fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 528 مشترک است و جایگاه 16 077 را در دسته اخبار و رسانه‌ها و رتبه 10 075 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 528 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 18 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -276 و در ۲۴ ساعت گذشته برابر -19 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.29% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.34% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 913 بازدید دریافت می‌کند. در اولین روز معمولاً 1 171 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 16 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 19 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 528
مشترکین
-1924 ساعت
-637 روز
-27630 روز
آرشیو پست ها
အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံထံမှ R-37M အမျိုးအစား တာဝေးပစ် ဝေဟင်မှဝေဟင်ပစ် ဒုံးကျည် အမြောက်အမြား ဝယ်ယူရန်အတွက် အမေရိကန်ဒေါ
အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံထံမှ R-37M အမျိုးအစား တာဝေးပစ် ဝေဟင်မှဝေဟင်ပစ် ဒုံးကျည် အမြောက်အမြား ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ ခန့် တန်ဖိုးရှိသော စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း South China Morning Post က မေလ ၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် ဒုံးကျည်အစင်းရေ ၃၀၀ ခန့် ပါဝင်ပြီး နောက်ထပ် ၁၂ လမှ ၁၈ လအတွင်း စတင်ပေးပို့သွားမည်ဟု ခန့်မှန်းရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းဒုံးကျည်များကို Su-30MKI တိုက်လေယာဉ်များတွင် တပ်ဆင်အသုံးပြုသွားမည် ဖြစ်သည်။ ရုရှားနိုင်ငံ Sukhoi ကုမ္ပဏီထံမှ လိုင်စင်ရယူကာ အိန္ဒိယနိုင်ငံအတွင်း၌ပင် ထုတ်လုပ်ထားသည့် Su-30MKI တိုက်လေယာဉ် အစင်းရေ ၂၅၀ ကျော် လက်ရှိတွင် အသုံးပြုလျက်ရှိပြီး ယင်းလေယာဉ်များကို အိန္ဒိယလေတပ်၏ အဓိကမဏ္ဍိုင်အဖြစ် သတ်မှတ်ထားသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏ Su-30MKI လေယာဉ်အုပ်စုကို ပြည်တွင်း၌ပင် အဆင့်မြှင့်တင်ရန် အစီအစဉ်များစွာ ရှိထားပြီး ယခု R-37M ဒုံးကျည်ဝယ်ယူမှုကြောင့် ရုရှားနိုင်ငံသည် ထိုအဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များတွင် တိုက်ရိုက်ပါဝင်လာဖွယ် ရှိသည်။ "R-37M ဒုံးကျည်၏ ထူးခြားချက်များ" R-37M ဒုံးကျည်ကို တက်တီကယ် မစ်ဇိုင်းကော်ပိုရေးရှင်း (Tactical Missiles Corporation) က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ရန်သူ၏ အီလက်ထရွန်နစ်နှောင့်ယှက်မှုများရှိသည့်ကြားမှ နေ့ညမရွေး၊ ရာသီဥတုမရွေး အလွန်ဝေးကွာသော အကွာအဝေးရှိ ဝေဟင်ပစ်မှတ်အားလုံးကို ပစ်ခတ်ဖျက်ဆီးနိုင်သည်။ ပစ်ခတ်နိုင်သည့် အကွာအဝေးမှာ ကီလိုမီတာ ၂၀၀ မှ ၄၀၀ ကြားရှိပြီး ပစ်မှတ်သို့ရောက်ခါနီး နောက်ဆုံးအဆင့်တွင် အသံထက် ၅ ဆမြန်သော Hypersonic အမြန်နှုန်းအထိ ရှိသည်။ တိကျမှုမြင့်မားသော လေဆာဂိုင်ရိုစကုပ် (Laser Gyroscope) များဖြင့် တည်ဆောက်ထားသည့် Inertial Navigation System ကို အသုံးပြုကာ ပစ်မှတ်ဆီသို့ လမ်းညွှန်ပေးသည်။ အကယ်၍ ပစ်မှတ်က လမ်းကြောင်း ရုတ်တရက်ပြောင်းလဲသွားပါက လေယာဉ်မှတစ်ဆင့် ဒေတာချိတ်ဆက်မှုဖြင့် ဒုံးကျည်လမ်းကြောင်းကို ပြန်လည်ပြင်ဆင်ပေးနိုင်သည်။ ပစ်မှတ်နှင့် အလွန်နီးကပ်ချိန်တွင်မှ 9B-1103M-350 အမည်ရှိ ရေဒါစနစ်ကို စတင်အသက်သွင်းခြင်းဖြစ်သောကြောင့် ရန်သူအနေဖြင့် ဒုံးကျည်ရောက်ရှိလာသည်ကို ကြိုတင်သိရှိရန် ခက်ခဲစေသည်။ ယူကရိန်းတွင်ဖြစ်ပွားနေသော ရုရှား၏ အထူးစစ်ဆင်ရေးကာလအတွင်း R-37M ဒုံးကျည်များသည် ကမ္ဘာ့အဝေးဆုံး ဝေဟင်ပစ်မှတ်များကို ပစ်ချနိုင်ခဲ့သည့် စံချိန်များအပါအဝင် အလွန်ထိရောက်သော စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့သည်။ အဆိုပါ R-37M ဒုံးကျည်များကြောင့် အိန္ဒိယလေတပ်သည် ပါကစ္စတန်၏ J-10 နှင့် JF-17 တိုက်လေယာဉ်များထံမှ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ပဋိပက္ခအတွင်း ပါကစ္စတန်တိုက်လေယာဉ်များသည် အကွာအဝေး ကီလိုမီတာ ၂၀၀ ကျော်အထိ ပစ်ခတ်နိုင်သော တရုတ်လုပ် PL-15 ဒုံးကျည်များကို အသုံးပြုကာ အစွမ်းပြခဲ့သည်။ အိန္ဒိယ၏ ပြင်သစ်လုပ် Rafale တိုက်လေယာဉ်များမှာမူ စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့ပြီး အနည်းဆုံး တစ်စင်းမှာ ပစ်ချခံခဲ့ရသည်ဟု ဆိုသည်။ NOM

အီရန်ရေနံ ချက်လုပ်သည့် တရုတ်စက်ရုံများအပေါ် အမေရိကန်၏ ပိတ်ဆို့မှုကို တားဆီးရန် ဘေဂျင်း အမိန့်ထုတ်ပြန် ဝါရှင်တန်၏ "နယ်ကျော်စီရ
အီရန်ရေနံ ချက်လုပ်သည့် တရုတ်စက်ရုံများအပေါ် အမေရိကန်၏ ပိတ်ဆို့မှုကို တားဆီးရန် ဘေဂျင်း အမိန့်ထုတ်ပြန် ဝါရှင်တန်၏ "နယ်ကျော်စီရင်ပိုင်ခွင့်" ကို တိုက်ရိုက်စိန်ခေါ်သည့်အနေဖြင့် တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အီရန်ရေနံစိမ်းများ ချက်လုပ်သည်ဟု စွပ်စွဲခံထားရသော ပြည်တွင်းရေနံချက်စက်ရုံ (၅) ခုအပေါ် ချမှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့မှုများကို အာဏာသက်ရောက်မှုမရှိစေရန် စနေနေ့တွင် တရားဝင်အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ ဤလုပ်ရပ်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုကြား စွမ်းအင်စျေးကွက်အပေါ် လွှမ်းမိုးရန် ကြိုးပမ်းမှုတွင် အခြေအနေကို ပိုမိုတင်းမာလာစေခဲ့သည်။ ဘေဂျင်းအနေဖြင့် ၎င်း၏ကုမ္ပဏီများမှာ အမေရိကန်၏ တစ်ဦးတည်းမူဝါဒဖြင့် ပိတ်ဆို့ကန့်သတ်မှုများကို ကျော်လွှားနိုင်ရန် ဥပဒေကြောင်းအရ အကာအကွယ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ အဆိုပါအမိန့်သည် အောက်ပါစက်ရုံများကို အဓိကထား ကာကွယ်ပေးထားခြင်း ဖြစ်သည် - ဟန်လီ ရေနံဓာတုဗေဒ (တာလျန်) ရေနံချက်စက်ရုံ Hengli Petrochemical (Dalian) Refinery- အီရန်ရေနံကို ဒေါ်လာဘီလီယံနှင့်ချီ၍ ဝယ်ယူခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ ပုဂ္ဂလိကပိုင် (Teapot) စက်ရုံ ၄ ခု: ၁။ ရှန်းတုံး ကျင်းချန်း ရေနံဓာတုဗေဒလုပ်ငန်းစု Shandong Jincheng Petrochemical Group ၂။ ဟဲပေ ဆင်းဟိုင် ဓာတုဗေဒလုပ်ငန်းစု Hebei Xinhai Chemical Group ၃။ ရှို့ကွမ် လုချင်း ရေနံဓာတုဗေဒစက်ရုံ Shouguang Luqing Petrochemical ၄။ ရှန်းတုံး ရှန့်ရှင်း ဓာတုဗေဒစက်ရုံ Shandong Shengxing Chemical အဆိုပါ စက်ရုံ ၄ ခုလုံးမှာ ထရန့်အစိုးရလက်ထက်က တီဟီရန်အပေါ် ကျင့်သုံးခဲ့သည့် "အပြင်းထန်ဆုံး ဖိအားပေးမှု" မူဝါဒအတွင်း နာမည်ပျက်စာရင်း သွင်းခံခဲ့ရသူများ ဖြစ်သည်။ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အမေရိကန်၏ လုပ်ရပ်များသည် "နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများကို ချိုးဖောက်ခြင်း" ဖြစ်သည်ဟု ပြင်းထန်စွာ ရှုတ်ချထားသည်။ NOM

နယူးယောက်တိုင်းမ်သတင်းဌာနရဲ့ ဖော်ပြချက်အရ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ရန်လိုမှုတွေအားလုံး အပြီးတိုင်ရပ်တန့်သွားကြောင်း အတည်မပြုနိုင်သရွေ့ အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ် အနာဂတ်နဲ့ပတ်သက်ပြီး မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်သွားမည်မဟုတ်ကြောင်း အီရန်အရာရှိများက ထုတ်ဖော်ပြောကြားခဲ့သည်။ NOM

အီရန်က အမေရိကန်သို့ ကမ်းလှမ်းထားသည့် အချက်အလက်များ — Tasnim သတင်းဌာန ကျူးကျော်တိုက်ခိုက်မှုများ မပြုလုပ်ရန် အာမခံချက်ပေးရန်။ အီရန်နိုင်ငံ ပတ်ဝန်းကျင်ဒေသများမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းရန်။ ပိတ်ဆို့ခံထားရသော အီရန်ပိုင် ပိုင်ဆိုင်မှု (Assets) များကို ပြန်လည်လွှတ်ပေးရန်။ နစ်နာကြေးပေးရန်နှင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးရန်။ လက်ဘနွန်နိုင်ငံအပါအဝင် နေရာတိုင်းတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရန်။ ဟော်မုဇ် ရေလက်ကြား (Hormuz) အတွက် စနစ်သစ်တစ်ခု ကျင့်သုံးရန်။ အမေရိကန်ရေတပ်ဖြင့် ပိတ်ဆို့ထားမှုများကို အဆုံးသတ်ရန်။ NOM

လှိုင်သာယာမြို့နယ် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာများကောင်းမွန်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ အတိုင်းအတာတစ်ခုအထိ တိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ လှိုင်သာယာမြို့နယ်၏ မြို့ပြစနစ်အား စနစ်တကျဖြစ်စေရေး Town Plan ကို စနစ်တကျတွက်ချက် ရေးဆွဲဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပြများအသစ်တည်ဆောက်ရာ၌ Town Plan ရေးဆွဲရာတွင် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်းရေစီး ရေလာကောင်းမွန်စေရေး သက်ဆိုင်ရာအင်ဂျင်နီယာဌာနများမှ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းသုတေသနပြု၍ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှုရှိစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသည့် စည်းကမ်းများအား လိုက်နာမှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့ပြလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျတွက်ချက်ဆောင်ရွက်သွားကြရန်လိုပြီး အများပြည်သူ များအပန်းဖြေသည့် ပန်းခြံများ၊ ဥယျာဉ်များနှင့် အားကစားကွင်းများ တည်ဆောက်ရာတွင် မြို့ပြတွင်နေထိုင်သည့်လူဦးရေအပေါ်တွင် မူတည်တွက်ချက်၍ တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ရေနုတ်မြောင်းနှင့် ပလက်ဖောင်းအကြား၌ အရိပ်ရပင်များ စိုက်ပျိုးသွားရန်၊ ရေစီးရေလာကောင်းမွန်စေရေး စဉ်ဆက်မပြတ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ ညောင်တုန်းလမ်း၊ တပင်ရွှေထီးလမ်း၊ ကနောင်မင်းသားကြီးလမ်း၊ ခရေပင်လမ်းတစ်လျှောက် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းအင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးဆောင်ရွက်ထားရှိမှု၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းတစ်လျှောက် ရေနုတ်မြောင်းများ အဆင့်မြှင်တင်ဆောင်ရွက်လျက်ရှိမှု၊ လမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားတိုင်များအားရွှေ့ပြောင်းဆောင်ရွက်ထားရှိမှုနှင့် လမ်းများအဆင့် မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်း၊ ပြည်လမ်း၊ နွယ်ခွေလမ်းမှတဆင့် အမှတ်(၃)လမ်းမကြီး၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းတစ်လျှောက် လမ်းနယ်အတွင်း ကျူးကျော်ရောက်ရှိနေသည့် အခိုင်အမာ အဖီအဆွယ် ဈေးဆိုင်ခန်းများအား စနစ်တကျဖြစ်စေရေးနှင့် လမ်းနယ်နိမိတ် ပြင်ပသို့ ပြန်လည်ရွှေ့ပြောင်းပြီးစီးမှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် မော်တော်ကားလမ်းများ လမ်းနယ်နိမိတ်စနစ်တကျဖြစ်စေရေး၊ လမ်းအင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး မေ ၂၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးထိန်လင်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်ပန်းခြံသို့ရောက်ရှိကြပြီး ရှင်းလင်းဆောင်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံတော်အကြီးအကဲ လှိုင်သာယာမြို့နယ်သို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အနော်ရထာစက်မှုဇုန်အတွင်း ဧရာဝတီလမ်းတစ်လျှောက် ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေးဆောင်ရွက်ထားရှိမှု၊ ရန်ကုန်-ပုသိမ် လမ်းမကြီးဝဲယာတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ကွင်းဆင်းစစ်ဆေးတိုင်းတာမှုများပြုလုပ်ပြီး ဇလားပုံရေမြောင်းများဖောက်လုပ်လျက်ရှိမှု အခြေအနေများ၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာတံတားလမ်းရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုနှင့် လှိုင်မြစ်ထွက်ပေါက် ရေတံခါးများဆောက်လုပ်ထားရှိမှု၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ညောင်တုန်းလမ်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ လမ်းမကြီးများတိုးချဲ့ရာတွင် ရွေ့ပြောင်းရန်လိုအပ်သည့် လျှပ်စစ်မီးတိုင်များနှင့် ဆက်သွယ်ရေးတိုင်များအား ရွှေ့ပြောင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းဘေးဝဲယာများတစ်လျှောက် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မြို့ပြအင်္ဂါရပ်များနှင့်အညီဖြစ်စေရေးအတွက် လမ်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့်အခြေအနေများ၊ RC Box Culvert များ တည်ဆောက်ထားရှိမှု၊ တံတားများတိုးချဲ့တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ရန်ကုန်မြို့အတွင်း လျှပ်စစ်ကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေးနှင့် အန္တရာယ်ကင်းရှင်းမှုရှိစေရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းမကြီးများတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျတွက်ချက်ပြီး ဆောင်ရွက်သွားရန်လိုသကဲ့သို့ ရပ်ကွက်များအတွင်း၌လည်း ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရေမြောင်းများဖောက်လုပ်ရာတွင်လည်း ရေစီးဆင်းမှုများ အဆင်ပြေစေရန်အတွက် စနစ်တကျဆောက်လုပ်ရန်လိုကြောင်း၊ ရေစီးရေလာများကောင်းမွန်မှသာအနံ့အသက်ဆိုးများထွက်ရှိမှုလျော့နည်းသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ကိုက်ညီကာ သန့်ရှင်းသာယာသည့် ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် မိုးရာသီသို့မရောက်ရှိမီ အချိန်မီပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက် ရေဆိုးထုတ်စနစ်များကောင်းမွန်အောင် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနုတ်မြောင်းများပိတ်ဆို့မှု မရှိစေရေးအတွက် အမှိုက်စွန့်ပစ်သည့်စနစ်များကို စနစ်တကျဖြင့်အဆက်မပြတ်ဆောင် ရွက်သွားရန်လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့ပြဖွံ့ဖြိုးသာယာလှပရေးအတွက်ပါ စနစ်တကျတွက်ချက် ဆောက်လုပ်သွားရန်လိုကြောင်း၊ လမ်းများတိုးချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လူသွားလမ်းပလက်ဖောင်းများ စနစ်တကျ ထည့်သွင်းတည်ဆောက်သွားရန်နှင့် ရေနုတ်မြောင်းများ ကိုလည်းစနစ်တကျထည့်သွင်း ဖောက်လုပ်သွားရန်လိုကြောင်း၊ ရန်ကုန်မြို့အတွင်း ယာဉ်သွားလာမှုများ ပိုမိုလွယ်ကူလျင်မြန်စွာဖြင့် သွားလာနိုင်ရေးလမ်းများ တိုးချဲ့အဆင့်မြင့်တင်ခြင်းလုပ်ငန်းများအား စနစ်တကျဖြင့် တွက်ချက်ဆောင်ရွက်သွားရန်နှင့် ယာဉ်များ စနစ်တကျသွားလာနိုင်ရေး လမ်းညွှန်အမှတ်အသားများအား သတ်မှတ်ချက်များနှင့် အညီထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအား လှည့်လည်ကြည့်ရှုစစ်ဆေး

လားရှိုးမြို့နယ်၊ နားမွန်းကျေးရွာရှိနေအိမ်ခြံဝင်းတစ်ခုအတွင်း၌ TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင
လားရှိုးမြို့နယ်၊ နားမွန်းကျေးရွာရှိနေအိမ်ခြံဝင်းတစ်ခုအတွင်း၌ TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ်ကလေးတစ်ဦးဒဏ်ရာရ မေ ၂၊ ၂၀၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၃၀ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၆ နာရီအချိန်၌ လားရှိုးမြို့နယ်၊ နားမွန်းကျေးရွာနေ မောင်စိုင်းညီညီ (၈) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်းရှိ သရက်ပင်အနီးမှ TNLA အကြမ်းဖက် အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရေး (De-dollarization) လုပ်ငန်းစဉ်ဟာ အသက်ဝင်နေပြီ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အသုံးပြုနေတ
ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရေး (De-dollarization) လုပ်ငန်းစဉ်ဟာ အသက်ဝင်နေပြီ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အသုံးပြုနေတဲ့ QRIS ငွေပေးချေမှုစနစ်ဟာ အခုဆိုရင် ငွေလွှဲပြောင်းမှုတွေကို (ဒေါ်လာမသုံးဘဲ) တိုက်ရိုက်သတ်မှတ် ဆောင်ရွက်နေပြီဖြစ်ပြီး ဒါဟာ အမေရိကန်ရဲ့ ငွေပေးချေမှုစနစ်တွေအတွက် မတရားတဲ့ ယှဉ်ပြိုင်မှုဖြစ်တယ်လို့ အမေရိကန်ဘက်က ပစ်မှတ်ထား ပြောဆိုလာပါတယ်။ ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နိုင်တဲ့ နှေးကွေးပြီး တဖြည်းဖြည်းချင်း ပြောင်းလဲသွားမယ့် ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ NOM

ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ယူကရိန်းအားကစားရုံ (Gym) များရှိ ကြွက်သားသန်မာသူများ ကို ရှေ့တန်းစစ်မျက်နှာသို့ စစ်သားစုဆောင်းရန် ပစ်မှတ်ထားပြင်ဆင်နေကြောင်း RIA သတင်းဌာနက ဖော်ပြသည်။ ဇယ်လင်စကီး၏ လက်ပါးစေများသည် ထိုကဲ့သို့သော နေရာများတွင် စစ်မှုထမ်းရန် ရှောင်တိမ်းနေကြသည့် ကျန်းမာသန်စွမ်းသော အမျိုးသားများ ကို စုံစမ်းစစ်ဆေးရန်လည်း စီစဉ်နေကြသည်။ NOM

နေပြည်တော်တွင်ဝါးတင်ကား တိမ်းမှောက် ၁၆ ဦး သေဆုံး NOM၊မေ၂၊၂၀၂၆ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြား၊ ကျေ
နေပြည်တော်တွင်ဝါးတင်ကား တိမ်းမှောက် ၁၆ ဦး သေဆုံး NOM၊မေ၂၊၂၀၂၆ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေ-လွင်သာယာကျေးရွာကြား၊ ကျေးရွာချင်းဆက်လမ်းတွင်မေ ၂ ရက်နေ့ မွန်းလွဲ၁း၅၀နာရီက ဝါးများတင်ဆောင်လာသော (၆)ဘီးကားမှောက်ပြီး ကာပေါ်လိုက်ပါသည့် လူ၁၆ယောက်ဦးသေဆုံးခဲ့‌ ကြောင်းသိရသည်။ ကားမှောက်မှုဖြစ်စဥ်အတွင်း ကားပေါ်လိုက်ပါလာသူ၃၈ယောက်အနက် အမျိုးသားကိုးဦး၊ အမျိုးသမီး ခုနှစ်ဦး စုစုပေါင်း၁၆ဦး သေဆုံးခဲ့ရပြီး အမျိုးသားရှစ်ဦး၊ အမျိုးသမီး၁၃ဦး စုစုပေါင်း၂၁ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။ ဖြစ်စဉ်မှာတိမ်းမှောက်မှုဖြစ်သည့်၆ဘီးကားသည် လမ်းဘေးမြေသားကျွံပြီး ချောက်ထဲကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားမှောက်မှုဖြစ်စဥ်ကို ဥတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ ပန်တင်အမြန်လမ်းမီးသတ်စခန်းနှင့် တောင်ညိုနယ်မြေမီးသတ်စခန်းတို့က သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးခဲ့ပြီး သေဆုံးနှင့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများကို သုခဒါနပရဟိတအသင်း၊ သီရိသုခပရဟိတအသင်း၊ မေတ္တာရေစင်ပရဟိတအသင်းနှင့် မေတ္တာကွန်ယက်ပရဟိတအသင်းတို့က ယာဉ်များဖြင့်နေပြည်တော်၊ ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာအနီးတွင် နွားရှာနေသည့် အပြစ်မဲ့ပြည်သူနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား မေ ၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာနေ ဦးမောင်ကိုဦး (၄၂) နှစ်သည် မေလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ တစ်ရွာတည်းနေ မောင်ခန့်ဇင်မင်း (၁၇) နှစ်နှင့်အတူကျောင်းကုန်းကြီးကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့် အကွာရှိ ကျွန်းတောအတွင်း ၎င်းပိုင်နွားများအား ရှာဖွေနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

ယီမင်ကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စီး ပြန်ပေးဆွဲခံရကြောင်း ယီမင်ကမ်းခြေစောင့် တပ်ဖွဲ့က အတည်ပြု မေလ ၂ ရက်နေ့၌ လက်နက်ကိုင်ဆောင
ယီမင်ကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စီး ပြန်ပေးဆွဲခံရကြောင်း ယီမင်ကမ်းခြေစောင့် တပ်ဖွဲ့က အတည်ပြု မေလ ၂ ရက်နေ့၌ လက်နက်ကိုင်ဆောင်ထားသူများသည် M/T Eureka အမည်ရှိ ရေနံတင်သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းကာ ထိန်းချုပ်လိုက်ကြသည်။ အဆိုပါသင်္ဘောကို လက်ရှိတွင် ဆိုမာလီရေပိုင်နက်ဘက်သို့ ဦးတည်မောင်းနှင်နေကြောင်း သိရသည်။ NOM

ရန်ကုန်တိုင်း‌ေဒသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် အိတ်ဇောဖွင့် မော်တော်ယာဉ်များ၊ အုပ်စုဖွဲ့၍ ပြိုင်ကားပုံစံ မောင်းနှင်မှုများကို အရေးယူဆောင်ရွက်မည် NOM၊မေ၂၊၂၀၂၆ ရန်ကုန်တိုင်း‌ေဒသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် အိတ်ဇောဖွင့် မော်တော်ယာဉ်များ၊ အုပ်စုဖွဲ့၍ ပြိုင်ကားပုံစံ မောင်းနှင်မှုများကို အရေးယူဆောင်ရွက်ရန်မေ ၁ ရက်နံနက်ကရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကြိုးများ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျ သွယ်တန်းရေးနှင့် ယာဉ်ရပ်နားမှု စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားသည်။ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်ရေးကြိုးများနှင့် လျှပ်စစ်မီးကြိုးများကို မြို့အင်္ဂါရပ်နှင့်အညီ စနစ်တကျရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဆက်သွယ်ရေးကုမ္ပဏီများပူးပေါင်း၍ ဆောင်ရွက်ရန်၊ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်ပြီးသည့် ပြည်လမ်းတစ်လျှောက် (Under Ground Cable Network) ချိတ်ဆက်မှုများသည် ကောင်းမွန်သဖြင့် ကမ္ဘာအေးစေတီလမ်း၊ ဝေဇယန္တာလမ်းတစ်လျှောက် စီမံချက်အတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်၍ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက် အကောင်အထည်ဖောရာတွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီနှင့် ခရိုင်အဆင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး ဖယ်ရှားရှင်းလင်းရေးအဖွဲ့များက စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ တိုင်းဒေသကြီးအစိုးရ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ ဆက်သွယ်ရေးအော်ပရေတာ လေးဦးနှင့် ဆက်သွယ်ရေးဝန်ဆောင်မှု ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ လက်ရှိနိုင်ငံတကာတွင် သက်ရောက်မှုကြီးမားနေသည့် လောင်စာဆီအကျပ်အတည်းဖြစ်ပေါ်မှုကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်ရေးအတွက် အော်ပရေတာအချင်းချင်း အရင်းအမြစ်များကို မျှဝေအသုံးပြုခြင်းဖြင့် ကွန်ရက်စနစ်တစ်ခုလုံး၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်မည့် နည်းလမ်းများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်မြို့ပေါ်တွင် မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ် မဝင်ရသော လမ်းများ၌ စည်းကမ်းမဲ့စွာ ဝင်ရောက်နေသော မော်တော်ဆိုင်ကယ်နှင့် အနှေးယာဉ်များအား စည်းကမ်းတကျ ရှိစေရေး ဆောင်ရွက်ရန်၊ အိတ်ဇောဖွင့် မော်တော်ယာဉ်များ၊ အုပ်စုဖွဲ့၍ ပြိုင်ကားပုံစံ မောင်းနှင်မှုများ၊ ယာဉ်ရပ်နားခွင့်မပြုသော နေရာများတွင် ရပ်နားထားသော ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ၎င်းက ပြောကြားခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စစ်တွေမျိုးသန့်ခြံတွင် မြေယာပြုပြင်မှု လုပ်ငန်းများနှင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား ပိုက်ဆံ လျှော်မျိုးစေ့များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ စုပေါင်းကြဲပက် ခြင်းအား ကွင်းဆင်းကြည့်ရှုအားပေးသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ စစ်တွေမြို့နယ်၊ မှန်စီကျေးရွာသွားလမ်းပေါ်တွင် တံတားလုပ်ငန်းဆောင်ရွက်မည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေလ ၁ ရက်နေ့ညနေပိုင်းက စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့သည် စစ်တွေ-ပလ္လင်ပြင်လမ်းပိုင်းအတွင်း မြေသား တာဘောင်တင်ခြင်း၊ ကျောက်ခင်းခြင်းနှင့် ၁၂ ပေအကျယ်၊ ထု ၇ လက်မ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည့်နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလမ်းပေါ်ရှိ ကွန်ကရစ်ရေနှုတ်မြောင်းများ တည်ဆောက်ပြီးစီးနေမှုအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက္ကေပြင်ကျေးရွာလမ်းအား အဆင့်မြှင့်တင် ပြီးစီးမှုအခြေအနေအားလည်းကောင်း၊ ကျောက်ခေါင်း-ရေချမ်းပြင်လမ်းပေါ်တွင် လမ်းပုခုံးများ ပြန်လည်ပြုပြင်ခြင်းနှင့် ကတ္တရာလမ်းပြုပြင်ခြင်း လုပ်ငန်းများပြီးစီးနေမှုအားလည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ-မင်းဂံ-သင်္ဘောဆိပ်လမ်းတွင် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်းသတင်းရရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၊ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်၊ စစ်တွေမြို့ ဒေသဖွံ
+6
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၊ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်၊ စစ်တွေမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး မေ ၂၊ ၂၀၂၆ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတိုက်၌ စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စုရပ်များတွင် နေထိုင်ကြသော ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားကာ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းသည့် ပိုက်ဆံလျှော် (သစ်ဆိမ်းမြေဩဇာ) စုပေါင်းကြဲပက်ခြင်း ကွင်းပြပွဲ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြခြင်းနှင့် တောင်သူများသို့ ပိုက်ဆံလျှော်မျိုးစေ့ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့သည် စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ အဆိုပါကျောင်းတိုက် ဓမ္မာရုံ၌ စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစုရပ်များတွင် နေထိုင်ကြသော ပြည်သူများနှင့်တွေ့ဆုံပြီး ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် အခြေခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာများ တိုးမြှင့်ပေးအပ်နိုင်ရေး စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ မြို့နေပြည်သူများအေးအေးချမ်းချမ်းဖြင့် လုပ်ကိုင်နေထိုင် စားသောက်နိုင်ရေး အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့၏ ရိုးသားသော အစဉ်အလာများနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းကာ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်း၍ ရိုးရိုးသားသားဖြင့် ကျော်လွှားနိုင်အောင် နေထိုင်သွားကြစေလို ကြောင်း၊ ယာယီနေရပ်စွန့်ခွာစခန်းများတွင် နေထိုင်ကြသော ကလေးငယ်များ စာသင်ခန်းသို့ ရောက်ရှိကာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ၏ ပညာရေးမြင့်မားရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အခြေခံပညာအလယ်တန်းအဆင့်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များ သင်ကြားပေးနိုင်ရေး၊ KG+9 အခမဲ့ပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များကို စာနာစိတ်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ယာယီနေရပ်စွန့်ခွာ စုရပ်များတွင် နေထိုင်ကြသူများ စုရပ်များအတွင်း လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမျိုးသန့်ခြံ၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)စုပေါင်းကြဲပက်ခြင်း ကွင်းပြပွဲ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းလက်တွေ့ သရုပ်ပြခြင်းနှင့် တောင်သူများသို့ ပိုက်ဆံလျှော်မျိုးစေ့ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းတိုးတက်ရရှိနိုင်သည့်အတွက် တောင်သူများအနေဖြင့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို အသုံးပြုစိုက်ပျိုးရန်လိုအပ်ကြောင်း၊ ထို့ပြင် ပန်းတိုင်းအထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းကို အခြေခံပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာ ဈေးနှုန်းကြီးမြင့်လာခြင်းနှင့် လေလွင့်ဆုံးရှုံးမှု နည်းစေရန် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်သုံးစွဲမည့် စနစ်များ ဆောင်ရွက်နိုင်ရန်နှင့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေဩဇာ ထည့်သွင်း ခြင်း၊ အီးအမ်ဘိုကာရှီ ပြုလုပ်သုံးစွဲခြင်း၊ စူပါဘိုကာရှီပြုလုပ်သုံးစွဲမည့် စနစ်များကို တောင်သူများသိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ယခုကွင်းပြပွဲတွင် သရုပ်ပြပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အလင်းဝင်ကုန်ပြီ
အလင်းဝင်ကုန်ပြီ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ် လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်း
+5
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ် လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများအား ထောက်ပံ့ငွေများ ပေးအပ် မေ ၂၊ ၂၀၂၆ ပဲခူးမြို့ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန်ကျောင်းသား/သူများသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံမှ ဩဝါဒခံယူခဲ့ကြောင်းနှင့် ဘက်စုံထူးချွန် လူရည်ချွန်ကျောင်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ရမည့် မျိုးဆက်သစ်လူငယ်များအတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အတတ်ပညာရှင်၊ အသိပညာရှင်များဖြစ်စေရေး၊ ဗလငါးတန်ပြည့်ဝရေးအတွက် ပညာရေးကဏ္ဍကို မဖြစ်မနေ မြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူရည်ချွန်များ ရွေးချယ်ရာတွင် စာပေဘာသာရပ်ဖြင့်သာ စစ်ဆေးအကဲဖြတ်ခြင်းမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ စာရိတ္တပိုင်းဆိုင်ရာ ကောင်းမွန်မှုများကိုပါ စနစ်တကျ စိစစ်ရွေးချယ်ခြင်းဖြစ်ပြီး အဆင့်ဆင့်စိစစ် ရွေးချယ်မှုများကို ကျော်ဖြတ်ကာ ထူးချွန်စွာ အောင်မြင်သူများဖြစ်သည့်အတွက် ဘဝတစ်သက်တာမှာ ဂုဏ်ယူဖွယ်ရာအဖြစ် တည်ရှိနေမှာဖြစ်ကြောင်း၊ ရွေးချယ်ခံခဲ့ရသည့် လူရည်ချွန်မောင်/မယ်များအနေဖြင့် တိုင်းချစ် ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်များ ထက်သန်ပြီး ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း တန်ဖိုးထားတတ်စေရန်၊ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်နှင့် စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်တို့ ရှင်သန်ကိန်းအောင်ရန် မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းများကို အကျိုးပြုရန်ဟူသော အရည်အသွေးများနှင့် ပြည့်စုံစေရန် ရည်ရွယ်ပြီး လူရည်ချွန်စခန်းများသို့ စေလွှတ်သွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာလူရည်ချွန်စခန်းများသို့ ရောက်သည့်အခါ တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွှတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှည်မှီခိုအား ထား ယုံကြည်မှုစသည့် စိတ်ဓါတ်ရေးရာ အခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ကျင့်ကြံနေထိုင်ပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်းနှင့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် လူရည်ချွန် ကျောင်းသား/သူများနှင့် ကြီးကြပ်ဆရာ/ဆရာမများ စုစုပေါင်း(၄၄)ဦးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ထောက်ပံ့ငွေကျပ်(၁၃၂)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်းမှ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဘက်စုံထူးချွန် လူရည်ချွန် ကျောင်းသား/သူ(၃၆)ဦး၊ ကြီးကြပ်ဆရာ(၈)ဦးအား ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်နှင့် နေပြည်တော် လူရည်ချွန်စခန်းအသီးသီးသို့ မေလ(၁)ရက်နေ့ နံနက်ပိုင်းမှ စတင်ထွက်ခွာကြကြောင်း သတင်းရရှိသည်။

ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းစွာ ဖြတ်သန်းခွင့်ရရန် အီရန်ထံ အခကြေးငွေပေးဆောင်သည့် သင်္ဘောကုမ္ပဏီများကို အရေးယူပိတ်ဆို့မည်ဟု
ဟော်မုဇ်ရေလက်ကြားအတွင်း ဘေးကင်းစွာ ဖြတ်သန်းခွင့်ရရန် အီရန်ထံ အခကြေးငွေပေးဆောင်သည့် သင်္ဘောကုမ္ပဏီများကို အရေးယူပိတ်ဆို့မည်ဟု အမေရိကန် ခြိမ်းခြောက်** — AP သတင်းဌာန သောကြာနေ့ (၂၀၂၆၊ မေလ ၁ ရက်) က ထုတ်ပြန်ခဲ့သည့် အမေရိကန်အရာရှိများ၏ ကြေညာချက်တွင် အောက်ပါငွေပေးချေမှုပုံစံများကို အသုံးပြုပါက ဒဏ်ခတ်ပိတ်ဆို့မှု (Sanctions) များ ချမှတ်ခံရနိုင်သည်ဟု သတိပေးထားသည် ငွေသား (Cash) ခရစ်ပတို ငွေကြေးများ (Crypto / Digital Assets) ပစ္စည်းချင်းဖလှယ်မှု (Barter deals / Informal swaps) သံရုံးသို့ ပေးချေမှုများ (Embassy payments) ပရဟိတ အလှူဒါနအမည်ခံ ပေးချေမှုများ (Charitable donations) NOM

ကျောက်တံခါးမြို့နယ်၊ အင်ကုန်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ
ကျောက်တံခါးမြို့နယ်၊ အင်ကုန်းကျေးရွာရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးဒဏ်ရာရ မေ ၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းတိုက်နယ်ဆေးရုံသို့ ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နေ့လယ် ၁၂ နာရီခွဲအချိန်၌ ကျောက်တံခါးမြို့နယ်၊ အင်ကုန်းကျေးရွာနေ ဦးစိန်ဝင်း (၆၂) နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် နေအိမ်အနောက်ဘက်ခြံစည်းရိုးအနီးမှ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM