fa
Feedback
AA Info Desk

AA Info Desk

رفتن به کانال در Telegram

📈 تحلیل کانال تلگرام AA Info Desk

کانال AA Info Desk (@aainfodesk) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 47 203 مشترک است و جایگاه 5 674 را در دسته اخبار و رسانه‌ها و رتبه 3 105 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 47 203 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 1 059 و در ۲۴ ساعت گذشته برابر 120 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 43.30% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 19.51% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 20 258 بازدید دریافت می‌کند. در اولین روز معمولاً 9 128 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 378 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“https://www.arakanarmy.net https://vk.com/arakanarmyinfodesk”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

47 203
مشترکین
+12024 ساعت
+6467 روز
+1 05930 روز
آرشیو پست ها
ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆက်တွဲသတင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက် အာရက္ခပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်တို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ အကြမ်းဖက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူသေဆုံးမှုမှာ လက်ရှိအချိန်၌ (၃၃) ဦးခန့်ရှိလာပြီး နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသူ (၃၆) ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ သေဆုံးသည့်အရေအတွက်မှာ နောက်ထပ်လည်းတိုးလာနိုင်ခြေရှိသည်။ အာရက္ခဒေသအတွင်း ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းအကြမ်းဖက်တိုက်ခိုက်သော ဖြစ်စဉ်များထဲတွင် မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုနောက် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်။ #AAInfoDesk

လေကြောင်းတိုက်ခိုက်ခံရမှု သတင်းတို ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၂၈) ရက် ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တို့တွင် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ အာရက္ခပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင် တို့အား လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၎င်းပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ၊ လမ်းသွားလမ်းလာပြည်သူ နှင့် စျေးရောင်းစျေးဝယ် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူများရှိခဲ့သည်။ အလားတူ နေ့လယ် (၁၂) နာရီ (၃၅) မိနစ်အချိန်ခန့်တွင်လည်း သံတွဲမြို့နယ်၊ ငပလီ ကို ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့သည်။ အသေးစိပ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားပါမည်။ သတင်းနှင့် ပြန်ကြားရေး အာရက္ခတပ်တော်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အထိ အာရက္ခပြည်အနှံ့ မြို့ရွာများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင
+9
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အထိ အာရက္ခပြည်အနှံ့ မြို့ရွာများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ လူနေအိမ်၊ နွား နှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှု မှတ်တမ်းဓာတ်ပုံအချို့

photo content
+9

photo content
+9

photo content
+9

photo content
+9

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အထိ အာရက္ခပြည်အနှံ့ မြို့ရွာများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင
+5
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အထိ အာရက္ခပြည်အနှံ့ မြို့ရွာများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် သေဆုံး ဒဏ်ရာရရှိခဲ့ကြသော အပြစ်မဲ့အရပ်သားပြည်သူများ

photo content
+9

photo content
+9

photo content

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အထိ အာရက္ခပြည်အနှံ့ မြို့ရွာများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးဒဏ်ရာရရှိမှုနှင့် အဆောက်အအုံပျက်စီးမှုများ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် အာရက္ခဒေသ ၏ ဆက်စပ်နေသောစစ်မျက်နှာပြင်တိုင်းတွင် စစ်ရေးအရှုံးနှင့်ရင်ဆိုင်နေရသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲကာ အာရက္ခပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်သော စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်း၊ စစ်ဘေးရှောင်နေရာ နှင့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများအား သူရဲဘောကြောင်စွာဖြင့် နေ့စဉ်ရက်ဆက် နေ့ရောညပါ လေကြောင်းမှ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ ၁။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၇) နာရီ (၁၄) မိနစ်အချိန်ခန့်တွင် အမ်းမြို့နယ်၊ လေးအိမ်စုကျေးရွာအနီးပတ်ဝန်းကျင်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 ၊ ဂျက်တိုက်လေယာဉ်တို့ဖြင့် နာရီဝက်နီးပါးကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လေးအိမ်စုကျေးရွာနေ ဦးမောင်ထွား၏ နွား (၁) ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၂။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့၊ ညသန်းခေါင်ကျော် (၁၂) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် အဉ္ဇနပူရမြို့ (မင်းပြား) ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်တစ်စီးဖြင့် (၁၅) မိနစ်ခန့်ကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အဉ္ဇနပူရမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်မှ အပြစ်မဲ့အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ၃။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ ညသန်းခေါင် (၁) နာရီအချိန်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ရေကျော်ကျေးရွာတို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျိန္တလီမြို့မှ အပြစ်မဲ့ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြပြီး လူနေအိမ် (၁၃) လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ရေကျော်ကျေးရွာမှ ဘုန်းကြီးကျောင်းဆောင်များအပြင် လူနေအိမ် (၁၁) လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး နွား (၂) ကောင် သေဆုံးခဲ့သည်။ ၄။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၌လည်း အများပြည်သူ အိပ်မောကျနေချိန် ညသန်းခေါင် (၂) နာရီ (၁၀) မိနစ်အချိန်ခန့်တွင် ကျောက်တော်မြို့နှင့်အနီးတဝိုက်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်တစ်စီးဖြင့် နာရီဝက်ခန့်ကြာ ဗုံးအလုံးရေ (၃၀) နီးပါး လှည့်ပတ်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၂) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။ ၅။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့၊ ည (၁၂) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ Y-12 တစ်စီး၊ ဂျက်တိုက်လေယာဉ် (၂) စီးတို့ဖြင့် နာရီဝက်ခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထို့အပြင် နေအိမ် (၂၅) လုံးပျက်စီးကာ ဝက်တစ်ကောင်၊ နွားတစ်ကောင် သေဆုံးခဲ့သည်။ စက်တင်ဘာလ (၇) ရက် နှင့် (၁၇) ရက်နေ့တို့တွင်လည်း ဖက်ကျကျေးရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။ ၆။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့၊ ည (၁၁) နာရီ (၂၀) မိနစ် အချိန်ခန့်တွင် ဂွမြို့နယ်၊ ဆတ်သွားကျေးရွာကို ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဈေးဆိုင် (၂) ဆိုင်၊ အိမ် (၁) လုံးနှင့် ဆိတ် (၂) ကောင် သေဆုံးခဲ့သည်။ ၇။ စက်တင်ဘာလ (၂၁) ရက်နေ့၊ နံနက် (၆) နာရီခန့်အချိန်တွင်လည်း ဝီရဌာနေ(ပေါက်တော)၊ တောင်းဖူးကျေးရွာ စာသင်ကျောင်းအနီးဝန်းကျင်ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် နာရီဝက်ခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းဆောင်များ ပျက်စီးဆုံးရှုံးခဲ့သည်။ ၈။ စက်တင်ဘာလ (၂၀) ရက်နေ့ ညသန်းခေါင် (၁၂) နာရီ (၃၀) မိနစ်အချိန်နှင့် (၁) နာရီ (၁၆) မိနစ်အချိန်တို့တွင် ဝီရဌာနေ(ပေါက်တော)၊ တောင်းဖူးကျေးရွာနှင့် သမိုင်းဝင် တောင်းဖူးဘုရား အနီးဝန်းကျင်တို့ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်များဖြင့် (၅) ကြိမ် ရှေ့ဆင့် နောက်ဆင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ အမျိုးသမီး (၁) ဦးသေဆုံးခဲ့ပြီး၊ နောက် (၁) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့အပြင် သမိုင်းဝင် တောင်းဖူးဘုရားသိမ်အဆောင်နှင့် ဘုန်းကြီးကျောင်းတို့ ပျက်စီးခဲ့သည်။ ၉။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့၊ နံနက် (၁၀) နာရီ (၂၀) မိနစ်အချိန့်ခန့်တွင် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းကျေးရွာ၌နေထိုင်သော အပြစ်မဲ့အရပ်သား ပြည်သူ (၂) ဦး လက်နက်ကြီးအစထိမှန်ပြီး သေဆုံးသွားခဲ့သည်။ အလားတူ စက်တင်ဘာလ (၂၀) ရက်နေ့၊ ညနေ (၅) နာရီ (၅) မိနစ်အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာ (ရွာကြီး) ကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် (၃) ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၁) ဦးသေဆုံးခဲ့ပြီး နေအိမ် (၆) လုံး ပျက်စီးဆုံးရှုံးခဲ့သည်။ ၁၀။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂၆) မိနစ် အချိန်ခန့်တွင် သံတွဲမြို့နယ်၊ သစ်ငုတ်တို နှင့် အိုးမြေကျေးရွာ အနီးဝန်းကျင်တို့အားဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် နာရီဝက်ခန့်ကြာ လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၁၁။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် မြောက်ဦးမြို့ရှိ ယခင်က ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်များ စခန်းချနေထိုင်ခဲ့သော တပ်စခန်းဟောင်း များကိုလည်း ဂျက်တိုက်လေယာဉ် (၄) စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ပါတီစာစောင် အတွဲ (၁)၊ အမှတ် (၁) ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ ဤစာစောင်သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ပထမဆုံးထုတ်ဝီသည့် ပါတီစာစောင်ဖြစ်ပါသည်။ စာစောင်အား (၂) လ တကြိမ် ပုံမှန် ထုတ်ဝီလားမည် ဖြစ်ပါသည်။ စာစောင်၌ အဖွဲ့ချုပ်၏ လှုပ်ယှားဆောင်ရွက်မှုမှတ်တမ်းများ၊ စစ်ရီး၊ နိုင်ငံရီး၊ စီးပွားရီး၊ ကျန်းမာရီး၊ ပညာရီး၊ လူမှုရီး ဆိုင်ရာ အထူးသတင်းများ၊ အတွေးအမြင်၊ အိန်တာဗျူး၊ ဆောင်းပါးများ စသည့် ကဏ္ဍမျိုးစုံကို ထည့်သွင်းဖော်ပြလားမည် ဖြစ်ပါသည်။ ဤစာစောင်အား စောင့်မျှော်ဖတ်ရှုသည့် အာရက္ခမိဖပြည်သူများအနီဖြင့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလိမ့်မည်ဟု အခိုင်အမာ ယုံကြည်လျက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ပါတီစာစောင် အတွဲ (၁)၊ အမှတ် (၁) အား အေနိ ၂၀၂၆ ခုနှစ်၊ စပ်တမ်ဘာလ (၂၆) ရက်နိ၌ ပထမဆုံးအကြိမ် ထုတ်ဝီလိုက်ပါသည်။

အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် အမြင့်ကျွန်းကျေးရွာ၊ မင်းချောင်းတံတားအနီး၌ လက်ရဖမ်းဆီးရမိခဲ့သော ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်၏ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သားရန်ငြိမ်းအောင်၏ ထွက်ဆိုချက် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက် #AAInfoDesk

ရက္ခိုင်-မကွေးအစပ် (မင်းတုန်း၊ သဖန်ရောင်တိုက်ပွဲများအတွင်း/ မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းအနီး) ၌
+8
ရက္ခိုင်-မကွေးအစပ် (မင်းတုန်း၊ သဖန်ရောင်တိုက်ပွဲများအတွင်း/ မင်းတုန်းမြို့နယ်၊ ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းအနီး) ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀/၂၁) ရက်များတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအထဲမှ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ စစ်ကြောင်းများထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက် #AAInfoDesk

အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ထံမှ အာရက္ခတပ်တော်
+2
အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ထံမှ အာရက္ခတပ်တော် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်သုံ့ပန်းနှင့် ရန်သူအလောင်းအချို့ - (၁) နောက်ထပ် သိမ်းဆည်းရမိ လက်နက်ခဲယမ်း နှင့် ရန်သူ့အလောင်းများကို ဆက်လက် တင်ပေးသွားပါမည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက် #AAInfoDesk

photo content
+9

photo content
+9