fa
Feedback
Edulingo

Edulingo

رفتن به کانال در Telegram

Edulingo သည် နိုင်ငံတကာ ဘွဲ့ရ ဆရာ/မများဖြင့် ဖွဲ့စည်းထားသည့် English Language and Teacher Training သင်တန်း ဖြစ်သည်။

نمایش بیشتر
3 973
مشترکین
اطلاعاتی وجود ندارد24 ساعت
+177 روز
+10330 روز
آرشیو پست ها
Websites and applications for English language learners 🗣️ Speaking Speakandimprove.com Cambridge က စီစဉ်တဲ့ website ပါ။ မေးခွန်းနည်းနည်းဖြေပြီးတာနဲ့ ကိုယ့် levelကို ထုတ်ပေးတယ်။ Smalltalk2me.com AI နဲ့ လုပ်ထားတဲ့ tool တစ်ခုပါ။ သိပ်သဘောအကျကြီးတော့မဟုတ်ပေမယ့် စိတ်ဝင်စားစရာကောင်းပါတယ်။ Speechace.com Fluency အတွက် practice လုပ်လို့ရတဲ့ exercise လေးတွေရှိတယ်။ Elsa speak ဒီဟာကတော့ နာမည်ကြီးတဲ့ app တစ်ခုမို့ သိပ်မညွှန်းတော့ပါဘူး။ free လည်း လုပ်လို့ရပါတယ်။ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀 ✍️ Writing Writeandimprove.com Speak and improve လိုပဲ Cambridge ကထုတ်တာပါ။ writing အမျိုးအစားတော်တော်စုံစုံလေ့ကျင့်နိုင်ပါတယ်။ Grammarly.com စာစစ်ပေးတဲ့ ဆော့ဝဲပါ။ ကွန်ပျူတာမှာထည့်ထားရင် ကိုယ်ရေးလို့မှားနေတာကို ပြင်ဖို့ လာပြပေးပါပါတယ်။ https://owl.purdue.edu/ Academic Writing အတွက် ပိုသင့်တော်ပါတယ်။ 🌷🌷🌷🌷🌷🌷🌷🌷🌷🌷 📖 Reading Skills Graded Readers တွေရနိုင်တဲ့ ဝက်ဘ်ဆိုက်များ https://freegradedreaders.com/wordpress/ https://www.wgtn.ac.nz/lals/resources/paul-nations-resources/readers https://erfoundation.org/wordpress/free-books-for-you-and-your-students/ free ebook library (အသက် ၃-၁၁ ကလေးများအတွက်) https://www.oxfordowl.co.uk/for-home/find-a-book/library-page/ 🌸🌸🌸🌸🌸🌸🌸 🎧 Listening Skills ello.com Podcast မျိုးစုံ, level အစုံရှိ https://youglish.com ဒီကောင်က ကိုယ်ရိုက်ရှာတဲ့ စာလုံးကို ဗီဒီယိုအပိုင်းလေးတွေနဲ့ ပြပေးတယ်။ အသံထွက်ကို သဘာဝကျကျသိချင်တဲ့သူတွေအတွက် သင့်တော်တယ်။ ဘာသာစကား အဆင့်မြင့်တဲ့သူတွေအတွက်တော့ BBC radio podcast နဲ့ Ted talk တွေလည်း နားထောင်နိုင်ပါတယ်။ Ted-ed videos တွေဆို ခပ်တိုတိုနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။ 🏵️🏵️🏵️🏵️🏵️🏵️🏵️🏵️ Testing ✔️ examenglish.com Test အစုံနီးပါး ရှိ။ IELTS, Toefl, KET, PET စသဖြင့် efset.org Level test စစ်လို့ရ BBC English Score App ဒါကတော့ application ကို install လုပ်ရပါတယ်။ ကိုယ့် level အပြင်အမှတ်အသေးစိတ်လေး‌လည်းမြင်ရလို့ တော်တော်လေးကောင်းပါတယ်။ ခဏခဏ ပြန်ဖြေရင်တော့ test familiarity ‌ဖြစ်ပြီး အမှတ်တွေကောင်းလာတာမျိုးဖြစ်နိုင်ပါတယ်။ 🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻 Grammar https://dictionary.cambridge.org/grammar/british-grammar/ Cambridge Dictionary ရဲ့ Grammar page မို့ ရှင်းပြထားတာတွေ ကောင်းတယ်။ https://www.perfect-english-grammar.com/grammar-exercises.html Exercise လုပ်ဖို့ အဆင်ပြေတဲ့ websiteပါ။ 🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 Pronunciation Phonetic alphabetsတွေနဲ့ အသံထွက်လေ့လာလိုသူတေ‌ွအတွက် https://play.google.com/store/apps/details?id=com.britishcouncil.phonemicchart Four Skills British Council Learn English website https://learnenglish.britishcouncil.org/ VOA Learning English https://learningenglish.voanews.com/

photo content

Speaking Skills လေ့ကျင့်ဖို့ 💬LearnEnglish Speaking Skills: https://learnenglish.pub/SpeakingSkills a fantastic video series from Beginner (A1) to Upper Intermediate (B2) 💬LearnEnglish Teens Speaking Practice: https://learnenglish.pub/LETSpeaking - practise and improve speaking skills with interactive video lessons 💬YouGlish: https://youglish.com/ - use YouTube to improve your English pronunciation

photo content

လတိုင်း သင်တန်းများရှိပါသည်။ ထီပေါက်မှသာ နားမည်။
လတိုင်း သင်တန်းများရှိပါသည်။ ထီပေါက်မှသာ နားမည်။

အလွန်နှေးကွေးတဲ့အရာတစ်ခုခုကို‌ဖော်ပြတဲ့အခါမျိုးမှာ မြန်မာတွေက လိပ်ကျနေတာပဲ လိပ်နှုန်းနဲ့သွားနေတယ်လို့ တင်စားပြောတတ်ကြပါတယ်။ အင်္ဂလိပ်တွေမှာလည်းဒီ‌လိုတင်စားပြောတာရှိပါတယ်။ အဲ့ဒီ အီဒီယမ်ကတော့ 𝗮𝘁 𝗮 𝘀𝗻𝗮𝗶𝗹'𝘀 𝗽𝗮𝗰𝗲 🐌 :very slowly ခရုနှုန်းဖြင့် လို့အဓိပ္ပါယ်ရပါတယ်။ ကြိယာဝိသေသနလိုမျိုးသုံးလေ့ရှိပါတယ်။ - The bus is moving at a snail's pace. နောက်ထပ်အသုံးတစ်ခုကတော့ sluggish ဆိုတဲ့ adjective ပါ။ slug ဆိုတာက ပက်ကျိပါ။ - ish ဆိုတဲ့နောက်ဆက်က တူသော၊ ဆန်သော ကဲ့သို့ ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။ 𝘀𝗹𝘂𝗴𝗴𝗶𝘀𝗵 : slow-moving; inactive နှေးကွေးလေးလံပြီး ထိုင်းမှိုင်းနေတာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်နေတာမျိုးကိုသုံးတတ်ပါတယ်။ ‌ - sluggish traffic - He felt sleepy and sluggish after the heavy meal. ကဲ မိတ်ဆွေတို့ အိမ်က ဝိုင်ဖိုင်ကရော လိပ်လား ၊ပက်ကျိလား၊ ခရုလား။ 😬😬😬

photo content

Can you ----- me a favor?
Anonymous voting

Who do you think will win the World Cup?
Anonymous voting

ကားပါကင် ကို အင်္ဂလိပ်လို car park or parking lot လို့ခေါ်ပါတယ်။ မြန်မာ‌ေတွ‌ေပြာသလို car parking လို့သုံးတာမျိုး မသုံးကြပါ။ car park ကနေရာဖြစ်ပြီး Parking က ပါကင်ထိုးတာကိုပြောတာဖြစ်ပါတယ်။

Platform ဆိုတာ ပလက်ဖောင်းမဟုတ်ပါ။ နားရှုပ်သွားမလားတော့ မသိပါ။ လူသွားလမ်း လမ်းဘေး ပလက်ဖောင်းလို့ မြန်မာတွေအလွယ်တကူ သုံးကြပေမယ့် အင်္ဂလိပ်လိုကျတော့ သူ့ကို platform လို့မခေါ်ပါ။ အဲ့ဒီလမ်းဘေး လူသွားလမ်းကို ဗြိတိန် က pavement အမေရိကန် sidewalk လို့ခေါ်ပါတယ်။ မီးရထားဘူတာရုံက လူသွားစင်္ကြန်ကိုတော့ platform လို့ခေါ်ပါတယ်။ platform 1, 2 စသဖြင့်ပေါ့။ Potter head တွေဆိုရင်တော့ platform 9 3/4 ကို မှတ်မိကြမယ်ထင်ပါတယ်။

photo content

photo content
+1

Weekends တန်းတွေ ဖွင့်တော့မယ်နော်။ သက်တောင့်သက်သာ သင်တန်းကြေးမျိုးနဲ့ ကွာလတီကောင်းကောင်းကိုမှ ရချင်တဲ့ဆိုတဲ့ သင်တန်းသားများအတွက် အတန်းမျိုးစုံနဲ့ အချိန်မျိုးစုံရှိပါတယ်။ IELTS, General English နဲ့ Speaking တန်းတွေကိုတက်ရောက်ဖို့ အခုပဲ messenger မှာဆက်သွယ်လိုက်ပါ။

Who do you think will win tonight?
Anonymous voting

Weekdays မှ အဆင်ပြေသူများ အတန်းတွေဖွင့်ပါတော့မယ်။ ရုံးချိန်လွတ် ကျောင်းချိန်လွတ် အတန်းတွေပါ။ IELTS General English Speaking သီးသန့် English for Work စတဲ့ အတန်းတွေ စုံလင်စွာရှိလို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

အမျိုးတို့‌ေရ ဒီနေ့ ငလျင်လှုပ်တာသိလိုက်ကြလား ... ... ... အဲ့တာ အမျိုးတို့ စာမလုပ်လို့ မြေကြီးက လှုပ်ပြီးသတိပေးတာပါ။ အတန်းလေးတွေ အပ်လိုက်တော့နော်။

ဘောလုံးနဲ့ပတ်သက်တဲ့ ဝေါဟာရတွေ
ဘောလုံးနဲ့ပတ်သက်တဲ့ ဝေါဟာရတွေ