uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 539 підписників, посідаючи 16 068 місце в категорії Новини і ЗМІ та 10 064 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 539 підписників.

За останніми даними від 17 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -265, а за останні 24 години на -4, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.37%. Протягом перших 24 годин після публікації контент зазвичай збирає 10.05% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 925 переглядів. Протягом першої доби публікація в середньому набирає 1 262 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 16.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 18 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 539
Підписники
-424 години
-517 днів
-26530 день
Архів дописів
မြေပြင်စစ်ပွဲအတွက် အသင့်ပြင်ဆင်ရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အီရန်ရုပ်သံလိုင်းများသည် ပြည်သူလူထုအားတိုက်ခိုက်ရေးရိုင
+2
မြေပြင်စစ်ပွဲအတွက် အသင့်ပြင်ဆင်ရေး အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အီရန်ရုပ်သံလိုင်းများသည် ပြည်သူလူထုအားတိုက်ခိုက်ရေးရိုင်ဖယ်သေနတ်များ မည်သို့အသုံးပြုရမည်ကို ရှင်းလင်းပြသလျက်ရှိသည်။ NOM

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့နှင့်ပလိပ်မြို့ရှိ ဘုရားများပြန်လည်ပြုပြင်နေမှု ပြည်ထော
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့နှင့်ပလိပ်မြို့ရှိ ဘုရားများပြန်လည်ပြုပြင်နေမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ကြည့်ရှုစစ်ဆေး   မေ ၁၇၊ ၂၀၂၆   သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့ဟောင်းရှိ ငလျင်ဒဏ်သင့်ဆေးဘုရားနှင့် ရွှေရောင်တော်ဘုရား ငါးဆူသို့ရောက်ရှိပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်း ဆရာတော်ဘဒ္ဒန္တကုသလာဘိဝံသ အမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ မက္ခရာဆေးဘုရား၊ အမရပူရခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသော ရွှေရောင်တော်ဘုရားလိုဏ်အတွင်းရှိ နံရံဆေးရေးပန်းချီများကို ကြည့်ရှုစစ်ဆေးသည်။   မွန်းလွဲပိုင်းတွင် ပုလိပ်မြို့ငလျင်ဒဏ်သင့် ရှင်ပင်ဂူလှဘုရားသို့ သွားရောက်ဖူးမြော်ပြီး ရတနာမြိုင် ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာအမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရှင်ပင်ဂူလှဘုရား ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လျှို့ဝှက်ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်အရ ကျူးဘားနိုင်ငံသည် အီရန်နှင့် ရုရှားနိုင်ငံတို့ထံမှ ခရီးရှည်ပျံသန်းတိုက်ခိုက်နိုင်
လျှို့ဝှက်ထောက်လှမ်းရေးအစီရင်ခံစာတစ်စောင်အရ ကျူးဘားနိုင်ငံသည် အီရန်နှင့် ရုရှားနိုင်ငံတို့ထံမှ ခရီးရှည်ပျံသန်းတိုက်ခိုက်နိုင်သည့် အသေခံဒရုန်းအစင်းရေ ၃၀၀ ကျော်လက်ခံရရှိထားကြောင်းနှင့် အမေရိကန်က ကျူးဘားနိုင်ငံအပေါ် တိုက်ခိုက်လာပါက ဂွမ်တာနာမိုပင်လယ်ကွေ့ (Guantanamo Bay) ရှိ အမေရိကန်စစ်အခြေစိုက်စခန်း၊ အမေရိကန်ရေတပ်သင်္ဘောများနှင့် ဖလော်ရီဒါကီးစ် (Florida Keys) ကျွန်းစုတို့ကို တုံ့ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း Axios သတင်းတွင် ဖော်ပြထားသည်။ NOM

ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ တိုက်လေယာဉ်များနှင့် စစ်သည်အင်အား ထောင်ပေါင်းများစွာ စေလွှတ်လိုက်ကြောင်း ရိုက်
ပါကစ္စတန်နိုင်ငံက ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ တိုက်လေယာဉ်များနှင့် စစ်သည်အင်အား ထောင်ပေါင်းများစွာ စေလွှတ်လိုက်ကြောင်း ရိုက်တာ Reuters သတင်းဌာနကဖော်ပြခဲ့သည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကာကွယ်ရေးသဘောတူညီချက်အရ ပါကစ္စတန်သည် စစ်သည်အင်အား ၈,၀၀၀၊ JF-17 တိုက်လေယာဉ်တစ်အုပ်စုနှင့် တရုတ်နိုင်ငံထုတ် HQ-9 လေကြောင်းရန်ကာကွယ်ရေးစနစ်တို့ကို ဆော်ဒီတွင် တပ်ဖြန့်ချထားခဲ့သည်။ အဆိုပါ တပ်ဖြန့်မှုအတွက် ရီယာ့ဒ် (ဆော်ဒီအစိုးရ) က ရန်ပုံငွေထောက်ပံ့ပေးထားခြင်းဖြစ်ပြီး လိုအပ်ပါက စစ်သည်အင်အား ၈၀,၀၀၀ အထိ တိုးမြှင့်သွားနိုင်ကြောင်းသိရသည်။ NOM

မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဘုန်းကြီးတစ်ပါးကို နွားထိုးကြီးပကဖအကြမ်းဖက်အဖွ
မြင်းခြံမြို့နယ်၊ တောင်ပုံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် ဘုန်းကြီးတစ်ပါးကို နွားထိုးကြီးပကဖအကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲပြီး ရက်စက်စွာသတ်ဖြတ်ခဲ့

အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းစခန်း အလိုက်ပြိုင်ပွဲများ
+2
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့်  တန်းမြင့် လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၉) သင်တန်းစခန်း အလိုက်ပြိုင်ပွဲများကျင်းပပြုလုပ် မေ ၁၈၊ ၂၀၂၆

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂ မှ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆ
+8
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၂ မှ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားအား မေလ ၁၈ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ မေ ၁၈၊ ၂၀၂၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ အရှေ
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကလောတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နန်းသီတာဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းများအား သွားရောက မေ ၁၈၊ ၂၀၂၆

သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးကားလမ်းတွင်ရေကျော် NOM၊မေ၁၈၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ
သာစည်မြို့နယ်ရှိ မိတ္ထီလာ-တောင်ကြီးကားလမ်းတွင်ရေကျော် NOM၊မေ၁၈၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၅/၂၃)နှင့် (၅/၂၄)ကြားတွင် ယနေ့(မေ၁၈ရက်)နံနက်၅နာရီတွင် ရေကျော်မှုဖြစ်ပွားနေကြောင်းမီးသတ်မှသတင်းထုတ်ပြန်ထားကြောင်း သိရသည်။ ရေကျော်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သာစည်မြို့နယ်မီးသတ်စခန်းနှင့် လှိုင်းတက်နယ်မြေမီးသတ် စခန်းတို့မှသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကူညီရေးလုပ်ငန်းများ သွားရောက်ဆောင် ရွက် ပေးခဲ့ပါကြောင်းသိရသည်။

အွန်လိုင်းမီဒီယာများအသုံးပြုသူများသိစေရန်ထုတ်ပြန်ခြင်း မေ၁၈၊၂၀၂၆
အွန်လိုင်းမီဒီယာများအသုံးပြုသူများသိစေရန်ထုတ်ပြန်ခြင်း မေ၁၈၊၂၀၂၆

မူဆယ်မြို့တွင်အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ဆက်စပ်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိ NOM၊မေ၁၈၊၂၀၂၆ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့မေ၁၇ရက်ကအွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ပါဝင်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၄၂)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးမှသတင်းထုတ်ပြန်ထားသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့များက မူဆယ်မြို့၊စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံ သား(၄)ဦးနှင့် မြန်မာနိုင်ငသား(၃၄)ဦးတို့ကို ဖုန်းမျိုးစုံ (၁၅၅)လုံး၊ All In One ကွန်ပျူတာ(၃၀) လုံး၊ တရုတ်ယွမ်(၁၀,၀၀၀)၊ မြန်မာငွေ(၁၀)သိန်းကျပ်နှင့် Crown ကား(၂)စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်း ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှလည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ မြန်မာနိုင်ငံသား(၄)ဦးအား ဖုန်းမျိုးစုံ(၉၅)လုံး၊ Laptop (၁)လုံး၊ Wifi စက်(၂)လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများပြီးပါက တည်ဆဲဥပဒေများနှင့်အညီထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိခဲ့သည့်လုပ်ငန်းသုံးပစ္စည်း များကိုလည်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တွင်မြေငလျင်လှုတ် NOM၊မေ၁၈၊၂၀၂၆ ၂၀၂၆ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၈) နာရီ၊ (၃၅) မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၂၇) မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄) ဒီဂရီ၊ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၂(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။ Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး မေ ၁၇၊ ၂၀၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စ
+4
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး မေ ၁၇၊ ၂၀၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ
+6
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း  အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်  အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ မေ ၁၇၊ ၂၀၂၆

(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ မြန်မာအသင်းရွှေတံဆိပ် ၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေး
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ မြန်မာအသင်းရွှေတံဆိပ် ၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခုနှင့် နိုင်ငံအလိုက် အဆင့် (၁ )ရရှိ NOM၊မေ ၁၇၊၂၀၂၆ (၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်၁၀ ခု ၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၉ ခု၊ စုစုပေါင်း ဆုတံဆိပ် ၂၅ ခုတို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်( ၁) ရရှိခဲ့ကြောင်းသိရသည်။ ယင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကွန်ဗင်းရှင်းစင်တာ MCC ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးညီညီ၊ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Datuk Paul Chua၊ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေး၊ အားကစား နှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကဆုတံဆိပ်များ‌ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက် ခူး
ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက် ခူးရန်သွားသည့် အပြစ်မဲ့ပြည်သူတစ်ဦး မိုင်းစထိမှန်သေဆုံး မေ ၁၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာနေ ဒေါ်အိအိမူ (၄၀) နှစ်သည် မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်၌ ၎င်း၏ နေအိမ်မှ ကျေးရွာ၏အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောတိုက်အတွင်း ဟင်းသီးဟင်းရွက်ခူးရန် သွားရောက်စဉ် အဆိုပါတောတိုက်အနီးအရောက် PDF အကြမ်းဖက် အဖွဲ့ထောင်ထား သည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

မြိတ်၌ စက်သုံးဆီဆိုင်မီးလောင်မှု အမျိုးသားသုံးဦးသေဆုံး NOM မေ ၁၇၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ
မြိတ်၌ စက်သုံးဆီဆိုင်မီးလောင်မှု အမျိုးသားသုံးဦးသေဆုံး NOM မေ ၁၇၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ စုံခေါင်းရပ်၊ ဘိုးဘွားရိပ်သာလမ်းရှိ စက်သုံးဆီ သိုလှောင်ကန်စခန်း နှင့် အရောင်းဆိုင်လုပ်ငန်းတစ်ခု၌ မေ ၁၇ ရက် နံနက် ၈ နာရီက မီးလောင်မှု ဖြစ်ပွားပြီး အမျိုးသား သုံးဦးသေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ ဆီသယ်ယာဉ်တစ်စီးက ဆီသိုလှောင်ကန်အတွင်းကို ဆီဖြည့်ရန်ပြင်ဆင်နေစဉ် ဆီသယ်ယာဉ်ခေါင်းပိုင်းတွင် ဝါယာရှော့ဖြစ်ပြီး အနီးရှိ လောင်စာဆီငွေ့နှင့် ထိတွေ့ကာ ဒီဇယ်ဆီဂါလံ (၁၀၀၀၀) ဆံ့ ဆီသိုလှောင်ကန်ကို မီးကူးစက်ရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် အနီးရှိ ဆိုင်ကယ်များ၊ ဆီသယ်ယာဉ် ကားခေါင်းပိုင်းနှင့် ဒီဇယ်ဆီ၊ ဓာတ်ဆီပီပါများမီးလောင် ကျွမ်းပျက်စီးခဲ့ပြီး မီးလောင်ဆုံးရှုံးမှု တန်ဖိုးကျပ်သိန်း လေးရာကျော် ဖြစ်ကြောင်းသိရသည်။ မီးလောင်မှုကြောင့် ယာဉ်မောင်း အမျိုးသားတစ်ဦး၊ အသက် ၁၈ နှစ်အရွယ် ဆီဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးတို့သည် အခင်းဖြစ် နေရာမှာပင် မီးလောင်သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသည့် အမျိုးသား နှစ်ဦးကို၊ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ အမျိုးသား တစ်ယောက် ဆေးကုသမှုခံယူစဉ် ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။ မီးလောင်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။ NOM

(၂ဝ) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ပထမနေ့မြန်မာ ရွှေတံတံဆိပ်ငါးခု၊ ငွေငါးခု၊ကြေးသုံး
(၂ဝ) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ပထမနေ့မြန်မာ ရွှေတံတံဆိပ်ငါးခု၊ ငွေငါးခု၊ကြေးသုံးခုရရှိထား NOM မေ ၁၇၊ ၂၀၂၆ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂ဝ) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကိုရန်ကုန်မြို့မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ မေ ၁၆ ရက်နေ့၌ ကျင်းပရာ ပထမနေ့တွင် မြန်မာရွှေတံဆိပ်ငါးခု၊ ငွေငါးခု၊ ကြေးသုံးခုဆွတ်ခူးရရှိထားကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲ၌ မြန်မာနိုင်ငံအားကစားသမားများက ပထမနေ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ကီလိုတန်းအလိုက် အတန်း ၁၀ တန်း၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်‌ရွှေ၊ ငွေ၊‌ေ ကြေး စုစုပေါင်း ၁၃ ခုရရှိထားသည်။ ယင်းပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ၊အားကစား‌ရေး‌ရာ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးများ၊ အာရှ၊ကမ္ဘာ့ ကာယဗလအဖွဲ့ချုပ်မှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာ၀န်ရှိသူများတက်ရောက်ခဲ့ကြပြီး ဆုများချီးမြှင့်ခဲ့ကြကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင် ဒေသတွင်းအာဆီယံနိုင်ငံများဖြစ်သည့် အိမ်ရှင်မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်နိုင်ငံများမှ ပြိုင်ပွဲဝင်အားကစားသမား ၁၀၀ ကျော်၀င်ရောက်ယှဉ်ပြိုင်ကြပြီးပြိုင်ပွဲကို မေလ ၁၇ ရက်အထိကျင်းပမည်ဖြစ်ကြောင်းသိရသည်။ NOM

ခွေးသားစားသုံးမှုတောင်ကိုရီးယားပိတ်မည် NOM တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၇ ခုနှစ်မှစ၍ ခွေးသားစားသုံးမှုကို လုံးဝပိတ်ပင်တော့မည်ဖြစ်သည်။ ခွေးများကို မွေးမြူခြင်း၊ သတ်ဖြတ်ခြင်းနှင့် အစားအစာအတွက် ရောင်းချခြင်းတို့ကို တရားဝင်တားမြစ်မည့်ကြေညာချက်ကို တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာန၏အဆိုအရ ဤလုပ်ငန်းတွင်ပါဝင်သော ခြံအများစုသည် ၎င်းတို့၏လုပ်ငန်းများကို ရပ်ဆိုင်းထားပြီးဖြစ်သည်။