fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

For The Future Myanmar

For The Future Myanmar

رفتن به کانال در Telegram
7 964
مشترکین
+224 ساعت
+97 روز
-1130 روز

در حال بارگذاری داده‌ها

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '26
+62
در 1 کانال‌ها
سپتامبر '26
+94
در 1 کانال‌ها
Get PRO
اوت '26
+88
در 1 کانال‌ها
Get PRO
ژوئیه '26
+97
در 1 کانال‌ها
Get PRO
ژوئن '26
+127
در 2 کانال‌ها
Get PRO
مه '26
+130
در 1 کانال‌ها
Get PRO
آوریل '26
+106
در 1 کانال‌ها
Get PRO
مارس '26
+105
در 1 کانال‌ها
Get PRO
فوریه '26
+17
در 1 کانال‌ها
Get PRO
ژانویه '26
+73
در 1 کانال‌ها
Get PRO
دسامبر '25
+54
در 1 کانال‌ها
Get PRO
نوامبر '25
+69
در 1 کانال‌ها
Get PRO
اکتبر '25
+72
در 3 کانال‌ها
Get PRO
سپتامبر '25
+79
در 1 کانال‌ها
Get PRO
اوت '25
+61
در 1 کانال‌ها
Get PRO
ژوئیه '25
+107
در 2 کانال‌ها
Get PRO
ژوئن '25
+72
در 2 کانال‌ها
Get PRO
مه '25
+76
در 1 کانال‌ها
Get PRO
آوریل '25
+40
در 2 کانال‌ها
Get PRO
مارس '25
+84
در 2 کانال‌ها
Get PRO
فوریه '25
+122
در 2 کانال‌ها
Get PRO
ژانویه '25
+227
در 1 کانال‌ها
Get PRO
دسامبر '24
+213
در 0 کانال‌ها
Get PRO
نوامبر '24
+458
در 4 کانال‌ها
Get PRO
اکتبر '24
+133
در 1 کانال‌ها
Get PRO
سپتامبر '24
+310
در 1 کانال‌ها
Get PRO
اوت '24
+425
در 1 کانال‌ها
Get PRO
ژوئیه '24
+487
در 0 کانال‌ها
Get PRO
ژوئن '24
+777
در 3 کانال‌ها
Get PRO
مه '24
+573
در 1 کانال‌ها
Get PRO
آوریل '24
+406
در 0 کانال‌ها
Get PRO
مارس '24
+565
در 2 کانال‌ها
Get PRO
فوریه '24
+421
در 0 کانال‌ها
Get PRO
ژانویه '24
+609
در 0 کانال‌ها
Get PRO
دسامبر '23
+506
در 2 کانال‌ها
Get PRO
نوامبر '23
+153
در 2 کانال‌ها
Get PRO
اکتبر '23
+130
در 0 کانال‌ها
Get PRO
سپتامبر '23
+238
در 0 کانال‌ها
Get PRO
اوت '23
+149
در 0 کانال‌ها
Get PRO
ژوئیه '23
+266
در 0 کانال‌ها
Get PRO
ژوئن '23
+142
در 0 کانال‌ها
Get PRO
مه '23
+381
در 0 کانال‌ها
Get PRO
آوریل '23
+125
در 0 کانال‌ها
Get PRO
مارس '23
+311
در 0 کانال‌ها
Get PRO
فوریه '23
+286
در 0 کانال‌ها
Get PRO
ژانویه '23
+1 805
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
24 اکتبر+2
23 اکتبر+4
22 اکتبر+4
21 اکتبر+4
20 اکتبر+10
19 اکتبر+2
18 اکتبر+3
17 اکتبر+5
16 اکتبر+1
15 اکتبر+3
14 اکتبر0
13 اکتبر+1
12 اکتبر+1
11 اکتبر0
10 اکتبر+2
09 اکتبر0
08 اکتبر+2
07 اکتبر0
06 اکتبر+5
05 اکتبر+1
04 اکتبر+4
03 اکتبر+5
02 اکتبر0
01 اکتبر+3
پست‌های کانال
photo content

2
ဝတ်စားဆင်ယင်မှုက တကယ်ပဲ ရာဇဝတ်မှုတွေရဲ့ အဓိက ပြဿနာလား 🚨 အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို လူမှုအသိုင်းအဝိုင်းထဲက လူတချိုက "မင်း အဲဒီတုန်းက ဘာဝတ်ထားခဲ့သလဲ...?" ဆိုတဲ့ ခါးသီးလွန်းတဲ့ မေးခွန်းတစ်ခု ထုတ်တတ်ကြပါတယ်။ 🗓 လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ အမေရိကန်ပြည်ထောင်စု၊ Kansas တက္ကသိုလ်အတွင်း “What Were You Wearing?” ဆိုတဲ့ အနုပညာပြပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပြပွဲမှာ - • အသက် ၈ နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ ကာတွန်းရုပ်ပုံပါ ညဝတ်အင်္ကျီ • သေချာချုပ်လုပ်ထားတဲ့ စစ်တပ်ယူနီဖောင်း • ခန္ဓာကိုယ်အပြည့် လုံခြုံအောင် ဖုံးအုပ်ထားတဲ့ တီရှပ်နဲ့ ဘောင်းဘီရှည် စတာတွေကို ခင်းကျင်းပြသခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီအရာတွေက ဖက်ရှင်ပြပွဲတစ်ခုရဲ့ ထူးခြားဆန်းပြားတဲ့အဝတ်အထည်တွေ မဟုတ်ကြပါဘူး။ မုဒိမ်းကျင့်ခံရစဉ်မှာ ကျူးလွန်ခံရသူတွေ တကယ်ဝတ်ဆင်ထားခဲ့တဲ့ အဝတ်အစားတွေပဲ ဖြစ်ပါတယ်။ ဒီပြပွဲက ဘာကို ဖော်ပြနေလဲဆိုရင်  👉🏻 အဝတ်အစားဆိုတာ ရာဇဝတ်မှုပြုလုပ်ဖို ဖိတ်ခေါ် နေတဲ့အရာ မဟုတ်ဘူး ❗️ 👉🏻 ကိုယ်ကြိုက်နှစ်သက်တဲ့ အဝတ်အစားကို ဝတ်ဆင်ခြင်းက "ငါ့ကို အကြမ်းဖက်ပါ" လို သဘောတူညီလိုက်တာ လုံးဝ မဟုတ်ဘူး ❗️ဆိုတဲ့ အကြောင်းအရာနဲ့ အဝတ်အစားဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပြီး အဓမ္မပြုကျင့်ခြင်းဆိုတာက ကျူးလွန်ပိုင်ခွင့်မရှိတဲ့ အနိမ့်ကျဆုံး "ရာဇဝတ်မှု" တစ်ခုဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြခဲ့တာပါ။ လူတစ်ယောက်က ဘယ်လိုပဲဝတ်ဆင်ထားပါစေ၊ Social Media မှာ ဘယ်လိုပဲ ခေတ်ရေစီးကြောင်းအတိုင်း နေထိုင်ပြုမူနေပါစေ၊ တစ်ဖက်လူရဲ့ သဘောဆန္ဒမပါဘဲ ထိပါးနှောင့်ယှက် အကြမ်းဖက်ပိုင်ခွင့် လုံးဝမရှိပါဘူး 🙅🏻‍♀️ မှုခင်းဗေဒ လေ့လာချက်တွေအရ မုဒိမ်းမှုဆိုတာ စိတ်ဆန္ဒကြောင့် ဖြစ်ပွားခြင်းထက် "တစ်ဖက်လူကို ထိန်းချုပ်လိုစိတ်၊ အနိုင်ကျင့်လိုစိတ်နဲ့ အာဏာပြလိုစိတ်" တွေကြောင့် ဖြစ်ပွားတဲ့ ရာဇဝတ်မှုတစ်ခုသာ ဖြစ်ပါတယ်။ ကျူးလွန်သူတွေဟာ ဝတ်စားဆင်ယင်မှုထက် လူတစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အကူအညီမဲ့နေချိန်တွေမှာ အားနည်းချက်ကိုချနင်းပြီး ချောင်းမြောင်းကျူးလွန်ကြတာပါ 🚨 ဒါကြောင့် မုဒိမ်းမှုဆိုတာ အဝတ်အစားကြောင့် ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာကိစ္စ လုံးဝ မဟုတ်ပါဘူး။ ❌ ❌ ❌ အာဏာနဲ့ အနိုင်ကျင့်လိုစိတ်ကို အခြေခံထားတဲ့ "လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု" စစ်စစ်သာ ဖြစ်ပါတယ်။ ဒီတော့ ကျူးလွန်ခံရသူရဲ့ အဝတ်အစားနဲ့ ပြုမူနေထိုင်ပုံတွေကို လက်ညှိးထိုး အပြစ်ထိုင်ဖို နေလိုကတော့  ဒီလိုပြဿနာတွေက ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်သူကိုသာ ထိရောက်စွာ အပြစ်ပေး၊ တားဆီးနိုင်မှသာ တကယ့် လုံခြုံစိတ်ချရတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခု ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ‼️ အဝတ်အစားဆိုတာ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ဖြစ်ပြီး အဓမ္မပြုကျင့်ခြင်းဆိုတာကတော့ ဆိုးရွားတဲ့ ရာဇဝတ်မှုတစ်ခုသာ ဖြစ်ပါတယ်။ #ForTheFuture_Myanmar #YouthOrganization #Research_by_MayZarni #Content_by_Kyawt #Graphic_by_MayZarni
336
3
Department of Operation Project Creation - https://forms.gle/1jQRBnfkrCsf5Ehv9 Research & Development - https://forms.gle/c6y
Department of Operation Project Creation - https://forms.gle/1jQRBnfkrCsf5Ehv9 Research & Development - https://forms.gle/c6yk6HVzEDtfAVFBA
419
4
Human Resources Department Human Resources - https://forms.gle/mYayZvNtwWhnQSSQ7 Training & Development - https://forms.gle/P
Human Resources Department Human Resources - https://forms.gle/mYayZvNtwWhnQSSQ7 Training & Development - https://forms.gle/PTknS486dtELChNt7
380
5
Education Department Debate Club Facilitator - https://forms.gle/ku1K7twd6opNvnvJ8 Reading & Speaking Club Facilitator - http
Education Department Debate Club Facilitator - https://forms.gle/ku1K7twd6opNvnvJ8 Reading & Speaking Club Facilitator - https://forms.gle/4cyDc722jx3QABDDA Speaking Club Facilitator - https://forms.gle/hA38SxrjNGU8aPAAA
347
6
Department of Publishing Media & Public Relations - https://forms.gle/hGDDUwXcHcpYuZEFA Content Writer - https://forms.gle/Pn
Department of Publishing Media & Public Relations - https://forms.gle/hGDDUwXcHcpYuZEFA Content Writer - https://forms.gle/PnfEmBi3WrkkNQjb8 Graphic Designer - https://forms.gle/NxdEducfLTBS3LS37
345
7
بدون متن...
356
8
🚀 Volunteer Calling (Batch 19) 📣 ကိုယ်ဝါသနာပါတဲ့ နယ်ပယ်မှာ အတွေ့အကြုံသစ်တွေ ရယူရင်း ကိုယ့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့ အခွင့်အရေးကောင်းတစ်ခုကို လက်မလွှတ်လိုက်ပါနဲ့! ✨ 💁🏻‍♀️ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်မှာ လက်တွေ့အတွေ့အကြုံတွေ ရယူချင်တယ်၊ ကိုယ့်ရဲ့ အရည်အချင်းနဲ့ စိတ်ကူးစိတ်သန်းတွေကို အသုံးချရင်း လူငယ်တွေနဲ့အတူ လေ့လာသင်ယူပြီး တိုးတက်ချင်တယ်ဆိုရင် 𝗙𝗼𝗿 𝗧𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ Volunteer Recruitment (Batch 19) ကနေတစ်ဆင့် ပါဝင်လိုက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 💗 ဒီ Volunteer Program လေးမှာ ပါဝင်ခြင်းအားဖြင့် ကိုယ့်ရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှုတွေအတိုင်း သက်ဆိုင်ရာ Team တွေမှာ ပါဝင်လုပ်ကိုင်ရင်း Teamwork၊ Communication၊ Leadership နဲ့ အခြား Soft Skills တွေကိုလည်း တိုးတက်လာစေမှာ ဖြစ်ပါတယ်။ 🤝🏻 📌 Batch 19 အတွက် ခေါ်ယူသွားမယ့် Positions လေးတွေကတော့… ✍🏻 Content Writer 🎨 Graphic Designer 👥 Human Resources Team 📸 Media and Public Relations Team 📚 Training & Development Team 🔍 Research & Development Team 💡 Project Creation Team 🗣️ Debate Club Facilitators 📚 Reading & Speaking Club Facilitators 🎙️ Speaking Club Facilitators 🌱 ဘယ်လိုလူမျိုးတွေ လျှောက်ထားသင့်လဲ? ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်မှာ အတွေ့အကြုံတွေ ရယူချင်သူ၊ အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ စိတ်အားထက်သန်သူ၊ Team နဲ့အတူ ပူးပေါင်းလုပ်ဆောင်ရင်း ကိုယ့်ရဲ့ အရည်အချင်းတွေကို မြှင့်တင်ချင်သူ လူငယ်တွေအားလုံး လာရောက်လျှောက်ထားနိုင်ပါတယ်နော်။ 🫶🏻 အတွေ့အကြုံရှိပြီးသားသူတွေသာမက အသစ်တွေကို စတင်လေ့လာချင်သူတွေအတွက်လည်း ကိုယ်ဝါသနာပါတဲ့ နယ်ပယ်မှာ ခြေလှမ်းသစ်တွေ စတင်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ 💫 💌 ကိုယ်နဲ့ကိုက်ညီမယ့် Position လေးကို ရွေးချယ်ပြီး 𝗙𝗼𝗿 𝗧𝗵𝗲 𝗙𝘂𝘁𝘂𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 နဲ့အတူ ခရီးသစ်တစ်ခုကို စတင်လိုက်ကြရအောင်! ကိုယ့်ရဲ့ အရည်အချင်းတွေကို မျှဝေရင်း အတွေ့အကြုံသစ်တွေ ရယူဖို့နဲ့ အတူတူတိုးတက်ဖို့ အဆင်သင့်ဖြစ်ပြီလား? 👀 ဒါဆို...ကိုယ်သင်ယူချင်တဲ့အရာတွေကို သင်ယူရင်း ကိုယ်တတ်မြောက်ထားတာတွေကိုလည်း မျှဝေနိုင်ဖို့ For The Future Myanmar နဲ့အတူ လက်တွဲလိုက်ကြရအောင်နော်။ 💌 ‼️ Application Deadline ကတော့ အောက်တိုဘာလ  ၂၇ ရက်နေ့ဖြစ်ပြီး အချက်အလက်တွေကို မှန်မှန်ကန်ကန် ဖြည့်ပေးဖို့လည်း မမေ့ပါနဲ့နော်။ ‼️ Interview ကိုတော့ အောက်တိုဘာလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များမှာ ကျင်းပသွားမှာဖြစ်ပြီး မိမိဖြေဆိုရမယ့် ရက်နဲ့အချိန်အတိအကျကိုတော့ သက်ဆိုင်ရာ Email လိပ်စာအသီးသီးကနေ ပေးပို့အကြောင်းကြားသွားမှာပဲ ဖြစ်ပါတယ်။ ‼️ ရွေးချယ်ခံရသူများကိုလည်း အောက်တိုဘာလ ၃၁ ရက်နေ့မှာ Email မှတဆင့် ပြန်လည်ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် ပိုမိုသစ်လွင်တဲ့ အနာဂတ်ကို ဖော်ဆောင်ချင်တဲ့ စေတနာ့ဝန်ထမ်းများကို "For The Future-Myanmar" အဖွဲ့သားများက နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်။ Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #ForTheFuture_Myanmar #YouthOrganization #Content_by_Snowy #Graphic_by_PaPhyoe
366
9
+1
بدون متن...
831
10
"မန္တလေးမှာ (၃) ရက်တာ (အခမဲ့) ချည်ထိုးသင်တန်း ရှိတယ်ဆိုတာ သိပြီးကြပြီလား..."📢 ဟုတ်ပါတယ်....အပ်ချုပ်၊ ပန်းထိုးဝါသနာပါသူတွေနဲ့ 𝐒𝐤𝐢𝐥𝐥 အသစ်တစ်ခုကို စိတ်ပါဝင်စားစွာ လေ့လာချင်တဲ့ လူငယ်တွေအတွက် မန္တလေးမှာ ပြုလုပ်သွားမယ့် "လက်ရာနုနု" ဆိုတဲ့ 𝟑 𝐃𝐚𝐲𝐬 𝐄𝐦𝐛𝐫𝐨𝐢𝐝𝐞𝐫𝐲 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 လေး ရောက်ရှိလာပါပြီ! 🧶 ဒီ (၃) ရက်တာ ကာလအတွင်းမှာတော့ အရောင်စုံ အပ်ချည်မျှင်လေးတွေနဲ့အတူ စိတ်ကူးကွန့်မြူးပြီး ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ လက်တွေ့ ဖန်တီးခွင့်ရရှိမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝါသနာတူ သူငယ်ချင်းအသစ်တွေနဲ့လည်း တွေ့ဆုံပြီး ကိုယ်ပိုင်စိတ်ကူးသစ်လေးတွေ ဖလှယ်ခွင့်ရရှိမယ့် အခွင့်အရေးလည်း ရှိသေးတယ်နော်။ ဒီ 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 မှာ ပါဝင်ခြင်းအားဖြင့် ဘာတွေရရှိသွားမှာလဲ❓ 🌷 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐬𝐤𝐢𝐥𝐥 အသစ်တစ်ခုကို အခြေခံမှစပြီး လေ့လာခွင့်၊ 🌷 လက်တွေ့ချည်ထိုးနည်းကို (အခမဲ့) လေ့ကျင့်ခွင့်၊ 🌷 ကိုယ့်ရဲ့ စိတ်ကူးနှင့် ဖန်တီးနိုင်စွမ်းကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ 🌷 ကိုယ်တိုင် ဖန်တီးထားတဲ့ 𝐇𝐚𝐧𝐝𝐦𝐚𝐝𝐞 လက်ရာလေးတွေကို အမှတ်တရ သိမ်းဆည်းခွင့်နဲ့ 🌷 ဝါသနာတူ မိတ်ဆွေအသစ်များနှင့် ရင်းနှီးကျွမ်းဝင်ခွင့်တို့ ရရှိသွားမှာပဲ ဖြစ်ပါတယ်။ 𝐓𝐢𝐭𝐥𝐞: လက်ရာနုနု 🌸 🕙 𝐓𝐢𝐦𝐞: 𝟏𝟎:𝟎𝟎 𝐀𝐌 - 𝟒:𝟎𝟎 𝐏𝐌 🗓 𝐃𝐚𝐭𝐞: 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝟐, 𝟑, 𝟒 - 𝟐𝟎𝟐𝟔 🔎 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 (ရွေးချယ်ခံရသူများကို တည်နေရာ အသေးစိတ်အား 𝐄𝐦𝐚𝐢𝐥 မှတစ်ဆင့် ထပ်မံ အကြောင်းကြားပေးပါမည်။) 💵 𝐅𝐞𝐞𝐬: (အခမဲ့) လေ့လာခွင့်။ ဒီ 𝐖𝐨𝐫𝐤𝐬𝐡𝐨𝐩 ကို ဘယ်လိုလူတွေ တက်ရောက်လို့ရလဲ ❓ ✅ အသက် (၁၈) နှစ်မှ (၃၀) နှစ်အတွင်း ဖြစ်ရပါမယ်။ ✅ လက်ရှိ မန္တလေးမြို့အတွင်း နေထိုင်သူ ဖြစ်ရပါမယ်။ ✅ ချည်ထိုး၊ ပန်းထိုးနဲ့ လက်မှုပညာကို စိတ်ဝင်စားသူ ဖြစ်ရပါမယ်။ ✅ သင်တန်းကာလ အစမှ အဆုံးအထိ စိတ်အားထက်သန်စွာ ပါဝင်သင်ယူနိုင်မည့်သူ ဖြစ်ရပါမယ်။ ကဲ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီလို ရခဲလှတဲ့ အခွင့်အရေးကြီးကို လက်လွှတ်မခံဘဲ အခုပဲ 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 ဖြည့်ပြီး လျှောက်ထားလိုက်တော့နော် 👇👌 📩 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤: https://forms.gle/D1Fd3cKBfFWEYu2w8 ⏰ လျှောက်လွှာပိတ်ရက်: 𝟐𝟖.𝟏𝟎.𝟐𝟎𝟐𝟔 (𝟏𝟏:𝟓𝟗 𝐏𝐌, 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲) ‼️ လျှောက်ထားသူများထဲမှ လူဦးရေ အယောက် (၃၀) တိတိကိုသာ စိစစ်ရွေးချယ်ပြီး လက်ခံသွားမှာဖြစ်တာကြောင့် ဖောင်ပိတ်ရက်မတိုင်ခင် အမြန်ဆုံး လျှောက်ထားကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်နော်။ Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW #ForTheFuture_Myanmar #YouthOrganization #latyarnunu #Content_by_AlizanAung #Graphic_by_Smoothie
680
11
بدون متن...
647
12
နေ့စဉ်ဘဝမှာ အခုလို အလေ့အကျင့်ကောင်းလေးတွေကို မွေးမြူသွားမယ်ဆိုရင် ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲနော်။ Futureseers လေးတို့အနေနဲ့ရော ဒီအလေ့အကျင့်ကောင်းတွေထဲက ဘယ်အချက်လေးကို အရင်ဆုံး စတင်လုပ်ကြည့်ဖြစ်မလဲ? ကိုယ်တိုင် လက်တွေ့လုပ်ဖြစ်နေတဲ့ ကိုယ်ပိုင် ကျန်းမာရေး အလေ့အကျင့်လေးတွေ ရှိရင်လည်း Comment မှာ မျှဝေပေးသွားပါဦးနော်။ Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW ‎ #ForTheFuture_Myanmar #youthorganization #Content_by_Htet #Design_by_Jacob #ForTheFuture_Myanmar #YouthOrganization
580
13
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း မိမိရဲ့ ကိုယ်ရောစိတ်ပါကျန်းမာနေဖို့က အရာရာထက် အရေးကြီးလှပါတယ်။ အိပ်ရေးဝဝ အိပ်ပြီး၊ အစားလည်း ပုံမှန်စားနေပေမဲ့ ကျန်မာရေးမကောင်းသလို၊ လန်းဆန်းသင့်သလောက် မလန်းဆန်းဘဲ ပင်ပန်းနွမ်းနယ်နေသလို ခံစားမိကြဖူးလား။  ကျန်းမာရေးကောင်းမွန်ဖို့ဆိုတာ တစ်ခဏတာ လုပ်ရမယ့်အရာမဟုတ်ဘဲ နေ့စဉ်ပုံမှန်လုပ်ဆောင်ရမယ့် ဘဝနေထိုင်မှုပုံစံ တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် မနက်အိပ်ရာနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အထိ ကိုယ်ရောစိတ်ပါ ကျန်းမာလန်းဆန်းနေစေဖို့ ဘယ်လိုနေထိုင်စားသောက်ရမလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။ ၁။ နေ့တစ်နေ့ကို တက်ကြွစွာ စတင်ခြင်း မနက်အိပ်ရာနိုးတာနဲ့ ဖုန်းအရင်သုံးမယ့်အစား ခန္ဓာကိုယ်ကို လှုပ်ရှားပေးတာက တစ်နေ့တာလုံးအတွက် ခွန်အားဖြစ်စေပါတယ်။ ညဘက်အိပ်ရာဝင်ချိန်မှာ တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေဖို့ အကြောလျှော့ လေ့ကျင့်ခန်းလေးတွေ အရင်လုပ်ပေးပါ။ အဲ့ဒီနောက် လတ်ဆတ်တဲ့လေကိုရှူရှိုက်ရင်း လမ်းလျှောက်တာ၊ ပြေးတာ စတဲ့ သွေးပူလေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ဒါ့အပြင် မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ရင်း မနက်ခင်း နေရောင်ခြည်နုနုလေးကို ခံယူပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin D ရရှိစေရုံသာမက ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ကိုလည်း အများကြီး အထောက်အကူပြုပါတယ်။ ၂။ ရေလုံလောက်စွာသောက်ခြင်း (Hydration) မနက်နိုးနိုးချင်း ရေတစ်ခွက်သောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းကို သန့်စင်စေပြီး ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ တစ်နေ့တာလုံးမှာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ် အလုံအလောက်ရအောင် ရေကို အမြဲ ဆောင်ထားပြီး ပုံမှန်သောက်ပေးဖို့ မမေ့ပါနဲ့နော်။ ၃။ မှန်ကန်တဲ့ အာဟာရကို ရွေးချယ်ခြင်း ကျန်းမာဖို့အတွက် အစားအသောက်က အဓိကကျပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ သွေးအားနည်းတတ်တဲ့သူတွေအတွက်ဆိုရင် သံဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေကို သေချာရွေးချယ်စားသုံးပေးဖို့ လိုအပ်ပါတယ်။ သွေးအားနည်းသူတွေအတွက် အနီရောင်အသားတွေ၊ အသည်း၊ ပဲအမျိုးမျိုးနဲ့ ဟင်းနုနွယ်၊ ကန်စွန်းရွက်လို အစိမ်းရောင်ရင့်ရင့် ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားပေးသင့်ပါတယ်။ ဒါ့အပြင် သံဓာတ်စုပ်ယူမှုကို အားကောင်းစေဖို့ ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ ရှောက်သီး စတာတွေကိုပါ တွဲဖက်စားသုံးပေးသင့်ပါတယ်။ ၄။ တစ်နေ့တာအတွင်း အနားယူမှု အလုပ်လုပ်ချိန်ပဲဖြစ်ဖြစ်၊ စာလုပ်နေချိန်ပဲဖြစ်ဖြစ် တစ်နေကုန် ထိုင်ခုံမှာချည်း ထိုင်မနေဘဲ ခဏတဖြုတ် ထလမ်းလျှောက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ Screen တွေကို ကြာကြာကြည့်ရတဲ့သူတွေဆိုရင် မျက်စိကို ခဏအနားပေးတဲ့အနေနဲ့ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ လောက် လှမ်းကြည့်ပေးတဲ့ 20-20-20 Rule လေးကိုလည်း ကျင့်သုံးပေးနိုင်ပါတယ်။ အစိမ်းရောင်နဲ့ အပြာနုရောင်တွေကို ကြည့်ပေးတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ ၅။ အိပ်ချိန်စီမံခန့်ခွဲမှုနဲ့ ကောင်းမွန်စွာ အိပ်စက်ခြင်း ခန္ဓာကိုယ်က အိပ်စက်ချိန်မှာ ပြန်လည်အားဖြည့်ပေးတာဖြစ်လို့ အိပ်ချိန် မှန်ကန်ဖို့က အရမ်းအရေးကြီးပါတယ်။ အိပ်မပျော်တဲ့ ညတွေအတွက် အောက်ပါနည်းလမ်းလေးတွေကို စမ်းကြည့်နိုင်ပါတယ်။ အချိန်ပိုင်းခြားခြင်း - အစားစားတဲ့အချိန်နဲ့ အိပ်တဲ့အချိန်ကို အနည်းဆုံး ၂ နာရီကနေ ၃ နာရီလောက် ခွာထားပါ။ ဗိုက်အရမ်းတင်းနေရင် အိပ်ရခက်စေပါတယ်။ Screen Time လျှော့ချခြင်း - မအိပ်ခင် ၁ နာရီလောက်အလိုကတည်းက ဖုန်း၊ ကွန်ပျူတာ စတဲ့ Screen တွေကို ကြည့်တာ ရပ်တန့်လိုက်ပါ။ စိတ်ကို တည်ငြိမ်အောင်ထားခြင်း - အိပ်ရာမဝင်ခင် တရားထိုင်တာဖြစ်ဖြစ်၊ စာအုပ်ဖတ်တာဖြစ်ဖြစ် လုပ်ပေးတာက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး အိပ်ပျော်လွယ်စေပါတယ်။ အသံများဖြင့် အကူအညီယူခြင်း - တချို့သူတွေအတွက် တိတ်ဆိတ်လွန်းရင် ပိုတွေးမိပြီး အိပ်မပျော်တတ်ပါဘူး။ ဒါဆိုရင် စိတ်ငြိမ်စေမယ့် ASMR လေးတွေ နားထောင်တာ၊ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး Podcast လေးတွေ ဖွင့်ထားပြီး နားထောင်ရင်း အိပ်စက်တာကလည်း တကယ်ကို ထိရောက်တဲ့ နည်းလမ်းလေးတွေပါ။ ဆေးဝါးအကူအညီ - တကယ်လို့ အိပ်မပျော်တဲ့ပြဿနာက အရမ်းဆိုးရွားနေပြီဆိုရင်တော့ မိမိသဘောနဲ့မိမိ အိပ်ဆေးဝယ်သောက်တာမျိုး မလုပ်ဘဲ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ လိုအပ်တဲ့ဆေးဝါးကို သုံးစွဲသင့်ပါတယ်။
518
14
بدون متن...
759
15
‎ ‎ဒါကြောင့် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို သိထားပြီး လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားဖို့ကလည်း အရေးကြီးတာမို့လို့ 𝐅𝐨𝐫 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ မေတ္တာဖြင့် ဝေမျှပေးလိုက်ပါတယ်။ ‎ ‎Edu Page Link ‎ ‎Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk ‎ ‎Telegram - https://t.me/for_the_future_edu_mm ‎ ‎Main Page Link ‎ ‎Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL ‎ ‎Telegram - https://t.me/For_The_Future_Myanmar ‎ ‎Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA== ‎ ‎Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW ‎ ‎ ‎#Research_by_Phoo ‎#Content_by_MayMyatNoeAung ‎#Graphic_by_Twity ‎#ForTheFuture_Myanmar ‎#YouthOrganization
746
16
‎အယ်လ်နီညို (𝐄𝐥 𝐍𝐢ñ𝐨) လို့ခေါ်တဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုအကြောင်းကို ဘယ်လောက်ထိ သိထားပြီးပြီလဲ…? ‎ ‎အရိုးရှင်းဆုံးပြောရရင်တော့ 𝐄𝐥 𝐍𝐢ñ𝐨 ဆိုတာက ပင်လယ်ရေမျက်နှာပြင်ရဲ့အပူချိန် မြင့်တက်လာတဲ့အခါမျိုးမှာ ဖြစ်ပွါးတတ်တဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုပါ။ ‎ ‎အီကွေတာနဲ့ အနီးဆုံးမှာရှိနေတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက် မြင့်တက်လာရာကနေ သမုဒ္ဒရာနဲ့ လေထုကြားက လည်ပတ်ပုံစနစ်ကို ပြောင်းလဲသွားစေပါတယ်။ ဒီလိုကနေမှတစ်ဆင့် ပြင်းထန်လာတဲ့အချိန် ကမ္ဘာတစ်ဝှမ်းမှာ နေရာဒေသအလိုက် ရာသီဥတုပုံစံများကို သိသိသာသာ ပြောင်းလဲစေနိုင်တာပဲ ဖြစ်ပါတယ်။ ‎ ‎💨 ဒါဆို 𝐒𝐮𝐩𝐞𝐫 𝐄𝐥 𝐍𝐢ñ𝐨 ဆိုတာကရော ဘယ်လိုမျိုးလဲ…? ‎ ‎တကယ်တော့ 𝐒𝐮𝐩𝐞𝐫 𝐄𝐥 𝐍𝐢ñ𝐨 ဆိုတာက သီးခြားဖြစ်စဉ်တော့လည်း မဟုတ်ပါဘူး။ 𝐄𝐥 𝐍𝐢ñ𝐨 ဖြစ်စဉ်ထဲကမှ “အလွန်ပြင်းထန်တဲ့အဆင့်” ကို ရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ ‎ ‎အဖြစ်ပျက်လေးတစ်ခုအကြောင်းကိုပြန်ပြောရမယ်ဆိုရင် 1982–1983 ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ El Niño ( အယ်လ်နီညို ) ကတော့ အလွန်ပြင်းထန်တဲ့ El Niño ( အယ်လ်နီညို ) ဖြစ်စဉ်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ပစိဖိတ်သမုဒ္ဒရာရဲ့ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းမှာ ပုံမှန်ထက် ပိုမိုပူနွေးလာမှုကြောင့် ရာသီဥတုပုံစံတွေ သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။ Peru (ပီရူး )နဲ့ Ecuador( အီကွေဒေါ) တို့မှာ မိုးသည်းထန်ပြီး ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သလို၊ ဩစတြေးလျနဲ့ အင်ဒိုနီးရှားတို့မှာလည်း မိုးခေါင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အပြင် El Niño (အယ်လ်နီညို) ကြောင့် ပင်လယ်ရေအောက်ပိုင်းမှာရှိတဲ့ အေးမြပြီး အပင်ကြီးထွားဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေ များပြားတဲ့ရေတွေ အပေါ်ဘက်ကို တက်လာတဲ့ Upwelling ဖြစ်စဉ် အားနည်းသွားတာကြောင့် အာဟာရဓာတ်နည်းသွားတဲ့အတွက် ငါးတွေရဲ့ အဓိကအစာဖြစ်တဲ့ အဏုဇီဝအပင်ငယ်တွေ လျော့နည်းလာပြီး ငါးတွေအတွက် အစာရှားပါးလာနိုင်ပါတယ်။ ပင်လယ်ရေအပူချိန်ပြောင်းလဲမှုကြောင့် ငါးတွေဟာ ပုံမှန်နေရာကနေ အခြားနေရာတွေကို ရွှေ့ပြောင်းနိုင်တာကြောင့် ငါးဖမ်းသူတွေအတွက် ငါးဖမ်းရခက်လာပြီး ငါးဖမ်းလုပ်ငန်း ထိခိုက်ခဲ့ပါတယ်။ ‎ ‎ဒီလို ပြင်းထန်တဲ့ 𝐄𝐥 𝐍𝐢ñ𝐨 ဖြစ်လာပြီဆိုရင် ကမ္ဘာ့နေရာဒေသအချို့မှာ ‎ ‎(၁) အပူချိန်လွန်ကဲတာတွေ ‎(၂) မိုးခေါင်ရေရှားပါးတာတွေ ‎(၃) မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့ ‎ (၄) မီးဘေး၊ ရေဘေး ‎ ‎စတဲ့ ရာသီဥတုဆိုင်ရာ သက်ရောက်မှုအမျိုးမျိုးအထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ ‎ ‎ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ သဘာဝဘေးကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့သူတွေမှာ နေရာထိုင်ခင်းနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကိုပါ ထိခိုက်တဲ့အထိ ဖြစ်စေနိုင်သလို၊ ကူးစက်ရောဂါပျံ့နှံ့မှုတွေလည်း ပိုမိုများပြားလာစေနိုင်ပါတယ်။ ‎ ‎🚨 ဒီလိုမျိုး ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေတွေအတွက် ဘာတွေကြိုဆောင်ထားသင့်လဲ…? ‎ ‎- 𝐃𝐫𝐢𝐧𝐤𝐢𝐧𝐠 𝐖𝐚𝐭𝐞𝐫 (သောက်ရေ) ‎ ‎- Non-perishable Food (ရေရှည်သိုလှောင်နိုင်သော အစားအစာ ) ‎ ‎- 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 (လက်နှိပ်ဓာတ်မီး) ‎ ‎- 𝐏𝐨𝐰𝐞𝐫 𝐁𝐚𝐧𝐤 (အိတ်ဆောင်ဘက်ထရီ) ‎ ‎- 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐑𝐚𝐝𝐢𝐨 (မိုးလေ၀သ ရေဒီယို) ‎ ‎- 𝐅𝐢𝐫𝐬𝐭-𝐀𝐈𝐃 𝐊𝐢𝐭 (ရှေးဦးသူနာပြု ပစ္စည်းများ) ‎ ‎- 𝐌𝐞𝐝𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 (ဆေးဝါးများ) ‎ ‎- 𝐂𝐚𝐬𝐡 (ငွေသား) ‎ ‎- 𝐈𝐦𝐩𝐨𝐫𝐭𝐚𝐧𝐭 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 (အရေးကြီးစာရွက်စာတမ်းများ) ‎ ‎- 𝐇𝐲𝐠𝐢𝐞𝐧𝐞 + 𝐒𝐚𝐧𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐒𝐮𝐩𝐩𝐥𝐢𝐞𝐬 (သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ) ‎ ‎- 𝐏𝐞𝐭 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐒𝐮𝐩𝐩𝐥𝐢𝐞𝐬 (အိမ်မွေးတိရစ္ဆာန်ရှိသူများအတွက် တိရစ္ဆာန်အရေးပေါ်ပစ္စည်းများ) ‎ ‎စတာတွေကို အလွယ်တကူ သယ်ဆောင်လို့ရအောင် သေသေချာချာ ထုပ်ပိုးပြီး ဆောင်ထားသင့်ပါတယ်။ ‎ ‎🗺️ ဒါဆိုရင် အခုပြောနေတဲ့ 𝐄𝐥 𝐍𝐢ñ𝐨 ဆိုတဲ့ အသုံးအနှုန်းက ဘယ်ကနေ ဆင်းသက်လာတာလဲဆိုတာကိုရော သိပြီးကြပြီလား…? ‎ ‎𝐄𝐥 𝐍𝐢ñ𝐨 ဆိုတာ စပိန်ဘာသာစကားနဲ့ 𝐋𝐢𝐭𝐭𝐥𝐞 𝐁𝐨𝐲 လို့ အဓိပ္ပာယ်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တောင်အမေရိက ကမ်းရိုးတန်းက ဒေသခံတံငါသည်တွေဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာ ပုံမှန်ထက် ပိုမိုပူနွေးလာတဲ့ရေပြင်ကို စတင် သတိပြုမိခဲ့ကြပါတယ်။ ‎ ‎အံ့သြစရာကောင်းတာက ဒီအပြောင်းအလဲဟာ နှစ်စဉ် ဒီဇင်ဘာလမှာကျင်းပတဲ့ ခရစ္စမတ်ကာလ နီးကပ်လာချိန်တွေမှာ ပိုပြီး ထင်ရှားတတ်တာကြောင့် ဒီဖြစ်စဉ်ကို “𝐄𝐥 𝐍𝐢ñ𝐨 𝐝𝐞 𝐍𝐚𝐯𝐢𝐝𝐚𝐝” (𝐂𝐡𝐫𝐢𝐬𝐭 𝐂𝐡𝐢𝐥𝐝) ဆိုတဲ့အမည်နဲ့ ဆက်စပ်ပြီး အသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်။ ‎ ‎ထပ်ပြီးပြောရရင်တော့ 𝐄𝐥 𝐍𝐢ñ𝐨 ဆိုတာ သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ပြင်းထန်လာတဲ့အခါမှာတော့ နေရာ‌ဒေသအလိုက် ရာသီဥတုပုံစံများ သိသိသာသာ ပြောင်းလဲစေနိုင်ပါတယ်။
620
17
بدون متن...
874
18
“မင်းအနားယူနေတဲ့အချိန် တခြားသူတစ်ယောက်က အလုပ်လုပ်နေတယ်။”   ဒီစာကြောင်းကြောင့် အနားယူနေရင်းနဲ့တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားဖူးပါသလား? ဒါဆိုရင်တော့ အဆုံးထိ ဖတ်ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ကြိုးစားခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးခြင်းကြားမှာ မျဉ်းပါးပါးလေးတစ်ကြောင်းပဲ ခြားထားလို့ပါ။ တရုတ်နိုင်ငံမှာဆိုရင် “996” လို့ခေါ်တဲ့ အလုပ်ယဉ်ကျေးမှုတစ်ခု ရှိပါတယ်။ မနက် ၉ နာရီကနေ ည ၉ နာရီအထိ၊ တစ်ပတ်ကို ၆ ရက်တိတိ အလုပ်လုပ်ရတဲ့ ပုံစံမျိုးဖြစ်ပြီး အလုပ်ချိန်ကြာကြာလုပ်လေလေ အောင်မြင်ဖို့ နီးစပ်လေလေဆိုတဲ့ အယူအဆအပေါ် အခြေခံထားတာပါ။   အလားတူပဲ လက်ရှိ Social Media တွေပေါ်မှာလည်း   “တစ်နေ့ကို ၁၂ နာရီ အလုပ်လုပ်တယ်” “မနက် ၄ နာရီထပြီး စာကျက်တယ်” “နားရက်လုံးဝမယူဘဲ ကြိုးစားတယ်” စတဲ့ အကြောင်းအရာတွေကို တွင်တွင်ကျယ်ကျယ် တွေ့မြင်နေရပါတယ်။   တကယ်တော့ ဒါဟာ Hustle Culture ရဲ့ သဘောတရားပါပဲ။ Cambridge Dictionary ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Hustle Culture ဆိုတာ “အလုပ်ဟူသည် ဘဝရဲ့ အရေးအကြီးဆုံးအရာဖြစ်ပြီး အနားမယူဘဲ နာရီပေါင်းများစွာ အလုပ်လုပ်ခြင်းကသာ အောင်မြင်မှုရရှိစေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” ဆိုတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။   ဒီလို အတွေးအခေါ်တွေ လွှမ်းမိုးလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ စတင်ဝင်ရောက်လာပါတော့တယ်။ ကိုယ်တိုင် အနားယူနေတဲ့အခိုက်အတန့်မှာတောင် “ငါ ပျင်းနေတာလား?” “ငါ နောက်ကျကျန်ခဲ့ပြီလား?” “သူများတွေ အလုပ်လုပ်နေချိန်မှာ ငါလည်း လိုက်လုပ်နေသင့်တာ မဟုတ်ဘူးလား?” ဆိုတဲ့ မလုံခြုံမှုနဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့မှာ အလုပ်ချိန်များတာနဲ့ အလုပ်ပိုပြီးပြီးမြောက်တာ (Productivity) ဟာ လုံးဝမတူညီပါဘူး။ အလုပ်ကို အလွန်အကျွံ အနားမယူဘဲ ဆက်တိုက်လုပ်ဆောင်ခြင်းကြောင့် အောက်ပါဆိုးကျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်   ကျန်းမာရေးထိခိုက်ခြင်း - အိပ်ရေးပျက်လာခြင်းနှင့် နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း - စိတ်ဖိစီးမှုနှင့် anxiety ပိုမိုမြင့်တက်လာခြင်း စွမ်းဆောင်ရည်ကျဆင်းခြင်း - အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်း (Creativity) များ ကျဆင်းလာပြီး လုပ်ငန်းခွင်အမှား ပိုများလာခြင်း လူမှုဘဝထိခိုက်ခြင်း - မိသားစု/မိတ်ဆွေ ဆက်ဆံရေးများနှင့် ကိုယ်ပိုင်ဘဝ သီးသန့်အချိန်များ ဆုံးရှုံးလာခြင်း ဒီထက်ဆိုးရွားတဲ့ အခြေအနေအနေနဲ့ ဂျပန်နိုင်ငံမှာဆိုရင် အလုပ်ချိန်လွန်ကဲမှုကြောင့် ရုတ်တရက် သေဆုံးခြင်းကို ရည်ညွှန်းတဲ့ “Karōshi” (過労死) ဆိုတဲ့ ဝေါဟာရတစ်ခု သီးသန့်ရှိတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ စိတ်ဝင်စားစရာ စမ်းသပ်ချက်တစ်ခု ရှိပါတယ်။ ၂၀၁၉ ခုနှစ် August လအတွင်း Microsoft Japan ဟာ “Work-Life Choice Challenge Summer 2019” ဆိုတဲ့ စမ်းသပ်မှုအနေနဲ့ တစ်ပတ်ကို ၄ ရက်ပဲ အလုပ်လုပ်တဲ့ စနစ်ကို ယာယီစမ်းသပ်ကျင့်သုံးခဲ့ပါတယ်။ အဲဒီကာလအတွင်း အစည်းအဝေးအချိန်တွေကို တိုတိုတုတ်တုတ်ဖြစ်အောင် ပြုပြင်ပြီး ဆက်သွယ်ဆောင်ရွက်မှုတွေကို ပိုမိုထိရောက်အောင် ပြောင်းလဲခဲ့ပါတယ်။ အဲဒီအခါ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာခဲ့သလဲ? ဝန်ထမ်းတွေရဲ့ တစ်နာရီအတွင်း အကျိုးရှိရှိ လုပ်ဆောင်နိုင်မှုစွမ်းရည် (Productivity) ဟာ ၂၀၁၈ ခုနှစ် August လနဲ့ နှိုင်းယှဉ်တဲ့အခါ ၃၉.၉% အထိ တိုးတက်လာခဲ့ပါတယ်။ ဒီအချက်က ကျွန်မတို့ကို အရေးကြီးတဲ့ အမှန်တရားတစ်ခု သတိပေးနေပါတယ်။ More hours ≠ More productivity ၈ နာရီအစား ၁၀ နာရီ အလုပ်လုပ်လိုက်တာနဲ့ အလုပ်က ၂၅% ပိုပြီး ပြီးမြောက်သွားမယ်လို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ အဓိက သော့ချက်က “ဘယ်လောက်ကြာကြာ လုပ်သလဲ” မဟုတ်ဘဲ “ဘယ်လောက်အကျိုးရှိရှိ၊ ထိထိရောက်ရောက် လုပ်နိုင်သလဲ” ဆိုတာပါပဲ။ ထို့အတူ ဒါကြောင့် သတိပြုရမှာက - အနားယူတာဟာ ပျင်းရိနေတာ မဟုတ်ပါဘူး။ - အိပ်ရေးဝဝ အိပ်စက်တာဟာ ရည်မှန်းချက် မရှိတာ မဟုတ်ပါဘူး။ - ကိုယ့်အတွက် အနားပေးချိန် ယူတာဟာ အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် ခေတ္တရပ်နားတတ်ဖို့လည်း အလွန်အရေးကြီးပါတယ်။ နောက်တစ်ကြိမ် “ငါ အလုပ်တွေ ပိုလုပ်ရဦးမယ်၊ မနားသင့်သေးဘူး” လို့ တွေးမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းလေး ပြန်မေးကြည့်ပါ “ငါ အလုပ်ကြိုးစားနေတာလား… ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံဖိအားပေးနေတာလား ? " အောင်မြင်ဖို့ ကြိုးစားပါ။ သို့သော် အောင်မြင်မှုအတွက် မိမိကိုယ်ကိုယ် အလွန်အကျွံဖိအားပေးဖို့တော့ မလိုအပ်ပါဘူး။   #Research_by_HsuLarb #Content_by_Htet #graphic_by_Smoothie #ForTheFuture_Myanmar #YouthOrganization
825
19
بدون متن...
1
20
“မင်းအနားယူနေတဲ့အချိန် တခြားသူတစ်ယောက်က အလုပ်လုပ်နေတယ်။”   ဒီစာကြောင်းကြောင့် အနားယူနေရင်းနဲ့တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားဖူးပါသလား? ဒါဆိုရင်တော့ အဆုံးထိ ဖတ်ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ကြိုးစားခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ဖိအားပေးခြင်းကြားမှာ မျဉ်းပါးပါးလေးတစ်ကြောင်းပဲ ခြားထားလို့ပါ။ တရုတ်နိုင်ငံမှာဆိုရင် “996” လို့ခေါ်တဲ့ အလုပ်ယဉ်ကျေးမှုတစ်ခု ရှိပါတယ်။ မနက် ၉ နာရီကနေ ည ၉ နာရီအထိ၊ တစ်ပတ်ကို ၆ ရက်တိတိ အလုပ်လုပ်ရတဲ့ ပုံစံမျိုးဖြစ်ပြီး အလုပ်ချိန်ကြာကြာလုပ်လေလေ အောင်မြင်ဖို့ နီးစပ်လေလေဆိုတဲ့ အယူအဆအပေါ် အခြေခံထားတာပါ။   အလားတူပဲ လက်ရှိ Social Media တွေပေါ်မှာလည်း   “တစ်နေ့ကို ၁၂ နာရီ အလုပ်လုပ်တယ်” “မနက် ၄ နာရီထပြီး စာကျက်တယ်” “နားရက်လုံးဝမယူဘဲ ကြိုးစားတယ်” စတဲ့ အကြောင်းအရာတွေကို တွင်တွင်ကျယ်ကျယ် တွေ့မြင်နေရပါတယ်။   တကယ်တော့ ဒါဟာ Hustle Culture ရဲ့ သဘောတရားပါပဲ။ Cambridge Dictionary ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ Hustle Culture ဆိုတာ “အလုပ်ဟူသည် ဘဝရဲ့ အရေးအကြီးဆုံးအရာဖြစ်ပြီး အနားမယူဘဲ နာရီပေါင်းများစွာ အလုပ်လုပ်ခြင်းကသာ အောင်မြင်မှုရရှိစေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” ဆိုတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။   ဒီလို အတွေးအခေါ်တွေ လွှမ်းမိုးလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ စတင်ဝင်ရောက်လာပါတော့တယ်။ ကိုယ်တိုင် အနားယူနေတဲ့အခိုက်အတန့်မှာတောင် “ငါ ပျင်းနေတာလား?” “ငါ နောက်ကျကျန်ခဲ့ပြီလား?” “သူများတွေ အလုပ်လုပ်နေချိန်မှာ ငါလည်း လိုက်လုပ်နေသင့်တာ မဟုတ်ဘူးလား?” ဆိုတဲ့ မလုံခြုံမှုနဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ သို့သော်လည်း တကယ့်လက်တွေ့မှာ အလုပ်ချိန်များတာနဲ့ အလုပ်ပိုပြီးပြီးမြောက်တာ (Productivity) ဟာ လုံးဝမတူညီပါဘူး။ အလုပ်ကို အလွန်အကျွံ အနားမယူဘဲ ဆက်တိုက်လုပ်ဆောင်ခြင်းကြောင့် အောက်ပါဆိုးကျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်   ကျန်းမာရေးထိခိုက်ခြင်း - အိပ်ရေးပျက်လာခြင်းနှင့် နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း - စိတ်ဖိစီးမှုနှင့် anxiety ပိုမိုမြင့်တက်လာခြင်း စွမ်းဆောင်ရည်ကျဆင်းခြင်း - အာရုံစူးစိုက်မှု၊ မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းနှင့် တီထွင်ဖန်တီးနိုင်စွမ်း (Creativity) များ ကျဆင်းလာပြီး လုပ်ငန်းခွင်အမှား ပိုများလာခြင်း လူမှုဘဝထိခိုက်ခြင်း - မိသားစု/မိတ်ဆွေ ဆက်ဆံရေးများနှင့် ကိုယ်ပိုင်ဘဝ သီးသန့်အချိန်များ ဆုံးရှုံးလာခြင်း ဒီထက်ဆိုးရွားတဲ့ အခြေအနေအနေနဲ့ ဂျပန်နိုင်ငံမှာဆိုရင် အလုပ်ချိန်လွန်ကဲမှုကြောင့် ရုတ်တရက် သေဆုံးခြင်းကို ရည်ညွှန်းတဲ့ “Karōshi” (過労死) ဆိုတဲ့ ဝေါဟာရတစ်ခု သီးသန့်ရှိတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ စိတ်ဝင်စားစရာ စမ်းသပ်ချက်တစ်ခု ရှိပါတယ်။ ၂၀၁၉ ခုနှစ် August လအတွင်း Microsoft Japan ဟာ “Work-Life Choice Challenge Summer 2019” ဆိုတဲ့ စမ်းသပ်မှုအနေနဲ့ တစ်ပတ်ကို ၄ ရက်ပဲ အလုပ်လုပ်တဲ့ စနစ်ကို ယာယီစမ်းသပ်ကျင့်သုံးခဲ့ပါတယ်။ အဲဒီကာလအတွင်း အစည်းအဝေးအချိန်တွေကို တိုတိုတုတ်တုတ်ဖြစ်အောင် ပြုပြင်ပြီး ဆက်သွယ်ဆောင်ရွက်မှုတွေကို ပိုမိုထိရောက်အောင် ပြောင်းလဲခဲ့ပါတယ်။ အဲဒီအခါ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာခဲ့သလဲ? ဝန်ထမ်းတွေရဲ့ တစ်နာရီအတွင်း အကျိုးရှိရှိ လုပ်ဆောင်နိုင်မှုစွမ်းရည် (Productivity) ဟာ ၂၀၁၈ ခုနှစ် August လနဲ့ နှိုင်းယှဉ်တဲ့အခါ ၃၉.၉% အထိ တိုးတက်လာခဲ့ပါတယ်။ ဒီအချက်က ကျွန်မတို့ကို အရေးကြီးတဲ့ အမှန်တရားတစ်ခု သတိပေးနေပါတယ်။ More hours ≠ More productivity ၈ နာရီအစား ၁၀ နာရီ အလုပ်လုပ်လိုက်တာနဲ့ အလုပ်က ၂၅% ပိုပြီး ပြီးမြောက်သွားမယ်လို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ အဓိက သော့ချက်က “ဘယ်လောက်ကြာကြာ လုပ်သလဲ” မဟုတ်ဘဲ “ဘယ်လောက်အကျိုးရှိရှိ၊ ထိထိရောက်ရောက် လုပ်နိုင်သလဲ” ဆိုတာပါပဲ။ ထို့အတူ ဒါကြောင့် သတိပြုရမှာက - အနားယူတာဟာ ပျင်းရိနေတာ မဟုတ်ပါဘူး။ - အိပ်ရေးဝဝ အိပ်စက်တာဟာ ရည်မှန်းချက် မရှိတာ မဟုတ်ပါဘူး။ - ကိုယ့်အတွက် အနားပေးချိန် ယူတာဟာ အချိန်ဖြုန်းနေတာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် ခေတ္တရပ်နားတတ်ဖို့လည်း အလွန်အရေးကြီးပါတယ်။ နောက်တစ်ကြိမ် “ငါ အလုပ်တွေ ပိုလုပ်ရဦးမယ်၊ မနားသင့်သေးဘူး” လို့ တွေးမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းလေး ပြန်မေးကြည့်ပါ “ငါ အလုပ်ကြိုးစားနေတာလား… ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံဖိအားပေးနေတာလား ? " အောင်မြင်ဖို့ ကြိုးစားပါ။ သို့သော် အောင်မြင်မှုအတွက် မိမိကိုယ်ကိုယ် အလွန်အကျွံဖိအားပေးဖို့တော့ မလိုအပ်ပါဘူး။   #Research_by_HsuLarb #Content_by_Htet #graphic_by_Smoothie
1