fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 528 مشترک است و جایگاه 16 077 را در دسته اخبار و رسانه‌ها و رتبه 10 075 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 528 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 18 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -276 و در ۲۴ ساعت گذشته برابر -19 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.29% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 9.34% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 913 بازدید دریافت می‌کند. در اولین روز معمولاً 1 171 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 16 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 19 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 528
مشترکین
-1924 ساعت
-637 روز
-27630 روز
آرشیو پست ها
ဂျာမနီနိုင်ငံက ထရမ့်၏ အီရန်စစ်ပွဲကို ကိုင်တွယ်ပုံသည် ရှင်းလင်းပြတ်သားသော မဟာဗျူဟာမရှိဟု ဝေဖန်ခဲ့ပြီးနောက် အမေရိကန်သည် ယခင်ကတည
ဂျာမနီနိုင်ငံက ထရမ့်၏ အီရန်စစ်ပွဲကို ကိုင်တွယ်ပုံသည် ရှင်းလင်းပြတ်သားသော မဟာဗျူဟာမရှိဟု ဝေဖန်ခဲ့ပြီးနောက် အမေရိကန်သည် ယခင်ကတည်းက ထရမ့် ခြိမ်းခြောက်ပြောဆိုထားခဲ့သည့်အတိုင်း ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ပြန်လည်ရုပ်သိမ်းရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။ NOM

အစ္စရေး- Trump က ကျွန်ုပ်တို့၏ ရှေ့တိုးတိုက်စစ်ဆင်မှုများကို ပိတ်ပင်တားဆီးလိုက်သည်။ သို့သော် 'လက်ဘနွန်မှ ပြန်လည်ဆုတ်ခွာပေးရန်
အစ္စရေး- Trump က ကျွန်ုပ်တို့၏ ရှေ့တိုးတိုက်စစ်ဆင်မှုများကို ပိတ်ပင်တားဆီးလိုက်သည်။ သို့သော် 'လက်ဘနွန်မှ ပြန်လည်ဆုတ်ခွာပေးရန်မှာ မဖြစ်နိုင်ပါ။အကြောင်းမှာ ယင်းသို့လုပ်ဆောင်ခြင်းသည် ရှုံးနိမ့်မှုကို ဝန်ခံရာရောက်သောကြောင့်ဖြစ်သည်' ဟု နေတန်ယာဟု၏ အဆင့်မြင့်အရာရှိတစ်ဦးက အကြီးဆုံးသတင်းစာဖြစ်သော Israel Hayom သို့ ပြောကြားခဲ့သည်။ NOM

အမေရိကန်သမ္မတ ထရမ့်က အီရန်နှင့်စစ်ပွဲ ပြီးဆုံးပြီဖြစ်ကြောင်း လွှတ်တော်သို့ ပြောကြားခဲ့သော်လည်း၊ ယင်းမှာ စစ်ပွဲအမှန်တကယ် အပြီး
အမေရိကန်သမ္မတ ထရမ့်က အီရန်နှင့်စစ်ပွဲ ပြီးဆုံးပြီဖြစ်ကြောင်း လွှတ်တော်သို့ ပြောကြားခဲ့သော်လည်း၊ ယင်းမှာ စစ်ပွဲအမှန်တကယ် အပြီးသတ်သွားခြင်းကို မဆိုလိုပါ။ မှတ်ချက် - "စစ်ပွဲဆိုင်ရာ လုပ်ပိုင်ခွင့်အက်ဥပဒေ" (War Powers Act) အရ သမ္မတတစ်ဦးသည် လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ ရက်ပေါင်း ၆၀ ကြာ စစ်ပွဲဆင်နွှဲပိုင်ခွင့် ရှိသည်။ ယခုကဲ့သို့ စစ်ပွဲ "ပြီးဆုံးပြီ" ဟု ကြေညာလိုက်ခြင်းဖြင့် ထရမ့်သည် ထိုရက်ပေါင်း ၆၀ သတ်မှတ်ချက် (Clock) ကို နဂိုအတိုင်းပြန်ဖြစ်အောင် (Reset) ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် နောင်တစ်ချိန်တွင် စစ်ပွဲကို အသစ်တစ်ဖန် ပြန်လည်စတင်ရန်အတွက် ရက်ပေါင်း ၆၀ အချိန်ကာလသစ်ကို ရရှိအောင် ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။ NOM

ဝါးခယ်မမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှု မှုဖြစ်ပွား NOM၊မေ၂၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတ
ဝါးခယ်မမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှု မှုဖြစ်ပွား NOM၊မေ၂၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊မော်ကျွန်း-ဝါးခယ်မကားလမ်း ပေါ်ရှိစက်သုံးဆီဆိုင် ယနေ့(မေ၂ရက်)နံနက်၉နာရီ၃၀မိနစ်ကမီးလောင်မှုမှုဖြစ် ပွါးခဲ့ကြောင်းမီးသတ်မှသတင်းထုတ်ပြန်ထားသည်။ လက်ရှိမီးလောင်မှုဖြစ်စဉ်ကိုမသိသေးသော်လည်းမီးလောင်မှုကြောင့် စက်သုံးဆီအရောင်းဆိုင်မှာတစ်ဆိုင်လုံးပျက်ဆီးခဲ့ပြီး မီးလောင်မှုကြောင့်မီးငြှိမ်းသက်သူအချို့ သွပ်ပြားရှ၊ ပုလင်းကွဲရှဒဏ်ရာအနည်ငယ်ရှိကြောင်းသိရသည်။ စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ရွှေလောင်းနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်၊ ကျုံမငေးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်၊ ရွာသစ်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်၊ မော်ကျွန်းမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၁၅မိနစ်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံအပေါ် အမေရိကန်ရဲ့ ရေတပ်ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး အခုလိုပြောကြား "ဒါဟာ အင်မတန် အမြတ်အစွန်းများတဲ့ လုပ်ငန်းတစ်ခုပဲ။ ကျွန်တော်တို့ (အမေရိကန်) က တစ်မျိုးပြောရရင် ပင်လယ်ဓားပြတွေနဲ့တောင် တူနေပြီ။" NOM

မင်္ဂလာဒုံ ခရေပင်လမ်းတွင် ယာဥ်တိုက်မှုဖြစ် တစ်ဦးသေဆုံး တစ်ဦး ထိခိုက်ဒဏ်ရာရ NOM၊မေ၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိ
မင်္ဂလာဒုံ ခရေပင်လမ်းတွင် ယာဥ်တိုက်မှုဖြစ် တစ်ဦးသေဆုံး တစ်ဦး ထိခိုက်ဒဏ်ရာရ NOM၊မေ၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ရှေ့၌မေ၁ရက် နံနက်က ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း မီးသတ်ဦးစီး ဌာနက သိရသည်။ ယာဥ်တိုက်မှုဖြစ်စဥ်အတွင်းယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)ကို မဟာလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်ဖြင့် တပ်မတော်ဆေးရုံကြီးကုတင်(၁၀၀၀) ကို ပို့ဆောင်ပေးခဲ့ပြီး ယာဉ်တိုက်ခံရသူ အမျိုးသားတစ်ဦး သေဆုံးသူကို မင်္ဂလာဒုံလူမှု့ကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဉက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန် စစ်ဌာန (Department of War) က ထိပ်တန်း AI ကုမ္ပဏီများနှင့် ပူးပေါင်းကာ အမေရိကန်စစ်တပ်ကို AI အခြေပြု စစ်အင်အားစုအဖြစ်
အမေရိကန် စစ်ဌာန (Department of War) က ထိပ်တန်း AI ကုမ္ပဏီများနှင့် ပူးပေါင်းကာ အမေရိကန်စစ်တပ်ကို AI အခြေပြု စစ်အင်အားစုအဖြစ် အသွင်ကူးပြောင်းမည့် သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ အိုပင်းအေအိုင် OpenAI, ဂူဂဲလ် Google, စပေ့စ်အိပ်စ် SpaceX, မိုက်ခရိုဆော့ဖ် Microsoft, အမေဇုန် Amazon, အမ်ဗီးဒီးယား Nvidia နှင့် ရီဖလက်ရှန်း Reflection စသည့် ကုမ္ပဏီများသည် ၎င်းတို့၏ AI မော်ဒယ်များကို အမေရိကန်၏ လျှို့ဝှက်ကာကွယ်ရေးစနစ်များတွင် ထည့်သွင်းအသုံးပြုခွင့် ပေးမည်ဖြစ်သည်။ ရည်ရွယ်ချက်မှာ စစ်မြေပြင်တွင် ဆုံးဖြတ်ချက်များ ပိုမိုမြန်ဆန် တိကျစေရန်နှင့် စစ်ဆင်ရေးစွမ်းရည် မြှင့်တင်ရန်ဖြစ်သည်။ NOM

ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဖြင့် ကျောင်းပြင်ပရောက်နေသူများအတွက်
ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဖြင့် ကျောင်းပြင်ပရောက်နေသူများအတွက် အခြေခံသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား မေလ ၁၊ ၂၀၂၆ နိုင်ငံတော်အစိုးရသည် ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဖြင့် ကျောင်းပြင်ပရောက်နေသူများအတွက် အခြေခံသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေး တစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ရောက်ရှိနေသူများကိုလည်း ပညာသင်ယူမှုအခွင့်အလမ်းများ ရရှိစေရေးနှင့် ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးတို့အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုမှအစပြုပြီး ပညာရေးလမ်းကြောင်းဆီသို့ ကူးပြောင်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင် က မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာတွင် ကွမ်းယာရောင်းနေသည့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် မေလ ၁၊ ၂၀၂၆ မကွေးတိုင
ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာတွင် ကွမ်းယာရောင်းနေသည့် အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ကသတ်ဖြတ် မေလ ၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သမန်းရင်းကျေးရွာနေ ဦးအောင်ကြည်လှိုင် (၃၈) နှစ်သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်၌ ကျေးရွာထိပ်ရှိ ၎င်းဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

လက်နက်ထုတ်လုပ်မှု တိုးမြှင့်မည့် အမေရိကန်သမ္မတ ထရန့် ၏ စီမံကိန်း အကောင်အထည်ပေါ်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင် - နယူးယောက
လက်နက်ထုတ်လုပ်မှု တိုးမြှင့်မည့် အမေရိကန်သမ္မတ ထရန့် ၏ စီမံကိန်း အကောင်အထည်ပေါ်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင် - နယူးယောက်စ်တိုင်းမ်စ်သတင်းဌာန အထူးသဖြင့် ရန်ပုံငွေ အထောက်အပံ့ သို့မဟုတ် လွှတ်တော်၏ ထောက်ခံချက် မရရှိပါက ပိုမိုကြန့်ကြာနိုင်ဖွယ်ရှိသည်။ သူ၏ လက်နက်ထုတ်လုပ်မှု ရည်မှန်းချက်များမှာ - ပီအေစီ - ၃ ပက်ထရီယော့ (PAC-3 Patriot) ဒုံးကျည်ကာကွယ်ရေးစနစ်များကို တစ်နှစ်လျှင် အစင်းရေ ၆၀၀ မှ ၂,၀၀၀ အထိ တိုးမြှင့်ရန်။  • သတ် (THAAD) ဒုံးကျည်ကာကွယ်ရေးစနစ်များကို တစ်နှစ်လျှင် အစင်းရေ ၉၆ မှ ၄၀၀ အထိ တိုးမြှင့်ရန် ဖြစ်သည်။ NOM

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၊ မောင်းမကန် ကမ်းခြေရှိ စားသောက်ဆိုင်တစ်ဆိုင်တွင်ရှိနေသော အမျိုးသားတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား မေ ၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဆန်းချီ ရပ်ကွက်နေ ဦးညီညီနိုင် (၄၅) နှစ်သည် ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၊ မောင်းမကန် ကမ်းခြေရှိ "စိတ်အေးချမ်းသာ" စားသောက်ဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းအား အကြမ်းဖက်ခြိမ်းခြောက် ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM

CBS သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ဖျက်သင်္ဘော ယူအက်စ်အက်စ် ဟစ်ဂင်စ် ပေါ်တွင် မီးလောင်မှုဖြစ်ပွားပြီး အင်ဂျင်နှင့် လျှပ်စစ်စနစ်များ ချို့ယွင်း အမေရိကန်ရေတပ်၏ ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောတစ်စင်းဖြစ်သည့် ယူအက်စ်အက်စ် ဟစ်ဂင်စ် USS Higgins ပေါ်တွင် ပြင်းထန်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သင်္ဘော၏ လျှပ်စစ်စနစ်နှင့် မောင်းနှင်မှုစနစ်များ ပြတ်တောက်သွားကာ ရှေ့ဆက်မောင်းနှင်၍မရဘဲ ရပ်တန့်သွားခဲ့ကြောင်း အမေရိကန်အရာရှိများကို ကိုးကား၍ CBS သတင်းဌာနက ဖော်ပြထားသည်။ ဖြစ်ပွားရာဒေသမှာ အင်ဒို-ပစိဖိတ်ဒေသအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း တိကျသည့် တည်နေရာကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ သင်္ဘောပေါ်ရှိ အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ NOM

ဒေါ်လာ ထရီလီယံချီတဲ့ စစ်အသုံးစရိတ် ရှိသော်လည်း အမေရိကန်သည် ခေတ်သစ်စစ်ပွဲများအတွက် အဆင်သင့်မဖြစ်သေးကြောင်း နူးယောက်တိုင်းမ်စ်
ဒေါ်လာ ထရီလီယံချီတဲ့ စစ်အသုံးစရိတ် ရှိသော်လည်း အမေရိကန်သည် ခေတ်သစ်စစ်ပွဲများအတွက် အဆင်သင့်မဖြစ်သေးကြောင်း နူးယောက်တိုင်းမ်စ် New York Times (NYT) သတင်းစာက ဝေဖန်ထောက်ပြ အမေရိကန်သည် တစ်နှစ်လျှင် စစ်တပ်အတွက် ဒေါ်လာ ၁ ထရီလီယံခန့် အသုံးပြုနေပြီး ၎င်းပမာဏမှာ အီရန်နိုင်ငံ အသုံးပြုသည်ထက် အဆ ၁၀၀ ကျော် ပိုများနေပါသည်။ အီရန်သည် ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြု၍ ၎င်း၏ အင်အားကို ခိုင်မာစွာ ထိန်းထားနိုင်ဆဲ ဖြစ်သည်။ အမေရိကန်၏ ပြဿနာမှာ အလွန်ဈေးကြီးသော စနစ်များကိုသာ အားကိုးနေခြင်းနှင့် လက်နက်များကို လျင်မြန်စွာ ထုတ်လုပ်နိုင်စွမ်း အားနည်းခြင်းတို့ ဖြစ်သည်။ ခေတ်သစ်စစ်ပွဲများတွင်မူ အရေအတွက်များများဖြင့် ဈေးနှုန်းချိုသာသော လက်နက်များကို အသုံးပြုရန် လိုအပ်ပါသည်။ အမေရိကန်အနေဖြင့် ဒရုန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းနှင့် ကာကွယ်ရေးကဏ္ဍ ထုတ်လုပ်မှုများကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်သည်။ အမေရိကန်ဟာ နည်းပညာမြင့်ပြီး ဈေးကြီးတဲ့ လက်နက်တွေ ရှိပေမဲ့အီရန်လို နိုင်ငံမျိုးက အသုံးပြုတဲ့ ဈေးသက်သာပြီး ထိရောက်တဲ့ ဒရုန်းနဲ့ ဒုံးကျည် နည်းဗျူဟာတွေကို ရင်ဆိုင်ဖို့ ရုန်းကန်နေရပါတယ်။ NOM

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား ၄၃ ဦးအား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာ
+1
မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသား ၄၃ ဦးအား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ထပ်မံဖမ်းဆီးရမိ မေ ၁၊ ၂၀၂၆ မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး သံလွင်မြစ်ကူး ကူးတိုဆိပ်၌ တရားမဝင်ပြည်ပနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်း ၂ နာရီခန့်တွင် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦးအား ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများ၏ ကနဦးထွက်ဆိုချက်အရ ၎င်းတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ကိုင်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖော်ထုတ် ဖမ်းဆီးလျက်ရှိသဖြင့် တရုတ်နိုင်ငံသို့ ပြန်ရန်အတွက် တောလမ်းအတိုင်း ထွက်ပြေးလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ညောင်ဦးမြို့နယ်၊ ညောင်ကြီးကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား မေ ၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ကြီးကျေးရွာနေ ဦးဝင်းဇော် (၅၈) နှစ်သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး ၎င်းအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။ NOM

တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး မေ ၁၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန
+3
တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး မေ ၁၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြည်သူ့စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအပြင် သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကိုလည်း လက်ခံဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ တပ်မတော်ဆေးရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တပ်မတော်ဆေးတပ်ရင်းတို့၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

အီရန်နိုင်ငံသည် ၎င်းတို့၏ 'နောက်ဆုံးအဆင့် အဆိုပြုချက်' ကို ပါကစ္စတန် ကြားခံစေ့စပ်ပေးသူများမှတစ်ဆင့် အမေရိကန်ထံသို့ မနေ့ညက ဆက်သွယ်ပေးပို့ခဲ့သည်။ NOM

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral ဒါရ်နေးရှ် ကုမားရ် ထရီပါ Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလ
+1
အိန္ဒိယရေတပ်ဦးစီးချုပ် Admiral ဒါရ်နေးရှ် ကုမားရ် ထရီပါ Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ယနေ့ မေလ ၁ ရက်နေ့ ညနေအချိန်၌ရောက်ရှိ မေ ၁၊ ၂၀၂၆

ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ကျောင်းဆရာမတစ်ဦးနှင့် အမျိုးသားနှစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား မေလ ၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာသို့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးက ဆိုင်ကယ်ခုနစ် စီးဖြင့် ရောက်လာပြီး အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ရွာသစ်ကုန်းကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းမှ ဒုတိယအလယ်တန်းပြဆရာမဖြစ်သူ ဒေါ်သီတာဦး (၄၉) နှစ်၊ ဦးရဲမြင့် (၅၉) နှစ် နှင့် ဦးမြင့်ဆွေ (၆၄) နှစ်တို့သုံးဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် ယနေ့စတင်ပြေးဆွဲ NOM၊မေ၁၊၂၀၂၆ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းတွင် အမှတ် (၅) အဆန် / အမှတ်
ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် ယနေ့စတင်ပြေးဆွဲ NOM၊မေ၁၊၂၀၂၆ ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းတွင် အမှတ် (၅) အဆန် / အမှတ် (၆) အစုန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရန်ကုန်ဘူတာကြီးတွင် ကျင်းပသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တ‌က်ရောက်ကြသည်။ အဆိုပါအမှတ်(၅)အဆန် ရန်ကုန်-မန္တလေး DEMU ရထားသည် ရန်ကုန်ဘူတာကြီးမှ မနက် ၆ နာရီ၌ စတင်ထွက်ခွာခဲ့ပြီး မန္တလေးဘူတာကို ညနေ ၄ နာရီ၌ ရောက်ရှိခဲ့သည်။ ထို့အတူ အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် မန္တလေးဘူတာမှ မနက် ၆ နာရီ၌ ထွက်ခွာပြီး ရန်ကုန်ဘူတာကြီးကို ညနေ ၄ နာရီ ၁၀ မိနစ်၌ ရောက်ရှိခဲ့သည်။ လက်မှတ်ခနှုန်းထားများသည် အထက်တန်း ၄၈၀၀၀ ကျပ်၊ ပထမတန်း ၃၄၀၀၀ ကျပ်ဖြစ်သည်။ လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်နှင့် ကျောက် ဆည်ဘူတာများ၌ ရပ်တန့်ပေးမည် ဖြစ်‌ကြောင်းသိရသည်။