4 188
订阅者
+424 小时
+807 天
+35630 天
吸引订阅者
六月 '26
六月 '26
+446
在0个频道中
五月 '26
+432
在0个频道中
Get PRO
四月 '26
+326
在0个频道中
Get PRO
三月 '26
+411
在0个频道中
Get PRO
二月 '26
+137
在0个频道中
Get PRO
一月 '26
+286
在0个频道中
Get PRO
十二月 '25
+231
在0个频道中
Get PRO
十一月 '25
+414
在0个频道中
Get PRO
十月 '25
+335
在0个频道中
Get PRO
九月 '25
+278
在0个频道中
Get PRO
八月 '25
+52
在0个频道中
Get PRO
七月 '25
+201
在1个频道中
Get PRO
六月 '25
+130
在1个频道中
Get PRO
五月 '25
+1 900
在1个频道中
| 日期 | 订阅者增长 | 提及 | 频道 | |
| 28 六月 | +11 | |||
| 27 六月 | +15 | |||
| 26 六月 | +32 | |||
| 25 六月 | +14 | |||
| 24 六月 | +17 | |||
| 23 六月 | +15 | |||
| 22 六月 | +16 | |||
| 21 六月 | +13 | |||
| 20 六月 | +19 | |||
| 19 六月 | +19 | |||
| 18 六月 | +25 | |||
| 17 六月 | +13 | |||
| 16 六月 | +13 | |||
| 15 六月 | +20 | |||
| 14 六月 | +8 | |||
| 13 六月 | +34 | |||
| 12 六月 | +14 | |||
| 11 六月 | +22 | |||
| 10 六月 | +16 | |||
| 09 六月 | +14 | |||
| 08 六月 | +13 | |||
| 07 六月 | +9 | |||
| 06 六月 | +12 | |||
| 05 六月 | +13 | |||
| 04 六月 | +13 | |||
| 03 六月 | +12 | |||
| 02 六月 | +19 | |||
| 01 六月 | +5 |
频道帖子
" ဟာ...ဒီခွေးမသားကလည်း ထင်ရာတွေ ပြောနေတော့တာပဲ။ ဟိုလူကြီးက လမ်းလွဲပြီး ခေါ်သွားမလို့ လုပ်နေတာကြောင့် ပြောနေတာကွ။ မင်းအခုနက မတွေ့ဘူးလား။ မြစ်ဘေးလမ်းကို ပြနေတာ...''
" ဟာ...ငဆောင်း။ ဟိုမှာ မင်းကောင်လေး လာနေပြီကွ...''
သူတို့ချင်း အငြင်းအခုန်ဖြစ်နေကြတုန်း တပေါင်းက သူတို့ဘက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး လှမ်းထွက်လာတာကို မြင်လိုက်ရလေတယ်။
" ဟန်မပျက်နေကွာ။ အနားရောက်မှ...''
သုံးယောက်သား လမ်းအတိုင်း သူတို့ဘက်ကို လှမ်းလာနေတဲ့ တပေါင်းကို မသိသယောင်ပြုရင်း နေလိုက်ကြတယ်။
မကြာလိုက်ပါဘူး။
တပေါင်းက သူတို့အနားကို ရောက်လာတယ်။ အနောက်မှာ အရင်က မိုက်ကြီးမတိုင်ခင် ကူးတို့ဆိပ်သူကြီးတာဝန်ကို ယူခဲ့သူ ဦးမြအေးလည်း အနောက်က ခပ်သုတ်သုတ် ပြေးလိုက်လာတာကို တွေ့ကြရတယ်။
သူတို့ရှိရာ တဲဆီကို တပေါင်းက အကြောက်အလန့်မရှိပဲ လှမ်းဝင်လိုက်တယ်။
သူတို့ဘက်က အထင်မှာတော့ တပေါင်းက တဲအရှေ့ကနေ ခပ်သုတ်သုတ်ပဲ ဖြတ်သွားလိမ့်မယ်လို့ ထင်နေခဲ့ကြပေမယ့် အထင်နဲ့ အမြင်က တက်တက်စင်အောင် လွဲနေခဲ့တယ်။
" ခင်ဗျားတို့ ကျုပ်ကို စောင့်နေကြတာ ထင်တယ်...''
တပေါင်းက သူတို့အရှေ့မှာ မတ်မတ်ရပ်ရင်း မေးလေတယ်။
ငဆောင်းက အရင်ထလိုက်တယ်။
တပေါင်းရဲ့ အသွင်အပြင်ကို သေသေချာချာ အကဲခတ်တယ်။
အသားက ခပ်လတ်လတ်၊ လူကောင်က သင့်တင့်ပြီး အရပ်လည်းပဲ ရှိတယ်။ အသက်ကတော့ နှစ်ဆယ်ဝန်းကျင် အတော့်ကို ငယ်ဦးမယ်လို့ ထင်မိလေတယ်။
" မင်းကိုစောင့်နေမှန်း ဘယ်လိုသိလဲ...''
ငဆောင်းက ခပ်ထေ့ထေ့ မေးလိုက်တယ်။
ဒီအခါ တပေါင်းက ပေါ့ပေါ့ပါးပါးပဲ ရယ်မောလိုက်ပြီး...။
" သိတာပေါ့ဗျာ။ မြေခွေးဆိုတဲ့ အမျိုးက ဘယ်အချိန်ကြည့်ကြည့် မြေခွေးမှန်း သိသာပါတယ်...''
" ဟာ...ဒီခွေးမသား...''
တပေါင်းက သူတို့ကို မြေခွေးနဲ့ နှိုင်းပြီးပြောတော့ ငဆောင်းတို့သုံးယောက်စလုံး မခံနိုင်။ မြင့်ထွန်းက ဆဲဆိုလိုက်ပြီး အရက်ပုလင်းကို ကောက်ယူလို့ တပေါင်းရဲ့ ခေါင်းကို ရိုက်ဖို့ ပြင်လိုက်တယ်။
" ဟေ့လူ...နေဦး...''
တပေါင်းက ဟန့်တားလိုက်လေတယ်။
ဒီအတွက် မြင့်ထွန်းရဲ့ ရိုက်အံ့ဆဲဆဲလက်က လေထဲမှာ တန့်သွားရလေတယ်။
" အရက်ပုလင်းဆိုတာက လူရိုက်လို့ရတယ် မှန်တယ်။ ဒါပေမယ့် အထဲက အရက်ကတော့ လူမရိုက်ရဘူး။ သောက်ရတယ်ဗျ...''
တပေါင်းက ပြောပြီးတာနဲ့ ခပ်တည်တည်ပဲ မြင့်ထွန်းရဲ့ လက်ထဲက အရက်ပုလင်းကို လှမ်းယူပြီး အထဲက အရက်ကို မော့သောက်လိုက်လေတယ်။
ဆက်ရန်...။
| 2 | " ဘာကြောင့်ရမလဲကွာ။ ဒီကောင်တွေက အမဲသားသည်လူမိုက်တွေကွ။ ဒီအတိုင်းနေရင်းတောင်မှ ပြဿနာကို မီးခွက်ထွန်းရှာနေကြတာ။ အခုနက မင်းနဲ့ လှေပေါ်မှာ ကတောက်ကဆဖြစ်ခဲ့တော့...''
တပေါင်း ခပ်ဖွဖွ ရယ်လိုက်မိတယ်။
" အင်းပါဗျာ။ ဒီလောက်ပြဿနာရှာချင်တယ်ဆိုရင်လည်း ရှာပါစေ...''
အကြောက်အလန့်မရှိပဲ ပြောလိုက်တဲ့ တပေါင်းရဲ့စကားကြောင့် လှေသမားကြီးက အာဂပဲဆိုတဲ့ ဟန်နဲ့ မျက်ခုံးတွေ ပင့်ပြလေတယ်။
" ဪ...ဒါနဲ့ ဦးလေးကြီးနာမည်က ဦးမြအေးနော်...''
" အေး...ဟုတ်တယ်ကွ။ မင်းနာမည်ကကော...''
" ကျုပ်နာမည်က တပေါင်းပါ...''
တပေါင်းနဲ့ လှေသမားကြီးတို့ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးအဖြစ် မိတ်ဆက်လိုက်ကြတယ်။
မိတ်ဆက်ပြီးတဲ့နောက်မှာတော့ တပေါင်းက...။
" ဒါနဲ့ ဦးလေးမြအေး အခုနက ပြောတဲ့ မြစ်မိစ္စာဆိုတာက ဘယ်လိုမျိုးလဲဗျ။ ကျုပ် သိချင်လွန်းလို့ ပြောပြစမ်းပါဦးဗျာ...''
တပေါင်းက လှေသမားကြီးကို နာမည်အတိုင်းပဲ ဦးလေးမြအေးရယ်လို့ ရင်းနီးစွာနဲ့ ခေါ်ဝေါ်လိုက်လေတယ်။
ဦးမြအေးက တပေါင်းကို အံ့သြဟန်နဲ့ ကြည့်လာတယ်။
" ဟ...မောင်တပေါင်း။ မင်းနှယ် ဘယ်နှယ့်လူလဲကွယ်...''
" ဗျာ...ဘာဖြစ်လို့လဲ ဦးလေးမြအေး...''
တပေါင်းက နားမလည်နိုင်ပဲ ပြန်မေးလိုက်လေတယ်။
" ဘာဖြစ်မလဲ မောင်တပေါင်းရ။ မင်းက ဟိုမှာ ငဆောင်းတို့ကောင်တွေ ရန်ပြုဖို့ စောင့်နေတာကို သိသိရဲ့နဲ့ အဲ့ဒါကို ဂရုမစိုက်ပဲ မြစ်မိစ္စာအကြောင်းကို ဦးစားပေး စိတ်ဝင်စားနေလို့လေကွာ...''
တပေါင်း ရယ်လိုက်မိလေတယ်။
" ဪ...အဲ့ဒါကတော့ ဒိက ဦးလေးမြအေးတစ်ယောက်လုံး ရှိနေတာပဲဗျာ။ လှေပေါ်မှာ ဦးလေးက သူတို့ကို ကြိမ်းလိုက်တော့ ငြိမ်သွားကြတယ် မဟုတ်လား...''
" ဟာ...အဲ့ဒါက လှေပေါ်မှာမို့လို့ကွ။ ပြီးတော့ မြစ်မိစ္စာကို ထတဲ့ရက်ဖြစ်နေလို့ ဒီကောင်တွေ ငါ့ကို မလှန်တာ။ အခုလို ကုန်းပေါ်ကျရင်တော့ ကြောက်နေပါဦးမယ်ကွာ။ မနက်ကတောင် ငါ လှေမဆင်းတာကို ကျွန်းတောစုနာရေးက ပြန်လာတဲ့ ဒီကောင်တွေကို မိုက်ကြီးက အတင်း သွားကြိုခိုင်းလို့ မြစ်ကူးရတာ။ အခုလည်းပဲ ဒီကောင်တွေကို ကြောက်လို့ ငါ့လက်ထဲ လှော်တက်ကိုင်ထားရတယ်လေကွာ..''
ဦးမြအေးက အရွှန်ဖောက်ပြောတယ်။
နှစ်ယောက်သား ကမ်းနဖူးနားတင် ခင်မင်သွားခဲ့ပြီး စကားအတိုင်အဖောက်တို့က ညီနေခဲ့လေတယ်။
" ကဲ...ဦးလေး။ ကျုပ်လည်း မြစ်မိစ္စာအကြောင်းကို သိချင်လှပြီ။ ဦးလေးကလည်း ဟိုက ငဆောင်းတို့ကိစ္စကို စိတ်ထဲရောက်နေတော့ အရင်ရှင်းသင့်တဲ့ ကိစ္စကို ရှင်းလိုက်ကြစို့လား...''
တပေါင်းရဲ့ စကားကြောင့် လှေသမားကြီးဦးမြအေး မျက်လုံးတွေ ပြူးတက်သွားရတယ်။
" မင်းဘာလုပ်မလို့တုန်း မောင်တပေါင်း...''
ဦးမြအေးရဲ့ အမေးကြောင့် တပေါင်းက ငဆောင်းတို့ ထိုင်နေတဲ့ ကူးတို့တဲဘက်ကို မေးလှမ်းဆတ်ပြလိုက်တယ်။
" ငဆောင်းတို့ဆီကို သွားမယ်လေဗျာ...''
" ဟာ...ဟေ့ကောင်လေး။ အဲ့ဒီ့ကူးတို့တဲက ဒီကောင်တွေစားကျက်ကွ။ အထဲမှာ သူတို့သုံးယောက်တင်မဟုတ်ဘူး။ ဒီကူးတို့ဆိပ်က လူမိုက်မိုက်ကြီးဆိုတဲ့ ကောင်လည်းပဲ ရှိသေးတယ်...''
" မိုက်ကြီးဆိုတာက ဒီကူးတို့ဆိပ်ကို မင်းမူနေတာလား...''
" အမှန်ပဲ မောင်။ မိုက်ကြီးက ဒီကူးတို့ဆိပ်က သူကြီးပဲ။ ဟိုကောင်တွေက လှေပေါ်က ကိစ္စကို မိုက်ကြီးကို တိုင်ကြလိမ့်မယ်။ ဒါကြောင့် ငါ မြစ်ဘေးအတိုင်း ရှောင်ပြီးသွားမလို့...''
ဦးမြအေးက မြစ်နံဘေးအတိုင်းသွားတဲ့ လမ်းကလေးကို လှမ်းညွှန်ပြကာ ပြောလေတယ်။ တပေါင်းလည်း လမ်းကလေးကို လှမ်းကြည့်ပြီး ဒိဘက်က ငဆောင်းတို့ထိုင်နေရာ ကူးတို့တဲအနားက ဖြတ်သွားရမယ့် ပုံမှန်လမ်းဆီကို ပြန်ကြည့်လိုက်တယ်။
" ဒီလမ်းပဲ ကောင်းပါတယ်ဗျာ။ ကျုပ်တို့ လာတုန်းကလည်း ဒီလမ်းပဲ။ ပြန်ရင်လည်း ဒီလမ်းပဲပေါ့...''
တပေါင်းက ပြောပြီးတော့ လမ်းအတိုင်း အရှေ့ကနေ လှမ်းထွက်သွားလေတယ်။
တပေါင်းကြောင့် ဥိးမြအေးကတော့ ခေါင်းကို တွင်တွင်ကုတ််လိုက်မိတယ်။
" ဒီကောင်လေးနဲ့တော့ ခက်တော့တာပါပဲ...''
ဦးမြအေး ညည်းတွားလိုက်မိတယ်။ ပြီးတော့ သူ့လမ်းသူ သွားမယ်လို့ ဆုံးဖြတ်ပြီး ခြေလှမ်းတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ တူသားအရွယ်တပေါင်းကို စိတ်မချဖြစ်မိရတဲ့အတွက် ခြေလှမ်းတို့ကို ရပ်လိုက်မိပြီး " အင်း...မဖြစ်သေးပါဘူး...''လို့ ရေရွတ်ကာ အတော်လှမ်းသွားခဲ့ပြီဖြစ်တဲ့ တပေါင်းအနောက်ကို အပြေးတစ်ပိုင်း လိုက်ပါသွားခဲ့တော့တယ်။
**
ကူးတို့တဲအထဲမှာ ငဆောင်းနဲ့ သောင်းအေး၊ မြင့်ထွန်းတို့ အရက်ပုလင်းတစ်လုံးကို အလယ်မှာ ချလို့သောက်ရင်း ထိုင်နေကြတယ်။
သူတို့သုံးယောက်ရဲ့ သားရဲပမာ မျက်ဝန်းများက မြစ်ကမ်းနံဘေးဆီမှာ စကားရပ်ပြောနေတဲ့ လှေသမားကြီးဦးမြအေးနဲ့ တပေါင်းဆီကို လှမ်းကြည့်နေကြတယ်။
" ငဆောင်း...အဲ့ဒီ့မလောက်လေးမလောက်စားကို မင်း ကောင်းကောင်းကြီး ပညာပေးသင့်တယ်နော်...''
သောင်းအေးက စကားစ'လိုက်တယ်။
ငဆောင်းက သောင်းအေးကို ခပ်စွေစွေကြည့်လိုက်ပြီး...။
" အေး...မင်းပြောသလိုပဲ။ ငါလည်း လက်ကို ယားနေတာ။ ဒါပေမယ့် ဟိုလူကြီးက ကြားဝင်ရှုပ်နေတယ်ကွ...''
" အဲ့ဒီ့ ကူးတို့သူကြီးပြုတ်ကိုတော့ ခေါင်းထဲ ထည့်မနေစမ်းပါနဲ့ကွာ...''
သောင်းအေးက ပြန်ကွန့်တယ်။ | 223 |
| 3 | တပေါင်းက လှေသမားကြီးကို လှည့်ကြည့်လို့ မေးလိုက်လေတယ်။
" အေး...ဟုတ်တယ် ကောင်လေး။ ငါတို့ တစ်ဖက်ကမ်းကို အမြန်ဆုံး ရောက်မှ ဖြစ်လိမ့်မယ်...''
လှေသမားကြီးရဲ့ အဖြေစကားဆီမှာ ဘာကြောင့်ဆိုတဲ့ အကျိုးအကြောင်းမပါ။
" ဘာများဖြစ်လို့လဲဗျ...''
တပေါင်းက ထပ်ပြီး မေးမြန်းလိုက်လေတယ်။ ဒီအခါ လှေသမားကြီးက ပြန်မဖြေခင် အရှေ့က လူတွေအထဲက တစ်ယောက်က တပေါင်းကို ဒေါသမျက်ဝန်းတွေနဲ့ လှည့်ကြည့်လာပြီး...။
" ဟေ့ကောင်လေး။ မင်း အမေးအမြန်းတွေ သိပ်ထူမနေနဲ့။ မသေချင်ရင် မင်း ပါးစပ်ကို ပိတ်ပြီး တိတ်တိတ်လေး လိုက်ခဲ့...''
ဆိုကာ ငေါက်ငမ်းလေတယ်။
တပေါင်းဆိုတာကလည်း ဒါမျိုးကို လက်ခံနိုင်တဲ့သူ မဟုတ်ဘူး။ ဒါကြောင့် ပြောသူကို ခပ်စေ့စေ့ပြန်ကြည့်လိုက်ပြီး...။
" ကျုပ်မေးတာ ခင်ဗျားကို မဟုတ်ဘူး။ ဒီက လှေဆရာကြီးကို မေးနေတာ။ ခင်ဗျား စကားအတိုင်း ပြန်ပြောလိုက်မယ်ဗျာ။ မသေချင်ရင် တိတ်တိတ်သာနေ...''
" ဟာ...ဒီခွေးမသားလေးကတော့...''
တပေါင်းစကားကြောင့် ငေါက်ငမ်းသူက ဒေါသအလွန်ထွက်သွားလေတယ်။ ဒေါသတကြီးနဲ့ ထိုင်ရာကနေ ချက်ချင်း ထပြီး တပေါင်းဆီကို လှမ်းလာဖို့ လုပ်လေတယ်။
" ဟေ့ကောင် ငဆောင်း။ မင်း ငြိမ်ငြိမ်နေလိုက်။ အခု ရောက်နေတာ ရေလည်ခေါင်ထဲမှာနော်။ မင်းကြောင့် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်ကွ...''
လှေသမားကြီးက ဝင်ပြီး ငေါက်ငမ်းထိန်းကျောင်းပါမှ ငဆောင်းဆိုတဲ့ ငေါက်ငမ်းသူက သူ့နေရာသူ ပြန်ထိုင်သွားလေတယ်။
" ကောင်လေး။ မင်းလည်းပဲ မြစ်လယ်မှာ မေးခွန်းတွေ မေးမနေနဲ့။ မင်းသိချင်တာတွေရှိရင် ဟိုဘက်ကမ်းကို ရောက်မှ ငါ အကုန်ဖြေပေးမယ်...''
လှေသမားကြီးရဲ့စကားကြောင့် တပေါင်းလည်း ဘာမှဆက်ပြီး မပြောတော့ဘူး။
စကားသံများ တိတ်ဆိတ်သွားပြီးနောက်မှာတော့ လှေသမားကြီးက လှေကို ပိုလို့ အားစိုက်လှော်ခတ်နေလေတယ်။
မြစ်တစ်ဖက်ကမ်းကို ရောက်လုလုနီး ဖြစ်လာလေတယ်။
ဒီအခါ လှေသမားကြီးက တပေါင်းကို လှမ်းကြည့်လာပြီး...။
" ကောင်လေးရေ။ ငါတို့ ဒီနေ့ အသည်းအသန်ဖြစ်နေရတာ မြစ်မိစ္စာကြောင့်ပဲကွ...''
မြစ်မိစ္စာဆိုတဲ့ စကားကြောင့် တပေါင်း စိတ်ထဲ တစ်မျိုးဖြစ်သွားရလေတယ်။
" ဘယ်လို ဦးလေးကြီး။ မြစ်မိစ္စာကြီး ဟုတ်သလား...''
" ဟုတ်တယ် ကောင်လေး...''
" ဘယ်လိုမျိုးလဲ ကျုပ်ကို ပြောပြပါလား ဦးလေးကြီး...''
တပေါင်းက သိချင်စိတ်ပြင်းပြစွာနဲ့ မေးမြန်းလိုက်လေတယ်။
" မင်း ဒီထက်ပိုပြီး သိချင်ရင်တော့ ကမ်းပေါ်ရောက်မှ ဆက်ပြောပြမယ်။ အခုနေတော့ မြစ်ထဲမှာ ပြောလို့မဖြစ်ဘူးကွ...''
" ဪ...ဟုတ်ကဲ့...''
တပေါင်းလည်း စိတ်ထဲမှာ ဇဝေဇဝါနဲ့ ခေါင်းကို ညိတ်လိုက်မိလေတယ်။
လှေသမားကြီးက စိုးရွံ့စိတ်အပြည့်နဲ့ တစ်ဖက်ကမ်းဆီကို လှေကို မရောက်ရောက်အောင် အားကုန်စိုက်ပြီး လှော်ခတ်နေလေတယ်။
တပေါင်းလည်း ရေပြင်ကို ထိုးခွဲပြီး အလျင်နဲ့ သွားနေတဲ့ လှေပေါ်ထိုင်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိနေတယ်။
လေအလျင်လုံးဝမရှိ၊ ကျေးငှက်တို့ အော်မြည်နေမယ့် အသံဗလံတို့ကလည်း ဆိတ်သုဥ်းနေပြီး အရာရာက ငြိမ်သက်ရင်း ရှိနေလေတယ်။
တပေါင်းစိတ်ထဲမှာ စိတ္တကို မေးမြန်းရင်တော့ သိနိုင်လောက်တယ်လို့ တွေးမိသွားရလေတယ်။
" စိတ္တ...ဒီလူတွေက မြစ်မိစ္စာဆိုပြီး ပြောနေကြတယ်။ ဘာလဲဆိုတာကို မင်း သိမလား...''
တပေါင်းက စိတ္တကို စိတ်ချင်းဆက်သွယ်လို့ မေးမြန်းလိုက်လေတယ်။
" ငါ မသိဘူး တပေါင်း...''
" ပေါင်းလောင်းအရှင်မက မင်းကို ဘာမှမပြောပြဘူးလား...''
" မပြောပြဘူး တပေါင်း...''
" ဒီမြစ်ထဲက မြစ်မိစ္စာလို့ ပြောနေတယ်။ မင်း အဲ့ဒီ့ကိစ္စအတွက်ကို စုံစမ်းပေးပါ စိတ္တ...''
" ကောင်းပြီ တပေါင်း။ ငါ အခုပဲ ပေါင်းလောင်းအရှင်မဆီကို သွားပြီး စုံစမ်းလိုက်မယ်...''
စိတ္တက တပေါင်းကိုယ်ကနေ ထွက်ခွာသွားလေတယ်။
စိတ္တ ထွက်သွားပြီးနောက်မှာတော့ လှေက ကမ်းဆီကို အခက်အခဲ မရှိပဲ ဆိုက်ရောက်လေပြီ။ လှေပေါ်ပါလာကြသူတွေက ကမ်းပေါ်ကို အမြန်တက်ကြတယ်။
တပေါင်းကတော့ ချက်ချင်းမတက်။ ရေပြင်က်ုတစ်လှည့် ပတ်ဝန်းကျင်ကိုတစ်လှည့် စူးစမ်းကြည့်ရင်း ရှိနေလေတယ်။
" ဟေ့ကောင်လေး။ ဘာလုပ်နေတာလဲ။ ကမ်းပေါ်ကို မြန်မြန်တက်...''
လှေသမားကြီးက တပေါင်းကို လှမ်းအော်လေတယ်။
တပေါင်းက ချက်ချင်းမတက်သေးပဲ လှေနံဘေးက ရေကို လက်နဲ့ ခပ်လို့ နမ်းကြည့်လိုက်လေတယ်။
" အင်း...လူငယ်တွေ တော်တော်လေးလည်း မိုက်ရူးရဲဆန်တာပဲ...''
လှေသမားကြီးက တပေါင်းကို ကြည့်ပြီး မှတ်ချက်ပြုလေတယ်။
ရေကို နမ်းကြည့်ပြီးနောက်တော့ တပေါင်းလည်း ကမ်းပေါ်ကို တက်လိုက်တယ်။
ကမ်းနဲ့ နည်းနည်းလှမ်းတဲ့ ကူးတို့တဲဆီမှာတော့ အခုနက လှေအတူစီးခဲ့ကြတဲ့ လူသုံးယောက်က ထိုင်နေလေတယ်။
လှေသမားကြီးက လှော်တက်ကို ထမ်းရင်း ကူးတို့တဲဆီကို မသွားသေးပဲ တပေါင်းကို ရပ်စောင့်နေတယ်။
" ကောင်လေး။ မြန်မြန်လာကွ။ မင်းတစ်ယောက်ထဲဆို ငဆောင်းတို့ကောင်တွေက ပြဿနာရှာကြလိမ့်မယ်။ ငါက ဒီဘက်လမ်းက သွားမှာ။ မင်း ငါ့အနောက်ကနေ လိုက်ခဲ့ချေ...''
လှေသမားကြီးက ကူးတို့တဲဆီကို မေးလှမ်းငေါ့ပြပြီး ပြောလေတယ်။ တပေါင်းလည်း ကူးတို့တဲဆီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး...။
" သူတို့က ဘာကြောင့် ပြဿနာရှာမှာလဲ ဦးလေးကြီး...'' | 148 |
| 4 | ဦးဝတီးတစ်ယောက်ကတော့ တပေါင်းရဲ့ အကြည့်ကို နားလည်ပေမယ့်လည်း သူလွတ်မြောက်ရေးအတွက် အကူအညီတောင်းခံလိုက်လေတယ်။
" ကျုပ် မကယ်နိုင်ဘူး ဦးကြီး။ လောကမှာ ကျုပ် အမုန်းဆုံးအရာက သစ္စာဖောက်ဖျက်မှုပဲ...''
" မ...မလုပ်ပါနဲ့။ နောက်ကို မဖြစ်စေရတော့ပါဘူး...''
လူဝကြီးဦးဝတီးက ဆက်ပြီးပြောပေမယ့် တပေါင်းက နေရာကနေ လှည့်လို့သာ ထွက်သွားလေတယ်။
" တ...တပေါင်း။ ငါ့ကို မထားခဲ့ပါနဲ့။ ကယ်...ကယ်ပါဦး...'
လူဝကြီးဦးဝတီးက လှမ်းအော်ပေမယ့်လည်း တပေါင်းက လှည့်မကြည့်တော့ဘူး။ အရှေ့ဘက်အခန်းကို ပြန်လည်ရောက်ရှိလာလေတယ်။
" အရှင်...သူ့ကို ဘယ်လိုစီရင်ရမလဲ...''
" သူ့ကို တစ်သက်တာလုံးသာ ချုပ်နှောင်ထားလိုက်ပါ။ သတ်လိုကလည်း သတ်လိုက်ပါ။ သူ့ကြောင့် လူငါးယောက် သေပြီးပြီ။ ဒီလိုလူတွေက လောဘကြီးလွန်းပြီး အတ္တကလည်း အလွန်ကြီးလွန်းတယ်။ သူ့ကိုသာ လွှတ်ပေးလိုက်ရင် နောက်ထပ် ဘယ်သူတွေကို ဘယ်လို ဒုက္ခပေးမယ် မသိတတ်ဘူး...''
" စိတ်ချပါ အရှင်။ ကျုပ် အရှင့်အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်...''
" ကူညီပေးလို့ ကျေးဇူးတင်ပါတယ် အာယုသဓ...''
" ဒီလိုပြောဖို့ မလိုအပ်ပါဘူး အရှင်။ အခုလို အရှင့်ရဲ့ အမှုတော်ကို ထမ်းရွက်ခွင့်ရလို့လည်း အလွန်ပဲ ပီတိဖြစ်ရပါတယ်...''
တပေါင်းက ခေါင်းကို ညိတ်လိုက်လေတယ်။
" ကောင်းပါပြီ အာယုသဓ။ ကျုပ် ခင်ဗျားကို အမြဲတမ်း မမေ့အောင် မှတ်သားထားပါ့မယ်...''
" ကျေးဇူးတင်ပါတယ် အရှင်။ အရှင့်ရဲ့ အမှုတော်ကို ဆက်လက်ပြီး ထမ်းရွက်လိုတာကြောင့် အလိုရှိတိုင်း ခေါ်ယူစေခိုင်းပါ အရှင်...''
" ဟုတ်ပြီ အာယုသဓ...''
တပေါင်းလည်း အာယုသဓရဲ့ ကျောက်သားဖြူဗိမ္ဗာန်ကြီးဆီကနေ ထွက်ခွာဖို့ တွေးလိုက်တယ်။ ဒီအခိုက်မှာပဲ အာယုသဓက သေတ္တာအနီကို ထပ်ပြီး ကမ်းပေးပြန်တယ်။
" အရှင်...ဒီသေတ္တာကို...''
" ဒါကို ခင်ဗျားပဲ သိမ်းဆည်းထားလိုက်ပါ အာယုသဓ။ နောက်နောင် လိုအပ်လာမယ့် အရေးရှိရင်တော့ အသုံးချလို့ ရလိုရငြား ဖြစ်လာပါလိမ့်မယ်...''
" နာခံပါ့မယ် အရှင်...''
အာယုသဓ'က တပေါင်းကို ရိုကျိုးလွန်းစွာနဲ့ ပြောလိုက်လေတယ်။
အဲ့ဒီ့နောက်တော့ တပေါင်းလည်း ကျောက်သားဖြူဗိမ္ဗာန်ကြိးဆီကနေ ထွက်လာခဲ့လေတယ်။
ပြင်ပဆီမှာလည်း နေက အတော့်ကို ရင့်နေခဲ့ပြီ။ တပေါင်းလည်း မူလလာရင်းကိစ္စက ပျက်ပြယ်သွားခဲ့ပြီဖြစ်တာကြောင့် ခြေလှမ်းတွေကို ဆက်လှမ်းနေပေမယ့်လည်း လောလောဆယ်တော့ ဘယ်ဆီကို ဆက်သွားရမယ် မသိတတ်သေးဘူး။
လှမ်းလာရင်းနဲ့ မြစ်ဆိပ်ဆီကို ရောက်တော့ လှေတစ်စီးက ကမ်းကူးသူ စျေးသည်လို့ ယူဆရတဲ့ သုံးလေးယောက်ကို တင်လို့ အလောတကြီးနဲ့ ကမ်းက ခွာနေတာကို မြင်ရလေတယ်။
တပေါင်း အသေအချာ ကြည့်မိတော့ လှေသမားကြီးက မနေ့တုန်းက စီးလာတဲ့ လှေသမားကြီးဖြစ်နေတယ်။
" ဗျို့...ဦးလေးကြီး။ ကျုပ် လိုက်ဦးမယ်ဗျ...''
တပေါင်း လှမ်းအော်လိုက်တယ်။
တပေါင်းကို မြင်တော့ လှေသမားကြီးကလည်း ချက်ချင်းပဲ မှတ်မိသွားလေတယ်။
" ဒါက ဟိုကောင်လေးပဲ...''
လှေသမားကြီးက ရေရွတ်ပြီး တပေါင်းကို ပြန်ခေါ်ဖို့ လှေကို ကမ်းဆီ ပြန်ကပ်ဖို့ လုပ်ဆောင်လိုက်လေတယ်။
ဒီအချင်းအရာကြောင့် လှေပေါ်မှာ ရှိနေတဲ့ လူတွေက ထိတ်ထိတ်ပြာပြာ ဖြစ်သွားကြလေတယ်။
" ကိုမြအေး။ ဒါက ဘာလုပ်တာလဲ။ အရေးကြီးနေပြီ။ ဒီကောင်လေးကို ထားခဲ့လိုက်တော့...''
" ဟုတ်တယ် ကိုမြအေး။ ကျုပ်တို့ မသာတွေမဖြစ်ချင်သေးဘူးဗျ...''
" ကမ်းကို ပြန်မကပ်နဲ့ဗျ။ လုပ်စမ်းပါဗျာ။ ဟိုဘက်ကမ်းကိုသာ အရောက်ကူးစမ်းပါ...''
လှေပေါ်က လူတွေရဲ့ စကားကို ကြားမိတော့ တပေါင်းအနေနဲ့ အံ့အားသင့်မိသွားရသလို စိတ်ထဲမှာလည်း မျက်ခနဲ ဖြစ်သွားရလေတယ်။
" ဟာ...မင်းတို့ကလည်း ဒီကောင်လေးက မနေ့တုန်းက ငါ့လှေကို စီးသွားခဲ့တဲ့ ကောင်လေးကွ။ ဒီနယ်က မဟုတ်ဘူး။ သူ့ကို ပြန်ခေါ်မှ ဖြစ်မှာပေါ့...''
လှေသမားကြီးက သူ့လှေပေါ်က လူသုံးယောက်ကို တုန့်ပြန်ပြီး လှေကို ကမ်းဆီပြန်ကပ်လာတယ်။
" ကိုမြအေး။ ခင်ဗျားလုပ်တာနဲ့ ကျုပ်တို့တော့...''
" ဟေ့...မင်းတို့စကားတွေ ဒီတင်ရပ်။ ဒါက ငါ့လှေ။ အခု ကမ်းကို ပြန်ကပ်လို့ မင်းတို့ မကျေနပ်ရင် ဆင်းနေခဲ့ကြကွာ...''
လှေသမားကြီးက ငေါက်ငမ်းတော့ လူသုံးယောက်က နှုတ်ဆိတ်သွားကြလေတယ်။ ဒါပေမယ့် သူတို့မျက်နှာများဆီမှာတော့ မကျေနပ်ဟန်တို့က အထင်းသား ရှိနေလေတယ်။
လှေက ကမ်းကို အနောက်ပိုင်းထိုးလို့ ကပ်လာလေတယ်။
" ကောင်လေး...မြန်မြန်တက်...''
လှေသမားကြီးက လှမ်းပြောတော့ တပေါင်းလည်း လှေပေါ်ကို တက်လိုက်လေတယ်။ တပေါင်း လှေပေါ်ကို ရောက်တာနဲ့ လှေသမားကြီးက ကမ်းဆီကနေ ချက်ချင်းခွာတယ်။
တပေါင်းလည်း လူးနေတဲ့ လှေထဲမှာ ကိုယ်ကိုယ် ဟန်ချက်ထိန်းပြီး သူထိုင်လို့ အဆင်ပြေနိုင်မယ့် လှေသမားကြီးနဲ့ မလှမ်းမကမ်းက နေရာဆီမှာ ထိုင်လိုက်လေတယ်။
အရှေ့က လူတွေက တပေါင်းဆီကို လှည့်လို့ ဘုကြည့်ကြည့်ကြတယ်။
လှေသမားကြီးကတော့စကားတစ်ခွန်းမှ မပြောတော့ပဲ လှေကို တစ်ဖက်ကမ်းဆီ အမြန်ရောက်ဖို့အတွက်သာ အားစိုက် ထိုးလှော်နေလေတယ်။
ဒီအခြေအနေတွေကိုကြည့်ပြီး တပေါင်းအနေနဲ့ တစ်ခုခုတော့ ထူးခြားနေကြောင်းကို ကောင်းကောင်းကြီး သတိထားမိရလေတယ်။
" ဦးလေးကြီး။ ခင်ဗျားတို့ကို ကြည့်ရတာ ဒီကနေ့ တစ်ခုခုအတွက်ကို စိတ်တွေ လောနေကြသလိုပဲနော့်...'' | 116 |
| 5 | " မင်းအနောက်ကို ဘာကြောင့် လိုက်ရတာလဲလို့ မေးချင်တာလား။ ကောင်းပြီ ထပ်ပြောပြမယ်။ ငါက မဟာပုဏ္ဏကမင်းဆီက မျက်နှာသာကို ရဖို့အတွက် မင်းကို လိုက်ဖမ်းရတာပဲ...''
" မဟာပုဏ္ဏက'မင်းဆိုတာက ဘယ်...ဘယ်သူလဲ...''
" အဲဲ့ဒါတော့ မင်း မကြာခင်မှာ သိရမှာပေါ့။ အခုကတော့ မင်းနဲ့ငါ အမေးအဖြေလုပ်တာ ဒီတင် တော်ပြီ...''
အာယုသဓလို့ အမည်ရတဲ့ ရုံးပင်ဆီက အစောင့်ဘီလူး မကောင်းဆိုးဝါးကောင်ကြီးက စကားကို အဆုံးသတ်ပြီးတာနဲ့ ထိုင်ရာက ထလိုက်တယ်။
လူဝကြီးကလည်း ထိတ်လန့်စွာနဲ့ အနောက်ကို လှမ်းခြေဆုတ်လိုက်တယ်။
မကောင်းဆိုးဝါးကောင်ကြီးက တဟားဟားရယ်မောပြီး အရှေ့ကို လှမ်းတိုးတယ်။
လူဝကြီးခမျာတော့ အနောက်ကို သိပ်ပြီး လှမ်းမတိုးလိုက်ရဘူး။ အနောက်မှာ မြစ်ကြောင်းက ခံနေတယ်။
အဲ့ဒီ့နောက်တော့...။
******
မနက်ဝေလီဝေလင်းအချိန်...။
တပေါင်းတစ်ယောက် နားထဲမှာ သူ့ကို တစ်စုံတစ်ယောက်က စကားပြောနေတယ်လို့ ယူဆမိပြီး အိပ်နေရာကနေ ထထိုင်လိုက်မိလေတယ်။
သူ့ခြေရင်းဘက်မှာ ဒူးတုပ်ပြီး ခစားနေတဲ့ အဖြူရောင်အမွှေးအမျှင်တွေနဲ့ ဘီလူးကြီးတစ်ကောင်ကို မြင်ရတယ်။
သရဲငါးကောင်အစုအဖွဲ့ကတော့ သူ့ရဲ့ နံဘေးပတ်ချာလည်မှာ အိပ်မောကျနေတုန်းပဲ။ မနက်ခင်း အိပ်တန်းထတဲ့ ငှက်အော်သံတွေကိုတော့ တစ်စစ ကြားစပြုနေရတယ်။
" ခင်ဗျားက ဘယ်သူလဲ...''
တပေါင်းက သူ့ကို ခစားနေတဲ့ ဘီလူးကို မေးလိုက်တယ်။
" ကျုပ်က ရုံးပင်ကြီးမှာ အစောင့်အဖြစ်နေရတဲ့ အာယုသဓ'ဘီလူးပါ။ မဟာပုဏ္ဏကမင်းကို ကျုပ် ခစားပါတယ်...''
အာယုသဓဆိုတဲ့ ဘီလူးရဲ့ အပြောကြောင့် တပေါင်းလည်း မနေတတ်ဘူး ဖြစ်သွားရလေတယ်။
" ကျုပ်က မဟာပုဏ္ဏက'ဆိုတာ ခင်ဗျား ဘယ်လို သိလဲ...''
" အာဠကမန္ဒာနတ်မြို့တော်ကြီးကနေ မဟာပုဏ္ဏကမင်းသားကြီး လူ့ပြည်ကို စုတေလာတဲ့ သတင်းက ကျုပ်တို့ ဘီလူးများရပ်ဝန်းမှာ အတော်များများက သိရှိကြပြီးသားပါ။ ဒါပေမယ့်လည်း '' နုစဥ်ခါမှာ ဘေးရန်ကင်းစေ၊ ကြီးစဥ်ခါမှ ကျင့်စဥ်ဖွင့်စေ''ဆိုတဲ့ စကားအတိုင်း မွေးကတည်းက ဘယ်သူဘယ်ဝါရယ်လို့ မသိနိုင်ကြပဲ ရှိကြရတယ်။ မနေ့ညတုန်းကတော့ ပေါင်းလောင်းအရှင်မ'ကိုယ်တိုင်က ဒီက မင်းသားကို မဟာပုဏ္ဏက'မင်းရယ်လို့ သုံးနှုန်းမှ ကျုပ်လည်းပဲ သိရှိရပါတယ်။ ဒါကြောင့် လာရောက်ခစားတာပါ...''
အာယုသဓ'ဘီလူးက အကျိုးအကြောင်းဆီလျှော်သင့်တင့်အောင် ပြောလိုက်လေတယ်။ တပေါင်းလည်း သူ့ကို တကူးတကကြီး လာရောက်ခစားတယ်ဆိုတဲ့ ကိစ္စက အခုမှသာ ဥိးဆုံးကြုံဖူးရတာဆိုတော့ ဘာပြန်ပြောရမယ် မသိတတ်ဘူး။
" အရှင့်အတွက် လက်ဆောင်ပဏ္ဍာလည်းပဲ စီစဥ်ထားပါတယ်။ အရှင့်ကို ကျုပ် နေထိုင်ရာ ဗိမ္ဗာန်ဆီ လိုက်ခဲ့ဖို့ ဖိတ်ကြားပါရစေ...''
" ကျုပ် အခုလိုက်ခဲ့ရမှာလား...''
" အခုပဲ လိုက်ခဲ့ပါ အရှင်...''
တပေါင်းလည်း လိုက်သွားဖို့အတွက် ဆုံးဖြတ်ချ ချလိုက်တယ်။
" ကောင်းပြီလေ ကျုပ် အခုလိုက်ခဲ့ပါ့မယ်...''
အာယုသဓ'ဘီလူးလည်း ဝမ်းသာသွားတဲ့ဟန်ပန်နဲ့ အရှေ့ကနေ ဦးဆောင်ပြီး တပေါင်းကို ခေါ်ဆောင်လေတယ်။
တပေါင်းကတော့ တိမ်လွှာဦးဆောင်တဲ့ သရဲငါးကောင်လူစုကို နှုတ်ဆက်သလို ကြည့်လိုက်ပြီး အာယုသဓ'ဘီလူး ခေါ်ရာအတိုင်း လိုက်ပါခဲ့လိုက်တယ်။
တိမ်လွှာတို့ကတော့ အိပ်ရာက နိုးချိန်မှာ သူ့ကို လိုက်ရှာနေပါလိမ့်မယ်။ ဒါပေမယ့်လည်း ကံမကုန်ရင် ပြန်ဆုံမယ်လို့သာ တပေါင်းက တွေးထားလိုက်လေတယ်။
အာယုသဓ'က တောလမ်းအတိုင်းပဲ တပေါင်းကို အရှေ့ကနေ ဦးဆောင်လို့ သွားနေလေတယ်။
အတော်ကြာကြာသွားပြီးနောက် ရုံးပင်ကြီးဆီကိုရောက်တော့ မနက်ဝေလီဝေလင်း အလင်းရောင်အောက်မှာ ကျောက်သားဖြူဖြူနဲ့ ခမ်းနားထည်ဝါတဲ့ ဗိမ္ဗာန်တစ်ခုကို မြင်ရလေတယ်။
" ခင်ဗျားရဲ့ ဗိမ္ဗာန်ကြီးလား...''
" ဟုတ်ပါတယ် အရှင်။ အထဲကို ကြွပါ...''
ဗိမ္ဗာန်ထဲကို ဝင်လိုက်တော့ ခမ်းနားထည်ဝါမှုတွေကို ထပ်ပြီး မြင်ရလေတယ်။ အခြွေအရံတစ်ချို့ကိုလည်း တွေ့ရလေတယ်။
အခြွေအရံတို့က တပေါင်းကို အရိုအသေပေးကြတယ်။
အတွင်းဘက်ကိုရောက်တော့ အာယုသဓ'ဘီလူးက ကျောက်ကလာပ်တစ်ခုဆီမှာတင်ထားတဲ့ သေတ္တာအနီရောင်လေးကို လှမ်းယူပြီး တပေါင်းဆီကို လက်နှစ်ဖက်နဲ့ ဆက်သ'လေတယ်။
တပေါင်းက သေတ္တာလေးကို မျက်မှောင်ကြုတ်လို့ ကြည့်မိလိုက်တယ်။
" ဒါက ဘယ်လိုဖြစ်တာလဲ...''
" အရှင့်ကို စော်ကားတဲ့ လူဝကြီးကို ဖမ်းထားပြီးပါပြီ အရှင်...''
လူဝကြီးဦးဝတီးကို ဖမ်းထားကြောင်းပြောတဲ့ အာယုသဓ'ဘီလူးကြောင့် တပေါင်း အံ့အားသင့်သွားရပြန်တယ်။
" ကျုပ်အနောက်ကို လိုက်ခဲ့ပါ အရှင်...''
အာယုသဓ'ဘီလူးကြီးက အတွင်းဘက်ကို ခေါ်ဆောင်သွားပြန်တယ်။
အတွင်းဘက်အဆောင်ကို ရောက်တော့ အချုပ်ခန်းငယ်တစ်ခုကို တွေ့ရပြီး အတွင်းဘက်ထဲမှာ လူဝကြီးဦးဝတီးကို ငုတ်တုတ်ထိုင်လျှက်သား ဖမ်းဆီးခံထားရတာကို တွေ့ရလေတယ်။
" ဟေ့ကောင် ထစမ်း။ ဒီမှာ မင်းသိပ်တွေ့ချင်နေတဲ့ မဟာပုဏ္ဏကမင်း ရောက်လာပြီ...''
အာယုသဓ'ရဲ့ စကားကြောင့် ဦးဝတီးတစ်ယောက် ရှူးရှူးရှားရှား ဖြစ်သွားရပြီ ထိုင်ရာကနေ အပြေးထကြည့်လာတယ်။
" ဟင်...မောင်...တပေါင်း။ မင်း...မင်းက မဟာပုဏ္ဏကမင်းသားလား...''
လူဝကြီးဦးဝတီးရဲ့အမေးကို တပေါင်းက ပြန်မဖြေ။ မျက်မှောင်ကြုတ်လို့သာ စက်ဆုပ်မုန်းတီးစွာနဲ့ ကြည့်လိုက်လေတယ်။
" တပေါင်း...ဦးကြီးကို ကယ်ပါဦးကွာ...'' | 109 |
| 6 | မဟာပုဏ္ဏက
စာစဥ် ၁၂။ မစ္စဝိန္ဒ'စီရင်ခန်း
ထမံ(တောင်ငူ)
****
မြစ်ကမ်းနံဘေးဆီမှာ လူဝကြီးတစ်ယောက် အသက်လုလို့ အသည်းအသန် ပြေးလွှားနေလေတယ်။
လူဝကြီးရဲ့ အနောက်ပါးဆီမှာ အဖြူရောင်အမွှေးအမျှင်များနဲ့ ကြောက်မက်ဖွယ်ရာအသွင်၊ အရုပ်ဆိုးအကျည်းတန်လှတဲ့ ဘီလူးလို အကောင်ကြီးတစ်ကောင်က အမဲဖျက်တော့မလိုဟန်နဲ့ လိုက်လံဖမ်းဆီးနေတယ်။
" နေမျိုးဗလ...မင်း ဒီည သေကို သေရမယ်...''
အနောက်က လိုက်နေတဲ့အကောင်ကြီးက ကြိမ်းဝါးစကားကို ပီပီသသကြီး ပြောလိုက်လေတယ်။
ဒီစကားကြောင့် အရှေ့က ပြေးနေတဲ့ လူဝကြီးခမျာမှာတော့ ကြုံးဝါးစကားကြောင့် ပိုလို့အားစိုက်ပြီး ပြေးမိတယ်။
ဒါပေမယ့်လည်း သူအလွန်မောနေချေပြီ။
ရင်ဘတ်နှစ်ခြမ်းကွဲပြီး အသက်ရှူလို့ မရနိုင်တော့လောက်အောင်ပဲ မောပန်းလွန်းနေရပြီ။ အနောက်က မကောင်းဆိုးဝါးကောင်ကြီးကတော့ သူ့အနောက်ကို ဆက်ပြီးတော့ လိုက်ဆဲ၊ လိုက်မြဲပဲဆိုတော့ လူဝကြီးခမျာ မရမက အားတင်းလို့ ပြေးနေဖြစ်လေတယ်။
" မလိုက်ပါနဲ့တော့။ မလိုက်ပါနဲ့တော့...''
လူဝကြီးရဲ့ ပါးစပ်ကနေ ဒီစကားကို တတွင်တွင်ရွတ်နေမိတယ်။
ဒီအဖြစ်အပျက်မတိုင်ခင် အချိန်တုန်းက သူက ပုလဲနက်မင်းသမီးဆိုတဲ့ မိစ္စာမနဲ့ အလဲအလှယ်လုပ်ခဲ့တယ်။
ဒီအလဲအလှယ်မှာ သူနဲ့အတူ လိုက်ပါလာကြတဲ့သူတွေအားလုံးကို လှည့်ဖျားလို့ အသုံးချခဲ့တယ်။ ဒီအလဲအလှယ်ကနေ သူ့အတွက် လိုချင်မိတဲ့ နန်းစဥ်ရတနာတို့ကို ပြန်လည်ရရှိခဲ့တယ်။
သူက နန်းစဥ်ရတနာသေတ္တာကို လိုက်ဝယ်ပိုက်ပြီး နေရာကနေ အမြန်ဆုံး ပြေးထွက်ခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ အမှောင်ယံက သိပ်သည်းမှုရှိတယ်ဆိုပေမယ့် လောဘဇောရှိနေသူအတွက်ကတော့ နေ့ခင်းပမာ လင်းချင်းစွာနဲ့ မြင်နိုင်နေတယ်။
သူ အမှောင်ထဲမှာ လမ်းအတိုင်း ထွက်ပြေးလာရင်း သစ်ပင်တစ်ပင်အောက်က အဖြတ်၊ အပေါ်ဘက်ကနေ အခု အနောက်က လိုက်နေတဲ့ မကောင်းဆိုးဝါးကြီးက ခုန်ချလာပြီး အဆက်မပြတ်လိုက်ပါလာတော့တာပါပဲ။
" မလိုက်ပါနဲ့တော့...''
လူဝကြီးက ထပ်မံလို့ ရေရွတ်လိုက်တယ်။
အရှေ့ဆီကို ဆက်ပြီး ပြေးမိတော့ မြစ်ရေပြင်ကျယ်က သူ့အရှေ့ကနေ ပိတ်လို့ကာဆီးထားတာကို မြင်လိုက်ရတယ်။
အသက်လုပြီး ခြေဦးတည့်ရာကို စွတ်ရွတ်ပြေးလာရတာဆိုတော့ အစပထမ သူ့ရဲ့ ဦးတည်ရာဖြစ်တဲ့ မြစ်ပြင်ကို တွေ့ရပေမယ့်လည်း လူဝကြီးခမျာ ဝမ်းမသာနိုင်တော့ဘူး။
ဒီမြစ်ပြင်ကြီးက သူ့အတွက် အဆီးအတားတစ်ခု ဖြစ်သွားခဲ့ရပြီ။
လူဝကြီးရဲ့ မျက်နှာမှာ သေငယ်ဇောကပ်လောက်အောင် ထိတ်လန့်နေတဲ့ အမူအယာတို့က ပြည့်နှက်နေတယ်။ အရှေ့မှာ ပိတ်ကာထားတဲ့ မြစ်ပြင်ကြောင့် ဘာဆက်လုပ်ရမယ် မသိပဲ ရပ်နေရင်းက မချင့်မရဲနဲ့ အနောက်ကို လည်ပြန်ကြည့်ဖို့ ဆုံးဖြတ်ချက် ချလိုက်မိတယ်။
" ဘုရား...ကယ်တော်မူပါ...''
စိတ်ထဲက ကြောက်စိတ်ကို ဘုရားကို ရေရွတ်လို့ ပြန်တင်းလိုက်ပြီး အနောက်ကို ခပ်ဖြေးဖြေး လှည့်ကြည့်လိုက်တယ်။
သူ့အနောက်မှာ အခုနက မကောင်းဆိုးဝါးကြီးက မရှိတော့ဘူး။
အရာရာက ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်လို့ ရှိနေလေတယ်။ လူဝကြီးလည်း သေချာအောင်လို့ ပတ်ဝန်းကျင် အနှံ့ကို ဝေ့ဝိုက်ကြည့်လိုက်ပြန်တယ်။
ထူးခြားမှု မရှိပါ။
သူ့အနောက်ကို အဆက်မပြတ် လိုက်နေတဲ့ မကောင်းဆိုးဝါးကောင်ကြီးက ဘယ်ဆီမှာ ပြတ်ကျန်ခဲ့တယ် မသိတတ်၊ ဘယ်လိုဖြစ်ဖြစ် လူဝကြီး အလွန်အမင်းကိုပဲ ဝမ်းသာမိသွားရလေတယ်။
စိတ်ကို လျှော့ချလိုက်တော့ အသည်းအသန် ပြေးခဲ့ရတဲ့ ခြေလှမ်းတို့က အားအင်ယုတ်လျော့သွားခဲ့ရတယ်။
ဒီအတွက်ကြောင့် လူဝကြီးလည်း နေရာမှာပဲ ထိုင်ချလိုက်လေတယ်။
ထိုင်နေရင်း ခဏကြာတော့ လူလည်း သင့်သလောက် အမောပြေပြီဖြစ်ပြီး ကြောက်စိတ်လည်းပဲ အတော်လေး ပြေခဲ့ရပြီမို့ ရေဆာလောင်မှုကို ခံစားမိလာရလေတယ်။
လူဝကြီးလည်း သူတစ်ယောက်ထဲပဲမို့ လက်ထဲကိုင်ထားတဲ့ သေတ္တာလေးကို နံဘေးချလိုက်တယ်။ ပြီးတော့ ထိုင်နေရာကနေ ကုန်းထပြီး မတ်မတ်တောင် မရပ်တော့ပဲ မြစ်အစပ်ကို လေးဘက်ထောက်ပဲ သွားလိုက်လေတယ်။
တသွင်သွင်စီးနေတဲ့ ရေကို နောက်လားကြည်လားလည်း မကြည့်နိုင်တော့တဲ့အပြင် လက်ခုပ်တောင် မသုံးနိုင်တော့ပဲ ပါးစပ်နဲ့ပဲ တိရိစ္ဆာန်များ သောက်တဲ့အတိုင်း ငုံ့သောက်လိုက်တယ်။
ရေအေးအေးက ဝမ်းထဲကို အရသာရှိရှိပဲ စီးဝင်သွားခဲ့လေတော့ လူက အားအင်များ ပြည့်ဝသွားသလို ခံစားလိုက်ရလေတယ်။ ရေကို တစ်ဝသောက်ပြီးနောက်မှာတော့ လူဝကြီးလည်း မတ်တပ်ထရပ်လိုက်ပြီး သေတ္တာရှိရာ အခုနက သူ ထိုင်နေခဲ့တဲ့ နေရာကို ပြန်ဖို့ လှည့်လိုက်လေတယ်။
" ရေသောက်လို့ ဝသွားပြီလား...''
ရုတ်တရက် ထွက်ပေါ်လာတဲ့ မေးမြန်းသံကြောင့် လူဝကြီး လန့်ဖျပ်သွားရလေတယ်။
အသံရဲ့ လားရာဆီကို ကြည့်မိလိုက်တော့ အခုနက သူ့အနောက်ကို လိုက်နေခဲ့တဲ့ မကောင်းဆိုးဝါးကြီးက သေတ္တာကလေးနံဘေးမှာ ငုတ်တုတ်ကြီး ထိုင်လို့...။
" မင်း...မင်းက....''
လူဝကြီးအနေနဲ့ ဆက်လက်ထွက်ပြေးဖို့ရာအတွက် အခွင့်အရေးမရှိတော့ဘူးဆိုတာ သိမိတော့ ထစ်ငေါ့စွာနဲ့ တုန့်ပြန်မေးမြန်းလိုက်မိလေတယ်။
" ငါ ဘယ်သူလဲဆိုတာ သိချင်တာ ထင်တယ်။ မိတ်ဆက်ပေးမယ်။ ငါက မင်းဖြတ်လာခဲ့တဲ့ ရုံးပင်ကြီးဆီက အာယုသဓ'အစောင့်ဘီလူးပဲ...''
" ကျုပ်...ကျုပ်အနောက်ကို ဘာကြောင့်...'' | 136 |
| 7 | 没有文字... | 152 |
| 8 | "ဒီအတိုင်းထားလိုက်လို့ကတော့ ဘယ်ဖြစ်မလဲ အပျိုကြီးကိုတော့သွားပြောမှဖြစ်မယ် ဒီလိုသောက်ကျင့်ရှိတဲ့ ကောင်မျိုးနဲ့ပေးယူလို့ ဘယ်ဖြစ်မှာလဲ"
"အဲ့ဒါတော့ဟုတ်တယ် ဒီကောင့်အကြောင်းမသောင်းဦးကိုတော့သွားပြောရလိမ့်မယ် ဒီကောင့်ကို ရွာလူကြီးမတိုင်တာတင် အတော်လွန်လှပြီ ကဲ ကျုပ်တို့သွားမယ် ဦးအုန်း"
စိတ်ဆိုးဒေါသထွက်နေသော ဒေါ်တုတ်သည် မသန်းရင်ကိုခေါ်ကာ ဦးအုန်း၏နေအိမ်ဝိုင်းအတွင်းမှ ထွက်သွားလေသည် ။အိမ်ဝိုင်းအတွင်းတော့ ဦးအုန်းတစ်ယောက် သူ၏မိန်းမဖြစ်သူကိုချော့မော့ပြီး ကျန်ရစ်နေခဲ့ပါလေတော့သည်။
◾အခန်း (၈)
"ကိုကြီးညိုမောင် ခင် ခင်ဗျားခေါင်းမှာ သွေးတွေ ဘယ်လိုဖြစ်တာလဲဗျာ"
"ပုဆိုးစဖြဲစမ်းပါဟာ ခေါင်းကိုစည်းပေးရအောင်လို့"
ဘိုးထင်နှင့် လန်ဘားတို့နှစ်ယောက်သည် ကိုညိုမောင်အား ပြောစရာရှိ၍ တဲသို့လာချိန် တဲကွပ်ပျစ်၌ ခေါင်းမှသွေးများ စီးကျနေပြီး ငေးငေးငိုင်ငိုင်ထိုင်နေသည့် ကိုညိုမောင်ကိုမြင်လိုက်ရသဖြင့် ဘိုးထင်နှင့် လန်ဘားတို့နှစ်ယောက်သည် ပုဆိုးစဖြင့် စည်းပေးထားလိုက်ကြသည်။ထို့နောက် သူသည် ကိုညိုမောင်၏ပခုံးကိုကိုင်လှုပ်ပြီး မေးမြန်းပြန်လေသည်။
"ကိုကြီးညိုမောင် ခင်ဗျားဘာဖြစ်တာလဲ ပြောစမ်းပါအုံးဗျာ ခင်ဗျားကို ဘယ်သူရိုက်သွားတာလဲ"
"ဘိုးထင်ရေ ငါ့ဘဝတော့ သွားပြီကွာ"
"ကိုကြီးညိုမောင် ခင်ဗျားဘာတွေပြောနေတာလဲဗျာ"
"ငါဘာဖြစ်သွားတာလဲ မသိဘူးကွာ ငါ ငါ"
"ကိုကြီးညိုမောင် ခင်ဗျားဘာတွေဖြစ်တာလဲ ပြောစမ်းဗျာ"
"ငါ ကွပ်ပျစ်မှာအိပ်နေတာပဲ ငါသတိရလာတော့ ငါဖက်ထားတာ မဝတီကွာ ပြီးတော့ ဒေါ်တုတ်နဲ့ မသန်းရင်တို့ရောက် လာတယ် ဒေါ်တုတ် ငါ့ခေါင်းကိုရိုက်မှ ငါသတိပြန်ဝင်လာတာ ဒါပေမဲ့ နောက်ကျသွားပြီ ငါ့အိပ်မက်တွေပျက်ပါပြီကွာ ငါတကယ် ဘာမဟုတ်တာမှ မလုပ်ရပါဘူးကွာ"
"ခင်ဗျားပြောချင်တာ ခင်ဗျား မဝတီကိုဖက်ထားတယ်လို့ ပြောချင်တာလား"
"အဲ့ဒီထက်ပိုတယ် ဘိုးထင် ငါပြောမထွက်ဘူးကွာ ငါတကယ်ကို မသိတာပါ"
ကိုညိုမောင်၏ပြောစကားများကိုနားထောင်နေသည့် ဘိုးထင်နှင့် လန်ဘားသည် သိပ်နားမလည်သော်လည်း ကိုညိုမောင်ပြောနေသည်မှာ သူတို့အားလိမ်ညာနေသည့်ပုံမရှိသောကြောင့် ကိုညိုမောင်အား နှစ်သိမ့်လိုက်ကြသည်။
"ကိုကြီးညိုမောင် ဘာမှအားမငယ်နဲ့ဗျာ ကျုပ်တို့လည်းရှိတာပဲ"
"ဦးအုန်း ငါ့ကို သတ်တော့မယ်ထင်တယ် ငါသေရမှာကို မကြောက်ပါဘူးကွာ ဒါပေမဲ့ ငါအဲ့လိုလုပ်ချင်တဲ့စိတ်မရှိဘူး ဘယ်ကနေဘယ်လိုဖြစ်သွားမှန်း တကယ်မသိတော့ဘူးကွာ"
"ကိုကြီးညိုမောင် အဲ့ဒါတွေနောက်မှပြောဗျာ ကဲ ကဲ ကျုပ်တို့ ကိုဖိုးထွေးတဲမှာပြောင်းနေကြအောင် ကိုလန်ဘား ခင်ဗျားရွာကိုပြန်ဗျာ ပေတူးနဲ့ သာအေးကို ပြန်ခေါ်ပေး ပြီးတော့ ကိုပေါက်တူးကို ခင်ဗျားသိတယ်မလား သူ့ကို ကျုပ်အဘတဲမှာ လယနေဖို့ပြောပေးဗျာ နော့်"
ဘိုးထင်မှ မှာစရာရှိသည်များကို လန်ဘားအား မှာကြားလိုက်လေသည်။သူတို့နှစ်ယောက် အဓိကလာရင်းကိစ္စမှာ အပျိုကြီး၏မိခင်ဖြစ်သူသည် သမီးဖြစ်သူအား ကိုညိုမောင်နှင့်သဘောတူကြောင်း၊မြန်မြန်ယူစေချင်ပြီဖြစ်ကြောင်းအား လန်ဘားက သတင်းပေးလာ၍ လာပြောပြခြင်းဖြစ်ပြီး ယခု ထိုဝမ်းသာစရာသတင်းစကားမပေးမှီမှာပင် စိတ်မချမ်းမြေ့စရာ ကိုညိုမောင်၏အဖြစ်ကြောင့် ထိုကိစ္စအားမပြောပြဖြစ်တော့ပေ။ထို့နောက် ဘိုးထင်သည် ကိုညိုမောင်ကိုတွဲ၍ တဲအပြင်သို့ထွက်လိုက်သလို လန်ဘားသည်လည်း ခပ်မြန်မြန် ပင်ရွာသို့ပြန်သွားလေသည်။ဘိုးထင်၏စိတ်ထဲတွင်တော့ နောက်ဖြစ်ပေါ်လာမည့် ပြဿနာများတွေးမိကာ သက်ပြင်းကိုချနေမိပြီး သူယုံကြည်သော ကိုညိုမောင်ဖက်မှရပ်တည်မည်ဟု စိတ်ဆုံးဖြတ်လိုက်ပါလေတော့သည်။
◾အောက်လမ်းဘိုးထင် နှင့် လျှာနှစ်ခွ သည်ကား ဤမျှသာ။ မကြာမီ အောက်လမ်းဘိုးထင်နှင့် အရှက်၊အသက် အမည်ရ ဇာတ်လမ်းလေးအား ဆက်လက်တင်ဆက်ပေးပါမည်။ | 181 |
| 9 | ထို့နောက် သူသည် ရေသောက်နေသော မဝတီကိုကြည့်ကာ ပြုံးပြလေသည်။သူ၏အပြုံးမှာ ရမ္မက်အခိုးအငွေ့တို့ယှက် သန်းနေမှန်းသိသာလေရာ မဝတီတစ်ယောက် ကျေနပ်စွာပြုံးပြလိုက်ပြီး မေးငေါ့ကာ
"ညိုမောင် ဒီနေ့တော့ နင့်အိပ်မက်တွေ အကုန်ပျက်ပြီသာမှတ်"
သူမသည် ထိုသို့ပြောပြီး ညိုမောင်ကိုကြည့်ကာ ရေကို အချိန်ဆွဲသောက်နေသည်။ကိုညိုမောင်သည်ကား ထိုင်နေရာမှမတ်တတ်ထရပ်လာပြီး မဝတီထံသို့ တစ်လှမ်းချင်းလှမ်းလာ ၏။ထို့နောက် သူသည် မဝတီအား ရုတ်တရက်ပွေ့ဖက်လိုက် ကာ မျက်နှာအား အငမ်းမရနမ်းရှုံ့လိုက်လေသည်။ထိုအခါတွင်တော့ မဝတီသည် ရုန်းကန်ရင်းက ကျယ်လောင်သောအသံဖြင့် မသန်းရင်နှင့် ဒေါ်တုတ်တို့အားအော်ခေါ်လေသည်။
"ဒေါ်တုတ် သန်းရင် ကျုပ်ကို ကယ်ပါဦး ကယ်ပါဦး"
ကျယ်လောင်စွာအော်ဟစ်အကူအညီတောင်းခံသံကြောင့် ဒေါ်တုတ်နှင့် မသန်းရင်သည်လည်း တဲကုန်းပေါ်သို့ ပြေးတက်သွားလိုက်ပြီး မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် အံ့ဩနေကာ ဒေါ်တုတ်မှ ကိုညိုမောင်အား မျိုးစုံဆဲဆို၍ တွေ့ရာ ဝါးဆစ်ပိတ်နှင့် ခေါင်းအား ရိုက်ထည့်လိုက်လေသည်။
"လူယုတ်မာ ညိုမောင်"
အရိုက်ခံလိုက်ရသော ကိုညိုမောင်၏ခေါင်းမှ သွေးများစီးကျလို့လာသည်။ဒေါ်တုတ်သည်ကား မဝတီအား သူမနောက် သို့ဆွဲခေါ်လိုက်ကာ
"ဒီသူတောင်းစား ဘာဖြစ်တာလဲ ခွေးထမင်းဝတော့ သခင်ပြန်ကိုက်ချင်နေတာထင်တယ်"
ကြောင်ငေးကြည့်နေသော ကိုညိုမောင်သည် သူ၏ခေါင်းမှသွေးတို့အားစမ်းကြည့်နေကာ သူ့အား တုတ်ဖြင့်ချိန်ရွယ်ပြီး စကားဆိုနေသော ဒေါ်တုတ်အား မယုံမကြည်ဖြင့်စကားဆိုလိုက်လေသည်။
"ဒေါ် ဒေါ်တုတ် ခင် ခင်ဗျား ကျုပ်ကိုဘာလုပ်တာလဲ"
"ရိုက်လိုက်တာလေ နင်လိုမုဒိမ်းကောင်ကို ရိုက်ရုံတင်မဟုတ်ဘူး သတ်ပစ်ရမှာ"
"ခင်ဗျား ဘာတွေပြောနေတာလဲ ကျုပ်နားမလည်ဘူး"
"တယ် ဒီဗြောင်လိမ်ဗြောင်စားကောင်ကိုတော့ ငါလုပ်လိုက်ရ သေတော့မယ် နင် မဝတီကိုအတင်းဖက်ပြီး မဟုတ်တာလုပ်ဖို့ ကြိုးစားနေတာလေ"
"ဟာ မဟုတ်ပါဘူး ကျုပ်အိပ်နေတာပါ"
"တောက် ခွေးသား မသန်းရင်ကောရှိတယ် ငါတယောက်တည်းမြင်တာမဟုတ်ဘူး"
"ဟုတ်တယ် ကိုညိုမောင် ရှင် တော်တော်ယုတ်မာပါလား"
"မဟုတ်ဘူး ကျုပ် အဲ့လိုမလုပ်ဘူး"
"တောက် လူရိုးဆိုတာ တကယ်သင်္ချိုင်းကုန်းမှာပဲရှိတာ လာ ဝတီ ဒီကောင့်ကို ရွာလူကြီးဆီသွားတိုင်ပြီး ထောင်ချပစ်ရအောင်"
ဒေါ်တုတ်မှ ထိုသို့ပြောသည့်အခါ မဝတီသည် ဒေါ်တုတ်၏ နောက်တွင် ကိုညိုမောင်ကိုကြောက်လန့်နေသည့်ဟန်ဖြင့် လက်ကလေးကိုကာ၍ အသည်းအသန်ငြင်းဆိုလေသည်။
"မတိုင်ဘူး တိုင်လိုက်ရင် ကျုပ် ကျုပ် တစ်ရှက်ကနေ နှစ်ရှက်ဖြစ်သွားမှာ"
"ဒီလူယုတ်မာကောင်ကို ဘာလို့ချမ်းသာပေးရမှာလဲ မလွှတ်ပေးနဲ့"
"တောင်းပန်ပါတယ် ဒေါ်တုတ်ရယ် ကျုပ်တို့အိမ်ပြန်မယ် အစ်ကိုကြီးကိုပဲပြောလိုက်မယ်လေ နော်"
"နင့်သဘော ငါ့အလိုဆို ဒီကောင့်ကိုထောင်ချပစ်ချင်တာ"
ဒေါ်တုတ်သည် ထိုသို့ပြောပြီး လက်ထဲမှ ဝါးဆစ်ပိတ်ကို ပစ်ချကာ မဝတီကိုခေါ်၍ တဲအပြင်သို့ထွက်သွားတော့သည်။မသန်းရင်သည်လည်း ကိုညိုမောင်အား ရွံရှာသည့်အကြည့်တို့ဖြင့်ကြည့်ပြီး ဒေါ်တုတ်တို့နောက်လိုက်သွားသည်။တဲအတွင်းတွင်တော့ ခေါင်းမှသွေးများစီးကျနေသည့် ကိုညိုမောင်တစ်ယောက်မှာဖြင့် မျက်တောင်တခတ်အချိန်အတွင်း ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တို့အား နားမလည်နိုင်စွာဖြင့် ကျန်ရစ်ခဲ့ပါလေတော့သည်။
◾အခန်း (၇)
စားပွဲခုံအား လက်သီးဖြင့်ထုလိုက်သည့်အတွက် စားပွဲခုံ ပေါ်၌တင်ထားသော ရေနွေးကယားနှင့် အထဲမှရေနွေးများ၊ ရေနွေးထည့်ထားသော ရေနွေးပန်းကန်တို့ ဖရိုဖရဲဖြစ်လို့သွားသည်။စားပွဲခုံအား လက်သီးဆုပ်ဖြင့်ထုလိုက်သူမှာ ဦးအုန်းဖြစ်ပြီး သူ၏ရှေ့တွင်တော့ ငိုနေသည့် မဝတီနှင့် စိတ်တိုနေသည့် မသန်းရင်အပြင် ဒေါ်တုတ်တို့ပါရှိနေလေသည်။စိတ်တိုနေသည့် ဦးအုန်းသည် မာထန်သောလေသံဖြင့် စကားဆိုလာလေသည်။
"တောက် ခွေးမသား ညိုမောင် ငါက ဒင်းအပေါ် ဒီလောက်ကောင်းပေးတာတောင် ငါ့မိန်းမကို ဒင်းကများ ရာရာစစ"
"အစ်ကိုကြီးရယ် တိုးတိုးပြောပါ ကျုပ်ရှက်လို့ပါတော်"
ထိုအခါမှ ဦးအုန်းသည် ဦးခေါင်းကိုတဆတ်ဆတ်ညိတ်လိုက်ပြီး လေသံကိုလျှော့ကာ
"တော်သေးတယ် သန်းရင်နဲ့ မတုတ်ပါသွားလို့သာပဲ နို့မို့ဆို တောက်"
ဦးအုန်းသည် စိတ်တိုလွန်း၍ ပြောစရာစကားမရှိအောင်ပင်ဖြစ်နေသည်။သူသည် တတ်မြောက်ထားသော အောက် လမ်းအတတ်နှင့်တိုက်သတ်ပစ်ရန်အထိပင်တွေးနေမိသည်။ ထို့နောက် ဦးအုန်းသည် မဝတီကိုကြည့်လိုက်ပြီး
"ကဲ ဝတီလေး ဘယ်လိုဖြစ်ချင်လဲ"
"ကျုပ် ကျုပ်ဒီကိစ္စကို ဘယ်သူ့ကိုမှထပ်မသိစေချင်ဘူး ကျုပ်ပဲ သိက္ခာကျမှာ"
"အဲ့ကောင်ကို ဘာဖြစ်စေချင်လဲပြော ဝတီလေး"
"သူ့ကို တဲမှာမထားတော့နဲ့ သူ့မျက်နှာကို ကျုပ် ထပ်မမြင်ချင်တော့ဘူး"
"စိတ်ချ ဝတီစိတ်တိုင်းကျဖြစ်စေရမယ် ကဲ မတုတ်နဲ့ မသန်းရင် ဒီကိစ္စ အကျယ်အကျယ်မဖြစ်စေတော့နဲ့"
ဦးအုန်း ဒေါ်တုတ်နှင့် မသန်းရင်အား ထိုသို့ပြောသည့်အခါ ဒေါ်တုတ်သည် ဦးခေါင်းကိုခါရမ်းလိုက်ပြီး | 134 |
| 10 | ပေပင်ရွာလယ်လမ်းတွင်ဖြစ်သည်။မဝတီတစ်ယောက် မသန်းရင်၊ဒေါ်တုတ်တို့နှင့်အတူ ပလိုင်းကိုယ်စီလွယ်ကာ ရွာအပြင်ဖက်သို့သွားနေသည်။သူတို့ ယခုသွားနေသည့်နေရာမှာ ကြက်တက်ရွက်နှင့် တခြားသောဟင်းသီးဟင်းရွက်များပေါများစွာ ပေါက်ရောက်နေသည့် ဦးအုန်း၏ယာကွက်ထဲသို့ဖြစ်သည်။သူတို့လမ်းလျှောက်ရင်း အချင်းချင်းထွေရာလေးပါးစကားများဆိုနေကြရင်းက ဒေါ်တုတ်သည် မဝတီအား ညိုမောင်အကြောင်းမေးမြန်းလာလေသည်။
"ဝတီ နင့်အိမ်ကလူကြီးက ညိုမောင့်ကို လယ်လေးဧကနဲ့ နွားတစ်ရှဉ်းပေးမလို့ဆို ဟုတ်လား"
"ဟုတ်တယ်လေ ညိုမောင်က သူ့ဆီမှာအလုပ်လုပ်လာတာလည်းကြာပြီ ရိုးသားလို့လည်း ဆုချတာတဲ့လေ ပြီးတော့ ညိုမောင်က မိန်းမလည်းယူတော့မှာမို့လို့လည်းပါတာပေါ့"
"ဟုတ်လား အပျိုကြီးသောင်းဦးနဲ့ဆိုတာ တကယ်ပေါ့ ငါက ကောလဟာလပဲထင်နေတာ"
"တကယ် တကယ် အိမ်က အိမ်ဦးနတ်ကြီးကိုတောင် လာပြောပြီးပြီ"
"အဲ့ဒါဆိုလည်း ကောင်းတာပဲ ညိုမောင်က လူရိုးကြီး အပျိုကြီးနဲ့ဆို နေနဲ့လ ရွှေနဲ့မြပဲ အပျိုကြီးက စိတ်ထင်ရာသာပြောတာ စိတ်ရင်းကတော့ တကယ်ကောင်းတယ်"
"ဟုတ်တယ် ဒေါ်တုတ် အပျိုကြီးက ဟိုးကတည်းက ကိုညိုမောင်ကြီးကိုကြိုက်နေတာလေ ကျုပ်တို့သိတာပေါ့"
မသန်းရင်နှင့် ဒေါ်တုတ်တို့ပြောနေသည့် စကားများအား နားထောင်နေသော မဝတီသည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး စိတ်ထဲမှာတော့ 'တွေ့ကြသေးတာပေါ့ ညိုမောင်' ဟုတွေးရင်း သူမ၏ချွေးခံအင်္ကျီအိတ်ကပ်ထဲ၌ထည့်လာသော ဖန်ပုလင်းလေးအား စမ်းလိုက်သည်။ထို့နောက် သူမသည် ပြုံးရွှင်သောမျက်နှာဖြင့် ကိုညိုမောင်၏တဲသို့ ဦးစွာဝင်ရန်ပြောလေသည်။
"ဒေါ်တုတ် လမ်းလျှောက်လာရတာ ညောင်းနေပြီ တဲကို အရင်ဝင်ရေသောက်ရအောင်လို့"
"အေး အဲ့ဒါလည်းကောင်းတာပဲ"
ဒေါ်တုတ်၊မသန်းရင်၊မဝတီတို့ တဲအတွင်းရောက်ချိန်တွင်တော့ ကိုညိုမောင်တယောက် ထမင်းစားနေသည်။ကိုညိုမောင်တစ်ယောက် မဝတီကိုမြင်သည်နှင့် အနည်းငယ်ထိတ်လန့်သွားပြီး မည်သည့်စကားပြောရမည်မှန်းမသိဖြစ်နေသည်။မဝတီသည်ကား သူမ မဟုတ်သည့်အလား ခပ်တည်တည်နှင့်ပင် ကိုညိုမောင်အားနှုတ်ဆက်လိုက်လေသည်။
"ကိုညိုမောင်တို့များ မာနကြီးနေလိုက်တာနော် မိန်းမလှလှလေးရတော့မယ် လယ်တွေနွားတွေကော အပိုင်ရတော့မယ်ဆိုတော့ ကျုပ်တို့ကိုတောင်မခေါ်နိုင်ဘူးဖြစ်နေတာ"
"မ မဟုတ်ပါဘူးဗျာ"
"ကဲ ကဲ ထမင်းစားစရာရှိတာ စား တဲရှေ့က ချဉ်ပေါင်ပင်တွေကောင်းလိုက်တာ အဲ့ဒါတွေ ခူးသွားဦးမယ်"
"ဟုတ် ဟုတ်ကဲ့ ခူး ခူးပါဗျ"
ကိုညိုမောင်တစ်ယောက် ထမင်းကိုသာဆက်စားနေသည်။ မသန်းရင်နှင့် ဒေါ်တုတ်တို့သည် ကိုညိုမောင်ထိုင်နေသည့် ကွပ်ပျစ်တွင်ဝင်ထိုင်လိုက်ပြီး သူမတို့၏ဝါသနာအတိုင်း စပ်စုကြလေသည်။
"ညိုမောင် နင်နဲ့ အပျိုကြီးမသောင်းဦးတို့ကြိုက်နေတယ်ဆိုတာ တကယ်လား"
"ဒေါ်တုတ်ကလည်း ဘာတွေမေးနေတာတုန်း"
"ညိုမောင် နင်ကလည်း တစ်ရွာတည်းသားချင်းတွေကို ဘာရှက်စရာရှိလို့လဲ ကဲ ပြောပါအုံး နင်တို့ဘယ်အခြေအနေရောက်နေကြပြီလဲ"
"ဟာဗျာ"
"ဘာဟာဗျာလဲ နင်တို့မငယ်တော့ဘူး တော်ကြာ ကလေးမရဖြစ်နေဦးမယ် ယူမယ်ဆိုလည်း မြန်မြန်ယူကြ,တော့"
"အင်းပါဗျာ အင်းပါ ယူမှာပါ"
"ငါက နင်တို့အတွက်ပြောနေတာဟဲ့ လျှာရှည်တယ်လည်း ထင်မနေနဲ့ဦး"
"သိပါတယ်ဗျာ သိပါတယ်"
ညိုမောင်သည် ထမင်းစားပြီးသွားသည်နှင့် လက်ကိုဆေးပြီး တဲတိုင်တွင်ချိတ်ထားသော ပုဆိုးစုတ်နှင့်သုတ်နေသည်။ ထို့နောက် သူသည် ကွပ်ပျစ်တွင်ပြန်ထိုင်ကာ မဝတီအား စကားဆိုလိုက်သည်။
"မဝတီ ကျုပ်ဘာလုပ်ပေးရဦးမလဲ"
"ရတယ် ရတယ် ကျုပ်တို့လည်း ဟင်းရွက်ခူးပြီးနာနဲ့ ပြန်တော့မှာ ကိုညိုမောင် ခဏမှေးမလို့လား မှေးချင်ရင်မှေးလေ"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ညိုမောင်သည် ထိုသို့ပြောပြီး တဲကွပ်ပျစ်ပေါ်တွင်ထိုင်နေလေသည်။မဝတီသည်လည်း မသန်းရင်နှင့် ဒေါ်တုတ်တို့အား ဟင်းရွက်ခူးရန်အတွက်ဆော်ဩလိုက်သည်။
"ကဲ ဒေါ်တုတ်နဲ့ မသန်းရင် ကျုပ်တို့ ဟင်းရွက်ခူးပြီးတာနဲ့ ပြန်ကြရအောင်"
"အေး အေး ညိုမောင်တဲနားမှာတင် ဟင်းရွက်တွေပေါမှပေါပဲ ဟိုနားက ခြုံက ကြံဟင်းခါးသီးခြုံမလား"
"ဟုတ်တယ် ဒေါ်တုတ်"
သူမတို့သည် စကားတစ်ပြောပြောနှင့် ပလိုင်းကိုယ်စီလွယ်ကာ တဲအနားရှိ ချဉ်ပေါင်ရွက်များအား ဦးစွာခူးနေလေသည်။ ထိုသို့ဟင်းရွက်ခူးနေရင်း မဝတီသည် သူမလွယ်ထားသော ပလိုင်းအား မြေပြင်တွင်ချလိုက်ကာ
"ကဲ ဒေါ်တုတ်နဲ့ မသန်းရင် ခူးထားကြဦး ကျုပ် တဲပေါ်ရေပြန်သောက်လိုက်ဦးမယ်"
"အေး အေး ချဉ်ပေါင်ခူးပြီးရင် ကြက်တက်ရွက်သွားခူးရအောင်"
"ကြက်တက်ရွက်ကို ကျုပ်ပြန်လာမှပဲ သွားခူးရအောင်နော် ဒေါ်တုတ်"
"အေးပါဟယ် အေးပါ"
အကြံသမား မဝတီသည် တဲဆီသို့ တစ်ယောက်တည်းသွားပြီး သူမ၏ချွေးခံအင်္ကျီအိတ်ကပ်အတွင်းထည့်ထားသော ခပ်သေးသေးဖန်ဘူးလေးကိုထုတ်ယူကာ အဖုံးအားဖွင့်လိုက်ပြီး သူမ၏ပခုံးပေါ်သို့ လောင်းချလိုက်သည်။အနံ့မှာ စိမ်းရွှေရွှေအနံ့ဖြစ်၏။ထို့နောက် သူမသည် ရေအိုးအနားသို့သွားပြီး ရေသောက်လိုက်၏။ထိုအချိန် ကွပ်ပျစ်ပေါ်လှဲနေသော ကိုညိုမောင်တယောက် မှိတ်ထားသည့်မျက်လုံးတို့ ရုတ်တရက်ဆိုသလိုပွင့်လာပြီး ငုတ်တုတ်ထထိုင်လာသည်။ | 109 |
| 11 | "မရတော့ဘူး အစ်မကြီးရဲ့ ဒီနေ့ ဆေးထပ်မကုတော့ဘူး"
"လုပ်ပါကွယ် အရေးကြီးလို့ပါ"
"တကယ်မရတော့လို့ပါဗျာ ကျုပ်တို့ဆရာကြီးက သိပ်စည်းကမ်းကြီးတာ မရဘူးဆို မရဘူးပဲ"
"အဲ့ဒါဆို တစ်ခုတော့ကူညီ မြောက်ကမ်းက ဒေါ်သိန်းဝေ သမီး ဝတီ ရောက်နေတယ်လို့သွားပြောပေးပါ"
"ပြီးရောလေ ကျုပ်သွားပြောကြည့်ပေးမယ်ဗျာ"
လူရွယ်တစ်ယောက်သည် မဝတီအားထိုသို့ပြောကာ အိမ်ဘက်ဆီသို့ ခပ်မြန်မြန်ထွက်သွားသည်။ထို့နောက် သူသည် ဆင်ဝင်တန်းလျားမှလူအား သွားပြောချိန် ဆင်ဝင်တန်းလျားမှလူသည် တံခါးကိုခပ်မြန်မြန်ဖွင့်ရန်အတွက် အပေါက်ဝတွင်ကျန်ခဲ့သော လူရွယ်အားလှမ်းအော်ပြောလိုက်လေသည်။
"မောင်ကံ တံခါးဖွင့်ပေးလိုက်"
"ဟုတ်ကဲ့ ဆရာပြူး"
မောင်ကံဟုအမည်ရသော လူရွယ်သည် မဝတီအား တံခါးဖွင့်ပေးလိုက်သည်။ထိုအခါ မဝတီသည် ခပ်မြန်မြန်ပင် အိမ်ဝိုင်းအတွင်းဝင်လိုက်လေသည်။သူမ ဆင်ဝင်အောက်ရောက်ချိန်တွင်တော့ တန်းလျားတွင် ထိုင်နေသည့်လူမှ ပြုံး၍ နှုတ်ဆက်လိုက်လေသည်။
"ညီမကြီး မတွေ့တာတောင်ကြာပါပကော ဘယ်နှစ် နှစ်တွေမှန်းတောင်မသိတော့ဘူး ဆရာကြီး အိမ်ပေါ်မှာရှိတယ် သွား သွား"
"လူရှင်းပြီလား"
"ဘယ်သူမှ မရှိတော့ပါဘူး ညီမကြီး"
"အဲ့ဒါဆို ကျမသွားလိုက်ဦးမယ် ကိုပြူး"
"ကောင်းပါပြီဗျာ ကောင်းပါပြီ"
မဝတီအိမ်ပေါ်သို့တက်သွားသည့်အခါ မောင်ကံနှင့် မောင်စံအမည်ရသောလူရွယ်နှစ်ယောက်သည် ကိုပြူးအနားသို့တိုးကပ်ပြီး လေသံတီးတိုးဖြင့်မေးလိုက်လေသည်။
"ဆရာပြူး ကျုပ်မသိလို့မေးပါရစေ သူကဘယ်သူတုန်း"
"မင်းတို့မသိပါဘူးကွာ"
"မသိလို့ မေးတာပေါ့ ဆရာပြူးရယ်"
"မသိရင်လည်း မသိသလိုသာနေ သွား သွား လုပ်စရာရှိတာသွားလုပ် မင်းတို့ကောင်တွေ ယောက်ျားကြီးတွေဖြစ်ပြီး တအားစပ်စုတဲ့ကောင်တွေပဲ"
မဝတီသည် ဆင်ဝင်အောက်မှာပင်ပြောနေသော ကိုပြူးတို့စကားများအား လှေကားပေါ်တက်နေရင်းကကြားနေရသည်။ထို့နောက် သူမသည် အိမ်ကြီးပေါ်သို့ ခြေလှမ်းမှန်မှန်ဖြင့်တက်သွားလိုက်သည်။အိမ်ကြီးမှာ ကြီးမားပြီးအတော်ကို ခန့်ညားပေသည်။တစ်အိမ်လုံး ကျွန်းသစ်များဖြင့် တည်ဆောက်ထားကာ အသုံးအဆောင်ပစ္စည်းများသည်လည်း ကျွန်းနှင့် ပိတောက်တို့ဖြင့်ပြုလုပ်ထားပေသည်။အိမ်ကြမ်းပြင်ပေါ်တွင် ဖျာခင်းထိုင်ရင်း ကွမ်းအစ်ဖြင့် ကွမ်းယာနေသူမှာ ဦးပညာဖြစ်ပြီး အသက်အားဖြင့် ခုနစ်ဆယ်ကျော်အရွယ်ဖြစ်နေပြီဖြစ်သည်။ဥပဓိရုပ်မှာ တည်ကြည်ခန့်ညားပြီး ပဝါတစ်ထည်ကိုခေါင်းပေါင်းထားကာ တိုက်ပုံအင်္ကျီ၊ပုဆိုးကွက်ထောက်တို့နှင့်ဖြစ်သည်။သူသည် ကွမ်းယာရင်း အိမ်ပေါ်သို့တက်လာသော မဝတီကိုမြင်သည့်အခါ အံ့ဩနေသည့်မျက်နှာဖြင့် လှမ်း၍ခေါ်လိုက်လေသည်။
"သမီး ဝတီလား"
"ဟုတ်တယ် အဘ"
"ဟေ့ သမီး အဘဆီလာတယ် လာ လာ"
"ကျုပ် အဘဆီလာလို့ လန့်သွားတာလား"
"မဟုတ်တာ အဘအမှားတွေကို အဘသိပါတယ်ကွယ် သမီး အောက်လမ်းဆရာတစ်ယောက်နဲ့ ယူလိုက်တယ်ဆို ဟုတ်လား"
"အဲ့ဒါတွေ ထားလိုက် အဘ ခု ကျုပ် အဘဆီလာတာ အကူအညီတစ်ခုတောင်းချင်လို့ အဲ့ဒါတော့ ပေးမယ်ထင်တယ်"
"ဘာလိုအပ်လဲ ပြော သမီး ရွှေလား ငွေလား"
"ကျုပ်တို့က ငွေမက်တာ ရွှေမက်တာတော့ဟုတ်တယ် ဒါပေမဲ့ အဘဆီက အဲ့ဒါတွေ တစ်စက်ကလေးမှယူမှာမဟုတ်ဘူး အခုလာတယ်ဆိုတာကလည်း ကျုပ်ကို အရှက်ခွဲတဲ့သူကို ပြန်အရှက်ခွဲချင်လို့ အဘဆီပြန်လာတာ လုံးဝမတတ်သာလို့ ပြန်လာတာ"
"ဘယ်သူတုန်း ငါ့သမီးကို အရှက်ခွဲတာ"
"တော်စမ်းပါ အဘရယ် အဘကြောင့်နဲ့ ကျုပ်တို့ ဒီလိုမကောင်းတဲ့ဘဝကိုရောက်နေရတာ အဲ့ဒါတွေက အတိတ်ကဟာတွေ ထားလိုက်မယ် စိတ်ချ အဘတို့မိသားစုနဲ့ လုံးဝမပတ်သတ်ဘူး အဘဆီက ကျုပ်ဆေးတစ်မျိုးပဲလိုချင်တယ် အဲ့ဒီဆေးက ထင်ယောင်ထင်မှားဖြစ်စေပြီး ကျုပ်ကို တခဏအတွင်းတမ်းတမ်းစွဲဖြစ်စေမယ့်ဆေးပဲ မရဘူးလို့တော့ မပြောနဲ့နော် အဘပညာတွေကို ကျုပ်အကုန်သိတယ်"
ဦးပညာတစ်ယောက် မည်သည့်စကားပြောရမည်မှန်းမသိ ဖြစ်လို့သွားသည်။ထို့နောက် သူသည် သူ၏ရှေ့တွင် မတ်တတ် ရပ်နေသော မဝတီအား သေချာကြည့်လိုက်ကာ
"ကောင်းပြီလေ အဲ့ဒါဆို သမီး ဒီမှာစောင့် အဘ အစီအရင်လုပ်ပေးလိုက်မယ်"
"ခတ်ဆေးတွေဘာတွေတော့ အဆင်မပြေနိုင်ဘူးနော် အဘ အနံ့နဲ့မှပဲ အဆင်ပြေမယ်ထင်တယ်"
"စိတ်ချ အဘသဘောပေါက်တယ် သန်းခေါင်လောက်မှ ရမယ်ထင်တယ်"
"အဲ့ဒါဆိုလည်း ကျုပ်ပြန်တော့မယ် ရရင်သာ ကိုပြူးကို လာပို့ခိုင်းလိုက် ဒေါ်တင်တို့အိမ်မှာ ကျုပ်တည်းနေတာ အဘဆေးရတာနဲ့ ကျုပ်ပြန်မယ်"
"အဘအိမ်မှာပဲ အိပ်ပါလား ငွေတင်တို့က မြို့မှာနေတယ်"
"မအိပ်ဘူး ဒီတစ်ခါ အဘအိမ်ကိုလာတာ နောက်ဆုံးပဲ"
မဝတီသည် ထိုသို့ပြောပြီး ဦးပညာ၏ရှေ့မှလှည့်ထွက်လာကာ အိမ်အောက်သို့ဆင်းသွားလေသည်။ဦးပညာသည်ကား ယာထားသောကွမ်းအား ပါးစပ်အတွင်းထည့်ကာ ဦးခေါင်းကိုအသာအယာရမ်းနေပါလေတော့သည်။
◾အခန်း (၆) | 92 |
| 12 | ဘိုးထင်တစ်ယောက် မဝတီ၏စကားကိုနားထောင်ပြီး ပြုံး၍ခေါင်းညိတ်ပြကာ သူမအား သေချာအကဲခတ်လိုက်သည်။သူမသည် သံသယဝင်စရာစိုးစဉ်းမျှမရှိဘဲ အတော်ကိုဟန်ဆောင်ကောင်းပေသည်။ကိုညိုမောင်ပြောပြထားသော စကားများမှတဆင့် မဝတီ၏လုပ်ရပ်များသိထားသောကြောင့် သူမ၏ဟန်ဆောင်မှုကို သိနေခြင်းဖြစ်သည်။အတော်ကို ဟန်ဆောင်ကောင်းသော မိန်းမကြီးတစ်ယောက်ဟုလည်း ဘိုးထင် စိတ်ထဲကနေ၍ မှတ်ချက်ပြုလိုက်သည်။ထို့နောက် သူသည် ဦးအုန်းနှင့် မဝတီကိုနှုတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။သူသည် အိမ်ဝိုင်းဝရောက်သည့်အခါ မဝတီပေးလိုက်သော ဝက်သားများအား အိမ်ဝိုင်းအပြင်တွင် သွန်ပစ်လိုက်သည်။ထိုအရာကို အိမ်ဝိုင်းဘေး၌မြက်ပေါက်နေသည့် ပေတူးနှင့် သာအေးတို့မှလှမ်းမြင်သွားပြီး တစ်ယောက်နှင့်တစ်ယောက်မေးငေါ့အချက်ပြလိုက်ကာ ဘိုးထင်အနားသို့သွားပြီး မေးမြန်းလိုက်ကြသည်။
"ဘိုးထင် မင်းဘာလို့ ဝက်သားတွေသွန်ပစ်ရတာလဲ"
"အဘမိန်းမ ပေးလိုက်တာကွ"
"သူက ပေးလိုက်တယ်ဟုတ်လား"
"အေး ဟုတ်တယ် အတော်ဟန်ဆောင်ကောင်းတဲ့ မိန်းမ ကြီးပါကွာ သူမဟုတ်တာတွေလုပ်နေတယ်ဆိုတာ ထင်ကိုမထင်ရဘူး"
"အဲ့လိုဟန်ဆောင်ကောင်းလို့လည်း မင်းအဘက ပစ်ယုံနေတာပေါ့ကွာ ဘာလဲ မင်းကို အဆိပ်ခတ်လိုက်မှာကြောက်လို့ သွန်ပစ်တာလား"
"အေး ဟုတ်တယ် ငါလည်း ပေါ့ပေါ့နေလို့မရဘူးလေကွာ မင်းတို့သိတဲ့အတိုင်း ငါ့အဘမိန်းမက ယုံလို့ရတာမဟုတ်ဘူး သူဘာတွေကြံနေလဲတော့မသိဘူး တစ်ခုခုတော့ကြံနေတာကွ တကယ့်ကိုလျှာနှစ်ခွနဲ့မြွေဟောက်မကြီးပါကွာ အခု သူက သူတော်ကောင်းလိုလိုဘာလိုလိုလုပ်နေတော့ ငါ့အဘက တော့ ပစ်ယုံတော့တာပေါ့ကွာ"
"အေး ငါတို့ ကိုကြီးညိုမောင်ကြီးအတွက် သတိထားပေးရလိမ့်မယ် ကိုညိုမောင်ကြီးပြောပုံအရဆို မင်းအဘမိန်းမက လိုတာမရလို့ ကိုကြီးညိုမောင်ကြီးကိုကြည်ပုံမရဘူး မကောင်းတာမကြံဘူးလို့ ပြောမရဘူးနော် ပြီးတော့ ကိုကြီးညိုမောင်က အပျိုကြီးနဲ့ ချက်ခြင်းကောက်ယူမယ်လုပ်တော့ သူတော်တော်တော့ ဒေါပွနေမှာပဲ"
"အသေအချာပေါ့ကွာ ဒါနဲ့ မင်းအဘက မင်းကို ဘာခေါ်ပြောတာလဲ"
ပေတူးမှထိုသို့မေးလိုက်သည့်အခါ ဘိုးထင်သည် အုပ်ကိုကိုင်ပြီး အိမ်ဝိုင်းအတွင်းဝင်လိုက်ကာ သူ့နောက်မှလိုက်လာသော ပေတူးနှင့် သာအေးအား လှည့်မကြည့်ပါဘဲနှင့်ပြန်ဖြေလိုက်သည်။
"သစ်ဆိမ့်ရွာကို လွှတ်တာကွ အဲ့ရွာက သူ့ကိုပင့်ထားတာ ငါက သူ့ကိုယ်စားသွားရမှာ"
"သစ်ဆိမ့်ရွာကိုဟုတ်လား ဖြစ်ပါ့မလားကွာ ဟိုကောင်တွေကို တို့သမထားတာ ဒီကောင်တွေမေ့မှာမဟုတ်လောက်ဘူး"
"ကြာတော့ကြာပါပြီကွာ သွားကြည့်တာပေါ့ကွာ အခြေအနေမကောင်းတော့လည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲ လုပ်ရတာပေါ့"
"ပြေးရဦးမှာလားကွာ ဒါဆို ဘယ်နေ့သွားမှာလဲ"
"တစ်ပတ်လောက်တော့ လိုပါသေးတယ်ကွာ မင်းတို့ဘာဟင်းချက်ထားလဲ"
"ရွာအပြင်ချောင်းကနေ ငါးသွားမျှားတာ နည်းနည်းရခဲ့လို့ ခရမ်းချဉ်သီးလေးနဲ့ ချက်ထားတယ်"
"ကောင်းသားပဲ"
ဤသို့ဖြင့် ဘိုးထင်၊သာအေးနှင့် ပေတူးတို့သုံးယောက်သည် စကားပြောပြောနှင့် အိမ်လေးပေါ်သို့ တက်သွားကြပါလေတော့သည်။
◾အခန်း (၅)
ရေနံချေးဝနေသည့်ကျွန်းတိုင်လုံးကြီးမှာ လူကြီးတစ်ဖက်စာခန့်ကြီးမားလွန်းလှပေသည်။ထိုကြီးမားသောတိုင်ကြီးများဖြင့်တည်ဆောက်ထားသည့် အိမ်ကြီး၏ပိုင်ရှင်မှာ အောက်လမ်းပညာနှင့် တိုင်းရင်းဆေးပညာရပ်ကို ပိုင်နိုင်စွာ တတ်ကျွမ်းထားသော ဦးပညာပင်ဖြစ်သည်။ဦးပညာ အောက်လမ်းပညာတတ်သည်ဆိုခြင်းကို ရင်းနှီးသူအချို့သာသိကြပြီး သူသည် တိုင်းရင်းဆေးဆရာကြီးတစ်ယောက်အဖြစ်နာမည်ကြီးလေသည်။အိမ်ကြီးသည် အိမ်တော်ခေါင်နှင့်ဖြစ်ပြီး အုတ်ကြွပ်ပြားများအားမိုးထားလေရာ ဘုရားသုံးဆူရွာလေးတွင်တော့ အတော်ကိုထူးခြားသည့်အိမ်ကြီးတစ်လုံးဖြစ်သည်။အိမ်ကြီး၏လှေကားမှာ ကျွန်းလှေကားဖြစ်ပြီး ကနုတ်များထိုးထားသလို တံခါးများနှင့် ပြတင်းတံခါးများမှာလည်း ရေနံချေးတို့ဖြင့်ဝနေသည်။အိမ်ကြီး၏မျက်နှာစာတွင်တော့ ဆင်ဝင်ရှိပြီး ယခုထိုဆင်ဝင်အောက်တွင်တော့ စားပွဲတန်းလျားတစ်လုံးရှိနေကာ အသက်လေးဆယ်အရွယ် အမျိုးသားတစ်ယောက် ထိုင်နေသည်။တစ်နေ့လုံး၌ ဆေးလာကုသူများအား နေရာထိုင်ခင်းစီစဥ်ပေးကာ ဆရာကြီးဦးပညာထံသို့လွှတ်ပေးရသော အလုပ်အား ထိုသူမှ တာဝန်ယူရလေသည်။ဤသို့ တစ်နေ့လုံးဆေးကုပြီးနောက် ညနေအချိန်အခါတွင်တော့ တန်းလျားပေါ်၌ ထိုင်နေသည့်လူသည် အသံခပ်ကျယ်ကျယ်နှင့် ကျယ်ဝန်းသောအိမ်ခြံကြီးထဲတွင် မတ်တတ် ရပ်နေသည့် လူရွယ်နှစ်ယောက်အား လှမ်းအော်လေသည်။
"မောင်ကံ မောင်စံ နောက်ထပ်လူတွေလာရင် ထပ်မဝင်ခိုင်းတော့နဲ့ အိမ်ဝိုင်းတံခါးကိုပိတ်လိုက်တော့ ကြားလား"
"ဟုတ်ကဲ့ ဆရာပြူး"
မောင်ကံ၊မောင်စံ အမည်ရသော လူရွယ်နှစ်ယောက်သည် အိမ်ဝိုင်းပတ်လည်၌ သစ်ဖြင့်ကာရံထားပြီး သစ်ဖြင့်ပင် ပြုလုပ်ထားသော ရေနံချေးသုတ်လိမ်းထားသည့်တံခါးမကြီးအားသွားပိတ်လိုက်လေသည်။ထိုအချိန်၌ တဘက်တစ်ထည်ကိုခေါင်းပေါင်းထားသော အမျိုးသမီးတစ်ယောက်သည် အိမ်ဝိုင်းဝသို့ခပ်မြန်မြန်ရောက်ရှိလာပြီး အထဲသို့ဝင်ခွင့်ရရန်အတွက် တောင်းဆိုလိုက်လေသည်။ထိုအမျိုးသမီးမှာ တခြားသူမဟုတ်ပေ။ပေပင်ရွာမှ မဝတီပင်ဖြစ်လေသည်။
"ငါ့မောင်တို့ နေပါဦး အစ်မကြီးအထဲကိုဝင်ပါရစေ" | 94 |
| 13 | ဘိုးထင်သည် ထိုသို့ပြောပြီးသည်နှင့် သာအေးနှင့်အတူ တဲအတွင်းမှ ထွက်ပြေးသွားလေတော့သည်။ပေတူးသည်ကား လက်ကိုကာပြကာ
"မဟုတ်ဘူး အဲ့ကောင်တွေလျှောက်ပြောနေတာ ကိုကြီးညိုမောင် လွန်မယ်နော်"
"မင်း မင်း တွေ့မယ် ငါတောင် မထိရက်မကိုင်ရက်ဖြစ်နေတာ မင်းကဘာလဲ လူစားဝင်မယ်ဟုတ်လား"
"မဟုတ်ဘူး နေရာချင်းလဲလိုက်ချင်တယ်လို့ပဲပြောမိတာ"
ပေတူးတယောက် အခြေအနေမကောင်းတော့မှန်းသိ၍ တဲအတွင်းမှ ခပ်မြန်မြန်ပင်ထွက်ပြေးလာခဲ့လေသည်။ကိုညိုမောင်မှာဖြင့် တဲအပြင်ထိလိုက်လာကာ ဘိုးထင်တို့အား မကျေမနပ်နှင့် ဆဲဆို၍နေပါလေတော့သည်။
◾အခန်း (၄)
"အဘ ကျုပ်ကိုခေါ်တယ်ဆိုလို့လေ"
"အေးကွာ လာ လာ ထိုင် ပေတူးနဲ့ သာအေးကော"
"သူတို့ အိမ်မှာ ကျန်ခဲ့တယ် အဘ"
"အေး ဟုတ်တယ် မင်းတို့ကို အလုပ်လေးပေးစရာရှိလို့ သစ်ဆိမ့်ကိုသွားရမယ် အဲ့ဒီမှာ ငါ့ကိုပင့်ထားတာရှိတယ် သရက်ခြံထဲမှာ မြေနှုတ်လည်းမရဘူးဆိုလားကွာ အဲ့ဒါ သွားရှင်းပေးလိုက်ဦး အဖိုးအခကတော့ နှစ်ရာလောက်ရမယ်ထင်တယ်"
"အဘ ကျုပ် သစ်ဆိမ့်ကိုသိပ်မသွားချင်ဘူး အဲ့ဒီမှာ ကျုပ်တို့နဲ့ ပြဿနာတက်ထားတာရှိတယ် အဆင်မပြေသေးဘူး"
"အဲ့ဒါက ကြာပါပြီကွာ မေ့တောင်မေ့နေလောက်ပြီ"
"အင်းပါ အဲ့ဒါဆိုလည်း သွားလိုက်မယ် ဘယ်တော့လောက် သွားရမလဲ အဘ"
"နောက်တစ်ပတ်လောက်မှသွားလည်း ဖြစ်ပါတယ်"
ဘိုးထင်တစ်ယောက် အဘဖြစ်သူ ဦးအုန်း၏နေအိမ်သို့ရောက်ရှိနေခြင်းဖြစ်ပြီး ပက်လက်ကုလားထိုင်တွင်ထိုင်ရင်း ဆေးလိပ်သောက်နေသည့် ဦးအုန်းနှင့် စကားဆိုနေသည်။ များမကြာသောအချိန်တွင်တော့ အိမ်ပေါ်မှ မဝတီဆင်းလာပြီး သူမသည် ပြုံးရွှင်သောမျက်နှာဖြင့် ရေနွေးကြမ်းအမြည်းပန်းကန်များထည့်ထားသော လင်ပန်းအား စားပွဲခုံပေါ်တွင် တင်လိုက်ပြီး ဘိုးထင်နှင့် မျက်နှာချင်းဆိုင်တန်းလျားတွင် ထိုင်လာလေသည်။ထို့နောက် သူမသည် ဘိုးထင်ကို ပြုံးပြလိုက်ကြည့်ကာ
"ဘိုးထင် ငါးရံ့ခြောက်ဖုတ်ဆီဆမ်းထားတာ စားလို့ကောင်းတယ် စား အိမ်အတွက်လည်း အမထည့်ပေးလိုက်မယ်"
"ရတယ် အမကြီး အိမ်မှာရှိသေးတယ်"
"အေး အေး ဒီနေ့ ဝက်သားသွားဆွဲဖြစ်သေးလား"
"တောထဲသွားလိုက်တာနဲ့ မဆွဲဖြစ်ဘူး အမကြီး"
"ထင်တော့အထင်သား အဲ့တာကြောင် နင့်တို့အတွက် ဝက်သားဆွဲထားတယ် ယူသွား လုံးပေးထားတယ်"
"ဟုတ် ဟုတ် အမကြီး"
"ဒါနဲ့ ပြောရဦးမယ် နင့်အဘက ညိုမောင့်ကို လယ်လေးဧကနဲ့ နွားတစ်ရှဉ်းပေးမှာ သိတယ်မဟုတ်လား"
"ဟုတ် သိတယ်လေ အမကြီး ဘာဖြစ်လို့လဲဗျ"
"ဘာဖြစ်ရမှာလဲ နင့်အဘဥစ္စာတွေဆိုတာ တစ်ချိန်ကျရင် နင့်ဥစ္စာတွေပဲဖြစ်မှာလေ နင့်အတွက်လျော့သွားမှာစိုးလို့ ငါက မပေးချင်ဘူး အဲ့တာနင့်အဘကို ဘယ်လိုမှပြောမရဘူး"
"အဲ့ဒါလား ရပါတယ် အမကြီးရာ ကျုပ်အတွက်က အဲ့လောက်လည်း မလိုပါဘူး အဘစိတ်ချမ်းသာသလိုသာ လုပ်ပါစေဗျာ"
"အေး အေး နင်နဲ့ နင့်အဘကတော့ သားအဖလို့မပြောရဘူး တစ်လေသံတည်းပဲ ငါတို့ကျတော့ မိန်းမသားဆိုတော့ တွေးရတာပေါ့ အင်းလေ ကာယကံရှင်တွေကဘာမှမဖြစ်ဘူးဆိုတော့လည်း ငါလည်း ဘာမှပြောစရာမရှိတော့ပါဘူး အစ်ကိုကြီး စိတ်ချမ်းသာရင်ပြီးရော ထားလိုက်ရမှာပေါ့ ကဲ ဘိုးထင် နင့်အဘနဲ့ စကားပြောဦး ငါဝက်သားတွေ သွားထည့်လိုက်ဦးမယ်"
မဝတီမှာ ထိုသို့ပြောပြီး အိမ်မီးဖိုချောင်ပေါ်သို့ပြန်တက်သွားလေတော့သည်။ဦးအုန်းမှာဖြင့် မိန်းမဖြစ်သူကိုမေးငေါ့ပြကာ
"အခုမှပဲ နားအေးသွားတော့တယ် မင်းအမကြီးက ငါ ညိုမောင့်ကို လယ်နဲ့နွားပေးမှာ သိပ်မကြည်ဘူးဖြစ်နေတယ် မင်းအတွက်မကျန်မှာစိုးလို့တဲ့လေ"
"ကျုပ်အတွက်ဘာမှမလိုပါဘူးဗျာ အဘတို့ဘာသာ အဆင်ပြေရင်ပြီးတာပါပဲ ကျုပ်က အဲ့လယ်တွေယာတွေလုပ်ရတာလည်း စိတ်မဝင်စားဘူးဗျ လုပ်လည်းမလုပ်တတ်ဘူး"
"အဲ့လိုလည်းမဟုတ်သေးဘူး ငါ့ကောင်ရ ငါလည်း မင်းအရွယ်တုန်းက အဲ့လိုမြင်ခဲ့တာပဲ အသက်ကြီးလာတော့ အမြင်ကပြောင်းသွားတယ်ကွ ကိုယ်မလုပ်ချင်တောင်မှ သီးစားလေးဘာလေးချထားလို့ရတာပေါ့ကွာ ဝမ်းစာအတွက် မပူရဘူး"
"အဲ့ဒါတွေ နောက်မှပေါ့ အဘရာ အခုတော့ ကျုပ်စိတ်မဝင်စားသေးဘူး အဘလည်း အလုပ်တွေပြန်လုပ်နေပြီဆို သူများမျက်ရည်ကြီးပေါက်ကျရတဲ့အလုပ်မျိုးတော့ မလုပ်မိစေနဲ့ဦးနော်"
"မင်းကလည်းကွာ ငါသိပါတယ်"
"သတိမမူ ဂူမမြင်တဲ့ အဘရ ကျုပ်က အဘကိုအဲ့လိုဖြစ်မှာစိုးလို့ သတိပေးရတာ"
ဘိုးထင်နှင့် ဦးအုန်းတို့စကားပြောနေချိန် မဝတီသည် အုပ်ကလေးကိုင်ပြီး အိမ်အောက်သို့ပြန်ရောက်လာသည်။ ထို့နောက် သူမသည် ဘိုးထင်အရှေ့ အုပ်ကိုချလိုက်ကာ
"ကဲ ဘိုးထင် နင်တို့အတွက် ငါ တစ်ပိဿာလုံး လုံးပေးထားတယ် ယူသွားလိုက်"
"ဟုတ်ကဲ့ အမကြီး ကျုပ် ဦးညိုကြီးတို့ကိုငွေပေးလိုက်မယ်နော်"
"ပေးစရာမလိုဘူး ဘိုးထင် ငါပေးပြီးသား"
"အားနာစရာကြီး အစ်မကြီးရာ"
"ငါတို့က မိသားစုတွေပဲဟာ ဘာတွေများအားနာဖို့လိုသေးလို့လဲ" | 90 |
| 14 | "ကျုပ်သိပါတယ် ကျုပ်ထင်တာ ကျုပ်ကသနားစရာကောင်းနေလို့ သနားနေတယ်ပဲထင်တာ"
"တော် တော် ပြီးခဲ့တာတွေထားလိုက် တို့တွေ မြန်မြန်ယူမယ် ပြီးရင် မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမယ် နင်ဘယ်တော့လာတောင်းမလဲ"
"မမပြောလိုက်လေ ကျုပ် မမကို လယ်လေးဧက၊ နွားတစ်ရှဉ်းနဲ့လာတောင်းမယ်"
"အဲ့ဒါတွေ မလိုပါဘူး အဓိကတော့ ငါ့ကို သစ္စာရှိရှိပေါင်းဖို့ပဲ"
"အဲ့ဒါတော့ စိတ်ချပါဗျာ ကျုပ်ဘဝမှာ မမတစ်ယောက် တည်းပဲရှိတာပါ အခုတင်တောင်းမယ့်ဟာတွေကိုလည်း ဦးအုန်းပေးမှာလေ"
"ဟုတ်လား ဒီလိုဆိုတော့လည်း ဦးအုန်းကသဘော ကောင်းသားနော်"
"ဦးအုန်းက သဘောကောင်းပါတယ်"
ကိုညိုမောင်နှင့် အပျိုကြီးတို့သည် တစ်တောင်အကွာမှနေ၍ အတန်ကြာသည်အထိစကားပြောပြီးနောက် အပျိုကြီးယူလာသောပလိုင်းကို ကိုညိုမောင်မှယူလွယ်ကာ ယာကွက်အတွင်းမှ ကြက်တက်ရွက်နှင့် တခြားသောဟင်းသီးဟင်းရွက်များအတူလိုက်ခူးပြီးနောက် အပျိုကြီးသည် ကိုညိုမောင်ကို နှုတ်ဆက်ကာပြန်သွားလေသည်။ကိုညိုမောင်သည်လည်း အပျိုကြီးအားပြန်နှုတ်ဆက်ပြီး ပြုံးရင်းရပ်ကျန်နေခဲ့ပါလေတော့သည်။
◾အခန်း (၃)
ကိုင်းတောအစပ်မှတက်လာသာ ဘိုးထင်တို့သည် တဲအတွင်း ရေနွေးအိုးတည်နေသည့်ကိုညိုမောင်ကိုမြင်သည်နှင့်မကျေမနပ်နှင့် ဦးစွာစကားဆိုလေသည်။
"ဟာဗျာ ကိုကြီးညိုမောင်ကတော့ အ ရန်ကော"
"ဟေ့ကောင် ဘိုးထင် မင်းတို့က မဟုတ်သေးဘူး တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ငါ့ဘာသာရေနွေးတည်နေတာ ဘာအ ရန်ကောလဲ ဘာလားကွ မင်းတို့က"
"ဘာရမှာလဲဗျ သမီးရည်းစားချိန်းတွေ့တာ လက်ကလေးကိုင် ပခုံးလေးတော့ဖက်ဦးမှပေါ့ အခုတော့ ခင်ဗျားဟာက မဟုတ်သေးဘူး"
ဘိုးထင်စကားကြောင့် ကိုညိုမောင်မျက်နှာပျက်သွားပြီး
"မင်း မင်းတို့ ချောင်းကြည့်နေတာလား"
"အဲ့လိုလည်းမဟုတ်ပါဘူးဗျာ ကျုပ်တို့က ပူလို့ ကိုင်းတောနားမှာ နားနေတာ အဲ့တာနဲ့ အသံကြားလို့ ကြည့်မိသွားတာ"
"မင်းတို့ အပိုပြောမနေနဲ့ ချောင်းနေတာမလား မင်းတို့အကြောင်း ငါသိတာပေါ့ တကယ်ကောင်တွေ"
"ဟုတ်တယ်ဗျို့ အပျိုကြီး ပလိုင်းတစ်လုံးနဲ့ ဒီဖက်လာတာ တွေ့လို့ ကျုပ်တို့ နောက်ကနေလိုက်လာကြတာ ခင်ဗျားဗျာ အပျိုကြီးကို ပျားအုံကြီးများထင်နေရော့လား မတို့ရက် မထိရက်နဲ့ ဘာလဲ ခင်ဗျား အတုပ်ခံရမှာစိုးလို့လား ဟားး"
"ဟာကွာ မင်းတို့ကလည်း ပေါက်တတ်ကရတွေ ငါက မသောင်းဦးကိုမယူရသေးဘဲ မထိမကိုင်ချင်လို့ပါကွာ"
ကိုညိုမောင်၏ပြောစကားကြောင့် ပေတူးသည် ဦးခေါင်းအားညိတ်ပြလိုက်ပြီး ဘိုးထင်နှင့် သာအေးတို့အားပြစ်တင်ပြောဆိုလိုက်သည်။
"မင်းတို့ကောင်တွေက ငြိမ်သက်နေတဲ့ရေပြင်ကို ခဲပစ်ချင်နေတဲ့ကောင်တွေပဲကွ"
"ဘာတုန်း ပေတူးရ မင်းဘာပြောချင်တာတုန်း"
"ဘာပြောချင်ရမှာလဲ မင်းတို့ ကိုကြီးညိုမောင်ကိုမဟုတ်က ဟုတ်ကတွေ လျှောက်မြှောက်ပေးမနေနဲ့ သူ့ဘာသာ ရိုးရိုးသားသားနေနေတာ နေပါစေလား"
"မင်းကလည်း ဒီလောက်ကြီးရိုးသားဖို့လိုလို့လား ကိုယ့်ရည်းစား ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာကို"
"မင်းတို့နဲ့တော့ မယှဉ်နဲ့လေ မင်းတို့လိုကောင်တွေက ရည်းစားမပြောနဲ့ တဖက်က နည်းနည်းရေလာမြောင်းပေးရင်ကို ဖက်ချင်ထိချင်နေတဲ့ကောင်တွေ ကိုကြီးညိုမောင်နဲ့မတူဘူး"
ပေတူးတယောက် ကိုညိုမောင်ဘက်မှနေ၍ပြောကူလေရာ ရေနွေးအိုးတည်နေသည့် ကိုညိုမောင်တစ်ယောက် ပြုံးစစနှင့် ဦးခေါင်းကိုညိတ်ကာ ပေတူးစကားထောက်ခံလေသည်။
"ပြောလိုက်စမ်းပါ ပေတူးရာ မင်းကောင်တွေကို"
"အေးဗျာ ဒီကောင်တွေက သူတို့စိတ်နဲ့နှိုင်းပြီးလျှောက်ပြောနေတာ"
"အေးလေ ဘာကောင်တွေမှန်းကိုမသိဘူး"
ကိုညိုမောင်နှင့်လေပေးဖြောင့်နေသည့် ပေတူးအား သာအေးမှ မကျေမနပ်ဖြင့်ကြည့်လိုက်ပြီး
"ဟေ့ကောင် ပေတူး ဘာလဲ မင်းက အခုမှ ကြီးကြီးကျယ်ကျယ်တွေလျှောက်ပြောနေတယ် အစောကတော့ နေရာချင်းလဲလိုက်ချင်တယ်ဆိုကွ"
"ဟေ့ကောင် မင်းဘာတွေလျှောက်ပြောနေတာတုန်း"
"ဘာမှလျှောက်မပြောပါဘူး အမှန်အတိုင်းပြောတာ မင်းမပြောဘူးလား ပြော ကိုကြီးညိုမောင်က လက်ကြီးနောက်ကိုထောက်ထားလို့ လူချင်းလဲလိုက်ချင်တယ်လေးဘာလေးနဲ့ မင်းပဲပြောခဲ့တာလေ"
"ဟေ့ကောင် တော်တော့"
ပေတူးတစ်ယောက် အတော်မျက်နှာပူလျက်ရှိသည်။ကိုညိုမောင်သည်ကား ပေတူးအား လက်ညှိုးတဆတ်ဆတ်ထိုးကာ
"ဪ လက်စသတ်တော့ မင်းက အဲ့လိုကိုး"
"မ မဟုတ်ဘူး ကိုကြီးညိုမောင် အဲ့ကောင် သာအေးလျှောက်စနေတာ ကျုပ်က အဲ့လိုပြောပါ့မလားဗျာ"
ပေတူးတစ်ယောက် အသည်းအသန်ရှင်းပြနေချိန် ဘိုးထင်သည် ပေတူး၏ပခုံးကိုပုတ်လိုက်ပြီး
"ကိုကြီးညိုမောင် သာအေးပြောတာ မဟုတ်ဘူးဗျာ ဒီကောင်ပေတူး ဘယ်လောက်ရိုးသားလဲဆိုတာ ကိုကြီးညိုမောင်အသိကို"
"အဲ့ဒါဆို လူချင်းလဲလိုက်ချင်တယ်လို့မပြောခဲ့ဘူးပေါ့ အဲ့ကောင်"
"ဟာ ပေါက်တတ်ကရ ဘယ်သူက လူချင်းလဲချင်တယ်လို့ ပြောရမှာလဲ"
"ထင်တော့ထင်ပါတယ် ပေတူး အဲ့လောက်တော့ မဆိုးပါဘူးလို့"
"လူချင်းလဲချင်တယ်လို့မပြောဘူး ကိုကြီးညိုမောင်ရေ ကျုပ်တို့ကို ခင်ဗျားကိုဆွဲထုတ်ပေး သူ လူစားဝင်ချင်တယ်လို့ ပဲပြောတာ"
"မင်းမေကြီးတော် ဟေ့ကောင် ဘိုးထင် မင်းသေပြီ" | 90 |
| 15 | အပျိုကြီး မသောင်းဦးနှင့် ကိုညိုမောင်တို့သည် ဦးအုန်း၏ လယ်ကွင်းနှင့် ယာအစပ်ရှိ သဖန်းပင်အောက်တွင် ချိန်းတွေ့နေခြင်းဖြစ်သည်။သူတို့သည် သမီးရည်းစားဖြစ်သည်မှာ မကြာသေးသောကြောင့် တစ်ယောက်နှင့်တစ်ယောက် အပြင်မှာတွေ့ချိန်တွင်တော့ အိုးတိုးအမ်းတန်းဖြစ်လို့နေသည်။လူရိုးကြီးဖြစ်သော ကိုညိုမောင်သည် မသောင်းဦးနှင့်တစ်တောင်ခန့်အကွာတွင်ထိုင်နေပြီး လက်နှစ်ဖက်အား အနောက်သို့ ထောက်၍ပင် စကားဆိုနေသည်။မသောင်းဦးမှာ သူမအား နာမည်အရင်းထက် ပိုနားထောင်ကောင်းသော နာမ်စားတခုခုကိုသုံးစေချင်နေသည်။သို့ပေမဲ့ ကိုညိုမောင်တယောက် စဉ်းစားမရဖြစ်နေလေသည်။ထို့အတွက် မသောင်းဦးအား ဆက်လက်မေးမြန်းလာပြန်၏။
"မသောင်းဦး ကျုပ်ဘယ်လိုခေါ်ရမလဲ"
"အဲ့ဒါ နင့်ဘာသာစဉ်းစားလေ နင်ဘယ်လိုခေါ်ချင်လဲ ငါ့နာမည်မဟုတ်တာပေါ့"
"အဲ့ဒါဆို ကျုပ် အစ်မလို့ပဲခေါ်ရမလား မသောင်းဦးက ကျုပ်ထက်နည်းနည်းကြီးတယ်လေ"
"တော်စမ်းပါ နင်နဲ့ငါ အသက်ကွာလှတစ်နှစ်ပေါ့ နေပါဦး ငါတို့က ရည်းစားတွေမလား နင် အစ်မလိုခေါ်ရင် အရမ်းရိုးစင်းမနေဘူးလား"
"အဲ့ဒါတော့ဟုတ်တယ် နည်းနည်းရိုးတယ်လို့ထင်ရတယ် အဲ့ဒါဆို ကျုပ်ဘယ်လိုခေါ်ရမလဲ အစ်မကြီးလို့ပဲခေါ်ရမလား"
"ညိုမောင်ရယ် နင်ကတော့ တော်တော်ကိုထုံတာပဲ"
"ပြောလည်းခံရမှာပဲဗျာ ကျုပ်တစ်သက် ရည်းစားတစ်ခါမှ မထားဖူးဘူးဗျ"
"အမလေး လျှောက်ပြောနေပြန်ပြီ နင့်အကြောင်းမသိတာမှတ်လို့ ကဲ ထားပါ နင် ငါ့ကို မမလို့ခေါ်ပါလား"
မသောင်းဦးမှာ ပွင့်လင်းသူပီပီ သူမခေါ်စေချင်သော နာမ်စားအားတည့်တိုးပြောလိုက်သည်။ထိုအခါ ကိုညိုမောင်သည် မသောင်းဦးပြောသော 'မမ' ဟူသောစကားအား ရေရွတ်လိုက်ပြီး
"မမ မမ အင်း နည်းနည်းတော့ခေတ်ဆန်တယ်နော် မသောင်းဦး"
"လာပြန်ပြီ မသောင်းဦး နင်ကတော့လေ အတော်ကိုတုံး တာပဲ ကဲ ငါရှင်းရှင်းပဲပြောမယ် နင်ငါ့ကို မမလို့ခေါ် ငါက နင့်ကို မောင်လို့ခေါ်မယ် ဘယ်လိုလဲ"
"နည်းနည်းများရှက်စရာကောင်းနေသလားလို့"
"ဟော ဒီသေနာကတော့လေ နင်မခေါ်ဘူးလား အေး မခေါ်ရင်လည်း မခေါ်နဲ့ အဲ့ဒါဆို ငါ့ကိုအဲ့လိုခေါ်ချင်တဲ့ ကောင်လေးတွေကိုပဲ ပြန်ကြိုက်လိုက်တော့မယ်"
"မ မလုပ်ပါနဲ့ ခေါ် ခေါ်မယ် မ မမ"
"အဲ့လိုလုပ်ပါ မောင်ကလည်း"
အပျိုကြီး မသောင်းဦးနှင့် ကိုညိုမောင်တို့အကြည်ဆိုက်နေချိန် လယ်ကွင်းအတွင်းရှိ ကိုင်းတောအစပ်တွင်တော့ ဘိုးထင်တို့သုံးယောက် ကိုင်းပင်များကြားမှနေ၍ ကိုညိုမောင်တို့အတွဲအား ချောင်းကြည့်နေသည်။သူတို့သည် ရိုးအလွန်းသော ကိုညိုမောင်ကိုကြည့်ကာ အားမလိုအားမရပင်ဖြစ်နေမိသည်။
"တောက် ကိုကြီးညိုမောင်ရာ နေရာချင်းတောင်လဲလိုက်ချင်သေးတယ်"
"ဟေ့ကောင် မင်းက အပျိုကြီးကိုပြစ်မှားနေတာလား မပြစ်မှားနဲ့နော်"
"ဟာ ပေါက်တတ်ကရ ငါက သဘောပြောတာပါကွာ အဲ့လိုစိတ်မရှိပါဘူး"
"အဲ့ဒါဆို ဘာလို့ နေရာချင်းလဲလိုက်ချင်တယ် ဘာတယ် လျှောက်ပြောနေတာလဲ"
"မင်းကလည်းကွာ သဘောပြောတာပါကွာ မင်းလူကိုလည်း ကြည့်ဦး ဟိုက လက်ကလေးကိုင်မလားလို့မျှော်လင့်နေတာ သူကဖြင့် လက်ကြီးနောက်တောင်ထောက်ထားလိုက်သေး"
"အေးကွာ ပေတူး ပြောလည်းပြောချင်စရာ လူရိုးဆိုတာ သင်္ချိုင်းမှာပဲရှိတယ်ထင်ထားတာ အခုတော့ တကယ်လက်တွေ့ မြင်ဖူးပြီကွာ"
အသံတိုးတိုးနှင့် ဘိုးထင်တို့ပြောနေသည့်စကားများအား ကိုညိုမောင်နှင့် အပျိုကြီးတို့ မကြားနိုင်ပေ။ချစ်သူနှစ်ဦးသည် ပြောနေမကျသော နာမ်စားများဖြင့်စကားဆိုနေလေရာ အသားမကျသေးသောကြောင့် အနည်းငယ်ရှိုးတိုးရှန့်တန့် ဖြစ်နေကြသည်။
"မ မမ ကျုပ်ကို"
"ဘာကျုပ်လဲ မမတောင်ခေါ်ပြီးပြီ မောင့်ကိုလို့ပြောရမှာပေါ့"
"ဟုတ် ဟုတ် မောင့်ကို"
အပျိုကြီးတယောက် ငယ်စဉ်ကမလုပ်ခဲ့ရသောအရာများအား အတိုးချပြီးလုပ်နေသည်လားထင်ရလောက်အောင်ပင် အတော်ကို နူးနူးညံ့ညံ့နှင့် ချစ်သူရည်းစားအတွဲပီသချင်နေ လေသည်။တောင်သူတစ်ယောက်ဖြစ်သည့် ကိုညိုမောင်အတွက် ထိုနူးနူးညံ့ညံ့အပြောအဆိုအနေအထိုင်များနှင့် အံမကိုက်လေရာ အတော်ကလေးတော့ လက်ပေါက်ကပ်နေဟန်ရှိသည်။သို့ပေမဲ့ ကိုညိုမောင်သည် သူမအားချစ်သောကြောင့် ယခုလိုပြုမူသည်ကိုသဘောပေါက်၍ အပျိုကြီးခိုင်းသည်ကို မငြိုမငြင်လိုက်လုပ်နေသည်။အပျိုကြီးသည်ကား သူမခိုင်းသည့်အတိုင်းလိုက်ပြောလိုက်ဆိုနေသည့် ကိုညိုမောင်အား ပြုံး၍ကြည့်ကာ ဆက်၍ စကားဆိုလေသည်။
"တကယ်ပြောတာ ငါလေ နင့်ကိုမောင်လို့ခေါ်ဖို့ စောင့်ဆိုင်းခဲ့တာ အသက်နှစ်ဆယ်ကျော်အရွယ်ကတည်းကပဲ အခု သုံးဆယ်ကျော်လေးဆယ်နားကပ်တော့မှ ခေါ်ခွင့်ရခဲ့တယ် နင် ငါ့ကို ရည်းစားစကားလာပြောနိုးပြောနိုးနဲ့စောင့်နေခဲ့တာ ငါ့ကိုလာကြိုက်တဲ့ကောင်တွေကို နင့်ကြောင့်နဲ့ အကုန်ငြင်းလွှတ်ခဲ့တာ ငါလေ နင့်ကို ရေလာမြောင်းပေးလုပ်ခဲ့တာ မြောင်းသာတကယ်ပေါက်ခဲ့ရင် ရွာဘေးက ချောင်းထက်တောင်ကျယ်မယ်ထင်တယ်"
"ကျုပ်လည်း မမကိုတကယ်ချစ်ပါတယ်ဗျာ ကျုပ်က သူရင်းငှားတစ်ယောက်လေ ကျုပ်လိုကောင်ကိုပြန်ကြိုက်မယ်မထင်လို့ ကျုပ်က မမကိုဖွင်မပြောခဲ့တာပါ"
"ငါဒီလောက် ရေလာမြောင်းပေးနေတာ နင်မသိဘူးလား အမေကလည်း နင့်ကိုသဘောကျတယ်လေ" | 114 |
| 16 | ◾အောက်လမ်းဘိုးထင် နှင့် လျှာနှစ်ခွ
(၁၉၇)
◾အခန်း (၁)
ပေပင်ရွာလေးသည် ညအချိန်မို့ တိတ်ဆိတ်ငြိမ်သက်လို့နေ၏။ရေနံဆီရှားပါးသည့်အတွက် ရွာအတွင်းရှိ အိမ်အများစုသည် မီးခွက်ကိုစောစောငြိမ်းသတ်ကာ အိပ်ရာဝင်နေကြပြီးဖြစ်ပြီး တချို့သောအကြောင်းကိစ္စကြီးငယ်ရှိသည့် အိမ်များ သည်သာ မီးခွက်ထွန်း၍နေလေ့ရှိသည်။ယခု ပေပင်ရွာထဲရှိ ဦးအုန်း၏နေအိမ်တွင်ဖြစ်သည်။အိပ်ယာဝင်နေပြီဖြစ်သော ဦးအုန်း၏နံဘေးတွင် မိန်းမဖြစ်သူ မဝတီတယောက် ဘေးတစောင်းလှဲရင်းက တီးတိုးစကားဆိုလေသည်။
"အစ်ကိုကြီး ဘာတွေလုပ်နေတာလဲ"
"အိပ်တော့မလို့လေ ဘာဖြစ်လို့တုန်း ဝတီလေးရဲ့"
"အဲ့ဒါတော့ သိတာပေါ့ ညိုမောင့်ကို ဘာလို့ လယ်တွေ၊ နွားတွေပေးမှာလဲ အစ်ကိုကြီးရယ် ကိုယ့်မှာလည်း သားလေးတစ်ယောက်ရှိတာကို သူ့အတွက်ကြည့်ရဦးမယ်လေ သူစိမ်းကို အဲ့လောက်ကြည့်စရာလိုလို့လားတော် တော်ရုံသင့်ရုံဆို တော်ရောပေါ့"
"ညိုမောင်က သူစိမ်းမှမဟုတ်တာ ဝတီလေးရယ် သူက အစ်ကိုကြီးတို့ကို နှစ်ပေါင်းများစွာအကျိုးပြုခဲ့တာလေ အဲ့ဒါတွေကိုတော့ ပြန်ကြည့်ရမှာပေါ့"
"အမလေး အစ်ကိုကြီးရယ် ညိုမောင်လုပ်တယ်ဆိုတာ ကိုယ်တွေက ဆန်ပေးလို့ ဆီရတာမျိုးပါတော် အလကားလုပ်ပေးတာမှမဟုတ်ပဲ အထူးအဆန်းတွေလုပ်နေပြန်ပါပြီ"
"အဲ့လိုတွေးလို့မရဘူးလေကွာ သူကြိုးကြိုးစားစားလုပ်ပေးလို့ အစ်ကိုကြီးတို့ စီးပွားရေးတက်တာ ဒါငြင်းလို့မရဘူးလေ"
"မသိဘူး ကျုပ်ကတော့ သူ့ကို အဲ့လိုလုပ်ပေးတာ သဘောကိုမကျဘူး"
"မိန်းကလေးပဲ နှမြောတာကို အစ်ကိုကြီးနားလည်ပါတယ် ဒျါပမဲ့လည်း ဖြစ်သင့်ဖြစ်ထိုက်တာကိုတော့ အစ်ကိုကြီးလုပ် ပေးရမှာပဲ"
"တော်စမ်းပါ ပြောတော့ဖြင့် ချစ်တယ် ချစ်တယ်နဲ့ အခုတော့ ကျုပ်ပြောစကား တစ်ခွန်းမှမအောင်ဘူး ကျုပ်ကတော့ သူ့ကိုချစ်လွန်းလို့ အမေ့ကိုတောင်စွန့်ပစ်ထားတာ"
"အစ်ကိုကြီးနားလည်ပါတယ်ကွာ ကဲ ကဲ အချိန်လည်းမရှိတော့ဘူး အိပ်တော့ အိပ်တော့"
ဦးအုန်းသည်ထိုမျှသာပြောပြီး နောက်ထပ်စကားမပြောတော့ပေ မဝတီသည်ကား ဦးအုန်း၏ပခုံးကိုပုတ်လာပြီး
"အစ်ကိုကြီး အစ်ကိုကြီး"
သုံးလေးခွန်းမျှခေါ်ပါသော်လည်း ဦးအုန်းထံမှ ပြန်ထူးခြင်းမရှိလေရာ မဝတီ၏အလိုမကျသောမျက်နှာသည် ရေနံဆီမီးခွက်ကလေး၏အလင်းရောင်အောက်တွင် အတိုင်းသားပေါ်လို့နေသည်။ထို့နောက် သူမသည် အိပ်နေသည့် ဦးအုန်းအား မျက်စောင်းထိုးကြည့်ကာ အိမ်အောက်သို့ဆင်းလို့သွားသည်။ ပြီးနောက် မှောင်မဲနေသည့် အိမ်အောက်တန်းလျားတွင်ထိုင်ကာ တယောက်တည်းစိတ်တိုနေသည်။ထိုအချိန် အိမ်ဝိုင်းထဲသို့ လူရိပ်တစ်ရိပ်ဝင်လာသည်ကိုမြင်တွေ့လိုက်ရသည့် မဝတီတစ်ယောက် လန့်ဖျပ်လို့သွားသည်။လွန်ခဲ့သောအချိန်များကဆိုလျှင် ဦးအုန်း၏အိမ်အား လူစိမ်းမဆိုထားနှင့် တော်ရုံလူရင်းပင်လျှင် ဝင်မရပေ။သို့ပေမဲ့ သူ၏အိမ်မှ အစောင့်များ ဘိုးထင်အိမ်သို့ ပြောင်းရွှေ့ထားသည်မှာကြာပြီမို့ ယခုကဲ့သို့ လူစိမ်းဝင်လာရဲခြင်းဖြစ်နိုင်သည်။အမှောင်ရိပ်ကိုအားပြု၍ ဝင်လာသော လူရိပ်သည် အိမ်အောက်တန်းလျားတွင် ထိုင်နေသည့် မဝတီနှင့် မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လာကာ လေသံတိုးတိုးဖြင့် စကားဆိုလေသည်။
"နင် ဘာတွေစိတ်ညစ်နေတာလဲ"
"နင်ဘယ်သူလဲ အတင့်ရဲလှချည်လား"
"ငါ နင့်ကို သတင်းကောင်းလာပေးတာ"
"ရှင် ရှင် ဆရာစိုးတင့်မလား"
"ဟုတ်တယ် ငါ စိုးတင့်ပဲ ဘိုးထင်ကိုဒုက္ခပေးနိုင်တဲ့ ဆရာတစ်ယောက်ကို ငါတွေ့ထားတယ် သူ့နာမည်က ဦးအဂ္ဂတဲ့ ငါသူ့ဆီသွားမှာ"
"သူက တကယ်ပဲဘိုးထင်ကိုဒုက္ခပေးနိုင်မှာမို့လား"
"ပေးနိုင်တယ် သူ့အသက်က ဘယ်လောက်ရှိမှန်းတောင် ခန့်မှန်းလို့မရနိုင်ဘူးတဲ့ သူက လျှို့ဝှက်ပြီးနေတာ အစွမ်းက တော့ အထက်လမ်းဆရာကြီးတွေကိုတောင် အသာလေးယှဉ်နိုင်တယ်တဲ့လေ"
"ဆရာစိုးတင့်သေချာရင် လုပ်လိုက်တော့ ကျမ ဘာကူညီပေးရမလဲ"
"အခုလောလောဆယ်တော့ ဘာမှမလိုသေးဘူး ငါဆရာကြီးဆီသွားဦးမယ် ပြန်လာရင်သာ နင့်ဖက်ကကူညီပေးဖို့ အသင့်ပြင်ထား အဲ့ဒါလာပြောတာ ငါသွားတော့မယ်"
"စိတ်ချပါ ဆရာစိုးတင့်ပြန်လာမယ့်အချိန်ကို ကျုပ်စောင့် နေမယ်"
စိုးတင့်သည် ထိုမျှပြောပြီး တန်းလျားမှထကာ အိမ်ဝိုင်းအပြင်သို့ထွက်သွားလေသည်။မဝတီသည်လည်း အိမ်ပေါ်သို့ပြန်တက်ပြီး ဦးအုန်း၏အခြေအနေကိုကြည့်လိုက်ရာ ဦးအုန်းတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်ကိုမြင် သည်နှင့် များစွာကျေနပ်သွားပြီးနောက် သူမသည်လည်း မီးခွက်ကိုမှုတ်ပြီး ဦးအုန်း၏နံဘေး၌ ဝင်အိပ်လိုက်ပါလေတော့သည်။
◾အခန်း (၂)
"ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာ မိန်းမကြိုက်တော့ မျှော်လိုက်တာ ဆိုတဲ့စကားကို ပြောင်းရမလိုတောင်ဖြစ်နေပြီစာပြန်ပြီးကတည်းက ငါချည်းပဲလာနေရတာ ဒါတော့ မဟုတ်သေးဘူးထင်တယ်နော် ညိုမောင်"
"ကျုပ် အားနာလိုက်တာ မသောင်းဦးရာ"
"ဘာမသောင်းဦးလဲ အမေနဲ့အဘကလည်း ပေးစရာနာမည်ရှားလို့ မသောင်းဦးတဲ့ နင်နဲ့ ငါ ရည်းစားတောင်ဖြစ်နေပြီ၊ မသောင်းဦးလို့မခေါ်စမ်းနဲ့ တခြား အဆင်ပြေတာလေး ခေါ်စမ်းပါ"
"အဆင်ပြေတာဟုတ်လား ဘယ်လိုခေါ်ရမယ်မှန်းမသိဘူး" | 121 |
| 17 | 没有文字... | 99 |
| 18 | စာရွက်ကိုယူကြည့်လိုက်ကာ
"ကိုကြီးညိုမောင် ခင်ဗျား ဘာလို့သက်ပြင်းချနေသေးတာလဲ ဒါ ကောင်းတဲ့စာလေဗျာ ခင်ဗျားကို သဘောကျကြောင်း ပြန်ပြောတာ ခင်ဗျား မိန်းမရတော့မယ်လေ ဘာလဲ ခင်ဗျား မလိုချင်ဘူးလား"
"လိုတော့လိုချင်တာပေါ့ကွာ ဒါပေမဲ့ သူ့ကို ငါက ဘာနဲ့ တင်တောင်းရမှာလဲ"
"ခင်ဗျားကလည်းဗျာ ကျုပ်နဲ့ ကျုပ်အဘ ရှိတာပဲကော လာ ဒီညနေ ခင်ဗျား ဘာအလုပ်ရှိသေးလဲ နွားကျောင်းဖို့ပဲရှိတာမလား"
"အေး ဟုတ်တယ်"
"အဲ့ဒါဆို ခင်ဗျားနဲ့ ကျုပ် အဘအိမ်ကိုသွားမယ်"
"ဘာသွားလုပ်မှာလဲ"
"ဘာသွားလုပ်ရမှာလဲဗျာ ခင်ဗျားမိန်းမတောင်းရမယ့်ကိစ္စ သွားပြောရမှာပေါ့"
"ဟေ့ကောင် ဖြစ်ပါ့မလား"
"ဘာလို့မဖြစ်ရမှာလဲ အပျိုကြီးက ခင်ဗျားသိတဲ့အတိုင်း ပြတ်တယ် သူပြောတဲ့အတိုင်းသာလုပ် တခြားဘာမှစဉ်းစားမနေနဲ့"
"ငါတော့ ဘာမှမပြောတတ်တော့ဘူးကွာ"
"လုပ် လုပ် ကျုပ်တို့ ရွာထဲသွားမယ်"
ဘိုးထင်နှင့် ကိုညိုမောင်တို့နှစ်ယောက်လုံးသည် အပျိုကြီး ဘာကြောင့်ယခုကဲ့သို့စာပြန်သည်ကို နားလည်သည်။ အပျိုကြီးမှာ စိတ်မြန်လက်မြန်ရှိသူဖြစ်ပြီး အိမ်ထောင်ပြုရန် သင့်သောအရွယ်ထက် ကျော်လွန်နေပြီဖြစ်သဖြင့် ယခုကဲ့သို့ တစ်ပတ်ကျော်အချိန်မှာပင် သေချာစဉ်းစားပြီး စာပြန်ခဲ့ခြင်းဖြစ်ပုံရသည်။ကိုညိုမောင်၏စိတ်ခံစားချက်ကိုလည်း ဘိုးထင်နားလည်သလို ကိုညိုမောင်စိုးရိမ်နေသောအရာအား အဘဖြစ်သူမှဖြည့်ဆည်းပေးမည်ကို ဘိုးထင်ကောင်းစွာသိထား၍ ယခုလိုအချိန်မဆိုင်းဘဲ ရွာသို့ပြန်ရန်ပြင်နေခြင်းဖြစ်သည်။
ဤသို့ဖြင့် ဘိုးထင်နှင့် ကိုညိုမောင်တို့သည် ပေပင်ရွာရှိ ဦးအုန်း၏နေအိမ်ဆီသို့ ခပ်မြန်မြန်ပင်သွားလိုက်ကြပါလေတော့သည်။
◾အခန်း (၉)
"အဲ့ဒါပဲ အဘရေ ကိုကြီးညိုမောင်နဲ့ ရွာလယ်ပိုင်းက အပျိုကြီးနဲ့ကြိုက်နေပြီ အဲ့ဒါ သူက လိုက်တောင်းပေးဖို့ပြောလို့ အဘဆီလာပြောရတာ"
"ညိုမောင် မင်းက စွံလှချည်လားကွာ ရွာထဲ မလာမလာနဲ့ မင်းက တကယ်တော့ကြိတ်ပုန်းခုတ်နေတာပါလား ကောင်းတယ်ကွာ မသောင်းဦးနဲ့ဆို ငါ သဘောတူတယ် ကဲ ငါ့ကောင် မိန်းမတောင်းဖို့အတွက် ဘာမှပူမနေနဲ့ မင်းကို လယ်လေးဧကနဲ့ နွားတစ်ရှဉ်းလက်ဖွဲ့မယ်ကွာ မင်း အဲ့ဒါနဲ့ မိန်းမတောင်းပေါ့"
ဦးအုန်း၏စကားကြောင့် တန်းလျားတွင် ထိုင်နေသော ကိုညိုမောင်သည် မည်သည့်စကားပြန်ပြောရမည်မှန်းမသိဖြစ်ကာ မျက်ရည်များရစ်ဝဲလို့နေသည်။ကိုညိုမောင်နှင့် ဘိုးထင်တို့နှစ်ယောက်သည် ဦးအုန်းနှင့်မျက်နှာချင်းဆိုင်တန်းလျားတွင် ထိုင်နေခြင်းဖြစ်၏။ဦးအုန်းသည်ကား ကိုညိုမောင် အံ့ဩနေသည့်ဟန်ဖြင့် မည်သည့်စကားပြောရမည်မှန်းမသိဖြစ်နေသည်ကိုကြည့်ပြီး ဆက်၍စကားဆိုလေသည်။
"ညိုမောင် မင်း ငါ့ဆီမှာ သစ္စာရှိရှိနဲ့ အချိန်အကြာကြီး အလုပ်လုပ်ခဲ့တဲ့သူလေကွာ မင်းကြောင့် ငါ စီးပွားပိုတက်တယ် မင်းကြောင့်ပဲ မကောင်းတဲ့အလုပ်တွေသိပ်မလုပ်ဖြစ်တာလို့တောင်ပြောလို့ရယ် အဲ့တော့ မင်းအနေနဲ့ ဒီထက်မက ထိုက်တန်ပါတယ်ကွာ ငါက မင်းအိမ်ထောင်ပြုရင်ပေးဖို့ကို စဉ်းစားထားပြီးသား အဲ့ဒါကို ဘိုးထင်ငယ်ငယ်ကတည်းက ပြောပြဖြစ်တယ် ဒါကြောင့် ဒီကောင် မင်းကို ငါ့ဆီ တန်းခေါ်လာတာနေမယ်"
"မသိပါဘူး ဦးအုန်းရာ သူက ဒီကို အတင်းလာမယ်ဆိုလို့ ကျုပ် လိုက်လာတာ"
"ကဲ ကဲ၊ မင်းတို့ ဘယ်တော့မိန်းမတောင်းမှာလဲဆိုတာ တိုင်ပင်လိုက်ကြ ကြားလား မင်းကို မိဘနေရာကနေလိုက်ပြီး မိန်းမတောင်းပေးမယ် ကြားလား"
"ဟုတ်ကဲ့ ကျုပ်လည်း မိန်းမတောင်းဖို့သာပြောနေရတာ မသောင်းဦးနဲ့က အပြင်မှာတောင်မတွေ့ရသေးပါဘူး သူက စာရေးပြီးတော့တောင်းဆိုလို့သာဗျ"
"သောင်းဦးကလုပ်ရင် ပြတ်တယ် မိန်းမကောင်းလေးနော် မင်း ကံကောင်းတာပဲ"
"ကျုပ်ကိုပြန်ကြိုက်တာ ကျုပ်ဖြင့် မယုံကြည်နိုင်အောင်ပါပဲ ဦးအုန်းရာ"
"မင်းလို အလုပ်ပဲကျုံးလုပ်နေတဲ့ကောင်ကိုကြိုက်တာပေါ့ကွ ဟိုကောင်လို ထန်းရည်လေးတးမြမြကောင်တွေကိုသာ မကြိုက်တာ"
ဦးအုန်းမှ ဘိုးထင်အား ပြုံးစစဖြင့်စနောက်လာရာ ဘိုးထင် သည် မကျေမနပ်ဟန်ဖြင့်
"အဘကတော့နော် မိန်းမရပြီးကတည်းက သူတစ်ပါးကို အတော်အထင်သေးလာတာပဲ"
"မင်းတို့ကောင်တွေကလည်း အထင်ကြီးစရာမရှိဘူးလေ"
"အေးပါဗျာ အေးပါ နောက်ကျရင်တော့ ဘိုးထင်တော်လှချည်လားလို့လုပ်မနေနဲ့ဦး"
"မလုပ်ပါဘူးကွာ မလုပ်ပါဘူး စိတ်သာချ"
ဘိုးထင်၊ကိုညိုမောင်နှင့် ဦးအုန်းတို့ အိမ်အောက်၌ မင်္ဂလာကိစ္စပြောနေချိန်တွင် အိမ်ပေါ်မှ မဝတီသည် ၎င်းတို့ပြောသော စကားများကိုနားထောင်ပြီး လွန်စွာဒေါသထွက်လို့နေသည်။ ထို့နောက် သူမသည် အံကိုတင်းတင်းကြိတ်ကာ လက်သီးကို ဆုပ်ရင်း တိုးညင်းသောလေသံဖြင့်
"တောက် ညိုမောင် ညိုမောင် နင် ငါ့အကြောင်းသိရသေး တာပေါ့"
ထိုသို့ပြောရင်း မဲ့ပြုံးတစ်ချက်ပြုံးကာ ဘိုးထင်တို့ပြောနေသော စကားများကိုဆက်နားထောင်နေပါလေတော့သည်။
◾အောက်လမ်းဘိုးထင် နှင့် မြှားနတ်မောင်" အပိုင်း ပြီးပါပြီ။မကြာမီ "အောက်လမ်းဘိုးထင် နှင့် လျှာနှစ်ခွ" အမည်ရသောဇာတ်လမ်းလေးကို ဆက်လက်တင်ဆက်ပေးပါမည်။ | 99 |
| 19 | "နင့်ဟာကလည်း ရှုပ်နေတာပဲ အစောကပြောတော့ ဘိုးထင်ပေးတာဆို"
"ဟုတ်တယ် ဘိုးထင်ပေးတာ ဒါပေမဲ့ ဘိုးထင်ရေးတာ မဟုတ်ဘူးဗျ"
"သေနာကောင် လန်ဘား နင် ငါ့စိတ်ကိုစမ်းနေတာလား ရှင်းရှင်းပြောစမ်း"
"သေချာရှင်းပြမယ် ဒီလိုဗျာ ဘိုးထင် ကျုပ်ကိုစာပေးလိုက်တာဟုတ်တယ် ဒါပေမဲ့ ကိုညိုမောင်ကရေးပေးလိုက်တာ အဲ့ဒါကြောင့် လေးလေးကိုရည်းစားစာပေးတာက ကိုညိုမောင်"
"ကိုညိုမောင် ဟုတ်လား"
"ဟုတ်တယ် အမေကြီးကိုလည်း သွားပြောမနေနဲ့ဦးနော် တော်ကြာ ကျုပ်ကို ပြဿနာရှာနေဦးမယ်"
"အေး အေး နင်ကတော့ ကိုယ့်လေးလေးကိုတော်တော်လင်ရစေချင်နေတယ်ထင်တယ်"
လန်ဘားသည် အပျိုကြီး၏စကားဆုံးအောင်ပင် မစောင့် တော့ဘဲ မီးဖိုချောင်မှ ပြန်ထွက်သွားလေသည်။သူသည် ဘိုးထင်ကိုပေးထားသည့် ကတိကြောင့်သာ ကူညီခြင်းဖြစ်ပြီး မျက်နှာပူနေမိသည်။ဘိုးထင်မှာ နာနာဘာဝကောင်များကို ပြပြီးကတိတောင်းကာ အကူအညီတောင်းထားသဖြင့် မျက်နှာပူပူဖြင့်ပင် ကိုယ့်အဒေါ်ဖြစ်သူအား ကိုညိုမောင်၏ရည်းစားစာကိုပေးလိုက်ရခြင်းဖြစ်သည်။သူ မီးဖိုချောင်အောက်ရောက်သွားသည့်အခါ အပျိုကြီးမသောင်းဦးသည် ထမင်းစားခြင်းကိုခေတ္တရပ်လိုက်ပြီး ကိုညိုမောင်ပေးသော ရည်းစားစာလေးအား တရိုတသေဖြန့်လိုက်သည်။စာရွက်ပေါ်တွင် ခဲတံဖြင့် ရေးသားထားသော ရည်းစားစာမှာ ရိုးရှင်းလှပေသည်။
သို့
မသောင်းဦးခင်ဗျာ ကျုပ် ညိုမောင်ပါ ကျုပ်က တောသားဆိုတော့ ခင်ဗျားသိတဲ့အတိုင်း ကဗျာတွေ၊စာတွေမဖွဲ့တတ်ဘူးဗျ ပြီးတော့ သူရင်းငှားတစ်ယောက်ဖြစ်နေတော့ ပိုဆိုးတာပေါ့။ကျုပ် ခင်ဗျားကိုချစ်တယ်ဗျာ အဲ့ဒါ ခင်ဗျားသိအောင် ပြောတာ ကျုပ်ကို ပြန်မချစ်နိုင်ဘူးဆိုရင်လည်း ကျုပ်အပြစ်မပြောပါဘူး ကျုပ်က သူရင်းငှားတစ်ယောက်လေ ခင်ဗျား ပြန်မကြိုက်နိုင်ဘူးဆိုလည်း အကျိုးအကြောင်းဆီလျော်ပါတယ် ဟိုကတည်းက ခင်ဗျားကိုချစ်တဲ့အကြောင်းတွေ အခုလိုမျိုး ရေးပြပြောပြချင်တာ ပိုင်းလုံးလို့အထင်ခံရမှာကြောက်လို့ အခုတော့ ကျုပ်ပြောချင်တာတွေကိုမအောင့်နိုင်တော့လို့ ပြောလိုက်ပြီ မသောင်းဦးဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် ကျေနပ်တဲ့ ကျုပ်
ညိုမောင်
ရိုးစင်းလွန်းသော ကိုညိုမောင်စရည်းစားစာကိုဖတ်ပြီး အပျိုကြီးမသောင်းဦးတယောက် ပြုံးစစဖြင့် တစ်ယောက် တည်း ရေရွတ်နေမိသည်။
"ရည်းစားစကားကြီးကလည်း တုံးတိကြီး ထင်တော့အထင်သား သူ ငါ့ကို ချစ်နေတာပါလို့ ဟိ တော်သေးတယ် စောင့်လိုက်ရတာ အခုမှပဲ ပြောလာတော့တယ်"
ဤသို့ဖြင့် အပျိုကြီးမသောင်းဦးသည် ကျေနပ်စွာဖြင့် ကိုညိုမောင်ပေးသော ရည်းစားစာလေးအား အခေါက်ပေါင်း မည်မျှမှန်းမသိ အထပ်ထပ်ဖတ်နေမိပါလေတော့သည်။
◾အခန်း (၈)
ထန်းတောတွင် ထန်းရည်တုံးကာနီးအချိန်နီးကပ်လာပြီမို့ ဘိုးထင်တို့သုံးယောက်သည် တခြားသော ထန်းရည်သောက်သုံးသူများနှင့်အတူ ပျော်ပျော်ပါးပါး ထန်းရည်သောက်နေကြသည်။ထိုအထဲတွင် လန်ဘားတယောက်လည်းအပါအဝင်ဖြစ် သည်။လန်ဘားသည် ဘိုးထင်အနားကိုကပ်ကာ ခါးကြားထဲသို့ စာလိပ်တစ်ခုထိုးထည့်ပေးလိုက်ပြီးနောက် အဓိပ္ပာယ်ပါပါ ဖြင့်ကြည့်ကာ
"ဘိုးထင် အခြေအနေတော့ကောင်းပြီ ငါတို့ဘက်ကအေးဆေးပဲ"
"ခင်ဗျားကောင်းတယ်ဆိုရင်တော့ ကျုပ်တို့ဘက်ကလည်း အသင့်ပဲ"
"ကောင်းမှကောင်းပဲ အားလုံးကတည်တည်ငြိမ်ငြိမ်ပဲ ရာသီဥတုကတော့ မင်းတို့ဘက် အပြည့်ပဲ"
ဘိုးထင်တစ်ယောက် လန်ဘားပြောသောစကားများကို ကောင်းစွာနားလည်လေရာ ကိုညိုမောင်အတွက် လွန်စွာမှ ဝမ်းမြောက်လို့နေသည်။ထို့နောက် ဘိုးထင်သည် ထန်းရည်သောက်နေရင်းမှ ကျန်သောသူများကိုကြည့်လိုက်ပြီး
"ကဲ အားလုံး ကျုပ် သွားစရာရှိလို့ဗျာ ပေတူးနဲ့ သာအေး မင်းတို့လည်း နေခဲ့ကြအုံးကွာ ငါ ကိုကြီးညိုမောင်ဆီသွားလိုက်ဦးမယ်"
"အခြေအနေကောင်းတယ်မလား"
ဘိုးထင်မှ ခေါင်းညိတ်ပြလာရာ ပေတူးနှင့် သာအေးသည်လည်းအခြေအနေနားလည်သွားပြီး ပြန်လည်ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် ဘိုးထင်သည် ကိုညိုမောင်တဲဆီသို့ ခပ်မြန်မြန်ပင်သွားလိုက်သည်။တဲသို့ရောက်သည့်အခါ ကိုညိုမောင်တယောက် ထမင်းချက်နေသည်ကိုတွေ့လိုက်ရသည်။ သူသည် ဘိုးထင်ကိုမြင်သည့်အခါ ပြုံး၍နှုတ်ဆက်လေသည်။
"ဘိုးထင် တစ်ယောက်တည်းလားကွ"
"ဟုတ်တယ်ဗျ တစ်ယောက်တည်းပဲ အရေးကြီးလို့ ထန်းတောကနေကိုကြီး ညိုမောင်ဆီရောက်ချလာတာ"
"မင်းအဘက ဘာမှာလိုက်လို့လဲ"
"မှာလိုက်တာက အဘမဟုတ်ဘူး ခင်ဗျားကို အပျိုကြီးက စာပြန်တယ် ရော့ ဒီမှာ ကျုပ် မဖတ်ရသေးဘူးနော်"
"ဟာ စာပြန်တယ်ဟုတ်လား ငါ တကယ်ကိုမထင်ထားဘူး"
"ကျုပ် ခင်ဗျားကိုပြောပြီးသားပဲဥစ္စာ အပျိုကြီးက ခင်ဗျားကိုကြိုက်နေတာပါဆိုဗျာ"
ကိုညိုမောင်တစ်ယောက် ထင်းမီးဖိုလေးတွင် မီးပြောင်းဖြင့် မီးကိုမှုတ်ရင်းက ဘိုးထင်အား စကားပြောနေခြင်းဖြစ်သည်။ ထို့နောက် သူသည် ဘိုးထင်ကမ်းပေးသော စာခေါက်ကလေးကိုယူပြီး ဖြန့်ကြည့်လိုက်သည်။စာရွက်ထဲတွင်တော့ သူ့အား မေတ္တာရှိကြောင်းကိုရေးသားထားပြီး သူ့အားတန်ဖိုးထားပါက လာရောက်တောင်းရမ်းရန်အတွက်ပါရေးထားလေရာ ကိုညိုမောင်တစ်ယောက်သက်ပြင်းကိုသာတွင်တွင်ချနေတော့ သည်။ထို့ကြောင့် ဘိုးထင်သည် စိတ်မရှည်တော့ဘဲ | 97 |
| 20 | "ကိုကြီးညိုမောင် အသက်အရွယ်အနေအထားကြီးနဲ့ မိန်းမ မရသေးတာကမဟုတ်သေးဘူးနော် ကိုကြီးမြကြီးတို့ ဦးချက်ကြီးတို့တောင် မိန်းမတွေရကုန်ပြီလေ ခင်ဗျားအနေနဲ့ မိန်းမယူသင့်ပြီ"
ဘိုးထင်တို့အားလုံးဝိုင်းဝန်းပြောသောအခါ ကိုညိုမောင်တစ်ယောက် သက်ပြင်းကိုချလိုက်ပြီး
"မင်းတို့ပြောသလို မိန်းမယူတယ်ဆိုတာ တခြားသူတွေ အတွက်လွယ်တယ် ငါလို သူရင်းငှားတစ်ယောက်ကိုဘယ်မိန်းကလေးကကြိုက်မှာလဲ ကြိုက်တဲ့သူရှိတယ်ပဲထားဦးတော့ သူ့ကို ပြည့်ပြည့်စုံစုံမထားနိုင်ဘူးလေ ငါကိုယ်တိုင်တောင် သူများတဲမှာနေပြီး သူရင်းငှားလုပ်နေရတာ သူ့ကိုလည်း ငါ့လို အိုးမရှိအိမ်မရှိ ဘဝထဲဆွဲမခေါ်ချင်ဘူး"
ကိုညိုမောင်မှ ထိုသို့ပြောလာသည့်အခါ ဘိုးထင်တို့အားလုံး မည်သို့တုံ့ပြန်ရမည်ကို ချက်ခြင်းမစဉ်းစားတတ်အောင်ဖြစ်သွားရသည်။ထို့နောက် ဘိုးထင်သည် ဦးခေါင်းကို ခါရမ်းလိုက်ပြီး
"ကိုကြီးညိုမောင်ကလည်းဗျာ အဲ့လိုကြီးတော့ မပြောစမ်းပါနဲ့ ကိုကြီးညိုမောင်ကိုကြိုက်နေတဲ့သူရှိတာ အသိသားနဲ့"
"ဘယ်သူတုန်း"
"အပျိုကြီး မသောင်းဦးလေဗျာ"
"ဟာ မလုပ်ပါနဲ့ကွာ ငါ့ကို ပိုင်းလုံးလို့အခေါ်ခံနေရပါဦးမယ်"
"ဟာဗျာ မဆိုင်ပါဘူး အဲ့လိုတွေမတွေးစမ်းပါနဲ့ ခင်ဗျားက သဘောမကျလို့လား"
"မင်းတို့ကလည်း မသောင်းဦးဆိုတာ ဥစ္စာပေါရုပ်ချောလေကွာ ငါ့လိုအနေအထားနဲ့မှန်းလို့မရပါဘူးကွာ သူက ငါ့လိုကောင်ကိုကြိုက်မှာတဲ့လား"
"အဲ့ဒါတော့ ကိုကြီးညိုမောင် ကိုယ့်ဘာသာ အထင်သေးလိုက်တာပဲ အမှန်တိုင်းပြောရရင် အပျိုကြီးက ခင်ဗျားကို ကြိုက်နေတာဗျာ ကျုပ်တကယ်ပြောတာ"
"မဖြစ်နိုင်တာကွာ မင်းကလည်း လူတွေလျှောက်ပြောတိုင်း ယုံနေတာလား ငါ့ကို သနားလို့ သူက နည်းနည်းအလေးပေးတာပါကွာ သူ့စေတနာကို ငါမစော်ကားချင်ဘူး"
"မဆိုင်ဘူး ကိုကြီးညိုမောင်ရာ ခင်ဗျားလို ရိုးသားပြီး ကြိုးစားတဲ့သူကို ကြိုက်တဲ့သူတွေများပါတယ်ဗျ ကျုပ်တို့လို ထန်းရည်လေး တမြမြ အရက်ကလေးတမြမြ ကာလသားတွေထက် ခင်ဗျားတို့လိုအလုပ်ကြိုးစားပြီး ရိုးသားတဲ့သူတွေကို မိန်းကလေးရှင်တွေက ပိုသဘောကျတယ်ဗျ"
"သူတို့က ငါ့ကို ကြိုက်တယ်ထားဦးကွာ ငါ့ကို ပိုင်းလုံးလို့ ပြောခံထိမှာမလိုလားဘူး ပြီးတော့ ငါက ဒီတဲမှာပဲနေချင်တာ ဦးအုန်းက ငါ့ကျေးဇူးရှင်လေကွာ"
"ကိုကြီးညိုမောင် ဘာလဲဗျ ခင်ဗျားက ကျုပ်အဘမိန်းမ အခုလိုလုပ်တာကိုသာယာနေတာလား"
ဘိုးထင်မှ အမှတ်မထင် ထိုသို့ပြောလိုက်သောစကားကြောင့် ကိုညိုမောင်သည်သာမက ကျန်သောသူများပင် အံ့ဩသွားကြရသည်။ကိုညိုမောင်သည်ကား မကျေမနပ်ဟန်ဖြင့် ဘိုးထင်အားခွန်းတုံ့ပြန်လိုက်လေသည်။
"ဘိုးထင် မင်းက ငါ့ကိုအထင်သေးတာလား မင်းစကားကိုဘယ်လိုပြောလိုက်တာလဲ"
"ကျုပ်က သဘောပြောတာပါ ခင်ဗျား အဲ့လိုမဟုတ်ဘူးဆို ရင် ကျုပ်တို့ပြောတာကိုလက်ခံလေ ခင်ဗျား အပျိုကြီးကို ကြိုက်တယ်မလား အမှန်အတိုင်းပြောစမ်းပါဗျာ ယောက်ျား တွေချည်းပဲကို"
"ကြိုက်တယ်ကွာ ကြိုက်တယ်"
"ကြိုက်တယ်ဆို ပြီးတာပဲလေ ခင်ဗျားမှာ ခဲတံနဲ့ စာရွက်ရှိတယ်မလား"
"အေး ရှိတယ်"
"ရှိရင် အပျိုကြီးအတွက် ရည်းစားစာရေးလိုက် ကျုပ် သွားပေး ပေးမယ်"
"ဘိုးထင် မင်း တကယ်ပြောနေတာလား"
"ကိုကြီးညိုမောင် ခင်ဗျား ကျုပ်အဘမိန်းမ စက်ကွင်းက လွတ်ချင်တယ်မလား ကျုပ်ပြောသလိုသာလုပ်စမ်းပါ"
ဘိုးထင်မှ စိတ်မရှည်လက်မရှည်ဖြင့်ထိုသို့ပြောလိုက်သည့်အခါ ကိုညိုမောင်သည် ခေတ္တမျှစဉ်းစားလိုက်ပြီး
"အေးကွာ လုပ်ကွာ"
ဤသို့ဖြင့် ကိုညိုမောင်သည် ဘိုးထင်တို့၏အကြံပြုချက်ကိုလက်ခံပြီး ရွာမှ အပျိုကြီးမသောင်းဦးအား ရည်းစားစာပေးမည့်ကိစ္စကိုလက်ခံလိုက်ကာ အပျိုကြီးကိုရအောင်ယူမည်ဟု စိတ်ပိုင်းဖြတ်လိုက်ပါလေတော့သည်။
◾အခန်း (၇)
အပျိုကြီးမသောင်းဦးသည် နာမည်မှာယောက်ျားဆန်သော်လည်း အနေအထိုင်သည်ကား မိန်းမဆန်ဆန်သိမ်မွေ့ပြီး အတော်ကိုပစိပစပ်များသော အမျိုးသမီးကြီးတဦးဖြစ် သည်။အသက်အရွယ်အားဖြင့် လေးဆယ်နီးပါးရှိပြီဖြစ်သော်လည်း ငွေကြေးဥစ္စာပြည့်စုံသူဖြစ်သောကြောင့် တချို့သော ကာလသားမိဘများအနေဖြင့် ၎င်းတို့၏သားတော်မောင်များနှင့် ပေးစားလိုကြသည်။သို့ပေမဲ့ မသောင်းဦးတယောက် မည်သည့်ကာလသားကိုမျှသဘောမကျဘဲ ဦးအုန်းထံတွင် အလုပ်လုပ်သော ကိုညိုမောင်ကိုသာ သဘောကျသူ ဖြစ်၏။ပေပင်ရွာလယ်ရှိ နှစ်ထပ်ပျဉ်ထောင်ပျဉ်ခင်းအိမ်ကြီးပေါ်တွင် အပျိုကြီးမသောင်းဦးတစ်ယောက် အိမ်မီးဖိုချောင်ထဲတွင် တစ်ယောက်တည်း ထမင်းစားနေချိန် တူတော်မောင်ဖြစ်သူ လန်ဘားရောက်လာပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကာ စကားဆိုလေသည်။
"လေးလေး အမေတို့ အမေကြီးတို့ ဘယ်သွားကြလဲ"
"ရွာတောင်ပိုင်းက ဘကြီးသန်းမောင်တို့ဆီ ထမင်းစားဖိတ်လို့ သွားတယ် နင်ရောလိုက်မသွားဘူးလား"
"လိုက်မသွားဘူး လေးလေးကိုပေးစရာရှိလို့ ရော့ ရော့"
"ဘာကြီးတုန်း"
"စာ စာ ဘိုးထင်ပေးခိုင်းလိုက်တာ ရည်းစားစာတဲ့"
"သေနာလေး ကိုယ့်လေးလေးကို နို့နံ့မစင်တဲ့ကောင်နဲ့ အောင်သွယ်ရလားဟဲ့ ဘိုးထင်ဆိုတဲ့မသာလေး တွေ့မှသေမယ်"
"ဟာ လေးလေးကလည်း လေးလေးကိုရည်းစားစာပေးတာ ဘိုးထင်မဟုတ်ဘူးဗျ" | 91 |
现已上线!2025 年 Telegram 研究 — 年度关键洞察 
