fa
Feedback
For The Future Myanmar

For The Future Myanmar

رفتن به کانال در Telegram
7 975
مشترکین
-124 ساعت
-47 روز
-1930 روز
آرشیو پست ها
Hello Futureseers!!! Education department မှာ volunteer အသစ်လေးတွေ ခေါ်နေပြီမို့ စိတ်ဝင်စားတဲ့ position ရှိရင် deadline မကျော
Hello Futureseers!!! Education department မှာ volunteer အသစ်လေးတွေ ခေါ်နေပြီမို့ စိတ်ဝင်စားတဲ့ position ရှိရင် deadline မကျော်ခင် လျှောက်ဖို့ မမေ့နဲ့နော်✨✨

photo content
+3

photo content
+9

photo content
+9

Lens for Change: Youth Climate Storytelling for Resilient Communities  Programme Workshops ရဲ့ အမှတ်တရ ပုံရိပ်တချို့ ✨ On-ground workshop မှာ ရာသီဉတုနဲ့ပတ်သတ်တဲ့ ဗဟုသုတရစရာတွေနဲ့အတူ Videography ပိုင်းဆိုင်ရာ ရိုက်ကူးဖန်တီးမှုနည်းပညာတွေကိုလည်း စနစ်တကျ သင်ယူခဲ့ကြပါတယ်။ ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ Group Activites တွေမှာလည်း အားလုံး အားတက်သရော ပါဝင်ခဲ့ကြပါတယ် 🎬 လေ့လာသင်ယူမှုတွေအပြင် အချင်းချင်းပိုမိုရင်းနှီးစေခဲ့တဲ့ Team Building Session နဲ့ အမောပြေ Refreshment Session တွေပါဝင်တာမို့လို့ အမှတ်တရကောင်းတွေရရှိခဲ့ပါတယ် 🤝 ၄ ရက်တာ On-ground workshop လေးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ Lens for Change Programme နဲ့ပတ်သတ်ပြီး ရှေ့ဆက်သွားမယ့် အစီအစဉ်လေးတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်ချင်တယ်ဆိုရင်တော့ For The Future Myanmar ရဲ့ Social Media Platforms တွေကို Follow လုပ်ထားလိုက်တော့နော် 🙆‍♀️ Some memorable moments from the Lens for Change: Youth Climate Storytelling for Resilient Communities  Programme Workshops ✨ During the on-ground workshop, participants gained valuable knowledge about climate-related topics while also learning videography techniques and creative filming skills in a structured way. They also actively participated in a variety of engaging group activities. 🎬 In addition to learning, the workshop included team-building sessions that helped participants get to know one another better, along with refreshing moments shared over refreshments. These experiences created many wonderful memories and brought everyone closer together. 🤝 Our four-day on-ground workshop has now successfully come to an end!  If you’d like to stay updated on what’s coming next in the Lens for Change Programme, don’t forget to follow For The Future Myanmar’s social media platforms and keep an eye out for our upcoming updates! 🙆‍♀️ Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #forthefuturemyanmar #youthorganization #lensforchange

photo content

More Than A Donation ပရဟိတဆိုတာ ပေးကမ်းခြင်းတစ်ခုတည်း မဟုတ်ပဲ နားလည်မှု၊ တာဝန်ယူမှု နဲ့ လေးစားမှု တို့ပါဝင်တဲ့ ကူညီမှုတစ်ခုဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး အချိန်ပေးပြီး ကူညီဖေးမပေးတဲ့ တစ်ဦးချင်းစီတိုင်းကို appreciate လုပ်ရုံသာမက kindness action တိုင်းက ကောင်းမွန်တဲ့ အပြောင်းအလဲ တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ - Charity doesn’t look the same everywhere. ဟုတ်ပါတယ်။မတူညီတဲ့ communities တိုင်းမှာ ကွဲပြားတဲ့ ကူညီပံ့ပိုးမှု ပုံ တွေရှိပါတယ်။ ဒါဆို ဘယ်လိုမျိုးတွေဖြစ်မလဲ? တချို့သောနေရာတွေမှာ ငွေကြေး အဓိက လှူဒါန်းတာ ဒါမှမဟုတ် organised charity campaigns တွေက တစ်ဆင့်အဓိက ပါဝင် ကူညီကြပေမဲ့ တခြားနေရာတွေမှာတော့ volunteer အဖြစ်ပါဝင် ကူညီပြီး ရပ်ရွာတွေကို ကူညီပံ့ပိုးပေးကြပါတယ်။ Charity မှာလဲ စည်းကမ်းချက်တွေရှိပါတယ်။ 2026 မှာ England နဲ့ Wales တို့က ထုတ်ပြန်တဲ့ fundraising လမ်းညွှန်ချက်အသစ်မှာ - fundraiser တွေအနေနဲ့ ရန်ပုံငွေတွေကို ဘယ်နေရာမှာ အသုံးချမလဲ? - ဘယ်သူတွေအတွက် ရန်ပုံငွေရှာရမလဲ? - ရန်ပုံငွေရဲ့ target နဲ့ သက်မှတ်ကာလတွေ၊ ဒါ့အပြင် online ကတစ်ဆင့် fundraising platforms တွေက ကောက်ခံရရှိတဲ့ fees တွေ ကို သေချာ ရှင်းပြရပါမယ်။ - မလှူဒါန်းခင် စုံစမ်းပါ။ တစ်စုံတစ်ယောက်ကို ကူညီချင်တဲ့စိတ်ရှိတာက ကောင်းမွန်တဲ့အရာပါ။ဒါပေမဲ့ ကူညီချင်တဲ့ စိတ်တစ်ခုထဲနဲ့ လုံလောက်ပါ့မလား? မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ရေကြီးရေလျှံဖြစ်နေတဲ့အခါ ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် အလှူခံ post တစ်ခုကိုတွေ့တယ်ဆိုပါစို့ ကိုယ်က မလှူဒါန်းခင်မှာ ဒီ post တင်တဲ့ page က ယုံကြည်စိတ်ချရရဲ့လား၊ တကယ်လိုအပ်နေတဲ့သူတွေဆီရောက်သွားမှာလားဆိုတာ စဉ်းစားဖို့လဲ လိုပါတယ်။ "ဘယ်လောက်ပေးနိုင်မလဲ” ဆိုတာထက် "ဘယ်လိုပေးမလဲ” ဆိုတာလဲ အရေးကြီးပါတယ်။ တစ်ဖက်မှာလဲ အကူအညီလိုနေတဲ့သူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဂုဏ်သိက္ခာ ကို လေးစားဖို့လိုပါတယ်။သူတို့ရဲ့ အခက်အခဲတွေကို မီးမောင်းထိုးပြတာက အလှူငွေပိုရလာစေနိုင်ပေမယ့် သူတို့ရဲ့ ခွင့်ပြုချက်မရှိပဲ ဓာတ်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေကို မျှဝေတာကရော သင့်တော်ပါ့မလား? ဒါ့ကြောင့် ပရဟိတမလုပ်ခင်မှာ - အလှူခံသူနဲ့ organisation တွေကို စုံစမ်းပါ။ - လူတွေရဲ့ privacy နဲ့ dignity ကိုထည့်သွင်း စဉ်းစာပေးပါ။ - မသေချာ မရေရာတဲ့ information တွေကို မမျှဝေမိပါစေနဲ့။ လှူဒါန်းလိုက်တဲ့အရာတွေက တကယ်ပဲ အရာထင်ရဲ့လား? တစ်ခါတလေမှာ ကူညီပေးဖို့ ရည်ရွယ်ပြီး လှူဒါန်းလိုက်တဲ့ ပစ္စည်းတစ်ခုကတောင် တကယ်အသုံးပြုဖို့ ခက်ခဲသွားနိုင်ပါတယ်။ 2015 ခုနှစ်မှာ Vanuatu နိုင်ငံကို Tropical Cyclone Pam ဝင်ရောက်တိုက်ခတ်ပြီးနောက် ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။ နိုင်ငံအသီးသီးကနေ အဝတ်အထည်၊ အစားအသောက်နဲ့ အိမ်သုံးပစ္စည်းတွေ အပါအဝင် လှူဒါန်းပစ္စည်းတွေထည့်ထားတဲ့ container ပေါင်း 70 ကျော် ပို့ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ပစ္စည်းတွေက Vanuatu ရဲ့ အပူပိုင်းရာသီဥတုနဲ့ ဒေသခံတွေရဲ့ နေထိုင်မှုပုံစံတွေအတွက် မသင့်လျော်ခဲ့ပါဘူး။ ဥပမာအားဖြင့် ထူထပ်တဲ့ စောင်တွေ၊ သိုးမွေးအဝတ်အထည်တွေနဲ့ မသင့်လျော်တဲ့ ပစ္စည်းတွေ ပါဝင်ခဲ့ပြီး အစားအသောက်အချို့ကလည်း အသုံးမပြုရသေးခင် သက်တမ်းကုန်သွားခဲ့ပါတယ်။ ဒီပြဿနာရဲ့ အဓိကအကြောင်းရင်းက လူတွေက မကူညီချင်လို့ မဟုတ်ပါဘူး။ သူတို့က တကယ်ကူညီချင်ခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီပစ္စည်းတွေကို သယ်ယူပို့ဆောင်ခြင်း၊ စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်းနဲ့ ခွဲခြားစီစဉ်ခြင်းတွေ ပြုလုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ တချို့ပစ္စည်းတွေဆိုရင် ဆိပ်ကမ်းမှာပဲ ကျန်ရှိနေပြီး အရေးပေါ်အကူအညီလိုအပ်နေသူတွေဆီ မရောက်နိုင်ခဲ့ပါဘူး။ - ဒါဆို ဒီလိုအခြေအနေမျိုးမှာ ဘာတွေကို လှူဒါန်းသင့်လဲ? သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက်မှာ သင့်လျော်တဲ့ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ၊ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အထည်တွေ၊ သန့်ရှင်းပြီး အသုံးပြုလို့ရတဲ့ အိမ်သုံးပစ္စည်းတွေ၊ ယာယီခိုလှုံရာနေရာတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လှူဒါန်းနိုင်ပါတယ်။ အိမ်နဲ့ နေထိုင်ရာနေရာတွေ ဆုံးရှုံးခဲ့ရသူတွေအတွက်လည်း ပြန်လည်ထူထောင်နေတဲ့ကာလအတွင်း လုံခြုံစွာ နေထိုင်နိုင်ဖို့ ယာယီနေရာထိုင်ခင်းနဲ့ ခိုလှုံရာနေရာတွေ ပံ့ပိုးပေးနိုင်ပါတယ်။ အရေးကြီးတာက ကိုယ်လှူဒါန်းလိုက်တဲ့ ပစ္စည်းတွေဟာ အဲ့ဒီဒေသရဲ့ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေအတွက် သင့်လျော်ပြီး တကယ်အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။ " ပရဟိတဆိုတာ လှူဒါန်းခြင်းထက်ပိုတဲ့ကူညီခြင်းပါ " # content _by_ Rona

photo content

CONFIDENCE IS NOT LOUD♥️ "ချောတဲ့ကောင်မလေးတိုင်းမှာ Confidence ရှိတာမဟုတ်ပေမယ့် Confidence ရှိတဲ့ကောင်မလေးတိုင်းက ပိုပြီးဆွဲဆောင်မှုရှိတယ် ဆိုတာ သင်သိပါသလား? " ဒီနေ့ခေတ်မှာ အလှအပတစ်ခုတည်းမဟုတ်ဘဲ အရည်အချင်းတွေပါယှဉ်ပြိုင်မှုများလာတာကြောင့် Confidence ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့က အရေးကြီးတဲ့အရာတစ်ခုဖြစ်လာပါတယ်။ ဒါဆို Confidence ရှိတယ်ဆိုတာ ဘယ်လိုမျိုးလဲ? Confidence ရှိတဲ့သူဆိုတာ "ငါ Confidence ရှိတယ်" လို့ အမြဲပြောနေတဲ့သူ မဟုတ်သလို၊ ဇွတ်ချေပြနေတာ၊ လူတိုင်းထက်သာအောင်ပြနေတာလည်း မဟုတ်ပါဘူး။ " Because confidence is not loud. It is quiet, calm, and genuine " How to become a confident person? 1. ကိုယ့်အရည်အချင်းကို မြှင့်တင်ပါ။ ကိုယ်ဘယ်နယ်ပယ်မှာပဲရှိနေပါစေ ကိုယ်လုပ်တဲ့အလုပ်ကို ကျွမ်းကျင်အောင်လုပ်ပါ။ ဥပမာ - ကိုယ်က Video Editor ဆိုရင် Editing Skill ကို အမြဲလေ့လာပြီး တိုးတက်အောင်လုပ်ပါ။ ကိုယ့်ရဲ့ Skill ၊ ကိုယ့်ကိုယုံကြည်လာတဲ့အခါ ကိုယ်လုပ်တဲ့အလုပ်နဲ့ပတ်သက်ရင်Confidence ရှိလာပါလိမ့်မယ်။ 2. ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ ဒီခေတ်မှာ ရုပ်ရည်၊ ငွေကြေး၊ အောင်မြင်မှု စတဲ့အရာတွေကို နှိုင်းယှဉ်မိတာထူးဆန်းတဲ့အရာ‌တော့မဟုတ်ပါဘူး ။ ဒါပေမယ့် အဲ့ဒီနှိုင်းယှဉ်မှုတွေက ကိုယ့်ရဲ့ Self-esteem ကို လျော့ကျစေတတ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေကြားမှာ ရုပ်ရည်ကို နှိုင်းယှဉ်ကြတာ များပါတယ်။ တစ်ချို့မိန်းကလေးတွေဆိုရင်ပြောကြပါတယ် " Pretty girl always win in love " ဆိုပြီးတော့ပေါ့။ ပြောချင်တာက ရုပ်ရည်လှပတိုင်းအချစ်ခံရတာမဟုတ်ပါဘူး ။ ရုပ်ချောပြီး ဖောက်ပြန်ခံလိုက်ရတဲ့အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်။ လူတစ်ယောက်အချစ်ခံရဖို့လိုအပ်တာက " Self Love " ပါ။ You can't expect others to love you if you don't love yourself . ထို့နည်းတူစွာပဲ တစ်ခြားသူကိုယ့်ကိုလေးစားတာ ခံချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံးလေးစားတတ်ဖို့လိုပါတယ်။ 3. ကိုယ်က လူတိုင်းရဲ့အာရုံစိုက်ခံရတဲ့သူ မဟုတ်ဘူးဆိုတာကို နားလည်ပါ။ တစ်နေ့တစ်နေ့... "ငါ့ကိုသူတို့ဘယ်လိုမြင်မလဲ?" ဆိုတဲ့အတွေးနဲ့ အချိန်အများကြီးကုန်နေတတ်ပါတယ်။ တကယ်တော့ လူတိုင်းမှာ ကိုယ့်ပြဿနာနဲ့ကိုယ်၊ ကိုယ့်ဘဝနဲ့ကိုယ် အလုပ်ရှုပ်နေကြတာပါ။ ကိုယ့်ကို အမြဲတမ်းစောင့်ကြည့်နေတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့်... "ငါဒါလုပ်လိုက်ရင် သူတို့ဘယ်လိုထင်မလဲ?" ဆိုတဲ့အတွေးကို လွှတ်ချလိုက်ပါ။ ကိုယ်လုပ်တဲ့အရာက ကိုယ့်ကိုယ်တိုင်နဲ့ တခြားသူတွေကို မထိခိုက်ဘူးဆိုရင် တခြားသူတွေရဲ့အမြင်ကြောင့် ကိုယ့်ကိုယ်ကို မတားဆီးပါနဲ့။ Confidence ဆိုတာ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်သိပြီး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ကာ အခြားသူတွေရဲ့အမြင်ထက် ကိုယ့်ရဲ့တိုးတက်မှုကို ပိုအာရုံစိုက်နိုင်တဲ့ စိတ်နေသဘောထားတစ်ခုပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမြဲတိုးတက်အောင်လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးပြီး နေ့ရက်တိုင်းကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူတစ်ယောက်အဖြစ်ဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်🍀 Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #ForTheFuture_Myanmar #YouthOrganization #Content_by_Phoo #Graphic_by_Smoothie

photo content

အမှောင်ထုထဲမှာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး... ✨ ဒီကနေ့ စက်တင်ဘာလ (၁၀) ရက်နေ့ဟာဆိုရင် "ကမ္ဘာတစ်ဝှမ်းတွင် မိမိကိုယ်ကိုအဆုံးစီရင်မှု တားဆီးကာကွယ်ရေးနေ့" (World Suicide Prevention Day) ပဲ ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ သတင်းလေးတွေကို ကြားရတဲ့အခါ "သူက စိတ်ပျော့ညံ့လို့ပါ" ဆိုပြီး အလွယ်တကူ အပြစ်တင်တတ်ကြပါတယ်။ တကယ်တော့ ဒါဟာ လူတစ်ယောက်ရဲ့ ပုဂ္ဂလိက အားနည်းချက် သက်သက်မဟုတ်ဘဲ သူ ဖြတ်သန်းနေရတဲ့ လူမှုရေးဖိအားတွေ၊ မိသားစုရဲ့ တင်းကျပ်မှုတွေ၊ အထီးကျန်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေက အဆုံးစွန်ထိ တွန်းပို့နေတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒီလို အသက်ရှင်ဖို့ ခက်ခဲနေတဲ့သူတွေအတွက် အကောင်းဆုံး ဆေးတစ်ခွက်ကတော့ "စာနာနားလည်မှု" လေးပါပဲ။ သင့်ဘေးနားမှာ စိတ်ဓာတ်ကျနေသူ၊ အထီးကျန်နေသူလေးတွေရှိရင်... 🤍 သူတို့နဲ့အတူ အနီးနားမှာ ရှိပေးပါ။ အထီးကျန်တာမျိုးမဖြစ်အောင် နွေးနွေးထွေးထွေး ဖေးမပေးပါ။ 🤍 ဝေဖန်မှုကင်းကင်းနဲ့ သူတို့ရင်ဖွင့်လာတဲ့ စကားလေးတွေကို သေချာနားထောင်ပေးပါ။ 🤍 "နင့်ခံစားချက်တွေကို ငါနားလည်ပါတယ်" ဆိုတဲ့ စာနာမှုမျိုးလေး ပြသပေးပါ။ 🤍 လိုအပ်လာရင် ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ချိတ်ဆက်နိုင်အောင် ကူညီပေးလိုက်ပါ။ သင့်အနေနဲ့ အခုချိန်မှာ အခက်အခဲတွေကြားထဲ ရုန်းကန်နေရတယ်ဆိုရင်လည်း သင်ဟာ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရပေးပါ။ အခက်အခဲတိုင်းဟာ အချိန်တစ်ခုရောက်ရင် ပြီးဆုံးသွားမှာဖြစ်သလို အမှောင်ဆုံးညတွေရဲ့အဆုံးမှာလည်း အတောက်ပဆုံးမနက်ခင်းနေ့သစ်တွေ အမြဲစောင့်ကြိုနေပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာမဆို အသက်ရှင်ဖို့ အကြောင်းပြချက်လေးတွေက သင့်ပတ်ဝန်းကျင်မှာ ရှိနေဆဲပဲဆိုတာကို မမေ့လိုက်ပါနဲ့။ အားလုံးပဲ လက်တွဲပြီး အမှောင်ထုထဲကနေ အလင်းရောင်ရှိရာဆီ အတူတူ လျှောက်လှမ်းကြရအောင်။ 🌻 Edu Page Link Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk Telegram - https://t.me/for_the_future_edu_mm Main Page Link Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL Telegram - https://t.me/For_The_Future_Myanmar Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #ForTheFuture_Myanmar #YouthOrganization #content_by_htet

သင်က လမ်းပျောက်နေတာ မဟုတ်ပါဘူး။ သင်က သင့်ရှေ့က လူပေါင်းများစွာလိုပဲ လမ်းဆုံတစ်ခုမှာ ရပ်နေရုံပါ။ လမ်းဆုံကနေ ပြီးပြည့်စုံတဲ့ အနာဂတ်တစ်ခုကို ရှာတွေ့နိုင်တဲ့လမ်းကို ချက်ချင်းသိဖို့လည်း မလိုအပ်ပါဘူး။ ဘယ်လမ်းက ကိုယ်နဲ့ ကိုက်ညီမလဲဆိုတာကို ရှာဖွေလေ့လာဖို့က အချိန်ယူရပါတယ်။ ဆက်လက် ရှာဖွေနေဖို့ပဲ လိုအပ်တာပါ။

photo content

5. Technical Communication (လုပ်ငန်းအတတ်ပညာ ဆက်သွယ်ခြင်း) ကွန်ပျူတာနဲ့ ထိန်းချုပ်ထားတဲ့ ရောင်ခြည်ကုထုံးစက် Therac-25 မတော်တဆမှုတွေက အသုံးပြုသူလက်စွဲ (User Manual) မပြည့်စုံလို့ကြောင့်လည်း ပါတယ်ဆိုတာကို သိကြလားနော်။ technical communication က ရှုပ်ထွေးတဲ့ အချက်အလက်တွေကို မှန်ကန်ရှင်းလင်းတိကျပြီး နားလည်ရလွယ်တဲ့ပုံစံ ပြောင်းလဲပေးတာပဲ ဖြစ်ပါတယ်။ ပညာရှင်တွေနဲ့ သာမန်သုံးစွဲသူတွေကြားက ပေါင်းကူးတံတားလေးလိုပေါ့။  လက်စွဲစာအုပ်နဲ့ ညွှန်ကြားချက်တွေကို ဘယ်လို ရေးဆွဲမလဲ (Documentation and Manuals)? စာရေးရင် ရှင်းလင်းပြီး မှန်ကန်အောင် ဘယ်လို ရေးမလဲ (Editing, Rewriting and Copyreading)? ခက်ခဲတဲ့ အချက်အလက်တွေကို လူတွေ နားလည်လွယ်အောင် ဘယ်လို ရေးမလဲ (Plain Language in Government, Medical, and Business Writing)? စတာတွေကို လေ့လာရမှာပါ။ ကိုယ်က သိချင်စိတ်၊ လေ့လာလိုစိတ် များပြီး ခက်ခဲတဲ့ အကြောင်းအရာတွေကို သူများ နားလည်လွယ်အောင် ရှင်းပြရတာနဲ့ လူတွေ သင်ယူလို့ရအောင် ကူညီပေးရတာကို ကြိုက်တယ်ဆိုရင် ဒီမေဂျာလေးက သင်နဲ့ သင့်တော်မှာပါ။  အလုပ်အကိုင် Technical Writer သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း လက်စွဲစာအုပ်နဲ့ ညွှန်ကြားချက်လိုမျိုး technical material တွေကို ရေးသား၊ ပြုပြင်ရပါတယ်။ ထုတ်ကုန်နည်းပညာ၊ ထုတ်လုပ်ပုံတွေနဲ့ ရင်းနှီးအောင် သက်ဆိုင်တဲ့သူတွေကို တွေ့ဆုံမေးမြန်း၊ စာရွက်စာတမ်းတွေ ဖတ်တာနဲ့ လုပ်ငန်းစဥ်တွေကို လက်တွေ့ လေ့လာတာတွေ လုပ်ရပါတယ်။  Average annual salary: $90,390 (2025) Minimum degree required: Associate’s Marketing Manager ဌာနခေါင်းဆောင်တွေ ဝန်ထမ်းတွေနဲ့ ဈေးကွက်ရှာဖွေရေးဗျူဟာ အစရှိတာတွေ တိုင်ပင်ဆွေးနွေးပြီး အရောင်းမြှင့်တင်ရေးလှုပ်ရှားမှု စည်းရုံးရေးတွေ စီစဥ်ပါတယ်။ ဈေးကွက်ကို လေ့လာတာကနေ ရလာတဲ့ ရှာဖွေတွေ့ရှိမှုတွေကို အသုံးပြုပြီး ဈေးဝယ်သူနဲ့ ဈေးကွက်အခွင့်အလမ်းတွေကို နားလည်အောင် လုပ်ပါတယ်။ Average annual salary: $166,790 (2025) Minimum degree required: Bachelor’s Market Research Analyst ဈေးဝယ်သူရဲ့ ဝယ်ယူမှု အလေ့အထတွေ၊ အချက်အလက်တွေ၊ လိုအပ်ချက်တွေနဲ့ အကြိုက်တွေကို စုဆောင်း လေ့လာပြီး ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ သို့မဟုတ် ဝန်ဆောင်မှုတွေကို ဝယ်လိုအားများအောင် လုပ်ဆောင်ပေးရပါတယ်။  Average annual salary: $78,760 (2025) Minimum degree required: Bachelor’s

photo content

4. Genetic Counseling (မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများအတွက် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း)  မျိုးဗီဇကုထုံး (Gene Therapy) မှာဆိုရင် ချို့ယွင်းမှုရှိတဲ့ မျိုးရိုးဗီဇတွေကို ကောင်းမွန်တဲ့ မျိုးရိုးဗီဇတွေနဲ့ လဲလှယ်ပြီး တချို့ မျိုးရိုးလိုက်တဲ့ ရောဂါတွေကို ပျောက်အောင် ကုလို့ ရနေပါပြီနော်။ မျိုးဗီဇဆိုင်ရာ ရောဂါအခြေအနေများအတွက် နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်းဆိုတာ မျိုးရိုးစဥ်ဆက် ရောဂါတွေက ကိုယ်နဲ့ ကိုယ့်မိသားစုရဲ့ ကျန်းမာရေးကို ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ ဆိုတာကို နားလည်အောင် လုပ်ပေးတာပါ။  ဘာတွေကို လေ့လာရမလဲဆိုရင်တော့ မျိုးဗီဇတွေက ကျန်းမာရေးနဲ့ ရောဂါကို ဘယ်လို ခြယ်လှယ်ကြသလဲ (Medical Genetics)? မျိုးရိုးဗီဇစစ်ဆေးမှုတွေက ရောဂါတွေကို ဘယ်လို မျိုး ရှာဖွေခန့်မှန်းကြသလဲ (Genetic Testing)? ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနဲ့ လွတ်လပ်စွာ မျိုးပွားခွင့်ကို လူ့အဖွဲ့အစည်းက ဘယ်လို ဟန်ချက်ညီအောင် လုပ်သင့်သလဲ (Genetics & Bioethics)? စတဲ့ မေးခွန်းတွေရဲ့ အဖြေကို မှတ်သားကြရမှာပါ။ သင်က ဇီဝဗေဒနဲ့ မျိုးရိုးဗီဇကို နှစ်သက်ပြီး လူတွေကို ခက်ခဲနေတဲ့ အချိန်မှာ ကူညီရတာ သဘောကျရင်တော့ genetic counseling ကိုလည်း သဘောတွေ့လိမ့်မယ် ထင်ပါတယ်။ အလုပ်အကိုင် General Genetic Counselor စိုးရိမ်ရတဲ့သူတွေကို မျိုးရိုးလိုက်တဲ့ ရောဂါအတွက် စစ်ဆေး၊ ရလဒ်တွေကို ကြည့်ရှုသုံးသပ်၊ ဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေကို ရှင်းပြပေးပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးတာ စတဲ့ ကိစ္စတွေကို ဆောင်ရွက်ပါတယ်။ Average annual salary: $100,040 (2025) Minimum degree required: Master’s Prenatal Genetic Counselor  မျိုးရိုးဗီဇချို့ယွင်းမှု မျိုးရိုးရှိတဲ့ အိမ်ထောင်ဖက်တွေကို ကိုယ်ဝန်မရခင် သို့မဟုတ် မီးမဖွားခင် စစ်ဆေးလို့ရတဲ့ နည်းတွေကို ပြောပြပေးတာ၊ ကလေးမှာ မျိုးရိုးလိုက်တဲ့ ရောဂါဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲ ရှင်းပြပေးတာ၊ ရွေးချယ်လို့ရတဲ့ မျိုးပွားမှု နည်းလမ်းတွေကို တိုင်ပင်ပေးတာ စတာတွေကို လုပ်ဆောင်ပေးပါတယ်။ Average annual salary: Similar to general genetic counselor Minimum degree required: Master’s Pediatric Genetic Counselor စိုးရိမ်ရတဲ့ ကလေးတွေရဲ့ မိသားစု ဆေးဘက်ဆိုင်ရာ မှတ်တမ်းကို သုံးသပ်တာ၊ မျိုးရိုးဆက်ခံထားတဲ့ ရောဂါ ဖြစ်နိုင်ချေကို စစ်ဆေးပေးပြီး ရလဒ်တွေကို နားလည်အောင် ရှင်းပြပေးတာနဲ့ တခြား သက်ဆိုင်တဲ့ အလုပ်တွေ လုပ်ကိုင်ပါတယ်။ Average annual salary: Similar to general genetic counselor Minimum degree required: Master’s

photo content

3. Industrial Design (စက်မှုဒီဇိုင်း) ကိုကာကိုလာရဲ့ ကွေ့ဝိုက်တဲ့ ပုံအသွင်အပြင်နဲ့ ဖန်ပုလင်း (Coca‑Cola Contour Bottle) ကနေ မီနီကူပါး (Mini Cooper) ကားတွေအဆုံး နေရာတိုင်းမှာ တွေ့ပြီး အမြဲအသုံးပြုနေရတဲ့ ပစ္စည်းတော်တော်များများက စက်မှုဒီဇိုင်းထုတ်ကုန်တွေပဲ ဖြစ်ကြပါတယ်။ စက်မှုဒီဇိုင်းဆိုတာ ထုတ်ကုန်တစ်ခုရဲ့ ပုံသဏ္ဍာန်၊ လုပ်ဆောင်ချက်၊ ထုတ်လုပ်ဖို့ အဆင်ပြေမပြေ စတာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ရင်း လူတွေရဲ့ နေ့စဥ်ဘဝကို လွယ်ကူအောင် လုပ်ဆောင်ပေးတာပါ။  ဒီမေဂျာလေးမှာတော့ ပစ္စည်းတစ်ခုရဲ့ ပုံစံ၊ အနေအထား၊ ပြုလုပ်တဲ့ပစ္စည်းက အသုံးပြုရတဲ့ အတွေ့အကြုံအပေါ်မှာ ဘယ်လို လွှမ်းမိုးမှု ရှိသလဲ (Design Studio)? လူတွေ တကယ်လိုအပ်နေတဲ့ ပစ္စည်းမျိုးကို ဘယ်လို ပုံဖော်ရမလဲ (Human Factors)? အများအပြားနဲ့ ထိထိရောက်ရောက် ထုတ်လုပ်လို့ရတဲ့ ထုတ်ကုန်တွေကို ဘယ်လို ရေးဆွဲမလဲ (Design and Manufacturing)? သင်က တီထွင်ဖန်တီးရတာ၊ ပိုကောင်းတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေရတာ၊ အနုပညာ၊ စီးပွားရေးနဲ့ အင်ဂျင်နီယာပညာကို ဝါသနာပါပြီး လူတစ်ဦးတစ်ယောက်ချင်းဆီနဲ့ ကိုက်ညီသင့်တော်တဲ့ အရာဝတ္ထုတွေကို ပြုလုပ်ချင်ရင်တော့ industrial design ကို သေချာပေါက် သဘောကျမှာပါ။  အလုပ်အကိုင် Ergonomist လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေး အချက်အလက်ကောက်ပြီး ပတ်ဝန်းကျင်၊ အဆောက်အဦတွေနဲ့၊ ထုတ်ကုန်တွေက ယေဘုယျအားဖြင့် စွမ်းဆောင်ရည်ကောင်းရုံတင်မကဘဲ လူတွေအတွက် ဘေးကင်းတယ်ဆိုတာ သေချာအောင် ပြုလုပ်ရတာ စတာတွေကို လုပ်ကိုင်ပါတယ်။ Average annual salary: $102,440 (2025) Minimum degree required: Bachelor’s Materials Engineer ကုန်ကြမ်းပစ္စည်းတွေနဲ့ အပြီးသတ်ထုတ်ကုန်တွေကို စမ်းသပ်ပြီး လိုအပ်တဲ့အရည်အသွေး မီအောင် လုပ်တာ၊ သတ္တုစပ်တွေကို ပိုကောင်းအောင်လုပ်တာ စတဲ့ အလုပ်တွေကို လုပ်ပါတယ်။ Average annual salary: $112,860 (2025) Minimum degree required: Bachelor’s Industrial Engineer ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ၊ ငွေချွေတာနိုင်မဲ့ နည်းလမ်းတွေ၊ ထုတ်ကုန်ပုံစံ အပြောင်းအလဲက အသုံးစရိတ်အပေါ်မှာ ရှိနိုင်တဲ့ သက်ရောက်မှုတွေကို ခန့်မှန်းပေးရတာနဲ့ စာရင်းအင်းတွေကို သုံးသပ်ပြီး စံနှုန်း သတ်မှတ်ပေးရတာအပြင် တခြား လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လုပ်ငန်းစဥ်တွေ တိုးတက်အောင် လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ Average annual salary: $102,440 (2025) Minimum degree required: Bachelor’s

photo content

2. Actuarial Science (အာမခံသိပ္ပံပညာ) COVID-19 တုန်းက အာမခံပုံစံ (Actuarial Model) တွေနဲ့ တကယ်ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို သုံးပြီး စမ်းသပ်ခန့်မှန်းကြည့်တဲ့အခါမှာ အာမခံကုမ္ပဏီတွေ ကာလသတ်မှတ်အာမခံ (Term Assurance) ပေးရတာက 29ရာခိုင်နှုန်းအထိ တက်သွားပြီး နှစ်စဥ်ကြေး (Annuity) ပေးရတာက 9ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ဒီလိုမျိုး ကပ်ဘေးတွေက လူတွေနဲ့ ဘဏ္ဍာရေးအပေါ်ကို ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတဲ့ မသေချာတဲ့ ကိစ္စတွေကို ခန့်မှန်းမှုလုပ်ဖို့ အာမခံသိပ္ပံပညာကို သုံးနိုင်ပါတယ်။  ဒီမေဂျာမှာတော့ အနာဂတ်မှာ အငြိမ်းစားငွေပေးဖို့အတွက် ရှိတဲ့ ပင်စင်ရန်ပုံငွေကို သုံးပြီး ဘယ်လို တွက်ချက်မလဲ (Actuarial Mathematics for Modelling)? ငွေကြေးဖောင်းပွမှုနဲ့ အတိုးနှုန်းတွေက လူတွေရဲ့ ဘဝတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလဲ (Business Economics)? အာမခံပညာရှင်တွေက ငွေကြေးဆုံးရှုံးနိုင်တဲ့ အလားအလာတွေကို စီးပွားရေးဦးဆောင်တဲ့သူတွေနဲ့ မူဝါဒချမှတ်တဲ့သူတွေ နားလည်အောင် ဘယ်လို ရှင်းပြသလဲ (Communications Practice)? စတာတွေကို အဖြေရှာရမှာပါ။ သင်က ကိန်းဂဏန်းတွေကို သဘောကျပြီး အနာဂတ်ကို ခန်းမှန်းရတာ ကြိုက်ရင်တော့ အာမခံသိပ္ပံပညာကိုလည်း အကြိုက်တွေ့မယ် ထင်ပါတယ်နော်။ အလုပ်အကိုင် Actuary actuary တွေက စာရင်းအင်းတွေနဲ့ တခြား အချက်အလက်တွေကို စုဆောင်းခွဲခြမ်းစိတ်ဖြာပြီး သေဆုံးတာ၊ မတော်တဆဖြစ်တာနဲ့ သဘာဝကပ်ဘေးဖြစ်တာလို အဖြစ်အပျက်တွေ ဖြစ်လာနိုင်ချေ၊ ကုန်ကျနိုင်တဲ့ ငွေကြေးပမာဏ၊ ကုမ္ပဏီမှာ ထားလို့ရတဲ့ အာမခံတွေရဲ့ဈေးကို သတ်မှတ်ပေးရတာ အစရှိတဲ့ အလုပ်တာဝန်တွေကို လုပ်ပေးရပါတယ်။ Average annual salary: $130,000 (2025) Minimum degree required: Bachelor’s Operations Research Analyst ပြဿနာတွေကို ဖော်ထုတ်ပြီးတော့ ရှာဖွေစုဆောင်းထားတဲ့ အချက်အလက်တွေအရ သင်္ချာပုံစံငယ်လေးတွေ စမ်းသပ်တည်ဆောက်ပြီး ရလဒ်တွေနဲ့ အကြံပြုချင်တာတွေကို တာဝန်ရှိသူတွေဆီ တင်ပြတာနဲ့ အခြားသော ကိစ္စတွေကို လုပ်ရပါတယ်။ Average annual salary: $88,940 (2025) Minimum degree required: Bachelor’s Data Scientist အသုံးဝင်မဲ့ အချက်အလက်တွေကို စုဆောင်းသုံးသပ်၊ algorithm တွေနဲ့ ပုံစံငယ်တွေကို စမ်းသပ်မွမ်းမံပြီး ရလာတဲ့ရလဒ်တွေကို အချက်အလက်တွေကို ပုံဖော်ပေးတဲ့ ဆော့ဖ်ဝဲ (Data Visualization Software) ကို သုံးပြီး သက်ဆိုင်တဲ့သူတွေကို တင်ဆက်၊ စီးပွားရေးအကြံပေးရတာ စတာတွေကို လုပ်ပါတယ်။ Average annual salary: $120,230 (2025) Minimum degree required: Bachelor’s