဒီနေ့ ပြန်မယ်ဗျ...'' တပေါင်းစကားက ကောက်ကာငင်ကာကြီးဆိုတော့ ဦးမြအေးတို့ လင်မယားလည်း အံ့သြသွားကြလေတယ်။ " ဘယ်လိုဖြစ်လို့တုန်း မောင်တပေါင်းရယ်။ ရုတ်တရက်ကြီးကွယ်။ ဦးလေးတို့က မင်း ဒီမှာ ထပ်နေဦးမယ် ထင်နေမိတာ...'' တပေါင်းက ဘာမှမတုန့်ပြန်။ မြစ်ရေနဲ့ ပလုပ်ကျင်းလိုက်ပြီး မျက်နှာသစ်ခြင်းအမှုကို အပြီးသတ်လိုက်လေတယ်။ " မောင်တပေါင်းရယ်။ တစ်ရက်နှစ်ရက်တော့ နေပါဦးလားကွယ်...'' ဦးမြအေးရဲ့မိန်းမ အရီးငွေက ပြောလာတယ်။ " ကျုပ် ဒီဘက်ကို ရောက်နေတာက ကြာပြီ အရီးရဲ့။ အိမ်က အဘနဲ့ အမေလည်း စိတ်ပူတော့မယ်ထင်တယ်။ ကျုပ် ပြန်မှဖြစ်တော့မယ်...'' တပေါင်းက တုန့်ပြန်စကားပြောလိုက်တော့ ဦးမြအေးနဲ့ အရီးငွေလည်း မျက်နှာမသာမယာဖြစ်သွားကြလေတယ်။ " ဒါနဲ့ မြစ်ထဲကော သွားရေးလာရေး အဆင်ပြေကြပြီလား ဦးလေးမြအေး...'' တပေါင်းက စိတ်မကောင်းဖြစ်သွားကြတဲ့ လင်မယားနှစ်ယောက်ကို စကားလမ်းကြောင်းလွှဲလို့ ပြောလိုက်လေတယ်။ " ဪ...အင်း။ အဆင်ပြေတယ် မောင်တပေါင်း။ ဟိုဘက်ရက်က ရေထဲကနေ ရေပွက်ကြီးတွေထပြီးနောက်ပိုင်း မြစ်ထဲ အန္တရာယ်အတော်ကင်းသွားခဲ့ပြီလို့ ထင်မိတယ်...'' " မြစ်မိစ္စာကြီးလည်း သေပြီထင်ပါတယ်ကွာ...'' အရီးငွေနဲ့ ဦးမြအေးတို့က ပြောကြလေတယ်။ တပေါင်းလည်း ခပ်လှမ်းလှမ်းက မိုက်ကြီးတို့ဘက်ကို လှမ်းကြည့်တော့ ဆေးကြောပြီးတဲ့ အိုးခွက်များကို ကူးတို့တဲဆီ ပြန်သယ်နေကြတာကို မြင်ရလေတယ်။ " အရီး...အဲ့ဒီ့အိုးခွက်တွေက ဘယ်ကိုပို့ရမှာလဲ...'' " ဪ...အဲ့ဒါတွေက မနေ့က ရွာကျောင်းကနေ ငှားလာတာလေ မောင်တပေါင်း။ ဘာဖြစ်လို့လဲ...'' " ဪ...ဘာမှမဖြစ်ပါဘူး အရီး...'' တပေါင်းပြောပြီးနောက် ရေဆိပ်ဆီကို ပြန်တက်ဖို့ ဟန်ပြင်လိုက်လေတယ်။ ဒီအခိုက် တစ်ဖက်ကမ်းဆီကနေ ကူးလာနေတဲ့ ကူးတို့ဆီကို ဘာရယ်မဟုတ်၊ အမှတ်မထင်ပဲ ကြည့်မိလိုက်တယ်။ ကူးတို့ဆီမှာ လူတစ်ချို့ လိုက်ပါလာတာကို မြင်ရပြီး ကူးတို့ရဲ့ ဦးထိပ်ဆီမှာတော့ ယောဂီဝတ် လူတစ်​ယောက်နဲ့ အနောက်ပါးက လူငယ်တစ်ယောက် မတ်တပ်ရပ်နေတာကို မြင်လိုက်ရလေတယ်။ " ဟော...ဆရာဘုန်းတို့တောင် ပြန်လာကြပြီပဲ...'' လှေပေါ်က လူကို ကြည့်ပြီး ဦးမြအေးက ရေရွတ်လိုက်တယ်။
417
4
သိန္နောမြင်းတို့က မိုးကြိုးလို ခွန်အားကြီးပြီး လျှင်မြန်တယ်။ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်အပြင် ကောင်းကင်မှာလည်း သွားလာနိုင်တဲ့ သိဒ္ဓိရှိလေတယ်။ တပေါင်းအချိန်အတော်ကြာ ရှိနေပြီးနောက်မှာတော့ နန်းဆောင်ဘက်ဆီက အစိမ်းရောင် အရိပ်တစ်ခုက အနားဆီကို လွင့်ခနဲ ရောက်ရှိလာလေတယ်။ တပေါင်း လှည့်ကြည့်မိတော့ အစိမ်းရောင်အဝတ်အစားနဲ့ အနီရောင်နဖူးသင်းကျစ်ကလေးကို တွယ်ထားတဲ့ စန္ဒီ...။ စန္ဒီရဲ့ ပုံစံက အသားအရေ ဖြူဖွေးဝင်းမွတ်နေပြီး အစိမ်းရောင်အဝတ်အစားနဲ့ လိုက်ဖက်လွန်းနေတယ်။ မျက်နှာကလေးကလည်း ပျိုမြစ်နုနယ်နေပြီး အလွန်အမင်းကို လှပနေလေတယ်။ " အမောင်...'' ဆည်းလှည်းသံလို ချိုလွင်လွန်းတဲ့ စန္ဒီရဲ့ အသံက ထွက်ပေါ်လာလေတယ်။ တပေါင်းလည်း စန္ဒီကို ပြုံးလို့ ကြည့်လိုက်မိလေတယ်။ " စန္ဒီ...သိပ်ကို သတိရနေတာ အမောင်ရယ်...'' " ဘာအတွက်ကြောင့်လဲ စန္ဒီ...'' တပေါင်းအနေနဲ့ မိန်းမတို့ရဲ့ စိတ်ခံစားချက်ကို နားမလည်ပါ။ ဒါကြောင့် ပြန်မေးလိုက်မိတယ်။ စန္ဒီကတော့ မျက်မှာ ကွက်ခနဲ ပျက်သွားလေတယ်။ ဒါပေမယ့်လည်း ချက်ချင်း ပြန်ထိန်းလိုက်လေတယ်။ " အမောင်...သိန္နောမြင်းကို ရပြီးပြီဆိုတော့ မကြာခင်မှာ မန္တာန်ကိုလည်း ရတော့မယ်ထင်တယ်...'' " ဘာ မန္တာန်လဲ စန္ဒီရဲ့...'' " အို အမောင်ရယ်။ မဏိမန္တာန်နဲ့ သုံးပုံဆောင် မန္တာန်ကိုလေ...'' " အဲ့ဒါက ဘာမန္တာန်တွေတုန်း စန္ဒီရယ်။ ရှင်းပြပါဦး...'' တပေါင်းက သိန္နောမြင်း ဇဝနကို ပွတ်သပ်နေရင်းက မျက်မှောင်ကြုတ်ကာ စန္ဒီကို ပြန်မေးလိုက်လေတယ်။ " ဪ...အမောင်ရယ်။ အဲ့ဒီ့မန္တာန်တွေက ပုဏ္ဏကနတ်ဘီလူးမင်းရဲ့ ကိုယ်ပိုင်မန္တာန်တွေလေကွယ်။ ပုဏ္ဏက မျိုးနွယ်စုကို အုပ်စိုးမယ့် မင်းလောင်းတိုင်းက ဒီမန္တာန်ကို ကိုယ်နဲ့ စိတ်မှာ တည်ပြီးမှ ရတာလေ...'' " ဪ...ဒါဖြင့် အမောင်က အဲ့ဒီ့မန္တာန်တွေကို ရရှိဖို့ ဆက်ပြီး ကြိုးစားရမှာပေါ့...'' " အမှန်ပါပဲ အမောင်...'' တပေါင်းလည်း သိန္နောမြင်းဇဝနကို အနားကနေ ဖယ်ခွာပြီး နေရာပြန်ဖို့ ပြောလိုက်လေတယ်။ သိန္နောမြင်းဇဝနက အနားက ပြေးထွက်သွားတော့ တပေါင်းက စန္ဒီကို ကြည့်လိုက်လေတယ်။ " ဒါနဲ့ အမောင့်ကို သတိရနေတယ်ဆိုတာကကော...'' စန္ဒီဘက်က အဖြေမပေးရသေးတဲ့စကားကို တပေါင်းက မေးလိုက်လေတယ်။ ဒီမေးခွန်းကြောင့် စန္ဒီရဲ့ မျက်နှာက ပန်းသွေးရောင်လွှမ်းလို့ သွားရလေတယ်။ စန္ဒီတစ်ဖက်ကို လှည့်လိုက်လေတယ်။ " အမောင့်ကို သတိရလို့ပေါ့ အမောင်ရယ်...'' မေးခွန်းအတွက်ကို စန္ဒီက မဖြေပဲ မနေ။ တိုးတိမ်တဲ့အသံနဲ့ ဖြေလေတယ်။ " အမောင် ရောက်မလာတာ ကြာလို့ထင်တယ်...'' လူအကြီး တပေါင်းရဲ့စကားကြောင့် စန္ဒီလည်း စိတ်ညစ်ညူးသွားရလေတယ်။ စန္ဒီ တပေါင်းဆီကို မျက်ဝန်းများ ဝင့်လို့ ကြည့်လိုက်လေတယ်။ " အမောင်...စန္ဒီ ခံစားချက်ကို မသိတာလားဟင်။ ပြီးတော့ စန္ဒီတို့က တစ်ချိန်မှာ ဘယ်လိုအခြေအနေနဲ့ ရှိမယ်ဆိုတာ အမောင် တကယ်ပဲ သတိမရတာလား...'' တပေါင်း ခေါင်းကို ကုတ်လိုက်မိလေတယ်။ " အမောင် အခု​ထိတော့ ဘာမှ မသိမိသေးဘူး.စန္ဒီရယ်...'' တပေါင်း ​တုန့်ပြန်ပြောလိုက်လေတယ်။ စန္ဒီကတော့ တပေါင်းကို စူးစိုက်စွာနဲ့ စေ့စေ့ကြည့်လိုက်လေတယ်။ စန္ဒီရဲ့ အကြည့်ကြောင့် တပေါင်းလည်း အနေရအလွန်ခက်သွားရလေတယ်။ " ဘာ...ဘာဖြစ်လို့လဲ စန္ဒီ...'' တပေါင်း စကားတွေတောင် ထစ်သွားရတယ်။ " ဘာမှမဟုတ်တော့ဘူး။ အမောင် အဲ့ဒါတွေအားလုံးကို အချိန်တန်ရင် သိလာရလိမ့်မယ်...'' စန္ဒီက ပြောပြီးနောက် ချာခနဲ ပြန်လှည့်လိုက်တယ်။ တပေါင်းလည်း စန္ဒီ့ကို ဘယ်လိုမှ နားမလည်နိုင်ဖြစ်မိပြီး ဘာဆက်ပြောရမယ် မသိမိတော့ဘူး။ ***** နားထဲမှာ ကျွတ်စီကျွတ်စီ အသံတွေကြောင့် တပေါင်း မျက်ဝန်းများ ဖွင့်ကြည့်မိရလေတယ်။ ပြင်ပဆီမှာတော့ မိုးက စုန်းစုန်းမှောင်နေဆဲပဲ။ အချိန်က ဘယ်လောက်ရှိပြီ မသိ။ သေချာတာကတော့ သန်းခေါင်ယံကျော်လောက်ပြီလို့ တပေါင်း တွေးလိုက်မိလေတယ်။ အနီးပတ်ချာလည်ကို တပေါင်း ကြည့်မိလေတော့ မိုက်ကြီးတို့တစ်သိုက်လည်းပဲ အစီအရီ အိပ်စက်လို့ နေလေတယ်။ တပေါင်းရဲ့နားထဲမှာ အသံတွေက ဆက်ပြီး ကြားနေရတုန်းပဲ။ ဘယ်က ထွက်နေတဲ့ အသံတွေလဲလို့ တွေးမိရင်း တပေါင်း လှဲအိပ်နေရာကနေ ထလိုက်လေတယ်။ ဒီအခါ ချက်ပြုတ်ထားတဲ့ အိုးခွက်တွေနေရာမှာ ပြေးလွှားနေကြတဲ့ အကောင်လေးတွေကို တပေါင်း လှမ်းမြင်ရလေတယ်။ " ဘာကောင်တွေပါလိမ့်...'' တပေါင်း ရေရွတ်မိလိုက်တယ်။ အကောင်လေးတွေက ကြောင်လိုလို မျောက်လိုလိုနဲ့ ရှိနေလေတယ်။ လှုပ်ရှားမှုတွေက အလွန်လျှင်မြန်ပြီး လျှပ်ပြက်သလိုပဲ အိုးခွက်တွေကြားမှာ ပြေးလွှားလို့ အကြွင်းအကျန်များကို စားသောက်နေလေတယ်။ " တပေါင်း...အဲ့ဒါ မှင်စာတွေပဲ...'' စိတ္တရဲ့ အသံက တပေါင်းနားထဲကို တိုးဝင်လာလေတယ်။ " သူတို့က ဘယ်က ရောက်လာတာလဲ စိတ္တ...'' " ငါလည်းပဲ မပြောတတ်ဘူး တပေါင်း။ သေချာတာကတော့ သူတို့က အန္တရာယ်မပေးဘူးမို့ စားပါစေ...'' " အေးပါ။ အန္တရာယ်မပေးဘူးဆိုရင်တော့ နေပါစေတော့...'' တပေါင်းလည်း ပြောပြီ ပြန်အိပ်ဖို့ ဟန်ပြင်လိုက်လေတယ်။ ဒါပေမယ့် သူ့စိတ်ထဲ တစ်စုံတစ်ခုကို အာသာပြင်းပြင်း တောင့်တနေမိသလို ရှိရလေတယ်။ အရက်...။
285
5
" ဒါနဲ့ သားတော်...'' " မိန့်တော်မူပါ ခမည်းတော်...'' " သားတော် သုရာရည်ကို စွဲမက်နေတယ်ဆို...'' တပေါင်း ပြန်ဖြေဖို့ ခက်ခဲသလို ဖြစ်နေရတဲ့အတွက် နှုတ်ဆိတ်နေမိတယ်။ " ဖြေပါ သားတော်...'' " မှန်ပါတယ် ခမည်းတော်။ သားတော် သုရာရည်ကို နှစ်သက်စွဲလန်းမိပါတယ်...'' ပုဏ္ဏကဘီလူးမင်းကြီးက သားတော်ဖြစ်သူကို ကြည့်ပြီး ခေါင်းကို တဆတ်ဆတ် ညိတ်လေတယ်။ " အင်း...သုရာသေရက်ဆိုတာက ကောင်းတာတော့ မကောင်းဘူး။ ဒါပေမယ့်လည်း သားတော်က နှစ်သက်စွဲလန်းတယ်ဆိုတော့ ခမည်းတော်လည်း မကန့်ကွက်လိုပါဘူး။ သာမန်လူသားဆိုရင်တော့ သေရက်က အုပ်လွှမ်းသွားနိုင်ပေမယ့် သားတော်ကိုတော့ သေရက်က ဘယ်လိုဖြစ်နေပါစေ အုပ်လွှမ်းနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သားတော်စိတ်ကြိုက်လုပ်ပါ...'' " မှန်လှပါ ခမည်းတော်...'' တပေါင်းရဲ့ အဖြေစကားအဆုံးမှာတော့ ခမည်းတော် ပုဏ္ဏကဘီလူးမင်းက ထိုင်ရာကနေ ထရပ်ပြီး တပေါင်းရှိရာဆီကို လှမ်းလာလေတယ်။ ဒီအချင်းအရာကြောင့် တပေါင်းလည်း ထရပ်လိုက်တယ်။ " သားတော်ရဲ့ စွမ်းဆောင်ရည်ကြောင့် ခမည်းတော်တုန်းကတောင် ရရှိဖို့အတွက် လူသက်တမ်း အနှစ်လေးဆယ်လောက် ကြိုးပမ်းခဲ့ရတဲ့ သိန္နောမြင်းကို အခု ပိုင်ဆိုင်ရပြီ။ လာ...ခမည်းတော်ကိုယ်တိုင် သားတော်ကို လိုက်ပြမယ်...'' ပုဏ္ဏကဘီလူးမင်းကြီးက တပေါင်းကို အတူခေါ်ပြီး နန်းဆောင်ကြီးရဲ့ နောက်ဘက်ကို သွားလေတယ်။ နန်းဆောင်ကြီးအနောက်ဘက်မှာတော့ လှပလွန်းတဲ့ ကျောက်စိမ်းပန်းဥယျာဥ်ကြီး ရှိနေလေတယ်။ အရှေ့အခါများက တပေါင်းအနေနဲ့ ဒီနေရာဆီကို ရောက်မလာခဲ့ဖူးဘူး။ တပေါင်းလည်း လှပလွန်းတဲ့ ဥယျာဥ်ကြီးကို လိုက်လံငေးမောလို့ ကြည့်နေမိတယ်။ တစ်နေရာဆီကို ရောက်တော့ ခမည်းတော်ပုဏ္ဏကဘီလူးမင်းက ခြေလှမ်းများကို ရပ်လိုက်လေတယ်။ တပေါင်းလည်း ခြေလှမ်းများကို ရပ်လိုက်ချိန်၊ ဥယျာဥ်ရဲ့ တစ်နေရာဆီက မြင်းဟီသံကို ကြားလိုက်ရလေတယ်။ " သားတော်...သူ့ကို လာခဲ့ဖို့ အသံပေးလိုက်ပါ...'' ခမည်းတော်ပုဏ္ဏက'က ပြောလိုက်တယ်။ ဒီအခါ တပေါင်းလည်း အသံကြားရာဘက်ကို လက်ကို ဆန့်တန်းလိုက်လေကာ...။ " ငါ့ဆီ လာခဲ့ပါ...'' တပေါင်း ခပ်တိုးတိုး ရေရွတ်လိုက်တယ်။ ဒီစကားရဲ့ အဆုံးမှာတော့ မြင်းဟီးသံရှည်တစ်ခုက ထပ်မံထွက်ပေါ်လာပြီး မြင်းခွာသံများကလည်း တဖြောင်းဖြောင်း ထွက်ပေါ်လာလေတယ်။ တပေါင်း ကြည့်နေမိတုန်းမှာပဲ ရွှေရောင်အဆင်းနဲ့ သူရှိရာဆီကို ပြေးလာနေတဲ့ မြင်းတစ်ကောင်ကို တွေ့လိုက်ရလေတယ်။ သိန္နောမြင်း...။ ဒီမြင်းကို အရင်တစ်ခါက မြင်ခဲ့ရချိန်မှာ အဖြူစွတ်စွတ်အဆင်းသာ ရှိခဲ့လေတယ်။ အခု အဖြူရောင်ကိုမှ ရွှေရောင်ဝင်းနေလေတော့ တပေါင်းလည်း တအံ့တသြဖြစ်ပြီး ငေးကြည့်နေမိတယ်။ " သားတော်ရဲ့ စွမ်းဆောင်မှုတွေက သူက ပြည့်စုံလာတာပဲ။ သူ့ရဲ့ နဖူးသင်းကျစ်က ကျောက်မိကျောင်း အမြုတေနဲ့ လုပ်ဆောင်ထားတယ် သားတော်...'' ခမည်းတော်ရဲ့ စကားအဆုံးမှာ မကြာခင်ကမှ သူတိုက်ခိုက်ထားဖြစ်တဲ့ ကျောက်မိကျောင်းကြီးဆီက ရရှိခဲ့တဲ့ အနီရောင်ကျောက်ကို သတိရမိလေတယ်။ ခမည်းတော်ပုဏ္ဏကမင်းအပါအဝင် အားလုံးက တပေါင်းနဲ့ သိန္နောမြင်းဖြူကိုပြုံးပြုံးကြီးတွေ ကြည့်နေကြတယ်။ မြင်းဖြူက တပေါင်းရှိရာဆီကို ရောက်လာရင်း အလွန်အမင်း ရင်းနီးကျွမ်းဝင်ဟန်နဲ့ ထိတွေ့ပွတ်တိုက်လေတယ်။ တပေါင်းလည်း သိန္နောမြင်းကို ကြည့်ပြီး သူ့ဘဝထဲပထမဆုံးသော ပျော်ရွှင်မှုကို ခံစားရရှိလေတယ်။ " သားတော် သူ့ကို နာမည်ပေးလိုက်ပါ...'' ခမည်းတော်ပုဏ္ဏက'က ပြောလေတယ်။ တပေါင်းလည်း သူ့လက်ထဲက သိန္နောမြင်းဖြူကို ပီတိမျက်ဝန်းများနဲ့ ကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာ နာမည်အတွက် ထွေထူးပြီးတော့ စဥ်းစားစရာ မလိုဘူး။ နာမည်တစ်ခုက နှုတ်ဖျားဆီကို ရောက်ရှိလာတယ်။ " သူ့ကို ဇဝနလို့ ပေးလိုက်မယ်...'' " ဇဝန...လျှင်မြန်ဖျတ်လတ်မှုနဲ့ အရှိန်အဟုန်ပြင်းထန်မှုကို ကိုယ်စားပြုတာပဲ...'' တပေါင်းပေးအပ်တဲ့ အမည်ကို ခမည်းတော်ပုဏ္ဏက'က အနက်ဖွင့်လို့ သဘောကျစွာ ပြုံးလေတယ်။ တပေါင်းကတော့ ရွှေရောင်သန်းနေတဲ့ မြင်းဖြူကြီးကို တစ်ဖန်ပြန်ကြည့်လိုက်တယ်။ " မင်းနာမည်က ဇဝနဖြစ်သွားပြီ။ မင်းကို ဇဝနလို့ ခေါ်ရင် ဘယ်အရပ်က​ဖြစ်ဖြစ် မင်းက အရောက်လာပါ...'' တပေါင်းရဲ့စကားကြောင့် မြင်းဖြူကြီးက ဟီသံကို ပြုကာတုန့်ပြန်လေတယ်။ " သားတော်။ သူ့ကို စီးနင်းလိုက စီးနင်းချေစမ်းပါဦး...'' ခမည်းတော်ပုဏ္ဏက'က ပြောလေတယ်။ တပေါင်းက ခေါင်းကို ခါရမ်းလိုက်လေတယ်။ဘ " အခုနေတော့ သားတော်မစီးနင်းသေးပါဘူး ခမည်းတော်...'' " အင်း...ဒါဖြင့်လည်း သားတော် သူနဲ့ ရင်းနီးမှုရှိလာအောင် နေလိုက်ပါဦး။ ခမည်းတော် ဝေဂန္တတောင်မှာ နတ်မင်းခုနှစ်ပါး အစည်းအဝေးရှိလို့ သွားလိုက်ဦးမယ်...'' " မှန်လှပါ ခမည်းတော်...'' တပေါင်းက အရိုအသေပေးပြီး ပြောပြီးတဲ့နောက်မှာတော့ ခမည်းတော်ပုဏ္ဏကဘီလူးမင်းနဲ့ အခြွေအရံများက နေရာကနေ ထွက်ခွာသွားလေတော့တယ်။ ဥယျာဥ်ထဲဆီမှာတော့ တပေါင်းနဲ့ သိန္နေမြင်းဖြူကြီးသာ ကျန်ရစ်လေတယ်။ တပေါင်းက ကတ္တီပါမွေးလို နူးညံ့လွန်းတဲ့ မြင်းဖြူကြီးရဲ့ အမွေးတို့ကို ပွတ်သပ်ရင်း ပီတိမျက်ဝန်းများနဲ့ ကြည့်နေမိတယ်။ သိန္နောမြင်းဖြူဆိုတာက ပုဏ္ဏကဘီလူးနွယ်ရဲ့ အထွဋ်အထိပ် လက်နက်တစ်ခုပါ။
222
6
မဟာပုဏ္ဏက စာစဥ် ၁၃။ အမေရိဿ'ကျေးရွာ ထမံ(တောင်ငူ) **** တပေါင်းတစ်ယောက် ကူးတို့ဆိပ်ဆီမှာ နှစ်ရက်အကြာ နေဖြစ်ခဲ့တယ်။ ဒီအတောအတွင်းမှာ မိုက်ကြီးတို့လူစုက တပေါင်းကို အမျိုးစုံသော နည်းလမ်းတို့နဲ့ ခယကြတယ်။ တပေါင်းကလည်း ဒါမျိုးကျ အားနာပါးနာ ငြင်းဆန်မယ့်အထဲမှာ မပါဘူး။ ဘာကြောင့်ဆိုတော့ မိုက်ကြီးတို့ဆိုတာက သူတို့ စင်ပေါ်ကို ရောက်ချိန်မှာ ရိုင်းပြခဲ့ပြီးကြပြီ မဟုတ်လား။ ဒါကြောင့် စင်အောက်ကို တစ်လှည့်ပြန်ရောက်ချိန်မှာ ကောင်းကောင်းကြီးကိုပဲ မှတ်သားနောင်ကြဥ်အောင် ဖိနှိမ်ထားလိုက်လေတယ်။ " ကိုမိုက်ကြီး။ ကျုပ်က ဦးလေးမြအေးကို ကူးတို့ဆိပ်ရဲ့ သူကြီးနေရာ ပြန်ပေးတာကို ခင်ဗျား ကျေနပ်သလား...'' တပေါင်းက မိုက်ကြီးကို သတိရတိုင်း ဒီအကြောင်းကို မေးဖြစ်တယ်။ မူးနေလည်း မေးတယ်။ မသောက်မစားပဲ အကောင်းပကတိ ရှိနေလည်းပဲ မေးလေတယ်။ မိုက်ကြီးဘက်ကတော့ ဘယ်တော့မေးမေး သူလက်ခံပါတယ်ဆိုတာကိုပဲ ရိုကျိုးစွာနဲ့ ပြောလေတယ်။ တပေါင်းနဲ့ မိုက်ကြီးက အသက်အားဖြင့် ဆယ်နှစ်ကျော် ကွာဟပါတယ်။ အသက်က ဘယ်လိုပဲကွာဟပါစေ။ မိုက်ကြီးကတော့ တပေါင်းကို တစ်ခါနာ တစ်သက်မှတ်ဆိုသလိုပဲ တပေါင်းကို မြဲမြံနေအောင် ကြောက်လန့်သွားခဲ့ပါပြီ။ ဒါကြောင့် တပေါင်း မျက်ကွယ်ရာဆီ ထွက်သွားဖြစ်ပြီဆိုရင်တောင်မှ စကားအမှား အသေးအမွှားတောင် မပြောတော့ပဲ ရှိလေတယ်။ ဦးမြအေးကတော့ တပေါင်းကြောင့် သူ့ရဲ့ အရင်နေရာကို ပြန်လည်လက်ခံရရှိလို့ ဝမ်းသာလွန်းမက ဝမ်းသာနေလေတယ်။ " ညီလေး တပေါင်း။ အစ်ကိုတို့ ကျေနပ်ပါတယ်ကွာ။ နောက်ပြီး အစ်ကိုတို့ကို စိတ်ချပါ။ မင်းပြန်သွားတဲ့နောက်မှာ ဦးလေးမြအေးကို ငါတို့ မနှောက်ယှက်တော့ပါဘူး...'' မိုက်ကြီးက ကတိစကားကို ဆိုလေတယ်။ ဦးမြအေးကလည်း အရှေ့က ဖြစ်ပျက်ခဲ့တာတွေအတွက် မိုက်ကြီးတို့အပေါ် ဗွေမယူပဲ ခွင့်လွှတ်ပေးလေတယ်။ နှစ်ဦးနှစ်ဖက်က ကတိကဝတ်တည်ခဲ့တာကြောင့် အဆင်ပြေခဲ့ပါပြီ။ ဒီနှစ်ရက်တာ ကာလအတွင်းမှာ တစ်ဖက်ကမ်းမှာ ကျန်ရစ်ခဲ့တဲ့ တိမ်လွှာတို့အဖွဲ့ကတော့ ဒီဘက်ကို ပြန်ကူးလာတာကို တပေါင်းအနေနဲ့ မမြင်မိဘူး။ ဒီအတွက် တိမ်လွှာတို့ တစ်ခုခုများ ဖြစ်နေသလားရယ်လို့ တပေါင်း ထင်မိတယ်။ စိတ္တကို တစ်ဖက်ကမ်းဆီကို စေလေတယ်။ စိတ္တပြန်လာတော့ တိမ်လွှာတို့က ဒီဘက်ကို ပြန်ကူးမလာပဲ တစ်ဖက်ကမ်းအတိုင်းပဲ ခရီးဆက်သွားတာပဲဖြစ်တယ်လို့ သိရလေတယ်။ မနက်ဆိုရင်တော့ တပေါင်း ပြန်ပါတော့မယ်။ ညပိုင်းအချိန်ကိုရောက်တော့ ဦးမြအေးတို့လင်မယားက ကူးတို့ဆိပ်က လူတွေအားလုံးကို စုဝေးပြီး ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေးလေတယ်။ တပေါင်းလည်း ထမင်းစားပြီးနောက်မှာ အလိုလိုနေရင်း တစ်ခဏတာ မှေးခနဲ ဖြစ်သွားရလေတယ်။ တပေါင်း အိပ်ပျော်သွားခဲ့ချိန်မှာတော့ နာမ်စိတ်က ကိုယ်ကနေခွာပြီး ကျောက်စိမ်းနန်းတော်ကြီးဆီကို လွင့်မျောလို့သွားနေလေတယ်။ ဒီတစ်ကြိမ်တော့ အရှေ့အခါများကလို တပေါင်းအနေနဲ့ အံ့သြစိတ် သိပ်မဖြစ်မိတော့ဘူး။ အစိမ်းရောင် တောက်နေတဲ့ နန်းတော်ကြီးဆီကို ရောက်တော့ အစောင့်အရှောက်များ ပိုမိုလို့ ထူထဲသိပ်သည်းနေတာကို မြင်ရလေတယ်။ ဒီ့အပြင် အစောင့်များထဲမှာ ကာယဘီလူးထက်ကို အကောင်ထွားထွားနဲ့ အနီရောင်ဝတ် နတ်ဘီလူးများကိုလည် မြင်ရလေတယ်။ တပေါင်း နန်းဆောင်အရှေ့မှာ ဆင်းလိုက်တော့ ရှိရှိသမျှ အစောင့်အကြပ်များက တစ်ည်ီတစ်ညွတ်ထဲ အရိုအသေ ပေးကြလေတယ်။ " ခမည်းတော်က မင်းသားကို စောင့်နေပါတယ်...'' အ​စောင့်ဘီလူးတစ်ကောင်က ရိုကျိုးစွာနဲ့ ပြောတော့ တပေါင်း မျက်ခုံးများ ပင့်တက်သွားမိရလေတယ်။ သူ့အနေနဲ့ မဟာပုဏ္ဏကရယ်လို့ သိပြီးတဲ့နောက်ပိုင်း မယ်တော်ကိုသာ ​ဖူးမြင်ခဲ့ရပေမယ့် ခမည်းတော်ကိုက တစ်ခါမှ မဖူးမြင်ခဲ့ရဘူး။ အခုမှ မြင်ရမယ်ဆိုတော့ လူကတော့ အနည်းငယ်ရွံ့တွန့်သွားရလေတယ်။ ဒိအခိုက် နန်းဆောင်ထဲဆီကနေ ဘီလူးကြီးတစ်ကောင်က ထွက်လာပြန်လေတယ်။ " ခမည်းတော်က စောင့်နေပါတယ် မင်းသား...'' ဘီလူးကြီးက အရိုအသေပေးပြီး ပြောလာပြန်တော့ တပေါင်းလည်း ကျောက်စိမ်း လှေကားထစ်များအတိုင်း အပေါ်ကို တက်လိုက်လေတယ်။ အပေါ်ဘက်မှာတော့ အခြွေအရံတွေ အလွန်များပြားစွာနဲ့ ရှိနေတာကို တွေ့ရလေတယ်။ တပေါင်း အရှေ့ကို ဆက်လှမ်းလာတော့ ရာဇပုလ္လင်ထက်ဆီမှာ မိန့်မိန့်ကြီး ထ်ိုင်နေတဲ့ အဖပုဏ္ဏကဘီလူးမင်းကို တွေ့ရလေတယ်။ " သားတော် ခစားလာပြီပဲ...'' ခမည်းတော် ပုဏ္ဏကဘီလူးမင်းကြီးဆီက စကားသံကြောင့် တပေါင်းလည်း ဒူးထောက်လို့ ခစားလိုက်မိလေတယ်။ " ထပါ...သားတော်...'' ခမည်းတော်ဆီက တည်ကြည်အေးချမ်းတဲ့အသံအဆုံး တပေါင်းလည်း မတ်တပ်ထရပ်လိုက်လေတယ်။ " ထိုင်ပါ သားတော်...'' ခမည်းတော် ညွှန်ပြရာ ခုံဆီမှာ တပေါင်းလည်း သွားထိုင်လိုက်လေတယ်။ ခမည်းတော် ပုဏ္ဏကဘီလူးမင်းရဲ့ မျက်နှာဆီကို မော်ဖူးတော့ ကြည်လင်ခန့်ညားလွန်းတဲ့ ဥပဓိရုပ်အသွင်နဲ့ လူကြီးတစ်​ယောက်ကို မြင်ရလေတယ်။ အစက တပေါင်း အနေနဲ့ ခမည်းတော်ကို ဘီလူးအသွင်နဲ့သာ မြင်ရမယ်လို့ ထင်မိထားလေတယ်။ " သားတော်ရဲ့ လုပ်ရည်ကိုင်ရည်တွေကို ခမည်းတော် သဘောကျမိပါတယ်။ ရှေ့ဆက်ပြီး ဒီထက်ပိုစွမ်းနိုင်ဦးမှာကို ခမည်းတော်က ယုံကြည်နေပါတယ် သားတော်...'' " ကျေးဇူးတင်ပါတယ် ခမည်းတော်...'' တပေါင်းက ရိုကျိုးစွာနဲ့ ပြောလိုက်လေတယ်။
307
7
لا يوجد نص...
354
8
sticker.webp
766
9
"ဟုတ်ကဲ့" ၀ကြီးလည်းမှောင်မဲမဲမှာ အလောင်းကောင်များကိုမြေကျင်းအသီးသီးမှာပြန်မြှုပ်ပြီးတော့ဇရပ်ရှေ့မှာရပ်ကာ "ဆရာ ကျနော် ဒီရွာကအပြီးထွက်သွားပါတော့မယ်" ဒီအချိန် ဟီးဟီးဟဲဟဲငြီးသံကြီးထွက်လာရာအသံလာရာကိုကြည့်လိုက်တော့ ကုက္ကိုပင်ပေါ်ကနေ အရပ်ဆယ်ပေလောက် မဲမဲသတ္တဝါကြီးက ဆင်းလာပြီးရုက်တရက် ၀ကြီးရဲ့ကျောကိုရိုက်ချလိုက်ရာ ၀ကြီးဟက်ထိုးလဲကျသွားပြီးပါးစပ်ကသွေးများအန်ထွက်လာတယ်။၀ကြီးမှာကြောက်လန့်တကြားအော်ဟစ်ကာ သုဿာန်ကနေရွာဘက်ကိုပြေးထွက်သွားတော့တယ်။သစ္စာမဲမဲသတ္တဝါကိုကြည့်လိုက်ရာ မြေမှာဒူးထောက်ပြီးထိုင်နေတယ်။ "သင်ကဘယ်သူလဲ" "ကျနုပ်ကဒီသင်္ဂြိုင်းစောင့်ပြိတ္တာ ငရွှေဦးပါ။ဒီလူက ကျနုပ်တို့ကိုအမျိုးမျိုးအနိုင်ကျင့်ခိုင်းစေနေတာ။သင်းအစွမ်းအစတွေမရှိတော့လို့ဆင်းရိုက်တာပါ" သစ္စာကဆိက်ဆိက်သာနေရာမဲမဲသဏ္ဌာန်ပြိတ္တာငရွှေဦးလည်းနေရာကဝေဝါးပျောက်ကွယ်သွားတော့တယ်။မိုးလင်းတော့စိတ်မချမ်းသာစရာသတင်းကဗေဒင်မေးအစီရင်တောင်းသူတွေဆီက ကြားရတယ်။၀ကြီးတစ်ယောက်သူ့အိမ်မှာ သေဆုံးနေကြောင်းနဲ့ဒေါ်မဲကြီးမှာလည်းညကပင်သေဆုံးသွားကြောင်းကြားကြရတယ်။ သစ္စာတို့ရိုးကြီးတန်းသုဿာန်မှာ အဓိဌာန်ကိုးရက်ပြီးတဲ့နောက်တစ်နေ့မှာ လပွတ္တာမြို့၊မြသန်းတန်စေတီမှာ ရွှေသင်္ကန်းများကပ်လှူကာ စရဏအဓိဌာန်ထွက်ပွဲအောင်ဓာတ်ခင်းကာ သံသရာကကျွတ်လွတ်ထိုက်သူအဆက်အနွယ်များကိုအမျှအတန်းဝေလိုက်ကြလေတော့တယ်။မြသန်းတန်ဘုရားကုန်းတော်ကနေလပွတ္တာမြို့ရဲ့ပင်လယ်နဲ့မြစ်ချောင်းများလယ်ကွင်းစိမ်းစိမ်းများကို သစ္စာကအားရ‌အောင်ကြည့်ကာ "ကဲ မောင်မြရေ ၊အစ်ကိုက ကျွန်းနက်သားနဲ့ထုဆစ်ထားတဲ့ရှင်သီ၀လိရဟန္တာဆင်းတုကို အမှတ်တရပေးခဲ့မယ်။ကံမကုန်ရင်ငါတို့ပြန်ဆုံကြတာပေါ့" လက်နှစ်သစ်သာသာကျွန်းနက်ဆင်းတုကိုမောင်မြကရိုသေစွာယူလိုက်ပြီးသစ္စာကိုထိခြင်းငါးပါးနဲ့ထိုင်ကာရှိခိုးလိုက်လေတော့တယ်။ ဆက်ရန်.....
720
10
"ဆဆရာ၊ကျကျနော်ကြောက်တယ်" မောင်မြကအကြောက်လွန်နေပြီဖြစ်ရာ ဆီးများပင်ထွက်ကြနေတာကြောင့် တစ်ခုခုဖြစ်မှာကိုသစ္စာစိုးရိမ်လာတယ်။တဖြေးဖြေးလာနေတဲ့ဖုတ်ကောင်များကဇရပ်ရှေ့ကိုရောက်နေကြပြီ။သစ္စာသူ့လက်ထဲက ဆန်မန်းနဲ့ ဖုတ်ကောင်များရှိရာပစ်ပေါက်လိုက်ရာဖုတ်ကောင်များမှာ မီးပွားတွေထွက်ပြီးအတော်ဝေးဝေးကိုလွင့်စင်ကုန်တယ်။ပြန်မထလာနိုင်ကြတော့။သစ္စာကသူ့လွယ်အိတ်ထဲက ငွေကြိုးကလေးကိုထုတ်ယူလိုက်ပြီး ၀တစ်လုံးရှိတဲ့နဖူးမှာကပ်ကာ မန္တာန်တစ်ပုဒ်ကိုရွတ်လိုက်တော့ငွေကြိုးကလေးကအရောင်လတ်နေတဲ့သံကြိုးဖြစ်ကာ ကြိုးတစ်စ အရှိန်နဲ့သုဿာန်အနောက်ဖက်ကိုပြေးထွက်သွားပြီး မဲမဲအရိပ်တစ်ခုကကြိုးနဲ့အတူပြန်ပါလာကာ ဇရပ်ရှေ့ကိုဘုက်ကနဲပြုတ်ကျလာတယ်။ဘာသံမှတော့မထွက်ပေ။ သစ္စာကကြိုးကိုတောင့်လိုက်ရာမဲမဲအရိပ်သဏ္ဌာန်ဆီကလျပ်စစ်များထွက်ပြီး မဲမဲအရိပ်မှာထွန့်ထွန့်လူးနေရာသစ္စာက အသေအချာငုံ့ကြည့်လိုက်ပြီး "သတ္တိကတော့မချီးကျူးလို့မရဘူး။ကြိတ်မှိတ်ခံတယ်။တစ်စက်မငြီး၊မအော်ဘူး" "တောက်..." ဒီအခါမှ မဲမဲအရိပ်ဆီက တတ်ခေါက်သံထွက်ပေါ်လာတယ်။ "စိုင်းသွေး ညီဓာတ်မီးထိုးစမ်း" စိုင်းသွေးက ဓာတ်မီးကိုပြေးယူကာ မဲမဲအရိပ်ကိုလှမ်းထိုးလိုက်တယ်။ "ဟာ ဦး ဦး၀ကြီး" "မောင်မြမင်းသူ့ကိုသိသလား" အခန်း ၁၀။ "သိသိ သိပါတယ်။ ဦး၀ကြီး။ရိုး ရိုးကြီးတန်းကပါဆရာ" "ကဲ ဟေ့လူ၊ ခင်ဗျားက တစ်ရွာတည်းသားချင်းဘာကြောင့်များ ရက်ရက်စက်စက် ကြံတာလဲ" မြေပေါ်လဲနေတဲ့ကို၀ကြီးဆိုသူကဘာမှမပြောပဲ တစ်ဖက်ကိုလှည့်ကာ ခပ်တိုးတိုး ငြီးတွားလို့နေတယ်။သစ္စာက ကြိုးကိုအနည်းငယ်တင်းလိုက်ရာ ကို၀ကြီးဆိုသူ အောက်လမ်းဆရာရဲ့ ခန္ဓာကိုယ်ကမီးပွားများတဖျစ်ဖျစ်ထွက်ကာ "အ အမလေး၊သေ သေပါပြီ။ ငါ ငါပြောပါ့မယ်။ကြိုးကိုဖြေပေးပါသေရပါတော့မယ်" "ကောင်းပြီ။ခင်ဗျားကောင်းကောင်းမွန်မွန်ကျုပ်မေးတာဖြေမယ်ဆိုရင် ကြိုးဖြေပေးမယ်" ကို၀ကြီးကအတင်းကုန်းထကာထိုင်လိုက်ပြီး "ဟုတ် ဟုတ်ကဲ့" သစ္စာက ကြိုးကိုအသာဆွဲယူလိုက်ရာ ကြိုးကငွေမျှင်ကြိုးလေးဖြစ်ကာ သစ္စာလက်ထဲပြန်ရောက်လာတယ်။သစ္စာက ကြိုးကလေးကိုလွယ်အိတ်ထဲပြန်ထည့်လိုက်ပြီး "အပေါ်ကိုတက်လာခဲ့ ၊ကို၀ကြီး" သစ္စာခေါ်လိုက်တာကြောင့်ကို၀ကြီးက ကုက်ကုက်ကလေးတက်လာပြီးဇရပ်ကြမ်းပြင်မှာထိုင်ကာခေါင်းကိုငုံ့ထားလေတယ်။သစ္စာကကျားသစ်ရေအခင်းမှာပြန်ထိုင်လိုက်ပြီး "ပြောစမ်းပါဦး ၊ အကြောင်းစုံ" ကို၀ကြီးက မောင်မြကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး "ကျနော်မှားခဲ့ပါတယ်။ ကျနော်ကလုပ်ချင်လို့လုပ်တာမဟုတ်ပါဘူး။ ရွာသူဒေါ်မဲကြီးက အကူအညီတောင်းလို့ လုပ်ခဲ့မိတာပါ" ဒီလိုအစချီပြီး "ကျနော် ဒီပညာကို ပင်လယ်ကမ်းစပ်က ဆရာကြီးဆီမှာ တပည့်ခံပြီးသင်ခဲ့တာ။ ရည်ရွယ်ချက်က..ကျ ကျနော်က ရွာရဲ့နင်းပြားပါ။ စာလည်းမတတ်ပါဘူး။ကျ ကျနော့်သူငယ်ချင်း မောင် မောင်မြအဖေက ကျောင်းဆရာပါ။ ကျနော်က မြှုံးထောင် ပိုက်ချ။ပျိုးနှုက် သူရင်းငှားအစုံလုပ်ပါတယ်။ ကျ ကျနော် မောင်မြရဲ့အဖေကို အစကအားကျမိတယ်။လူတကာက ဆရာရယ်လို့လေးလေးစားစားရှိကြတယ်။ကျနော့်ဆိုရင်လူတွေက အဖတ်မလုပ်ကြဘူး။ နောက်တော့ ဆရာဆိုတဲ့လူတွေကိုမုန်းလာတယ်။သူတို့လိုကျနော်က စာမတတ်ပေမတတ် သူရင်းငှားကဆရာဖြစ်စရာအကြောင်းမရှိဘူး။ဆရာရယ်လို့လူတွေလေးစားတဲ့ လူဖြစ်ချင်ခဲ့တယ်။တစ်နေ့ ပင်လယ်ကမ်းစပ်ကရွာမှာ သူရင်းငှားသွားလုပ်ရင်း ဆရာကြီးနဲ့တွေ့တာ။ဆရာကြီးက အောက်လမ်းဆရာကြီး။လူတွေကအရမ်းကြောက်ကြလေးစားကြတယ်။ကျနော်အဒီဆရာကြီးဆီမှာတပည့်အဖြစ် သုံးနှစ်အတူနေပြီးဒီပညာကိုသင်ယူခဲ့တာ။ ကျနော်နောက်ရွာကိုပြန်လာပြီး ပယောဂဆရာအမည်ခံပြီး ရွာထဲကစုန်းတွေနဲ့အနီးအနားကစုန်းတွေကိုခေါ်ပြီး လူအထင်ကြီးအောင် အစိမ်းတိုက်၊မိစ္ဆာတိုက်၊အောက်လမ်းအတတ်နဲ့ ပြုစားတာဖမ်းစားတာဆေးကုတာလုပ်ခဲ့ပါတယ်။အခုကိစ္စမှာမမဲကြီးကအကူအညီတောင်းတော့တစ်လှည့်တစ်ပြန်ပြန်ကူညီပေးတာပါဆရာ" သစ္စာကခေါင်းတဆက်ဆက်ညိတ်ရင်း "ခင်ဗျားတော်တော်မိုက်တာပဲ။ခင်ဗျားဒီမငကာင်းတဲ့ပညာကို နောက်လုပ်ခွင့်မပေးတော့ဘူး။လုပ်ရင်တော့ခင်ဗျားကံဆိုးလိမ့်မယ်" "ကျနော်မလုပ်တော့ပါဘူး" သစ္စာက ဝါးဆစ်ခွက်နဲ့ ရေတစ်ခွက်ခပ်ယူပြီး "လိုက်ဆို" ဒီလိုပြောကာ ကို၀ကြီးကိုလိုက်ဆိုစေပြီးရေကိုတိုက်လိုက်တယ်။ "ဆရာလူယုတ်မာကို ဒီတိုင်းလွှတ်လိုက်မလို့လား။ကျနော်တော့ ထသတ်ချင်တော့တယ်" မောင်မြက ဒေါသတကြီးဆိုရာသစ္စာက လက်ကာပြပြီး "ခွင့်လွှတ်သီးခံလိုက်ပါ။ဒီလိုပရနဲ့စပ်တဲ့ကိစ္စကလက်ကိုင်ပြစရာမရှိသလို သူ့အကုသိုလ်အတိုင်းသွားပါစေ။ပြီးတာပြီးခဲ့ပြီ ။ကျန်တာကတော့ မောင်မြကိုယ်တိုင်ဘယ်သူကဘာလဲသိပြီ။ငါကတော့မေတ္တာပဲလက်ကိုင်ထားစေချင်တယ်" ကို၀ကြီးက ခေါင်းငုံ့ကာငိုနေတယ်။ "ကဲ ကိုယ့်လူ ခင်ဗျားလက်ချက်နဲ့ မြင်မကောင်းရှုမကောင်းဖြစ်နေတဲ့အလောင်းကောင်တွေ မိုးမလင်းခင်နေသားတကျ ပြန်မြှုပ်ပါ"
494
11
#ဝတစ်လုံးသစ္စာနှင့်မဟာဝိဇ္ဇာဥသျောင် အပိုင်း~၄၀။ အခန်း ၉။ "ငါ့သား မင်းပြန်ရင် အဖေ့ ဆေးလိပ်ဘူးယူသွားစမ်း။ဆေးကုန်နေပြီ။မနက်ကျရင် ဆေးနဲ့စက္ကူထည့်လာခဲ့" အဖေက ပွတ်ချွန်းဆေးလိပ်သောက်တာပါ။ပွတ်ချွန်းဆိုတာက ဆေးရွက်ကြီးကို ဓားနဲ့ပါးပါးလေးလှီးပြီး လေးလက်မပတ်လည်လောက် သတင်းစာစက္ကူဖြတ်စလေးထဲထည့်ပြီး ဖင်ချွန်းလိပ်ကလေးလုပ်ပြီးသောက်တာပါ။အဖေသွားလေရာသံဘူးလေးထဲမှာစက္ကူဖြတ်စ၊မီးခြစ်နဲ့ဆေးမှုန့်ပါတယ်။သစ္စာလည်းအဖေပေးလိုက်တဲ့ဆေးလိပ်ဘူးကိုပုဆိုးနဲ့လိမ်ကျောပိုးပြီးပြန်လာခဲ့တယ်။နေက၀င်သွားပြီ လမ်းမှာက မလှမ်းမကမ်းကသုဿာန်ကိုဖြတ်ပြီးသွားရမှာ။သစ္စာကငယ်ငယ်ကသရဲအင်မတန်ကြောက်တတ်သူ။ သစ္စာသုဿာန်နားရောက်တော့ ခြေလှမ်းခက်သွက်သွက်လေးလှမ်းလိုက်တယ်။ဒီအချိန်သူ့နောက်ကနေတဒေါက်ဒေါက်နဲ့အသံကိုကြားရတယ်။သူပြန်လှည့်ကြည့်တော့အသံကရပ်သွားတယ်။ဘာမှမရှိဘူး။ဒါနဲ့သူလည်းပြေးတာပေါ့။ပြေးလေသူ့နောက်ကတဒေါက်ဒေါက်နဲ့အသံက ထပ်ကြပ်မကွာလိုက်လေပဲ။လှည့်ကြည့်ရင်အသံကရပ်သွားတယ်။ဘာမှလည်းမတွေ့ရဘူး။ရွာထိပ်ရောက်တော့ သစ္စာကသရဲလိုက်လာတယ်။သရဲသရဲဆိုပြီးအော်ပြေးတာ။အိမ်ရောက်တော့သူ့အမေက မနည်းဆွဲထားရတယ် ။ဘေးအိမ်ကလူတွေကလည်း မန်းဟယ်မှုတ်ဟယ်နဲ့ဘုရားစင်ကသောက်တော်ရေတိုက်တာပေါ့။သစ္စာရဲ့အမေကကျောမှာပိုးလာတဲ့ပုဆိုးကိုဆွဲဖြုတ်ပြီးကြမ်းပြင်ပေါ်ပစ်ချလိုက်တော့ တစ်လမ်းလုံးတစ်ဒေါက်ဒေါက်နဲ့လိုက်ခြောက်တဲ့လက်သည်ကိုမိတာပဲ။လက်စသတ်တော့သူ့အဖေရဲ့ဆေးလိပ်သံဘူးထဲပါလာတဲ့ မီးခြစ်က သူပြေးလေအသံမြည်လေဖြစ်နေတာ။ "မင်းအဖြစ်ကလည်းသစ္စာရာ" "အေးပါ ငါက တစ်ခါတလေမစူးစမ်းပဲကိုယ့်စိတ်ကကိုယ့်ကိုပြန်ခြောက်လှန့်တတ်တာကိုပြောတာ။ဒီအချိန်သုဿာန်တစ်နေရာက ဝါးလုံးတွေတစ်ခုနဲ့တစ်ခုတိုက်မိတဲ့အသံကိုကြားလိုက်ကြတယ်။ "ငါ့ကောင် ဒါကတော့ ကိုယ့်စိတ်ကကိုယ့်ကိုပြန်ခြောက်တာတော့မဟုတ်လောက်ဘူး" သစ္စာက အသံလာရာဆီကဲကြည့်လိုက်ရာ ညနေကမြှုပ်သွားတဲ့မိန်းကလေးရဲ့မြေပုံပေါ်က ဝါးကပ်၊ရေချိုးခုံနဲ့တလားစင်ကိုဖျက်ပုံထားတဲ့၀ါးလုံးများက လှုပ်နေတာကိုတွေ့ရတယ်။မြန်မာ့ကျေးလတ်အစဉ်လာမှာ လူသေတဲ့အခါ ဝါးများကိုအရပ်နဲ့တိုင်းဖြတ်ပြီးခြမ်းကာကြမ်းခင်းနှစ်ထပ်လုပ်ရတယ်။လူသေကိုရေချိုးးပေးပြီး ခေါင်းထဲမထည့်မချင်း အိမ်ပေါ်မှာ အခင်းနှစ်ထပ်ဝါးကပ်ပေါ်ပြင်ထားရတယ်။မသာချတဲ့အခါမှာ လည်း ဝါးနက်ဝါးကိုခေါင်းတလားစင်အဖြစ်လှပအောင် ပိတ်၊ပန်း၊ပန်းခွေတို့နဲ့ပြင်ဆင်ရတယ်။သင်္ဂြိုပြီးတဲ့အခါတလားစင်ကိုဖျတ်ပြီး မြေပုံပေါ်စုပုံထားရစ်ကြလေတယ်။အချို့က မသာပစ္စည်းဆောင်ကောင်းတယ်ဆိုတဲ့အယူရှိကြရာ တလားစင်ကဝါးလုံးကိုသင့်နိုးရာရာပြန်ယူကြတဲ့အလေ့လည်း အချို့ကျေးလတ်များမှာရှိကြလေတယ်။ "ဟာ ဆရာ ဝါးတွေလွင့်ထွက်ကုန်ပြီ" စိုင်းသွေးပြောသလိုပင် မြေပုံပေါ်က ဝါးများအရှိန်ပြင်းပြင်းလွင့်စင်ကုန်တာတွေ့ကြရတယ်။တဆက်တည်း မြေပုံကပွနေတဲ့မြေကြီးများကဖွားကနဲလွင့်စင်ကုန်ပြီး ခေါင်းတလားက အပေါ်ကိုထောင်တက်လာကာသစ်သားခေါင်းဖုံးမှာ ဖွမ်းကနဲပွင့်ကာ တစ်နေရာကိုလွင့်စင်သွားတယ်။ "ဆဆရာ၊လုပ်ပါဦး၊မသာ မသာကထလာပြီ" မောင်မြက သစ္စာကိုကြောက်လန့်စွာဖက်ကာပြောလေရာ သစ္စာက မောင်မြလက်တွေကိုဖယ်လိုက်ပြီး "ယောက်ျားမဟုတ်ဘူးလား။ကြောက်စရာမဟုတ်ဘူး။အသာနေ ဒါမိစ္ဆာအတိုက်ပဲ" ဒီအချိန် ခေါင်းထဲကမိန်းကလေးကထွက်လာပြီးသစ္စာတို့ကိုလှမ်းကြည့်နေတယ်။တစ်ဆက်တည်းကုက္ကိုပင်ထက်က ငှက်ဆိုးများကလန့်ကာ‌ဂီးကနဲဂစ်ကနဲအော်ကာပျံသန်းသွားကြသလို ဇရပ်အနောက်ခြုံစပ်ကနေ ခွေးနှစ်ကောင်ရဲ့ဆွဲဆွဲငင်ငင်အူသံက ထွက်ပေါ်လာတယ်။ရွာဆီကလည်းခွေးများရဲ့အူသံကိုကြားရတယ်။အလောင်းကောင်က လက်နှစ်ဖက်တန်းလန်းနဲ့ကို့ယို့ကားယားကြီးဇရပ်ရှိရာကိုလျောက်လာနေတယ်။ "သစ္စာ‌လာနေပြီ" "သက်ဖူးမင်းနဲ့စိုင်းသွေး မောင်မြကိုဖတ်ထားပြီးထိုင်နေ။ဒီကောင်လန့်နေတယ်" သက်ဖူးကမောင်မြကို ပခုံးဖက်ကာ ကြမ်းပြင်မှာထိုင်လိုက်သလို စိုင်းသွေးကလည်းမောင်မြကိုလက်တစ်ဖက်နဲ့ဖက်ကာမုဆိုးဒူးထောက်ထိုင်နေတယ်။စိုင်းသွေးနဲ့သက်ဖူးက အတွေ့အကြုံများခဲ့ပြီမို့ ထူးထူးခြားခြားမဖြစ်ကြ ။ တစ်ပွဲတစ်လမ်းတွေ့ကြရဦးမယ်လို့သာသဘောထားကြတယ်။ "ရှေ့မတိုးနဲ့ရပ်လိုက်စမ်း" သစ္စာကပြောပေမဲ့အလောင်းကောင်ကမရပ်၊လျောက်မြဲလျောက်လာနေတယ်။သစ္စာက သူတို့စားဖို့လူကြီးပို့ထားတဲ့ဆန်ထုပ်ကလေးထဲက ဆန်တစ်ဆုပ်နှုက်ယူလိုက်ပြီး ပါးစပ်နားကပ်ပြီးမန်းမှုတ်ကာ "အမိုက်ကောင်၊၊ခင်ဗျားလက်ချက်ဆိုတာကျုပ်သိတယ်။ဘာလို့ ဖုတ်ကောင်ကိုလွှတ်တာလဲ။သတ္တိရှိရင်ခင်ဗျားကိုယ်တိုင်လာပါလား" ဒီအချိန် သုဿာန်ရဲ့မြောက်ဖက် ခြုံပင်များကြားကနေ မဲမဲအရိပ်ငါးခုကိုတွေ့ရတယ်။အားလုံးကဖုတ်၀င်နေတဲ့အလောင်းကောင်များသာဖြစ်တယ်။အပုပ်နံ့ကဆိုးရွားစွာထွက်နေတယ်။အချို့ကပုပ်ပွဖူးရောင်နေပြီးအချို့က အရိုးလုံး၀ကျတဲ့ အလောင်းများဖြစ်တယ်။ "ဒီမိစ္ဆာအတိုက်က ငါ့အတွက် ကလေးကလားအလုပ်ပဲ အောက်လမ်းကောင်။ခင်ဗျားဘာကြောင့်ကျုပ်တို့ကိုတိုက်တာလဲ။ကိုယ်တိုင်လာပါ။ပေါ်တင်ရှင်းစမ်းပါ"
352
12
لا يوجد نص...
287
13
သက်ဖူး၊စိုင်းသွေးနဲ့မောင်မြတို့မှာ စိတ်၀င်စားစွာနားထောင်နေကြရာအချင်းချင်းအသက်ရှူသံကိုပင်ကြားနေရတယ်။ "ဆရာ ဘာလို့အဲဒီမိန်းကလေးကို သေတဲ့အထိလုပ်ကြတာတဲ့လဲ" "ညနေက ခေါ်မေးတော့ မိန်းကလေးရဲ့ ခြံထဲကဒန့်သလွန်ရွက်ကို ပညာသည်မိန်းမက မသိအောင်ခူးတာတဲ့ကွ။တစ်ခါမကဘူး။ခဏခဏပဲ။မိန်းကလေးကတွေ့သွားတော့ လူတွေရှေ့မှာ အရှက်ရအောင်ပြောဆိုသတဲ့။ပြီးတော့ဒီမိန်းကလေးက ရွာမှာကွမ်းနောင်ကိုင်အလှလေး။သူ့ကိုမနာလိုသူကများတယ်ဆိုပဲ။ဒီဟာလေးနဲ့ပဲ ပညာသည်က အငြှိုးထားပြီး သူတို့ထက်အစွမ်းအစကြီးတဲ့မကောင်းတဲ့ဆရာနဲ့ပေါင်းပြီးဟိုးကသုဿာန်အပြင်က သရက်ပင်မှာနေတဲ့သရဲကို အသုံးချလို့ မိန်းကလေးသေအောင်စီရင်ကြတာ။သေတော့မှသရဲကမိန်းကလေးကိုယ်ထဲ၀င်ပြီး မိသားစုကိုယ်စိတ်ဆင်းရဲအောင်လုပ်တာ" မောင်မြက စုက်သပ်ရင်း ကျနော်တို့ရွာလည်းမသမာတဲ့သူတွေ ခုထိရှိနေကြတုန်းပါလား။ကျနော်အစကဒါတွေကိုမယုံကြည်ပါဘူး။စာတွေဖတ်ရင်းဒီကိစ္စတွေကတကယ်ရှိကြောင်းသိလာတာ" သစ္စာက ကွမ်းကိုပါးစပ်ထဲထည့်ကာမြုံ့ရင်းသုဿာန်အတွင်းကမြေပုံမို့မို့တွေကိုကြည့်ကာ ပညာဆိုတာအလွဲမှာသုံးကြရင် အများကိုဒုက္ခပေးဖို့ပဲ။အင်း...သင်းတို့ က ငါ့ကိုမကျေနပ်ကြဘူး။ဒီညတော့စောင့်သာကြည့်ကြ။လာကြလိမ့်မယ်" "တကယ်လားဆရာ" စိုင်းသွေးကမေးလိုက်တော့ သစ္စာကခေါင်းညိတ်ပြလိုက်တယ်။သက်ဖူးကသက်ပြင်းရှည်ကြီးချလိုက်ပြီး "အော်...ဘာမှမဟုတ်တာလေးနဲ့လူ့အသက်တစ်ချောင်းကိုဖတ်ရွက်တစ်ရွက်လိုသဘောထားကြတာပဲ။လာကြတော့လည်းပွဲကြီးပွဲကောင်းကြည့်ကြသေးတာပေါ့လေ" "ဆရာ သူတို့ကဘယ်လိုအစီအရင်မျိုးနဲ့လုပ်ကြတာလဲ" စိုင်းသွေးက စောင်ပါးပတ်ကာကျုံ့ကျုံ့ ငုက်တုပ်ထိုင်ရင်းမေးလိုက်ရာသစ္စာက အကြမ်းပူပူကို တစ်ပန်းကန်ကုန်အောင်သောက်လိုက်ပြီး "မိစ္ဆာတိုက်လို့ခေါ်တယ်။သရဲကို ကလေးမ ကံနိမ့်နေချိန် ကိုယ်မှာပူးကပ်ပြီး အသွေးကိုစုပ်။ကလေးမစားသမျှ သရဲကသာစားရပြီးကလေးမက ကြာတော့အာဟာရပြက်လာတယ်။ ထိက်လန့်စရာတွေပြပြီးခြောက်တယ်။ဒီလိုနဲ့ မအိပ်နိုင်မစားနိုင်ဖြစ်ပြီးသေရတာပဲ" "ကြောက်စရာပါလား ဆရာရယ်" မောင်မြက ပြောရင်း စိုင်းသွေးနဲ့သက်ဖူးကြားတိုးကပ်လာရာသစ္စာကမောင်မြကိုကြည့်လိုက်ပြီးပြုံးကာ "မောင်မြသရဲကြောက်တတ်သလား" "ဟဲဟဲ မရှက်တမ်း၀န်ခံရရင် ငယ်ငယ်တည်းကသရဲကိုမမြင်ဖူးပေမဲ့ကြောက်တယ်ဆရာ" မောင်မြစကားကြောင့်အားလုံးကရယ်လိုက်ကြတယ်။ "ငါငယ်ငယ်ကအကြောင်းပြောပြဦးမယ်" "လုပ်ပါဦးဆရာ။ဆရာ့အတွေ့အကြုံလေး" စိုင်းသွေးကပြောလေရာ သစ္စာကစိုင်းသွေးကျောကိုခက်ဖွဖွရိုက်လိုက်ပြီး "ထင်တယ်။ပြောခိုင်းတော့မယ်ဆိုတာ။ဒီလိုကွ၊ငါလေးတန်းအရွယ်ကအဖြစ်ပါ။ရယ်စရာတော့ကောင်းသား" သစ္စာက သူငယ်ငယ်ကကြုံခဲ့ရတာကိုပြောပြလေတော့တယ်။ သစ္စာတို့က ရွာနဲ့သုံးမိုင်လောက်ဝေးတဲ့ကွင်းထဲမှာလယ်ပွဲတစ်ပွဲရှိတယ်။ဒီလယ်ပွဲကဝေးတော့တလင်းကိုကွင်းထဲက လယ်ပွဲမှာပဲလုပ်တာ။စပါးဖြစ်ဖြစ်ပဲဖြစ်ဖြစ်၊တလင်းထဲမှာခြွေလှေ့ပြီးမှရွာကိုလှည်းနဲ့တိုက်ယူတာ။တလင်းချိန်ဆိုသစ္စာတို့အဖေက တလင်းထဲမှာအမြဲစောင့်အိက်ရတယ်။အဖေ့ကိုသစ္စာကမနက်တစ်ခါညနေတစ်ခါထမင်းထုပ်ပို့ရတယ်။ တစ်နေ့။ညနေခင်းအဖေ့ဆီထမင်းထုပ်ပို့တော့။နေက၀င်တော့မယ်။ ဆက်ရန်....
296
14
"ရိုင်းလှပါလား ၊ထိုင်စမ်း ငါ့ရှေ့မှာဒူးထောက်စမ်း" ထိုမိန်းမက တက်ခေါက်ကာရပ်မြဲရပ်နေရာသစ္စာက သူ့လွယ်အိတ်ထဲက ငွေကြိုးကလေးကိုထုတ်လိုက်မှ "ထိုင်မယ်ထိုင်မယ်" ဒီလိုပြောပြီး သစ္စာရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး "ပြော နင်ဘာပြောချင်လဲ" သစ္စာကပူးကပ်နေတဲ့မိန်းက ကိုစူးစူးရဲရဲကြည့်ကာ "ခင်ဗျားဘာကြောင့် ဒီကခလေးမကိုဒုက္ခပေးရတာလဲ" "ငါမကျေနပ်လို့၊ငါမုန်းလို့" သစ္စာက သူ့လွယ်အိတ်ထဲက ငွေကြိုးကိုထုတ်ကာနဖူးက၀တစ်လုံးနေရာမှာ ကပ်လိုက်ပြီးမန္တာန်ကိုရွတ်လိုက်ရာ ပူးကပ်နေတဲ့မိန်းမမှာလက်နှစ်ဖက်က နောက်ပြန်ကြိုးတုပ်ထားသလိုမျိုးဖြစ်ကာကြမ်းပြင်ပေါ်လူးလှိမ့်ကာ မနှိပ်စက်ပါနဲ့ပူလို့သေရပါတော့မယ်" "ကဲ မနှိပ်စက်ချင်ပါဘူး။ခင်ဗျားက ခလေးမကိုဘာကြောင့်ဘယ်သူလုပ်တယ်ဆိုတာ ကိုကျုပ်မပြောဘူး။ကတိပေးတယ်။ကျုပ်မျက်စိကိုသေသေချာချာကြည့်" ပူးကပ်နေတဲ့မိန်းမက သစ္စာရဲ့မျက်လုံးတွေကိုကြည့်လိုက်ပြီး အတန်ကြာတော့ "ခင်ဗျားဗျာရက်စက်လိုက်တာ။ဘာမှမဟုတ်တာနဲ့။ခုဟိုမှာသေရှာပြီ။ခင်ဗျားနောက်ထပ်ဒီလိုလုပ်ရပ်တွေကိုထပ်လုပ်မယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာသိတယ်မဟုတ်လား" "ဟုတ်ဟုတ်ကဲ့။သိပါတယ်။သွားတော့" သစ္စာကဒီလိုပြောလိုက်ရာပူးကပ်နေတဲ့မိန်းမမှာလူးလွန့်ကာမောလို့နေတယ်။ "ကဲ ပြီးခဲ့တာတွေပြီးခဲ့ပါပြီ။ရန်ကိုရန်ချင်းမတုံ့လျင်းဖို့ကျနော်မေတ္တာရပ်ခံပါတယ်။ကလေးမခန္ဓာကိုယ်က အပကောင်ကိုခေါ်ထုတ်သွားပါပြီ" ဒီအချိန်မိခင်ဖြစ်ဟန်တူတဲ့အမျိုးသမီးကြီးကရှိုက်ငိုကာ "သမီးရယ်၊အဖြစ်ဆိုးလိုက်တာ။နောင်ဘ၀တွေဒီအဖြစ်မျိုးမကြုံပါစေ..." အမျိုးသမီးကြီးက ငိုရင်းကတက်သွားရာဝိုင်း၀န်းပြုစုနေကြတယ်။ဦးလှဖေကတော့ ငူငူငိုင်ငိုင်ကြီးရပ်ကာတောက်တခက်ခက်ရှိလေတယ်။ချက်ချင်းပင်လူမမာဆီကအပုပ်နံ့ကမခံနိုင်အောင်ထွက်လာရာအားလုံးကနှာခေါင်းပိတ်လိုက်ကြတယ်။လူမမာမိန်းကလေးမှာ ပုပ်နေပြီဖြစ်တယ်။ အခန်း ၈။ လဆုပ်ညရဲ့ လကွေးကွေးလေးက သူမကြာမီအားသစ်အင်သစ်တွေ ပြန်ဖြစ်လာမှာပါလို့ ကမ္ဘာမြေကြီးကိုပြောနေသယောင်။ပျပျအလင်းကလေးနဲ့မဟူရာညကိုအစွမ်းကုန်အလင်းပေးနေရှာတယ်။လရောင်နဲ့ကြယ်ရောင်ပေါင်းစပ်ထားတဲ့ညက သိပ်ကြီးတော့အမှောင်ထုကမသိပ်သည်းသေး။ကုက္ကိုပင်ကြီးအောက်ကနေအရိပ်မဲ့တဲ့မြက်ပေါင်းတောကြားက မြေပုံမို့မို့တွေကိုတော့အထင်းသားမြင်နေရတယ်။နတ်တော်ပြာသိုဆိုတာအလွန်အေးတဲ့ရာသီမဟုတ်လား။သုံးယောက်သားကတော့လွှာစောင်ပါးကလေးတွေနဲ့မို့ ထွေးမလုံကွေးမလုံပါ။မောင်မြက သကလပ်စောင်ထူကြီးခေါင်းမြီးခြုံကာနွေးကောင်းနွေးမယ်ထင်ပါရဲ့။ "ညီစိုင်း အောက်က မီးအားနည်းနေပြီ၊ထင်းနည်းနည်းဖြည့်ကွာ၊ချမ်းထာ" သစ္စာက စရဏပြီးတော့ နေရာကထကာ အကြမ်းပူပူသောက်မယ်ကြံကာ သက်ဖူးဘေး၀င်ထိုင်လိုက်ရာသက်ဖူးကအကြမ်းတစ်ခွက်ငှဲ့ပေးရင်း "ငါတော့ကွေးမထိဘူး။ဒီဆောင်းကပိုအေးသလိုပဲ" စိုင်းသွေးကဇရပ်အောက်က မီးပုံကိုထင်းများထပ်ဖြည့်လိုက်တာကြောင့်နွေးနွေးထွေးထွေးဖြစ်သွားတယ်။ "ညနေက ငါ့ကောင် ‌နမိတ်ရပုံလေးပြောပါဦး။ဟိုကလေးမကိုလာကြည့်ပေးဖို့ လာပင့်တော့ မင်းပြောတာ၊ကလေးမက အပမီနေတယ်။သေတာသုံးရက်ရှိပြီလို့မသွားခင်ကြိုဟောလိုက်တာလေ" သစ္စာက အကြမ်းပန်းကန်ကိုအသာချလိုက်ပြီး ညနေကချက်ချင်းလာမြှုပ်သွားတဲ့ အပမီပြီးသေတဲ့ကလေးမရဲ့မြေပုံကိုလှမ်းကြည့်ကာ "ငါမကြာမကြာပြောဖူးပါတယ်။ဗေဒင်ဟောသူဟာသူ့ရဲ့နား,မျက်စိကိုရှင်ရှင်ထားရတယ်ဆိုတာ။ဖြစ်စဉ်တွေက လူကသာသတိမမူကြလို့ နမိတ္တသြဘာက ပေါ်စမြဲပဲ" ဒီအချိန်မောင်မြက စောင်ပတ်ကာ သစ္စာတို့ဝိုင်းမှာ၀င်ထိုင်လိုက်တယ်။သစ္စာက သူ့ရဲ့ကြေးဝါကွမ်းအစ်လေးထဲက ပုသိမ်ကွမ်းနုစိမ်းကလေးကိုထုံးသုက်ယာရင်း "သူတို့ဇရပ်ပေါ်တက်လာတဲ့အချိန် ဇရပ်ကြမ်းပြင်ပေါ်မှာ အိမ်မြောင်အသေကောင်ကို ယင်မမဲတစ်ကောင်နဲ့ပုရွက်ဆိက်တစ်အုပ်က ချီဆွဲနေကြတာတွေ့ရတယ်။ဒါကိုကြည့်ပြီး အခုကိစ္စက သေနေပြီ ။ အသေကောင်ကိုအခြားအကောင်တွေဝိုင်းဆွဲနေကြတာကို အပအမှောင့်လို့ကောက်ရတာပဲ။နောက်တစ်ချက်က သူတို့ထဲကတစ်ယောက်က သုဿာန်၀က ဝါးညွန့်ကလေးကိုအမှတ်တမဲ့ဆွဲချိုးလာတယ်ထင်ပါတယါ။ဝါးညွန့်ကလေးကိုကိုင်လာတယ်။ဝါးညွန့်ကလေးမှာအရွက်သုံးရွက်ပဲပါတယ်။ဒါကြောင့်ဒီနမိတ်က သုံးကိုပြလို့သေဆုံးခဲ့တာသုံးရက်ရှိပြီပြောတာ။ဒါကိုအခြားနမိတ်ဘာလို့မကောက်တာလဲမမေးနဲ့။ဝါးညွန့်က ဖြတ်ယူလာလို့မရှင်တော့ဘူး။အပျက်ကိုပြတယ်။တစ်ဖက်မှာလည်းအိမ်မြောင်ကသေနေတာ။နေရာကသုဿာန်။ဒါကြောင့်ဒီလိုဟောတာ။ နောက်ပြီး နမိတ်ကိုအသေအချာစီစစ်ရင်ဟောစရာနမိတ်က အသေးစိပ်ထွက်တယ်။မလိုအပ်လို့အသေးစိပ်မပြောတာ။ယင်မမဲက အကောင်ကြီးမျိုး။ဟိုကပုရွက်ဆိပ် ။မတူညီတဲ့သတ္တဝါနှစ်မျိုးမြင်တယ်။ဒီနမိတ်က,အပက မတူညီတဲ့အရာနှစ်မျိုးကပေါင်းကြံတာ။ဦးဆောင်သူကပါဝါကြီးတယ်။အသေးထပ်စိပ်ရရင် ဒီကလေးမ ကို အောက်လမ်းဆရာက ဦးဆောင်ပြီးရွာထဲကပညာသည်တွေနဲ့ပေါင်းကြံတာ"
244
15
"ဘကြီးဆူညံနေတာဘာဖြစ်တာလဲ" "ဟကောင်ကလေးသတိရလာပြီလား။ငါစိတ်ပူနေတာ။ဆူညံနေတာက ဘယ်ကမြောလာတယ်မသိပါဘူး။ရှင်ဥပဂုတ်ဖောင်ကငါတို့စက်လှေဆီတန်းတန်းမတ်မတ်မြောလာလို့ဖောင်တော်ကိုလှေမှာကြိုးနဲ့ချည်ပြီးဆွဲယူလာကြတာ။ ရဟန္တာရုပ်တုက အကြီးကြီးကွ" ဘိုးထွန်းတင်စကားကြောင့်ဖိုးမောင်၀မ်းသာသွားပြီးသူမြောနေတုန်းကအကြောင်းကတိုက်ဆိုင်နေသလိုရှင်ဥပဂုတ်ရဟန္တာကြီးဆီကသောတော်ရေကိုစွန့်ပြီးသောက်ရင် သူ့ရောဂါပျောက်မယ်လို့စိတ်ကထင်နေတယ်။ "ဘကြီး ကျ ကျနော်အဲဒီရှင်ဥပဂုတ်ကိုကပ်လှူထားတဲ့သောက်တော်ရေ ။ သောက်ပါရစေ" "ဟေ ကောင်လေး။အေးအေး ၊ငါသွားစွန့်ပေးမယ်" ခဏကြာတော့ ဘိုးထွန်းတင်က ရေခွက်ကလေးကိုကိုင်ကာ "ကဲရော့ ဘကြီးစွန့်လာပေးတာ။သောက်ချင်ရင်မင်းသောက်ပေါ့။ရောဂါပျောက်ရင်ပျောက်သွားမှာ" ဖိုးမောင်ဘိုးထွန်းတင်ကမ်းပေးတဲ့ရေကိုအငမ်းမရသောက်လိုက်ရာအမှန်ပဲ သူ့၀မ်းထဲမှာအေးဆင်းသွားပြီးမကြာမီ၀မ်းလည်းပြန်ကောင်းကာထူထူထောင်ထောင်ဖြစ်လာတယ်။ "အဲဒီကစပြီး သံချောင်းလို့အမည်ပြောင်းရမလိုဒီနေ့အထိဒေါင်ဒေါင်မြည်ပဲ။ဘာရောဂါမှ ကြီးကြီးမားမားမဖြစ်တော့ဘူး။ဒါမိဘကိုလုပ်ကျွေးတဲ့ကံလို့ယုံကြည်ပါတယ်ဆရာလေး။အမေကပြီးခဲ့တဲ့ငါးနှစ်က ကွယ်လွန်ရှာပါပြီ။ ကျ‌နော့်မိန်းမက ပြီးခဲ့တဲ့မိုးကမှဆုံးသွားတာ။သားသမီးလည်းမထွန်းကားတော့ တွယ်တာစရာမရှိမဲ့အတူတူ ဒီအကုသိုလ်အလုပ်ကိုစွန့်ပြီးလာမဲ့သင်္ကြာန်မှာရဟန်းအပြီး၀တ်ဖို့ဆုံးဖြတ်ထားပါတယ်" "ကြားရတာဗဟုသုတရသလို သာဓုလည်းခေါ်ပါတယ်ကိုဖိုးမောင်။သာဓုသာဓုသာဓု" #ကျွန်းနက်မြို့တော်အပိုင်း၉ အခန်း ၇။ သစ္စာတို့ဂန္ဓာရီစရဏခရီးက ရိုးကြီးတန်းသုဿာန်မှာ ၇ရက်မြောက်နေ့ကိုရောက်လာပြီဖြစ်တယ်။ မနက်ပိုင်းမှာသစ္စာက ဗေဒင်မေးသူ အဆောင်အစီရင်ယတြာတောင်းသူများကို အဓိဌာန်အရကူညီတောင်ရွက်ပေးပြီးမွန်းလွဲပိုင်းမှာ အနားယူပြီး ညပိုင်းမှာသစ္စာက စရဏ သမထကျင့်လေတယ်။ရိုးကြီးတန်းရောက်မှမောင်မြဆိုသူလူငယ်က သစ္စာထံမှာ အတင်းတပည့်ခံကာ သူသိချင်ဆည်းပူးချင်သမျှ သမိုင်းနဲ့စိတ်ပညာဆိုင်ရာများကိုမေးမြန်းဆွေးနွေးလေတယ်။သစ္စာတို့လူသူရှင်းလို့ နေ့လည်ထမင်းစားနားပြီး အကြမ်းဝိုင်းထိုင်နေကြချိန် ရွာလူကြီးနဲ့အခြားလူကြီးနှစ်ယောက်ဇရပ်ပေါ်တက်လာကာ "ဆရာလေးရေ၊အားတော့နာပါရဲ့။ရွာမှာဒီက ကိုလှဖေသမီးလေး မမာလို့ ။ ဆေးရုံကပြန်ဆင်းလာတာမကြာသေးဘူး။ ရောဂါလည်းမည်မည်ရရမရှိပဲ ပူးသလိုကပ်သလို ဖြစ်နေတယ်။အစာမ၀င်တာနှစ်ပတ်လောက်ရှိပြီတစိပ်လိုက်ကြည့်ပေးဖို့မေတ္တာရပ်ခံပါတယ်" သစ္စာက ဇရပ်ကြမ်းပြင်တစ်နေရာကိုကြည့်လိုက်ရာအိမ်မြောင်သေတစ်ကောင်ကို ယင်ကောင်တစ်ကောင်နဲ့ပုရွက်ဆိပ်တွေက ချီဆွဲနေတာတွေ့ရတယ်။ "ဦးလှဖေဆိုတာက" "ကျ ကျနော်ပါဆရာလေး" "စိတ်တော့မကောင်းဘူးဗျာ ပြောရမှာ" "ပြော ပြောပါဆရာလေး။ကျနော်တရားနှလုံးသွင်းရှိပါတယ်" သစ္စာကအကြမ်းရေကိုတစ်ကျိုက်သောက်လိုက်ပြီး "ကလေးမ ကပကတိအသက်ကုန်ပြီဗျ။သူဆုံးသွားတာ သုံးရက်ရှိပြီ" ရွာလူကြီးနဲ့အခြားတစ်ယောက်က အံ့ဩဟန်ပြပေမဲ့ဦးလှဖေကတော့ မတုံမလှုပ်ရှိလေတယ်။ "ကျနော်လည်းထင်ပါတယ်။အခုသမီးက အ,ပမီနေတာပေါ့နော်ဆရာလေး" "ကဲ...သက်ဖူး၊စိုင်းသွေးနဲ့မောင်မြ၊တို့ရွာထဲခဏလိုက်သွားကြစို့" သစ္စာကပြောပြီး သူ့လွယ်အိတ်ကို ကောက်လွယ်ကာဇရပ်ပေါ်ကဆင်းလာရာ လူကြီးများနဲ့သက်ဖူးတို့လည်းနောက်က လိုက်လာကြတယ်။ရွာလယ်ပိုင်းကိုရောက်တော့အိမ်တစ်အိမ်မှာ လူတွေရုက်ရုက်သဲသဲဖြစ်နေတာမြင်ကြရတယ်။သစ္စာတို့ ထိုအိမ်ကိုမရောက်ခင် ကြောင်တစ်ကောင်က ကြွက်ပေါက်စနလေးကို လိုက်ခုက်နေရာသေပြေးပြေးနေရတဲ့ကြွက်ကလေးမှာ ကြောင်ခဲတာကိုခံလိုက်ရရှာတယ်။ကြောင်ကကြောင်နက်တစ်ကောင်ဖြစ်လေတယ်။ သစ္စာတို့လူမမာအိမ်ပေါ်ရောက်တော့ လူမမာက ခြေရင်းခန်းမှာ ငုက်တုပ်ထိုင်ကာ ကြမ်းကိုလက်ထောက်ပြီးအမဲသားဟင်းများကိုအငမ်းမရစားနေတာကိုတွေ့ရတယ်။သစ္စာတို့တက်လာတော့ လူတွေက နေရာဖယ်ပေးကြပြီးအိမ်ရှင်ဖြစ်ဟန်တူသူအမျိုးသမီးကြီးက အိမ်ဦးခန်းမှာသင်ဖျူးဖျာကိုခင်းပေးကာ အကြမ်းပွဲ၊ကွမ်းအစ်တို့ကိုချပေးတယ်။သစ္စာကိုမြင်တော့လူမမာမိန်းကလေးကမလာဖို့ပြောပြီး မကြားဝံ့မနာသာဆဲရေးလေတယ်။သူမရဲ့မျက်လုံးတွေက ဟောက်ပက်ဖြစ်နေပြီးမျက်လုံးများကတိမ်ဖြစ်ထားတဲ့မျက်လုံးများလိုဖြူနေသလို အရိုးပဒေသာရုပ်ပေါက်နေတယ်။ သစ္စာ တင်ပလင်ခွေထိုင်လျက်က လက်အုပ်ချီကာဂါထာများရွတ်နေတယ်။ဒီအချိန်လူမမာကလေးမကဆဲလို့မောသွားပြီးအလိုမကျစွာတက်တစ်ချက်ခေါက်ကာအိပ်ရာပေါ်ပစ်လှဲချလိုက်တာကိုတွေ့ကြရတယ်။သစ္စာကမျက်လုံးပြန်ဖွင့်ပြီး "သင်မလာလို့မရဘူး။ငါမေတ္တာရပ်ခံနေတာ။ကိုယ်တိုင်မလာဝံ့ရင် တစ်ယောက်ယောက်ကိုပူးကပ်ပြီးလာခဲ့ပါ။ဘာ...သင်ပူးကပ်ဖို့ငါကလူရှာပေးရမလား။သင်ဖာသာပူးကပ်ရမဲ့သူကိုပူးကပ်ပြီးလာခဲ့။လာခဲ့" သစ္စာက အိမ်လှေခါး၀ကိုကြည့်ကာပြောနေရာအိမ်ပေါ်ကလူများမှာစိုးရိမ်ကြောက်ရွံ့စွာလှေခါး၀ကိုကြည့်နေကြတယ်။ဒီအချိန်အိမ်ရှေ့ကနေလှမ်းကြည့်နေတဲ့အသက်သုံးဆယ်ခန့်မိန်းမတစ်ယောက်အိမ်ပေါ်ကိုပြေးတက်လာပြီးသစ္စာရှေ့မှာရပ်နေတယ်။တစ်ကိုယ်လုံးတဆက်ဆက်တုံနေတယ်။
249
16
"ငါတို့ဒီလှေနဲ့ကမ်းရှိရာကူးကြမယ်" ကိုလူခင်စကားကိုဘယ်သူမှလက်သင့်မခံနိုင်ကြ။ကိုလူခင်ကသူ့အိပ်မက်ကိုပြောပြပေမဲ့ လှေနဲ့လိုက်လိုသူမရှိဖြစ်နေတယ်။ "ဟာ ဟိုမှာ ဟိုမှာ" စိန်ဥကအော်ကာပြောပြီးတစ်နေရာကိုလက်ညှိုးထိုးပြရာကြည့်လိုက်ကြတော့ သိပ်မဝေးတဲ့နေရာမှာရေပေါ်ယှက်ပြေးနေတဲ့လူတစ်ယောက်ကိုတွေ့ရတယ်။ကိုလူခင်ကလှေကိုဖောင်ပေါ်ကတွန်းချပြီး "အဲဒါဦးရှင်ကြီး။ငါ့စကားကိုနားထောင်ပြီးလှေပေါ်တက်ကြ။မလိုက်ရင်တော့မင်းတို့ကံပဲ" ဒီအခါအားလုံးလှေပေါ်တက်ကြပြီး ရေပေါ်ယှက်ပြေးနေတယ်လို့ထင်ရတဲ့လူရဲ့နောက်ကိုဝါးလုံးတွေနဲ့လှော်ကာလိုက်လာကြတယ်။ထိုလူကပေါ်လာလိုက်ပျောက်သွားလိုက်နဲ့။မျက်ခြေမပျက်အောင်လိုက်ခဲ့ကြတယ်။မီတော့ဘယ်မီမလဲ" ကိုလူခင်က မောသွားတာကြောင့် စကားကိုရပ်ကာအကြမ်းရေကိုသောက်လိုက်တယ်။သက်ဖူးကကိုလူခင်ကိုကြည့်ကာ "နောက် ဘယ်လိုဆက်ဖြစ်ကြသလဲဗျ" အခန်း ၆။ ကိုလူခင်က အကြမ်းတစ်ခွက်ကို ထပ်ငှဲ့ကာသောက်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ "အဲဒီလူနောက် လိုက်ရင်းနဲ့မိုးချုပ်သွားတယ်။လူကို တော့မြင်နေရတုန်းပဲ။လုံးလုံးအမှောင်ထုကြီးစိုးသွားမှမမြင်ရတော့တာ။မကြာပါဘူး စက်သံသဲ့သဲ့ကိုကြားရပြီးစလိုစ်မီးရောင်ကိုမြင်ကြရတယ်။ဖောင်ပိုင်ရှင်ရဲ့ ဆွဲလှေကြီးနှစ်စင်းပါပဲ။သူတို့ပြောတာက တော့ ကျနော်တို့မြင်သလို လူတစ်ယောက်ပင်လယ်ထဲမှာမြင်ကြတယ်တဲ့။သူ့နောက်ကိုလိုက်ရင်းကျနော်တို့ဖောင်ကိုတွေ့တာလို့ပြောတယ်" "စိတ်၀င်စားစရာပဲ။ဒါကြောင့်လည်း ရေငံရောက်ရာဒေသတိုင်းက ရေငံပိုင်ရယ်လို့ လေးစားကြတာပဲ" သစ္စာကပြောလိုက်ရာ ကိုလူခင်ကခေါင်းညိတ်ကာ.. "ကဲ ဖိုးမောင် ဒီကဆရာလေးတွေကို မင်းရဲ့အတွေ့အကြုံလည်းပြောပြလိုက်ပါဦး" "နေတောင်စောင်းသွားပြီ။ဦးလေးလူခင်ကျနော်အိမ်ပြန်ပြီးအိပ်ယာလိပ်ယူလိုက်ဦးမယ်" မောင်မြကပြောပြောဆိုဆိုနေရာကထသွားရာ ကိုလူခင်က မယုံကြည်သလိုကြည့်ပြီး "ဟ ငါ့တူ အဟုတ်ပဲ ဒီမှာအိပ်မှာလား။ဒါဆိုမင့်အဒေါ်ကို ငါးဆင့်ချိုင့်နဲ့ဆရာလေးတို့အတွက်ထမင်းနဲ့ညမြည်းစရာ ငါးမြွေထိုးခြောက်ကြော်ထည့်ခိုင်းလိုက်" မောင်မြက ခေါင်းညိတ်ကာ ဇရပ်ပေါ်ကဆင်းသွားရာကိုလူခင်က ကိုဖိုးမောင်ပေါင်ကိုလက်နဲ့ပုတ်ပြီး‌ "ပြောကွာ " ကိုဖိုးမောင် ဇရပ်အပြင်ကိုငေးရီကြည့်ပြီး "ဒီအကြောင်းပြောရင် ကျနော့်ဘ၀အကြောင်းပါနည်းနည်းထည့်ပြောရလိမ့်မယ်။ဒီလိုဆရာလေးရေ ။ကျနော်ကပဲခူးအနောက် ကြို့ပင်ကောက်ဘက်ကပါ။ဒီမှာငါးဖမ်းလှေလိုက်ရင်းကအိမ်ထောင်ကျတာ။ ဒီငါးဖမ်းတဲ့အလုပ်ကို စလုပ်ဖြစ်တာ ရေးဘက်မှာပါ" ထိုသို့အစချီကာ ကိုဖိုးမောင်က သူ့အတွေ့အကြုံကိုပြောလေတော့တယ်။ ဖိုးမောင်က ကြို့ပင်ကောက်နယ်က ရွာကလေးတစ်ရွာမှာ အမေမုဆိုးမကြီးနဲ့နေတာ။သူတို့ကဆင်းရဲလွန်းလို့ ကြုံရာကျဘမ်းလုပ်ရတာ။ဖိုးမောင်ဘုန်းကြီးကျောင်းကပြန်လာတော့ သူတို့အိမ်မှာ မိန်းမကြီးတစ်ယောက်က သူ့အမေကို ဆဲဆိုကြိမ်းမောင်းနေတာကိုမြင်ရတယ်။ဖိုးမောင်ရဲ့အမေကငိုယိုကာ မိန်းမကြီးကိုတောင်းပန်နေရှာတယ်။အကြောင်းရင်းက ဖိုးမောင်အမေက မပြေလည်လို့အတိုးနဲ့ငွေချေးရာကနေ အတိုးမှန်မှန် မဆပ်နိုင်တာကြောင့်အတိုးကိုအရင်းထဲထည့်ပေါင်းပြီး အတိုးပေါ်အတက်ပေါက်ကာ ကြွေးကယူတုံးကတစ်ကျပ်။အတိုးကတက်တက်လာပြီး ချေးငွေတစ်ရာဖြစ်လာရာကပြန်မဆပ်နိုင်ခြင်းဖြစ်တယ် ဖိုးမောင်က မိခင်ရဲ့ ကြွေးအတွက် အသက်၁၅နှစ်အရွယ်မှာ ရေးဘက်က ငါးဖမ်းလှေလိုက်ဖို့လာခေါ်သူတွေနဲ့ချိတ်မိပြီး ကြိုငွေသုံးလစာယူလို့ မိခင်ကိုပေးကာရေးက ငါးဖမ်းလှေနဲ့ လိုက်ခဲ့ခြင်းဖြစ်တယ်။ဖိုးမောင်လိုက်တဲ့ငါးဖမ်းလှေကသင်္ဘောမကျ လှေမကစက်လှေအကြီးစားဖြစ်တယ်။ဖိုးမောင်ငါးဖမ်းလှေပေါ်ရောက်ပြီးသုံးလအကြာမှာ ၀မ်း တွေလျောတယ်။လှေပေါ်မှာကဆေးဝါးကမရှိ၊နနွင်းမှုန့်ကိုသာလှော်ပြီးသောက်ရလေတယ်။ လှေသူကြီးက အကြင်နာတရားမရှိသလိုလှေပေါ်ပါလာကြတဲ့ ဘ၀တူတွေကလည်း ဖိုးမောင်ကိုလူရယ်လို့မမှတ်။ရိုက်နှက်ကာအလုပ်ကိုအတင်းလုပ်ခိုင်းကြတယ်။ ဖိုးမောင်၀မ်းကလျော အဖျားက၀င်နဲ့ အိပ်ယာထဲလဲတော့တာပေါ့။လှိုင်းကြောင့်လှေကလူးလိမ့်နေရာ ဖိုးမောင်တစ်ညမှ အိပ်မပျော်ခဲ့ပေ။ဆန်ပြုပ်ပင်မ၀င်တော့တဲ့အထိဖြစ်လာတယ်။ကံကောင်းတာက လှေလုပ်သားထဲမှာ ဘိုးထွန်းတင်ဆိုသူ ထောင်ထွက်လူမိုက်ကြီးကဖိုးမောင်ကိုသားအရင်းလိုသံယောဇဉ်ရှိခြင်းကြောင့်သာဖိုးမောင်မြန်မြမြန်မသေခဲ့ခြင်းဖြစ်တယ်။တစ်နေ့မှာဖိုးမောင်သတိလစ်မေ့မြောသွားတယ်။သူမြောနေစဉ်သူတို့ဖောင်ပေါ်မှာ ရှင်ဥပဂုတ်ရဟန္တာကို သောက်တော်ရေကပ်လှူလိုက်တယ်။ "ဖိုးမောင် ရဟန္တာကြီးက မင်းလှူတဲ့ရေကိုဘုဉ်းပေးပြီးပြီ။အဲဒီရေကိုမင်းသောက်လိုက်စမ်း" ဘယ်ကမှန်းမသိပြောလိုက်တဲ့စကားသံကြောင့်ဖိုးမောင် ရှင်ဥပဂုတ်မထေရ်ကိုကပ်လှူထားတဲ့ရေကိုစွန့်ပြီးသောက်လိုက်တယ်။သူရေကိုသောက်လိုက်တာနဲ့သူ့ရင်ထဲမှာအေးဆင်းသွားတယ်လို့ခံစားရပြီး သတိပြန်လည်လာတယ်။သူသတိရရခြင်း ဆူဆူညံညံအသံတွေကိုကြားရတယ်။သူ့ဆီကိုလာနေတဲ့ဘိုးထွန်းတင်ကိုအားယူပြီး
239
17
#ဝတစ်လုံးသစ္စာနှင့်မဟာဝိဇ္ဇာဥသျောင်(၃၉) အပိုင်း~၃၉။ အခန်း ၅။ ရိုးကြီးတန်းသုဿာန်က သုတ,ဂမ္ဘီရစကားဝိုင်းလေးကစိုပြေနေဆဲ။သစ္စာက နေရာက,ထပြီးရေနဲ့အာလုပ်ကျင်းကာ နေရာမှာပြန်ထိုင်လိုက်တယ်။ "ကိုလူခင် လုပ်ဗျာ။ခင်ဗျားတို့ရဲ့ ပင်လယ်နဲ့ကျားဖောင်အတွေ့အကြုံလေး" ကိုလူခင်က ချောင်းဟန့်ကာ သစ္စာဆီက ကွမ်းတစ်ယာကိုတောင်းကာ ယာရင်း "ပြောပါ့မယ်ဆရာလေး။ကျနော့်အတွေ့အကြုံကိုခုလိုလူထူးဆန်းပုဂ္ဂိုလ်တွေရှေ့ပြောရတာဂုဏ်ယူမိတယ်။ဒီလိုပါဆရာလေး၊ရေငံပိုင်ဦးရှင်ကြီးမ,စလို့ပင်လယ်ပြင်မှာ သေဘေးကလွတ်ခဲ့ရတဲ့အဖြစ်ပါ" ဒီလိုအစချီပြီး ကိုလူခင်က ပင်လယ်ထဲမှာကျားဖောင်စီးရင်းကြုံခဲ့ရတဲ့ သဲထိက်ရင်ဖို အဖြစ်ကိုအောက်ပါအတိုင်းပြောပြလေတယ်။ မိုးရာသီက ပင်လယ်မှာ မုန်တိုင်းက,ခဏခဏဖြစ်လေ့ရှိလို့ ကျားဖောင်အများစုကမိုးခိုကြတယ်။အချို့ကတော့မိုးခိုခြင်းမရှိကြဘူး။ကိုလူခင်တို့ကျားဖောင်ပိုင်ရှင်ကတော့ သီတင်းကျွတ်လဆုပ်ကနေ ကဆုန်လဆုပ်အထိသာကျားဖောင်ထွက်တယ်။ကိုလူခင်ကကျားဖောင်ဦးစီးပါ။ကျားဖောင်ဆိုတာက အလျားပေ၁၀၀။ဗျက်ပေ၅၀။ထုက ဝါးပိုးရှစ်လုံးဆင့် နှစ်ထပ်ဝါးဖောင်ကြီးပါ။ဖောင်ပေါ်မှာ လူနေတဲနဲ့ ငါးပိငါးခြောက်ရုံမိုးလုံနေလုံတဲကြီးနှစ်လုံးအပြင်ငါးလှန်းစင်တို့ပါ၀င်တယ်။ဆယ့်ငါးရက်တစ်ခါ ကမ်းက ကဲ့လှေကလာပြီးဖမ်းလို့ရတဲ့ငါးကြီးငါးကောင်းနဲ့ငါးပိငါးခြောက်များကိုသယ်ယူပြီးဆယ့်ငါးရက်စာ ရေခဲ၊ဆန်ဆီ၊ဆေး၊ရိက္ခာ၊သောက်ရေအပြင်ဆေးလိပ်၊ကွမ်း၊ထန်းလျက်စတဲ့စားစရာများကို ဖောင်ပိုင်ရှင်နဲ့ လုပ်သားမိသားစုကပေးလိုက်ကြတယ်။ တစ်နေ့ ကဆုန်လဆုပ်ထဲမှာ ဖောင်များသိမ်းဖို့ရက်မတိုင်ခင် ကပ္ပလီပင်လယ်ပြင်က ဖြစ်လာတဲ့မုန်တိုင်းကြီးနဲ့ကြုံကြရတယ်။ "အေးဆင့် ငါးခြောက်ရုံထဲလှန်းထားတဲ့ငါးခြောက်တွေသယ်ထည့်။စိန်ဥတို့ပိုက်တွေအမြန်ပြန်တင်ကြဟေ့" "ဘာဖြစ်လို့လဲဦးစီး" စိန်ဥကနားမလည်စွာကိုလူခင့်ကိုကြည့်ပြီးမေးလိုက်ရာကိုလူခင်က အနောက်တောင်ကိုလက်ညှိုးထိုးပြပြီး " နီကျင့်ကျင့်မှိုင်းပျပျနဲ့၊တွေလား။လေကငြိမ်နေတယ်။အဲဒါမုန်တိုင်းကျတော့မဲ့နမိတ်ပဲ" ကိုလူခင်ပြောလို့မှမဆုံး အနောက်တောင်ကမှိုင်းလာပြီးတိမ်ထူထူကြီးများအုပ်လာသလို လေပြင်းများကျလာတယ်။လှိုင်းကချက်ချင်းတဝုန်းဝုန်းသောင်းကြမ်းလာပြီဖြစ်တယ်။ "သေသေချာ‌ချာကိုင်ထားကြ" ကိုလူခင်က ပြောရင်း သူကိုယ်တိုင် တဲတိုင်ကိုဖတ်ထားတယ်။ဒီအချိန်ပြင်းထန်တဲ့လေကြောင့် သူတို့လူနေတဲ့အမိုးကလွင့်စင်ပြီးလေနဲ့ပါသွားပြီဖြစ်တယ်။သန်ဘက်ခါကို ဖောင်ကိုဆွဲလှေနဲ့လာဆွဲတော့မယ်ဆိုမှမုန်တိုင်းနဲ့ကြုံရခြင်းဖြစ်တယ်။လှိုင်းလုံးကြီးကသူတို့ဖောင်ကိုအုပ်မိုးသွားပြီးဖောင်ကြိုးများထောင်းကနဲပျက်သွားသံကိုကြားလိုက်ရတယ်။ " ဖောင်ဆူးကြိုးပျက်သွားပြီဦးစီး" "ကိုင်ထား၊လှိုင်းတအားကြီးနေတယ်။ဖောင်မပျက်ရင်တော့ ငါတို့ကိုဆွဲလှေနဲ့လိုက်ရှာကြမှာပါ" မုန်တိုင်းက တစ်ညနေနဲ့တစ်ညလုံး ဒေါသတကြီးမွှေနှောက်ပြီးတော့ နောက်တစ်နေ့မနက်မှာ ကောင်းကင်ကပြန်လည်ကြည်လင်သွားပြီဖြစ်တယ်။ကိုလူခင်တို့ရဲ့ကျားဖောင်က တဲအမိုးနဲ့ ငါးပိငါးခြောက်၊ကျားပိုက်နဲ့၀န်စည်စလှယ်များဘာတစ်ခုမှရှိမနေတော့။ကျားဖောင်လုပ်သားတွေ မသေပဲအသက်ရှင်ကျန်ခဲ့လို့တော်တော့တယ်။ "ဦးစီး စားစရာမရှိ သောက်စရာရေမရှိနဲ့။ကျနော်တို့ဘယ်လောက်တောင့်ခံနိုင်မှာလဲ" ခုမှပဲ နွေနှောင်းနေကပူလိုက်တဲ့အဖြစ်။စားစရာမရှိတာထက် သောက်စရာရေမရှိတာကပြဿနာ။မုန်တိုင်းနဲ့အတူ သောက်ရေစည်ပါ။ပင်လယ်ထဲပါသွားပြီဖြစ်တယ်။ကိုလူခင်ရေကိုငုံ့ကြည့်လိုက်တယ်။ရေကအနက်ရောင်ဖြစ်နေတယ်။သူတို့မုန်တိုင်းကြောင့်ဖောင်ပျက်ပြီးမျောနေတာသုံးရက်ရှိပြီ။သူတို့ဖောင်က သမုဒ္ဒရာအစပ်ကိုရောက်နေပြီဆိုတာ ကိုလူခင်သတိပြုမိတယ်။ရှုလရာကရေပြင်အတိ။ "မိုးရွာဦးမှာပါ။ဖောင်ပိုင်ရှင်လည်းခုလောက်ဆိုငါတို့ကို ဆွဲလှေနဲ့ လိုက်ရှာနေကြရောပေါ့" ညကိုရောက်တော့ကိုလူခင်ပြောသလို မိုးကသီးထန်စွာရွာလေတယ်။ကပ်ညှပ်ပြီးကျန်ခဲ့တဲ့ခွက်ပလုံးနဲ့ဖောင်ကဝါးကို ပြုတ်မကျပဲကျန်ခဲ့တဲ့ဓားမတိုနဲ့ဖြတ်ပြီးမိုးရေကိုသိုလှောင်ကြတယ်။တစ်ရက်နှစ်ရက်။သူတို့ပင်လယ်ထဲမျှောနေတာ ၅ရက်ရှိပြီ။ခြောက်ရက်မြောက်ညမှာကိုလူခင် အိပ်မက်တစ်ခုမက်တယ်။အိပ်မက်ထဲမှာရေငံပိုင်ဦးရှင်ကြီးက ‌မိကျောင်းကျောပေါ်ကမတ်တပ်ရပ်ပြီး "လှေနဲ့ ငါ့နောက်ကလိုက်ခဲ့ကြ" ဒီလိုပြောပြီးအိပ်မက်က လန့်နိုးခဲ့တယ်။မနက်လင်းတော့ထူးဆန်းစွာပဲ သူတို့ဖောင်ရှိရာကိုဦးနဲ့ပဲ့သာပေါ်ပြီးရေမြုပ်နေတဲ့လှေတစ်စင်းမျောလာတာတွေ့ကြရတယ်။ "ဉီးစီးလှေ‌ဗျ" "အေးအနားရောက်ရင်ဆယ်ကြည့်ကြကွာ" အားလုံးကဖျားသူကဖျားနဲ့ ရရာငါးစိမ်းကိုအသက်မသေယုံစားနေကြရလို့အာဟာရကပြက်လို့နေကြပြီဖြစ်တယ်။လှေကိုတွေ့လို့လည်းဘယ်သူမှအားတက်သရောမဖြစ်ကြ။လှေရှိလို့ရော ဘယ်ကိုသွားလို့ရမှာလဲ။သူတို့ဖောင်ကိုလာကပ်တဲ့လှေက ကံကောင်းစွာအကောင်းပကတိဖြစ်နေတာတွေ့ရတယ်။လှေကိုဖောင်ပေါ်ဆွဲတင်ကာမှောက်ချလိုက်တယ်။
237
18
لا يوجد نص...
203
19
"ဒါပေါ့ကိုလူခင်။အနုပညာဆိုတာ လူတွေရဲ့ယဉ်ကျေးမှု ရေသောက်မြစ်ပဲ။ဇာတ်သဘင်ဖြစ်ဖြစ်ရုပ်ရှင်ဖြစ်ဖြစ် ဂီတဖြစ်ဖြစ် လူတွေကိုအမှတ်မှားစေမဲ့ပညာပေးမှုဖျော်ဖြေမှုကို ကိုယ်အောင်မြင်ရေးတစ်ခုပဲမကြည့်ပဲ တင်ဆက်သင့်ကြတာပေါ့" "သစ္စာ ဦးရှင်ကြီးက နတ်ဆိုတော့ ဘယ်နတ်အမျိုးအစားထဲပါမလဲ ဒါလည်းပြောပါဦး" သက်ဖူးကမေးလိုက်ရာသစ္စာကအကြမ်းရေကိုငှဲ့ရင်းစဉ်းစားနေရာအားလုံးကသစ္စာရဲ့အဖြေကို ငြိမ်ပြီးစောင့်နေကြတယ်။ "ဖြစ်ဖို့များတာကတော့ ဝေမာနိကအနွယ်နတ်ပြိတ္တာအမျိုးအစားလို့ထင်ရတာပဲ။ဘယ်နည်းနဲ့မှတော့ အထက်နတ်မဖြစ်နိုင်ဘူး။လူတွေသိကြတဲ့ရုက္ခဇိုးအဆင့်လောက်ဖြစ်မယ်။ဒါပေမဲ့ အပိုင်စားရတဲ့အနေအထားကြောင့် ဩဇာသက်ရောက်မှုကသာမန် ရုက္ခဇိုးထက်တော့သာလိမ့်မယ်" "ဆရာလေးကျနော်တော့ ဆရာလေးနဲ့တွေ့မှ အလင်းတစ်ခုရခဲ့ပါပြီ" ဒီအခါကိုလူခင်ကမောင်မြပုခုံးကိုပုတ်ရင်း "သူက ကျနော့်တူပါ။ရန်ကုန်ကအလည်ရောက်နေတာ။သမိုင်းဘာသာရပ်နဲ့ဒီနှစ်မှဘွဲ့ရထားတာပါ" မောင်မြက လက်အုပ်ချီကာ "ကျနော်ဆရာလေးမပြန်ခင် ဆရာလေးဆီကသမိုင်းဒဿနတွေလေ့လာသင်ယူပါရစေ။အခုညကစပြီးကျနော်ဆရာလေးတို့နဲ့လာနေခွင့်ပြုပါ။တပည့်အဖြစ်လက်ခံပါဆရာ" သစ္စာကရယ်မောကာ "သင်္ဂြိုင်းကုန်းမှာလာနေဖို့အဆင်ပြေရင်လာပါ။ဒါပေမဲ့တပည့်တော့မလုပ်ပါနဲ့။ဝိဇ္ဇာဓိုရ်ဘိုးစက္ကပြောသလိုခေါင်းကျိန်းလို့ပါ" အားလုံးပြိုင်တူရယ်မောလိုက်ကြရာ ကုက္ကိုပင်ထက်ကဆက်ရက်ငှက်များပင်လန့်ကာထပျံကြလေတော့တယ်။ ဆက်ရန်...
215
20
ကိုလူခင်က "ကျနော်တို့က ဒေသအလုပ်ပေါ့ဆရာလေး‌ရယ်။မိမိ၀မ်းရေးအတွက်တံငါပေါ့။အရင်ကကျားဖောင်မှာလုပ်တယ်။ခုတော့လှေနဲ့အိုးမကွာအိမ်မကွာပိုက်ချပေါ့" သစ္စာက ကိုလူခင်ကိုကြည့်ပြီးစိတ်၀င်စားစွာ "ကျားဖောင်ဆိုတာ ကြားသာကြားဖူးတာပါ။ဗဟုသုတဖြစ်ရအောင် ကျားဖောင်အတွေ့အကြုံလေးရှိရင်နားထောင်ချင်ပါရဲ့ဗျာ" ထိုလူသုံးယောက်မှာ သူတို့ဒေသ၊သူတို့လုပ်ငန်းကိုစိတ်၀င်စားတယ်ဆိုတာကြောင့် အားတက်၀မ်းမြောက်ဟန်နဲ့ကိုလူခင်က "ရှိပါသော်ကောဆရာလေးရယ်။ပြောရရင်တစ်ထောင့်တစ်ညဖြစ်လိမ့်မယ်ဗျ။ဆရာလေးရေငံပိုင်ဦးရှင်ကြီးကိုယုံလားခင်ဗျ" "ဟုတ်ကဲ့၊ယုံပါတယ်" အခန်း ၄။ "ကျနော်တို့အရပ်မှာတော့ အဖရေငံပိုင် ဦးရှင်ကြီးကိုယုံကြည်ကြပါတယ်။မ,စတာတွေလည်းရှိတယ်ဆရာလေး။ဒါနဲ့ဆရာလေးကိုမေးချင်တာက ဦးရှင်ကြီးနတ်သမိုင်းနဲ့ပတ်သတ်ပြီး အမြင်လေးပေးခဲ့ပါ။ကျနော်တို့ကတောသူတောင်သားတွေဆိုတော့ တစ်ဆင့်စကားနဲ့ အမျိုးမျိုးပြောတာကြားနေရတယ်။ဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုတာမသိဘူးဆရာလေး" သစ္စာက ကွမ်းတစ်ရွက်ကို ထုံးသုက်ရင်းက "ကိုလူခင်မေးလို့ ကျနော့်အမြင်ကိုပြောပါ့မယ်။ရေငံပိုင်ဦးရှင်ကြီး လူ့ဘ၀ကအဖြစ်အပျက်နဲ့ခုနှစ်သက္ကရာဇ်ကခိုင်ခိုင်မာမာစာပေအထောက်အထားမတွေ့ပါဘူး။ဒါပေမဲ့မောင်ရှင်ဟာ တကယ်ပဲမိန်းမလှကျွန်းမှာမျှော‌ခုက်သွားရင်းနတ်စိမ်းဘ၀ရောက်ခဲ့တာတော့ အမှန်လို့ကျနော်ယုံတယ်။ ဒါပေမဲ့နတ်သမိုင်းဆန်ဆန် နောက်မှရေးကြတဲ့စာအုပ်ကလေးတွေတော့ရှိတယ်။ ဒါကလည်းပါးစပ်ရာဇ၀င်ကိုအခြေခံရေးကြတာ။မပြည့်စုံတာ ကျန်ခဲ့တာရှိသလို ပိုပိုသာသာရေးကြတာတွေလည်းရှိပါလိမ့်မယ်။ဒါကစာပေနဲ့မှတ်တမ်းပြုကြသူတွေရဲ့သမာသမတ်ကျမှုအပေါ်မူတည်ပါလိမ့်မယ်။ဥပမာဗျာ။မောင်ရှင်တို့မိသားစုက ပဲခူးနားကစည်တီးရွာဇာတိလို့စာအချို့မှာဖတ်ဖူးတယ်။အချို့လည်းအယူအဆကွဲလွဲတာတွေရှိတယ်။ သေချာတာက မိန်းမလှကျွန်းမှာ အဖြစ်ဆိုးနဲ့ကြုံရတာကဧကန်ဒိဌပဲ။ချိန်ဆစရာက မောင်ရှင်လေးကစောင်းတီးပြီးသူရှင်ပြုနိုင်ဖို့ ပဲခူးရွှေမော်ဓောဘုရားမှာအလှူခံတယ်လို့ဆိုတယ်။ဒါဆိုမောင့်ရှင့်ရွာက ပဲခူးနားကစည်တီးရွာဆိုတာ လက်ခံရလိမ့်မယ်။ဒါပေမဲ့ ရွှေမော်ဓောဘုရားကြီးငြမ်းဆင်ဖို့ မိန်းမလှကျွန်းကိုမျောခုက်သွားတဲ့လှေနဲ့လိုက်သွားတယ်ဆိုတာ ယုတ္တိမတန်လှဘူး။ပထမအချက်က ငြမ်းဆင်ဖို့ကဝါးပဲခုက်ရမှာသစ်သားမျောနဲ့ငြမ်းဆင်ရိုးမှမရှိတာ။နောက်အချက်ကပဲခူးမှာရိုးမတောကြီးနီးနီးနားနားရှိပါလျက်နဲ့ ဘိုကလေးဘက်က မိန်းမလှကျွန်းကိုသွားကြတာတော့တယ်မဆီလျော်ဘူး" "ဟုတ်တယ်ဆရာလေး၊ဒါတော့စဉ်းစားစရာပဲ။ကျနော်လည်းတွေးပါတယ်။မှတ်သားထားပါတယ်ဆရာလေးဆက်ပြောပါ" သစ္စာက ကွမ်းသွေးကို ကြမ်းပေါက်ကထွေးချလိုက်ပြီးလည်ချောင်းရှင်းကာ "ကျနော်ကတော့ မျောခုက်လှေက ရိုးရိုးပဲမျောခုက်လှေလို့ယူဆကြစို့။အဲ...ပဲခူးရွှေမော်ဓောဘုရားဆိုတဲ့ကွာဟချက်ကို သမိုင်းရေးသူက သူ့ခေတ်နဲ့သူ စောဒကမတတ်ဘူးယူဆလို့ ဇာတ်လမ်းလှအောင်တန်ဆာဆင်ခဲ့တာဖြစ်ပါလိမ့်မယ်။ကျနော့်ယူဆချက်က ဒေါ်ဖြူတို့သားအမိ အစ်မဖြစ်သူဒေါ်သူရှိရာဘိုကလေးဘက်ကိုမောင်ဖိုးအောင်နဲ့လိုက်လာကြမယ်။မောင်ရှင့်ကိုပဲခူးဘုရားပွဲလာတဲ့ မောင်ဖိုးအောင်ကတွေ့လို့ဆိုရင်ပိုဆီလျော်လိမ့်မယ်။ ဘိုကလေးဘက်ရောက်မှ ဒေါ်သူကမောက်မာစွာဆက်ဆံလို့သားရင်းဖိုးအောင်က မိခင်ရဲ့မောက်မာရက်စက်ပုံကြောင့် ညီ၀မ်းကွဲနဲ့အဒေါ်ကိုသနားလွန်းတာကြောင့် မျောခုက်လိုက်ပြီးငွေရှာပေးဖို့စီစဉ်မယ်။ဒါဆိုသဘာ၀တ္တကျလိမ့်မယ်ဗျ။အရှိတရားကမှန်ခဲ့ပါလျက်ချဲ့ကားတာ ဖြည့်စွက်တာ မဆီလျော်တာတွေကြောင့်တကယ်သမိုင်းကိုလေ့လာသူမျိုးဆက်သစ်တွေက ခိုင်ခံ့ခြင်းမရှိတဲ့သမိုင်းကို လုပ်ဇာတ်ခင်းဖန်တီးခဲ့တာလို့ယူဆရင် သမိုင်းရင်းမှန်ကနင့်နာရပါလိမ့်မယ်" "ဒါနဲ့တစ်ခု၀င်မေးပါရစေ။ဦးရှင်ကြီးဖြစ်လာမဲ့မောင်ရှင်က လူ့ခန္ဓာနဲ့ပဲနတ်စိမ်းဖြစ်ရတယ်လို့ကြားဖူးတယ်။အဲဒါကရော" "သက်ဖူးကမေးလိုက်ရာ ‌ကိုလူခင်နဲ့ပါလာတဲ့မောင်မြကလည်း "ဟုတ်တယ်။အဲဒါကျနော်လည်းသိချင်တာ ဦးရှင်ကြီးက ဘယ်လိုနတ်စိမ်းဘ၀ရောက်တယ်ဆိုတာ" သစ္စာကအကြမ်းရေကိုဖြေးဖြေးချင်းသောက်ကာစဉ်းစားလိုက်ပြီး "နတ်စိမ်းဘ၀ကို လူ့ခန္ဓာနဲ့ဖြစ်သလား၊သေပြီးမှဖြစ်သလားဆိုတာတော့ ကျနော်လည်းဉာဏ်မမီဘူး။သေချာတာက မောင်ရှင်ဟာရေချအသတ်ခံရတယ်ဆိုတာပဲ။ရိုးရိုးလေးတွေးရင်ရေစာကျွေးလို့သေဆုံးပြီးနတ်စိမ်းဖြစ်တယ်ပေါ့ဗျာ။လူစင်စစ်ကနတ်စိမ်းဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလား။မောင်ရှင်ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကာယကံရှင်နဲ့ဘုရားပဲသိမယ်။ကျနော်ကတော့ဒါကိုမဆုံးဖြတ်ရဲဘူး။အကောင်းဆုံးကတော့မောင်ရှင်ရေစာကျွေးခံရပြီး နတ်စိမ်းဖြစ်တယ်လို့လက်ခံထားရင်အကောင်းဆုံးပါပဲ" ကိုလူခင်ကအတန်ကြာစဉ်းစားပြီး အကြမ်းရေကိုသောက်လို့နေတယ်။ပြီးမှ "ဆရာလေးပြောတာ ဆီလျော်သင့်မြက်ပါတယ်။ကျနော်လက်ခံပါတယ်။လူတွေရဲ့အထင်နဲ့ရုပ်လုံးဖော်ပြီးပြောသမျှစွက်ယုံကြရာကနေသမိုင်းမူရင်းပျောက်ရတာပေါ့‌နော်ဆရာလေး"
181