8 049
订阅者
+324 小时
-27 天
-3230 天
帖子存档
🇹🇭အားလုံးစောင့်မျှော်နေကြတဲ့အတိုင်း ကျွန်မတို့ရဲ့ “ထိုင်းရောက် ရွှေမြန်မာတို့အတွက်” webinar ကြီးကို ကျင်းပသွားဖို့ (၂) ရက်သာ လိုပါတော့တယ်ရှင်။
Register link လေးကလည်း အခုထိဖွင့်ထားဆဲဖြစ်တာကြောင့် ဒီလိုကောင်းမွန်တဲ့အခွင့်အရေးကြီးကို လက်မလွှတ်ရအောင် အခုပဲ စာရင်းပေးသွင်းလိုက်ပါရှင်။
“ထိုင်းရောက် ရွှေမြန်မာတို့အတွက်” webinar ဟာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများနှင့် အလုပ်အကိုင်ရှာဖွေနေသော မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အထူးရည်ရွယ်ဖန်တီးထားတဲ့ အွန်လိုင်းမှတဆင့် အသိပညာနှင့် အချက်အလက်များ မျှဝေဆွေးနွေးပေးမယ့် အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီ webinar မှာတော့ အလုပ်သမားအခွင့်အရေးဆိုင်ရာ အခြေခံအသိပညာများကို မျှဝေပေးသွားမှာဖြစ်ပြီး
📝 Contract Literacy
အလုပ်စာချုပ်များကို မှန်ကန်စွာဖတ်ရှုနားလည်နိုင်ဖို့
💰 Wage Calculations
လုပ်ခလစာတွက်ချက်ပုံများကို သိရှိပြီး မျှတတဲ့လစာရရှိမှုကို စစ်ဆေးနိုင်ဖို့
⚖️ Legal Redress
အလုပ်အကိုင်ဆိုင်ရာပြဿနာများကြုံတွေ့လာပါက ဥပဒေအရ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကိုပါ လေ့လာဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
ဒီအသိပညာမျှဝေရေး အစီအစဉ်ကို တက်ရောက်ခြင်းအားဖြင့် ထိုင်းနိုင်ငံရှိ အလုပ်အကိုင်ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး မိမိအခွင့်အရေးများကို ပိုမိုနားလည်လာမှာဖြစ်သလို၊ ယုံကြည်မှုရှိရှိ၊ လုံခြုံစိတ်ချစွာ အလုပ်လုပ်ကိုင်နိုင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
ဒါကြောင့်အခုပဲ Register လုပ်ပြီး ဇွန်လ ၂၀ ရက်နေ့မှာ ဆက်ဆက် လာရောက်ဆွေးနွေးနိုင်ဖို့အတွက် For The Future - Myanmar မှ ဖိတ်ခေါ်လိုက်ပါတယ်နော်။
📅 Date: June 21, 2026 (Sunday)
🕒 Time: 7:00 PM MMT(မြန်မာစံတော်ချိန်)
7:30 PM ICT (ထိုင်းစံတော်ချိန်)
💻 Platform: Zoom
🔗 Registration Link: https://docs.google.com/forms/d/1HIx9rtlhTp42k9RYncwTpZZ1GLNg6Pp2IwHFdzuIDa0/edit
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#Content_by_Ou
#Graphic_by_Smoothie
#workaboard
#CareerWebinar #WorkersRight
#migrantworkers
🇹🇭ထိုင်းရောက်ရွှေမြန်မာတို့အတွက် အကျိုးခံစားခွင့်တွေ မဆုံးရှုံးစေဖို့ မဖြစ်မနေတက်ရောက်သင့်တဲ့ အခမဲ့ Online Webinar
အခုလိုအချိန်မှာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုအနေနဲ့ အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်စာတမ်းတွေကို သေချာမဖတ်ဘဲ လက်မှတ်ရေးထိုးမိနေကြပါတယ် ⚠️
ဒီလိုဖြစ်ရတာက ဘာသာစကား အခက်အခဲကြောင့်လည်း ဖြစ်နိုင်သလို ၊ စာချုပ်ပါ အကြောင်း အရာတွေက ရှုပ်ထွေးပြီး နားလည်ဖို့ခက်တာကြောင့်လည်းဖြစ်နိုင်ပါတယ် ... ဒါပေမဲ့ အခုလို
သေချာ မစစ်ဆေးဘဲ အလွယ်တကူ လက်မှတ်ရေးထိုးလိုက်တဲ့နောက်ကွယ်မှာ အလုပ်သမား တစ်ယောက်အနေနဲ့ ရရှိရမဲ့အကျိုးခံစားခွင့်တွေကို ဆုံးရှုံးရတာမျိုးတွေ ကြုံတွေ့နေရပါတယ် ❗️
ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့သူတွေရော ၊ သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုပ်ငန်းခွင်ဆိုင်ရာ အကျိုး ခံစားခွင့်တွေနဲ့ပတ်သက်လို့ မဖြစ်မနေသိထားသင့်တဲ့ အချက်တွေကို မျှဝေသွားမယ့်
📍 ထိုင်းရောက်ရွှေမြန်မာတို့အတွက် Online Webinar လေးတစ်ခုကို ကျင်းပပေးသွားဖို့ ပြင်ဆင်ထားပါတယ်။
👉🏻 ဒီ Webinar လေးမှာဆိုရင် ...
- အလုပ်အကိုင် သဘောတူစာချုပ်တွေကို သေချာနားလည်သဘော ပေါက်စေဖို့ စာချုပ်စာတမ်းတွေအကြောင်း
- လုပ်အားနဲ့ ထိုက်တန်တဲ့ လုပ်ခလစာကို စနစ်တကျ တွက်ချက်တတ်စေဖို့ လုပ်ခလစာ
တွက်ချက်ပုံ တွေအကြောင်း
- လုပ်ငန်းခွင်အတွင်း မလိုလားအပ်တဲ့ နစ်နာမှုတွေ ကြုံတွေ့ရပါက ထိုင်းနိုင်ငံရဲ့ ဥပဒေကြောင်းအရ
ဘယ်လို အကာအကွယ်ယူရမလဲ ? ဆိုတဲ့ ဥပဒေတွေအကြောင်းကို ဆွေးနွေးမျှဝေပေးသွားမှာပါ။
📣ဒီ Webinar လေးကနေတဆင့် ထိုင်းနိုင်ငံရဲ့ အလုပ်အကိုင်သဘောတရားတွေကို ပိုမိုနားလည် သဘောပေါက်သွားပြီး ဘေးကင်းလုံခြုံစိတ်ချစွာ အလုပ်လုပ်ကိုင်နိုင်ဖို့ အကောင်းဆုံး အထောက် အကူပြုပေးသွားမှာ ဖြစ်ပါတယ်။
ဒီတော့ အလုပ်သမားတစ်ယောက်ရဲ့ အကျိုးခံစားခွင့် နဲ့ အခွင့်အရေးတွေကို ကိုယ်တိုင်သိရှိနား လည်ပြီး ကိုယ့်အနာဂတ်ကို သေချာလမ်းဖောက်နိုင်ဖို့ ဒီ Webinar လေးကို အခုပဲ Register လုပ်ပြီး တက်ရောက်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေနော် 💯
🔗 Registration Link
https://docs.google.com/forms/d/1HIx9rtlhTp42k9RYncwTpZZ1GLNg6Pp2IwHFdzuIDa0/edit
-
🗓နေ့ရက်: ဇွန်လ ၂၁ ရက် ၊ ၂၀၂၆ ၊ တနင်္ဂနွေနေ့
⏰️အချိန် : ည ၇:၀၀ နာရီ (မြန်မာစံတော်ချိန်) / ည ၇း၃၀ နာရီ (ထိုင်း စံတော်ချိန်)
💻ကျင်းပရာနေရာ : Zoom (Online)
👉🏻 အခမဲ့ (Free of Charge)
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#migrantworkers #LaborRight
#DidYouKnow #ContractLiteracy
#WorkersRights #WorkInThailand #WorkAbroad #WebinarAnnouncement
#Content_by_Kyawt
#Graphic_by_Smoothie
ဒီတစ်ခါမှာတော့ For The Future-Myanmar ကနေ Followers လေးတို့အတွက် အကျိုးရှိစေမယ့် Article လေးတစ်ပုဒ်ကို ယူဆောင်လာပါပြီရှင်။ Article လေးထဲမှာတော့ မြန်မာ့ သနပ်ခါးနဲ့ပက်သက်တဲ့အကြောင်းအရာတွေကို အချက်အလက်ပြည့်စုံစွာ ရေးသားထားတာပဲဖြစ်ပါတယ်။
ဒါကြောင့် အားလုံးကို ဖတ်ရှုကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
ရာသီဥတု အပူကို Meme နဲ့ တုံပြန်ကြမယ် ⚔️
သိပြီးကြပြီလား HOME ရဲ့ “GEN GREEN”: 5 Nights of Impact မှာ Meme တွေလုပ်ရင်း ဆုတွေရနိုင်တယ် ဆိုတာ။ 🥳
မြန်မာပြည်မှာ နေရတာ ရာသီဥတုတွေမမှန်လို ရူးတော့မယ် ဆိုရင် အဲ့ စိတ်တွေကို ရယ်ရမဲ့ Meme တွေအဖြစ် ပြောင်းပြီး ဆုလက်ဆောင်တွေ သိမ်းပိုက်လိုရနေပါပြီ။ Absolutely No Cap! 🫡UN World Environmental Day မှာ register ခံထားရတဲ့ “GEN GREEN” ရဲ့ 3 ရက်မြောက်နေ့ June လ 13 ရက်နေ့မှာ ပြုလုပ်မဲ့ “Eco-meme Competition Live Voting” အတွက် submission portal ကို ဒီနေ့ပဲ ဖွင့်လှစ်လိုက်ပါပြီဗျ။ 👐🍃
ဆိုတော့ “Eco-meme Competition” ပြိုင်ပွဲ အကြောင်း ဆက်ပြောကြရအောင်ဗျာ။ 🙆♂️
✅ ပြိုင်ပွဲကို ဘယ်သူတွေ ဝင်ရောက်ယှဥ်ပြိုင်နိုင်လဲ။ (Eligibility)
ကိုယ့် bro တွေ sis တွေ ပေါ့ဗျာ။ နောက်တာပါ ဟဲဟဲ။ 🤭
• အတွေ့အကြုံ၊ အဆင့်အတန်းမရွေး လူတိုင်း ဝင်ရောက်ယှဥ်ပြိုင်နိုင်ပါတယ် ခင်ဗျာ။
✅ ပြိုင်ပွဲရဲ့ စည်းမျဥ်း သတ်မှတ်ချက်များ (Rules and Regulation)
• Submit လုပ်မည့် meme တွေအနေနဲ့ Environmental Theme နဲ့ သက်ဆိုင်ရပါမယ်။ (ဥပမာ - Pollution, Recycling, Climate change, Eco-friendly habits) 🍀
• Meme ဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ Original လက်ရာ ဖြစ်ရပြီး Eco-Meme Competition အတွက် ဖန်တီးထားတဲ့ လက်ရာဖြစ်ရပါမယ်။ (Inspiration ရှိပါက original source အား ထည့်ပြောပေးရပါမယ်ဗျ။) (သူတစ်ပါး လက်ရာ ကူးယူထားခြင်း၊ AI ကို 100% အသုံးပြုပြီး ဖန်တီးထားခြင်းတွေ တွေ့ရင်တော့ ပြိုင်ပွဲက ပယ်ဖျက်သွားမှာပါ ခင်ဗျာ။) ‼️
• Participant တွေအနေနဲ့ အဖွဲလိုက်ပြိုင်လို့မရပဲ တစ်ဦးချင်းစီသာ ပြိုင်လို့ရနိုင်ပါမယ်ဗျ။
• Participant တစ်ယောက်ကို Meme ဖန်တီးမှု လက်ရာ တစ်ခုသာ submit ခွင့်ရှိပါတယ် ခင်ဗျာ။
• Submit ထားသော လက်ရာတွေအနေနဲ့ လူမှုရေးအရ သင့်လျော်သော၊ လေးစားမှူရှိသော လက်ရာများဖြစ်ရပြီး တစ်ဦး တစ်ယောက် (သို) အဖွဲအစည်းတစ်ခုခု အား ထိခိုက်လိုသော၊ နိုင်ငံရေးအမြတ်ထုတ်သော အကြောင်းအရာတွေ ပါလိုမရပါဘူးဗျ။ 🙅♂️
• Participant တွေဘက်က လက်ရာတွေကို Deadline ချိန်အမှီ submit လုပ်ပေးရပါမယ်။
မှတ်ချက်။ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက “Hub Of Mandalay Empowerment” ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ်။
ပြိုင်ပွဲ ဆိုရင်ကတော့ ကျွန်တော်တို့လို ပေါ့ပေါ့ပါးပါး ဆိုရင်တောင် စည်းကမ်းတွေရှိတာမို့ လိုက်နာဖို့ တော့လိုပါတယ်ခင်ဗျာ။ 🤗
✅ Eco-Meme Competition က ဘယ်လို ဝင်ပြိုင်လိုရပြီး ဘယ်လိုရွေးချယ်ကြမှာလဲ။
• ဝင်ပြိုင်ဖိုဆိုရင် Poster မှာပါတဲ့ QR code ကနေ ဒါမှမဟုတ် ဒီ Content ရဲ့ အောက်ဆုံးမှာ ထည့်ပေးထားမဲ့ Form Link ထဲမှာ ကိုယ့် ရဲ့ ဖန်တီးမှုတွေကို submit ပေးရမှာပါဗျ။ ✨
• ပြိုင်ပွဲဝင် လက်ရာတွေကို GEN GREEN ရဲ့ Day 3 မှာ audience တွေဘက်ကနေ တိုက်ရိုက် Live Voting စနစ်နဲ့ ရွေးချယ်သွားမှာပါဗျ။ Audience တွေစီမရောက်ခင် HOME ဘက်ကတော့ အရင် Rules and Regulations နဲ့ ငြိတဲ့သူတွေကို Cancel လုပ်မှာပါဗျ။ 🤝
• ပြိုင်ပွဲမှာ Live နဲ့ “Best Meme, Best Original Creation, and Best Meme Inspired from Online Sources” ဆိုတဲ့ winner သုံးယောက်ကို ရွေးပြီးသွားရင် HOME ကနေ Email ကနေတဆင့် ဆက်သွယ်ပေးမှာပါဗျ။
✅ ကဲ ဒါပြီးရင်တော့ အားလုံး စိတ်ဝင်စားနေမယ့် ဘာဆုရမလဲဆိုတာလေး လာပါပြီ။
• အနိုင်ရသွားတဲ့ သူတွေကို HOME ကနေပြီး Environmental Gifts တွေ HOME ရဲ့ Merchandise တွေကို ဆုလက်ဆောင်အနေနဲ့ အိမ်တိုင်ရိုက်အရောက် ပို့ပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ဒါ့အပြင် HOME ရဲ့ Social Media Platform ပေါ်မှာလည်း ဂုဏ်ပြုတာ ခံရဦးမှာပါဗျ။ 💪🌱
✅ Important Details
• Submission Deadline: 11th June, 2026 (Thursday)
• Portal Opening Date: 3rd June, 2026 (Open for one week)
• Submission Portal: https://forms.gle/8uRPnE9S6eLKZq3y9
ဆိုတော့ Creative Mindset နဲ့ရှင်သန်နေကြတဲ့ လူငယ်တို့ရေ လူအများရှေ့ ကိုယ့်ရဲ့ idea တွေကိုချပြရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အမြန်ဆုံး လက်ရာတွေဖန်တီးလိုက်ပါတော့ဗျ။ 🤝🌿
May the odds be ever in your favor…..
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#HOME
#GenGreen #EcoMemeCompetition
#MediaPartnership
To honor and celebrate the upcoming “World Environment Day” on June 5, For The Future-Myanmar will participate as Media Partner, EHS Myanmar will proudly organize “Second Youth Sustainability Forum 2026” in Myanmar under the theme “Towards Climate-Resilient and Sustainable Urban Development,” aiming to promote sustainable urban development.
In this forum, youth leaders, experts, and organizations from Myanmar and ASEAN countries will come together to participate in panel discussions seeking collaborative solutions. Participants will also have the opportunity to learn about practical entrepreneurial innovations using AI technologies, which are becoming increasingly essential in today’s world. Furthermore, the forum will showcase the activities and initiatives led by youth leaders related to sustainable urban development. Attendees will also have the chance to actively exchange ideas and participate in discussions with their own perspectives.
The forum will be held on May 31 and is officially registered with the United Nations Environment Programme (UNEP).
Participants attending the forum will receive a participation certificate as well as a CPD 2 Hours / CPD 2 Credits certificate accredited by The CPD Group (UK), a Europe-based professional accreditation organization.
In conclusion, climate change, natural disasters, and rapidly modernizing urban lifestyles are creating challenges for urban development, in which everyone is experiencing today. Therefore, the active participation and innovative ideas of youth are more important than ever for future generations.
If you would like to collaborate in finding solutions to these challenges and wish to live in a more sustainable city, we warmly encourage you to join this forum.
Registration link
https://docs.google.com/.../1FAIpQLSeH6l3V1xF.../viewform...
Date: Sunday, May 31st
Time: 10:00 AM to 3:00 PM (Myanmar Standard Time)
Platform: Zoom
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#EHSMyanmar
#2ndYouthSustainabilityForum
#MediaPartnership
“2nd Youth Sustainability Forum”
——————————————————————-
ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် EHS Myanmar မှ “ရာသီဥတုဒဏ်ခံနိုင်ပြီး ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆီသို့” ခေါင်းစဉ်ဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော မြို့ပြဖွံ့ဖြိုးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ်မြောက် “ Youth Sustainability Forum 2026” ကိုထပ်မံ ဦးစီးကျင်းပ သွားမှာဖြစ်ပြီး For The Future-Myanmar က Media Partner အနေနဲ့ပါ၀င်သွားမှာဖြစ်ပါတယ်။
ယခုဒုတိယအကြိမ်မြောက် Forum တွင်လည်း မြန်မာနှင့် အာဆီယံနိုင်ငံများမှ လူငယ် ခေါင်းဆောင်များ၊ ပညာရှင်များ၊ အဖွဲ့အစည်းများ အတူတကွ ပူပေါင်းအဖြေရှာ ဆွေးနွေးကြမည့် panel discussion များ၊ ယနေ့ခေတ် တွင် မပါမဖြစ် AI ကိုအသုံးပြု၍ လက်တွေ့ကျသော စွန့်ဦးတီထွင်နည်း ပညာများ အကြောင်းမျှဝေခြင်းများ၊ လူငယ် ခေါင်းဆောင် များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်သော မြို့ပြဖွံ့ဖြိုးမှု နှင့်ပက်သက်၍ ဆောင်ရွက် လှုပ်ရှားနေမှု များ အကြောင်းပါလေ့လာနိုင်မှာဖြစ်ပြီး မိမိကိုယ်တိုင်၏ အမြင်များပါ ဝင်ရောက် ဆွေးနွေး ဖလှယ်ခြင်းများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ယခုဆွေးနွေးပွဲကိုတော့ မေလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး United Nations Environment Programme (UNEP) နဲ့အတူ တရားဝင် register ထားတာဖြစ်ပါတယ်။
ယခုဆွေးနွေးပွဲကို ပါဝင်တက်ရောက်သူများ အနေဖြင့် participation certificate ရရှိမဲ့အပြင် ဥရောပအခြေစိုက် The CPD Group (UK) မှ အသိအမှတ်ပြု လက်မှတ်ဖြစ်တဲ့ CPD 2 Hours / CPD 2 credits certificate တွေပါရရှိမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် ယနေ့ခေတ်တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များ နှင့် ခေတ်မီတိုးတက်သော မြို့ပြလူနေမှုစနစ်များ ကြောင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုမြင့်တက်လာနေသည်ကို လူတိုင်း လက်တွေ့ သိရှိ ခံစားနေသည်မှာ မငြင်းဆိုနိုင်သော အမှန်တရား ဖြစ်ပါသည်။ ထို့ကြောင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် လက်ရှိလူငယ်များ၏ ပူပေါင်းပါဝင်မှုနှင့် ဆန်းသစ်သော အကြံညဏ်များ သည် အလွန်အရေးကြီးလာပါသည်။ သင့်အနေနဲ့ ထိုစိန်ခေါ်မှုတွေအတွက် အတူဝိုင်းဝန်းအဖြေရှာလိုပြီး Sustainable ဖြစ်တဲ့ မြို့ပြမှာ နေထိုင်ချင်တယ်ဆိုရင် တော့ ဒီဆွေးနွေးပွဲလေးကို တက်ရောက်ဖို့ တိုက်တွန်းလိုပါတယ်
စာရင်းပေးသွင်းရန်လင့်
https://docs.google.com/.../1FAIpQLSeH6l3V1xF.../viewform...
နေ့ရက် : မေလ ၃၁ ရက်နေ့ ၊ တနင်္ဂနွေနေ့
အချိန် : နံနက် ၁၀နာရီ မှ ညနေ ၃ နာရီအထိ
(မြန်မာစံတော်ချိန်)
ကျင်းပရာနေရာ : Zoom ပလက်ဖောင်း
His words, Her words, Their words: Speaker Announcement
Feminism ဆိုတာ တကယ်တော့ဘာလဲ။ လူနေမှုစနစ်ထဲမှာရော ဘယ်လိုမျိုး အကျုံးဝင်နေသလဲ။
ဒီမေးခွန်းရဲ့အဖြေကို အတူတူ အပြန်အလှန်ဆွေးနွေးနိုင်ဖို့အတွက် "His words, Her words, Their words" ဆိုတဲ့ Discussion-based Training လေးတစ်ခု ရှိနေပါပြီ။
အသေးစိတ်ကိုတော့ ဒီလင့်ခ်လေးကနေတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
[Event Announcement Post Link]
https://www.facebook.com/share/p/1BSduaaxHB/
🔹 ဒီ Training လေးမှာ Guest Speaker အနေနဲ့ ပါဝင်အားဖြည့်ပေးသွားမယ့်သူကတော့ Ma Phyu Nwe Win ပဲဖြစ်ပါတယ်။
Ma Phyu ဟာဆိုရင် SRHR (မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေး) ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး၊ ပညာပေးလုပ်ငန်းတွေနဲ့ မီဒီယာကဏ္ဍတွေကနေတစ်ဆင့် ဆယ်ကျော်သက် လူငယ်တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ အသိပညာပေးခြင်းနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ဒီ Training မှာဆိုရင်လည်း သူမဟာ Feminism နဲ့ပတ်သက်တဲ့ အခြေခံအယူအဆတွေအပြင် Feminist, Misogynist နဲ့ Patriarchal ဆိုတဲ့ ဝေါဟာရတွေကိုပါ ခေတ်စနစ်အမြင်တို့နဲ့ယှဉ်ပြီး တက်တက်ကြွကြွ ဆွေးနွေးဝေမျှသွားမှာပဲ ဖြစ်ပါတယ်။
📌 ❝His words, Her words, Their words❞ On-ground Training
• Date: May 16th, 2026 (Saturday)
• Time: 1:30 PM - 3:30 PM
• Platform: On-ground
• Language: Burmese
• Cost: Free of Charge
• Venue Partner: 3Zero House Myanmar
📩 Registration Link: https://forms.gle/965PndCDPPayqmCz5
ကဲ ဒါဆို Feminism ဆိုတဲ့ ဝေါဟာရကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်စေနိုင်ဖို့ ဒီတစ်ရက်တာ Training Event လေးကို Join ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
Edu Page Link
Facebook - https://www.facebook.com/share/p/DFhTZ4vrb8kiWt5S/?mibextid=oFDknk
Telegram - https://t.me/for_the_future_edu_mm
Main Page Link
Facebook - https://www.facebook.com/profile.php?id=100083357270189&mibextid=ZbWKwL
Telegram - https://t.me/For_The_Future_Myanmar
Instagram - https://instagram.com/for_the_future_myanmar?igshid=MzRlODBiNWFlZA==
Youtube - https://youtube.com/@ForTheFuture-Myanmar?si=-GWdPLIeW1AHlW
#ForTheFuture_Myanmar
#YouthOrganization
#3ZEROHouseMyanmar
#feminism #hiswords_herwords_theirwords
#inperson_event #genderequality #socialissues
#Content_by_MayMyatNoeAung
#Graphics_by_Heather
