fa
Feedback
Edulingo

Edulingo

رفتن به کانال در Telegram

Edulingo သည် နိုင်ငံတကာ ဘွဲ့ရ ဆရာ/မများဖြင့် ဖွဲ့စည်းထားသည့် English Language and Teacher Training သင်တန်း ဖြစ်သည်။

نمایش بیشتر
4 014
مشترکین
-324 ساعت
+17 روز
+1830 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '26
+14
در 0 کانال‌ها
سپتامبر '26
+79
در 0 کانال‌ها
Get PRO
اوت '26
+168
در 0 کانال‌ها
Get PRO
ژوئیه '26
+143
در 0 کانال‌ها
Get PRO
ژوئن '26
+108
در 0 کانال‌ها
Get PRO
مه '26
+116
در 0 کانال‌ها
Get PRO
آوریل '26
+99
در 1 کانال‌ها
Get PRO
مارس '26
+36
در 0 کانال‌ها
Get PRO
فوریه '26
+31
در 0 کانال‌ها
Get PRO
ژانویه '26
+63
در 0 کانال‌ها
Get PRO
دسامبر '25
+112
در 0 کانال‌ها
Get PRO
نوامبر '25
+44
در 0 کانال‌ها
Get PRO
اکتبر '25
+41
در 0 کانال‌ها
Get PRO
سپتامبر '25
+47
در 0 کانال‌ها
Get PRO
اوت '25
+63
در 0 کانال‌ها
Get PRO
ژوئیه '25
+52
در 0 کانال‌ها
Get PRO
ژوئن '25
+58
در 0 کانال‌ها
Get PRO
مه '25
+72
در 0 کانال‌ها
Get PRO
آوریل '25
+35
در 0 کانال‌ها
Get PRO
مارس '25
+50
در 0 کانال‌ها
Get PRO
فوریه '25
+39
در 0 کانال‌ها
Get PRO
ژانویه '25
+136
در 0 کانال‌ها
Get PRO
دسامبر '24
+110
در 0 کانال‌ها
Get PRO
نوامبر '24
+125
در 0 کانال‌ها
Get PRO
اکتبر '24
+131
در 0 کانال‌ها
Get PRO
سپتامبر '24
+194
در 0 کانال‌ها
Get PRO
اوت '24
+242
در 0 کانال‌ها
Get PRO
ژوئیه '24
+109
در 0 کانال‌ها
Get PRO
ژوئن '24
+492
در 0 کانال‌ها
Get PRO
مه '24
+61
در 0 کانال‌ها
Get PRO
آوریل '24
+108
در 0 کانال‌ها
Get PRO
مارس '24
+306
در 0 کانال‌ها
Get PRO
فوریه '24
+181
در 0 کانال‌ها
Get PRO
ژانویه '24
+136
در 0 کانال‌ها
Get PRO
دسامبر '23
+1 528
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
07 اکتبر0
06 اکتبر+2
05 اکتبر+1
04 اکتبر+5
03 اکتبر0
02 اکتبر+4
01 اکتبر+2
پست‌های کانال
IELTS အတန်းတွေ စပါတော့မယ်
IELTS အတန်းတွေ စပါတော့မယ်

2
Happy Teachers' Day! Tell us about your favorite teacher.
377
3
Facebook က အကျင့်မကောင်းဘူး English language Learning အတွက် website links တွေ share ပေးတဲ့ post ကို community standards နဲ့မညီဘူးဆိုပြီး restrictions ချလိုက်တယ်။ Video မှမရိုက်ရင် စာသားနဲ့ရေးရင်လည်း reach ချထားတယ်။ ပေါတောတောတွေ၊ အရည်မရအဖတ်မရတွေကိုကျ reach တက်တယ်။ Edulingo ရဲ့ သူငယ်ချင်း‌ေတွကို တောင်းဆိုချင်တာက Facebook က အတန်းကြော်ငြာလေးတွေအပန်းမကြီးရင် ကူ share ပေးကြပါဦး။ ကျေးဇူးအများတင်ပါတယ်။
512
4
အပြင်မှာ တကယ့်တကယ်ပြောကြဆိုကြပြီဆိုတော့ ဒုက္ခပေးတတ်တာ listening ပါပဲ။ ခပ်ငယ်ငယ်ကျောင်းသားဘဝက အမေရိကန်အမျိုးသမီးကြီးတစ်ယောက်က toilet ဘယ်နားလဲ ခပ်တိုးတိုးကပ်မေးတာ ကိုယ်ကလည်း သူပြောတာမကြားဘဲ ကိုယ်ပြောချင်တာတွေလျှောက်ပြောနေလို့ သူ့ခင်ဗျာ လူမကြားအောင်တိုးတိုးမေးချင်ပါတယ်ဆိုမှ ကိုယ်ကြားအောင်ကျယ်ကျယ်အော်မေးရရှာတယ်။ ကိုယ့်မှာလည်း သူ့ကို အားနာလိုက်ရတာ။ :D ပိုဆိုးတာက တကယ့်လက်တွေဘဝမှာကျတော့ listening ဟာ headphone နဲ့ နားထောင်ပြီး ပြင်ပအသံတွေမဝင်အောင်လုပ်လို့မရတာမျိုးဆိုတော့ ပိုခက်ပါတယ်။ စာအုပ်တွေထဲကလိုလည်း အသံသွင်းထားတာမျိုးမဟုတ်လေတော့ တော်တော်ခက်ပါတယ်။ အဲ့ဒီတော့ ဒီလိုဒုက္ခနည်းရအောင် အသုံးဝင်မယ်ထင်တာလေးတွေဖောက်သည်ချလိုက်ပါတယ်။ (၁) accent မျိုးစုံ၊ variety အစုံနဲ့ နားရည်ဝအောင်လုပ်ထားပါ။ ဒါကတော့ စဉ်းစားနေစရာကိုမလိုတဲ့ ကိစ္စပါပဲ။ စာအုပ်ထဲမှာပါတဲ့ accents တွေဟာ အပြင်က accents လောက်မများပါဘူး။ စာအုပ်တွေမှာ ပါတတ်တာဆိုရင် British, American တောင် standard English ကိုပဲ အဓိကဇောင်းပေးထည့်ထားတာဆိုတော့ ပြင်ပမှာ လေသံတွေက အမျိုးမျိုးရှိနေတော့ ဒုက္ခတွေ့တတ်ပါတယ်။ တစ်မျိုးမှာသုံးတဲ့ vocab ကို နောက်တစ်နေရာမှာ တစ်မျိုးသုံးတဲ့အခါ မျက်စိလည်သွားတတ်ပါသေးတယ်။ ကိုယ်အများဆုံးနေးရမယ့်နေရာက ဆက်ဆံရမယ်သူတွေရဲ့ ဒေသိယကိုလည်း ထပ်ပြီးလေ့လာထားဖို့လိုတတ်ပါတယ်။ (၂) လက်ဟန်ခြေဟန်၊ မျက်နှာပေး၊ အသံနေသံထားစတဲ့ အခြားသဲလွန်စတွေကို သတိပြုပါ။ ပြောတာကိုရော ၊ သူ့ရဲ့ ကျန်တဲ့သဲလွန်စတွေကိုပါပေါင်းစား ထောက်ချင့်ပြီး နားလည်အောင်ကြိုးစားရပါတယ်။ စာသင်ခန်းပြင်ပမှာ ဒါတွေဟာ အလွန်အရေးပါပါတယ်။ listening test တွေဘာတွေမှာလည်း အသံအတက်အကျ၊ mood ရွှင်ရွှင်နဲ့ပြောသလား၊ ပြောသူရဲ့ စိတ်အခြေအနေကို နားထောင်တတ်တာဟာလည်း အရေးပါတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။ ( ၃)အခြေအနေအဆက်အစပ်နဲ့ အဓိပ္ပါယ်ကောက်ပါ။ အခုပြောနေတာက ဘာအကြောင်းဖြစ်မလဲ၊ ဘယ်သူကပြောနေတာလဲ၊ ဘယ်နေရာမှာ လာပြောတာလဲ ဒီလိုအကြောင်းအချက်တွေကို ဆက်စပ်စဉ်းစားပြီး ဖြစ်နိုင်ခြေကိုမှန်းဆစဉ်းစား infer လုပ်ယူပါ။ listening test လိုမျိုးဆိုရင်တော့ စာဖတ်နာသူတွေ အကြောင်းအရာတော်တော်များများကို သိနေသူတွေဟာ ဒီနေရာမှာ ပိုသာနိုင်ပါတယ်။ (၄) နားမလည်လိုက်ရင်ပြန်မေးပါ။ တခါတလေဒီလိုမေးဖို့ ရှက်တတ်ကြပါတယ်။ တကယ်တော့ native speaker တွေမှာလည်း ဒီလိုပြန်မေးရတဲ့အချိန်မျိုးရှိပါတယ်။ သူတို့လည်း သေချာအောင်ပြန်မေးရတာပါပဲ။ ကိုယ်က non-native speaker ဖြစ်နေတော့ ပြန်မေးလိုက်ရင် အထင်သေးသွားမလား၊ သူများပြန်ပြောရင်အားနာစရာကောင်းမလားတွေးရင် မမေးဖြစ်တာမျိုးရှိတတ်ပါတယ်။ တကယ်တော့ ပြန်မေးလိုက်တာဟာ ဘာမှသိပ်အရေးကြီးတာမျိုးမဟုတ်ပါဘူး။ (၅) ကိုယ်နားလည်တာဟာ သူပြောချင်တဲ့အတိုင်း ဟုတ်မဟုတ် ပြန်လည် စစ်ဆေးပါ။ ရှေ့ကတစ်ခုလိုပါပဲ၊ အကျဉ်းချုပ်ပြီးတော့ သေချာအောင်ပြန် confirm လုပ်ပါ။ ကိုယ်နားလည်လိုက်တာနဲ့ သူပြောတာနဲ့သည် တူနေမနေဆိုတာ စစ်ဆေးကြည့်ပါ။ အခုငါးချက်ကတော့ အပြင်လောကမှာ အသုံးဝင်မယ့်ငါးချက်ပါ။ အချို့အချက်တွေဟာ လူတိုင်းမှာရှိသင့်တဲ့ နားထောင်မှုစွမ်းရည်ပါ။ English လို နားထောင်ရတဲ့အခါမှမဟုတ်ပါဘူး။ ကိုယ့်ဘာသာစကားနဲ့နားထောင်ရတဲ့အခါလည်း ဒီလိုနားထောင်မှုစွမ်းရည်လိုပါတယ်။ စာအုပ်တွေမှာလေ့ကျင့်ပေးထားတာတွေက အပြင်ကျတော့ အံမဝင်တာမျိုးကရှိတတ်ပါတယ်။ ဒါပေမယ့် စိတ်အားမငယ်ဖို့က Non-native speaker တွေဟာ native speaker တွေထက်ပိုပြီး good communicator ဖြစ်ကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူတို့က သူများတွေကို ပိုနားလည်နိုင်စွမ်းရှိပြီး ကိုယ်ပြောတာသူများနားမလည်တဲ့အခါလည်း ဘယ်လို ကြိုးစားဖြေရှင်းရမယ်ဆိုတာကို ပိုသိကြလို့ပါ။
605
5
IELTS Speaking နဲ့ Writing မှာ အမှတ်ရဖို့ ဘာအရေးကြီးဆုံးလဲ။ Speaking ရော Writing မှာပါ Criteria လေးခုစီ ရှိတာ အားလုံးသိကြပါတယ်။ တကယ့်တကယ် ဘယ် criteria က အရေးအကြီးဆုံးလဲလို့မေးရင် အကုန်လုံးအရေးကြီးတယ်လို့ပဲ ဖြေရမှာပါ။ ဒါပေမဲ့ ဈေးဆစ်တတ်သူတွေက တစ်ခုခုတော့ ရွေးပေးပါဆိုပြီး ဇွတ်ပြောလာခဲ့ရင်တော့ speaking မှာဆိုရင် Pronunciation အရေးအကြီးဆုံးပါ။ ဘာလို့လဲ။ 🤔 ဘယ်လောက်ပဲ Grammar and Vocab တွေ ကောင်းတယ်ပြောပြော ကိုယ်ပြောတာမှ သူမကြားရရင် အလကားပါပဲ။ ဒါကြောင့် Speaking မှာ အသံထွက်ရှင်းလင်းမှန်ကန်မှုဟာ နံပါတ်တစ်ပါပဲ။ Writing မှာရော နံပါတ်တစ် အရေးအကြီးဆုံးက ဘာလဲ။ 🤔 👉 Task Achievement ပါ။ Task I ရော II ရော အဲ့တာပါပဲ။ ဟုတ်တယ်လေ။ သူမေးတာကို ထိရောက်အောင် မဖြေနိုင်မှတော့ ဝေါဟာရပဲကြွယ်ကြွယ် သဒ္ဒါပဲကောင်းကောင်း အလကားပါပဲ။ Task Achievement မရှိရင် ကျန်တာလည်း ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူး။ သူမရှိတော့တဲ့ ဘဝကြီးလိုပါပဲ။ 😭
735
6
Admin တွေမျက်စိထဲ ပိုးကောင်ဝင်ပြီ။ 🥲
Admin တွေမျက်စိထဲ ပိုးကောင်ဝင်ပြီ။ 🥲
812
7
بدون متن...
907
8
အခွံအမျိုးမျိုး
အခွံအမျိုးမျိုး
1 346
9
ကြက်ဥ ချက်ပုံအမျိုးမျိုး
ကြက်ဥ ချက်ပုံအမျိုးမျိုး
1 430
10
Did you watch Joshua Van's fight?
1 296
11
နှစ်သစ်ကို Level အသစ်နဲ့ ဖြတ်သန်းနိုင်ဖို့ နောက်ဆုံးအခွင့်အရေး 2026 မှာ ဘာသုံးဘာပဲ ကျန်တော့တာမို့ ဒီသုံးလမှာသာ အားထည့်ပြီးကြိုးစားလိုက်ရင် 2027 ကို ခေါင်းမော့ရင်ကော့ပြီး စတင်နိုင်မှာပါ။ Edulingo မှာ အောက်တိုဘာလအတွက်သင်တန်းအပ်မယ်ဆိုရင် သီတင်းကျွတ် Discount တွေရှိပါမယ်။
1 324
12
IELTS ကို pre inter လောက်က စလို့ရလား။ IELTS ကို များသောအားဖြင့်တော့ intermediate level လောက်မှာ စလုပ်ကြပါတယ်။ Pre-inter လောက်တည်းက IELTS exam questions တွေကို ဖြေတာမျိုးမဟုတ်ဘဲ Academic Reading / Writing skills တွေကို စတင်ထားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ အဓိကက ကိုယ်နဲ့ ကိုက်ညီမယ့် စာအုပ်နဲ့ စတင်ဖို့ပါ။ Collins စာအုပ်တိုက်က A2+ level အတွက် ထုတ်ထားတဲ့ Ready for IELTS စာအုပ်စီးရီးဟာ level နိမ့်သူတွေအတွက် သင့်တော်ပါလိမ့်မယ်။ နောက်တခါ McMillan ကလည်း 4.5-6 ဆိုပြီး band 4.5 လောက်ကနေ စလို့ ရတဲ့စာအုပ်မျိုးထုတ်ထားပါတယ်။ 4.5 ဆိုရင် B1 level အစလောက်ရှိတာဖြစ်လို့ Pre-inter လောက်ဖြစ်ပါတယ်။ Mindset စာအုပ်စီးရီးရဲ့ foundation levelဟာလည်း A2+ လောက် 4.5 လောက်ကို ချိန်ထားတာပါ။ ဒီလိုကိုက်ညီတဲ့စာအုပ်တွေကို မသုံးဘဲ တွေ့ရာစာအုပ်ကို သုံးလိုက်မယ်ဆိုရင်တော့ IELTS ကိုမုန်းသွားနိုင်ပါတယ်။ B2 levelလောက်ဆိုရင်တော့ စာအုပ်တွေပေါပါပြီ။ IELTS exam questions စာအုပ်တွေကို ဖြေကြည့်မယ်ဆိုရင်လည်း အခက်အခဲ အများကြီးမရှိတော့ပါဘူး။ အဓိကကတော့ အချစ်ကို ဘယ်အရွယ်မှာတွေ့တယ်ဆိုတာက အရေးမကြီးဘဲ လူမှန်နဲ့တွေ့ဖို့က ပိုအရေးကြီးပါတယ်။ 😁
1 224
13
John Legend Mobile Legends Man United Legends စသဖြင့်စသဖြ့င့်မှာ Legend ကို Lee-gyend လို့မထွက်ရပါဘူးနော်။ /ˈlɛdʒənd/ လဲဂျန့်ဒ် လို့ ထွက်ရပါမယ်။ ရှေ့က သရသံက led, Head, bell က အသံပါပဲ။
1 076
14
🌼 bow ကို ဘိုး လို့လည်း အသံထွက်လို့ရသလို ဘောင်းလို့လည်းအသံထွက်တယ်နော်ဆရာ။ အင်္ဂလိပ်စကားကတော်တော်ရှုပ်တယ်။ အမယ်။ မြန်မာမှာလည်း ဘကုန်း လုံးကြီးတင် ဆံခပ်ကို ဘီးလို့ ထွက်လို့ရသလို ဘိန်းလို့ထွက်ရတယ်လေကွာ။ 🌼 ဟုတ်သားပဲ ဆရာ။ ကိုယ့်စကားကျ သတိမထားမိဘူး။ အဲ့bow က အသံနှစ်မျိုးထွက်တယ်သာသိတာ ရောရောနေလို့ပြောပြပါအုံးဆရာ။ bow (b-oh) လို့အသံထွက်ရင် သူက မြှားပစ်ရင်သုံးတဲ့လေး ကို ခေါ်တာဆိုတော့ bow and arrow လို့တွဲမှတ်ပေါ့။ ၊ bow (b au) ဘောင်း လို့အသံထွက်ရင် ဦးညွှတ်တယ်လို့ ဆိုတော့ ဘောင်းဆိုရင် ခေါင်းလို့ မှတ်ပြီး ဦးခေါင်းညွှတ်တာလို့ မှတ်လိုက်ပေါ့။ 🌼 ကျန်တဲ့ အဲ့လို အသံနှစ်ခုရှိတဲ့ ဟာတွေပြောပြပါအုံးဆရာ။ tear ဆိုတာမင်းသိပါတယ်။ ထဲယား (Te ah) လို့အသံထွက်သလို ထီးယား (Tee ah) လို့အသံထွက်တယ်လေ။ 🌼 အော် ဟုတ်တာပဲ။ ဆုတ်ဖြဲ တာနဲ့ မျက်ရည်နော်ဆရာ။ ဟုတ်တယ်။ တစ်ခုက Verb တစ်ခုက Noun ။ R – O- W ဆို ဘယ်လိုအသံထွက်မလဲ။ 🌼 ရိုး (R-oh) ပေါ့ဆရာ။ Excel က row တို့ column တို့လေ။ အတန်းလိုက်ဆိုတဲ့ သဘောပေါ့ကွာ။ လှေလှော်တာလည်း ရိုးပဲ။ row row row your boat ဆိုတဲ့ကဗျာထဲကလိုပေါ့၊ အေး သူ့ကို ရောင်း (r-au) လို့အသံထွက်သေးတယ်။ 🌼 ဟုတ်လားဆရာ။ သူ့အဓိပ္ပါယ်ကရော ရောင်း (r-au)ဆိုအဓိပ္ပါယ်က အော်ကြီးဟစ်ကျယ်အငြင်းအခုန်ဖြစ်ကြတာကိုခေါ်တာ။ အင်္ဂလိပ်တွေအပြောများတဲ့စကားလုံးပေါ့။ Wind ဆိုလည်း နှစ်သံရှိတယ်။ 🌼ဝင်း(ဒ) နဲ့ ဝိုင်း (ဒ) မဟုတ်လားဆရာ။ ဆယ်တန်းမှာ သင်ခဲ့ရတာ။ အေး ဟုတ်တယ်။ ဝိုင်း(ဒ) က ရစ်တယ်ပတ်တယ်။ wind-upဆိုရင်တော့ အနှစ်ချုပ်ပြန်ပြောတာကို ပြောတာပေါ့။ 🌼 ပြောရင်းနဲ့ သတိရလာတာ။ မြန်မာစကားမှာ နည်းတယ်နဲ့ နည်းလမ်းက န ညသတ် ဝစ္စနှစ်လုံးပေါက်က စာလုံးပေါင်းတူပေမဲ့အသံထွက်နှစ်မျိုး အဓိပ္ပါယ်နှစ်မျိုးနော်ဆရာ။ ဟုတ်တယ်။ တခါ မြန်မာစကားမှာ ဆွမ်း၊ ကျွမ်း၊ ကွမ်း၊ လွမ်း လိုမျိုး အဓိပ္ပါယ်တူတူကိုပဲ နှစ်သံထွက်လို့ရတာတွေလည်းရှိသေးတယ်။ 🌼 ဟင် ဘလို ဆရာ … ဆွမ်း ကို ဆွန်းလို့ အသံထွက်ရသလို ဆွမ်း လို့လည်းထွက်ရတယ်လေ။ သပြေနုချိန်မှာ ကဗျာမှာဆို ကာရန်ကိုက်ဖို့ဆို "စံရာသထုံကွန်းဆီက" လို့ရှေ့က လာလိုက်တော့ "လွန်းရက်မမေ့သူတွေမှာနော်ကွယ် ဆွန်းသက်စေ့လှူ" လို့ ဆိုရသတဲ့။ လွမ်းလို့ ဆိုလိုက်ရင် ကာရန်မကိုက်တော့ဘူးတဲ့။ 🌼 မြန်မာ စကားကပိုရှုပ်တယ်ဆရာ။
1 473
15
နောက်လမှာအတန်းစတက်ချင်တဲ့သူတွေရှိလား၊ ဘာအတန်းတွေတက်ကြမှာလဲ။
1 193
16
သီတင်းကျွတ်မှာ ဘာ Promotion အစီစဉ်တွေလုပ်ရင် ကောင်းမလဲ။
1 341
17
အသံထွက်တူတာတွေကို မတူဘူးထင်ပြီး အသံနှစ်မျိုးနဲ့ထွက်‌နေကြတာမျိုး ရှိတတ်ပါတယ်။ ဥပမာတွေပြရရင် 𝗳𝗹𝗼𝘄𝗲𝗿/ 𝗳𝗹𝗼𝘂𝗿 ပထမတစ်ခုက flower နဲ့ flour ပါ။ တော်တော်များများက ဖလားဝါးနဲ့ ဖလော ဆိုပြီး နှစ်မျိုးခွဲထွက်နေကြလို့ပါ။ တကယ်တမ်းနှစ်ခုစလုံးအတွက် phonetics script က /ˈflaʊə/ဖြစ်ပါတယ်။ အသံထွက်တူပါတယ်။ our အသံထွက်တတ်ရင် ရပါတယ်။ ရှေ့က fl ထည့်ထွက်လိုက်ပါ။ fl-our (မြန်မာလိုရေးပြရင် အမှားလမ်းလွဲသွားမှာကြောက်လို့မရေးပြတော့ပါ။ အသံထွက်ကိုသာ google/ online dictionary/ dictionary app တွေကနားထောင်ကြည့်ပါ။) 𝘀𝗼𝘂𝗿𝗰𝗲/ 𝘀𝗮𝘂𝗰𝗲 နောက်တစ်တွဲကတော့ source နဲ့ sauce ပါ။ ရှေ့စာလုံး source ကိုတော်တော်များမျာ "ဆို့" လို့ အသံထွက်ကြပြီး နောက်စာလုံးကို " ဆော့" လို့ ထွက်တတ်ကြပါတယ်။ တကယ်တမ်းက နှစ်ခုလုံး /sɔːs/ ဆောစ် ဆိုတဲ့ အသံပါပဲ။ British လေသံကိုနားမယဉ်တာကနေပဲ source ကို ဆို့စ်လို့ ထွက်မိကြသလားမသိပါ။ Horse ဟောစ် ဆိုရင် source / force ကို ဘယ်လိုထွက်မလဲ နားထောင်ကြည့်သင့်ပါတယ်။ ‌𝗵𝗲𝗶𝗿/ 𝗮𝗶𝗿 𝗵𝗼𝘂𝗿 / 𝗼𝘂𝗿 h အသံက silent ဖြစ်လို့ ဒီနှစ်တွဲဟာ အသံတူပါတယ်။ 𝘁𝗵𝗿𝗲𝘄 / 𝘁𝗵𝗿𝗼𝘂𝗴𝗵 သရူး 𝘄𝗮𝘆/ 𝘄𝗲𝗶𝗴𝗵 ဝေး pause နဲ့ paws clause နဲ့ claws စတာတွေဟာလည်းအသံတူတူပါပဲ။ sore ဆိုရင်လည်း so လိုမျိုးအသံထွက်တတ်ကြပေမယ့်တကယ်က saw နဲ့ အသံတူတာဖြစ်ပါနယ်။ ဆော (r) ဆိုတဲ့အသံမျိုးပါ။ မတူတာတွေကို တူတယ်ထင်၊ တူတာတွေကို မတူဘူးထင်တာတွေ ပျောက်ပါစေ။
1 464
18
Telegram စာပို့မရဖြစ်သွားသေးလား
1 260
19
guava မာလကာသီး sprout အပင်ပေါက် decayed/ rotten ဆွေးနေသော bizzare - strange wisdom tooth အံသွား
1 418
20
A Dentist Removed a Decayed Tooth — Then Saw a Tiny Guava Plant Growing From It.😳 In 2013, a 36-year-old man in Taiwan had a
A Dentist Removed a Decayed Tooth — Then Saw a Tiny Guava Plant Growing From It.😳 In 2013, a 36-year-old man in Taiwan had a badly decayed wisdom tooth removed. But growing from the tooth was something nobody expected: a tiny guava sprout. The unusual case was reported in the British Dental Journal, which estimated the sprout was about 10 days old. How it started growing was never fully documented, but the bizarre discovery was real. Imagine going to the dentist for a rotten tooth… and discovering you’ve somehow been growing a guava plant in your mouth. 😳🌱
1 506