ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ
رفتن به کانال در Telegram
𝖲𝗍𝖺𝗋ׅ𝗍 – ʚ 𝟣𝟥 · 𝟤 · 𝟤О𝟤4 ɞ К𝗇𝗈ԝⅼ𝖾𝖽ɡ𝖾, 𝖲𝗈𝗇ɡ, Ƭ𝗁𝖾ⅿ𝖾 𝖢𝗁 𓈑 ִ 𝖣𝗈𝗇'ߙ ⅼ𝖾⍺𝗏𝖾 𝖭𝖾𝖾𝖽 𝟣𝗄 𝖻⍺𝖻ı𝖾ꜱ╰╮ 𝖬ɥ 𝖱ᥱ۪ᥲꪳꪲꪳძᥱ۪rs ^᪲᪲᪲
نمایش بیشتر610
مشترکین
-124 ساعت
-87 روز
-1530 روز
آرشیو پست ها
~စာမေးပွဲနားနီးရင် လုပ်သင့်တဲ့ အနုပညာဆန်တဲ့ ပြင်ဆင်မှုနည်းလမ်းကောင်းများ~
♡စာမေးပွဲနားနီးလာတဲ့အချိန်ဟာ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတတ်ပေမယ့်၊ ဒါကို အနုပညာဖန်တီးမှုတစ်ခုအတွက် ပြင်ဆင်နေသလိုမျိုး စနစ်တကျနဲ့ တီထွင်ဖန်တီးမှုရှိရှိ ရင်ဆိုင်နိုင်ပါတယ်🙂↔️🫶
📌သင်ယူမှုကို ရုပ်ပုံဖော်ကြည့်ပါ (Visual Mapping)
စာတွေကို စာမျက်နှာအလိုက် အလွတ်ကျက်နေမယ့်အစား ရောင်စုံခဲတံတွေ၊ Marker တွေသုံးပြီး Mind Map (စိတ်ကူးပုံဖော်မြေပုံ) တွေ ဆွဲကြည့်ပါ။ အရေးကြီးတဲ့ အချက်အလက်တွေကို ပန်းချီကားတစ်ချပ်လို အမြင်နဲ့မှတ်သားတာက ဦးနှောက်ထဲမှာ ပိုပြီးစွဲထင်စေပါတယ်ʕっ•ᴥ•ʔっ
• သင်ခန်းစာကို ဇာတ်လမ်းဆင်ပါ (Storytelling)
ခက်ခဲတဲ့ သမိုင်းကြောင်းတွေ ဒါမှမဟုတ် သိပ္ပံသီအိုရီတွေကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို ပြောင်းလဲစဉ်းစားကြည့်ပါ(♡ω♡ ) ~♪
ကိုယ့်ဘာသာကိုယ် ပြန်ပြောပြတာ (သို့) သူငယ်ချင်းကို ပုံပြောသလို ရှင်းပြတာမျိုးက မှတ်ဉာဏ်ကို တီထွင်ဖန်တီးမှုရှိရှိ အသုံးချစေပါတယ်💐🫶
•စာကြည့်ခန်းကို စိတ်ကူးသစ်လွင်အောင် ဖန်တီးပါ (Curate Your Space)
ကိုယ့်ရဲ့စာကြည့်စားပွဲဟာ ကိုယ့်ရဲ့ "Studio" ပါပဲ။ ရှုပ်ပွနေတဲ့အရာတွေကို ရှင်းထုတ်လိုက်ပါ လေဝင်လေထွက်ကောင်းပြီး အလင်းရောင်ရတဲ့နေရာမှာ ထိုင်ပါ၊ စိတ်အေးချမ်းစေတဲ့ တေးဂီတညင်ညင်လေး (ဥပမာ- Lofi သို့မဟုတ် အသံသီးသန့်) ဖွင့်ထားတာက စူးစိုက်မှုကို ပိုကောင်းစေပါတယ်♡˖꒰ᵕ༚ᵕ⑅꒱
•စည်းချက်နဲ့ အနားယူပါ (The Rhythm of Rest)
စုတ်တံတစ်ချက်ဆွဲပြီးတိုင်း ခဏနားရသလိုပဲ၊ စာကြည့်တဲ့အခါမှာလည်း Pomodoro နည်းလမ်း (မိနစ် ၂၅ စာကြည့်၊ ၅ မိနစ်နား) ကို သုံးပါ📚
အဲဒီနားတဲ့အချိန်မှာ ဖုန်းကြည့်မယ့်အစား မျက်စိမှိတ်ပြီး အသက်ပြင်းပြင်းရှူတာ၊ ဒါမှမဟုတ် စက္ကူပေါ်မှာ ပုံကြမ်းလေးတွေ လျှောက်ဆွဲတာ (Doodling) မျိုးလုပ်ပြီး ဦးနှောက်ကို အားပြန်သွင်းပါ🧠
•အိပ်စက်ခြင်းဟာ အကောင်းဆုံး ပြင်ဆင်မှုပဲ (Masterpiece Needs Sleep)
ညလုံးပေါက် စာကျက်တာဟာ မင်းရဲ့ တီထွင်ဖန်တီးမှုနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်၊ အိပ်စက်နေတဲ့အချိန်မှာပဲ ဦးနှောက်က တစ်နေ့တာ သင်ယူခဲ့တာတွေကို စနစ်တကျ သိမ်းဆည်းတာပါ၊ ဒါကြောင့် အနည်းဆုံး ၆ နာရီကနေ ၈ နာရီအထိ အိပ်ရေးဝဝအိပ်ပါ( ◜‿◝ )♡
• ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စိတ်ကူးပုံဖော်ပါ (Visualization of Success)
စာမေးပွဲခန်းထဲမှာ မေးခွန်းတွေကို ယုံကြည်ချက်ရှိရှိ ဖြေဆိုနေပုံ၊ စာမေးပွဲပြီးသွားတဲ့အခါ ခံစားရမယ့် လွတ်လပ်မှုတွေကို စိတ်ကူးထဲမှာ ကြိုတင်ပုံဖော်ကြည့်ပါ။ ဒါက စိုးရိမ်စိတ်ကို လျှော့ချပေးပြီး စိတ်ဓာတ်ကို မြှင့်တင်ပေးပါတယ်(•ө•)♡
စာမေးပွဲဆိုတာ မင်းရဲ့ အရည်အချင်းတွေကို ပြသရမယ့် စင်မြင့်တစ်ခုလို့ သဘောထားပါ(≧▽≦)
ကိုယ့်ရဲ့ အစွမ်းကုန် ကြိုးစားမှုကနေ လှပတဲ့ ရလဒ်တွေ ထွက်ပေါ်လာမှာပါ၊ အားတင်းထားပါ ဦးဆောင်သူလေးရေ🍀🤍
#𝐕𝐞𝐧 #knowledg~အာကာသထဲက ထူးဆန်းတဲ့ သောကြာဂြိုဟ် (Venus) အကြောင်း~
သောကြာဂြိုဟ်ပေါ်မှာ တစ်ရက်ဟာ တစ်နှစ်ထက် ပိုရှည်ပါတယ်🌕
ဘယ်လိုဖြစ်တာလဲဆိုတော့
သောကြာဂြိုဟ်က သူ့ရဲ့ဝင်ရိုးပေါ်မှာ တစ်ပတ်ပတ်ဖို့ (ဆိုလိုတာက တစ်ရက်ပြည့်ဖို့) ကမ္ဘာ့ရက်ပေါင်း ၂၄၃ ရက် ကြာပါတယ်🗓️
ဒါပေမဲ့ သူက နေကို တစ်ပတ်ပတ်ဖို့ (ဆိုလိုတာက တစ်နှစ်ပြည့်ဖို့) ကမ္ဘာ့ရက်ပေါင်း ၂၂၅ ရက် ပဲ ကြာပါတယ်◖⚆ᴥ⚆◗
ဒါကြောင့် သောကြာဂြိုဟ်ပေါ်မှာဆိုရင် တစ်ရက်မကုန်ခင်မှာပဲ နောက်ထပ်နှစ်သစ်တစ်ခုကို ကူးသွားမှာပါ(≧▽≦)
နောက်ပြီး ထူးခြားတာတစ်ခုက သောကြာဂြိုဟ်ဟာ တခြားဂြိုဟ်တွေနဲ့ ပြောင်းပြန် (နာရီလက်တံအတိုင်း) လည်ပတ်နေတာမို့လို့ သူ့ဆီမှာဆိုရင် နေဟာ အနောက်ဘက်က ထွက်ပြီး အရှေ့ဘက်မှာ ပြန်ဝင်ပါတယ်ฅ^•ﻌ•^ฅ
#𝐕𝐞𝐧 #knowledg"ပျားရည် (Honey) ရဲ့ ထူးခြားချက်"🍯
~ပျားရည်ဟာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ ပုပ်သိုးမသွားတဲ့ တစ်ခုတည်းသော အစားအစာ ဖြစ်ပါတယ်~
(•ө•)♡ရှေးဟောင်းသုတေသနပညာရှင်တွေဟာ အီဂျစ်ရှေးဟောင်းပိရမစ်ဂူတွေထဲက အသက်သက်တမ်း နှစ်ပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်တဲ့ ပျားရည်အိုးတွေကို ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်၊ အံ့သြဖို့ကောင်းတာက အဲဒီပျားရည်တွေဟာ အခုထိ စားသုံးလို့ရတဲ့ အခြေအနေမှာရှိနေတုန်းပဲ ဖြစ်ပါတယ်။
ဒါက ဘာကြောင့်လဲဆိုတော့ ပျားရည်မှာ ရေဓာတ်ပါဝင်မှု အလွန်နည်းပြီး အက်စစ်ဓာတ် (pH level) မြင့်မားတာကြောင့် ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်လို့ပဲ ဖြစ်ပါတယ်♡˖꒰ᵕ༚ᵕ⑅꒱
#𝐕𝐞𝐧 #knowledg
~မပြောပဲသိထားသင့်သည့်လူ့ကျင့်ဝတ်များ~
•ဖုန်းပြရင် တစ်ပုံပဲကြည့်ပါ
တစ်ယောက်ယောက်က သူ့ဖုန်းထဲက ဓာတ်ပုံတစ်ပုံကို ပြလာရင် အဲဒီပုံကိုပဲ ကြည့်ပါ၊ ဘယ်ညာ ဆွဲမကြည့်ပါနဲ့၊ သူ့မှာ သူတစ်ပါးကို မပြချင်တဲ့ ကိုယ်ရေးကိုယ်တာ ပုံတွေ၊ အချက်အလက်တွေ ရှိနိုင်လို့ပါ( ◜‿◝ )♡
•တစ်ဖက်လူ ပြင်လို့မရတဲ့အရာကို ဝေဖန်ခြင်း မပြုပါနဲ့
လူတစ်ယောက်ရဲ့ ရုပ်ရည်၊ အရပ်အမောင်း ဒါမှမဟုတ် ချို့ယွင်းချက်တစ်ခုခုကို ၅ စက္ကန့်အတွင်း သူကိုယ်တိုင် ပြင်လို့မရဘူးဆိုရင် အဲဒါကို သွားပြီး မဝေဖန်ပါနဲ့၊ (ဥပမာ- "နင်က ပိန်လိုက်တာ"၊ "နင်က ပုလိုက်တာ" စတာမျိုးတွေပေါ့)၊ တကယ်လို့ သူ့အင်္ကျီမှာ ဟင်းစက်ပေနေတာမျိုး၊ ဇစ်ပွင့်နေတာမျိုး (၅ စက္ကန့်အတွင်း ပြင်လို့ရတာမျိုး) ဆိုရင်တော့ တိုးတိုးလေး ကူညီပြောပေးလိုက်ပါU ´꓃ ` U
•ဖုန်းခေါ်လို့ မကိုင်ရင် ထပ်ခါတလဲလဲ မခေါ်ပါနဲ့
တစ်စုံတစ်ယောက်ကို ဖုန်းခေါ်လို့ သူက မကိုင်ဘူးဆိုရင် အရေးကြီးကိစ္စ မဟုတ်ရင် အတင်းဆက်တိုက် မခေါ်ပါနဲ့၊ သူ အလုပ်ရှုပ်နေတာ ဒါမှမဟုတ် ဖုန်းပြောလို့မရတဲ့ အခြေအနေမှာ ရှိနေလို့ပါ၊ တစ်ခါပဲ ခေါ်ထားပြီး သူပြန်ဆက်လာတာကို စောင့်တာ ဒါမှမဟုတ် စာတိုလေး ပို့ထားတာက ပိုယဉ်ကျေးပါတယ်♡
•စားသောက်ဆိုင်မှာ ဝန်ထမ်းတွေကို ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ပါနဲ့
လူတစ်ယောက်ရဲ့ စရိုက်အမှန်ကို သိချင်ရင် သူ့ထက် အောက်ခြေကျတဲ့သူတွေ (သို့) ဝန်ဆောင်မှုပေးတဲ့သူတွေအပေါ် သူ ဘယ်လို ဆက်ဆံသလဲဆိုတာ ကြည့်ပါ၊ စားပွဲထိုးကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာဟာ ကိုယ့်ရဲ့ စိတ်ဓာတ် အဆင့်အတန်းကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်(◔‿◔)
•သူများအကြောင်း ပြောနေရင် ဝင်မပါပါနဲ့
ကိုယ့်ရှေ့မှာ တစ်ယောက်ယောက်က တခြားတစ်ယောက်အကြောင်း (Gossip) အတင်းပြောနေရင် အလိုက်သင့် နားထောင်ပေးရင် ပေး၊ ဒါမှမဟုတ် ခေါင်းစဉ်လွှဲလိုက်ပါ၊ အတင်းပြောတဲ့ထဲမှာ အားတက်သရော ပါဝင်တာဟာ နောက်ပိုင်းမှာ ကိုယ့်အတွက်လည်း ယုံကြည်မှု ပျက်ပြားစေနိုင်ပါတယ်(ᗒᗩᗕ)
#𝐕𝐞𝐧 #knowledgဒါလေးကသေချာလေးရှာဖွေထားထားမို့ ဂရုတစိုက်လေးဖတ်ပေးစေလိုပါတယ်၊ ကိုယ့်အတွက်တကယ်ဗဟုသုတရသွားမယ်လို့မျှော်လင့်ပါတယ်ဗျ🤍
~စိတ်ပညာအကြောင်း~
စိတ်ပညာဆိုတာ တကယ်တော့ "လူတွေ ဘာလို့ ဒီလိုမျိုး ပြုမူနေကြတာလဲ" ဆိုတာကို အဖြေရှာတာပဲ။ ဥပမာ - တစ်ယောက်ယောက်က ဘာလို့ ဒေါသထွက်လွယ်တာလဲ? အ့တာရဲ့နောက်ကွယ်ကအကြောင်းအရင်းကိုရှာတာပေါ့
•စိတ်ညစ်ရင် ကိုယ်ပါ နေမကောင်းဖြစ်တတ်တယ် စိတ်နဲ့ ခန္ဓာကိုယ်က တတွဲထဲပဲလေ။ စိတ်ဓာတ်ကျနေရင် တကယ်ပဲ လူက အားမရှိသလို ဖြစ်လာတတ်တယ်။ အဲဒါကြောင့် စိတ်ပညာက "စိတ်ကို အရင်ပြင်ရင် လူပါ ကျန်းမာလာမယ်" ဆိုတာကို အလေးထားတာ။
•ကိုယ့်အကျင့်တွေက ငယ်ဘဝနဲ့ ဆိုင်နေတတ်တယ် ကျွန်တော်တို့ အခုလုပ်နေတဲ့ အကျင့်တွေ၊ စရိုက်တွေက ငယ်ငယ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေပေါ်မှာ အများကြီး မူတည်နေတယ်။
•ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့ စိတ်ပညာကို သိထားရင် ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာမယ်။ "ငါ အခု ဘာလို့ ဝမ်းနည်းနေတာလဲ" ဒါမှမဟုတ် "ငါ ဘာလို့ ဒါကို ကြောက်နေတာလဲ" ဆိုတာကို ခွဲခြားသိမြင်လာရင် အဲဒီ ခံစားချက်တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ပိုလွယ်သွားတာပေါ့
•အကျင့်ဆိုးတွေကို ပြင်လို့ရတယ် "ငါကတော့ ဒီလိုပဲ၊ ပြင်လို့မရတော့ဘူး" ဆိုတာမျိုး မဟုတ်ဘူး စိတ်ပညာ နည်းလမ်းတွေကို သုံးပြီး အကျင့်ဟောင်းတွေကို ဖျောက်ပစ်လို့ရသလို၊ အကျင့်ကောင်း အသစ်တွေကိုလည်း ပျိုးထောင်ယူလို့ ရတယ်လေ♡ #𝐕𝐞𝐧
ချယ်နယ်လေးကိုကျနော်ပြစ်ထားမိသွားလို့ ခွင့်လွှတ်ပါဗျ(๑´•.̫ • `๑)♡
ခွန်ထောနန်း ထုခွန်တို့
အခု knowledge တွေတင်ပေးပါ့မယ်
တင်စေချင်တဲ့ knowledgeတွေလဲလာပြောကြပါဗျ🙂↕️🫶
#𝐕𝐞𝐧
╰ 𝖭⍺ⅿ𝖾 › ५ Thought I Saw Your Face Today ᠉ ִֶָ
Аɾߙıꜱߙ › ⚲ She & Him ᩧ · 🫖𔒱 ݂ #𝖲𝗁αɥ𝖪𝗁іƚƚα𝖫ᥕіո 𔒱 ݂ #М𝗎ꜱіϲ #𝖲𝗈𝗇ɡꜱ4𝗎
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
