fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال Telegram News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 422 مشترک است و جایگاه 16 330 را در دسته اخبار و رسانه‌ها و رتبه 9 947 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 422 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 27 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -136 و در ۲۴ ساعت گذشته برابر -9 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.67% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.32% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 648 بازدید دریافت می‌کند. در اولین روز معمولاً 493 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 28 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 422
مشترکین
-924 ساعت
-317 روز
-13630 روز
آرشیو پست ها
ဆင်ခြေလျှောမြေသားနိမ့်ကျမှုဖြစ်ပွားခဲ့သည့် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံမှ သိုလှောင်ရေများ ဆက်လက်လျှော့ချနေ အောက်တိုဘာ
ဆင်ခြေလျှောမြေသားနိမ့်ကျမှုဖြစ်ပွားခဲ့သည့် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံမှ သိုလှောင်ရေများ ဆက်လက်လျှော့ချနေ အောက်တိုဘာ ၃၁၊ ၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများနှင့် ရေထုတ်လွှတ်လျက်ရှိရာ ယနေ့ (အောက်တိုဘာ ၃၁ ရက်) နံနက်ပိုင်းထိ တမံရှိရေ ၁၈ ဒသမ ၅၅ ပေခန့် ရေထုတ်လွှတ်လျှော့ချခဲ့ပြီးဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေလျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာလက်ရှိအချိန်ထိတမံရှိရေ ၂၉၆ ဒသမ ၄၅ ပေသာ ကျန်ရှိတော့သဖြင့် ၁၈ ဒသမ ၅၅ ပေခန့် ရေထုတ်လွတ် လျှော့ချပြီးဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် အဆိုပါတမံဆင်ခြေလျှောနိမ့်ကျမှုဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင်ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သည့်ကူညီဆောင်ရွက်မှုများကို နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
31 اکتبر, 06:36

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးသစ်ကြီး၌ ဆိုင်ခန်းများပြန်လည်ဖွင့် လှစ်ရောင်းချမည် NOM အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးသစ်ကြီး၌ ဆိုင်ခန်းများပြန်လည်ဖွင့် လှစ်ရောင်းချမည် NOM အောက်တိုဘာ ၃၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗညားဒလလမ်းနှင့် စက်ရုံလမ်းထောင့် ရှိမင်္ဂလာဈေးသစ်ကြီး၌ ဆိုင်ခန်းများပြန်လည်ဖွင့်လှစ်ရောင်းချတော့မည်ဖြစ်ကြောင်းသိရသည်။ "နိုဝင်ဘာလ ပထမပတ်မှာ ဖွင့်လှစ်ရောင်းချဖို့ အခုအောက်တိုဘာလ နောက်ဆုံးပတ်ကနေစပြီး ဆိုင်ခန်းပိုင်ရှင်တွေကို သူတို့ရောင်းမယ့်ပစ္စည်းတွေရွှေ့ပြောင်းခွင့်ပြုထားပါတယ်" ဟု ဈေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်ရောင်းချရာတွင် မူလဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့ပြန်လည်ရရှိထားသည့် ဈေးဆိုင်ခန်းများတွင် အခကြေးငွေ တစ်စုံတစ်ရာပေးဆောင် ရောင်းချရန်မလိုဘဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုင်ခန်းလေးထောင်ကျော်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ "မူလဆိုင်ခန်းပိုင်ရှင်တွေက အခကြေးငွေပေးဆောင်စရာမလိုဘူး၊ တောင်းခံတဲ့သူရှိရင်လည်း သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်” ဟု တာဝန်ရှိသူက ပြောသည်။ ထို့အပြင် တင်ဒါအောင်မြင်၍ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဆန်းမြတ်ထွန်းဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ၁၀ ပေပတ်လည် ဆိုင်ခန်းများအား အရစ်ကျစနစ်နှင့် ဘဏ်ချိတ်စနစ်များဖြင့် ဝယ်ယူနိုင်ရန်စီစဉ်ထားကြောင်း ဈေးတာဝန်ရှိသူထံမှသိရသည်။ မင်္ဂလာဈေးကြီးသည် ၂၀၁၀ ပြည့်နှစ်၊ မေ ၂၄ ရက်တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ်ဇန်နဝါရီ ၉ ရက်တွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့ပြီးနောက် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၁၀ နှစ်ကျော်အကြာ ယခု ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ပထမပတ်တွင် အဆင့်မြင့် မင်္ဂလာဈေးသစ်ကြီးအဖြစ်ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
31 اکتبر, 06:12

PJနိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှင် ဝင်ငွေခွန်နှင့် မိသားစုငွေလွှဲတင်ပြရမည်
+1
PJနိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှင် ဝင်ငွေခွန်နှင့် မိသားစုငွေလွှဲတင်ပြရမည်
31 اکتبر, 05:47

ပိုလန်နိုင်ငံသား ဥရောပပါလီမန်အမတ် တာချင်စကီးက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရာရုံးအကျပ်အတည်းအတွက် ဂျာမနီနိုင်ငံကို အပြစ်တင်လိုက်သည်။ သူက - • "ကဲ အားလုံးပဲ၊ ပိုလန်နိုင်ငံမှာ အခုဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ကျွန်တော် ရှင်းပြခွင့်ပြုပါ။ ပိုလန်မှာ လစ်ဘရယ်ဝါဒီ လက်ဝဲအစိုးရတစ်ရပ် ရှိပါတယ်။ သူတို့ရဲ့ ဝန်ကြီးချုပ်က တပ်စ် (Tusk) လို့ ခေါ်ပါတယ်။ အခု ဘာတွေဖြစ်နေလဲဆိုတော့ တရားရုံးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။" • "သူတို့က အာဏာကို သိမ်းပိုက်ချင်နေကြပြီး သူတို့ရဲ့ လူတွေနဲ့ ထည့်သွင်းနေရာချချင်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုလန်နိုင်ငံရဲ့ ငွေကြေးစနစ်ကို ဖယ်ရှားပစ်ချင်လို့ပါ။ ဂျာမနီရဲ့ တွန်းအားပေးမှုကြောင့် ယူရိုဇုန် (Eurozone) ထဲကို ကျွန်တော်တို့ကို ရောက်ရှိအောင် သွပ်သွင်းချင်နေကြလို့ပါ။" • "ဒါ့အပြင် ဂျာမန်တွေက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ပိုလန်နိုင်ငံဆီ ပို့ဆောင်ချင်ကြပြီး ရွှေ့ပြောင်းနေထိုင်သူတွေကို ဖြန့်ကျက်ချင်ကြတဲ့အတွက် ကျွန်တော်တို့ရဲ့ လုံခြုံတဲ့နယ်စပ်တွေကို ဖျက်သိမ်းပစ်ချင်နေကြပါတယ်။" • "ဒါကြောင့် သူတို့လုပ်ချင်နေတာက ပထမဦးဆုံးအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပိုလန်နိုင်ငံရဲ့ ငွေကြေးဖြစ်တဲ့ ဇလော့တီ (zloty) ကို ဖျက်သိမ်းပြီး ယူရိုငွေကြေးကို ပြောင်းလဲသုံးစွဲခိုင်းချင်နေကြတာပါ။ တရားရုံးချုပ်ရဲ့ ခွင့်ပြုချက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ သူတို့ ဒါကို မလုပ်နိုင်ပါဘူး။" • "ဒါကြောင့် နံပါတ်တစ်အနေနဲ့ ပိုလန်ငွေကြေးကို ဖယ်ရှားချင်နေကြတယ်၊ ယူရိုဇုန်ထဲ ရောက်အောင် လုပ်ချင်နေကြတယ်။ ပြီးတော့ ဥရောပသမဂ္ဂမှာ အကြီးဆုံး အရန်ရွှေတွေ ရှိတဲ့ ကျွန်တော်တို့ရဲ့ ရွှေတွေကို ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာရှိတဲ့ ဥရောပဗဟိုဘဏ် (သို့မဟုတ်) ဂျာမန်ဘဏ်ဆီကို ယူသွားချင်နေကြပါတယ်။" • "နယ်စပ်တွေကို ဖွင့်ပေးချင်နေကြပြီး နောင်လာမယ့်နှစ်မှာ ရွေးကောက်ပွဲတွေ ရှိလာတဲ့အခါကျရင် သူတို့ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တောင် တရားရုံးချုပ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတွေအနေနဲ့ ဖြစ်ပျက်လာသမျှအပေါ် ဘာမှ တားဆီးဟန့်တားနိုင်စွမ်း မရှိစေရအောင် သူတို့က သေချာလုပ်ဆောင်ချင်နေကြပါတယ်။" • "အကြောင်းပြချက်တွေကတော့ ဒါထက်မက ပိုရှိပါသေးတယ်။ ဒါပေမဲ့ တစ်ခုခုကို ခင်ဗျားတို့ သဘောပေါက်စေချင်တာက သူတို့ဟာ ဂျာမန်တို့ရဲ့ လွှမ်းမိုးမှုအောက်မှာ ရောက်နေကြတယ်ဆိုတာပါပဲ။ သူတို့ဟာ ဂလိုဘယ်လစ်စ့် (Globalists) တွေ ဖြစ်ကြပြီး ကျွန်တော်တို့ဟာ ပိုလန်နိုင်ငံအတွက်တင် မဟုတ်ဘဲ ဥရောပအတွက်ပါ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။" • "ပိုလန်လို ဖြစ်လာတယ်ဆိုတာ သန်မာဖို့ကို ဆိုလိုတာပါ၊ ကျွန်တော်တို့နိုင်ငံက သန်မာပါတယ်။ ကျွန်တော်တို့ အနိုင်ရမှာပါ။ ဒါကို ကြည့်ရှုပေးကြပါ၊ ဒီသတင်းစကားကို မျှဝေပေးကြပါ။ အားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေ။"
31 اکتبر, 04:52

ပိုလန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအပြည့်ဖြင့် ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်ပြီး လွှတ်တော်အမတ် မာတက်စကီ (Matecki) က "ဒါဟာ အာဏာသိမ်းမှုတစ်ခုပဲ" လို့ပြောဆိုခဲ့ပါတယ်။
31 اکتبر, 04:29

အမေရိကန်နိုင်ငံ အတ္တလန္တာမြို့မှာ ကျင်းပတဲ့ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေကG20 ထိပ
အမေရိကန်နိုင်ငံ အတ္တလန္တာမြို့မှာ ကျင်းပတဲ့ G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေကG20 ထိပ်သီးအစည်းအဝေး တက်ရောက်လာတဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဗ် နဲ့ ဓါတ်ပုံအတူတွဲရိုက်ဖို့ ငြင်းဆန်လိုက်ကြတယ်ဆိုတဲ့ သတင်းလေးတွေ့လို့ပါ။ သူတို့အကြောင်းပြချက်က ၂၀၂၂ ခုနှစ်တုန်းက ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့လို့ဆိုပဲ။ တစ်ချို့ လက်ခုပ်တွေက နှစ်ဖက်တီးမှမြည်တဲ့ ကိစ္စတွေပါ။ ယူကရိန်းကို နေတိုးထဲ လက်ခံရင် ...ဒီလိုဖြစ်မှာသိသိနဲ့ စစ်မြူခဲ့ကြတာပဲ မဟုတ်လား။ အပြင်က ကြည့်ရင် ယူကရိန်း-ရုရှားစစ်ဆိုပေမယ့် ယူကရိန်းနောက်မှာ နေတိုး တအုပ်လုံးက လက်နက်ခဲယမ်းနဲ့ ငွေကြေးတွေ ထောက်ပံ့ပေးခဲ့ကြတာပဲ မဟုတ်လား။ အမှန်တကယ်က နေတိုး Vs ရုရှာ လို့တောင် ပြောလို့ရနေပြီ။ ဒါနဲ့....အမေရိကန်ကရော ဗင်နီဇွဲလားကို ဘာကိစ္စ စစ်ရေးအရ ကျုးကျော်ပြီး သမ္မတကို ဖမ်းဆီး အရေးယူခဲ့တာလဲ။ အစ္စရေးကြတော့ နျူကလီးယား ပိုင်ဆိုင်ခွင့်ပြုပြီး အီရန်ကြမှ ဘာကိစ္စ အကြောင်းပြ စစ်ဝင်တိုက်ရတာလဲ။ ဒီမေးခွန်းတွေ အရင်ဖြေဖို့ကောင်းတယ်။ မြန်မာနဲ့ပတ်သက်ပြီး ကုလအထူးသံက တရုတ်အနေနဲ့ လက်နက်မရောင်းဘူးဆိုတာ သက်သေပြတဲ့။ လက်ရှိ မြန်မာမှာ လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်‌ နေတာက နောက်ကွယ်က တရုတ် ထောက်ပံ့လို့ပါပေါ့။ တကယ်က သက်သေတွေက ဒီမှာပါ ဆိုပြီး ချပြ ရှင်းခိုင်းရမယ့် အရေးမှာ.....မရောင်းဘူးဆိုတာ သက်သေပြတဲ့။ သူတို့ စွပ်စွဲတာကလည်း အဆန်း။ ရုရှား ယူကရိန်းစစ်မှာ ရုရှားက ကျူးကျော်တာကိုပဲ ပြောတယ်။ အမေရိကန်အပါအဝင် နေတိုး တအုပ်လုံးက နောက်ကနေ စစ်စရိတ်ထောက်ပံ့နေတာကြ မပြောဘူး။ မြန်မာ့ လက်နက်ကိုင်ပဋိပက္ခ အရေးမှာ စစ်ရေးမဟုတ်သော ထောက်ပံ့မှုဆိုတဲ့ Burma Act ဆိုတာမျိုးကလည်း တဖက်လှည့်နဲ့ NUG ကို ထောက်ပံ့တာပဲလေ။ တပ်က အာဏာထိန်းတာပဲ အကြောင်းပြကြတယ်။ NLD မဲခိုးတာကို ပရင့်တက် ဒေတာနဲ့ တကွ ချပြထားတာပဲ။ တပ်က စွပ်စွဲတာ မှားနေရင်....အဲ့ကတည်းက ထောက်ပြပေါ့။ တကယ်က နိုင်ငံရေးမှာ ကိုယ်နဲ့ ပါတနာ ဖြစ်ဖို့ ကသာ အရေးအကြီးဆုံးဆိုတဲ့ မူမျိုးကို အမေရိကန်က ကိုင်ထားတာ။ ဂရင်းလန်တောင် အကြပ်ကိုင်လို့ စစ်အခြေစိုက်စခန်းချခွင့် ပေးလိုက်ရပြီ။ ဘယ်မှာလဲ တရားမျှတမှု ရှိလို့လဲပေါ့။ ကမ္ဘာ့နိုင်ငံရေးစနစ်ကိုက ကြီးနိုင်ငယ်ညှင်းပါပဲ။ ဒီမိုကရေစီ ဘိုးအေ ဖြစ်တဲ့ အမေရိကန်လည်း Double standard ကျင့်သုံးတာပါပဲ။ ကိုယ့်မှာ တူတူတန်တန် ပါဝါမှ မရှိရင်....ပြည်တွင်း မှာ မဲ ပုံးထောင်နိုင်ရင်တောင် ပြည်ပက လက်ခံမှ တရားဝင်မယ့် ပုံစံမျိုး ဖြစ်လာပြီ။ နိုင်ငံတစ်ခုရဲ့ အစိုးရကို လိုသလို ပုံသွင်းရတဲ့ အခြေအနေမျိုးကို အင်အားကြီးနိုင်ငံတွေက ဖန်တီးလာကြပြီ။ ဒီမိုကရေးစီပဲ ကျင့်သုံးသုံး၊ ကွန်မြူစနစ် ပဲ ကျင့်သုံးသုံး Might is Right ကသာ အဓိကပဲ။ ကိုယ်က အင်အားချိနဲ့လို့ကတော့ ဘက်ပေါင်းစုံက ဝင်လာမှာပဲ။ ၁၀၂၇ တုန်းက မြို့တွေ ဖျက်စီးခံရတယ်။ လူတွေသေကြတယ်။ စစ်ရှောင်တွေ ပြေးရတယ်။ နိုင်ငံတကာ မီဒီယာ‌ တွေက အတိုက်အခံ သူပုန်‌တွေကနိုင်တယ်။ အစိုးရ ရှုံးနေပြီလို့ပဲ ရေးတာ။ သူပုန်တွေကြောင့် မြို့ပျက်ရတာ။ တံတားချိုးခံရတာတွေကို ဘာတခုမှမရေးဘူး။ အစိုးရက မြို့ပေါင်း ဘယ်နှစ်ခု လက်လွှတ်ရပါပြီလို့ပဲ အားရဝမ်းသာ ရေးကြတာ။ တပ်ကိုထောက်ခံရင်တောင် ဒလန်ခေါင်းစဉ်နဲ့ သတ်ကြတဲ့ လက်နက်ကိုင်တွေက ရွှေပြည်အေး တရားနဲ့တော့ ကျွတ်မယ် မထင်ဘူး။ ဒီနိုင်ငံက တပ်မတော်ကမှ မမာရင် နည်းမျိုးစုံနဲ့ အုံကြွချင်ကြတဲ့ ညင်ဆိုးတွေ ရှိတယ်ဆိုတာ သတိချပ်ကြဖို့ လိုတယ်။ (နရီမိုး)
31 اکتبر, 04:11

အစ္စရေးတွင် အမေရိကန် ဝေဟင် ဆီဖြည့်လေယာဉ် ၈၀ ကျော် ရောက်ရှိနေခြင်းက အီရန်ကို နောက်ထပ် အဓိကလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန
အစ္စရေးတွင် အမေရိကန် ဝေဟင် ဆီဖြည့်လေယာဉ် ၈၀ ကျော် ရောက်ရှိနေခြင်းက အီရန်ကို နောက်ထပ် အဓိကလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် ပြင်ဆင်နေသည့် လက္ခဏာဖြစ် အစ္စရေးနိုင်ငံအတွင်း အမေရိကန်၏ ကြီးမားလှသော လေကြောင်းအင်အား တပ်ဖြန့်မှုတစ်ခု စတင်နေပြီ ဖြစ်သည်။ အစ္စရေး၏ Channel 14 သတင်းဌာ၏ ဖော်ပြချက်အရ အမေရိကန် ဝေဟင်ဆီဖြည့်လေယာဉ် ၈၀ ကျော် အစ္စရေးနိုင်ငံအတွင်းသို့ ရောက်ရှိတပ်ဖြန့်ထားပြီး၊ ဤလုပ်ဆောင်ချက်သည် အီရန်နိုင်ငံအား ရေရှည်ဗုံးကြဲတိုက်ခိုက်မှု စတင် ပြုလုပ်ရန် ပြင်းပြင်းထန်ထန် ပြင်ဆင်နေသည့် လက္ခဏာတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ၄၈ နာရီအတွင်း မကြုံစဖူး ပမာဏရှိသော အမေရိကန် လေကြောင်းသယ်ယူပို့ဆောင်မှုများဖြင့် အနည်းဆုံး လေကြောင်းသယ်ယူပို့ဆောင်ရေး လေယာဉ်ကြီး ၁၀ စီးနှင့် ဝေဟင်ဆီဖြည့်လေယာဉ် အစီး ၈၀ ခန့်ကို ထိုဒေသအတွင်းသို့ ရွှေ့ပြောင်းတပ်ဖြန့်ခဲ့သည်။ ထိုသယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးများသည် အမေရိကန်နိုင်ငံ၊ တက်ဆပ်စ်ပြည်နယ်၊ ဖော့တ်ဘလစ်စ် တပ်စခန်း (Fort Bliss) မှ ထွက်ခွာလာပုံရပြီး အစ္စရေး၏ Ovda နှင့် Nevatim လေတပ်စခန်းများသို့ ဆင်းသက်ခဲ့ကာ လေကြောင်းရန်ကာကွယ်ရေး ပစ္စည်းကိရိယာများကို သယ်ဆောင်လာဖွယ် ရှိသည်။ ထို့ပြင် ဂျော်ဒန်၊ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့လည်း အခြားအမေရိကန် လေယာဉ်များ လာရောက်ဆင်းသက်ခဲ့ကြောင်း သတင်းရရှိသည်။ ဤကဲ့သို့ စစ်အင်အားဖြည့်တင်းမှုသည် အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ် ကူးပါး က အိမ်ဖြူတော်တွင် သမ္မတ ထရမ့်အား တိုက်ခိုက်ရေးဆိုင်ရာ ရွေးချယ်စရာ နည်းလမ်းများကို ရှင်းလင်းတင်ပြခဲ့သည်ဟု သတင်းထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
31 اکتبر, 00:53

ယာယီနေရပ်စွန့်ခွာ ဒေသခံ တိုင်းရင်းသားပြည်သူများ ထန်တလန်မြို့သို့ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဌ
+1
ယာယီနေရပ်စွန့်ခွာ ဒေသခံ တိုင်းရင်းသားပြည်သူများ ထန်တလန်မြို့သို့ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး  အောက်တိုဘာ ၃၀၊ ၂၀၂၆      တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-  Terrorism Operation)များကို ဆောင်ရွက်လျက် ရှိရာ  ဇွန်လ ၉ ရက်တွင် CNF၊ CDF အမည်ခံ အကြမ်းဖက်သောင်းကျန်း သူများ   ယာယီထိန်းချုပ်ထားသည့် ဟားခါး- ထန်တလန်ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးကို တပ်မတော်က အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာစွာ   အားပေးထောက်ခံကြိုဆိုခဲ့ကြသည်။      ထို့ပြင်   နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် တပ်မတော်နှင့် ဌာနဆိုင်ရာအဖွဲ့များကယာယီနေရပ်စွန့်ခွာ နေကြရသည့်   ဒေသခံတိုင်းရင်းသား ပြည်သူများ ၎င်းတို့၏ နေရပ်များတွင် ပြန်လည်အခြေချ နေထိုင်နိုင်ရေး၊ အစိုးရ၏အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံး/ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်ကူညီထောက်ပံ့ရေး ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် ဌာနဆိုင်ရာ အဆောက် အအုံများနှင့် လူနေအိမ်များကိုလည်း ပြန်လည်ပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။  ထိုသို့  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာယီနေရပ် စွန့်ခွာသူများအား ၎င်းတို့၏နေရပ်များသို့ အဆင်ပြေချောမွေ့စွာ   ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာအဖွဲ့များနှင့် နေရပ်ပြန် ဒေသခံပြည်သူများပါဝင်သည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသည် ဟားခါးမြို့မှထွက်ခွာလာပြီး နေ့လယ်ပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။     တပ်မတော်စစ်ကြောင်းများအနေဖြင့် ဟားခါး-ထန်တလန် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးနောက် အဆိုပါဒေသများအတွင်း တိုက်ပွဲများကြောင့် ခေတ္တရှောင်တိမ်းနေထိုင်ခဲ့ကြသည့်   နေရပ်စွန့်ခွာဒေသခံပြည်သူများ မိမိတို့အရပ်ဒေသများသို့ ပြန်လည် ဝင်ရောက်နေထိုင်နိုင်ရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့သည့် လူနေအိမ်များ၊ ဌာနဆိုင်ရာရုံး၊ အဆောက်အအုံများအား ပြန်လည်ပြုပြင်ပေးခြင်း အစရှိသည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဒေသခံ ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းကာ လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။ 
30 اکتبر, 23:49

စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ အောက်တိုဘာ ၃ဝ၊ ၂၀၂၆ စားသုံးသူကာကွယ်ရေးဥပဒေကိုပ
စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ အောက်တိုဘာ ၃ဝ၊ ၂၀၂၆ စားသုံးသူကာကွယ်ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ယနေ့ကျင်းပသည့်အခမ်းအနားကို တက်ရောက်လာကြသော အစိုးရဌာန/အဖွဲ့အစည်းများနှင့် စားသုံးသူကာကွယ်ရေးဥပဒေကို ကျင့်သုံးဆောင်ရွက်နေကြသူများအားလုံးအနေဖြင့် အဆိုပါ ပြန်လည်ပြင်ဆင်မည့် ပြဋ္ဌာန်းချက်များကို လက်တွေ့ကျင့်သုံးဆောင်ရွက်ကြမည်ဆိုလျှင် တွေ့ကြုံနိုင်ခြေ ရှိသောအခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပေါ် မည်သို့အကျိုးသက်ရောက်နိုင်မည်၊ မည်သည့်အားသာချက်များရရှိလာမည်စသည့် ထင်မြင်ယူဆချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးထိုက်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်တို့က စားသုံးသူကာကွယ်ရေးဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
30 اکتبر, 23:15

ပိုလန်နိုင်ငံ ဝါဆောမြို့တွင် ဖြစ်ပေါ်နေသည့် ပရမ်းပတာရှုပ်ထွေးမှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးချုပ်ရပ်ဆိုင်းမှုများအတွက် ဥရောပသမဂ္ဂ (EU) ကျောထောက်နောက်ခံပြုထားသည့် ဝန်ကြီးချုပ် ဒေါ်နယ်လ် တပ်စခ် ကို သမ္မတ နက်ဗရောက်စကီ၏ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် က ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက် "သူ့ကိုယ်သူ အာဏာပိုရဖို့အတွက် ... နိုင်ငံတော်အကျပ်အတည်းကို ဖန်တီးနေပြီး ပိုလန်နိုင်ငံ၏ လုံခြုံရေးကိုပါ အန္တရာယ်ကျရောက်စေလျက်ရှိတယ်" ဒေါ်နယ်လ် တပ်စခ် အနေဖြင့် "နိုင်ငံရေးဆိုင်ရာနှင့် ဥပဒေကြောင်းဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုများ" နှင့် ရင်ဆိုင်ရမည်ဟု တောင်းဆို။ "ပိုလန်နိုင်ငံဟာ တရားဥပဒေစိုးမိုးမှုမရှိ၊ ဘာစည်းကမ်းမှမရှိတဲ့ ငှက်ပျောသီးသမ္မတနိုင်ငံ (Banana Republic) တစ်ခု ဖြစ်မလာစေရဘူး"
30 اکتبر, 23:13

+1
သတင်းထောက် - "နစ်ကီ မီနက်ဂျ် (Nicki Minaj) (အမေရိကန်နာမည်ကြီး အမျိုးသမီး ရပ်ပါအဆိုတော်) က အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူအသစ် ဖြစ်လာတော့မှာလား?" သမ္မတ ထရန့် - "အဲဒါ ကောင်းတဲ့ အကြံပဲ။ ငါ အဲဒါကို စဉ်းစားကြည့်ရမယ်။"
30 اکتبر, 23:03

သမ္မတထရန့်၏ အပန်းဖြေအိမ်တော် မာအာလာဂို ကို ခံတပ်အဖြစ်ပြောင်းလဲလိုက်ပြီ - စတင်ဂျာ (လေကြောင်းရန်ကာကွယ်ရေး) ဒုံးကျည်များ တပ်ဆင်ထ
သမ္မတထရန့်၏ အပန်းဖြေအိမ်တော် မာအာလာဂို ကို ခံတပ်အဖြစ်ပြောင်းလဲလိုက်ပြီ - စတင်ဂျာ (လေကြောင်းရန်ကာကွယ်ရေး) ဒုံးကျည်များ တပ်ဆင်ထား ဖက်ဒရယ်အစိုးရသည် သမ္မတ ထရန့်၏ ဖလော်ရီဒါပြည်နယ်ရှိ ထရန့်၏ကိုယ် အပန်းဖြေအိမ်တော်နှင့် အနီးအနားရှိ ပမ်းဘီးချ် (Palm Beach) လေဆိပ်ကို ကာကွယ်ရန် အဗင်းဂျား (Avenger) လေကြောင်းရန်ကာကွယ်ရေး စနစ်များကို တပ်ဆင်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတတစ်ဦးသည် သူ၏ ကိုယ်ပိုင်အပန်းဖြေအိမ်တော်ကို လက်နက်ဆန်းများဖြင့် ပြည့်နှက်နေသည့် စစ်ဘက်ဆိုင်ရာဇုန်အဖြစ် ပြောင်းလဲလိုက်သည့်အခါ သူ ဘာကို ဒီလောက်အထိ ကြောက်ရွံ့နေသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ အီရန်နှင့်ဖြစ်နေသော စစ်ပွဲသည် "ပြီးဆုံးခါနီးပြီ" ဖြစ်ပြီး "အရမ်းကို သက်သာတဲ့ တန်ဖိုးတစ်ခုပဲ ပေးဆပ်ရမှာ" ဟု ထရန့်က နိုင်ငံကို ကတိပြုခဲ့သည်။ သို့သော် ထိုတန်ဖိုးတွင် သူ၏ ကိုယ်ပိုင်အပန်းဖြေအိမ်တော် ခြံဝင်းအတွင်း မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ရခြင်းအထိ ပါဝင်လာမည်ကိုမူ သူ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။
30 اکتبر, 22:59

(၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း မလေးရှာ
(၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း မလေးရှားနိုင်ငံသို့ထွက်ခွာ  အောက်တိုဘာ ၃၀၊ ၂၀၂၆ မလေးရှားနိုင်ငံ၌ကျင်းပမည့် (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ မလေးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။ (၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သေနတ်ပစ်အသင်းများဖြင့် ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတို(အမျိုးသား)အသင်းနှင့် ပစ္စတို(အမျိုးသမီး)အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသင်း ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်းဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမားစုစုပေါင်း ၅၅ ဦးတို့ လိုက်ပါသွားကြကြောင်း သိရသည်။
30 اکتبر, 22:46

ပိုလန်နိုင်ငံ ဝါဆောမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအားထိန်းချုပ်ရေးအတွက် တင်းမာမှုများ မြင့်တက်လာမှုကြောင့် စီနီဂေါနိုင်ငံသို့ ထွက်ခွာလာသည့် ပိုလန်သမ္မတ နက်ဗရောက်စကီ၏ လေယာဉ် လမ်းခုလတ်မှ ပြန်လှည့်လာရ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးပြင်ပတွင် ဆန္ဒပြသူများ စုဝေးနေကြသဖြင့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က စောင့်ကြပ်လျက်ရှိ။ ပိုလန်သမ္မတသည် တရားရုံးအတွင်းသို့ မဝင်ရောက်မီ အဝင်ဝ၌ တရားသူကြီးများ၏ တားဆီးဟန့်တားမှုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရ။
30 اکتبر, 22:45

ပိုလန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအတွင်း ဝန်ကြီးချုပ် တပ်စခ် ကျောထောက်နောက်ခံပြုထားသည့် တရားသူကြီးများကို သမ္မတ နက်ဗရောက်စကီ ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်။ "ခင်ဗျားတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးရဲ့ တရားသူကြီးတွေ မဟုတ်ကြဘူး!"
30 اکتبر, 22:41

ပိုလန်နိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးချုပ် ထိန်းချုပ်ရေးအတွက် သမ္မတ နက်ဗရောက်စကီနှင့် ဝန်ကြီးချုပ် တပ်စခ်၏ အစိုးရအဖွဲ့တို့ အပြိုင်အဆိုင် ဖြစ်ပွားနေမှုကြောင့် ပိုလန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာ။ တရားရုံးချုပ် ဦးဆောင်အဖွဲ့အား အလုပ်မှ ရပ်ဆိုင်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အတိုက်အခံများက အာဏာသိမ်းမှု (Coup) ဟု စွပ်စွဲပြောဆို။
30 اکتبر, 22:39

ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ လိုက်လံကြည့်ရှု
ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ လိုက်လံကြည့်ရှုစစ်ဆေး  အောက်တိုဘာ ၃၀၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနလက်အောက်ရှိ ရွှေတောင်မြို့နယ် ပဲခူးတိုင်းဒေသကြီးပိုက်ကျော်ခြင်းလက်ရွေးစင်အားကစားသမားများ ကွင်းသွင်းခြင်းခတ်(Hoop Takaraw)လေ့ကျင့်နေမှုများနှင့် ရွှေတောင်မြို့နယ်နှင့် နတ္တလင်းမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံတို့ကို ယနေ့နံနက်ပိုင်းက အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးကျော်သူ လိုက်လံကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံများရေရှည်တည်တံ့စေရေးအတွက် ပုံမှန် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် မြသီတာအားကစားခန်းမကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။ ထို့ပြင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ၂ဝ၂၆ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘိလိယက်နှင့် စနူကာပြိုင်ပွဲဖွင့်ပွဲတွင် အမှာစကားပြောကြား၍ “၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ”ကို ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အထက(၄)တာမွေမှ ဘင်ခရာနှင့်ပန်းဖွားအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၁၀ သိန်းပေးအပ်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
30 اکتبر, 21:49

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ချစ်သူရှာ အက်ပ် (app) မှတစ်ဆင့် တွေ့ဆုံသည့် အမျိုးသမီးများအား မုန့်ထဲတွင် ဆေးခတ်ခဲ့မှုဖြင့် အသက် ၅၄ နှစ်အရွယ် အစ္စရေးအမျိုးသားတစ်ဦး ဖမ်းဆီးတရားစွဲဆိုခံရ။ ပြစ်မှုကျူးလွန်သူသည် ဆေးခတ်ခံထားရသော အမျိုးသမီးများနှင့် လိင်ဆက်ဆံခဲ့ပြီး ၎င်း၏ဖုန်းဖြင့် ဗီဒီယိုများရိုက်ကူးထားခဲ့သည်။ 'တုံယမ်းကုန့်’ (Tom Yum Kung) ဟု အမည်ပြောင်ပေးထားသူ အဆိုပါအမျိုးသားသည် စတင်ဖမ်းဆီးခံရစဉ်က ဗီဇာသက်တမ်း ၆ နှစ်နီးပါး ကျော်လွန်နေထိုင်မှုဖြင့်သာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်။
30 اکتبر, 21:49

နမ့်စန်မြို့နယ်၊ ပေါ်ကျွဲကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်း
+8
နမ့်စန်မြို့နယ်၊ ပေါ်ကျွဲကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ အောက်တိုဘာ ၃၀၊ ၂၀၂၆
30 اکتبر, 11:02

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်မှ အမျိုးသားတစ်ဦးသည် ၎င်းနှင့် စေ့စပ်ထားသူအမျိုးသမီးအား အိမ်တိုင်ရာရောက် လိင်ပိုင်းဆိုင်ရာ စော်ကားရန် လူငှားခဲ့သဖြင့် ဖမ်းဆီးခံရ တိုက်ခိုက်သူသည် တံခါးကို ကန်ဖွင့်ဝင်ရောက်ကာ အမျိုးသမီးအား လည်ပင်းညှစ်ခြင်း၊ ဘောင်းဘီဆွဲချွတ်ရန် ကြိုးပမ်းခြင်းနှင့် မတော်မတရား ပွတ်သပ်ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါအမျိုးသမီးကလည်း ပြန်လည်ခုခံတွန်းလှန်ခဲ့သည်။ ဗီဒီယိုမှတ်တမ်းများအရ အမျိုးသမီးက ပြန်လည်ခုခံနေစဉ် စော်ကားသူက "မင်းရဲ့ချစ်သူက ငါ့ကိုလွှတ်လိုက်တာ။ မင်းက ဒါမျိုးကြိုက်တယ်လို့ မင်းရဲ့ချစ်သူက ပြောတယ်"ဟု ပြောဆိုခဲ့သည်ကို တွေ့ရသည်။
30 اکتبر, 11:00